၂၉။ မှောင်မိုက်သော ဥမင်လိုဏ်ခေါင်းတစ်ခုပြီးနောက် နွေးထွေးသော အလင်းတစ်ခု

ဝမ်းရူပင်း၊ တရုတ်ပြည်

သခင်ယေရှု၏ ပြန်ကြွလာခြင်းကို ငတ်မွတ်ကြသည့် အခြား ညီအစ်ကိုမောင်နှမများ အားလုံးကဲ့သို့၊ ကျွန်မ သည်လည်း သခင်မကြာမီ ပြန်ကြွလာဖို့၊ ကျွန်မတို့က ကောင်းကင်နိုင်ငံတော်၏ ကောင်းကြီး မင်္ဂလာများကို ပျော်မွေ့နိုင်ရန် ကျွန်မတို့ကို ကောင်းကင်နိုင်ငံတော်သို့ လက်ခံကြိုဆိုဖို့ တို့ကို အမြဲတောင့်တခဲ့သည်။ထို့နောက် ၂၀၀၆ ခုနှစ် နိုဝင်ဘာလ ရက်တစ်ရက်တွင် သခင့်ပြန်ကြွလာခြင်း သတင်းကို ကျွန်မ နောက်ဆုံးတွင် ကြားခဲ့သည်။ အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း နှင့် ညီအစ်ကိုမောင်နှမတို့၏ မိတ်သဟာယပြုခြင်း၊ ပြီးလျှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်၏ သက်သေခံချက်တို့မှ တစ်ဆင့် အဆုံးသတ်တွင် လူ့ဇာတိခံ အနန္တတန်ခိုးရှင်ဘုရားသခင်သည် ပြန်ကြွလာသည့် သခင်ယေရှုဖြစ် သည်ကို ကျွန်မ နားလည်သဘောပေါက်ခဲ့သည်။ ထို့နောက်ချက်ချင်း ကျွန်မက အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို အလွန်ပျော်ရွှင်စွာ လက်ခံခဲ့သည်။

တစ်ခါက ဝတ်ပြုအစည်းအဝေး တစ်ခုတွင် အစ်မရမ်းက အလွန် လေးနက်သည့် လေသံတစ်ခုဖြင့် ကျွန်မနှင့် “လတ်တလောမှာ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီးနောက် မှာ စာတန်ဆီက အနှောင့်အယှက်နဲ့ စုံစမ်းနှောင့်ယှက်ခြင်း တစ်ချို့ကို ရင်ဆိုင်ရတဲ့ ညီအစ်ကိုမောင်နှမတွေ အများကြီးရှိတယ်။ တစ်ချို့က တရုတ်ကွန်မြူနစ်ပါတီ အစိုးရရဲ့ အလိမ်အညာတွေရဲ့ လှည့်စားခံရပြီး၊ တစ်ချို့က သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေရဲ့ နှောင့်ယှက်ပြီး၊ ခြိမ်းခြောက်တာခံရတယ်၊ တစ်ချို့က သူတို့မိသားစုတွေရဲ့ အတင်း အကျပ်ခိုင်းတာ ဒါမှမဟုတ် ပိတ်ပင်ဟန့်တားတာကို ခံရတယ်၊ ပြီးတော့ တစ်ချို့မှာတော့ သူတို့မိသားစုဝင်တွေ နာမကျန်းဖြစ်တယ် ဒါမှမဟုတ် ဘေးဒုက္ခနဲ့ ရင်ဆိုင်ရတယ်။ ဒါတွေအားလုံးက ကျွန်မတို့ကို ဘုရားသခင် ဆီ လှည့်ပြန်ခြင်းကနေ တားဆီးဖို့ စာတန်ရဲ့ လှည့်စားမှုတွေဖြစ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ တရားစီရင်ခြင်း အမှုတော်က ဘုရား အိမ်တော်ကနေစတယ်ဆိုတာရယ်၊ ပြီးတော့ ဒါဟာ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းမှာ ဘုရားသခင်ရဲ့ အမှုတော်နောက်ဆုံးအဆင့် ဖြစ်တယ် ဆိုတာရယ်ကို ကျွန်မတို့အားလုံးနားလည်တယ်။ လူတွေကို ကယ်တင်ဖို့ သူက သူ့ရဲ့ အစွမ်းကုန်ကို ဆောင်ရွက်နေတာဖြစ်ပြီး၊ ကျွန်မတို့ ဘုရားသခင်ရှေ့တော်မှောက်ကို ပြန်လာတာ၊ ဘုရားကယ်တင်ခြင်းကို လက်ခံတာကို ပိတ်ပင်တားဆီးဖို့ စာတန်က သူ့ကိုယ်ပိုင် လှည့်ကွက် တွေနဲ့ နှောင့်ယှက်မှုတွေကို ကွျန်မတို့ ပေါ်မှာ ကျင့်သုံးနေတယ်။ အခုအချိန်မှာ ဝိညာဉ်ရေးရာလောကမှာ တိုက်ပွဲတစ်ခု ဖြစ်ပွားနေတာက ပိုပိုပြင်းထန်လာခဲ့တာကြောင့် ကျွန်မတို့က ကိုယ်တွေပေါ်ကို စာတန်ရဲ့ လှည့်ကွက်တွေကျရောက်တိုင်း လှည့်စားမခံရဘဲ၊ အဲဒီအစား ဘုရား သခင်အတွက် သက်သေရပ်တည်နိုင်ဖို့ သမ္မာတရားနဲ့ ကိုယ့်ကိုယ်ကို တန်ဆာဆင်ပြီး၊ ထိုးထွင်းသိမြင်မှုကို သင်ယူဖို့ အရေးကြီးတဲ့ လိုအပ်မှု တစ်ခုရှိနေတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ က ကျမ်းပိုဒ်တစ်ခုကို ဖတ်ကြရအောင်။” ဟု မိတ်သဟာယပြုခဲ့သည်။ ထို့ကြောင့် ကျွန်မက ဘုရားနှုတ်ကပတ်တော်များ စာအုပ်ကို ယူပြီး၊ အောက်ပါကျမ်းပိုဒ်ကို စိတ်အားထက်သန်စွာ ဖတ်ရှုခဲ့သည်။ “ဘုရားသခင် အမှုပြုသည်နှင့်အမျှ၊ စာတန်သည် နှောင့်ယှက်၏။ နောက်ဆုံးသောကာလတွင် စာတန်၏ နှောင့်ယှက်မှုများ အဆုံးသတ်လိမ့်မည် ဖြစ်သည်။ ထိုနည်းတူ၊ ဘုရားသခင်၏ အမှုသည်လည်း ပြီးစီးလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင် စုံလင်စေလိုသည့် လူမျိုးများသည်လည်း စုံလင်စေခြင်း ခံရလိမ့်မည်။ ဘုရားသခင်သည် လူများကို ခိုင်မာစွာ ညွှန်ကြားသည်။ သူ၏ အသက်သည် တိုင်းတာ၍မရသကဲ့သို့ အကန့်အသတ်မဲ့ အသက်စမ်းရေ ဖြစ်သည်။ စာတန်က လူသားကို အတိုင်းအတာ တစ်ခုအထိ ဖောက်ပြန်ပျက်စီး စေခဲ့သည်။ အဆုံးတွင် ဘဝ၏ အသက်စမ်းရေသည် လူသားကို စုံလင်စေလိမ့်မည် ဖြစ်ပြီး၊ စာတန်အတွက် ဝင်ရောက်စွက်ဖက်ဖို့ရန်နှင့် ၎င်း၏အလုပ်ကို ဆောင်ရွက်ဖို့ရန် ဖြစ်နိုင်မည် မဟုတ်ချေ။ ထို့ကြောင့် ဘုရားသခင်သည် ဤလူများကို လုံးဝ ရယူနိုင်လိမ့်မည် ဖြစ်သည်။ ယခုတွင်ပင် စာတန်သည် ဤအရာကို လက်ခံဖို့ ငြင်းဆဲဖြစ်သည်။ ၎င်းသည် ဘုရားသခင်ကို အဆက်မပြတ် ဖက်ပြိုင်အံတုသော်လည်း၊ ဘုရားသခင်က ၎င်းကို အာရုံမစိုက်ချေ။ ဘုရားသခင်က၊ ‘ငါသည် စာတန်၏ အမှောင် အင်အားစုများနှင့် အမှောင်စွမ်းအား အားလုံးအပေါ် အောင်နိုင်လိမ့်မည်။’ ဟု ပြောခဲ့သည်။...ဘုရားသခင်သည် စာတန်ထက် သာ၍ ဉာဏ်ပညာရှိပြီး သူ၏အမှုသည် ၎င်းထက် များစွာ သာလွန်သည်။ ထို့ကြောင့် ‘ငါလုပ်သည့် အမှုသည် စာတန်၏ လှည့်ကွက်များကို တုံ့ပြန်ရာတွင် ဆောင်ရွက်သည်။ အဆုံးတွင် ငါသည် ငါ၏ အနန္တတန်ခိုးနှင့် စာတန်၏ တန်ခိုးအစွမ်းမဲ့ခြင်းကို ထုတ်ဖော်ပြမည်။’ ဟု ယခင်က ငါ ဖော်ပြပြီးဖြစ်သည်နှင့်အမျှ၊ ဘုရားသခင်သည် သူ၏အမှုကို ရှေ့တန်းတွင် လုပ်ဆောင်လိမ့်မည် ဖြစ်သော်လည်း၊ အဆုံး၌ စာတန်သည် နောက်ဆုံးတွင် ဖျက်ဆီးခံရသည်အထိ နောက်တွင် တရွတ်တိုက်ဆွဲ လိုက်ပါလိမ့်မည် ဖြစ်သည်- ၎င်းသည် အလွန့်အလွန် ထိတ်လန့်တုန်လှုပ်လိမ့်မည်။ ၎င်းသည် ချေမှုန်းကာ ဖျက်ဆီးခံရနှင့်ပြီးဖြစ်သည်နှင့်တစ်ပြိုင်နက်မှသာ အမှန်တရားကို သဘောပေါက်လိမ့်မည် ဖြစ်ပြီး၊ ထိုအချိန်တွင် ၎င်းသည် မီးအိုင်ထဲတွင် မီးရှို့ဖျက်ဆီးခံရနှင့်ပြီး ဖြစ်လိမ့်မည်။ ထိုအခါ ၎င်းသည် လုံးဝ ယုံကြည်လက်ခံသွားမည် မဟုတ်လော။ ထိုအခါတွင် စာတန်အတွက် အသုံးချစရာ အကြံအစည်များ နောက်ထပ် ရှိတော့မည် မဟုတ်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် မျက်မှောက်ခေတ်ထိ မည်သို့ ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်သည်ကို သင်သိသင့်သည်) အစ်မရမ်း က “စာတန်က ဘုရားသခင်ရဲ့ စီမံခန့်ခွဲခြင်းအမှုတော် ခြေလှမ်းတိုင်းကို အမြဲတမ်း အနီးကပ်လိုက်နေတယ်ဆိုတာကို ကျွန်မတို့ မြင်တွေ့နိုင် တယ်။ ဘုရားသခင်က လူသားတွေကို ကယ်တင်ဖို့ အရှေ့မှာ ဆောင်ရွက် နေတုန်း စာတန်က နောက်မှာ အနှောင့်အယှက်ပေးပြီး ဖျက်လိုဖျက်ဆီး လုပ်တယ်။ သူက လူအတွက် ဘုရားသခင်နဲ့ အမြဲမပြတ် တုပယှဉ်ပြိုင် နေတယ်၊ ပြီးတော့ ဒါက လူကို လုံးလုံးကယ်တင်ဖို့ ဘုရားသခင်ရဲ့ အမှုတော် နောက်ဆုံးအဆင့်အတွင်းမှာ အထူးသဖြင့် မှန်ကန်တယ်။ ပြီးတော့ အခု ပိုပြီးတောင် ကြီးမားတဲ့ အတိုင်းအတာ တစ်ခုနဲ့ ကျွန်မ တို့တွေ ဘုရားသခင်ရဲ့ အမှုတော်ကို လက်ခံပြီး ကျိုးနွံနာခံတာကနေ နှောင့်ယှက်ပြီး ထိန်းသိမ်းဖို့ လူတွေနဲ့ အမှုအရာမျိုးစုံကို အကျိုးရှိရှိ သုံးရင်း စာတန်က အစွမ်းကုန်ဆောင်ရွက်နေတယ်။ လူကို ဘုရားသခင် ဆီက ကင်းကွာစေဖို့၊ ကျွန်မတို့ကို ဘုရားသခင်ကို ငြင်းပယ်ပြီး၊ သစ္စာဖောက်စေဖို့၊ အဲဒီနည်းနဲ့ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ဆုံးရှုံးစေဖို့က စာတန်ရဲ့ စက်ဆုပ်ဖွယ်ကောင်းတဲ့ ပန်းတိုင်ဖြစ်တယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့ အမြော်အမြင်က စာတန်ရဲ့ လှည့်စားမှုကို တုံ့ပြန်ခြင်းမှာ ဆောင်ရွက်သွားဖို့ ဖြစ်တယ်။ သူက ကျွန်မတို့ကို သူ့အမှုတော်၊ သူ့အမြော်အမြင်နဲ့ သူ့အနန္တတန်ခိုးတို့နဲ့ ပတ်သက်တဲ့ နားလည်သဘောပေါက်မှုတစ်ခု ပေးဖို့ နဲ့ စာတန်ရဲ့ ကောက်ကျစ်မှု နဲ့ အကျည်းတန်မှုတို့ကို ကျွန်မတို့ကို ရှင်းလင်းလင်းလင်း မြင်တွေ့ခွင့်ပြုဖို့ စာတန်ရဲ့ နှောင့်ယှက်မှုကို အသုံးပြုတယ်။ ဒါ့ကြောင့် နောက်ပိုင်းမှာ ကျွန်မတို့ ဘာပဲ ကြုံရကြုံရ၊ ကျွန်မတို့အားလုံးက ဘုရားသခင်ကို ဆုတောင်းပြီး၊ အားကိုးရမယ်၊ ပြီးတော့ သမ္မာတရားကို ရှာဖွေရမယ်။ ကျွန်မတို့က ဘုရားသခင်ကို သက်သေရပ်တည်နိုင်ဖို့ စာတန်ရဲ့ လှည့်စားမှုကိုလည်း ရိပ်စားမိရမယ်။ အဲဒါက ယောဘ ကြုံရတဲ့ စမ်းသပ်မှုတွေလိုပဲ။ သူက ဘုရားသခင်ကို သက်သေ ရပ်တည်ပြီး၊ စာတန်က အရှက်ကွဲပြီး ဆုတ်ခွာခဲ့တယ်။” ဟု ညင်သာစွာ ပြောလေသည်။ ကျွန်မက အစ်မရမ်း၏ မိတ်သဟာယပြုခြင်းကို နားထောင်ပြီး၊ မိမိကိုယ်ကို ယုံကြည်မှုအပြည့်ဖြင့် တုံ့ပြန်ခဲ့သည်။ “ဟုတ်တယ်၊ ကျွန်မတို့က စစ်မှန်တဲ့ ဘုရားသခင်ကို ယုံကြည်တယ်။ ကျွန်မတို့ ဘုရားသခင်အပေါ် မှီခိုရင်၊ ကျွန်မတို့မှာ ဘာမှကြောက်စရာ မရှိဘူး၊ ကျွန်မတို့က စာတန်ရဲ့ စုံစမ်းနှောင့်ယှက်မှုတွေကို ကြုံရတဲ့အခါ၊ ဘုရားသခင်ရဲ့ဖက်မှာ သေချာပေါက် ရပ်တည်မယ်။”

