ဘုရားသခင်အတွက် ကျွန်မ၏ အနစ်နာခံခြင်းများထဲက ရောထွေးခြင်းများ
ကျန်းဖင် တရုတ်နိုင်ငံ ပြီးခဲ့တဲ့ ဧပြီလက တစ်ရက်မှာ၊ နောက်ကျောညာဘက်ခြမ်းမှာ တော်တော်နာတာကို ရုတ်တရက် ခံစားရတယ်။ တစ်နည်းနည်းနဲ့...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူသားနှင့်ပတ်သက်၍ အကြီးမားဆုံးသော ပြဿနာမှာ သူသည် သူ၏ကံကြမ္မာနှင့် အလားအလာများကိုသာ တွေးပြီး ဤအရာများကို မြတ်နိုးကိုးကွယ်ခြင်း ဖြစ်သည်။ လူသားသည် သူ၏ကံကြမ္မာနှင့် အလားအလာအတွက် ဘုရားသခင်ကို လိုက်လံရှာဖွေသည်။ ဘုရားသခင်ကို သူချစ်သောကြောင့် ကိုးကွယ်နေခြင်း မဟုတ်ပေ။ ထို့ကြောင့်၊ လူသားကို သိမ်းပိုက်ရာတွင်၊ လူသား၏ တစ်ကိုယ်ကောင်းဆန်ခြင်း၊ လောဘနှင့် ဘုရားသခင်ကို သူ၏ကိုးကွယ်မှုအား အတားဆီးဆုံးသောအရာများအားလုံးကို ပြုပြင်ရမည်ဖြစ်ပြီး၊ ထိုသို့ဖြင့် ဖယ်ရှားရှင်းလင်းရမည် ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့်၊ လူသားကို သိမ်းပိုက်ခြင်း အကျိုးတရားများကို ရရှိပေလိမ့်မည်။ အကျိုးဆက်အနေဖြင့်၊ လူသားကိုသိမ်းပိုက်ခြင်း၏ ပထမအဆင့်များတွင် လူသား၏ အထိန်းအကွပ်မဲ့သော ရည်မှန်းချက်များနှင့် အဆိုးရွားဆုံးသော အားနည်းချက်များကို သန့်စင်ပစ်ဖို့ လိုအပ်ပြီး၊ ဤအရာမှတစ်ဆင့် ဘုရားသခင်ကို ချစ်သော လူသား၏ စိတ်နှလုံးကို ထုတ်ဖော်ပြဖို့နှင့် လူ့ဘဝနှင့်ဆိုင်သော သူ၏ အသိ၊ ဘုရားသခင်အပေါ် သူ၏အမြင်နှင့် သူ၏ဖြစ်တည်မှု အဓိပ္ပာယ်တို့ကို ပြောင်းလဲရန် လိုအပ်ပေသည်။ ဤနည်းဖြင့်၊ ဘုရားသခင်ကို ချစ်သော လူသား၏ စိတ်နှလုံးသည် သန့်စင်သွား၏၊ ဆိုလိုသည်မှာ၊ လူသား၏ စိတ်နှလုံးသည် သိမ်းပိုက် ခံရပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏ပုံမှန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း) ဒီဘုရားနှုတ်ကပတ်တော်တွေကို ဖတ်လိုက်တော့ ကျွန်တော် ဖြတ်သန်းခဲ့ရတဲ့ အဖမ်းခံခဲ့ရတဲ့ အတွေ့အကြုံတစ်ခုကို သတိရမိတယ်။ ဘုရားနှုတ်ကပတ်တော်တွေက ဘယ်လောက် လက်တွေ့ကျတယ်ဆိုတာ အဲဒီအတွေ့အကြုံကြောင့် ကျွန်တော် တကယ်ကိုသဘောပေါက်သွားခဲ့တယ်။ လူတစ်ယောက်က သူ့ရဲ့ အနာဂတ်နဲ့ ကံကြမ္မာအတွက် စဉ်းစားတာတွေကို လက်လွှတ်ချင်ရင်၊ ပြီးတော့ ဘုရားသခင်ကို ကျိုးနွံနာခံပြီး ချစ်ချင်ရင် နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့ တရားစီရင်မှု၊ ပြစ်တင်ဆုံးမမှု၊ စမ်းသပ်မှုနဲ့ စစ်ဆေးမှုတွေကို ကြုံတွေ့ရမယ်။
၂၀၁၂ ခုနှစ် ကုန်ခါနီးမှာ ကျွန်တော် ဧဝံဂေလိဟောနေတုန်း စီစီပီ ရဲတွေ ဖမ်းတာကို ခံခဲ့ရတယ်။ ရဲတွေက ထပ်ခါတလဲလဲ စစ်ဆေးမေးမြန်းပြီး ဝန်ခံချက်ရဖို့ အတင်းအဓမ္မ လုပ်တဲ့အချိန်တွေမှာ ယုဒတစ်ယောက် မဖြစ်ဘဲ ကျွန်တော့်သက်သေခံချက်မှာ ခိုင်မာစွာ ရပ်တည်ဖို့ ကျွန်တော့်ကို လမ်းပြပေးခဲ့တာက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေပါ။ သူတို့လိုချင်တဲ့ အသင်းတော်ရဲ့ သတင်းအချက်အလက်တွေကို ရဲတွေ မရလိုက်ဘူး။ အဲဒါကြောင့် နောက်ဆုံးမှာ “ဥပဒေ အကောင်အထည်ဖော်မှုကို နှောင့်ယှက်ခြင်း” ဆိုတဲ့ စွဲချက်နဲ့ ထောင်ဒဏ် သုံးနှစ်ခွဲ ချမှတ်လိုက်တယ်။ အဖမ်းခံရပြီးတဲ့နောက်မှာ ထောင်ကျဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ထားပြီးသားဖြစ်ပေမဲ့ စီရင်ချက်ကို ဖတ်လိုက်ရတဲ့အချိန်မှာ ကျွန်တော့်စိတ်နှလုံးက ဗြောင်းဆန်နေတုန်းပါပဲ။ စိတ်ထဲမှာ တိတ်တဆိတ် ရေတွက်နေမိတယ်။ “သုံးနှစ်ခွဲတောင်တဲ့၊ ရက်ပေါင်း တစ်ထောင်ကျော် နေ့တွေ ညတွေပါလား။ ဒီကာလကို ငါ ဘယ်လို ဖြတ်သန်းရမလဲ” ပေါ့။ ထောင်ကျဖူးတဲ့ အကျဉ်းသားဟောင်းတစ်ယောက် ပြောတာကို ကြားရတော့ ကျွန်တော် တကယ်ကို စိတ်ပူသွားတယ်။ သူက “ထောင်ထဲမှာ တော်တော်ကို မှောင်တယ်။ အလုပ်မပြီးရင် ဒါမှမဟုတ် ကောင်းကောင်း မလုပ်ရင် အရိုက်ခံရမယ်။ ခန္ဓာကိုယ်အားနည်းတဲ့သူတွေဆို အထဲမှာပဲ သေသွားကြတယ်။ အဲဒီမှာ လူတစ်ယောက်သေတာက ခွေးတစ်ကောင် သေတာလိုပဲ၊ ထောင်အစောင့်တွေက လုံးဝ ဂရုမစိုက်ဘူး” လို့ ပြောတယ်။ ကျွန်တော် နည်းနည်း ကြောက်သွားပြီး ကိုယ့်ဘာသာ တွေးမိတယ်။ “ထိန်းသိမ်းရေးစခန်းမှာ နေခဲ့ရတဲ့ လတွေအတွင်းမှာ ငါ့ရဲ့ အစာအိမ်ရောဂါက ပိုဆိုးလာပြီး အစာအိမ်သွေးကြောပေါက်တဲ့အထိ ဖြစ်လာတယ်။ အိမ်သာသွားတိုင်း သွေးခဲတွေ ပါလာတယ်။ ခြေထောက်တွေ၊ ခြေဖဝါးလည်း နည်းနည်း ရောင်ကိုင်းနေပြီ။ ဒီလို ခန္ဓာကိုယ်အခြေအနေနဲ့ လူမဆန်တဲ့ အဲဒီထောင်ထဲမှာ ဒီလောက်နှစ်တွေအကြာကြီးနေပြီး ငါ အသက်ရှင်ရက် ပြန်ထွက်လာနိုင်ပါ့မလား။ ထောင်ထဲမှာ ငါ သေသွားရင် ဘုရားသခင်ရဲ့ နိုင်ငံတော် အကောင်အထည်ပေါ်လာမဲ့ နေ့ရက်ကို လွဲချော်သွားမှာ မဟုတ်ဘူးလား” ပေါ့။ ဒါတွေကို စဉ်းစားမိပြီး ကျွန်တော့်ရဲ့ အနာဂတ်အတွက် မစိုးရိမ်ဘဲ မနေနိုင်ခဲ့ဘူး။ ပြီးတော့ စိတ်နှလုံးထဲမှာ ဘုရားသခင်အပေါ် အထင်အမြင်လွဲမှားမှုတချို့ ရှိခဲ့တယ်။ “ဘုရားသခင်က ငါ့ကို ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းဖို့ ဒီအခြေအနေကို အသုံးပြုနေတာလား” ဘုရားသခင်ကို အထင်အမြင်မလွဲသင့်ဘူးဆိုတာ၊ ကိုယ်တော် စီစဉ်ထားတဲ့ အခြေအနေက ကျွန်တော် လိုအပ်တဲ့အရာဖြစ်တယ်ဆိုတာကို သိပေမဲ့ လေးငါးရက်လောက်ထိ ကျွန်တော့်စိတ်နှလုံးက ဗြောင်းဆန်နေပြီး ညဘက်ဆို အိပ်မပျော်ခဲ့ဘူး။ နာကျင်မှုတွေကြားထဲကနေ ဘုရားသခင်ကို ကျွန်တော် ထပ်ခါတလဲလဲ အော်ဟစ်ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ ကိုယ်တော့်ကို အထင်အမြင်လွဲတာ မှားမှန်း ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ကျွန်တော် အခု အရမ်းအားနည်းနေပါတယ်။ ရှေ့ဆက်ကြုံရမဲ့ အခြေအနေကို တွေ့ကြုံဖြတ်သန်းဖို့ ကျေးဇူးပြုပြီး ယုံကြည်ခြင်းနဲ့ ခွန်အား ပေးသနားတော်မူပါ” ဆိုပြီးတော့။ ဆုတောင်းပြီးတဲ့နောက်မှာ ယေဟောဝါ ဘုရားသခင်က ယောရှုကို ပြောခဲ့တဲ့ ဓမ္မဟောင်းကျမ်းထဲက ကျမ်းပိုဒ်တစ်ပိုဒ်ကို ကျွန်တော် သတိရသွားတယ်။ “ခွန်အားရှိ၍ အလွန်သတ္တိရှိလော့။ မထိတ်လန့်နှင့်၊ တုန်လှုပ်ချောက်ချားခြင်း မရှိနှင့်။ အကြောင်းမူကား သင်သွားလေရာအရပ်တိုင်း၌ သင်၏ဘုရားသခင် ယေဟောဝါသည် သင်နှင့်အတူ ရှိတော်မူသောကြောင့်ဖြစ်၏။” (ယောရှုမှတ်စာ ၁:၉) အနန္တတန်ခိုးရှင် ဘုရားသခင် ပြောထားတာကိုလည်း ကျွန်တော် တွေးမိတယ်။ “စကြဝဠာရှိ အရာရာတိုင်းတွင်၊ ငါ အဆုံးအဖြတ်မပေးသောအရာ တစ်ခုမျှ မရှိချေ။ ငါ့လက်ထဲတွင်မရှိသည့်အရာ တစ်စုံတစ်ရာ ရှိသလော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁)) ဘုရားသခင်က အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိပြီး ထိန်းချုပ်ထားတယ်၊ ဒီတော့ စီစီပီရဲ့ ထောင်ထဲမှာ ဆိုရင်တောင်မှ ငါ့ကံကြမ္မာက ဘုရားလက်ထဲမှာ ရှိနေတာ မဟုတ်ဘူးလား။ ဒါကို တွေးမိတော့ ကျွန်တော့်စိတ်နှလုံးထဲမှာ လွတ်မြောက်သွားသလို ခံစားလိုက်ရတယ်။
