ကျွန်မ နားမလည်တာကို ဖုံးကွယ်ရတဲ့ အကြောင်းအရင်း

20.05.2026

မြောင်မြောင်၊ တရုတ်နိုင်ငံ

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ရိုးသားခြင်းဟူသည်မှာ သင်၏စိတ်နှလုံးကို ဘုရားသခင်ထံ ပေးအပ်ခြင်းကို ဆိုလို၏၊ မည်သည့်အရာ၌မဆို ဘုရားသခင်အပေါ် လှည့်ဖြားခြင်းမရှိဘဲ အရာခပ်သိမ်း၌ ကိုယ်တော့်ထံ ပွင့်လင်းခြင်း၊ အဖြစ်မှန်များကို မည်သည့်အခါမျှ မဖုံးကွယ်ခြင်း၊ သင့်အထက်ရှိသူများကို လှည့်ဖြားရန် မကြိုးစားခြင်းနှင့် သင့်အောက်ရှိသူများထံမှ အမှုအရာများကို မဖုံးကွယ်ခြင်း၊ ဘုရားသခင်ကို မျက်နှာလိုမျက်နှာရလုပ်ရန်သာ ကြိုးပမ်းသည့်အရာများကို မလုပ်ဆောင်ခြင်းပင် ဖြစ်သည်။ အတိုချုံး၍ဆိုရလျှင် ရိုးသားခြင်း ဆိုသည်မှာ သင်၏ လုပ်ရပ်များနှင့် စကားများတွင် စင်ကြယ်ဖို့နှင့် ဘုရားသခင်ကို ဖြစ်စေ၊ လူသားကိုဖြစ်စေ မလှည့်စားခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်)ဘာသာတရားမရှိသောသူများကြားတွင် သင်က ရိုးသားသူတစ်ဦးဖြစ်အောင် ကြိုးစားပြီး အမှန်တရားကို ပြောလျှင် သင်သည် အသရေဖျက်ခံရမည်၊ ဝေဖန်အပြစ်တင်ခံရပြီး ငြင်းပယ်ခြင်းခံရမည်။ ထို့ကြောင့် သင်က လောကီရေပန်းစားမှုများနောက်သို့ လိုက်သည်။ စာတန်ဆန်သော အတွေးအခေါ်များဖြင့် အသက်ရှင်သည်။ လိမ်ညာခြင်းတွင် ပိုပို၍ ကျွမ်းကျင်လာသည်။ ပိုပို၍ လှည့်ဖြားလာသည်။ သင်၏ ပန်းတိုင်များကို ရရှိပြီး ထိုသို့ဖြင့် မိမိကိုယ်ကို ကာကွယ်ရန်အတွက် ကောက်ကျစ်စဉ်းလဲသော နည်းများကိုလည်း အသုံးပြုသည်။ စာတန်၏ ကမ္ဘာတွင် သင်သည် ပိုပို၍ ကြီးပွားချမ်းသာလာသည်။ ရလဒ်အနေဖြင့် သင်သည် အပြစ်ထဲသို့ ပို၍ပို၍ ကျဆင်းကာ မိမိကိုယ်မိမိ ကယ်မထုတ်နိုင်တော့ပေ။ ဘုရားသခင်၏ အိမ်တော်၌မူ အခြေအနေများသည် လုံးဝ ဆန့်ကျင်ဘက် ဖြစ်၏။ သင်သည် လိမ်လည်ခြင်းနှင့် လှည့်ဖြားခြင်း၌ ပို၍ ကျွမ်းကျင်လေလေ၊ ဘုရားသခင် ရွေးချယ်ထားသောလူများက သင်တို့ကို ပို၍ အလွန်အမင်း မနှစ်မြို့ဘဲ ပစ်ပယ်ကြလေလေ ဖြစ်လိမ့်မည်။ သင်သည် နောင်တရရန် ငြင်းဆန်ပြီး စာတန်ဆန်သော အတွေးအခေါ်များနှင့် ကျိုးကြောင်းဆင်ခြင်မှုများကို ဆက်လက်ဖက်တွယ်ထားကာ မိမိကိုယ်ကို ဖုံးကွယ်ရန်နှင့် ဟန်ဆောင်ရန်အလို့ငှာ အကြံအစည်များ၊ ပရိယာယ်များနှင့် ပါးနပ်သော နည်းဗျူဟာများကိုလည်း အသုံးပြုပါက သင်တို့သည် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခြင်း ခံရနိုင်ချေ အလွန်ရှိ၏။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်က လှည့်ဖြားတတ်သောသူများကို စက်ဆုပ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်တွင် ရိုးသားသောသူတို့သာ ကြီးပွားနိုင်ပြီး လှည့်ဖြားသောသူအားလုံးတို့သည် နောက်ဆုံးတွင် ငြင်းပယ်ခံရပြီး ဖယ်ရှားရှင်းလင်းခံရလိမ့်မည်။ ဤအရာကို ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားသည်မှာ ကြာပြီဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ မြင်ရတာက ဘုရားသခင်ဟာ ရိုးသားတဲ့လူတွေကို နှစ်သက်တယ်ဆိုတာပါပဲ။ ရိုးသားတဲ့လူတွေက ရိုးရိုးရှင်းရှင်း ပွင့်ပွင့်လင်းလင်း ပြောတတ်ကြပြီး ဘုရားသခင်နဲ့ တခြားလူတွေအပေါ်မှာ ရိုးသားစစ်မှန်ကြတယ်။ သူတို့က ဟန်ဆောင်တာ၊ လှည့်ဖြားတာ မရှိဘဲ စိတ်ထဲမှာရှိတာ မှန်သမျှကို ပြောကြတယ်။ အဲဒီလိုလူမျိုးတွေဟာ ဘုရားသခင် ကယ်တင်ချင်တဲ့သူတွေ ဖြစ်ပါတယ်။ လှည့်ဖြားတတ်တဲ့လူတွေကျတော့ အရမ်းရှုပ်ထွေးတဲ့ အတွေးတွေ ရှိကြတယ်။ သူတို့ရဲ့ အပြောအဆိုနဲ့ လုပ်ရပ်တွေမှာ ပွင့်လင်းမြင်သာမှု မရှိဘူး။ တစ်ခုခုကို နားမလည်ရင် မမေးကြဘူး၊ မရှာဖွေကြဘူး။ အဲဒီအစား သူတို့က အမြဲတမ်း ဖုံးကွယ်ပြီး ဟန်ဆောင်ကြတယ်။ အဲဒီလိုလူမျိုးတွေမှာ လှည့်ဖြားတတ်တဲ့ စိတ်သဘောထားရှိပြီး အလွယ်တကူ ကယ်တင်မခံရပါဘူး။ ပြန်စဉ်းစားကြည့်ရင် ကျွန်မက ကိုယ့်သိက္ခာနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် ခဏခဏ ဟန်ဆောင်ခဲ့မိတယ်။ ကျွန်မဟာ လှည့်ဖြားတတ်တဲ့ စိတ်သဘောထားထဲမှာ အသက်ရှင်ခဲ့တာပါ။ တာဝန်တွေမှာ ကိုယ်နားမလည်နိုင်တဲ့၊ မဖြေရှင်းနိုင်တဲ့ ပြဿနာတွေ၊ အခက်အခဲတွေ ကြုံရတဲ့အခါ ကျွန်မက ရှာဖွေဖို့အတွက် ပွင့်ပွင့်လင်းလင်း မဖွင့်ဟခဲ့ပါဘူး။ အမှောင်ထု၊ အပျက်သဘောဆောင်တာနဲ့ နာကျင်မှုတွေထဲမှာ ကျွန်မ အသက်ရှင်ခဲ့ရုံသာမကဘဲ ကိုယ့်တာဝန်တွေမှာလည်း ထိရောက်မှု မရှိခဲ့ဘူးလေ။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရှုတော့ ရိုးသားတဲ့လူတစ်ယောက် ဖြစ်ရခြင်းရဲ့ အရေးပါပုံကို ကျွန်မ နားလည်လာပြီး ရိုးသားတဲ့လူတစ်ယောက်ဖြစ်ဖို့ အသိတရားရှိရှိနဲ့ စတင်လက်တွေ့လုပ်ဆောင်ခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ်၊ ဇွန်လတုန်းက အသင်းတော်မှာ ကျွန်မ ဗီဒီယိုတွေ လုပ်နေခဲ့တယ်။ အစတုန်းကတော့ ကျွန်မက အခုမှ စပြီးလက်တွေ့လုပ်တာဆိုတော့ အလုပ်မှာ တစ်ခုခု နားမလည်တာရှိတိုင်း ကိုယ့်ဘက်ကစပြီး ညီအစ်ကိုမောင်နှမတွေကို မေးမြန်းပြီး သင်ယူမယ်လို့ တွေးခဲ့တယ်။ ကိုယ့်မှာရှိတဲ့ ဘယ်အခြေအနေတွေကိုမဆိုလည်း ပွင့်ပွင့်လင်းလင်း မိတ်သဟာယပြုခဲ့သလို လူတိုင်းကလည်း စိတ်ရှည်လက်ရှည်နဲ့ မိတ်သဟာယပြုပြီး ကူညီပေးကြတယ်။ ခဏကြာတော့ ကျွန်မ တိုးတက်မှုမြန်တယ်လို့ ညီအစ်ကိုမောင်နှမတွေအားလုံးက ပြောကြတယ်။ အလုပ်တစ်ခုကို ပြန်စစ်တဲ့အချိန်မှာ ကြီးကြပ်ရေးမှူးက ကျွန်မ အသက်ငယ်ပေမယ့် အစွမ်းအစက တော်တော်ကောင်းတယ်၊ အလုပ်မှာ သင်ယူတာမြန်တယ်၊ ပြီးတော့ ကျွန်မက ပျိုးထောင်ဖို့အတွက် သင့်တော်သူ ဖြစ်တယ်လို့ ပြောတယ်။ ကျွန်မကို ပိုပြီးကူညီလမ်းပြပေးဖို့ တခြားလူတွေကိုလည်း သူက မှာကြားခဲ့တယ်။ ဒီလိုနဲ့ ကျွန်မရဲ့ တိုးတက်မှု ပိုမြန်လာအောင်ပေါ့။ ကြီးကြပ်ရေးမှူးက ကျွန်မကို အဲဒီလို အထင်ကြီးတာ မြင်ရတော့ ကျွန်မ တော်တော်ပျော်သွားပေမယ့် ဖိအားတချို့လည်း ခံစားခဲ့ရတယ်။ “ကြီးကြပ်ရေးမှူးက ငါ့အပေါ် မျှော်လင့်ချက်တွေ အများကြီးထားတာပဲ၊ ဒါကြောင့် အခုကစပြီး