များမကြာမီ တစ်ရက်တွင် ကျွန်မ တစ်နေ့တာ ဧဝံဂေလိ ဝေငှပြီးနောက် အရှေ့တံခါးကို ချဉ်းကပ်လာစဉ် ကျွန်မ၏ အိမ်နီးချင်းက ကျွန်မဆီသို့ အပြေးအလွှားလာပြီး၊ လက်ပြကာ “နင်က ဘာဖြစ်လို့ အရမ်းနောက်ကျ နေတာလဲ။ အရမ်းဆိုးရွားတဲ့ မတေ်တဆမှု တစ်ခု ဖြစ်ခဲ့တယ်။ ဒီနေ့ စောစောပိုင်းက နင့်သားရဲ့ သူငယ်ချင်း လျူက နင့်ထရပ်ကားငှားဖို့ ထွက်သွားတယ်၊ ဒါပေမဲ့ သူက ကားစက်နှိုးဖို့ ခက်ခဲနေခဲ့တယ်၊ ဒါ့ကြောင့် သူက ကားစက်နှိုးဖို့ ကြိုးနဲ့ဆွဲရအောင် ဆိုပြီး ထွန်စက်တစ်စီး ယူလာတယ်၊ ဒါပေမဲ့ နည်းနည်းကြိုးစားပြီးတော့ ကားက မရွေ့သေးဘူး။ ဖြစ်ချင်တော့ ဟူကလည်း အဲဒီမှာရှိနေတယ်၊ ဒါ့ကြောင့် သူက ထွန်စက် ထဲကို ဝင်ပြီး၊ ငါးခုမြောက်ဂီယာကို တန်းထိုးလိုက်တယ်။ ထွန်စက်က ယိမ်းထိုးထွက်သွားပြီး၊ ထရပ်ကားမှာ တွဲထားတဲ့ သံကြိုးက ရုတ်တရက် ပြတ်ထွက်သွားတာ- ဝှီးခနဲပဲ- ကြိုးက အရှိန်နဲ့ ပြန်ဆောင့်ပြီး၊ ဟူးကို နားထင်မှာ ရိုက်ထည့်လိုက်တာ။ သွေးတွေ ချက်ချင်း စထွက်လာတော့ တာပဲ။ သူ့ကို ဆေးရုံခေါ်သွားကြပြီ။” ဟု ပြောခဲ့သည်။ ကျွန်မ စိတ်က ရုတ်တရက် လုံးလုံး မည်သည့်အရာမျှ စဉ်းစား၍မရတော့ပါ။ ကျွန်မက အိမ်ထဲပြေးဝင်ပြီး၊ ဘုရားသခင်ကို ဆုတောင်းခဲ့သည်။ “အိုဘုရားသခင်။ ကိုယ်တော့်အလိုတော်က ဘာလဲဆိုတာ ကျွန်မ မသိပါဘူး။ ဒါက ကျွန်မကို ဘာဖြစ်လို့ ရုတ်တရက်ကြီး ဖြစ်ရတာလဲ။ ကျေးဇူးပြုပြီး ကျွန်မကို ဉာဏ်အလင်းပြတော်မူပါ။” ဆုတောင်းပြီးနောက် ကျွန်မက ဤဝိညာဉ်ရေးရာ တိုက်ပွဲနှင့် ပတ်သက်သည့် သမ္မာတရားအကြောင်း အစ်မရမ်း၏ မိတ်သဟာယကို တွေးမိသည်၊ ပြီးနောက် ကျွန်မ နားလည် သွားခဲ့သည်။ ဤအရာများက ကျွန်မကို စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်း နှင့် စိတ်အနှောင့်အယှက်ပေးခြင်းသာ ဖြစ်လေသည်။ ကျွန်မက ဘုရားသခင်ကို သံသယဖြစ်ပြီး၊ အပြစ်တင်ကာ၊ ငြင်းဆန်ဖို့အတွက် ကျွန်မကို တိုက်ခိုက်ရန် စာတန်က ဤဘေးဒုက္ခကို အသုံးပြုလိုခြင်းသာ ဖြစ်သည်။ ၎င်းသည် ဝိညာဉ်ရေးရာ တိုက်ပွဲတစ်ခု အမှန်တကယ် ဖြစ်သည်ကို ကျွန်မ နားလည်သဘောပေါက်ခဲ့သည်။ ထို့နောက်တွင်ပင် ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်များ စိတ်ထဲဝင်လာခဲ့သည်။ “ဘုရားသခင်ကို ချစ်ခြင်း လမ်းကြောင်းပေါ်မှာ သူက စာတန်နှင့် တိုက်ပွဲဆင်နွှဲသည့်အခါ သင်သည် ဘုရားသခင်၏ဘက်မှာ ရပ်တည်နေနိုင်ပြီး စာတန်ဘက်ကို လှည့်မသွားဘူးဆိုလျှင် သင်သည် ဘုရားသခင်ကို ချစ်ခြင်းအား ရရှိမှာဖြစ်ပြီး သင်၏ သက်သေခံခြင်းမှာ ခိုင်မာစွာ ရပ်တည်နိုင်မှာဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) ဘုရားသခင်၏နှုတ်ကပတ်တော်က ကျွန်မကို ကြီးစွာသော ယုံကြည်မှု ဖြင့် ပြည့်စေပြီး၊ ကျွန်မက “စာတန်ရေ၊ နင်ငါ့ကို ဘယ်လိုပဲ နှောင့်ယှက် နှောင့်ယှက်၊ ငါက နင့်လှည့်ကွက်တွေကို ယုံမှာမဟုတ်ဘူး။ ငါက ဘုရားသခင်ကို အပြစ်မတင်သလို၊ သံသယဖြစ်မှာလည်း မဟုတ်ဘူး၊ ဒါပေမဲ့ ငါက သူ့ဖက်မှာ ရပ်တည်မှာ။ ငါက ငါလုပ်သင့်တဲ့အတိုင်း အနန္တတန်ခိုးရှင် ဘုရားသခင်နောက်ကို လိုက်မယ်။” ဟု မိမိဘာသာ စဉ်းစားမိသည်။ ဘုရားသခင်၏ အလိုတော်ကို ကျွန်မ နားလည်သည်နှင့် တပြိုင်နက်၊ ကျွန်မ၏ စိတ်နှလုံးထဲတွင် အလွန် ပို၍ တည်ငြိမ်သည်ဟု ခံစားခဲ့ရသည်။

