အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

လူ၏ကိုယ်ပိုင်လက္ခဏာနှင့် အနှစ်ချုပ်

အမှန်အားဖြင့် သူတို့သည် စိတ်မပျက်ကြ၊ သူတို့ကို ငါမစွန့်ပစ်သောကြောင့် လွန်ခဲ့သောနှစ်ပေါင်း ၆၀ဝ၀ ကျော်ကြာ အမှုကလက်ရှိအချိန်ထိ လုပ်ဆောင် ပြီးစီးခသည်ကို မြင်ခဲ့ကြသည်။ ပို၍ တိတိကျကျပြောရလျှင် မာရ်နတ်ကပေးသော ကောင်းမကောင်း သိကျွမ်းရာအပင်၏ အသီးကို ဘိုးဘေးတို့စားခြင်းကြောင့် သူတို့သည် အပြစ်အတွက် ငါ့ကိုစွန့်ပစ်ခဲ့ကြသည်။ ကောင်းမြတ်ခြင်းသည် ငါနှင့် သက်ဆိုင်သည်။ ဆိုးညစ်ခြင်းများမှာမူ ငါ့ကိုလှည့်ဖျားသော မာရ်နတ်နှင့် သက်ဆိုင်ပေ၏။ ဆိုးယုတ်ခြင်းက လူသားမျိုးနွယ်၏ မူလပိုင်ဆိုင်မှု မဟုတ်ခဲ့သောကြောင့် ငါသည် လူတို့ကို အပြစ်မတင်၊ အကြင်နာကင်းမဲ့စွာ အမြစ်ဖြတ် သုတ်သင်ခြင်းမပြု၊ သို့မဟုတ် ကရုဏာကင်းမဲ့သော ပြစ်တင်ဆုံးမခြင်းဖြင့်လည်း ဖိနှိပ်ခြင်း မပြုပါ။ ထို့ကြောင့် ထိုဣသရေလလူမျိုးတို့သည် ငါ့ကို ကားတိုင်တွင် လူသိရှင်ကြား သံနှင့် ရိုက်နှက်ခဲ့ကြသော်လည်း ကယ်တင်ရှင် ယေရှုကို တမ်းတကာ မေရှိယနှင့် ယေဟောဝါကို စောင့်မျှော်နေကြသော သူတို့သည် ငါ့ကတိတော်ကို မမေ့လျော့ခဲ့ကြပေ။ အကြောင်းမှာ သူတို့ကို ငါမမေ့လျော့ခဲ့သောကြောင့်ပင်။ အဆုံးတွင် လူတို့နှင့်ပြုလုပ်သော ငါ၏ ပဋိညာဉ်သက်သေအဖြစ် အသွေးကို ငါဆောင်ယူခဲ့သည်။ ဤအချက်က ကောင်းကင်နှင့် မြေကြီး၏ ထာဝရကာလ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခြင်းကဲ့သို့လည်းကောင်း၊ တံဆိပ်ခတ်ထားသကဲ့သို့လည်းကောင်း ငယ်ရွယ်နုပျိုပြီး အပြစ်ကင်းစင်သော လူတို့၏ နှလုံးသားထဲတွင် ရေးထိုးထားသော အသွေးပဋိညာဉ်ဖြစ်လာသည်။ ငါသည် ကြိုတင်ခွဲခန့်မှတ်သားကာ ရွေးချယ်တော်မူပြီးနောက် ရွေးနှုတ်ပြီး အမြတ်ရရှိထားသည့်၊ မာရ်နတ်ထက် ငါ့ကိုချစ်ပြီး ဝမ်းနည်းပူဆွေးနေသည့် စိတ်ဝိညာဉ်တို့ကို ဘယ်တော့မှ မလိမ်လည် မလှည့်ဖြားခဲ့ပါ။ ထို့ကြောင့် သူတို့သည် ငါ၏ ပြန်လည်ကြွလာခြင်းကို စိတ်အားထက်သန်စွာ မျှော်လင့်စောင့်စားနေပြီး ငါနှင့်ဆုံတွေ့ရန် စိုးရိမ်တကြီး အသင့် စောင့်နေကြသည်။ သူတို့နှင့်တကွ အသွေးအားဖြင့် ငါပြုလုပ်ထားသော ပဋိညာဉ်ကို ဘယ်သောအခါမှ ငါမဖျက်ခဲ့သောကြောင့် စိတ်အားထက်သန်စွာ သူတို့စောင့်မျှော်နေခဲ့ကြသည်မှာ အံ့သြစရာ မဟုတ်ပေ။ ငါသည် အသွေးအားဖြင့် သူတို့နှင့်တည်ခဲ့သော ပဋိညာဉ်ကို မည်သည့်အခါမျှ မပယ်ဖျက်ခဲ့သည့်အတွက် သူတို့သည် ငါ့အား စိတ်အားထက်သန်စွာ စောင့်မျှော်နေခဲ့ကြခြင်းမှာ အံ့သြစရာကား မဟုတ်ပေ။ ငါသည် လူတို့ကို အစဉ်ချစ်ခဲ့သောကြောင့် သူတို့အထဲရှိ ကောင်းမြတ်ခြင်းတွင် မကောင်းသောအရာများ ထပ်ပေါင်းခံရခြင်းဖြင့် နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့သော ဤသိုးသငယ်တို့ကို ပြန်လည်သိမ်းပိုက်မည်။ ငါကြိုတင်ချစ်မြတ်နိုးခဲ့ပြီး ငါ့ကိုချစ်သော သနားစဖွယ် စိတ်ဝိညာဉ်တို့ကို ရရှိမည် ဖြစ်ပါသော်လည်း ငါ့အိမ်တော်ထဲတွင် ရန်သူများကဲ့သို့ပြုမူပြီး ငါ့ကိုဘယ်တုန်းကမှ မချစ်ခဲ့ကြသော မကောင်းသောသူများကို အဘယ်သို့ ငါဆောင်ယူနိုင်မည်နည်း။ ငါသည် အသွေးအားဖြင့် လူနှင့် ပဋိညာဉ်ပြုပြီးသော်လည်း နတ်ဆိုးမှ ဆင်းသက်လာသူများနှင့် မုန်းတတ်သော၊ တော်လှန်သော၊ ဆန့်ကျင်သော၊ တိုက်ခိုက်ပြီး ငါ့နိုင်ငံတော်ထဲတွင် ငါ့ကိုကျိန်ဆဲသော မြွေပွေးကို ဆောင်ယူလိမ့်မည်မဟုတ်။ အဘယ်သူအတွက်နှင့် အဘယ်ကြောင့် အမှုတော် ငါဆောင်ရွက်သည်ကို သင်သိသင့်သည်။ သင်၏ ချစ်ခြင်းမေတ္တာအားဖြင့် ဤအရာသည် ကောင်းသလား၊ ဆိုးညစ်ပါသလား။ သင်သည် ဒါဝိဒ်နှင့် မောရှေက ငါ့ကိုသိသကဲ့သို့ အမှန်တကယ် သိပါသလား။ အာဗြံဟံက ငါ့ကိုအစေခံခဲ့သကဲ့သို့ သင်သည် အမှန်တကယ် ငါ့ကိုအစေခံနေလား။ ငါ့အားဖြင့် သင်တို့ကို ပြည့်စုံစေပြီးကြောင်းသည် အမှန်တရားဖြစ်သော်လည်း သင်သည် အဘယ်သူကို ကိုယ်စားပြုမည်ကို သိသင့်ပါသည်။ မည်သူနှင့် တူညီသည့်အကျိုးရလဒ် သင်ရရှိလိမ့်မည်နည်း။ ငါ့အမှုကို တွေ့ကြုံခံစားခြင်းအားဖြင့် သင့်ဘဝတွင် ပျော်ရွှင်အားရဖွယ်နှင့် ကြွယ်ဝသော ရိတ်သိမ်းရခြင်း ရှိပါသလား။ ယင်းအရာသည် ပေါများကြွယ်ဝပြီး အကျိုးကျေးဇူး ရှိပါသလား။ သင့်ကိုသင် ဆန်းစစ်သင့်ပါသည်။ နှစ်ပေါင်းများစွာ ငါ့နာမအတွက် သင် ပင်ပင်ပန်းပန်း လုပ်ဆောင်ခဲ့ပြီ ဖြစ်သောကြောင့် သင်သည် အဘယ်အရာ တစ်ခုခုကို ရရှိဖူးပါသနည်း။ မည်သည့် အရာတစ်ခုခုကို သင်ပြောင်းလဲစေပြီး မည်သည့်အကျိုးအမြတ် ရရှိခဲ့ပါသနည်း။ သင်တွေ့ကြုံရသော ဆင်းရဲဒုက္ခအတွက် အပြန်အလှန်အဖြစ် ကားစင်တင်ခံရသော ပေတရုကဲ့သို့ သို့မဟုတ် တိုက်ချခြင်းခံရပြီး ကြီးစွာသော အလင်းကိုရရှိသော ပေါလုကဲ့သို့ သင်ဖြစ်လာပါသလား။ ဤအရာများကို သင်နားလည် သဘောပေါက်သင့်ပါသည်။ ငါသည် သဲတစ်ပွင့်အရွယ်မျှသာရှိသည့် မုန့်ညင်းစေ့ထက် သေးငယ်သည့် သင့်ဘဝအကြောင်းကို အဆက်မပြတ် စဉ်းစားနေ၊ ပြောနေသည်မဟုတ်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် လူသတ္တဝါကို ငါစီမံသည်။ မည်သို့ပင်ဖြစ်စေ တစ်ခါက ငါမုန်းခဲ့ပြီး ငါ့စီမံခန့်ခွဲမှု၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုအဖြစ် နောက်ပိုင်းတွင် တစ်ဖန်ငါရွေးယူသော လူသား၏ဘဝကို ငါမတွေးတောပါ။ သင်တို့သည် သင်တို့၏ ယခင်ကိုယ်ပိုင်လက္ခဏာ ဘာဖြစ်ခဲ့သည်ဆိုသည်နှင့် ကျေးကျွန်များအဖြစ် အဘယ်သူကို အစေခံခဲ့သည်ကို သင်နားလည်သင့်ပါသည်။ ထို့ကြောင့် လူတို့သည် အရေးပါသော အရာများ မဟုတ်ကြသောကြောင့် လူတို့၏ အပြင်ပန်းသဏ္ဌာန်ကို စာတန်၏ အပြင်ပန်းသဏ္ဌာန်ကဲ့သို့ ကုန်ကြမ်းပစ္စည်းများအဖြစ် စီမံခန့်ခွဲရန် အသုံးမပြုပါ။ သင်တို့အပေါ် ငါ့သဘောထားနှင့် လက်တွေ့ကျသော အရေးပါချိန် သင်တို့အား ငါ့မိန့်ကြားချက်ကို သင်တို့မှတ်မိသင့်ပါသည်။ သင်တို့၏ ဦးခေါင်းများပေါ်က “လုပ်ငန်းတာဝန်များ” သည် အခြေအမြစ်မဲ့သည်ကို သင်သိသင့်ပါသည်။ သင်တို့အားလုံးတို့သည် မူလက ဘုရားသခင်နှင့် မသက်ဆိုင်ခဲ့ဘဲ လွန်ခဲ့သော အချိန် များစွာ စာတန်၏ ဖမ်းဆီးခြင်းခံကြရပြီး သူ၏အိမ်တွင် သစ္စာရှိသော သူ၏အစေခံ ကျွန်များအဖြစ် အစေခံခဲ့သည်ကို သိရှိသည်ဟု ငါယူဆသည်။ မာရ်နတ်၏ လက်ထဲကို ရောက်နေကြပြီး ငါ့အိမ်တော်၏ အပြင်ဘက်ကို အချိန်အတော်ကြာ ရောက်ရှိနေခဲ့သောကြောင့် သင်တို့သည် ငါ့ကို မေ့လျော့နေခဲ့ကြသည်မှာ ကြာရှည်လှပြီ။ ဥပဒေကို ခြွင်းချက်အဖြစ် သင်တို့သည် လူတို့အကြားတွင် ထားရှိသော သနားစဖွယ် စိတ်ဝိညာဉ်များ ဖြစ်နေကြစဉ် ငါကယ်တင်သောသူတို့သည် လွန်ခဲ့သောအချိန်က ငါကြိုတင်ခွဲခန့်မှတ်သားထားသောသူများနှင့် ရွေးနှုတ်ခဲ့ပြီးသောသူများဖြစ်ကြသည်။ သင်တို့သည် ဒါဝိဒ် သို့မဟုတ် ယာကုပ်၏ အိမ်သူအိမ်သားနှင့် သက်ဆိုင်ခြင်းမရှိဘဲ တစ်ပါးအမျိုးသားများဖြစ်သော မောဘ၏ အိမ်သူအိမ်သားများ ဖြစ်ကြသည်ကို သိသင့်သည်။ သင်တို့နှင့် ပဋိညာဉ်ကို ငါပြုသည်မဟုတ်သောကြောင့် သင်တို့တွင် အမှုတော်ကို ထမ်းရွက်ခြင်း၊ ပြောဆိုခဲ့ခြင်းနှင့် သင်တို့အား ဦးဆောင်လမ်းပြခြင်းမျှသာ ဖြစ်သည်။ သင်တို့အတွက် ငါ့အသွေးကို သွန်းသည်မဟုတ်။ ငါ့သက်သေခံတော်မူချက် အဘို့အလို့ငှါ အမှုတော်ကို သင်တို့တွင် ငါထမ်းရွက်ခြင်းမျှသာ ဖြစ်သည်။ ထိုအကြောင်းကို သင်တို့မသိကြသလော။ သေသည့်တိုင်အောင် သင့်ကိုယ်စား ယေရှုအသွေး သွန်းသကဲ့သို့ ငါ့လုပ်ဆောင်မှုသည် အမှန်တကယ် တူညီပါ၏လော။ သင်တို့အတွက် ထိုမျှလောက်ကြီးစွာသော အရှက်ကွဲခြင်းကို ငါခံစားခဲ့ရခြင်းသည် မထိုက်တန်ပေ။ အပြစ်လုံးဝ မရှိသော ဘုရားသခင်သည် လူနေထိုင်ရန် မသင့်လျော်သော၊ အလွန်ရွံရှာဖွယ်ရာ နှင့် စက်ဆုပ်ဖွယ်ရာကောင်းသည့် ခွေးနှင့် ဝက်တို့၏ နေရာကဲ့သို့သော နေရာသို့ အမှန်တကယ် ကြွဆင်းလာခဲ့သည်။ မည်သို့ပင်ဖြစ်စေကာမူ ငါ့ခမည်းတော်၏ ဘုန်းတော်အတွက်နှင့် ငါ၏ ထာဝရ သက်သေခံတော်မူချက်အတွက် ဤကဲ့သို့ ရက်စက်သော အရှက်ခွဲခြင်းများအားလုံးကို ငါ သည်းညည်းခံခဲ့သည်။ သင်တို့၏အပြုအမူကို သိသင့်ပြီး သင်တို့သည် “ကြွယ်ဝချမ်းသာ၍ အင်အားကြီးမားသော အိမ်ထောင်မိသားစုများ” တွင် မွေးဖွားလာခဲ့သော သားသမီးများ မဟုတ်ဘဲ စာတန်၏ သာမန်မျှသာဖြစ်သော ခိုကိုးရာမဲ့ ဆင်းသက်လာသူများသာ ဖြစ်ကြောင်း မြင်သင့်ပါသည်။ သင်တို့သည် လူတို့တွင် စတင်တည်ထောင်သူများမဟုတ်၊ သင်တို့တွင် လူ့အခွင့်အရေးများ သို့မဟုတ် လွတ်လပ်မှုမရှိ။ သင်တို့တွင် လူသားမျိုးနွယ်မှ သော်လည်းကောင်း သို့မဟုတ် ကောင်းကင်နိုင်ငံတော်မှ လည်းကောင်း မည်သို့သော ကောင်းချီးမင်္ဂလာများ၏ ဝေစုမှ မရှိခဲ့ပါ။ ဤသည်မှာ သင်တို့သည် လူသားမျိုးနွယ်ရှိ လူတို့၏ ပကတိ အောက်ဆုံးပိုင်းမှာ ရှိနေသောကြောင့်လည်းကောင်း၊ သင်တို့၏ အနာဂတ်ကို ငါသည် ဘယ်တုန်းကမှ မစဉ်းစားပေးခဲ့သောကြောင့်လည်းကောင်း ဖြစ်သည်။ ထို့ကြောင့် ဤအရာသည် ငါ့အစီအစဉ်၏ မူလအစိတ်အပိုင်း ဖြစ်ခဲ့သော်လည်း ယနေ့ သင်တို့ကို ပြည့်စုံစေဖို့ ငါသည် ယုံကြည်ခြင်းထားရှိမည်၊ ဤအရာသည် ယခင်က မရှိခဲ့၊ မဖြစ်ခဲ့ဖူးသော အသစ်အဆန်း အလုပ်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သင်တို့၏ အဆင့်အတန်းသည် အလွန်နိမ့်ကျနေပြီး လူသားမျိုးနွယ်ထဲတွင် မူလကတည်းက သင်တို့မှာ ဝေစုမရှိခဲ့သောကြောင့်ဖြစ်သည်။ ဤအရာသည် လူတို့အတွက် ကောင်းချီးမင်္ဂလာပင် မဟုတ်သလော။

