ကျွန်မရဲ့ အမြင်တွေကို မမျှဝေရဲတဲ့အကြောင်းရင်း
မနှစ်က မတ်လမှာ အသင်းတော်က ကျွန်မကို အသင်းတော်တစ်ခုမှာ ကြီးကြပ်ရေးမှူးလုပ်ဖို့ တာဝန်ချပေးတယ်။ ကျွန်မ တော်တော်စိတ်လှုပ်ရှားမိတယ်။ ဘာကြောင့်လဲဆိုရင် ကြီးကြပ်ရေးမှူးအဖြစ် အရွေးခံရတာက ဒီအဖွဲ့တွေထဲမှာ ကျွန်မက ထူးချွန်ပြီး သူများတွေထက် သာတယ်ဆိုတဲ့ သဘောပဲလို့ တွေးမိလို့လေ။ နောက်ကျရင် ကျွန်မက ဒီရာထူးနဲ့ သင့်တော်တယ်ဆိုတာ ညီအစ်ကိုမောင်နှမတွေကို ပြဖို့အတွက် အလုပ်ကြိုးစားမယ်ဆိုပြီးတော့လည်း တိတ်တိတ်လေး ကတိသစ္စာဆိုခဲ့တယ်။
ကြီးကြပ်ရေးမှူးအနေနဲ့ ကျွန်မရဲ့ ပထမဆုံးနေ့မှာ ကျွန်မရဲ့ တွဲဖက် ချန်းမင်က ပြောတယ်။ “တချို့ အဖွဲ့တွေက ရလဒ်ကောင်းတွေ မရနေဘူး။ မနက်ဖြန်ကျရင် သူတို့နဲ့ စုဝေးပြီး ချက်ချင်း မိတ်သဟာယဖွဲ့ရမယ်” တဲ့။ သူဒီလိုပြောတော့ ကျွန်မ နည်းနည်း လန့်သွားတယ်။ ကျွန်မက အဖွဲ့တိုင်းရဲ့ အလုပ်အခြေအနေကို အကုန်မသိသေးဘူးလေ။ ပြီးတော့ လူတိုင်းရဲ့ ကိစ္စတွေ၊ ပြဿနာတွေကို သေချာမသိသေးဘူး။ ကျွန်မ မိတ်သဟာယက သူတို့ရဲ့ အခြေအနေကို မကိုင်တွယ်ဘဲ သူတို့ပြဿနာတွေကို ဖြေရှင်းမပေးရင် သူတို့က ကျွန်မကို ဘယ်လိုထင်မလဲ။ ကျွန်မက လက်တွေ့ပြဿနာတွေကို မဖြေရှင်းနိုင်ဘူး၊ ကြီးကြပ်ရေးမှူးလုပ်ဖို့ မသင့်တော်ဘူလို့ ထင်ကြမှာလား ပေါ့။ ချန်းမင်ကို စုဝေးပွဲကို နှစ်ရက်လောက်ဆိုင်းထားခိုင်းဖို့ စဉ်းစားကြည့်တယ်။ ဒါပေမဲ့ တချို့အဖွဲ့တွေ လုပ်ကိုင်တာက အခုတလောမှာ ဒုက္ခရောက်နေတယ်။ ပြဿနာက ဆက်ပြီး ရွှေ့ဆိုင်းထားလို့မရတော့ဘူး။ ဒါဆို ငါ ဘာလုပ်သင့်လဲ ပေါ့။ ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး စိတ်ဆင်းရဲနေရတုန်းမှာပဲ ချန်းမင်က အဖွဲ့တစ်ခုစီရဲ့ လက်ရှိတိုးတက်မှုအစီရင်ခံစာပါတဲ့ ဖိုင်တစ်ခုကိုကျွန်မဆီ ပို့လိုက်တယ်။ ကျွန်မ အစီရင်ခံစာကို ကောင်းကောင်းသိအောင် အမြန်လုပ်ပြီး မနက်ဖြန် စုဝေးပွဲအတွက် ပြင်ဆင်တယ်။
နောက်နေ့ အစည်းအဝေးမှာ အစ်ကိုတစ်ယောက်က ပြောတယ်။ သူက ဧဝံဂေလိမျှဝေတာကို အခုမှစပြီး လေ့ကျင့်နေတာ၊ ဘာသာရေးအယူအဆတွေကို သူက မမှန်ကြောင်း ရှင်းရှင်းလင်းလင်း ဖွင့်ချပြနေသလားဆိုတာ မသေချာဘူး တဲ့။ ဒီတော့ သူ့နားလည်မှုကို သူ ဆွေးနွေးပြီး သူစဉ်းစားပုံမှာရှိတဲ့ ဘယ်အမှားကိုမဆို ကျွန်မတို့ကို ထောက်ပြခိုင်းတယ်။ ကျွန်မ စဉ်းစားတယ်။ “ငါ ဒါကို တိတိကျကျ စိစစ်ရမယ်။ ဒီကြီးကြပ်ရေးမှူးက မှတ်သားဖို့ ထိုက်တန်တဲ့ အယူအဆတချို့ရှိတယ်ဆိုတာပြရမယ်” ပေါ့။ အဲဒါနဲ့ ကျွန်မ သူ့ မိတ်သဟာယကို သေချာအာရုံစိုက်တယ်။ ပြီးတော့ သေသေချာချာ စဉ်းစားကြည့်ပြီးတဲ့နောက်မှာ “အစ်ကို့ရဲ့ မိတ်သဟာယက ကောင်းပါတယ်။ ပြဿနာကို ဖြေရှင်းနိုင်မှာပါ” ဆိုပြီး ပြောလိုက်တယ်။ ဒါပေမဲ့ ကျွန်မ ပြောပြီးတာနဲ့ ချန်းမင်က ပြောတယ်။ “အစ်မက ဒီအယူအဆကို ကိုင်တွယ်တဲ့ အဓိကအချက်ကို ရှင်းရှင်းလင်းလင်း ရှင်းမပြဘူး။ နည်းနည်း မရေရာဘူး။ လူတွေနားလည်ဖို့ လွယ်မှာမဟုတ်ဘူး” တဲ့။ အဲဒီနောက်တော့ ပြဿနာအပေါ် သူ့နားလည်မှုရဲ့ ပိုကောင်းတဲ့အချက်တချို့ကို သူက မိတ်သဟာယဖွဲ့တယ်။ ချန်းမင်ရဲ့ မိတ်သဟာယက ဘယ်လောက်လက်တွေ့ကျပြီး လိုရင်းရောက်တယ်ဆိုတာ၊ သူများတွေက သဘောတူပြီး ခေါင်းညိတ်ကြတာတွေကို ကျွန်မ မြင်တော့ ကျွန်မမျက်နှာက ချက်ချင်း နီသွားတယ်။ ကျွန်မ တွေးတယ်။ “ဒီညီအစ်ကိုမောင်နှမတွေက ငါ့ကို ဘယ်လိုထင်မလဲ။ ဒီလောက်သိသာတဲ့ ပြဿနာတစ်ခုကိုတောင် ကျွန်မ မမြင်နိုင်တာကို ကြည့်ရင် အခုမှ အသစ်ရာထူးတိုးလာတဲ့ ကြီးကြပ်ရေးမှူးက သိပ်မတော်ပါဘူးလို့ ထင်ကြမှာလား။” ပေါ့။ ဒီအတွေးတွေကို ကျွန်မ တွေးမိလိုက်တာနဲ့ ဘာပြောရမှန်းမသိဘဲ တော်တော်ရှက်မိသွားတယ်။ ဘယ်သူနဲ့မှ မျက်လုံးချင်း မဆုံရဲတော့ဘဲ ကျွန်မ မျက်လုံးတွေကို ကွန်ပြူတာကိုပဲကြည့်နေလိုက်တယ်။ အချိန်က နှေးပြီးသွားနေသလိုခံစားရတယ်။ အဲဒီနောက်မှာပဲ ညီအစ်ကိုမောင်နှမတွေက တခြားပြဿနာတစ်ခုကို စပြီး မိတ်သဟာယဖွဲ့တယ်။ ကျွန်မ တော်တော် စိတ်လှုပ်ရှားပြီး ကျွန်မ အယူအဆတွေက လွဲနေပြန်ရင် သူတို့ ကျွန်မကို ဘယ်လိုထင်မလဲ စိတ်ပူမိတယ်။ ကျွန်မက ပြဿနာတွေကို စိစစ်တဲ့နေရာမှာ မတော်ဘူးလို့ထင်ပြီး ကြီးကြပ်ရေးမှူးအဖြစ် အစေခံဖို့ ကျွန်မ အရည်အချင်းကို မေးခွန်းထုတ်မှာလား ပေါ့။ ဒီလိုတွေးမိသွားတာနဲ့ နောက်ထပ် ဘာအမြင်ကိုမှ မမျှဝေရဲတော့ဘူး။ ကျွန်မ စဉ်းစားတယ်။ “ငါ ချန်းမင်ကိုပဲ အရင်ပြောခွင့်ပေးလိုက်မယ်။ ပြီးရင် သူပြောသမျှကိုပဲ အနှစ်ချုပ်ပြောလိုက်မယ်။ ဒီလိုဆိုရင် အနည်းဆုံးတော့ ငါ မှားမပြောတော့ဘူး။ ဘယ်သူမှ ငါ့ကို အထင်သေးမှာလည်းမဟုတ်ဘူး” ပေါ့။ ဒါပေမဲ့ ကျွန်မ အံ့ဩရတာက စိစစ်ဖို့ကို ကျွန်မ ရှောင်ဖို့ ကြိုးစားလေလေ၊ ကျွန်မ ဖော်ထုတ်ခံရလေလေပဲ။ အဲဒီအချိန်မှာပဲ အစ်မတစ်ယောက်က ကျွန်မကို မေးတယ်။ “ဒီမိတ်သဟာယက ပြဿနာကို ဖြေရှင်းနိုင်လား” တဲ့။ ဖြေရှင်းနိုင်တယ်လို့ ကျွန်မ ပြန်ပြောလိုက်တယ်။ ဒါပေမဲ့ ပြန်ပြောပြီးတာနဲ့ တစ်ပြိုင်နက် ချန်းမင်က ရုတ်တရက်ပြောတယ်။ “အစ်မ မိတ်သဟာယက နည်းနည်း ပေါ့ပြက်ပြက်ဖြစ်နေတယ်။ ဒီဘာသာရေးအယူအဆကို မမှန်ကြောင်း ရှင်းရှင်းလင်းလင်း ဖွင့်မပြဘူး။ ကိုင်တွယ်ဖို့လိုတဲ့ အချက်နည်းနည်းရှိသေးတယ်” တဲ့။ သူ့အမြင်ကို မျှဝေပြီးတဲ့နောက်မှာ ကျွန်မ စဉ်းစားတယ်။ “ချန်းမင်က ဒီပြဿနာတွေနဲ့ပတ်သက်ပြီး မှန်တယ်။ ငါ့အမြင်က မမှန်ဘူးဆိုပြီး ထပ်ပြီး ဖော်ထုတ်သွားတာပဲ” ပေါ့။ လူတွေရှေ့မှာ မျက်နှာကို အရိုက်ခံလိုက်ရသလိုဖြစ်ပြီး တော်တော်စိတ်ညစ်မိတယ်။ ကျွန်မက တစ်ခါထဲနဲ့ မမှန်တဲ့ အမြင်နှစ်ခုကို မျှဝေခဲ့တယ်။ အခု ညီအစ်ကိုမောင်နှမတွေက ကျွန်မကို ဘယ်လိုထင်နိုင်ခြေရှိမလဲ။ ကျွန်မက ဧဝံဂေလိမျှဝေခြင်းအပေါ် အသိအမြင်မရှိတာကို ကြည့်ရင် ကျွန်မ လုပ်ကိုင်ပုံက မလုံလောက်ဘူးလို့ ထင်မှာလား။ ကျွန်မက ဘယ်လိုလုပ် ကြီးကြပ်ရေးမှူးအဖြစ် အရွေးခံရသလဲ တွေးကြမှာလား ပေါ့။ ကျွန်မ တွေးလေလေ၊ ခံစားရတာ ဆိုးလေလေပဲ။ အရမ်း ရှက်စရာကောင်းပြီး ကျောက်တုံးတစ်တုံးအောက် ဝပ်သွားပြီးတော့ဘဲ ပုန်းနေလိုက်ချင်တယ်။ နောက်ပိုင်းမှာ အခြားအလုပ်ပြဿနာတွေကို ဆွေးနွေးတဲ့အခါမှာ ဘာကိုမှ မတွေးချင်နေဘူး။ အဲဒါနဲ့ ချန်းမင်က သူ့အမြင်ကို မျှဝေပြီးတဲ့နောက်မှာ ကျွန်မက ဝတ်ကျေတမ်းကျေ မှတ်ချက် နည်းနည်းပဲ ပေးလိုက်တယ်။ တစ်ခါတလေမှာ ဘာကိုမှ လုံးဝ မပြောဘူး။ အဲဒီလိုနဲ့ တစ်နေကုန်သွားပြီး ခံစားချက် ဗလာဖြစ်နေပြီး အပြစ်ရှိသလို ခံစားရတယ်။ ဒီအဖွဲ့က သူတို့အလုပ်မှာ ရလဒ်တွေမရနေတာကို ကျွန်မ ကောင်းကောင်းသိတယ်။ ညီအစ်ကိုမောင်နှမတွေက သူတို့တာဝန်တွေမှာ ပြဿနာတွေကို ရင်ဆိုင်ကြရတယ်။ ကျွန်မက သူတို့ပြဿနာတွေကို ဖြေရှင်းဖို့အတွက် လူတိုင်းနဲ့အတူ သမ္မာတရားကိုရှာဖွေသင့်တယ်။ ဒါပေမဲ့ ကျွန်မ မျှဝေတဲ့ ထင်မြင်ချက်တွေက လွဲနေတော့ တခြားဘာမှ မပြောရဲတော့ဘူး။ ကျွန်မက ကိုယ့်တာဝန်ကို ရှောင်နေတာပဲ။ အဲဒါနဲ့ ဘုရားကိုဆုတောင်းပြီး ရှာဖွေခဲ့တယ်။ ကျွန်မပြဿနာကို ဖြေရှင်းဖို့ ဘယ်သမ္မာတရားရှုထောင့်ကို ကျွန်မ ဝင်သင့်လဲဆိုတာကို မေးခဲ့တယ်။
နောက်နေ့မှာ ကျွန်မ ဘုရားဝတ်ပြုနေတုန်း ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို တွေ့မိပြီး အဲဒီအပိုဒ်က ကျွန်မ အခြေအနေကို နားလည်အောင် ကူညီပေးခဲ့တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “လူတို့ကိုယ်တိုင်သည် အဖန်ဆင်းခံအရာများ ဖြစ်ကြ၏။ အဖန်ဆင်းခံ အရာများက အရာခပ်သိမ်းတတ်စွမ်းနိုင်ခြင်းကို ရရှိနိုင်ပါသလော။ စုံလင်ခြင်းနှင့် အပြစ်အနာအဆာကင်းခြင်းကို ၎င်းတို့ ရရှိနိုင်ပါသလော။ အရာရာတိုင်းတွင် ကျွမ်းကျင်မှုကို ရရှိနိုင်သလော၊ အရာရာတိုင်းကို နားလည်လာနိုင်ပြီး အရာရာတိုင်းကို ထိုးဖောက်သိမြင်နိုင်ပြီး အရာရာကို စွမ်းဆောင်နိုင်သလော။ မဖြစ်စေနိုင်ပေ။ သို့သော်၊ လူသားများထဲတွင်၊ ဖောက်ပြန်ပျက်စီးခြင်းများနှင့် ဆိုးရွားသော အားနည်းချက်တစ်ခု ရှိ၏။ ကျွမ်းကျင်မှု သို့မဟုတ် တတ်ကျွမ်းမှုတစ်ခု သူတို့ သင်ယူသည်နှင့်တစ်ပြိုင်နက်၊ သူတို့ တတ်စွမ်းနိုင်ကြသည်၊ သူတို့က အဆင့်အတန်းနှင့် တန်ဖိုးရှိသူများ ဖြစ်ကြပြီး ကျွမ်းကျင်အတတ်ပညာရှင်များ ဖြစ်ကြသည်ဟု လူတို့က ခံစားမိကြသည်။ ၎င်းတို့သည် မည်သို့ပင် ထူးခြားမှုမရှိသည်ဖြစ်စေ၊ ၎င်းတို့အားလုံးသည် နာမည်ကြီးသော၊ သို့မဟုတ် အဆင့်မြင့်သောပုဂ္ဂိုလ်တစ်ယောက်ယောက်အဖြစ် ပြရုပ်တင်လိုကြသည်။ အသေးစား နာမည်ကြီးသူတစ်ယောက်ယောက်အဖြစ် ပြောင်းလဲလိုကြသည်။ ချို့ယွင်းချက်တစ်ခုမှမရှိဘဲ ၎င်းတို့က စုံလင်ပြီး အပြစ်အနာအဆာကင်းသည်ဟု လူတို့ကို ထင်စေလိုကြသည်။ သူတစ်ပါးတို့၏အမြင်တွင် ၎င်းတို့သည် ကျော်ကြားလာကာ၊ အာဏာကြီး၍၊ ထင်ရှားသောပုဂ္ဂိုလ်တစ်ဦးဖြစ်လိုပြီး စွမ်းအားကြီးလိုကြသည်။ မလုပ်နိုင်သည့်အရာမရှိဘဲ၊ မည်သည့်အရာကိုမဆို စွမ်းဆောင်နိုင်လိုကြသည်။ ၎င်းတို့သည် အခြားလူတို့၏ အကူအညီကို ရှာဖွေလျှင် ၎င်းတို့သည် မစွမ်းဆောင်နိုင်၊ အားနည်းသည်၊ နိမ့်ကျသည် ဆိုသည့်ပုံပေါ်မည်၊ လူတို့သည် ၎င်းတို့အား အထင်သေးကြမည်ဟု ထင်မြင်ကြသည်။ ဤအကြောင်းကြောင့် ၎င်းတို့သည် အစဉ်သဖြင့် လှည့်ဖြား၍ဟန်ပြလိုကြသည်။...ဤသည်မှာ မည်သို့သော စိတ်သဘောထားမျိုးနည်း။ ဤသို့သောသူများ၏ မာနထောင်လွှားမှုသည် အကန့်အသတ်မရှိပေ။ ၎င်းတို့သည် အသိစိတ်အားလုံး ပျောက်ဆုံးပြီးဖြစ်သည်။ ၎င်းတို့သည် လူတိုင်းကဲ့သို့ မဖြစ်လိုပေ။ သာမန်၊ ပုံမှန်လူများမဖြစ်လိုကြဘဲ မဟာလူသား၊ အဆင့်မြင့်သောသူတစ်ယောက်၊ အစွမ်းထက်သူတစ်ယောက်ယောက် ဖြစ်လိုကြသည်။ ဤသည်မှာ အလွန်ကြီးမားသော ပြဿနာတစ်ရပ် ဖြစ်သည်။ အားနည်းချက်များ၊ ချို့ယွင်းချက်များ၊ မသိနားမလည်မှု၊ မိုက်မဲမှုနှင့် သာမန်လူ့သဘာဝအတွင်းမှ သိနားလည်မှု ကင်းမဲ့ခြင်းနှင့် စပ်လျဉ်း၍၊ ယင်းတို့အားလုံးကို သူတို့ ဖုံးကွယ်ပြီး အခြားသူများကို မြင်ခွင့်မပေးဘဲ မိမိတို့ကိုယ်ကိုယ် ဆက်လက် အယောင်ဆောင်ကြလေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် မှန်ကန်သော လမ်းကြောင်းပေါ် စတင်ရန် ပြည့်စုံရမည့် သတ်မှတ်ချက် ငါးချက်) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့ လက်ရှိအခြေအနေကို ရှင်းရှင်းလင်းလင်း ဖော်ထုတ်ပြတယ်။ ကျွန်မက ကြီးကြပ်ရေးမှူးတစ်ယောက်အနေနဲ့ ပြဿာတိုင်းအပေါ် အသိအမြင်ရှိမယ်၊ ကျွန်မ ထင်မြင်ချက်အားလုံးက တန်ဖိုးရှိတဲ့ ပံ့ပိုးမှုတွေ ပါဝင်သင့်တယ်လို့ ထင်မိတယ်။ အဲဒါကြောင့် ညီအစ်ကိုမောင်နှမတွေဆီက လေးစားမှုရအောင် ကျွန်မက အရာရာကို နားလည်ပြီး အလုပ်ရဲ့ ကဏ္ဍအားလုံးကို သိမြင်ဟန်ဆောင်ခဲ့တယ်။ စုဝေးပွဲအချိန်တွေမှာ ကျွန်မက ပြဿနာတွေကို မဖြေရှင်းနိုင်မှာ၊ ကျွန်မက ကျွန်မရာထူးနဲ့ မသင့်တော်ဘူးလို့ လူတိုင်းက ထင်မှာကို အမြဲတမ်း စိုးရိမ်နေတယ်။ ပြီးတော့ ကျွန်မက ပြောတာ မမှန်တဲ့အခါ သူများတွေ ကျွန်မကို အထင်သေးမှာကို ပိုပြီး စိတ်ပူခဲ့တယ်။ ကြီးကြပ်ရေးမှူးအနေနဲ့ ကျွန်မရဲ့ ပုံရိပ်နဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် ကျွန်မက ဟန်လုပ်ပြီး ကျွန်မအမြင်တွေကို မျှဝေချင်စိတ်မရှိဘူး။ ကျွန်မက ကြားဖြတ်ပြီး အနှစ်ချုပ်ပြောဖို့အတွက် ကျွန်မတွဲဖက်က ပြောလို့ပြီးသွားတဲ့အထိတောင်စောင့်ဖို့ ဉာဏ်များပြီး စီစဉ်ခဲ့တယ်။ ကျွန်မရဲ့ အားနည်းချက်တွေကို သူများတွေမမြင်အောင် ဖုံးဖို့ပေါ့။ ညီအစ်ကိုမောင်နှမတွေက သူတို့အလုပ်မှာရှိတဲ့ ပြဿနာတွေကို ဆွေးနွေးတဲ့အခါ ကျွန်မက မိတ်သဟာယမဖွဲ့ချင်တော့ဘူး။ ကျွန်မစဉ်းစားသမျှက ကျွန်မကိုယ်တိုင်ရဲ့ အဆင့်အတန်းနဲ့ ဂုဏ်သတင်းပဲ။ ကျွန်မက နည်းနည်းလေးမှ ကိုယ့်တာဝန်နဲ့ ဝတ္တရားကို မဖြည့်ဆည်းဘူး။ လက်တွေ့မှာတော့ ကျွန်မက သာမန်ဖန်ဆင်းခံတစ်ယောက်ပဲ။ ဗဟုသုတ နှံ့စပ်သူ၊ အလုပ်မျိုးစုံလုပ်နိုင်သူမဟုတ်ပါဘူး။ ကျွန်မ နားမလည်တဲ့ သမ္မာတရားတွေ၊ သဘောမပေါက်နိုင်တဲ့ ပြဿနာတွေ အများကြီးရှိတယ်။ ကျွန်မ ထင်မြင်ချက်တွေက ခဏခဏ မှားတယ်။ ဒါပေမဲ့ ဒါတွေအားလုံးက လုံးဝ သာမန်ပါပဲ။ ကျွန်မရဲ့ ကိုယ်ပိုင်အားနည်းချက်တွေအပေါ် သင့်တင့်တဲ့ သဘောထားရှိဖို့လိုတာပါ။ ကိုယ့်ကိုယ်ကိုယ်မှာ ဖောက်ပြန်မှုတွေကို တွေ့တဲ့အခါ ဒါတွေကို သိမြင်ပြီး ပြုပြင်သင့်တယ်။ ကျွန်မစိတ်ကူးတွေ၊ အမြင်တွေက မှန်သည်၊ မှားသည်ဖြစ်စေ အလုပ်အပေါ်မှာ ကိုယ့်ကိုယ်ကိုယ် အသုံးချပြီး တာဝန်တွေကို ဖြည့်ဆည်းသင့်တယ်။ ကျွန်မရဲ့ စိတ်အနေအထားကို ပြုပြင်ပြီးတဲ့နောက်မှာ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ မလုံလောက်မှုတွေကို သတိရှိရှိနဲ့ ဖွင့်ပြောလာတယ်။ ကျွန်မရဲ့ အစစ်အမှန်ကို ညီအစ်ကိုမောင်နှမတွေအားလုံးကို ပြတယ်။ ပြဿနာတွေ ဆွေးနွေးတဲ့အခါ ကျွန်မသိတာကိုပဲ မှတ်ချက်ပေးပြီး စိတ်မကျဉ်းကျပ်တော့ဘူး။
ဒါပေမဲ့ နောက်ပိုငးမှာ ကျွန်မရဲ့ အရင်က အခြေအနေကို ပြန်ရောက်သွားစေတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်သွားတယ်။ တစ်ခါတော့ တခြားအဖွဲ့တစ်ဖွဲ့ရဲ့ စုဝေးပွဲကို ကျွန်မတို့ တက်ကြတယ်။ အစ်မတစ်ယောက်က မကောင်းတဲ့အခြေအနေမှာ ရှိနေတာ။ သူက အထုတ်ခံရပြီးကတည်းက ခုခံကာကွယ်ပြီး နားလည်မှုတွေ လွဲနေခဲ့တယ်။ ကျွန်မက သူနဲ့ ဘုရားအလိုတော်ကို ဆွေးနွေးချင်တာ။ ဒါပေမဲ့ ကျွန်မက ဒီကိစ္စတွေမှာ ဘာအတွေ့အကြုံမှမရှိတာကို စဉ်းစားမိပြီး လက်တွေ့ကျကျ မိတ်သဟာယမဖွဲ့မိရင် ကျွန်မက အယူဝါဒဆိုင်ရာ အသိတွေကိုပဲ ရွတ်ပြနေပြီး သမ္မာတရားရဲ့ စစ်မှန်မှုတစ်ခုမှမရှိဘူးလို့ ညီအစ်ကိုမောင်နှမတွေက ပြောမှာကို စိတ်ပူနေခဲ့တယ်။ ဒါပေမဲ့ မိတ်သဟာယဖွဲ့ပေးဖို့က ကျွန်မတာဝန်ဆိုတာကို သိတော့ ကျွန်မသိတဲ့ဟာကိုပဲ သူနဲ့ ဆက်ဆွေးနွေးလိုက်တယ်။ ဒါပေမဲ့ မိတ်သဟာယဖွဲ့ပြီးတဲ့နောက်မှာ အဲဒီအစ်မက ဖိနှိပ်ခံနေရတဲ့ပုံစံရှိနေတုန်းပဲ။ အဲဒီအချိန်မှာပဲ ချန်းမင်က နေရာဝင်ယူပြီးတော့ သူ အထုတ်ခံရတုန်းက ဘုရားနှုတ်ကပတ်တော်ကတစ်ဆင့် သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို သူ ဆင်ခြင်သုံးသပ်တာတွေ၊ သူနားလည်လာပြီး သူ့ကိုယ်သူ စက်ဆုပ်လာတာတွေ လက်တွေ့လုပ်ဖို့ လမ်းကြောင်းတစ်ခုတွေ့ပြီး နောင်တရပြီး ပြောင်းလဲသွားတာတွေကို ပြောပြတယ်။ ဒီကနေတစ်ဆင့် ကျရှုံးမှုနဲ့ အထုတ်ခံရခြင်းတွေအားလုံးက ဘုရားရဲ့ ကယ်တင်ခြင်းနဲ့ ချစ်ခြင်းပုံစံတွေပဲ ဆိုတာ သူသိသွားတယ်တဲ့။ သူပြောနေတုန်းမှာ အဲဒီအစ်မက သဘောတူခေါင်းညိတ်ပြီး ပြောတယ်။ “ကျွန်မလည်း အခု ဒီအခြေအနေမှာရှိနေတာ။ အစ်ကို့မိတ်သဟာယက ကျွန်မကို ရှေ့ဆက်ဖို့ လမ်းကြောင်းပေးတယ်” တဲ့။ ဒါကို ကြားတော့ ဘုရားအလိုတော်ကို သူနားလည်သွားတော့ ကျွန်မ ချက်ချင်းပျော်သွားတယ်။ ဒါပေမဲ့ ကျွန်မက အယူဝါဒအသိတွေကိုပဲ ရွတ်ပြပြီး ကြီးကြပ်ရေးမှူးဖြစ်ဖို့ မသင့်တော်ဘူးလို့ သူများတွေထင်မှာပဲလို့ ကျွန်မ ယူဆမိခဲ့တာကြောင့်လည်း နည်းနည်း စိတ်မချမ်းမသာဖြစ်မိတယ်။ နောက်သုံးလေးရက်မှာ အလုပ်က ပြဿနာတွေ၊ ညီအစ်ကိုမောင်နှမတွေရဲ့ အခြေအနေတွေနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ဖြေရှင်းတာဖြစ်စေ ကျွန်မ မိတ်သဟာယကြောင့် ပြေလည်သွားမှာမဟုတ်ဘူးလို့ စိုးရိမ်နေပြီး တော်တော်လေး တိတ်ဆိတ်နေခဲ့တယ်။ ကျွန်မအတွေးတွေကို မျှဝေတဲ့အချိန်မှာတောင် ကျွန်မက စိတ်ညစ်ဖို့ကောင်းလောက်အောင် စဉ်းစားတယ်။ တစ်ခါတလေဆို ချန်းမင်ကိုတောင် အရင်မေးတယ်။ သူက ကျွန်မ စိတ်ကူးတွေနဲ့ သဘောတူမှပဲ မျှဝေတယ်။ တကယ်တမ်းတော့ ကျွန်မက ပြဿနာအမျိုးမျိုးမှာ အသိအမြင်တချို့ရှိပြီး ကိုယ်ပိုင်အမြင်တွေ၊ စိတ်ကူးတွေရှိပါတယ်။ ဒါပေမဲ့ ကျွန်မပြောတာ မမှန်ရင် ကျွန်မအားနည်းချက်တွေပေါ်မှာစိုးပြီး ဘာမှ မပြောရဲဘူး။ နောက်ပိုင်းမှာ ကျွန်မ ဘုရားရှေ့လာပြီး ဆုတောင်းတယ်။ “ဘုရားသခင်၊ အခုရက်ပိုင်းမှာ သမီးတာဝန်မှာ အဆင့်အတန်းနဲ့ ဂုဏ်သတင်းက ချုပ်ကိုင်တာကို သမီးခံနေရပါတယ်။ သမီး မိတ်သဟာယဖွဲ့တာ မကောင်းရင် ပြဿနာတွေ ပြေလည်မှာမဟုတ်ဘူးလို့ စိတ်ပူပြီး မိတ်သဟာယမဖွဲ့ရဲပါဘူး။ သမီးတာဝန်တွေကို မဖြည့်ဆည်းနေဘဲ အရမ်း အပြစ်ရှိသလို ခံစားရပါတယ်။ အခုလက်ရှိအခြေအနေကနေ သမီး လွတ်မြောက်နိုင်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး သိလာဖို့ သမီးကို ဉာဏ်အလင်းဖွင့်ပြပြီး လမ်းပြတော်မူပါ” ဆိုပြီးတော့။ ဆုတောင်းပြီးတော့ ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ကို ကျွန်မ တွေ့မိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူအချို့သည် ၎င်းတို့တာဝန်ကို အတော်အတန် တာဝန်သိတတ်စွာ ထမ်းဆောင်ပြီး ဘုရားသခင်ရွေးချယ်ထားသောသူများက လက်ခံကြသည်။ ထို့ကြောင့် ၎င်းတို့ကို အသင်းတော်က ခေါင်းဆောင်များ၊ အမှုဆောင်များဖြစ်ရန် ပျိုးထောင်ပေးသည်။ ၎င်းတို့သည် အဆင့်အတန်းကို ရရှိပြီးနောက်တွင် လူအများထဲတွင် ၎င်းတို့က ထင်ပေါ်သည်ဟု စတင် ခံစားရပြီး ‘ဘုရားအိမ်တော်က ဘာလို့ ငါ့ကို ရွေးချယ်တာလဲ။ ငါက မင်းတို့အားလုံးထက် ပိုတော်လို့မဟုတ်ဘူးလား’ ဟူ၍ တွေးသည်။ ဤသည်မှာ ကလေးတစ်ယောက်က ပြောသည့်အရာနှင့် မတူသလော။ ဤသည်မှာ မရင့်ကျက်ပေ။ အဓိပ္ပာယ်မရှိပေ။ နုံအသည်။ စင်စစ်အားဖြင့် သင်သည် အခြားလူများထက် စိုးစဉ်းမျှပင် မတော်ပေ။ ဤသည်မှာ သင်က ဘုရားအိမ်တော်က ပျိုးထောင်ပေးဖို့ လိုအပ်သည့် သတ်မှတ်ချက်များကို ပိုင်ဆိုင်ခြင်းသာဖြစ်သည်။ ဤတာဝန်ကို သင်ထမ်းရွက်နိုင်ခြင်းရှိမရှိ၊ ဤတာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်ခြင်း၊ သို့မဟုတ် ဤအပ်နှံမှုကို ပြီးမြောက်စေနိုင်ခြင်းရှိမရှိက အခြားကိစ္စတစ်ခုဖြစ်သည်။ တစ်စုံတစ်ယောက်ကို ညီအစ်ကိုမောင်နှမများက ခေါင်းဆောင်အဖြစ် ရွေးချယ်သောအခါ၊ သို့မဟုတ် အလုပ်တစ်ခုခု လုပ်ဆောင်ရန်ဖြစ်စေ၊ တာဝန်တစ်ခုခု ထမ်းဆောင်ရန်ဖြစ်စေ ဘုရားသခင်၏အိမ်တော်က ရာထူးတိုးမြှင့်ပေးသောအခါတွင် ဤသူသည် ဘုရားသခင်အပေါ် ကျိုးနွံနာခံနိုင်ပြီး ဘုရားသခင်ကို သစ္စာဖောက်မည်မဟုတ်ဟု အဓိပ္ပာယ်သက်ရောက်ရန် မဆိုထားနှင့်၊ ထိုသူ၌ ထူးခြားသော ဂုဏ်အဆင့်အတန်းသော်လည်းကောင်း၊ ကိုယ်ပိုင်လက္ခဏာသော်လည်းကောင်း ရှိသည်၊ သို့မဟုတ် ထိုသူနားလည်သည့် သမ္မာတရားများက အခြားလူများနားလည်သည့် သမ္မာတရားများထက် ပို၍နက်နဲပြီး ပို၍များပြားသည်ဟုပင် အဓိပ္ပာယ်သက်ရောက်ခြင်း မရှိပေ။ ပင်ကိုအားဖြင့် ထိုသူသည် ဘုရားသခင်ကို သိပြီး ဘုရားသခင်ကို ကြောက်ရွံ့သောသူဖြစ်သည်ဟူ၍လည်း မဆိုလိုပေ။ အမှန်တကယ်တွင် ဤမည်သည့်အရာကိုမျှ ၎င်းတို့မရရှိထားပေ။ ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းသည် အရိုးရှင်းဆုံးသော အဓိပ္ပာယ်ဖြင့် ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းမျှသာဖြစ်ပြီး ၎င်းတို့ ဘုရားသခင်၏ ကံစီမံခြင်းနှင့် တရားဝင်အောင်ပြုခြင်းကို ခံနေရခြင်းနှင့် မညီမျှချေ။ ထိုသူ၏ ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းမှာ ထိုသူသည် ရာထူးတိုးမြှင့်ခံရပြီး ပျိုးထောင်မှုကို စောင့်ဆိုင်းနေသည်ဟူ၍ ဆိုလိုခြင်း သက်သက်သာဖြစ်သည်။ ပြီးလျှင် ဤပျိုးထောင်ခြင်း၏ အဆုံးသတ်ရလဒ်က ဤလူသည် သမ္မာတရားကို လိုက်စားခြင်း ရှိမရှိနှင့် ၎င်းသည် သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းကို ရွေးချယ်နိုင်စွမ်း ရှိမရှိတို့အပေါ်တွင် မူတည်လေသည်။...ဤသို့ဆိုလျှင် တစ်စုံတစ်ယောက်ကို ရာထူးတိုးမြှင့်ပေးခြင်းနှင့် ပျိုးထောင်ခြင်း၏ ရည်ရွယ်ချက်နှင့် အရေးပါမှုမှာ အဘယ်နည်း။ သီးခြားအနေဖြင့် ထိုသို့သောသူတစ်ယောက်ကို ရာထူးတိုးမြှင့်ပေးခြင်းမှာ လေ့ကျင့်ပေးရန်၊ အထူးတလည်ရေလောင်းပေးရန်နှင့် ညွှန်ကြားပေးရန်၊ ဤသို့ဖြင့် သမ္မာတရား၏ အခြေခံသဘောတရားများ၊ မတူညီသော အမှုအရာများကို လုပ်ဆောင်ခြင်း၏ အခြေခံသဘောတရားများ၊ ပြဿနာအမျိုးမျိုးကို ဖြေရှင်းခြင်းအတွက် အခြေခံသဘောတရားများ၊ နည်းနာနိဿယများအပြင် ပတ်ဝန်းကျင်များနှင့် လူအမျိုးအစား အမျိုးမျိုးကို ကြုံတွေ့ရသောအခါ ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ကာကွယ်သည့် ပုံစံဖြင့် ဘုရားအလိုတော်နှင့်အညီ ကိုင်တွယ်ဖြေရှင်းနည်းတို့ကို နားလည်အောင် ပြုလုပ်ပေးရန်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အိမ်တော်က ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ပေးထားသော အရည်အချင်းရှိသူသည် ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းအချိန်ကာလတွင်၊ သို့မဟုတ် ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းအချိန်ကာလမတိုင်မီတွင် သူ၏အလုပ်ကို တာဝန်ယူဆောင်ရွက်နိုင်စွမ်း၊ သူ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်စွမ်း လုံလောက်စွာရှိသည်ဟု ညွှန်းဆိုသလော။ မညွှန်းဆိုပေ။ ထို့ကြောင့် ပျိုးထောင်ခြင်းအချိန်ကာလတွင် ဤလူတို့သည် ကိုင်တွယ်ဖြေရှင်းခံရခြင်း၊ ပြုပြင်ခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ဖော်ထုတ်ခြင်းနှင့် လူစားလဲခြင်းကိုပင် တွေ့ကြုံရမည်မှာ ရှောင်လွှဲ၍ မရနိုင်ပေ။ ဤသည်မှာ ပုံမှန်ဖြစ်၏၊ ဤသည်မှာ လေ့ကျင့်ပေးခြင်း၊ ပျိုးထောင်ခြင်းတို့ကို ခံရခြင်းအဓိပ္ပာယ်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) “လူတိုင်းသည် သမ္မာတရား ရှေ့မှောက်တွင် တန်းတူဖြစ်သည်။ ရာထူးတိုးခံရပြီး ပျိုးထောင်ခြင်း ခံရသူများသည် သူတစ်ပါးတို့ထက် များစွာ ပိုတော်ခြင်းမရှိပေ။ လူတိုင်းက ဘုရားသခင်၏ လုပ်ဆောင်မှုကို တစ်ချိန်တည်းနီးပါး တွေ့ကြုံခဲ့ကြသည်။ ရာထူးမတိုးခံရသော၊ သို့မဟုတ် ပျိုးထောင်ခြင်းမခံရသော သူတို့သည်လည်း မိမိတို့၏ တာဝန်များကို ထမ်းဆောင်စဉ်တွင် သမ္မာတရားကို လိုက်စားသင့်သည်။ မည်သူကမျှ သမ္မာတရားကို လိုက်စားရန် သူတစ်ပါးတို့၏ အခွင့်အရေးကို မပိတ်ပင်နိုင်ပေ။ အချို့လူတို့သည် သမ္မာတရားကို လိုက်စားရာတွင် ပို၍ စိတ်ထက်သန်ပြီး အစွမ်းအစအချို့ရှိသည်။ ထို့ကြောင့် ၎င်းတို့သည် ရာထူးတိုးခံရပြီး ပျိုးထောင်ခြင်းခံရသည်။ ဤသည်မှာ ဘုရားအိမ်တော်၏ အလုပ်၏ လိုအပ်ချက်များကြောင့် ဖြစ်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်၏အိမ်တော်သည် လူတို့ကို ရာထူးတိုးပြီး အသုံးပြုခြင်းအတွက် အဘယ်ကြောင့် ထိုသို့သော စည်းမျဉ်းများရှိသနည်း။ လူတို့၏ အစွမ်းအစနှင့် ပင်ကိုစရိုက်က ကွာခြားမှုများရှိသောကြောင့်၊ လူအသီးသီးက မတူညီသည့် လမ်းကြောင်းကို ရွေးချယ်ကြသောကြောင့် ဤအရာက ဘုရားသခင်အပေါ် လူတို့၏ ယုံကြည်မှုတွင် မတူညီသော ရလဒ်များကို ရရှိစေသည်။ သမ္မာတရားကို လိုက်စားသောသူတို့သည် ကယ်တင်ခံရပြီး နိုင်ငံတော်၏ လူများဖြစ်လာကြကာ သမ္မာတရားကို လုံးဝ လက်မခံသူများ၊ မိမိတို့၏ တာဝန်တွင် ဆက်ကပ်အပ်နှံခြင်းမရှိသော သူများကမူ ထုတ်ပယ်ခံရသည်။ ဘုရားသခင်၏ အိမ်တော်သည် လူတို့ကို သမ္မာတရား လိုက်စားခြင်းရှိမရှိနှင့် သူတို့၏တာဝန်အပေါ် ဆက်ကပ်အပ်နှံခြင်းရှိမရှိအပေါ်တွင် အခြေခံပြီး ပျိုးထောင်ပေးကာ အသုံးပြုသည်။ ဘုရားသခင်၏ အိမ်တော်တွင် အမျိုးမျိုးသောလူတို့၏ ရာထူးအဆင့်ဆင့်တွင် ကွဲပြားခြင်းရှိသလော။ လက်ရှိအချိန်တွင် အမျိုးမျိုးသောလူတို့၏ ဂုဏ်အဆင့်အတန်း၊ နေရာ၊ တန်ဖိုး၊ သို့မဟုတ် ရာထူးနှင့်ပတ်သက်ပြီး အထက်အောက်စနစ်မရှိပေ။ အနည်းဆုံး လူတို့ကို ဘုရားသခင်က ကယ်တင်ပြီး လမ်းပြရန် အလုပ်လုပ်သောအခါတွင် အမျိုးမျိုးသောလူတို့၏ အဆင့်၊ နေရာ၊ တန်ဖိုး၊ သို့မဟုတ် ဂုဏ်အဆင့်အတန်းတွင် ကွဲပြားမှုမရှိပေ။ ကွဲပြားသောအရာများမှာ အလုပ်ခွဲဝေခြင်းနှင့် ထမ်းဆောင်ကြသော