ကျွန်ုပ်၏ တာဝန်မှတစ်ဆင့် ပြောင်းလဲသည်

10.04.2022

ကျန်လင်း စပိန်နိုင်ငံ

ပြီးခဲ့တဲ့နှစ်က၊ ဂရပ်ဖစ်ဒီဇိုင်းတာဝန်ကို ကျွန်မယူခဲ့ပြီး တခြားလူတချို့ရဲ့ အလုပ်အတွက်လည်း တာဝန်ယူခဲ့တယ်။ ပထမတော့၊ ကဏ္ဍအားလုံးရဲ့ စည်းမျဉ်းတွေ၊ အသေးစိတ်အချက်တွေကို သိပ်သဘောမပေါက်တော့၊ အရမ်းလေ့လာပြီး တစ်ခုခု မသိရင်၊ ညီအစ်ကို မောင်နှမတွေကို အကူအညီတောင်းတယ်။ နည်းနည်းကြာလာတော့၊ စည်းမျဉ်းတချို့ကို ကျွမ်းကျင်သွားပြီး ကိုယ့်တာဝန်မှာ ရလဒ်တချို့ ရခဲ့တယ်။ ကျွန်မ ရှိရင်းစွဲအတိုင်း စနေလာခဲ့ပြီး၊ ဒီလိုလုပ်နေတာက လက်ခံနိုင်စရာပဲလို့ တွေးခဲ့တယ်။ အဲဒီနောက်မှာ၊ ကိုယ့်ရဲ့ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုတွေ တိုးတက်ဖို့ တက်တက်ကြွကြွ လေ့လာခဲတယ်။ အဲဒီအချိန်မှာ ပိုကောင်းတဲ့ ပုံတွေကို ဖန်တီးဖို့၊ ကျွန်မတို့ ပိုလေ့လာပြီး အသစ်ထွင်ဖို့ အသင်းတော် ခေါင်းဆောင်တွေ အကြံပေးကြတယ်။ စကားအရ ကျွန်မ သဘောတူပေမဲ့ စိတ်ထဲမှာ တွေးမိတယ်၊ “အသစ်ထွင်တာက ပင်ပန်း ခက်ခဲစရာပါ၊ ပြီးတော့ ငါတို့ အခုရှိနှင့်ပြီးသား ပုံတွေကလည်း ရလဒ်တချို့ ရနေတာပဲလေ။ အသစ်ထွင်ဖို့ ဘာလို့ အရမ်းအားထုတ်သုံးစရာ လိုတာလဲ”ပေါ့။ အဲဒီနောက်မှာ၊ ကျွန်မ အဲဒါကို အလေးအနက်မထားတော့ဘူး။

တစ်နေ့၊ ပိုကောင်းတဲ့ ရလဒ်တွေကို ဖြစ်စေတဲ့ ပုံတွေ ဖန်တီးတဲ့ နည်းလမ်းသစ်ကို တွေ့ထားတယ်လို့ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်က ပြောပြီး အဲဒါကို သင်ယူကြည့်ဖို့ အကြံပေးတယ်။ ကျွန်မ တွေးမိတယ်၊ “ရလဒ်တွေ သေချာပေါက် ပိုကောင်းပေမဲ့ ဒီနည်းပညာကို ငါမသိဘူး၊ ပြီးတော့ အဲဒါကို သင်လိုက်ရင်တောင်၊ အချိန်ပေးရပြီး ဒုက္ခများစရာ ဖြစ်မှာ။ လက်ရှိ နည်းပညာတွေ သုံးပြီး လုပ်လိုက်ရင်၊ အချိန်နဲ့ အားထုတ်မှု သက်သာရုံမက၊ ရလဒ်တချို့လည်း ရနိုင်တာပဲ၊ ဒီတော့ ဘာလို့ အသစ်တစ်ခုကို ဒုက္ခခံပြီး သင်နေမှာလဲ။ ငါတို့ လုပ်တာက တော်ရုံကောင်းရင် လုံလောက်ပါပြီလေ”လို့ပေါ့။ ဒီတော့ နည်းစနစ်ဟောင်းအတိုင်း ပုံတွေကို တစ်ဆင့်ချင်း ကျွန်မ ဖန်တီးနေတုန်းပဲ။ အဖွဲ့အလုပ်ကို နောက်ဆက်တွဲလုပ်ရာမှာ၊ ဒုက္ခပြဿနာတွေကို ရှောင်ရှားဖို့ နည်းလမ်းတွေလည်း စတွေးခဲ့တယ်။ အစကတော့၊ အဖွဲ့ကို ကြီးကြပ်တာ ကျွန်မတစ်ယောက်တည်းဆိုတော့ ဖိအားတွေ အများကြီးပဲ။ နောက်တော့၊ အစ်မဟန်နဲ့ တွဲဖက်လုပ်ခဲ့ရပြီး အရမ်းပျော်မိတယ်။ ကျွန်မတွေးမိတာက၊ “အစ်မဟန်က သူ့ရဲ့ စာလေ့လာမှုတွေမှာ အရမ်းနှံ့စပ်သလို အဖိုးအခ ပေးဖို့လိုလားနေတာ။ နောင်မှာ သူ့ကို ပိုများတဲ့ အလုပ်ကို တာဝန်ယူခိုင်းလို့ ရတယ်။ အဲဒီလိုနဲ့ ငါ စိတ်ဖိစီးမှု ပိုနည်းသွားမှာပဲ၊ သိပ်စိုးရိမ်စရာ လိုမှာ မဟုတ်ဘူး”လို့ပေါ့။ နောက်ပိုင်းမှာ၊ အစ်မဟန်အတွက် လုပ်စရာ သိပ်များတော့၊ သူ့မှာ ဖိအားတွေ များပြီး အချိန်မလောက်သလို ခံစားရတယ်လို့ ပြောတယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် မသုံးသပ်ခဲ့ရုံမက ဒါဟာ လက်တွေ့လုပ်ဆောင်ဖို့ သူ့အခွင့်အရေးဖြစ်တယ်လို့ ပြောရင်းနဲ့ ဆင်ခြေပေးပြီး သူ့ကို ဆက်ပြီး အလုပ်ပိုပေးခဲ့တယ်။ အဲဒီတုန်းက၊ နည်းနည်း အပြစ်ရှိသလို ခံစားမိတယ်။ ကျွန်မရဲ့ အစ်မမှာ ဖိအားတွေ အရမ်းများပြီး ကျွန်မ သူ့ကို အလုပ်အများကြီး ပေးမိတယ်လို့ ခံစားရတယ်၊ အဲဒါ ကျွန်မ သိပ်မညှာမတာ ဖြစ်လွန်းတာပဲပေါ့။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် မပင်ပန်းအောင်၊ ကျွန်မ အဲဒါကို ဆက်လုပ်နေမိတယ်။

အဲဒါကြောင့်၊ ကျွန်မ မလေ့လာဘူး၊ အသစ်မထွင်ဘူး၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ်အတွက် အချိန်လွတ်အများကြီး ချန်ထားရင်းနဲ့ အစ်မဟန်ကို အလုပ်တချို့ တွန်းပို့ခဲ့တယ်။ အားတဲ့အချိန်မှာ၊ ကိုယ်လုပ်ချင်တာတွေ လုပ်ခဲ့တယ်။ အဲဒီကာလအတောအတွင်းမှာ၊ လောကီရုပ်ရှင်တွေကို ကိုယ့်ရဲ့ ရသစိတ်တိုးတက်အောင်ဆိုတဲ့ နာမည်နဲ့ ကြည့်ရှုခဲ့တယ်။ တစ်ခုကြည့်ပြီး ချက်ချင်း နောက်တစ်ခုကြည့်တယ်။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်နေတုန်းမှာနဲ့ အစည်းအဝေးတွေမှာတောင်၊ အဲဒီဗီဒီယိုကလစ်တွေ ကျွန်မ စိတ်ထဲ အမြဲပြန်ပေါ်လာတယ်၊ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အငြိမ်မနေနိုင်သလို၊ ဘုရားနှုတ်ကပတ်တော်ကို မတွေးဆနိုင်ဘူး။ တစ်နေ့ပြီးတစ်နေ့၊ ဇာတိပျော်မွေ့စရာ၊ အရသာရှိတဲ့ အစာတွေ ချက်ပြုတ်ပုံအပေါ် စအာရုံစိုက်ခဲ့ပြီး၊ ဗီဒီယိုသစ်အမျိုးမျိုးကို အွန်လိုင်းမှာ မကြာခဏ ကြည့်ခဲ့တယ်။ တစ်ခါတလေ အများကြီး ကြည့်လွန်းပြီး ကိုယ့်တာဝန်ကို လျစ်လျူရှုတယ်လို့ တခြားလူတွေ ပြောမှာကို လန့်မိတယ်။ ဒါကြောင့် တစ်ယောက်ယောက် ကိုယ့်ခုံဘေးက ဖြတ်တဲ့အခါ လန့်သွားတယ်၊ ဗီဒီယိုဝင်းဒိုးကို အမြန်ပိတ်လိုက်ပြီး၊ အလုပ်ဆက်သွယ်တဲ့မျက်နှာပြင်ကို ဖွင့်လိုက်တယ်၊ ပြီးတော့ အလုပ်လုပ်နေသလို ဟန်ဆောင်လိုက်တယ်။ ဒီလိုဖြစ်နေတာနဲ့အမျှ၊ ကျွန်မတာဝန်မှာ ဝန်ထုပ် နည်းသထက်နည်းလာခဲ့တယ်။ ညီအစ်ကို မောင်နှမတွေရဲ့ တာဝန်တွေကို လိုက်လုပ်ပေးတဲ့အချိန်မှာ၊ ဟန်ဆောင်လုပ်ပြရုံလုပ်ပြနေမိတယ်။ အခက်အခဲမရှိဘူး၊ ပြဿနာမရှိဘူးလို့ သူတို့ ပြောခဲ့ရင်၊ အဲဒါ အကောင်းဆုံးဖြစ်ပြီး၊ ပြဿနာရှိတဲ့နေရာမှာ ဖြေရှင်းချက်တွေ ရှာတွေ့ဖို့ အကြိုးစားချင်ခဲ့ဘူး။ ကျွန်မ တွေးမိတယ်၊ “လူတိုင်း သူတို့တာဝန်တွေမှာရှိတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ငါ အားထုတ်မယ်ဆိုရင်၊ ဘယ်လောက် အချိန်ကြာပြီး အလုပ်ကြိုးစားဖို့ လိုမလဲ။ သူတို့ဘာသာပဲ အဖြေရှာခိုင်းလိုက်မယ်။ နည်းပညာနားလည်တဲ့ ညီအစ်ကို မောင်နှမတွေနဲ့အတူ ပိုရှာဖို့ သူတို့ကို သတိပေးရုံပေးလိုက်ပါမယ်လေ”လို့ပေါ့။ ဒါကြောင့် ကျွန်မလိုက်လုပ်ပေးတဲ့ အလုပ်မှာ မေးမြန်းတဲ့နှုန်းထားက တစ်ပတ်တစ်ကြိမ်ကနေ တစ်လတစ်ကြိမ်အထိ တဖြည်းဖြည်း ကျသွားတယ်။ အဲဒါနဲ့ပတ်သက်လို့ တစ်ခါတလေ တကယ် အပြစ်ရှိသလို ခံစားရတယ်။ ကျွန်မတို့ရဲ့ စိတ်နှလုံး၊ အစွမ်းရှိသမျှနဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့ ဘုရားတောင်းဆိုမှန်း ကျွန်မ သိတယ်လေ။ ဒါပေမဲ့ အချိန်ကုန်သက်သာပြီး ကိုယ့်ဇာတိဆန္ဒတွေကို ဖြည့်ဆည်းဖို့ တာဝန်ကို ဒီလိုပဲ အမြဲရှောင်ရှားနေမိခဲ့တယ်၊ အဲဒါ ဘုရားအလိုတော်နဲ့ မကိုက်ဘူး။ ဒါပေမဲ့ တခြားရှုထောင့်ကနေဆိုရင်၊ ပုံထုတ်လုပ်ရေးကို ကျွန်မ မနှောင့်နှေးစေခဲ့ပါဘူး၊ ကျွန်မတာဝန်နဲ့ပတ်သက်လို့ သိသာတဲ့ ပြဿနာမရှိသလို၊ အရာရာက ပုံမှန်ပဲလေ။ ဒါကြောင့် ပြဿနာကြီးတယ်လို့ကို မထင်တာ။ တဖြည်းဖြည်းနဲ့၊ ဘုရားမျက်မှောက်တော်ကို ကျွန်မ မခံစားရတော့ဘူး၊ ဆုတောင်းချက်တွေက ကျွန်မကို မတို့ထိသလို၊ ဘုရားနှုတ်ကပတ်တော် ဖတ်တာက ဉာဏ်အလင်းမပေးဘူး၊ ပြီးတော့ ပုံတွေ ဖန်တီးဖို့ ဘာဈာန်ဝင်စားတာမှ မရှိခဲ့ဘူး။ ကျွန်မတာဝန်ရဲ့ ရလဒ်တွေက ဆိုးသထက်ဆိုးလာခဲ့တယ်။ ဒါ့အပြင်၊ ညီအစ်ကို မောင်နှမတွေရဲ့ အလုပ်ကို လေးလေးနက်နက် လိုက်မလုပ်ပေးသလို၊ သူတို့ အခက်အခဲတွေ ရှိတဲ့အခါ၊ ကျွန်မ ဂရုမစိုက်ပေးဘဲ သမ္မာတရားကို မရှာဖွေခဲ့လို့၊ သူတို့တာဝန်တွေမှာ သူတို့ ပျင်းရိလာကြပြီး၊ ကြိုမရှာကြတော့ဘူး၊ ရှိရင်းစွဲနေရာမှာပဲ သူတို့ ကျေနပ်နေခဲ့ကြတယ်၊ သူတို့တာဝန်တွေမှာ တိုးတက်မှုမရှိသလို၊ အလုပ်မှာ ရလဒ်ကောင်းတွေ မရကြတော့ဘူး။ အဲဒီတုန်းကတော့ တစ်ခုခု မမှန်တာကိုပဲ သိခဲ့ပြီး ကျွန်မ နည်းနည်း စိတ်ရှုပ်နေသလို ခံစားရတယ်။ တစ်ယောက်ယောက်က သတိပေးရင်တောင်၊ ကျွန်မ ဂရုမစိုက်ခဲ့ဘူး။