ငါ ကြိုးစားလုပ်ရမယ်၊ အလုပ်ကို မြန်မြန်သဘောပေါက်ပြီး ဗီဒီယိုတွေကို ကိုယ့်ဘာသာကိုယ် ထုတ်လုပ်နိုင်အောင် ကြိုးစားရမယ်။ အရင်ကလို ပြဿနာတွေ အများကြီး ဖော်ထုတ်လို့ မဖြစ်တော့ဘူး၊ မဟုတ်ရင် ညီအစ်ကိုမောင်နှမတွေက ငါ့ကို အရည်အချင်းမရှိဘူးလို့ သေချာပေါက် ထင်သွားကြလိမ့်မယ်။ ပြီးတော့ ကြီးကြပ်ရေးမှူးကလည်း ငါ့ကို ပျိုးထောင်ဖို့အတွက် သင့်တော်သူအဖြစ် သတ်မှတ်တော့မှာ မဟုတ်ဘူး” ပေါ့။ အဲဒီနောက်ပိုင်းမှာ ဗီဒီယိုလုပ်နေရင်း နားမလည်တဲ့ ကိစ္စတွေ ကြုံရတဲ့အခါ မေးဖို့ ကျွန်မ တွန့်ဆုတ်နေခဲ့တယ်။ ကျွန်မ တွေးမိတာက “ငါသာ မေးခွန်းတွေ ဆက်မေးနေရင် လနည်းနည်းလောက် လက်တွေ့လုပ်ပြီးတာတောင် ငါ့မှာ ဘာလို့ မေးခွန်းတွေ အများကြီး ရှိနေသေးတာလဲလို့ ညီအစ်ကိုမောင်နှမတွေက တွေးကြမလား။ ကြီးကြပ်ရေးမှူးသာ သိသွားရင် ငါ့ကို အထင်သေးသွားမလား။ ဒါဆိုရင် သူများတွေအမြင်မှာ ငါက အစွမ်းအစကောင်းတယ်ဆိုတဲ့ ပုံရိပ်ကို ထိခိုက်သွားမှာ မဟုတ်ဘူးလား။ ထားလိုက်ပါတော့၊ ငါ ထပ်မမေးတော့ဘူး၊ ကိုယ့်ဘာသာပဲ လေ့လာတော့မယ်။ ဒီလိုဆိုရင် ငါ့ရဲ့ အားနည်းချက်တွေ နည်းနည်းပဲ ပေါ်တော့မှာ” ပေါ့။ ဒါကြောင့် ကျွန်မက ကိုယ့်ဘာသာ လေ့လာဖို့ သင်ခန်းစာတွေကို စရှာဖွေပြီး ပြဿနာတွေကို ဖြေရှင်းဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားခဲ့တယ်။ ရလဒ်အနေနဲ့ ဗီဒီယိုထုတ်လုပ်မှုမှာ ကျွန်မရဲ့ တိုးတက်မှုက နှေးသွားတာပေါ့။ တစ်ခါတော့ ကျွန်မက ဗီဒီယိုလုပ်တဲ့အခါမှာ တိုးတက်မှု နည်းနည်းနှေးနေတာကို ညီအစ်မတစ်ယောက်က သတိထားမိပြီး အခက်အခဲ တစ်ခုခုရှိနေလားလို့ မေးတယ်။ အမှန်တကယ်တော့ ကျွန်မ အခက်အခဲတွေ ရှိနေတယ်လို့ တကယ်ပြောချင်ခဲ့တာပါ၊ ဒါမှ ဖြေရှင်းနည်းကို ချက်ချင်းရှာတွေ့နိုင်ပြီး အချိန်တွေအများကြီး သက်သာမယ့်အပြင် အကြာကြီးလုပ်နေစရာ မလိုတော့ဘူးပေါ့။ ဒါပေမယ့် ကျွန်မ ပြန်တွေးမိတယ်၊ “ဒီပြဿနာအကြောင်း အရင်က ငါ မေးဖူးသားပဲ။ ထပ်မေးရင် ညီအစ်မက ဘာထင်မလဲ။ ငါက အစွမ်းအစမရှိဘဲ အရင်က သင်ပေးထားတာတွေကို မမှတ်မိဘူးလို့ သူ ထင်သွားမလား။ ငါက ပျိုးထောင်ဖို့ မထိုက်တန်ဘူးလို့ သူ ထင်သွားမလား။ ထားလိုက်ပါတော့၊ ကြီးကြပ်ရေးမှူးက ငါ့ကို အစွမ်းအစကောင်းပြီး အတတ်မြန်တဲ့သူလို့ ပြောထားတဲ့အပြင် ငါ့အပေါ် အကောင်းမြင်ထားတာဆိုတော့ ငါ ဘယ်လောက် ညံ့တယ်ဆိုတာ သူ့ကို အမြင်ခံလို့ မဖြစ်ဘူး” ပေါ့။ ဒါကြောင့် အဲဒီညီအစ်မကို ကျွန်မ ပြောလိုက်တယ်။ “လောလောဆယ် ပြဿနာမရှိပါဘူး၊ ကျွန်မက ဒီလိုနည်းပညာမျိုးကို အရင်က သိပ်မသုံးဖူးလို့ပါ။ နောက်ထပ် နည်းနည်းလောက် ထပ်လေ့ကျင့်လိုက်ရင် သဘောပေါက်သွားမှာပါ” ပေါ့။ ကျွန်မပြောတာ ကြားပြီးတော့ သူ ထပ်မမေးတော့ပါဘူး။ ဒီလိုနဲ့ပဲ ကျွန်မ မလုပ်တတ်သေးတဲ့ နယ်ပယ်တချို့ ရှိနေသေးပေမယ့် ညီအစ်ကိုမောင်နှမတွေကို မေးမယ့်အစား ကိုယ့်ဘာသာ လေ့လာပြီး သင်ခန်းစာတွေ ရှာကြည့်ဖို့ပဲ ပိုဆန္ဒရှိခဲ့တယ်။ ရလဒ်အနေနဲ့ ကျွန်မရဲ့ ဗီဒီယိုထုတ်လုပ်မှု တိုးတက်မှုနှုန်းက နှေးသွားပြီး ရလဒ်သိပ်မကောင်းခဲ့ဘူး။

နောက်ပိုင်းမှာ ညီအစ်မတစ်ယောက်က တဲ့တိုးပြောတယ်၊ “အစတုန်းက ရှင်က ပွင့်လင်းပြီး ရိုးသားတယ်လို့ ကျွန်မ ထင်ခဲ့တာ။ အရင်ကဆိုရင် ရှင်ကြုံနေရတဲ့ ပြဿနာတွေကို ပွင့်ပွင့်လင်းလင်း ပြောပြပြီး မေးခွန်းတွေ မေးတတ်တယ်။ အခု ဘာပြောင်းလဲသွားတာလဲ။ ရှင့်ရဲ့ စိတ်နှလုံးကို ကျွန်မတို့ မမြင်ရသလို ရှင်ဘာတွေးနေလဲဆိုတာ မသိရဘူး။ ရှင့်ရဲ့ ထုတ်လုပ်မှု တိုးတက်နှုန်း နှေးနေတာကို မြင်ရပေမယ့် ဘယ်နားမှာ ရှေ့ဆက်မရ ဖြစ်နေလဲ၊ ဘယ်လိုကူညီပေးရမလဲဆိုတာ ကျွန်မတို့ မသိရဘူး။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ဆင်ခြင်သုံးသပ်ကြည့်ပြီးပြီလား” တဲ့။ အဲဒီညီအစ်မ ပြောတဲ့စကားတွေက ဘုရားသခင် ခွင့်ပြုလို့ ဖြစ်လာရတာ၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ဖို့ ကျွန်မအတွက် သတိပေးချက်တစ်ခု ဖြစ်တယ်ဆိုတာကို ကျွန်မ ကောင်းကောင်း သိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မရဲ့ အခြေအနေမှန်ကိုသာ ဖွင့်ဟလိုက်ရင် လူတိုင်းက ကျွန်မအကြောင်းကို အကုန်သိသွားမှာကို ကြောက်လို့ ကျွန်မ ဆက်ပြီး ဟန်ဆောင်နေခဲ့တယ်။ ဒီအခြေအနေက နှစ်လ၊ သုံးလလောက် ကြာသွားပြီး ကျွန်မရဲ့ အခြေအနေ ပိုဆိုးလာတဲ့အပြင် တာဝန်တွေမှာလည်း ထိရောက်မှု မရှိတော့ဘဲ နောက်ဆုံးမှာ ကျွန်မ ဖြုတ်ချခံလိုက်ရတယ်။ ဒီသတင်းကြားကြားချင်းမှာပဲ ကျွန်မ အရမ်းနာကျင်ပြီး စိတ်ဆင်းရဲခဲ့ရတယ်။ ကျွန်မ အရမ်းမိုက်မဲခဲ့တယ်လို့ ခံစားမိတယ်။ အဲဒီအချိန်ထိ ကျွန်မ ဟန်ဆောင်ခဲ့တယ်၊ ကိုယ့်ချို့ယွင်းချက်တွေကို သူများတွေကို ဘယ်တော့မှ မမြင်စေချင်ခဲ့ဘူး၊ ဒါပေမယ့် ကျွန်မ ဘာရလိုက်လို့လဲ။ ညီအစ်ကိုမောင်နှမတွေနဲ့ ကျွန်မ စိမ်းသွားတဲ့အပြင် သူတို့ကလည်း ကျွန်မအကြောင်း ကောင်းကောင်း မသိကြတော့ဘူးလေ။ ပြီးတော့ တာဝန်တွေမှာလည်း တိုးတက်မှု မရှိခဲ့ဘဲ နောက်ဆုံးမှာ ဖြုတ်ချတောင် ခံလိုက်ရတယ်။ တွေးမိလေလေ၊ ကျွန်မ လုပ်ခဲ့တာတွေအတွက် နောင်တရလေလေဖြစ်ပြီး မျက်ရည်တွေ ထိန်းမရအောင် ကျလာမိတယ်။ ကိုယ့်ကိုယ်ကိုယ် မေးမိတယ်။ “ငါ နားမလည်တာတွေ၊ မလုပ်တတ်တာတွေ အများကြီး ရှိနေတာ ရှင်းနေတာပဲ၊ ဘာလို့ ကိုယ့်ဘက်ကစပြီး တခြားလူတွေဆီကနေ မရှာဖွေ၊ မမေးမြန်းခဲ့တာလဲ။ ငါ့အခြေအနေ မကောင်းတာ သိသာနေတာပဲ၊ ဘာလို့ ပွင့်ပွင့်လင်းလင်း ဖွင့်ဟချင်စိတ် မရှိခဲ့တာလဲ” ပေါ့။ ကျွန်မ ရှာကြည့်ရင်းနဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို တွေ့ခဲ့ရပါတယ်။ “လူတို့သည် ပင်ကိုအားဖြင့် ဖန်ဆင်းခံများ ဖြစ်ကြသည်။ ဖန်ဆင်းခံများသည် အနန္တတန်ခိုးကို ရရှိနိုင်သလော။ ၎င်းတို့သည် စုံလင်ခြင်းနှင့် အပြစ်အနာအဆာကင်းခြင်းကို ရရှိနိုင်သလော။ ၎င်းတို့သည် အရာရာတိုင်းတွင် ကျွမ်းကျင်မှုကို ရရှိနိုင်သလော၊ အရာရာတိုင်းကို နားလည်သဘောပေါက်လာနိုင်သလော၊ အရာရာတိုင်းကို ရှင်းလင်းစွာ မြင်နိုင်သလော၊ ပြီးလျှင် အရာရာတိုင်းကို လုပ်ဆောင်နိုင်စွမ်း ရှိသလော။ ၎င်းတို့ မရရှိနိုင်ပေ။ သို့ရာတွင် လူတို့အတွင်း၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု၊ သေနိုင်လောက်သော အားနည်းချက်တစ်ခု ရှိလေသည်။ ယင်းမှာ ၎င်းတို့သည် ကျွမ်းကျင်မှုတစ်ခု သို့မဟုတ် အတတ်ပညာတစ်ခုကို သင်ယူတတ်မြောက်သည်နှင့်တစ်ပြိုင်နက် လူတို့က မိမိတို့သည် လုပ်နိုင်စွမ်း ရှိသည်ဟုလည်းကောင်း၊ မိမိတို့သည် အဆင့်အတန်းနှင့် တန်ဖိုးရှိသော လူများဖြစ်သည်ဟုလည်းကောင်း၊ မိမိတို့သည် ပညာရှင်များ ဖြစ်သည်ဟုလည်းကောင်း ခံစားကြရခြင်း ဖြစ်သည်။ ၎င်းတို့၏ စစ်မှန်သော အစွမ်းအစသည် မည်သည့်အရာပင် ဖြစ်ပါစေ ၎င်းတို့အားလုံးသည် မိမိတို့ကိုယ်ကို ကျော်ကြားသော သို့မဟုတ် ထူးချွန်သော ပုဂ္ဂိုလ်တစ်ဦးအဖြစ် အမွှမ်းတင်လိုကြသည်၊ အတော်အတန် လူသိများသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာလိုကြပြီး ၎င်းတို့သည် ချို့ယွင်းချက် တစ်ခုတလေမျှ မရှိဘဲ စုံလင်ကာ အပြစ်အနာအဆာကင်းသည်ဟု အခြားသူများကို ထင်မှတ်စေလိုကြသည်။ ၎င်းတို့သည် လုပ်နိုင်စွမ်းရှိသော၊ တန်ခိုးကြီးသော၊ ထူးချွန်သော သို့မဟုတ် ကျော်ကြားပြီး ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ဦးအဖြစ်၊ ကြီးကျယ်ခမ်းနားသော ပုံရိပ်တစ်ခုရှိကာ မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်စွမ်းရှိပြီး ၎င်းတို့ မလုပ်နိုင်သောအရာဟူ၍ မရှိသူအဖြစ် အခြားလူများ၏ မြင်တွေ့ခြင်းကို ခံလိုကြသည်။ ၎င်းတို့က အခြားသူများ၏ အကူအညီကို ရှာဖွေပါက မိမိတို့သည် လုပ်နိုင်စွမ်းမရှိသည့်အပြင် နိမ့်ပါးပုံပေါက်မည်ဖြစ်ပြီး လူများက မိမိတို့ကို အထင်သေးကြလိမ့်မည်ဟု ခံစားကြရသည်။ ဤအကြောင်းကြောင့် ၎င်းတို့သည် အမြဲတစေ ဟန်ဆောင်နေလိုကြသည်။ လူအချို့ကို တစ်စုံတစ်ခု လုပ်ခိုင်းသည့်အခါ မည်သို့လုပ်ဆောင်ရသည်ကို ၎င်းတို့ အမှန်တကယ် မသိသော်ငြားလည်း သိသည်ဟု ပြောကြသည်။ ထို့နောက်တွင် ၎င်းတို့သည် ထိုအကြောင်းကို တိတ်တဆိတ် ရှာဖွေကြပြီး မည်သို့လုပ်ဆောင်ရမည်ကို သင်ယူဖို့ ကြိုးစားကြသော်လည်း နှစ်ရက်သုံးရက် လေ့လာပြီးသည့်နောက် မည်သို့လုပ်ရမည်ကို ၎င်းတို့နားမလည်ကြသေး။ ၎င်းတို့ အခြေအနေမည်သို့ရှိသည်ကို အမေးခံရသည့်အခါ ၎င်းတို့က ‘မကြာမီ ပြီးမည်၊ မကြာမီပြီးမည်’ ဟု ပြောကြသည်။ သို့ရာတွင် ၎င်းတို့၏စိတ်နှလုံးထဲ၌ ‘စောလွန်းသေးတယ်၊ မရသေးဘူး။ ငါ ဘာမျှ မသိ။ ငါ ဘာလုပ်ရမည်ကိုလည်း မသိ။ လျှို့ဝှက်ချက်ကို ငါ ပြောလိုက်၍ မဖြစ်၊ ဆက်၍ ဟန်ဆောင်ရမည်၊ ငါ၏ အားနည်းချက်များနှင့် မသိနားမလည်မှုများကို လူတို့အား မြင်ခွင့်ပေး၍ မဖြစ်။ ငါ့ကို အထင်သေးခွင့်ပြု၍ မဖြစ်’ ဟု ၎င်းတို့ တွေးနေကြသည်။ ဤသည်မှာ အဘယ်ပြဿနာနည်း။ ဤသည်မှာ မည်သို့ပင်ဖြစ်စေ သိက္ခာဆည်ရန် ကြိုးစားသည့် အသက်ရှင်နေစဉ်ဖြစ်သော ငရဲဖြစ်သည်။ ဤသည်မှာ မည်သို့သော စိတ်သဘောထားမျိုးနည်း။ ဤသို့သောသူများ၏ မာနထောင်လွှားမှုသည် အကန့်အသတ်မရှိပေ။ ၎င်းတို့သည် ဆင်ခြင်တုံတရားအားလုံး ပျောက်ဆုံးပေပြီ။ ၎င်းတို့သည် လူတိုင်းကဲ့သို့ မဖြစ်လိုပေ။ သာမန်၊ ပုံမှန်လူများ မဖြစ်လိုကြဘဲ မဟာလူသားများ၊ ထူးခြားသော ပုဂ္ဂိုလ်များ၊ သို့မဟုတ် အစွမ်းထက်သူများ ဖြစ်လိုကြသည်။ ဤသည်မှာ အလွန်ကြီးမားသော ပြဿနာတစ်ရပ် ဖြစ်သည်။ အားနည်းချက်များ၊ ချို့ယွင်းချက်များ၊ မသိနားမလည်မှု၊ မိုက်မဲမှုနှင့် ပုံမှန်လူ့သဘာဝအတွင်းမှ သိနားလည်မှု ကင်းမဲ့ခြင်းနှင့် စပ်လျဉ်း၍ ယင်းတို့အားလုံးကို သူတို့ ဖုံးကွယ်ပြီး အခြားသူများကို မြင်ခွင့်မပေးဘဲ မိမိတို့ကိုယ်ကို ဆက်လက် အယောင်ဆောင်ကြလေသည်။ မည်သည့်အရာမျှ ရှင်းရှင်းလင်းလင်း မမြင်နိုင်သည့်တိုင် မိမိတို့ စိတ်နှလုံးတွင် နားလည်ကြသည်ဟု အခိုင်အမာဆိုကြသေးသည့် သူအချို့ရှိ၏။ သင်သည် ထိုအရာကို ရှင်းပြရန် ၎င်းတို့အား စေခိုင်းသည့်အခါ ၎င်းတို့ မရှင်းပြနိုင်ကြချေ။ အခြားတစ်စုံတစ်ဦးက ရှင်းပြပြီးသည့်နောက်တွင် အလားတူသောအရာကို ၎င်းတို့ ပြောတော့မည့်ဆဲဆဲ ဖြစ်သော်လည်း အချိန်မီ မဖွင့်ဟနိုင်ခဲ့ဟု အခိုင်အမာ ဆိုကြလေသည်။ မိမိတို့ကိုယ်ကို ဟန်ဆောင်ရန် ၎င်းတို့ တတ်နိုင်သမျှလုပ်ဆောင်ပြီး အကောင်းမြင်ခံရရန် ကြိုးစားကြသည်။ သင်တို့ အဘယ်သို့ သဘောရကြသနည်း၊ ထိုသို့သော လူတို့သည် အမြဲ စိတ်ကူးယဉ်တတ်ကြသည် မဟုတ်လော။ သူတို့ အိပ်မက်မက်နေကြခြင်း မဟုတ်လော။ သူတို့သည် မိမိကိုယ်ကို အဘယ်သူများ ဖြစ်ကြသည်ကို မသိကြသလို ပုံမှန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်ရမည်ကိုလည်း မသိကြ။ လက်တွေ့ကျသည့် လူသားများကဲ့သို့ တစ်ကြိမ်မျှ သူတို့ လုံးဝ မပြုမူဖူးကြ။ သင်၏နေ့ရက်များကို စိတ်ကူးယဉ်ခြင်းဖြင့် အချိန်ဖြုန်းကာ အိုးနင်းခွက်နင်းဖြင့် ပြီးသွားလျက်၊ မည်သည့်အရာကိုမျှ အသိတရားရှိရှိ လက်တွေ့ကျသော စိတ်နေစိတ်ထားဖြင့် မလုပ်ဆောင်ဘဲ မိမိ၏ ကိုယ်ပိုင်စိတ်ကူးများဖြင့် အစဉ်သဖြင့် အသက်ရှင်နေထိုင်လျှင် ဤသည်မှာ ပြဿနာဖြစ်လေသည်။ အသက်တာတွင် သင် ရွေးချယ်သည့် လမ်းကြောင်းသည် မမှန်ကန်ပေ။ ဤအရာကို သင်ပြုလုပ်လျှင် ဘုရားသခင်ကို သင် မည်သို့ယုံကြည်ပါစေ သမ္မာတရားကို သင် နားလည်လိမ့်မည် မဟုတ်သလို သမ္မာတရားကို ရရှိနိုင်လိမ့်မည် မဟုတ်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် မှန်ကန်သော လမ်းကြောင်းပေါ် စတင်ရန် ပြည့်စုံရမည့် သတ်မှတ်ချက် ငါးချက်) ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်သုံးသပ်ကြည့်လိုက်တော့ ဘုရားသခင် ဖော်ထုတ်ထားတဲ့ အခြေအနေမျိုးမှာပဲ ကျွန်မ ရှိနေတယ်လို့ ခံစားလိုက်ရတယ်။ ကျွန်မက သာမန်ထက်ထူးကဲတဲ့လူသားလို အမြဲတမ်း သူများထက် သာလွန်ချင်တယ်။ ဒါကြောင့် ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်မိတဲ့အခါ ဒါမှမဟုတ် နားမလည်တဲ့ ပြဿနာတွေ ကြုံရတဲ့အခါတိုင်း ကျွန်မ အမြဲ ဟန်ဆောင်ခဲ့တယ်။ အဲဒီလိုလူမျိုးတွေက သမ္မာတရား