မိတ်သဟာယက ပွင့်လင်းမှုရှိရမည်

22.05.2022

ဂျူလီယာ ပိုလန်နိုင်ငံ

၂၀၂၁ နှစ်စတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်မလက်ခံခဲ့သည်။ အစည်းအဝေးများကို ကျွန်မတက်တက်ကြွကြွ တက်ခဲ့ပြီး ဘုရားနှုတ်ကပတ်တော်ကို ဖတ်ခဲ့၏၊ နှစ်လကျော် ကြာပြီးသည့်နောက်တွင် ရေလောင်းသင်းထောက်အဖြစ် ကျွန်မရွေးကောက်တင်မြှောက်ခံခဲ့ရသည်။ ကျွန်မတို့၏ တာဝန်များတွင် ကြုံရသည့် ပြဿနာများနှင့် အခက်အခဲများကို ဆွေးနွေးရန်၊ အဘယ်အရာများကို ကျွန်မတို့ရရှိခဲ့ကြောင်း၊ အဘယ်ဖောက်ပြန်ပျက်စီးခြင်းကို ကျွန်မတို့ ဖော်ထုတ်ခဲ့ကြောင်း၊ ယင်းကို ဘုရားနှုတ်ကပတ်တော်မှတစ်ဆင့် မည်သို့သုံးသပ်ပြီး နားလည်ခဲ့ကြောင်းတို့ကို ဆွေးနွေးရန် စနေ၊ တနင်္ဂနွေနေ့တိုင်းတွင် သင်းထောက်အစည်းအဝေးများ ပြုလုပ်ခဲ့ကြ၏။ အစည်းအဝေးမတိုင်ခင်တိုင်း ကျွန်မသည် အသင်းတော်ခေါင်းဆောင်များနှင့် အခြားသင်းထောက်များကို မည်သည့်အရာပြောရမည်မှန်း မသိသဖြင့် အင်မတန် ရင်ထိတ်ပြီး အချိန်အကြာကြီး စဉ်းစားရသည်။ ကျွန်မအပေါ် အခြားလူများ မကောင်းမြင်သွားမည်စိုး၍ ကျွန်မ၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် အားနည်းချက်များကို ထုတ်ပြောဖို့ ကျွန်မစိုးရိမ်ခဲ့၏။ ဥပမာအနေနှင့် ပြောရလျှင် လူသစ်များကို ကျွန်မစရေလောင်းသည်မှာ မကြာသေးပါ။ များများစားစား ကျွန်မမသိသကဲ့သို့ အတွေ့အကြုံလည်း မရှိပါ။ လူသစ်များက ကျွန်မကို မနှစ်သက်ကြမည့်အဖြစ်၊ သူတို့ကို ကောင်းကောင်း ရေမလောင်းပေးနိုင်ဟု ထင်ကြမည့်အဖြစ်ကို စိတ်ပူခဲ့၏၊ ထို့ကြောင့် ဤတာဝန်ကို ကျွန်မမလိုချင်တော့ဘဲ ဖြစ်သွားခဲ့သည်။ သို့သော် သင်းထောက်အစည်းအဝေးတွင် ကျွန်မ၏ အခြေအနေကို ဖွင့်မပြောချင်ခဲ့ပါ၊ ဖွင့်ပြောလိုက်လျှင် လူသစ်များနှင့် မိတ်သဟာယပြုနိုင်စွမ်း ကျွန်မ၌ မရှိဟု ကျွန်မ၏ညီအစ်ကိုမောင်နှမများ ထင်သွားကြမည်ကို ကျွန်မစိုးရိမ်ခဲ့သောကြောင့် ဖြစ်သည်။ ထို့အပြင် လူသစ်အချို့နှင့်ပတ်သက်၍လည်း ကျွန်မစိတ်မရှည်သကဲ့သို့ ထိုကိစ္စကို မပြောချင်ခဲ့ပါ။ ပြောပြလိုက်ပါက ကျွန်မတွင် လူ့သဘာဝဆိုးရှိသည်ဟု သူတို့ထင်သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ သို့သော် အစည်းအဝေးတွင် ဘာတစ်ခုမျှ ကျွန်မမပြောလျှင်လည်း အခြားလူများထက် ကျွန်မက စွမ်းဆောင်ရည် လျော့နည်းသည်ဟု သူတို့ထင်ကောင်း ထင်ကြလိမ့်မည်ဖြစ်၏။ ကိုယ့်ကိုယ်ကိုယ် အရှက်ရအောင်၊ ကျွန်မအပေါ် သူတို့အထင်သေးအောင် ကျွန်မမလုပ်ချင်ပါ။ ထိုအကြောင်းကို တွေးပြီးသည့်နောက် မဆိုင်သည့်အရာ၊ သိပ်ရှက်စရာမကောင်းသည့်အရာ တစ်ခုခုကို ပြောရန် နောက်ဆုံးတွင် ကျွန်မဆုံးဖြတ်လိုက်သည်။ ကျွန်မက ပျင်းသည်ဟူသည့် အရာမျိုးဖြစ်၏၊ ယင်းက လူအများစု၌ ရှိသည့် ပြဿနာတစ်ခုပင်။ ထိုသို့ဆိုလျှင် ကျွန်မက အခြားသူများထက် နိမ့်ကျသည့်ပုံ ပေါ်တော့မည် မဟုတ်ပေ။

ဤသို့ဖြင့် အစည်းအဝေး၌ ထိုအချိန်အတွင်းက ကျွန်မ၏ အတွေ့အကြုံများအကြောင်းအပြင် ကျွန်မ၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများနှင့် ပတ်သက်၍ မည်သည့်အသိပညာ ရခဲ့ကြောင်းကို အသင်းတော် ခေါင်းဆောင်က မေးလာသည့်အခါ စီစဉ်ထားသည့်အတိုင်း ကျွန်မမိတ်သဟာယပြုလိုက်၏။ ပြီးသွားသည့်အခါ ကျွန်မစိတ်အေးလက်အေး သက်ပြင်းချလိုက်သော်လည်း အမှန်တရားကို ကျွန်မမပြောခဲ့သကဲ့သို့ ကျွန်မလုပ်ခဲ့သည့်အရာက ဘုရားအလိုတော်နှင့် မညီကြောင်း သိသဖြင့် ကျွန်မဘဝင်မကျ ဖြစ်ခဲ့ရသည်။ သခင်ယေရှု၏ နှုတ်ကပတ်တော်များကို ကျွန်မတွေးမိ၏။ “သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့။ ဤထက် လွန်သော စကားသည် မကောင်းသောအရာနှင့် စပ်ဆိုင်ပေ၏။” (ရှင်မဿဲခရစ်ဝင် ၅:၃၇) “ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ပြောင်းလဲ၍ သူငယ်ကဲ့သို့မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့ မရောက်ရကြ။” (ရှင်မဿဲခရစ်ဝင် ၁၈:၃) ဘုရားသခင်ပြောထားသည့် အရာကို တွေးမိသည့်အခါ အင်မတန် အပြစ်ရှိသကဲ့သို့ ကျွန်မခံစားခဲ့ရသည်။ မုသားများက စာတန်ထံမှ လာပြီး ဆိုးယုတ်၏။ ဘုရားသခင်သည် ရိုးသားသည့်လူများကို ချစ်ပြီး ရိုးသားသူများကသာ ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်နိုင်သည်။ မုသားဆိုသူများနှင့် သူတော်ကောင်း အယောင်ဆောင်သူများက ဘုရားသခင်၏နိုင်ငံတော်ထဲ မဝင်ရောက်နိုင်ပါ။ ထိုသို့သောလူများသည် ဘုရား၏ မုန်းတီးခြင်းကို ခံရပြီး နောက်ဆုံးတွင် ဘုရား၏ ဖယ်ရှင်းခြင်းကို သေချာပေါက် ခံကြရမည်ဖြစ်သည်။ ကျွန်မအလွန်စိတ်မချမ်းမသာ ဖြစ်သွားကာ ဘုရား၏ စက်ဆုပ်ရွံရှာခြင်း ခံရမည်ကို ကြောက်ခဲ့၏။ ဘုရားထံ ဆုတောင်းပြီး ရိုးသားသည့် လူတစ်ဦးဖြစ်ဖို့ ကျွန်မကို လမ်းပြပေးပါရန် တောင်းလျှောက်ခဲ့သည်။ နောက်အစည်းအဝေးတွင် အမှန်တရားကို ပြောပြီး ကျွန်မ၏ ဖောက်ပြန်ပျက်စီးခြင်းအကြောင်း ဖွင့်ပြောဖို့ စိတ်ပိုင်းဖြတ်လိုက်၏။ သို့သော် အချိန်ကျလာသည့်အခါ ပြောဖို့ရန် သတ္တိမရှိသေးဘဲ ဖြစ်နေခဲ့သည်။ ကျွန်မ၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် အားနည်းချက်များအကြောင်း ပြောလိုက်လျှင် ညီအစ်ကိုမောင်နှများက သူတို့ထက် ကျွန်မပိုဖောက်ပြန်ပျက်စီးသည်ဟု ထင်သွားကြမည်ကို ကျွန်မစိုးရိမ်ခဲ့သည်။ အမှန်တရားကို ပြောဖို့ရန်မှာ ခက်လွန်းလှသည်ဟု ခံစားခဲ့ရပြီး ထိုအကြောင်းကြောင့် သင်းထောက် အစည်းအဝေးများကို မတက်ချင်စိတ်ပင် ပေါက်သွားခဲ့သည်။ သို့သော် အဘယ်ကြောင့် ကျွန်မမလာသနည်းဟု ကျွန်မအား ညီအစ်ကိုမောင်နှမများ မေးကြမည်ကိုလည်း စိုးရိမ်မိပြန်သေး၏၊ ထိုသို့ဆိုလျှင် မည်သည့်အရာ ပြောရမည်မှန်း ကျွန်မသိမည် မဟုတ်ပါ။ ပိုတွေးလေလေ၊ ပိုစဉ်းစားရကျပ်ပြီး စိတ်ဆင်းရဲရလေလေ ဖြစ်သည်။ မည်သည့်အရာ လုပ်ရမည်မှန်း ကျွန်မမသိခဲ့ပါ။ အစည်းအဝေးတစ်ခုတွင်ဆိုလျှင် ညီအစ်ကိုမောင်နှမများက သူတို့၏ အတွေ့အကြုံများနှင့် အသိပညာအကြောင်းကို ပုံမှန်အတိုင်း မိတ်သဟာယပြုနေကြ၏။ ကျွန်မကမူ မည်သည့်အရာကို ပြောရမည်မှန်း လုံးဝ မသိသဖြင့် ဤအတိုင်းသာ တိတ်တဆိတ် နားထောင်နေခဲ့သည်။ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်မိသွား၏။ ကျွန်မသည် အမြဲပင် ကိုယ့်ကိုယ်ကိုယ် ဟန်ဆောင်ပြီး သမ္မာတရားကို လက်တွေ့လုပ်ရန်လည်း အကြိမ်ကြိမ်ပင် ပျက်ကွက်ခဲ့သည်။ ရိုးသားသည့် စကားတစ်လုံးမျှပင် မပြောနိုင်ခဲ့ပါ။ စိတ်ဆင်းရဲလွန်း၍ ဤအခြေအနေမှ လွတ်အောင် ကျွန်မကို ဦးဆောင်ပေးပါရန် တောင်းလျှောက်ရင်း ဘုရားသခင်ထံ ကျွန်မဆုတောင်းခဲ့သည်။

