ဖွင့်ပြောရမည်ကို ကြောက်ရွံ့ခြင်း၏ နောက်ကွယ်တွင် တည်ရှိသောအရာ

22.05.2022

ရီရှင်းခေါင် မြန်မာနိုင်ငံ

၂၀၂၀ခုနှစ်၊ မတ်လတွင် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နောက်ဆုံးသောကာလအမှုတော်ကို ကျွန်မ လက်ခံခဲ့သည်။ မကြာခင်တွင် တာဝန်တစ်ခုကို ကျွန်မ ထမ်းဆောင်ရသည်။ သိပ်မကြာမီတွင် ဧဝံဂေလိသင်းထောက်အဖြစ် ကျွန်မ အရွေးခံရသည်။ ကျွန်မ အလွန်စိတ်လှုပ်ရှားမိပြီး တွေးမိသည်။ “တာဝန်တွေကို ငါ့ထက်ပိုပြီး ကြာအောင်ထမ်းဆောင်ခဲ့တဲ့ ညီအစ်ကိုမောင်နှမတွေအစား ငါက အရွေးခံခဲ့ရတာ။ ညီအစ်ကိုမောင်နှမတွေအတွက် ငါက သမ္မာတရားကို လိုက်စားတဲ့ အစွမ်းအစရှိသူတစ်ယောက်ပဲ။ သူတို့က လူမှားပြီးရွေးခဲ့တာမဟုတ်ဘူးဆိုတာ မြင်နိုင်ဖို့ ငါ့တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ရမယ်။” ထို့နောက်တွင် အလုပ်ကို တက်ကြွစွာဖြင့် ဆက်လက်လုပ်ကိုင်ခဲ့သည်။ ညီအစ်ကိုမောင်နှမများက မကောင်းသောအခြေအနေတွင် ရှိနေသည်ကို ကျွန်မ မြင်သောအခါ သူတို့ကို မိတ်သဟာယဖွဲ့ပေးရန် ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ ချက်ချင်းရှာသည်။ ကျွန်မတွင် ကောင်းမွန်သော ဧဝံဂေလိ အတွေ့အကြုံရှိသည့်အခါတွင် သူတို့နှင့် အမြန်မျှဝေသည်။ အချိန်အနည်းငယ်ကြာပြီးနောက် တာဝန်များ၌ မတက်မကြွဖြစ်သော ညီအစ်ကိုမောင်နှမများသည် ပို၍ တက်ကြွလာသည်။ ကျွန်မလည်း ဤအလုပ်တွင် အမှန်တကယ်ပင် အရည်အချင်းအချို့ရှိသည်ဟု ခံစားမိခဲ့သည်။ ခေါင်းဆောင်များက သိသွားလျှင် ကျွန်မက ဤနေရာတွင် တော်သည်ဟု သေချာပေါက်ပြောပြီး ကျွန်မကို ပျိုးထောင်ပေးလိမ့်မည်။ ဤအရာကိုတွေးရင်း ကျွန်မသည် စိတ်လှုပ်ရှားပြီး တာဝန်တွင် ပို၍ စိတ်ပါဝင်စားလာသည်။ ဧဝံဂေလိအလုပ်က ထိရောက်မှုရှိသောအခါ ကျွန်မတာဝန်ရှိ ရလဒ်ကောင်းများကို ညီအစ်ကိုမောင်နှမများအားလုံး မြင်နိုင်ဖို့ မျှော်လင့်ပြီး အဖွဲ့ထံသို့ သတင်းကောင်းများကို ပို့သည်။ ညီအစ်ကိုမောင်နှမများကြားတွင်လည်း တစ်ခါတစ်ရံ ကျွန်မ ကြွားဝါခဲ့သည်။ သူတို့၏အလုပ်အကြောင်းကို သိအောင်လုပ်သောအခါ သူတို့တွင် ပြဿနာ၊ အခက်အခဲတစ်ခုတလေ ရှိမရှိကို ကျွန်မ အရင်ဆုံးမေးသည်။ ထို့နောက် ကျွန်မက “အစ်ကိုအစ်မတို့ရဲ့ အခက်အခဲတွေကို ဖြေရှင်းရတာအပြင် နယ်ပယ်တော်တော်များများက အလုပ်တွေနဲ့ပတ်သက်ပြီး ဆက်ပြီးလုပ်ရတယ်။ နေ့တိုင်း အလုပ်ရှုပ်နေတာ။ တော်တော်နောက်ကျမှ အိပ်ရတယ်” ဟူ၍ တမင်တကာ ပြောလိုက်သည်။ ဤသို့ပြောသည်ကို ကြားပြီးနောက် ညီအစ်ကိုမောင်နှမအချို့က ပြောသည်။ “အခုနောက်ပိုင်း ကျွန်မတို့ ဘာအခက်အခဲမှ မရှိပါဘူး။ အစ်မ ကြိုးစားလုပ်ပေးလို့ ကျေးဇူးတင်ပါတယ်” သူတို့က ဤသို့ပြောသည်ကို ကြားရသည်မှာ ကျွန်မ ပျော်ရွှင်သည်။ ကျွန်မက တာဝန်တွင် ဝန်ထုတ်ဝန်ပိုးထမ်းရွက်ကြောင်း၊ အဖိုးအခ ပေးဆပ်လိုစိတ်ရှိကြောင်း၊ တာဝန်သိတတ်သောသူဖြစ်ကြောင်း သူတို့ထင်ရမည်ဟု ကျွန်မ ခံစားမိသည်။

တစ်နေ့တွင် အစ်ကိုတစ်ယောက်က ကျွန်မကို သူ၏ အခြေအနေကို ပြောပြပြီး မိတ်သဟာယဖွဲ့ရန် ရောက်လာသည်။ သူက ပြောသည်။ “ကိုယ့်တာဝန်မှာ လူတွေ ကိုယ့်ကို အထင်ကြီးအောင်လုပ်ဖို့ ကျွန်တော် အမြဲကြိုးစားတယ်။ အလုပ်ကို ကျွန်တော် ဆက်လုပ်ရတဲ့အခါမှာ အုပ်စုခေါင်းဆောင်နေရာကနေ ကျွန်တော်က အမြဲစကားပြောပြီး၊ စကားပြောတိုင်းလည်း အမြဲတမ်း ကြွားပြောတယ်။” ဤသို့ကြားသောအခါ ကျွန်မ စိတ်နှလုံးက လှုပ်ခတ်သွားသည်။ ကျွန်မသည်လည်း ဤသို့ပင်မဟုတ်လော။ အလုပ်ကို ကျွန်မ ဆက်လက်လုပ်ကိုင်သောအခါ ကျွန်မက သာမန်ယုံကြည်သူတစ်ယောက် မဟုတ်တော့ဘဲ သင်းထောက်ဖြစ်သည်ကို အခြားသူများကို အမြဲ အသိပေးချင်ခဲ့သည်။ တစ်ခါတစ်ရံတွင် ကျွန်မသည် ဆက်လက်လုပ်ကိုင်ရမည့် အလုပ်များစွာရှိသည်၊ အလုပ်ရှုပ်လွန်း၍ နောက်ကျမှ အိပ်ရသည်ဟု တမင်တကာ ပြောပသည်။ ကျွန်မက ဝန်ထုပ်ဝန်ပိုးထမ်းရွက်ပြီး တာဝန်သိစိတ်ရှိသည်ဟု အခြားသူများကို မြင်စေချင်ခဲ့သည်။ ဤတွင် အခြားသူများက ကျွန်မကို အထင်ကြီးစေရန်အတွက် ကြွားဝါနေခြင်းလည်း ဖြစ်သည်။ ဤအခြေအနေကို ဖြေရှင်းချက်များရှာဖွေရန်ထိုအစ်ကိုကို ဖွင့်ပြောပြပြီး အတူမိတ်သဟာယဖွဲ့ချင်သည်။ သို့သော် ကျွန်မ တွေးမိသည်။ “ငါက အခု ဧဝံဂေလိသင်းထောက်ဖြစ်နေပြီ။ ငါ့ရဲ့ ဖောက်ပြန်ပျက်စီးမှုကို ဖွင့်ပြောရင် ငါက အရမ်း ဖောက်ပြန်ပျက်စီးနေပြီး ဂုဏ်အဆင့်အတန်းကို ဦးစားပေးတယ်လို့ ဒီအစ်ကိုက ခံစားရမှာလား။ သူက ငါ့ကို မကောင်းမြင်မှာလား။ ဒါဆို ငါတည်ဆောက်ခဲ့တဲ့ ကောင်းတဲ့ပုံရိပ်က ပျောက်သွားမှာပဲ” စိတ်ထဲတွင် ဤသို့ရှိလျက်ဖြင့် ဖွင့်မပြောရန် ကျွန်မ ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် ကျွန်မက “ကိစ္စမရှိပါဘူး။ ကျွန်မလည်း ဖောက်ပြန်ပျက်စီးမှုရှိပါတယ်” ဟု နှစ်သိမ့်ခဲ့သည်။ ထို့နောက် မိတ်သဟာယ အနည်းငယ်ပြုပြီး ထိုမျှသာဖြစ်သည်။

