အခန်း ၂

အသစ်သော ချည်းကပ်မှုနှင့်ဆိုင်သည့် လုပ်ငန်းနောက်၊ ငါ၏အမှုထဲ၌ ခြေလှမ်းသစ်များ ရှိလိမ့်မည်။ နိုင်ငံတော်ထဲ၌ ရှိသကဲ့သို့၊ ငါသည် လမ်းခရီး၏ ခြေလှမ်းတိုင်းကို ဦးဆောင်ရင်း၊ အနုစိတ်ဆုံး အသေးစိတ်ထိ အတိအကျလုပ်ကာ၊ လူ့ရည်ရွယ်ချက်များနှင့် မည်သည့်ရောနှောမှုမျှ လုံးဝမရှိဘဲ အမှုအရာများကို ငါ၏ ဘုရားသဘောသဘာဝ မှတဆင့် တိုက်ရိုက်လုပ်ဆောင်မည်။ အောက်ပါအကြောင်းအရာက အမှန်တကယ် လက်တွေ့လုပ်ဆောင်ခြင်း၏ နည်းလမ်းများကို အကြမ်းဖျင်းဖော်ပြပေသည်- အခက်အခဲများနှင့် စစ်ဆေးခြင်းမှတဆင့် ၎င်းတို့သည် “လူမျိုး” ဟူသည့် ဂုဏ်ပုဒ်ကို ရရှိခြင်းဖြစ်သကဲ့သို့၊ ၎င်းတို့သည် ငါ့နိုင်ငံတော်၏ လူမျိုးဖြစ်သည်နှင့်အညီ ယခင်မျိုးဆက်များအတွက် ငါ့အမှု၏ နည်းစနစ်များထက် ပိုမိုမြင့်မားသောအရာများဖြစ်သည့် တင်းကျပ်သော ပြဋ္ဌာန်းချက်များဖြင့် ၎င်းတို့ကို ငါချူပ်ကိုင်မည်။ ယင်းမှာ နှုတ်ကပတ်တော်များ၏ စစ်မှန်မှုဖြစ်သည်သာမက၊ ပို၍ပင်အရေးကြီသည်မှာ ယင်းက လက်တွေ့လုပ်ဆောင်ခြင်း၏ စစ်မှန်မှုဖြစ်ပြီး ဤအရာကို ဦးစွာအရယူရမည်ဖြစ်သည်။ စကားလုံးများနှင့် လုပ်ဆောင်ချက်များအားလုံးတွင်၊ ၎င်းတို့သည် နိုင်ငံတော်၏ လူမျိုးနှင့်ဆိုင်သော သတ်မှတ်ထားသည့် စံချိန်စံညွှန်းများကို မီကြရမည်ဖြစ်ပြီး ငါ၏နာမကို အရှက်ရစေခြင်းမှ ရှောင်ရှားရန် ပြစ်မှုကျူးလွန်သူ မည်သူမဆို ချက်ချင်း ဖယ်ရှားခြင်းခံရမည်ဖြစ်သည်။ သို့သော်လည်း ရှင်းလင်းစွာ မမြင်နိုင်သည့် အသိဉာဏ်မဲ့သောသူများနှင့် နားလည်သဘောပေါက်နိုင်ခြင်းမရှိသူများမှာ ခြွင်းချက်ဖြစ်သည်။ ငါ၏ နိုင်ငံတော်ကို တည်ဆောက်ရာတွင်၊ ငါပြောသော နှုတ်ကပတ်တော်များကို စားသောက်ဖို့၊ ငါ၏ ဉာဏ်ပညာကို နားလည်ဖို့နှင့် ငါ၏အမှုမှတဆင့် ထောက်ခံဖို့ အာရုံစိုက်လော့။ ငါ၏ဥစ္စာမဟုတ်သော စာတစ်အုပ်၏ စကားလုံးများကို အလေးထားသောသူ မည်သူမဆိုသည် ငါ၏ လုံးဝမလိုလားခြင်းကို ခံရသည် ၊ ဤသည်မှာ ငါ့ကို ဖီဆန်သော ပြည့်တန်ဆာတစ်ဦးဖြစ်သည်။ တမန်တော်တစ်ဦး ဖြစ်သည့်အားလျော်စွာ၊ တစ်ဦးတစ်ယောက်သည် အိမ်၌ ကြာမြင့်စွာ မနေရ။ ဤအမှုကို မပြုနိုင်လျှင်၊ ငါသည် သူ့ကို စွန့်ပစ်ပြီး အသုံးပြုတော့မည်မဟုတ်။ ငါသည် သူ့ကို အတင်းအကျပ် မလုပ်ပေ။ တမာန်တော်များသည် အိမ်တွင် အချိန်ကြာကြာ မနေသည့်အတွက်၊ အသင်းတော်၌ ကြာမြင့်သည့် အချိန်ကာလကို ကုန်လွန်စေခြင်းအားဖြင့် ၎င်းတို့ တည်ဆောက် ခံကြရခြင်းဖြစ်သည်။ အသင်းတော်များ၏ စုဝေးခြင်း နှစ်ခုတိုင်းတွင်၊ တမန်တော်များ အနည်းဆုံး တစ်ကြိမ်ပါဝင်ကြရမည်။ ထို့ကြောင့် လုပ်ဖော်ကိုင်ဖက်များ၏ စုဝေးခြင်းများ ပုံမှန်ဖြစ်လာရပေမည် (လုပ်ဖော်ကိုင်ဖက်များ၏ စုဝေးခြင်းများတွင် ပါဝင်သည်မှာ တမန်တော်အားလုံး စုဝေးခြင်းများ၊ အသင်းတော်ခေါင်းဆောင်အားလုံးစုဝေးခြင်းများနှင့် ရှင်းလင်းသည့် ထိုးထွင်းသိမြင်နိုင်စွမ်းရှိသူ သန့်ရှင်းသူများ အတွက် စုဝေးခြင်းများအားလုံး ဖြစ်ကြသည်)။ အနည်းဆုံး သင်တို့ထဲမှ အချို့သည် အစည်းအဝေးအသီးသီးကို တက်ရောက်ရမည်ဖြစ်ပြီး တမန်တော်များအနေဖြင့် အသင်းတော်များအပေါ် စောင့်ကြည့်ခြင်းကိုသာ အာရုံစိုက်ကြရမည်။ ယခင် သန့်ရှင်းသူတို့အပေါ် ပြဋ္ဌာန်း ထားခဲ့သည့် သတ်မှတ်ချက်များသည် ပိုမိုနက်နဲသိမ်မွေ့လာပေပြီ။ ငါ၏နာမကို ငါသက်သေမခံမီ ပြစ်မှုကျူးလွန်မိသောသူတို့အတွက်၊ ၎င်းတို့၏ ငါ့ကိုဆည်းကပ်မှုကြောင့်၊ ငါ့အားဖြင့် အစမ်းသပ်ခံပြီးသည်နှင့်တစ်ပြိုင်နက် ငါသည် ၎င်းတို့ကို အသုံးပြုလေဦးမည်။ သို့သော်၊ ငါ၏ သက်သေခံချက်ပြီးနောက်၊ ပြစ်မှုတစ်ခု တဖန်ကျူးလွန်သောသူတို့နှင့် ကဏ္ဍသစ်တစ်ရပ် စတင်ဖို့ စိတ်ပိုင်းဖြတ်ထားသူတို့အတွက်၊ ထိုသို့သော သူတို့သည် အသင်းတော်တွင်း၌ ကျန်ရှိ၍သာနေကြသည်။ သို့ဖြစ်စေကာမူ၊ ၎င်းတို့သည် အမှုမဲ့အမှတ်မဲ့နှင့် အကြောင်းမဲ့ ရှိမနေရဘဲ ယင်းအစား အခြားသူများထက် ပိုမိုကန့်သတ်ချုပ်ခြယ်ခြင်းခံရမည်။ ငါ၏အသံကို မြွက်ဆိုပြီးသည့်နောက် မိမိတို့၏ လမ်းစဉ်များကို မပြုပြင်ကြသော သူတို့အဘို့၊ ငါ၏ဝိညာဉ်သည် ၎င်းတို့ကို ချက်ချင်း စွန့်ခွာမည်ဖြစ်ပြီး အသင်းတော်အနေဖြင့် ငါ၏တရားစီရင်ခြင်းကို ဆောင်ရွက်ပိုင်ခွင့်ရှိလိမ့်မည်ဖြစ်ကာ ၎င်းတို့ကို