နောက်ပိုင်းတွင် ဤဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ဖတ်ခဲ့ရသည်။ “ယင်းမှာ မည်သည့်ပြဿနာပင်ဖြစ်ပါစေ ဖြစ်ပေါ်လာသည့် မည်သည့်ပြဿနာကိုမဆို ဖြေရှင်းဖို့ သင် သမ္မာတရားကို ရှာဖွေရမည်ဖြစ်ပြီး မည်သည့်နည်းလမ်းနှင့်မျှ သင်ဟန်မဆောင်ရ၊ သို့မဟုတ် အခြားသူများအတွက် အယောင်ဆောင်မလှည့်စားရ။ သင်၏အားနည်းချက်များ၊ သင်၏ချို့ယွင်းချက်များ၊ သင်၏အမှားများ၊ သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ— ယင်းတို့အားလုံးနှင့်ပတ်သက်၍ လုံးဝ ပွင့်ပွင့်လင်းလင်းရှိပြီး မိတ်သဟာယပြုလော့။ ယင်းတို့ကို အတွင်း၌ မသိမ်းထားနှင့်။ သင့်ကိုယ်သင် မည်သို့ဖွင့်ဟဖို့ကို သင်ယူခြင်းသည် သမ္မာတရားသို့ ဝင်ရောက်ခြင်း၏ ပထမခြေလှမ်းဖြစ်ပြီး၊ ယင်းမှာ အောင်နိုင်ဖို့ အခက်ဆုံးဖြစ်သည့် ပထမဆုံး အခက်အခဲတစ်ခုဖြစ်သည်။ ယင်းကို သင်အောင်နိုင်ပြီးသည်နှင့်၊ သမ္မာတရားကို ဝင်ရောက်ခြင်းသည် လွယ်ကူပေသည်။ ဤခြေလှမ်းကို လှမ်းခြင်းက အဘယ်သဘောကို ဆောင်သနည်း။ ယင်းက သင်၏စိတ်နှလုံးကို ဖွင့်ပြီး ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ အပြုသဘောဆောင်သည်ဖြစ်စေ၊ အပျက်သဘောဆောင်သည်ဖြစ်စေ သင်၌ရှိသမျှ အားလုံးကို ပြခြင်းကို ဆိုလိုလေသည်။ ဘုရားသခင်ထံမှ မည်သည့်အရာမျှ မကွယ်ဝှက်ဘဲ၊ မည်သည့်အရာမျှ မဖုံးကွယ်ဘဲ၊ လှည့်စားမှုနှင့် လှည့်ကွက်ကင်းကာ၊ အခြားသူများကို အလားတူ ပွင့်လင်းပြီး ရိုးသားရင်း၊ အခြားသူများနှင့် ဘုရားသခင် မြင်ဖို့ရာ သင့်ကိုယ်သင် ထုတ်ဖော်ပြခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် အလင်းတွင် အသက်ရှင်ပြီး ဘုရားသခင်က သင့်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးမည်သာမက၊ အခြားသူများကလည်း သင်သည် အခြေခံသဘောတရားနှင့်အညီ၊ ပွင့်လင်းမြင်သာသည့် အတိုင်းအတာတစ်ခုဖြင့် ပြုမူကြောင်း မြင်နိုင်လိမ့်မည်။ သင်၏ ဂုဏ်သတင်း၊ ပုံရိပ်နှင့် အဆင့်အတန်းတို့ကို ကာကွယ်ရန် မည်သည့်နည်းလမ်းများကိုမျှ အသုံးပြုရန် မလိုသကဲ့သို့ သင်၏ အမှားများကို ဖုန်းကွယ်ရန်၊ သို့မဟုတ် ဟန်ဆောင်ရန်လည်း မလိုအပ်ပေ။ ဤအသုံးမဝင်သော အားစိုက်ထုတ်မှုများကို သင် ဆောင်ရွက်ရန် မလိုပေ။ ဤအရာများကို သင် လက်လွှတ်နိုင်ပါက သင်သည် အလွန်ပင် သက်သောင့်သက်သာဖြစ်လိမ့်မည်။ လုံးဝ ပင်ပန်းမည်မဟုတ်ပေ။ ပြီးလျှင် သင်သည် အလင်းတွင်သာ လုံးဝ အသက်ရှင်လိမ့်မည်။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူတို့သာ ဘုရားသခင်ကို ကြောက်ရွံ့ကြသော သူများ ဖြစ်သည်”) မိမိ၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသည့် အခြေအနေများကို လုံးဝ မဖုံးဖိသင့်ကြောင်း ဘုရားနှုတ်ကပတ်တော်မှ ကျွန်မနားလည်ရသည်။ ကျွန်မတို့အနေနှင့် ယင်းတို့ကို ဘုရားရှေ့ ယူလာပြီး ဆုတောင်းသင့်၏၊ သုံးသပ်သင့်၏၊ မိမိကိုယ်ကို နားလည်ဖို့ ကြိုးစားသင့်သည့်အပြင် သမ္မာတရားကို ရှာဖွေရန် ညီအစ်ကိုမောင်နှမများအား ကျွန်မတို့၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖော်ထုတ်ပြဖို့ ကျွန်မတို့၏ စိတ်နှလုံးများကို ဖွင့်ဟသင့်သည်။ ဤအရာက ကျွန်မတို့အား ကိုယ့်ကိုယ်ကိုယ် ပိုနားလည်ဖို့ ကူညီပေးမည်ဖြစ်ပြီး ကျွန်မတို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ဖြေရှင်းဖို့ ကူညီပေးမည်ဖြစ်၏။ သို့သော် မိမိ၏သိက္ခာကို ထိန်းသိမ်းဖို့အတွက် ကျွန်မသည် မိမိ၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် အခက်အခဲများကို ဖွင့်ဟဖို့ မလိုလားခဲ့သကဲ့သို့ ညီအစ်ကိုမောင်နှမများနှင့်လည်း သမ္မာတရားကို မရှာဖွေချင်ခဲ့ပါ။ ကျွန်မကို မည်သူမျှ မရိပ်မိလေအောင် မိမိစိတ်နှလုံးကို အစဉ်ဖုံးမြဲဖုံးထားခဲ့သည်၊ သို့သော် အမှောင်ထဲ အသက်ရှင်ရာတွင် လွတ်မြောက်မှုကို မရှာတွေ့ခဲ့ပါ။ ဤသို့ ဆက်နေသွား၍ မဖြစ်တော့ကြောင်း၊ ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်သင့်ကြောင်း၊ ညီအစ်ကို မောင်နှမများအား မိမိအခြေအနေကို ဖွင့်ပြောပြီး သူတို့၏ အကူအညီကို ရှာသင့်ကြောင်း ကျွန်မသဘောပေါက်လိုက်၏။ အစည်းအဝေး ပြီးသွားသည့် အချိန်မှာပင် ညီအစ်မတစ်ယောက်က သူ၏ လတ်တစ်လော အတွေ့အကြုံအကြောင်း ပြောဆိုဖို့ ကျွန်မအနားကို ရောက်လာသည်။ ဤသည်မှာ ဖွင့်ပြောပြီး သမ္မာတရားကို ရှာဖွေဖို့ အခွင့်အရေးကောင်းပင် ဖြစ်သည်ဟု ကျွန်မတွေးမိသော်လည်း သူကျွန်မအား မည်သို့ထင်မည်ကို မသိ၍ နည်းနည်း ရှက်နေမိတုန်းပင် ဖြစ်သည်။ ကျွန်မသည် အလွန်မရိုးသားသော လူတစ်ယောက် ဖြစ်သည်ဟု သူပြောမည်ကို စိုးရိမ်ခဲ့၏။ ထို့ကြောင့် ဘုရားသခင်ထံ ကျွန်မဆုတောင်းလိုက်သည်၊ “ဘုရားသခင်၊ ကျွန်မကိုယ်ကျွန်မ မဖုံးကွယ်ချင်တော့ပါဘူး။ ကျွန်မရဲ့ အတွေးစစ်စစ်တွေကို မကွယ်ဝှက်ချင်တော့ပါဘူး။ ကျွန်မပင်ပန်းလွန်းနေပါပြီ။ ဘုရားသခင်၊ ရိုးသားတဲ့လူတစ်ယောက် ကျွန်မဖြစ်ချင်ပါတယ်။ ကျွန်မကို လမ်းပြပေးတော်မူပါ” ဟုဖြစ်သည်။ ဆုတောင်းပြီးသည့်နောက် အစည်းအဝေး၌ ကျွန်မဖွင့်မပြောရဲခဲ့သည့် အရာအားလုံးကို ထိုညီအစ်မထံ ပြောပြလိုက်၏။ ပြောပြီးသွားသည့်အခါ ကျွန်မအင်မတန် စိတ်သက်သာရာရသွားသည်။ ထိုညီအစ်မက သူ၏ သိနားလည်မှုကို ကျွန်မအား ဝေမျှပေးခဲ့ပြီး ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ပို့ပေးခဲ့သည်။ “လှည့်စားသောသူတစ်ယောက်၏ အဓိက ထူးခြားသော ပင်ကိုလက္ခဏာမှာ မည်သူတစ်ဦးတစ်ယောက်နှင့်မျှ မိတ်သဟာယဖွဲ့ဖို့ ၎င်းတို့၏ စိတ်နှလုံးကို လုံးဝ မဖွင့်ဟခြင်းနှင့် ၎င်းတို့၏ အရင်းနှီးဆုံးသူငယ်ချင်းကိုပင် စိတ်နှလုံးထဲတွင်ရှိသည့်အတိုင်း မပြောခြင်းဖြစ်ပေသည်။ ၎င်းတို့သည် သာမန်ထက်ထူးကဲစွာ နားလည်ရန်ခက်သည်။ ဤသို့သောသူသည် သေချာပေါက် အသက်ကြီးသူဖြစ်ပေမှ ဖြစ်မည်၊ သို့မဟုတ် လောကီအရေးကိစ္စများတွင် နက်နဲစွာ ပါဝင်ပတ်သက်နေခြင်းလည်း ဟုတ်ချင်မှ ဟုတ်ပေမည်။ အတွေ့အကြုံအနည်းငယ်ပင် ရှိနိုင်သည်။ သို့တိုင်အောင် ၎င်းတို့သည် နားလည်ရခက်ခဲသည်။ ဤသည်မှာ သဘာဝအားဖြင့် လှည့်စားတတ်သောသူမဟုတ်လော။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အလွန်အမင်းဖုံးကွယ်ပြီး မည်သူကမျှ ၎င်းတို့ကို မရိပ်စားမိနိုင်ပေ။ စကားလုံးမည်မျှကို ၎င်းတို့ပြောသည်ဖြစ်စေ၊ မည်သည်စကားကမှန်ပြီး မည်သည့်စကားက မှားသည်ဟုပြောဆိုရန် ခက်ခဲသည်။ မည်သည့်အချိန်တွင် ၎င်းတို့က အမှန်အတိုင်းပြောသည်၊ သို့မဟုတ် မည်သည့်အချိန်တွင် လိမ်ညာနေသည်ကို မည်သူကမျှ မသိပေ။ ထို့အပြင် ၎င်းတို့သည် အယောင်ဆောင်ခြင်းနှင့် တစ်ပတ်ရိုက်ခြင်းတို့တွင် အထူးသဖြင့် ကျွမ်းကျင်သည်။ ၎င်းတို့သည် လူတို့ကို မှားယွင်းသောအမြင်များ ပေးခြင်းအားဖြင့် အမှန်ကို မကြာခဏ ဖုံးကွယ်ကြသည်။ ဤနည်းအားဖြင့် လူတို့မြင်သမျှမှာ ၎င်းတို့၏ အယောင်ဆောင် အသွင်အပြင်သာဖြစ်ဖို့ရန်အတွက် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မြင့်မြတ်သော၊ သူတော်ကောင်းဖြစ်သော၊ မွန်မြတ်သော၊ မာယာကင်းသောလူတစ်ယောက်၊ နှစ်သက်ခြင်းနှင့် လက်ခံခြင်းခံရသော လူတစ်ယောက်အဖြစ် အယောင်ဆောင်ကြသည်။ အဆုံးတွင် လူတိုင်းက ၎င်းတို့ကို လေးစားပြီး အထင်ကြီးကြသည်။ ဤသို့သောသူတစ်ယောက်နှင့် သင်မည်မျှ အချိန်ကုန်ဆုံးပါစေ ထိုသူစဉ်းစားနေသည့်အရာကို သင် မည်သည့်အခါမျှ မသိပေ။ လူများ၊ အရေးကိစ္စများ၊ အမှုအရာများအားလုံးအပေါ် ၎င်းတို့၏ အမြင်များနှင့် သဘောထားများသည် ၎င်းတို့၏ စိတ်နှလုံးတွင် ဖုံးကွယ်ထားသည်။ ၎င်းတို့သည် ဤအရာများကို မည်သူ့ကိုမျှ လုံးဝ မပြောကြပေ။ ၎င်းတို့၏ အနီးကပ်ဆုံး အတွင်းရေးများကိုပြောပြသူကိုပင် ဤအရာများကို လုံးဝ မိတ်သဟာယမဖွဲ့ပေ။ ဘုရားသခင်ကို ၎င်းတို့ ဆုတောင်းသောအခါ ၎င်းတို့၏ စိတ်နှလုံးတွင်ရှိသည့်အရာကို၊ သို့မဟုတ် ၎င်းတို့ အမှန်တကယ်ထင်သည့်အရာကိုပင် ရင်ဖွင့်ပြောဆိုခြင်းမရှိပေ။ ထိုအရာမျှသာမကဘဲ ၎င်းတို့သည် မိမိတို့ကိုယ်ကို လူ့သဘာဝရှိသော လူတစ်ယောက်အဖြစ်၊ အလွန် ဝိညာဉ်ရေးရာပြည့်ဝပြီး သမ္မာတရားကိုလိုက်စားခြင်းတွင် စိတ်နှစ်မြုပ်ထားသော သူအဖြစ် အယောင်ဆောင်ဖို့ ကြိုးစားကြသည်။ ၎င်းတို့တွင် မည်သို့သော စိတ်သဘောထားမျိုးရှိသည်၊ မည်သို့သောလူစားမျိုး ဖြစ်သည်တို့ကို မည်သူကမျှ မမြင်နိုင်ပေ။ ဤသည်မှာ လှည့်စားသောသူ၏ ထူးခြားသော ပင်ကိုလက္ခဏာဖြစ်သည်။” (အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ကြ၊ ထို့ပြင် ခရစ်တော်၏ အဖြစ်အနေကို ငြင်းပယ်ကြ၏ (အပိုင်း ၁)”) လှည့်ဖြားတတ်သည့်လူများသည် အခြားလူများနှင့် စိတ်ရင်းမှန်မှန် စကားမပြောသကဲ့သို့ သူတို့၏ အခြေအနေမှန်ကိုလည်း အခြားသူများအား ဖွင့်မပြောမှန်း ဘုရားနှုတ်ကပတ်တော်မှ ကျွန်မသဘောပေါက်သွားသည်။ ထိုအစား သူတို့သည် ကိုယ့်ကိုယ်ကိုယ် မကြာခဏ ဖုံးကွယ်ပြီး ဟန်ဆောင်ကြ၏။ ကျွန်မသည် ဘုရားသခင် ထုတ်ဖော်ပြသကဲ့သို့ အတိအကျဖြစ်နေမှန်း တွေ့ခဲ့ရ၏။ ရေလောင်းသင်းထောက် ဖြစ်လာကတည်းက ကျွန်မတွင် ချို့ယွင်းချက်များစွာ ရှိသကဲ့သို့ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများစွာကိုလည်း ကျွန်မဖော်ထုတ်ခဲ့ပြီး လူသစ်များအတွက် ချစ်ခြင်းနှင့် စိတ်ရှည်သည်းခံခြင်းတို့ ကျွန်မထံ၌ မရှိခဲ့ကြောင်းကို တွေ့ရသည်။ ကျွန်မ၏ စိတ်နှလုံးကို ဖွင့်ဟပြီး ဤပြဿနာများအတွက် အဖြေများကို မိမိ၏ ညီအစ်ကိုမောင်နှမများနှင့် ရှာဖွေရန် လိုအပ်ခဲ့၏။ သို့သော် အမှန်တရားကို ကျွန်မပြောလိုက်လျှင် သူတို့က ကျွန်မကို အထင်သေးပြီး နိမ့်ကျသည်ဟု မြင်မည်ကို စိုးရိမ်ခဲ့သည်၊ ထို့ကြောင့် ကျွန်မ၏ တကယ့်အခြေအနေကို သူတို့အား မပြောပြချင်ခဲ့ပါ။ အရေးကြီးသည့် အရာများကို ရှောင်ပြီး အရေးမပါသည့် အရာများ၊ သို့မဟုတ် လူများစွာ၌ ရှိသည်ဟု ကျွန်မခံစားမိသည့် ပြဿနာများကိုသာ သူတို့အား ပြောပြခဲ့၏။ ကျွန်မ၏ ဉာဉ်ဆိုးနှင့် အတွင်းကျဆုံး အတွေးများကို ကွယ်ဝှက်ဖို့ ထိုသို့လုပ်ခဲ့ခြင်း ဖြစ်သည်။ ကျွန်မအပေါ် အခြားလူများ အမြင်ကောင်းစေရန် ကိုယ့်ကိုယ်ကိုယ် ဟန်ဆောင်ပြီး မှားယွင်းသည့် ထင်မြင်ချက် ပေးခဲ့၏။ မိမိ၏ ညီအစ်ကိုမောင်နှမများကို ကျွန်မလှည့်ဖြားနေခဲ့ခြင်း ဖြစ်သည်။ ကျွန်မသည် အင်မတန် ကောက်ကျစ်ပြီး ကြောင်သူတော်ဆန်ခဲ့ပါ၏။