နောက်တစ်ကြိမ်တွင် ကျွန်မ ဦးဆောင်ရသော အုပ်စုတစ်စုသည် အုပ်စုခေါင်းဆောင် ရွေးချယ်သည်။ ကျွန်မ တွေးမိသည်။ “အလုပ်ကို ဦးဆောင်ရတဲ့ အဖွဲ့ခေါင်းဆောင်ရှိတော့ ငါက ဆက်ပြီး လုပ်စရာမလိုတော့ဘူး။” ဤသို့ဖြင့် အလုပ်ဆွေးနွေးမှုအချိန်အတွင်းတွင် ဂရုတစိုက် နားမထောင်ခဲ့ပေ။ သူတို့၏ အစည်းအဝေးများတွင်ပင် ကျွန်မက ဖြစ်သလိုသာ နေထိုင်ခဲ့သည်။ ဤသို့ဖြင့် အချိန်တစ်လက ဝိုးတိုးဝါးတားဖြင့် ကုန်သွားခဲ့သည်။ ထိုအုပ်စု၏အလုပ်၏ ထိရောက်မှုသည် သိသိသာသာပင် ကျဆင်းသွားခဲ့သည်။ အစည်းအဝေးတစ်ခုတွင် ညီအစ်ကိုမောင်နှမများအားလုံးသည် တာဝန်အပေါ် မိမိတို့၏ သဘောထားကို ဘုရားနှုတ်ကပတ်တော်အရ ဆင်ခြင့်ကြသည်။ သူတို့၏ ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ဖို့လည်း ဖွင့်ပြောသည်။ သူတို့၏အလုပ်ကို ကျွန်မ ကြီးကြပ်ရသောအခါ တာဝန်မသိဘဲ ဖြစ်သလိုလုပ်ခဲ့ကာ၊ သူတို့အလုပ်ထိရောက်မှုနည်းသွားမှန်း ကျွန်မ သိသည်။ သို့သော် ယင်းကို မိတ်သဟာယဖွဲ့ရန် သတ္တိမရှိခဲ့ပေ။ သူတို့၏ စိတ်နှလုံးရှိ ကျွန်မ၏ ပုံရိပ်သည် တာဝန်တွင် လုံ့လရှိပြီး တာဝန်သိသောသူ တစ်ယောက်ဖြစ်သည်။ လူတိုင်းက ကျွန်မအပေါ် အကောင်းမြင်ကြသည်။ ဖွင့်ပြောပြီးနောက် ညီအစ်ကိုမောင်နှမများက ကျွန်မအပေါ် မကောင်းမြင်မည်ကို စိုးရိမ်မိခဲ့သည်။ ကျွန်မသည် တာဝန်တွင် ဖြစ်သလိုလုပ်ပြီး တာဝန်မသိဟု ထင်မြင်ကြမည်။ ခေါင်းဆောင်များကသိသောအခါ ကျွန်မကို မကောင်းသော အကဲဖြတ်ချက်ရှိပြီး ထုတ်ပင် ထုတ်လောက်သည်။ ယင်းမှာ အလွန်ပင် ရှက်စရာကောင်းလိမ့်မည်။ ဤအချိန်တွင် ခေါင်းဆောင်က ကျွန်မ မိတ်သဟာယဖွဲ့ချင်သလားဟု မေးသည်။ ကျွန်မက အလွန်ပင် ဒွိဟဖြစ်နေသည်။ ကျွန်မက မိတ်သဟာယဖွဲ့ချင်သော်လည်း ထုတ်ပြောလျှင် ကျွန်မ၏ ဂုဏ်အဆင့်အတန်းနှင့် ပုံရိပ်တို့ ထိခိုက်မည်ကို ကြောက်မိသည်။ သို့တိုင်အောင် ကျွန်မက မပြောလျှင် ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ပြီး လှည့်စားနေခြင်းဖြစ်မည်။ သို့ဆိုလျှင် ကျွန်မ ဘာလုပ်ရမည်နည်း။ အလွန်ပင် စိတ်သောကရောက်မိသည်။ နောက်ဆုံးတွင် ကျွန်မ စဉ်းစားသည်။ “ထားလိုက်တော့။ ဒီတစ်ခါ မိတ်သဟာယ မပြုတော့ဘူး။ အနည်းဆုံးတော့ ဒီအချိန်ကို ငါ ဖြတ်သန်းလိုက်မယ်။” အစည်းအဝေးပြီးနောက် ကျွန်မသည် အလွန်ဝမ်းနည်းပြီး အပြစ်ရှိသလိုခံစားရသည်။ ကြီးမားသောအလေးချိန်တစ်ခု ဖိထားသကဲ့သို့ဖြစ်သည်။ ထို့ကြောင့် ရှာဖွေရန် ဘုရားထံ ဆုတောင်းလိုက်သည်။ ကျွန်မ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖွင့်ပြောရန် အဘယ်ကြောင့် ကျွန်မ ကြောက်နေခဲ့သနည်း။ အဘယ်ကြောင့် အစဉ် ဟန်ဆောင်နေပြီး ဂုဏ်နှင့် ပုံရိပ်ကို အစဉ် ဦးစားပေးသနည်း။

