မေးခွန်း (၂) တိမောသေသြဝါဒစာ ဒုတိယစောင် မှာ ရှင်ပေါလုက၊ တိမောသေ ဩဝါဒစာ ဒုတိယစောင် ၃:၁၆ “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍၊” ပြီးတော့ကျမ်းစာရှိသမျှဟာ ဘုရားသခင်ကိုယ်တော်တိုင်ရဲ့နှုတ်ကပတ်တော်တွေပဲ လုိ့ ေပြာထားတယ် ကျမ်းစာဟာဘုရားခင်ရဲ့ကိုယ်စားတော်ဖြစ်ပါတယ်လို့ ပြောလို့ရပါတယ် ဒါရှင်ပေါလုကိုယ်တိုင်အတိအကျပြောခဲ့တာ၊ ဘယ်လိုလုပ်မှားနိုင်မှာလဲ

အဖြေ- ဘာသာရေးကိုင်းရှိုင်းတဲ့သူ အများစုကသမ္မာကျမ်းစာဟာ ဘုရားသခင်မှုတ်သွင်း တော်မူတယ်လို့ ယုံကြည်ကြတယ် ရှင်ပေါလုပြောတာကိုယုံကြတယ် ဒါပေမဲ့၊ ဒီစကားကိုရှင်ပေါလုက ဘာကိုအခြေခံပြီးပြောခဲ့သလဲ ဆိုတာကိုဘယ်သူမှ မလေ့လာခဲ့ကြဘူး သူတို့ကဒါကိုဒီတိုင်းပဲခံစားလိုက်ကြတယ်၊ ဘာလို့လဲဆိုရင်၊ သူတို့ဟာ ရှင်ပေါလုရဲ့စကားတွေကို မျက်စိစုံမှိတ် ယုံကြည်လွန်းကြပြီး သူ့ကို ကိုးကွယ်ခဲ့ကြလို့ပဲ ဒါပေမယ့် ရှင်ပေါလုရဲ့စကားတွေဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေနဲ့ ကိုက်ညီရဲ့လားလို့ တွေးမိကြရဲ့လား သခင်ယေရှုရဲ့နှုတ်ကပတ်တော်တွေအားဖြင့်ရော ထောက်ခံပေးခဲ့လို့လား ဒါမှမဟုတ် သန့်ရှင်းသောဝိညာဉ်တော်ရဲ့နှုတ်ကပတ်တော်ကိုရော လူတွေက ရှင်ပေါလုရဲ့စကားတွေကို အသုံးချပြီး သမ္မာကျမ်းစာတစ်ခုလုံးဟာ ဘုရားသခင် မှုတ်သွင်းတော်မူခြင်းဖြစ်တယ်လို့ ကောက်ချက်ချ လိုက်ကြတယ် ဒါပေမဲ့၊ ဒီစကားတွေဟာ သခင့်ရဲ့နှုတ်ကပတ်တော်၊ သို့မဟုတ်၊ သမ္မာတရားနဲ့ ကိုက်ညီမှုရှိရဲ့လား ရှင်ပေါလုရဲ့ဒီစကားကို သခင်ယေရှုရဲ့ နှုတ်ကပတ်တော်၊ ဒါမှမဟုတ်၊ သန့်ရှင်းသောဝိညာဉ်တော်က အတည်ပြုပေးခဲ့ရင်တော့ ကျွန်တော်တို့တွေလက်ခံလို့၊ နာခံလို့ရတာပေါ့ အဲ့ဒါမှ ဒါဟာ သခင် ရည်ရွယ်တာတွေနဲ့ ကိုက်ညီမှာလေ ဒါပေမဲ့ကျွန်တော်တို့သိထားတဲ့အချက်တစ်ချက်က၊ ရှင်ပေါလုဟာ သခင်ယေရှုကိုဆန့်ကျင်လေ့ရှိခဲ့ပြီးတော့ကိုယ်တော့်ကို အတိုက်အခံတောင်လုပ်ခဲ့တာဗျ သူဟာ သခင်ယေရှုကိုဆန့်ကျင်တဲ့ အကြီးဆုံးအပြစ်သားတစ်ယောက်လို့ လူသိများခဲ့တယ် သတင်းကောင်းဝေငှဖို့အတွက် သခင်ယေရှုက ရှင်ပေါလုကို တမန်တော်တစ်ပါး အဖြစ်ရွေးကောက်ခဲ့ပေမယ့်၊ ရှင်ပေါလုဟာ ဖန်ဆင်းခြင်းခံရတဲ့သူ တစ်ယောက်သက်သက်ပါပဲ အဲ့ဒါကြောင့်၊ သူ့စကားတွေဟာ လူတစ်ယောက်ရဲ့စကားတွေပါပဲ၊ ဒီ့ထက်မပိုပါဘူး အခြားတမန်တော်တွေနဲ့ တပည့်တော်တွေဟာ လူသားတွေပဲဖြစ်ပေမဲ့ သခင်ယေရှုဟာဘုရားသခင်ဖြစ်တယ် သခင်ယေရှုရဲ့တမန်တော်တွေနဲ့တပည့်တော်တွေဟာ သခင်ယေရှုကိုယ်တော်တိုင်နဲ့ မယှဉ်သာပါဘူး လူသားတွေရဲ့စကားတွေကို သခင်ယေရှု၊ ဒါမှမဟုတ်၊ သန့်ရှင်းသောဝိညာဉ်တော်က အတည်မပြုခဲ့ရင်၊ ဘယ်သူပြောတာပဲဖြစ်ပါစေ၊ ဒီစကားတွေကို မျက်စိစုံမှိတ်ပြီး လက်ခံနေလို့၊ နာခံနေလို့မဖြစ်ဘူး မဟုတ်ရင်၊ အကျိုးဆက်တွေကမတွေးနိုင်လောက်အောင်ဖြစ်လိမ့်မယ် သခင်ယေရှုကို ဖာရိရှဲတွေပြစ်တင်ရှုတ်ချခဲ့တဲ့အချိန်ကိုပြန်သွားကြည့်ရင်၊ လူအများစုက၊ ဖာရိရှဲတွေရဲ့နောက်ကိုလိုက်ပြီးသခင်ယေရှုကိုငြင်းဆန်ခဲ့ကြတယ် အဲ့ဒီလူတွေဟာ သခင်ယေရှုကိုပြစ်တင်ရှုတ်ချပြီး ငြင်းဆန်ခဲ့လို့ ပယ်ရှားခြင်းခံခဲ့ရတယ် ကျွန်တော်တို့ခုထိသင်ခန်းစာမယူနိုင်ကြသေးဘူးလား တကယ်တော့ သမ္မာကျမ်းစာထဲမှာ ယေဟောဝါဘုရားသခင်၊ သခင်ယေရှု၊ သန့်ရှင်းသော ဝိညာဉ်တော်ဆီက နှုတ်ကပတ်တော်တွေ ပရောဖက်ကနေတဆင့် သယ်ဆောင်တဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ ဗျာဒိတ်ကျမ်းတွေပဲ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ ဖြစ်တယ် ကျန်တာတွေကတော့ မှတ်တမ်းတွေ၊ ဘုရားသခင်မဟုတ်တဲ့ လူတွေရဲ့စာတွေပဲ ဒါတွေဟာ ဘုရားသခင့်အမှုတော်ရဲ့ သက်သေတွေလို့ သတ်မှတ်ခံထားရပြီး၊ သမ္မာကျမ်းစာထဲမှာ တကယ့်ကိုအရေးပါတဲ့အကြောင်းအရာတွေပါပဲ ဘယ်လိုပဲဖြစ်ဖြစ်၊ ကျွန်တော်တို့မှတ်ထားရမှာက လူတွေရဲ့စကားတွေကို ဘုရားသခင်ရဲ့နှုတ်ကပတ်တော်လို့မသတ်မှတ်ဖို့ပါပဲ လူတွေရဲ့စကားဟာ လူတွေရဲ့စကားသက်သက်ပါပဲ၊ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကသာလျှင် အမှန်တကယ် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ပါ တကယ်လို့ကျွန်တော်တို့သာ သမ္မာကျမ်းစာထဲက လူတွေနဲ့စာတန်ရဲ့စကားတွေကိုဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေလိုအလေးအနက်ထားနေရင် ဒါဟာဘုရားသခင်ကို မရိုမသေလုပ်တာ၊ ထိခိုက်စော်ကားတာပဲ အဲ့ဒါကြောင့် “ကျမ်းစာရှိသမျှဟာ ဘုရားသခင်ဆီကလာတယ်၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဖြစ်တယ်လို့ပြောတာဟာ” အဓိပ္ပါယ်မရှိတဲ့အချက်သက်သက်ပါပဲ

အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို ဖတ်ကြပါစို့ “အမှန်တွင် အနာဂတ္တိကျမ်းများမှအပ ဓမ္မဟောင်းကျမ်းထဲမှ ကျမ်းအများစုသည် သမိုင်းမှတ်တမ်းများ ဖြစ်သည်။ ဓမ္မသစ်ကျမ်းထဲမှ သြဝါဒစာအချို့သည် လူတို့၏ ဘဝအတွေ့အကြုံများမှ လာခြင်းဖြစ်ပြီး တစ်ချို့မှာ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမူကြောင့် လာခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ပေါလု၏ စာများသည် လူတစ်ဦး၏ လုပ်ဆောင်ချက်မှ ထွက်ပေါ်လာခဲ့ပြီး ၎င်းတို့ အားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုကြောင့် ပေါ်ပေါက်လာသော ရလဒ် ဖြစ်ကာ အသင်းတော်များအတွက် ရေးခဲ့သော စာများဖြစ်ပြီး အသင်းတော်မှ ညီအစ်ကိုမောင်နှမများကို နှိုးဆော်အားပေးသော စကားများ ဖြစ်သည်။ ထိုစကားများသည် သန့်ရှင်းသောဝိညာဉ်တော်က ပြောသောစကားများ မဟုတ်ပါ— ပေါလုသည် သန့်ရှင်းသောဝိညာဉ်တော်၏ ကိုယ်စား မပြောနိုင်သကဲ့သို့ သူသည် ယောဟန် ရှုမြင်ခဲ့ရသော ရူပါရုံများကို မြင်ခဲ့ဖို့ရန်ဝေးစွ၊ ပရောဖက်တစ်ဦးပင် မဟုတ်ခဲ့ပါ။ ပေါလုရေးခဲ့သော သြဝါဒစာများသည် ဧဖက်မြို့၊ ဖိလဒေလဖိမြို့၊ ဂလာတိပြည်နှင့် အခြားသော အသင်းတော်များအတွက် ရေးသောစာများ ဖြစ်သည်။ သို့ဖြစ်၍ ဓမ္မသစ်ကျမ်းထဲရှိ ပေါလု၏ သြဝါဒစာများသည် အသင်းတော်များအတွက် ပေါလုရေးခဲ့သော သြဝါဒစာများသာဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ စေ့ဆော်ချက်များလည်း မဟုတ်သကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်ရိုက် မိန့်မြွက်ချက်များလည်း မဟုတ်ပေ။...သူသည် ထိုစဉ်အချိန်က အသင်းတော်များ၏ တမန်တော်အလုပ်ကို သူလုပ်ဆောင်ခဲ့သည်။ သူသည် သခင်ယေရှု အသုံးပြုခဲ့သော အမှုဆောင်တစ်ဦး ဖြစ်သည်။ ထိုသို့ဖြစ်သောကြောင့် အသင်းတော်များအတွက် တာဝန်ကို သူယူရမည်ဖြစ်ပြီး အသင်းတော်များ၏ အလုပ်ကို ဆောင်ရွက်ရမည် ဖြစ်သည်၊ သူသည် ညီအစ်ကိုမောင်နှမများ၏ အခြေအနေကို လေ့လာသင်ယူခဲ့ရသည်၊ သို့ဖြစ်သောကြောင့် သူသည် သခင့်ထဲက ညီအစ်ကိုမောင်နှမအားလုံးထံသို့ သြဝါဒစာများကို ရေးသားခဲ့ခြင်းဖြစ်သည်။ လူတို့အတွက် တည်ဆောက်စရာ ဖြစ်စေသော၊ အပြုသဘောဆောင်သော ပေါလု၏ စကားများ အားလုံးသည် မှန်သော်လည်း ထိုစကားများသည် သန့်ရှင်းသောဝိညာဉ်တော်၏ မိန့်မြွက်ချက်များကို ကိုယ်စားမပြုသကဲ့သို့ ဘုရားသခင်ကိုလည်း ကိုယ်စား မပြုနိုင်ခဲ့ပေ။ ယင်းသည် လူတစ်ယောက်၏ အတွေ့အကြုံများနှင့်ဆိုင်သော မှတ်တမ်းတစ်ခုနှင့် လူတစ်ယောက်၏ သြဝါဒစာများကို အသင်းတော်များထံ သန့်ရှင်းသောဝိညာဉ်တော်ပြောသည့် စကားလုံးများသဖွယ် လူတို့ သဘောထားခြင်းသည် ကမ်းကုန်အောင် လွဲမှားသည့် ခံယူချက်ဖြစ်ပြီး ဘုရားသခင်အား အကြီးအကျယ် ပြစ်မှားစော်ကားခြင်းလည်း ဖြစ်သည်။...အကယ်၍ လူတို့သည် ဓမ္မသစ်ကျမ်းမှ သြဝါဒစာများ သို့မဟုတ် ပေါလု၏ စကားများကဲ့သို့သော စကားများကို သန့်ရှင်းသောဝိညာဉ်တော်၏ ပြောကြားချက်များအဖြစ် မြင်ကြပြီး ၎င်းတို့ကို ဘုရားကဲ့သို့ ကိုးကွယ်မည်ဆိုလျှင် လူတို့သည် အလွန်အမင်း မဆင်မခြင်ပြုမူနေခြင်း ဖြစ်သည်ဟုသာ ဆိုနိုင်ပေသည်။ သာ၍ ခပ်ကြမ်းကြမ်း ပြောရမည်ဆိုလျှင် ဤသည်မှာ ဘုရားသခင်ကို ပြစ်မှားစော်ကားနေကြခြင်းပင် ဖြစ်သည်မဟုတ်လော။ လူတစ်ယောက်က ဘုရားသခင်ကိုယ်စား မည်သို့ ပြောဆိုနိုင်ပါမည်နည်း။ ထို့အပြင် လူတို့သည် ပေါလု၏ သြဝါဒစာများနှင့် သူပြောသော စကားများနှင့်ဆိုင်သော မှတ်တမ်းကို သန့်ရှင်းသော ကျမ်းစာ သို့မဟုတ် ကောင်းကင်ဘုံမှလာသော ကျမ်းစာဖြစ်သည့်အလား သတ်မှတ်ကာ ၎င်းတို့ရှေ့၌ မည်သို့ ပျပ်ဝပ်နိုင်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူတစ်ယောက်က သာမန်ကာလျှံကာ ပြောနိုင်ပါမည်လော။ လူတစ်ယောက်က ဘုရားသခင်ကိုယ်စား မည်သို့ ပြောဆိုနိုင်ပါမည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၃))

ဒီကျမ်းပိုဒ်ထဲမှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဟာ အရမ်းကိုရှင်းလင်းပါတယ် သမ္မာကျမ်းစာဟာ၊ ဘုရားသခင်ရဲ့နှုတ်ကတော်တော် သာလျှင်မဟုတ်ဘူး၊ အခြားသောလူအမျိုးမျိုးတို့ရဲ့စကားများလည်း ပါရှိနေပါတယ် ဒီလိုမတူတာကိုသိထားခြင်းအားဖြင့်၊ ကျွန်တော်တို့ ခွဲခြားနိုင်ပြီး၊ အချက်အလက်ကို လေးလေးစားစားနဲ့၊ သမ္မာကျမ်းစာကို မှန်မှန်ကန်ကန်အသုံးပြုနိုင်မှာ ယုံကြည်သူအများစုက သမ္မာကျမ်းစာကိုမျက်စိမှိတ်ယုံကြည်နေတုန်းပါပဲ၊ ပြီးတော့သမ္မာကျမ်းစာထဲက အရာအားလုံးကို ကိုးကွယ်ကြတယ် သူတို့ဟာ ရှင်ပေါလုပြောတဲ့ “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍၊” ဆိုတဲ့စကားကိုယုံကြည်နေကြတယ် သူတို့ထင်တာက၊ သမ္မာကျမ်းစာထဲမှာရှိရှိသမျှဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေပဲပေါ့ လူတွေရဲ့စကား၊ စာတန်ရဲ့စကားတွေအကုန်လုံးကို ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေလို့ ထင်နေကြတယ် ဒါဟာဘယ်လိုပြဿနာမျိုးလဲ ဒါဟာဘုရားကိုပြစ်မှားတာမဟုတ်ဘူးလား လူတွေရဲ့စကားတွေကို သမ္မာကျမ်းစာထဲမှာ လူတွေရဲ့စကားတွေလို့ပဲ ရှင်းရှင်းလင်းလင်းမှတ်သားထားပါတယ် ဒါကိုတချို့ကဘာလို့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေလို့ ထပ်တလဲလဲ ပြောနေကြတာလဲ လူတွေရဲ့စကားတွေဟာ သမ္မာကျမ်းစာထဲမှာရှိနေတာနဲ့ပဲဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဖြစ်သွားပြီလို့ တကယ်ထင်နေကြတာလား ဒါဘယ်လိုယုတ္တိတန်တဲ့အတွေးမျိုးလဲ စာတန်ရဲ့စကား၊ မြွေရဲ့စကားတွေလည်း ဒီထဲပါနေတာ အဲ့ဒီတော့ဒါတွေဟာလည်း ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေပါလို့ ပြောရဲသလား ဒါဘာကိုဖော်ပြနေလဲဆိုရင် သမ္မာကျမ်းစာထဲရှိရှိသမျှဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေပါလို့ ထင်နေသူတွေဟာ တကယ်အဓိပ္ပါယ်မရှိတာပါ သူတို့ဟာသမ္မာတရားကိုနားမလည်ရင်တောင်၊ အနည်းဆုံးတော့ အချက်အလက်တွေကိုလေးစားသင့်ပါတယ် အချက်အလက်တွေကို ပြောင်းပြန် မလှန်လိုက်သင့်ပါဘူး

ကျွန်မတို့အားလုံးက ဘုရားသခင်ရဲ့နှုတ်ကပတ်တော်သာလျှင် သမ္မာတရားဖြစ်တယ်၊ လမ်းခရီးဖြစ်တယ်၊ အသက်ဖြစ်တယ်ဆိုတာသိကြတာပဲ သမ္မာတရားနဲ့ကိုက်ညီတဲ့ လူတွေရဲ့စကားတွေဟာ သူတို့ရဲ့အတွေ့အကြုံနဲ့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို နားလည်ခြင်းကနေလာတာပါပဲ ဒါပေမဲ့၊ သန့်ရှင်းသောဝိညာဉ်တော်ဆီက ဉာဏ်အလင်းပဲရရ၊ အလင်းပေးခြင်းခံရတာပဲဖြစ်ဖြစ်၊ လူတွေရဲ့စကားက လူတွေရဲ့စကားပါပဲ ပြီးတော့လူတွေရဲ့စကားကို ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့ နှိုင်းလို့မရနိုင်ပါဘူး ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဟာ ကိုယ်တော့်ရဲ့စိတ်သဘောထားနဲ့ သူ့မှာရှိတဲ့အရာ၊ သူ့ဖြစ်ခြင်းတွေအားလုံးကို