၂၀၁၃ ခုနှစ်၊ အောက်တိုဘာလရဲ့ နေ့တစ်နေ့မှာ ပြစ်ဒဏ်ကျခံဖို့ ထောင်ကို ကျွန်တော် ပို့ခံရတယ်။ တရုတ်ပြည်ရဲ့ ထောင်တွေမှာ အကျဉ်းသားတွေက ပိုက်ဆံရှာဖို့ သူတို့ အသုံးပြုနိုင်တဲ့ အလကားရတဲ့ ကိရိယာတွေလိုပါပဲ။ အကျဉ်းသားတွေက တစ်ရက်ကို ၁၆ နာရီ၊ ၁၇ နာရီလောက် အလုပ်လုပ်ရတယ်။ တစ်ခါတလေ အလုပ်တွေ ပြီးဖို့လိုလို့ အချိန်လုလုပ်ရတဲ့အခါ အချိန်က ပိုတောင် ကြာသေးတယ်။ တာဝန် မပြီးတဲ့သူတွေဆိုရင် ရိုက်နှက်အပြစ်ပေးခံရတယ်။ အဲဒီအချိန်က ကျွန်တော့်အလုပ်က အသေးစား မီးပူတိုက်ရတာပါ။ တစ်ရက်ကို ဆယ်နာရီကျော် မီးပူကို ပုံစံတစ်မျိုးတည်းနဲ့ ကိုင်ထားရပြီး မြန်မြန်လှုပ်ရှားရတယ်။ ထောင်က လူတွေတန်းစီပြီးတပ်ဆင်ရတဲ့လမ်းကြောင်းပုံစံမျိုး လည်ပတ်တာဆိုတော့ တစ်ယောက်နှေးသွားရင် ထုတ်လုပ်ရေးလမ်းကြောင်းတစ်ခုလုံးရဲ့ အမြန်နှုန်းကို ထိခိုက်စေတယ်။ ဘယ်သူမဆို နှောင့်နှေးအောင်လုပ်မိရင် အပြစ်ပေးခံရတယ်။ မီးပူကို တင်းတင်းကျပ်ကျပ် အကြာကြီး ဆုပ်ကိုင်ထားရလို့ ကျွန်တော့်လက်ချောင်းနှစ်ချောင်းက ဆန့်လို့ မရတော့ဘူး။ အဲဒါတွေကို အတင်းဆွဲဆန့်မှ ရတယ်။ လူတွေ ပြောကြသလိုပဲ “လက်ချောင်းတွေက နှလုံးသားနဲ့ ဆက်နွယ်နေတယ်” ဆိုတော့ တစ်ခါတလေ လက်နာလွန်းလို့ ညဘက်ဆို အိပ်လို့ မရဘူး။ ဝန်ပိလွန်းတဲ့ အလုပ်ဒဏ်ရယ်၊ ကောင်းကောင်း မပျောက်သေးတဲ့ အစာအိမ်သွေးကြောပေါက်တဲ့ ဒဏ်ရယ်ကြောင့် ကျွန်တော့်ခန္ဓာကိုယ်က တော်တော် အားနည်းလာတယ်။ ထောင်ထဲရောက်ပြီး သုံးလမပြည့်ခင်မှာပဲ ခါးနာတာ၊ ရင်ဘတ်အောင့်တာ၊ အသက်ရှူကျပ်တာတွေ စဖြစ်လာတယ်။ ကျန်နေသေးတဲ့ ရှည်လျားလှတဲ့ ထောင်ဒဏ်ကာလကို တွေးမိပြီး ဒီအတိုင်းသာ ဆက်ဖြစ်နေရင် မသေရင်တောင် ဒုက္ခိတဖြစ်သွားမှာကို ကျွန်တော် ကြောက်မိတယ်။ ကျွန်တော် ဒုက္ခိတဖြစ်သွားရင် ထောင်က လွတ်ပြီးတဲ့နောက် ဘဝရပ်တည်ဖို့က ပြဿနာရှိလာမယ်။ ဒီတော့ ကျွန်တော့်တာဝန်ကို ကျွန်တော် ဘယ်လိုထမ်းဆောင်မလဲ။ တာဝန်မထမ်းဆောင်နိုင်ရင် ကယ်တင်ခံရဖို့ အခွင့်အရေး မရှိတော့ဘူး မဟုတ်လား။ အဆင်းနီသော နဂါးကြီးကို ဘုရားသခင် အမြန်ဆုံး ဒဏ်ခတ်ဖို့ ကျွန်တော် အရူးအမူးကို ဆန္ဒရှိခဲ့တယ်။ ဘာလို့လဲဆိုတော့ အဆင်းနီသော နဂါးကြီးသာ ပြိုလဲသွားရင် ကျွန်တော် ဒီဒုက္ခတွေကို ခံစားစရာ လိုမှာ မဟုတ်တော့ဘူးလေ။ အဲဒီအချိန်တုန်းက အပြင်က သတင်းတွေကို ကျွန်တော် တော်တော်လေး နားစွင့်နေခဲ့တယ်။ အကျဉ်းသားအသစ်တွေ ရောက်လာရင် အပြင်မှာ အခြေအနေ ဘယ်လိုရှိလဲဆိုတာကို ကျွန်တော် သိအောင်ကြိုးစားပြီး၊ ကပ်ဘေးတွေ၊ မငြိမ်မသက်မှုတွေများ ဖြစ်နေသလားဆိုပြီး စုံစမ်းမေးမြန်းခဲ့တယ်။ ဒါပေမဲ့ တစ်ရက်ပြီးတစ်ရက်၊ အပြင်လောကကြီးက အေးဆေးငြိမ်သက်နေတော့ ကျွန်တော် နည်းနည်း စိတ်ဓာတ်ကျမိတယ်။ ဘုရားသခင်က ဘာလို့ အဆင်းနီသော နဂါးကြီးကို ဒဏ်မခတ်တာလဲ။ ဒီလိုပုံစံနဲ့ ထောင်ထဲမှာ အကြာကြီး နေရရင် ငါ မသေရင်တောင် မသန်စွမ်း ဖြစ်တော့မှာပဲ။ ဒါတွေကို တွေးမိပြီး ကျွန်တော့်စိတ်နှလုံးက မှောင်မိုက်ပြီး စိတ်ပျက်အားငယ်မှုတွေနဲ့ ပြည့်နေခဲ့တယ်။ ခံစားရခက်နေတဲ့အချိန်မှာ ဘုရားသခင်ဆီ ကျွန်တော် ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ လက်က မသန်စွမ်းဖြစ်သွားမှာကို တွေးမိရုံနဲ့တင် ကျွန်တော် အရမ်း စိတ်ဓာတ်ကျမိပါတယ်။ မသန်စွမ်းဖြစ်သွားရင် ဘဝမှာ ထွက်ပေါက်မရှိတော့မှာကိုလည်း ကျွန်တော် စိုးရိမ်နေမိတယ်။ ပြီးတော့ တာဝန် မထမ်းဆောင်နိုင်ဘဲနဲ့ အဲဒါကြောင့်မို့လို့ ကယ်တင်ခံရဖို့ မဖြစ်နိုင်တော့မှာကိုလည်း ပူပန်မိပါတယ်။ ဘုရားသခင်၊ ဒီမှားယွင်းတဲ့ အခြေအနေထဲကနေ ထွက်နိုင်ဖို့ ကျွန်တော့်ကို လမ်းပြပေးပါ” ဆိုပြီးတော့ပေါ့။
တစ်နေ့တော့ အချုပ်ခန်းထဲကနေ အပြင်ခဏပေးထွက်တဲ့အချိန်မှာ တစ်ချိန်က ခြောက်သွေ့ ဝါဖျော့နေတဲ့ အဝေးက တောင်တွေဟာ ကျွန်တော် သတိမထားမိလိုက်ဘဲ စိမ်းလန်းလာတာကို တွေ့လိုက်ရတယ်။ တောင်ပေါ်က ပန်းတွေ၊ မြက်ပင်တွေကို ကြည့်လိုက်မိတဲ့အချိန်မှာ ဘုရားနှုတ်ကပတ်တော်တချို့ ကျွန်တော့်ခေါင်းထဲ ဖြတ်ခနဲ ပေါ်လာတယ်။ “ပန်းများနှင့် မြက်ပင်တို့သည် တောင်စောင်းအနှံ့ ပေါက်ရောက်နေသော်လည်း၊ နှင်းပန်းများသည် နွေဦးရာသီ မရောက်မီ မြေကြီးပေါ်တွင် ငါ၏ ဘုန်းအသရေကို ဂုဏ်ရောင်ထွန်းပြောင်မှု ဖြည့်ပေးကြသည်။ လူသားသည် ထိုသို့သော အရာများကို စွမ်းဆောင်နိုင်သလော။ သူသည် ငါပြန်မလာမီ ကမ္ဘာမြေပေါ်တွင် ငါ့ကို သက်သေခံနိုင်မည်လော။ အဆင်းနီသော နဂါးကြီး၏ နိုင်ငံတွင် ငါ၏နာမအတွက် သူသည် မိမိကိုယ်ကိုယ် ဆက်ကပ်နိုင်မည်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၃၄)) ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် ထပ်ခါတလဲလဲ သေချာတွေးကြည့်မိတယ်။ ပန်းတွေ၊ မြက်ပင်တွေက သာမန်ဖြစ်ပြီး ရိုးရှင်းပေမဲ့ ဖန်ဆင်းရှင်ဆီကနေ ဘာမှ မတောင်းဆိုကြဘူး ဆိုတာကိုပေါ့။ အေးခဲတဲ့ ဆောင်းရာသီပဲ ဖြစ်ဖြစ်၊ ပူပြင်းတဲ့ နွေရာသီပဲ ဖြစ်ဖြစ် သူတို့ဟာ ဘုရားသခင် သတ်မှတ်ပေးထားတဲ့ နိယာမတွေအတိုင်း တစ်နှစ်ပြီးတစ်နှစ် ကြီးထွားပြီး ပွင့်လန်းနေကြတုန်းပဲ။ ဘုရားသခင် ဖန်ဆင်းထားတဲ့ ကမ္ဘာမြေကြီးကို အလှဆင်ပေးရင်း ဘုရားသခင် ပြုတော်မူချက်တွေရဲ့ အံ့သြဖွယ်ရာကို သက်သေခံနေကြတယ်။ ဘုရားသခင်က ပြောသည် “ပန်းများနှင့် မြက်ပင်တို့သည် တောင်စောင်းအနှံ့ ပေါက်ရောက်နေသော်လည်း၊ နှင်းပန်းများသည် နွေဦးရာသီ မရောက်မီ မြေကြီးပေါ်တွင် ငါ၏ ဘုန်းအသရေကို ဂုဏ်ရောင်ထွန်းပြောင်မှု ဖြည့်ပေးကြသည်။” ကျွန်တော့်ကို စိတ်ဓာတ်ကျတာတွေထဲကနေ ဆွဲထုတ်ဖို့ လမ်းပြရာမှာ ဘုရားသခင်က ဒီနှုတ်ကပတ်တော်တွေကို အသုံးပြုနေတယ်ဆိုတာ ကျွန်တော် ရှင်းရှင်းလင်းလင်း နားလည်လိုက်တယ်။ ကျွန်တော် စိတ်ထဲမှာ ခံစားရသလို ရှက်လည်းရှက်မိတယ်။ ပန်းတွေ၊ မြက်ပင်တွေလိုပဲ ကျွန်တော်ဟာ သေးငယ်တဲ့ ဖန်ဆင်းခံတစ်ဦးသာ ဖြစ်ပေမဲ့ ဘုရားသခင်ကို ကျွန်တော့်ဆန္ဒအတိုင်း လုပ်ပေးဖို့ အမြဲတမ်း တောင်းဆိုနေခဲ့တယ်။ ဘုရားသခင်က ကျွန်တော့်တောင်းဆိုချက်တွေကို မဖြည့်ဆည်းပေးတဲ့အခါ၊ အဆင်းနီသော နဂါးကြီးကို ဒဏ်မခတ်တဲ့အခါ ကျွန်တော့်စိတ်နှလုံးက ကိုယ်တော်နဲ့ ဝေးကွာသွားခဲ့တယ်။ ကျွန်တော်က တကယ်ကို ဆင်ခြင်တုံတရား ကင်းမဲ့ခဲ့တာပဲ။ ဘုရားသခင် အမှုပြုတဲ့အခါမှာ ကိုယ်တော့်မှာ ကိုယ်ပိုင် အစီအစဉ် ရှိတော်မူတယ်။ အဆင်းနီသော နဂါးကြီးကို ဖျက်ဆီးဖို့ သင့်တော်တဲ့အချိန်ကို ဘုရားသခင် သိတယ်။ အရာခပ်သိမ်းကို ဘုရားသခင် စီစဉ်ညွှန်ကြားတာကို ကျွန်တော် ခွင့်ပြုသင့်တယ်။ ပြီးတော့ ကျွန်တော် ဒုက္ခိတ ဖြစ်မလား၊ အသက်ရှင်မလား၊ တာဝန် ထမ်းဆောင်နိုင်မလား ဆိုတာတွေအားလုံးက ဘုရားသခင် လက်ထဲမှာပဲ ရှိတယ်။ ကျွန်တော့်ပူပန်မှုတွေက မလိုအပ်ပါဘူး။ ဒါတွေကို တွေးမိပြီး ကျွန်တော့်စိတ်နှလုံးက ပိုငြိမ်သက်သွားတယ်။
နောက်ပိုင်းမှာ ဖြစ်ချင်တော့တခြားအကျဉ်းသားတစ်ယောက်ဆီကနေ “နာမည်ကျော်ကြားသူတို့၏ ယုံကြည်ခြင်း” လို့ခေါ်တဲ့ စာအုပ်တစ်အုပ်ကို တွေ့လိုက်ရတယ်။ အဲဒီစာအုပ်ထဲမှာ ပြည်တွင်းပြည်ပက နာမည်ကြီး သာသနာပြုတွေအများကြီးရဲ့ ဇာတ်လမ်းတွေ ပါတယ်။ ဟပ်ဆင်တေလာ၊ ရောဘတ် မောရစ်ဆင်၊ ဝမ်မင်တောင်း၊ ဝပ်ချ်မင်းနီနဲ့ တခြားလူတွေရောပေါ့။ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတဲ့ စီစီပီ ထောင်ထဲမှာ ဒီလိုစာအုပ်မျိုး တွေ့ရမယ်လို့ ကျွန်တော် လုံးဝ မထင်ထားခဲ့ဘူး။ ဒါနဲ့ ကျွန်တော်လည်း အလောတကြီးနဲ့ ငှားဖတ်လိုက်တယ်။ စာအုပ်ထဲက ခေတ်အဆက်ဆက် သန့်ရှင်းသူတွေရဲ့ ကောင်းမွန်တဲ့ သက်သေခံချက်တွေကနေ ကျွန်တော် အများကြီး ခွန်အားရခဲ့တယ်။ ပြီးတော့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် တွေးမိတယ်။ “ယခု သင်တို့အပေါ် ငါ အပ်နှင်းသည့်အရာသည် မောရှေထက် သာလွန်ပြီး ဒါဝိဒ်ကို ညှိုးမှိန်သွားစေသည်၊ ထို့ကြောင့် အလားတူ သင်တို့၏ သက်သေခံချက်သည် မောရှေ၏ သက်သေခံချက်ထက် သာလွန်ရန်နှင့် သင်တို့၏စကားများသည် ဒါဝိဒ်ထက် ကြီးမြတ်ရန် ငါတောင်းဆို၏။ ငါသည် သင်တို့ကို အဆတစ်ရာပေး၏။ ထို့ကြောင့် ထိုနည်းတူ ငါ့ကိုလည်း သင်တို့ သာတူညီမျှ ပြန်ပေးရန် ငါတောင်းဆို၏။ ငါသည် လူသားမျိုးနွယ်ထံ အသက် ပေးသူဖြစ်ကြောင်း သင်တို့ သိရမည်။ သင်တို့သည်လည်း ငါ့ထံမှ အသက်ကို ရရှိပြီး ငါ့အတွက် သက်သေခံရမည့်သူများ ဖြစ်ကြ၏။ ဤသည်မှာ သင်တို့အပေါ် ငါ ချမှတ်ပြီး ငါ့အတွက် သင်တို့ လုပ်ပေးသင့်သည့် သင်တို့၏ တာဝန် ဖြစ်သည်။...