နောက်ပိုင်း၌ ကျွန်မညီအစ်မက ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ပို့ပေးခဲ့သည်။ “အမှန်တကယ်တွင် လူတို့အားလုံးသည် ၎င်းတို့က အဘယ်ကြောင့် မုသားများကို ပြောဆိုကြသည်ကို သိကြသည်။ ယင်းသည် ၎င်းတို့၏ အကျိုးစီးပွား၊ ဂုဏ်သိက္ခာ၊ မာန်မာနနှင့် အဆင့်အတန်းအတွက်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို သူတစ်ပါးတို့နှင့် နှိုင်းယှဉ်ရာတွင် မိမိတို့၏လုပ်နိုင်ရည်စွမ်းထက် ကြိုးစားဆောင်ရွက်ကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့၏ မုသားများကို အခြားသူများက မြင်သာပြီး ရိပ်စားမိကြကာ၊ အကျိုးဆက်မှာ မျက်နှာပျက်ရပြီး၊ သိက္ခာကျကာ၊ ဂုဏ်မဲ့ရလေသည်။ ဤသည်မှာ အလိမ်အညာများလွန်းခြင်း၏ ရလဒ်ဖြစ်သည်။ သင်သည် အလွန် လိမ်ညာသည့်အခါတွင်၊ သင်ပြောသမျှ စကားတိုင်းသည် ညစ်ညမ်းနေသည်။ ယင်းမှာ အမှားချည်းသာဖြစ်ပြီး၊ ယင်းတို့ထဲမှ တစ်ခုမျှသည် မမှန်ကန်နိုင်ပေ၊ သို့မဟုတ် အဖြစ်မှန် မဟုတ်နိုင်ပေ။ သင်လိမ်သည့်အချိန်တွင် သင်မျက်နှာမပျက်ရသော်ငြားလည်း၊ သင်၏စိတ်ထဲတွင် ရှက်ဖွယ်ကောင်းသည်ဟု ခံစားနှင့်ပြီးဖြစ်သည်။ သင်၏ အသိစိတ်က သင့်ကို အပြစ်တင်သည်ကို သင်ခံစားရလိမ့်မည်၊ ပြီးလျှင် သင်သည် သင့်ကိုယ်သင် ရွံရှာပြီး အထင်သေးလိမ့်မည်။ ‘ငါသည် အဘယ်ကြောင့် အလွန် သနားဖွယ်ကောင်းစွာ အသက်ရှင်နေသနည်း။ ရိုးသားသည့်အရာတစ်ခုပြောဖို့ အမှန်တကယ် အလွန် ခက်ခဲသလော။ ဂုဏ်သိက္ခာသက်သက်အတွက် ငါဤမုသားများကို ပြောဖို့လိုသလော။ ဤနည်းလမ်းဖြင့် အသက်ရှင်ရသည်မှာ အဘယ်ကြောင့် အလွန် ပင်ပန်းလှသနည်း’ သင်သည် မပင်ပန်းသော နည်းလမ်းတစ်ခုဖြင့် အသက်ရှင်နိုင်ပေသည်။ ရိုးသားသည့်သူတစ်ဦးဖြစ်ဖို့ သင် လက်တွေ့လုပ်ဆောင်လျှင်၊ သင်သည် အလွယ်တကူနှင့် လွတ်လပ်စွာ အသက်ရှင်နိုင်သည်၊ သို့ရာတွင် သင်၏ ဂုဏ်သိက္ခာနှင့် မာန်မာနတို့ကို ကာကွယ်ဖို့ လိမ်ညာရန် သင် ရွေးချယ်သည့်အခါ၊ သင်၏ဘဝသည် အလွန် ပင်ပန်းပြီး နာကျင်လှသည်၊ ယင်းက မိမိဘာသာမိမိရသော နာကျင်မှု ဖြစ်သည်။ အလိမ်အညာများ ပြောခြင်းမှ သင် ရရှိသည့် ဂုဏ်သိက္ခာမှာ အဘယ်နည်း။ ယင်းမှာ အနှစ်သာရမဲ့သော အရာတစ်ခု၊ လုံးလုံး တန်ဖိုးမရှိသော အရာတစ်ခု ဖြစ်သည်။ သင် လိမ်ညာသည့်အခါ၊ သင်သည် မိမိ၏ကိုယ်ပိုင် စရိုက်နှင့် သိက္ခာတို့ကို ဇာတိရုပ်ပြခြင်း ဖြစ်သည်။ ဤအလိမ်အညာများသည် လူများအား ၎င်းတို့၏သိက္ခာကို ဆုံးရှုံးစေသည်၊ ၎င်းတို့၏ စရိုက်ကို ဆုံးရှုံးစေပြီး၊ ဘုရားသခင်က ၎င်းတို့အား သဘောမကျစရာနှင့် မုန်းတီးစရာအဖြစ် မြင်လေသည်။ ယင်းမှာ ထိုက်တန်သလော။ လုံးဝ မထိုက်တန်ပါ။...သင်သည် သမ္မာတရားကို ချစ်သောသူတစ်ယောက်ဖြစ်လျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်အတွက် ဒုက္ခမျိုးစုံကို သင် တောင့်ခံနိုင်သည်။ သင်၏ ဂုဏ်သတင်း၊ အဆင့်အတန်း၊ စရိုက်လက္ခဏာ၊ သို့မဟုတ် ဂုဏ်သိက္ခာကို ဆုံးရှုံးရလျှင် ဂရုစိုက်မည်မဟုတ်ပေ။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ကို ကျေနပ်စေခြင်းဖြင့်သာ ရောင့်ရဲလိမ့်မည်။ သမ္မာတရားကို ချစ်သောသူတို့အတွက် ၎င်းတို့၏ ရွေးချယ်မှုသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့၊ ရိုးသားသောသူဖြစ်ဖို့ ဖြစ်သည်။ ဤသည်မှာ မှန်ကန်သော လမ်းကြောင်းဖြစ်ပြီး ဘုရားသခင်က ကောင်းချီးပေးသည်။ သမ္မာတရားကို မချစ်သောသူတို့အတွက် ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်ရန် ရွေးချယ်သနည်း။ ၎င်းတို့ ၎င်းတို့၏ ဂုဏ်သတင်း၊ အဆင့်အတန်း၊ ဂုဏ်သိက္ခာနှင့် စရိုက်လက္ခဏာကို ကာကွယ်ရန် မုသားများကို အသုံးပြုသည်။ ထိုသို့သောလူတို့သည် လှည့်စားသောသူများဖြစ်ပြီး ဘုရားသခင်၏ မုန်းတီးခြင်း၊ ငြင်းပယ်ခြင်းကိုသာ ခံယူလိုကြသည်။ ၎င်းတို့သည် သမ္မာတရား၊ သို့မဟုတ် ဘုရားသခင်ကို မလိုချင်ကြပေ။ ၎င်းတို့ ရွေးချယ်သည့်အရာမှာ ၎င်းတို့၏ ကိုယ်ပိုင် ဂုဏ်သတင်းနှင့် အဆင့်အတန်းဖြစ်သည်။ ၎င်းတို့သည် လှည့်စားသူများ ဖြစ်လိုကြသည်။ ယင်းသည် ဘုရားသခင်ကို ကျေနပ်စေခြင်းရှိမရှိ၊ သို့မဟုတ် ဘုရားသခင်က ၎င်းတို့ကို ကယ်တင်ခြင်းရှိမရှိကို ဂရုမစိုက်ကြပေ။ ထို့ကြောင့် ထိုသို့သောသူတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရနိုင်သေးသလော။ သေချာပေါက် မခံရနိုင်ပေ။ ၎င်းတို့သည် မှားယွင်းသောလမ်းကို လျှောက်သောကြောင့်ဖြစ်သည်။ ၎င်းတို့သည် လိမ်ညာခြင်းဖြင့်သာ ရှင်သန်နိုင်သည်။ ၎င်းတို့သည် နေ့စဉ် မုသားများပြောပြီး ယင်းတို့ကို ဖုံးကွယ်ရသည့်၊ မိမိတို့ကိုယ်ကို ကာကွယ်ရန် ဦးနှောက်ခြောက်ခံရသည့် နာကျင်သည့် အသက်တာကိုသာ ရှင်သန်နိုင်သည်။ မုသားများကို အသုံးပြုခြင်းသည် သင် ဆန္ဒရှိသော ဂုဏ်သတင်း၊ အဆင့်အတန်း၊ မာန်မာန၊ သိက္ခာတို့ကို ကာကွယ်နိုင်သည်ဟု သင် ထင်ကောင်းထင်နိုင်သည်။ သို့သော် ဤသည်မှာ ကြီးမားသော အမှားဖြစ်သည်။ မုသားများသည် သင်၏ မာန်မာနနှင့် တစ်ကိုယ်ရေ ဂုဏ်သိက္ခာကို မကာကွယ်နိုင်ရုံမကဘဲ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ရိုးသားသောသူတစ်ယောက်ဖြစ်ရန် အခွင့်အရေးကိုလည်း သင့်ကို လွဲချော်စေသည်။ ထိုအချိန်တွင် သင်က သင့်ဂုဏ်သတင်းနှင့် မာန်မာနကို ကာကွယ်လျှင်ပင် သင်ဆုံးရှုံးသည့်အရာမှာ သမ္မာတရားဖြစ်ပြီး ဘုရားသခင်ကို သင် သစ္စာဖောက်သည်။ ဤသည်မှာ သင်က ဘုရားသခင်၏ ကယ်တင်ခြင်းကို ရပြီး စုံလင်ခြင်းခံရရန် အခွင့်အလမ်းကို လုံးဝ ဆုံးရှုံးရသည်ဟု အဓိပ္ပာယ်ရသည်။ ဤသည်မှာ အကြီးမားဆုံး ဆုံးရှုံးမှုနှင့် ထာဝရနောင်တတစ်ခုဖြစ်သည်။ လှည့်စားသောလူတို့သည် ဤအရာကို မည်သည့်အခါမျှ ရှင်းရှင်းလင်းလင်း မမြင်ကြပေ။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ရိုသားခြင်းအားဖြင့်သာ စစ်မှန်သော လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်နိုင်သည်”) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးသည့်နောက် ကျွန်မကိုယ်ကျွန်မ သုံးသပ်ခဲ့ပါသည်။ မိမိ၏သိက္ခာနှင့် အဆင့်အတန်းကို ထိန်းသိမ်းရန်၊ အခြားလူများ၏ အထင်သေးခံရခြင်းကို ရှောင်ရှားရန် အစည်းအဝေးအချိန်အတွင်း မည်သို့မိတ်သဟာယပြုရမည်ကို အစည်းအဝေးမတိုင်ခင်တိုင်း ကျွန်မဦးနှောက်ခြောက်ခံ စဉ်းစားခဲ့၏။ ကျွန်မ၏ တကယ့်အခြေအနေကို ဖွင့်ပြောလိုက်လျှင် ကျွန်မအပေါ် ညီအစ်ကိုမောင်နှမများ မကောင်းမြင်သွားမည်ကို ကျွန်မကြောက်ခဲ့သည်။ သို့သော် မည်သည့်အရာမျှ မပြောလျှင် ကျွန်မညံ့သည်ဟု ညီအစ်ကို မောင်နှမများ ထင်ကုန်ပြီး အထင်သေးကြမည်ကိုလည်း စိုးရိမ်မိသည်။ ကြံရာမရဖြစ်ပြီး ဤအခြေအနေမှ ကျွန်မလွတ်မြောက်ချင်ခဲ့၏။ မိမိသိက္ခာနှင့် အဆင့်အတန်းကို ထိန်းသိမ်းဖို့ ကျွန်မသည် ဦးနှောက်ခြောက်ခံ စဉ်းစားနေခဲ့သည့်အပြင် ဖွင့်ပြောခြင်း၊ ရိုးသားသည့် လူတစ်ယောက် ဖြစ်ခြင်းနှင့် ညီအစ်ကိုမောင်နှမများအား မိမိ၏ တကယ့်အခြေအနေနှင့် အခက်အခဲများကို ပြောပြခြင်းတို့ထက် မိမိကိုယ်ကို စိတ်ဆင်းရဲအောင် လုပ်ရန် ပိုလိုလားနေခဲ့သည်ကို ကျွန်မတွေ့ခဲ့ရသည်။ ကျွန်မသည် အကယ်ပင် လှည့်ဖြားတတ်ပြီး ဆိုးယုတ်ခဲ့ပါ၏။ လူတို့၏ စိတ်နှလုံးထဲတွင် ကျွန်မ၏ပုံရိပ်ကို အတန်ကြာအောင် ကျွန်မထိန်းထားနိုင်ခဲ့သော်လည်း ကျွန်မ၏ဂုဏ်သိက္ခာ၊ ရိုးသားသည့် လူတစ်ယောက်ဖြစ်ဖို့ ကျွန်မ၏အခွင့်အရေးနှင့် သမ္မာတရားရှာဖွေဖို့ ကျွန်မ၏အခွင့်အရေးတို့ကို ဆုံးရှုံးသွားခဲ့သည်။ အစည်းအဝေးတိုင်းတွင် အင်မတန် ပင်ပန်းသည်ဟု ခံစားရပြီး လွတ်မြောက်သည့် ခံစားချက် လုံးဝ မရှိခဲ့ပါ။ ဖောက်ပြန်ပျက်စီးသည့် မိမိစိတ်သဘောထား၏ ကျေးကျွန်ဘဝတွင် ကျွန်မလုံးဝရှိနေခဲ့ခြင်း ဖြစ်သည်။ ညီအစ်ကိုမောင်နှမများဆိုသည်မှာ အစည်းအဝေးများတွင် ဘုရားနှုတ်ကပတ်တော်များကို စားသောက်ပြီး မိမိတို့၏ အတွေ့အကြုံနှင့် ဘုရားနှုတ်ကပတ်တော် အသိပညာတို့ကို မိတ်သဟာယပြုဖို့ ဖြစ်သည်။ ကျွန်မတို့၌ ပြဿနာများ၊ အခက်အခဲများ ရှိလျှင် ယင်းတို့ကို အတူတကွ ဆွေးနွေးကာ ဖြေရှင်းနိုင်ပြီး တစ်ဦး၏ အားသာချက်များမှ အခြားတစ်ဦးက သင်ယူ၍ရသည်။ ဤသို့ဆိုလျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရဖို့နှင့် သမ္မာတရားကို နားလည်ဖို့ လွယ်ကူ၏။ သို့သော် အစည်းအဝေးများတွင် အထင်သေးခြင်း မခံရစေရန်၊ ကျွန်မအပေါ် လူများအမြင်ကောင်းကြစေရန် မည်သည့်အရာ ပြောရမည်ကို ကျွန်မအမြဲတွေးသည်။ ကျွန်မ၏ အတွေးအားလုံးက ဤအတွက်သာ မြှုပ်နှံထား၏။ ဤကဲ့သို့ အသက်ရှင်ရသည်မှာ ခက်ခဲလှပြီး ပင်ပန်းလှပါသည်။