တာဝန်ကဏ္ဍများသာ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) ကျွန်မက ငြိမ်နေတာ၊ အပျက်သဘောဆောင်နေပြီး မိတ်သဟာယဖွဲ့ဖို့ ကြောက်နေတာတွေရဲ့ အကြောင်းရင်းက ကျွန်မက ကြီးကြပ်ရေးမှူးတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် စင်ပေါ်တင်ထားတာကြောင့်ပဲဆိုတာ ဘုရားနှုတ်ကပတ်တော်နေ ကျွန်မ သိသွားတယ်။ ကြီးကြပ်ရေးမှူးနေရာကို ရာထူးတိုးခံရတာက ကျွန်မက သူများတွေထက်တော်တယ်၊ ကောင်းတဲ့ အသိအမြင်ရှိတယ် ပြဿနာတွေကို ရှင်းလင်းတဲ့နေရာမှာ ထူးခြားမှုရှိတယ်၊ ကျွန်မလုပ်ကိုင်ပုံက သူများတွေထက်သာတယ်ဆိုတဲ့သဘောပဲလို့ ကျွန်မ ထင်ခဲ့တယ်။ ဒီတော့ ဒီကြီးကြပ်ရေးမှူးရာထူးကို ယူပြီးတဲ့နောက်မှာ ကျွန်မက အဘက်ဘက်မှာ ထူးချွန်ပြီး ဒီအလုပ်ကို လုံးဝ လုပ်ကိုင်နိုင်တယ် ဆိုတာကို လူတိုင်းကို ပြချင်နေခဲ့တယ်။ လူတိုင်းက လေးစားတာ၊ သဘောကျတာကို စုဆောင်းချင်ခဲ့တယ်။ စုဝေးပွဲတွေမှာ ကျွန်မ မျှဝေတဲ့အမြင်က မှားပြီး လူတွေရဲ့ ပြဿနာတွေကို မဖြေရှင်းတဲ့အခါ ကျွန်မက ကြီးကြပ်ရေးမှူးဖြစ်ဖို့ မသင့်တော်ဘူးလို့ လူတိုင်းက ပြောမှာစိုးရိမ်ပြီး ဟန်လုပ်လာခဲ့တယ်။ ကျွန်မက နှုတ်နည်းလာပြီး စကားပြောရမှာ ကြောက်လာတယ်။ သူများတွေရဲ့ ပြဿနာတွေကို ကျွန်မ ရှင်းရှင်းလင်းလင်း မြင်တာတောင် မိတ်သဟာယဖွဲ့ဖို့ ရှောင်တယ်။ တကယ် စကားပြောတဲ့အခါမှာတော့ အရင်ဆုံး အကြာကြီး သေချာစဉ်းစားတယ်။ ဒါမှမဟုတ် ကျွန်မ တွဲဖက်က လက်ခံသလား ကြည့်တယ်။ မဟုတ်ရင် ကျွန်မ အမြင်တွေကို ကိုယ့်ဆန္ဒအတိုင်းမပေးဘူး။ ဘာမှဝင်မလုပ်ဘူး။ ကျွန်မက ကျွန်မတာဝန်မှာ တော်တော်ငြိမ်ကုပ်လာတယ်။ ဘုရားသခင်ဆီကနေ ကျွန်မ ရခဲ့တာက ရာထူးတစ်ခုပဲ။ တာဝန်၊ ဝတ္တရားတစ်ခုမဟုတ်ဘူးလို့ ထင်ခဲ့တယ်။ ကျွန်မ အဆင့်အတန်းက လှောင်ပိတ်ပြီး ထိန်းချုပ်တာကို လုံးဝ ခံခဲ့ရတယ်။ တကယ်တမ်းတော့ ကျွန်မက သူများတွေထက်သာလို့၊ ပိုနားလည်လို့ ကြီးကြပ်ရေးမှူးအဖြစ် အရွေးခံရတာမဟုတ်ဘူး။ ရာထူးအတွက် သင့်တော်လို့မဟုတ်ဘူး။ အသင်းတော်က ကျွန်မရဲ့ အစွမ်းအစ၊ ပါရမီတွေကို အခြေခံပြီး ကျွန်မကို ပျိုးထောင်ပေးနေတာပါ။ ပြဿနာတွေကို သမ္မာတရားနဲ့ ဖြေရှင်းဖို့၊ အရေးကိစ္စတွေကို စည်းမျဉ်းနဲ့အညီ ကိုင်တွယ်ဖို့ လေ့ကျင့်ပေးနေတာ။ ပြီးတော့ သမ္မာတရားကို နားလည်ပြီး စစ်မှန်မှုထဲကို ဖြစ်နိုင်သမျှအမြန်ဆုံးဝင်ရောက်ဖို့အတွက် ကျွန်မ အားနည်းချက်တွေကို ဖြေရှင်းနေတာပါ။ ဒါပေမဲ့ ကျွန်မတာဝန်ကို ကောင်းကောင်းလုပ်နိုင်ပြီး တာဝန်ဝတ္တရားတွေကို ဖြည့်ဆည်းနိုင်မယ်လို့ အာမခံချက်မရှိဘူး။ အဓိကအချက်က သမ္မာတရားကို ရှာဖွေခြင်းလမ်းကြောင်းကို ကျွန်မ လျှောက်နိုင်ပြီး ဘုရားသခင်ရဲ့ တောင်းဆိုချက်တွေနဲ့အညီ ကျွန်မ တာဝန်ကို ထမ်းဆောင်နိုင်ခြင်းရှိမရှိပဲ။ ဒါပေမဲ့ ကျွန်မက ကြီးကြပ်ရေးမှူးဖြစ်သွားလို့ သူများတွေအထက်ကိုရောက်နေပြီ၊ သူများတွေထက် ပိုပြီး မြင့်တဲ့ အဆင့်အတန်းကို ရထားတယ်လို့ မှားပြီး ထင်ခဲ့တယ်။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် မသိဘူး။ ကျွန်မ စိတ်ကူးတွေက တော်တော်အဓိပ္ပာယ်မရှိဘူး။
နောက်ပိုင်းမှာ ကျွန်မအပေါ် တော်တော်သက်ရောက်မှုရှိတဲ့ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို တွေ့မိတယ်။ “အန္တိခရစ်များက အခြားသူများကို စကားပြောခြင်းနှင့် ရင်ဖွင့်ခြင်းများကို ၎င်းတို့ အမြဲနှစ်သက်ပါက၊ လူတိုင်းက ၎င်းတို့ကို ရိပ်စားမိကာ၊ ၎င်းတို့၌ နက်နက်နဲနဲ သိနားလည်နိုင်စွမ်း မရှိဘဲ၊ သာမန်လူများသာ ဖြစ်သည်ဟု ထင်ပြီး၊ ထို့နောက်တွင် ၎င်းတို့အား မလေးစားတော့ဘဲ နေမည်ဟု ယုံကြည်ကြသည်။ အခြားသူများက ၎င်းတို့ကို မလေးစားကြသည့်အခါ၊ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းက ၎င်းတို့သည် အခြားသူများ၏ စိတ်နှလုံးထဲတွင် မြင့်မြတ်သောနေရာတစ်ခု မရှိတော့ဘဲ၊ ၎င်းတို့က အတော်အတန် မသိနားမလည်ကြကာ၊ အတော်အတန် ရိုးရှင်းပြီး အတော်အတန် ပုံမှန်ဖြစ်သည်ကို ဆိုလိုသည်။ ဤသည်မှာ အန္တိခရစ်များ မမြင်လိုသည့် အရာဖြစ်သည်။ ထိုအကြောင်းကြောင့် ၎င်းတို့က အသင်းတော်၌ မိမိတို့ကိုယ်ကိုယ် အမြဲ ချခင်းပြပြီး၊ ၎င်းတို့သည် အပျက်သဘောဆောင်နေခဲ့ကာ၊ ဘုရားသခင်ကို ပုန်ကန်နေခဲ့ကြောင်း၊ မနေ့က မည်သည့် အရေးကိစ္စများတွင်မူ ၎င်းတို့က အမှားပြုခဲ့ကြောင်းနှင့် ယနေ့ ၎င်းတို့သည် ရိုးသားသော လူတစ်ယောက် မဖြစ်ခဲ့ခြင်းအတွက် ဒုက္ခခံစားပြီး နာကျင်နေရကြောင်း အမြဲပြောသည့် အခြားသူများကို သူတို့တွေ့သည့်အခါ၊ အန္တိခရစ်တို့က ဤလူများသည် မိုက်မဲပြီး တုံးအသည်ဟု ထင်ကြသည်။ ထိုသို့သော အရာများကို ၎င်းတို့ မပြောဘဲ စိတ်ထဲတွင်သာ နက်ရှိုင်းစွာ ကွယ်ဝှက်ထားရခြင်း ဖြစ်သည်။ အစွမ်းအစညံ့ဖျင်းပြီး ရိုးရှင်းကာ အတွေးအခေါ်များစွာ မရှိသောကြောင့် စကားအနည်းငယ်သာ ပြောသောသူ အချို့လည်းရှိသည်။ အန္တိခရစ်များ၏ အမျိုးအစားများကလည်း စကားနည်းနည်းသာ ပြောသော်လည်း၊ ဤအကြောင်းကြောင့် မဟုတ်ကြဘဲ၊ ယင်းထက် ၎င်းတို့၏ စိတ်သဘောထားတွင် ပြဿနာ ရှိနေသည်။ ၎င်းတို့က အခြားသူများကို တွေ့မြင်သည့်အခါ၊ စကားနည်းနည်းသာ ပြောပြီး အခြားသူများက အရေးကိစ္စတစ်ခုကို ပြောဆိုသည့်အခါ၊ ၎င်းတို့၏ ထင်မြင်ချက်ကို ပေါ့တန်စွာ ပေးခြင်း မရှိပေ။ ၎င်းတို့က ၎င်းတို့၏ ထင်မြင်ချက်များကို အဘယ့်ကြောင့် မပေးရသနည်း။ ဦးစွာ ၎င်းတို့၌ သမ္မာတရား သေချာပေါက် မရှိဘဲ၊ မည်သည့် အရေးကိစ္စ၏ အခရာကိုမျှ ၎င်းတို့ မရိပ်စားမိနိုင်ပါ။ ၎င်းတို့ စကားပြောသည်နှင့်တစ်ပြိုင်နက်၊ အမှားများ ပြုလုပ်ပြီး အခြားသူများက ၎င်းတို့မည်သူ ဖြစ်သည်ကို အရှိအတိုင်း တွေ့မြင်ကြပြီး ၎င်းတို့ကို အထင်သေးကြလိမ့်မည်။ ထို့ကြောင့် ၎င်းတို့က တိတ်ဆိတ်ပြီး နက်နက်နဲနဲ သိနားလည်နိုင်စွမ်း ရှိဟန်လုပ်ကြကာ၊ အခြားသူများက ၎င်းတို့ကို တိကျမှန်ကန်စွာ ချိန်ဆ၍ မရစေဘဲ၊ ၎င်းတို့သည် အလွန် ထက်မြက်ပြီး ထူးခြားသည်ဟုပင် တွေးထင်စေလာသည်။ ဤနည်းအားဖြင့် မည်သူကမျှ ၎င်းတို့အား အရေးမပါလှဟု မတွေးတော့ပေ။ ထို့အပြင် ၎င်းတို့၏ တည်ငြိမ်ကာ၊ ဣန္ဒြေရှိသော ပြောဆိုပြုမူပုံတို့ကို မြင်တွေ့လျက်၊ လူများက ၎င်းတို့ကို အထင်ကြီးပြီး၊ မစော်ကားရဲကြပေ။ ဤသည်မှာ အန္တိခရစ်များ၏ လှည့်ဖြားမှုနှင့် ဆိုးယုတ်မှုဖြစ်သည်။...