ဘုရား၏ နှုတ်ကပတ်တော်နှစ်ပိုဒ်ကို ကျွန်မဖတ်ခဲ့ပြီး မိမိကိုယ်ကို နားလည်မှုအချို့ ရရှိခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “လူများသည် အခြားသူများက ၎င်းတို့အား အထင်ကြီးစေရန်နှင့် ၎င်းတို့၏ အမှားများ သို့မဟုတ် ချို့ယွင်းချက်များကို မမြင်နိုင်စေဖို့အလို့ငှာ၊ အစဉ် အယောင်ဆောင်သည့်အခါ၊ မိမိတို့ကိုယ်ကို အစဉ် ဖုံးဖိဖာထေးသည့်အခါ၊ အမြဲ ဟန်ဆောင်ကြသည့်အခါ၊ မိမိတို့၏ အကောင်းဆုံးဘက်ကို လူများအား တင်ဆက်ဖို့ အစဉ် ကြိုးစားနေသည့်အခါ၊ ယင်းက အဘယ်စိတ်သဘောထားဖြစ်သနည်း။ ဤသည်မှာ မာနထောင်လွှားခြင်း၊ ဟန်ဆောင်ခြင်း၊ သူတော်ကောင်း ယောင်ဆောင်ခြင်းဖြစ်သည်၊ ယင်းသည် စာတန်၏ စိတ်သဘောထား ဖြစ်သည်၊ ဆိုးယုတ်သည့်အရာတစ်ခုဖြစ်သည်။ ဆိုးယုတ်သောအစိုးရစနစ်၏ အဖွဲ့ဝင်များကို ကြည့်လော့။ ၎င်းတို့သည် နောက်ကွယ်တွင် မည်မျှတိုက်ခိုက်ပါစေ၊ မည်မျှရန်စပါစေ၊ မည်မျှသတ်ဖြတ်ပါစေ ဤအရာကို မည်သူကမျှ တိုင်ကြားခွင့်၊ သို့မဟုတ် ဖော်ထုတ်ခွင့်မရှိချေ။ ထို့အပြင် ယင်းကို ဖုံးကွယ်ဖို့ ၎င်းတို့တတ်နိုင်သမျှ အရာအားလုံး လုပ်ဆောင်ကြသည်။ လူပုံအလယ်တွင် ၎င်းတို့သည် လူများကို မည်မျှချစ်ကြောင်း၊ ၎င်းတို့သည် မည်မျှကြီးမြတ်ကာ၊ ဘုန်းကျက်သရေရှိပြီး မှန်ကန်ကြောင်းပြောလျက်၊ မိမိတို့ကိုယ်ကို ဖုံးဖိဖာထေးဖို့ အဆုံးစွန် လုပ်ဆောင်ကြသည်။ ဤသည်မှာ စာတန်၏သဘာဝ ဖြစ်သည်။ စာတန့်သဘာဝ၏ ဤသွင်ပြင်လက္ခဏာနှင့်သက်ဆိုင်သည့် အဓိကအင်္ဂါရပ်မှာ လှည့်ကွက်နှင့် လှည့်ဖြားမှုဖြစ်သည်။ ဤလှည့်ကွက်နှင့် လှည့်ဖြားမှုတို့၏ ရည်မှန်းချက်သည် အဘယ်နည်း။ လူများကို လှည့်စားဖို့၊ ၎င်း၏အဖြစ်အနေနှင့် စရိုက်မှန်တို့ကို မမြင်အောင် သူတို့အား တားဆီးပြီး ထိုသို့ဖြင့် ၎င်း၏အုပ်စိုးမှု တောင့်တင်းခိုင်မာခြင်း ပန်းတိုင်ကို အောင်မြင်ရရှိဖို့ ဖြစ်သည်။ သာမန်လူများ၌ ထိုသို့သော အာဏာနှင့် ဂုဏ်အဆင့်အတန်း ရှိချင်မှရှိမည် ဖြစ်သော်လည်း ၎င်းတို့သည်လည်း အခြားသူများအား ၎င်းတို့ကို အကောင်းမြင်စေဖို့အပြင် လူများက သူတို့၏စိတ်နှလုံးထဲ၌ ၎င်းတို့အား မြင့်မားသော ထင်မြင်ယူဆချက်ရှိဖို့နှင့် ၎င်းတို့အား မြင့်မားသော ဂုဏ်အဆင့်အတန်း ပေးဖို့ကို ဆန္ဒရှိကြသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားဟူသည့်အရာ ဖြစ်ပေသည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “မိမိကိုယ်ကိုယ် ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် အခြေခံသဘောတရားများ”)ရိုးသားသည့် လူတစ်ဦးဖြစ်ဖို့၊ သင်၏ စိတ်နှလုံးကို အယောက်တိုင်း တွေ့မြင်နိုင်ဖို့အလို့ငှာ၊ သင် တွေးနေသည့် အရာအားလုံးကို မြင်နိုင်ပြီး၊ သင်၏ သရုပ်မှန်ကို ရိပ်ခနဲ မြင်နိုင်ဖို့အလို့ငှာ၊ ဦးစွာပထမ သင်၏ စိတ်နှလုံးကို ဖွင့်ပြရမည်။ သင်သည် မိမိကိုယ်ကိုယ် ရုပ်ဖျက်ဖို့ သို့မဟုတ် ကြည့်ကောင်းစေရန် ပြရုပ်တင်ဖို့ မကြိုးစားရ။ ထိုအခါမှသာ လူတို့သည် သင့်ကို ယုံကြည်ပြီး ရိုးသားသည်ဟု ယူဆကြလိမ့်မည်။ ဤသည်မှာ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်ဖြစ်ပြီး ရိုးသားသော လူတစ်ဦးဖြစ်ခြင်း၏ မရှိမဖြစ်လိုအပ်ချက်ဖြစ်သည်။ သင်သည် အမြဲဟန်ဆောင်လျက်ရှိ၏၊ သန့်ရှင်းခြင်း၊ မွန်မြတ်ခြင်း၊ ကြီးမြတ်ခြင်း ရှိကြောင်း အမြဲအယောင်ဆောင်ပြီး၊ စာရိတ္တမြင့်မားသော အရည်အသွေးများ ရှိကြောင်း အယောင်ဆောင်၏။ သင်သည် လူတို့အား သင်၏ဖောက်ပြန်ပျက်စီးခြင်းနှင့် သင်၏ချွတ်ယွင်းချက်များကို အမြင်မခံပေ။ ၎င်းတို့က သင်သည် ဖြောင့်မတ်ခြင်း၊ ကြီးမြတ်ခြင်း၊ မိမိကိုယ်ကို စွန့်လွှတ်အနစ်နာခံခြင်း၊ ဘက်မလိုက်ခြင်းနှင့် အတ္တကင်းခြင်းရှိသည်ဟု ထင်ကြစေရန် သင်သည် လူတို့အား ဟန်ဆောင်ထားသော ရုပ်သွင်ကို ပြ၏။ ဤသည်မှာ လှည့်ဖြားခြင်းနှင့် လိမ်ညာခြင်းမဟုတ်လော။ အယောင်ဆောင်ခြင်း မပြုနှင့်၊ ပြီးလျှင် သင့်ကိုယ်သင် ပြရုပ်တင်ခြင်းမပြုနှင့်။ ထိုသို့ပြုမည့်အစား အခြားသူများ မြင်ဖို့အတွက် မိမိကိုယ်ကိုယ်နှင့် သင်၏စိတ်နှလုံးကို ဖွင့်ချပြလော့။ သင်သည် အခြားသူများမြင်စေရန် သင်၏စိတ်နှလုံးကို ဖွင့်ဟပြနိုင်ပြီး သင်၏အတွေးများနှင့် အစီအစဉ်များအားလုံး- အပြုသဘောဆောင်သော အရာနှင့် အပျက်သဘောဆောင်သော အရာနှစ်ခုလုံးကို ဖွင့်ဟပြနိုင်ပါက၊ သင်သည် ရိုးသားနေခြင်း မဟုတ်လော။ သင်သည် အခြားသူများ မြင်စေရန် သင့်ကိုယ်သင် ဖွင့်ဟပြနိုင်ပါက၊ ဘုရားသခင်သည်လည်း သင့်ကို မြင်ပြီး ‘သင်သည် အခြားသူများမြင်စေရန် သင့်ကိုယ်သင် ဖွင့်ဟပြသောကြောင့် ငါ့ရှေ့တွင်လည်း သင်သည် ဧကန်အမှန်ပင် ရိုးသား၏’ ဟု ဆိုလိမ့်မည်။ အကယ်၍ သင်သည် အခြားသူများ မမြင်သည့်အခါ၊ ဘုရားသခင်ထံ၌သာ သင့်ကိုယ်သင် ဖွင့်ဟပြပြီး၊ ကြီးမြတ်ကာ မွန်မြတ်သကဲ့သို့ သို့မဟုတ် ၎င်းတို့နှင့်အတူတူ ရှိသည့်အချိန်တွင် တရားမျှတပြီး ကိုယ်ကျိုးမငဲ့သကဲ့သို့ အစဉ်သဖြင့် ဟန်ဆောင်ပါက၊ ဘုရားသခင်သည် မည်သည့်အရာကို တွေးပြီး ပြောဆိုလိမ့်မည်နည်း။ သူက၊ ‘သင်သည် အမှန်ပင် လိမ်လည်လှည့်ဖြားတတ်၏၊ သင်သည် အကယ်စင်စစ် သူတော်ကောင်း ဟန်ဆောင်ပြီး သိမ်ဖျင်း၏၊ ထို့အပြင် သင်သည် ရိုးသားသောလူတစ်ဦး မဟုတ်’ ဟု ဆိုလိမ့်မည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်”) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးနောက်တွင် ကျွန်မ စိတ်နှလုံးတွင် စူးဝင်သော နာကျင်မှုကို ခံစားရသည်။ ဘုရားနှုတ်ကပတ်တော်က ကျွန်မအခြေအနေကို တိတိကျကျ ထုတ်ဖော်ပြသည်။ ကျွန်မသည် ဧဝံဂေလိသင်းထောက်အဖြစ် ရွေးချယ်ခံရကတည်းက ကျွန်မတွင် သာမန်ညီအစ်ကိုမောင်နှမများထက် ပိုများသော အစွမ်းအစ၊ ပိုကြီးသော ဝိညာဉ်ရင့်ကျက်မှုရှိသည်ဟု ခံစားရသည်။ ထို့ကြောင့် လူတိုင်းကို ကျွန်မ၏ ကောင်းသည့်ဘက်ကိုသာ အစဉ်သဖြင့် မြင်စေချင်ခဲ့သည်။ အခြားသူများက ကျွန်မ၏ ဖောက်ပြန်ပျက်စီးမှုနှင့် အားနည်းချက်များကို မသိအောင် ပြုလုပ်ရန်အတွက် ယင်းတို့ကို ကျွန်မ ဖုန်းကွယ်သည်။ ကျွန်မသည် တာဝန်တွင် အတော်အတန် ထိရောက်မှုရှိသောအခါ ကြွားဝါချင်ခဲ့သည်။ ညီအစ်ကိုမောင်နှမများ၊ ခေါင်းဆောင်များနှင့် အခြားတွဲဖက်အမှုဆောင်များကို ကျွန်မ၏ သတင်းကောင်းကို မြင်စေချင်၍ အဖွဲ့ထံသို့ ဤသတင်းကိုပို့ရန် မစောင့်နိုင်ခဲ့ပါ။ ကျွန်မသည် တာဝန်သိကြောင်း သူတို့သိစေရန် အလုပ်များစွာကို နောက်ဆက်တွဲ လုပ်ကိုင်ပြီး အလွန်အလုပ်ရှုပ်သည်ဟုလည်း အခြားသူများကို တမင်တကာပြောခဲ့သည်။ ကျွန်မသည် မိမိ၏အပြုသဘောဆောင်သော၊ တာဝန်သိ်သော၊ သမ္မာတရားကို လိုက်စားသောပုံရိပ်ကို တည်ဆောက်ရန် ကိုယ့်ကိုယ်ကိုယ် ဖုံးဖိဖာထေးပြီး ဟန်ဆောင်နေခဲ့သည်။ ကျွန်မ၏ ရည်ရွယ်ချက်သည် ညီအစ်ကိုမောင်နှမများက အထင်ကြီးစေရန်ဖြစ်သည်။ သို့သော် အမှန်တကယ်တွင် ကျွန်မသည် လုံးဝ ထိုကဲ့သို့မဟုတ်ပေ။ ကျွန်မသည်လည်း ဖောက်ပြန်ပျက်စီးသည်။ တာဝန်တွင် ကြွားဝါသည်။ ဖြစ်သလိုလုပ်သည်။ လက်တွေ့အလုပ်ကို မလုပ်ပေ။ သို့သော်လည်း ကျွန်မ၏ ဖောက်ပြန်ပျက်စီးမှုကို မည်သည့်အခါမျှ ဖွင့်မပြောပေ။ ကျွန်မက ဂုဏ်မက်ပြီး တာဝန်မသိကြောင်းညီအစ်ကိုမောင်နှမများကသိပြီး ယင်းက သူတို့စိတ်နှလုံးရှိ ကျွန်မ၏ ပုံရိပ်ကောင်းကို ဖျက်ဆီးပစ်မည်ကို စိုးကြောင့်ဖြစ်သည်။ ဤအရာကို ကျွန်မ ဆင်ခြင်ကြည့်ရင်းဖြင့် စက်ဆုပ်ရွံရှာမိသလို ခံစားရသည်။ ကျွန်မသည် အခြားသူများ အထင်ကြီးလာရန် လုပ်ဖို့ဟန်ဆောင်မှုအောက်တွင် မိမိကိုယ်ကိုယ် ဖုံးကွယ်သည်။ ဤသည်မှာ ဘုရားမုန်းတီးသည့် မာနကြီးပြီး လှည့်စားသည့် ဆိုးယုတ်သော စိတ်သဘောထားဖြစ်သည်။ ဧဝံဂေလိသင်းထောက်မဖြစ်မီတွင် ညီအစ်ကိုမောင်နှများက ပြောသည်ကို ကျွန်မ မကြာခဏကြားရသည်။ “လူတိုင်းက ဖောက်ပြန်ပျက်စီးတဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားရှိတယ်။ လူတိုင်းက ဂုဏ်အဆင့်အတန်းကို ချစ်မြတ်နိုးကြတယ်။ ကျွန်မတို့ရဲ့ ဂုဏ်အဆင့်အတန်းကိုရပြီး ထိန်းသိမ်းဖို အရာအားလုံးကို လုပ်နိုင်ကြတယ်။” ထိုအချိန်က ကျွန်မ တွေးမိသည်။ “ငါ့မှာ ဂုဏ်အဆင့်အတန်းရှိရင် ဒါကို ထိန်းဖို့ ငါ သေချာပေါက် လုပ်မှာမဟုတ်ဘူး။” သို့သော် အချက်အလက်များနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျွန်မကို ထုတ်ဖော်ပြခဲ့သည်။ ကျွန်မ၏ ပုံရိပ်နှင့် ဂုဏ်ကို ထိန်းသိမ်းရန် ကျွန်မသည် အရာရာတွင် မိမိကိုယ်ကို ဟန်ဆောင်ပြီး ဖုံးဖိဖာထေးသည်။ ကျွန်မသည် အထူးသဖြင့် မာနကြီးပြီး လှည့်စားတတ်သည်။ သို့မှသာ ကျွန်မသည် ထုတ်ဖော်မခံရသေးသောကြောင့်သာ ရှိနေသော ဂုဏ်ကို မလိုက်စားခြင်းဖြစ်သည့် ယုံကြည်မှုကို မြင်ခဲ့ပါသည်။ ကျွန်မသည် စာတန်၏ ဖျက်ဆီးခြင်းကို ခံထားရသောသူလည်းဖြစ်သည်။ ဆိုးယုတ်သော စိတ်သဘောထားများဖြင့် ပြည့်နေသည်။ ထို့နောက် ဘုရားသခင်သည် ရိုးသားသောသူကို၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး မိမိတို့ကိုယ်ကို ဖော်ထုတ်နိုင်သောသူတို့ကို နှစ်သက်သည်ကို ကျွန်မ အမှတ်ရမိသည်။ သို့သော် ကျွန်မသည် မိမိကိုယ်ကို ဟန်ဆောင်နေပြီး သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နေပေ။ ပြီးလျှင် တစ်ချိန်လုံး စိတ်မအေးနိုင်သလို ခံစားရသည်။ ရိုးသားသောသူဖြစ်ပြီး လူတိုင်းသို့ ကျွန်မ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖွင့်ပြောဖို့ ကျွန်မ စိတ်ပိုင်းဖြတ်ခဲ့သည်။