နောက်ပိုင်းတွင် ဘုရားနှုတ်ကပတ်တော်ထဲမှ ဤအရာကို ကျွန်မဖတ်ခဲ့ရပါသည်။ “သင်တို့သည် အခြားလူများနှင့် မိတ်သဟာယဖွဲ့သည့်အခါတွင် ပွင့်လင်းပြီး စိတ်နှလုံးထဲတွင် အမှန်တကယ်ရှိသောအရာကို ပြောဆိုနိုင်သလော။ လူတစ်ယောက်သည် မိမိ၏စိတ်နှလုံးအတွင်း အမှန်တကယ်ရှိသည့်အရာကို အစဉ်ပြောဆိုလျှင်၊ မည်သည့်အခါမျှ လိမ်ညာခြင်း၊ သို့မဟုတ် ချဲ့ကားပြောဆိုခြင်းမရှိလျှင်၊ ရိုးသားစစ်မှန်လျှင်၊ တာဝန်ထမ်းဆောင်ရာတွင် ပေါ့ဆခြင်း၊ သို့မဟုတ် ဝတ်ကျေတမ်းကျေပြုခြင်း လုံးဝ မရှိလျှင်၊ မိမိနားလည်သည့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်လျှင် ဤလူသည် သမ္မာတရားကို ရရှိရန် မျှော်လင့်ချက်ရှိသည်။ လူတစ်ယောက်သည် သူ့ကို မည်သူမျှ ရှင်းလင်းစွာ မမြင်နိုင်ရန်အတွက် မိမိကိုယ်မိမိ ဖုံးကွယ်ပြီး စိတ်နှလုံးကို ဖုံးထားလျှင်၊ အခြားလူတို့ကို လှည့်စားရန် မှားယွင်းသော အမြင်ကို ပေးလျှင်၊ ထိုသူသည် ကြီးမားသောအန္တရာယ်ကျရောက်လေသည်။ ထိုသူသည် အလွန် စိတ်အနှောင့်အယှက်ပေးသည်။ ပြီးလျှင် အနှေးနှင့်အမြန် ထိုသူကို ရိပ်စားမိပြီး ဖော်ထုတ်ခြင်းခံရမည် ဖြစ်သည်။ သင်သည် လူတစ်ယောက်၏ အလားအလာများကို သူ၏ နေ့စဉ် အသက်တာ၊ စကားများနှင့် လုပ်ရပ်များမှတစ်ဆင့် မြင်နိုင်သည်။ ဤလူသည် အစဉ် ဟန်ဆောင်နေလျှင်၊ အစဉ် သူများထက်သာသည့် ပုံစံပြုမူနေထိုင်လျှင် ဤလူသည် သမ္မာတရားကို လက်ခံသည့်သူမဟုတ်ပေ။ ထိုသူသည် အနှေးနှင့်အမြန် ထုတ်ဖော်ခံရပြီး ဖယ်ရှားခံရမည်။...မည်သည့်အခါမျှ မပွင့်လင်းသော၊ အကြောင်းကိစ္စများကို အစဉ် ဖုံးကွယ်သော၊ အစဉ်သဖြင့် ဖြောင့်မှန်ဟန်ဆောင်သော၊ မိမိတို့ကို အခြားလူများအထင်ကြီးအောင်ပြုလုပ်ဖို့ အစဉ်ကြိုးစားသော၊ မည်သည့်အရာကို ၎င်းတို့ အမှန်တကယ် စဉ်းစားနေသည်၊ ၎င်းတို့၏ တကယ့်အခြေအနေနှင့် သဘာဝက မည်သို့ဖြစ်သည်တို့ကို လူတို့အား လုံးဝ မသိစေချင်သော လူများသည် မမိုက်မဲသလော။ ဤသို့သောလူတို့သည် အလွန့်အလွန် မိုက်မဲသည်။ မည်သည့်လမ်းကြောင်းကို ၎င်းတို့ လျှောက်သနည်း။ ဖာရိရှဲများ၏ လမ်းကြောင်းဖြစ်သည်။ သူတော်ကောင်း ယောင်ဆောင်သူများသည် အန္တရာယ်ကျရောက်သလော၊ မကျရောက်သလော။ ၎င်းတို့သည် ဘုရားသခင် အမုန်းတီးဆုံးလူများ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် အန္တရာယ်မကျရောက်ဟု သင် စိတ်ကူးသလော။ ဖာရိရှဲဖြစ်သောသူ အားလုံးသည် ထာဝရပြစ်ဒဏ်ခံရခြင်း လမ်းကြောင်းကို လျှောက်ကြသည်။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ဘုရားသခင်က ကျွန်မတို့ကို ရိုးသားသည့် လူများဖြစ်ရန်၊ ရိုးရိုးရှင်းရှင်းနှင့် ပွင့်ပွင့်လင်းလင်း စကားပြောရန် မုသားမဆို၊ မလှည့်စားရန် အလိုရှိကြောင်းနှင့် ဖောက်ပြန်ပျက်စီးမှုကို ကျွန်မတို့ ဖော်ထုတ်မိသည့်အခါတွင် ကျွန်မတို့၏ တကယ့်အတွေးများကို အခြားလူများ မြင်နိုင်အောင် ဖွင့်ပြောပြီး ဆွေးနွေးသင့်ကြောင်းတို့ကို ဘုရားနှုတ်ကပတ်တော်များမှ ကျွန်မနားလည်ခဲ့သည်။ ဤနည်းဖြင့် အသက်ရှင်ခြင်းသည် သိပ်မပင်ပန်းရသကဲ့သို့ သမ္မာတရားထဲသို့ ဝင်ရောက်ရန်နှင့် ကယ်တင်ခြင်း လမ်းကြောင်းကို လျှောက်ရန် ပို၍လွယ်ကူ၏။ သို့သော် ကိုယ့်ကိုယ်ကိုယ် အမြဲ ဟန်ဆောင်၊ ဖုံးကွယ်၊ ဖုံးဖိပြီး မိမိတို့၏ အခြေအနေကို အခြားလူများအား မြင်ခွင့်မပေးသည့် သူတို့ကမူ မှားယွင်းသည့် လမ်းကြောင်းကို လျှောက်ကြသည်၊ ပိုပိုပြီး ကြောင်သူတော်သာ ဆန်လာတတ်ကြသည်၊ ထို့ကြောင့် သူတို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို လုံးဝ မဖြေရှင်းနိုင်ကြပါ။ ဤသည်မှာ ထာဝရ ပြစ်ဒဏ်ခံရခြင်းသို့ သွားရာ လမ်းကြောင်းပင်ဖြစ်သည်။ လွန်ခဲ့သည့် အနှစ်နှစ်ထောင်က ဖာရိရှဲများကို ကျွန်မတွေးမိ၏။ သူတို့သည် အပြင်ပန်းတွင် ဘုရားတရား ကိုင်းရှိုင်းသည့်အပြင် တရားဇရပ်များ၌ တခြားလူတို့ကို ကျမ်းစာရှင်းပြရင်း သူတို့၏နေ့ရက်များကို ကုန်လွန်ခဲ့ကြသည်။ ဘုရားကို သူတို့ချစ်သည်ဟု လူအများ ထင်ကြလေအောင် လမ်းဆုံများတွင်လည်း သူတို့တမင်ရပ်ကာ ဆုတောင်းကြ၏။ သို့သော် သူတို့သည် ဘုရားသခင်ကို လုံးဝ မကြောက်ကြ၊ အရာအားလုံးအထက်တွင် ဘုရားကို မထားကြ၊ ဘုရားသခင်၏ ပညတ်ချက်များကို မနာခံကြပါ။ သခင်ယေရှု ပေါ်ထွန်းလာပြီး အမှုပြုသည့်အခါ သူ့နှုတ်ကပတ်တော်များက ဩဇာအာဏာနှင့် တန်ခိုးရှိပြီး ဘုရားထံမှ လာကြောင်းကို သူတို့ရှင်းရှင်းလင်းလင်း သိကြသော်လည်း သူတို့၏ အဆင့်အတန်းနှင့် ဝင်ငွေကို ထိန်းသိမ်းရန် ဘုရားသခင်ကို ကသုတ်ကရက် ဆန့်ကျင်ကာ ရှုတ်ချခဲ့ကြပြီး နောက်ဆုံးတွင် သခင်ယေရှုကို ကားစင်တင်သတ်ခဲ့ကြ၏။ ဖာရိရှဲများသည် အသွင်အပြင်အားဖြင့် ဘုရားတရားကိုင်းရှိုင်းပုံရသော်လည်း အနှစ်သာရတွင်မူ ယုတ်မာပြီး ကောက်ကျစ်သည်ကို ကျွန်မတွေ့ခဲ့ရသည်။ သူတို့သည် ဟန်ဆောင်ခြင်းနှင့် လှည့်ဖြားခြင်းတွင် ကျွမ်းကျင်ကြ၏။ သူတို့လုပ်သမျှတိုင်းက လူတို့ကို လှည့်ဖြား၊ ထိန်းချုပ်ရန်နှင့် လူတို့၏ လေးစားမှုနှင့် ကြည်ညိုမှုကို လိမ်လည်ရယူရန် ဖြစ်သည်။ သူတို့လျှောက်သည့် လမ်းကြောင်းက ဘုရားကို ခုခံသည့် လမ်းကြောင်းဖြစ်၏။ နောက်ဆုံးတွင် သူတို့သည် ဘုရား၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိပြီး ဘုရား၏ ကျိန်ဆဲခြင်းနှင့်၊ အပြစ်ဒဏ်ပေးခြင်းတို့ကို ခံခဲ့ရသည်။ ကျွန်မကိုယ်ကျွန်မ သုံးသပ်မိ၏။ အခြားလူများ၏ စိတ်နှလုံးထဲ၌ ပုံရိပ်ကောင်းရှိရန် မိမိ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖုံးကွယ်ခဲ့ပြီး ကျွန်မဖော်ပြမိသော လူတကာ၌ အဖြစ်များသည့် ဖောက်ပြန်ပျက်စီးခြင်းကိုသာ ပြောခဲ့သည်။ ဤအရာက ကျွန်မ၏ ပုံရိပ်ကို ကာကွယ်ရုံမက ကျွန်မကို ရိုးရှင်းပွင့်လင်းသည့်လူဟု အခြားလူများ မြင်အောင် လုပ်ပေးခဲ့သည်။ ကျွန်မသည် ဖာရိရှဲများကဲ့သို့ လှည့်ဖြားတတ်ပြီး ဆိုးယုတ်နေခဲ့သည်ပင် မဟုတ်ပါလား။ ဤအရာကြောင့် ကျွန်မလန့်သွား၏။ ဤအရာကို ကျွန်မဆက်လုပ်နေ၍ မဖြစ်တော့ပါ။ ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း ရိုးသားသည့် လူတစ်ယောက်ဖြစ်မှ ရပေတော့မည်။