တစ်နေ့၊ အသင်းတော် ခေါင်းဆောင်က ကျွန်မကို ရုတ်တရက် လာတွေ့ပြီး မေးတယ်၊ “ညီမ ပုံတွေ မဖန်တီးတာ ကြာပြီနော်၊ ဒီတာ့ ဘာလို့ အလုပ်လုပ်တာနည်းပြီး ပိုထိရောက်မှု မရှိတာလဲ။ ညီမရဲ့အလုပ် ဆိုးရွားလာတာ မယုံနိုင်စရာပဲ”တဲ့။ လက်တွေ့အလုပ်မလုပ်တဲ့အတွက်၊ အသုံးမကျတဲ့ “ကေဒါ” ဖြစ်ပြီး၊ ကိုယ့်ညီအစ်ကို မောင်နှမတွေကို လျော့ရိလျော့ရဲ ဖြစ်စေတဲ့အတွက်၊ သူတို့တာဝန်တွေမှာ အရည်အသွေးမရှိ၊ မလုံမလောက် ဖြစ်စေတဲ့အတွက်လည်း ကျွန်မကို ဖော်ထုတ်ခဲ့တယ်။ ကျွန်မတာဝန်တွေကို ဒီလိုလုပ်နေတာက အိုးနင်းခွက်နင်းပြီးသွားတာ၊ ဘုရားကို လှည့်ဖြားပြီး ဘုရားအိမ်တော်ကို ထိခိုက်စေတာဖြစ်သလို၊ ကျွန်မ မဆင်ခြင်၊ နောင်တမရရင်၊ တာဝန်ကို ဆုံးရှုံးရတဲ့အခါ ပြင်ဖို့ အရမ်းနောက်ကျသွားမယ်တဲ့။ အဲဒီတုန်းက ခေါင်းဆောင်ရဲ့စကားကြားရတာ နာကျင်စရာဖြစ်ပေမဲ့ အဲဒီလောက်ဆိုးရွားတယ်လို့ မထင်ခဲ့တာ၊ ဒီတော့ ကိုယ့်ကိုယ်ကိုယ် တကယ် မဆင်ခြင်ခဲ့ဘူး။ အဲဒီနောက်၊ အလုပ်ကို ဝတ်ကျေတမ်းကျေ လိုက်လုပ်ပေးခဲ့ပြီး၊ ကိုယ့်တာဝန်နဲ့ မဆက်နွှယ်တဲ့ ဗီဒီယိုတွေကို ကြည့်ရာကနေ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်လိုက်တယ်။

တစ်လကြာပြီးတဲ့နောက်မှာ၊ အချိန်အတော်ကြာ အိုးနင်းခွက်နင်းလုပ်ခဲ့လို့၊ လျှော့ရဲပြီး ဒီအတိုင်းနေနေလို့၊ ကျွန်မ အထုတ်ခံခဲ့ရတယ်၊ ပြီးတော့ တခြားညီအစ်မ နှစ်ယောက်လည်း တကယ့်အလုပ် မလုပ်နိုင်တဲ့အတွက် တာဝန်တွေ ဆုံးရှုံးသွားကြတယ်။ ကိုယ့်တာဝန်တွေမှာ လျစ်လျူရှုနေတဲ့အတွက်၊ အချိန်ဆွဲနေတဲ့အတွက်၊ လျော့ရဲနေပြီး ဘုရားကို လှည့်ဖြားခြင်းဖြစ်တဲ့ ကွယ်ဝှက်ထားတဲ့ ရည်ရွယ်ချက်တွေ ရှိတဲ့အတွက် ခေါင်းဆောင်က ကျွန်မကို ဖော်ထုတ်ခဲ့တယ်။ ပြီးတော့ ကျွန်မက အလုပ်ကို လိုက်မလုပ်ပေးသလို၊ ညီအစ်ကို မောင်နှမတွေရဲ့ ပြဿနာတွေကို ဖြေရှင်းပေးဘူး၊ ဒီတော့ အနှစ်သာရအနေနဲ့၊ သူတို့ရဲ့ အပြုအမူကို ကျွန်မက ကာကွယ်ပေးပြီး ခွင့်လွတ်ပေးနေတယ်၊ အဲဒါက ဘုရားအိမ်တော်ကို ထိခိုက်တာပဲလို့ ပြောတယ်။ ကျွန်မရဲ့အပြုအမူကို ခေါင်းဆောင်က ဖော်ထုတ်တာ ကြားရတော့ ကျွန်မ အံ့ဩသွားတယ်။ ကျွန်မတာဝန် ထမ်းဆောင်တာ အရမ်းဆိုးရွားလို့ တခြားလူတွေက မကြည့်ရက်နိုင်ပေမဲ့ ကျွန်မလုံးဝ သဘောမပေါက်ခဲ့ဘူး။ အလုပ်ကို ကျွန်မ ဟန့်တားနေတာ မဟုတ်ဘူးလို့ ခံစားခဲ့တယ်။ ကျွန်မ ဘာလို့ အရမ်းထုံထိုင်းခဲ့ရတာလဲ။ အဲဒီနေ့တွေတုန်းက၊ ထပ်တလဲလဲ တွေးမိတယ်၊ “ဒါတွေကို ငါလုပ်ခဲ့တာ၊ ငါလုပ်နေတဲ့အရာကို သိသိကြီးနဲ့ကို လုပ်ခဲ့တာ။ ငါ့တာဝန်မှာ သစ္စာရှိသင့်မှန်း ငါ သိခဲ့ပေမဲ့၊ ဘာလို့ အိုးနင်းခွက်နင်းလုပ်ပြီး ဒီလိုကောက်ကျစ်မှုနဲ့ ပြုမူနိုင်ရသေးတာလဲ။ ငါက ဘယ်လိုလူစားမျိုးလဲ”လို့ပေါ့။ နာကျင်မှု၊ စိတ်ရှုတ်ထွေးခြင်းနဲ့ ဘုရားရှေ့လာဆုတောင်းပြီး ကိုယ့်ကိုယ်ကိုယ် သိအောင် လမ်းပြပေးဖို့ တောင်းလျှောက်ခဲ့တယ်။

