ကျွန်မ ဖွင့်မပြောရဲခဲ့တဲ့ အကြောင်းရင်း

13.12.2022

ရှိတမ်း အမေရိကန်နိုင်ငံ

မနှစ်တုန်းက မေလအလယ်ပိုင်းမှာ ကျွန်မတို့ခေါင်းဆောင် ချန်းလန်က ကျွန်မကို အစ်မလူအကြောင်း အကဲဖြတ်ချက်တစ်ခု ရေးခိုင်းတယ်။ အစ်မလူက မာနကြီးတယ်၊ ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ထင်တယ်၊ ခေါင်းဆောင်တွေ၊ အမှုဆောင်တွေကို အမြဲတမ်းဝေဖန်အပြစ်တင်နေတယ်လို့ သူကပြောတယ်။ သူက မှန်ကန်တဲ့သူမဟုတ်ဘူးပေါ့။ အစ်မလူအပေါ် ခေါင်းဆောင်ရဲ့ အကဲဖြတ်ချက်က ကျွန်မနဲ့မတူဘူး။ အရင်တုန်းက အစ်မလူနဲ့ ကျွန်မ ဆက်ဆံတော့ သူက ခေါင်းဆောင်ပြောသလို မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မက အမှန်အတိုင်းပြောလိုက်ရင် ကျွန်မက ပိုင်းခြားသိမြင်မှုမရှိဘူးလို့ ခေါင်းဆောင်ကပြောပြီး ကျွန်မအပေါ် အမြင်မကောင်းမှာကို စိုးရိမ်မိတယ်။ ဒါဆိုရင် နောက်ကျရင် သူက ကျွန်မကို အရေးကြီးတဲ့ ပရောဂျက်တွေ ချမပေးလောက်ဘူး။ အဲဒါနဲ့ ခေါင်းဆောင်ရဲ့ ဆန္ဒအတိုင်း ကျွန်မလုပ်လိုက်တယ်။ သူ့သုံးသပ်ချက်ကို လက်ခံလိုက်ပြီး အစ်မလူက သူများတွေကို ထင်ရာမြင်ရာ ဝေဖန်အပြစ်တင်နေတယ်လို့ ပြောလိုက်တယ်။ သိပ်မကြာခင်မှာပဲ အစ်မလူက လူစားလဲခံရတယ်။ နောက်ပိုင်းမှာ အစ်မလူက ချန်းလန်ကို လက်တွေ့အလုပ်လုပ်ဖို့ ပျက်ကွက်ပြီး အယောင်ဆောင်ခေါင်းဆောင်ဖြစ်တယ်ဆိုပြီးတော့ တိုင်တာကို ကျွန်မ တွေ့ရတယ်။ ဒါကြောင့် ချန်းလန်က သူက ခေါင်းဆောင်တွေ၊ အမှုဆောင်တွေကို ဝေဖန်အပြစ်တင်တာတွေလုပ်တယ်လို့ပြောပြီးတော့ သူ့ကို ဖိနှိပ်ပြီး အပြစ်ဒဏ်ပေးတယ်။ အဲဒီနောက်မှာ ချန်းလန်က အယောင်ဆောင်ခေါင်းဆောင်ဖြစ်တယ်လို့ ဖော်ထုတ်ခံရပြီး လူစားလဲခံလိုက်ရတယ်။ ဒါကို ကျွန်မကြားပြီးတဲ့နောက်မှာ အကဲဖြတ်ချက်ကိုရေးတုန်းက ကျွန်မအပြုအမူကို ပြန်စဉ်းစားပြီး နောင်တရမိတယ်။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီးတော့ ကျွန်မဟာ ခေါင်းဆောင်အမြင်ကောင်းအောင်လို့ လိမ်ညာပြီး အစ်မလူကို ရှုတ်ချတာကို သဘောတူခဲ့တယ်ဆိုတာ သဘောပေါက်သွားတယ်။ ကျွန်မက တကယ်ကို လူ့သဘာဝ ကင်းမဲ့ပါတယ်။ ကျွန်မ ဆင်ခြင်ကြည့်လေလေ၊ ကိုယ့်ကိုယ်ကိုယ် ရွံ့ပြီး မုန်းလေလေပဲ။ လူတိုင်းအတွက် သတိပေးချက်အနေနဲ့ ညီအစ်ကိုမောင်နှမတွေကို မျှဝေဖို့ ကျွန်မရဲ့ ကျရှုံးမှု အတွေ့အကြုံနဲ့ပတ်သက်ပြီး စာတစ်ပုဒ်ရေးဖို့ စဉ်းစားမိတယ်။ ဒါပေမဲ့ ကျွန်မ စိုးရိမ်တာတွေရှိနေတယ်။ ကျွန်မ စဉ်းစားတယ်။ “အကဲဖြတ်ချက်နဲ့ ဖောက်ပြန်ပျက်စီးတဲ့ အပြုအမူတွေနဲ့ပတ်သက်ပြီး ငါ့ရဲ့ မှားနေတဲ့ ရည်ရွယ်ချက်တွေအားလုံးကို ရေးလိုက်ရင် ညီအစ်ကိုမောင်နှမတွေက ငါ့ကို ဘယ်လိုထင်မလဲ။ သူတို့က ငါ့ကို အထင်သေးပြီး ပစ်ပယ်ရင် ငါ့ရဲ့ ဂုဏ်သတင်းက ဘာမှမရှိတော့အောင် ကျသွားမှာ။ သူတို့ရှေ့မှာ ငါ့မျက်နှာကို နောက်တစ်ခါပြဖို့ အရမ်းရှက်မိမှာပဲ” ပေါ့။ ကျွန်မက အစ်မလူနဲ့ အရမ်းနီးစပ်ခဲ့ဖူးတာ၊ သူက ပြဿနာတွေရှိရင် ကျွန်မကို ခဏခဏ ရင်ဖွင့်တာကိုလည်း စဉ်းစားမိတယ်။ ကျွန်မက ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတစ်ခုနဲ့ သူ့ကို ဒီလိုမျိုး အကဲဖြတ်ခဲ့တယ်ဆိုတာ သူသိသွားရင် ဘယ်လိုထင်မလဲ။ ကျွန်မကို စိတ်ပျက်ပြီး အဆက်အသွယ်ဖြတ်မှာလား။ အထက်ခေါင်းဆောင်ပိုင်းက သိသွားရင် ကျွန်မက စရိုက်လက္ခဏာညံ့တယ်လို့ပြောပြီး တခြားတာဝန်တစ်ခုကို ပြောင်းပြီးချပေးမှာလား။ ဒါတွေအားလုံးစဉ်းစားရင်းနဲ့ ကျွန်မ နေလို့မကောင်းဘူး။ ကျွန်မက တကယ်ရှက်စရာကောင်းတာတစ်ခုကို လုပ်မိခဲ့ပြီး ဒီအကြောင်းပြောဖို့က ခက်နေတယ်။ ကျွန်မလုပ်ခဲ့တာအတွက် ကျွန်မ ရင်မဆိုင်ချင်နေဘူး။ ထားပဲ ထားခဲ့လိုက်ချင်တော့တယ်။ ဒီအကြောင်းကို ကျွန်မ မရေးချင်ခဲ့ဘူး။