သင်တို့သည် ကောင်းကင်ဘုံရှိ ငါ၏နက်နဲသောအရာများကို ဟေရှာယနှင့် ယောဟန်တို့ထက် ပို၍ နားလည်ပေသည်။ သင်တို့သည် ငါ၏ ချစ်ခင်ဖွယ်ကောင်းခြင်းနှင့် ကြည်ညို ကိုင်းရှိုင်းဖွယ် ကောင်းခြင်းတို့ကို အတိတ်ခေတ် ကာလများ၏ သန့်ရှင်းသူအားလုံးထက် ပို၍ သိကြ၏။ သင်တို့ ရရှိပြီးဖြစ်သည်မှာ ငါ၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်မျှ ဖြစ်သည်သာမက ယောဟန်ထက် သာ၍ ကြီးမြတ်သော ရူပါရုံနှင့်ဗျာဒိတ်လည်း ဖြစ်၏။ သင်တို့သည် သာ၍များပြားသော နက်နဲသည့် အရာများကို နားလည်ကြကာ၊ ငါ၏ စစ်မှန်သော မျက်နှာထားကိုလည်း ဖူးမြင်ကြပြီး ဖြစ်သည်။ သင်တို့သည် ငါ၏တရားစီရင်ခြင်းကို ပို၍ လက်ခံကြပြီးဖြစ်ကာ ငါ၏ ဖြောင့်မတ်သော စိတ်သဘောထားကို ပိုသိရှိကြပြီးဖြစ်သည်။ ထို့ကြောင့် သင်တို့သည် နောက်ဆုံးသောကာလတွင် မွေးဖွားခဲ့ကြသော်လည်း၊ သင်တို့၏ သိနားလည်မှုသည် ယခင်နှင့်အတိတ်က နားလည်မှု ဖြစ်ပြီး၊ ယနေ့ခေတ်၏ အမှုအရာများကိုလည်း သင်တို့ တွေ့ကြုံကြပြီးဖြစ်ကာ ဤအရာကို ငါ ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ထားခြင်း ဖြစ်သည်။ ငါသည် သင်တို့ကို အလွန်များလှစွာ ပေးပြီးဖြစ်သကဲ့သို့ သင်တို့သည် ငါ့အထဲ၌ များစွာ တွေ့မြင်ကြပြီး ဖြစ်သည့်အတွက်၊ သင်တို့ကို ငါ တောင်းဆိုသည့်အရာသည် လွန်ကဲသောအရာ မဟုတ်ပေ။ ထို့ကြောင့် အတိတ်ကာလများ၏ သန့်ရှင်းသူတို့ထံ ငါ့အဖို့ သက်သေခံပေးရန် သင်တို့ကို ငါစေခိုင်းခြင်း ဖြစ်ပြီး ဤသည်မှာ ငါ့စိတ်နှလုံး၏ တစ်ခုတည်းသော ဆန္ဒ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း) ခေတ်အဆက်ဆက်က သန့်ရှင်းသူတွေကို ကျွန်တော် တွေးမိတယ်။ ကျွန်တော် ခံစားခဲ့ရသလိုမျိုး ဘုရားနှုတ်ကပတ်တော်တွေ အများကြီးရဲ့ ရေလောင်းပေးခြင်းနဲ့ ထောက်ပံ့မှုကို သူတို့ မခံစားခဲ့ရပေမဲ့ သခင်ယေရှုရဲ့ ကယ်တင်ခြင်းအတွက် သက်သေခံဖို့ သူတို့အသက်တွေကို ပေးဆပ်ခဲ့ကြတယ်။ တချို့က ကျောက်ခဲနဲ့ ပေါက်သတ်ခံရတယ်၊ တချို့က မြင်းတွေနဲ့ ဆွဲဖြဲခံရတယ်၊ တချို့က လွှနဲ့ တိုက်သတ်ခံရပြီး တချို့က ဇောက်ထိုး ကားစင်တင် အသတ်ခံခဲ့ရတယ်။ ဒါပေမဲ့ သူတို့အားလုံး ဘုရားသခင်အတွက် ကောင်းမွန်ပြီး ထူးကဲတဲ့ သက်သေကို ခံခဲ့ကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ အများကြီးရဲ့ ထောက်ပံ့မှုကို ကျွန်တော် ခံစားခဲ့ရတာဆိုတော့ စာတန်ကို အရှက်ရစေဖို့အတွက် ခေတ်အဆက်ဆက်က သန့်ရှင်းသူတွေ လုပ်ခဲ့သလိုမျိုး ကျွန်တော်လည်း ဘုရားသခင်အတွက် ကောင်းမွန်ပြီး ထူးကဲတဲ့ သက်သေကို ခံသင့်တယ်။ ဒါက ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံထားတဲ့ ကျွန်တော်တို့အပေါ်ထားတဲ့ ဘုရားသခင်ရဲ့ မျှော်လင့်ချက်လည်း ဖြစ်တယ်။ ဒါကို တွေးမိပြီး ခေတ်အဆက်ဆက်က သန့်ရှင်းသူတွေရဲ့ နမူနာကို လိုက်ဖို့ ကျွန်တော် စိတ်ပိုင်းဖြတ်လိုက်တယ်။ ကျွန်တော့် ဇာတိပကတိကို ပုန်ကန်ဖို့နဲ့ ဘုရားသခင်အပေါ်ထားတဲ့ ကျွန်တော့်ရဲ့ ကျိုးကြောင်းမသင့်တဲ့ တောင်းဆိုမှုတွေကို ရုတ်သိမ်းဖို့၊ ကျွန်တော့်ရဲ့ အနာဂတ်နဲ့ ကံကြမ္မာကို ဘုရားလက်ထဲ အပ်နှံဖို့၊ ပြီးတော့ ကိုယ်တော်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်တွေအောက်မှာ ကိုယ့်ကိုယ်ကိုယ်ထားရှိဖို့ ဆန္ဒရှိလာခဲ့တယ်။ ကျွန်တော် တကယ်ပဲ ဒုက္ခိတ ဖြစ်သွားရင်တောင်မှ ဘုရားသခင် နောက်တော်ကို အဆုံးထိ လိုက်မယ်။ ပြီးတော့ စီစီပီရဲ့ ထောင်ထဲမှာ ကျွန်တော် တကယ်ပဲ နှိပ်စက်ခံရပြီး သေသွားရင်တောင်မှ ဒါက ဖြောင့်မတ်ခြင်းအတွက် ညှဉ်းပန်းနှိပ်စက်ခံရတာ ဖြစ်မယ်။ ဒါက မွန်မြတ်တဲ့ အရာပဲ၊ ကျွန်တော် ဝမ်းမနည်းသင့်ဘူး။ အဲဒီအစား ကျွန်တော့်သက်သေခံချက်မှာ ခိုင်မာစွာ ရပ်တည်ဖို့ ဘုရားသခင်ကို အမှီပြုသင့်တယ်။ နောက်ပိုင်း နေ့ရက်တွေမှာ ကျွန်တော် မှတ်မိနိုင်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို အသိတရားရှိရှိ သေချာစဉ်းစားကြည့်ခဲ့တယ်။ ကျွန်တော် သင်ထားတဲ့ ဓမ္မသီချင်းတွေကို ဆိုတယ်၊ ပြီးတော့ ကျွန်တော့်အခက်အခဲတွေကို ဘုရားသခင်ဆီ အပ်နှံပြီး ကိုယ်တော့်ကို မျှော်ကြည့်ခဲ့တယ်။ တဖြည်းဖြည်းနဲ့ ကျွန်တော့်အခြေအနေ တိုးတက်လာတယ်။
ဒီအတွေ့အကြုံကတစ်ဆင့် ကျွန်တော့်ရဲ့ အနာဂတ်နဲ့ ကံကြမ္မာအတွက် တွေးတာတွေကို ဘေးဖယ်ထားနိုင်ပြီလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်အပေါ် ကျရောက်လာတဲ့ အခြေအနေတစ်ခုက ကျွန်တော့်ကို ထုတ်ဖော်လိုက်ပြီး အဲဒီလိုလုပ်ဖို့က ဒီလောက်မရိုးရှင်းဘူးဆိုတာ ရှင်းသွားစေခဲ့တယ်။ ၂၀၁၄ ဆောင်းရာသီမှာ ကျွန်တော့်ခန္ဓာကိုယ် အားနည်းတာရယ်၊ ထောင်ထဲက အခြေအနေ အရမ်းဆိုးတာရယ်ကြောင့် ဆောင်းတွင်း အရမ်းအေးတဲ့အချိန်မှာတောင် ခေါင်းလျှော်၊ ရေချိုးတာကို ရေဘုံဘိုင်က ရေအေးနဲ့ပဲ လုပ်ရလို့ ကျွန်တော် အမြဲလိုလို အအေးမိပြီး နှာရည်ယိုခဲ့တယ်။ ကြာလာတော့ နှာခေါင်း ခဏခဏ ညှစ်ရလို့ နှာခေါင်းထဲက သွေးကြောမျှင်လေးတွေ ပေါက်သွားတယ်။ အစတုန်းကတော့ သွေးနည်းနည်းပဲ တိတ်လိုက် ထွက်လိုက် ဖြစ်နေတာ။ ဒါပေမဲ့ အချိန်ကြာလာတော့ သွေးထွက်တာက ပိုဆိုးလာပြီး နောက်ဆုံးမှာ ရေဘုံဘိုင်ဖွင့်ထားသလိုမျိုး သွေးတွေ အဆက်မပြတ် စီးကျတဲ့ အကြိမ်တွေတောင် ရှိလာတယ်။ အစောင့်တွေက ကျွန်တော် သွေးထွက်လွန်နေတာကို တွေ့တော့ အလုပ်ရုံထဲမှာ သေသွားမှာ စိုးတာနဲ့ ထောင်ဆေးရုံကို ပို့လိုက်ကြတယ်။ ဒါပေမဲ့ ထောင်ဆေးရုံက ဆေးကုသမှု အခြေအနေက အရမ်းညံ့တယ်။ ဆရာဝန်က ပုလင်းပဲ ချိတ်ပေးပြီး သွေးတိတ်အောင် ဘာမှ မလုပ်ပေးဘူး။ ပြီးတော့ သူက ကျွန်တော့်ရှေ့မှာ ပလပ်စတစ် ပုံးတစ်ပုံး ချပေးပြီး အေးစက်စက်နဲ့ ပြောတယ်။ “သွေးထွက်ရင် ပုံးထဲပဲ ခံထား။ ကြမ်းပြင်ပေါ်တွေ ပေပွကုန်အောင် လျှောက်မထွက်နဲ့” တဲ့။ ပြောပြီးတာနဲ့ သူက လှည့်ထွက်သွားတယ်။ နှာခေါင်းသွေးက တိတ်လိုက် ထွက်လိုက် ဖြစ်နေတော့ သွေးတိတ်အောင် တစ်ရှူးနဲ့ နှာခေါင်းပိတ်ထားလိုက်တယ်။ ဒါပေမဲ့ နှာခေါင်းပိတ်ထားတော့ သွေးတွေက ပါးစပ်ထဲကနေ ယိုစီးကျလာတယ်။ သွေးထွက်လွန်လို့ ကျွန်တော့်ခန္ဓာကိုယ်ထဲက အပူငွေ့တွေ ဖြည်းဖြည်းချင်း ထွက်သွားသလို ခံစားရတယ်။ နှာခေါင်းထဲကနေ သွေးတွေက တိတ်လိုက် ထွက်လိုက် ဖြစ်နေပြီး သိပ်မကြာခင်မှာ တစ်ရှူးတစ်ထုတ်လုံး ကုန်သွားတယ်။ ကျွန်တော် လုံးဝ အားကုန်သွားပြီး ပါးစပ်နဲ့ နှာခေါင်းက သွေးတွေကို အဝတ်အစားပေါ် စီးကျခွင့်ပြုထားလိုက်ရုံကလွဲပြီး ဘာမှ မတတ်နိုင်တော့ဘူး။ သိပ်မကြာခင်မှာ ကျွန်တော့်ရင်ဘတ်ပေါ်မှာ သွေးကွက်ကြီး ဖြစ်လာပြီး ကျွန်တော် ပိုပိုပြီး ချမ်းလာတယ်။ အေးစက်နေတဲ့ နံရံကိုပဲ အားမပါဘဲ မှီထားနိုင်တော့တယ်။ ကျွန်တော့်အသက် ဆုံးခန်းတိုင်ဖို့ စက္ကန့်ပိုင်းပဲ လိုတော့သလို ခံစားရတယ်။ မျက်နှာကြက်ကို ငေးကြည့်ရင်း ကိုယ့်ဘာသာ တွေးမိတယ်။ “ဒီတိုင်းသာ ဆက်သွားရင် သွေးထွက်လွန်ပြီး သေဖို့ သိပ်မလိုတော့ပါဘူး။ ငါသာ ထောင်ထဲမှာ ဒီလိုပုံစံနဲ့ သေသွားရင် ဘယ်သူမှ သိမှာတောင် မဟုတ်ဘူး။ ညီအစ်ကို မောင်နှမတွေကို ဘယ်တော့မှ ပြန်တွေ့ရတော့မှာ မဟုတ်ဘူး။ ဘုရားသခင် ရဲ့ ဂုဏ်ကျက်သရေကို မြင်ရဖို့ဆိုတာ ပိုဆိုးတယ်” ပေါ့။ ဘုရားသခင်ကို တွေ့ရှိပြီးနောက်မှာ စီစီပီ လိုက်ဖမ်းလို့ ကျွန်တော့်အလုပ်အကိုင်ကို စွန့်လွှတ်ပြီး အိမ်ကနေ ထွက်ခွာခဲ့ပုံတွေကိုလည်း တွေးမိတယ်။ ပြီးတော့ အသင်းတော်မှာ ကျွန်တော့်တာဝန်ကို အမြဲတမ်း ထမ်းဆောင်နေခဲ့ပုံတွေကိုလည်း တွေးမိတယ်။ ကောင်းချီးမင်္ဂလာတွေ ရမဲ့အစား ထောင်ထဲမှာပဲ သေဆုံးရမယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။ တွေးလေ၊ ခံစားရပိုဆိုးလေ ဖြစ်ပြီး ကျွန်တော့်စိတ်နှလုံးက ခြောက်သွေ့အထီးကျန်မှုတွေနဲ့ ပြည့်နေခဲ့တယ်။ နာကျင်မှုတွေကြားထဲကနေ ဘုရားသခင်ဆီ ကျွန်တော် တိတ်တဆိတ် ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ ကျွန်တော် ကြုံတွေ့နေရတဲ့အရာမှာ ကိုယ်တော်ရဲ့ ရည်ရွယ်ချက် ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ဝိညာဉ်ရင့်ကျက်မှုက အရမ်းငယ်ပါတယ်။ သေတော့မယ်ဆိုတာကို တွေ့ရတော့ စိတ်နှလုံးထဲမှာ နာကျင်မှုနဲ့ မျှော်လင့်ချက်မဲ့တာတွေ ပြည့်နေပါတယ်။ ဘုရားသခင်၊ ကိုယ်တော်အားဖြင့် ကျွန်တော် ကြံ့ကြံ့ခံနိုင်ဖို့အတွက် ကျွန်တော့်ကို ယုံကြည်ခြင်းနဲ့ ခွန်အား ပေးသနားတော်မူပါ” ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ ယောဘ စမ်းသပ်မှု ခံရတုန်းက ပြောခဲ့တဲ့ စကားတွေကို ကျွန်တော် တွေးမိတယ်။ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” (ယောဘဝတ္ထု ၁:၂၁) ယောဘဆီကို စာတန်ရဲ့ စုံစမ်းသွေးဆောင်ခြင်း ရောက်လာတဲ့အချိန်မှာ သူပိုင်ဆိုင်သမျှနဲ့ သားသမီးတွေကို ဆုံးရှုံးခဲ့ရတယ်။ ပြီးတော့ တစ်ကိုယ်လုံးမှာလည်း အနာစိမ်းတွေ ပေါက်ခဲ့တယ်။ ဒီအရာတွေက ဘယ်သူ့အတွက်မဆို မခံနိုင်လောက်တဲ့ ထိုးနှက်ချက်တွေ ဖြစ်ပေမဲ့ ယောဘမှာ ဘုရားသခင်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံး ရှိခဲ့တယ်။ သူက ဘုရားသခင်ကို မညည်းတွားခဲ့ဘူး၊ နှုတ်ဖြင့်လည်း မပြစ်မှားခဲ့ဘူး။ အဲဒီအစား ဘုရားသခင်ဆီကနေပဲ လက်ခံခဲ့တယ်။ သူ့စည်းစိမ်နဲ့ သားသမီးတွေ အားလုံးကို ဘုရားသခင် ပေးသနားခဲ့တာဖြစ်တယ်လို့ ယုံကြည်ပြီး ဓားပြတွေ တိုက်ယူသွားတာလို့ ထင်ရပေမဲ့ ဒါက ဘုရားသခင် ခွင့်ပြုထားတာ ဖြစ်တယ်။ ဒါကြောင့် ယောဘက ဘုရားသခင်ရဲ့ ရုပ်သိမ်းတာကို နာခံခဲ့ပြီး သူပိုင်ဆိုင်သမျှ အရာအားလုံးကို ဘုရားသခင်ဆီ လိုလိုလားလား ပြန်ပေးအပ်ခဲ့တယ်။ ဘုရားသခင်ရဲ့ သန့်ရှင်းသော နာမတော်ကို ချီးမွမ်းနေတုန်းပဲ။ စာတန်ရဲ့ စုံစမ်းသွေးဆောင်ခြင်းတွေကြားမှာ ယောဘရဲ့ ယုံကြည်ခြင်း၊ ကျိုးနွံနာခံခြင်းနဲ့ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းတွေက ဘုရားသခင်အတွက် သက်သေခံချက်မှာ ခိုင်မာစွာ ရပ်တည်စေပြီး စာတန်ကို အရှက်ရစေခဲ့တယ်။ ပြီးတော့ ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းနဲ့ ကောင်းချီးကို သူ ရရှိခဲ့တယ်။ ယောဘရဲ့ သက်သေခံချက်ကို သေချာစဉ်းစားကြည့်ပြီး ကျွန်တော့်အသက်အပါအဝင် ကျွန်တော် ပိုင်ဆိုင်သမျှ အရာအားလုံးကို ဘုရားသခင် ပေးသနားထားတာဖြစ်တယ်၊ ဘုရားသခင်က ပြန်ရုပ်သိမ်းတာက တရားမျှတတယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျွန်တော် နာခံသင့်တယ်ဆိုတာ နားလည်လိုက်တယ်။ ဒါပေမဲ့ သေခြင်းနဲ့ ရင်ဆိုင်ရတဲ့အခါ ကျွန်တော် နာကျင်ပြီး စိတ်ပျက်အားငယ်နေတာကို တွေ့ရတယ်။ ပြီးတော့ ကျွန်တော့်စိတ်နှလုံးက မလိုလားဘူး ဖြစ်နေတယ်။ ဘုရားသခင်အပေါ် ကျိုးနွံနာခံမှု မရှိတာ၊ ကျွန်တော့် ယုံကြည်ခြင်းက တကယ်ကို သေးနုပ်လွန်းတာကို ကျွန်တော် မြင်လိုက်ရတယ်။ ဒါကို သဘောပေါက်ပြီး ဘုရားသခင်ဆီ ကျွန်တော် ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ ကျွန်တော့်အသက်ကို ကိုယ်တော်ရဲ့ လက်တော်ထဲမှာ အပ်နှံဖို့ ဆန္ဒရှိပါတယ်။ ကျွန်တော် ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ကိုယ်တော်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို နာခံဖို့ ဆန္ဒရှိပါတယ်” ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ ကျွန်တော့်စိတ်နှလုံးက ပိုပြီး ငြိမ်းချမ်းလာတယ်။ ပြီးတော့ ဘုရားသခင်ဟာ ကျွန်တော့်ရဲ့ ခိုင်မာပြီး အားကြီးတဲ့ အမှီပြုရာ ဖြစ်တယ်လို့ ခံစားလိုက်ရတယ်။ မထင်မှတ်ဘဲ ကျွန်တော့်ရဲ့ အသက်ရှင်ခြင်းနဲ့ သေခြင်းကို ဘုရားသခင်ဆီ လုံးလုံးလျားလျား အပ်နှံလိုက်တဲ့အခါ ဘုရားသခင်ရဲ့ အမှုတွေကို ကျွန်တော် မြင်ခဲ့ရတယ်။ ကျွန်တော်နဲ့ လုံးဝမသိတဲ့ အကျဉ်းသားတစ်ယောက်ကို ဘုရားသခင်က စီစဉ်ပေးပြီး ထောင်ဆေးရုံအုပ်ကြီးကို သွားရှာခိုင်းတယ်။ ကျွန်တော်က ဆေးရုံအုပ်ကြီးနဲ့ တစ်မြို့သားတည်းပဲလို့ ပြောပြီး ကျွန်တော့်ကို ကူညီပေးဖို့ တောင်းဆိုခိုင်းတယ်။ တကယ်တမ်းတော့ ကျွန်တော်က ဆေးရုံအုပ်ကြီးနဲ့ မြို့မတူပါဘူး။ ဆေးရုံအုပ်ကြီး ရောက်လာပြီး ကျွန်တော့်တစ်ကိုယ်လုံး သွေးတွေ ပေနေတာကို မြင်တော့ သူက အမြန်ပြောတယ်။ “မပူပါနဲ့၊ မင်းကို သွေးသွင်းဖို့နဲ့ အရေးပေါ် ကုသဖို့အတွက် မြို့ပေါ်ဆေးရုံကို ပို့ဖို့ လူစီစဉ်ပေးမယ်” တဲ့။ ဒါပေမဲ့ ထောင်အစောင့်တွေက ကျွန်တော့်ကို မြို့ပေါ်ဆေးရုံ ပို့ပြီးတဲ့နောက်မှာ စရိတ်သက်သာအောင်လို့ သွေးတိတ်အောင် ခွဲစိတ်တာလောက်ပဲ လုပ်ပေးခဲ့တယ်။ သွေးသွင်းတာ လုပ်မပေးခဲ့ဘူး။ သွေးတွေ အများကြီး ထွက်ထားတာဆိုတော့ အစောင့်တွေက ကျွန်တော့်ကို ရက်နည်းနည်းလောက် အနားယူဖို့ သေချာပေါက် စီစဉ်ပေးမယ်လို့ ကျွန်တော် ထင်ခဲ့တယ်။ ဒါပေမဲ့ မထင်မှတ်ဘဲ ခွဲစိတ်ခန်းကနေ ထွက်ထွက်ချင်းမှာပဲ အစောင့်တွေက ကျွန်တော့်ကို အလုပ်ရုံမှာ အလုပ်ပြန်လုပ်ဖို့ တန်းပို့လိုက်တယ်။ ကျွန်တော် မူးဝေပြီး ခေါင်းမကြည်မလင် ဖြစ်နေတယ်။ မြင်ကွင်းတစ်ခုလုံးက လည်နေတယ်။ လူ့အသက်ကို တန်ဖိုးမထားတဲ့ စီစီပီရဲ့ လုပ်ရပ်ကို ကျွန်တော့်စိတ်ထဲမှာ ပိုပြီး မုန်းတီးမိတယ်။ ဘုရားသခင်ကို ယုံကြည်ပြီး ဧဝံဂေလိဟောရင်း ဘဝရဲ့ လမ်းမှန်ကို လျှောက်နေတဲ့ ကျွန်တော်က စီစီပီရဲ့ ဒီလောက် ရက်စက်ကြမ်းကြုတ်မှုကို ခံနေရတယ်ဗျာ။ မုန်းတီးတာအပြင် ကျွန်တော့်စိတ်နှလုံးထဲမှာ ဝမ်းနည်းမှုတွေနဲ့ ပြည့်နေပြီး ကျွန်တော် တွေးမိတယ်။ “ဒီတစ်ခါတော့ ငါ တကယ် ထောင်ထဲမှာ သေရတော့မဲ့ပုံစံပဲ၊ ပြီးတော့ ဘုရားသခင်ရဲ့ နိုင်ငံတော် အကောင်အထည်ပေါ်လာမဲ့ နေ့ရက်ကို ဘယ်တော့မှ မြင်ရတော့မှာ မဟုတ်ဘူး” ပေါ့။ ကျွန်တော့်အခြေအနေ မှားနေမှန်း သဘောပေါက်လိုက်တယ်။ ပြီးတော့ အရင် အတွေ့အကြုံတွေကို ပြန်စဉ်းစားကြည့်တော့ ဒီရောဂါက ဘုရားသခင် ကျွန်တော့်ကို စမ်းသပ်နေတာဆိုတာ သိလိုက်တယ်။ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံဖို့၊ ပြီးတော့ ကိုယ်တော်ရဲ့ အလိုတော်ကို ရှာဖွေဖို့ ကျွန်တော် ဆန္ဒရှိခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်တော် ကျိုးနွံနာခံလိုက်တဲ့အခါ ဘုရားသခင်ရဲ့ အမှုတွေကို ထပ်ပြီး မြင်တွေ့ခဲ့ရတယ်။ ကျွန်တော့်ဇာတိမြို့က ထောင်အစောင့်တစ်ယောက်က ကျွန်တော့်အခြေအနေကို ကြားပြီး အလုပ်ရုံခေါင်းဆောင်ဆီမှာ ကူပြောပေးတယ်။ ကျွန်တော့်ကို ရက်နည်းနည်း အနားယူခွင့်ပေးဖို့ သူ့ကိုပြောပေးပြီး နောက်ဆုံးမှာ ကျွန်တော် ပြန်ကောင်းလာခဲ့တယ်။ ဘုရားသခင်ရဲ့ အနန္တတန်ခိုးနဲ့ အချုပ်အခြာအာဏာကို ကျွန်တော် မြင်တွေ့ခဲ့ရပြီး ကိုယ်တော့်အပေါ် ယုံကြည်ခြင်း ပိုတိုးလာတယ်။ ပြီးတော့ ကျွန်တော် ရှင်တာ၊ သေတာက ဘုရားသခင်အပေါ်မှာပဲ မူတည်တယ်ဆိုတာ နားလည်ခဲ့တယ်။ အဆင်းနီသော နဂါးကြီးက ဘယ်လောက်ပဲ ဆိုးယုတ်ပါစေ၊ ဒါမှမဟုတ် ကျွန်တော့်ကို သေကြောင်းကြံပါစေ ဘုရားသခင် ခွင့်မပြုရင် ဘယ်သူမှ ကျွန်တော့်အသက်ကို မယူနိုင်ပါဘူး။