ဒီလိုနဲ့ တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ် ဖတ်ခဲ့ရတယ်။ “နောဧသည် မြင့်မြတ်သော တရားဟောချက် တစ်စုံတစ်ခုကိုမျှ မကြားခဲ့ဖူးပါချေ။ သူသည် သမ္မာတရားမြောက်မြားစွာကိုလည်း နားမလည်ခဲ့သလို စာပေနှံ့စပ်သော ပညာရှင်တစ်ဦးလည်း မဟုတ်ခဲ့ချေ။ သူသည် မျက်မှောက်ခေတ်သိပ္ပံပညာ သို့မဟုတ် မျက်မှောက်ခေတ်အသိပညာကို နားမလည်ခဲ့။ သူသည် အလွန့်အလွန် သာမန်လူသားတစ်ဦး၊ လူသားမျိုးနွယ်၏ သာမညောင်ည လူသားတစ်ဦးသာ ဖြစ်သည်။ သို့ရာတွင် အင်္ဂါရပ်တစ်ခုတွင်မူ သူသည် အခြားမည်သူနှင့်မျှ မတူခဲ့— ဘုရားသခင်၏စကားကို နားထောင်ရကောင်းမှန်း သိခဲ့သည်၊ ဘုရားသခင်၏စကားကို မည်သို့လိုက်လျှောက်ပြီး လိုက်နာရမည်ကို သိခဲ့သည်၊ လူသား၏ အဆင့်အတန်းက မည်သည့်အရာဖြစ်သည်ကို သိခဲ့ပြီး ဘုရားသခင်၏စကားကို အမှန်တကယ် ယုံကြည်ပြီး နာခံနိုင်ခဲ့သည်မှလွဲ၍ နောက်ထပ် ဘာမှမရှိတော့ပေ။ နောဧအား ဘုရားသခင်တာဝန်ပေးစေခိုင်းခဲ့ပြီးသော အရာများအားလုံးကို ပြီးမြောက်ခွင့်ပေးရန်အတွက် အနည်းငယ်သော ဤရိုးရှင်းသည့် သက်ဝင်ယုံကြည်မှုများက လုံလောက်ခဲ့ပြီး သူသည် လအနည်းငယ်သာမဟုတ်၊ နှစ်အချို့သာမဟုတ်၊ ဆယ်စုနှစ်အချို့မျှသာလည်းမဟုတ်ဘဲ ရာစုနှစ်တစ်ခုကျော်ကြာ ဤအရာ၌ မဆုတ်မနစ် ကြိုးပမ်းခဲ့ပေသည်။ ဤနှစ်အရေအတွက်က အံ့အားသင့်ဖွယ် ကောင်းသည်မဟုတ်လော။ (ကောင်းပေ၏။) နောဧမှလွဲ၍ ဤအရာကို မည်သူလုပ်ဆောင်နိုင်ခဲ့ဖူးသနည်း။ (မည်သူမျှ မလုပ်ဆောင်နိုင်ခဲ့ဖူးပါ။) သို့ဆိုလျှင် အဘယ်ကြောင့် မလုပ်နိုင်သနည်း။ လူတချို့က ယင်းသည် သမ္မာတရားကို နားမလည်ခြင်းကြောင့် ဖြစ်သည်ဟုဆိုကြသည်— သို့သော် ယင်းသည် အဖြစ်မှန်နှင့် မကိုက်ညီပါတကား။ အခြားသူတို့က ယင်းသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကြောင့် ဖြစ်သည်ဟု ပြောကြသည်— သို့သော် နောဧ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မရှိခဲ့သလော။ နောဧက ဤအရာကို အောင်မြင်သော်လည်း ယနေ့ခေတ်လူတို့က အဘယ်ကြောင့် မအောင်မြင်ကြသနည်း။ (ယနေ့ခေတ်လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မယုံကြည်သောကြောင့် ထိုနှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် သဘောမထားသကဲ့သို့ လိုက်လည်းမလိုက်နာကြပေ။) သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အဘယ်ကြောင့် လိုက်နာနိုင်စွမ်းမရှိကြသနည်း။ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် အဘယ်ကြောင့် သဘောမထားနိုင်ကြသနည်း။ (သူတို့၌ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိပေ။) ဟုတ်သည်။ ထို့ကြောင့် လူတို့၌ သမ္မာတရားကို သိနားလည်ခြင်းမရှိသည့်အပြင် သမ္မာတရားများစွာကို ကြားဖူးခဲ့ခြင်း မရှိသောအခါ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းက အဘယ်သို့ ဖြစ်ပေါ်မည်နည်း။ လူတို့၏ လူ့သဘာဝထဲတွင် အားလုံးအနက် အဖိုးထိုက်ဆုံးသော အရာနှစ်ခု ရှိရမည်- ပထမမှာ အသိတရားဖြစ်ပြီး ဒုတိယမှာ သာမန်လူ့သဘာဝသဘော ဖြစ်သည်။ အသိတရားနှင့် သာမန်လူ့သဘာဝသဘောကို ပိုင်ဆိုင်ခြင်းသည် လူတစ်ဦးဖြစ်ခြင်းအတွက် အနိမ့်ဆုံးစံနှုန်းဖြစ်၏။ ယင်းသည် လူတစ်ဦးကို တိုင်းတာရန်အတွက် အနိမ့်ဆုံး၊ အခြေခံအကျဆုံး စံနှုန်းဖြစ်၏။ ယနေ့ခေတ်လူတို့၌ ဤအရာမရှိပေ၊ ထို့ကြောင့် သမ္မာတရား မည်မျှများများကို သူတို့ကြားသိနားလည်သည်ဖြစ်စေ ဘုရားသခင်ကိုကြောက်ရွံ့ခြင်းကို နားမလည်နိုင်ချေ။ သို့ဆိုလျှင် နောဧနှင့်နှိုင်းယှဉ်လျှင် ယနေ့လူတို့၏ အနှစ်သာရ၌ရှိသော ခြားနားမှုက အဘယ်နည်း။ (သူတို့၌ လူ့သဘာဝမရှိချေ။) ထို့ပြင် ဤလူ့သဘာဝကင်းမဲ့ခြင်း၏ အနှစ်သာရက အဘယ်နည်း။ (သားရဲနှင့် နတ်ဆိုးများဖြစ်သည်။) ‘သားရဲနှင့် နတ်ဆိုးများ’ ဆိုသည်မှာ နားထောင်၍ သိပ်မကောင်းပေ။ သို့သော် ဤသည်မှာ အချက်အလက်များနှင့် ကိုက်ညီသည်။ ပို၍ ယဉ်ကျေးစွာပြောဆိုရလျှင် ယင်းမှာ ၎င်းတို့သည် လူ့သဘာဝမရှိဟူ၍ ဖြစ်ပေမည်။ အသိတရားမရှိသော လူတို့သည် လူမဟုတ်ပေ။ ၎င်းတို့သည် သားရဲများထက် နိမ့်ကျပေသည်။ နောဧသည် စစ်မှန်သည့် ပုဂ္ဂိုလ် ဖြစ်သောကြောင့်၊ အဆုံးစွန်သော အသိတရားကို ပိုင်ဆိုင်သော ပုဂ္ဂိုလ်ဖြစ်သောကြောင့် ဤအရာကို လုပ်နိုင်ခဲ့သည်။ နောဧကဲ့သို့ အသိတရားရှိသောသူတို့သည် အလွန်ပင် ရှားပါးသည်။ အခြားတစ်ယောက်ကို ရှာတွေ့ရန် အလွန်ပင် ခက်ခဲလိမ့်မည်။” (အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “အသေးစိတ်ရှင်းလင်းချက် ၂- နောဧနှင့် အာဗြဟံတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ခဲ့ပြီး သူ့ကို လိုက်နာခဲ့ပုံ (အပိုင်း ၁)”) ဘုရားနှုတ်ကပတ်တော်တွေက ဖတ်ရတာ ထိုးဖောက်နိုင်ပြီး နာကျင်စရာပါ။ ကျွန်မတာဝန်မှာ သစ္စာမရှိတဲ့အတွက် ဘုရားက မျက်နှာချင်းဆိုင် ကြိမ်းမောင်းနေသလိုမျိုးပဲ။ အစွမ်းအစညံ့ပြီး သမ္မာတရားကို နားလည်တာ ပေါ့တန်လို့ ကျွန်မက ကိုယ့်တာဝန်ကို ညံ့ဖျင်းစွာ ထမ်းဆောင်တာမဟုတ်သလို၊ တာဝန်ကို ဘယ်လိုသဘောထားရမယ်မသိလို့လည်း မဟုတ်ဘဲ၊ ကျွန်မမှာ အသိစိတ်၊ ဆင်ခြင်တုံတရား၊ လူ့သဘာဝ မရှိလို့ဖြစ်မှန်း တွေ့ရတယ်။ ပြီးတော့ ဘုရားစေခိုင်းချက်ကို ကိုယ့်စိတ်နှလုံးမှာ ဘုရားကို ကြောက်စိတ်တစ်ခုနဲ့ မဆက်ဆံခဲ့ဘူး။ နောဧအတွက်တော့၊ ဘုရားနှုတ်ကပတ်တော် နည်းနည်းပဲ ကြားခဲ့ရပြီး သမ္မာတရားကို နည်းနည်းပဲ နားလည်ခဲ့ရပေမဲ့၊ ဘုရားစေခိုင်းချက်ကို သူကိုင်တွယ်တဲ့အခါ စိတ်ထက်သန်ပြီး လုံ့လဝီရိယရှိခဲ့တယ်။ အသေးစိတ်အားလုံး သူသတိရပြီး ရလဒ်ကောင်းတွေ ရဖို့ ကြိုးပမ်းခဲ့တယ်။ ဘုရားအလိုတော်ကို နောဧ အလေးထားခဲ့တယ်။ သူ့ရဲ့ ဘုရားကို သစ္စာရှိခြင်းနဲ့ နာခံမှုကို အနှစ် ၁၂၀ ကြာ မဆုတ်မနစ် လုံ့လထုတ်ခဲ့တယ်။ ကျွန်မကရော ဘယ်လိုလဲ။ ဘုရားနှုတ်ကပတ်တော် အများကြီးဖတ်တယ်၊ သမ္မာတရားနဲ့ နက်နဲမှုတွေ အများကြီး တွေ့ပြီး အရင်ကလူတွေထက် အများကြီး အကျိုးရခဲ့တယ်၊ ဒါပေမဲ့ ကိုယ့်တာဝန်မှာ နေရာတိုင်း ဉာဏ်များပြီး လျော့ရဲဖို့ ကြိုးစားတုန်းပဲ။ ဘယ်လို ရလဒ်ကောင်းတွေ ရပြီး ဘုရားကို ပိုကျေနပ်စေမယ်ဆိုတာ သိခဲ့ပေမဲ့၊ ဒါတွေကို ဒုက္ခများတယ်လို့ မြင်ခဲ့လို့၊ ရှောင်ရှားခဲ့သလို၊ ကျွန်မရဲ့ တွဲဖက်ကို အလုပ်ပိုပေးပြီး ကောင်းကောင်း အသုံးချခဲ့တယ်။ ညီအစ်ကို မောင်နှမတွေမှာ အခက်အခဲတွေ ရှိတော့၊ ကိုယ့်ကိုယ်တိုင်တွက် ကိစ္စတွေလွယ်အောင် လုပ်ဖို့ ကြိုးစားခဲ့ပြီး၊ ဖြေရှင်းချက်တွေ ရှာတွေ့ဖို့ အလုပ် မကြိုးစားချင်ခဲ့ဘူး။ အလုပ်ကိုနောက်ဆက်တွဲ လုပ်ချိန်မှာလည်း ဟန်ဆောင်လုပ်ပြရုံလုပ်ပြနေခဲ့တယ်။ ကျွန်မစိတ်နှလုံးက ကိုယ့်တာဝန်မှာ လုံးဝ မရှိခဲ့ဘူး။ ရလဒ်အနေနဲ့၊ အရေးတကြီး ဒါမှမဟုတ် အလေးထားစိတ် တစ်ခုမှမရှိဘဲ တာဝန်တွေကို သူတို့ထမ်းဆောင်ကြတယ်။ ပေါ့ဆနေရင်းနဲ့ ကိုယ့်တာဝန်ကို လုပ်နေတာဆိုပြီး လောကီဗီဒီယိုတွေကိုတောင် ကျွန်မကြည့်ခဲ့တယ်၊ ဘယ်လို ပိုကောင်းတဲ့အစာစားပြီး ဇာတိ ပျော်မွေ့စရာကို ရှာရမယ်ဆိုတာကိုပဲ အာရုံစိုက်နေခဲ့ပြီး၊ အသိခံလိုက်ရမှာ ကြောက်လို့၊ ကိစ္စတွေ ဖုံးဖိပြီး မရိုးမသား ပြုမူဖို့ ကြိုးစားခဲ့တယ်။ အမှန်တော့၊ ဒါတွေကို ကျွန်မ လုပ်ခဲ့ချိန်မှာ၊ အသိစိတ်က ကျွန်မကို ကြိမ်းမောင်းပြစ်တင်ခဲ့ပြီး အဲဒီလိုလုပ်တာက ဘုရားအလိုတော်မဟုတ်မှန်း ဉာဏ်အားဖြင့် သိခဲ့ပေမဲ့၊ ဘာပဲဖြစ်ဖြစ် အဲဒီလို ခေါင်းမာမာနဲ့ မရမက လုပ်ခဲ့တယ်။ ကျွန်မ အသိစိတ်နဲ့ ဆင်ခြင်တုံတရား ညံ့ဖျင်းပုံကိုပဲ ကျွန်မ တွေ့ရတယ်။ နောဧနဲ့ ကျွန်မနှိုင်းလို့မရသလို၊ သူတို့တာဝန်တွေကို သစ္စာရှိရှိ ထမ်းဆောင်နေတဲ့ ညီအစ်ကို မောင်နှမ တစ်ယောက်တစ်လေနဲ့လည်း နှိုင်းလို့မရဘူး။ ဒီလို ကျွန်မတာဝန်ကို ထမ်းဆောင်တာက ဘုရားကို လှည့်စား၊ လှည့်ဖြားဖို့ ကြိုးစားနေတာပဲ။ ကျွန်မမှာ လူ့သဘာဝမရှိသလို၊ ဘုရားကို သစ္စာစောင့်သိမှု လုံးဝ မရှိဘူး။ ဘုရားရဲ့ စေခိုင်းချက်နဲ့ ကျွန်မ လုံးဝ မထိုက်တန်ခဲ့တာပါ။ အထုတ်ပယ်ခံရတာက ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထား ကျွန်မအပေါ် ရောက်လာတာပဲ။ ကျွန်မက တကယ်ကို လွန်လွန်းခဲ့တာပါ။

အဲဒီတုန်းက ဒီပြဿနာကို ကျွန်မ မကြာခဏ တွေးခဲ့တယ်။ ကျွန်မက ဘာလို့ အသိစိတ်နဲ့ ဆင်ခြင်တုံတရား ကင်းမဲ့လွန်းခဲ့ရတာလဲလို့ တွေးမိတယ်။ ဒီလိုနဲ့ တစ်နေ့မှာ၊ ဘုရားနှုတ်ကပတ်တော် ဓမ္မသီချင်းတစ်ပုဒ် ကြားရတယ်။ “စာတန်ဖျက်စီးပြီး နောက်ဆက်တွဲ အဖြစ်မှန်။” “လူတို့သည် ၎င်းတို့ အသက်ရှင်ရန်အတွက် အမှီပြုခဲ့သော အတွေးအခေါ်များသည် ၎င်းတို့ သစ္စာဖောက်သော သူများ၊ သူရဲဘောကြောင်သောသူများ နှင့် စက်ဆုပ်ဖွယ် ကောင်းသောသူများ ဖြစ်လာသည်အထိ ၎င်းတို့၏ စိတ်နှလုံးများကို နှစ်ပေါင်းများစွာ ပျက်စီးယိုယွင်းစေခဲ့သည်။ ၎င်းတို့၌ စိတ်ဓာတ်ခွန်အားနှင့် စိတ်ဆုံးဖြတ်ချက် ကင်းမဲ့ကြသည်သာမက ၎င်းတို့သည် လောဘကြီးလာကြပြီး၊ မောက်မာလာကြကာ၊ တစ်ဇွတ်ထိုး လုပ်လာကြလေသည်။ ၎င်းတို့၌ အတ္တကို ကျော်လွန်သော စိတ်ဆုံးဖြတ်ချက် တစ်ခုတစ်လေ လုံးဝကင်းမဲ့နေပြီး ထိုမျှမက ၎င်းတို့၌ ဤမှောင်မိုက် လွှမ်းမိုးမှုများ၏ ချုပ်ချယ်မှုများကို ဖယ်ရှားရန် သတ္တိ အနည်းငယ်ပင် မရှိကြချေ။ လူတို့၏ အတွေးအခေါ်များ နှင့် အသက်တာများသည် ပုပ်သိုးလွန်းသည်မှာ ဘုရားသခင် အပေါ် ယုံကြည်ခြင်းနှင့် သက်ဆိုင်သော ၎င်းတို့၏ ရှုထောင့်အမြင်များမှာ သည်းမခံနိုင်အောင် အကျည်းတန် နေသေးသည်သာမက ဘုရားသခင်အပေါ် ယုံကြည်ခြင်း အကြောင်း ၎င်းတို့၏ ရှုထောင့်အမြင်များကို လူတို့ ပြောကြသည့်အခါ ၎င်းမှာ တကယ်ပင် နားမခံနိုင်စရာ ဖြစ်သည်။ လူအားလုံးသည် သူရဲဘောကြောင်ကြသည်၊ အစွမ်းအစမရှိ၊ စက်ဆုပ်ရွံရှာဖွယ် ဖြစ်ကြသည်သာမက ခိုင်ခံ့ခြင်းလည်း မရှိကြပေ။ ၎င်းတို့သည် အမှောင်စွမ်းအားများကို ရွံရှာခြင်း မရှိကြသကဲ့သို့ အလင်းနှင့် သမ္မာတရားကို ချစ်ခြင်း မရှိကြ၊ ထိုသို့ဖြစ်ရမည့်အစား ၎င်းတို့ကို ထုတ်ပစ်ရန်အတွက် အစွမ်းကုန် လုပ်ဆောင်ကြသည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ) ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆပြီးတဲ့နောက်မှာ နားလည်သွားတယ်။ ကိုယ့်တာဝန်မှာ ကျွန်မ လျော့ရဲပြီး ဘုရားကို လှည့်စားဖို့ ကြိုးစားခဲ့တာက “ဘဝသည် တိုတောင်း၏။ ဘဝတွင် ပျော်နိုင်တုန်း ပျော်ပါ”၊ “ယနေ့ လုပ်စရာရှိတာ လုပ်” ဆိုတာနဲ့ “လူ့ဘဝသည် တိုတောင်းသဖြင့် တစ်နေ့တာအချိန်ကို ပျော်ရွှင်အောင်အသုံးချပါ”ဆိုတဲ့ ဆိုးယုတ်တဲ့ အတွေးအခေါ်တွေနဲ့ အသက်ရှင်ခဲ့လို့ပဲ။ ဒီအဓိပ္ပာယ်မရှိတာက ကျွန်မ စိတ်ကို ဖောက်ပြန်ပျက်စီးပြီး မမှန်မကန်ဖြစ်စေခဲ့တယ်။ အေးအေးဆေးဆေးနဲ့ သက်သောင့်သက်တာဖြစ်တဲ့ ဘဝကို အသက်ရှင်ဖို့ဆိုတာ ဉာဏ်ရှိတဲ့ ရွေးချယ်မှုတစ်ခုပဲလို့ ခံစားခဲ့ရတယ်။ ဘဝက တိုတောင်းလွန်းတော့ ဘာလို့ ကိုယ့်ကိုယ်ကိုယ် အရမ်းတွန်းပို့နေမှာလဲ။ အလုပ်ကြိုးစားတာက မိုက်မဲတာပဲ။ လူတွေက သူတို့ကိုယ်သူတို့ သက်ညှာသင့်တယ်၊ ကောင်းကောင်း ဆက်ဆံပြီး တတ်နိုင်သလောက် ပျော်ပျော်နေသင့်တယ်လေ။ ဒီအတွေးမျိုးရဲ့ ထိန်းချုပ်တာ ခံရတော့၊ ကျွန်မ အရာရာမှာ ကောက်ကျစ်လာပြီး ဖြတ်လမ်းလိုက်ခဲ့တယ်။ ပိုဉာဏ်များသထက် ဉာဏ်များလာခဲ့တယ်။ ကျောင်းမှာတုန်းက၊ အချိန်ပိုင်းအလုပ်ရှိခဲ့တာ မှတ်မိသေးတယ်။ အလုပ်က မခက်ဘူး။ ကြီးကြပ်တဲ့သူ ထွက်သွားတော့၊ အနားယူဖို့ အိပ်ခန်းကို ကျွန်မ ခိုးကြောင်ခိုးဝှက် ပြန်သွားခဲ့သလို၊ အလိုလျှော့လုပ်ဖို့ နဲ့ အသိမခံရဖို့ နည်းလမ်းတွေ စဉ်းစားခဲ့တယ်။ တစ်ခါ အခန်းဖော်က ကျွန်မကို သိသွားပြီး၊ ကျွန်မ အရမ်းပျင်းတယ်လို့ ပြေတယ်။ နောင်မှာ တကယ့်အလုပ်ရခဲ့ရင်၊ ဒုက္ခသက်သာအောင် သေချာပေါက် ကြိုးစားမှာပဲတဲ့။ ဒါကို ကြားရတဲ့အခါ၊ ကျွန်မ ရှက်မိခဲ့တယ်။ ဒါပေမဲ့ နောက်‌တော့ တွေးလိုက်တယ်၊ “ရပါတယ်။ နင်ကြိုက်တာ ပြောလို့ရတယ်။ လူတွေအတွက် အလုပ်ကြိုးစားတာ အတာပဲ မဟုတ်လား။ ‘မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏’ ဆိုတဲ့ ဆိုရိုးစကား ရှိတာပဲ။ ကိုယ့်ကိုယ်ကိုယ်အတွက် အသက်ရှင်ဖို့ ဘာလို့ မကြိုးစားတာလဲ။ ကိုယ့်ကိုယ်ကိုယ်နဲ့ပတ်သက်လို့ မစဉ်းစားတာ အတာပဲ မဟုတ်လား” လို့ပေါ့။ ဘုရားကို ကျွန်မ ယုံကြည်ပြီးတဲ့နောက်မှာ၊ သမ္မာတရားကို ရှာတာ၊ ကိုယ့် ဖောက်ပြန်ပျက်စီးခြင်းကို ဖြေရှင်းတာတွေအပေါ် အာရုံမစိုက်ခဲ့ဘူး။ ဒီဆိုးယုတ်တဲ့ ဘဝအတွေးအခေါ်တွေနဲ့ အသက်ရှင်နေခဲ့တုန်းပဲဖြစ်ပြီး၊ ဇာတိအသွေးအသား သက်သာမှုနဲ့ ကာမဂုဏ်ကို ဘယ်လိုရမယ်ဆိုတာပဲ တွေးခဲ့တယ်၊ ဒါကြောင့် ကိုယ့်တာဝန်တွေမှာ၊ ဒုက္ခသက်သာအောင် အားလုံးလုပ်ခဲ့ပြီး၊ ဇာတိအသွေးအသား ဆင်းရဲဒုက္ခကို ရှောင်ရှားဖို့ လိုအပ်တဲ့ ဘယ်အရာကိုမဆို လုပ်ခဲ့တယ်။ ဒီဆိုးယုတ်တဲ့ အတွေးအခေါ်တွေနဲ့ အသက်ရှင်ခဲ့လို့၊ ကိုယ့်တဝန်မှာ ကျွန်မ အမြဲ ချုပ်တည်းထားခဲ့တယ်၊ အစွမ်းကုန်မလုပ်ခဲ့သလို၊ စိတ်ရင်းအမှန်အတိုင်း လုံးဝ အဖိုးအခမပေးခဲ့ဘူး။ လှည့်ကွက်တွေ၊ ဉာဏ်များပြီး လှည့်ဖြားတာတွေနဲ့ အမြဲနေလို့ဖြစ်ခဲ့တယ်။ ခေါင်းဆောင်က ကျွန်မကို ဖော်ထုတ်ပြီး ကိုင်တွယ်ဖြေရှင်းတဲ့အခါ၊ ကျွန်မ မနိုးထဘဲ ရှိနေတုန်းပဲ။ အတိုင်းအတာတစ်ခုထိ ကျွန်မ ထုံထိုင်းခဲ့ပြီး၊ ဒီဆိုးယုတ်တဲ့ အတွေးအခေါ်တွေရဲ့ ထိန်းချုပ်တာ လုံးဝ ခံခဲ့ရတယ်။ တိုးတက်မှုကို မတွေးသလို၊ ညီအစ်ကို မောင်နှမတွေကိုလည်း သူတို့တာဝန်တွေမှာ အိုးနင်းခွက်နင်းပြီးမြောက်ဖို့ ဖြစ်စေခဲ့သလို၊ တခြားညီအစ်မ နှစ်ယောက်ကို ကျွန်မနဲ့အတူ အထုတ်ခံရစေရင်းနဲ့ အလုပ်ကို နောက်ဆက်တွဲ မလုပ်ဘဲ ကိုယ့်တာဝန်ကို ထမ်းဆောင်ခဲ့တယ်။ ကိုယ့်တာဝန်ကို ဒီလိုလုပ်ရင်းနဲ့ တခြားလူတွေကို ကျွန်မ တကယ်ထိခိုက်နေမိခဲ့တာ။ ဆိုးယုတ်တဲ့ အတွေးအခေါ်တွေရဲ့ ဖောက်ပြန်ပျက်စီးစေတာကို ခံခဲ့ရပြီး လူဖြစ်ရတဲ့ အဓိကအချက် ဆုံးရှုံးသွားတာ မြင်ခဲ့ရတယ်။ ကျွန်မက ပျင်းရိ၊ တစ်ကိုယ်ကောင်းဆန်၊ ဉာဏ်များပြီး လှည့်ဖြားတတ်တဲ့ လူတစ်ယောက် ဖြစ်လာခဲ့တယ်။ ဒီဝမ်းနည်းစရာ၊ ရှက်စရာ အခြေအနေမှာ ကျွန်မ အသက်ရှင်နေခဲ့တာ။ ဒါကို သဘောပေါက်လိုက်တာနဲ့ တိတ်တဆိတ် ဘုရားဆီ ဆုတောင်းခဲ့တယ်။ ကျွန်မ ပြောလိုက်တယ်၊ “ဘုရားသခင်။ ဒီလို ကျွန်မ နောက်ထပ် တကယ် အသက်မရှင်ချင်တော့ပါဘူး။ ကျေးဇူးပြုပြီး ကျွန်မရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေရဲ့ ကျေးကျွန်းဘဝကနေ ကယ်တင်တော်မူပါ”လို့ပေါ့။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် ဖတ်ရွတ်ခြင်းကတစ်ဆင့်၊ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းရှာတွေ့ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်တောင်းဆိုသောအလုပ်ကြမ်းနှင့်အလုပ်တို့၏ အမျိုးမျိုးသော ကဏ္ဍများနှင့် ဆက်နွှယ်သောအရာအားလုံး၊ ဤအရာအားလုံးက လူသား၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည်၊ ထိုအရာအားလုံးက လူသား၏ တာဝန်ပင်ဖြစ်သည်။ တာဝန်များ၏ အတိုင်းအတာမှာ အလွန်ကျယ်ပြန့်သည်။ တာဝန်များမှာ သင်၏ တာဝန်ဝတ္တရား ဖြစ်ပြီး၊ ၎င်းတို့မှာ သင်လုပ်ဆောင်သင့်သည့်အရာ ဖြစ်ကာ၊ အကယ်၍ ၎င်းတို့နှင့်ပတ်သက်ပြီး သင် အမြဲတမ်း တိမ်းရှောင်နေလျှင် ပြဿနာရှိပေသည်။ လျှော့ပြောရလျှင်၊ သင်သည် အလွန်ပျင်းရိပြီး အလွန်လှည့်ဖြားတတ်သည်၊ သင်သည် အချောင်ခိုပြီး အားလပ်ချိန်ကို နှစ်သက်ကာ အားထုတ်မှုကို စက်ဆုပ်သည်။ ပို၍လေးနက်စွာ ဆိုရလျှင် သင်သည် သင့်တာဝန်ကို ထမ်းဆောင်လိုစိတ်မရှိ၊ သင်၌ ဆက်ကပ်မှုမရှိ၊ နာခံမှုမရှိပါပေ။ သင်သည် ဤသေးငယ်သော အလုပ်တာဝန်ထဲ၌ပင် လုံ့လမစိုက်ထုတ်နိုင်လျှင် မည်သည့်အရာ လုပ်နိုင်သနည်း။ မည်သည့်အရာကို သင် ကောင်းမွန်စွာ လုပ်ဆောင်နိုင်စွမ်း ရှိသနည်း။ အကယ်၍ လူတစ်ဦးသည် အမှန်တကယ် ဆက်ကပ်ပြီး သူ၏တာဝန်သိစိတ်ရှိပါက၊ ယင်းကို ဘုရားသခင် တောင်းဆိုနေသရွေ့၊ ထို့ပြင် ယင်းကို ဘုရားသခင်၏အိမ်တော်မှ လိုအပ်နေသရွေ့ သူ့အား ခိုင်းစေသည့်အရာတိုင်းကို မရွေးဘဲ သူလုပ်ဆောင်လိမ့်မည်။ သူသည် သူလုပ်နိုင်သည့်အရာနှင့် လုပ်သင့်သည့်အရာတိုင်းကို တာဝန်ယူကာ ပြီးမြောက်လိမ့်မည်။ ဤသည်မှာ တာဝန်ထမ်းဆောင်ခြင်း၏ စည်းမျဉ်းတစ်ခုဖြစ်သလော။ (ဖြစ်ပါသည်။) ကာယအလုပ် လုပ်ရသောသူအချို့က သဘောမတူဘဲ ‘သင်က အမိုးအကာအောက် သင်၏အခန်းထဲတွင် သင်၏တာဝန် ထမ်းဆောင်လျက် တစ်နေ့လုံး အချိန်ကုန်သည်။ ဤအလုပ်၌ လုံးဝ ဆင်းရဲဒုက္ခမရှိပေ။ သင်တို့၏ တာဝန်သည် ကျွန်ုပ်တို့ထက် ပို၍ အနေချောင်သည်။ ကျွန်ုပ်တို့၏ နေရာတွင် နေကြည့်ပါ။ အပြင်၌ နာရီအချို့ လုပ်ပြီးနောက်တွင် သင်မည်သို့နေမည်ကို ကြည့်ကြည့်ကြစို့’ ဟူ၍ ပြောသည်။ အမှန်တကယ်တွင် တာဝန်တိုင်းသည် ဆင်းရဲဒုက္ခအချို့ ပါဝင်သည်။ ကာယအလုပ် လုပ်ရသောအလုပ်တွင် ကိုယ်ခန္ဓာဆိုင်ရာ ဆင်းရဲဒုက္ခပါဝင်ပြီး ဉာဏသုံးရသော အလုပ်တွင် စိတ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခပါဝင်သည်။ တစ်ခုစီတွင် အခက်အခဲများရှိသည်။ အရာရာတိုင်းက လုပ်ရသည်ထက် ပြောရသည်မှာ ပိုလွယ်ကူသည်။ တစ်ဖက်တွင် လူတို့က အမှန်တကယ် ပြုမူဆောင်ရွက်သည့်အခါ သင်သည် သူတို့၏ စရိုက်လက္ခဏာကို ကြည့်ရမည်ဖြစ်ပြီး အခြားတစ်ဖက်တွင် သမ္မာတရားကို သူတို့ ချစ်ခြင်းရှိမရှိကိုသင် ကြည့်ရမည်ဖြစ်သည်။ ဦးစွာ လူတို့၏ စရိုက်လက္ခဏာအကြောင်းကို ပြောကြပါစို့။ အကယ်၍ လူတစ်ဦး၌ ကောင်းသောစရိုက်ရှိပါက သူသည် အရာရာတိုင်း၏ အပြုသဘောဆောင်သောဘက်ကို မြင်တတ်သည်၊ ဤအရာများကို အပြုသဘောဆောင်သောရှုထောင့်မှ၊ သမ္မာတရားကို အခြေခံပြီး လက်ခံကာ နားလည်သဘောပေါက်နိုင်ကြသည်။ ယင်းမှာ သူ၏ စိတ်နှလုံး၊ စရိုက်လက္ခဏာနှင့် နဂိုစိတ်ရင်းတို့က ဖြောင့်မတ်ခြင်းဖြစ်သည်- ယင်းမှာ စရိုက်လက္ခဏာရှုထောင့်မှ ဖြစ်သည်။ အခြားကဏ္ဍမှာ သမ္မာတရားကို သူတို့ အဘယ်မျှချစ်သည် ဟူသည့်အရာဖြစ်သည်။ ဤအရာက မည်သည့်အရာနှင့် ဆက်စပ်သနည်း။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို နားလည်သဘောပေါက်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ဘုရားသခင်၏ အလိုတော်ကို နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ၊ ၎င်းတို့သည် ဘုရားသခင်ထံမှလာသော ၎င်းတို့၏ တာဝန်ကို လက်ခံနိုင်ဆဲဖြစ်ပြီး နာခံ၍ ရိုးသားလျှင် ဤသည်မှာ လုံလောက်သည်။ ၎င်းတို့တာဝန်ကို ထမ်းဆောင်ရန် အရည်အချင်း ပြည့်မီသည်။ ယင်းသည် အနည်းဆုံးသော လိုအပ်ချက်ဖြစ်သည်။ သင်က နာခံပြီး ရိုးသားလျှင် တာဝန်တစ်ခုကို သင်ဆောင်ရွက်သောအခါ သင်သည် ပေါ့ဆပြီး ဝတ်ကျေတမ်းကျေ လုပ်ခြင်းမရှိပေ။ ခိုကတ်ရန် နည်းလမ်းများကို မရှာဖွေပေ။ သင်၏ ကိုယ်နှင့်ဝိညာဉ် အစွမ်းရှိသမျှ လုပ်ဆောင်သည်။ အတွင်း၌ မှားယွင်းသော အခြေအနေရှိခြင်းသည် အပျက်သဘောဆောင်မှုကို ဖြစ်ပေါ်စေပြီး လူတို့ကို စိတ်ဓာတ်ခွန်အား ပျောက်ဆုံးစေသောကြောင့် ၎င်းတို့သည် ပေါ့ဆပြီး ဖြစ်ကတတ်ဆန်းနိုင်လာသည်။ မိမိတို့၏စိတ်နှလုံးထဲတွင် မိမိတို့၏အခြေအနေသည် မမှန်ကန်ကြောင်း ကောင်းစွာ သိသော်လည်း၊ ဤအရာကို သမ္မာတရားအား ရှာဖွေခြင်းအားဖြင့် ပြင်ဆင်ရန် မကြိုးစားသေးသည့် လူများ၊ဤသို့သောလူတို့သည် သမ္မာတရားကို ချစ်ခြင်းမရှိဘဲ တာဝန်ထမ်းဆောင်ရန် အနည်းငယ်မျှသာ ဆန္ဒရှိသည်။ ၎င်းတို့သည် အားထုတ်မှုတစ်ခုခုပြုလုပ်ရန်၊ သို့မဟုတ် ဆင်းရဲဒုက္ခခံရန် စိတ်မပါကြဘဲ ခိုကတ်ဖို့ နည်းလမ်းများကို အစဉ်ရှာဖွေနေကြသည်။ အမှန်တကယ်တွင် ဘုရားသခင်သည် ဤအရာအားလုံးကို မြင်ပြီးသားဖြစ်ပြီး လူတို့ နိုးထရန်အတွက်၊ ၎င်းတို့ကို ဖော်ထုတ်ပြီး ဖယ်ရှားရန်အတွက် စောင့်ဆိုင်းနေခြင်းသာဖြစ်သည်။ သို့ရာတွင် ဤသူက ‘ငါမည်မျှ တော်သည်ကို ကြည့်လော့။ တူသောအစားအစာကို ငါတို့စားကြသော်လည်း၊ အလုပ်လုပ်ပြီးနောက်တွင် သူတို့သည် လုံးဝ ပင်ပန်းနွမ်းနယ်ကြသည့်တိုင် ငါ့ကို ကြည့်ပါဦး။ ကိုယ့်ကိုယ်ကိုယ် မည်သို့ပျော်ရွှင်အောင်လုပ်ရမည်ကို သိသည်။ ငါသည် ပါးနပ်သောသူဖြစ်သည်။ တကယ့်အလုပ်ကိုလုပ်သော မည်သူမဆိုသည် လူအဖြစ်သည်။’ ဟု ထင်မြင်သည်။ ၎င်းတို့က ရိုးသားသောသူတို့ကို ဤသို့ ရှုမြင်ခြင်းသည် မှန်ကန်သလော။ မမှန်ကန်ပေ။ အမှန်တကယ်တွင် စစ်မှန်သည့်အလုပ်ကို လုပ်သောသူတို့သည်သာ ပါးနပ်သောသူများဖြစ်သည်။ သူတို့ကို မည်သည့်အရာက တော်စေသနည်း။ သူတို့က ‘ဘုရားသခင် ကျွန်ုပ်အား မခိုင်းသော မည့်သည့်အရာကိုမျှ ကျွန်ုပ်မလုပ်သကဲ့သို့၊ သူ ကျွန်ုပ်အား ခိုင်းသောအရာ ဟူသမျှကို ကျွန်ုပ်လုပ်သည်။ သူခိုင်းသော မည်သည့်အရာကိုမဆို ကျွန်ုပ်လုပ်ပြီး၊ ၎င်းတွင် ကျွန်ုပ်၏စိတ်နှလုံးအား နစ်ထားသည်၊ ယင်းထဲတွင် ကျွန်ုပ်လုပ်နိုင်သည့် အရာဟူသမျှကို နစ်ထားပြီး လှည့်စားမှု လုံးဝမသုံးပါချေ။ ကျွန်ုပ်သည် ဘုရားသခင်အတွက် လုပ်နေခြင်းဖြစ်သည်’ ဤသည်မှာ မှန်ကန်သော စိတ်အခြေအနေဖြစ်သည်။ ရလဒ်အဖြစ် အသင်းတော်ကို သန့်စင်ရန် အချိန်ကျလာသောအခါ မိမိတို့၏ တာဝန်ထမ်းဆောင်ရာတွင် မယုံကြည်ရသောသူတို့ အားလုံးသည် ဖယ်ရှားခံရမည်ဖြစ်ပြီး ရိုးသားသောသူများနှင့် ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံသောသူများကမူ ကျန်ရှိနေလိမ့်မည်။ ဤရိုးသားသောသူများ၏ အခြေအနေသည် ပို၍ ပို၍ အောင်မြင်လာသည်။ သူတို့အပေါ် ကျရောက်သောအရာ မှန်သမျှတွင် ဘုရားသခင်၏ ကာကွယ်ခြင်းကို ခံရသည်။ သို့ဆိုလျှင် ဤကာကွယ်မှုကို သူတို့အား မည်သည့်အရာက ရရှိစေသနည်း။ သူတို့၏ စိတ်နှလုံးထဲတွင် ရိုးသားကြသောကြောင့်ဖြစ်သည်။ သူတို့သည် တာဝန်ထမ်းဆောင်သောအခါ ခက်ခဲမှု သို့မဟုတ် ခြေကုန်လက်ပန်းကျခြင်းကို မကြောက်ရွံ့ကြသကဲ့သို့၊ သူတို့အား တာဝန်ပေးစေခိုင်းသည့် အရာတစ်ခုတစ်လေနှင့် ပတ်သက်၍ ဇီဇာမကြောင်တတ်ပေ။ သူတို့သည် ဘာ့ကြောင့်နည်းဟု မမေးတတ်၊ သူတို့အား ပြောထားသည့်အတိုင်းပင် လုပ်တတ်ကြသည်၊ သူတို့သည် ဆန်းစစ်ခြင်း သို့မဟုတ် ပိုင်းခြားစိတ်ဖြာခြင်း၊ သို့မဟုတ် အခြား မည်သည့်အရာကိုမျှ ထည့်သွင်းစဉ်းစားခြင်း မပြုဘဲ နာခံကြသည်။ သူတို့၌ ဖုံးကွယ်ထားသော ရည်ရွယ်ချက်များ မရှိဘဲ အရာခပ်သိမ်း၌ နာခံနိုင်စွမ်း ရှိကြသည်။ သူတို့၏ အတွင်းပိုင်းအခြေအနေမှာ အမြဲတမ်း အလွန် ပုံမှန်ဖြစ်သည်။ အန္တရာယ်နှင့် ရင်ဆိုင်ရသောအခါ၊ ဘုရားသခင်က သူတို့ကို ကာကွယ်ပေးသည်။ ဖျားနာခြင်းနှင့် ကပ်ရောဂါတို့ သူတို့အပေါ် ကျရောက်သောအခါ၌လည်း ဘုရားသခင်က သူတို့ကို ကာကွယ်ပေးသည်၊ သူတို့သည် အလွန် ကောင်းချီးခံစားရပေသည်။” (အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် သမ္မာတရားကို စက်ဆုပ်ရွံရှာသည်၊ အခြေခံသဘောတရားများကို လူသိရှင်ကြား မထီမဲ့မြင်ပြုပြီး ဘုရားသခင့်အိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည် (အပိုင်း ၄)”) ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆပြီးတဲ့နောက်၊ ကျွန်မ နားလည်သွားတယ်။ ကျွန်မတို့တာဝန်တွေကို ကိုယ်ရေးကိုယ်တာ အကျိုးတွေ၊ ဆုံးရှုံးမှုတွေ မစဉ်းစားဘဲ၊ လှည့်ကွက်တွေမလုပ်ဘဲ ရိုးသားတဲ့ စိတ်နှလုံးနဲ့ ပွင့်လင်းတဲ့ ထမ်းဆောင်သင့်တယ်၊ ပြီးတော့ ပြဿနာတွေ ပေါ်လာတဲ့အခါ၊ ချက်ချင်း ဖြေရှင်း‌ပြီး ကိုယ့်တာဝန်တွေမှာ အစွမ်းကုန် အားထုတ်သင့်တယ်။ ဒီလိုနဲ့ပဲ ဘုရားရှေ့မှာ ရိုးသားတဲ့ လူတွေဖြစ်ပြီး ဘုရားရဲ့ ကွယ်ကာမှုနဲ့ ကောင်းချီးတွေ ရနိုင်တယ်။ ကျွန်မ တစ်ကိုယ်ကောင်းဆန်၊ စက်ဆုပ်စရာဖြစ်ပုံ၊ ဇာတိကို အလေးထားခဲ့ပုံ၊ ကိုယ့်တာဝန်တွေနဲ့ ပတ်သက်လို့ အားမထုတ်ချင်ခဲ့သလို၊ ကိုယ့်ပုံတွေနဲ့ပတ်သက်လို့ ကောင်းတဲ့ရလဒ်တစ်ခုမှ မရခဲ့ပုံတွေကို တွေးမိပြီး၊ အရမ်းအပြစ်ရှိသလို ခံစားခဲ့ရတယ်။ နောက်ပိုင်းမှာ၊ ကိုယ်အားတဲ့အချိန် ဂရပ်ဖစ်ဒီဇိုင်း တာဝန်ကို ကျွန်မ ထမ်းဆောင်နေဆဲပါပဲ။ နည်းပညာသစ်တွေ ကျွန်မ သင်စသင်ယူခဲ့တယ်၊ လူတွေကို မေးခွန်းတွေမေးပြီး နည်းလမ်းသစ်တွေ ဖန်တီးဖို့ ကြိုးစားခဲ့တယ်။ အခက်အခဲတွေ ကျွန်မ ကြုံရတဲ့အခါ၊ ဘုရားဆီ ဆုတောင်းပြီး၊ တခြားလူတွေရဲ့ အကြံပြုချက်တွေပေါ် အခြေခံပြီး ထပ်တလဲလဲ စိစစ်တည်းဖြတ်တာတွေ လုပ်ခဲ့တယ်။ ပုံသစ်တစ်ခု တွေးမိတိုင်း၊ ဆန်းသစ်တာလုပ်ဖို့ တခြားနည်းလမ်းတစ်ခုခု ရှိမလားတွေ့ရဖို့ အဲဒါကို ရှုထောင့်စုံကနေ စဉ်းစားခဲ့တယ်။ ဒီလိုနဲ့၊ ကိုယ့်တာဝန်မှာ အတော်ကြာ လက်တွေ့လုပ်ပြီးတဲ့နောက်မှာ၊ ဘုရားကောင်းချီးကို မြင်ခဲ့ရတယ်။ ကျွန်မရဲ့ အထားအသိုအခင်းအကျင်း အယူအဆနဲ့ နည်းပညာမှာ အောင်မြင်မှုတချို့ လုပ်နိုင်ခဲ့ပြီး၊ အခုကျွန်မလုပ်တဲ့ ပုံတွေက အရင်ကဟာတွေထက် ပိုကောင်းတယ်လို့ ညီအစ်ကို မောင်နှမတွေက ပြောကြတယ်။ ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ စိတ်ပြင်းပြမှု ရှာတွေ့ခဲ့သလို၊ ညီအစ်ကို မောင်နှမတွေကို သူတို့တာဝန်တွေမှာ လှုံ့ဆော်နိုင်ခဲ့တယ်။ လူတိုင်းက အသစ်ထွင်ချင်ကြတယ်၊ အောင်မြင်မှုတွေ လုပ်ပြီး ပိုကောင်းအောင် လုပ်ချင်ခဲ့ကြတယ်။