နောက်ပိုင်းမှာ ဒီကိစ္စကို ကျွန်မ သေချာစဉ်းစားကြည့်တယ်။ ကျွန်မရဲ့ ကျရှုံးတဲ့ အတွေ့အကြုံကို ကျွန်မက ဘာလို့ပြောချင်စိတ်မရှိတာလဲ။ ဘာလို့ဖွင့်ပြောပြီး ကိုယ့်ကိုယ်ကိုယ် ချပြချင်စိတ်မရှိတာလဲ။ ဘယ် ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရဲ့ ချုပ်ချယ်ခြင်းကို ငါခံနေရတာလဲ။ တစ်နေ့မှာ အတွေ့အကြုံသက်သေခံချက်ဗီဒီယိုတစ်ခုကို ကျွန်မ ကြည့်နေရင်းနဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို တွေ့တယ်။ “အခြေအနေမှာ မည်သို့ဖြစ်ပါစေ၊ ၎င်းတို့ မည်သည့်တာဝန်ကို ထမ်းဆောင်ပါစေ၊ အန္တိခရစ်သည် ၎င်းအနေဖြင့် အားမနည်းကြောင်း၊ ၎င်းသည် အစဉ် စိတ်ဓာတ်ကြံ့ခိုင်ကာ၊ ယုံကြည်စိတ်ချမှု အပြည့်ရှိ၍ လုံးဝ အပျက်သဘောမဆောင်ကြောင်း အသွင်အပြင်ကို ကြိုးစားပြီး ပြလိမ့်မည်။ ၎င်းတို့၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုကိုဖြစ်စေ၊ ဘုရားအပေါ် စစ်မှန်သော သဘောထားကိုဖြစ်စေ မည်သည့်အခါမျှ မထုတ်ဖော်ပေ။ အမှန်တကယ်တွင် ၎င်းတို့၏စိတ်နှလုံး နက်ရှိုင်းရာတွင်၊ ၎င်းတို့ လုပ်နိုင်သည့်အရာ လုံးဝ မရှိဟု ၎င်းတို့ အမှန်တကယ် ယုံကြည်သလော။ ၎င်းတို့၌ အားနည်းခြင်း မရှိကြောင်း၊ အပျက်သဘောဆောင်ခြင်း မရှိကြောင်း၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးမှု ပွင့်အန်ထွက်လာခြင်း မရှိကြောင်း ၎င်းတို့ အမှန်တကယ် ယုံကြည်ကြသလော။ လုံးဝ မယုံကြည်ပေ။ ၎င်းတို့သည် ဟန်ဆောင်ရာ၌ တော်သည်၊ အမှုကိစ္စများကို ကွယ်ဝှက်ထားရာ၌ ကျွမ်းကျင်ကြသည်။ ၎င်းတို့၏ ကြံ့ခိုင်ပြီး ဂုဏ်သရေရှိသည့်ဘက်ကို လူများအား ပြလိုကြသည်။ ၎င်းတို့၏အားနည်းပြီး စစ်မှန်သည့် ဘက်ကို ထိုသူတို့အား မမြင်စေလိုကြပေ။ ၎င်းတို့၏ရည်ရွယ်ချက်က သိသာထင်ရှားပေသည်။ ယင်းမှာ သိက္ခာရှိဖို့၊ လူများ၏စိတ်နှလုံးထဲ၌ ၎င်းတို့ရထားသည့်‌ နေရာကို ကာကွယ်ဖို့သက်သက်ပင် ဖြစ်သည်။ အခြားသူများအရှေ့တွင် ၎င်းတို့၏ကိုယ်ပိုင် အပျက်သဘောဆောင်ခြင်းနှင့် အားနည်းချက်တို့ကို ဖွင့်ဟလျှင်၊ ၎င်းတို့၏ ပုန်ကန်လိုစိတ်ရှိပြီး ဖောက်ပြန်ပျက်စီးသောဘက်ကို ထုတ်ဖော်ပြလျှင်၊ ဤသည်မှာ ၎င်းတို့၏ဂုဏ်အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့အဖို့ ကြီးလေးသော ထိခိုက်မှု ဖြစ်လိမ့်မည် ဖြစ်ပြီး— ကောင်းကျိုးထက် ဆိုးကျိုးက ပိုဖြစ်စေသည်ဟု ၎င်းတို့ ထင်မြင်ကြသည်။ ထို့ကြောင့် ၎င်းတို့က မိမိတို့၏အားနည်းချက်၊ ပုန်ကန်လိုစိတ်နှင့် အပျက်သဘောဆောင်ခြင်းတို့ကို စိတ်ထဲတွင်သာ ထားရှိလိုကြသည်။ ပြီးလျှင် လူတိုင်းက ၎င်းတို့၏ အားနည်းပြီး ပုန်ကန်လိုသည့်ဘက်ကို တွေ့သည့်နေ့ရက်ကို ရောက်လာလျှင်၊ ၎င်းတို့က ဖောက်ပြန်ပျက်စီးပြီး လုံးဝ မပြောင်းလဲသည်ကို သူတို့ တွေ့မြင်သည့်အခါ၊ ၎င်းတို့က ဆက်လက် ဟန်ဆောင်ရမည် ဖြစ်သည်။ ၎င်းတို့က ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိခြင်း၊ သာမန်လူတစ်ဦးဖြစ်ခြင်း၊ သေးငယ်ပြီး အရေးမပါသောသူတစ်ဦးဖြစ်ခြင်းကို ဝန်ခံလျှင်၊ လူများ၏ စိတ်နှလုံးထဲတွင် ၎င်းတို့၏နေရာကို ဆုံးရှုံးကာ လူတိုင်း၏ကြည်ညိုမှုနှင့် မြတ်နိုးမှုတို့ကို ဆုံးရှုံးပြီး၊ သို့ဖြစ်၍ လုံးလုံး ရှုံးနိမ့်ရလိမ့်မည်ဟု ထင်မြင်ကြသည်။ ထို့ကြောင့် မည်သည့်အရာပင် ဖြစ်ပါစေ၊ လူများကို ၎င်းတို့ ဖွင့်ပြောမည် မဟုတ်ဘဲ၊ မည်သည့်အရာဖြစ်ပါစေ၊ ၎င်းတို့၏အာဏာနှင့် ဂုဏ်အဆင့်အတန်းတို့ကို အခြားမည်သူတစ်ဦးကိုမျှ ပေးမည် မဟုတ်ပေ။ ထိုအစား ၎င်းတို့က ယှဉ်ပြိုင်ဖို့ အစွမ်းကုန်ကြိုးစားကာ၊ မည်သည့်အခါမျှ လက်လျှော့မည် မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၁၀)) အန္တိခရစ်တွေက ဟန်လုပ်တဲ့နေရာမှာ ကျွမ်းကျင်တယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ သိခဲ့ရတယ်။ သူတို့ရဲ့ မကောင်းတဲ့အခြမ်းကို ဘယ်သူ့ကိုမှ မမြင်စေချင်ဘူး။ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ ပုန်ကန်မှုကို ဖွင့်မပြောဘူး။ သူတို့ရဲ့ ကျရှုံးမှုတွေ၊ အမှားတွေအကြောင်းပြောတာကို အမြဲတမ်း ရှောင်ကြတယ်။ သူတို့က လူတွေရဲ့ လေးစားမှုကိုရဖို့၊ သူတို့စိတ်နှလုံးထဲမှာ နေရာရဖို့အတွက် သူတို့ရဲ့ စရိုက်နဲ့ပတ်သက်ပြီး အပြုသဘောဆောင်တဲ့၊ ဇွဲရှိတဲ့၊ အထင်ကြီးလောက်တဲ့ ရှုထောင့်တွေကို အမြဲတမ်း ပြတယ်။ ကျွန်မအပြုအမူက အန္တိခရစ်နဲ့ ဘာမှမကွာဘူးဆိုတာ သဘောပေါက်သွားတယ်။ အယောင်ဆောင်ခေါင်းဆောင်နောက်လိုက်ပြီး အစ်မလူကို ရှုပ်ချခဲ့တဲ့ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို သိမြင်လာခဲ့တယ်။ ဒါပေမဲ့ ကျွန်မက လူတိုင်းကို ဖွင့်ပြောချင်စိတ်မရှိဘူး။ ဒါက ကျရှုံးတဲ့ အတွေ့အကြုံဖြစ်နေလို့လေ။ အဲဒီအချိန်အတွင်းမှာ ကျွန်မရဲ့ ရည်ရွယ်ချက်တွေနဲ့ ဖောက်ပြန်ပျက်စီးမှုကို အများသိအောင်လုပ်ရင် ကျွန်မက ပိုင်းခြားသိမြင်မှုကင်းမဲ့ပြီး အလွယ်တကူ အလျှော့ပေးတာ၊ လူတစ်ယောက်ကို မာနထောင်လွှားတယ်၊ ကိုယ့်ကိုယ်ကိုယ် အမှန်ထင်တယ်၊ ထင်ရာမြင်ရာ အကဲဖြတ်တတ်တယ်လို့ ကျွန်မ ရှုတ်ချတာ၊ တကယ်တော့ အဲဒီလူက အယောင်ဆောင်ခေါင်းဆောင်ကို တင်ပြပြီး ဖော်ထုတ်ခဲ့တဲ့သူသာဖြစ်နေတာ၊ လူကောင်းကို လူဆိုးလို့ ကျွန်မ မှားပြီးဖော်ပြခဲ့တာ၊ အမှန်နဲ့အမှားမခွဲခြားတတ်တာတွေကို လူတိုင်းက မြင်မှာပဲ။ လူတိုင်းက ကျွန်မကို အထင်သေးပြီး ပစ်ပယ်ကြပြီးတော့ ကျွန်မတာဝန်ကိုတောင် ဆုံးရှုံးရနိုင်တာကို ကြောက်နေခဲ့တယ်။ ကျွန်မက သမ္မာတရားကို လက်တွေ့လုပ်ပြီး ရိုးသားဖို့ထက် ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ပိုပြီး တန်ဖိုးထားတာကို မြင်ခဲ့ပါတယ်။ ကျွန်မက သမ္မာတရားနဲ့ အပြုသဘောဆောင်တာတွေကို မချစ်တာ သက်သက်ပဲ။ အဲဒါထက် ကျွန်မက ဂုဏ်သတင်း၊ အဆင့်အတန်းနဲ့ ဟန်လုပ်ရတာကို ကြိုက်တယ်။ အန္တိခရစ်တစ်ယောက်လိုပဲ။ ကျွန်မက စိတ်မချရတဲ့သူပဲ။

နောက်ပိုင်းမှာ ကျွန်မ နောက်ထပ် ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ကို ဖတ်မိတယ်။ “လူတိုင်း အမှားလုပ်ကြသည်။ လူတိုင်း၌ အမှားများနှင့် ချို့ယွင်းချက်များရှိကြသည်။ ပြီးလျှင် စင်စစ်အားဖြင့် လူတိုင်း၌ တူညီသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားရှိကြသည်။ သင်သည် အခြားသူများထက် သာ၍မြင့်မြတ်သည်၊ စုံလင်ပြီး ကြင်နာသည်ဟု သင့်ကိုယ်သင် မတွေးထင်လေနှင့်။ ယင်းမှာ လုံးလုံး ယုတ္တိမတန်ခြင်းဖြစ်ပေသည်။ လူများ၏ဖောက်ပြန်ပျက်စီးသော စိတ်သ‌ဘောထားများအပြင် လူ့ဖောက်ပြန်ပျက်စီးခြင်း၏အဖြစ်အနေနှင့် စရိုက်မှန်တို့က သင့်အဖို့ ရှင်းလင်းသွားသည်နှင့်တစ်ပြိုင်နက်၊ သင်၏ကိုယ်ပိုင်အမှားများကို ဖုံးကွယ်ရန် ကြိုးစားမည်မဟုတ်သကဲ့သို့ အခြားသူများက အမှားများ ပြုလုပ်သည့်အခါတွင် သူတို့အား သင်အကျပ်ရိုက်စေတော့မည် မဟုတ်ဘဲ၊ နှစ်ခုလုံးကို မှန်ကန်စွာ ရင်ဆိုင်လိမ့်မည်။ သို့မှသာ သင်သည် ထိုးထွင်းအမြင်ရှိပြီး မိုက်မဲသောအရာများကို လုပ်ဆောင်မည်မဟုတ်ပေ၊ ယင်းက သင့်ကို ဉာဏ်ပညာရှိသူတစ်ဦးဖြစ်စေလိမ့်မည်။ ဉာဏ်ပညာမရှိသူများသည် မိုက်မဲသူများဖြစ်ပြီး နောက်ကွယ်တွင် ခိုးကြောင်ခိုးဝှက်နေလျက် မိမိတို့၏ အသေးစားအမှားများကို တဝဲလည်လည် အစဉ်တွေးတောနေကြသည်။ မြင်ရသည်မှာ ရွံရှာစက်ဆုပ်ဖွယ် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိကိုယ်ကိုယ် ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် အခြေခံသဘောတရားများ)လူများသည် အခြားသူများက ၎င်းတို့အား အထင်ကြီးစေရန်နှင့် ၎င်းတို့၏ အမှားများ သို့မဟုတ် ချို့ယွင်းချက်များကို မမြင်နိုင်စေဖို့အလို့ငှာ၊ အစဉ် အယောင်ဆောင်သည့်အခါ၊ မိမိတို့ကိုယ်ကို အစဉ် ဖုံးဖိဖာထေးသည့်အခါ၊ အမြဲ ဟန်ဆောင်ကြသည့်အခါ၊ မိမိတို့၏ အကောင်းဆုံးဘက်ကို လူများအား တင်ဆက်ဖို့ အစဉ် ကြိုးစားနေသည့်အခါ၊ ယင်းက အဘယ်စိတ်သဘောထားဖြစ်သနည်း။ ဤသည်မှာ မာနထောင်လွှားခြင်း၊ ဟန်ဆောင်ခြင်း၊ သူတော်ကောင်း ယောင်ဆောင်ခြင်းဖြစ်သည်၊ ယင်းသည် စာတန်၏ စိတ်သဘောထား ဖြစ်သည်၊ ဆိုးယုတ်သည့်အရာတစ်ခုဖြစ်သည်။ ဆိုးယုတ်သောအစိုးရစနစ်၏ အဖွဲ့ဝင်များကို ကြည့်လော့။ ၎င်းတို့သည် နောက်ကွယ်တွင် မည်မျှတိုက်ခိုက်ပါစေ၊ မည်မျှရန်စပါစေ၊ မည်မျှသတ်ဖြတ်ပါစေ ဤအရာကို မည်သူကမျှ တိုင်ကြားခွင့်၊ သို့မဟုတ် ဖော်ထုတ်ခွင့်မရှိချေ။ ၎င်းတို့၏ မကောင်းဆိုးဝါး မျက်နှာကို လူများမြင်မည်ကို ကြောက်ကြသည်။ ယင်းကို ဖုံးကွယ်ဖို့ ၎င်းတို့တတ်နိုင်သမျှ အရာအားလုံး လုပ်ဆောင်ကြသည်။ လူပုံအလယ်တွင် ၎င်းတို့သည် လူများကို မည်မျှချစ်ကြောင်း၊ ၎င်းတို့သည် မည်မျှကြီးမြတ်ကာ၊ ဘုန်းကျက်သရေရှိပြီး မှန်ကန်ကြောင်းပြောလျက်၊ မိမိတို့ကိုယ်ကို ဖုံးဖိဖာထေးဖို့ အဆုံးစွန် လုပ်ဆောင်ကြသည်။ ဤသည်မှာ စာတန်၏သဘာဝ ဖြစ်သည်။ စာတန့်သဘာဝ၏ အဓိကအင်္ဂါရပ်မှာ လှည့်ကွက်နှင့် လှည့်ဖြားမှုဖြစ်သည်။ ဤလှည့်ကွက်နှင့် လှည့်ဖြားမှုတို့၏ ရည်မှန်းချက်သည် အဘယ်နည်း။ လူများကို လှည့်စားဖို့၊ ၎င်း၏အဖြစ်အနေနှင့် စရိုက်မှန်တို့ကို မမြင်အောင် သူတို့အား တားဆီးပြီး ထိုသို့ဖြင့် ၎င်း၏အုပ်စိုးမှု ကြာရှည်စေဖို့ ပန်းတိုင်ကို အောင်မြင်ရရှိဖို့ ဖြစ်သည်။ သာမန်လူများ၌ ထိုသို့သော အာဏာနှင့် ဂုဏ်အဆင့်အတန်း ရှိချင်မှရှိမည် ဖြစ်သော်လည်း ၎င်းတို့သည်လည်း အခြားသူများအား ၎င်းတို့ကို အကောင်းမြင်စေဖို့အပြင် လူများက သူတို့၏စိတ်နှလုံးထဲ၌ ၎င်းတို့အား မြင့်မားသော ထင်မြင်ယူဆချက်ရှိဖို့နှင့် ၎င်းတို့အား မြင့်မားသော ဂုဏ်အဆင့်အတန်း ပေးဖို့ကို ဆန္ဒရှိကြသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားဟူသည့်အရာ ဖြစ်ပေသည်။ သမ္မာတရားကို လူတို့က နားမလည်လျှင် ဤအရာကို သတိပြုမိနိုင်စွမ်းမရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိကိုယ်ကိုယ် ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် အခြေခံသဘောတရားများ) ဘယ်သူကမှ မပြည့်စုံဘူး၊ ကျွန်မတို့အားလုံးက အားနည်းချက်တွေရှိတယ်၊ အမှားတွေလုပ်နိုင်တယ်၊ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့စိတ်သဘောထားတွေကို ပေါ်လွင်စေနိုင်တယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ သဘောပေါက်သွားတယ်။ တကယ် လူ့သဘာဝနဲ့ ဆင်ခြင်တုံတရားရှိတဲ့သူတွေက သူတို့ရဲ့ အားနည်းချက်တွေ၊ ပြဿနာတွေကို မှန်မှန်ကန်ကန် ရင်ဆိုင်နိုင်တယ်။ အမှားလုပ်ပြီးတဲ့နောက်မှာ သူတို့ဟာ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးမှုကို ဖြေရှင်းဖို့ သူတို့အမှားတွေကို ရင်ဆိုင်ပြီး သမ္မာတရားကို ရှာဖွေနိုင်တယ်။ ကိုယ့်ပြဿနာတွေကို ရင်မဆိုင်နိုင်သူတွေ၊ အမှားတွေလုပ်ပြီး သူတို့ရဲ့ ဖောက်ပြန်ပျက်စီးမှုကို ပေါ်လွင်စေပြီးတဲ့နောက်မှာ သူတို့အမှားတွေကို ဝန်မခံနိုင်ဘဲ အမြဲတမ်း အယောင်ဆောင်သူတွေ၊ သူတို့ရဲ့ စရိုက်လက္ခဏာမှာ အပြစ်လုံးဝမရှိတဲ့ ရှုထောင့်တွေကိုပဲ ပြသူတွေက အထူးသဖြင့် မရိုးသားဘဲ သစ္စာဖောက်တတ်ကြတယ်။ ကျွန်မက စာတန်ရဲ့ ဖျက်ဆီးခြင်းကို တော်တော်ခံထားရတာ။ ဖောက်ပြန်ပျက်စီးတဲ့စိတ်သဘောထားမျိုးစုံ ဝန်းရံနေခဲ့တယ်။ အလုပ်လုပ်တဲ့အခါမှာ လမ်းလွဲမှုတွေ ကြုံရပြီး ဖောက်ပြန်ပျက်စီးမှုကို ပေါ်လွင်စေတာက သာမန်ပဲ။ ကျွန်မက ဖွင့်မပြောရင်တောင် အဲဒီဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေက အထဲမှာ ပုံးကွယ်နေဦးမှာပဲ။ ဒါဆိုရင် ကျွန်မက ဖောက်ပြန်ပျက်စီးတဲ့သူ ဖြစ်နေဦးမှာမဟုတ်ဘူးလား။ ကျွန်မက အစ်မလူကို အကဲဖြတ်တော့ ခေါင်းဆောင်ရဲ့အမြင်မှာ ကျွန်မပုံရိပ်ကို ထိန်းသိမ်းဖို့အတွက် အယောင်ဆောင်ခေါင်းဆောင်နောက်လိုက်ပြီး အစ်မလူကို ဝေဖန်အပြစ်တင်ပြီး ရှုတ်ချခဲ့တယ်။ ဒါက ငြင်းလို့မရပါဘူး။ ကျွန်မက လူ့သဘာဝနဲ့ ဆင်ခြင်တုံတရားရှိသူဆိုရင် ဒီပြဿနာကို ရင်ဆိုင်မှာပဲ။ ဖောက်ပြန်ပျက်စီးမှုကို ကျွန်မ ဘယ်လိုပြသခဲ့တယ်၊ ဘုရားနှုတ်ကပတ်တော်တွေက ဖော်ထုတ်တာ၊ တရားစီရင်တာခံရတာကို ဘယ်လိုကြုံတွေ့ခဲ့ရတယ်ဆိုတာကို ဖွင့်ပြမှာပဲ။ ပြီးရင် ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားအကြောင်း ကျွန်မ သိခဲ့တာတွေကို ဆွေးနွေးမှာပဲ။ ကျွန်မရဲ့ တကယ့်အရှိအတိုင်းကို လူတိုင်းမြင်နိုင်ဖို့ ဒါတွေအားလုံးကို သူများတွေကို ဖွင့်ပြောမှာပဲ။ ဒါပေမဲ့ ကျွန်မက ဖောက်ပြန်ပျက်စီးမှုကို ပေါ်လွင်စေပြီးနောက်မှာ အမြဲတမ်း အယောင်ဆောင်တယ်။ ကျွန်မရဲ့ ဂုဏ်သတင်းနဲ့ သူများတွေရဲ့ စိတ်နှလုံးထဲက ပုံရိပ်ကို ကာကွယ်ဖို့ မျှော်လင့်ပြီးတော့ပေါ့။ ကျွန်မက ဘယ်လောက်ရှက်စရာကောင်းပြီး ရွံ့စရာကောင်းလိုက်သလဲ။ ကျွန်မ ဖွင့်ပြတဲ့ ဖောက်ပြန်ပျက်စီးမှုက အသေးအဖွဲပြဿနာတစ်ခုပဲလား၊ လူတွေအများကြီးမှာ အတွေ့ရများတဲ့၊ ပိုပြီးသိသာတဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတစ်ခုလား ဒါဆိုရင် ဖွင့်ပြောရင်တောင် ကျွန်မရဲ့ ဂုဏ်သတင်းကို အရမ်းကြီးထိခိုက်မှာမဟုတ်ဘူး၊ ဒါဆို လူတွေရှေ့မှာ ကိုယ့်ကိုယ်ကိုယ် ချပြနိုင်တယ်လို့ ကျွန်မ အမြဲတမ်း စဉ်းစားမိတယ်။ ဒါပေမဲ့ ဒီတစ်ခါမှာ ကျွန်မက အယောင်ဆောင်ခေါင်းဆောင်နောက်လိုက်ပြီး လူတစ်ယောက်ကို ရှုတ်ချခဲ့တယ်။ ဒါက ကြီးလေးတဲ့ ပြစ်မှားမှုပဲ။ ထုတ်ပြောဖို့ လွယ်ကူတဲ့အရာမဟုတ်ဘူး။ ကျွန်မက မကောင်းတဲ့ စရိုက်ရှိပြီး သိက္ခာမဲ့တယ်လို့ လူတွေကိုပြပြီး ကျွန်မရဲ့ ဂုဏ်သတင်းက တော်တော်ကို ထိခိုက်မှာပဲ။ အဲဒါနဲ့ ကျွန်မက ဖွင့်ပြောချင်စိတ်မရှိဘဲ အယောင်ဆောင်ပြီးတော့ လူတွေကို လှည့်စားဖို့ အမြဲတမ်းကြိုးစားတယ်။ ကျွန်မက တကယ်ကို သစ္စာဖောက်ခဲ့တာပဲ။ အဲဒီအချိန်ကျမှပဲ ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုကို ဖွင့်ပြောချင်စိတ်မရှိတာက ကျွန်မရဲ့ မာနနဲ့ ဘဝင်မြင့်တဲ့လက္ခဏာတင်မဟုတ်ဘဲ ဒါက ကျွန်မရဲ့ အတွင်းက သစ္စာဖောက်ပြီး မကောင်းတဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေကိုလည်း ပေါ်လွင်စေတယ်။

အဲဒီနောက်မှာ ကျွန်မ ဒီပြဿနာကို ဆက်ပြီး သုံးသပ်တယ်။ ပြီးတော့ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ကျွန်မဖတ်တယ်။ “တစ်စုံတစ်ခုဖြစ်ပျက်သောအခါ တစ်ယောက်ယောက်က ပေါ့ပါးစွာဖြင့် ထုတ်ဖော်ပြောဆိုခြင်း၊ သို့မဟုတ် ဖော်ပြခြင်းမရှိဘဲ အစဉ် နှုတ်ဆိတ်နေနိုင်သည်။ ဤသည်မှာ ထိုသူသည် ကျိုးကြောင်းသင့်သည်ဟု အဓိပ္ပာယ်မရပေ။ ထိုသို့ဖြစ်မည့်အစား ထိုသူသည် ကောင်းစွာ အယောင်ဆောင်ထားသည်၊ ဖုန်းကွယ်ထားသောအရာများ ရှိသည်၊ သူ၏ လိမ္မာပါးနပ်မှုက နက်နဲသည်ဆိုသည်ကို ပြ၏။ သင်သည် မည်သူ့ကိုမျှ ဖွင့်ဟခြင်းမရှိလျှင် ဘုရားသခင်ထံ ဖွင့်ဟနိုင်သလော။ ထို့ပြင် သင်သည် ဘုရားသခင်နှင့်ပင် စစ်မှန်မှုမရှိလျှင်၊ ဘုရားသခင်ကို မဖွင့်ဟနိုင်လျှင် သင်၏ စိတ်နှလုံးကို ဘုရားသခင်ထံ ပေးအပ်နိုင်သလော။ သေချာပေါက် မပေးအပ်နိုင်ပေ။ သင်သည် ဘုရားသခင်နှင့် စိတ်နှလုံး တစ်လုံးတစ်ဝတည်း မရှိနိုင်ဘဲ သင်၏ စိတ်နှလုံးကို ဘုရားသခင်နှင့် ဝေးကွာနေစေခြင်းဖြစ်သည်။ သင်တို့သည် အခြားလူများနှင့် မိတ်သဟာယဖွဲ့သည့်အခါတွင် ပွင့်လင်းပြီး စိတ်နှလုံးထဲတွင် အမှန်တကယ်ရှိသောအရာကို ပြောဆိုနိုင်သလော။ လူတစ်ယောက်သည် မိမိ၏စိတ်နှလုံးအတွင်း အမှန်တကယ်ရှိသည့်အရာကို အစဉ်ပြောဆိုလျှင်၊ မည်သည့်အခါမျှ လိမ်ညာခြင်း၊ သို့မဟုတ် ချဲ့ကားပြောဆိုခြင်းမရှိလျှင်၊ ရိုးသားစစ်မှန်လျှင်၊ တာဝန်ထမ်းဆောင်ရာတွင် ပေါ့ဆခြင်း၊ သို့မဟုတ် ဝတ်ကျေတမ်းကျေပြုခြင်း လုံးဝ မရှိလျှင်၊ မိမိနားလည်သည့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်လျှင် ဤလူသည် သမ္မာတရားကို ရရှိရန် မျှော်လင့်ချက်ရှိသည်။ လူတစ်ယောက်သည် သူ့ကို မည်သူမျှ ရှင်းလင်းစွာ မမြင်နိုင်ရန်အတွက် မိမိကိုယ်မိမိ ဖုံးကွယ်ပြီး စိတ်နှလုံးကို ဖုံးထားလျှင်၊ အခြားလူတို့ကို လှည့်စားရန် မှားယွင်းသော အမြင်ကို ပေးလျှင်၊ ထိုသူသည် ကြီးမားသောအန္တရာယ်ကျရောက်လေသည်။ ၎င်းတို့သည် အလွန် ဒုက္ခရောက်ကြသည်။ သမ္မာတရားကိုရရှိရန် ၎င်းတို့အတွက် အလွန်ခက်ခဲလိမ့်မည်။ ထိုသူကို ရိပ်စားမိပြီး ဖော်ထုတ်ခြင်းခံရမည် ဖြစ်သည်။ သင်သည် လူတစ်ယောက်၏ အလားအလာများကို သူ၏ နေ့စဉ် အသက်တာ၊ စကားများနှင့် လုပ်ရပ်များမှတစ်ဆင့် မြင်နိုင်သည်။ ဤလူသည် အစဉ် ဟန်ဆောင်နေလျှင်၊ အစဉ် သူများထက်သာသည့် ပုံစံပြုမူနေထိုင်လျှင် ဤလူသည် သမ္မာတရားကို လက်ခံသည့်သူမဟုတ်ပေ။ ထိုသူသည် အနှေးနှင့်အမြန် ထုတ်ဖော်ခံရပြီး ဖယ်ရှားခံရမည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်ရာတွင် မိမိသည် သမ္မာတရားကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို တော်တော်ထိတယ်။ အယောင်ဆောင်သူတွေက သူတို့ရဲ့ ကိုယ်ပိုင်ပြဿနာတွေကို ရင်မဆိုင်နိုင်တာ၊ အမှားတွေလုပ်တဲ့အခါမှာ ဖွင့်မပြောတာ၊ သူများတွေကို လှည့်စားပြီးတော့ အမြဲတမ်း ဖုံးကွယ်တာတွေက သူ ဖွင့်ပြတယ်။ သူတို့စိတ်နှလုံးတွေက ဘုရားကို ပိတ်ထားပြီး ဘုရားက မမြင်နိုင်ဘူး။ ဒီလိုလူတွေက အထူးသဖြင့် ဆိုးယုတ်ကြတယ်။ သူတို့က လုံးဝကို သစ္စာဖောက်ကြတယ်။ ဘုရားသခင်က ရိုးသားသူတွေကို နှစ်သက်ပြီး သစ္စာဖောက်သူတွေကို မုန်းတီးတယ်။ သစ္စာဖောက်သူတွေအားလုံးက နောက်ဆုံးမှာ ဖော်ထုတ်ခံရပြီး ထုတ်ပယ်ခံရတယ်။ အယောင်ဆောင်တာက ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို တပ်မက်တဲ့ လက္ခဏာသက်သက်ပဲ၊ မကောင်းမှုတွေကျူးလွန်တဲ့၊ အသင်းတော်အလုပ်ကို နှောင့်ယှက်ပြီး သူများတွေကို ထိခိုက်စေတဲ့ မကောင်းမှုပြုသူ၊ ဒါမှမဟုတ် အန္တိခရစ်လိုမျိုးမဟုတ်ဘူးလို့ ကျွန်မ ထင်ခဲ့ဖူးတယ်။ အထုတ်ခံရဖို့ ဖြစ်လာမယ်လို့ ကျွန်မ မထင်ခဲ့ဘူး။ ဒါတွေအားလုံးက ကျွန်မရဲ့ အယူအတွေ၊ စိတ်ကူးတွေ သက်သက်ဖြစ်ပြီး ကျွန်မက အကြောင်းအရာတွေအပေါ် လွဲမှားတဲ့အမြင်ရှိနေတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ သဘောပေါက်ခဲ့တယ်။ ကျွန်မက ကိုယ့်အသိတရားကို လျစ်လျူရှုပြီး မကောင်းမှုပြုသူကို အားပေးကူညီပြီးတော့ အယောင်ဆောင်ခေါင်းဆောင်နဲ့အတူ အစ်မလူကို ရှုပ်ချခဲ့တယ်။ ဘုရားသခင်က ကျွန်မရဲ့ ပြစ်မှားမှုကို ကောင်းကောင်းသတိထားမိနေပြီ။ ဒါပေမဲ့ ကျွန်မက နောက်ပိုင်းမှာ ဒါကို ထုတ်ပြောချင်စိတ်မရှိဘူး။ သူများတွေရဲ့ လေးစားမှုကိုရဖို့ ဆက်ပြီးဟန်ဆောင်နေဖို့ ကြိုးစားခဲ့တယ်။ ဒါက ကျွန်မ သမ္မာတရားကို မချစ်တာ၊ တကယ်နောင်တမရတာကို ဖော်ထုတ်ပြခဲ့တယ်။ ကျွန်မက သမ္မာတရားကို လက်တွေ့မလုပ်ခဲ့ဘူး၊ သစ္စာဖောက်တာ၊ လှည့်စားတာတွေတောင် လုပ်ခဲ့တယ်။ ဘုရားသခင်က ကျွန်မကို မုန်းတီးတာကို ဘယ်အရာက တားဆီးပေးမှာလဲ။ ဒီလိုဆက်လုပ်နေရင် ကျွန်မက သေချာပေါက် ဖော်ထုတ်ခံရပြီး အထုတ်ခံရမှာပဲ။ ဆင်ခြင်သုံးသပ်ခြင်းကတစ်ဆင့် ရိုးသားခြင်းကို လက်တွေ့လုပ်ဖို့ ပျက်ကွက်တာ၊ ဖွင့်မပြောတာက ပြင်းထန်တဲ့ အကျိုးဆက်တွေရှိတာကို ကျွန်မ မြင်ခဲ့တယ်။ ကျွန်မ တော်တော်ကြောက်သွားပြီး အခြေအနေကို ပြောင်းပစ်ဖို့ ကျွန်မ အမြန်အလုပ်လုပ်တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တာ်တချို့ကို ကျွန်မ တွေ့မိတယ်။ “သင်သည် သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်နိုင်ပြီး သိရှိနိုင်ရမည်။ ညီအစ်ကိုမောင်နှမများရှေ့တွင် သင့်ကိုယ်သင် ဖွင့်ဟပြီး ချပြရန်၊ သင်၏ အခြေအနေမှန်ကို မိတ်သဟာယဖွဲ့ပြရန် သတ္တိရှိရမည်။ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မချပြရဲလျှင်ဖြစ်စေ၊ မစိစစ်ရဲလျှင်ဖြစ်စေ၊ သင်၏ အမှားများကို ဝန်မခံရဲလျှင်ဖြစ်စေ မိမိကိုယ်ကို သိသောသူဖြစ်ဖို့ မဆိုထားနှင့်၊ သမ္မာတရားကို