သို့သော် စာတန်က အရှုံးကို ဝန်ခံဖို့ မလိုလားပါ- ၎င်းက အခြား လူများနှင့် အမှုအရာများမှတစ်ဆင့် ကျွန်မကို နှောင့်ယှက်ဖို့ သူ့တိုက်ပွဲ စဉ်တွင် မနားခဲ့ပါ။ ဟူက ဆေးရုံတင်ထားရစဉ် သူ့မိသားစုက ကျွန်မတို့ မိသားစုအပေါ်သို့ တာဝန်များအားလုံး ပုံချလေသည်။ သူတို့က ဆေးကုသမှု ကုန်ကျစရိတ်များအားလုံးအတွက် ကျွန်မတို့ကို ပေးစေ ချင်သည်။ ကျွန်မက တစ်ဝက်ပေးဖို့ ဆန္ဒရှိကြောင်း သူတို့ကို ပြောလျက် သူတို့နှင့် မပြတ်ညှိနှိုင်းဖို့ ကြိုးစားခဲ့သော်လည်း၊ သူတို့က ဆက်ပြီး ငြင်းဆန်လေသည်။ ရက်နှစ်ဆယ်ထက် အနည်းငယ်ကြာပြီးနောက် ဟူ ပြန်လည်ကောင်းမွန်လာသော်လည်း၊ သူက ဆေးရုံမှ ဆင်းခွင့်မရ သေးပါ။ ဤအရာက ကျွန်မတို့ မိသားစုကို ခြိမ်းခြောက်၍ ငွေညှစ်ဖို့ တမင်တကာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် တစ်နေ့တွင် ဟူက “ထရပ်ကားက နင့်ဟာလေ၊ ဒါကြောင့် ကုန်ကျစရိတ်တွေအားလုံးကို နင်ပေးသင့်တယ်။” ဟု ပြောသည်။ ဟူ၏ဇနီးကလည်း မတ်တပ်ရပ်ပြီး၊ “အဲဒါမှန်တယ်။ နင့်ထရပ်ကားနဲ့ မတော်တဆမှုဖြစ်တဲ့အတွက်၊ အားလုံးအတွက် နင်ပေးသင့်တယ်။” ဟု အော်ပြောလေသည်။ ကျွန်မကို အချည်းနှီးနားပူနေလျက် သူတို့နှင့်အတူ ထိုနေရာတွင် ကျွန်မ မတ်တပ် ရပ်ပြီး၊ အလွန်စတင် ဒေါသထွက်လာခဲ့သည်။ ကျွန်မက ဤအရေးကိစ္စ တွင် ဆန္ဒမရှိဘဲ ပါဝင်နေရသည်။ ကျွန်မသည် အမှန်တကယ် နာကျင် လာပြီး၊ စိတ်ခံစားချက်ဆိုင်ရာ ခလောက်ဆန်ရှုပ်ထွေးမှု ဖြစ်လာသည်။ ကျွန်မ သူတို့ကို နောက်ထပ် လုံးဝ စကားမပြောချင်တော့သောကြောင့် ဆေးရုံအခန်းမှ စိတ်ချဉ်ပေါက်လျက် ထွက်လျှောက်လာခဲ့သည်။ ကျွန်မ အောက်ထပ်သို့သွားနေစဉ်၊ “ငါက ဘုရားသခင်မှာ ယုံကြည်တဲ့သူ တစ်ယောက်ဖြစ်တယ်၊ ဒါ့ကြောင့် ဒီလိုဟာမျိုးတွေ ငါ့ကို လာဖြစ်တဲ့ အချိန်မှာ ငါဟာ အရမ်းဒေါသမထွက်သင့်ဘဲ၊ ဒီအရေးကိစ္စကို ဘုရားသခင်ရဲ့ လက်တော်ထဲကို ယုံယုံကြည်ကြည် အပ်နှံသင့်တယ်။ ဘုရားကို ငါအားကိုဖို့လိုတယ်။” ဟု မိမိဘာသာတွေးမိသည်။ ကျွန်မ အိမ်သို့ပြန်ရောက်သည့်အချိန်တွင်၊ ဘုရားနှုတ်ကပတ်တော်များ စာအုပ် ကို ဖွင့်လိုက်ပြီး၊ ဤစာပိုဒ်ကို ဖတ်ခဲ့သည်။ “လူများအတွင်း၌ ဘုရားသခင် လုပ်ဆောင်သည့် အဆင့်တိုင်းတွင် အပြင်ပန်းသဏ္ဌာန်မှာ လူများ၏ စီစဉ်မှုမှ ထွက်ပေါ်လာသကဲ့သို့ လူများကြားထဲ၌ ဆက်သွယ် လှုပ်ရှားမှုများအနေနှင့် သို့မဟုတ် လူများ၏ ကြားဝင်ပြုလုပ်မှုများအနေနှင့် ဖြစ်ပေါ်သည်။ သို့သော်လည်း နောက်ကွယ်မှာတော့ လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်းသည် ဘုရားသခင်ရှေ့မှာ စာတန်ပြုလုပ်သည့် အလောင်းအစားများဖြစ်ပြီး လူများ၌ ဘုရားသခင် အတွက် သူတို့၏ သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်ဖို့ လိုအပ်သည်။ ယောဘ စမ်းသပ်ခံခဲ့ရသည့် အချိန်ကို ကြည့်ကြည့်ပါ။ ဥပမာ- နောက်ကွယ်မှာက စာတန်က ဘုရားသခင်နှင့် အလောင်းအစား လုပ်နေခြင်းဖြစ်သည်။ ယောဘအပေါ်မှာ ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုဖြစ်ပြီး လူသားတို့၏ ကြားဝင်လုပ်ဆောင်မှု ဖြစ်သည်။ သင်တို့အတွင်းမှာ ဘုရားသခင် ပြုလုပ်သည့် အဆင့်တိုင်း၏ နောက်ကွယ်မှာ ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်မှာ အားလုံးက တိုက်ပွဲပင်။...သင့်ထံ ဖြစ်ပျက်သည့် အရာတိုင်းက ကြီးမားသော စမ်းသပ်မှုဖြစ်ပြီး သက်သေခံဖို့အတွက် ဘုရားသခင်က သင့်ကို လိုအပ်တဲ့အချိန် ဖြစ်သည်ဆိုသည်ကို သင်သိသင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) ဤနှုတ်ကပတ်တော်များကို ဖတ်သည့်အခိုက်တွင် စာတန်၏ စုံစမ်းနှောင့်ယှက်မှုများ ကျွန်မပေါ်သို့ ကျရောက်သည့်အခါတိုင်း ဘုရားသခင်၏ ဖက်တွင် ဧကန်မုချ ရပ်တည်မည်ဖြစ်ကြောင်း ထိုနေ့က အစ်မရမ်းရှေ့တွင် ကျွန်မ မည်သို့ကြွားခဲ့သည်ကို ပြန်ပြောင်းတွေးမိ သည်။ စာတန်က ကျွန်မကို အကြိမ်ကြိမ် ဒုက္ခပေးသည့်အချိန်တွင် ကျွန်မက ဘုရားသခင်ရှေ့တော်မှောက်သို့ တည်ငြိမ်စွာလာပြီး၊ သူ့အလိုတော်ကို မရှာဖွေနိုင်ဘဲ၊ ကျွန်မ၏ စိတ်က အမြဲတမ်း အာရုံတခြားရောက်နေမည်ဟု ကျွန်မ စိတ်မကူးခဲ့ပါ။ ဤအရာနှင့် ပတ်သက်ပြီး ကျွန်မ ဆိုးရွားစွာ ခံစားခဲ့ရသည်- ဤအရာမှာ စာတန်၏ လှည့်ကွက်ထဲ ကျရောက်ခြင်း မဟုတ်ပါလား။ ဤအရေးကိစ္စ၏ အသေးစိတ်အားလုံးကို အပြန်ပြန်အလှန်လှန် စဉ်းစားပြီးသည့်အချိန် မှသာ စာတန်သည် မည်သို့ အမှန်တကယ် အန္တရာယ်ပြုမည့်လက္ခဏာ ရှိပြီး၊ ဆိုးယုတ်သည်ကို ကျွန်မ နောက်ဆုံးတွင် တွေ့မြင်ခဲ့ရသည်။ ၎င်းက ကျွန်မကို နှောင့်ယှက်ဖို့၊ လောကီဆိုင်ရာ အကျိုးစီးပွားများ အတွက် ကျွန်မကို ဒေါသထွက်စေဖို့ ဤအရေးကိစ္စကို အသုံးပြုခဲ့သည်၊ ထို့အပြင် ကျွန်မက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ငြင်းပယ်ပြီး သစ္စာဖောက်စေဖို့ ဤအရေးကိစ္စကို အသုံးပြုချင်သည်။ ကျွန်မ စာတန်၏ လှည့်စားမှုတွင် ကျရောက်ဖို့ မဖြစ်နိုင်ဘဲ၊ ဘုရားသခင်ကို မှီခိုဖို့ ဆန္ဒရှိကာ၊ ဤအရေးကိစ္စကို ဘုရားသခင်ကို ပေးအပ်ရမည်ကို ကျွန်မ သိခဲ့သည်။ ဟူက ဆေးရုံမှဆင်းခွင့်ရခြင်းမရခြင်း နှင့် အဆုံးတွင် ပိုက်ဆံမည်မျှ ကျွန်မ သုံးရမည် တို့နှင့် ပတ်သက်သည့် အရေးကိစ္စ အားလုံးတို့သည် ဘုရားသခင်၏ လက်တော်ထဲတွင် စီစဉ်ညွှန်ကြား ထားခြင်း ဖြစ်သည်ကို ကျွန်မယုံကြည်ပြီး၊ ကျွန်မက အဆုံးသတ် မည်သည့်အရာ ဖြစ်ပါစေ၊ ၎င်းကို ကျိုးနွံနာခံမည်။ ကျွန်မ ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်ပြီး၊ ဘုရားသခင်ကို သက်သေ ရပ်တည်ဖို့ ဆန္ဒရှိသည်နှင့် တပြိုင်နက်၊ နောက်တစ်နေ့တွင် ဘုရားသခင် ၏ အံ့သြဖွယ် လုပ်ဆောင်ချက်များထဲမှ တစ်ခုကို ကျွန်မ မျက်မြင် တွေ့ခဲ့သည်။ ဘုရားသခင်က ဟူ့ဆေးရုံအခန်းသို့ သွားပြီး၊ သူ့ကို အပြစ်ဖော်ဆုံးမဖို့ လူငယ်တစ်ယောက်ကို စေ့ဆော်ခဲ့သည်။ “လူကောင်း တွေကို အနိုင်ကျင်တဲ့ကောင်၊ တခြားလူတွေကို သူတို့ငွေတွေအတွက် ခြိမ်းခြောက်ငွေညှစ်တဲ့ကောင် မင်းလိုကောင်တစ်ယောက်ကို ကြည့်ဖို့ ငါသည်းမခံနိုင်ဘူး။ ငါသာဆိုရင် မင်းကို ငါတစ်ပြားတစ်ချပ်မှ ပေးမှာ မဟုတ်ဘူး။” တစ်ခန်းတည်းမှ အခြားသော လူနာများကလည်း ဝေဖန်ချက်များကို ကြားဖြတ်ပြောကြသည်။ “မှန်တယ်၊ သူက သူ့သဘောနဲ့သူ ထွန်စက်ထဲဝင်သွားတာ၊ ပြီးတော့ အခု သူက ဒီလူရဲ့ပိုက်ဆံကို လိုချင်တယ်လေ။ ဘယ်လောက် ယုတ္တိမရှိလိုက် လဲဆိုတာ။” “ဟုတ်တယ်။ အဲဒီ ထရပ်ကားငှားတဲ့သူကလည်း တစ်ခုခု ပေးသင့်တာပေါ့။ သူတို့က ပိုင်ရှင်ကို အားလုံးအတွက် ပေးခိုင်းလို့ မရဘူးလေ။” ဤအရာကို ကြားပြီး၊ ဟူက သူ့ခေါင်းကို ညွတ်လိုက်ပြီး စကားတစ်လုံးမျှ မပြောခဲ့ပါ။ သုံးရက်ကြာပြီးနောက် ဟူက ဆေးရုံမှ ဆင်းခွင့်ရသည်။ ဤအရာအားလုံး၏ နောက်ကွယ်တွင် ဘုရားသခင် ရှိပြီး၊ သူက ကျွန်မအတွက်ထွက်ပေါက်ဖွင့်ပေးခဲ့သည်ကို ကျွန်မစိတ်ထဲ က သိခဲ့ပါသည်။