၎င်းတို့သည် အခြားလူများက ၎င်းတို့ကို ရိပ်စားမိခြင်းကို အလိုမရှိပေ။ ၎င်းတို့သည် ၎င်းတို့၏ကိုယ်ပိုင်အတိုင်းအတာကို သိကြသည်။ သို့သော် ၎င်းတို့သည် စက်ဆုပ်ဖွယ်ကောင်းသော ရည်ရွယ်ချက်တစ်ခုကို ထားရှိကြသည်။ လူတို့အား ၎င်းတို့ကို အထင်ကြီးစေရန် လုပ်ဆောင်ဖို့ဖြစ်သည်။ ပို၍ စက်ဆုပ်ရွံရှာဖွယ်ကောင်းသောအရာ တစ်ခုခုရှိသလော။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၆) အန္တိခရစ်တွေက သူတို့အမြင်တွေကို မျှဝေချင်စိတ်မရှိဘူးဆိုတာ ဘုရားနှုတ်ကပတ်တော်က ကျွန်မကို ဖွင့်ပြတယ်။ သူတို့က သူတို့အမြင်တွေကို မျှဝေတာနဲ့ တစ်ပြိုင်နက် လူတိုင်းက သူတို့ကို အရှိအတိုင်းမြင်မှာ တခြားလူတွေရဲ့အမြင်မှာရှိတဲ့ သူတို့ရဲ့ အဆင့်အတန်းနဲ့ ပုံရိပ် ဆုံးရှုံးရမှာကို ကြောက်ကြတယ်။ ရလဒ်အနေနဲ့ သူတို့ကို ဘယ်သူကမှ မရိပ်စားမိအောင် တည်တည်တံ့တံ့နေကြတယ်။ ဒါက အန္တိခရစ်တစ်ယောက်ရဲ့ မကောင်းတဲ့ စိတ်သဘောထားပဲ။ ကျွန်မက အဲဒီအချိန်အတွင်းမှာ ဒီလိုမျိုးပဲ ပြုမူနေတယ်ဆိုတာ သတိထားမိတယ်။ ကျွန်မက စိတ်ထဲမှာ စက်ဆုပ်စရာပန်းတိုင်တစ်ခုက တကယ်ကိုရှိနေတော့ ပြဿနာတွေကို ရှာတွေ့တဲ့အပေါ် ကျွန်မအမြင်တွေကို မျှဝေဖို့ တွန့်ဆုတ်နေတယ်။ ကျွန်မက ကိုယ့်အားနည်းချက်တွေကို ဖုံးထားပြီး ကိုယ့်ကိုယ်ကိုယ် သမ္မာတရားကို နားလည်တဲ့ ချီးကျူးထိုက်တဲ့ ပုဂ္ဂိုလ်အဖြစ် ဟန်ဆောင်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေက လေးစားတာ၊ ချီးကျူးတာတွေကို စုယူထားချင်တယ်။ ကျွန်မက စကားပြောလွန်းရင် အမှားတွေပါပြီး လူတိုင်းက ကျွန်မရဲ့ သရုပ်မှန်ကို မြင်ပြီးတော့ ကျွန်မအပေါ် လေးစားမှုမရှိတော့ဘဲ ကျွန်မက ကြီးကြပ်ရေးမှူးဖြစ်ဖို့ မသင့်တော်ဘူးလို့ ထင်မှာကို အမြဲတမ်း စိုးရိမ်ခဲ့တယ်။ ကျွန်မရဲ့ အဆင့်အတန်းနဲ့ ဂုဏ်သတင်းကို ထိန်းသိမ်းဖို့အတွက် ညီအစ်ကိုမောင်နှမတွေက သူတို့တာဝန်တွေမှာ ပြဿနာတွေ ကြုံရတဲ့အခါ ကျွန်မက ကိုယ့်အားနည်းချက်တွေကို ဖုံးဖို့အတွက် နည်းနည်းလေးပဲ မျှဝေတယ်၊ ဒါမှမဟုတ် မိတ်သဟာယဖွဲ့ဖို့ကို ရှောင်တယ်။ ကျွန်မရဲ့ အရှိအတိုင်းကို သူများတွေကို မြင်ခွင့်မပေးဘူး။ ဒါက တကယ်ကို လှည့်စားတဲ့ စိတ်သဘောထားပဲ။ အသင်းတော်က ကျွန်မကို ကြီးကြပ်ရေးမှူးအဖြစ် အစေခံဖို့ တာဝန်ချပေးတာက လက်တွေ့ပြဿနာတွေကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို ရှာဖွေနိုင်ဖို့၊ တာဝန်တွေကို ဖြည့်ဆည်းဖို့အတွက် ညီအစ်ကိုမောင်နှမတွေနဲ့ လက်တွဲဖို့အတွက်ပါ။ ဒါပေမဲ့ ကျွန်မရဲ့ အဆင့်အတန်းနဲ့ ဂုဏ်သတင်းကို ထိန်းသိမ်းဖို့ ကျွန်မရဲ့ အားနည်းချက်တွေကို သူများတွေမမြင်အောင် ဖုံးထားဖို့အတွက် ကျွန်မတာဝန်၊ ဝတ္တရားတွေကို ထမ်းဆောင်ဖို့ လျစ်လျူရှုခဲ့တယ်။ ကျွန်မကို သူများတွေ လေးစားပြီး ကိုးကွယ်ဖို့အတွက် ကျွန်မအားသာချက်တွေကို ကြွားဝါဖို့ကိုပဲ အားထုတ်ခဲ့တယ်။ ကျွန်မက ဘုရားသခင်ကို အာခံတဲ့ အန္တိခရစ်ရဲ့လမ်းကို လျှောက်နေတာပဲ။ အဲဒီအချိန်မှာ ကျွန်မ နည်းနည်းကြောက်လာတယ်။ အဲဒါနဲ့ ဘုရားရှေ့လာပြီး ဆုတောင်းတယ်။ လက်တွေ့လုပ်ဖို့လမ်းကြောင်းတစ်ခုရှာတွေ့ဖို့ ကျွန်မကို လမ်းပြပေးဖို့ တောင်းခံခဲ့တယ်။
နောက်ပိုင်းမှာ နောက်ထပ် ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ကို ကျွန်မ တွေ့မိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူအချို့ကို အသင်းတော်က မြှင့်တင်ပေးပြီး ပြုစုပျိုးထောင်ပေးသည်၊ ပြီးလျှင် ဤသည်မှာ ကောင်းသည့်အရာတစ်ခုဖြစ်သည်၊ ယင်းမှာ လေ့ကျင့်ပေးခြင်းခံရဖို့ ကောင်းမွန်သည့် အခွင့်အရေး ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ ချီးမြှောက်ခြင်းနှင့် ကျေးဇူးပြုခြင်းတို့ကို ခံခဲ့ရသည်ဟု ပြောနိုင်သည်။ သို့ဆိုလျှင် ၎င်းတို့သည် မိမိတို့၏တာဝန်ကို မည်သို့ ထမ်းဆောင်သင့်သနည်း။ ၎င်းတို့ လိုက်နာသင့်သည့် ပထမဆုံး အခြေခံသဘောတရားသည် သမ္မာတရားကို နားလည်ဖို့ဖြစ်သည်။ ၎င်းတို့က သမ္မာတရားကို နားမလည်သည့်အခါ၊ ၎င်းတို့ သမ္မာတရားကို ရှာဖွေရမည်ဖြစ်ပြီး ရှာဖွေပြီးသည့်နောက်တွင် ၎င်းတို့ နားမလည်သေးပါက၊ အတူတကွ မိတ်သဟာယပြုကာ ရှာဖွေဖို့ သမ္မာတရား နားလည်သူတစ်ဦးကို ၎င်းတို့ ရှာဖွေနိုင်သည်။ ယင်းက ပြဿနာဖြေရှင်းခြင်းကို ပို၍ မြန်ဆန်စေပြီး ပို၍ အချိန်ကိုက်ဖြစ်စေလိမ့်မည်။ သင်သည် သမ္မာတရားကို သိနားလည်မှု ရရှိရန်နှင့် ပြဿနာကို ဖြေရှင်းရန်အလို့ငှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင့်ဘာသာ ဖတ်ရှုခြင်း၌ အချိန်ပိုသုံးဖို့ကိုလည်းကောင်း၊ ဤနှုတ်ကပတ်တော်များကို စဉ်းစားချင့်ချိန်ခြင်းဖြင့် အချိန်ပိုသုံးဖို့ကိုလည်းကောင်း အာရုံစိုက်ပါက၊ ဤသည်မှာ အလွန် နှေးကွေးသည်။ ‘အဝေးမှ ရေသည် အရေးပေါ် ရေငတ်ခြင်းကို ပြေစေမည်မဟုတ်’ ဟူသည့် ဆိုရိုးရှိသည့်အတိုင်းပင် ဖြစ်သည်။ သမ္မာတရားနှင့် ပတ်သက်လာသည့်အခါ၊ သင်သည် မြန်မြန်ဆန်ဆန် တိုးတက်လိုပါက၊ အခြားသူများနှင့် လိုက်ဖက်ညီညီ အလုပ်လုပ်ဖို့နည်းလမ်း၊ ပို၍များသော မေးခွန်းများမေးဖို့ နည်းလမ်းနှင့် ပို၍ ရှာဖွေဖို့နည်းလမ်းတို့ကို သင်ယူလေ့လာရမည်။ သို့မှသာလျှင် မည်သည့်နှောင့်နှေးမှုမျှ မရှိဘဲ၊ သင်၏အသက်တာက လျင်မြန်စွာ ကြီးထွားမည် ဖြစ်ပြီး သင်သည် ပြဿနာများကို အချိန်မီ ဖြေရှင်းနိုင်လိမ့်မည် ဖြစ်သည်။ သင်သည် ရာထူးတိုးခံရစဖြစ်ပြီး အစမ်းခန့်ကာလတွင်သာ ရှိသေးကာ၊ သမ္မာတရားကို အမှန်တကယ် နားမလည်သောကြောင့်၊ သို့မဟုတ် သမ္မာတရား၏ စစ်မှန်မှုကို မပိုင်ဆိုင်သောကြောင့်— သင်သည် ဤဝိညာဉ်ရင့်ကျက်မှု မရှိသေးသောကြောင့်— သင်၏ ရာထူးတိုးခြင်းက သင်သည် သမ္မာတရား၏ စစ်မှန်မှုကို ပိုင်ဆိုင်သည့်သဘောဖြစ်သည်ဟု မတွေးလေနှင့်။ ဤသည်မှာ မမှန်ကန်ပေ။ သင်သည် အလုပ်အပေါ် ဝန်ထမ်းစိတ်ရှိပြီး ခေါင်းဆောင်တစ်ဦး၏ အစွမ်းအစကို ပိုင်ဆိုင်ရုံသက်သက်ကြောင့်၊ သင်သည် ရာထူးတိုးခြင်းနှင့် ပျိုးထောင်ပေးခြင်းတို့အတွက် ရွေးချယ်ခံရခြင်း ဖြစ်သည်။ သင်၌ ဤအသိစိတ်ရှိသင့်သည်။ ရာထူးတိုးပေးခြင်းနှင့် အသုံးပြုခြင်း ခံရပြီးသည့်နောက်တွင်၊ သင်သည် ခေါင်းဆောင်၊ သို့မဟုတ် အမှုတော်ဆောင်တစ်ဦး၏ ရာထူးတွင် ထိုင်ကာ၊ သင်၌ သမ္မာတရား၏ စစ်မှန်မှု ရှိသည်ဟုလည်းကောင်း၊ သင်သည် သမ္မာတရားကို လိုက်စားသူတစ်ဦး ဖြစ်သည်ဟုလည်းကောင်း သင်ယုံကြည်လျှင်— ညီအစ်ကိုမောင်နှမများ၌ မည်သည့်ပြဿနာများ ရှိပါစေ၊ သင်က နားလည်သယောင်၊ ဝိညာဉ်ရေးဆန်သယောင် ဟန်ဆောင်လျှင်— ဤသည်မှာ မိုက်မဲသည့် နည်းလမ်းဖြစ်ပြီး ယင်းက သူတော်ကောင်း အယောင်ဆောင်ဖာရိရှဲများကဲ့သို့ တူညီသောနည်းလမ်းပင် ဖြစ်သည်။ သင်သည် မှန်မှန်ကန်ကန် စကားပြောဆိုပြီး ပြုမူလုပ်ဆောင်ရမည်။ သင် နားမလည်သည့်အခါတွင်၊ အခြားသူများကို မေးနိုင်သည်၊ သို့မဟုတ် အထက်မှ အဖြေများကို ရှာနိုင်သည်၊ အထက်နှင့် မိတ်သဟာယပြုနိုင်သည်— ဤအရာတစ်ခုမျှ ရှက်စရာအကြောင်း မရှိပေ။ သင် မမေးလျှင်ပင်၊ သင်၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုကို အထက်က သိဦးမည် ဖြစ်ပြီး၊ သင်၌ သမ္မာတရား၏ စစ်မှန်မှု မရှိသည်ကို သိလိမ့်မည်။ ရှာဖွေခြင်းနှင့် မိတ်သဟာယပြုခြင်းတို့သည် သင်လုပ်သင့်သည့် အရာဖြစ်သည်။ ဤသည်မှာ သာမန်လူ့သဘာဝတွင် တွေ့ရှိသင့်သည့် အသိစိတ်ဖြစ်ပြီး ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ လိုက်နာသင့်သည် စည်းမျဉ်းဖြစ်သည်။ ယင်းသည် အရှက်ရစရာတစ်ခု မဟုတ်ပေ။ သင်သည် ခေါင်းဆောင်ဖြစ်သည်နှင့် အခြားလူများကို သို့မဟုတ် အထက်ကို အစဉ်မေးခွန်းများမေးခြင်းသည်၊ သို့မဟုတ် စည်းမျဉ်းများကို နားမလည်ခြင်းသည် ရှက်စရာကောင်းသည်ဟု ထင်လျှင်၊ ထို့နောက် သင်သည် ရလဒ်အနေဖြင့် သင်သည် နားလည်သည်၊ သိမြင်သည်၊ အလုပ်ကို လုပ်ဆောင်နိုင်စွမ်းရှိသည်၊ မည်သည့်အသင်းတော်အလုပ်ကိုမဆို လုပ်ဆောင်နိုင်သည်၊ သင့်အား သတိပေးရန်၊ သို့မဟုတ် မိတ်သဟာယဖွဲ့ရန်၊ သို့မဟုတ် သင့်ကို ထောက်ကူပံ့ပိုးရန် မည်သူ့ကိုမျှမလိုအပ်ဟု ဟန်ဆောင်လျက် အယောင်ဆောင်လျှင် ဤသည်မှာ အန္တရာယ်ရှိသည်။ မာနထောင်လွှားလွန်းပြီး မိမိကိုယ်ကို အမှန်ဟု ထင်မြင်လွန်းခြင်း၊ အသိစိတ်ကင်းမဲ့လွန်းခြင်းဖြစ်သည်။ သင်သည် သင်၏ကိုယ်ပိုင်အတိုင်းအတာကိုပင် မသိပေ။ ဤသည်မှာ သင့်ကို ငတုံးတစ်ယောက်မဖြစ်စေသလော။ ဤသို့သောလူများသည် ဘုရားအိမ်တော်အားဖြင့် ရာထူးတိုးပေးခြင်း၊ ပျိုးထောင်ပေးခြင်းအတွက် စံသတ်မှတ်ချက်နှင့် အမှန်တကယ် မကိုက်ညီပေ။ ၎င်းတို့သည် အနှေးနှင့် အမြန် လူစားထိုးခံရမည်၊ သို့မဟုတ် ထုတ်ပယ်ခံရမည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) “၎င်းတို့သည် ရာထူးတိုးခံရသူများ၊ ခေါင်းဆောင်၊ အမှုဆောင်များအဖြစ် ပျိုးထောင်ခြင်းခံရသူများဖြစ်စေ၊ အမျိုးမျိုးသော အတတ်ပညာဆိုင်ရာ ပင်ကိုစွမ်းရည်ရှိသူများဖြစ်စေ ၎င်းတို့အားလုံးသည် သာမန်ဖြစ်သည်။ စာတန်၏ ဖျက်ဆီးခြင်းကို ခံထားရပြီး သမ္မာတရားကို နားမလည်ပေ။ ထို့ကြောင့် မည်သူကမျှ မိမိကိုယ်ကို ဟန်ဆောင်ခြင်း၊ သို့မဟုတ် ဖုံးကွယ်ခြင်း မပြုလုပ်သင့်ဘဲ ထိုအစား မည်သို့ ပွင့်လင်းစွာ မိတ်သဟာယပြုရမည်ကို သင်ယူသင့်သည်။ သင်က နားမလည်လျှင် နားလည်ဟန်မဆောင်နှင့်။ တစ်စုံတစ်ခုကို မလုပ်နိုင်လျှင် မလုပ်နိုင်ဟု ဝန်ခံလော့။ သင့်တွင် မည်သည့်ပြဿနာ၊ သို့မဟုတ် အခက်အခဲရှိပါစေ ဤအရာကို လူတိုင်းနှင့် မိတ်သဟာယဖွဲ့သင့်ပြီး ဖြေရှင်းချက်ရှာရန် သမ္မာတရားကို ရှာဖွေသင့်သည်။ သမ္မာတရား၏ ရှေ့တွင် လူတိုင်းက ကလေးကဲ့သို့ဖြစ်သည်။ လူတိုင်းက ညံ့ဖျင်းပြီး သနားဖွယ်ဖြစ်ကာ လုံးလုံးပင် ချို့တဲ့သည်။ လူတို့လုပ်ဆောင်ရန်လိုအပ်သည့်အရာမှာ သမ္မာတရားရှေ့တွင် နာခံပြီး နှိမ့်ချကာ တောင့်တသော စိတ်နှလုံးရှိရန်ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ထံ မနာခံမီတွင် သမ္မာတရားကို ရှာဖွေပြီး လက်ခံရန် လိုအပ်သည်။ လူတို့သည် ၎င်းတို့တာဝန်များကို ထမ်းဆောင်စဉ်တွင် ဤသို့ လုပ်ဆောင်ခြင်းအားဖြင့် လက်တွေ့ဘဝတွင် ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရား၏ စစ်မှန်မှုသို့ ဝင်ရောက်နိုင်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) ဘုရားနှုတ်ကပတ်တော်ကို ဆင်ခြင်ခြင်းကတစ်ဆင့် လက်တွေ့လုပ်ဖို့လမ်းကြောင်းတစ်ခုကို ကျွန်မ တွေ့သွားတယ်။ ကျွန်မနားလည်တာကို ဆွေးနွေးသင့်ပြီး ကျွန်မအားနည်းချက်တွေအပေါ် မှန်ကန်တဲ့ သဘောထားရှိသင့်တယ်။ ကိုယ့်ကိုယ်ကိုယ် ဟန်လုပ်ပြီး နားလည်ဟန်ဆောင်တာကို ရှောင်ကြဉ်သင့်တယ်။ တစ်ခုခုကို နားမလည်ရင် သူများတွေနဲ့အတူ ရှာဖွေပြီး မိတ်သဟာယပြုသင့်တယ်။ အတူတူအလုပ်လုပ်မှသာ ကျွန်မတို့တာဝန်တွေကို ကောင်းကောင်းထမ်းဆောင်နိုင်ပါတယ်။ ကျွန်မအားနည်းချက်တွေကို အမြဲတမ်းပဲဖုံးဖို့ ကြိုးစားခဲ့တယ်။ ကျွန်မမှာ ပြဿနာရှိတယ်ဆိုတဲ့အချက်ကို ရင်မဆိုင်နိုင်ခဲ့ဘူး။ ကျွန်မပြဿနာကို ဖြေရှင်းဖို့ သမ္မာတရားကိုလည်း မရှာဘူး။ ဒီပုံစံနဲ့ ကျွန်မက ဘယ်တော့မှ တိုးတက်မှာမဟုတ်ဘူး။ တာဝန်မှာ ထိရောက်မှာမဟုတ်ဘူး။ အဲဒီအချိန်အတွင်းမှာ ကျွန်မအားနည်းချက်တွေကို ဖော်ထုတ်တဲ့ တချို့ အနှောင့်အယှက်တွေ၊ ကျရှုံးမှုတွေကို ကျွန်မ ဖြတ်သန်းခဲ့ရတယ်။ ဒါပေမဲ့ ဒါတွေကြောင့်လည်း ကျွန်မက ကိုယ့်အတိုင်းအတာကို သိသွားတယ်။ ဒီလိုနဲ့ နောင်ကျရင် ကျွန်မက တည်ကြည်ခိုင်မာတဲ့နည်းနဲ့ အလုပ်လုပ်ပြီး ပြုမူနိုင်မယ်။ သူများတွေနဲ့ တွဲလုပ်ဖို့ သင်ယူနိုင်မယ်။ စည်းမျဉ်းနဲ့အညီ သမ္မာတရားကို ရှာဖွေပြီး ကိစ္စတွေကို ကိုင်တွယ်နိုင်မယ်။ ဒါတွေအားလုံးက အရမ်းကြီးတဲ့ အကျိုးအမြတ်တွေပဲ။ အဲဒီနောက်တော့ ကျွန်မက စုဝေးပွဲတွေမှာ အဖွဲ့တွေအားလုံးနဲ့ တော်တော်ပိုပြီး ပွင့်လင်းလာနိုင်တယ်။