ဖော်ပြထားခြင်းပါပဲ “ဒါတွေဟာ အစစ်အမှန် အပြုသဘောဆောင်တဲ့အရာတွေပဲ ဒါဟာကျွန်မတို့အတွက်အသက်လဲဖြစ်တယ်” သမ္မာတရားနဲ့ကိုက်ညီတဲ့ လူတွေရဲ့ပြောစကားတွေဟာ သူတို့ရဲ့အတွေ့အကြုံ၊ သမ္မာတရားနဲ့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို နားလည်ခြင်းကနေ လာတာဖြစ်တယ် ဒါတွေဟာ အဲ့ခေတ်အဲ့အချိန်တုန်းက လူတွေရဲ့ဝိညာဉ်အသက်တာကို ကိုယ်စားပြုခဲ့တာပဲ ဒါပေမဲ့ ကျွန်မတို့ အမြဲနားလည်ထားရမှာက၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို အပြည့်အဝတွေ့ကြုံဖို့ဆိုတာ မဖြစ်နိုင်ပါဘူး သူတို့ဘယ်လိုပဲ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့ သမ္မာတရားကို နက်နက်ရှိုင်းရှိုင်းသိပါစေ၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့ သမ္မာတရားရဲ့ မူရင်းအနှစ်သာရကို မပြည့်မှီနိုင်ဘူး ကျွန်မဆိုလိုတာက၊ လူတွေရဲ့စကားတွေဟာ သမ္မာတရားနဲ့ကိုက်ညီကောင်းကိုက်ညီနေမယ်၊ ဒါပေမဲ့ ဘယ်လိုမှထပ်တူကျမှာမဟုတ်ဘူး သမ္မာတရားနဲ့ကိုက်ညီတဲ့စကားကိုပြောနိုင်တာနဲ့ သမ္မာတရားရှိတဲ့သူလို့မဆိုနိုင်ဘူး ပြီးတော့ အဲ့ဒီလူဟာသမ္မာတရားပါလို့လဲမဆိုနိုင်ပါဘူး ဒါဟာဘာကြောင့်လဲဆိုရင်၊ သန့်ရှင်းသောဝိညာဉ်တော်က သူ့ရဲ့အမှုတော်ကို လူတွေရဲ့ဝိညာဉ်အသက်တာအပေါ် အခြေခံပြီး လမ်းညွှန်ခြင်းနဲ့ ဉာဏ်အလင်းရစေခြင်အားဖြင့် လူတွေကိုသမ္မာတရားသိနားလည်စေပြီး၊ လက်တွေ့သို့oင်ရောက်စေသည် ဘုရားသခင်အသုံးပြုတဲ့လူတွေပြောတဲ့၊ သမ္မာတရားနဲ့ကိုက်ညီတဲ့စကားတွေဟာ၊ သူတို့ရဲ့အကန့်အသတ်ရှိတဲ့ အတွေ့အကြုံနဲ့ သမ္မာတရားအပေါ်နားလည်မှုတွေပါပဲ..သမ္မာတရားနဲ့ စစ်မှန်တဲ့အနှစ်သာရနဲ့ယှဉ်တဲ့အခါ အလွန်ကွဲပြားပါတယ် ဒီစကားက အထောက်အကူအချို့ပဲပေးနိုင်တာပါ ဒါဟာလူတွေရဲ့အသက်မဖြစ်နိုင်သလို၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့မယှဉ်နိုင်ပါဘူး အနန္တတန်ခိုးရှင် ပြောသည် “သန့်ရှင်းသောဝိညာဉ်တော် ဉာဏ်အလင်းပေးသည့် နှုတ်ကပတ်တော်ခပ်သိမ်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကိုယ်စားပြုခြင်း မရှိဘဲ၊ သမ္မာတရားကိုလည်း ကိုယ်စားပြုခြင်း မရှိ၊ ၎င်းတို့သည် သမ္မာတရားနှင့် သက်ဆိုင်ခြင်းလည်း မရှိပေ။ ထိုသူတို့တွင် သမ္မာတရားအပေါ် နားလည်မှု အချို့နှင့် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်း အချို့ ရှိသည်ဟုသာ ဆိုနိုင်၏။...