ထို့နောက်တွင် ကျွန်မညီအစ်မက နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ပို့ပေး၏။ “အကယ်၍ သင်သည် သမ္မာတရားအား ရှာဖွေရန် ဆန္ဒရှိပါက၊ အကယ်၍ သင်သည် သင်၏မှားယွင်းနေသော စိတ်ဓာတ်လှုံ့ဆော်မှုများ၊ အခြေအနေများ၊ သို့မဟုတ် စိတ်နေစိတ်ထားများကဲ့သို့သော အမျိုးမျိုးသော ကဏ္ဍများ အား အစုံလိုက်အပြုံလိုက်ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာရန် ဆန္ဒရှိပါက၊ ကျန်သည့်အရာအားလုံးထက်၊ သင်သည် မိမိထင်မြင်ခံစားရသည့်အတိုင်း ပြောဆိုရန်နှင့် မိတ်သဟာယဖွဲ့ရန်အတွက် သင်ယူရမည်ဖြစ်သည်။...‘ဒါတွေက ငါ့ရဲ့အခက်အခဲတွေပဲ၊ ငါက အခြေအနေဆိုးတစ်ခုရှိတယ်၊ ငါက အပျက်သဘောဆောင်တယ်၊ ဒါပေမဲ့ ငါ ဘယ်သူ့ကိုမှ မပြောသေးဘူး။ ငါ့ဘာသာ အားလုံး စိတ််ထဲမှာပဲ ထားမယ်’ဟု ပြော၍ ချူပ်တည်းမထားလေနဲ့။ သင်သည် ဆုတောင်းသည့်အခါ သင်ကိုယ်တိုင်၏ အခြေအနေကို မည်သည့်အခါမျှ မဖွင့်ဟလျှင် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြခြင်းကို လက်ခံရရှိရန် ခက်ခဲလာလိမ့်မည်။ အချိန်ကြာလာသောအခါ သင်သည် ဆုတောင်းလိုစိတ် ရှိတော့မည်မဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်လိုစိတ် ရှိတော့မည်မဟုတ်ပေ။ သင်၏အခြေအနေသည် တောင်အောက်သို့ ပို၍ ပို၍ လျှောကျသွားမည်ဖြစ်ကာ။ အမူအရာများအား ပြောင်းလဲ လုပ်ဆောင်ရာ၌ ခက်ခဲလာမည် ဖြစ်သည်။ ထို့ကြောင့် သင်၏အခြေအနေသည် မည်သို့ပင်ဖြစ်စေ၊ သင်သည် အပျက်သဘောဆောင်သည်ဖြစ်စေ၊ အခက်အခဲ ကြုံနေရသည်ဖြစ်စေ၊ သင် ကိုယ်တိုင်၏တစ်ကိုယ်ရေ စိတ်ဓာတ်လှုံ့ဆော်မှုများ သို့မဟုတ် အစီအစဉ်များ မည်သို့ ရှိသည် ဖြစ်စေ၊ သင် မည်သည့်အရာအား သိရှိလာသည်ဖြစ်စေ၊ သို့မဟုတ် စစ်ဆေးမှုမှ တစ်ဆင့် သဘောပေါက်လာသည်ဖြစ်စေ၊ သင်သည် ထင်မြင်ခံစားရသည့်အတိုင်း ပြောဆိုရန်နှင့် မိတ်သဟာယဖွဲ့ရန်အတွက် သင်ယူရမည် ဖြစ်ကာ၊ သင် မိတ်သဟာယဖွဲ့သည်နှင့်အမျှ သန့်ရှင်းသော ၀ိညာဉ်တော်သည် အလုပ်လုပ်ဆောင်မည် ဖြစ်သည်။ ပြီးလျှင် သန့်ရှင်းသောဝိညာဉ်တော်သည် မည်သို့ လုပ်ဆောင်သနည်း။ သူသည် သင့်အား ဉာဏ်အလင်းဖွင့်ပြပြီး ပြသာနာ၏ ပြင်းထန်မှုကို မြင်စေသည်။ သူသည် သင့်အား ပြသာနာ၏ အရင်းအမြစ်နှင့် အနှစ်သာရအား သတိမူမိစေသည်၊ ထို့နောက် သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်နိုင်ရန်အတွက်၊ ထိုမှနေ၍ သမ္မာတရား၏ စစ်မှန်မှုအတွင်းသို့ ဝင်ရောက်နိုင်ရန်အတွက် တဖြည်းဖြည်းချင်း သမ္မာတရားနှင့် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများကို သင်နားလည်စေရန် ဉာဏ်အလင်းဖွင့်ပြသည်။ ဤသည်မှာ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်မှ ရရှိသော သက်ရောက်မှုဖြစ်သည်။ လူတစ်ယောက်က ပွင့်လင်းစွာ မိတ်သဟာယဖွဲ့နိုင်လျှင် ၎င်းတို့သည် သမ္မာတရားအပေါ် ရိုးသားသော သဘောထားတစ်ခုရှိသည်ဟု ဆိုလိုသည်။ လူတစ်ယောက်သည် ရိုးသားသူဟုတ်မဟုတ်၊ ၎င်းတို့သည် ရိုးသားသူဟုတ်မဟုတ်ကို သမ္မာတရားနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားအပြင် သမ္မာတရားကို ၎င်းတို့ လက်ခံပြီး ဘုရားသခင်ကို နာခံနိုင်ခြင်းရှိမရှိဖြင့်လည်း တိုင်းတာသည်။ ဤသည်မှာ အရေးကြီးဆုံးဖြစ်သည်။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ဘုရားသခင်အားနာခံခြင်းနှင့်ဆိုင်သော လက်တွေ့လုပ်ဆောင်မှု အခြေခံသဘောတရားများ”) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးသည့်နောက်တွင် ကျွန်မညီအစ်မက ဤသို့မိတ်သဟာယပြု၏။ “ရိုးသားတဲ့ လူတစ်ယောက်ဖြစ်ဖို့ဆိုရင် ရှာဖွေတဲ့နေရာနဲ့ မိတ်သဟာယ ပြုတဲ့နေရာမှာ ကိုယ့်စိတ်နှလုံးကို ဖွင့်ဟတတ်ဖို့ အရင်ဆုံး သင်ယူရမယ်။ ဖောက်ပြန်ပျက်စီးတဲ့ ကိုယ့်အခြေအနေတွေကို အမြဲဖုံးကွယ်၊ ဖုံးဖိပြီး တခြားလူတွေနဲ့ မိတ်သဟာယဖွဲ့တဲ့အခါ ဆုမတောင်းချင်၊ ဖွင့်မပြောချင်ရင် ကိုယ့်ပြဿနာတွေကို ဖြေရှင်းဖို့ ခက်ခဲလာတယ်။ ဥပမာအနေနဲ့ တစ်ယောက်ယောက် နေမကောင်းဖြစ်ရင် အဲဒီလူက ဆရာဝန်ရှာမှာပဲ၊ ဒါမှမဟုတ် အတွေ့အကြုံရှိသူ တစ်ယောက်ယောက်ကို မေးမှာပဲ။ ဒါမှပဲ သူတို့ရဲ့ အခြေအနေကို နားလည်နိုင်မှာ၊ မှန်တဲ့ ဆေးဝါးတွေ ရပြီး ရောဂါကို အချိန်မီ ထိန်းချုပ်နိုင်မှာလေ။ ဒါပေမဲ့ တချို့လူတွေက သူတို့ရဲ့ အခြေအနေကို ဖုံးဖိထားတော့ အချိန်မီ ပြုစုကုသမှု မရှိတဲ့အတွက် အခြေအနေက ပိုဆိုးသွားရော၊ အသက်အန္တရာယ်တောင် ရှိလာတယ်။ ကိုယ့်အခြေအနေတွေနဲ့ အခက်အခဲတွေကို ဖြေရှင်းချင်တယ်ဆိုရင် ပွင့်ပွင့်လင်းလင်း မိတ်သဟာယပြုပြီး ရိုးသားတဲ့လူတွေ ဖြစ်ဖို့လိုတယ်။ ဒါက လက်တွေ့လုပ်ဆောင်ဖို့ မှန်ကန်တဲ့ နည်းလမ်းပဲ” ဟူ၍ ဖြစ်သည်။ ရိုးသားသည့်လူ ဖြစ်ခြင်းနှင့် ကိုယ့်ကိုယ်ကိုယ် ဖွင့်ဟခြင်းတို့က အလွန်အရေးကြီးလှကြောင်းကို ကျွန်မမြင်နိုင်သွား၏။ ဘုရားကို ကျွန်မယုံကြည်လာသည်မှာ မကြာသေးသဖြင့် သမ္မာတရားကို နားမလည်ခဲ့ပါ။ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ကျွန်မဖော်ထုတ်ခဲ့မှန်း သတိပြုမိသော်လည်း မဖြေရှင်းနိုင်ခဲ့ပါ။ ရိုးသားသည့် လူတစ်ယောက်ဖြစ်ခြင်းကို ကျွန်မလက်တွေ့လုပ်သင့်ပြီး မိမိ၏အခြေအနေကို ဖွင့်ဟကာ သမ္မာတရားကို ရှာဖွေသင့်သည်။ ဤနည်းနှင့်သာ ဘုရား၏ လမ်းပြမှုကို ကျွန်မရနိုင်မည်ဖြစ်သည့်အပြင် ဤနည်းကသာ ကျွန်မ၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကိုလည်း ကူဖြေရှင်းပေးမည် ဖြစ်သည်။ ကျွန်မအနေနှင့် လူသစ်များကို စရေလောင်းကာစဖြစ်၍ များများများစားစား နားမလည်သည်မှာ ပုံမှန်ပင်ဖြစ်၏။ နားမလည်သည့်အခါ ညီအစ်ကိုမောင်နှမများနှင့် ရှာဖွေဖို့ ကျွန်မဖွင့်ပြောသင့်သည်။ ဤနည်းဖြင့် ကျွန်မ၏တာဝန်နှင့်ဆိုင်သည့် စည်းမျဉ်းများကို ကျွန်မပိုင်နိုင်အောင် နည်းနည်းချင်း လုပ်နိုင်မည်ဖြစ်ပြီး မိမိတာဝန်ကို ကောင်းကောင်း ထမ်းဆောင်နိုင်မည် ဖြစ်သည်။ ထို့နောက်တွင် ထိုအချိန်အတွင်းက ကျွန်မ၏ အခြေအနေနှင့် ကျွန်မတာဝန်၌ရှိသည့် အခက်အခဲများအကြောင်းကို ညီအစ်မ နောက်တစ်ယောက်အား ကျွန်မပြောပြခဲ့၏။ သူက ကျွန်မကို အထင်မသေးသည်သာမက ကူညီဖို့ ဘုရားနှုတ်ကပတ်တော် ပို့ပေးပြီး သူ့အတွေ့အကြုံကို မိတ်သဟာယပြုပေးခဲ့သည်။ ဤအရာကြောင့် ကျွန်မ၏အခြေအနေ၊ ကျွန်မဖော်ထုတ်ခဲ့သော ဖောက်ပြန်ပျက်စီးခြင်းနှင့်ဆိုင်သည့် အသိတချို့ကို ရခဲ့ပြီး လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းလည်း ရသွားခဲ့၏။ ပျော်ရွှင်သည့်စိတ်နှင့် လွတ်မြောက်သည့်စိတ်ကို အကြီးအကျယ် ခံစားခဲ့ရသည်။ ထိုအချိန်မှစ၍ ရိုးသားသည့် လူတစ်ယောက်ဖြစ်ခြင်းနှင့် မိမိအခြေအနေအကြောင်း ဖွင့်ပြောခြင်းတို့ကို ကျွန်မသတိရှိရှိ လက်တွေ့လုပ်ဆောင်ခဲ့ပါသည်။

