ဟန်ဆောင်မှုကို ဖယ်ခွာပြီး ရိုးသားသူတစ်ယောက် ဖြစ်ခြင်း

20.05.2026

ချန်ချန်၊ တရုတ်ပြည်

၂၀၂၂ ခုနှစ်မှာ ကျွန်တော် အသင်းတော်ခေါင်းဆောင်အနေနဲ့ ရွေးကောက်ခံခဲ့ရတယ်။ ကဏ္ဍတိုင်းမှာ ကျွန်တော် တော်တော်လေး တော်လောက်တယ်လို့ ထင်ခဲ့တယ်၊ မဟုတ်ရင် ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ကို ရွေးကောက်မှာမဟုတ်ဘူးလေ။ တစ်ခါတုန်းက စုဝေးပွဲတစ်ခုမှာ ဧဝံဂေလိသင်းထောက် ညီအစ်မလီယွီဟာ သူ့အစွမ်းအစကညံ့တယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ဘောင်ခတ်ထားတဲ့ အခြေအနေတစ်ခုမှာ နေထိုင်နေခဲ့တယ်။ သူက တော်တော်လေး အပျက်သဘောဆောင်ပြီး လက်လျှော့ချင်နေခဲ့တာ။ လီယွီရဲ့ အစွမ်းအစက သိပ်မညံ့ဘူးဆိုတာ ကျွန်တော် သိပါတယ်။ သူလက်လျှော့ချင်နေတာက အဓိကကတော့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား ပြဿနာကြောင့်ပါ။ ကျွန်တော် ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ငါက အသင်းတော်ခေါင်းဆောင်ဖြစ်ကာစပဲ ရှိသေးတယ်။ ဒီလိုပြဿနာမျိုး ကြုံရတဲ့အခါ ငါက မိတ်သဟာယပြုပေးပြီး အမြန်ဖြေရှင်းပေးရမယ်။ ဒါမှ ငါ့အလုပ်မှာ ငါက နိုင်နင်းတဲ့ပုံရှိပြီး လီယွီကလည်း ငါ့ကို အသိအမှတ်ပြုမှာ” ပေါ့။ ကျွန်တော်လည်း လီယွီလို အခြေအနေမျိုး ကြုံခဲ့ဖူးတာကို တွေးမိပြီး အဲဒီအချိန်က ကျွန်တော်ဖတ်နေတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ရှာလိုက်တယ်၊ ပြီးတော့ ဘုရားနှုတ်ကပတ်တော်တွေနဲ့ ဆက်စပ်ပြီး ကျွန်တော်ရဲ့ နားလည်မှုကို ဝေမျှခဲ့တာပေါ့။ သူသဘောတူတာကို တွေ့လိုက်ရတော့ ကျွန်တော့်စိတ်ထဲမှာ ပျော်သွားတယ်။ အဲဒီနောက် လီယွီက “ဒါဆိုရင် အစ်ကိုက နောက်ပိုင်းမှာ ဘယ်လို လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်ခဲ့သလဲ” လို့ မေးပါလေရော။ အဲဒီအချိန်မှာ ကျွန်တော် နည်းနည်းပဲ နားလည်မှုရှိသေးပြီး လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်တာမျိုး မရှိသေးတော့ ချက်ချင်းပဲ စိတ်လှုပ်ရှားသွားတာပေါ့။ ကျွန်တော် ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ငါ့နားလည်မှုကိုတော့ ငါ ကောင်းကောင်း မိတ်သဟာယပြုခဲ့တာပဲ၊ ဒါပေမဲ့ လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်တဲ့အကြောင်း ပြောတာနဲ့ တစ်ပြိုင်နက် ငါပြောစရာ ဘာမှမရှိတော့ဘူး။ လီယွီက ငါ့ကို ဘယ်လိုထင်မလဲ။ ဒီလိုတော့ မဖြစ်ဘူး။ ရှေ့ဆက်ရမဲ့လမ်းကြောင်းကို မိတ်သဟာယပြုဖို့ နည်းလမ်း ရှာမှဖြစ်မယ်” ပေါ့။ ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုကို ခေါင်းပူအောင် စဉ်းစားရင်း၊ တစ်ဖက်မှာလည်း ကျွန်တော့်အတွေ့အကြုံရဲ့ မရှိတဲ့အပိုင်းတွေကို တိတ်တိတ်လေး ဖုံးကွယ်ထားလိုက်တယ်။ ပြီးတော့ ကျွန်တော်ဖတ်ခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တွေအကြောင်းနဲ့ ကျွန်တော် နားလည်ခဲ့တာတွေကိုပဲ ပြောလိုက်တယ်။ ကျွန်တော် လုံးဝ မကြုံဖူးတဲ့ အပိုင်းတွေရောက်တော့ အဲဒါတွေကို ဒီအတိုင်း ကျော်ချလိုက်ပြီး ဘုရားနှုတ်ကပတ်တော်နဲ့ပတ်သက်ပြီး ကျွန်တော် မကြာသေးခင်က နားလည်ထားတာတွေကို ပြောလိုက်တယ်။ ဒီလိုမျိုးတွေ စပ်ဟပ်ပြီးတော့ နောက်ဆုံးတော့ ကျွန်တော့်ရဲ့ မိတ်သဟာယကို အဆုံးသတ်ခဲ့တာပေါ့။ လီယွီဆီက ဘာတုံ့ပြန်မှုမှ မရှိတာကို မြင်တော့ ကျွန်တော့်စိတ်ထဲမှာ တော်တော်လေး စိတ်ပျက်သွားပြီး တွေးမိတယ်၊ “ငါ့ရဲ့ အခြေအနေမှန်ကတော့ ဖော်ထုတ်ခံလိုက်ရပြီ၊ အခုဆို လီယွီက ငါ့ကို အထင်သေးတော့မှာပဲ” လို့ပေါ့။ နောက်ပိုင်းမှာ ဧဝံဂေလိအလုပ်အကြောင်း ဆွေးနွေးကြတဲ့အခါ လီယွီက မေးခွန်းတချို့ ထပ်မေးတယ်။ သိက္ခာဆည်ဖို့ ကျွန်တော်က ဖြေရှင်းနည်းတချို့ကို အဆိုပြုချင်ပေမဲ့ အကြာကြီး စဉ်းစားပြီးတာတောင်မှ ဘာအကြံဉာဏ်ကောင်းမှ စဉ်းစားလို့မရနိုင်ခဲ့ဘူး။ အဲဒီနောက်မှာ ငါက အသင်းတော်ခေါင်းဆောင် ဖြစ်နေပြီပဲ၊ ဘာပဲဖြစ်ဖြစ် ရှေ့ဆက်ရမဲ့လမ်းကို ငါထောက်ပြပေးရမယ်လို့ တွေးမိတယ်။ ဒါနဲ့ လီယွီကို ကျွန်တော် ပြောလိုက်တယ်၊ “တကယ်တော့ ဒီပြဿနာတွေကို ရင်ဆိုင်ရတဲ့အခါ ဘုရားသခင်က တာဝန်အပေါ်ထားတဲ့ ကျွန်တော်တို့ရဲ့ သဘောထားကို ကြည့်ပါတယ်။ ကျွန်တော်တို့က အကြံဉာဏ် ပိုထုတ်ပြီး အဖိုးအခ ပိုပေးသရွေ့ ဘုရားသခင်က ကျွန်တော်တို့ကို သေချာပေါက် လမ်းပြမှာပါ” ပေါ့။ ကျွန်တော် မိတ်သဟာယပြုနေတုန်း လီယွီရဲ့ မျက်နှာထားကို အကဲခတ်နေခဲ့တယ်။ ကျွန်တော် မိတ်သဟာယပြုနေတဲ့ အချိန်တစ်လျှောက်လုံး လီယွီဆီက ဘာတုံ့ပြန်မှုမှ မရှိဘူး။ ကျွန်တော် အများကြီး ပြောခဲ့ပေမဲ့ ဘာရလဒ်မှ မထွက်လာတာကို မြင်တော့ ကျွန်တော် လုံးဝကို သိက္ခာကျသွားသလို ခံစားလိုက်ရတယ်။ ကျွန်တော်က အသင်းတော်ခေါင်းဆောင်ဆိုတဲ့ အမည်ခံပဲ ရှိတာ၊ ပြဿနာတွေကိုတော့ မဖြေရှင်းနိုင်ဘူး။ လီယွီက ငါ့ကို ဘယ်လိုထင်မလဲ။ အိမ်ပြန်တဲ့လမ်းမှာ ကျွန်တော် တော်တော်လေး စိတ်ဓာတ်ကျပြီး ဝမ်းနည်းအားငယ်မိတယ်။ ကျွန်တော် ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ငါ ခေါင်းဆောင်စဖြစ်တာမှ မကြာသေးဘူး၊ အခုကတည်းက ချို့ယွင်းချက်တွေ အများကြီး ပြနေပြီ။ နောက်နောင် ငါ စုဝေးပွဲတွေ ဘယ်လောက်တက်ရဦးမလဲ၊ ပြဿနာတွေ ဘယ်လောက် ရင်ဆိုင်ရဦးမလဲ မသိဘူး။ အကြိမ်တိုင်းသာ ဒီနေ့လိုဖြစ်နေရင် ငါ ဘယ်လိုလုပ်မလဲ။ လူတိုင်း ငါ့အကြောင်းကို သိသွားရင် နောင်ကျရင် ဒီအသင်းတော်မှာ ငါ ဘယ်လိုနေနိုင်မလဲ” ပေါ့။ ဖိအားတွေ အဆမတန် တိုးလာသလို ခံစားရပြီး ကျွန်တော့်နှလုံးသားက ကျောက်တုံးနဲ့ ဖိထားသလိုမျိုး လေးလံနေခဲ့တယ်။

အိမ်ရောက်တဲ့အခါ “ကျွန်ုပ်သည် ဟန်ဆောင်မှုများနှင့် လှည့်စားမှုဖြင့် မိမိကိုယ်ကို ထိခိုက်နစ်နာစေခဲ့သည်” ဆိုတဲ့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုကို ကျွန်တော် ကြည့်လိုက်တယ်။ လီယွီ့ရှေ့မှာ နားလည်သယောင်ဆောင်ပြီး ဟန်ဆောင်နေခဲ့တဲ့ မြင်ကွင်းတွေကို ပြန်စဉ်းစားမိတော့မှ ကျွန်တော်ဟာ ကိုယ့်ကိုယ်ကိုယ် ဟန်ဆောင်တဲ့ အခြေအနေတစ်ခုမှာ အသက်ရှင်နေမှန်း နောက်ဆုံးတော့ သဘောပေါက်မိခဲ့တယ်။ ကျွန်တော် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို သတိရပြီး ရှာဖတ်လိုက်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်အချို့တို့သည့် အသင်းတော်၌ တည်ရှိသည့် လက်တွေ့ပြဿနာများကို မမြင်နိုင်ကြပေ။ စည်းဝေးပွဲတစ်ခု၌ ရှိစဉ်တွင်၊ ၎င်းတို့သည် ပြောထိုက်သည့်အရာ တစ်ခုမျှ မရှိဟု ခံစားရသောကြောင့်၊ ၎င်းတို့သည် စကားလုံးနှင့် အယူဝါဒအချို့ကို တင်ပြပေးရန်အတွက် မိမိတို့ကိုယ်ကို အတင်းအကျပ်ခိုင်းစေရသည်။ ၎င်းတို့ ပြောနေသည့်အရာသည် အယူဝါဒမျှသာ ဖြစ်သည်ကို ၎င်းတို့ ကောင်းစွာ သိသော်လည်း၊ ယင်းကို မည်သည့်နည်းဖြင့်မဆို ပြောကြလေသည်။ အဆုံး၌ ၎င်းတို့၏စကားများသည် ပေါ့ပြက်သည်ကို ၎င်းတို့ပင် ခံစားရလာပြီး ၎င်းတို့၏ ညီအစ်ကို မောင်နှမများကလည်း တည်ဆောက်စရာဖြစ်သည်ဟု မမြင်ပေ။ သင်သည် ဤပြဿနာကို သတိမပြုမိဘဲ ထိုသို့သောအရာများကို ခေါင်းမာစွာ ဆက်ပြောနေလျှင်၊ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်နေခြင်း မရှိသကဲ့သို့ လူတို့အတွက် အကျိုးမရှိပေ။ သင်သည် သမ္မာတရားကို မတွေ့ကြုံရသေးဘဲ၊ ထိုသမ္မာတရားအကြောင်းကို ပြောလိုဆဲဖြစ်လျှင်၊ မည်သည့်အရာကို သင် ပြောသည်ဖြစ်စေ၊ သမ္မာတရားကို ထိုးထွင်းသိမြင်နိုင်လိမ့်မည် မဟုတ်ပေ။ နောက်ထပ် သင် ပြောဆိုသည့် မည်သည့်အရာမဆို စကားများနှင့် အယူဝါဒများသာ ဖြစ်လိမ့်မည်။ သင်ပြောဆိုသည့်အရာသည် အတော်အတန် ဉာဏ်အလင်းပေးသည်ဟု သင်ထင်ကောင်းထင်နိုင်သော်လည်း ထိုအရာများက အယူဝါဒများသာ ဖြစ်သည်။ သမ္မာတရား စစ်မှန်မှု မဟုတ်ပေ။ အခြားသူများ မည်မျှ ကြိုးစားပြီး နားထောင်သည်ဖြစ်စေ မည်သူကမျှ ထိုအရာများမှ မည်သည့်အရာကိုမျှ သဘောပေါက်နိုင်ကြလိမ့်မည် မဟုတ်။ နားထောင်နေစဉ်၊ သင် ပြောသည့်အရာက အတော်လေး မှန်ကန်သည်ဟု ၎င်းတို့ ခံစားကောင်းခံစားမည်ဖြစ်သော်လည်း၊ နောက်ပိုင်းတွင်၊ ထိုအရာကို ၎င်းတို့ လုံးဝ မေ့သွားကြလိမ့်မည်။ သင်၏ တကယ့် အခြေအနေများအကြောင်းကို သင် မပြောလျှင်၊ လူတို့၏ စိတ်နှလုံးများကို သင် တို့ထိနိုင်လိမ့်မည်မဟုတ်သကဲ့သို့ လူတို့က ထိုအရာကို ကြားပြီးနောက်တွင် မှတ်မိကြမည်မဟုတ်ပေ။ ယင်းသည် အပြုသဘောဆောင်သည့် မည်သည့်အရာမျှ ပေးရန်မရှိ။ ဤကဲ့သို့သော အခြေအနေတစ်ခုကို သင် ကြုံရသည့်အခါ၊ သင် ပြောနေသည့်အရာက လက်တွေ့ကျခြင်းမရှိသည်ကို သင် သိသင့်သည်။ ထိုသို့ သင် ဆက်ပြောဆိုနေလျှင် မည်သူအတွက်မျှ အဆင်ပြေလိမ့်မည်မဟုတ်သကဲ့သို့ သင် မဖြေနိုင်သည့် မေးခွန်းတစ်ခုကို တစ်စုံတစ်ဦးက ထုတ်လျှင် သာ၍ပင် ကသိကအောက်ဖြစ်လိမ့်မည်။ သင် ချက်ချင်း ရပ်ပြီး အခြားလူများကို မိတ်သဟာယပြုခွင့်ပေးသင့်သည်။ ယင်းက အမြော်အမြင်ရှိသည့် ရွေးချယ်မှုဖြစ်မည်။ အစည်းအဝေးတစ်ခုတွင် သင် ရှိပြီး၊ ကိစ္စတစ်ခုခုနှင့်ပတ်သက်သည့် တစ်စုံတစ်ရာကို သိရှိသည့်အခါ၊ ထိုအရာနှင့်ပတ်သက်သည့် လက်တွေ့ကျသောအရာအချို့ကို သင် ပြောနိုင်သည်။ အနည်းငယ် အပေါ်ယံဆန်ကောင်းဆန်နိုင်သော်လည်း၊ လူတိုင်းက နားလည်ကြလိမ့်မည်။ လူတို့ကို အထင်ကြီးစေရန် သာ၍ နက်နဲသည့်ပုံစံတစ်ခုဖြင့် သင် အမြဲ စကားပြောလိုပြီး၊ မည်သည့်အခါတွင်မျှ ဖြစ်မြောက်အောင် လုပ်နိုင်သည့်ပုံမရလျှင်၊ သင် ရပ်သာရပ်လိုက်သင့်သည်။ ထိုအချိန်မှစ၍ သင်ပြောသည့်အရာတိုင်းက အနှစ်မဲ့သည့် အယူဝါဒဖြစ်လိမ့်မည်။ သင် ဆက်၍မိတ်သဟာယမပြုမီ အခြားတစ်စုံတစ်ဦးကို အခွင့်ပေးသင့်သည်။ သင် နားလည်သည့်အရာက အယူဝါဒဖြစ်ပြီး ထိုအရာကို ပြောဆိုခြင်းက အထောက်အကူဖြစ်မည်မဟုတ်သည်ကို သင်ခံစားရလျှင်၊ ထိုသို့သော ဖြစ်ရပ်မျိုးတွင် သင် စကားပြောသည့်အခါ သန့်ရှင်းသော ဝိညာဉ်တော်က အလုပ်လုပ်မည် မဟုတ်ပေ။ သင့်ကိုယ်သင် အတင်း စကားပြောစေလျှင်၊ အဓိပ္ပာယ်မရှိသောအရာများနှင့် သွေဖည်မှုများဖြင့် အဆုံးသတ်သွားနိုင်ပြီး၊ လူတို့ကို သင် လမ်းလွဲသွားစေနိုင်သည်။ လူအများစုသည် အလွန် ညံ့ဖျင်းသော အခြေခံအုတ်မြစ်များနှင့် ညံ့ဖျင်းသော အစွမ်းအစရှိသောကြောင့် ပိုမိုလေးနက်သောအရာများကို အချိန်တိုအတွင်း မသိမှတ်နိုင်ပေ၊ သို့မဟုတ် ယင်းတို့ကို အလွယ်တကူ မမှတ်မိနိုင်ပေ။ အခြားတစ်ဖက်တွင် လွဲချော်နေသည့်၊ စည်းမျဉ်းစည်းကမ်းထိန်းသိမ်းမှုနှင့်ဆိုင်သည့်၊ အယူဝါဒနှင့်ဆိုင်သည့် အရာများနှင့်ပတ်သက်၍၊ ၎င်းတို့သည် နားလည်မှု အတော်လေး မြန်ဆန်ကြသည်။ ဤသည်မှာ ၎င်းတို့ မှားယွင်းဆိုးယုတ်သည့်အရာ ဖြစ်သည် မဟုတ်လော။ ထို့ကြောင့် သင်သည် သမ္မာတရားကို မိတ်သဟာယဖွဲ့သောအခါ စည်းမျဉ်းများကို ဆုပ်ကိုင်ထားပြီး သင်နားလည်သည့် မည်သည့်အရာကိုမဆို ပြောဆိုရမည်။ လူတို့၏ စိတ်နှလုံးများတွင် မာနဘဝင်မြင့်ခြင်းရှိပြီး၊ တစ်ခါတစ်ရံ ၎င်းတို့၏ မာနဘဝင်မြင့်ခြင်းက ထိန်းချုပ်သည့်အခါ၊ ၎င်းတို့ ပြောသည့်အရာက အယူဝါဒဖြစ်သည်ကို သိသည့်အချိန်တွင်ပင် မရမက ဆက်လက်စကားပြောဆိုတတ်ကြသည်။ ၎င်းတို့က၊ ‘ငါ့ညီအစ်ကို မောင်နှမများက ခွဲခြားကောင်းခွဲခြားနိုင်မည်မဟုတ်။ ငါ့ နာမည်ဂုဏ်သတင်းအတွက် ထိုအရာအားလုံးကို ငါ လျစ်လျူရှုလိုက်မည်။ ဟိတ်ဟန်ထိန်းခြင်းက ယခု အရေးကြီးသည့်အရာဖြစ်သည်’ဟု တွေးကြသည်။ ဤသည်မှာ လူတို့ကို လှည့်စားရန် ကြိုးပမ်းခြင်း ဖြစ်သည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင်ကို သစ္စာမရှိခြင်း ဖြစ်သည်။ အသိစိတ်တစ်ခုခုရှိသည့် သူတစ်ဦးဖြစ်လျှင်၊ ဝမ်းနည်းကာ အပြစ်ရှိသည်ဟု ခံစားရမည်ဖြစ်ပြီး စကားပြောခြင်းကို ရပ်သင့်သည်ဟု ခံစားရလိမ့်မည်။ အကြောင်းအရာ ပြောင်းပြီး ၎င်းတို့ တွေ့ကြုံပြီးဖြစ်သည့် တစ်စုံတစ်ရာကို မိတ်သဟာယဖွဲ့သင့်သည်၊ သို့မဟုတ် သမ္မာတရားအပေါ် ၎င်းတို့၏ သိနားလည်မှုနှင့် အသိပညာတို့ကို မိတ်သဟာယပြုသင့်ခြင်း ဖြစ်နိုင်သည်ဟု ၎င်းတို့ ခံစားကြလိမ့်မည်။ တစ်စုံတစ်ဦးက မည်ရွေ့မည်မျှ နားလည်ပါစေ ယင်းသည် သူ ပြောသင့်သည့် ပမာဏဖြစ်သည်။ တစ်စုံတစ်ဦးက မည်ရွေ့မည်မျှ ပြောဆိုသည်ဖြစ်စေ၊ သူ ပြောနိုင်သည့် လက်တွေ့ကျသောအရာများတွင် အကန့်အသတ်ရှိသည်။ အတွေ့အကြုံမရှိဘဲနှင့်၊ သင်၏ စိတ်ကူးများနှင့် အတွေးသည် သဘောတရားသာဖြစ်သည်၊ လူသား အယူအဆများနှင့်ဆိုင်သည့် အရာများသာ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားသခင်က ပြောထားပါတယ်၊ စုဝေးပွဲတွေမှာ မိတ်သဟာယပြုတဲ့အခါ လူတွေက သူတို့နားလည်သလောက်ပဲ ပြောသင့်တယ်တဲ့။ ဒါက သူတို့မှာ ရှိသင့်တဲ့ ဆင်ခြင်တုံတရားပါပဲ။ လူတွေက သူတို့ မကြုံဖူးတဲ့အရာတွေ၊ ဒါမှမဟုတ် ရှင်းရှင်းလင်းလင်း မမြင်ရသေးတဲ့အရာတွေအကြောင်းကို အတင်းကာရော ပြောမယ်ဆိုရင်၊ ပြီးတော့ သူတို့ အကြာကြီးပြောနေတာတွေက အယူဝါဒသက်သက် ဖြစ်မှန်း သိနေပါလျက်နဲ့ အဲဒီလို ပြောနေမယ်ဆိုရင်တော့ သူတို့က သူတို့ရဲ့ မာန်မာနကို ဖြည့်ဆည်းနေရုံသက်သက်ဖြစ်ပြီး လူတွေကို အရူးလုပ်နေတာပါပဲ။ စုဝေးပွဲမှာ ကျွန်တော် လုပ်နေခဲ့တာက အဲဒါပါပဲ။ ဧဝံဂေလိသင်းထောက်က ပြဿနာအမျိုးမျိုးအကြောင်း ပြောနေတာကို ကြားလိုက်တဲ့အခါ၊ ကျွန်တော်က အသင်းတော် ခေါင်းဆောင်တစ်ယောက်အနေနဲ့ အဆင့်အတန်းတစ်ခုမှာ ရှိနေကြောင်း ပြသဖို့အတွက် သူ့အတွက် ပြဿနာတွေကို အမြန်ဆုံး ဖြေရှင်းပေးချင်ခဲ့ရုံပဲ ရှိတာပါ။ ဒါပေမဲ့ မိတ်သဟာယပြုရင်းနဲ့ ကျွန်တော် နားလည်တဲ့အပိုင်းကို ဆွေးနွေးပြီးတဲ့နောက်မှာ ကျွန်တော့်မှာ ပြောစရာ ဘာမှမရှိတော့မှန်း သဘောပေါက်မိတယ်။ ကျွန်တော့်ပုံရိပ်ကို ထိန်းသိမ်းဖို့အတွက်၊ အတွေ့အကြုံရှိတဲ့လူတစ်ယောက်အဖြစ် ဟန်ဆောင်ချင်လို့ အယူဝါဒတွေကိုပဲ အကြာကြီးပြောရင်း အတင်းကာရော ဆက်ပြောခဲ့ပါတယ်၊ ရလဒ်အနေနဲ့ လီယွီရဲ့ပြဿနာက မပြေလည်ဘဲ ရှိနေတုန်းပဲ။ ဒီဖြစ်စဉ် တစ်လျှောက်လုံးမှာ ကျွန်တော့်မျက်နှာ မပျက်ရအောင် ဘယ်လို လုပ်ရမလဲ ဆိုတာကိုပဲ စဉ်းစားနေခဲ့တာပါ။ ပြဿနာတွေကို ဘယ်လိုမျိုး တကယ် ဖြေရှင်းရမလဲဆိုတာကိုတော့ လုံးဝ မတွေးခဲ့ဘူး။ ဧဝံဂေလိသင်းထောက်ရဲ့ အခြေအနေက မကောင်းဘူး၊ ပြီးတော့ ဧဝံဂေလိအလုပ်မှာလည်း အမှန်တကယ် အခက်အခဲတွေ ရှိနေတယ်၊ ဒါပေမဲ့ အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော် စိုးရိမ်ပူပန်တာမျိုး မရှိဘဲ ကျွန်တော် မျက်နှာရမလား၊ မရဘူးလား ဆိုတာကိုတောင် အလေးထားခဲ့တယ်။ ကျွန်တော် တော်တော်ကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းလိုက်တာ။ အယူဝါဒတွေ အကြာကြီးပြောပြီး လီယွီကို ကျွန်တော် အရူးလုပ်ခဲ့ပေမဲ့ ဘုရားသခင်ကတော့ ကျွန်တော်တို့ရဲ့ စိတ်နှလုံးအနက်ရှိုင်းဆုံးနေရာတွေကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပါတယ်။ တကယ်တမ်း အလုပ်မလုပ်ဘဲ၊ တကယ့်ပြဿနာတွေကို မဖြေရှင်းဘဲ ဒီလိုနည်းနဲ့ တာဝန်ထမ်းဆောင်တာဟာ ခေါင်းဆောင်အတုတစ်ယောက်ရဲ့ အပြုအမူပါပဲ။

ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်အခြေအနေကို သိသွားကြတဲ့အခါ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ရှာပေးကြတယ်။ ဒါက ကျွန်တော့်ရဲ့ ပြဿနာတွေကို ပိုပြီး ရှင်းရှင်းလင်းလင်း မြင်အောင် ကူညီပေးခဲ့ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတို့သည် ပင်ကိုအားဖြင့် ဖန်ဆင်းခံများ ဖြစ်ကြသည်။ ဖန်ဆင်းခံများသည် အနန္တတန်ခိုးကို ရရှိနိုင်သလော။ ၎င်းတို့သည် စုံလင်ခြင်းနှင့် အပြစ်အနာအဆာကင်းခြင်းကို ရရှိနိုင်သလော။ ၎င်းတို့သည် အရာရာတိုင်းတွင် ကျွမ်းကျင်မှုကို ရရှိနိုင်သလော၊ အရာရာတိုင်းကို နားလည်သဘောပေါက်လာနိုင်သလော၊ အရာရာတိုင်းကို ရှင်းလင်းစွာ မြင်နိုင်သလော၊ ပြီးလျှင် အရာရာတိုင်းကို လုပ်ဆောင်နိုင်စွမ်း ရှိသလော။ ၎င်းတို့ မရရှိနိုင်ပေ။ သို့ရာတွင် လူတို့အတွင်း၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု၊ သေနိုင်လောက်သော အားနည်းချက်တစ်ခု ရှိလေသည်။ ယင်းမှာ ၎င်းတို့သည် ကျွမ်းကျင်မှုတစ်ခု သို့မဟုတ် အတတ်ပညာတစ်ခုကို သင်ယူတတ်မြောက်သည်နှင့်တစ်ပြိုင်နက် လူတို့က မိမိတို့သည် လုပ်နိုင်စွမ်း ရှိသည်ဟုလည်းကောင်း၊ မိမိတို့သည် အဆင့်အတန်းနှင့် တန်ဖိုးရှိသော လူများဖြစ်သည်ဟုလည်းကောင်း၊ မိမိတို့သည် ပညာရှင်များ ဖြစ်သည်ဟုလည်းကောင်း ခံစားကြရခြင်း ဖြစ်သည်။ ၎င်းတို့၏ စစ်မှန်သော အစွမ်းအစသည် မည်သည့်အရာပင် ဖြစ်ပါစေ ၎င်းတို့အားလုံးသည် မိမိတို့ကိုယ်ကို ကျော်ကြားသော သို့မဟုတ် ထူးချွန်သော ပုဂ္ဂိုလ်တစ်ဦးအဖြစ် အမွှမ်းတင်လိုကြသည်၊ အတော်အတန် လူသိများသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာလိုကြပြီး ၎င်းတို့သည် ချို့ယွင်းချက် တစ်ခုတလေမျှ မရှိဘဲ စုံလင်ကာ အပြစ်အနာအဆာကင်းသည်ဟု အခြားသူများကို ထင်မှတ်စေလိုကြသည်။ ၎င်းတို့သည် လုပ်နိုင်စွမ်းရှိသော၊ တန်ခိုးကြီးသော၊ ထူးချွန်သော သို့မဟုတ် ကျော်ကြားပြီး ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ဦးအဖြစ်၊ ကြီးကျယ်ခမ်းနားသော ပုံရိပ်တစ်ခုရှိကာ မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်စွမ်းရှိပြီး ၎င်းတို့ မလုပ်နိုင်သောအရာဟူ၍ မရှိသူအဖြစ် အခြားလူများ၏ မြင်တွေ့ခြင်းကို ခံလိုကြသည်။ ၎င်းတို့က အခြားသူများ၏ အကူအညီကို ရှာဖွေပါက မိမိတို့သည် လုပ်နိုင်စွမ်းမရှိသည့်အပြင် နိမ့်ပါးပုံပေါက်မည်ဖြစ်ပြီး လူများက မိမိတို့ကို အထင်သေးကြလိမ့်မည်ဟု ခံစားကြရသည်။ ဤအကြောင်းကြောင့် ၎င်းတို့သည် အမြဲတစေ ဟန်ဆောင်နေလိုကြသည်။...ဤသည်မှာ မည်သို့သော စိတ်သဘောထားမျိုးနည်း။ ဤသို့သောသူများ၏ မာနထောင်လွှားမှုသည် အကန့်အသတ်မရှိပေ။ ၎င်းတို့သည် ဆင်ခြင်တုံတရားအားလုံး ပျောက်ဆုံးပေပြီ။ ၎င်းတို့သည် လူတိုင်းကဲ့သို့ မဖြစ်လိုပေ။ သာမန်၊ ပုံမှန်လူများ မဖြစ်လိုကြဘဲ မဟာလူသားများ၊ ထူးခြားသော ပုဂ္ဂိုလ်များ၊ သို့မဟုတ် အစွမ်းထက်သူများ ဖြစ်လိုကြသည်။ ဤသည်မှာ အလွန်ကြီးမားသော ပြဿနာတစ်ရပ် ဖြစ်သည်။ အားနည်းချက်များ၊ ချို့ယွင်းချက်များ၊ မသိနားမလည်မှု၊ မိုက်မဲမှုနှင့် ပုံမှန်လူ့သဘာဝအတွင်းမှ သိနားလည်မှု ကင်းမဲ့ခြင်းနှင့် စပ်လျဉ်း၍ ယင်းတို့အားလုံးကို သူတို့ ဖုံးကွယ်ပြီး အခြားသူများကို မြင်ခွင့်မပေးဘဲ မိမိတို့ကိုယ်ကို ဆက်လက် အယောင်ဆောင်ကြလေသည်။ မည်သည့်အရာမျှ ရှင်းရှင်းလင်းလင်း မမြင်နိုင်သည့်တိုင် မိမိတို့ စိတ်နှလုံးတွင် နားလည်ကြသည်ဟု အခိုင်အမာဆိုကြသေးသည့် သူအချို့ရှိ၏။ သင်သည် ထိုအရာကို ရှင်းပြရန် ၎င်းတို့အား စေခိုင်းသည့်အခါ ၎င်းတို့ မရှင်းပြနိုင်ကြချေ။ အခြားတစ်စုံတစ်ဦးက ရှင်းပြပြီးသည့်နောက်တွင် အလားတူသောအရာကို ၎င်းတို့ ပြောတော့မည့်ဆဲဆဲ ဖြစ်သော်လည်း အချိန်မီ မဖွင့်ဟနိုင်ခဲ့ဟု အခိုင်အမာ ဆိုကြလေသည်။ မိမိတို့ကိုယ်ကို ဟန်ဆောင်ရန် ၎င်းတို့ တတ်နိုင်သမျှလုပ်ဆောင်ပြီး အကောင်းမြင်ခံရရန် ကြိုးစားကြသည်။ သင်တို့ အဘယ်သို့ သဘောရကြသနည်း၊ ထိုသို့သော လူတို့သည် အမြဲ စိတ်ကူးယဉ်တတ်ကြသည် မဟုတ်လော။ သူတို့ အိပ်မက်မက်နေကြခြင်း မဟုတ်လော။ သူတို့သည် မိမိကိုယ်ကို အဘယ်သူများ ဖြစ်ကြသည်ကို မသိကြသလို ပုံမှန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်ရမည်ကိုလည်း မသိကြ။ လက်တွေ့ကျသည့် လူသားများကဲ့သို့ တစ်ကြိမ်မျှ သူတို့ လုံးဝ မပြုမူဖူးကြ။ သင်၏နေ့ရက်များကို စိတ်ကူးယဉ်ခြင်းဖြင့် အချိန်ဖြုန်းကာ အိုးနင်းခွက်နင်းဖြင့် ပြီးသွားလျက်၊ မည်သည့်အရာကိုမျှ အသိတရားရှိရှိ လက်တွေ့ကျသော စိတ်နေစိတ်ထားဖြင့် မလုပ်ဆောင်ဘဲ မိမိ၏ ကိုယ်ပိုင်စိတ်ကူးများဖြင့် အစဉ်သဖြင့် အသက်ရှင်နေထိုင်လျှင် ဤသည်မှာ ပြဿနာဖြစ်လေသည်။ အသက်တာတွင် သင် ရွေးချယ်သည့် လမ်းကြောင်းသည် မမှန်ကန်ပေ။ ဤအရာကို သင်ပြုလုပ်လျှင် ဘုရားသခင်ကို သင် မည်သို့ယုံကြည်ပါစေ သမ္မာတရားကို သင် နားလည်လိမ့်မည် မဟုတ်သလို သမ္မာတရားကို ရရှိနိုင်လိမ့်မည် မဟုတ်။ သင့်ကို ရိုးသားစွာပြောရလျှင် သင်သည် သမ္မာတရားကို မရရှိနိုင်၊ အဘယ်ကြောင့်ဆိုသော်၊ သင် အစပြုသောနေရာသည် မှားယွင်းသောကြောင့် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် မှန်ကန်သော လမ်းကြောင်းပေါ် စတင်ရန် ပြည့်စုံရမည့် သတ်မှတ်ချက် ငါးချက်) လူတွေမှာ မာနထောင်လွှားတဲ့ စိတ်သဘောထားတွေ ရှိပြီး သာမန်လူတစ်ယောက်ရဲ့ နေရာမှာ မနေချင်ကြဘူး၊ ပြီးတော့ သူတို့က အရာအားလုံးကို လုပ်နိုင်သယောင်၊ နားလည်သယောင် အမြဲ ဟန်ဆောင်ချင်ကြပြီး သူတို့က