အသင်းတော်မှ ထွက်ခွာစေပါလိမ့်မည်။ ဤသည်မှာ အကြွင်းမဲ့ဖြစ်ပြီး အပိုထည့်သွင်းစဉ်းစားဖို့ရန် အကြောင်းမရှိနိုင်။ စမ်းသပ်မှု၌ တစ်ဦးတစ်ယောက် ပြိုလဲလျှင်၊ တစ်နည်းအားဖြင့်၊ ၎င်းသည် စွန့်ခွာလျှင်၊ ငါ့ကိုစမ်းသပ်ခြင်းနှင့် အသင်းတော်ထဲ စာတန်ကို မိုက်မိုက်မဲမဲ ဝင်ရောက်ခွင့်ပေးခြင်းအား ရှောင်ရှားဖို့ရန်အလို့ငှာ ယင်းပုဂ္ဂိုလ်ကို အဘယ်သူမျှ အရေးမစိုက်သင့်ပေ။ ဤသည်မှာ ၎င်းနှင့်ဆိုင်သော ငါ၏တရားစီရင်ခြင်းဖြစ်သည်။ အပြစ်အနာအဆာရှိသူတစ်ဦးမျှသာ မဟုတ်၊ မတရားမှုပြုသောသူနှင့် ၎င်းတို့၏ စိတ်ခံစားမှုများအပေါ် အခြေပြုကာ ပြုမူသောသူ မည်သူမဆိုသည်လည်း ငါ၏လူတို့အလယ်တွင် ရေတွက်ခြင်းခံကြရလိမ့်မည်မဟုတ်။ တမာန်တော်များ၏ နောက်ထပ် တာဝန်ဝတ္တရားမှာ ဧဝံဂေလိတရားအား ဖြန့်ဝေခြင်းကို အာရုံစိုက်ရန်ဖြစ်သည်။ ဟုတ်ပေ၏၊ သန့်ရှင်းသူတို့သည်လည်း ဤအလုပ်ကို လုပ်ဆောင်နိုင်ကြ၏၊ သို့သော် ၎င်းတို့သည် ထိုသို့လုပ်ဆောင်ရာတွင် အမြော်အမြင်ရှိကြရမည်ဖြစ်ပြီး ပြဿနာလှုံ့ဆော်ခြင်းမှ ရှောင်ကြဉ်ကြရမည်။ အထက်ပါအရာတို့သည် လက်တွေ့လုပ်ဆောင်ခြင်း၏ လက်ရှိနည်းလမ်းများဖြစ်သည်။ ထို့ပြင်၊ သတိပေးချက်အနေဖြင့်၊ ငါ့နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ အားလုံးဝင်ရောက်နိုင်စေဖို့အလို့ငှာ သင်၏ တရားဒေသနာများကို ပိုမိုနက်နဲသိမ်မွေ့စေရန် လုပ်ဆောင်ခြင်းကို သင်အာရုံစိုက်ရမည်။ ငါ၏ နှုတ်ကပတ်တော်များကို သင်သည် နီးကပ်စွာ လိုက်လျှောက်ရမည်ဖြစ်ပြီး လူအားလုံးက ရှင်းရှင်းလင်းလင်းနှင့် ပြတ်ပြတ်သားသား နားလည်သဘောပေါက်နိုင်ဖို့အလို့ငှာ လုပ်ဆောင်ရမည်။ ဤသည်မှာ အရေးကြီးဆုံးဖြစ်သည်။ ငါ၏လူတို့အလယ်တွင်၊ သစ္စာပျက်ခြင်းအတွေးများ ထားသိုသောသူသည် ထုတ်ပယ်ခံရမည်ဖြစ်ပြီး ၎င်းတို့သည် ငါ၏နာမကိုစော်ကားမှု မဖြစ်စေဖို့ ငါ၏အိမ်တွင် ကြာကြာနေထိုင်ခွင့် ရမည်မဟုတ်။

၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်

အရှေ့သို့- အခန်း ၁

နောက်တစ်ခုသို့- အခန်း ၃

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။