ရရှိဖို့ ခက်ခဲပါတယ်။ ဗီဒီယို စလုပ်ခါစအချိန်ကို ဆင်ခြင်သုံးသပ်ကြည့်တော့ ကျွန်မ ဘာမှနားမလည်သေးသလို ဖိအားလည်း မရှိခဲ့ဘူး၊ ဒါကြောင့် ပြဿနာတွေ၊ အခက်အခဲတွေ ကြုံရတဲ့အခါ တခြားလူတွေဆီကနေ ရှာဖွေပြီး သင်ယူဖို့ လိုလားခဲ့တယ်။ အဲဒီလို လက်တွေ့လုပ်ဆောင်တော့ အများကြီး ရရှိခဲ့တဲ့အပြင် တိုးတက်မှုလည်း မြန်ခဲ့တယ်လို့ ခံစားရတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ကျွန်မက အစွမ်းအစကောင်းပြီး ပျိုးထောင်ဖို့ အလားအလာရှိတဲ့ ပင်ကိုစွမ်းရည်ရှိသူ ဖြစ်တယ်လို့ ကြီးကြပ်ရေးမှူး ပြောတာ ကြားလိုက်ရတဲ့အခါ ကျွန်မက မသိစိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် အသင်းတော်က အဓိကထား ပျိုးထောင်ရမယ့် လူတွေစာရင်းထဲမှာ ထည့်သွင်းလိုက်မိတယ်။ ကြီးကြပ်ရေးမှူးက ကျွန်မအပေါ် အကောင်းမြင်ပြီး ကျွန်မကို တန်ဖိုးထားတယ်၊ ဒါကြောင့် ကျွန်မပုံရိပ်ကို ကာကွယ်ပြီး အားနည်းချက်တွေ အများကြီး မဖော်ထုတ်ဖို့ လိုတယ်၊ မဟုတ်ရင် လူတွေက ကျွန်မအကြောင်း သိသွားပြီး အထင်သေးကြလိမ့်မယ်လို့ ကျွန်မ ခံစားခဲ့ရတယ်။ သူများတွေအမြင်မှာ ကိုယ့်အဆင့်အတန်းနဲ့ ပုံရိပ်ကို ကျွန်မ အမြဲ ဂရုတစိုက် ကာကွယ်ခဲ့တယ်။ ဗီဒီယိုထုတ်လုပ်ရေးမှာ ကျွန်မ ဘယ်လိုဖြေရှင်းရမှန်းမသိတဲ့ ပြဿနာတွေ၊ အခက်အခဲတွေ ကြုံရတဲ့အခါမှာတောင် မေးမြန်းဖို့ သတ္တိမရှိခဲ့ဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်အားနည်းချက်တွေ ပေါ်သွားရင် သူများတွေက ကျွန်မကို အထင်မကြီးတော့မှာ၊ တန်ဖိုးမထားတော့မှာကို ကြောက်လို့လေ။ နာမည်ဂုဏ်သတင်း၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းကို လိုချင်တဲ့ ကျွန်မရဲ့ ဆန္ဒက အရမ်းပြင်းပြခဲ့တာပဲ။ ကျွန်မက ဟန်ဆောင်တဲ့ အခြေအနေထဲမှာ အသက်ရှင်ခဲ့လို့ လနည်းနည်းကြာတဲ့အထိ ဗီဒီယိုထုတ်လုပ်မှုမှာ ဘာတိုးတက်မှုမှ မရှိခဲ့ဘဲ နောက်ဆုံးမှာ ဗီဒီယိုတွေ ထုတ်လုပ်ရဖို့ အခွင့်အရေးကိုပါ ဆုံးရှုံးခဲ့ရတယ်။ ကျွန်မ အရမ်းမိုက်မဲခဲ့တာပဲ။ ဗီဒီယိုတွေလုပ်တာကို စပြီး လက်တွေ့လုပ်ခါစအချိန်ကို ပြန်စဉ်းစားကြည့်ရင် ချို့ယွင်းချက်တွေ၊ အားနည်းချက်တွေ ရှိနေတာက ပုံမှန်ပါပဲ။ ဒါ့အပြင် အလုပ်တာဝန်တွေကို ကျွန်မတစ်ယောက်တည်း ကိုင်တွယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ ဒါကြောင့် ကျွန်မက ပိုမေးမြန်းဖို့၊ ညီအစ်ကိုမောင်နှမတွေနဲ့ ပိုပြီး ပူးပေါင်းလုပ်ပြီး သူတို့ဆီကနေ သင်ယူဖို့ လိုအပ်ခဲ့တယ်။ အဲဒီလိုလုပ်မှပဲ ကျွန်မ ဆက်တိုက် တိုးတက်နိုင်မှာပါ။ တကယ်လို့ ကျွန်မသာ ကိုယ့်မာနကို ဘေးဖယ်ထားပြီး ညီအစ်ကိုမောင်နှမတွေဆီကနေ တက်တက်ကြွကြွ ရှာဖွေပြီး သင်ယူနိုင်ခဲ့ရင် တာဝန်တွေမှာ အမြဲတမ်း ထိရောက်မှုမရှိလို့ ဖြုတ်ချခံရတာမျိုး ဖြစ်ခဲ့မှာ မဟုတ်ပါဘူး။ ဒါကို သဘောပေါက်လိုက်တဲ့အခါ ဒီလို ဖြုတ်ချခံရတာက ဘုရားသခင်ရဲ့ ဖြောင့်မတ်မှုသက်သက်ကြောင့်ပဲလို့ ကျွန်မ ခံစားလိုက်ရတယ်။

အဲဒီနောက်ပိုင်းမှာ “ငါ ဘာလို့ အမြဲတမ်း ဟန်ဆောင်နေမိတာလဲ” လို့ တွေးမိတယ်။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို တွေ့ခဲ့ရပြီး အဲဒါက ကျွန်မရဲ့ အခြေအနေကို ပိုပြီးရှင်းရှင်းလင်းလင်း မြင်လာအောင် ကူညီပေးခဲ့တယ်။ ဘုရားသခင်က ပြောသည် “တစ်စုံတစ်ယောက်ကို ညီအစ်ကိုမောင်နှမများက ခေါင်းဆောင်အဖြစ် ရွေးကောက်သောအခါ၊ သို့မဟုတ် အလုပ်တစ်ခုခု လုပ်ဆောင်ရန်ဖြစ်စေ၊ တာဝန်တစ်ခုခု ထမ်းဆောင်ရန်ဖြစ်စေ ဘုရားသခင်၏အိမ်တော်က မြှင့်တင်ပေးသောအခါတွင် ဤသူသည် ဘုရားသခင်အပေါ် ကျိုးနွံနာခံနိုင်ပြီး ဘုရားသခင်ကို သစ္စာဖောက်မည်မဟုတ်ဟု အဓိပ္ပာယ်သက်ရောက်ရန် မဆိုထားနှင့်၊ ထိုသူ၌ ထူးခြားသော ဂုဏ်အဆင့်အတန်းသော်လည်းကောင်း၊ ရာထူးနေရာသော်လည်းကောင်း ရှိသည်၊ သို့မဟုတ် ထိုသူနားလည်သည့် သမ္မာတရားများက အခြားလူများနားလည်သည့် သမ္မာတရားများထက် ပို၍နက်နဲပြီး ပို၍များပြားသည်ဟုပင် အဓိပ္ပာယ်သက်ရောက်ခြင်း မရှိပေ။ အသေအချာပင် ထိုသူသည် ဘုရားသခင်ကို သိပြီး ဘုရားသခင်ကို ကြောက်ရွံ့သောသူဖြစ်သည်ဟူ၍လည်း မဆိုလိုပေ။ အမှန်တကယ်တွင် ဤထဲမှ တစ်ခုကိုမျှ ၎င်းတို့မရရှိထားပေ။ မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းသည် ရိုးရှင်းသော အဓိပ္ပာယ်ဖြင့် မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းမျှသာဖြစ်ပြီး ၎င်းတို့ ဘုရားသခင်၏ ကြိုတင်ပြဋ္ဌာန်းခြင်း၊ ဘုရားသခင်က ထိုက်တန်သည်ဟု အမြင်ခံရခြင်းနှင့် မညီမျှချေ။ ထိုသူ၏ မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းမှာ ထိုသူသည် မြှင့်တင်ပေးခြင်းခံရပြီး ပျိုးထောင်မှုကို စောင့်ဆိုင်းနေသည်ဟူ၍ ဆိုလိုခြင်း သက်သက်သာဖြစ်သည်။ ပြီးလျှင် ဤပျိုးထောင်ခြင်း၏ အဆုံးသတ်ရလဒ်က ဤလူသည် သမ္မာတရားကို လိုက်စားခြင်း ရှိမရှိနှင့် ၎င်းသည် သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းကို ရွေးချယ်နိုင်စွမ်း ရှိမရှိတို့အပေါ်တွင် မူတည်လေသည်။ ထို့ကြောင့် အသင်းတော်ရှိ တစ်စုံတစ်ယောက်သည် ခေါင်းဆောင်ဖြစ်ရန်အတွက် မြှင့်တင်ပေးခံရပြီး ပျိုးထောင်ခံရသည့်အခါတွင် ထိုသူသည် အရိုးရှင်းဆုံးသော အဓိပ္ပာယ်ဖြင့် မြှင့်တင်ပေးပြီး ပျိုးထောင်ခံရခြင်းသာဖြစ်သည်။ ယင်းမှာ ထိုသူသည် စံနှုန်းပြည့်ပြီး ကျွမ်းကျင်မှုရှိသော ခေါင်းဆောင်တစ်ယောက် ဖြစ်နှင့်ပြီးဖြစ်ကြောင်း၊ ထိုသူသည် ခေါင်းဆောင်ပိုင်း အလုပ်ကို တာဝန်ယူဆောင်ရွက်နိုင်စွမ်း ရှိနေပြီဖြစ်ပြီး တကယ့်အလုပ်ကို လုပ်ဆောင်နိုင်ကြောင်း အဓိပ္ပာယ်မသက်ရောက်ပေ။ ဤသည်မှာ မမှန်ကန်ပေ။ လူအများစုသည် ဤအရာများကို ရိပ်စားမိနိုင်ခြင်း မရှိကြဘဲ ၎င်းတို့၏ ကိုယ်ပိုင်စိတ်ကူးများအရ မြှင့်တင်ပေးခံရပြီးသည့်သူများကို အထင်ကြီးလေးစားကြသည်။ ဤသည်မှာ အမှားတစ်ခုဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်ပြီးဖြစ်ပါစေ ရာထူးတိုးခြင်း ခံရသည့်သူများသည် သမ္မာတရား လက်တွေ့ကျမှုကို