သာမန်လူတစ်ယောက် မဟုတ်ဘဲ အဆင့်မြင့်တဲ့လူတစ်ယောက်လို့ တခြားသူတွေ အထင်မှားအောင် ကြိုးစားတတ်ကြတယ်လို့ ဘုရားသခင်က ဖော်ထုတ်ထားပါတယ်။ ကျွန်တော် ပြုမူနေခဲ့တာက ဒီလိုပါပဲ။ အသင်းတော်ခေါင်းဆောင်အနေနဲ့ ရွေးကောက်ခံရပြီးတဲ့နောက်မှာ ကဏ္ဍတိုင်းမှာ ကျွန်တော် တော်တော်လေး တော်တယ်လို့ ခံစားခဲ့ရတယ်။ ဒီဝန်တာကို ကျွန်တော် ထမ်းရွက်နိုင်တယ်ဆိုတာ တခြားသူတွေကို ပြချင်ခဲ့တယ်၊ ပြီးတော့ ဘယ်လိုပြဿနာမျိုးပဲ ကြုံရပါစေ ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေကို ကျွန်တော် ကူညီဖြေရှင်းပေးနိုင်မယ်၊ ဒါမှသာ ကျွန်တော့်ရဲ့ လက်ရှိပင်ကိုလက္ခဏာနဲ့ ကိုက်ညီမယ်လို့ ခံစားခဲ့ရတယ်။ ဒါပေမဲ့ တခြားသူတွေရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစားတဲ့အခါ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းကို ကျွန်တော် မပေးနိုင်တော့၊ သူတို့ကို မိတ်သဟာယပြုဖို့အတွက် အကြောင်းအရာတချို့ကိုပဲ ကောက်ပြီးစုလိုက်တယ်၊ ပြီးတော့ ဟန်လုပ်ဖို့အတွက် စကားလုံးတွေနှင့် အယူဝါဒအချို့ကိုလည်း အကြာကြီးပြောဖို့ ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးခဲ့တယ်။ ကျွန်တော် မရှိတဲ့အရာ၊ နားမလည်တဲ့အရာနဲ့ မလုပ်နိုင်တဲ့အရာတွေကို အမြဲ ဖုံးကွယ်ထားခဲ့တယ်။ ဘယ်ပြဿနာကမှ ကျွန်တော့်ကို မနိုင်ဘူးဆိုပြီး တခြားသူတွေရှေ့မှာ ဟန်ဆောင်ချင်ခဲ့တာ။ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် သာမန်ထက်ထူးကဲတဲ့လူသားတစ်ယောက်လို ဟန်ဆောင်ဖို့ ကြိုးစားနေခဲ့ရုံသက်သက်ပဲ မဟုတ်ဘူးလား။ အရင်က ကျွန်တော် အသင်းတော်ခေါင်းဆောင် မလုပ်ဖူးဘူး၊ ပြီးတော့ ပါဝင်ပတ်သက်နေတဲ့ ပြဿနာတော်တော်များများကိုလည်း ကျွန်တော် မရင်းနှီးဘူးလေ။ လီယွီရဲ့ ပြဿနာတွေကို ချက်ချင်းမဖြေရှင်းနိုင်တာက ပုံမှန်ပါပဲ။ ဒါပေမဲ့လည်း ကိုယ့်အတွက် ပုံရိပ်ကောင်းတစ်ခု တည်ဆောက်ဖို့ရှင်းရှင်းလင်းလင်း မမြင်ရသေးတာတွေ၊ နားမလည်သေးတာတွေကို ကျွန်တော် ဖုံးကွယ်ထားခဲ့တယ်။ သာမန်လူတစ်ယောက်အနေနဲ့ ကိုယ့်နေရာမှန်မှာ နေဖို့ ကျွန်တော် မလိုလားခဲ့ဘူး။ ကျွန်တော့်သဘာဝက အရမ်း မာနထောင်လွှားလွန်းတယ်၊ ကျွန်တော် တော်တော်ကို ဆင်ခြင်တုံတရား ကင်းမဲ့ခဲ့တာပဲ။

အဲဒီနောက်မှာတော့ အမြဲတမ်း ဟန်ဆောင်နေတတ်တဲ့ လူတွေကို ဖော်ထုတ်ထားတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် ရှာတွေ့ပြီး သေချာစဉ်းစားကြည့်လိုက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် နည်းနည်း ပိုနားလည်လာခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူများသည် အခြားသူများက ၎င်းတို့အား အထင်ကြီးစေရန်နှင့် ၎င်းတို့၏ အမှားများ သို့မဟုတ် ချို့ယွင်းချက်များကို မမြင်နိုင်စေဖို့အလို့ငှာ၊ အစဉ် အယောင်ဆောင်သည့်အခါ၊ မိမိတို့ကိုယ်ကို အစဉ် ဖုံးဖိဖာထေးသည့်အခါ၊ အမြဲ ဆိုက်ထုတ်ကြသည့်အခါ၊ မိမိတို့၏ အကောင်းဆုံးဘက်ကို လူများအား တင်ဆက်ဖို့ အစဉ် ကြိုးစားနေသည့်အခါ ယင်းက အဘယ်သို့သော စိတ်သဘောထားမျိုး ဖြစ်သနည်း။ ဤသည်မှာ မာနထောင်လွှားခြင်း၊ ဟန်ဆောင်ခြင်း၊ သူတော်ကောင်း ယောင်ဆောင်ခြင်းဖြစ်သည်၊ ယင်းသည် စာတန်ဆန်သော စိတ်သဘောထား ဖြစ်သည်၊ ကောက်ကျစ်ဆိုးယုတ်သည့်အရာတစ်ခု ဖြစ်သည်။ စာတန်ဆန်သော အစိုးရစနစ်၏ အဖွဲ့ဝင်များကို ကြည့်လော့။ ၎င်းတို့သည် အမှောင်ထဲတွင် မည်မျှတိုက်ခိုက်ပါစေ၊ မည်မျှရန်စပါစေ၊ မည်မျှသတ်ဖြတ်ပါစေ ထိုသူတို့ကို မည်သူကမျှ တိုင်ကြားခွင့်၊ သို့မဟုတ် ဖော်ထုတ်ခွင့်မရှိချေ။ ၎င်းတို့၏ မကောင်းဆိုးဝါး မျက်နှာကို လူများမြင်မည်ကို ကြောက်ကြသည်။ ယင်းကို ဖုံးကွယ်ဖို့ ၎င်းတို့တတ်နိုင်သမျှ အရာအားလုံး လုပ်ဆောင်ကြသည်။ လူပုံအလယ်တွင် ၎င်းတို့သည် လူများကို မည်မျှချစ်ကြောင်း၊ ၎င်းတို့သည် မည်မျှကြီးမြတ်ကာ၊ ဘုန်းကျက်သရေရှိပြီး မမှားနိုင်ကြောင်းပြောလျက် မိမိတို့ကိုယ်ကို ဖုံးဖိဖာထေးဖို့ အဆုံးစွန် လုပ်ဆောင်ကြသည်။ ဤသည်မှာ စာတန်၏သဘာဝ ဖြစ်သည်။ စာတန်သဘာဝ၏ အထင်ရှားဆုံးအင်္ဂါရပ်မှာ လှည့်ကွက်နှင့် လှည့်ဖြားမှုဖြစ်သည်။ ဤလှည့်ကွက်နှင့် လှည့်ဖြားမှုတို့၏ ရည်မှန်းချက်သည် အဘယ်နည်း။ လူများကို လှည့်စားဖို့၊ ၎င်း၏အနှစ်သာရနှင့် စရိုက်မှန်တို့ကို မမြင်အောင် ထိုသူတို့အား တားဆီးပြီး ထိုသို့ဖြင့် ၎င်း၏အုပ်စိုးမှု ကြာရှည်စေဖို့ ပန်းတိုင်ကို အောင်မြင်ရရှိဖို့ ဖြစ်သည်။ သာမန်လူများ၌ ထိုသို့သော အာဏာနှင့် ဂုဏ်အဆင့်အတန်း ရှိချင်မှရှိမည် ဖြစ်သော်လည်း ၎င်းတို့သည်လည်း အခြားသူများအား ၎င်းတို့ကို အလေးပေးသောအမြင် စွဲကိုင်စေဖို့အပြင် လူများက သူတို့၏စိတ်နှလုံးထဲ၌ ၎င်းတို့အား မြင့်မားသော ထင်မြင်ယူဆချက်ရှိဖို့နှင့် ၎င်းတို့အား မြင့်မားသော ဂုဏ်အဆင့်အတန်းဆီသို့ မြှင့်တင်ပေးဖို့ကို ဆန္ဒရှိကြသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား ဖြစ်ပေသည်။ သမ္မာတရားကို လူတို့က နားမလည်လျှင် ဤအရာကို သတိပြုမိနိုင်စွမ်းမရှိပေ။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သတိပြုမိရန် အခက်ခဲဆုံးဖြစ်သည်။ သင်ကိုယ်တိုင်၏ အမှားများနှင့် အားနည်းချက်များကို သတိပြုမိခြင်းသည် လွယ်ကူသော်လည်း သင်ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သတိပြုမိခြင်းက မလွယ်ကူချေ။ မိမိတို့ကိုယ်ကို မသိကြသောလူများသည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော အခြေအနေများအကြောင်း မည်သည့်အခါမျှ မပြောကြပေ။ ၎င်းတို့သည် အဆင်ပြေနေသည်ဟု အစဉ် တွေးထင်ကြသည်။ ပြီးလျှင် ၎င်းတို့သည် ကိုယ်တိုင်သတိမပြုမိဘဲ စတင် ကြွားလုံးထုတ်ကြသည်။ ‘ကျွန်ုပ်၏ယုံကြည်ခြင်း နှစ်များတစ်လျှောက်လုံး များပြားလှသော ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကို ကြုံတွေ့ခဲ့ရပြီး များပြားလှသော ဆင်းရဲဒုက္ခများစွာကို ခံစားခဲ့ရသည်။ ယင်းတို့အားလုံးကို ကျွန်ုပ် မည်သို့အောင်မြင်ကျော်လွှားခဲ့သည်ကို သင်တို့သိကြသလော’ ဟူ၍ ဖြစ်သည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထားတစ်ခုလော။ မိမိတို့ကိုယ်ကို ပြသခြင်း၏ နောက်ကွယ်မှ အရင်းခံအကြောင်းသည် အဘယ်နည်း။ (လူများအား ၎င်းတို့ကို အထင်ကြီးစေဖို့ ဖြစ်သည်။) လူများအား ၎င်းတို့ကို အထင်ကြီးစေခြင်းနှင့်ပတ်သက်သည့် ၎င်းတို့၏ အကြောင်းရင်းမှာ အဘယ်နည်း။ (ထိုသို့သောလူများ၏ စိတ်များထဲတွင် ဂုဏ်အဆင့်အတန်း ပေးအပ်ခံရဖို့ဖြစ်သည်။) အခြားလူတစ်ဦး၏ စိတ်ထဲတွင် သင့်ကို ဂုဏ်အဆင့်အတန်း ပေးအပ်သည့်အခါ၊ ထို့နောက်တွင် ၎င်းတို့သည် သင်နှင့် အပေါင်းအဖော်ပြုသည့်အခါ၊ ၎င်းတို့သည် သင့်အပေါ် ရိုသေကြပြီး သင့်ကို ၎င်းတို့ စကားပြောသည့်အခါ အထူးသဖြင့် ယဉ်ကျေးကြသည်။ ၎င်းတို့သည် သင့်အပေါ် အစဉ် ကြည်ညိုလေးစားကြသည်၊ အရာအားလုံး၌ သင့်အား အစဉ် ဦးစားပေးကြသည်၊ ၎င်းတို့က သင့်အား အလျှော့ပေးကြပြီး သင့်အား မြှောက်ပင့်ကာ နာခံကြသည်။ အရာရာတွင် ၎င်းတို့က သင့်အား ရှာဖွေပြီး သင့်အား ဆုံးဖြတ်ချက်များ ချခွင့်ပြုကြသည်။ ပြီးလျှင် ဤအရာမှ သင်သည် သာယာကြည်နူးစိတ်ကို ရရှိသည်။ သင်သည် ပို၍ ဩဇာကြီးမားပြီး အခြားလူတိုင်းထက် ပိုသာသည်ဟု ခံစားရသည်။ လူတိုင်းက ဤခံစားချက်ကို နှစ်သက်ကြသည်။...