စုဝေးပွဲတစ်ခုမှာ အစ်မနှစ်ယောက်က နာမည်နဲ့ အကျိုးအမြတ်အတွက် ပြိုင်နေကြတာကို ကျွန်မ သတိထားမိတယ်။ ကျွန်မက သူတို့နဲ့ မိတ်သဟာယဖွဲ့ဖို့ ဘုရားနှုတ်ကပတ်တော်တချို့ကို ရှာချင်တယ်။ ဒါပေမဲ့ နောက်တော့ ကျွန်မ တွေးမိတယ်။ “ငါက ဒီကိစ္စမှာ အတွေ့အကြုံနည်းနည်းရှိတယ်။ ဒါပေမဲ့ လေးလေးနက်နက် နားမလည်ဘူး။ ငါ့မိတ်သဟာယက အရမ်းအပေါ်ယံဆန်နေရင် ငါ့ကို အထင်သေးပြီး ငါက ကြီးကြပ်ရေးမှူးလုပ်ဖို့ အရည်အချင်းမပြည့်မီဘူးလို့ ပြောကြမှာလား။ ငါ သူတို့နဲ့ မိတ်သဟာယမဖွဲ့သင့်ဘူးထင်တယ်” ပေါ့။ အဲဒီအချိန်မှာပဲ ကျွန်မက နောက်တစ်ခါ ဟန်လုပ်နေပြန်ပြီဆိုတာ သတိထားမိလိုက်တယ်။ အရင်သုံးလေးရက်က ကျွန်မဖတ်ခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို အမှတ်ရမိတယ်။ “ဘုရားသခင်ကို ယုံကြည်သောသူတိုင်း သူ၏ အလိုတော်ကို နားလည်သင့်၏။ ၎င်းတို့၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်သော သူတို့သာ ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်ကြပြီး၊ ၎င်းတို့ကို သူ အပ်နှံသည့် အလုပ်တာဝန်များကို ပြီးမြောက်စေခြင်းအားဖြင့်သာ မိမိ၏ တာဝန်များကို ထမ်းဆောင်ခြင်းသည် ၎င်းတို့ ဖြည့်ဆည်းခြင်းက လက်သင့်ခံနိုင်ဖွယ်ဖြစ်သည်။...ထို့ကြောင့် ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို ဖြည့်ဆည်းရန်နှင့် သင်၏တာဝန်ကို သစ္စာရှိရှိ ကောင်းမွန်စွာ ထမ်းဆောင်ရန်အတွက် ပြည့်မီရမည့် စံနှုန်းက အဘယ်နည်း။ ယင်းမှာ သင်၏တာဝန်ကို သင်၏စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ ကိုယ်စွမ်းရှိသမျှဖြင့် လုပ်ဆောင်ခြင်းဖြစ်၏။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လူများ အသက်ရှင်ဖို့ အမှီပြုသည့်အရာ အတိအကျမှာ အဘယ်နည်း) ကျွန်မက ဒီတာဝန်ကို လက်ခံခဲ့တာကိုကြည့်ရင် ကျွန်မအရည်အချင်းနဲ့ အတတ်နိုင်ဆုံး ထမ်းဆောင်သင့်တယ်။ အစ်မတွေက မကောင်းတဲ့အခြေအနေမှာရှိနေတာကို ကျွန်မ သတိထားမိခဲ့တယ်။ ဒီတော့ သမ္မာတရားကို မိတ်သဟာယဖွဲ့ပြီး သူတို့ကို ပံ့ပိုးဖို့အတွက် ကျွန်မတတ်နိုင်သမျှ လုပ်သင့်တယ်။ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို သိမြင်အောင်လုပ်ပေးသင့်တယ်။ ဒါဆိုရင် နာမည်နဲ့ အကျိုးအမြတ်အတွက် ယှဉ်ပြိုင်နေတာကို သူတို့ရပ်နိုင်ပြီး သူတို့တာဝန်တွေကို ပုံမှန် ထမ်းဆောင်နိုင်တာပေါ့။ ဒီလိုလုပ်မှပဲ ကျွန်မတာဝန်ကို ဖြည့်ဆည်းနေတာဖြစ်မှာပဲ။ ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို မိတ်သဟာယဖွဲ့တာက ကောင်းတဲ့အရာဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ ဒါက ဘုရားအကြောင်း သက်သေခံချက်ဖြစ်ပြီး လူတွေကို ဘုရားရှေ့ကို သယ်ဆောင်ပေးတယ်။ ဒါပေမဲ့ ကျွန်မက ဒါကို လေးစားမှုတွေရယူနိုင်ဖို့ နည်းလမ်းအနေနဲ့ မြင်နေခဲ့တယ်။ ကျွန်မက အရမ်း စက်ဆုပ်စရာကောင်းလာပြီး ကိုယ့်ကိုယ်ကိုယ် ရွံ့ရှာမုန်းတီးခဲ့တယ်။ ဒီလိုပုံစံနဲ့ ဆက်ပြီး အသက်မရှင်ချင်တော့ဘူး။ ကျွန်မတာဝန်၊ ဝတ္တရားတွေကိုပဲ ဖြည့်ဆည်းချင်ခဲ့တယ်။ ကျွန်မ မြင်ပြီးနားလည်သမျှကိုပဲ မိတ်သဟာယဖွဲ့ချင်ခဲ့တယ်။ အစ်မတွေကို လက်တွေ့အကူအညီတချို့ပေးဖို့ပေါ့။ ကျွန်မ စိတ်ဆုံးဖြတ်ပြီးတော့ သူတို့နဲ့ မိတ်သဟာယဖွဲ့ဖို့ ဘုရားနှုတ်ကပတ်တော်အပိုဒ်နည်းနည်း ရှာတွေ့ခဲ့တယ်။ အစ်မတွေက နားထောင်ပြီးတော့ သူတို့အခြေအနေကို နည်းနည်းသိသွားတော့ ကျွန်မ အံ့ဩမိတယ်။ သူတို့တွေက ကိုယ့်ကိုယ်ကိုယ် သိမြင်မှုကို ရပြီး နောင်တရဖို့ အသင့်ဖြစ်နေတာကို မြင်တော့ ကျွန်မ ဘုရားကို ကျေးဇူးတင်မိတယ်။ အဲဒီနောက်တော့ သူတို့အလုပ်မှာရှိနေတဲ့ တခြားပြဿနာတွေကို ဆွေးနွေးကြပြီး ကိစ္စနဲ့ပတ်သက်ပြီး ကျွန်မ အမြင်ကို ပေးခဲ့တယ်။ အဖွဲ့ခေါင်းဆောင် သုံးလေးယောက်ကလည်း ဆက်ပြီးတော့ သူတို့အမြင်တွေကို ပြောပြတယ်။ မိတ်သဟာယဖွဲ့ပြီးတော့ လူတိုင်းက ပိုရှင်းလင်းပြီး ပိုတိကျတဲ့နားလည်မှုရှိသွားပြီး ဖောက်ပြန်မှုတိုင်းက လျော့နည်းသွားတယ်။ ဒီလိုလက်တွေ့လုပ်တာက တော်တော်ကောင်းပြီး ကျွန်မက တော်တော်ပိုပြီး စိတ်အေးပြီး လွတ်မြောက်တယ်။ အဲဒီကနေစပြီး နောက်ပိုင်းစုဝေးပွဲတွေမှာ ကျွန်မ စိတ်အနေအထားက တော်တော်တိုးတက်လာတယ်။ ကြီးကြပ်ရေးမှူးအနေနဲ့ ကိုယ့်ကိုယ်ကိုယ် စင်ပေါ်တင်မထားတော့ဘူး။ ဟန်လုပ်တာကို ရပ်လိုက်တယ်။ ကျွန်မ သိသလောက်ကိုပဲ ဆွေးနွေးပြီး ကျွန်မတွေးမိသမျှကို ပြောတယ်။ ဒါ တော်တော်ကို လွတ်မြောက်ခြင်းခံစားရတာပဲ။ မှန်ကန်တဲ့ စိတ်အနေအထားကို ခံယူလိုက်တော့ ကျွန်မအပေါ် သူများတွေက ဘာထင်တယ်ဆိုတာ မစိုးရိမ်ဘဲ ပြဿနာတွေကို တွေးဖို့အတွက် ကျွန်မစိတ်ကို ငြိမ်အောင်ထားလိုက်တော့ ပြဿနာတွေကို ပိုသိမြင်လာပြီး ပိုပြီး ရှင်းရှင်းလင်းလင်း မိတ်သဟာယဖွဲ့မိတယ်ဆိုတာကိုလည်း ကျွန်မ သတိထားမိတယ်။ တချို့ဖြစ်ရပ်တွေမှာ ကျွန်မက အရင်မစဉ်းစားဘဲနဲ့တောင် တချို့ မိတ်သဟာယက ကျွန်မဆီကနေ ထွက်လာတယ်။ ဒါက သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းဖွင့်ပြမှုနဲ့ လမ်းပြမှုဆိုတာ ကျွန်မ သိခဲ့တယ်။ ကျွန်မ ထင်မြင်ချက်တွေက အမြဲတမ်း ကွက်တိမမှန်ပေမဲ့ စိတ်မကျဉ်းကျပ်တော့ဘဲ အမှားတွေဖြစ်လာတဲ့အခါ ကျွန်မအမှားတွေကိုပဲ ပြုပြင်လိုက်တယ်။ ဒီပြောင်းလဲမှုကို ကျွန်မ ရနိုင်တာက ဘုရားနှုတ်ကပတ်တော်ကြောင့်သက်သက်ပါ။ ကျေးဇူးတော်ပဲ။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။