မျက်နှာဖုံး ဖယ်ရှားခြင်း လမ်းကြောင်း
ဒီနှစ် အစောပိုင်းမှာ အဖွဲ့တချို့အပေါ် ရေလောင်းပေးတဲ့အလုပ်ကို တာဝန်ယူရတဲ့၊ ရေလောင်းတဲ့ အဖွဲ့ခေါင်းဆောင်အနေနဲ့ ကျွန်မ အရွေးခံခဲ့ရတယ်။ အဲဒီတုန်းက ကျွန်မတွေးမိတယ်၊ အဲဒီရာထူးအတွက် အရွေးခံရတာဟာ ကျွန်မမှာ အစွမ်းအစနဲ့ စွမ်းဆောင်ရည်တချို့ ရှိရမဲ့သဘော၊ သမ္မာတရားနဲ့ အသက်ဝင်ရောက်မှုကို သိနားလည်မှုမှာ ကျွန်မက တခြားလူတွေထက် ပိုသာတဲ့သဘောပဲလို့ပေါ့။ ကျွန်မက အဲဒီတာဝန်ကို လုပ်နိုင်စွမ်းရှိတယ်လို့ လူတိုင်း မြင်ဖို့ ကျွန်မအနေနဲ့ သမ္မာတရားနဲ့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ပြီးတော့၊ ကျွန်မရဲ့ တာဝန်ကို စိတ်နှစ်ပြီးလုပ်ဖို့ လိုအပ်တယ်လို့ ခံစားခဲ့ရတယ်။
ပထမတော့ အလုပ်နဲ့ ကျွန်မ မရင်းနှီးဘူး၊ ဒီတော့ မကျွမ်းတဲ့ ကိစ္စတွေ ပေါ်လာတဲ့အခါ၊ အဲဒါတွေအကြောင်းကို ကျွန်မနဲ့အလုပ်လုပ်တဲ့ ခေါင်းဆောင်၊ ညီအစ်ကို မောင်နှမတွေကို မေးတယ်။ ဒီတာဝန်နဲ့ စိမ်းနေတဲ့အတွက် ကျွန်မ မသိတဲ့ ကိစ္စတချို့ ရှိမှာကို လူတိုင်း နားလည်မှာပဲ၊ ပိုပြီး ရှာဖွေတာက ကျွန်မကို ပိုမြန်မြန်ဆန်ဆန် တိုးတက်စေမှာပဲလို့ တွက်ဆမိခဲ့တယ်။ ဒီလိုဆို လူတိုင်းက ကျွန်မအပေါ် အထင်အမြင်ကောင်းသွားကြမှာဖြစ်ပြီး ကျွန်မက တကယ်ကို စိတ်ထက်သန်တယ်လို့ သူတို့ ထင်မှာပဲလို့ပေါ့။ ဒါပေမဲ့ ပြဿနာအများကြီး ကျွန်မ ကြုံမြဲကြုံနေရပြီး၊ နောက်ပိုင်းမှာ မေးဖို့ ဝန်လေးလာမိတယ်။ အဲဒီအချိန် အဲဒီတာဝန်မှာ ကျွန်မက အတော်ကြာပြီလေ၊ ဒီတော့ မေးခွန်းတွေအများကြီး အမြဲ မေးနေရင် လူတိုင်းက ကျွန်မကို ဘယ်လိုထင်မလဲ။ ကျွန်မရဲ့ အစွမ်းအစက သိပ်မကောင်းဘူး၊ ရိုးရှင်းတဲ့ ပြဿနာတွေကိုတောင် မဖြေရှင်းနိုင်သလို၊ အဖွဲ့ခေါင်းဆောင်အနေနဲ့ အဲဒီတာဝန်ကို မယူနိုင်ဘူးလို့ သူတို့ ထင်ကြမလားပေါ့။ ဒါကြောင့် အဲဒီနောက်ပိုင်းမှာ ပြဿနာတွေ ကြုံရတော့ သူတို့ကို မေးသင့်၊ မမေးသင့်၊ မေးဖို့ ကျိုးကြောင်းသင့် မသင့်၊ ဆိုတာကို မစဉ်းစားဘဲ မနေနိုင်ဘူး။ ကျွန်မရဲ့ အတွေးက ရိုးစင်းလွန်းတဲ့ပုံပေါ်မှာကို စိုးရိမ်မိခဲ့တယ်။ တချို့ပြဿနာတွေက မခက်ခဲမရှုပ်ထွေးဘူးလို့ ခံစားရရင်၊ ကျွန်မ မမေးဘဲ၊ ကိုယ့်ဘာသာ အဖြေရှာဖို့ ကြိုးစားခဲ့တယ်။ ဒါကြောင့် ပြဿနာတွေက ပိုပိုပြီး ပုံလာခဲ့သလို၊ တချို့တလေက အချိန်မီ ပြေလည်မသွားခဲ့ဘူး။ ဒါက ကျွန်မကို ပိုပိုပြီး စိုးရိမ်စေတယ်။ “အဖွဲ့ခေါင်းဆောင်အတွက် ငါ မသင့်တော်ဘူးလို့ လူတိုင်း ထင်ကြမလား” လို့ပေါ့။ စုဝေးပွဲတွေအတွင်း၊ အထူးသဖြင့် ခေါင်းဆောင်တစ်ယောက်ရှိနေတဲ့အခါ၊ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မမိတ်သဟာယပြုတဲ့အချိန်မှာ အမြဲ စိုးရိမ်နေမိတယ်- “ငါ့မိတ်သဟာယက လက်တွေ့ကျရဲ့လား။ ငါ့သိနားလည်မှုက ဖြူစင်ရဲ့လား” လို့ပေါ့။ မိတ်သဟာယပြုပြီးတဲ့နောက် လူတိုင်းရဲ့ တုံ့ပြန်ချက်ကို ကျွန်မလေ့လာတယ်၊ တစ်ယောက်ယောက်က ကျွန်မ ပြောခဲ့တဲ့ အခြေခံအကြောင်းအချက်အပေါ် ထပ်ရှင်းရင်၊ ကျွန်မ မိတ်သဟာယက ထိမိတယ်၊ အလင်းပါရှိတယ်ဆိုတဲ့ သဘောဖြစ်တယ်၊ ကျွန်မမှာ ဘုရားနှုတ်ကပတ်တော်အပေါ် သိနားလည်မှု စစ်စစ်ရှိပြီး တာဝန်ကို ကိုင်တွယ်နိုင်တာကို ပြတယ်ပေါ့။ ဒါပေမဲ့ ကျွန်မမိတ်သဟာယပြုပြီးသွားတဲ့အခါ ဘယ်သူမှ မတုံ့ပြန်ရင် စိတ်မသက်မသာ ခံစားရတယ်။ အချိန်နည်းနည်းကြာပြီးတဲ့နောက်၊ ကျွန်မတာဝန်က အတော် ခြေကုန်လက်ပန်းကျစရာလို့ စခံစားရတယ်။ ကျွန်မပြောခဲ့သမျှကိုပဲ ကျွန်မ အမြဲ အာရုံရောက်နေပြီး စိတ်အေးလက်အေး မဖြစ်နိုင်ခဲ့ဘူး။ တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ချင်ပေမဲ့၊ ရင်တမမ အမြဲဖြစ်ရပြီး မတိုးတက်သလို၊ ဘာတစ်ခုမှ သင်ယူမနေခဲ့ဘူး။ ကျွန်မရဲ့ နဂိုရည်ရွယ်ချက်ကို မမြင်နိုင် ဖြစ်ခဲ့တယ်။
ဘုရားရှေ့ ကျွန်မ တိုးဝင်ဆုတောင်းပြီး ရှာဖွေတယ်၊ ပြီးတော့ သူ့နှုတ်ကပတ်တော် တစ်ပိုဒ်ဖတ်ခဲ့တယ်။ “လူတို့ကိုယ်တိုင်သည် အဖန်ဆင်းခံအရာများ ဖြစ်ကြ၏။ အဖန်ဆင်းခံ အရာများက အရာခပ်သိမ်းတတ်စွမ်းနိုင်ခြင်းကို ရရှိနိုင်ပါသလော။ စုံလင်ခြင်းနှင့် အပြစ်အနာအဆာကင်းခြင်းကို ၎င်းတို့ ရရှိနိုင်ပါသလော။ အရာရာတိုင်းတွင် ကျွမ်းကျင်မှုကို ရရှိနိုင်သလော၊ အရာရာတိုင်းကို နားလည်လာနိုင်ပြီး အရာရာတိုင်းကို ဖြစ်မြောက်စေနိုင်သလော။ မဖြစ်စေနိုင်ပေ။ သို့သော်၊ လူသားများထဲတွင်၊ အားနည်းချက်တစ်ခု ရှိ၏။ ကျွမ်းကျင်မှု သို့မဟုတ် တတ်ကျွမ်းမှုတစ်ခု သူတို့ သင်ယူသည်နှင့်တစ်ပြိုင်နက်၊ သူတို့ တတ်စွမ်းနိုင်ကြသည်၊ သူတို့က အဆင့်အတန်းနှင့် တန်ဖိုးရှိသူများ ဖြစ်ကြပြီး ကျွမ်းကျင်အတတ်ပညာရှင်များ ဖြစ်ကြသည်ဟု လူတို့က ခံစားမိကြသည်။ သူတို့ မည်မျှတတ်စွမ်းနိုင်သည်ဟု ၎င်းတို့ တွေးထင်ကြပါစေ၊ ၎င်းတို့အားလုံးသည် မိမိတို့ကိုယ်ကိုယ် ပြရုပ်တင်ချင်ကြပြီး မြင့်မြတ်သည့် အကျော်အမော် ပုဂ္ဂိုလ်များကဲ့သို့ အယောင်ဆောင်တတ်ကြကာ ချွတ်ယွင်းချက် တစ်ခုမျှမရှိ၊ စုံလင်ပြီး ခြောက်ပြစ်ကင်းသဲလဲစင်သည့်ပုံ ပေါ်ကြ၏။ အခြားသူများ၏ အမြင်တွင်၊ သူတို့သည် ကြီးမြတ်သူ၊ သြဇာတိက္ကမ ကြီးသူ၊ အပြည့်အဝ တတ်စွမ်းနိုင်သူနှင့် မည်သည့်အရာကိုမဆို ဖြစ်မြောက်စေနိုင်သူကဲ့သို့ ယူမှတ်ခံရဖို့ ဆန္ဒရှိကြသည်။ ၎င်းတို့သည် အကြောင်းကိစ္စတစ်ခုတွင် အခြားလူများ၏ အကူအညီကို တောင်းခံလျှင် ၎င်းတို့သည် မစွမ်းဆောင်နိုင်၊ အားနည်းသည်၊ နိမ့်ကျသည် ဆိုသည့်ပုံပေါ်မည်၊ လူတို့သည် ၎င်းတို့အား အထင်သေးကြမည်ဟု ထင်မြင်ကြသည်။ ဤအကြောင်းကြောင့် ၎င်းတို့သည် အစဉ်သဖြင့် လှည့်ဖြား၍ဟန်ပြလိုကြသည်။ လူအချို့ကို တစ်စုံတစ်ခု လုပ်ခိုင်းသည့်အခါ မည်သို့လုပ်ဆောင်ရသည်ကို ၎င်းတို့ အမှန်တကယ် မသိသော်ငြားလည်း သိသည်ဟု ပြောကြသည်။ ထို့နောက်တွင် ၎င်းတို့သည် ထိုအကြောင်းကို တိတ်တဆိတ် ရှာဖွေကြပြီး မည်သို့လုပ်ဆောင်ရမည်ကို သင်ယူဖို့ ကြိုးစားကြသော်လည်း နှစ်ရက်သုံးရက် လေ့လာပြီးသည့်နောက် ၎င်းတို့နားမလည်ကြသေး။ ၎င်းတို့မသိကြပေ။ ၎င်းတို့ အဆင်ပြေခြင်းရှိမရှိ အမေးခံရသည့်အခါ ၎င်းတို့က ၎င်းတို့၏ အမှားများနှင့် အားနည်းချက်များကို မထုတ်ဖော်ဖို့အလို့ငှာ မကြာမီ ပြီးဆုံးတော့မည်ဖြစ်ကြောင်း ပြောလျက် ဆက်လက် ဟန်ဆောင်ကြသည်။ ဤသည်မှာ မည်သို့သော စိတ်သဘောထားမျိုးနည်း။ ဤသို့သောသူများသည် အလွန်ပင် မာနထောင်လွှားကြသည်။ အသိစိတ်အားလုံး ပျောက်ဆုံးသွားကြပြီဖြစ်သည်။ ၎င်းတို့က သာမန်လူများ၊ ပုံမှန်လူများ သို့မဟုတ် သေမျိုးများသက်သက် မဖြစ်လိုကြပေ။ ၎င်းတို့က လူစွမ်းကောင်း သို့မဟုတ် အထူး စွမ်းပကားများ သို့မဟုတ် တန်ခိုးများ ရှိသူများ ဖြစ်လိုကြသည်။ ဤသည်မှာ အလွန်ကြီးမားသော ပြဿနာတစ်ရပ် ဖြစ်သည်။ အားနည်းချက်များ၊ ချွတ်ယွင်းချက်များ၊ မသိနားမလည်မှု၊ မိုက်မဲမှု နှင့် သာမန်လူ့သဘာဝအတွင်းမှ သိနားလည်မှုကင်းမဲ့ခြင်းနှင့် စပ်လျဉ်း၍၊ ယင်းကို သူတို့ အပြီးသတ်ပြီး အခြားသူများကို မြင်ခွင့်မပေးဘဲ မိမိတို့ကိုယ်ကိုယ် ဆက်လက် အယောင်ဆောင်ကြလေသည်။...ထိုသို့သော လူတို့သည် အမြဲ စိတ်ကူးယဉ်တတ်ကြသည် မဟုတ်လော။ သူတို့ အိပ်မက်မက်နေကြခြင်း မဟုတ်လော။ သူတို့သည် မိမိကိုယ်ကိုယ် အဘယ်သူများဖြစ်ကြသည်ကို မသိကြသလို၊ သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်ရမည်ကိုလည်း မသိကြ။ လက်တွေ့ကျသည့် လူသားများကဲ့သို့ တစ်ကြိမ်မျှ သူတို့ လုံးဝ မပြုမူဖူးကြ။ မိမိတို့ကိုယ်ကိုယ် ပြုမူနေထိုင်ရာတွင်၊ လူတို့သည် ဤလမ်းမျိုးကို ရွေးချယ်လျှင်၊ သူတို့ အောက်ခြေမလွတ်မည့်အစား အမြဲစိတ်ကူးယဉ်ကြသည်ဆိုလျှင်၊ အမြဲ ပျံသန်းချင်ကြလျှင်၊ ပြဿနာများ သူတို့ကြုံရဖို့ သေချာပေသည်။ အသက်တာတွင် ၎င်းတို့ ရွေးချယ်သည့် လမ်းကြောင်းသည် မမှန်ကန်ပါ။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်ကို ယုံကြည်သောလမ်းမှန်သို့ မဝင်ရောက်မီ လူတို့၌ရှိသော သတ်မှတ်ချက်ငါးချက်”) ဒါကို အချိန်ယူစဉ်းစားကြည့်တော့ ကျွန်မရဲ့ အခြေအနေကို နည်းနည်း နားလည်သွားရော။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေခဲ့တာ၊ ရေလောင်းတဲ့ အဖွဲ့ခေါင်းဆောင်အနေနဲ့ အရွေးခံရတဲ့အတွက်၊ ကျွန်မမှာ အစွမ်းအစနဲ့ အလုပ်လုပ်နိုင်စွမ်း တစ်ခုခုရှိတယ်ဆိုတဲ့ သဘောလို ခံစားနေခဲ့တာ။ အဲဒီလို ကိုယ့်ကိုယ်ကိုယ် မြင်တော့၊ ကျွန်မအပေါ် တခြားလူတွေအားလုံး ဘယ်လိုတွေးလဲဆိုတာကို စဂရုစိုက်လာပြီး၊ ကိုယ့်ကိုယ်ကိုယ် အလုပ်နဲ့ ကိုက်တယ်ဆိုတာကို အမြန်ဆုံး သက်သေပြချင်ခဲ့တယ်။ ဒါကြောင့် ပိုများတဲ့ ပြဿနာတွေ၊ အခက်အခဲတွေနဲ့ ကြုံရတော့၊ အဲဒါတွေကို တကယ် မတင်ပြနိုင်ခဲ့ဘဲ၊ လူတွေ ကျွန်မကို ရိပ်စားမိမှာ၊ ကျွန်မက အစွမ်းအစမဲ့ပြီး အလုပ်နဲ့ မကိုက်ဘူးလို့ ပြောမှာကို အမြဲ စိုးရိမ်မိခဲ့တယ်။ ပြဿနာတွေ ပေါ်လာတော့ နှုတ်ဆိတ်ပြီး ကိုယ့်ဘာသာ အဖြေရှာရင်းနဲ့ မျက်နှာဖုံး စတပ်လာမိခဲ့တယ်။ ဒီတော့ ကျွန်မတာဝန်မှာရှိတဲ့ ပြဿနာအများကြီးက အာရုံစိုက်မခံရဘူး၊ အဲဒါက အလုပ်ကို ကြန့်ကြာစေပြီး ကျွန်မရဲ့ အခြေအနေကို ထိခိုက်စေခဲ့တယ်။ ကျွန်မအတွေးက ရှင်းလင်းမှုမရှိတော့သလို၊ ကျွန်မ နားလည်လေ့ရှိတဲ့ ကိစ္စတွေအပေါ် မရှင်းမလင်း စဖြစ်လာတယ်။ စုဝေးပွဲတွေမှာ ကျွန်မမိတ်သဟာယကို အမြဲ ကြိုခန့်မှန်းခဲ့တယ်၊ မိတ်သဟာယပြုချက်က ဘာမှမကောင်းရင် လူတွေ ကျွန်မကို အထင်သေးမှာ စိုးခဲ့တယ်။ အချိန်တိုင်း ကျွန်မ ဘောင်ခတ်ခံရသလို ခံစားရတယ်။ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ရမှာကို