သင်၏ စကားလုံးများနှင့် လုပ်ဆောင်ချက်များသည် အဆင့်အတန်းကို လိုက်စားခြင်းနှင့် ရယူခြင်းက တွန်းအားပေးခြင်းခံရပြီး ယင်းအတွက် အခြားသူများနှင့် ယှဉ်ပြီး လုယူကာ ပြိုင်ဆိုင်လေသည်။ သင်၏ပန်းတိုင်က ရာထူးနေရာတစ်ခုကို အရယူပြီး ဘုရားသခင် ရွေးချယ်ထားသော လူတို့အား သင်၏စကားကို နားထောင်စေရန်၊ သင့်ကို ထောက်ခံစေရန်နှင့် ကြည်ညိုကိုးကွယ်စေရန် ဖြစ်သည်။ ထိုရာထူးကို သင်အရယူပြီးသည်နှင့် သင်သည် သြဇာအာဏာရရှိပြီး အဆင့်အတန်း၏ အကျိုးအမြတ်များ၊ အခြားသူများထံမှ အထင်ကြီးလေးစားမှုသာမက ထိုရာထူးနှင့် အတူပါလာသည့် အခြားသော အကျိုးကျေးဇူးများကို ခံစားနိုင်မည်ဖြစ်သည်။ လူတို့သည် အခြားလူများက ၎င်းတို့ကို ပြည့်စုံသည်ဟု ထင်စေရန်အတွက် အစဉ်သဖြင့် မိမိတို့ကိုယ်ကို အယောင်ဆောင်နေကြသည်၊ အခြားလူများရှေ့တွင် ကြွားဝါကြသည်၊ ဂိုက်ဖမ်းပြီး ဟန်လုပ်ကြသည်၊ မိမိတို့ကိုယ်ကို အမွှမ်းတင်ကြသည်။ ဤတွင် ၎င်းတို့၏ ရည်ရွယ်ချက်သည် ဂုဏ်အဆင့်အတန်းရရှိရန်ဖြစ်သည်။ ဤသို့ဖြင့် အဆင့်အတန်း၏ အကျိုးအမြတ်များကို ခံစားရနိုင်ရန်ဖြစ်သည်။ သင်သည် ဤအရာကို မယုံကြည်ပါက ယင်းကို သေချာစွာ တွေးတောဆင်ခြင်လော့။ သင်သည် အဘယ့်ကြောင့် လူများအား သင့်ကို အစဉ် အထင်ကြီးစေချင်ရသနည်း။ သင်သည် လူတို့ကို သင့်အား ကိုးကွယ်ပြီး အထင်ကြီးလေးစားစေရန် ပြုလုပ်လိုသည်။ ထို့ကြောင့် သင်သည် နောက်ဆုံးတွင် အာဏာရယူပြီး အဆင့်အတန်း၏ အကျိုးအမြတ်များကို ခံစားနိုင်သည်။ သင်အရူးအမူးရှာဖွေသည့် ဂုဏ်အဆင့်အတန်းက သင့်အား အကျိုးအမြတ်များစွာကို ယူဆောင်လာပေးမည်ဖြစ်ပြီး ဤအကျိုးအမြတ်များမှာ အခြားလူများက အားကျပြီး စိတ်ဆန္ဒရှိသည့်အရာ အတိအကျပင်ဖြစ်သည်။ ဂုဏ်အဆင့်အတန်းက ပေးသည့် အကျိုးကျေးဇူးများစွာကို လူတို့က မြည်းစမ်းရသောအခါ ၎င်းတို့ကို အဆိပ်သင့်စေပြီး ထိုစည်းစိမ်ကြွယ်ဝသော ဘဝတွင် မွေ့လျော်ကြသည်။ ဤအရာသာလျှင် အချည်းနှီးမဟုတ်သော ဘဝဖြစ်သည်ဟု လူတို့က ထင်ကြသည်။ ဖောက်ပြန်ပျက်စီးနေသော လူသားများသည် ဤအရာများအား ခံစားမွေ့လျော်ခြင်း၌ ပျော်ရွှင်ကြသည်။ ထို့ကြောင့် လူတစ်ဦးသည် တစ်စုံတစ်ခုသော ရာထူးတစ်ခုကို ရရှိ၍ ယင်းက ယူဆောင်လာသည့် အမျိုးမျိုးသော အကျိုးကျေးဇူးများကို စတင်ခံစားသည်နှင့် တစ်ပြိုင်နက် သူသည် ဤအပြစ်ရှိသော သာယာမှုများကို မဆုတ်မနစ်ဖြင့် မစွန့်လွှတ်နိုင်သည်အထိပင် မွေ့လျော်ခံစားကြ၏။ အနှစ်သာရအားဖြင့် ကျော်ကြားမှုနှင့် အဆင့်အတန်းကို လိုက်စားခြင်းသည် ရှင်ဘုရင်အဖြစ် အုပ်စိုးရန်၊ ဘုရားသခင် ရွေးချယ်ထားသော လူများကို ချုပ်ကိုင်ရန်၊ အရာခပ်သိမ်းကို အုပ်စိုးရန်နှင့် မိမိတို့၏ ရာထူးအခွင့်ထူးများဖြင့် ဇိမ်ခံကာ အပြစ်ရှိသော သာယာမှုများ၌ သူတို့ပျော်မွေ့နိုင်သည့် လွတ်လပ်သောနိုင်ငံတော်ကို တည်ထောင်ရန်အတွက် အဆင့်အတန်းတစ်ခုခုနှင့်အတူ ပါလာသည့် အကျိုးကျေးဇူးများ၌ မွေ့လျော်ခံစားလိုသော စိတ်ဆန္ဒက တွန်းအားပေးခြင်း ဖြစ်သည်။ စာတန်သည် လူတို့ကို လှည့်စားရန်၊ လိမ်လည်လှည့်ဖြားရန်၊ အတုအယောင် ပုံဖမ်းသရုပ်ဆောင်ခြင်းများကို ပြလျက် ၎င်းတို့ကို အရူးလုပ်ရန် နည်းလမ်းမျိုးစုံကို အသုံးပြုသည်။ ၎င်းကို နာခံပြီး ကိုးကွယ်အောင်ပြုလုပ်ရန် အဆုံးစွန်ပန်းတိုင်ဖြင့် လူတို့ကို လေးစားပြီး ကြောက်ရွံ့စေရန် ခြောက်လှန့်ခြင်းနှင့် ခြိမ်းခြောက်ခြင်းတို့ကိုပင် စာတန် အသုံးပြုသည်။ ဤသည်မှာ စာတန်ကို ကျေနပ်စေသည့်အရာ ဖြစ်သည်။ ဤသည်မှာ လူတို့ကို စည်းရုံးသိမ်းသွင်းရန် ဘုရားသခင်နှင့် ယှဉ်ပြိုင်ရာတွင် စာတန်၏ ပန်းတိုင်လည်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ကျင့်ကြံပြုမူခြင်းတွင် လမ်းပြသင့်သည့် စည်းမျဉ်းများ) အမြဲတမ်း ဟန်ဆောင်ချင်ပြီး ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ချင်တဲ့ လူတွေဟာ အရေခြုံတွေ ဖြစ်တယ်၊ သူတို့ရဲ့ သဘာဝက မာနထောင်လွှားပြီး အတုအယောင် ဖြစ်တယ်၊ ပြီးတော့ တခြားသူတွေဆီကနေ ချီးကျူးမှုတွေနဲ့ အထူးဆက်ဆံမှုတွေကို ခံစားချင်ရုံသက်သက်နဲ့ သူတို့ရဲ့ ပြဿနာတွေကို ဖုံးကွယ်ပြီး လူတွေကို မှားယွင်းတဲ့ အသွင်အပြင်တွေနဲ့ လှည့်ဖြားကြတယ်လို့ ဘုရားသခင်က ဖော်ထုတ်ထားပါတယ်။ အသင်းတော်ခေါင်းဆောင်အနေနဲ့ ရွေးကောက်ခံရပြီးတဲ့နောက်၊ လီယွီရဲ့ ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားတုန်းက၊ ကျွန်တော့်မှာ အတွေ့အကြုံမရှိဘဲ ရှိသယောင်၊ နားလည်သယောင် ဟန်ဆောင်ခဲ့တယ်၊ ပြီးတော့ တခြားသူတွေကို လှည့်ဖြားဖို့အတွက် တွေ့ရာစကားလုံးတွေ ဆွဲသုံးခဲ့တယ်။ ကျွန်တော့်ရည်ရွယ်ချက်က ကိုယ့်ရဲ့ ပုံရိပ်ကောင်းကို ထိန်းသိမ်းဖို့ပါ။ တခြားသူတွေ ကျွန်တော့်ကို ချီးမွမ်းတာ၊ အထင်ကြီးတာ၊ ကျွန်တော့်ကို ဗဟိုပြုပြီး ဝန်းရံတာမျိုး လိုချင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ တခြားသူတွေရဲ့ ချီးကျူးမှုကို ခံရတာကနေ ရလာတဲ့ သူများထက်သာတဲ့ ခံစားချက်ကို ခံစားဖို့အတွက်လည်း ဒါကို လုပ်ခဲ့တာပါ။ ကျွန်တော့်စိတ်ရင်းက တော်တော်ကို ကောက်ကျစ်ဆိုးယုတ်ခဲ့တာပဲ။ အသင်းတော်ခေါင်းဆောင်အနေနဲ့ ရွေးကောက်မခံရခင်တုန်းက ညီအစ်ကိုမောင်နှမတွေ မေးခွန်းမေးတာ ကြားရင် ကျွန်တော့်အတွေ့အကြုံတွေအကြောင်း သူတို့ကို အမြဲ ပြောပြချင်ခဲ့တယ်၊ ဘာလို့လဲဆိုတော့ လူတိုင်းက အတွေ့အကြုံရှိတဲ့လူတွေကို အထင်ကြီးလေးစားတတ်ကြတယ်လို့ ကျွန်တော် ထင်ခဲ့လို့လေ။ ဒါကြောင့် ကျွန်တော့်မှာ အတွေ့အကြုံဆိုင်ရာ နားလည်သဘောပေါက်မှု သိပ်မရှိရင်တောင် ပိုပြောဖို့ ကြိုးစားခဲ့တုန်းပဲ။ အသင်းတော်ခေါင်းဆောင်အနေနဲ့ ရွေးကောက်ခံရပြီးတဲ့နောက်မှာလည်း စုဝေးပွဲတွေမှာ မိတ်သဟာယပြုရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် သက်သေထူဖို့ လုပ်ချင်နေတုန်းပဲ။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် သက်သေထူနိုင်ခဲ့သည်ဖြစ်စေ၊ သက်သေမထူနိုင်ခဲ့သည်ဖြစ်စေ၊ လူတွေ ကျွန်တော့်ကို လေးစားပြီး အထင်ကြီးအောင် လုပ်ဖို့ ရှာဖွေခဲ့တာက ကျွန်တော့်ရည်ရွယ်ချက်ပါပဲ။ ဒါက အန္တိခရစ်တွေရဲ့ လမ်းကြောင်းကို လျှောက်လှမ်းနေတာပါ။ အသင်းတော်ခေါင်းဆောင် ဖြစ်လာပြီးပြီးချင်းပဲ လူတွေ ကျွန်တော့်ကို အထင်ကြီးလေးစားအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို စတွေးတော့တာပဲ။ ပြီးတော့ ညီအစ်ကိုမောင်နှမတွေကို လှည့်ဖြားဖို့နဲ့ အဆင့်အတန်းရဲ့ အကျိုးခံစားမှုတွေကို မွေ့လျော်ဖို့အတွက် ဟန်ဆောင်မှုနဲ့ လှည့်ကွက်တွေကိုလည်း သုံးခဲ့တယ်။ ကျွန်တော် တော်တော်ကို ဆင်ခြင်တုံတရား ကင်းမဲ့ခဲ့တာပဲ။ ကျွန်တော် လိုက်စားခဲ့တာက ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေနဲ့ လုံးဝ ဆန့်ကျင်ဘက်ပါပဲ။ ဒီအတိုင်းသာ ဆက်ဖြစ်နေမယ်ဆိုရင်၊ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုနဲ့ အသင်းတော်အလုပ်ကို အဟန့်အတား ဖြစ်စေမှာ။ အနှေးနဲ့အမြန် ကျွန်တော် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားမိတော့မှာ။ ဒါကို နားလည်လိုက်တဲ့အခါ၊ ကျွန်တော် လီယွီဆီ စာရေးပြီး အဲဒီနေ့က ကျွန်တော့်အခြေအနေနဲ့ ကျွန်တော့်နားလည်မှုအကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြခဲ့တယ်၊ ပြီးတော့ သူ့ကိုကူညီဖို့ ဘုရားနှုတ်ကပတ်တော်တချို့ကို ထပ်ရှာပေးခဲ့တယ်။ လီယွီကလည်း ကျွန်တော့်ဆီ စာပြန်ရေးပြီး သူ့နားလည်မှုတချို့ကို မိတ်သဟာယပြုခဲ့တယ်။ ကျွန်တော့်ရဲ့ သရုပ်မှန်ကို ဖွင့်ချလိုက်ရတော့ ကိုယ့်နေရာမှန်ကို နည်းနည်း ရှာတွေ့သွားသလို ခံစားလိုက်ရပြီး အများကြီး ပိုပြီး စိတ်အေးချမ်းသွားတယ်။

ဟန်ဆောင်ပြီး ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်တဲ့ ကျွန်တော့်ပြဿနာက အရမ်းကြီးလေးမှန်း သဘောပေါက်လိုက်တဲ့အခါ ဝင်ရောက်ဖို့အတွက် လက်တွေ့လုပ်ဆောင်စရာ လမ်းကြောင်းတစ်ခုကို ကျွန်တော် ရှာဖွေခဲ့တယ်။ ရှာဖွေရင်းနဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် ဖတ်ခဲ့တယ်။ “သင်သည် မည်သည့်ပြဿနာများကို ကြုံတွေ့ရသည်ဖြစ်စေ ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေရမည်ဖြစ်သည်၊ သင်သည် မိမိကိုယ်ကို လုံးဝ ဟန်မဆောင်ရ သို့မဟုတ် အခြားသူများကို ပုံရိပ်အတုအယောင် မပြရပေ။ သင်၏ ချို့ယွင်းချက်များ၊ မလုံလောက်မှုများ၊ အပြစ်အနာအဆာများ သို့မဟုတ် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်စေ သင်သည် ဤအရာအားလုံးအကြောင်းကို ဖွင့်ဟပြီး မိတ်သဟာယဖွဲ့ရမည်။ ယင်းတို့ကို ဖုံးကွယ်မထားနှင့်။ မိမိကိုယ်ကို ဖွင့်ဟတတ်ရန် သင်ယူခြင်းသည် အသက်ဝင်ရောက်မှုဆီသို့ ပထမဆုံးခြေလှမ်းဖြစ်ပြီး ယင်းမှာ ကျော်လွှားရန် အခက်ခဲဆုံးဖြစ်သော ပထမဆုံး အတားအဆီး ဖြစ်သည်။ သင်သည် ဤအတားအဆီးကို ကျော်လွှားပြီးသည်နှင့်တစ်ပြိုင်နက် သမ္မာတရားထဲသို့ ဝင်ရောက်ရန် လွယ်ကူသွားလိမ့်မည်။ သင်သည် ဤခြေလှမ်းကို လှမ်းသောအခါ ယင်းက အဘယ်အရာကို ဆိုလိုမည်နည်း။ ယင်းက သင်သည် သင်၏ စိတ်နှလုံးကို ဖွင့်ပြပြီး ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ၊ အပြုသဘောဆောင်သည်ဖြစ်စေ အပျက်သဘောဆောင်သည်ဖြစ်စေ သင်၏ အစိတ်အပိုင်းတိုင်းကို ဖော်ထုတ်ကာ ဖွင့်ဟလျက် အခြားလူများ မြင်ရန်နှင့် ဘုရားသခင် မြင်ရန်အတွက် ယင်းကို ပွင့်လင်းမြင်သာစွာ ဖော်ထုတ်ပြခြင်းကို ဆိုလိုသည်။ ဘုရားသခင်ထံမှ မည်သည့်အရာကိုမျှ ဖုံးကွယ်ခြင်း သို့မဟုတ် ဖုံးဖိထားခြင်း မရှိခြင်း၊ ဘုရားသခင်အပေါ် မည်သည့် ရုပ်ဖျက်မှု၊ လှည့်ဖြားမှု သို့မဟုတ် လိမ်လည်မှုကိုမျှ အသုံးမပြုခြင်း၊ ထိုနည်းတူ အခြားလူများနှင့်လည်း ပွင့်လင်းရိုးသားခြင်းကို ဆိုလိုသည်။ ဤနည်းအားဖြင့် သင်သည် အလင်းထဲတွင် အသက်ရှင်လိမ့်မည်။ ဘုရားသခင်က သင့်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးမည်သာမက အခြားလူများကလည်း သင်၏ လုပ်ဆောင်ချက်များတွင် စည်းမျဉ်းများနှင့် ပွင့်လင်းမြင်သာမှု ရှိသည်ကို မြင်တွေ့ကြလိမ့်မည်။ သင်သည် သင်၏ ဂုဏ်သတင်း၊ ပုံရိပ်နှင့် အဆင့်အတန်းကို ကာကွယ်ရန် မည်သည့်နည်းလမ်းကိုမျှ အသုံးပြုရန် မလိုအပ်သကဲ့သို့ သင်၏ အမှားများကို ဖုံးကွယ်ခြင်း သို့မဟုတ် ဖုံးဖိခြင်း တစ်ခုတလေကိုမျှ လုပ်ဆောင်ရန် မလိုအပ်ပေ။ သင်သည် ဤအသုံးမဝင်သော ကြိုးပမ်းမှုများတွင် ပါဝင်ရန် မလိုအပ်ပေ။ သင်သည် ဤအရာများကို စွန့်လွှတ်နိုင်ပါက သင်၏အသက်တာသည် အလွန် သက်သောင့်သက်သာ ရှိလာမည်ဖြစ်ပြီး ဘောင်ခတ်ချုပ်ချယ်မှုများနှင့် နာကျင်မှုတို့မှ ကင်းလွတ်ကာ သင်သည် အလင်းထဲတွင် လုံးလုံးလျားလျား အသက်ရှင်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး)သာမန်ဖြစ်ပြီး ပုံမှန်ဖြစ်သော လူတစ်ဦးဖြစ်ရန် သင် မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ဤအရာကို မည်သို့ ဖြစ်မြောက်အောင်မြင်နိုင်မည်နည်း။...ပထမဦးစွာ မိမိကိုယ်ကို အမည်ဂုဏ်ပုဒ်တစ်ခု မပေးနှင့်၊ ထို့နောက် ယင်းက သင့်ကို ဘောင်ခတ်သည်ကို ခွင့်မပေးဘဲ ‘ငါသည် ခေါင်းဆောင် ဖြစ်သည်၊ ငါသည် အဖွဲ့ခေါင်းဆောင် ဖြစ်သည်၊ ငါသည် ကြီးကြပ်ရေးမှူး ဖြစ်သည်၊ သို့မဟုတ် ငါသည် ဤနယ်ပယ်တွင် အသိပညာအကြွယ်ဝဆုံးနှင့် နည်းပညာအရ အကျွမ်းကျင်ဆုံးသူ ဖြစ်သည်’ ဟု မပြောနှင့်။ သင် ကိုယ်တိုင်ပေးထားသော အမည်ဂုဏ်ပုဒ်၏ တားဆီးခြင်းကို မခံရစေနှင့်။ ဤအရာ ဖြစ်ပျက်သည်နှင့်တစ်ပြိုင်နက် ယင်းက သင့်ကို တင်းကျပ်စွာ ချည်နှောင်လိမ့်မည် ဖြစ်သည်၊ သင်၏ စကားများနှင့် လုပ်ရပ်များသည် ယင်း၏ သက်ရောက်မှုကို ခံရလိမ့်မည်ဖြစ်ပြီး သင်၏ ပုံမှန် တွေးခေါ်မှုနှင့် ဆုံးဖြတ်ချက်တို့သည်လည်း ထိုနည်းတူ ဖြစ်လိမ့်မည်။ ဤအဆင့်အတန်း၏ ကန့်သတ်ချက်များမှ သင် ရုန်းထွက်လွတ်မြောက်ရမည်။ ပထမဦးစွာ ဤတရားဝင် အမည်ဂုဏ်ပုဒ်၏ ရာထူးမှ ဆင်းပြီး သာမန်လူတစ်ဦး၏ နေရာကို ရယူလော့။ ထို့နောက် သင်၏ စိတ်သဘောထားသည် အတော်အတန် ပုံမှန် ဖြစ်လာလိမ့်မည်။ သင်သည် ဤသို့လည်း ဝန်ခံရမည်၊ ‘ဤအရာကို မည်သို့ လုပ်ဆောင်ရမည်ကို ကျွန်ုပ် မသိပါ၊ ပြီးလျှင် ထိုအရာကို ကျွန်ုပ် နားမလည်ပါ၊ ကျွန်ုပ် လေ့လာစုံစမ်းမှုအချို့ ပြုလုပ်ပြီး လေ့လာရမည်’ သို့မဟုတ် ‘ဤအရာကို ကျွန်ုပ် မည်သည့်အခါမျှ မကြုံဖူးပါ၊ ထို့ကြောင့် မည်သည့်အရာ လုပ်ဆောင်ရမည်ကို ကျွန်ုပ် မသိပါ’ ဟူ၍ ဖြစ်သည်။ သင် အမှန်တကယ် တွေးနေသည့်အရာကို သင် ပြောနိုင်ပြီး ဤကဲ့သို့ ရိုးသားစွာ ပြောဆိုနိုင်သောအခါ သင်သည် ပုံမှန် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်လိမ့်မည် ဖြစ်သည်။ သင်သည် အခြားသူများကို သင့်ပကတိအခြေအနေကို သိခွင့်ပေးပါက ၎င်းတို့သည် သင့်အပေါ် ပုံမှန် အမြင်တစ်ခု ရှိကြလိမ့်မည်ဖြစ်ပြီး သင်သည် ဟန်ဆောင်နေရန် လိုအပ်မည် မဟုတ်ပေ။ သင်သည် ပြင်းထန်စွာ ဖိအားပေးခံရသည်ဟု ခံစားရတော့မည် မဟုတ်ဘဲ အခြားသူများနှင့် ပုံမှန် ဆက်သွယ်ပြောဆိုနိုင်လိမ့်မည် ဖြစ်သည်။ ဤကဲ့သို့ အသက်ရှင်ခြင်းသည် လွတ်လပ်ပြီး လွယ်ကူလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားနှုတ်ကပတ်တော်ကို