သမ္မာတရားသည် ဘုရားသခင်ကိုယ်တော်တိုင်၏ အသက် ဖြစ်၏။ ယင်းသည် သူ၏စိတ်သဘောထား၊ သူ၏ အနှစ်သာရနှင့် သူ့အထဲက ခပ်သိမ်းသောအရာတို့ကို ကိုယ်စားပြုသည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သမ္မာတရားဆိုသည်မှာ အမှန်တကယ် မည်သည့်အရာဖြစ်ကြောင်း သင် သိသလော။”) ဒါကြောင့် သမ္မာကျမ်းစာထဲမှာတွေ့ရတဲ့ လူ့စကားနဲ့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ရောထွေးပစ်လိုက်လို့မရပါဘူး ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုအခြေမခံဘဲ သမ္မာကျမ်းစာထဲက လူ့စကားတွေပေါ်မှာပဲအခြေခံပြီးတရားဟောတဲ့သင်းအုပ်ဆရာတွေအများကြီးရှိပါတယ် သူတို့ဟာလူ့စကားကိုသမ္မာတရားလုပ်ပစ်လိုက်တယ် ပြီးတော့ လူတွေကို လိုက်နာစေတယ် ဒါကပဲလွယ်လွယ်ရှုပ်ထွေးသွားစေတာပါ၊ ဘာကြောင့်လဲဆိုရင် လူ့စကားတွေဟာ လူတွေရဲ့အသက်ဘယ်လိုမှဖြစ်မလာနိုင်ဘူး၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကသာလျှင်လူ့အသက်ရှင်စေနိုင်တာကိုကျွန်မတို့သိကြတယ် သင်းအုပ်ဆရာတွေက သမ္မာကျမ်းစာထဲက လူ့စကားတွေကိုသမ္မာတရားလုပ်ပစ်လိုက်ပြီး၊ လူတွေကိုလိုက်နာစေတာပါ ဒါဟာလှည်းကိုမြင်းအရှေ့မှာ တပ်လိုက်သလိုဖြစ်မနေဘူးလား ဒါဟာဘုရားသခင်ကိုချီးမြှောက်တာ၊ ဘုရားရဲ့ပုံသက်သေဆောင်တာ ဟုတ်ပါ့မလား ဒီ့အပြင်၊ “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍” လို့ ရှင်ပေါလုကပြောခဲ့တာ ဘုရားသခင်က ဘယ်တုန်းကမှ သမ္မာကျမ်းစာဟာ ဒီလိုဖြစ်လာတာလို့ တစ်ခါမှ သက်သေမထွက်ဆိုခဲ့ဘူး.. ပြီးတော့ သန့်ရှင်းသော ဝိညာဉ်တော်ကလည်း ဒီလိုစကားမျိုးဘယ်တုန်းကမှ မပြောခဲ့ဖူးဘူး ပြီးတော့ ဘယ်ပရောဖက်၊ တမန်တော်တွေကမှလည်း မပြောခဲ့ဘူးလေ ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် ရှင်ပေါလုပြောခဲ့တဲ့ မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍ ဆိုတဲ့စကားက သူ့အမြင်ကိုပဲ ကိုယ်စားပြုတာပါ အဲ့ဒါကြောင့် သမ္မာကျမ်းစာတစ်အုပ်လုံးဟာ ဘုရားသခင်မှုတ် သွင်းတော်မူတယ်၊ အဲ့ဒီသမ္မာကျမ်းစာဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဖြစ်ပြီး ဘုရားသခင်ကိုကိုယ်စားပြုတယ်ဆိုပြီး လူတွေ ထင်တာက အမှားကြီးကိုမှားနေတာပါ ဒါဟာသမ္မာကျမ်းစာကို ကျွန်မတို့ သဘောထားရမယ့် နည်းလမ်းပဲ၊ ဒီအချက်ကို ကျွန်မတို့ နားလည်တဲ့အတိုင်း ရှင်းရှင်းလင်းလင်း သိထားရမှာပါ၊ ဒါ ဘုရားသခင်နှစ်သက်မယ့် နည်းလမ်းပဲ ဖြစ်တယ်

ခြေချင်းများကိုချိုးဖျက်၍ ပြေးပါ ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၁) ကျမ်းစာထဲမှာ ရှင်ပေါလုက “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍၊” (တိမောသေ ဩဝါဒစာ ဒုတိယစောင် ၃:၁၆) ရှင်ပေါလုရဲ့စကားတွေကကျမ်းစာထဲမှာရှိတယ်လေ .. အဲ့ဒါကြောင့်အဲ့ဒီစကားတွေက ဘုရားသခင်ရဲ့ မှုတ်သွင်းမှုကြောင့်ဖြစ်လာတာ .. အဲ့ဒီစကားတွေကဘုရားသခင်ရဲ့ စကားတွေပဲ သခင့်ကိုယုံကြည်တာဟာ သမ္မာကျမ်းစာကိုယုံကြည်တာပဲလေ ဂိုဏ်းဂဏတွေကိုထည့်သွင်းမစဉ်းစာပဲ သမ္မာကျမ်းစာကသွေဖည်နေပြီဆိုရင်တော့ မိစ္ဆာဒိဌိပဲ ကျွန်မတို့တွေက သခင့်ကိုယုံကြည်တဲ့သူတွေဖြစ်တာကြောင့် သမ္မာကျမ်းစာအတိုင်းပဲ လုပ်ဆောင်ရမယ်၊ ပြောချင်တာက ကျွန်မတို့တွေ သမ္မာကျမ်းစာထဲကစကားတွေကို ထိန်းသိမ်းစောင့်ရှောက်ရမယ် သမ္မာကျမ်းစာက ခရစ်ယာန်တွေရဲ့ပြဌာန်းချက် ယုံကြည်ခြင်းရဲ့အခြေခံအုတ်မြစ်ပဲ သမ္မာကျမ်းစာကိုစွန့်ခွာတာဟာ သခင့်ကိုမယုံကြည်တာပဲ .. သမ္မာကျမ်းစာကို စွန့်ပယ်မယ်ဆိုရင် ကျွန်မတို့တွေသခင့်ကိုဘယ်လိုများယုံကြည်ရမလဲ သခင့်ရဲ့စကားတွေကို သမ္မာကျမ်းစာထဲမှာရေးသားထားတာ .. သူ့ရဲ့စကားတွေကို ကျွန်မတို့ရှာတွေ့နိုင်တဲ့နေရာ ဘယ်နေရာများရှိလို့လဲ သခင့်အပေါ်ကျွန်မတို့ရဲ့ယုံကြည်ခြင်းက သမ္မာကျမ်းစာအပေါ်အခြေမခံဘူးဆိုရင် ဘယ်အပေါ်မှာများအခြေခံရမလဲ

နောက်တစ်ခုသို့- မေးခွန်း (၃) ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေနဲ့ အမှုတော်တွေအားလုံးဟာ သမ္မာကျမ်းစာထဲမှာ မှတ်တမ်းတင်ထားတယ်လို့ ကျွန်တော်တို့ထင်တယ်။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်တွေ သမ္မာကျမ်းစာအပြင် တခြား ဘယ်မှာမှမရှိနိုင်ပါဘူး အဲဒါကြောင့်၊ ကျွန်တော်တို့ရဲ့ ဘုရားသခင်အပေါ်ယုံကြည်မှုဟာသမ္မာကျမ်းစာကိုပဲအခြေခံရမှာပါ ဒါမှားပါသလား

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။