ဒီအခြေအနေတွေကို ရင်ဆိုင်ရတဲ့ ဒီဖြစ်ရပ်တွေအားလုံးမှာ ကျွန်တော့်ရဲ့ အနာဂတ်နဲ့ ကံကြမ္မာအတွက် စိုးရိမ်ခဲ့ပုံတွေကို တွေးမိတယ်။ သေသွားရင် ကယ်တင်မခံရနိုင်မှာကို အမြဲ စိုးရိမ်ခဲ့တယ်။ ဘုရားသခင် စီစဉ်တဲ့ အခြေအနေတွေက စီစီပီရဲ့ ဆိုးယုတ်မှုကို ပြဖို့သက်သက် မဟုတ်ဘဲ ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို နားလည်စေဖို့ဆိုတာ သဘောပေါက်လိုက်တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် တွေးမိတယ်။ “ဘုရားသခင်၌ သူတို့၏ ယုံကြည်ခြင်းတွင် လူတို့ ရှာဖွေကြသည့်အရာမှာ အနာဂတ်အတွက် ကောင်းချီးမင်္ဂလာများကို ရရှိရန်ဖြစ်သည်၊ ဤသည်မှာ သူတို့၏ ယုံကြည်ခြင်းထဲက သူတို့၏ ရည်ရွယ်ချက်ဖြစ်သည်။ လူအပေါင်း၌ ဤရည်ရွယ်ချက်နှင့် မျှော်လင့်ချက် ရှိကြသည်။ သို့သော်လည်း သူတို့၏သဘာဝဗီဇအတွင်းမှ ဖောက်ပြန်ပျက်စီးခြင်းကို စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့အားဖြင့် ဖြေရှင်းရမည်ဖြစ်သည်။ သင်တို့အနေဖြင့် သန့်စင်စေခြင်း မခံရသေးသော၊ ဖောက်ပြန်ပျက်စီးခြင်းကို ဖွင့်ပြသော မည်သည့်ကဏ္ဍများတွင်မဆို ယင်းကဏ္ဍများ၌ စစ်ဆေးခြင်းကို သင်ခံရမည်၊ ဤသည်မှာ ဘုရားသခင်၏ အစီအစဉ်ဖြစ်သည်။ ဘုရားသခင်သည် သင့်အတွက် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးသည်၊ သင်၏ဖောက်ပြန်ပျက်စီးခြင်းကို သင်သိနိုင်ရန် ထိုနေရာတွင် သင့်ကို မဖြစ်မနေ အစစ်ဆေးခံစေသည်။ အဆုံးတွင် သင်သည် သင်၏ ရည်ရွယ်ချက်များနှင့် အလိုဆန္ဒများကို စွန့်လွှတ်ရန်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်ကို ကျိုးနွံနာခံရန် သေသာသေလိုသည့် အနေအထားသို့ ရောက်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကို သေချာစဉ်းစားပြီး ကိုယ့်အတွေ့အကြုံတွေနဲ့ နှိုင်းယှဉ်ကြည့်တော့မှ စစ်ဆေးမှုကတစ်ဆင့်ပဲ လူတစ်ယောက်က သူ့ရဲ့ ဝိညာဉ်ရင့်ကျက်မှု အစစ်အမှန်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီး ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးမှုကို နားလည်နိုင်မယ်ဆိုတာ သဘောပေါက်လိုက်တယ်။ အရင်ကတော့ တာဝန်ထမ်းဆောင်ဖို့ အိမ်နဲ့အလုပ်ကို စွန့်လွှတ်တာ၊ အဆင်းနီသော နဂါးကြီးရဲ့ ဖမ်းဆီးမှု၊ ညှဉ်းပန်းနှိပ်စက်မှုကို ရင်ဆိုင်ပြီး ဘုရားသခင်ကို သစ္စာမဖောက်တာတွေက ကျွန်တော့်ကို စစ်မှန်တဲ့ ယုံကြည်သူတစ်ယောက် ဖြစ်စေတယ်လို့ အမြဲ ထင်ခဲ့တာ။ ဒါပေမဲ့ ဒီအခြေအနေမှာတော့ ကျွန်တော်က ကောင်းမွန်တဲ့ အနာဂတ်နဲ့ ပန်းတိုင်အတွက်ပဲ ဘုရားသခင်ကို ယုံကြည်နေတာ၊ ဘုရားသခင်ကို ကျေနပ်စေချင်တဲ့ စိတ်ရင်းအမှန် မရှိဘူးဆိုတာ နောက်ဆုံးမှာ မြင်သွားတယ်။ ဒါကြောင့် ကောင်းချီးမင်္ဂလာတွေ မရနိုင်တော့ဘူးဆိုတာ မြင်တာနဲ့ ကျွန်တော် အပျက်သဘောဆောင်ပြီး နာကျင်ခဲ့တာပေါ့။ ထောင်ဒဏ် သုံးနှစ်ခွဲ ကျခံရမယ်ဆိုတာ စသိတုန်းက အစာအိမ်သွေးကြောပေါက်တာ ဘယ်လောက်ဆိုးလဲ၊ ခန္ဓာကိုယ် ဘယ်လောက် အားနည်းလဲဆိုတာ တွေးမိတယ်။ ထောင်ထဲမှာ သေသွားပြီး နိုင်ငံတော် အကောင်အထည်ပေါ်လာမဲ့နေ့ကို ဘယ်တော့မှ မြင်ရတော့မှာ မဟုတ်ဘူးလို့ ကြောက်ရွံ့ခဲ့တယ်။ အဲဒါကြောင့် အိပ်မပျော်နိုင်လောက်အောင် စိတ်ဆင်းရဲခဲ့ရတယ်။ ဘုရားသခင်က ကျွန်တော့်ကို ဖယ်ရှားရှင်းလင်းဖို့ ဒီအခြေအနေကို သုံးနေတာဆိုပြီးတော့တောင် အထင်အမြင်လွဲမှားခဲ့တယ်။ ထောင်ထဲရောက်ပြီးနောက်မှာ ဝန်ပိလွန်းတဲ့ အလုပ်ဒဏ်ကြောင့် လက်ချောင်းတွေ ဆန့်မရတော့ဘူး။ ဒုက္ခိတ ဖြစ်သွားရင် ဘဝမှာ ထွက်ပေါက်မရှိတော့မှာကို ပူပန်ခဲ့တယ်။ တာဝန် မထမ်းဆောင်နိုင်ရင် ဒီအတွက်ကြောင့် ကယ်တင်မခံရမှာကိုလည်း ပူပန်တယ်။ ဒါကြောင့် အဆင်းနီသော နဂါးကြီးကို ဘုရားသခင် အမြန်ဆုံး ဖျက်ဆီးပစ်ဖို့ မျှော်လင့်တောင့်တပြီး စိတ်ဓာတ်ကျတဲ့ အခြေအနေနဲ့ နေထိုင်ခဲ့တယ်။ နောက်ပိုင်းမှာ နှာခေါင်းသွေး အဆက်မပြတ်ယိုလို့ သေမှာကြောက်ပြီး နာကျင်ဆင်းရဲခဲ့တယ်။ တာဝန်ထမ်းဆောင်ဖို့ အိမ်က ထွက်လာတာကိုတောင် နောင်တရခဲ့တယ်။ အဲဒီအချိန်ကျမှ ယုံကြည်ပြီး တာဝန်ထမ်းဆောင်ရာမှာ ကျွန်တော်က သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေတာ၊ ဘုရားသခင်ကို ကျိုးနွံနာခံနေတာ လုံးဝ မဟုတ်မှန်း၊ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ပေးဆပ်ဖို့ ကြိုးစားနေတာ မဟုတ်မှန်း မြင်လာတယ်။ အဲဒီအစား တာဝန်ထမ်းဆောင်တာကို အသုံးချပြီး ဘုရားသခင်ရဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးမင်္ဂလာတွေ ရဖို့ အပေးအယူလုပ်နေခဲ့တာ၊ ကောင်းမွန်တဲ့ ရလဒ်နဲ့ ပန်းတိုင် ရဖို့ ကြိုးစားနေခဲ့တာပါ။ ဘုရားသခင်အတွက် အသုံးခံနေသယောင်ယောင် ဟန်ဆောင်ထားပေမဲ့ တကယ်တမ်းကတော့ ကောင်းချီးခံစားချင်တဲ့ ကိုယ်ပိုင်အလိုဆန္ဒကို ဖြည့်ဆည်းဖို့ ကြိုးစားနေခဲ့တာပါ။ ဒီနည်းနဲ့ တာဝန်ထမ်းဆောင်တာက ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားနေတာ၊ ကိုယ်တော့်ကို အသုံးချပြီး လှည့်စားဖို့ ကြိုးစားနေတာပဲ။ ကျွန်တော့်မှာ ဘယ်လိုလုပ် အသိစိတ်နဲ့ ဆင်ခြင်တုံတရား ရှိတယ်လို့ ပြောနိုင်မှာလဲ။ ကျွန်တော့်ကို ထုတ်ဖော်ပြီး စစ်ဆေးဖို့ အဆင်းနီသော နဂါးကြီးရဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ဘုရားသခင်သာ အသုံးမပြုခဲ့ရင် ကောင်းချီးခံစားချင်တဲ့ ရည်ရွယ်ချက်နဲ့ပဲ ကျွန်တော် ဆက်ယုံကြည်ပြီး တာဝန်ထမ်းဆောင်နေမိမှာ။ နောက်ဆုံးမှာ သူ့ရဲ့ အသုံးခံမှုနဲ့ ပေးဆပ်မှုတွေကို အရင်းအနှီးပြုပြီး ဘုရားသခင်ဆီက ကျေးဇူးတော်ကို တောင်းဆိုခဲ့တဲ့ ပေါလုလိုမျိုး ကျွန်တော် ဖြစ်သွားပြီး အရှက်မရှိ ပြောမိမှာပဲ။ “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။” (တိမောသေဩဝါဒစာဒုတိယစောင် ၄:၇-၈) ဒီနည်းနဲ့ အဆုံးထိ ယုံကြည်သွားရင် သမ္မာတရားကို မရရှိနိုင်ဘဲ ကယ်တင်မခံရနိုင်ဘူး။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးသလိုပဲ ဖြစ်သွားမှာ။ ဘုရားသခင်ရဲ့ အပင်ပန်းခံရတဲ့ ရည်ရွယ်ချက်ကို နောက်ဆုံးမှာ ကျွန်တော် နားလည်သွားတယ်။ ကျွန်တော့်ကို စစ်ဆေးဖို့၊ ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ အညစ်အကြေးတွေကို သန့်စင်ဖို့ ဒီလိုအခြေအနေမျိုးကို ကိုယ်တော် အသုံးပြုနေတာ။ ဘုရားသခင်ရဲ့ လုပ်ဆောင်ချက်တွေက ကျွန်တော့်အလိုနဲ့ မကိုက်ညီပေမဲ့ ဒါတွေအားလုံးက ကျွန်တော့်အတွက် ချစ်ခြင်းမေတ္တာနဲ့ ကယ်တင်ခြင်း ဖြစ်တယ်ဆိုတာ ကျွန်တော် တကယ် ခံစားရတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော့်အပေါ်ထားတဲ့ ဘုရားသခင်ရဲ့ သနားကရုဏာနဲ့ ကာကွယ်စောင့်ရှောက်မှုကိုလည်း ခံစားရတယ်။ စီရင်ချက်ချခံရပြီး ထောင်ကနေ အရှင်ထွက်ရပါ့မလားလို့ စိုးရိမ်နေတုန်းက နှုတ်ကပတ်တော်တွေကတစ်ဆင့် ကျွန်တော့်ကို ဉာဏ်အလင်းပေးပြီး လမ်းပြခဲ့တာ၊ ထောင်ရဲ့ ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်ကို တွေ့ကြုံဖို့ ယုံကြည်ခြင်း ပေးခဲ့တာ ဘုရားသခင်ပါပဲ။ ဒုက္ခိတဖြစ်ပြီး အသက်မရှင်နိုင်တော့မှာကို စိုးရိမ်တုန်းက ပန်းတွေ၊ မြက်ပင်တွေကတစ်ဆင့်၊ စာအုပ်ထဲက ခေတ်အဆက်ဆက် သန့်ရှင်းသူတွေရဲ့ လုပ်ဆောင်ချက်တွေကတစ်ဆင့် ကျွန်တော့်ကို လမ်းပြခဲ့တယ်။ ရှေ့ဆက်လျှောက်ဖို့ စိတ်ပိုင်းဖြတ်နိုင်အောင် အားပေးခဲ့တယ်။ သွေးထွက်မရပ်ဘဲ သေမဲ့အန္တရာယ် ရှိနေတုန်းက ကျွန်တော်နဲ့ မသိတဲ့ အကျဉ်းသားတစ်ယောက်ကို ဘုရားသခင် စီစဉ်ပေးပြီး ဆေးရုံအုပ်ကြီးဆီ သွားခိုင်းလို့ ကျွန်တော် အကယ်တင်ခံရပြီး အသက်ရှင် ခဲ့ရတာ။ “အနန္တတန်ခိုးရှင်၏ သက်ပြင်းချတော်မူခြင်း” ထဲက ဘုရားသခင် ပြောထားတဲ့ နှုတ်ကပတ်တော်တွေကို ကျွန်တော် ခဏခဏ တွေးမိတယ်။ “ကိုယ်တော်သည် သင်၏ ဘေးတွင် စောင့်ကြည့်လျက်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်) အကျပ်အတည်း ကြုံရတဲ့အချိန်မှာ ဘုရားသခင် တစ်ပါးတည်းသာ ကျွန်တော့်ရဲ့ အားကိုးရာ၊ ကျွန်တော့်ရဲ့ တစ်ခုတည်းသော ခိုလှုံရာ ဖြစ်တယ်ဆိုတာ ကျွန်တော် နက်နက်ရှိုင်းရှိုင်း ခံစားရတယ်။ ဘုရားသခင်ကို ယုံကြည်ခဲ့တဲ့ ဒီနှစ်တွေတစ်လျှောက်လုံး ကျွန်တော့်ရဲ့ စစ်မှန်တဲ့ စိတ်နှလုံးကို ကိုယ်တော့်ဆီ ဘယ်တုန်းကမှ မပေးအပ်ခဲ့ဘူးဆိုတာ တွေးမိတယ်။ တာဝန်လေး နည်းနည်းလောက် ထမ်းဆောင်ရုံနဲ့ ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားနေခဲ့တာ။ ဒါပေမဲ့ ဘုရားသခင်က ကျွန်တော့်ရဲ့ ပုန်ကန်မှုအတိုင်း ကျွန်တော့်ကို မဆက်ဆံခဲ့ပါဘူး။ ဒုက္ခရောက်ချိန်မှာ ဘုရားသခင်ကို ခေါ်တဲ့အခါ ကိုယ်တော်က ကျွန်တော်နဲ့အတူ ရှိနေတုန်းပါပဲ။ နှုတ်ကပတ်တော်တွေနဲ့ ကျွန်တော့်ကို ဦးဆောင် လမ်းပြခဲ့တယ်။ ကျွန်တော့်ကို ကူညီဖို့ လူတွေ၊ ဖြစ်ရပ်တွေ၊ အမှုအရာ အမျိုးမျိုးကို စီစဉ်ပေးခဲ့တယ်။ အဲဒီအချိန်မှာ နောင်တရတာတွေ၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာတွေ ရင်ထဲမှာ ပြည့်လာပြီး ဘုရားသခင်ဆီ တိတ်တဆိတ် ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ ကျွန်တော် သမ္မာတရားကို ကောင်းကောင်း မလိုက်စားခဲ့ပါဘူး။ ကျွန်တော့်ရဲ့ အနာဂတ်နဲ့ ကံကြမ္မာအတွက်ပဲ အဖိုးအခ ပေးဆပ်နေခဲ့တာပါ။ ကျွန်တော် အသက်ရှင်ပြီး ထွက်သွားနိုင်ရင် သမ္မာတရားကို သေချာပေါက် ကောင်းကောင်း လိုက်စားပါမယ်။ ကျွန်တော့်ကို ကိုယ်တော် ကယ်တင်တာကို အလဟဿ မဖြစ်စေရပါဘူး။ ကျွန်တော့်မှာ ကောင်းမွန်တဲ့ ပန်းတိုင် မရှိရင်တောင်မှ တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ပြီး ကိုယ်တော့်ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ပါမယ်” ပေါ့။
ဒီအတွေ့အကြုံကို ဖြတ်သန်းပြီးနောက်မှာ အဆင်းနီသော နဂါးကြီးကို အစေခံဖို့ဘုရားသခင်က အသုံးပြုတာရဲ့ အဓိပ္ပာယ်ကို ကျွန်တော် ပိုနားလည်လာတယ်။ အဆင်းနီသော နဂါးကြီးရဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ကျွန်တော် ကိုယ်တိုင်သာ မကြုံတွေ့ခဲ့ရင် သူ့ရဲ့ နတ်ဆိုး အနှစ်သာရကို ဒီလောက် ရှင်းရှင်းလင်းလင်း မြင်ရမှာ မဟုတ်ဘူး။ ဘုရားသခင်အပေါ် ကျွန်တော့်ရဲ့ ယုံကြည်ခြင်းနဲ့ ကျိုးနွံနာခံခြင်းလည်း တိုးလာမှာ မဟုတ်သလို ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကိုလည်း အမှန်တကယ် နားလည်မှာ မဟုတ်ဘူး။ ဘုရားသခင်ရဲ့ လူကို ကယ်တင်တဲ့ အမှုတော်က တကယ်ကို လက်တွေ့ကျပြီး ဉာဏ်ပညာရှိတယ်ဆိုတာ ကျွန်တော် အမှန်တကယ် တွေ့ကြုံခံစားခဲ့ရတယ်။ အဆင်းနီသော နဂါးကြီးက ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး ဘုရားသခင် ရွေးချယ်ထားသူတွေကို အရမ်းရူးသွပ်တဲ့နည်းနဲ့ ဒုက္ခပေးနေတယ်၊ ဘုရားသခင်က သူ့ကို ဖျက်ဆီးပစ်ချင်နေတာ ကြာပြီ၊ ဒါပေမဲ့ ကျွန်တော်တို့ လူအုပ်စုက စုံလင်အောင် ပြုလုပ်မခံရသေးလို့ ဘုရားသခင်က သူ့ကို အစေခံအဖြစ် ဆက်လက် အသုံးပြုဖို့ လိုအပ်နေသေးတာဆိုတာကိုလည်း ကျွန်တော် နားလည်လာတယ်။ သူ အစေခံလို့ ပြီးသွားတာနဲ့ သူ့ရဲ့ နောက်ဆုံးနေ့ရက် ရောက်လာလိမ့်မယ်။
၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့မှာ ပြစ်ဒဏ်ကျခံပြီးလို့ ကျွန်တော် လွတ်လာတယ်။ ထောင်အစောင့် နှစ်ယောက်က ကျွန်တော့်ကို ထောင်တံခါးဝအထိ လိုက်ပို့ပေးတယ်။ အစောင့်တစ်ယောက်က ကျွန်တော့်ကို မေးတယ်။ “မင်း ထွက်သွားရင် ဘုရားသခင်ကို ယုံကြည်နေဦးမှာလား။ ဆက်ယုံနေရင်တော့ ဒီကို ပြန်ရောက်လာဦးမှာပဲ” တဲ့။ ကျွန်တော်က “ဘုရားသခင်ကို ယုံကြည်တာက ကျွန်တော့် လွတ်လပ်ခွင့်ပဲ” လို့ ပြတ်ပြတ်သားသား ပြောလိုက်တယ်။ ထောင်အစောင့် နှစ်ယောက်က ကျွန်တော့်ကို အံ့သြသလို ကြည့်ပြီး ခေါင်းခါသွားကြတယ်။ လွတ်လာပြီး ၁၀ ရက်ကျော်လောက်မှာ ညီအစ်ကို မောင်နှမတွေက ကျွန်တော့်ကို ဆက်သွယ်လာတယ်။ နိုင်ငံတော် ဧဝံဂေလိတရား ဖြန့်ချိတဲ့ အဖွဲ့ထဲမှာ ကျွန်တော် ပြန်ပါဝင်ခဲ့တယ်။
နောက်ပိုင်းမှာ ကျွန်တော် တွေးမိတယ်။ “ငါ့ရဲ့ အနာဂတ်နဲ့ ကံကြမ္မာနဲ့ ပတ်သက်လာရင် ဘာလို့ ဒီလောက် စိတ်ဆင်းရဲပြီး စိတ်သောကရောက်ရတာလဲ။ ဘုရားနဲ့ ငြင်းခုံတဲ့အထိတောင် ဖြစ်ပြီး ကိုယ်တော်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်တွေကို စစ်မှန်စွာ မနာခံနိုင်ဖြစ်ရတာလဲ။ ငါ့ကို ဘာက တကယ် ထိန်းချုပ်ထားတာလဲ” ပေါ့။ ကျွန်တော် ဝတ်ပြုတဲ့အချိန်မှာ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့တယ်။ “လူတို့သည် ဘုရားသခင်၏ အမှုတော်ကို မတွေ့ကြုံမီနှင့် သမ္မာတရားကို နားမလည်မီတွင် ၎င်းတို့၏ အတွင်းမှ ချုပ်ထိန်းပြီး လွှမ်းမိုးထားသည်မှာ စာတန်၏ သဘာဝ ဖြစ်သည်။ ထိုသဘာဝတွင် အတိအကျအားဖြင့် မည်သည့်အရာ ပါဝင်သနည်း။ ဥပမာအားဖြင့် အဘယ်ကြောင့် သင်သည် တစ်ကိုယ်ကောင်းဆန်ရသနည်း။ အဘယ်ကြောင့် သင်သည် သင်၏ ကိုယ်ပိုင်အဆင့်အတန်းကို ကာကွယ်ရသနည်း။ အဘယ်ကြောင့် သင်သည် သင်၏ ခံစားချက်များ၏ လွှမ်းမိုးခြင်းကို ဤမျှလောက် ခံရသနည်း။ အဘယ်ကြောင့် သင်သည် ထိုမဖြောင့်မတ်သောအရာများနှင့် ထိုဆိုးယုတ်သောအရာများကို ကြိုက်နှစ်သက်ရသနည်း။ ထိုသို့သောအရာများကို သင် ကြိုက်နှစ်သက်ခြင်းအတွက် အခြေခံအကြောင်းရင်းမှာ အဘယ်အရာဖြစ်သနည်း။ ဤအရာများသည် အဘယ်မှ လာသနည်း။ အဘယ်ကြောင့် သင်သည် ၎င်းတို့ကို ကြိုက်နှစ်သက်ပြီး လက်ခံရသနည်း။ ယခုအချိန်တွင် သင်တို့အားလုံး နားလည်လာကြပြီး ဖြစ်သည်၊ အဓိကအကြောင်းရင်းမှာ စာတန်၏ အဆိပ်အတောက်များသည် လူ၏ အတွင်း၌ ရှိနေသောကြောင့် ဖြစ်သည်။ ဤသို့ဆိုလျှင် စာတန်၏ အဆိပ်ဆိုသည်မှာ အဘယ်နည်း။ ယင်းကို မည်သို့ ဖော်ပြနိုင်သနည်း။ ဥပမာအားဖြင့်၊ သင်က ‘လူများ အဘယ်သို့ အသက်ရှင်နေထိုင်သင့်သနည်း။ လူများသည် အဘယ်အရာအတွက် အသက်ရှင်သင့်သနည်း’ ဟု မေးပါက၊ သူတို့က ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော’ ဟု ဖြေကြလိမ့်မည်။ ဤတစ်ခုတည်းသော စကားစုက ပြဿနာ၏ တကယ့်အရင်းအမြစ်ကို ဖော်ပြလေသည်။ စာတန်၏ အတွေးအခေါ်နှင့် တွေးခေါ်မှုစနစ်တို့သည် လူသားတို့၏ အသက်တာများ ဖြစ်လာပြီဖြစ်သည်။ လူများသည် အဘယ်အရာကို လိုက်စားသည်ဖြစ်စေ ထိုသို့လုပ်ဆောင်ခြင်းသည် မိမိတို့ကိုယ်တိုင်အတွက်သာ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်ကိုအတွက်သာ အသက်ရှင်ကြသည်။ ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော’ ဟူသော ဤအရာမှာ လူသား၏အသက် ဒဿနအမြင်ဖြစ်ပြီး ယင်းက လူသား၏ သဘာဝကိုလည်း ကိုယ်စားပြုလေသည်။ ဤစကားများသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ သဘာဝ၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဆိုးယုတ်သော