တစ်ညတွင် အဖွဲ့အစည်းအဝေးတစ်ခုကို ကျွန်မဧည့်ခံရသည်။ ကျွန်မနှင့်တွဲ၍ ဧည့်ခံဖို့ အဖွဲ့ခေါင်းဆောင် တစ်ယောက်ကို အသင်းတော် ခေါင်းဆောင်က စီစဉ်ပေးခဲ့၏။ ထိုညီအစ်မက ကျွန်မထက် သမ္မာတရားကို ပိုနားလည်သည်။ အစည်းအဝေးလုပ်နေစဉ် တခြားလူများ၏ ပြဿနာများကို အင်မတန် ထိထိရောက်ရောက် သူမိတ်သဟာယပြုပေးပြီး ဖြေရှင်းပေးသဖြင့် ကျွန်မအနည်းငယ် မနာလိုဖြစ်မိသွား၏။ သူ့ထက် ကျွန်မနိမ့်ကျသည်ဟု အခြားသူများ ထင်ကြမည်ကို ကျွန်မစိုးရိမ်ခဲ့သည်။ အစည်းအဝေးပြီးသွားသည့်နောက်တွင် ကျွန်မ၌ ဝေမျှစရာ အတွေးတစ်ခုခု ရှိသလားဟု ခေါင်းဆောင်က မေးလာ၏။ ကျွန်မအနေနှင့် ရိုးသားသည့် လူတစ်ယောက် ဖြစ်သင့်မှန်း၊ မိမိ၏ ဖောက်ပြန်ပျက်စီးမှုကို ဖွင့်ပြောပြီး အဖြေရှာသင့်မှန်း ကျွန်မသိသည်။ ထို့ကြောင့် စိတ်နှလုံးထဲတွင် ကျွန်မဖော်ထုတ်ခဲ့မိသည့် အရာကို သူ့အား ပြောပြလိုက်၏။ ထို့နောက် ကျွန်မကို ဘုရားနှုတ်ကပတ်တော် သူပို့ပေးပြီး သူ့အတွေ့အကြုံကို ပြောပြလာသည်။ ကျွန်မသည် အဆင့်အတန်းကို တန်ဖိုးထားကာ မာနထောင်လွှားသည့် စိတ်သဘောထားရှိပြီး အထင်ကြီးခံချင်သည့်အတွက် ကျွန်မညီအစ်မကို မနာလိုဖြစ်ခဲ့မှန်း သဘောပေါက်သွား၏။ ကျွန်မ၏ မနာလိုခြင်းကို လက်လွှတ်ရန် ဘုရားကို ပိုဆုတောင်းရမည်၊ မနာလိုခြင်း၏ သဘောသဘာဝနှင့် အကျိုးဆက်များကို မြင်ရမည်၊ ဘုရားအိမ်တော်၏ အလုပ်နှင့် ကျွန်မ၏တာဝန်ကို ထည့်တွက်ရမည်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ဦးစားပေးရမည်ဖြစ်ကြောင်း သဘောပေါက်သွားသည်။ ဤအရာက ဘုရားအလိုတော်နှင့် ကိုက်ညီ၏။ တစ်ချိန်တည်းမှာပင် မိမိ၏ အားနည်းချက်များ၊ ချို့ယွင်းချက်များကို မှန်မှန်ကန်ကန် ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်ပြီး မိမိ၏ အားနည်းချက်များကို ဖာထေးမိအောင် အခြားလူများ၏ အားသာချက်များမှ ကျွန်မပိုသင်ယူဖို့လည်း လိုအပ်သည်။ ထိုနည်းဖြင့် ပိုများသည့် သမ္မာတရားကို ကျွန်မနားလည်နိုင်မည်ဖြစ်သည်။ ဤအရာကို သဘောပေါက်မိသဖြင့် အလွန်ဝမ်းသာခဲ့ရ၏။ ညီအစ်ကိုမောင်နှမများထံ ဖွင့်ပြောသည့်အခါ သူတို့အားလုံးက ကျွန်မကို အထင်သေးမည့်အစား အများကြီး ကူညီကြသည်ကို ကျွန်မတကယ်ခံစားခဲ့ရသည်။

ယင်းကို တွေ့ကြုံပြီးသည့်နောက်တွင် ရိုးသားသည့် လူတစ်ယောက်ဖြစ်ဖို့ မည်မျှအရေးကြီးမှန်း ကျွန်မခံစားရ၏။ ရိုးသားသည့်လူတစ်ယောက်ဖြစ်ပြီး ဖွင့်ပြောခြင်းအားဖြင့်သာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ကျွန်မတို့ ရနိုင်ပြီး သမ္မာတရားကို နားလည်လာနိုင်ပါသည်။ ရိုးသားသည့်လူ ဖြစ်ခြင်းက ကျွန်မတို့ကို လွတ်မြောက်မှုနှင့် လွတ်လပ်မှုတို့ ပေးနိုင်ပြီး လူသားများကဲ့သို့ အသက်ရှင်ခွင့် ပေးမှန်းလည်း ကျွန်မမြင်ရ၏။ ဘုရားကျေးဇူးတော်ပင် ဖြစ်ပါသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

မမှန်သည့်လူကို အသုံးပြုမိပြီးနောက် သုံးသပ်ဆင်ခြင်မှုများ

ရှောင်ဖန် တရုတ်နိုင်ငံ ၂၀၂၀ခုနှစ် နွေရာသီမှာ၊ အသင်းတော်ရဲ့ စာအလုပ်ကို ကျွန်မ ကြီးကြပ်ခဲ့ရတယ်။ တစ်နေ့၊ ယန်ကန်က စကားလုံးတွေနဲ့ ပတ်သက်လို့...

လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်ရန် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပါ

မြောင်ရှောင် တရုတ်နိုင်ငံကျွန်မက မိမိတာဝန်ကို ထမ်းဆောင်ခြင်း၊ ညီအစ်ကို မောင်နှမများနှင့် အဆင်ပြေခြင်း၊ သိသာသည့် အပြစ်များကို...

ကျွန်တော့်အလုပ်ဖော်အပေါ် ကျွန်တော် အထင်မသေးတော့ပါ

ချီဟန် ကိုးရီးယားနိုင်ငံ အသင်းတော်စာအုပ်တွေနဲ့ ပစ္စည်းတွေကို ကျွန်တော် စီမံခန့်ခွဲရတယ်။ ပစ္စည်းမျိုးစုံကို စီမံခန့်ခွဲပြီး သိမ်းဆည်းထားလား၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။