တန်ဖိုးထားခြင်းသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် အခြေခံအုတ်မြစ်ဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ဟန်ဆောင်ပြီး ဖုံးကွယ်တတ်တဲ့ ပြဿနာကို ဖြေရှင်းဖို့ဆိုရင် တခြားသူတွေကို ကျွန်တော်တို့ရဲ့ အစစ်မှန်ဆုံးဘက်ခြမ်းကို မြင်ခွင့်ပေးရမယ်၊ ကျွန်တော်တို့ မလုပ်နိုင်တာတွေ၊ နားမလည်တာတွေ အားလုံးနဲ့ပတ်သက်ပြီး လုံးဝ ပွင့်ပွင့်လင်းလင်း ရှိရမယ်၊ ပြီးတော့ လူတွေကို ဒီအရာတွေအကြောင်း မြင်ခွင့်၊ သိခွင့် ပေးရမယ်ဆိုတာ ကျွန်တော် နားလည်ခဲ့တယ်။ ဒီနည်းနဲ့သာ ကျွန်တော်တို့ဟာ သိက္ခာနဲ့ အဆင့်အတန်းရဲ့ ဘောင်ခတ်မှုတွေကို တဖြည်းဖြည်းဖယ်ရှားနိုင်မှာပါ။ တကယ်တော့ ကျွန်တော့်ရဲ့ ဝိညာဉ်ရင့်ကျက်မှု အရ၊ ခေါင်းဆောင်တစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်ဖို့ လေ့ကျင့်ခါစအချိန်ကို မပြောနဲ့၊ အချိန်အကြာကြီး လေ့ကျင့်ခဲ့ရင်တောင်မှ ပြဿနာတစ်ခုချင်းစီတိုင်းကို ကျွန်တော် ထိုးထွင်းသိမြင်ပြီး ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလေ။ ကျွန်တော် လုပ်ရမှာက ရိုးရိုးရှင်းရှင်းလေး ဖွင့်ပြောဖို့၊ ပြီးတော့ ဟန်မဆောင်ဖို့၊ ကိုယ့်ကိုယ်ကိုယ် မဖုံးကွယ်ဖို့ပါပဲ။ တာဝန်တွေ ထမ်းဆောင်ရင်း ပြဿနာတွေကို ဖြေရှင်းတဲ့အခါ ကျွန်တော် နားလည်သလောက်ပဲ မိတ်သဟာယပြုသင့်တယ်၊ ကျွန်တော် နားမလည်တာ၊ ဒါမှမဟုတ် မကြုံဖူးတာတွေနဲ့ပတ်သက်ပြီး တခြားသူတွေကို ရိုးသားသင့်တယ်၊ ပြီးတော့မှ ညီအစ်ကိုမောင်နှမတွေနဲ့အတူ သမ္မာတရား စည်းမျဉ်းတွေကို ရှာဖွေသင့်တယ်၊ ဒါမှမဟုတ် တခြားညီအစ်ကိုမောင်နှမတွေဆီကနေ အကြံဉာဏ်တောင်းပြီး လေ့လာသင့်တယ်။ ဒါဟာ ကျွန်တော် ဝင်ရောက်သင့်တဲ့အရာပါပဲ။

နောက်ပိုင်းမှာ ညီအစ်မတစ်ယောက်ရဲ့ သတိပေးမှုကနေတစ်ဆင့် ကျွန်တော့်မှာ မှားယွင်းတဲ့ အမြင်တစ်ခု ရှိနေသေးမှန်း တွေ့ရှိခဲ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “တစ်စုံတစ်ယောက်ကို ညီအစ်ကိုမောင်နှမများက ခေါင်းဆောင်အဖြစ် ရွေးကောက်သောအခါ၊ သို့မဟုတ် အလုပ်တစ်ခုခု လုပ်ဆောင်ရန်ဖြစ်စေ၊ တာဝန်တစ်ခုခု ထမ်းဆောင်ရန်ဖြစ်စေ ဘုရားသခင်၏အိမ်တော်က မြှင့်တင်ပေးသောအခါတွင် ဤသူသည် ဘုရားသခင်အပေါ် ကျိုးနွံနာခံနိုင်ပြီး ဘုရားသခင်ကို သစ္စာဖောက်မည်မဟုတ်ဟု အဓိပ္ပာယ်သက်ရောက်ရန် မဆိုထားနှင့်၊ ထိုသူ၌ ထူးခြားသော ဂုဏ်အဆင့်အတန်းသော်လည်းကောင်း၊ ရာထူးနေရာသော်လည်းကောင်း ရှိသည်၊ သို့မဟုတ် ထိုသူနားလည်သည့် သမ္မာတရားများက အခြားလူများနားလည်သည့် သမ္မာတရားများထက် ပို၍နက်နဲပြီး ပို၍များပြားသည်ဟုပင် အဓိပ္ပာယ်သက်ရောက်ခြင်း မရှိပေ။ အသေအချာပင် ထိုသူသည် ဘုရားသခင်ကို သိပြီး ဘုရားသခင်ကို ကြောက်ရွံ့သောသူဖြစ်သည်ဟူ၍လည်း မဆိုလိုပေ။ အမှန်တကယ်တွင် ဤထဲမှ တစ်ခုကိုမျှ ၎င်းတို့မရရှိထားပေ။ မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းသည် ရိုးရှင်းသော အဓိပ္ပာယ်ဖြင့် မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းမျှသာဖြစ်ပြီး ၎င်းတို့ ဘုရားသခင်၏ ကြိုတင်ပြဋ္ဌာန်းခြင်း၊ ဘုရားသခင်က ထိုက်တန်သည်ဟု အမြင်ခံရခြင်းနှင့် မညီမျှချေ။ ထိုသူ၏ မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းမှာ ထိုသူသည် မြှင့်တင်ပေးခြင်းခံရပြီး ပျိုးထောင်မှုကို စောင့်ဆိုင်းနေသည်ဟူ၍ ဆိုလိုခြင်း သက်သက်သာဖြစ်သည်။ ပြီးလျှင် ဤပျိုးထောင်ခြင်း၏ အဆုံးသတ်ရလဒ်က ဤလူသည် သမ္မာတရားကို လိုက်စားခြင်း ရှိမရှိနှင့် ၎င်းသည် သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းကို ရွေးချယ်နိုင်စွမ်း ရှိမရှိတို့အပေါ်တွင် မူတည်လေသည်။ ထို့ကြောင့် အသင်းတော်ရှိ တစ်စုံတစ်ယောက်သည် ခေါင်းဆောင်ဖြစ်ရန်အတွက် မြှင့်တင်ပေးခံရပြီး ပျိုးထောင်ခံရသည့်အခါတွင် ထိုသူသည် အရိုးရှင်းဆုံးသော အဓိပ္ပာယ်ဖြင့် မြှင့်တင်ပေးပြီး ပျိုးထောင်ခံရခြင်းသာဖြစ်သည်။ ယင်းမှာ ထိုသူသည် စံနှုန်းပြည့်ပြီး ကျွမ်းကျင်မှုရှိသော ခေါင်းဆောင်တစ်ယောက် ဖြစ်နှင့်ပြီးဖြစ်ကြောင်း၊ ထိုသူသည် ခေါင်းဆောင်ပိုင်း အလုပ်ကို တာဝန်ယူဆောင်ရွက်နိုင်စွမ်း ရှိနေပြီဖြစ်ပြီး တကယ့်အလုပ်ကို လုပ်ဆောင်နိုင်ကြောင်း အဓိပ္ပာယ်မသက်ရောက်ပေ။ ဤသည်မှာ မမှန်ကန်ပေ။...ဤသို့ဆိုလျှင် တစ်စုံတစ်ယောက်ကို မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်း၏ ရည်ရွယ်ချက်နှင့် အရေးပါမှုမှာ အဘယ်နည်း။ ယင်းမှာ ဤလူတစ်ဦးသည် လက်တွေ့လုပ်ဆောင်ရန်နှင့် အထူးရေလောင်းခြင်းနှင့် လေ့ကျင့်သင်ကြားပေးခြင်းတို့ ခံရရန် သီးခြားလူတစ်ဦးအဖြစ် မြှင့်တင်ပေးခံရခြင်းဖြစ်သည်။ ထိုသို့ဖြင့် သမ္မာတရား စည်းမျဉ်းများကိုလည်းကောင်း၊ မတူကွဲပြားသောအရာများကို လုပ်ဆောင်ခြင်းနှင့် မျိုးစုံသော ပြဿနာများကို ဖြေရှင်းခြင်းတို့တွင် စည်းမျဉ်းများ၊ နည်းလမ်းများနှင့် နည်းစနစ်များကိုလည်းကောင်း ၎င်းကြုံတွေ့ရသည့် အမျိုးအစားမျိုးစုံသော ပတ်ဝန်းကျင်များနှင့် လူများကို ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ကာကွယ်သည့်ပုံစံဖြင့် ကိုင်တွယ်ပုံနှင့် ဖြေရှင်းပုံတို့ကိုလည်းကောင်း နားလည်ရန် ၎င်းကို ထောက်ကူပေးသည်။ ဤအချက်များအရ အကဲဖြတ်ရလျှင် ဘုရားသခင်၏ အိမ်တော်က မြှင့်တင်ပေးပြီး ပျိုးထောင်ပေးထားသော ပင်ကိုစွမ်းရည်ရှိသော လူများသည် မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းအချိန်ကာလတွင်၊ သို့မဟုတ် မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းအချိန်ကာလမတိုင်မီတွင် သူတို့၏အလုပ်ကို တာဝန်ယူဆောင်ရွက်နိုင်စွမ်း၊ သူတို့၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်စွမ်း လုံလောက်စွာရှိသလော။ မရှိပေ။ ထို့ကြောင့် ပျိုးထောင်ခြင်းအချိန်ကာလတွင် ဤလူတို့သည် ပြုပြင်ခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ဖော်ထုတ်ခြင်းနှင့် ဖြုတ်ချခြင်းကိုပင် တွေ့ကြုံရမည်မှာ ရှောင်လွှဲ၍ မရနိုင်ပေ။ ဤသည်မှာ ပုံမှန်ဖြစ်၏၊ ဤသည်မှာ လေ့ကျင့်ပေးခြင်းနှင့် ပျိုးထောင်ပေးခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၅)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်တော် နားလည်သွားတာက ဘုရားအိမ်တော်က လူတစ်ယောက်ကို ရာထူးတိုးပေးပြီး ပျိုးထောင်ပေးတာဟာ အဲဒီလူက သမ္မာတရား လက်တွေ့ကျမှုထဲကို ဝင်ရောက်ပြီးပြီလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒီလူက အရာအားလုံးကို လုပ်နိုင်တယ်၊ နားလည်တယ်လို့ ဆိုလိုတာလည်း မဟုတ်ပါဘူး။ ဘုရားအိမ်တော်က လူတွေကို ပျိုးထောင်ပေးတာက သူတို့ကို လေ့ကျင့်ပေးဖို့ပါ၊ ဒါမှ သူတို့က စည်းမျဉ်းတွေအတိုင်း ပြုမူဖို့ သင်ယူရာမှာ အခွင့်အရေးတွေ ပိုရပြီး သမ္မာတရား