ငါကယ်တင်သော စိတ်ဝိညာဉ်တို့မှာ သူတို့အကြားတွင် ငါ၏တစ်ဖန်ပေါ်လာခြင်းကို သူတို့ တောင့်တနေသောကြောင့် လွန်ခဲ့သောအချိန်က ငရဲငယ်မှ ငါလွတ်မြောက်စေခဲ့သော သူများဖြစ်ကြပြီး လွန်ခဲ့သောအချိန်က ငါသွားရောက်လည်ပတ်ခဲ့ရာ ငါရွေးချယ်သော သူများဖြစ်ကြသည်။ သူတို့သည် ငါ့ကို ချစ်ခဲ့ကြပြီး သူတို့ကို ငါချစ်ခဲ့သောကြောင့် သူတို့နှလုံးသားထဲတွင် အသွေးအားဖြင့် တည်ဆောက်ထားသော ငါ့ပဋိညာဉ်ကို သူတို့ ရေးထိုးထားခဲ့ကြသည်။ သူတို့သည် နှစ်ပေါင်းများစွာ ငါ့ကိုရှာဖွေနေခဲ့ကြသည့် ပျောက်သောသိုးသငယ်များကဲ့သို့ ဖြစ်ကြသည်။ သူတို့သည် ကောင်းမွန်ကြသောကြောင့် ကောင်းသော ဣသရေလလူမျိုးများဟု လည်းကောင်း၊ ချစ်စရာကောင်းသော ကောင်းကင်တမန်လေးများ ဟုလည်းကောင်း သူတို့ကို ငါခေါ်ဝေါ်ထားသည်။ ငါသည် သူတို့အကြားတွင် ရှိနေခဲ့မည်ဆိုလျှင် ဤကဲ့သို့သော အရှက်ကွဲခြင်းဝေဒနာကို ခံစားခဲ့ရလိမ့်မည် မဟုတ်။ ဤသည်မှာ သူတို့သည် သူတို့ကိုယ်ပိုင်ဘဝကို ချစ်သည်ထက် ငါ့ကို သာ၍ချစ်ကြသောကြောင့် လည်းကောင်း၊ အရာအားလုံးတို့တွင် အလှပဆုံးသော အရာကဲ့သို့ သူတို့ကို ငါချစ်သောကြောင့်လည်းကောင်းဖြစ်သည်။ ၄င်းမှာ သူတို့ကို ငါမှ ဖန်ဆင်းထားသောကြောင့် လည်းကောင်း၊ ငါပိုင်သောကြောင့်လည်းကောင်း သူတို့သည် ငါ့ကို ဘယ်တုန်းကမှ မမေ့လျော့ခဲ့ကြပေ။ သူတို့၏ ချစ်ခြင်းမေတ္တာက သင်တို့၏ ချစ်ခြင်းမေတ္တာထက် သာလွန်ထူးကဲပြီး သင်တို့သည် မိမိ၏ ကိုယ်ပိုင်ဘဝများကို ချစ်သည်ထက် သူတို့သည် သာ၍ကြီးမားသော ကိုင်းရှိုင်းမှုနှင့်အတူ ငါ့ကိုချစ်ကြသည်။ သူတို့သည် ငါ့အပေါ် သင်တို့ပြုမူသည်ထက် သာလွန်သော ရိုသေကိုင်းရှိုင်းမှုနှင့် ချိုးဖြူလေးများက ကောင်းကင်ယံ၌ ပြုမူသကဲ့သို့ ငါ့ကို ဆက်ကပ်အပ်နှံကြသည်။ သူတို့သည် ယာကုပ်၏ဆွေစဉ်မျိုးဆက်၊ အာဒံမှ ဆင်းသက်လာသူများ ဖြစ်ကြသောကြောင့်ဖြစ်သည်။ သည့်အပြင် သင်တို့သည် အလွန်တော်လှန် ပုန်ကန်ကြသောကြောင့်လည်းကောင်း၊ သင်တို့၏ဆန့်ကျင်မှုက အလွန်စိုးရိမ်ဖွယ်ရာ ဖြစ်နေသောကြောင့်လည်းကောင်း၊ သင်တို့သည် ငါ့ကို အထင်အမြင် သေးလွန်းနေသောကြောင့်လည်းကောင်း၊ သင်တို့သည် ငါ့အပေါ် အေးစက် လွန်းနေသောကြောင့်လည်းကောင်း၊ သင်တို့သည် ငါ့ကို အလွန်မုန်းတီးကြပြီး အနည်းငယ်သာ ချစ်ကြသည်တို့ကြောင့်လည်းကောင်း၊ သင်တို့ကို ချစ်သည်ထက်ပင် သူတို့ကို ရှေးလွန်ခဲ့သောအချိန်ကပင် ငါချစ်မြတ်နိုးခဲ့သောကြောင့် ငါရွေးချယ်ရာမှ ရွေးချယ်ခံသူများ ဖြစ်ကြသည်။ ငါ၏လုပ်ငန်းကို သင်တို့ အထင်အမြင်သေးကြပြီး ငါ့လှုပ်ရှားမှုများကို သင်တို့ အလွန်စက်ဆုပ်ကြသည်။ သူတို့နှင့်မတူဘဲ ငါ၏လှုပ်ရှားမှုများကို ဘယ်သောအခါမှ သင်တို့ အလေးထားခဲ့ကြခြင်းမရှိပေ။ ထိုအစား သင်တို့သည် ၎င်းတို့ကို စာတန်ကဲ့သို့ မျက်ထောင့်နီနီ စိုးရိမ်ပူပန်မှု မျက်လုံးများနှင့် စက်ဆုပ်ကြသည်။ သင်တို့၏ အပ်နှံမှုကား အဘယ်မှာနည်း။ သင်တို့၏ အကျင့်စရိုက်ကား အဘယ်မှာနည်း။ သင်တို့၏ ချစ်ခြင်းမေတ္တာကား အဘယ်မှာနည်း။ သင်တို့ အထဲမှာရှိသော မေတ္တာတရားကို မည်သည့်အချိန်တွင် ဖော်ထုတ်ကြသနည်း။ မည်သည့်အချိန်တွင် ငါ၏ အလုပ်ကို လေးလေးနက်နက် ထမ်းဆောင်ကြသနည်း။ ငါ့ကို စိုးရိမ်ကြောင့်ကြစွာ စောင့်နေကြစဉ် စိုးရိမ်တကြီး ငါ့ကို မျှော်လင့်စောင့်စားနေကြပြီး ပြင်းထန်စွာ ဝေဒနာခံစားကြသော ထိုချစ်စဖွယ် ကောင်းကင်တမန်များကို ငါသည် အလွန်များစွာ ချစ်သောကြောင့် သနားပေ၏။ မည်သို့ပင်ဆိုစေကာမူ ယနေ့ ငါတွေ့သောအရာသည် သူတို့နှင့် ဘာမှမသက်ဆိုင်သော လူသားမဆန်သည့် ကမ္ဘာလောကမျိုးဖြစ်သည်။ လွန်ခဲ့သောအချိန်က သင်တို့၏ အသိစိတ်များ ထုံထိုင်းလာနေပြီး အကြင်နာကင်းမဲ့လာကြောင်း သင်တို့မထင်ဘူးလား။ သင်တို့သည် နှစ်သက်ဖွယ်ကောင်းသော ကောင်းကင်တမန်များနှင့်အတူ ငါ၏ပြန်လည် ပေါင်းစည်းခြင်းကို တားဆီးဟန့်တားနေသော အလကားလူများဖြစ်ကြောင်းကို မစဉ်းစားမိကြသလော။ မည်သည့်အချိန်တွင် ငါ၏ပြန်ကြွလာခြင်းကို သူတို့သည် မစောင့်ဘဲနေကြသနည်း။ ငါနှင့်ပြန်လည်ပေါင်းစည်းရန် မည်သည့် အချိန်တွင် သူတို့သည် မစောင့်ဘဲ နေခဲ့ကြသနည်း။ မည်သည့်အချိန်တွင် သူတို့သည် ငါနှင့်အတူ စားသောက်ရန်နှင့် လှပသောနေ့ရက်များကို အတူတကွ အချိန်ကုန်လွန်စေရန် မမျှော်လင့်၊ မစောင့်စားဘဲ နေခဲ့ကြသနည်း။ သင်တို့ ယနေ့ဘာလုပ်နေသည်ကို နားလည်သဘောပေါက်ကြဖူးပါသလား။ အတိအကျပြောရသော်၊ ကမ္ဘာလောက တစ်လျှောက်လုံး သောင်းကျန်းနေခြင်း၊ တစ်ဦးနှင့်တစ်ဦး လျှို့ဝှက်ကြံစည်နေခြင်း၊ တစ်ဦးနှင့်တစ်ဦး လိမ်လည်လှည့်ဖျားခြင်း၊ သစ္စာမဲ့စွာ၊ လျှို့ဝှက်စွာ၊ အရှက်မဲ့စွာ ပြုမူခြင်း၊ သမ္မာတရားကို မသိခြင်း၊ ကလိမ်ကကျစ်ကျခြင်းနှင့် လိမ်လည်လှည့်ဖျားခြင်း၊ မြှောက်ပင့် ပြောဆိုခြင်း၊ သင်တို့ကိုယ်သင်တို့ အခြားသူများထက် ပိုမိုကောင်းမွန်သည်၊ မှန်ကန်သည်ဟု တွေးတောနေခြင်း၊ စိတ်ကြီးဝင်နေခြင်း၊ တောတောင်များရှိ တောရိုင်း တိရိစ္ဆာန်များကဲ့သို့ ရိုင်းစိုင်းစွာပြုမူခြင်းနှင့် သားရဲတိရိစ္ဆာန်တို့၏ ဘုရင်ကဲ့သို့ ကြမ်းကြုတ်ခြင်းတို့ ဖြစ်သည်။ ဤသည်မှာ လူသတ္တဝါတစ်ဦးနှင့် ဆင်တူသော အရာလော။ သင်တို့သည် ရိုင်းစိုင်းပြီး မျှတမှုမရှိကြ။ သင်တို့သည် ငါ့စကားကို အဖိုးတန်ရတနာအဖြစ် ဘယ်တုန်းကမှ သဘောမထားကြ။ သို့သော် ထိုအစား အထင်သေးစရာကောင်းသော သဘောထားကို သင်တို့သည် မွေးစား အတည်ပြု ကျင့်သုံးခဲ့ကြပြီ။ ဤနည်းလမ်းဖြင့် မည်သည့်နေရာတွင် စစ်မှန်သော လူ့ဘဝဆိုသည့် အောင်မြင်ဖြစ်ထွန်းမှုနှင့် လှပသည့် မျှော်လင့်ခြင်းများ ဆိုက်ရောက်လာနိုင်မည်နည်း။ သင်၏ တရားလွန် စိတ်ကူးစိတ်သန်းက သင်တို့ကို ကျားခံတွင်းမှ အမှန်တကယ် ကယ်ဆယ်လိမ့်မည်လော။ ဤအရာက လောင်နေသော မီးထဲက အမှန်တကယ် သင့်ကို ကယ်ဆယ်လိမ့်မည်လော။ သင်တို့သည် အမှန်တကယ် ငါ့အလုပ်ကို တန်ဖိုးမဲ့သော ရတနာအဖြစ် သဘောထားခဲ့လျှင် ဤအခြေအနေထိ သင်ကျဆင်းလိမ့်မည်လော။ သင်တို့၏ ကံကြမ္မာသည် အမှန်တကယ် မပြောင်းလဲနိုင်ပါ ဆိုသည်မှာ ဖြစ်နိုင်ပါမည်လော။ ယင်းကဲ့သို့သော နောင်တရခြင်းနှင့် သင်တို့သည် လိုလိုလားလား အသက်စွန့်လိုပါသလော။

ယခင်က:လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း၏ ရည်ရွယ်ချက်

နောက်တစ်ခုသို့:လူသား၏ ပင်ကို ကိုယ်ပိုင်လက္ခဏာနှင့် ၎င်းတို့၏ တန်ဖိုး- ထိုအရာများမှာ အဘယ်နည်း

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