အမှန်တကယ် ပိုင်ဆိုင်သလော။ ပိုင်ဆိုင်ချင်မှ ပိုင်ဆိုင်ပေမည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို လက်တွေ့အကောင်အထည်ဖော်နိုင်သလော။ အကောင်အထည် ဖော်နိုင်ချင်မှ ဖော်နိုင်ပေမည်။ ၎င်းတို့၌ တာဝန်ယူစိတ်တစ်ခု ပိုင်ဆိုင်သလော။ ၎င်းတို့သည် သစ္စာစောင့်သိသလော။ ၎င်းတို့သည် ကျိုးနွံနာခံနိုင်သလော။ အရေးကိစ္စတစ်ခုကို ကြုံတွေ့ရသည့်အခါတွင် ၎င်းတို့သည် သမ္မာတရားကို ရှာဖွေနိုင်သလော။ ဤအရာအားလုံးတို့ကို မသိရှိရပေ။ ဤလူများ၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသလော။ ၎င်းတို့၏ ဘုရားသခင်အပေါ် ကြောက်ရွံ့သော စိတ်နှလုံးမှာ မည်မျှကြီးမားသနည်း။ အမှုအရာများကို ဆောင်ရွက်သည့်အခါတွင် သူ၏ ကိုယ်ပိုင်စိတ်ဆန္ဒနောက်ကို လိုက်ခြင်းကို ၎င်းတို့ ရှောင်ကြဉ်နိုင်သလော။ ၎င်းတို့သည် ဘုရားသခင်ကို ရှာဖွေနိုင်သလော။ ခေါင်းဆောင်ပိုင်း အလုပ်ကို ၎င်းတို့ ထမ်းဆောင်သည့်အချိန်ကာလတွင် ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေရန် ဘုရားသခင်ရှေ့မှောက်သို့ မကြာခဏ လာရောက်နိုင်သလော။ ၎င်းတို့သည် လူတို့အား သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဦးဆောင်လမ်းပြနိုင်သလော။ ၎င်းတို့သည် ဤအရာများကို သေချာပေါက်ပင် စွမ်းဆောင်နိုင်ခြင်း မရှိပေ။ ၎င်းတို့သည် လေ့ကျင့်ပေးခြင်းမခံထားရသေးဘဲ အတွေ့အကြုံ အလုံအလောက် မရှိသောကြောင့် ဤအရာများကို မစွမ်းဆောင်နိုင်ပေ။ ဤအတွက်ကြောင့် တစ်စုံတစ်ယောက်ကို မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းက ထိုသူသည် သမ္မာတရားကို နားလည်ပြီးဖြစ်သည်ဟု ဆိုလိုခြင်း မဟုတ်သကဲ့သို့ ထိုသူသည် စံနှုန်းပြည့်ဖြစ်သောနည်းလမ်းဖြင့် မိမိ၏တာဝန်ကို ထမ်းဆောင်နိုင်စွမ်း ရှိပြီးဖြစ်သည်ဟု ဆိုခြင်းလည်း မဟုတ်ချေ။ ဤသို့ဆိုလျှင် တစ်စုံတစ်ယောက်ကို မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်း၏ ရည်ရွယ်ချက်နှင့် အရေးပါမှုမှာ အဘယ်နည်း။ ယင်းမှာ ဤလူတစ်ဦးသည် လက်တွေ့လုပ်ဆောင်ရန်နှင့် အထူးရေလောင်းခြင်းနှင့် လေ့ကျင့်သင်ကြားပေးခြင်းတို့ ခံရရန် သီးခြားလူတစ်ဦးအဖြစ် မြှင့်တင်ပေးခံရခြင်းဖြစ်သည်။ ထိုသို့ဖြင့် သမ္မာတရား စည်းမျဉ်းများကိုလည်းကောင်း၊ မတူကွဲပြားသောအရာများကို လုပ်ဆောင်ခြင်းနှင့် မျိုးစုံသော ပြဿနာများကို ဖြေရှင်းခြင်းတို့တွင် စည်းမျဉ်းများ၊ နည်းလမ်းများနှင့် နည်းစနစ်များကိုလည်းကောင်း ၎င်းကြုံတွေ့ရသည့် အမျိုးအစားမျိုးစုံသော ပတ်ဝန်းကျင်များနှင့် လူများကို ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ကာကွယ်သည့်ပုံစံဖြင့် ကိုင်တွယ်ပုံနှင့် ဖြေရှင်းပုံတို့ကိုလည်းကောင်း နားလည်ရန် ၎င်းကို ထောက်ကူပေးသည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၅)) အရင်တုန်းက ကျွန်မ အမြဲ တွေးခဲ့တာက ကျွန်မက အသင်းတော်မှာ မြှင့်တင်ခံရပြီး ပျိုးထောင်ခံရမယ့်သူ ဖြစ်တဲ့အတွက် တခြားလူတွေထက် သေချာပေါက် ပိုတော်ရမယ်၊ ပိုစွမ်းဆောင်နိုင်ရမယ်၊ ပြီးတော့ အရာရာကို ကောင်းကောင်းလုပ်ရမယ်၊ အမှား သိပ်မလုပ်ရဘူး၊ ဒါမှ ငါက တခြားလူတွေနဲ့ မတူဘူးဆိုတာ ပြနိုင်မယ် ပေါ့။ အထူးသဖြင့် ကျွန်မဘေးက ညီအစ်ကိုမောင်နှမတွေက သူတို့ရဲ့ ကျွမ်းကျင်မှုတွေနဲ့ အလုပ်တာဝန်တွေမှာ တော်ကြပြီး သူတို့လုပ်တဲ့ ဗီဒီယိုတွေက အရည်အသွေးမြင့်သလို ထုတ်လုပ်မှုက ထိရောက်တာကို မြင်ရတဲ့အခါ ကျွန်မ ဖိအားတွေ အများကြီး ခံစားရတယ်။ ပြီးတော့ ကျွန်မမှာ အစွမ်းအစကောင်းရှိပြီး ပျိုးထောင်ဖို့ ထိုက်တန်တယ်ဆိုတာ ပြနိုင်အောင်လို့ သူတို့အဆင့်ကို မီဖို့၊ ဒါမှမဟုတ် သူတို့ထက်သာဖို့ ကျွန်မ အမြဲ ကြိုးစားခဲ့တယ်။ ဒါကြောင့် ကျွန်မ နားမလည်တဲ့ ပြဿနာတွေ ကြုံရတဲ့အခါ ဆက်ပြီး ဖုံးကွယ် ဟန်ဆောင်ခဲ့တယ်။ ကိုယ့်အားနည်းချက်တွေကို ညီအစ်ကိုမောင်နှမတွေ မြင်သွားပြီး “အစွမ်းအစကောင်း” ရှိတယ်ဆိုတဲ့ ကိုယ့်ပုံရိပ်ကို မထိန်းသိမ်းနိုင်မှာ စိုးလို့လေ။ တကယ်တမ်းကျတော့ ကြီးကြပ်ရေးမှူးက ကျွန်မကို ဗီဒီယိုလုပ်ဖို့ စီစဉ်ပေးတာက ဗီဒီယိုထုတ်လုပ်မှုမှာ ကျွန်မက အားသာချက်တချို့ ရှိလို့ပါပဲ။ ဒါဟာ ကျွန်မက တခြားလူတွေထက် ပိုတော်တယ်၊ ဒါမှမဟုတ် အလုပ်အတွက် လိုအပ်တဲ့ ကျွမ်းကျင်မှုတွေကို ပိုင်နိုင်တယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်မက ကိုယ့်အားနည်းချက်တွေကို ရင်မဆိုင်နိုင်ဘဲ ကိုယ့်ကိုယ်ကိုယ် ဆရာကြီးလို့ထင်ခဲ့တယ်။ ဒါက မြှင့်တင်ခံရပြီး ပျိုးထောင်ခံရတာနဲ့ ပတ်သက်ပြီး ကျွန်မ နားလည်မှုလွဲမှားတာ ဖြစ်သလို ကိုယ့်ကိုယ်ကိုယ် သတိပြုမိတာမျိုး ကင်းမဲ့တဲ့ လက္ခဏာတစ်ခုလည်း ဖြစ်ပါတယ်။ မြှင့်တင်ခံရတာက အရင်းအနှီး မဟုတ်သလို တာဝန်တစ်ခုကို ယူဖို့ ကျွန်မမှာ အရည်အချင်းရှိကြောင်း သက်သေပြတာ မဟုတ်မှန်း ကျွန်မ အခု နားလည်သွားတယ်။ ပြီးတော့ ဒီလို မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အမြင်အပေါ် အခြေခံပြီး ဆက်ဟန်ဆောင်နေလို့ မဖြစ်မှန်း အခု ကျွန်မ သိသွားခဲ့တယ်။ တစ်ခုခုကို ကျွန်မ လုပ်နိုင်ရင် လုပ်နိုင်တယ်လို့ ပြောသင့်တယ်။ မလုပ်နိုင်ရင် မလုပ်နိုင်ဘူးလို့ ပြောသင့်တယ်။ ညီအစ်ကိုမောင်နှမတွေကို ကျွန်မ ဖွင့်ဟပြီး ရိုးသားတဲ့လူတစ်ယောက် ဖြစ်အောင် လက်တွေ့လုပ်ဆောင်ဖို့ လိုအပ်တယ်။ အဲဒါက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီတဲ့အရာပါပဲ။ အဲဒီနောက်မှာ ပြီးခဲ့တဲ့သုံးလေးလက ကျွန်မရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ညီအစ်ကိုမောင်နှမတွေကို ဖွင့်ဟပြောပြလိုက်တယ်။ ပြောပြီးတဲ့အခါမှာ ကျွန်မ တကယ်ကို စိတ်သက်သာရာရပြီး လွတ်လပ်သွားတယ်။