ဤအရာကို ကြုံတွေ့ပြီးနောက်၊ စာတန်၏ ကောက်ကျစ်စဉ်းလဲမှု နှင့် စက်ဆုပ်ရွံရှာဖွယ်ကောင်းခြင်းတို့ကို ကျွန်မ မြင်တွေ့ရသည်။ ကျွန်မ ပိုက်ဆံအနည်းငယ် ဆုံးရှုံးရမည် ဖြစ်သောကြောင့် ကျွန်မ ဘုရားသခင် ကို ညည်းညူစေရန်၊ သူ့အား အပြစ်တင်ပြီး၊ သူ့ထံမှ မိမိကိုယ်ကို ကင်းကွာစေရန် ၎င်းက ကျွန်မကို နှောင့်ယှက်ပြီး တိုက်ခိုက်ဖို့ ၎င်းက ကျွန်မ အနီးတစ်ဝိုက်မှ လူများနှင့် အမှုအရာများကို အသုံးပြုခဲ့သည်။ ၎င်းက ကျွန်မကို ဆင်းရဲဒုက္ခတွင် အသက်ရှင်စေချင်သည်။ တစ်ချိန်တည်းမှာပင် ကျွန်မ၏ ဇာတိခန္ဓာဆိုင်ရာ အမြတ်အစွန်းနှင့် ဆုံးရှုံးမှုတို့ကို ထည့်တွက်ခြင်းမှ ရပ်လိုက်သည့်အချိန်တွင်၊ ဘုရားသခင် ကို ကျွန်မ၏ ယုံကြည်မှုတွင် ဘုရားသခင်ကို မှီခိုသည့်အချိန်၊ ကျွန်မ ဘုရားသခင်ဖက်တွင် ရပ်တည်သည့်အချိန်တွင်၊ သူက စာတန်ကို အရှက်ရခြင်းဖြင့် ဆုတ်ခွာရန် အတင်းစေခိုင်းလျက် ကျွန်မအတွက် ထွက်ပေါက်ဖွင့်ပေးဖို့ရာ မယုံကြည်သူတို့၏ စကားများကို ထိုအချိန်တွင် သူက အသုံးပြုခဲ့သည်ကိုလည်း ကျွန်မ တွေ့မြင်နိုင်သည်။ အရာအားလုံး ကို ဆော်သြစည်းရုံးဖို့ နှင့် အရာအားလုံးကို အုပ်စိုးဖို့ ဘုရားသခင်၏ သြဇာအာဏာကို ဤအရာက ကျွန်မအား မြင်တွေ့ခွင့်ပြုခဲ့သည်။ ၎င်းက ဘုရားနှုတ်ကပတ်တော်တွင် ရေးသားထားသည့်အတိုင်းပင် ဖြစ်သည်။ “ငါသည် အားလုံးကို ငါ့အား အစေခံဖို့ရန် ဆော်ဩစည်းရုံးမည်ဖြစ်သည်၊ ထို့အပြင် လူတိုင်းက စကြဝဠာလောက တစ်ခုလုံး၌ ငါတို့လက်များထဲတွင် မရှိသောအရာ တစ်ခုမျှမရှိ၊ ငါတို့၏ အစေခံခြင်းထဲတွင် မရှိသည့် လူတစ်ဦးမျှ မရှိသကဲ့သို့၊ ငါတို့၏ အောင်မြင်မှုအတွက် မဟုတ်သည့် အရာတစ်ခုမျှမရှိသည်ကို မြင်နိုင်ကြဖို့အလို့ငှာ၊ ငါသည် ငါ၏ တန်ခိုးကို ထုတ်ဖော်ပြမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၁၉)) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ ပို၍ ဖတ်ရှုလေ၊ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် သူ၏ အံ့သြဖွယ်ကောင်းခြင်းတို့ကို ကျွန်မ ပိုမြင်လေ ဖြစ်သည်။ အရာအားလုံးသည် ဘုရားသခင်၏ လက်တော်ထဲတွင် ရှိသည်ကို မြင်ရခြင်းက ဘုရားသခင်၌ ကျွန်မ၏ ယုံကြည်မှုကို အားပေးပြီး၊ ကျွန်မက နောက်ထပ် မည်သည့်အရာ ဖြစ်ပျက်ပါစေ သူ့အမှုတော်ကို ပို၍ တွေ့ကြုံခံစားရန် နှင့် စာတန်၏ စုံစမ်း နှောင့်ယှက်ခြင်းများကို အောင်မြင်ကျော်လွှားဖို့ ဘုရားသခင်အပေါ်ကို မှီခိုရန် ဆန္ဒရှိလာခဲ့သည်။