သုံးလေးရက်ကြာပြီးနောက် တွဲဖက်အမှုဆောင်များ၏ အစည်းအဝေးတွင် ကျွန်မက ကိုယ့်ကိုယ်ကိုယ် မည်သို့ ဟန်ဆောင်ခဲ့သည်၊ လှည့်စားခဲ့သည်၊ လက်တွေ့အလုပ်ကို မည်သို့မလုပ်ခဲ့သည်၊ ရိုးသားပြီး အမြင်ကျယ်သောသူဖြစ်ချင်သည်တို့နှင့်ပတ်သက်ပြီး အခြားလူတို့ကို ဖွင့်ပြောချင်ခဲ့သည်။ သို့သော် ကျွန်မသည် မိတ်သဟာပြုတော့မည့်အချိန်တွင် တစ်ဖန် တွန့်ဆုတ်မိသည်။ ကျွန်မက စဉ်းစားသည်။ “ငါက ကိုယ့်ကိုယ်ကိုယ် စိစစ်ပြီး ဖော်ထုတ်ရင် ညီအစ်ကိုမောင်နှမတွေက ငါ့ကို ဘယ်လိုထင်မလဲ။ ငါ အရမ်းကြိုးစားပြီး တည်ဆောက်ထားတဲ့ ပုံရိပ်ကောင်းက ပျောက်သွားမှာမဟုတ်ဘူးလား။ ဒီဟာကြောင့် ညီအစ်ကိုမောင်နှမတွေက ငါ့ကို အထင်သေးရင် အရမ်းကို ရှက်စရာကောင်းမှာပဲ။ ငါ နည်းနည်းလောက် ထပ်စောင့်လိုက်ပြီး ညီအစ်ကိုမောင်နှမတွေကို အရင် မိတ်သဟာယပြုခွင့်ပေးတာ ကောင်းပါတယ်။” သို့သော် ဤသို့ ကျွန်မ စဉ်းစားသည့်အခါ ကျွန်မသည် စိတ်မအေးနိုင်ပေ။ ကျွန်မသည် ဖွင့်မပြောချင်ခဲ့ပေ။ ထို့ကြောင့် ဤသည်မှာ ဟန်ဆောင်နေပြီး ကျွန်မ၏ ဂုဏ်အဆင့်အတန်းကို ထိန်းသိမ်းချင်နေဆဲဖြစ်သည်မဟုတ်လော။ ကျွန်မ၏ စိတ်နှလုံးတွင် တိုက်ပွဲတစ်ခုက အပြင်းအထန် ဖြစ်ပွားနေသည်။ ကျွန်မက ပြောလျှင် သူများတွေက ကျွန်မကို အထင်သေးနိုင်သည်။ မပြောလျှင် အပြစ်ရှိသလို ခံစားရသည်။ ဘုရားကို ကျွန်မ ဆုတောင်းလိုက်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာ၌ ကျွန်မကို ဦးဆောင်ဖို့ တောင်းလျှောက်လိုက်သည်။ ဤအချိန်အခိုက်အတန့်တွင် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ တွေ့ခဲ့သည်။ “အဘယ်သူတို့သည် စင်စစ်အားဖြင့် ဖာရိရှဲများဖြစ်သည်ကို သင်တို့သိသလော။ သင်တို့အနီးတွင် ဖာရိရှဲတစ်ဦးတစ်လေ ရှိသလော။ ဤလူများကို အဘယ်ကြောင့် ဖာရိရှဲများဟု ခေါ်သနည်း။ ဖာရိရှဲနှင့်ဆိုင်သည့်အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အဘယ်နည်း။ ဖာရိရှဲတစ်ဦးကို မည်သို့ သရုပ်ဖော်သနည်း။ ၎င်းတို့သည် ကြောင်သူတော်ကြွက်သူခိုးဖြစ်သော၊ လုံးလုံး အတုအယောင် ဖြစ်ပြီး ၎င်းတို့ ပြုလေသမျှ၌ ဟိတ်ဟန်လုပ်သည်။ ၎င်းတို့သည် အဘယ်သို့ ဟိတ်ဟန်လုပ်သနည်း။ ကောင်းဟန်၊ ကြင်နာဟန်၊ အပြုသဘောဆောင်ဟန် ပြုသောသူများ ဖြစ်သည်။ ၎င်းတို့သည် အမှန်တကယ် ယင်းကဲ့သို့ ဖြစ်ကြသလော။ လုံးဝ မဖြစ်ပေ။ ၎င်းတို့သည် ကြောင်သူတော်ကြွက်သူခိုးများ ဖြစ်သဖြင့် ၎င်းတို့ထဲ၌ ပေါ်လွင်သမျှနှင့် ထုတ်ဖော်သမျှမှာ ဟန်ဆောင်ထားခြင်း ဖြစ်သည်၊ ၎င်းတို့အားလုံးမှာ အယောင်ဆောင် ဖြစ်ကြ၏၊ ၎င်းမှာ ၎င်းတို့၏ သရုပ်မှန်မဟုတ်ပေ။ ၎င်းတို့၏ သရုပ်မှန်ကို အဘယ်နေရာတွင် ကွက်ဝှက်ထားသနည်း။ ယင်းကို သူတစ်ပါးတို့ လုံးဝ မမြင်စေရန် ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် ဖုန်းကွယ်ထားသည်။ အပြင်ပန်းတွင် ရှိသမျှသည် ဟန်ဆောင်မှုတစ်ခု ဖြစ်သည်၊ ယင်းတို့အားလုံးသည် အတုအယောင်သာ ဖြစ်သည်။ လူများသည် သမ္မာတရားကို မလိုက်စားပါက၊ ၎င်းတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို အမှန်တကယ် လက်တွေ့လုပ်ဆောင်နိုင်ခြင်းနှင့် တွေ့ကြုံနိုင်ခြင်း မရှိသကဲ့သို့၊ သမ္မာတရားကိုလည်း အမှန်တကယ် နားမလည်နိုင်ပေ။ လူအချို့သည် အယူဝါဒကို နားလည်ခြင်းနှင့် သံယောင်လိုက်ခြင်းအပေါ်သာ အာရုံစိုက်ကြသည်၊ ၎င်းတို့သည် အဆင့်မြင့်ဆုံးသော ဒေသနာများကို ဟောကြားသူ မည်သူကိုမဆို တုပကြသည်၊ အကျိုးဆက်အနေဖြင့် နှစ်အနည်းငယ်အတွင်းတွင်ပင် ၎င်းတို့သည် ယခင်ထက် သာ၍ မြင့်မားသော အယူဝါဒ စကားများစွာကို ရွတ်ဆိုနိုင်ကြပြီး ၎င်းတို့အား လူများစွာတို့က ကြည်ညိုလေးစားကာ ချစ်ခင်ကြသည်၊ ထို့နောက်တွင် ၎င်တို့သည် မိမိတို့ကိုယ်ကိုယ် စတင်ဖုံးကွယ်ပြီး မိမိတို့ကိုယ်ကိုယ် အထူးသဖြင့် ဘာသာတရားကိုင်းရှိုင်းပြီး ဝိညာဉ်ရေးရာဆန်သော လူများအဖြစ် ပြသလျက်၊ ၎င်းတို့ ပြောသည့်အရာနှင့် လုပ်သည့်အရာတို့ကို ကြီးမားသော အာရုံစိုက်မှုပြုကြလေသည်။ လူတို့သည် မိမိတို့ကိုယ်ကိုယ် ဖုံးကွယ်ဖို့ ဤဝိညာဉ်ရေးရာ အယူအဆများဟု ခေါ်သည့်အရာများကို အသုံးပြုကြ၏။ ၎င်းတို့ သွားသောနေရာမှန်သမျှ၊ ၎င်းတို့ပြောသောအရာများ၊ ၎င်းတို့ဆိုသောအရာများနှင့် ၎င်းတို့၏ပြင်ပ အပြုအမူတို့မှာ အခြားသူများအတွက် မှန်ကန် ကောင်းမွန်ပုံရ၏။ ယင်းတို့မှာ လူသား၏အယူအဆများနှင့် အကြိုက်တို့နှင့် တစ်ထပ်တည်း ဖြစ်ကြသည်။ လူများအဖို့ ဤပုဂ္ဂိုလ်သည် အလွန် ဘုရားတရား ကိုင်းရှိုင်းပုံရပြီး နှိမ့်ချပုံရသော်လည်း၊ ယင်းမှာ စင်စစ်အားဖြင့် အတုအယောင်သာ ဖြစ်သည်။ ၎င်းတို့သည်် သည်းခံ၊ စိတ်ရှည်ပြီး ချစ်ခင်ဖွယ်ကောင်းပုံရသော်လည်း၊ ယင်းမှာ စင်စစ်အားဖြင့် ဟန်ဆောင်ထားခြင်းသာ ဖြစ်သည်။ ဘုရားသခင်ကို ချစ်သည်ဟု ၎င်းတို့က ပြောကြသည်။ အမှန်တကယ်တွင် ဟန်ဆောင်မှုတစ်ခုသာဖြစ်သည်။ ဤလူသည် သန့်ရှင်းသည်ဟု လူတို့က ထင်ကြသည်။ သို့သော် အမှန်တကယ်တွင် အတုအယောင်ဖြစ်သည်။ အမှန်တကယ် သန့်ရှင်းသူကို မည်သည့်နေရာတွင် ရှာတွေ့နိုင်သနည်း။ လူသားသန့်ရှင်းမှုသည် အားလုံး အတုအယောင်ဖြစ်သည်။ အားလုံးက အယောင်ဆောင်မှု၊ ဟန်ဆောင်မှုသာဖြစ်သည်။ အပြင်ပန်းတွင် ၎င်းတို့သည် ဘုရားသခင်ကို သစ္စာရှိပုံပေါက်သော်လည်း၊ အမှန်တွင် အခြားသူများ မြင်ဖို့ ၎င်းတို့ ဆောင်ရွက်နေကြခြင်း ဖြစ်သည်။ မည်သူမျှ ကြည့်မနေသည့်အခါတွင်၊ ၎င်းတို့သည် စိုးစဉ်းမျှ သစ္စာမရှိကြသကဲ့သို့ ၎င်းတို့ပြုသမျှမှာ ဝတ်ကျေတမ်းကျေ ဖြစ်ကြသည်။ အပေါ်ယံအားဖြင့် ၎င်းတို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကိုယ် အသုံးခံကြပြီး ၎င်းတို့၏မိသားစုနှင့် အလုပ်အကိုင်ကို စွန့်လွှတ်ခဲ့ကြပြီးဖြစ်သည်။ သို့ရာတွင် ၎င်းတို့သည် အဘယ်အရာကို တိတ်တဆိတ် လုပ်ဆောင်နေကြသနည်း။ ၎င်းတို့သည် အသင်းတော်မှ တိတ်တဆိတ် အကျိုးအမြတ်ရရှိနေကြပြီး ပူဇော်သက္ကာများကို ခိုးယူနေကြလျက်၊ မိမိတို့၏ကိုယ်ပိုင်လုပ်ငန်းကို လုပ်ဆောင်နေကြသည်။ အပြင်ပိုင်းတွင် ၎င်းတို့ ထုတ်ဖော်သောအရာမှန်သမျှ၊ ၎င်းတို့၏အပြုအမူ အားလုံးမှာ အတုအယောင်ဖြစ်၏။ ဤအရာမှာ ကြောင်သူတော်ကြွက်သူခိုး ဖာရိရှဲဟု ဆိုလိုခြင်းဖြစ်သည်။ ‘ဖာရိရှဲ’ ဆိုသော ဤလူများသည် မည်သည့်နေရာမှလာသနည်း။ ၎င်းတို့သည် ၎င်းတို့သည် မယုံကြည်သူများကြားမှ ပေါ်ထွက်လာသလော။ မဟုတ်ပေ။ ၎င်းတို့အားလုံးသည် ယုံကြည်သူများကြားမှ ပေါ်ထွက်လာကြသည်။ ဤယုံကြည်သူများက အဘယ်ကြောင့် ဤသို့ ပြောင်းလဲကြသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ၎င်းတို့ကို ထိုသို့ ဖြစ်စေနိုင်သလော။ သိသိသာသာပင် ထိုသို့မဟုတ်ပေ။ အကြောင်းရင်းမှာ အဘယ်နည်း။ ၎င်းတို့ လျှောက်သည့် လမ်းကြောင်းကြောင့်ဖြစ်သည်။ ၎င်းတို့သည် တရားဟောပြီး အသင်းတော်မှ အမြတ်ထုတ်ရန်အတွက် တန်ဆာပလာတစ်ခုအနေဖြင့်သာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အသုံးပြုကြသည်။ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှင့် နှုတ်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် ပြင်ဆင်သည်။ မိမိတို့ကိုယ်ကိုယ် သန့်ရှင်းသူအဖြစ် ပြရုပ်တင်သည်။ ထို့နောက် အသင်းတော်မှ အမြတ်ထုတ်ရန် ရည်ရွယ်ချက် အောင်မြင်ရန်အတွက် ဤအရာကို အရင်းအနှီးအဖြစ် အသုံးပြုသည်။ ၎င်းတို့သည် အယူဝါဒများကိုသာ ဟောကြားသည်။ သို့တိုင်အောင် သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်ပေ။ ဘုရားသခင်၏လမ်းကို မည်သည့်အခါမျှ လိုက်လျှောက်ခဲ့ခြင်းမရှိဘဲ နှုတ်ကပတ်တော်များနှင့် အယူဝါဒများကို ဆက်လက်ဟောပြောသောသူတို့သည် မည်သို့သော လူအမျိုးအစား ဖြစ်ကြသနည်း။ ဤသူတို့သည် သူတော်ကောင်း ယောင်ဆောင်သော ဖာရိရှဲများ ဖြစ်ကြပေသည်။ သူတို့ကိုယ်သူတို့ ဖော်ပြရာတွင် ကောင်းသည်ဟု မှတ်ယူရသော ထိုအပြုအမူနှင့် ကောင်းသောနည်းလမ်းအနည်းငယ်၊ ၎င်းတို့စွန့်လွှတ်ပြီး အသုံးခံခဲ့ည့် အနည်းငယ်သောအရာတို့သည် အားလုံးက မလုပ်ချင်ဘဲ လုပ်ဆောင်ထားသောအရာများဖြစ်သည်။ ဤအရာများအားလုံးသည် ၎င်းတို့ ပြသသော ဟန်ဆောင်မှုများသာဖြစ်သည်။ အားလုံးက အတုအယောင်ဖြစ်သည်။ ဤလုပ်ရပ်များအားလုံးသည် အယောင်ဆောင်ဖြစ်သည်။ ဤလူတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်အတွက် ကြောက်ရွံ့ခြင်းအနည်းငယ်မျှပင် မရှိသကဲ့သို့ ဘုရားသခင်ပေါ် စစ်မှန်သည့်ယုံကြည်ခြင်း တစ်ခုတလေမျှပင် မရှိပေ။ ထို့အပြင် ၎င်းတို့သည် မယုံကြည်သူများနှင့် သက်ဆိုင်သည်။ လူတို့သည် သမ္မာတရားကို မလိုက်စားလျှင်၊ ဤလမ်းမျိုးကို လျှောက်ကြလိမ့်မည်။ ဖာရိရှဲများဖြစ်လာလိမ့်မည်။ ဤသည်မှာ ကြောက်စရာမကောင်းသလော။ မည်သည့်နေရာတွင် ဖာရိရှဲများ စုဝေးကြသနည်း။ ဈေး၌ဖြစ်သည်။ ဘုရားသခင်၏ အမြင်တွင် ယင်းက ဘာသာတရားဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ အသင်းတော် မဟုတ်သကဲ့သို့ သူဝတ်ပြုကိုးကွယ်ခြင်း ခံရသည့် နေရာလည်း မဟုတ်ပေ။ ထို့ကြောင့် လူများက သမ္မာတရားကို မလိုက်စားသည့်အခါ ဘုရားသခင်၏ မိန့်မြွက်ချက်များနှင့်ပတ်သက်သည့် စကားလုံးများသက်သက်နှင့် အပယိကမျှသာဖြစ်သော အယူဝါဒများမည်မျှကို ၎င်းတို့မှတ်သားပါစေ ယင်းမှာ အသုံးတည့်မည် မဟုတ်ပေ။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ဘဝတွင် တိုးတက်ခြင်း၏ အညွှန်းခြောက်ခု”) ဘုရား၏ နှုတ်ကပတ်တော်များကို ဖတ်ပြီးနောက် ကျွန်မ အလွန်ကြောက်လန့်သွားပြီ စိတ်ထဲတွင် တုန်လှုပ်နေသည်။ သူများတွေက ကျွန်မကို အထင်ကြီးစေရန် အရာရာ၌ ကိုယ့်ကိုယ်ကိုယ် အယောင်ဆောင်ခဲ့သည်။ လူတိုင်းက ကျွန်မ၏ ကောင်းသည့်ဘက်ကိုသာ မြင်နိုင်ဖို့အတွက်ဖြစ်သည်။ ကျွန်မ၏ အားနည်းချက်များကို မည်သည့်အခါမျှ ထုတ်မပြောပေ၊ ယင်းတို့နှင့်ပတ်သက်ပြီး ဖွင့်မပြောပေ။ လူတို့ကို အစဉ်သဖြင့် အတုအယောင် အမြင်များပေးပြီး ညီအစ်ကိုမောင်နှမများကို လှည့်စားသည်။ ကျွန်မသည် ဖာရိရှဲများနှင့် အတူတူမဟုတ်ပါလား။ ဖာရိရှဲများသည့် နေ့စဉ် ဘုရားကျောင်းထဲရှိလူများသို့ ကျမ်းစာများကို အနက်ပြန်ပြသည်။ လမ်းဆုံများတွင် မကြာခဏရပ်ပြီး ဆုတောင်းသည်။ သူတို့သည် ဘုရားသခင်ကို ချစ်ပြီး ဘာသာရေးကိုင်းရှိုင်းသည်ဟု လူတိုင်းက ထင်ကြကာ သူတို့ကို အထင်ကြီးပြီး ကိုးကွယ်ကြသည်။ သို့သော် သူတို့သည် ဘုရားကို လုံးဝ မကြောက်ရွံ့ကြသကဲ့သို့ ဘုရားကို အရာအားလုံး၏ အထက်တွင် မထားပေ။ ဘုရား၏ ပညတ်ချက်များကိုလည်း မနာခံပေ။ အထူးသဖြင့် သခင်ယေရှုပေါ်ထွန်းပြီး အလုပ်လုပ်သည့်အခါတွင် သခင်ယေရှု၏ နှုတ်ကပတ်တော်များသည် အာဏာအစွမ်းရှိသည်ဟု သူတို့ သိကြသည်။ သို့သော် သူတို့၏ ဂုဏ်အဆင့်အတန်းနှင့် အသက်မွေးမှုကို ထိန်းသိမ်းရန်အတွက် ဘုရားအမှုတော်ကို ထိတ်ထိတ်ပျာပျာဖြင့် ပုတ်ခတ်စော်ကားသည်။ အတိုက်အခံလုပ်သည်။ ရှုတ်ချသည်။ သူတို့၏ အပြင်ပန်းကောင်းမှုများသည် အတုအယောင်ဖြစ်ပြီး သူတို့ကိုယ်သူတို့ အယောင်ဆောင်ပြီး ဖုန်းကွယ်လေ့ရှိသောအရာများ ဖြစ်သည်။ အပြင်ပန်းတွင် ဘုရားတရားကိုင်းရှိုင်းသော်လည်း အနှစ်သာရ၌ ဒုက္ခပေးတတ်ပြီး သမ္မာတရားကို မုန်းတီးသည်။ သခင်ယေရှုက ဖာရိရှဲများကို ကျိန်ဆဲပုံကို ကျွန်မ သတိရမိသည်။ “လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ အဖြူ သုတ်သောသင်္ချိုင်းတွင်းနှင့်တူကြ၏။ ထိုတွင်းသည် အပြင်၌တင့်တယ်စွာတကား။ အတွင်း၌ကား လူသေအရိုး၊ အညစ်အကြေးအမျိုးမျိုးနှင့် ပြည့်လျက်ရှိ၏။ ထိုအတူ သင်တို့သည်အပြင်၌ လူတို့ရှေ့မှာဖြောင့်မတ်ဟန်ရှိ၏။ အတွင်း၌ကား လျှို့ဝှက်ခြင်း၊ မတရား သဖြင့် ကျင့်ခြင်းနှင့် ပြည့်လျက်ရှိကြ၏။(ရှင်မဿဲခရစ်ဝင် ၂၃:၂၇-၂၈) ထို့နောက် ကျွန်မကိုယ်ကျွန်မ တွေးမိသည်။ ကျွန်မလည်း အတူတူပင်မဟုတ်ပါလား။ ဧဝံဂေလိသင်းထောက်ဖြစ်ကတည်းက အပြင်ပန်းတွင် ကျွန်မက စောစောထသည်။ နောက်ကျမှအိပ်သည်။ တာဝန်တွင် ကြိုတင်စီမံသည်။ သို့သော် ဤအရာများအားလုံးက သူတစ်ပါးတို့မြင်ရန်အတွက် စွမ်းဆောင်မှုတစ်ခုနှင့် အတုအယောင်များသာဖြစ်သည်။ သူတို့သည် လူမှားပြီးမရွေးခဲ့သည်ကို သိစေရန်အတွက် တာဝန်ကို ကြိုတင်စီမံပြီး ထမ်းဆောင်ခဲ့သည်။ ကျွန်မသည် တာဝန်တွင် ထိရောက်မှုရှိပြီး ညီအစ်ကိုမောင်နှမများ၏ အခြေအနေများကို ဖြေရှင်းသည့်အခါ ကျွန်မသည် အဖွဲ့သို့ စာတစ်စောင် ချက်ချင်းပို့ပြီး ညီအစ်ကိုမောင်နှမများကို ပြောပြခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်မသည် တာဝန်တွင် အရည်အချင်းရှိပြီး တာဝန်သိတတ်သည်ကို ခေါင်းဆောင်နှင့် အခြားလူတို့အား မြင်စေချင်သောကြောင့်ဖြစ်သည်။ ကျွန်မသည် ကိုယ်ပိုင်အကြောင်းရင်းနှင့် ရည်ရွယ်ချက်များဖြင့် တာဝန်ကို ထမ်းဆောင်ခဲ့သည်။ သူတစ်ပါးတို့က ကျွန်မကို အထင်ကြီးခြင်းသာ ဖြစ်စေချင်ခဲ့သည်။ ကျွန်မသည် မည်သည့်အလုပ်မှ မည်မည်ရရ မလုပ်သည်ကို အလွန်ပင်ရှင်းလင်းစွာ သိသည်။ သို့သော် မကြာခဏကြွားဝါပြီး ဂုဏ်အဆင့်အတန်းကို လိုက်စားခဲ့သည်။ ကျွန်မ၏ ဖောက်ပြန်ပျက်စီးမှုကို လုံးဝ ထုတ်ဖော်ပြောပြခြင်းမရှိခဲ့ပေ။ ကျွန်မကို ဖွင့်ပြောဖို့အတွက် ဘုရားက အခွင့်အရေးများစွာပေးခဲ့သည်။ သို့သော် အကြိမ်ကြိမ် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခဲ့ပေ။ လိမ်ညာပြီးရှေ့ဆက်ရန် လှည့်စားခြင်း၊ အယောင်ဆောင်ခြင်း၊ ဖုန်းကွယ်ခြင်းတို့ကို အသုံးပြုရန် ရွေးချယ်ခဲ့ပြီး ညီအစ်ကိုမောင်နှမတွေက ကျွန်မကို သမ္မာတရားကို လိုက်စားပြီး တာဝန်သိသိဖြင့် ဖြည့်ဆည်းသောသူအဖြစ် မှားယွင်းစွာဖြင့် အထင်ကြီးစေမိခဲ့သည်။ သူတော်ကောင်းယောင်ဆောင်သော ဖာရိရှဲများကဲ့သို့ပင် ကျွန်မသည် လူတို့ကို ကိုယ့်ရှေ့သို့ ခေါ်ဆောင်ခဲ့သည်။ ဤသည်မှာ သူတို့ကို လှည့်စားခြင်းဖြစ်ပြီး စည်းရုံးခြင်းဖြစ်သည်။ ဘုရားကို အာခံသောလမ်းကြောင်းကို ကျွန်မ လျှောက်နေခြင်းဖြစ်သည်။ ဘုရားသခင်သည် ဖာရိရှဲများကို ကျိန်ဆဲခဲ့သည်။ နောင်တမရလျှင် ကျွန်မသည် ဖာရိရှဲများကဲ့သို့ပင် အဆုံးသတ်သွားမည်ဖြစ်သည်။