လက်တွေ့ကျမှုတွေထဲကို ပိုမြန်မြန် ဝင်ရောက်နိုင်မှာလေ။ ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ကို အသင်းတော်ခေါင်းဆောင်အနေနဲ့ ရွေးကောက်တင်မြှောက်တာကလည်း ဒီလိုပါပဲ။ ဒါက ကျွန်တော့်မှာ အတိုင်းအတာတစ်ခုအထိ အစွမ်းအစနဲ့ နားလည်နိုင်စွမ်း ရှိတာကြောင့် သက်သက်ပဲ။ ဒါပေမဲ့ ဒါက ကျွန်တော် သမ္မာတရား စည်းမျဉ်းတွေကို နားလည်ပြီးသား၊ အလုပ်လုပ်နိုင်စွမ်းရှိနေပြီလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ခေါင်းဆောင်တစ်ယောက်ရဲ့ တာဝန်ကို ထမ်းရွက်ဖို့ဆိုရင် စူးစမ်းလေ့လာတာ၊ သင်ယူတာ၊ လေ့ကျင့်တာတွေကို အချိန်ကာလတစ်ခုကြာ ဖြတ်သန်းရမှာဖြစ်သလို၊ သမ္မာတရား စည်းမျဉ်းတွေကိုလည်း အများကြီး ရှာဖွေရမှာပါ။ အခု ကျွန်တော်က ခေါင်းဆောင်တစ်ယောက်အနေနဲ့ လေ့ကျင့်နေရုံ သက်သက်ပါပဲ။ ဒါဟာ အရမ်းတန်ဖိုးရှိတဲ့ သင်ယူခွင့်ရတဲ့ အခွင့်အရေးပါ။ ကိုယ့်ရဲ့ အတိုင်းအတာအမှန်ကို ကျွန်တော် ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘဲ အမြဲ အရမ်း မာနထောင်လွှားနေမယ်၊ အဆင့်အတန်းအတွက်နဲ့ ကိုယ့်ပြဿနာတွေကို ဖုံးကွယ်ဖို့ နားလည်သယောင်ဆောင်နေမယ်ဆိုရင်၊ အဲဒီအခါ ဘုရားသခင်က အခွင့်အရေးတွေ ဘယ်လောက်ပဲပေးပေး၊ အချိန်ဘယ်လောက်ကြာကြာ လေ့လာလေ့လာ၊ သမ္မာတရားထဲကို ကျွန်တော် သိပ်ဝင်ရောက်နိုင်မှာ မဟုတ်ဘူး။ ပြောင်းပြန်အနေနဲ့၊ အဆင့်အတန်းကို လိုက်စားတာကြောင့် အန္တိခရစ် လမ်းကြောင်းကို လိုက်မိလျက်သား ဖြစ်နေမှာ၊ အဲဒါက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ ဆန့်ကျင်ဘက်ပါပဲ။

နောက်ပိုင်းမှာ ကျွန်တော် ခရိုင်ခေါင်းဆောင်အနေနဲ့ ရွေးကောက်ခံရတယ်။ တစ်ခါတုန်းက ဧဝံဂေလိအဖွဲ့ခေါင်းဆောင်တွေနဲ့ ကျွန်တော်တို့ စုဝေးပွဲ လုပ်ကြတယ်။ ကျွန်တော်နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ညီအစ်မက အဖွဲ့ခေါင်းဆောင်တွေနဲ့ မိတ်သဟာယပြုတာကို နားထောင်နေတုန်း ကျွန်တော် မရင်းနှီးတဲ့ အလုပ်တွေ အများကြီး ရှိနေတာကို တွေ့လိုက်ရတယ်။ ခဏလောက်တော့ ကျွန်တော် ဘာပြောရမှန်း၊ ဘယ်ကစရမှန်း မသိဘူး ဖြစ်သွားတယ်။ အဲဒီအချိန်မှာ ကျွန်တော် ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ငါသာ တောက်လျှောက် တိတ်နေမယ်ဆိုရင်၊ အဖွဲ့ခေါင်းဆောင်တွေက ခရိုင်ခေါင်းဆောင်ဖြစ်တဲ့ ငါ့ကို အပေါ်ယံသက်သက်ပဲလို့ ထင်သွားမလား။ ဒါက သူတို့နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံတာ၊ ငါ ဘာမှ နားမလည်ဘူးလို့ သူတို့ ထင်သွားရင်၊ နောက်ပိုင်း ဧဝံဂေလိအလုပ်ကို လိုက်လုပ်တဲ့အခါ အထင်သေးခံရမှာ မဟုတ်ဘူးလား” လို့ပေါ့။ ဒါကို တွေးမိလိုက်တော့ အဖွဲ့ခေါင်းဆောင်တွေ ကျွန်တော့်ကို အသိအမှတ်ပြုအောင်လို့ တစ်ခုခု မြန်မြန်ပြောချင်လာတယ်။ ဒါပေမဲ့ ကျွန်တော့်အခြေအနေ မှားနေမှန်း သဘောပေါက်လိုက်ပြီး ကျွန်တော့်အတွေးကို အမြန်ဆုံး ပြန်ထိန်းလိုက်တယ်။ ဘုရားနှုတ်ကပတ်တော်တွေထဲမှာ ညွှန်ပြထားတဲ့ လမ်းကြောင်းကို ကျွန်တော် သတိရလိုက်တယ်။ ဘုရားသခင်က ပြောသည် “ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်အဖြစ် သင့်ကိုယ်သင် တွေးထင်ခြင်းကို ရပ်လိုက်သောအခါ၊ သင်သည် အခြားလူတို့ထက် ပိုသာသည်ဟု တွေးထင်ခြင်းကို ရပ်လိုက်ပြီး သင်သည် အခြားလူတိုင်းနှင့်တူသော သာမန်လူတစ်ယောက်ဖြစ်ကြောင်းနှင့် သင်သည် သူတစ်ပါးတို့ထက် နိမ့်ကျသည့် အချို့နယ်ပယ်များရှိသည်ဟု ခံစားရသောအခါ၊ သင်သည် ဤသဘောထားနှင့် သမ္မာတရား၊ အလုပ်နှင့်ဆက်နွှယ်သော ကိစ္စများကို မိတ်သဟာယဖွဲ့သောအခါ အခြေအနေ ကွာခြားသကဲ့သို့ သက်ရောက်မှုက ကွာခြားသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားနှုတ်ကပတ်တော်ကို တန်ဖိုးထားခြင်းသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် အခြေခံအုတ်မြစ်ဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆကြည့်တော့၊ သာမန်လူတစ်ယောက်ရဲ့ နေရာမှာ ကိုယ့်ကိုယ်ကိုယ် ထားမှသာ ဒီစုဝေးပွဲရဲ့ အငွေ့အသက်က သက်သောင့်သက်သာရှိပြီး သဘာဝကျမယ်၊ အဲဒီအခါကျမှသာ ရလဒ်တွေ ထွက်လာမယ်ဆိုတာကို ကျွန်တော် နားလည်လိုက်တယ်။ ခရိုင်ခေါင်းဆောင်ဆိုတဲ့ ကျွန်တော့်ရဲ့ ပင်ကိုလက္ခဏာကို စွန့်လွှတ်ပြီး၊ ကျွန်တော် မသိတာမှန်သမျှကို ညီအစ်ကိုမောင်နှမတွေဆီမှာ မဆိုင်းမတွ မေးမြန်းသင့်တယ်၊ ပြီးတော့ လူတိုင်းကို ကျွန်တော့်ရဲ့ စစ်မှန်တဲ့ဘက်ခြမ်းကို ပြသင့်တယ်။ ဒါကို တွေးမိတော့၊ လူတိုင်း ဧဝံဂေလိအလုပ်အကြောင်း မိတ်သဟာယပြုနေတာကို ကျွန်တော် ဆက်နားထောင်တယ်။ ကျွန်တော် နားမလည်တဲ့၊ ရှင်းရှင်းလင်းလင်း မမြင်နိုင်တဲ့ဟာတိုင်းကို မေးတယ်၊ ပြဿနာတစ်ခု တွေ့ရင်လည်း ကျွန်တော့်အတွေးတွေနဲ့ အကြံပြုချက်တွေကို ထုတ်ပြောတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ တစ်ရက်လောက် စုဝေးခဲ့ကြတယ်။ ထိရောက်တဲ့ အကြံပြုချက်တွေ ကျွန်တော် အများကြီး မပေးနိုင်ခဲ့ပေမဲ့၊ ညီအစ်ကိုမောင်နှမတွေနဲ့ အပြန်အလှန် ဆွေးနွေးပြီး မိတ်သဟာယပြုခြင်းကနေတစ်ဆင့် ကျွန်တော်တို့ ဧဝံဂေလိအလုပ်အတွက် စိတ်ကူးတချို့ ရခဲ့ကြတယ်၊ ပြီးတော့ ရှေ့ဆက် ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့အတွက် ဦးတည်ချက်တချို့ ကျွန်တော် ရခဲ့တယ်။ ကျွန်တော် တော်တော်လေး သက်သောင့်သက်သာဖြစ်ပြီး ပျော်ရွှင်မှုကို ခံစားရတယ်။ အဲဒီနောက်ပိုင်း တာဝန်ထမ်းဆောင်တဲ့ ကာလတစ်လျှောက်မှာ ကျွန်တော် နားမလည်တာတွေ၊ မလုပ်နိုင်တာတွေကို ဖုံးကွယ်ချင်တဲ့စိတ် တစ်ခါတလေ ဖြစ်တုန်းပဲ။ ကိုယ့်ကိုယ်ကိုယ် ဟန်ဆောင်ချင်စိတ် ဖြစ်လာတိုင်း၊ ကျွန်တော့်အခြေအနေကို ပြုပြင်ပေးဖို့ ဘုရားသခင်ဆီကို သတိရှိရှိ ဆုတောင်းတယ်။ ပြီးတော့ ကျွန်တော့်အခြေအနေမှန်ကို လူတိုင်း သိသွားအောင်လို့ ကျွန်တော့်အခြေအနေကို ညီအစ်ကိုမောင်နှမတွေဆီမှာ ဖွင့်ချပြီး ထုတ်ဖော်တယ်။ ဒီလို လက်တွေ့လုပ်ဆောင်လိုက်တဲ့အခါ၊ ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ကို အထင်မသေးတဲ့အပြင်၊ တကယ်တမ်းမှာ ကျွန်တော်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပိုလိုလားလာကြတယ်၊ ပြီးတော့ ကျွန်တော်တို့ တာဝန်တွေ ထမ်းဆောင်တဲ့အခါ တစ်စိတ်တစ်ဝမ်းတည်း ပိုဖြစ်လာကြတယ်။ ဒီအကျိုးကျေးဇူးတွေအတွက် ဘုရားသခင်ကို ကျွန်တော် အရမ်းကျေးဇူးတင်ပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်မ၏ အယောင်ဆောင်မှုကို ခွာချလိုက်ရသည်မှာ အလွန် နေ၍ကောင်းပေသည်

ချန်ယွမ် တရုတ်နိုင်ငံ၂၀၁၈ စက်တင်ဘာလမှာ ကျွန်မ အသင်းတော် ခေါင်းဆောင်တစ်ယောက်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ထိုအချိန်က ကျွန်မ တော်တော်ပျော်သည်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။