တစ်လကြာပြီးနောက် စာတန်ထံမှ စုံစမ်းနှောင့်ယှက်ခြင်းက ကျွန်မ အပေါ် ထပ်ကျရောက်ခဲ့သည်။ တစ်နေ့တွင် မကြာသေးမီကမှ အိမ်ထောင်ပြုထားသည့် ကျွန်မ သမီးလေးက အိမ်သို့ အလည်ပြန် လာခဲ့သည်၊ သို့သော် သူမက အရှေ့တံခါးတည့်တည့်တွင် ရုတ်တရက် သတိလစ်သွားသည်။ ကျွန်မ အိမ်နီးချင်းက သူမကို ချီမပြီး၊ အိမ်ထဲသို့ ကူသွင်းပေးခဲ့သည်။ ပထမတွင် ၎င်းမှာ သာမာန်အအေးပတ်ခြင်းမျှသာ ဖြစ်သည်ဟု ထင်ခဲ့ပြီး၊ ၎င်းနှင့် ပတ်သက်ပြီး သိပ်မတွေးခဲ့ပါ၊ သို့သော် ထိုညသန်းခေါင်တွင် သူမက ခေါင်းအစခြေအဆုံး ရုတ်တရက်ကြီး စတင် ကတုန်ကယင်ဖြစ်လာမည်ဟု သေချာပေါက် ကျွန်မ မမျှော်လင့်ထားပါ။ ကျွန်မ အလွန်ကြောက်ပြီး၊ မည်သည့်အရာကို လုပ်ရမည်ကို မသိခဲ့ဘဲ၊ သူမကို အမြန် ကိုင်ပြီး၊ ကျွန်မရင်ဘတ်တွင် ဖက်ထားခဲ့သည်၊ အနည်းငယ်ကြာပြီးနောက် သူမက နည်းနည်းသက်သာ လာပုံရသည်။ နောက်တစ်နေ့နံနက်တွင် သူမက “မေမေ၊ မေမေ့တာဝန်တွေ သွားလုပ် ပါ၊ သမီးအဆင်ပြေမှာပါ။” ဟု ပြောခဲ့သည်။ ကျွန်မ ဘုရားသခင်ထံ တိတ်တဆိတ် ဆုတောင်းခဲ့သည်။ “ချစ်လှစွာသော ဘုရားသခင်။ အရာအားလုံးက ကိုယ်တော့်လက်ထဲမှာ ရှိပါတယ်၊ ဒါ့ကြောင့် ကျွန်မ သမီးလေးကို ကိုယ်တော့်ကို ယုံယုံကြည်ကြည် အပ်နှံပါတယ်။” ထို့နောက် ကျွန်မ သမီးဖက်လှည့်ပြီး “ဂျင်၊ ဘုရားကသာ အမေတို့ရဲ့ အင်အားကောင်းတဲ့ အထောက်အပံ့ ဖြစ်တာကြောင့် သမီး ဘုရားကို ပိုဆုတောင်းပြီး၊ ဘုရားကို မှီခိုဖို့လိုတယ်။” ဟု ပြောလိုက်သည်။ ဤအကြောင်းနှင့် ပတ်သက်ပြီး သူမကို တိုက်တွန်းပြီးနောက် ကျွန်မတာဝန်များ သွားထမ်းဆောင်ဖို့ ထွက်သွားခဲ့သည်။ ကျွန်မ အံ့အားသင့်စွာပင်၊ နှစ်ရက်အကြာ ကျွန်မ ပြန်လာသည့်အချိန်တွင်၊ ကျွန်မသမီးလေးက ဆေးရုံအိပ်ရာပေါ်တွင် နှစ်ခြိုက်စွာ အိပ်မောကျနေ သည်။ ကျွန်မ ချွေးမက ကျွန်မဖက်လှည့်ပြီး “အမေထွက်သွားပြီးတော့၊ ဂျင်က စပြီး ပိုဆိုးလာတယ်။ ဆရာဝန်က သူ့ကို စစ်ဆေးတဲ့အချိန်မှာ၊ သူ့မှာ ဦးနှောက်ဆိုင်ရာ သွေးသွန်ခြင်းရှိပြီး၊ ဦးခေါင်းခွံကို လှီးထုတ်ပြီး ဦးနှောက်ကို ဖွင့်ဖို့ ခွဲစိတ်မှုတစ်ခုလိုတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်နည်းနည်းနဲ့ သူ့ယောက်ျားက ဒီကို မရောက်လာဘဲ၊ အမေကလည်း မရောက်လာတဲ့အတွက်၊ သူ့အတွက် လက်မှတ်ထိုးပေးမဲ့လူ တစ်ယောက်မှ မရှိဘူး။ ကျွန်မတို့ ခွဲစိတ်မှုလုပ်ခွင့်ရတဲ့ အချိန် အတိုင်းအတာနဲ့ လွဲခဲ့ရတယ်။ သူ့အခြေအနေက ကုသလို့ မရနိုင်ဘဲ၊ သူပြန်မနိုးလာရင်တောင်၊ သူက ဦးနှောက်သေသွားမယ်လို့ ဆရာဝန်က ဂျင့်ယောက္ခမကို ပြောတာလည်း ကျွန်မ ကြားလိုက်တယ်။” ဟု ဝမ်းနည်းစွာ ပြောလေသည်။ ဤအရာကို ကြားရခြင်းက ကျွန်မ နှလုံးသားကို ဓားတစ်ချောင်းနှင့် ထိုးမွှေနေသကဲ့သို့ဖြစ်ပြီး၊ ကျွန်မ မျက်လုံးများမှ မျက်ရည်များစကျလာခဲ့သည်။ ဤအရာကို အမှန်တရား အဖြစ် ကျွန်မ လက်မခံနိုင်ပါ။ မျှော်လင့်ချက် ကောက်ရိုးမျှင်လေး တစ်ခုကို ဆုပ်ကိုင်ရင်း၊ ကျွန်မက အထူးကုကို စကားပြောဖို့ သွားခဲ့သော်လည်း၊ သူက “ကျွန်တော်တို့လည်း တတ်နိုင်သမျှ လုပ်ခဲ့ တာပဲ၊ အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်၊ ဒါပေမဲ့ အကောင်းဆုံး ဖြစ်နိုင် တဲ့ ရလဒ်ကတော့ သူက သတိပြန်ရလာလိမ့်မယ်၊ ဒါပေမဲ့ ဦးနှောက် သေသွားမှာပဲ။” ဟု ပြောရင်း ခေါင်းကို ခါခဲ့သည်။ ဤအရာကို ကြားရခြင်းက မိုးကောင်းကင်ကြီး ကျွန်မပေါ်သို့ ပြိုကျလာသကဲ့သို့ ခံစားရသည်။ ကျွန်မသည် အဆုံးမဲ့သော ဆင်းရဲဒုက္ခအခြေအနေ တစ်ခုတွင် အသက်ရှင်နေသည်။ နောက်ပိုင်းတွင် ကျွန်မသားမက်က ကျွန်မသမီးဖြစ်နေသည့် အခြေအနေကို မြင်သည့်အချိန်တွင်၊ သူမ သေမည် သို့မဟုတ် ရှင်မည်ကို မပူမပင်ရုံမျှက၊ သူက လူ့သဘာဝ လုံးဝ ကင်းမဲ့မှုတစ်ခုကို ဖော်ပြလျက် ကျွန်မ ဘက်သို့ပင် လှည့်ကာ၊ သူတို့ လက်ထပ်သည့်အချိန်က သူက ကျွန်မတို့ကိုပေးခဲ့သည့် တင်တောင်းငွေကို ပြန်ပေးဖို့ ကျွန်မကို တောင်းဆိုခဲ့သည်။ ထိုနေ့က ဆေးရုံမှ အိမ်သို့အပြန်လမ်းသည် အလွန်ရှည်လျားသည်ဟု ခံစားရသည်။ ကျွန်မက လမ်းပေါ် လျှောက်သွားနေသည့် လမ်းပျောက်နေသည့် စိတ်ဝိညာဉ်တစ်ခုဖြစ်လေသည်။ ကျွန်မက ရှည်လျား မှောင်မိုက်သည့် ဥမင်လှိုဏ်ခေါင်း တစ်လျှောက် လမ်းလျှောက်နေပြီး၊ ကျွန်မရှေ့တွင် အလင်းတစ်စက်မှ မတွေ့နိုင်ဟု ခံစားခဲ့ရသည်။

ကျွန်မ အိမ်သို့ပြန်ရောက်သည့် အချိန်တွင် ကျွန်မ၏ ဘုရားနှုတ်ကပတ်တော် စာအုပ်ကို ချည့်ချည့်နဲ့နဲ့ ဖွင့်ပြီး၊ ဤကျမ်းပိုဒ်ကို ဖတ်ခဲ့သည်။ “ကမ္ဘာမြေကြီးပေါ်တွင် နတ်ဆိုး အမျိုးမျိုးတို့သည် နားခိုရန်နေရာကို အစဉ်ရှာဖွေ ချောင်းမြောင်းလျက် ရှိကြပြီး စားနိုင်သော လူသေအလောင်းများကို အတောမသတ် ရှာဖွေနေကြသည်။ ငါ၏လူများတို့၊ သင်တို့သည် ငါ၏ဂရုစိုက်မှုနှင့် ကာကွယ်မှုအောက်တွင် ရှိနေရပေမည်။ မည်သည့်အခါမျှ အသောက်အစား အပျော်အပါး၌ မွေ့လျော်သော အသက်တာ၌ အသက်မရှင်ကြနှင့်။ မည်သည့်အခါမျှ အဆင်အခြင်မဲ့စွာ မပြုမူကြနှင့်။ ယင်းအစား သင်၏သစ္စာစောင့်သိခြင်းကို ငါ၏အိမ်တော်တွင် ပေးလှူလော့၊ သင်၏သစ္စာစောင့်သိခြင်းနှင့်သာလျှင် သင်သည် မာရ်နတ်၏ ကောက်ကျစ်မှုကို တန်ပြန်တွန်းလှန်နိုင်မည် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၀)). “ဒုက္ခကို သင်ရင်ဆိုင်ရသည့်အခါ၊ သင်သည် သွေးသားဇာတိအတွက် ပူပန်မှုကို ဘေးဖယ်သည့်အပြင် ဘုရားသခင်အပေါ် ညည်းတွားချက်များ မပြုဘဲ နေနိုင်ရမည်။ ဘုရားသခင်သည် သင့်ထံမှ သူ့ကိုယ်သူ ပုန်းကွယ်နေသည့်အခါ၊ သူ့နောက်သို့လိုက်ရန်၊ သင်၏ရှိရင်းစွဲမေတ္တာကို တုံ့ဆိုင်းခွင့်မပြုဘဲ သို့မဟုတ် ပျောက်ကွယ်ခွင့်မပြုဘဲ ထိန်းသိမ်းထားရန်အတွက် သင်၌ ယုံကြည်ခြင်း ရှိနိုင်ရမည်။ ဘုရားသခင် မည်သည့်အရာကို ပြုသည်ဖြစ်စေ သင်သည် သူ၏ စီစဉ်ပုံကို ကျိုးနွံနာခံကာ သူ့အပေါ် ညည်းတွားချက်များ ပြုမည့်အစား သင်ကိုယ်တိုင်၏ ဇာတိပကတိကို ကျိန်ဆဲရန် အသင့်ဖြစ်နေရမည်။ စမ်းသပ်မှုများကို သင်ရင်ဆိုင်ရသည့်အခါ သင်မြတ်နိုးသောတစ်စုံတစ်ရာနှင့် လမ်းခွဲရန် ဝန်လေးနေပါစေ သို့မဟုတ် ခါးသီးစွာ ငိုကြွေးနေပါစေ ဘုရားသခင်ကို သင်ကျေနပ်စေရမည်။ ဤသည်သာလျှင် စစ်မှန်သောချစ်ခြင်း နှင့် ယုံကြည်ခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်) ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော် များကို ကျွန်မ ဖတ်ရှုရင်း၊ ယခုလေးတင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို ပြန်ပြောင်းတွေးမိပြီး၊ စာတန်၏ စက်ဆုပ်ဖွယ် ကောင်းခြင်း၊ မလိုတမာစိတ်နှင့် ရက်စက်ကြမ်းကြုတ်မှုတို့ကို ကျွန်မ အမှန်တကယ် မြင်နိုင်ခဲ့သည်။ ကျွန်မကို ဘုရားသခင်၏ လက်ထဲမှ ဆွဲလုရန်၊ ကျွန်မ၏ စိတ်ဝိညာဉ်ကို ဝါးမြိုရန် သူ၏ အားထုတ် ကြိုးပမ်းမှုတွင်၊ ကျွန်မကို နှောင့်ယှက်ဖို့နှင့် တိုက်ခိုက်ဖို့ ကျွန်မကို ဆန့်ကျင်သည့် သူ၏ စဉ်းလဲသော အကြံအစည်များကို တစ်ချိန်လုံး ဆောင်ရွက်နေသည်။ ပထမဦးစွာ ကျွန်မက တစ်စုံတစ်ယောက်၏ ခြိမ်းခြောက်ငွေညှစ်ခံရပြီး၊ ထိုငွေရေးကြေးရေး ဆုံးရှုံးမှု၏ အလားအလာကို ဒုက္ခခံရသည်။ ဤတစ်ကြိမ်တွင် စာတန်က ကျွန်မကို ထပ်စုံစမ်းနှောင့်ယှက်ဖို့၊ ကျွန်မက ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို ဆုံးရှုံးစေရန် ဘုရားသခင်ကို ညည်းညူစေဖို့၊ ဘုရားသခင်ကို ငြင်းပယ်ဖို့နှင့် သစ္စာဖောက်ဖို့ ကျွန်မသမီးလေး၏ နာမကျန်းဖြစ်ခြင်းကို အသုံးပြုရန် ကြိုးစားလျက် ကျွန်မ၏ ချစ်လှစွာသော သမီးလေးကို အသုံးပြုနေသည်။ ဤအရာများအားလုံးက စာတန်၏ စဉ်းလဲသည့် အကြံအစည်များဖြစ်သည်။ ယောဘက သူ့အချိန်က ရင်ဆိုင်ရသည့် စမ်းသပ်မှုများကဲ့သို့ ဖြစ်သည်။ ထိုအရာများအားလုံး နောက်ကွယ်တွင် တိုက်ပွဲတစ်ခု ရှိနေသည်- စာတန်က ယောဘကို သူ့ကြွယ်ဝမှု နှင့် သူကလေးများအား ဆုံးရှုံးစေခြင်းအားဖြင့် စာတန်က သူအား ဘုရားသခင်ကို စွန့်ပစ်ပြီး၊ ငြင်းပယ်စေချင်ခဲ့သည်၊ သို့သော် ယောဘက ဘုရားသခင်ကို မည်သည့်အခါမျှ အပြစ်မတင်ခဲ့ပါ။ ထိုအစား သူက စာတန်ကို အရှက်ရခြင်းဖြင့် ဆုတ်ခွာစေလျက် ဘုရားသခင်၏ နာမတော်ကို ချီးမွမ်းခဲ့သည်။ သူက ဘုရားသခင်ကို လှပပြီး၊ ထူးကဲသည့် သက်သေခံချက် ပေးခဲ့သည်။ ကျွန်မ၏ ဇာတိခန္ဓာက အားနည်းသော်လည်း၊ ကျွန်မက စာတန်၏ စဉ်းလဲသော အကြံအစည်များကို ရိပ်စားမိပြီး၊ ဘုရားသခင်ဖက်တွင် ရပ်တည်ရ မည်ကို ကျွန်မ သိခဲ့သည်။ ဘုရားသခင်က “သင်၏သစ္စာစောင့်သိခြင်းနှင့်သာလျှင် သင်သည် မာရ်နတ်၏ ကောက်ကျစ်မှုကို တန်ပြန်တွန်းလှန်နိုင်မည် ဖြစ်သည်။” “သင်မြတ်နိုးသောတစ်စုံတစ်ရာနှင့် လမ်းခွဲရန် ဝန်လေးနေပါစေ သို့မဟုတ် ခါးသီးစွာ ငိုကြွေးနေပါစေ ဘုရားသခင်ကို သင်ကျေနပ်စေရမည်။ ဤသည်သာလျှင် စစ်မှန်သောချစ်ခြင်း နှင့် ယုံကြည်ခြင်းဖြစ်သည်။” ဟု ပြောခဲ့ပါသည်။ ဘုရားသခင်ကို ကျွန်မ၏ ယုံကြည်မှုနှင့် သစ္စာစောင့်သိမှုတို့ကို စုံလင်စေဖို့ စာတန်၏ တိုက်ခိုက်မှုကို ဘုရားက အသုံးပြုနေခဲ့သည်။ လူ၏ အသက်နှင့် သေခြင်းတရားတို့ နှစ်ခုလုံးက ဘုရားသခင်၏ လက်ထဲတွင် ရှိသောကြောင့် ကျွန်မက ကျွန်မသမီးလေးကို ကိုယ်တော့်လက်ထဲတွင် ထည့်ဖို့ ဆန္ဒရှိခဲ့သည်။ ဤအရာကို ကျွန်မ တွေးလိုက်သည့်အခိုက်၊ ခါးသီးသော မျက်ရည်များက ကျွန်မ မျက်နှာပေါ်သို့ ကျလာရင်း ကျွန်မ ဒူးထောက်ပြီး၊ ဘုရားသခင်ကို ဆုတောင်းခဲ့သည်။ “အနန္တတန်ခိုးရှင် ဘုရားသခင်။ လူတွေရဲ့ ကံကြမ္မာက ကိုယ်တော့်လက်ထဲမှာ ရှိပါတယ်။ ကိုယ်တော်က အဲဒါကို ဖြစ်ဖို့ ခွင့်ပြုတယ်ဆိုရင်၊ ကျွန်မ သမီးလေး ခန္ဓာကိုယ်ထဲမှာ ထွက်သက်တစ်ခု ရှိသမျှ ကာလပတ်လုံး သူသေမှာ မဟုတ်ပါဘူး။ ပြီးတော့ ဆရာဝန်တွေက မှန်ပြီး၊ သူက ဦးနှောက် သေသွားခဲ့ရင်၊ ကျွန်မ ကိုယ်တော့်ကို လုံးဝ အပြစ်မတင်ဘဲ၊ ကိုယ်တော့်နောက်ကို ဆက်လိုက်ပါမယ်။”