ကျွန်မ သဘောပေါက်ခဲ့တယ်။ ကျွန်မက အရမ်းမောက်မာပြီး ယုတ္တိမတန်ခဲ့သလို၊ ကျွန်မကိုယ်တိုင်ရဲ့ ပြစ်ချက်တွေကို မှန်မှန်ကန်ကန် ရင်မဆိုင်နိုင်ခဲ့တာ။ ကျွန်မကို တခြားလူတွေ ပိုအထင်ကြီးအောင် အမြဲ ဟန်ဆောင်ခဲ့တယ်။ အဲဒီတာဝန်က ကျွန်မကိုယ်ကျွန်မ လေ့ကျင်ဖို့ ဘုရားအိမ်တော်က ပေးထားတဲ့ အခွင့်အရေးလေ၊ သမ္မာတရားကို ကျွန်မနားလည်တယ်၊ ဒါမှမဟုတ် အလုပ်ကို ကောင်းကောင်းလုပ်နိုင်တယ်လို့ မဆိုလိုပါဘူး။ သမ္မာတရားကို ရရှိဖို့ ကျွန်မမှာ စွမ်းဆောင်ရည် နည်းနည်းပဲ ရှိခဲ့တာ၊ ကျွန်မ နားမလည်နိုင်တာတွေ၊ ကိုယ်တွေ့မကြုံ ဖူးတာတွေ အများကြီးပဲ။ ကျွန်မနဲ့ပတ်သက်လို့ ထူးခြားတာ ဘာမှမရှိခဲ့ပေမဲ့၊ ကျွန်မက မြင့်မြတ်နေသလိုလို၊ သမ္မာတရား နားလည်သူ တစ်ယောက်လိုလို ဟန်ဆောင်ရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းခဲ့မိတယ်။ ကိုယ့်ကိုယ်ကိုယ် ပိုတွက်မိခဲ့တာ။ အခုတော့၊ ကျွန်မအနေနဲ့ ချင့်ချိန်တတ်သွားပြီး လိုအပ်တဲ့အခါ မေးတယ်၊ အဲဒါက စစ်မှန်ပြီး ကျိုးကြောင်းသင့်တဲ့ တစ်ခုတည်းသော လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းပဲ။
လက်တွေ့ကျတဲ့ ချဉ်းကပ်မှုတချို့ ပေးတဲ့ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ် ဖတ်ခဲ့တယ်။ ဘုရားသခင်က ပြောသည်- “ယင်းမှာ မည်သည့်ပြဿနာပင်ဖြစ်ပါစေ ဖြစ်ပေါ်လာသည့် မည်သည့်ပြဿနာကိုမဆို ဖြေရှင်းဖို့ သင် သမ္မာတရားကို ရှာဖွေရမည်ဖြစ်ပြီး မည်သည့်နည်းလမ်းနှင့်မျှ သင်ဟန်မဆောင်ရ၊ သို့မဟုတ် အခြားသူများအတွက် အယောင်ဆောင်မလှည့်စားရ။ သင်၏အားနည်းချက်များ၊ သင်၏ချို့ယွင်းချက်များ၊ သင်၏အမှားများ၊ သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ— ယင်းတို့အားလုံးနှင့်ပတ်သက်၍ လုံးဝ ပွင့်ပွင့်လင်းလင်းရှိပြီး မိတ်သဟာယပြုလော့။ ယင်းတို့ကို အတွင်း၌ မသိမ်းထားနှင့်။ သင့်ကိုယ်သင် မည်သို့ဖွင့်ဟဖို့ကို သင်ယူခြင်းသည် သမ္မာတရားသို့ ဝင်ရောက်ခြင်း၏ ပထမခြေလှမ်းဖြစ်ပြီး၊ ယင်းမှာ အောင်နိုင်ဖို့ အခက်ဆုံးဖြစ်သည့် ပထမဆုံး အခက်အခဲတစ်ခုဖြစ်သည်။ ယင်းကို သင်အောင်နိုင်ပြီးသည်နှင့်၊ သမ္မာတရားကို ဝင်ရောက်ခြင်းသည် လွယ်ကူပေသည်။ ဤအဆင့်ကိုလှမ်းဖို့ဟူသည်မှာ သင်၏စိတ်နှလုံးကို ဖွင့်ပြီး ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ အပြုသဘောဆောင်သည်ဖြစ်စေ၊ အဖျက်သဘောဆောင်သည်ဖြစ်စေ သင့်၌ရှိသမျှ အားလုံးကို ပြခြင်းဖြစ်သည်။ ဘုရားသခင်ထံမှ မည်သည့်အရာမျှ မကွယ်ဝှက်ဘဲ၊ မည်သည့်အရာမျှ မဖုံးကွယ်ဘဲ၊ လှည့်စားမှုနှင့် လှည့်ကွက်ကင်းကာ၊ အခြားသူများကို အလားတူ ပွင့်လင်းပြီး ရိုးသားရင်း၊ အခြားသူများနှင့် ဘုရားသခင် မြင်ဖို့ရာ သင့်ကိုယ်သင် ထုတ်ဖော်ပြခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် အလင်းတွင် အသက်ရှင်ပြီး ဘုရားသခင်က သင့်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးမည်သာမက၊ အခြားသူများကလည်း သင်သည် အခြေခံသဘောတရားနှင့်အညီ၊ ပွင့်လင်းမြင်သာသည့် အတိုင်းအတာတစ်ခုဖြင့် ပြုမူကြောင်း မြင်နိုင်လိမ့်မည်။ သင်သည် မည်သည့်အရာကိုမျှ ဖုံးကွယ်စရာ မလိုအပ်ပေ၊ မည်သည့်ပြုပြင်မွမ်းမံခြင်းမျှ ပြုစရာ မလိုအပ်ပေ၊ သို့မဟုတ် သင်၏ကိုယ်ပိုင်ဂုဏ်သတင်း၊ မိမိကိုယ်ကို လေးစားမှုနှင့် ဂုဏ်အဆင့်အတန်းတို့အတွက် မည်သည့်လှည့်ကွက်ကိုမျှ အသုံးပြုရန် မလိုအပ်ပေ၊ ပြီးလျှင် ဤအရာက သင်ပြုပြီးဖြစ်သည့် မည်သည့်အမှားနှင့်မဆိုလည်း သက်ဆိုင်ပေသည်။ ထိုသို့သော အဓိပ္ပာယ်မရှိသည့်အလုပ်သည် မလိုအပ်ပေ။ သင်သည် မလုပ်ဆောင်လျှင်၊ သင်သည် လွယ်ကူစွာနှင့် မမောမပန်းဘဲ အလင်း၌ လုံးလုံး အသက်ရှင်လိမ့်မည်။ ထိုသို့သောလူများသာလျှင် ဘုရားသခင်၏ချီးမွမ်းခြင်းကို ရရှိနိုင်ပေသည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူတို့သာ ဘုရားသခင်ကို ကြောက်ရွံ့ကြသော သူများ ဖြစ်သည်”) ဒါကို အချိန်ယူစဉ်းစားလိုက်တော့ ပူပန်မှုမရှိဘဲ၊ တာဝန်ကို လွတ်လွတ်လပ်လပ် လုပ်ဖို့၊ ပထမခြေလှမ်းက ကိုယ့်အမှားတွေကို ဖွင့်ဟဖို့ သင်ယူပြီး မျက်နှာဖုံးတပ်တာကို ရပ်လိုက်ဖို့ဖြစ်မှန်း နားလည်သွားတယ်။ ကျွန်မ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ရိုးသားသူတစ်ယောက် ဖြစ်ရမယ်။ ကျွန်မက သမ္မာတရားကို နားမလည်ခဲ့တဲ့ ဖောက်ပြန်ပျက်စီးတဲ့ လူတစ်ယောက်ပဲဖြစ်မှန်း တွေ့ရတယ်။ ဒီတော့ အများကြီး နားမလည်ခဲ့တာ အမှန်ပဲ။ အဲဒါ လုံးဝ ပုံမှန်ပါပဲ။ ဟန်ဆောင်ဖို့ မလိုသလို၊ ကိုယ့်ပုံရိပ်အတွက် ဘာကိုမှ ဖုံးနေစရာ မလိုပါဘူး။ ကျွန်မတာဝန်မှာ စိတ်အေးလက်အေးဖြစ်ဖို့ တစ်ခုတည်းသော နည်းလမ်းက ကျွန်မမှာ မေးစရာရှိတဲ့အခါ၊ ကိုယ့်မာနကို ခဝါချဖို့၊ ဖွင့်ဟပြီး ရှာဖွေဖို့ပဲ။ ဒီလိုသဘောပေါက်သွားတော့၊ ကျွန်မ စိတ်နှလုံး အားတက်သွားပြီး၊ အဲဒါကို လက်တွေ့လုပ်ဆောင်ဖို့ စအာရုံစိုက်ခဲ့တယ်။ တစ်ခုခုနဲ့ပတ်သက်လို့ မသေချာတဲ့အခါ၊ ကျွန်မကိုယ်တိုင် အစပြုမေးလိုက်တယ်၊ ပြီးတော့ ကျွန်မရဲ့ အယူအဆကို ဝေမျှတဲ့အခါ၊ တကယ်တွေးတာကို ပြောပြီး၊ သိတာကိုပဲ မိတ်သဟာယပြုခဲ့တယ်။ ဒါကို လက်တွေ့လုပ်ဆောင်လိုက်တော့၊ အရင်က လုံးဝ နားမလည်ခဲ့တဲ့အရာတွေကို စပြီး တဖြည်းဖြည်း နားလည်လာခဲ့သလို၊ ကျွန်မတာဝန်မှာရှိတဲ့ အမှားတွေကို တွေ့ပြီး ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့တယ်။ ကျွန်မရဲ့ ကိုယ်ပိုင်အရေးကိစ္စတွေအပေါ် ပိုအားကောင်းတဲ့အမြင် ရှိခဲ့တယ်။ နောက်တော့ ကျွန်မကို အရှိအတိုင်း မြင်ကြတာက ကောင်းတဲ့အရာပဲ၊ အဲဒါက သမ္မာတရားရဲ့ အခြေခံသဘောတရားတွေကို နားလည်ဖို့နဲ့ ကိုယ့်ပြစ်ချက်တွေကို ရှာတွေ့ဖို့ ကူညီပေးတာပဲလို့ ကိုယ်တိုင် တွေ့ကြုံခဲ့ရတယ်။ ဒီအချိန်မှာ ကျွန်မ အများကြီး ပိုလွတ်လပ်သွားရော၊ အဲဒီနောက် ကျွန်မတာဝန်ကို ပုံမှန် လုပ်နိုင်ခဲ့တယ်။
သိပ်မကြာခင်၊ ကျွန်မတာဝန်ယူထားရတဲ့ အဖွဲ့တွေက အသင်းတော် အသက်တာမှာ လုံးဝအဆင်ပြေနေကြရော၊ ညီအစ်ကို မောင်နှမတွေက သူတို့ ပြဿနာတွေနဲ့ပတ်သက်လို့ ကျွန်မနဲ့ မိတ်သဟာယပြုချင်ကြတယ်။ ဒါပေမဲ့ ကျွန်မအပေါ် လူတွေ ဘယ်လိုတွေးလဲဆိုတာကို မသိလိုက်ဘဲနဲ့ ကျွန်မ ပြန်စအာရုံစိုက်မိသွားတယ်။ တစ်ခါ လုပ်ဖော်ဆောင်ဖက် အစည်းအဝေးတစ်ခုမှာ၊ အသင်းတော်ထဲက ပြဿနာတချို့ကို ခေါင်းဆောင်တစ်ယောက်က တင်ပြပြီး၊ ကျွန်မတို့ ဘယ်လိုတွေးလဲ မေးတယ်။ ကျွန်မက၊ “ဒီမှာ ညီအစ်ကို မောင်နှမတွေ အများကြီးရှိတယ်၊ ထူးခြားတဲ့ အမြင်တချို့ကို ငါစိတ်ကူးရနိုင်မယ်ဆိုရင်၊ အဲဒါက ငါဘယ်လောက်စွမ်းဆောင်နိုင်မှန်း ပြမှာပဲ” လို့ တွေးနေမိတယ်။ ဒါပေမဲ့ အကြာကြီး စဉ်းစားလည်း အဲဒါကို အဓိပ္ပာယ်မပေါက်နိုင်ခဲ့ဘူး။ အဲဒီအချိန်မှာပဲ၊ ကျွန်မ ဘယ်လိုတွေးလဲလို့ ခေါင်းဆောင်က မေးလာတယ်။ အကြာကြီး ကျွန်မ ထစ်ထစ်ငေါ့ငေါ့ ပြောပြီး မရေရာတဲ့ အကြံပြုချက်တစ်ခုပဲ ပေးခဲ့တယ်။ အဲဒီနောက် သိပ်မကြာလိုက်ခင်မှာပဲ၊ တခြား ညီအစ်မနှစ်ယောက်က သူတို့ရဲ့ အတွေးကို ဝေမျှလာရော၊ သူတို့ရဲ့ အကြံပြုချက်တွေက ကျွန်မရဲ့ဟာနဲ့ ဆန့်ကျင်နေခဲ့တယ်။ သူတို့ ပြောတဲ့အရာက တကယ်ကို ကျိုးကြောင်းဆီလျော်ပြီး ခေါင်းဆောင်က သူတို့ကို သဘောတူခဲ့တယ်။ ကျွန်မကိုယ်ကျွန်မ ကြည့်ကောင်းအောင် မလုပ်နိုင်ရုံမက အကြည့်ရဆိုးစေမိပြီလို့ တွေးရင်း၊ ကျွန်မ ချက်ချင်း မသက်မသာ ခံစားလိုက်ရတယ်။ ခေါင်းဆောင်က ကျွန်မအပေါ် ဘယ်လိုထင်မလဲ။ အဲဒီလို ရိုးရှင်းတဲ့ ကိစ္စမှာ ထိုးထွင်းအမြင်တစ်ခုမှ မရှိဘူး၊ ကျွန်မလုံးဝ မကြီးထွားခဲ့ဘူးလို့ သူထင်မလားပေါ့။ နောက်ရက်အနည်းငယ်အတွင်းမှာ၊ ကျွန်မ တာဝန်ယူထားရတဲ့ အဖွဲ့တွေမှာ ပြဿနာတချို့ ပေါ်လာခဲ့တယ်။ အဲဒါတွေကို ကျွန်မ နားမလည်ခဲ့ဘူး၊ ဒီတော့ ချက်ချင်း ကျွန်မ အကူအညီ ရှာခဲ့သင့်တာ။ ဒါပေမဲ့ နောက်တော့ အဲဒီမေးခွန်းတွေအားလုံးကို မေးလိုက်ရင်၊ ကျွန်မတည်ဆောက်ထားတဲ့ ပုံရိပ်ကောင်းကို ဖျက်ဆီးရာကျမှာပဲ မဟုတ်မလားဆိုပြီး တွေးမိခဲ့တယ်။ တစ်ဖက်မှာ၊ မပြေလည်တဲ့ ပြဿနာတွေက ကျွန်မတို့အလုပ်ကို တားဆီးမယ်မှန်း သိတယ်၊ ဒါကြောင့် ယာယီသုံး နည်းဗျူဟာတစ်ခု ကျွန်မ တွေးလိုက်တယ်- ကျွန်မမေးခွန်းတွေကို ခွဲလိုက်ပြီး မတူတဲ့လူတွေကို မေးလိုက်တယ်၊ ဒီတော့ ပြဿနာတွေက ပြေလည်သွားပေမဲ့၊ ကျွန်မက မေးခွန်းအများကြီး မေးပြီး ဘာမှမသိတဲ့ပုံ ပေါက်မှာ မဟုတ်တော့ဘူးလေ။ ကိုယ့်ကိုယ်ကိုယ် ဒီပုံစံနဲ့ ဖုံးကွယ်ရင်းနဲ့ ကျွန်မရဲ့ အခြေအနေက ပိုပိုပြီး ဆိုးလာခဲ့တယ်။ ကျွန်မရဲ့ အတွေးက ပိုမကြည်မလင်ဖြစ်လာခဲ့ပြီး၊ ကိစ္စအများကြီးမှာ စရုန်းကန်လာရတယ်။ အဲဒီအချိန်မှာ ကျွန်မ ဆင်ခြင်ခဲ့ပြီး၊ ကျွန်မမှာ ရှိလေ့ရှိတဲ့ ထိုးထွင်းအမြင် မရှိတဲ့အတွက်၊ ကျွန်မရဲ့ အခြေအနေက ပြဿနာဖြစ်နေတာပဲ ဖြစ်ရမယ်ဆိုတာ မြင်သွားတယ်။ ဒီတော့ ဘုရားရှေ့ ကျွန်မတိုးဝင်ပြီး ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ သမီးမှာ သိသိသာသာကို ပြဿနာတွေရှိပေမဲ့၊ ရိုးသားပြီး သမီးအမှားတွေအကြောင်း ဖွင့်ဟဖို့ မဝံ့ရဲပါဘူး။ အမြဲ ကြီးကျယ်သလို ဟန်ဆောင်ချင်တယ်။ သမီးနားမလည်တဲ့အခါ မေးဖို့ ဘာလို့ သိပ်ခက်ရတာလဲ။ သမီးနှုတ်တွေ ဆိတ်ဆိတ်ပိတ်ထားပြီး၊ သမီးတာဝန်ကို ဒီပုံစံ လုပ်တာက ခြေကုန်လက်ပန်းကျရပါတယ်။ ကိုယ့်ဖောက်ပြန်ပျက်စီးခြင်းကို သိပြီး ပြောင်းလဲဖို့ သမီးကို လမ်းပြတော်မူပါ” လို့ပေါ့။