သဘာဝ၏ အမှန်တကယ် ပြယုဂ်ဖြစ်လာနှင့်ပြီးဖြစ်သည်။ ဤဆိုးယုတ်သော သဘာဝသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဖြစ်တည်မှုအတွက် အခြေခံအချက် ဖြစ်လာနှင့်ပြီးဖြစ်သည်။ နှစ်ထောင်ချီကြာသည်အထိ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် လက်ရှိအချိန်ကာလအထိ စာတန်၏ အဆိပ်ဖြင့် အသက်ရှင်ခဲ့ပြီးဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း) ဒီဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးနောက်မှာ ကျွန်တော့် ယုံကြည်ခြင်းနဲ့ တာဝန်တွေမှာ ကျွန်တော့်ရဲ့ အနာဂတ်နဲ့ ကံကြမ္မာအတွက် အမြဲ စိုးရိမ်ပူပန်နေတာက ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ရိုးရိုးလေး ထုတ်ဖော်ပြတာ မဟုတ်ဘဲ အဓိကက ကျွန်တော့်ထဲမှာ စာတန်ဆန်တဲ့ သဘာဝ ရှိနေလို့ဆိုတာ နားလည်လိုက်တယ်။ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” နဲ့ “ဆုလာဘ်မရှိဘဲ လုံးဝ မလုပ်နှင့်” ဆိုတဲ့ စာတန်ဆန်တဲ့ အတွေးအခေါ်တွေနဲ့ ကျွန်တော် အသက်ရှင်နေခဲ့တာ။ ကျွန်တော် လုပ်သမျှ အရာတိုင်းမှာ ကိုယ့်အကျိုးစီးပွားအတွက် ဆိုတဲ့ စည်းမျဉ်းကို လိုက်နာခဲ့တယ်။ ကျွန်တော်က တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ရွံရှာဖွယ် ကောင်းပါတယ်။ တာဝန်ထမ်းဆောင်ဖို့ အရာအားလုံးကို စွန့်လွှတ်ခဲ့ပေမဲ့ တကယ်တမ်းကျတော့ ကိုယ့်အကျိုးအမြတ်ကို ရှာဖွေနေခဲ့တာ။ ကောင်းကင်နိုင်ငံတော် ဝင်ရတဲ့ ကောင်းချီးမင်္ဂလာကို ရဖို့ အပေးအယူလုပ်ဖို့ ကြိုးစားနေခဲ့တာပါ။ လူတစ်ယောက်က ကျွန်တော့်ကို သခင်ယေရှုရဲ့ ဧဝံဂေလိတရား စဟောတုန်းက အချိန်ကို မှတ်မိသေးတယ်။ သခင်ယေရှုကို ယုံကြည်ရင် ကျေးဇူးတော်နဲ့ ကောင်းချီးမင်္ဂလာတွေ ရမယ်၊ သေပြီးရင် ဝိညာဉ်က ကယ်တင်ခံရပြီး ကောင်းကင်ဘုံ ရောက်မယ်လို့ ကြားတော့ သခင်ယေရှုကို ကျွန်တော် ယုံကြည်ခဲ့တယ်။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီးနောက်မှာ ဘုရားသခင်က လူတွေကို စေ့စေ့စပ်စပ် သန့်စင်ကယ်တင်ပြီး နောက်ခေတ်ထဲကို ပို့ဆောင်ပေးမယ်ဆိုတာ သိရတော့ ကျွန်တော် အတိုင်းထက်အလွန် စိတ်လှုပ်ရှားခဲ့တယ်။ အနာဂတ် ကောင်းချီးမင်္ဂလာတွေ ရဖို့အတွက် ကျွန်တော့် မိသားစုနဲ့ အလုပ်အကိုင်ကို ပြတ်ပြတ်သားသား စွန့်လွှတ်ပြီး အချိန်ပြည့် တာဝန်ထမ်းဆောင်ဖို့ ရွေးချယ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တာ တစ်နှစ်ကျော် ကြာတဲ့အချိန်မှာ ဧဝံဂေလိဟောလို့ အဖမ်းခံရတယ်။ အာမခံနဲ့ လွတ်လာပြီးနောက်မှာ ရဲတွေက ကျွန်တော့် လှုပ်ရှားမှုကို ကန့်သတ်ပြီး ဒေသကနေ ထွက်ခွာခွင့် ပိတ်ပင်ထားတယ်။ အချိန်မရွေး ခေါ်ရင် လာရမယ်၊ မလာရင် ထောင်ထဲ ထည့်မယ်လို့ ပြောတယ်။ ဒါပေမဲ့ ကျွန်တော်က တခြားနေရာသွားပြီး တာဝန်ထမ်းဆောင်ဖို့ ရွေးချယ်ခဲ့တုန်းပဲ။ ဘာလို့လဲဆိုတော့ အဲဒီလို လုပ်ခြင်းအားဖြင့် ဘုရားသခင် အောက်မေ့မယ်၊ ပြီးတော့ ဘုရားသခင်ဆီက ကောင်းချီးမင်္ဂလာတွေ ရနိုင်မယ်လို့ ကျွန်တော် ထင်ခဲ့လို့ပါ။ ဒါပေမဲ့ ထပ်အဖမ်းခံရပြီး ထောင်ဒဏ် သုံးနှစ်ခွဲ ချမှတ်ခံရတဲ့အခါ၊ ထောင်ထဲမှာ ဒုက္ခိတဖြစ်ဖို့၊ သေဖို့ ရင်ဆိုင်လာရတဲ့အခါ ကောင်းချီးရဖို့ ကျွန်တော့်မျှော်လင့်ချက်တွေ ပျက်စီးသွားပြီလို့ ခံစားလိုက်ရတယ်။ အဲဒါကြောင့် နာကျင်မှုတွေ၊ ညှိုးငယ်မှုတွေနဲ့ ပြည့်နှက်နေပြီး တာဝန်ထမ်းဆောင်ဖို့ တခြားနေရာကို ထွက်လာခဲ့တာကိုတောင် နောင်တရခဲ့တယ်။ ကျွန်တော်က ဒီလောက် အဖိုးအခ ပေးဆပ်ထားပြီးမှတော့ ဘုရားသခင်က ကျွန်တော့်ကို မသေစေသင့်ဘူး၊ ကောင်းမွန်တဲ့ ပန်းတိုင်တစ်ခု ပေးသင့်တယ်လို့ တွေးခဲ့တယ်။ ဒီ စာတန်ဆန်တဲ့ အဆိပ်အတောက်တွေနဲ့ အသက်ရှင်တာက ကျွန်တော့်ကို အရမ်း တစ်ကိုယ်ကောင်းဆန် စေတယ်၊ ကိုယ့်အကျိုးအမြတ် အတွက်ပဲ ကြည့်စေတယ်ဆိုတာ သဘောပေါက်လိုက်တယ်။ ကျွန်တော့်မှာ ဘုရားသခင်ကို ကြောက်ရွံ့တာ၊ ကျိုးနွံနာခံတာ လုံးဝ မရှိဘူး။ ဖန်ဆင်းခံတစ်ဦးအနေနဲ့ ဘုရားသခင်ကို ယုံကြည်ပြီး တာဝန်ထမ်းဆောင်တာက ကျွန်တော့်ရဲ့ ငြင်းပယ်လို့မရတဲ့ တာဝန်ပါ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အတွေးတွေ၊ ဆန္ဒတွေ အားလုံးက ကိုယ့်အတွက်ချည်းပဲ ဖြစ်နေတယ်။ တာဝန်ကို အခွင့်အရေးတစ်ခုအနေနဲ့ အသုံးချပြီး ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့၊ ကောင်းချီးခံစားချင်တဲ့ ကျွန်တော့်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့တယ်။ ဒါက တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ရွံရှာဖွယ် ကောင်းလိုက်တာဗျာ။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်က နှစ်ကြိမ်တိုင် လူဇာတိခံခဲ့တာ၊ လောကရဲ့ ငြင်းပယ်တာ၊ အသရေဖျက်တာတွေကို ကြုံခဲ့ရတာ၊ ပြီးတော့ ဘုရားသခင်ကို ယုံကြည်သူတွေရဲ့ အထင်အမြင်လွဲတာ၊ ညည်းညူတာ၊ အသုံးချတာတွေကိုတောင် သည်းခံခဲ့ရတာတွေကို ကျွန်တော် တွေးမိတယ်။ ဒါပေမဲ့ ဘုရားသခင်က လူတွေဆီကနေ ဘာမှ မတောင်းဆိုခဲ့ပါဘူး။ သူ့ကို ပြန်ပေးဆပ်ဖို့ လူတစ်ယောက်ယောက်ကို တောင်းဆိုဖို့ဆိုတာ ဝေလာဝေးပေါ့။ လူတွေကို ရေလောင်းပေးပြီး ထောက်ပံ့ဖို့ သမ္မာတရားကိုပဲ ဖော်ပြပြီးတော့ သူတို့ ပြန်လှည့်လာဖို့ တိတ်တဆိတ် စောင့်မျှော်နေတယ်။ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာက တကယ်ကို ကိုယ်ကျိုးမငဲ့ပါဘူး။ ဘုရားနှုတ်ကပတ်တော် ဘယ်လောက်များများကို ကျွန်တော် စားသောက်ခဲ့သလဲ၊ ဘုရားသခင်ဆီကနေ ဘယ်လောက်များများ ရရှိခဲ့သလဲဆိုတာ တွေးမိတယ်။ ဒါပေမဲ့ ကျွန်တော့်တာဝန်တွေကို ကောင်းကောင်း ထမ်းဆောင်ပြီး ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ဖို့ ကျွန်တော် ဘယ်တုန်းကမှ မတွေးခဲ့ဘူး။ ဘုရားသခင်ကို ကျွန်တော့်ကို ကောင်းမွန်တဲ့ ပန်းတိုင်တစ်ခု ပေးအောင်လုပ်ဖို့ကိုပဲ ကျွန်တော် အာရုံစိုက်ခဲ့တယ်။ ဒါကို မရတဲ့အခါ ကျွန်တော် အပျက်သဘောဆောင်ပြီး နာကျင်ခဲ့တယ်။ ကျွန်တော် ပေးဆပ်ခဲ့တဲ့ အဖိုးအခအတွက်တောင် နောင်တရခဲ့တယ်။ ကျွန်တော် တော်တော်ကို ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ပြီး အပြစ်ရှိသလို ခံစားရတယ်။ အသိစိတ်နဲ့ လူ့သဘာဝ ဒီလောက် ကင်းမဲ့နေတဲ့ ကိုယ့်ကိုယ်ကိုယ် မုန်းတီးမိတယ်။
ဘုရားသခင်ရဲ့ လမ်းပြမှုအောက်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် တွေးမိတယ်။ “သင်သည် ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ကိုးကွယ်သင့်ပြီး အဓိပ္ပါယ်ရှိသော အသက်တာကို လိုက်စားရှာဖွေသင့်သည်မှာ အမှန်ပင် ဖြစ်ပေသည်။ အကယ်၍ သင်သည် ဘုရားသခင်ကို မကိုးကွယ်ဘဲ ညစ်ညမ်းသော သင်၏ ဇာတိပကတိအထဲ၌ အသက်ရှင်ပါက၊ သင်သည် လူ့အသွင်အပြင်ဖြင့် သားရဲတိရစ္ဆာန် တစ်ကောင်သာ ဖြစ်သည်မဟုတ်လော။ သင်သည် လူသားတစ်ဦး ဖြစ်သည့်အတွက်၊ သင့်ကိုယ်သင် ဘုရားသခင်အတွက် အသုံးခံသင့်ပြီး ဆင်းရဲဒုက္ခအားလုံးကို ခံရပ်သင့်ပေသည်။ သင်သည် ယနေ့ခံစားရသော ဆင်းရဲဒုက္ခအနည်းငယ်ကို ဝမ်းမြောက်စွာနှင့် အသေအချာ လက်ခံသင့်ပြီး ယောဘနှင့် ပေတရုကဲ့သို့ အဓိပ္ပါယ်ရှိသော အသက်တာတစ်ခုကို အသက်ရှင်သင့်သည်။...သင်တို့သည် လမ်းကြောင်းမှန်ကို ရှာဖွေသောသူများ၊ တိုးတက်မှုကို ရှာဖွေသောသူများ ဖြစ်ကြသည်။ သင်တို့သည် အဆင်းနီသောနဂါးကြီး၏ တိုင်းနိုင်ငံထဲတွင် ထမြောက်ကြသူများ၊ ဘုရားသခင်က ဖြောင့်မတ်သည်ဟု ခေါ်ဆိုသောသူများ ဖြစ်ကြသည်။ ယင်းမှာ အဓိပ္ပါယ်အရှိဆုံး အသက်တာ ဖြစ်သည် မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၂)) ဘုရားနှုတ်ကပတ်တော်တွေက ရှေ့ဆက်လျှောက်ဖို့ ကျွန်တော့်ကို ဦးတည်ချက် ပေးခဲ့တယ်။ ဖန်ဆင်းခံတစ်ဦးအနေနဲ့ သမ္မာတရားကို လိုက်စားသင့်တယ်၊ ဘုရားသခင်ကို ကိုးကွယ်သင့်တယ်၊ ဖန်ဆင်းခံတစ်ဦးရဲ့ လုပ်ဆောင်ချက်ကို ဖြည့်ဆည်းသင့်တယ်၊ ပြီးတော့ အဓိပ္ပာယ်ရှိတဲ့ အသက်တာကို ရှင်သန်နေထိုင်သင့်တယ်ဆိုတာ ကျွန်တော် နားလည်လိုက်တယ်။ ဒါက ဘဝရဲ့ လမ်းမှန်ပဲ။ ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ နောက်နောင် မကြိုးစားတော့ဘူး၊ ဖန်ဆင်းခံတစ်ဦးရဲ့ နေရာမှာ ရပ်တည်မယ်၊ ကျွန်တော့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ပြီး ဘုရားသခင်ကို ချစ်ဖို့၊ ကျေနပ်စေဖို့ ကြိုးစားမယ်လို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။