ထိုညမိုးချုပ်တွင်၊ ကျွန်မက ကျွန်မသမီးလေး၏ ဆေးရုံအိပ်ရာတွင် ထိုင်နေပြီး၊ တစ်ချိန်တွင် ငိုက်မျဉ်းသွားခဲ့သည်။ ကျွန်မက “မေမေ၊ မေမေရေ၊ သမီးရေလိုတယ်။” ဟု ကျွန်မ သမီးပြောသည်ကို ကြားလျက် မှင်တက်ပြီးနိုးလာခဲ့သည်။ ကျွန်မ သမီးလေး၏ အသံကြားရခြင်းက ကျွန်မစိတ်လှုပ်ရှားပြီး၊ မတ်တပ်ရပ်လိုက်သည်။ ကျွန်မ၏ မျက်လုံး များကို ပွတ်ပြီး၊ သူမကို စိုက်ကြည့်ခဲ့သည်။ သူမလက်များက တကယ် လှုပ်ရှားနေပြီး၊ သူမမျက်လုံးများပွင့်နေသည်။ ကျွန်မက စိတ်ခံစားချက် ဖြင့် ချက်ချင်းဖုံးလွှမ်းသွားသည်မှာ မည်သည့်အရာကို ပြောရမှန်း မသိခဲ့ဘဲ၊ ကျွန်မ ရှေ့နောက်မစဉ်းစားဘဲ ပြောချရုံသာ တတ်နိုင်ခဲ့သည်။ “အို။ ဘုရားသခင်။ အို။ ဘုရားသခင်” အဆောင်တစ်ခုတည်းမှ အခြားတစ်ယောက်ကလည်း “အို။ ဒါဟာ အံ့ဖွယ်အမှုပဲ။ သူက ဘယ်လိုလုပ်ပြီး ဒီလိုကြီး ကောင်းသွားနိုင်တာလဲ။” ဟု တအံ့တသြ ပြောခဲ့သည်။ ကျွန်မက အလွန်ရွှင်လန်းအားရသည်မှာ ပါးစပ် နားရွက်ချိတ်မတတ် ပြုံးရယ်နေခဲ့သည်။ လူ့အသက်နှင့် သေခြင်းတရား နှစ်ခုလုံးသည် ဘုရားသခင်၏ လက်တော်တွင် ရှိကြောင်း ကျွန်မ အမှန်တကယ် မြင်တွေ့ခဲ့ရသည်။ ဘုရားသခင်၏ လုပ်ဆောင်ချက်များ သည် အလွန်အံ့သြဖွယ် ကောင်းသည်။ ကျွန်မသမီးလေးကို ကယ်တင်ခဲ့ သူမှာ ဘုရားသခင် ဖြစ်လေသည်။ သုံးရက်ကြာပြီးနောက် ကျွန်မ သမီးလေးက မယုံနိုင်လောက်အောင် သူမ၏ ကျန်းမာရေး ပြန်ကောင်းမွန်လာပြီး၊ တစ်ဖန် သာမာန်လူတစ်ယောက်ကဲ့သို့ ပုံပေါက်နေသည်။ စာတန်၏ လက်ထဲတွင် ဤရိုက်နှက်ချက်ကို ကြုံတွေ့ပြီးနောက် ဝိညာဉ်ရေးရာလောကတွတွင် ဖြစ်ပွားနေသည့် တိုက်ခိုက်မှုသည် မည်မျှပြင်းထန်သည်ကို ကျွန်မ မြင်တွေ့နိုင်ခဲ့သည်၊ ပြီးလျှင် စာတန်၏ အန္တရာယ်ပြုမည့် လက္ခဏာရှိသည့် စက်ဆုပ်ဖွယ် ကောင်းမှုနှင့် ကောက်ကျစ်သော ရက်စက်မှုတို့ကို ကျွန်မ သိသာ ထင်ရှားစွာ မြင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ကျွန်မသည် ဘုရား အလိုတော်နှင့် ပတ်သက်ပြီး ပိုမိုကောင်းမွန်သည့် နားလည် သဘောပေါက်မှု တစ်ခုကိုလည်း ရရှိခဲ့သည်။ ကျွန်မကို ပိုကောင်းမွန်စွာ ကယ်တင်နိုင်ဖို့နှင့် စုံလင်စေနိုင်ဖို့ ဘုရားသခင်က ကျွန်မအပေါ် ဤစမ်းသပ်မှုများ ကျရောက်ခွင့်ပြုခဲ့သည်။ ဤအရာက ကျွန်မကို ဘုရား၏ အနန္တတန်ခိုး နှင့် အမြော်အမြင်တို့ကို သတိပြုခွင့်ပေးခဲ့သည်။ ဘုရားသခင်၏ သြဇာအာဏာနှင့် အချုပ်အခြာအာဏာတို့ကိုလည်း ကျွန်မကို တွေ့ခွင့်ပြုခဲ့သည်။ ဤအရာက ဘုရားသခင်ကို ကျွန်မ၏ ယုံကြည်မှု၊ သစ္စာစောင့်သိမှု နှင့် နာခံမှုတို့ကို စုံလင်စေသည်။ ဤအရာက ကျွန်မကို ကျွန်မ၏ အသက်တာတွင် ကြီးထွားခွင့်ပြုလျက် စာတန်၏ အုပ်စိုးမှုမှ ကယ်တင်ခဲ့သည်။ ဘုရားသခင်က အမှန်တကယ် ကို အလွန်ချစ်ဖွယ်ကောင်းလေသည်။