လိုက်စားသူပင် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်)လူတို့ မည်သည့်တာဝန်ကို ထမ်းဆောင်ကြသည်၊ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့်အရာသည် သာ၍ အရေးကြီးသနည်း- ၎င်းတို့၏ ဘဝင်မြင့်ခြင်းနှင့် မာနလော၊ သို့မဟုတ် ဘုရားသခင်၏ ဘုန်းအသရေလော။ မည်သည့်အရာကို လူတို့ ရွေးချယ်သင့်သနည်း။ (ဘုရားသခင်၏ ဘုန်းအသရေဖြစ်ပါသည်။) မည်သည့်အရာသည် သာ၍ အရေးကြီးသနည်း- သင်၏ တာဝန်ဝတ္တရားများလော၊ သို့မဟုတ် သင်၏ ကိုယ်ပိုင်အကျိုးများလော။ သင်၏တာဝန်များကို ဖြည့်ဆည်းခြင်းသည် အရေးအကြီးဆုံးသောအရာ ဖြစ်ပြီး၊ သင်သည် ထိုအရာများအတွက် တာဝန်ရှိပေသည်။...သင်သည် သမ္မာတရားစည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်သောအခါ အပြုသဘောဆောင်သော သက်ရောက်မှုရှိလိမ့်မည်ဖြစ်ပြီး ဘုရားသခင်အတွက် သင် သက်သေခံလိမ့်မည်။ ယင်းမှာ စာတန်ကို အရှက်ရစေပြီး ဘုရားသခင်အတွက် သက်သေခံသည့် နည်းလမ်းတစ်ခုဖြစ်သည်။ ဘုရားသခင်အတွက် သက်သေခံရန်နှင့် စာတန်ကို စွန့်လွှတ်ပြီး ငြင်းပယ်ဖို့ သင်၏ စိတ်ပြတ်သားမှုကို စာတန်အား မြင်စေရန် အမျိုးမျိုးသော နည်းလမ်းများကို အသုံးပြုခြင်း- ဤသည်မှာ စာတန်ကို အရှက်ရစေခြင်းနှင့် ဘုရားသခင်အတွက် သက်သေခံခြင်းဖြစ်သည်။ ဤသည်မှာ အပြုသဘောဆောင်သောအရာတစ်ခုဖြစ်ပြီး ဘုရားအလိုတော်နဲ့ ကိုက်ညီသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားကို ရယူခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ရယူခြင်းဖြစ်၏) ဘုရားနှုတ်ကပတ်တော်အတွင်းကနေ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတစ်ခုကို ကျွန်မ တွေ့တယ်။ ဘာဖောက်ပြန်ပျက်စီးမှုကို ကျွန်မ ပေါ်လွင်ပါစေ၊ ဘယ်အမှားတွေပဲ လုပ်ပါစေ ဒါတွေကို ဝန်ခံဖို့၊ ဖွင့်ပြောဖို့၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို မိတ်သဟာယဖွဲ့ပြီး စိစစ်ဖို့ ကျွန်မ သေချာရဲရင့်သင့်တယ်။ ဒါက စာတန်နဲ့ အဆက်အသွယ်ဖြတ်ဖို့၊ စာတန်ကို အရှက်ရစေဖို့ တကယ့်လုပ်ဆောင်မှုတွေကို အသုံးပြုဖို့။ ဘုရားသခင်အတွက် သက်သေခံဖို့ နည်းလမ်းပဲ။ ဒါက တကယ် နောင်တရခြင်းပဲ။ ဖွင့်ပြောပြီးတဲ့နောက်မှာ ကျွန်မရဲ့ ဘဝင်မြင့်မှု၊ မာန၊ ဂုဏ်သတင်းနဲ့ အဆင့်အတန်းက ထိခိုက်သွားသည်ဖြစ်စေ ကျွန်မ ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်သင့်တယ်။ သမ္မာတရားကို လက်တွေ့လုပ်ပြီး ဘုရားသခင်အတွက် သက်သေခံတာကို ဦးစားပေးသင့်တယ်။ အစ်မလူကို ကျွန်မ အကဲဖြတ်တာမှာ ကျွန်မက အမှန်တရားတွေကို ဆန့်ကျင်ပြီး အယောင်ဆောင်ခေါင်းဆောင်နောက်လိုက်ပြီး သူ့ကို ရှုတ်ချခဲ့တယ်။ ဒီအတွေ့အကြုံကနေ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို နည်းနည်းနားလည်လာတယ်။ ကျွန်မက ဖွင့်ပြောပြီး ညီအစ်ကိုမောင်နှမတွေရှေ့မှာ ကိုယ့်ကိုယ်ကိုယ် ချပြသင့်တယ်၊ ကျွန်မအပေါ် ဘုရားနှုတ်ကပတ်တော်က သက်ရောက်တာကို သက်သေခံသင့်တယ်ဆိုတာ ကျွန်မ သိခဲ့တယ်။ ဒါက ကျွန်မတာဝန်ပဲ။ ကျွန်မက ကိုယ့်ရဲ့ ဘဝင်မြင့်မှုနဲ့ ဂုဏ်သတင်းကို ကာကွယ်ဖို့အတွက် လူတိုင်းရှေ့မှာ ဖွင့်ပြောပြီး ကျွန်မအပေါ် ဘုရားရဲ့ ကယ်တင်ခြင်းကို သက်သေခံဖို့ ပျက်ကွက်ခဲ့ရင် ကျွန်မက စာတန်ရဲ့ လှည့်ကွက်ထဲ သက်ဆင်းပြီး ကျွန်မရဲ့ သက်သေခံချက်ကို ဆုံးရှုံးရမှာပဲ။ ပြီးတော့လည်း ကျွန်မရဲ့ ကျရှုံးမှုတွေကို ဆွေးနွေးရတာက ရှက်စရာကောင်းပြီး သက်သေခံချက်အမျိုးအစားမဟုတ်ဘူးဆိုတဲ့ ဒီအဓိပ္ပာယ်မရှိတဲ့ အယူအဆက အရင်တုန်းက ကျွန်မမှာ ရှိနေခဲ့တယ်။ နောက်ပိုင်းတော့ ကျွန်မက ကိုယ့်ရဲ့ ဘဝင်မြင့်မှုနဲ့ မာနကို လက်လွှတ်နိုင်သရွေ့၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရဲ့ ချည်နှောင်ခြင်းမခံရသရွေ့ ကျွန်မရဲ့ ကျရှုံးမှုအတွေ့အကြုံနဲ့ပတ်သက်ပြီး မိတ်သဟာယမှာ ဖွင့်ပြောပြီး တကယ် နောင်တရသရွေ့ ဒါက တကယ်ကို သက်သေခံချက်အမျိုးအစားဖြစ်တယ်ဆိုတာ ကျွန်မ နားလည်သွားတယ်။ ဒါတွေအားလုံးကို ကျွန်မ သဘောပေါက်သွားတာနဲ့ ကျွန်မရဲ့ စိုးရိမ်မှုတွေအားလုံး ပျောက်သွားတယ်။