နောက်ပိုင်းမှာ ခေါင်းဆောင်က ကျွန်မကို ဒီဇိုင်းအလုပ် လုပ်ဖို့ စီစဉ်ပေးတယ်။ အစတုန်းက ကျွန်မက ဒီဇိုင်းအလုပ်ရဲ့ စည်းမျဉ်းတွေကို မပိုင်နိုင်သေးတော့ ကျွန်မလုပ်တဲ့ ပုံတွေမှာ ပြဿနာတွေ အများကြီး ရှိနေတယ်။ ကျွန်မရဲ့ ဒီဇိုင်းအလုပ်မှာ ကြုံနေရတဲ့ ပြဿနာတွေ၊ အခက်အခဲတွေကို တင်ပြပြီး လူတိုင်းနဲ့အတူ ဖြေရှင်းနည်း ရှာချင်ခဲ့တယ်။ အဲဒီအချိန်မှာ ညီအစ်မတစ်ယောက်က ကျွန်မဟာ အရင်က အသင်းတော်မှာ ဗီဒီယိုတွေ လုပ်ဖူးတယ်၊ စိတ်အစွမ်းအစကောင်းတယ်၊ ပြီးတော့ အတတ်မြန်တယ်လို့ လူတိုင်းကို ပြောလိုက်တယ်။ သူ အဲဒီလို ပြောပြီးတဲ့အခါ တခြားညီအစ်ကိုမောင်နှမတွေအားလုံးက ကျွန်မကို ကြည့်လာကြတယ်။ ဒီလောက် အသက်ငယ်ငယ်နဲ့ ဗီဒီယို လုပ်နိုင်တာက အထင်ကြီးစရာပဲလို့ သူ့စကားတွေက ဆိုလိုနေတာလေ။ ကျွန်မ မျက်နှာပူသွားတယ်။ ဘာလို့လဲဆိုတော့ ဗီဒီယိုထုတ်လုပ်မှုမှာ တိုးတက်မှု သိပ်မရှိလို့ အရင်က ဖြုတ်ချခံခဲ့ရတယ်ဆိုတာ ကျွန်မတစ်ယောက်တည်းပဲ သိလို့ပါ။ ဒါပေမယ့် အခုကျတော့ လူတိုင်းက ကျွန်မ ဗီဒီယိုလုပ်နိုင်တယ်၊ အလားအလာရှိတယ်လို့ ထင်နေကြပြီး ကျွန်မကို အထင်ကြီးနေကြတယ်။ မသိစိတ်ထဲကနေ ကျွန်မရဲ့ စိတ်သဘောထားက ပြန်ပေါ်လာပြန်တယ်။ “ငါမေးချင်တဲ့ မေးခွန်းတွေက သူတို့အတွက်တော့ ရိုးရှင်းလောက်တယ်။ ငါသာ တင်ပြလိုက်ရင် သူတို့ ငါ့ကို အထင်သေးသွားကြမလား။ ကိုယ့်ဘာသာပဲ အဖြေရှာကြည့်လိုက်တာ ကောင်းမယ်” လို့ ကျွန်မ တွေးမိတယ်။ ဒီလိုတွေးမိပြီးတော့ ကျွန်မ ဘာမေးခွန်းမှ မမေးခဲ့ဘူး။ နောက်ပိုင်းမှာ ကျွန်မ တော်တော်နောင်တရပြီး “ဘာလို့ ငါ ထပ်ပြီး ဖုံးကွယ်ဟန်ဆောင်မိပြန်တာလဲ။ ဒီကိစ္စရဲ့ နောက်ကွယ်က အကြောင်းရင်းအမှန်က ဘာလဲ” လို့ တွေးမိတယ်။ ကျွန်မ ရှာဖွေရင်းနဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့ရပါတယ်။ “လူများသည် အခြားသူများက ၎င်းတို့အား အထင်ကြီးစေရန်နှင့် ၎င်းတို့၏ အမှားများ သို့မဟုတ် ချို့ယွင်းချက်များကို မမြင်နိုင်စေဖို့အလို့ငှာ၊ အစဉ် အယောင်ဆောင်သည့်အခါ၊ မိမိတို့ကိုယ်ကို အစဉ် ဖုံးဖိဖာထေးသည့်အခါ၊ အမြဲ ဆိုက်ထုတ်ကြသည့်အခါ၊ မိမိတို့၏ အကောင်းဆုံးဘက်ကို လူများအား တင်ဆက်ဖို့ အစဉ် ကြိုးစားနေသည့်အခါ ယင်းက အဘယ်သို့သော စိတ်သဘောထားမျိုး ဖြစ်သနည်း။ ဤသည်မှာ မာနထောင်လွှားခြင်း၊ ဟန်ဆောင်ခြင်း၊ သူတော်ကောင်း ယောင်ဆောင်ခြင်းဖြစ်သည်၊ ယင်းသည် စာတန်ဆန်သော စိတ်သဘောထား ဖြစ်သည်၊ ကောက်ကျစ်ဆိုးယုတ်သည့်အရာတစ်ခု ဖြစ်သည်။ စာတန်ဆန်သော အစိုးရစနစ်၏ အဖွဲ့ဝင်များကို ကြည့်လော့။ ၎င်းတို့သည် အမှောင်ထဲတွင် မည်မျှတိုက်ခိုက်ပါစေ၊ မည်မျှရန်စပါစေ၊ မည်မျှသတ်ဖြတ်ပါစေ ထိုသူတို့ကို မည်သူကမျှ တိုင်ကြားခွင့်၊ သို့မဟုတ် ဖော်ထုတ်ခွင့်မရှိချေ။ ၎င်းတို့၏ မကောင်းဆိုးဝါး မျက်နှာကို လူများမြင်မည်ကို ကြောက်ကြသည်။ ယင်းကို ဖုံးကွယ်ဖို့ ၎င်းတို့တတ်နိုင်သမျှ အရာအားလုံး လုပ်ဆောင်ကြသည်။ လူပုံအလယ်တွင် ၎င်းတို့သည် လူများကို မည်မျှချစ်ကြောင်း၊ ၎င်းတို့သည် မည်မျှကြီးမြတ်ကာ၊ ဘုန်းကျက်သရေရှိပြီး မမှားနိုင်ကြောင်းပြောလျက် မိမိတို့ကိုယ်ကို ဖုံးဖိဖာထေးဖို့ အဆုံးစွန် လုပ်ဆောင်ကြသည်။ ဤသည်မှာ စာတန်၏သဘာဝ ဖြစ်သည်။ စာတန်သဘာဝ၏ အထင်ရှားဆုံးအင်္ဂါရပ်မှာ လှည့်ကွက်နှင့် လှည့်ဖြားမှုဖြစ်သည်။ ဤလှည့်ကွက်နှင့် လှည့်ဖြားမှုတို့၏ ရည်မှန်းချက်သည် အဘယ်နည်း။ လူများကို လှည့်စားဖို့၊ ၎င်း၏အနှစ်သာရနှင့် စရိုက်မှန်တို့ကို မမြင်အောင် ထိုသူတို့အား တားဆီးပြီး ထိုသို့ဖြင့် ၎င်း၏အုပ်စိုးမှု ကြာရှည်စေဖို့ ပန်းတိုင်ကို အောင်မြင်ရရှိဖို့ ဖြစ်သည်။ သာမန်လူများ၌ ထိုသို့သော အာဏာနှင့် ဂုဏ်အဆင့်အတန်း ရှိချင်မှရှိမည် ဖြစ်သော်လည်း ၎င်းတို့သည်လည်း အခြားသူများအား ၎င်းတို့ကို အလေးပေးသောအမြင် စွဲကိုင်စေဖို့အပြင် လူများက သူတို့၏စိတ်နှလုံးထဲ၌ ၎င်းတို့အား မြင့်မားသော ထင်မြင်ယူဆချက်ရှိဖို့နှင့် ၎င်းတို့အား မြင့်မားသော ဂုဏ်အဆင့်အတန်းဆီသို့ မြှင့်တင်ပေးဖို့ကို ဆန္ဒရှိကြသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား ဖြစ်ပေသည်။ သမ္မာတရားကို လူတို့က နားမလည်လျှင် ဤအရာကို သတိပြုမိနိုင်စွမ်းမရှိပေ။...အမှားပြုလုပ်ခြင်း၊ သို့မဟုတ် မိမိကိုယ်ကို အယောင်ဆောင်ခြင်းတွင် မည်သည့်အရာက စိတ်သဘောထားနှင့် သက်ဆိုင်သနည်း။ အယောင်ဆောင်ခြင်းသည် စိတ်သဘောထားနှင့်ဆိုင်သည်။ ယင်းသည် မာနထောင်လွှားသော စိတ်သဘောထား၊ ကောက်ကျစ်ဆိုးယုတ်မှု၊ လှည့်စားမှုတို့ ပါဝင်သည်။ ဘုရားသခင်က အလွန်အမင်း စက်ဆုပ်ရွံရှာသည်။ အမှန်တကယ်တွင် သင်က သင့်ကိုယ်သင် အယောင်ဆောင်သောအခါ လူတိုင်းက မည်သည့်အရာ ဖြစ်ပျက်နေသည်ကို နားလည်သည်။ သို့သော် သူတစ်ပါးတို့က မမြင်ဟု သင်က ထင်သည်။ သင်သည် သိက္ခာဆည်ပြီး သင်သည် လုံးဝ အမှားမလုပ်ခဲ့ဟု လူတိုင်းကို ထင်စေရန် အားထုတ်သည့်အနေဖြင့် ငြင်းခုံပြီး သင့်ကိုယ်သင် မှန်ကန်ကြောင်းပြရန် အစွမ်းကုန်ကြိုးစားသည်။ ဤသည်မှာ မမိုက်မဲသလော။ ဤအရာကို သူတစ်ပါးတို့က မည်သို့ ထင်သနည်း။ မည်သို့ ခံစားရသနည်း။ စိတ်ကုန်ပြီး စက်ဆုပ်ရွံရှာကြသည်။ သင်သည် အမှားတစ်ခုကို ပြုလုပ်ပြီးနောက်တွင် ယင်းကို မှန်မှန်ကန်ကန် ကိုင်တွယ်နိုင်လျှင်၊ ယင်းကို အခြားလူတိုင်းအား ပြောဆိုဆွေးနွေးခွင့်ပြုပြီး ယင်းနှင့်ပတ်သက်၍ ၎င်းတို့ မှတ်ချက်ပေးခြင်း၊ ပိုင်းခြားသိမြင်ခြင်းကို ခွင့်ပြုလျှင်၊ ယင်းနှင့်ပတ်သက်၍ ပွင့်လင်းစွာပြောဆိုနိုင်ပြီး စိစစ်နိုင်လျှင် သင့်အပေါ် လူတိုင်း၏ ထင်မြင်ချက်သည် မည်သို့ ဖြစ်လိမ့်မည်နည်း။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ထံ ဖွင့်ဟထားသောကြောင့် သင်သည် ရိုးသားသူတစ်ယောက်ဖြစ်သည်ဟု ၎င်းတို့က ပြောလိမ့်မည်။ သင်၏ လုပ်ရပ်များ၊ အပြုအမူများမှတစ်ဆင့် သင့်စိတ်နှလုံးကို ၎င်းတို့ မြင်နိုင်လိမ့်မည်။ သို့သော် သင်သည် သင့်ကိုယ်သင် အယောင်ဆောင်ပြီး လူတိုင်းကို လှည့်စားဖို့ ကြိုးပမ်းလျှင် လူတို့သည် သင့်ကို အထင်အမြင်သေးလိမ့်မည်။ သင်သည် မိုက်မဲသောသူဖြစ်ပြီး ဉာဏ်မရှိသောသူတစ်ယောက်ဖြစ်သည်ဟု ပြောကြလိမ့်မည်။ သင်သည် ဟန်ဆောင်ဖို့၊ သို့မဟုတ် မိမိကိုယ်ကို ရှင်းချက်ထုတ်ဖို့ မကြိုးစားပါက၊ သင်၏ အမှားများကို ဝန်ခံနိုင်ပါက