နောက်ပိုင်းတွင် ဘုရားနှုတ်ကပတ်တော်များမှ ဤကျမ်းပိုဒ်ကို ကျွန်မ ဖတ်ရသည်။ “အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ဖြစ်သော ငါ၏ စီမံခန့်ခွဲမှုအစီအစဉ် တစ်ရပ်လုံးတွင် အဆင့်သုံးဆင့်၊ သို့မဟုတ် ခေတ်သုံးခေတ် ပါဝင်သည်၊ အစအဦး၏ ပညတ်တော်ခေတ်၊ (ရွေးနုတ်ခြင်းခေတ်လည်းဖြစ်သော) ကျေးဇူးတော်ခေတ်နှင့် နောက်ဆုံးသောကာလ၏ နိုင်ငံတော်ခေတ်တို့ဖြစ်လေသည်။ ဤခေတ်သုံးခေတ်တို့မှ ငါ၏အမှုသည် ခေတ်တစ်ခုစီ၏ သဘာဝနှင့်အညီ အကြောင်းအရာကွဲပြား၏၊ သို့ရာတွင် အဆင့်တစ်ခုစီတိုင်း၌ ဤအမှုသည် လူသား၏ လိုအပ်ချက်များနှင့် လိုက်လျောညီထွေရှိသည်၊ သို့တည်းမဟုတ် ပို၍အတိအကျဆိုသော် စာတန်နှင့် ငါဆင်နွှဲသည့် စစ်ပွဲတွင် သူအသုံးပြုသည့် လှည့်ကွက်များနှင့်အညီ ဤအမှုကို လုပ်ဆောင်ခြင်းဖြစ်သည်။ ငါ့အမှု၏ ရည်ရွယ်ချက်မှာ စာတန်ကို အနိုင်ယူရန်၊ ငါ၏ဉာဏ်ပညာနှင့် အနန္တတန်ခိုးကို ထင်ရှားစေရန်နှင့် စာတန်၏ လှည့်ကွက်များ အားလုံးကို ဖော်ထုတ်ပြရန်ဖြစ်ပြီး၊ ဤနည်းအားဖြင့် စာတန်၏အုပ်စိုးမှု အောက်တွင် နေထိုင်ကြသည့် လူသားမျိုးနွယ်တစ်ရပ်လုံးကို ကယ်တင်ရန်ဖြစ်သည်။ ယင်းသည် ငါ၏ဉာဏ်ပညာနှင့် အနန္တတန်ခိုးကို ပြသရန်နှင့် စာတန်၏ မခံမရပ်နိုင် လောက်အောင် ကြောက်မက်ဖွယ်ကောင်းခြင်းကို ထုတ်ဖော်ပြရန်ဖြစ်၏၊ ယင်းထက်ပို၍ပင် ဖန်ဆင်းခံသက်ရှိတို့ အနေဖြင့် ကောင်းမှုနှင့် မကောင်းမှုကြား ခွဲခြားသိမြင်စေရန်၊ ငါသည် အရာအားလုံးတို့၏ အုပ်စိုးသူဖြစ်ကြောင်းကို သိကြစေရန်၊ စာတန်သည် လူသားတို့၏ ရန်သူ၊ အကျင့်ပျက်ယိုယွင်းသော နတ်ဆိုးဖြစ်ကြောင်းကို ရှင်းလင်းစွာ မြင်စေရန်ဖြစ်ပြီး၊ ၎င်းတို့အနေဖြင့် ကောင်းမှုနှင့် မကောင်းမှုကြား၊ သမ္မာတရားနှင့် မုသားကြား၊ သန့်ရှင်းခြင်းနှင့် ညစ်ညမ်းခြင်းကြား၊ ကြီးမြတ်သောအရာနှင့် ယုတ်ညံ့သော အရာကြား ခြားနားမှုကို အကြွင်းမဲ့ သေချာမှုဖြင့် သိကြစေရန် ဖြစ်သည်။ သို့မှသာ မသိနားမလည်သော လူသားတို့သည် ၎င်းတို့ကို ဖောက်ပြန်ပျက်စီး စေသည်မှာ ငါမဟုတ်ကြောင်းကို လည်းကောင်း၊ ဖန်ဆင်းရှင်ဖြစ်သော ငါကသာ လူသားတို့ကို ကယ်တင်နိုင်ပြီး လူတို့မွေ့လျော်ခံစား နိုင်သောအရာတို့ကို လူတို့အပေါ် အပ်နှင်းနိုင်ကြောင်းကိုလည်းကောင်း၊ ငါ့အတွက် သက်သေခံနိုင်လာကြလိမ့်မည်၊ ထို့ပြင် ငါသည် အရာအားလုံးတို့၏ အုပ်စိုးသူဖြစ်ကာ၊ စာတန်မူကား ငါက ဖန်ဆင်းခဲ့ပြီး နောက်ပိုင်းတွင် ငါ့ကိုဆန့်ကျင်ခဲ့သော သတ္တဝါများထဲမှ တစ်ယောက်မျှသာ ဖြစ်ကြောင်းကို ၎င်းတို့သိလာကြလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ရွေးနုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန်) ဘုရားသခင် ၏ ဤနှုတ်ကပတ်တော်များက ကျွန်မကို ဘုရားအလိုတော်နှင့် ပတ်သက်ပြီး ပိုမိုကောင်းမွန်သည့် နားလည်သဘောပေါက်မှု တစ်ခုပေးခဲ့သည်။ ဘုရားသခင် ပြုသမျှ အရာအားလုံးက လူသားမျိုးနွယ်အတွက် ကယ်တင်ခြင်းနှင့် ချစ်ခြင်းမေတ္တာတို့ ဖြစ်သည်ကို ကျွန်မ မြင်နိုင်ခဲ့သည်။ ကျွန်မက ကျွန်မ ကြုံတွေ့ရသည့် စမ်းသပ်မှုတစ်ခုပြီးတစ်ခုကို ပြန်ပြောင်းတွေးကြည့်စဉ်၊ ကျွန်မက အခက်အခဲအချို့ကို သည်းခံခဲ့ရသော်လည်း၊ များစွာ ရရှိခဲ့သည်။ စာတန်က ကျွန်မကို နှောင့်ယှက်ဖို့ ကျွန်မ အနီးတဝိုက်မှ လူများနှင့် အမှုအရာများကို မည်သို့ အမြဲတမ်း အသုံးပြုနေခဲ့သော်လည်း၊ ကျွန်မ ထိုးထွင်းသိမြင်မှု ပိုရရှိစေဖို့ ကျွန်မကို ဉာဏ်အလင်းပေးပြီး၊ လမ်းပြဖို့ သူ့နှုတ်ကပတ်တော်များကို အသုံးပြုလျက်၊ တစ်ချိန်လုံး ဘုရားသခင်က ကျွန်မဖက်တွင် ရှိနေသည်ကို ကျွန်မ မြင်တွေ့ရသည်။ ကျွန်မက မတုန်မလှုပ်ခြင်းနှင့် အားနည်းခြင်း အချိန်များတွင် တည်ငြိမ်ပြတ်သားနိုင်ဖို့ ကျွန်မကို ယုံကြည်မှုနှင့် ခွန်အားတို့ပေးလျက် သူက ကျွန်မ လိုက်လျှောက်ဖို့ လမ်းကြောင်းတစ်ခုပေးနေခဲ့သည်။ လမ်း၏ ခြေလှမ်းတိုင်းတွင် ကျွန်မက စာတန်၏ မှောင်မိုက်သော အုပ်စိုးမှုမှ ရုန်းထွက်နိုင်ခဲ့ပြီး၊ ဘုရားသခင်၏ အံ့သြဖွယ်ကောင်းသော လုပ်ဆောင်ချက်များကို မျက်မြင်တွေ့ခဲ့သည်။ ဤအတွေ့အကြုံများမှ တစ်ဆင့် ကျွန်မ အသက်တာတွင် ရင့်ကျက်ပြီး၊ တိုး၍ အကြမ်းခံခဲ့သည်။ ကျွန်မဖက်တွင် ဘုရားသခင် ရှိသောကြောင့် ဤအရာအားလုံးကို ကြုံတွေ့ရခြင်းက ကျွန်မသည် စာတန်ထံမှ နှောင့်ယှက်မှုများနှင့် ဒုက္ခများကို နောက်ထပ် ကြောက်ဖို့ မလိုတော့ကြောင့် ခံစားချက်တစ်ခုဖြင့် ကျွန်မကို ကျန်ရစ်စေခဲ့သည်။ ကျွန်မက ဘုရားသခင်ကို မှီခိုပြီး၊ သူ့နှုတ်ကပတ်တော်များမှ မသွေဖည်သမျှကာလပတ်လုံး၊ ဘုရားသခင်ကို ကျွန်မ ယုံကြည်မှုရှိသရွေ့၊ စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းများနှင့် တိုက်ခိုက်မှုများအပေါ် အောင်မြင်ဖို့ ကျွန်မတို့ကို ကိုယ်တော် လမ်းပြလိမ့်မည်၊ ပြီးလျှင် ဘုရားသခင်၏ ဂရုစိုက်ကြည့်သော မျက်လုံးများအောက်တွင် ကျွန်မတို့က ကွယ်ကာခံရပြီး အသက်ရှင်လိမ့်မည်။ ယခုအခါတွင် အနန္တတန်ခိုးရှင်ဘုရားသခင်သည် ပြန်ကြွလာသည့် သခင်ယေရှု ဖြစ်ကြောင်း ကျွန်မက ပို၍ခိုင်မာစွာ လက်ခံယုံကြည်လာသည်။ သူက ကျွန်မ၏ သခင်၊ ကျွန်မ၏ ဘုရားသခင် ဖြစ်သည်။ ကျွန်မတို့သည် ဖန်ဆင်းခံသတ္တဝါများဖြစ်ပြီး၊ ကျွန်မတို့က ကောင်းကြီးမင်္ဂလာများကို ပျော်မွေ့သည်ဖြစ်စေ၊ သို့မဟုတ် ဆင်းရဲဒုက္ခများကို ခံရသည်ဖြစ်စေ၊ ကျွန်မတို့က ဘုရားသခင်ကို အမြဲတမ်း နာခံပြီး ကိုးကွယ်သင့်ကြောင်းကိုလည်း ကျွန်မ သတိပြုမိသည်။ ကျွန်မက ဤအလွန်တိကျပြီး ပြောင်းလဲဖို့မရှိသော သန္နိဌာန်ကို ချမှတ်ခဲ့သည်။ ကျွန်မ၏ စိတ်နှလုံးက လမ်းခရီးအဆုံးတိုင် အနန္တတန်ခိုးရှင် ဘုရားသခင် နောက်ကို လိုက်ဖို့ အလွန်ဆန္ဒရှိပါသည်။

အရှေ့သို့- ၂၈၀။ အလင်းရောင်ကို မြင်ဖို့ မြူကို ထိုးဖောက်ထွက်ခြင်း

နောက်တစ်ခုသို့- ၃၀။ ထိုနေ့တွင် ကောင်းကင်က အထူးသဖြင့် ကြည်လင်ပြီး နေသာသည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၂၆။ ကျွန်မ စိတ်နှလုံးတံခါးကိုဖွင့်ခြင်းနှင့်၊ သခင့်ပြန်ကြွလာခြင်းကို ကြိုဆိုခြင်း

ရောင်ရွမ်၊ အမေရိက၁၉၈၂ ခုနှစ် နိုဝင်ဘာလတွင် ကျွန်မတို့ တစ်မိသားစုလုံးက အမေရိကနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ခဲ့သည်။ ကျွန်မ အဖိုးမျိုးဆက်...

၂၅။ စစ်မှန်သော ခရစ်တော်နှင့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူတို့ကြား ပိုင်းခြားသိမြင်ခြင်းနှင့်ဆိုင်သော သမ္မာတရားကို သဘောပေါက်ပြီးနောက်၊ ကျိုးကြောင်းမမြင်ဘဲ ကျွန်မ သတိထားခြင်း မပြုတော့ပါ။

ရှန်းဝမ်၊ မလေးရှား ငယ်သည့် အရွယ်ကတည်းက သခင့်ကို ယုံကြည်ရာတွင် ကျွန်မ၏ အမေ(သင်းထောက်တစ်ဦးနှင့် ဥပုသ်စာဖြေ ကျောင်းဆရာမတစ်ဦးဖြစ်ခဲ့သူ)...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။