နောက်ပိုင်းတွင် နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ စဉ်းစားမိသည်။ “ယင်းမှာ မည်သည့်ပြဿနာပင်ဖြစ်ပါစေ ဖြစ်ပေါ်လာသည့် မည်သည့်ပြဿနာကိုမဆို ဖြေရှင်းဖို့ သင် သမ္မာတရားကို ရှာဖွေရမည်ဖြစ်ပြီး မည်သည့်နည်းလမ်းနှင့်မျှ သင်ဟန်မဆောင်ရ၊ သို့မဟုတ် အခြားသူများအတွက် အယောင်ဆောင်မလှည့်စားရ။ သင်၏အားနည်းချက်များ၊ သင်၏ချို့ယွင်းချက်များ၊ သင်၏အမှားများ၊ သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ— ယင်းတို့အားလုံးနှင့်ပတ်သက်၍ လုံးဝ ပွင့်ပွင့်လင်းလင်းရှိပြီး မိတ်သဟာယပြုလော့။ ယင်းတို့ကို အတွင်း၌ မသိမ်းထားနှင့်။ သင့်ကိုယ်သင် မည်သို့ဖွင့်ဟဖို့ကို သင်ယူခြင်းသည် သမ္မာတရားသို့ ဝင်ရောက်ခြင်း၏ ပထမခြေလှမ်းဖြစ်ပြီး၊ ယင်းမှာ အောင်နိုင်ဖို့ အခက်ဆုံးဖြစ်သည့် ပထမဆုံး အခက်အခဲတစ်ခုဖြစ်သည်။ ယင်းကို သင်အောင်နိုင်ပြီးသည်နှင့်၊ သမ္မာတရားကို ဝင်ရောက်ခြင်းသည် လွယ်ကူပေသည်။ ဤအဆင့်ကို လှမ်းဖို့ဟူသည်မှာ အဘယ်အရာကို ညွှန်ပြသနည်း။ ယင်းက သင်၏စိတ်နှလုံးကို ဖွင့်ပြီး ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ အပြုသဘောဆောင်သည်ဖြစ်စေ၊ အပျက်သဘောဆောင်သည်ဖြစ်စေ သင့်၌ရှိသမျှ အားလုံးကို ပြခြင်းကို ဆိုလိုလေသည်။ ဘုရားသခင်ထံမှ မည်သည့်အရာမျှ မကွယ်ဝှက်ဘဲ၊ မည်သည့်အရာမျှ မဖုံးကွယ်ဘဲ၊ လှည့်စားမှုနှင့် လှည့်ကွက်ကင်းကာ၊ အခြားသူများကို အလားတူ ပွင့်လင်းပြီး ရိုးသားရင်း၊ အခြားသူများနှင့် ဘုရားသခင် မြင်ဖို့ရာ သင့်ကိုယ်သင် ထုတ်ဖော်ပြခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် အလင်းတွင် အသက်ရှင်ပြီး ဘုရားသခင်က သင့်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးမည်သာမက၊ အခြားသူများကလည်း သင်သည် အခြေခံသဘောတရားနှင့်အညီ၊ ပွင့်လင်းမြင်သာသည့် အတိုင်းအတာတစ်ခုဖြင့် ပြုမူကြောင်း မြင်နိုင်လိမ့်မည်။ သင်၏ ဂုဏ်သတင်း၊ ပုံရိပ်နှင့် အဆင့်အတန်းတို့ကို ကာကွယ်ရန် မည်သည့်နည်းလမ်းများကိုမျှ အသုံးပြုရန် မလိုသကဲ့သို့ သင်၏ အမှားများကို ဖုန်းကွယ်ရန်၊ သို့မဟုတ် ဟန်ဆောင်ရန်လည်း မလိုအပ်ပေ။ ဤအသုံးမဝင်သော အားစိုက်ထုတ်မှုများကို သင် ဆောင်ရွက်ရန် မလိုပေ။ ဤအရာများကို သင် လက်လွှတ်နိုင်ပါက သင်သည် အလွန်ပင် သက်သောင့်သက်သာဖြစ်လိမ့်မည်။ လုံးဝ ပင်ပန်းမည်မဟုတ်ပေ။ ပြီးလျှင် သင်သည် အလင်းတွင်သာ လုံးဝ အသက်ရှင်လိမ့်မည်။ ဤသည်မှာ ပထမ အဆင့်ဖြစ်သည်။ ဆက်လက်၍ မည်သည့်အရာက မှားသည်၊ ဘုရားသခင်ကမည်သည့်အရာကို မနှစ်သက်သည်ကို မြင်ရန် သင်၏ အတွေးများနှင့် လုပ်ရပ်များကို စိစစ်ဖို့ သင်ယူရန်လိုပြီး ၎င်းတို့ကို ချက်ချင်း ပြောင်းပြန်လှန်ကာ၊ ပြုပြင်ဖို့ လိုအပ်သည်။ ထိုအရာများကို ပြုပြင်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ သင့်အတွင်းရှိ စာတန်နှင့်သက်ဆိုင်သော အရာများကို ငြင်းပယ်ပြီး ၎င်းတို့ကို သမ္မာတရားနှင့် အစားထိုးနေစဉ်တွင်၊ သမ္မာတရားကို လက်ခံပြီး စတင် နားလည်သဘောပေါက်ဖို့ ဖြစ်သည်။ ယခင်က သင်သည် အရာရာကို သင်၏ ဖောက်ပြန်ပျက်စီးသော သဘာဝအတိုင်း လုပ်ဆောင်ခဲ့သည်၊ ယင်းက လည်ပြီး လှည့်စားခြင်း ဖြစ်သည်။ မလိမ်ညာဘဲ မည်သည့်အရာမျှ သင်လုပ်ဆောင်၍ မရနိုင်ဟု သင်ခံစားရသည်။ ယခုအခါ သမ္မာတရားကို သင်နားလည်ပြီး အမှုကိစ္စများကို စာတန် လုပ်ဆောင်သည့် နည်းလမ်းများအား စက်ဆုပ်ရွံရှာသောကြောင့် ထိုနည်းအတိုင်း သင် မပြုမူတော့ချေ၊ သင်သည် ရိုးသားသည့်၊ သန့်စင်သည့်၊ နာခံသည့် စိတ်အနေအထားနှင့် လုပ်ဆောင်သည်။ သင်သည် မည်သည့်အရာကိုမျှ ထိန်းထားခြင်းမရှိလျှင်၊ ဟန်လုပ်ခြင်း၊ အယောင်ဆောင်ခြင်း၊ ဟန်ဆောင်လှည့်စားခြင်းမရှိလျှင်၊ ညီအစ်ကိုမောင်နှမများထံသို့ မိမိကိုယ်ကို ဖွင့်ချလျှင် သင်၏ အတွင်းအကျဆုံး အယူအဆများနှင့်အတွေးများကို မဖုံးကွယ်ဘဲ ယင်းအစား သင်၏ ရိုးသားသော သဘောထားကို အခြားလူတို့ မြင်ခွင့်ပေးလျှင်၊ ဤသို့ဆိုလျှင် သမ္မာတရားသည် သင့်အတွင်း၌ တဖြည်းဖြည်းချင်း အမြစ်တွယ်လိမ့်မည်။ နည်းနည်းချင်း အသီးအပွင့်ဖြစ်ထွန်းလိမ့်မည်။ အကျိုးရလဒ်များ ထွက်ရှိလိမ့်မည်။ သင်၏ စိတ်နှလုံးသည် တိုး၍ ရိုးသားလျှင်၊ ဘုရားဘက်သို့ တိုး၍ လှည့်လျှင်၊ သင်သည် သင့်တာဝန်ကို ထမ်းဆောင်သည့်အခါတွင် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ဖို့ သိပြီး ဤအကျိုးစီးပွားများကို သင် မကာကွယ်နိုင်သောအခါ သင် လိပ်ပြာမလုံလျှင် ဤသည်မှာ သမ္မာတရားက သင့်အပေါ်၌ သက်ရောက်မှုရှိပြီး သင်၏ဘဝ ဖြစ်လာခဲ့ပြီဆိုသည့် သက်သေဖြစ်သည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူတို့သာ ဘုရားသခင်ကို ကြောက်ရွံ့ကြသော သူများ ဖြစ်သည်”) မိမိကိုယ်ကို အယောင်မဆောင်ခြင်း၊ အတုအယောင်အမြင်များကို ပြခြင်း၊ ကျွန်မ၏ ဖောက်ပြန်ပျက်စီးမှုနှင့် အားနည်းချက်များကို ထုတ်ဖော်ပြနိုင်ခြင်း၊ ကျွန်မ၏ သရုပ်မှန်ကို ပြသခြင်း၊ ကျွန်မ၏ အတွင်းစိတ်နှလုံးကို ညီအစ်ကိုမောင်နှမတို့ကို မြင်စေခြင်းတို့သည် ရိုးသားသောသူတစ်ယောက်ဖြစ်ရန် လိုအပ်သည့်အရာများကြောင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျွန်မ နားလည်ခဲ့သည်။ ကျွန်မသည် အခြားသူများ ကျွန်မကို အထင်ကြီးစေရန် အစဉ်သဖြင့် ကိုယ့်ကိုယ်ကိုယ် ဟန်ဆောင်ဖုံးကွယ်ခဲ့ပုံ အစည်းအဝေးများပြုလုပ်နေစဉ်အတွင်းတွင် ကျွန်မ၏ ဖောက်ပြန်ပျက်စီးမှုကို ဖွင့်မပြရဲပုံတို့ကို တွေးမိသည်။ ကျွန်မသည် လှည့်စားတတ်သောသူ တစ်ယောက် ဖြစ်သည်။ ဘုရားသခင်က မုန်းတီးပြီး ရွံရှာသည့်သူတစ်ယောက်ဖြစ်သည်။ ဤသို့ရှင်သန်ခြင်းသည် ပင်ပန်းပြီး နာကျင်ရသည်။ ဤသည်ကို ကျွန်မ သဘောပေါက်လိုက်သည်နှင့် ဘုရားထံ ဆုတောင်းသည်။ “ဘုရားသခင် လူတွေ သမီးကို အထင်ကြီးလေးစားအောင်လုပ်ဖို့အရာရာမှာ ကိုယ့်ကိုယ်ကိုယ် အယောင်ဆောင်ခဲ့ပါတယ်။ ဒါဟာ ကိုယ်တော့်ကို စက်ဆုပ်ရွံရှာစေတယ်ဆိုတာ သမီးသိပါတယ်။ အခု သမီး ကိုယ့်ကိုယ်ကိုယ် စက်ဆုပ်ရွံရှာပါတယ်။ ဘုရားသခင် သမီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ရိုးသားသူတစ်ယောက်ဖြစ်လိုပါတယ်။ လမ်းပြတော်မူပါ။” ဆုတောင်းပြီးနောက်တွင် တကယ့်အလုပ်ကို ကျွန်မ မလုပ်ခဲ့ပုံကို မိတ်သဟာယပြုခဲ့ပြီး အယောင်ဆောင်ပြီး လှည့်စားမှုတွေကို လုပ်ခဲ့ပုံကို ဖော်ထုတ်ခဲ့ပါသည်။ မိတ်သဟာယပြီးနောက် ကျွန်မစိတ်နှလုံးပေါ်မှ အလေးချိန်သည် ပေါ့ပါးသွားပြီး အလွန်စိတ်သက်သာသလို ခံစားရသည်။ ညီအစ်ကိုမောင်နှမများက ကျွန်မကို အထင်မသေးကြပါ။ ခေါင်းဆောင်များက ကျွန်မကို ကိုင်တွယ်ဖြေရှင်းခြင်းမပြုပါ။ ထိုအစား သူတို့သည် ကျွန်မကို စိတ်ရှည်စွာဖြင့် မိတ်သဟာယဖွဲ့ပြီး လက်တွေ့အလုပ်ကို မည်သို့လုပ်ရမည်ကို သင်ကြားပေးခဲ့သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ရိုးသားသောသူတစ်ယောက်ဖြစ်ခြင်းအားဖြင့် ငြိမ်သက်ခြင်းခံစားရမည်ကို ကျွန်မ နားလည်သဘောပေါက်သွားသည်။ ကျွန်မ၏ ပြဿနာများနှင့် အားနည်းချက်များ ဖော်ထုတ်ခံရသော်လည်း ညီအစ်ကိုမောင်နှမများ၏ မိတ်သဟာယနှင့် အကူအညီမှတစ်ဆင့် ကျွန်မ၏ ပုံစံကို အချိန်မီပြောင်းလဲနိုင်ခဲ့ပြီး တာဝန်ကို ပိုမိုကောင်းမွန်စွာ ထမ်းဆောင်နိုင်ခဲ့သည်။ ဤသည်မှာ ကျွန်မအတွက် အကျိုးဖြစ်စေခဲ့ပါသည်။