သင်သည် ရိုးသားပြီး ဉာဏ်ပညာရှိသည်ဟု လူတိုင်းက ပြောကြလိမ့်မည်။ ပြီးလျှင် သင့်ကို အဘယ်အရာက ဉာဏ်ပညာရှိစေသနည်း။ လူတိုင်း အမှားလုပ်ကြသည်။ လူတိုင်း၌ အမှားများနှင့် ချို့ယွင်းချက်များရှိကြသည်။ ပြီးလျှင် စင်စစ်အားဖြင့် လူတိုင်း၌ တူညီသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားရှိကြသည်။ သင်သည် အခြားသူများထက် သာ၍မြင့်မြတ်သည်၊ စုံလင်ပြီး ကြင်နာသည်ဟု သင့်ကိုယ်သင် မတွေးထင်လေနှင့်။ ယင်းမှာ လုံးလုံး ယုတ္တိမတန်ခြင်းဖြစ်ပေသည်။ လူ၏ဖောက်ပြန်ပျက်စီးသော စိတ်သ‌ဘောထားများအပြင် လူ့ဖောက်ပြန်ပျက်စီးခြင်း၏အဖြစ်အနေနှင့် အမှန်တရားတို့က သင့်အဖို့ ရှင်းလင်းသွားသည်နှင့်တစ်ပြိုင်နက် သင်၏ကိုယ်ပိုင်အမှားများကို ဖုံးကွယ်ရန် ကြိုးစားမည် မဟုတ်သကဲ့သို့ အခြားလူများ၏ အမှားကို ဆုပ်ကိုင်အသုံးချခြင်းကိုလည်း လုပ်ဆောင်မည်မဟုတ်ပေ။ သင်သည် နှစ်ခုလုံးကို မှန်ကန်စွာ ရင်ဆိုင်နိုင်လိမ့်မည်။ သို့မှသာ သင်သည် ထိုးထွင်းအမြင်ရှိလာပြီး ရူးနှမ်းသောအရာများကို လုပ်ဆောင်မည်မဟုတ်ပေ၊ ယင်းက သင့်ကို ဉာဏ်ပညာရှိစေလိမ့်မည်။ ဉာဏ်ပညာမရှိသူများသည် မိုက်မဲသူများဖြစ်ပြီး နောက်ကွယ်တွင် ခိုးကြောင်ခိုးဝှက် လုပ်နေလျက် မိမိတို့၏ အသေးစားအမှားများကို တဝဲလည်လည် အစဉ်တွေးတောနေကြသည်။ တွေ့ကြုံရသည်မှာ ရွံရှာစက်ဆုပ်ဖွယ် ဖြစ်သည်။ အမှန်တွင် သင်လုပ်ဆောင်နေသည့် အရာသည် အခြားလူများအဖို့ ချက်ချင်း သိသာထင်ရှားသော်လည်း သင်သည် ပေါ်တင် သရုပ်ဆောင်နေဆဲဖြစ်သည်။ အခြားသူများအဖို့ ယင်းမှာ ကပြက်ကချော် ဖျော်ဖြေတင်ဆက်ခြင်း၏ အသွင်မျိုး ဖြစ်သည်။ ဤသည်မှာ မရူးနှမ်းသလော။ ယင်းမှာ အမှန်တကယ် ရူးနှမ်းပေသည်။ ရူးနှမ်းသောလူများ၌ မည်သည့် ဉာဏ်ပညာမျှ မရှိပေ။ ဒေသနာမည်မျှကို ၎င်းတို့ကြားပါစေ ၎င်းတို့သည် သမ္မာတရားကို နားမလည်ဆဲဖြစ်သည်၊ သို့မဟုတ် မည်သည့်အရာကိုမျှ အရှိအတိုင်း မမြင်ဆဲဖြစ်သည်။ ၎င်းတို့သည် အခြားလူတိုင်းနှင့် ကွဲပြားခြားနားပြီး ဂုဏ်သိက္ခာရှိသည်ဟု ထင်မြင်ကြကာ၊ ၎င်းတို့သည် အမြဲပင် ဘဝင်မြင့်ကြသည်။ ဤသည်မှာ မာနကြီးခြင်းနှင့် မိမိကိုယ်ကို မှန်သည်ဟု ထင်မြင်ခြင်းဖြစ်သည်။ ဤသည်မှာ မိုက်မဲခြင်းဖြစ်သည်။ အရူးများသည် ဝိညာဉ်ရေးရာနားလည်မှု မရှိသည်မဟုတ်လော။ သင်ရူးနှမ်းပြီး ဉာဏ်ပညာမရှိသည့် အရေးကိစ္စများသည် သင်၌ ဝိညာဉ်ရေးရာ နားလည်မှုမရှိသော အရေးကိစ္စ၊ သမ္မာတရားကို သင် အလွယ်တကူနားမလည်နိုင်သော အရေးကိစ္စများ ဖြစ်လေသည်။ ဤသည်မှာ ထိုကိစ္စ၏ လက်တွေ့အရှိတရားပင် ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ကျင့်ကြံပြုမူခြင်းတွင် လမ်းပြသင့်သည့် စည်းမျဉ်းများ) ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ နားလည်လိုက်ရတာက ကျွန်မ မသိစိတ်ကနေ ဆက်ပြီး ဖုံးကွယ်ဟန်ဆောင်နေမိတာဟာ အဓိကအားဖြင့် ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းအတွက် ကျွန်မရဲ့ လိုအပ်ဆန္ဒ အရမ်းပြင်းပြလွန်းလို့၊ ပြီးတော့ ကျွန်မရဲ့ စိတ်သဘောထားက တကယ်ကို မာနထောင်လွှားလွန်းလို့ပါပဲ။ ကျွန်မ ဘယ်နေရာသွားသွား၊ ဘယ်နေရာမှာ တာဝန်ထမ်းဆောင်တာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း အခြေခိုင်စေချင်တယ်၊ သူများတွေ ကျွန်မကို အထင်ကြီးစေချင်တယ်၊ ကျွန်မအပေါ် အမြင်ကောင်းစေချင်တယ်။ ဒါကြောင့် ကိုယ့်ရဲ့ အားနည်းချက်တွေကို ဖုံးကွယ်ဖို့နဲ့ လူတွေရဲ့ စိတ်နှလုံးထဲမှာ ပုံရိပ်ကောင်းကို ထိန်းသိမ်းဖို့အတွက် လှည့်ကွက်အမျိုးမျိုးကို သုံးခဲ့တယ်။ ဗီဒီယိုလုပ်တုန်းကအချိန်ကို ပြန်စဉ်းစားကြည့်ရင် ကျွန်မ ဟန်ဆောင်ခဲ့တာကြောင့်၊ ကြိုးစားချင်စိတ်မရှိခဲ့တာကြောင့် တာဝန်ကို ကောင်းကောင်းမလုပ်ခဲ့ဘဲ နောက်ဆုံးမှာ ဖြုတ်ချခံခဲ့ရတာလေ။ ဒီတစ်ခါ လူတစ်ယောက်က ကျွန်မမှာ အစွမ်းအစကောင်းရှိပြီး အလားအလာရှိတယ်၊ ပြီးတော့ ကျွန်မကို အထင်ကြီးတယ်လို့ ပြောတာ ကြားလိုက်ရတဲ့အခါ ကျွန်မဟာ ကိုယ့်ကိုယ်ကိုယ် ဆရာကြီးလို့ မထင်ဘဲ မနေနိုင်တဲ့အပြင် ထပ်ပြီး ဟန်ဆောင်ချင်လာပြန်တယ်။ ဒီအတိုင်းသာ ဆက်လုပ်နေရင် ကျွန်မ တာဝန်ကို ကောင်းကောင်းလုပ်နိုင်မှာ မဟုတ်ဘူး၊ ဘာမှလည်း တိုးတက်မှာ မဟုတ်ဘူး။ စဉ်းစားကြည့်ရင် ကျွန်မ တကယ် နားမလည်တာတွေ အများကြီးရှိပြီး ကဏ္ဍတော်တော်များများမှာ လိုအပ်ချက်တွေ အများကြီး ရှိနေပေမယ့် သူများတွေ အထင်ကြီးဖို့၊ ပြီးတော့ ညီအစ်ကိုမောင်နှမတွေရဲ့ စိတ်နှလုံးထဲက ကျွန်မရဲ့ အဆင့်အတန်းနဲ့ ပုံရိပ်ကို ကာကွယ်ဖို့အတွက် ကျွန်မ ဟန်ဆောင်နေတုန်းပါပဲ။ ကျွန်မ တကယ်ကို သူတော်ကောင်းယောင်ဆောင်ပြီး လှည့်ဖြားတတ်လိုက်တာ။ ကျွန်မက ဖန်ဆင်းခံတစ်ယောက်ပဲလေ၊ ဒါကြောင့် ကိုယ့်နေရာကိုယ်နေပြီး ကိုယ့်အခြေအနေမှန်မှာ ရပ်တည်သင့်တယ်။ ကျွန်မရဲ့ ကျွမ်းကျင်မှုအဆင့်က ဘယ်လောက်ပဲရှိရှိ၊ ဘာတွေပဲ လိုအပ်နေပါစေ ကျွန်မ ပွင့်ပွင့်လင်းလင်း ရှိသင့်တယ်။ ကိုယ့်ရဲ့ အားနည်းချက်တွေကို ဖြည့်ဆည်းဖို့ ညီအစ်ကိုမောင်နှမတွေရဲ့ အကူအညီကို ရှာဖွေသင့်ပြီး သူတို့နဲ့ လိုက်ဖက်ညီညီ ပူးပေါင်းဆောင်ရွက်သင့်တယ်။ ဒါက ကျွန်မမှာ ရှိသင့်တဲ့ ဆင်ခြင်တုံတရားဖြစ်တဲ့အပြင် တက်တက်ကြွကြွနဲ့ တာဝန်ကို ကောင်းကောင်းထမ်းဆောင်ပြီး အသင်းတော်အလုပ်ကို ကာကွယ်ရမယ့် နည်းလမ်းလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်မ ဘာမှမသိ၊ ဘာမှမလုပ်တတ်တာ ရှင်းနေတာတောင်မှ လုပ်တတ်သလို ဟန်ဆောင်ခဲ့သေးတယ်။ ကျွန်မ အရမ်း မာနထောင်လွှားတယ်၊ ရှက်စရာကောင်းပြီး သူတော်ကောင်းယောင်ဆောင်တယ်၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် သတိပြုမိတာ လုံးဝမရှိဘူး။ ယုဒဘာသာထဲက ဖာရိရှဲတွေအကြောင်း ကျွန်မ တွေးမိတယ်။ သူတို့က အပြင်ပန်းမှာ ဘုရားကို ရိုသေကိုင်းရှိုင်းပုံရတယ်။ လမ်းဆုံလမ်းခွမှာတောင် ဆုတောင်းကြတယ်၊ ဒါပေမယ့် သူတို့ အဲဒီလိုလုပ်တာက တခြားလူတွေမြင်ဖို့၊ လူတွေကို အထင်အမြင်မှားအောင်လုပ်ဖို့နဲ့ လူတွေရဲ့ စိတ်နှလုံးကို ဖမ်းစားဖို့ပါပဲ။ သူတို့က ဘုရားသခင်ကို ယုံကြည်ပေမယ့် ဘုရားသခင်ကို အတိုက်အခံလုပ်ကြတယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ အပြစ်စီရင်တာ၊ ကျိန်ဆဲတာကို ခံခဲ့ရတယ်။ ကျွန်မလည်း အတူတူပါပဲ၊ ဖာရိရှဲတွေသွားတဲ့ လမ်းကြောင်းအတိုင်း လျှောက်နေခဲ့တာ။ ကျွန်မသာ နောင်တမရဘဲ မပြောင်းလဲရင် အန္တရာယ်ကြီးကြီးမားမား ကြုံရလိမ့်မယ်။ ပြီးတော့ အနှေးနဲ့အမြန် ကျွန်မလည်း ဘုရားသခင်က ထုတ်ဖော်တာ၊ ဖယ်ရှားရှင်းလင်းတာကို ခံရလိမ့်မယ်။ ဒါကို သဘောပေါက်လိုက်တော့ ကျွန်မ နည်းနည်း ကြောက်သွားတယ်။ ပြီးတော့ ကိုယ့်အခြေအနေကို အမြန်ပြုပြင်ချင်ပြီး ဒီအတိုင်း ဆက်မဖြစ်ချင်တော့ဘူး။