အဲဒီနောက် ကျွန်မရဲ့ အခြေအနေကို အပြည့်အစုံ ဖော်ထုတ်တဲ့ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အမှားလုပ်ခြင်း၊ သို့မဟုတ် ဟန်ဆောင်ခြင်း၊ ဤအရာများထဲမှ အဘယ်အရာသည် စိတ်သဘောထားနှင့် ဆက်နွှယ်နေသနည်း။ (ဟန်ဆောင်ခြင်း ဖြစ်ပါသည်။) ဟန်ဆောင်ခြင်းတွင် မာနထောင်လွှားခြင်း ပါဝင်သည်၊ ယင်းတွင် ဆိုးယုတ်မှုနှင့် သစ္စာဖောက်ခြင်း ပါဝင်ပြီး၊ ယင်းကို အခြားသူများက အထင်သေးကြသည်၊ ဘုရားသခင်က အထင်သေးသည်။...သင်သည် ဟန်ဆောင်ဖို့ မကြိုးစားပါက၊ သို့မဟုတ် ဆင်ခြေမပေးပါက သင်သည် ရိုးသားပြီး ဉာဏ်ပညာရှိသည်ဟု လူတိုင်းက ပြောကြလိမ့်မည်။ ပြီးလျှင် သင့်ကို အဘယ်အရာက ဉာဏ်ပညာရှိစေသနည်း။ လူတိုင်း အမှားလုပ်ကြသည်။ လူတိုင်း၌ အမှားများနှင့် ချို့ယွင်းချက်များရှိကြသည်။ ပြီးလျှင် စင်စစ်အားဖြင့် လူတိုင်း၌ တူညီသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားရှိကြသည်။ သင်သည် အခြားသူများထက် သာ၍မြင့်မြတ်သည်၊ စုံလင်ပြီး ကြင်နာသည်ဟု သင့်ကိုယ်သင် မတွေးထင်လေနှင့်။ ယင်းမှာ လုံးလုံး ယုတ္တိမတန်ခြင်းဖြစ်ပေသည်။ လူများ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအပြင် လူ့ဖောက်ပြန်ပျက်စီးခြင်း၏အဖြစ်အနေနှင့် စရိုက်မှန်တို့က သင့်အဖို့ ရှင်းလင်းသွားသည်နှင့်တစ်ပြိုင်နက်၊ သင်၏ကိုယ်ပိုင်အမှားများအားဖြင့် သင်အံ့အားသင့်တော့မည် မဟုတ်သကဲ့သို့ အခြားသူများက အမှားများ ပြုလုပ်သည့်အခါတွင် သူတို့အား သင်အကျပ်ရိုက်စေတော့မည် မဟုတ်ဘဲ၊ နှစ်ခုလုံးကို မှန်ကန်စွာ ရင်ဆိုင်လိမ့်မည်။ သို့မှသာ သင်သည် ထိုးထွင်းအမြင်ရှိပြီး မိုက်မဲသောအရာများကို လုပ်ဆောင်မည်မဟုတ်ပေ၊ ယင်းက သင့်ကို ဉာဏ်ပညာရှိသူတစ်ဦးဖြစ်စေလိမ့်မည်။ ဉာဏ်ပညာ မရှိသူများသည် နောက်ကွယ်တွင် ခိုးကြောင်ခိုးဝှက်နေလျက် မိမိတို့၏ အသေးစားအမှားများကို တဝဲလည်လည် အစဉ်တွေးတောနေကြသည်။ မြင်ရသည်မှာ ရွံရှာစက်ဆုပ်ဖွယ် ဖြစ်သည်။ အမှန်တွင် သင်လုပ်ဆောင်နေသည့်အရာသည် အခြားလူများအဖို့ ချက်ချင်း သိသာထင်ရှားသော်လည်း သင်သည် ပေါ်တင် ဟန်ဆောင်နေဆဲဖြစ်သည်။ အခြားသူများအဖို့ ယင်းမှာ လူပြက်တစ်ဦး ဖျော်ဖြေတင်ဆက်ခြင်းကဲ့သို့ ဖြစ်သည်။ ဤသည်မှာ မမိုက်မဲသလော။ ယင်းမှာ အမှန်တကယ် မိုက်မဲပေသည်။ မိုက်မဲသောလူများ၌ မည်သည့် ဉာဏ်ပညာမျှ မရှိပေ။ ဒေဿနာမည်မျှကို ၎င်းတို့ကြားပါစေ ၎င်းတို့သည် သမ္မာတရားကို နားမလည်ဆဲဖြစ်သည်၊ သို့မဟုတ် မည်သည့်အရာကိုမျှ အရှိအတိုင်း မမြင်ဆဲဖြစ်သည်။ ၎င်းတို့သည် အခြားလူတိုင်းနှင့် ကွဲပြားခြားနားသည်၊ ၎င်းတို့က ပို၍ထိုက်တန်သည်ဟု တွေးထင်လျက် အစဉ် မာနထောင်လွှားသည့် သဘောထားရှိသည်— ယင်းက မိုက်မဲပေသည်။ မိုက်မဲသောလူတို့၌ ဝိညာဉ်ရေးရာနားလည်မှု မရှိကြသည် မဟုတ်လော။ သင်မိုက်မဲပြီး ဉာဏ်ပညာမရှိသည့် အရေးကိစ္စများသည် သင်၌ ဝိညာဉ်ရေးရာ နားလည်မှုမရှိသော အရေးကိစ္စ၊ သမ္မာတရားကို သင်နားမလည်သော အရေးကိစ္စများဖြစ်လေသည်။ ဤသည်မှာ ထိုသို့ပင် ဖြစ်၏။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိကိုယ်ကိုယ် ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် အခြေခံသဘောတရားများ”) “လူများသည် အခြားသူများက ၎င်းတို့အား အထင်ကြီးစေရန်နှင့် ၎င်းတို့၏ အမှားများ သို့မဟုတ် ချို့ယွင်းချက်များကို မမြင်နိုင်စေဖို့အလို့ငှာ၊ အစဉ် အယောင်ဆောင်သည့်အခါ၊ မိမိတို့ကိုယ်ကို အစဉ် ဖုံးဖိဖာထေးသည့်အခါ၊ အမြဲ ဟန်ဆောင်ကြသည့်အခါ၊ မိမိတို့၏ အကောင်းဆုံးနှင့် အပြည့်စုံဆုံးဘက်ကို လူများအား တင်ဆက်ဖို့ အစဉ် ကြိုးစားနေသည့်အခါ၊ ယင်းက အဘယ်စိတ်သဘောထားဖြစ်သနည်း။ ဤသည်မှာ မာနထောင်လွှားခြင်း၊ ဟန်ဆောင်ခြင်း၊ သူတော်ကောင်း ယောင်ဆောင်ခြင်းဖြစ်သည်၊ ယင်းသည် စာတန်၏ စိတ်သဘောထား ဖြစ်သည်၊ ဆိုးယုတ်သည့်အရာတစ်ခုဖြစ်သည်။ ဆိုးယုတ်သောအစိုးရစနစ်၏ အဖွဲ့ဝင်များကို ကြည့်လော့။ ၎င်းတို့သည် နောက်ကွယ်တွင် မည်မျှတိုက်ခိုက်ပါစေ၊ မည်မျှရန်စပါစေ၊ မည်မျှသတ်ဖြတ်ပါစေ ဤအရာကို မည်သူကမျှ တိုင်ကြားခွင့်၊ သို့မဟုတ် ဖော်ထုတ်ခွင့်မရှိချေ။ ထို့အပြင် ယင်းကို ဖုံးကွယ်ဖို့ ၎င်းတို့တတ်နိုင်သမျှ အရာအားလုံး လုပ်ဆောင်ကြသည်။ လူပုံအလယ်တွင် ၎င်းတို့သည် လူများကို မည်မျှချစ်ကြောင်း၊ ၎င်းတို့သည် မည်မျှကြီးမြတ်ကာ၊ ဘုန်းကျက်သရေရှိပြီး မှန်ကန်ကြောင်းပြောလျက်၊ မိမိတို့ကိုယ်ကို ဖုံးဖိဖာထေးဖို့ အဆုံးစွန် လုပ်ဆောင်ကြသည်။ ဤသည်မှာ စာတန်၏သဘာဝ ဖြစ်သည်။ စာတန့်သဘာဝ၏ ဤသွင်ပြင်လက္ခဏာနှင့်သက်ဆိုင်သည့် အဓိကအင်္ဂါရပ်မှာ အဘယ်နည်း။ (လှည့်ကွက်နှင့် လှည့်ဖြားမှုဖြစ်ပါသည်။) ဤလှည့်ကွက်နှင့် လှည့်ဖြားမှုတို့၏ ရည်မှန်းချက်သည် အဘယ်နည်း။ လူများကို လှည့်စားဖို့၊ ၎င်း၏အဖြစ်အနေနှင့် စရိုက်မှန်တို့ကို မမြင်အောင် သူတို့အား တားဆီးပြီး ထိုသို့ဖြင့် ၎င်း၏အုပ်စိုးမှု တောင့်တင်းခိုင်မာခြင်း ပန်းတိုင်ကို အောင်မြင်ရရှိဖို့ ဖြစ်သည်။ သာမန်လူများ၌ ထိုသို့သော အာဏာနှင့် ဂုဏ်အဆင့်အတန်း ရှိချင်မှရှိမည် ဖြစ်သော်လည်း ၎င်းတို့သည်လည်း အခြားသူများအား ၎င်းတို့ကို အကောင်းမြင်စေဖို့အပြင် လူများက သူတို့၏စိတ်နှလုံးထဲ၌ ၎င်းတို့အား မြင့်မားသော ထင်မြင်ယူဆချက်ရှိဖို့နှင့် ၎င်းတို့အား မြင့်မားသော ဂုဏ်အဆင့်အတန်း ပေးဖို့ကို ဆန္ဒရှိကြသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားဟူသည့်အရာ ဖြစ်ပေသည်။ ဤအရာများကို သတိမပြုမိသည့်သူများသည် မိမိတို့၏ကိုယ်ပိုင် အမှားများ၊ ချို့ယွင်းချက်များနှင့် ဖောက်ပြန်ပျက်စီးသော အခြေအနေများကို မည်သည့်အခါမျှ ထုတ်ဖော် မပြောကြသကဲ့သို့၊ မိမိတို့ကိုယ်ကို သိကျွမ်းခြင်းကိုလည်း မည်သည့်အခါမျှ မပြောကြချေ။ ၎င်းတို့က အဘယ်အရာကို ပြောသနည်း။ ‘ကျွန်ုပ်သည် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ပြီးဖြစ်သည်။ ကျွန်ုပ် တစ်စုံတစ်ခုကို လုပ်ဆောင်သည့်အခါ၊ သင်တို့က ကျွန်ုပ် အဘယ်အရာကို တွေးနေသည်ကိုလည်းကောင်း၊ ကျွန်ုပ် အဘယ်အရာကို စဉ်းစားဆင်ခြင်သည်ကိုလည်းကောင်း၊ ကျွန်ုပ် အဘယ်အရာကို ပြုလေ့ရှိသည်ကိုလည်းကောင်း သင်တို့ မသိကြ’ ဟူ၍ ဖြစ်သည်။ ဤသည်မှာ မာနထောင်လွှားသည့် စိတ်သဘောထား တစ်ခု ဖြစ်သလော။ မာနထောင်လွှားသော စိတ်သဘောထား၏ အဓိက ထင်ရှားသောလက္ခဏာမှာ အဘယ်နည်း။ ၎င်းတို့ စွမ်းဆောင်ရရှိလိုသည့် ပန်းတိုင်မှာ အဘယ်နည်း။ (လူများအား ၎င်းတို့ကို အထင်ကြီးစေဖို့ ဖြစ်သည်။) လူများအား ၎င်းတို့ကို အထင်ကြီးစေခြင်း၏ ရည်ရွယ်ချက်မှာ ဤလူများ၏ စိတ်များထဲတွင် ၎င်းတို့အား ဂုဏ်အဆင့်အတန်း ပေးစေဖို့ဖြစ်သည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိကိုယ်ကိုယ် ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် အခြေခံသဘောတရားများ”) ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆလိုက်တော့၊ အရေခြုံဟန်ဆောင်တာနဲ့ အမှားလုပ်တာတွေကြားမှာ၊ အရေခြုံဟန်ဆောင်တာတွေက ပိုဆိုးတာ မြင်ရတယ်။ ဘယ်သူမှ မပြည့်စုံဘူး။ ဒီတော့ ကိုယ့်တာဝန်မှာ မေးခွန်းတွေ ကြုံရပြီး အမှားတွေလုပ်တာက လုံးဝ ပုံမှန်ပဲ၊ ဒါပေမဲ့ ဟန်ဆောင်မှုနောက်မှာ ရှိတာတွေက မောက်မာတဲ့အပြင် ဉာဏ်များပြီး မကောင်းတဲ့ စာတန်စိတ်သဘောထားတွေပဲ။ ကိုယ့်ရဲ့ အပြစ်အနာအဆာတွေကို အမြဲ ဖုံးကွယ်တာ၊ ကိုယ့်ကို အထင်ကြီးဖို့၊ လေးစားအားကျဖို့ ကိုယ့်ရဲ့ ကောင်းတဲ့ဘက်ကိုပဲ မြင်ခွင့်ပေးတာက ဘုရား ပိုမုန်းတဲ့အရာပဲ။ တကယ်ပညာရှိတဲ့လူက ကိုယ့်အားနည်းချက်တွေကို မှန်မှန်ကန်ကန် ရင်ဆိုင်နိုင်ပြီး၊ သူလိုအပ်တဲ့အရာကို ထေမိဖို့ အသုံးချတတ်တယ်။ အဲဒါက ကြီးထွားဖို့ အခွင့်အရေးပဲ။ ဒါပေမဲ့ မိုက်မဲပြီး ကိုယ့်ကိုယ်ကိုယ် သိစိတ်မရှိ၊ မသိနားမလည်တဲ့ လူတွေက သူတို့ရဲ့ကိုယ်ပိုင် အမှားတွေကို အမြဲ လက်မခံနိုင်ကြဘူး။ ဟန်ဆောင်ရုံဟန်ဆောင်ကြတယ်၊ အဲဒါက ပြဿနာတွေ လုံးဝ မပြေလည်သွားသလို၊ ဘဝမှာ သူတို့ လုံးဝ မကြီးထွားတဲ့သဘောပဲ။ ကျွန်မရဲ့ အပြုအမူကို ပြန်စဉ်းစားကြည့်တော့၊ ကျွန်မက ဘုရားဖော်ထုတ်တဲ့ မောက်မာပြီး မိုက်မဲသူတစ်ယောက်မှန်း အသိတရားရလိုက်တယ်။ ကျွန်မတာဝန်မှာ စအဆင်ပြေလာတော့၊ ကျွန်မက တကယ်တော့ သိပ်မဆိုးသလို၊ အဖွဲ့ခေါင်းဆောင်နဲ့ကိုက်တယ်လို့ ခံစားခဲ့တယ်။ ပြဿနာတွေကို ဖြေရှင်းနိုင်လို့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် တကယ် ချီးမြှောက်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် အရမ်း အထင်ကြီးခဲ့တယ်။ ဒါကြောင့် ဘယ်လိုကိုင်တွယ်ရမယ်မှန်း မသိတဲ့ ကိစ္စတွေနဲ့ ကြုံရတော့၊ ကျွန်မ သတိထားပြီး မပြတ်မသား ဖြစ်ခဲ့တယ်၊ မမှန်တာပြောမိပြီး ကိုယ့်ပုံရိပ်ကောင်းကို ဖျက်ဆီးမိမှာ စိုးရိမ်ခဲ့တယ်။ ပြီးတော့ အယူအဆတွေ ပိုလျှော့ပြောပြီး မေးခွန်းတွေ လျှော့မေးဖို့ ဆုံးဖြတ်ခဲ့တယ်။ အကူအညီ တကယ်ရှာတဲ့အချိန်မှာတောင်၊ ကျွန်မရဲ့ အစွမ်းအစတွေ ပြဖို့ ပိုခက်တဲ့ မေးခွန်းတွေ ရွေးခဲ့တယ်၊ ကျွန်မ ရုန်းကန်နေရတဲ့နေရာကို လူတိုင်းကို မမြင်စေချင်ခဲ့ဘူး။ လျစ်လျူရှုမခံရအောင်လို့ လူတွေကို မေးခွန်းတွေ ခွဲမေးရင်းနဲ့ အကွက်တွေတောင် ရွေ့ခဲ့တယ်။ ကျွန်မ တကယ်ကို မောက်မာပြီး ကိုယ့်ကိုယ်ကိုယ် သိစိတ်တစ်စက်မှမရှိဘဲ ဉာဏ်များနေခဲ့တာပါ။ လူတွေ ကျွန်မကို အထင်ကြီးအောင်လို့ အမျိုးမျိုးနဲ့ ဟန်ဆောင်နေခဲ့တာ။ ဘုရားနဲ့ လူတွေကို စက်ဆုပ်စေရင်းနဲ့ သိပ်မိုက်မဲသူ ဖြစ်ခဲ့တယ်။ ကျွန်မရဲ့ နာမည်နဲ့ အဆင့်အတန်းကို ကာကွယ်ဖို့၊ ကျွန်မတာဝန်မှာ ပြဿနာတွေကို မဖြေရှင်းဘဲ ထားရင်းနဲ့ ကိုယ့်အပြစ်အနာအဆာတွေကို ဖုံးကွယ်ခဲ့တယ်။ ဘုရားအိမ်တော်ရဲ့ အလုပ်ကို ကျွန်မ ကြန့်ကြာနေစေခဲ့တာပဲ။ ကျွန်မ ဘာကို တွေးနေခဲ့တာလဲ။ သိပ်စက်ဆုပ်စရာကောင်းပြီး ဆိုးယုတ်ခဲ့တာ။ ဟန်ဆောင်ခြင်းအားဖြင့် ကျွန်မ ရာထူးကို ရေတိုထိန်းထားနိုင်မှာဖြစ်ပေမဲ့၊ ဘုရားက အားလုံးကို စစ်ဆေးတယ်လေ၊ ဒီတော့ သူ့ကို လှည့်စားတဲ့အတွက်၊ အသင်းတော်အလုပ်ကို နှောင့်နှေးစေတဲ့အတွက်၊ အနှေးနဲ့အမြန် ဘုရားရဲ့ ဖယ်ရှင်းတာ ခံရမှာပဲ။ အန္တိခရစ်တွေက အထူးသဖြင့် အဆင့်အတန်းကို တန်ဖိုးထားကြပြီး၊ သူတို့ကိုယ်ပိုင် အဆင့်အတန်းအတွက် ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကိုတောင် အလွှတ်ပေးမှာမဟုတ်ဘူး။ လိုက်စားမှုနဲ့ပတ်သက်လို့ ကျွန်မရဲ့ စိတ်သဘောထားနဲ့ အမြင်တွေက အန္တိခရစ်တစ်ယောက်နဲ့ ဘာများကွာခြားနေတော့လို့လဲ။ အဲဒီအကြောင်း တကယ်တွေးတော့၊ အဲဒီရာထူးက ကျွန်မကို ဘယ်လိုအကျိုးပြုခဲ့လဲ။ အဲဒါက ကျွန်မရဲ့ အပြစ်အနာအဆာတွေကို သိမှတ်ဖို့၊ ရင်ဆိုင်ဖို့ မလိုမလားဖြစ်စေပြီး ကျွန်မ အသိစိတ် ပျောက်ခဲ့တယ်။ ပြဿနာတွေ ကြုံရတော့ မရှာဖွေချင်ခဲ့ဘဲ၊ ဟန်ဆောင်ပြီး ပိုပြီး ဉာဏ်များသည်ထက် ဉာဏ်များလာခဲ့တယ်။ နောက်ဆုံးမှာ ဘုရားကို စက်ဆုပ်မိစေပြီး ဖယ်ရှင်းခံရရင်းနဲ့ အန္တိခရစ်လမ်းကြောင်းပေါ် ရောက်သွားမှာပဲ။ အဲဒါက ဘုရားအိမ်တော်ရဲ့အလုပ်ကို ထိခိုက်ပြီး ကျွန်မကို ဖျက်ဆီးပစ်မှာ။ အဲဒီအချိန်မှာ အဲဒီပုံစံနဲ့ ဆက်သွားတာ ဘယ်လောက် အန္တရာယ်များမှန်း သဘောပေါက်လိုက်တယ်။ အဲဒါက ကျွန်မတာဝန်ကို အဲဒီလို နောက်ထပ်လုပ်လို့ မရမှန်း အသိပေးတဲ့အရာပဲ။
လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းနဲ့ ဘုရားနှုတ်ကပတ်တော်တွေ ထပ်ဖတ်ခဲ့ပြီး ကျွန်မအတွက် ပိုလွတ်လပ်စရာ ဖြစ်ခဲ့တယ်။ ဘုရားသခင်က ပြောသည်- “လူအချို့ကို အသင်းတော်က မြှင့်တင်ပေးပြီး ပြုစုပျိုးထောင်ပေးသည်။ ဤသည်မှာ ကြီးမားသည့် အခွင့်အရေး ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ ချီးမြှောက်ခြင်းနှင့် ကျေးဇူးပြုခြင်းတို့ကို ခံခဲ့ရသည်ဟု ပြောနိုင်သည်။ သို့ဆိုလျှင် ၎င်းတို့သည် မိမိတို့၏တာဝန်ကို မည်သို့ ထမ်းဆောင်သင့်သနည်း။ ၎င်းတို့ လိုက်နာသင့်သည့် ပထမဆုံး အခြေခံသဘောတရားသည် သမ္မာတရားကို နားလည်ဖို့ဖြစ်သည်။ ၎င်းတို့က သမ္မာတရားကို နားမလည်သည့်အခါ၊ ၎င်းတို့ သမ္မာတရားကို ရှာဖွေရမည်ဖြစ်ပြီး ရှာဖွေပြီးသည့်နောက်တွင် ၎င်းတို့ နားမလည်သေးပါက၊ ၎င်းတို့ မေးမြန်းဖို့နှင့် မိတ်သဟာယပြုဖို့ တစ်စုံတစ်ယောက်ကို ရှာဖွေနိုင်သည်။ ၎င်းတို့သည် အခြားသူများနှင့် သဟဇာတရှိစွာ အလုပ်လုပ်ဖို့၊ နောက်ထပ် မေးခွန်းများ မေးဖို့၊ ပို၍ ရှာဖွေဖို့ နည်းလမ်းကို သင်ယူသင့်သည်။ သို့မှသာလျှင် ၎င်းတို့သည် ပြဿနာများကို မှန်ကန်စွာ ဖြေရှင်းနိုင်လိမ့်မည် ဖြစ်ပြီး ဘုရားသခင် ရွေးချယ်ထားသောသူများနှင့် အသင်းတော် အလုပ်တို့အပေါ် အကျိုးဖြစ်ထွန်းလိမ့်မည်။ အကြောင်းမှာ သင်သည်မြှင့်တင်ခြင်းနှင့် ပြုစုပျိုးထောင်ခြင်း အဆင့်တွင်သာ ရှိသောကြောင့် ဖြစ်သည်။ သင်သည် အရာအားလုံးကို နားမလည်ချေ။ ထို့ကြောင့် သင်နားလည်ယောင်မဆောင်နှင့်။ ဤသည်မှာ အမှုအရာများကို လုပ်ဆောင်ရာတွင် မိုက်မဲသော နည်းလမ်းဖြစ်သည်။ သင်နားမလည်ပါက၊ တစ်စုံတစ်ဦးကို မေးနိုင်သည်၊ သို့မဟုတ် အခြားသူများနှင့် မိတ်သဟာယပြုနိုင်သည်၊ သို့မဟုတ် အထက်ကို စုံစမ်းမေးမြန်းနိုင်သည်— ဤအရာများထဲမှ တစ်ခုမှ ရှက်စရာမရှိပေ။ သင်မတောင်းဆိုသည့်အချိန်တွင်ပင်၊ သင်သည် အဘယ်အရာမျှ မဟုတ်ကြောင်း၊ သင်၌ မည်သည့်အရာမျှ မရှိကြောင်း အထက်ကသိသည်။ ရှာဖွေခြင်းနှင့် မိတ်သဟာယပြုခြင်းတို့သည် သင်လုပ်ဆောင်နေသင့်သည့် အရာဖြစ်သည်။ ဤသည်မှာ သာမန်လူ့သဘာဝ၌ သင် ရှာတွေ့အပ်သည့် အသိစိတ်ဖြစ်ပြီး ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ လိုက်နာသင့်သည့် အခြေခံသဘောတရားဖြစ်သည်။ ဤအရာများကို လုပ်ဆောင်ခြင်း၌ ရှက်စရာတစ်ခုမျှ မရှိပေ။ သင်သည် ယခုခေါင်းဆောင်တစ်ဦး ဖြစ်သည့်အတွက် အခြေခံသဘောတရားကို နားမလည်ခြင်းနှင့် အခြားသူများနှင့် အထက်တို့ကို အစဉ်မပြတ် မေးနေရခြင်းတို့သည် ရှက်ဖွယ်ကောင်းသည်ဟု အမြဲခံစားရပါက— ပြီးလျှင် အကျိုးဆက်အနေဖြင့် သင်နားလည်သယောင်၊ သိသယောင်၊ ဤအလုပ်ကို လုပ်နိုင်သယောင်၊ ဤအလုပ်၌ သင်ကျွမ်းကျင်သယောင်၊ ပြီးလျှင် အခြားသူများ၏နည်းပေးလမ်းပြမှုများနှင့် မိတ်သဟာယများကို မလိုသယောင်၊ အခြားမည်သူတစ်ဦးတစ်ယောက်ထံကမျှ ထောက်ပံ့မှုနှင့် ပံ့ပိုးမှုတို့ကို မလိုသယောင် ဟန်ဆောင်ပါက၊ ဤသည်မှာ အန္တရာယ်ရှိသည်။ ဤသည်မှာ ဘုရားအိမ်တော်၏ မြှင့်တင်ခြင်းနှင့် ပြုစုပျိုးထောင်ခြင်းတို့နှင့်သက်ဆိုင်သည့် သတ်မှတ်ချက်များနှင့် မကိုက်ညီသည့်အတွက်၊ အနှေးနှင့်အမြန်ဆိုသကဲ့သို့ သင်သည် အစားထိုးခံရလိမ့်မည်။ သင်သည် သင့်ကိုယ်သင် တတ်နိုင်စွမ်းသည်ဟု ယုံကြည်သော်လည်း၊ အမှန်တကယ်တွင် သင်သည် မည်သည့်အရာကိုမျှ တတ်နိုင်စွမ်းခြင်းမရှိဘဲ၊ လေ့လာသင်ယူခြင်းနှင့် လေ့ကျင့်ခြင်း အဆင့်တွင်သာ ရှိသည်ကို သင်နားလည်သဘောပေါက်ရမည်။ ဤသည်မှာ သင်ပိုင်ဆိုင်သင့်သည့် အသိစိတ်ဖြစ်သည်။ ရှာဖွေခြင်းနှင့် မိတ်သဟာယပြုခြင်း။ ဤသည်တို့သည် သင်လက်တွေ့လုပ်ဆောင်သင့်သည့်အရာများဖြစ်သည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၅)”) ဒါကို ကျွန်မ အချိန်ယူစဉ်းစားခဲ့ပြီး၊ ဘုရားအိမ်တော်က လူတွေကို လက်တွေ့လုပ်ဆောင်အောင် အခွင့်အရေးပေးဖို့ မြှင့်တင်ပြီး ပျိုးထောင်ပေးမှန်း တွေ့ခဲ့ရတယ်။ အဲဒါက သမ္မာတရားကို သူတို့ နားလည်တယ်၊ ဘယ်ပြဿနာကိုမဆို ဖြေရှင်းနိုင်ပြီး ဘုရားအသုံးပြုဖို့ သင့်တော်တယ်လို့ မဆိုလိုဘူး။ သူတို့ရဲ့ လက်တွေ့လုပ်ဆောင်မှုမှာ တကယ့် ပြဿနာမျိုးစုံ ကြုံရမှာဖြစ်ပြီး၊ သူတို့အနေနဲ့ ရှာဖွေပြီး မိတ်သဟာယပြုမြဲပြုရင်၊ အခြေခံသဘောတရားနဲ့ဆိုင်တဲ့ သွင်ပြင်အမျိုးမျိုးကို တဖြည်းဖြည်း စနားလည်လာကြမှာပါ။ အဲဒီနောက် ပြဿနာတွေကို ဖြေရှင်းနိုင်ပြီး သူတို့တာဝန်ကို ကောင်းကောင်း လုပ်နိုင်မှာပဲ။ ကျွန်မရဲ့ အပြစ်အနာအဆာတွေကို မှန်မှန်ကန်ကန် ရင်ဆိုင်ပြီး ကျွန်မ ဘယ်သူဖြစ်တယ်ဆိုတာ သိရမယ်၊ သမ္မာတရား ပိုရှာရမယ်၊ ကိစ္စတွေ ပေါ်တဲ့အခါ၊ တခြားလူတွေနဲ့ ပိုဆွေးနွေးပြီး မိတ်သဟာယပြုရမယ်၊ ရှိသမျှ ပေးဆပ်ရမယ်ဆိုတာ ကျွန်မ သိခဲ့ပါတယ်။ အဲဒီအခါ တစ်နေ့ ကျွန်မက တကယ်ကို အစွမ်းအစမရှိမှန်း၊ အလုပ်နဲ့ မကိုက်မှန်း သိသာလာခဲ့ရင်တောင်၊ အနည်းဆုံးတော့ ကျွန်မရဲ့ လိပ်ပြာ သန့်မှာပဲလေ။ အဲဒါကို သေသေချာချာ တွေးမိတာနဲ့ ကျွန်မ တကယ်ကို စိတ်သက်သာရာရသွားတယ်။ ဆက်ဟန်ဆောင်ပြီး မျက်နှာဖုံးစွပ်နေဖို့ မလိုတော့ဘဲ၊ ရိုးသားရမှာဖြစ်ပြီး ကျွန်မရဲ့ အမှားနဲ့ အားနည်းချက်တွေကို ရိုးရိုးသားသား ရင်ဆိုင်ရမှာပါ။
အဲဒီနောက် အဖွဲ့လိုက် ဆွေးနွေးမှုတွေမှာ၊ ကျွန်မရဲ့ ကိုယ်ပိုင် အယူအဆတွေကို ရိုးရိုးသားသား ဝေမျှဖို့ ကြိုးစားခဲ့တယ်။ ပထမတော့ ဝန်လေးသလိုမျိုး၊ မမှန်တာ ပြောမိပြီး မလေးနက်တဲ့ သိနားလည်မှုနဲ့ ညံ့ဖျင်းတဲ့ အစွမ်းအစ ပြမိသလိုဖြစ်မှာ စိုးခဲ့တယ်။ အထူးသဖြင့် ကျွန်မ တကယ် မသေမချာဖြစ်တဲ့ ပြဿနာတွေ ရှိတဲ့အခါ၊ ကျွန်မ ဝေမျှတဲ့ အယူအဆတွေက သိပ်မရှင်းဘူး။ ကျွန်မ ရင်စခုန်လာတယ်- “လူတိုင်းက ငါ့ကို ရိပ်မိသွားတော့မှာလား” ပေါ့။ ဒါပေမဲ့ အဲဒါက ကျွန်မရဲ့ တကယ့်အဆင့်ဖြစ်ပြီး သူတို့ ကျွန်မကို အထင်သေးရင်လည်း အဆင်ပြေတယ်လို့ ကိုယ့်ကိုယ်ကိုယ် အသိပေးခဲ့တယ်။ အရေးကြီးတာက ဘုရားရှေ့မှာ ရိုးသားတဲ့သူ ဖြစ်ဖို့ပဲ။ ပြီးတော့ ကျွန်မအတွေးတွေ ပြောပြီး ဆွေးနွေးမှုတွေမှာ ပါဝင်ဖို့က ကျွန်မ တာဝန်လေ။ အဲဒါက အေးအေးချမ်းချမ်း အသက်ရှင်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။ အဲဒီနောက် ကျွန်မတာဝန်မှာ မေးစရာတွေ ရှိတဲ့အခါ၊ ကျွန်မ ထွက်ပြီး တခြားလူတွေရဲ့ စိတ်ကူးတွေ မေးခဲ့တယ်။ ရံဖန်ရံခါမှာတော့ အထင်သေးခံရမှာ စိုးရိမ်မိနေတုန်းပဲ။ ဒါပေမဲ့ ကျွန်မရဲ့ မာနကို ကာကွယ်ဖို့ ကျွန်မရဲ့ အမှားတွေကို ဖုံးကွယ်တာက ဘုရားအိမ်တော်ရဲ့ အလုပ်ကို ထိခိုက်မှာ သေချာသလောက်ပဲလို့ တွေးမိတဲ့အခါ၊ အဲဒီစေ့ဆော်မှုကနေ လှည့်ပြီး အကူအညီရှာဖို့ ကျွန်မ အားထုတ်တယ်။ အဲဒီလို ကျွန်မလုပ်တဲ့အခါ၊ အရင်က နားမလည်ခဲ့တဲ့ အရာတွေကို စနားလည်လာပြီး၊ ပိုတည်ငြိမ်လာသလို၊ ပိုစိတ်အေးလက်အေး ဖြစ်ခဲ့တယ်။ တစ်ခါတလေ ညီအစ်ကို မောင်နှမတွေမှာ ကျွန်မထက် ပိုမှန်ကန်တဲ့ သိနားလည်မှု ရှိတယ်၊ အဲဒီအခါ ကျွန်မ မတော်ဘူးလို့ လူတိုင်း ထင်နေကြမလားလို့ ကျွန်မ စတွေးမိရော။ ဒါပေမဲ့ အဲဒါက အဲဒီကိစ္စကို ကြည့်ဖို့ မှန်တဲ့နည်းလမ်းမဟုတ်မှန်း မြင်နိုင်ခဲ့တယ်။ ကျွန်မရဲ့ အားနည်းချက်တွေကို ထေမိဖို့ တခြားလူတွေရဲ့ အားသာချက်တွေကနေ ကျွန်မ သင်ယူရမယ်။ အဲဒါ လက်ဆောင်တစ်ခုပဲ မဟုတ်လား။ အဲဒီလို တွေးမိတဲ့အခါ ကျွန်မ ပျာယာမခတ်တော့သလို၊ အချိန်နဲ့အမျှ ကျွန်မ စပြီး ပိုလွတ်လပ်သည်ထက် လွတ်လပ်သွားတယ်။ ရိုးသားတာဟာ ဘယ်လောက်လွတ်လပ်ပြီး ဝမ်းမြောက်စရာဖြစ်မှန်း တွေ့ကြုံခွင့်ပေးတဲ့ ဘုရားရဲ့ လမ်းပြမှုအတွက် ကျေးဇူးတင်ပါတယ်။ ပြီးတော့ အခု ဘုရားရဲ့ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ဖို့ ကျွန်မမှာ ယုံကြည်ချက် ပိုရှိသွားပြီ။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။