ထို့နောက် ကျွန်မသည် ညီအစ်ကိုမောင်နှမများနှင့်အတူ အသိစိတ်ရှိရှိဖြင့် ပွင့်လင်းစွာပြောဆို မိတ်သဟာယဖွဲ့သည်။ ကျွန်မ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်ပြီး မိမိကိုယ်ကို အယောင်ဆောင်ခြင်းကို ရပ်တန့်ခဲ့သည်။ တစ်ခါတွင် အစ်ကိုတစ်ယောက်က ကျွန်မထံ စာပို့ပြီး ပြောသည်။ “ညီမက ဧဝံဂေလိသင်းထောက်တစ်ယောက်ပဲ။ အစ်ကိုတို့ ဧဝံဂေလိဟောတဲ့အခါ ဧဝံဂေလိပစ်မှတ်တွေနဲ့ ညီမ လာမိတ်သဟာယဖွဲ့ပါလား။ ဒါ ညီမလုပ်ကိုလုပ်သင့်တဲ့ပုံစံရှိတယ်။” စာကိုကျွန်မ မြင်သောအခါတွင် အလွန်စိတ်ဆိုးမိသည်။ ကျွန်မ စဉ်းစားသည်။ “ရှင်က အဖွဲ့ခေါင်းဆောင်သက်သက်ပဲ။ ကျွန်မကို အမိန့်ပေးဖို့ ဘယ်သူက အခွင့်ပေးတာလဲ။ ရှင်က ကျွန်မကို စစ်မေးနေသလိုမျိုးပဲ။ ကျွန်မက အလုပ်ရှုပ်မရှုပ်၊ အချိန်ရမရဆိုတာတောင် မမေးဘူး။” ထို့ကြောင့် ကျွန်မ ပြန်ဖြေလိုက်သည်။ “ဧဝံဂေလိအလုပ်က ကျွန်မ တစ်ယောက်တည်းအပေါ် မူတည်တာ မဟုတ်ဘူး။ လူတိုင်းက ပူးပေါင်းဆောင်ရွက်သင့်တယ်။” ထို့နောက်တွင် ကျွန်မသည် မာနထောင်လွှားသည်ဟု ခံစားရသောကြောင့် အနည်းငယ် အပြစ်ရှိသလိုခံစားရသည်။ အစ်ကိုက ကျွန်မတို့အလုပ်ကို ထည့်စဉ်းစားနေပြီး အမှန်တရားများကိုပြောနေခြင်းဖြစ်သည်။ ကျွန်မ လက်ခံလိုက်သင့်သည်။ ကျွန်မက ငြင်းဆန်ရုံတင်မကဘဲ သူ့ကို စိတ်ဆိုးမာန်ဆိုးဖြင့် တုံ့ပြန်ခဲ့သည်။ ်ယင်းမှာ မလျော်ကန်ခြင်း မဟုတ်ပါလား။ ကျွန်မလုပ်ခဲ့သည်အရာသည် သူ့ကိုနာကျင်စေပြီး စိတ်ကျဉ်းကျပ်စေလိမ့်မည်။ သူ့ဆီကို သွား၍ ပွင့်ပွင့်လင်းလင်းပြောချင်ပြီး ကျွန်မပြဿနာများကို ဝန်ခံချင်သည်။ သို့သော် ကျွန်မ၏ ပုံရိပ်ကို မစွန့်လွှတ်နိုင်ခဲ့ပေ။ ဤအစ်ကိုသည် အရင်က ကျွန်မအပေါ်တွင် အကောင်းမြင်ခဲ့သည်။ ကျွန်မက သူ့ကို ဖွင့်ပြောလိုက်လျှင် ကျွန်မကို အထင်သေးမည်လား။ ဤသို့စဉ်းစားလျက်ဖြင့် ကျွန်မသည် ကျွန်မ၏ ဂုဏ်အဆင့်အတန်းနှင့် ပုံရိပ်ကို ထိန်းသိမ်းရန် အယောင်ဆောင်ချင်နေပြန်သည်ကို သဘောပေါက်လိုက်သည်။ ဘုရားထံ ကျွန်မ ဆုတောင်းလိုက်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး မိမိကိုယ်ကို စွန့်လွှတ်ရာတွင် ကျွန်မကို ဦးဆောင်ပေးရန် တောင်းလျှောက်လိုက်သည်။ ထို့နောက်တွင် ကျွန်မ၏ ဖောက်ပြန်ပျက်စီးမှုကို အစ်ကိုထံသို့ ဖွင့်ပြောခဲ့သည်။ သူက မာနထောင်လွှားသော စိတ်သဘောထားရှိခဲ့ပြီး သူစကားပြောသည့်အခါ ကျွန်မ၏ ခံစားချက်များကို ထည့်မစဉ်းစားခဲ့မိပါ၊ သူပြောင်းလဲချင်သည်ဟု ပြောသည်။ ဘုရားနှုတ်ကပတ်တော်လမ်းညွှန်မှုဖြင့် ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ် ပြန်ဆင်ခြင်ကြည့်ခဲ့ကြသည်။ ရိုးသားသူတစ်ယောက်ဖြစ်ရန် လက်တွေ့လုပ်ဆောင်ခြင်းသည် ကျွန်မကို အထူးသဖြင့် စိတ်သက်သာရာရစေသည်။