ကျွန်မတာဝန်မှာ တကယ်အလုပ်ကြိုးစားတဲ့အခါ၊ ကျွန်မစိတ်နှလုံးထည့်တဲ့အခါ၊ ကိုယ့်တာဝန်ထမ်းဆောင်တာ စိတ်ချရသလို ခံစားခဲ့ရတယ်။ ဘုရားဆီ ဆုတောင်းတဲ့အခါ ပြောစရာရှိခဲ့တယ်။ တချို့ ပြဿနာတွေအပေါ်လည်း နားလည်မှုတချို့ ရခဲ့သလို၊ ကိုယ့်အလုပ်အကိုင်မှာလည်း တိုးတက်မှုတချို့ ဖြစ်စေခဲ့တယ်။ ဘုရားတကယ် သန့်ရှင်းမှန်း မြင်ခဲ့ရတယ်။ ဘုရားက သန့်ရှင်းခြင်းရှိတဲ့ နေရာတွေမှာ ပေါ်ထွန်းပေမဲ့ ညစ်ညူးတဲ့နေရာတွေမှာ သူ့ကိုယ်သူ ကွယ်ဝှက်တယ်။ စိတ်နှလုံးထဲမှာ ဘုရားကို ကြောက်ရွံ့စိတ် မခံစားဘဲ မနေနိုင်ခဲ့ဘူး။ ပြီးတော့ တာဝန်မှာ အစွမ်းကုန် အားထုတ်တဲ့အခါ၊ အရမ်းပင်ပန်းတယ်လို့ တကယ် မခံစားခဲ့ရဘူး။ တစ်ခါတလေ နည်းနည်း ပိုစဉ်းစားခဲ့ရပေမဲ့၊ ရောင့်ရဲစိတ်နဲ့ ပျော်ရွင်မှုကို ခံစားခဲ့ရတယ်။ ဘုရားက လူတွေရဲ့ မဖြစ်နိုင်တာကို လုံးဝ မတောင်းဆိုမှန်း၊ နည်းနည်း အားထုတ်လိုက်တာနဲ့ အရာရာကို ရနိုင်မှန်း တွေ့ခဲ့ရပြီး၊ ဘုရားကို အထူးသဖြင့် ကျေးဇူးတင်မိခဲ့တယ်။ အချိန်နည်းနည်းကြာပြီးတဲ့နောက်မှာ၊ ညီအစ်ကို မောင်နှမတွေနဲ့အတူ ကျွန်မတာဝန်ဆီ ပြန်ပြောင်းရွေ့ခံခဲ့ရတယ်။ အဲဒီတုန်းက ကျွန်မအရမ်းကျေးဇူးတင်မိခဲ့ပေမဲ့၊ အဲဒါနဲ့ မထိုက်တန်သလိုလည်း ခံစားခဲ့ရလို့၊ ဘုရားဆီ ဆုတောင်းခဲ့တယ်။ “ဘုရားသခင်။ ကျွန်မရဲ့ လူ့သဘာဝမျိုးနဲ့၊ တာဝန်တစ်ခု ထမ်းဆောင်ဖို့၊ ဒီချီးမြှောက်ခြင်းနဲ့ ကျွန်မ မထိုက်တန်ပါဘူး။ ဒီတာဝန်မှာ အကောင်းဆုံး ကျွန်မ လုပ်ချင်ပါတယ်၊ ကိုယ်တော်ရဲ့ စေခိုင်းချက်ကို ကျွန်မ အရင်လို သဘောထားတုန်းပဲဆိုရင်၊ ကျွန်မ တကယ်နောင်တရပြီး ကိုယ်တော်ရဲ့ မေတ္တာကို ပြန်ပေးဆပ်ဖို့ တာဝန်ကို သစ္စာရှိရှိထမ်းဆောင်နိုင်အောင် ကျွန်မကို အပြစ်ပေးပြီး ဆုံးမပဲ့ပြင်ဖို့ တောင်းလျှောက်ပါတယ်” လို့ပေါ့။

အဲဒီတုန်းက တခြား ညီအစ်ကို မောင်နှမ သုံးယောက်ကို ခေါင်းဆောင်က ကျွန်မအတွက် စီစဉ်ပေးခဲ့တယ်၊ အထူးပြုလုပ်ချက်သစ်တချို့ကို အတူတူ ဖန်တီးဖို့ပေါ့။ ထုတ်လုပ်ရေး လုပ်ငန်းစဉ်က အချိန်နဲ့ အားထုတ်မှု အများကြီး လိုသလို၊ အဲဒီတုန်းက ပုံတွေအတွက် တောင်းဆိုမှုကလည်း မြင့်မားခဲ့တာလေ၊ ဒီတော့ ကျွန်မတာဝန်က တကယ် ပိုပင်ပန်းစရာ ဖြစ်ခဲ့တယ်။ အထူးသဖြင့် ကိစ္စတွေအများကြီး ပုံပြီး ကိုင်တွယ်ဖြေရှင်းရမဲ့အခါ၊ ကျွန်မ နှလုံးက ပေါက်ကွဲတော့မလို ခံစားရတယ်။ တစ်ခါ၊ ပုံတွေကို အချိန်မီမပြီးလို့၊ ဘာလို့ အလုပ်လုပ်တာ အရမ်းနှေးတာလဲလို့ အလုပ်ဖော်က ကျွန်မကို မေးတယ်။ အဲဒီတုန်းက ကျွန်မ စိတ်ထိခိုက်ပြီး တွေးမိတယ်၊ “ပုံတွေ ဖန်တီးတာနဲ့ တွဲဖက်ပြီး နည်းပညာသစ်တွေနဲ့ အထူးပြုလုပ်ချက်တွေကို သင်ယူရတဲ့ ကျွန်မနဲ့မတူဘဲ လူတိုင်းက ပုံတွေဖန်တီးတဲ့အပေါ်မှာပဲ အာရုံစိုက်ကြပုံကို နင် မြင်တာပဲ။ ငါ့အတွက် အချိန်နဲ့ အားထုတ်မှု ပိုလိုတယ်လေ။ ပိုနည်းတဲ့ ပုံတွေကို ငါလုပ်ခဲ့တယ်ဆိုရင်၊ ညီအစ်ကို မောင်နှမတွေက ငါ့ကို ဘာများထင်ကြမလဲ။ ငါတို့ခေါင်းဆောင်ကို ငါ စကားပြောပြီး၊ ဒီအထူးပြုလုပ်ချက်သစ်အားလုံးကို ငါ မကိုင်တွယ်နိုင်လို့ အဲဒါလုပ်ဖို့ တခြားလူကို ရှာဖို့ ပြောရမယ်ထင်တယ်”လို့ပေါ့။ ဒီလိုတွေးတဲ့အခါ၊ ဇာတိပကတိကို ပြန်အလေးထားနေမိမှန်း သိလိုက်တယ်၊ ဒါကြောင့် ဘုရားနှုတ်ကပတ်တော်ရဲ့ ဆီလျော်တဲ့ အပိုင်းတွေကို ကျွန်မ သတိရှိရှိ စားသောက်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်သည် ရိုးသားသည့်သူများကို နှစ်သက်သည်။ ခိုးကြောင်ခိုးဝှက်ပြုသောသူများကို သူမနှစ်သက်ချေ။ အနည်းငယ် မာနထောင်လွှားခြင်း၌ စိုးရွံ့စရာမရှိသော်လည်း၊ အကြင်သူသည် ဧကန်မုချ ရိုးသားရမည်။ ရိုးသားသည့် လူများသည် တာဝန်ယူကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ်အတွက် မတွေးကြပေ။ ၎င်းတို့သည် အတွေးအခေါ် စင်ကြယ်ကြသည်။ ပြီးလျှင် ဖျတ်ခနဲကြည့်ရုံဖြင့် အောက်ခြေကို မြင်ရသည့် ကြည်လင်သော ရေခွက်များကဲ့သို့ ၎င်းတို့၏ စိတ်နှလုံးများထဲ၌ ရိုးသားမှုနှင့် စေတနာတို့ရှိကြသည်။ သင်သည် သင်၏စိတ်နှလုံးထဲရှိသည့် အရာကို အခြားသူများ မမြင်စေဖို့အလို့ငှာ၊ အစဉ် ဂိုက်ဖမ်းနေကာ၊ သင့်ကိုယ်သင် ကွယ်ထား၊ ဖုံးထားပြီး သင့်ကိုယ်သင် အလွန်လုံအောင် လွှမ်းခြုံထားသော်လည်း၊ ဘုရားသခင်က သင်၏ စိတ်နှလုံးထဲရှိ အနက်ရှိုင်းဆုံးသော အရာများကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနိုင်သေးသည်။ သင်သည် ရိုးသောသူတစ်ယောက်မဟုတ်ဘဲ လှည့်ဖြားတတ်သူဖြစ်ပြီး သင်၏ စိတ်နှလုံးကို ဘုရားသခင်ထံသို့ မည်သည့်အခါမျှ မပေးအပ်သည်ကို၊ သူနှင့် မရိုးမသားပြုလုပ်ရန် အစဉ်ကြိုးစားနေသည်ကို ဘုရားသခင်က မြင်လျှင် သူသည် သင့်ကို နှစ်သက်မည်မဟုတ်ဘဲ သင့်ကို အလိုရှိမည်မဟုတ်ပေ။ မယုံကြည်သူများကြားတွင် ကြီးပွားနေသောသူများအားလုံး၊ အပြောကောင်းသော၊ ဖြတ်ထိုးဉာဏ်ကောင်းသောသူများ၊ ဤလူများသည် မည်သည့်လူအမျိုးအစားဖြစ်သနည်း။ သင်တို့အတွက် ရှင်းလင်းသလော။ ၎င်းတို့၏ အနှစ်သာရသည် အဘယ်နည်း။ ၎င်းတို့အားလုံးသည် အလွန့်အလွန် မယုံကြည်ရဘဲ ကောက်ကျစ်သောသူများဖြစ်သည်၊ ၎င်းတို့အားလုံးသည် ထူးခြားစွာ လိမ္မာပါးနပ်ပြီး ဉာဏ်များသည်ဟု ဆိုနိုင်သည်။ ၎င်းတို့သည် စစ်မှန်သော စာတန်နတ်ဆိုးဖြစ်သည်။ ဘုရားသခင်က ဤသို့သောလူတို့ကို နှစ်သက်နိုင်သလော။ (မနှစ်သက်နိုင်ပါ။) ဘုရားသခင်က မကောင်းဆိုးဝါးများကို အမုန်းတီးဆုံးဖြစ်သည်။ မည်သည့်အရာကို သင်လုပ်ဆောင်သည်ဖြစ်စေ၊ သင်တို့သည် ဤလူမျိုးမဖြစ်ရပေ။ မိမိတို့၏စကား၌ အစဉ် သတိဝီရိယ ရှိပြီး ရှုထောင့်အားလုံးကို ဆင်ခြင်စဉ်းစားသည့်၊ အခြေအနေကို လေ့လာသိမြင်နိုင်ပြီး မိမိတို့၏ကိစ္စများကို ကိုင်တွယ်ရာ၌ ပရိယာယ် များသည့်သူတို့— သင်တို့ကို ငါ ပြောမည်၊ ဘုရားသခင်က ထိုသို့သောလူများကို အမုန်းဆုံးဖြစ်သည်။ သို့ဖြစ်ပါက ဘုရားသခင်သည် ထိုသို့သော လူတစ်ဦးကို ကျေးဇူးပြုဦးမည်လော၊ သို့မဟုတ် ဉာဏ်အလင်းပေးဦးမည်လော။ သူက ပြုမည်မဟုတ်ပေ။ ဘုရားသခင်သည် ထိုကဲ့သို့သောလူများကို တိရစ္ဆာန်များ၏ အမျိုးအဖြစ် မြင်သည်။ ၎င်းတို့သည် လူ့အရေပြားကို ဝတ်ဆင်ထားသော်လည်း၊ ၎င်းတို့၏ အနှစ်သာရသည် စာတန် နတ်ဆိုး၏ အနှစ်သာရ ဖြစ်ပေသည်။ ၎င်းတို့သည် ဘုရားသခင် လုံးဝ ကယ်တင်မည် မဟုတ်သည့် လမ်းလျှောက်နေသည့် အလောင်းကောင်များသာ ဖြစ်သည်။ ဤလူစားမျိုးသည် အမှန်တကယ် ထက်မြက်သည်ဟု သင်တို့ပြောမည်လော၊ သို့မဟုတ် ၎င်းတို့သည် မိုက်မဲသလော။ ၎င်းတို့သည် အမိုက်မဲဆုံးလူများဖြစ်ကြသည်။ ခိုးကြောင်ခိုးဝှက်ပြုကြသည်။ ၎င်းတို့အား သူစီရင်သည်။ ထိုသို့သောသူတစ်ဦးအတွက် ဘုရားသခင်ကို ယုံကြည်ခြင်း၌ အဘယ်မျှော်လင့်ချက် ရှိသနည်း။ ၎င်းတို့၏ယုံကြည်မှုသည် အဓိပ္ပာယ်ကင်းမဲ့နေပြီး ၎င်းတို့သည် မည်သည့်အရာမျှ မရကိန်းရှိသည်။ လူတို့သည် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းတစ်လျှောက်တွင် သမ္မာတရားကို မလိုက်စားလျှင် ၎င်းတို့ ယုံကြည်သူဖြစ်ခဲ့သည်မှာ နှစ်မည်မျှကြာသည်ဖြစ်စေ အရေးမကြီးပေ။ အဆုံးတွင် မည်သည့်အရာကိုမျှ ၎င်းတို့ ရရှိမည်မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်ကို ရရှိလိုလျှင် သမ္မာတရားကို ရရှိရမည်။ သမ္မာတရားကို ၎င်းတို့ နားလည်မှသာ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး သမ္မာတရား၏စစ်မှန်မှုအတွင်းသို့ ဝင်ရောက်မှသာ သမ္မာတရားကို ၎င်းတို့ ရရှိလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရမည်။ ထိုမှသာ ဘုရားသခင်၏ လက်ခံမှုနှင့် ကောင်းကြီးများကို ၎င်းတို့ ရရှိလိမ့်မည်။ ယင်းသည်သာ ဘုရားသခင်ကို ရရှိခြင်းဖြစ်သည်။” (အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၈)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ၊ ကျွန်မှာ မမှန်တဲ့အမြင်တချို့ ရှိနေသေးမှန်း သဘောပေါက်လိုက်တယ်။ အရင်က၊ ဉာဏ်များတဲ့သူတွေကို ကျွန်မ လေးစားခဲ့တယ်။ သူတို့ကို အမြင်ကောင်းစေတဲ့ အရာတွေကိုပဲ သူတို့ လုပ်ပြီး ဖြတ်လမ်းမှန်တွေ လျှောက်ကြတယ်လို့ တွေးခဲ့တယ်။ အဲဒီလိုလူတွေက တော်ပြီး ပါးနပ်တယ်လို့ စဉ်းစားခဲ့ပြီး၊ အဲဒီလိုလူတစ်ယောက် ဖြစ်လာဖို့ ဆန္ဒပြင်းပြခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာပဲ ဘုရားအတွက်၊ ဒါက ပါးနပ်တာ မဟုတ်ဘဲ၊ ဉာဏ်များတာဖြစ်မှန်း နားလည်သွားခဲ့တာ။ သူတို့ ရည်မှန်းချက်ပန်းတိုင်းတွေကို ရရှိဖို့၊ စက်ဆုပ်စရာ နည်းမျိုးစုံ သုံးနိုင်တယ်။ အဲဒီလိုလူတွေက လျှို့ကတ်သလို နတ်ဆိုး သဘာဝရှိကြတယ်။ ဘုရားက ရိုးရှင်းပြီး ရိုးသားတဲ့ လူတွေ၊ သူတို့နှလုံးသားမှာ လှည့်ဖြားတာမရှိတဲ့ လူတွေ၊ သူတို့ကို ဘုရားအပ်နှင်းတဲ့ စေခိုင်းချက်တွေကို တာဝန်ယူနိုင်ပြီး၊ ကိစ္စတွေကို စိတ်နှလုံးအကြွင်းမဲ့၊ ပွင့်လင်းတဲ့ သဘောနဲ့ လုပ်နိုင်တဲ့သူတွေ၊ မရိုးသားတဲ့ ရည်ရွယ်ချက်တွေ သိပ်မများတဲ့ လူတွေကို ဘုရားက နှစ်သက်တယ်။ ဘုရားက ကျွန်မတို့ နှလုံးနဲ့ စိတ်တွေကို ဆန်းစစ်ပြီး ကျွန်မတို့ အနှစ်သာရအတိုင်း ကွဲကွဲပြားပြား ဆက်ဆံတယ်။ လှည့်ဖြားတတ်တဲ့သူအပေါ် ဘုရားသဘောထားက စက်ဆုပ်တာပဲ။ သူတို့ကို သမ္မာတရား နားလည်တာနဲ့ သူ ဉာဏ်အလင်းမပေးသလို၊ နောက်ဆုံးမှာ ဖယ်ရှင်းတာဖြစ်တယ်၊ ဒါပေမဲ့ ရိုးသားတဲ့သူတွေကိုတော့ သူ ဉာဏ်အလင်းပေးပြီး ကောင်းချီးပေးတယ်။ အဲဒီနောက် ကိုယ့်ကိုယ်ကိုယ်အကြောင်း တွေးမိတယ်။ ကိုယ့်တာဝန်မှာ၊ အဖိုးအခ ပေးပြီး ခန္ဓာအသွေးအသား ဆင်းရဲဒုက္ခခံဖို့ လိုတဲ့အခါ၊ မပင်ပန်းအောင်လို့ ကိုယ့်တာဝန်ကို ရှောင်ရှားချင်ခဲ့တယ်။ ဒါက တစ်ကိုယ်ကောင်းဆန် လှည့်ဖြား၊ ဉာဏ်များတဲ့ အမူအရာတစ်ခုပဲ။ ဒါကို ကျွန်မလုပ်ခဲ့ရင်၊ ဘုရားက ကျွန်မကို စက်ဆုပ်မှာဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ရရှိမှာ မဟုတ်သလို၊ အဲဒီပတ်ဝန်းကျင်မျိုးမှာ၊ သမ္မာတရားကို သေချာပေါက် လုံးဝ ရမှာ မဟုတ်ဘူး။ ဒီအချိန်မှာ ရုတ်တရက် သဘောပေါက်သွားတယ်၊ ဒီတာဝန်က ကျွန်မကို ဘုရားစမ်းသပ်တာပဲ၊ ကျွန်မ တိုးတက်မှုလုပ်လား၊ ကိုယ့်တာဝန်အပေါ် တာဝန်သိစိတ်ရှိခြင်း ရှိမရှိဆိုတာနဲ့ တာဝန်နဲ့ ရုပ်ပိုင်းဆိုင်ရာ သက်သောင့်သက်သာ ဖြစ်ခြင်းတို့ကြား မှန်မှန်ကန်ကန် ရွေးနိုင်ခြင်းရှိမရှိဆိုတာတွေကို မြင်ရဖို့ပေါ့။ ကိုယ့်ကိုယ်ပိုင် အကျိုးစီးပွားတွေကို ကာကွယ်ဖို့ ကိုယ့်တာဝန်ကို ရှောင်ရှားမယ်ဆိုရင်၊ ဒီစမ်းသပ်မှုမှာ ကိုယ့်ရဲ့ သက်သေခံချက်ကို ကျွန်မ ဆုံးရှုံးသွားမှာ။ ပြီးခဲ့တဲ့ အရင်အချိန်ကို ပြန်တွေးမိတယ်။ ကျွန်မရဲ့ ခန္ဓာက ဆင်းရဲဒုက္ခ နည်းနည်း ခံခဲ့ရပေမဲ့ စိတ်နှလုံးကတော့ ပြည့်ဝနေခဲ့တာ။ ကိုယ့်တာဝန်မှာ ပူပန်တာတွေ၊ အခက်အခဲတွေ ပိုရှိခဲ့ပေမဲ့၊ သမ္မာတရားနဲ့ စည်းမျဉ်းတွေကို ပိုရှာဖွေဖို့ ဘုရားနဲ့လည်း ကျွန်မ ပိုရင်းနှီးသွားခဲ့တာ။ နေ့တိုင်း ကိုယ့်တာဝန်မှာ တစ်ခုခု ကျွန်မ ရခဲ့သလို၊ အရမ်းအဓိပ္ပာယ်ရှိတယ်လို့ ခံစားခဲ့ရတယ်။ အရင်က၊ ခန္ဓာသွေးသား သက်သောင့်သက်သာဖြစ်ခြင်းကို ကျွန်မ မက်မောခဲ့သလို ကျွန်မ မပင်ပန်းခဲ့ပေမဲ့၊ ပျော်ရွင်မှု မခံစားခဲ့ရသလို၊ သန့်ရှင်းသော ဝိညာဉ်တော်က ကျွန်မကို စွန့်ခွာခဲ့တယ်။ အဲဒီနာကျင်မှုက ရုပ်ပိုင်းနာကျင်မှုထက် ပိုဆိုးတယ်။ လှည့်ကွက်တွေ၊ လှည့်ဖြားတာတွေအပေါ် နောက်ထပ် မှီခိုလို့မဖြစ်တော့ဘူး။ အဲဒီနောက်မှာ၊ လက်ထဲရှိတဲ့ အလုပ်ကို ပြန်ချင့်တွက်လိုက်ပြီး၊ တကယ့်အခက်အခဲရှိတဲ့အခါ၊ ကြီးကြပ်တဲ့ ညီအစ်မဆီ ကျွန်မ အကူအညီတောင်းခဲ့တယ်၊ ကိုယ်ပေးနိုင်တဲ့ အားထုတ်မှုကို သုံးခဲ့ပြီး၊ တောင်းဆိုတဲ့အရာကို အတတ်နိုင်ဆုံး လုပ်ခဲ့တယ်။ ဒီလိုလုပ်တာက ကျွန်မကို ပိုပြီး စိတ်အေးလက်အေး ဖြစ်စေခဲ့တယ်။

ကိုယ့်တာဝန်အပေါ် အရင်က သဘောထားကို ပြန်တွေးကြည့်တဲ့အခါ၊ နက်ရှိုင်းနဲ့ နောင်တနဲ့ အရှက်ကို ခံစားရတယ်။ ကျွန်မကို သန့်ရှင်းစေပြီး ပြောင်းလဲစေဖို့ ပတ်ဝန်းကျင်ကို အကြိမ်ကြိမ် ပြင်ဆင်ပေးခဲ့တာ၊ ဇာတိသက်သောင့်သက်သာ ဖြစ်ခြင်းကို မက်မောပြီး တိရစ္ဆာန်လို အသက်ရှင်ရာကနေ လွတ်မြောက်စေခဲ့တာ၊ ကျွန်မကို အရှက်တရား သွန်သင်ပေးပြီး၊ ကျွန်မရဲ့တာဝန်ကို ပွင့်ပွင့်လင်းလင်း ထမ်းဆောင်စေနိုင်ခဲ့ပြီး လူသားသဏ္ဍာန် အသက်ရှင်စေနိုင်ခဲ့တာ ဘုရားပါ။ ဒါက တကယ်ကို ကျွန်မအတွက် ဘုရားရဲ့ ကယ်တင်ခြင်းပါပဲ။ ဘုရားကျေးဇူးတော်ပဲ။