အခု ကျွန်တော် ထောင်က လွတ်လာတာ ကိုးနှစ် ရှိပြီ။ ထောင်ထဲက ဒီအတွေ့အကြုံကို ပြန်တွေးမိတိုင်း ခံစားချက်ပေါင်းစုံ ဖြစ်မိတယ်။ ဒီအခြေအနေကိုသာ မကြုံတွေ့ခဲ့ရင် ကျွန်တော့်ရဲ့ ဝိညာဉ်ရင့်ကျက်မှု ဘယ်လောက် ငယ်လဲဆိုတာ၊ ဘုရားသခင်အပေါ် ယုံကြည်ခြင်း ဘယ်လောက် နည်းလဲဆိုတာ ကျွန်တော် သိလာမှာ မဟုတ်ဘူး။ ကျွန်တော့်ရဲ့ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ မှားယွင်းတဲ့ လိုက်စားမှုတွေကို နားလည်ဖို့ဆိုတာ ဝေလာဝေးပေါ့။ တစ်ချိန်တည်းမှာပဲ ဘုရားသခင်က အဆင်းနီသော နဂါးကြီးကို အစေခံခိုင်းဖို့အတွက် အသုံးပြုနေတယ်ဆိုတာလည်း ကျွန်တော် နားလည်လိုက်တယ်။ ကျွန်တော့်ကို ဖော်ထုတ်ဖို့နဲ့ ကျွန်တော့်ရဲ့ စာတန်ဆန်တဲ့ စိတ်သဘောထားကို သန့်စင်ဖို့ အဲဒီလို လုပ်ဆောင်နေတာပါ။ အဲဒီလိုလုပ်ခြင်းအားဖြင့် ကျွန်တော့်ရဲ့ ယုံကြည်ခြင်းမှာ ကောင်းချီးမင်္ဂလာ လိုက်စားတဲ့ ကျွန်တော့်ရဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အမြင်တွေကို ပြောင်းလဲစေတယ်၊ အနာဂတ်နဲ့ ကံကြမ္မာအပေါ်ထားတဲ့ ကျွန်တော့်ရဲ့ စိုးရိမ်ပူပန်မှုအများစုကို လက်လွှတ်စေခဲ့တယ်။ ဒါတွေက သက်သောင့်သက်သာရှိတဲ့ ပတ်ဝန်းကျင်မှာ ကျွန်တော် မရရှိနိုင်တဲ့ အရာတွေပါ။ အခုဆိုရင် စီစီပီက ယုံကြည်သူတွေကို ဖမ်းဆီးတာ ပိုဆိုးလာတယ်။ ညီအစ်ကို မောင်နှမတွေ အဖမ်းခံရတာ၊ ပြစ်ဒဏ်ချခံရတာတွေကို ကျွန်တော် ခဏခဏ ကြားရတယ်။ တချို့ဆို ရိုက်သတ်ခံရတယ်လို့တောင် ကြားရတယ်။ တစ်ခါတလေ ကျွန်တော် အသက်ကြီးလာတာ၊ ကျန်းမာရေးက အရင်ကလောက် မကောင်းတော့တာတွေကို တွေးမိတယ်။ ကျွန်တော်က နှစ်ကြိမ် အဖမ်းခံခဲ့ရပြီးပြီ။ ထပ်ပြီး အဖမ်းခံရရင် ပြစ်ဒဏ်ကြီးကြီးမားမား ချမှတ်ခံရမှာ သေချာတယ်။ ထောင်ထဲမှာ သေဆုံးပြီး နိုင်ငံတော် အကောင်အထည်ပေါ်လာမဲ့ နေ့ရက်ကို မမြင်တွေ့နိုင်ဖို့ အလားအလာ အရမ်းများတယ်။ ဒါပေမဲ့ ကျွန်တော် ကြုံတွေ့ခဲ့ရတဲ့ ဘုရားသခင်ရဲ့ လမ်းပြမှုနဲ့ လုပ်ဆောင်မှုတွေကို တွေးမိတဲ့အခါ ကျွန်တော့်စိတ်နှလုံးက ပိုပြီး တည်ငြိမ်အေးချမ်းလာတယ်။ ကျွန်တော့်ကို အများကြီး အားပေးခဲ့တဲ့၊ ကျွန်တော် ခဏခဏ ဆိုဖြစ်တဲ့ “ခရစ်တော်နောက်သို့ လိုက်ရာတွင် သေသည့်တိုင်အောင် ကျွန်ုပ် မည်သည့်အခါမျှ နောက်ကြောင်းပြန်လှည့်မည် မဟုတ်” ဆိုတဲ့ အသင်းတော် ဓမ္မသီချင်းကို သတိရမိတယ်။ “နောက်ဆုံးသော ကာလ၏ လူသားသည် သမ္မာတရားကို ဖော်ပြပြီး မရေမတွက်နိုင်သော စိတ်နှလုံးများကို နိုးကြားစေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အားလုံးသည် သမ္မာတရားဖြစ်ကြောင်း ကျွန်ုပ် မြင်တွေ့ရသဖြင့် ကိုယ်တော့်နောက်သို့ လိုက်လျှောက်ပါသည်။ အဆင်းနီသော နဂါးကြီး စာတန်သည် ဘုရားသခင် ရွေးချယ်ထားသောလူများကို အရူးအမူး ဖိနှိပ်ပြီး ဖမ်းဆီးသည်။ ခရစ်တော်နောက်သို့ လိုက်ပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်သူများသည် သူတို့၏ အသက်ကို စွန့်စား၍ ထမ်းဆောင်ကြရသည်။ တစ်နေ့တွင် ဘုရားသခင်အတွက် သက်သေခံခြင်းကြောင့် ကျွန်ုပ် ဖမ်းဆီးခံရပြီး ညှဉ်းပန်းနှိပ်စက်ခံရနိုင်သည်။ ဤသည်မှာ ဖြောင့်မတ်ခြင်းအတွက် ညှဉ်းပန်းနှိပ်စက်ခံရခြင်း ဖြစ်ကြောင်း ကျွန်ုပ်စိတ်နှလုံးထဲတွင် ရှင်းလင်းစွာ နားလည်ပါသည်။ တစ်နေ့တွင် ဧဝံဂေလိတရားဟောခြင်းကြောင့် ကျွန်ုပ် ဖမ်းဆီးခံရပြီး ထောင်ချခံရနိုင်သည်။ ဤသည်မှာ ကိုယ်တော့်နောက်လိုက်သူများအတွက် ဘုရားသခင် အမိန့်ဖြင့်ပြဋ္ဌာန်းထားသော ဆင်းရဲဒုက္ခ ဖြစ်သည်။ ဧဝံဂေလိတရားဟောခြင်း လမ်းကြောင်းတွင် ကျွန်ုပ် မည်မျှကြာအောင် ဆက်လျှောက်နိုင်မည်ကို မသိပါ၊ သို့သော် ကျွန်ုပ် အသက်ရှင်နေသရွေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖြန့်ချိပြီး ခရစ်တော်အတွက် သက်သေခံပါမည်။ သမ္မာတရားကို လိုက်စားရန်နှင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်ရန်အတွက်သာ ကျွန်ုပ်သည် မိမိကိုယ်ကို အသုံးခံပါသည်။ ဤဘဝတွင် ခရစ်တော်နောက်သို့ လိုက်ပြီး သက်သေခံရခြင်းက ကျွန်ုပ်စိတ်နှလုံးကို ဂုဏ်ယူမှုများဖြင့် ပြည့်စေသည်။ နိုင်ငံတော် အကောင်အထည်ဖော်မည့် နေ့ရက်ကို ကျွန်ုပ် မမြင်တွေ့နိုင်လျှင်ပင် ယနေ့တွင် သက်သေခံနိုင်ပြီး စာတန်ကို အရှက်ခွဲနိုင်ခြင်းကပင် လုံလောက်ပါသည်။ ညှဉ်းပန်းနှိပ်စက်မှုနှင့် ဆင်းရဲဒုက္ခကြားတွင် ဘုရားသခင်သည် ကျွန်ုပ်နှင့်အတူ ရှိသည်၊ ကိုယ်တော်သည် ကျွန်ုပ်၏ ကျောထောက်နောက်ခံ ဖြစ်သည်။ ကျွန်ုပ်အသက်တာသည် ခဏတာတောက်သော မီးရှူးမီးပန်းတစ်ခုကဲ့သို့ ပျောက်ကွယ်သွားနိုင်သော်လည်း ဘုရားသခင်အတွက် မာတုရအဖြစ် သေဆုံးရခြင်းသည် အားကောင်းသော သက်သေခံချက်ကို ပေးခြင်းဖြစ်သည်။ နိုင်ငံတော် ဧဝံဂေလိတရား ပျံ့နှံ့ရေးအတွက် ကျွန်ုပ်၏ သေးငယ်သော ခွန်အားကို ပူဇော်ဆက်ကပ်ခဲ့သည်။ ကျွန်ုပ်တွင် ညည်းညူမှု မရှိ၊ နောင်တရခြင်း မရှိပါ။ ဘုရားသခင်အတွက် သက်သေခံနိုင်သဖြင့် ကျွန်ုပ်ဘဝသည် အလဟဿ မဖြစ်ခဲ့ပါ။ ဤသည်မှာ ဘုရားသခင်၏ အမိန့်ဖြင့်ပြဋ္ဌာန်းချက်ဖြစ်ပြီး ကိုယ်တော့်ကို ကျွန်ုပ် ချီးမွမ်းကာ ကျေးဇူးတင်ပါသည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ) ရှေ့ဆက်ရမဲ့လမ်းက အခက်အခဲတွေ၊ အတားအဆီးတွေ အများကြီးနဲ့ ပြည့်နှက်နေမှန်း ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ဘယ်လို စမ်းသပ်မှုနဲ့ ဆင်းရဲဒုက္ခတွေကိုပဲ ကြုံရပါစေ၊ ကောင်းမွန်တဲ့ အနာဂတ် သို့မဟုတ် ပန်းတိုင် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျွန်တော် နာခံမယ်။ ကျွန်တော့်တာဝန်ကို ဖြည့်ဆည်းမယ်။ ပြီးတော့ ဒီသီချင်းစာသားတွေကို ကျွန်တော့် နေ့စဉ်အသက်တာမှာ လက်တွေ့အသက်ရှင်နေထိုင်ဖို့ ကြိုးစားသွားပါမယ်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
ကျန်းဖင် တရုတ်နိုင်ငံ ပြီးခဲ့တဲ့ ဧပြီလက တစ်ရက်မှာ၊ နောက်ကျောညာဘက်ခြမ်းမှာ တော်တော်နာတာကို ရုတ်တရက် ခံစားရတယ်။ တစ်နည်းနည်းနဲ့...
ရွှီလျန်၊ တရုတ်နိုင်ငံ၁၉၉၉ ခုနှစ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ နောက်ဆုံးသောကာလမှာ...
ကျန်ရှင်း အမေရိကန်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၌ သူတို့၏ ယုံကြည်ခြင်းတွင် လူတို့ ရှာဖွေကြသည့်အရာမှာ အနာဂတ်အတွက်...
လူပင်း၊ တရုတ်ပြည်၂၀၁၂ ခုနှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင်တစ်ယောက် ဖြစ်နေတုန်းမှာ ယုဒတစ်ယောက်ရဲ့ သစ္စာဖောက်မှုကြောင့် ဒေသခံရဲတွေရဲ့...