အဲဒီနောက်မှာ ကျွန်မရဲ့ အတွေ့အကြုံအကြောင်းကို လူတိုင်းကို မိတ်သဟာယမှာ ဖွင့်ပြောခဲ့တယ်။ ကျွန်မ အံ့သြသွားရတာက ညီအစ်ကိုမောင်နှမတွေကပြောတယ်။ “အစ်မအတွေ့အကြုံကို ကြားပြီးတဲ့နောက်မှာ ကျွန်တော်တို့က အစ်မကို မကောင်းမထင်ပါဘူး။ ကျွန်တော်တို့လည်း ဒီလို ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားမျိုးကို ခဏခဏ ဖွင့်ပြတာပဲ။ ဒါပေမဲ့ ကျွန်တော်တို့က ချက်ချင်း သတိမထားမိလေ့ရှိပြီး လျစ်လျူရှုလိုက်ကြတယ်။ အစ်မက ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ ဖွင့်ပြခြင်းကတစ်ဆင့် ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးမှုကို သိမြင်ပြီး သူ့ရဲ့အနှစ်သာရကို နားလည်သွားတာက ကျွန်တော်တို့ကို စိတ်ဓာတ်မြှင့်တင်ပေးတယ်” တဲ့။ နောက်ပိုင်းမှာ ညီအစ်ကိုမောင်နှမတွေက ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်နဲ့ပတ်သက်ပြီး ကျွန်မနဲ့အတူ မိတ်သဟာယဖွဲ့ကြတယ်။ လူတွေကို အရှိအတိုင်း အကဲမဖြတ်ခြင်းရဲ့ အကျိုးဆက်တွေကို ကျွန်မပိုပြီးနားလည်သွားအောင် သူတို့ ကူညီပေးကြတယ်။ လူတွေကို အရှိအတိုင်း အကဲမဖြတ်တာက သူတို့ကို မှားယွင်းပြီး စွပ်စွဲတာ၊ ဖယ်ကြဉ်တာ၊ ဖိနှိပ်တာပဲ။ လူတစ်ယောက်ကို ထင်ရာမြင်ရာ ရှုတ်ချပြီး ဒါကြောင့် သူက အပျက်သဘောဆောင်လာရင် ဒါမှမဟုတ် အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်က လူတစ်ယောက်ကို အပြစ်ပေးဖို့အတွက် အခြေပြုချက်တွေအဖြစ် ဒီရှုတ်ချမှုကို အသုံးပြုပြီး သူ့တာဝန်ကို ဆက်ပြီးမလုပ်နိုင်ဖြစ်သွားစေရင် ဒါက အဲဒီလူကို ထိခိုက်ရုံတင်မကဘဲ ပြင်းထန်တဲ့အမှုတွေမှာဆိုရင် သူ့ကို ပျက်စီးသွားတာတောင် ဖြစ်စေနိုင်တယ်။ လူတွေကို အကဲဖြတ်တဲ့အခါမှာ ဘယ်စည်းမျဉ်းတွေကို လက်တွေ့လုပ်ရမယ်ဆိုတဲ့အပေါ်လည်း ကျွန်မ ရှင်းရှင်းလင်းလင်း နားလည်သွားတယ်။ နောက်ပိုင်းမှာ အစ်မလူက ဒါတွေအားလုံးကို သိသွားတော့ ကျွန်မကို မကောင်းမမြင်ပါဘူး။ ကျွန်မက သူ့ကို မေးခွန်းတွေသွားမေးရင် အရင်ကလိုပဲ ကျွန်မကို ရိုးရိုးသားသား ဖြေပေးတယ်။ ရလဒ်အနေနဲ့ ဘုရားအိမ်တော်က ကျွန်မကို တာဝန်ပြောင်းမပေးဘူး၊ ထုတ်မပစ်ဘူး။ ဒီရလဒ်တွေက ကျွန်မရဲ့ နဂိုက အယူအဆတွေ၊ စိတ်ကူးတွေကို ပြောင်းပြန်လှန်ပစ်လိုက်တယ်။ ကျွန်မ အရမ်းကို ရှက်မိတယ်။ ဒါတွေအားလုံးက ဘုရားရဲ့ သစ္စာရှိခြင်းနဲ့ ဖြောင့်မတ်ခြင်းကို ကျွန်မကို ပိုပြီး သတိထားမိစေတယ်။ ဘုရားနှုတ်ကပတ်တော်နဲ့အညီ လက်တွေ့လုပ်သရွေ့ လမ်းကြောင်းတစ်ခုရှိမှာပဲ။ ကျေးဇူးတော်ပါပဲ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်မရဲ့ရွေးချယ်မှု

၂၀၁၂ မတ်လတုန်းက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိတရားကို ကျွန်မအမေက ကျွန်မကိုမျှဝေခဲ့တယ် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို...

ရိုးရာအကျင့်သီလများကို လက်ခံလိုက်နာသင့်ပါသလား

ရှောင်ရှန့် ပြင်သစ်နိုင်ငံ ကျွန်မ မူလတန်းကျောင်းတုန်းက ကျွန်မအပေါ် တော်တော်သက်ရောက်သွားတဲ့ စာတစ်ခုရှိတယ်။ သစ်တော်သီးလက်ဆောင်ပေးတဲ့...

၉၆။ ယုံကြည်သူအသစ်များကို ရေလောင်းခြင်းမှ- ရသည့် သင်ခန်းစာတစ်ခု

ရေချန်း တရုတ်နိုင်ငံ ဤနှစ်ဇန်နဝါရီတွင် အသင်းတော်၌ ကျွန်မ လူသစ်နှစ်ဦးကို ရေလောင်းနေခဲ့သည်။ အစ်မရန်ဂျီးနှင့် သူ့အမျိုးသားတို့ဖြစ်ပါသည်။...

မာနထောင်လွှားသော စိတ်သဘောထားတစ်ခု ပြောင်းလဲခြင်း

ရှောင်ဖန် တရုတ်နိုင်ငံ ၂၀၁၉ ဩဂုတ်လမှာ ကျွန်မ ဗီဒီယိုထုတ်လုပ်ရေးတာဝန်ကို ယူခဲ့ပြီး အလုပ်မှာ ကြီးကြပ်ရတယ်။ အဲဒီအချိန်မှာအဖွဲ့ထဲက ဘယ်သူမဆိုထက်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။