နောက်တစ်ခုသို့- မြေငလျင်လှုပ်ပြီးနောက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်မရဲ့တာဝန် အရောင်းအဝယ်ဆန်ဆန် ဖြစ်လာခဲ့ပုံ

ကာနန် တရုတ်နိုင်ငံ ၂၀၁၇ ဧပြီလမှာပေါ့၊ ကျွန်မက သွေးတိုးရောဂါ ဖြစ်နေတာ။ ဒါနဲ့ အိမ်ပြန်နားလို့ရအောင်ဆိုပြီး ခေါင်းဆောင်က ကျွန်မတာဝန်ကို ခဏ...

ကျွန်မ၏ ဘဝစည်းမျဉ်းများက ကျွန်မကို အလွန်ထိခိုက်ပျက်စီးလျက် ကျန်ရစ်စေခဲ့သည်

ချန်ကိုင်း၊ လောင်နင်စီရင်စု “လိုလိုလားလားရှိသောမြင်းပေါ်သို့ အားလုံးသည် ဝန်ထုပ်များတင်ကြ၏”ဟူသည့် စကားရပ်သည် ကျွန်မ ကိုယ်တိုင်ကိုယ်ကျ...

တစ်ကိုယ်ကောင်းဆန်မှုကို လက်လွှတ်ခြင်းဖြင့် ကျွန်တော်လွတ်မြောက်သည်

ရှောင်ဝေ့ တရုတ်နိုင်ငံ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ပုံမှန်လူတို့၏ စိတ်နေသဘောထားများတွင် ကောက်ကျစ်စဥ်းလဲမှု သို့မဟုတ်...

သူ့ထက်ငါ အနိုင်လုသောလောကကို နှုတ်ဆက်ခြင်း

ရှီးဖန် တောင်ကိုရီးယားနိုင်ငံ လွန်ခဲ့တဲ့ နှစ်နှစ်က လူသစ်တွေကို ရေလောင်းပေးတဲ့ တာဝန် ကျွန်မ ယူခဲ့တယ်။ အဲဒါ ဘုရားဆီက ဂုဏ်ပြုခြင်းတစ်ခုလို့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။