ဝတ်ပြုဆုတောင်းချိန်မှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ရပါတယ်။ “သင်သည် မည်သည့်ပြဿနာများကို ကြုံတွေ့ရသည်ဖြစ်စေ ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေရမည်ဖြစ်သည်၊ သင်သည် မိမိကိုယ်ကို လုံးဝ ဟန်မဆောင်ရ သို့မဟုတ် အခြားသူများကို ပုံရိပ်အတုအယောင် မပြရပေ။ သင်၏ ချို့ယွင်းချက်များ၊ မလုံလောက်မှုများ၊ အပြစ်အနာအဆာများ သို့မဟုတ် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်စေ သင်သည် ဤအရာအားလုံးအကြောင်းကို ဖွင့်ဟပြီး မိတ်သဟာယဖွဲ့ရမည်။ ယင်းတို့ကို ဖုံးကွယ်မထားနှင့်။ မိမိကိုယ်ကို ဖွင့်ဟတတ်ရန် သင်ယူခြင်းသည် အသက်ဝင်ရောက်မှုဆီသို့ ပထမဆုံးခြေလှမ်းဖြစ်ပြီး ယင်းမှာ ကျော်လွှားရန် အခက်ခဲဆုံးဖြစ်သော ပထမဆုံး အတားအဆီး ဖြစ်သည်။ သင်သည် ဤအတားအဆီးကို ကျော်လွှားပြီးသည်နှင့်တစ်ပြိုင်နက် သမ္မာတရားထဲသို့ ဝင်ရောက်ရန် လွယ်ကူသွားလိမ့်မည်။ သင်သည် ဤခြေလှမ်းကို လှမ်းသောအခါ ယင်းက အဘယ်အရာကို ဆိုလိုမည်နည်း။ ယင်းက သင်သည် သင်၏ စိတ်နှလုံးကို ဖွင့်ပြပြီး ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ၊ အပြုသဘောဆောင်သည်ဖြစ်စေ အပျက်သဘောဆောင်သည်ဖြစ်စေ သင်၏ အစိတ်အပိုင်းတိုင်းကို ဖော်ထုတ်ကာ ဖွင့်ဟလျက် အခြားလူများ မြင်ရန်နှင့် ဘုရားသခင် မြင်ရန်အတွက် ယင်းကို ပွင့်လင်းမြင်သာစွာ ဖော်ထုတ်ပြခြင်းကို ဆိုလိုသည်။ ဘုရားသခင်ထံမှ မည်သည့်အရာကိုမျှ ဖုံးကွယ်ခြင်း သို့မဟုတ် ဖုံးဖိထားခြင်း မရှိခြင်း၊ ဘုရားသခင်အပေါ် မည်သည့် ရုပ်ဖျက်မှု၊ လှည့်ဖြားမှု သို့မဟုတ် လိမ်လည်မှုကိုမျှ အသုံးမပြုခြင်း၊ ထိုနည်းတူ အခြားလူများနှင့်လည်း ပွင့်လင်းရိုးသားခြင်းကို ဆိုလိုသည်။ ဤနည်းအားဖြင့် သင်သည် အလင်းထဲတွင် အသက်ရှင်လိမ့်မည်။ ဘုရားသခင်က သင့်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးမည်သာမက အခြားလူများကလည်း သင်၏ လုပ်ဆောင်ချက်များတွင် စည်းမျဉ်းများနှင့် ပွင့်လင်းမြင်သာမှု ရှိသည်ကို မြင်တွေ့ကြလိမ့်မည်။ သင်သည် သင်၏ ဂုဏ်သတင်း၊ ပုံရိပ်နှင့် အဆင့်အတန်းကို ကာကွယ်ရန် မည်သည့်နည်းလမ်းကိုမျှ အသုံးပြုရန် မလိုအပ်သကဲ့သို့ သင်၏ အမှားများကို ဖုံးကွယ်ခြင်း သို့မဟုတ် ဖုံးဖိခြင်း တစ်ခုတလေကိုမျှ လုပ်ဆောင်ရန် မလိုအပ်ပေ။ သင်သည် ဤအသုံးမဝင်သော ကြိုးပမ်းမှုများတွင် ပါဝင်ရန် မလိုအပ်ပေ။ သင်သည် ဤအရာများကို စွန့်လွှတ်နိုင်ပါက သင်၏အသက်တာသည် အလွန် သက်သောင့်သက်သာ ရှိလာမည်ဖြစ်ပြီး ဘောင်ခတ်ချုပ်ချယ်မှုများနှင့် နာကျင်မှုတို့မှ ကင်းလွတ်ကာ သင်သည် အလင်းထဲတွင် လုံးလုံးလျားလျား အသက်ရှင်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို လက်တွေ့လုပ်ဖို့ လမ်းကြောင်းတစ်ခု ပေးခဲ့တယ်။ အဲဒါကတော့ ကိုယ်နားမလည်တဲ့၊ မလုပ်နိုင်တဲ့ ကိစ္စတွေ ကြုံရတဲ့အခါ ချက်ချင်း ဖွင့်ပြောသင့်တယ်၊ ဘုရားသခင်နဲ့ တခြားလူတွေကို ဘာမှမဖုံးကွယ်ဘဲ ပွင့်ပွင့်လင်းလင်းနဲ့ ရိုးသားသင့်တယ်။ ဒီလိုဆိုရင် ကျွန်မ ပင်ပန်းမှာမဟုတ်တဲ့အပြင် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုကို ရဖို့လည်း ပိုလွယ်ကူလိမ့်မယ်။ ဘုရားသခင်က ရိုးသားတဲ့လူတွေကို နှစ်သက်တယ်။ ပြဿနာတွေ၊ အားနည်းချက်တွေ ရှိနေတာက ကြောက်စရာ မဟုတ်ပါဘူး။ အဓိကက ကိုယ့်ရဲ့ အားနည်းချက်တွေနဲ့ ဟာကွက်တွေကို မှန်မှန်ကန်ကန် ရင်ဆိုင်ဖို့၊ ရိုးရှင်းပြီး ပွင့်လင်းဖို့၊ ပြီးတော့ တက်တက်ကြွကြွ ရှာဖွေဖို့ပါပဲ။ ဒါက ရိုးသားတဲ့ သဘောထားဖြစ်ပြီး ဒါကို ဘုရားသခင် နှစ်သက်ပါတယ်။ ဒါကို တွေးမိပြီးတော့ ကျွန်မရဲ့ မမှန်ကန်တဲ့ အခြေအနေကနေ လွတ်မြောက်အောင်၊ ရိုးရှင်းပြီး ပွင့်လင်းတဲ့ ရိုးသားသူတစ်ယောက် ဖြစ်လာအောင် လမ်းပြပေးဖို့ ဘုရားသခင်ဆီ တောင်းလျှောက်ရင်း ဆုတောင်းခဲ့တယ်။ နောက်ပိုင်းမှာ ပုံတွေလုပ်ရင်း ကြုံတွေ့ရတဲ့ ပြဿနာတွေ၊ အခက်အခဲတွေကို တင်ပြပြီး ညီအစ်ကိုမောင်နှမတွေဆီကနေ ရှာဖွေခဲ့တယ်။ လူတိုင်းရဲ့ ပြောဆိုဆွေးနွေးမှုကနေတစ်ဆင့် ကျွန်မ လမ်းကြောင်းတစ်ခု ရခဲ့ပြီး ဘာလုပ်ရမယ်ဆိုတာ သိခဲ့တယ်။ ပြီးတော့ ကျွန်မရဲ့ စိတ်နှလုံးကလည်း ပိုပြီး လွတ်လပ်ပေါ့ပါးသွားတယ်။

ဒီအတွေ့အကြုံကနေတစ်ဆင့် နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် ဟန်ဆောင်တာက နာကျင်မှုကိုပဲ ယူဆောင်လာပေးတယ်ဆိုတာ ကျွန်မ နားလည်ခဲ့တယ်။ ဒီဟာကြောင့် ကျွန်မ တာဝန်တွေမှာ ဘာမှမဖြစ်မြောက်ဘဲ အသက်တာမှာ တိုးတက်မှုမရှိရုံမကဘဲ ညီအစ်ကိုမောင်နှမတွေနဲ့လည်း စိမ်းသွားရတယ်။ ကျွန်မအတွက် ဘာအကျိုးမှ မရှိပါဘူး။ ဖန်ဆင်းခံတစ်ယောက်ရဲ့ နေရာမှာ ရပ်တည်ပြီး တခြားလူတွေအပေါ် ပွင့်လင်းရိုးသားမှ၊ ကိုယ့်စိတ်ထဲရှိတာ ပြောပြပြီး ဟန်ဆောင်တာ၊ လှည့်ဖြားတာ မလုပ်မှသာ ကျွန်မ စိတ်သက်သာရာရပြီး လွတ်လွတ်လပ်လပ် အသက်ရှင်နိုင်မှာပါ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်ုပ်၏ အမြင်ကို ဖော်ပြန်ရန် ကျွန်ုပ် အမြဲကြောက်ခဲ့ရသည့်အကြောင်းရင်း

ရှင်ချွန်း၊ တရုတ်နိုင်ငံ၂၀၂၄ ခုနှစ်၊ မတ်လတုန်းက ကြီးကြပ်ရေးမှူးက ကျွန်မတို့နဲ့အတူ အလုပ်အကြောင်း ဆွေးနွေးပြီး ပြဿနာတွေကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။