ကျွန်မ၏ အတွေ့အကြုံမှတစ်ဆင့် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အမှန်ပင် လူတို့ကို သန့်စင်ပြီး ကယ်တင်သည်ကို ကျွန်မ သဘောပေါက်ခဲ့ပါသည်။ ဘုရားနှုတ်ပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမပါလျှင် ကျွန်မသည် အစဉ်သဖြင့် မိမိကိုယ်ကို အယောင်ဆောင် ဖုန်းကွယ်နေမည်ဖြစ်သည်။ ကျွန်မ၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးခြင်းနှင့် အားနည်းချက်များကို အမှန်တကယ်နားလည်ရန် ဖြစ်နိုင်မည်မဟုတ်ဘဲ ကျွန်မသည် ပြောင်းလဲနိုင်မည်မဟုတ်ပေ။ ဘုရားသခင်၏ လမ်းပြမှုနှင့် ကယ်တင်ခြင်းအတွက်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ရိုးသားသူဖြစ်ခြင်း၏ စိတ်အေးချမ်းမှုအရသာကို ကျွန်မကို ပေးသည့်အတွက် ဘုရားကို ကျေးဇူးတင်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

အကျပ်အတည်းကြားက ရွေးချယ်မှု

ကျန်းကျင့် တရုတ်နိုင်ငံ လွန်ခဲ့တဲ့တစ်ချိန်က အစ်ကိုကျောက်ဆီက စာတစ်စောင် ရခဲ့တယ်။ သူတို့အသင်းတော်ခေါင်းဆောင်နဲ့ ညီအစ်ကိုတစ်ယောက်...

အသင်းတော်များကို ထပ်ဆင့်ခွဲခြင်းမှ သင်ယူရရှိသည့် သင်ခန်းစာများ

ရီးရှင် အမေရိကန်နိုင်ငံ အရင်နှစ် အစောပိုင်းမှာ ကျွန်မတို့ရဲ့ လူသစ်အသင်းတော်တွေက သိပ်ကြီးလာတော့ ခေါင်းဆောင်က ကျွန်မနဲ့...

နာမည်နှင့် အကျိုးအမြတ်အတွက် ကြိုးပမ်းသည့် နေ့ရက်များ

ပြီးခဲ့တဲ့ ဇွန်လတုန်းက အသင်းတော် ရေလောင်းတဲ့အလုပ်ကို ကျွန်မ တာဝန်ယူခဲ့ပြီး၊ ရေလောင်းပေးတဲ့သူ မရှိလို့ ကျွန်မတို့ရဲ့ အလုပ် ထိခိုက်ခဲ့ရတယ်။...

ဘုရားသခင်အတွက် အစေခံခြင်းအမှု လုပ်ဆောင်ရန် ကျွန်တော် ကံကောင်းပါသည်

ကမ်းရွှေ တောင်ကိုရီးယားနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူသားကို ဘုရားသခင်၏ စုံလင်အောင် ပြုခြင်းသည် မည်သည့်အရာအားဖြင့်...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။