အခန်း ၂၈

ငါသည် ဇိအုန်မှ လာခဲ့ချိန်တွင်၊ အရာခပ်သိမ်းသည် ငါ့ကိုစောင့်ကြိုခဲ့ကြပြီး ငါသည် ဇိအုန်သို့ပြန်သွားခဲ့ချိန်တွင်၊ လူသားအားလုံး ငါ့ကိုနှုတ်ဆက်ကြ၏။ ငါလာခဲ့ ပြနခဲ့သည်နှင့်အမျှ၊ ငါ၏ခြေလှမ်းများသည် ငါ့ကိုရန်လိုခဲ့သည့် အရာများအားဖြင့် မည်သည့်အခါမျှ မတားဆီးခံခဲ့ရပေ၊ ထို့ကြောင့် ငါ၏အမှုသည် ချောမွေ့စွာ တိုးတက်ခဲ့၏။ ယနေ့တွင် သတ္တဝါများအားလုံးအလယ် ငါလာသောအခါ၊ ငါနောက်တစ်ကြိမ် ထွက်ခွာပြီး ထိုသို့ဖြင့် ထောက်ပံ့မှုအတွက် ၎င်းတို့ မှီခိုကြသည့်အရာကို ဆုံးရှုံးလိမ့်မည်ကို အလွန်အမင်း စိုးရိမ်လျက်၊ အရာခပ်သိမ်းသည် ငါ့အား ဆိတ်ငြိမ်မှုဖြင့် နှုတ်ခွန်းဆက်ကြ၏။ အရာခပ်သိမ်းသည် ငါ၏လမ်းပြမှုနောက် လိုက်ကြပြီး ငါ၏လက်ဖြင့် ညွှန်ပြသည့် ဦးတည်ရာသို့ အားလုံးကြည့်ရှုကြ၏။ ငါ့နှုတ်မှ စကားများသည် သတ္တဝါအများအပြားကို စုံလင်စေပြီးဖြစ်ကာ ငြင်းဆန်သောသူ အများအပြားကို ပြစ်တင်ဆုံးမပြီးဖြစ်သည်။ ထို့ကြောင့် လူသားအားလုံးသည် ငါ၏စကားများ အပေါ် စေ့စေ့ကြည့်ရှုပြီး၊ ငါ့နှုတ်မှ မိန့်မြွက်ချက်များကို သေချာစွာ နားထောင်ကြကာ၊ ဤအခွင့်ကောင်း လွတ်သွားမည်ကို အကြီးအကျယ် စိုးရိမ်နေကြသည်။ ငါ၏အမှုကို ပို၍လျင်မြန်စွာ ဆောင်ရွက်နိုင်ရန်အလို့ငှာနှင့် ကမ္ဘာမြေပေါ် ကျေနပ်ဖွယ်ရာ အခြေအနေများ ပို၍ဆောလျင်စွာ ပေါ်ပေါက်လာပြီး ကမ္ဘာမြေပေါ်ရှိ ပျက်စီးခြောက်ကပ်ခြင်း မြင်ကွင်းများကို ကုစားနိုင်ရန်အလို့ငှာ၊ ငါသည် ဆက်လက် စကားပြောခဲ့သည်မှာ ဤအကြောင်းရင်းကြောင့် ဖြစ်သည်။ ငါကောင်းကင်ထက်သို့ ကြည့်ချိန်၊ ယင်းသည် လူသားကို မျက်နှာမူရန် ငါ နောက် တစ်ဖန်ပြန်လှည့်သည့် အချိန် ဖြစ်သည်။ မြေတစ်ပြင်လုံးသည် ရုတ်ချည်း အသက်ပါခြင်းဖြင့် ပြည့်သွားသည်၊ ဖုန်မှုန့်များက လေထဲတွင် မရှိတော့သကဲ့သို့ နုန်းများက မြေပြင်ကို မဖုံးလွှမ်းတော့ပေ။ ငါ၏မျက်လုံးများသည် မြေတစ်ပြင်လုံး၏ လူတို့ကို ငါ့အား ကြည်ညိုလေးစားစေကာ ငါ့အထဲတွင် ခိုလှုံစေရင်း၊ ချက်ချင်း တောက်ပသွားသည်။ ယနေ့ လောက၏ လူတို့အလယ်- ငါ၏အိမ်ထောင်စုတွင် ရှိသောသူအားလုံး အပါအဝင်- မည်သူသည် ငါ၌ အမှန်တကယ် ခိုလှုံသနည်း။ ငါပေးဆပ်ပြီးဖြစ်သည့် အဖိုးအခအတွက် မည်သူသည် သူ၏နှလုံးသားကို အပြန်အလှန်အားဖြင့် ပေးသနည်း။ ငါ့အိမ်ထောင်စုအတွင်းတွင် မည်သူသည် ငြိမ်းချမ်းစွာ နေထိုင်ဖူးသနည်း။ မည်သူသည် ငါ၏ရှေ့တွင် အမှန်တကယ် မိမိတို့ကိုယ်ကိုယ် ဆက်ကပ်ဖူးသနည်း။ ငါသည် လူသားအပေါ် သတ်မှတ်ချက်များ ပြုလုပ်သောအခါ၊ သူသည် သူ၏ “သိုလှောင်ရုံလေး” ကို ချက်ချင်းပိတ်လိုက်၏။ ငါသည် လူသားကို ပေးသောအခါ၊ သူသည် ငါ၏ ကြွယ်ဝမှုများကို ခိုးကြောင်ခိုးဝှက်ယူရန် သူ၏ပါးစပ်ကို အလျင်အမြန်ဖွင့်ပြီး ငါသည် သူ့ကို ပြန်၍ဒဏ်ခတ်မည်ကို အလွန်အမင်း စိုးရိမ်လျက်၊ သူ၏စိတ်နှလုံးထဲတွင် မကြာခဏ တုန်လှုပ်၏။ ထို့ကြောင့် လူသား၏ နှုတ်သည် တစ်ဝက်ဟလျက် တစ်ဝက်ပိတ်နေပြီး၊ သူသည် ငါပေးသည့် ကြွယ်ဝမှုများကို အမှန်တကယ် မွေ့လျော်ခံစားနိုင်စွမ်း မရှိချေ။ ငါသည် လူသားကို အလွယ်တကူ မရှုတ်ချသော်လည်း၊ သူသည် ငါ့လက်ကို အမြဲဆွဲကာ သူ့အပေါ် သနားကရုဏာ ပေးအပ်ရန် ငါ့ကို အမြဲတောင်းဆို၏။ လူသားသည် ငါ့ကို အနူးအညွတ်တောင်းပန်သည့်အခါမှသာ၊ ငါသည် သူ့အပေါ် နောက်ထပ်တစ်ကြိမ် “သနားကရုဏာ” ပေးပြီး၊ ငါ့နှုတ်၏ အကြမ်းတမ်းဆုံး စကားများကို သူထံ ပေးသည်မှာ သူသည် ချက်ချင်း အရှက်ရကာ ငါ၏ “သနားကရုဏာ” ကို တိုက်ရိုက် ရရှိနိုင်စွမ်း မရှိဘဲ၊ ယင်းအစား အခြားသူများအား သူ့ထံ လက်ဆင့်ကမ်း ပေးစေလေသည်။ ငါ၏နှုတ်ကပတ်တော်များ အားလုံးကို အကုန်အစင် သူ သဘောပေါက် ပြီးသည့်အခါ၊ လူသား၏ ဝိညာဉ်ရင့်ကျက်မှုသည် ငါ၏ဆန္ဒများနှင့်ညီမျှပြီး သူ၏တောင်းပန်ချက်များသည် အကျိုးဖြစ်ထွန်းကာ အချည်းအနှီး သို့မဟုတ် အလဟဿ မဖြစ်ပေ။ ငါသည် လူသားမျိုးနွယ်၏ ဟန်ဆောင်ခြင်းမဟုတ်သည့်၊ စစ်မှန်သော တောင်းပန်ချက်များကို ကောင်းချီးပေး၏။

ငါသည် ခေတ်များတစ်လျှောက်လုံးတွင် အမှုများကို လုပ်ဆောင်နေကာ ပြောဆိုနေပြီး ဖြစ်သည်၊ သို့သော် ယနေ့ ငါ ပြောဆိုသည်နှင့်အမျှ လူသားသည် ထိုသို့သော မိန့်မြွက်ချက်များကို လုံးဝ မကြားဖူးသကဲ့သို့၊ သူသည် ငါ၏ဘုန်းအာနုဘော်နှင့် တရားစီရင်ခြင်းတို့ကို မမြည်းစမ်းဖူးပေ။ အတိတ်ကမ္ဘာလောက၏ လူအချို့သည် ငါနှင့်ဆိုင်သည့် ဒဏ္ဍာရီများ ကြားကြပြီးဖြစ်သော်လည်း၊ မည်သူမျှ ငါ၏ချမ်းသာကြွယ်ဝမှု အတိုင်းအတာကို အမှန်တကယ် မသိရှိဖူးပေ။ ယနေ့လူများသည် ငါ့နှုတ်မှစကားများကို ကြားသော်လည်း၊ ငါ့နှုတ်တွင် နက်နဲသောအရာများ မည်မျှရှိသည်ကို မသိနားမလည်ကြဆဲဖြစ်ကာ၊ ထိုသို့ဖြင့် ငါ၏ နှုတ်ကို ပေါကြွယ်ဝခြင်း တစ်ခုအဖြစ် ယူဆကြသည်။ လူအားလုံးသည် ငါ့နှုတ်မှ တစ်စုံတစ်ခု ရရှိရန် ဆန္ဒရှိကြသည်။ ယင်းသည် နိုင်ငံတော်၏ လျှို့ဝှက်ချက်များဖြစ်စေ၊ ကောင်းကင်ဘုံ၏ နက်နဲမှုများဖြစ်စေ သို့မဟုတ် ဝိညာဉ်လောက၏ အင်အားများဖြစ်စေ သို့မဟုတ် လူသားမျိုးနွယ်၏ ခရီးပန်းတိုင်ဖြစ်စေ၊ လူအားလုံးသည် ထိုသို့သော အရာများကို ရရှိရန် ဆန္ဒရှိကြသည်။ ထို့ကြောင့် ငါသည် လူတို့ကို အတူတကွ စုရုံးပြီး ၎င်းတို့ကို “ပုံပြင်များ” ပြောပြရမည် ဆိုပါက၊ ငါ၏လမ်းခရီးကို ကြားနာရန် ၎င်းတို့၏ “လူမမာအိပ်ရာများ” မှ ချက်ချင်း ထကြပေမည်။ လူသားအတွင်းတွင် ချို့တဲ့မှုများလွန်းလှ၏၊ သူသည် “အာဟာရ ဖြည့်ဆည်းမှုများ”သာ လိုအပ်သည်မဟုတ်ဘဲ၊ ထိုထက်ပို၍ “စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှု” နှင့် “ဝိညာဉ်ရေးရာထောက်ပံ့မှု”တို့ လိုအပ်လေသည်။ ဤသည်မှာ လူအပေါင်းတို့တွင် ကင်းမဲ့နေသည့်အရာ ဖြစ်သည်။ ဤသည်မှာ လူသားအားလုံး၏ “အနာရောဂါ” ဖြစ်သည်။ သာ၍ ကောင်းမွန်သော သက်ရောက်မှုများ စွမ်းဆောင်ရရှိရန်အလို့ငှာ၊ ၎င်းတို့အားလုံး ပြန်လည်ကျန်းမာလာနိုင်ပြီး ငါ၏ကုသမှုကြောင့် ပုံမှန်အခြေအနေသို့ ပြန်ရောက်နိုင်ကြဖို့အလို့ငှာ၊ ငါသည် လူသား၏ အနာရောဂါအတွက် ကုထုံးတစ်ခုကို ပေးသည်။ သင်တို့သည် အဆင်းနီသောနဂါးကြီးကို အမှန်တကယ် မုန်းတီးသလော။ သင်တို့သည် အမှန်တကယ်၊ ရိုးသားစစ်မှန်စွာ ယင်းကို မုန်းတီးသလော။ ငါသည် ကြိမ်ဖန်များစွာ သင်တို့ကို အဘယ်ကြောင့် မေးလေပြီနည်း။ ငါသည် အဘယ်ကြောင့် ဤမေးခွန်းကို သင်တို့အား အဖန်ဖန် မေးမြဲမေးနေရသနည်း။ သင်တို့၏ နှလုံးသားထဲတွင် အဆင်းနီသောနဂါးကြီး၏ မည်သည့်ပုံရိပ် ရှိသနည်း။ ယင်းကို အမှန်တကယ် ဖယ်ရှားပြီးပြီလော။ ၎င်းကို သင်တို့၏ဖခင်အဖြစ် သင်တို့ အမှန်ပင် မမှတ်ယူပေဘူးလော။ ငါ၏မေးခွန်းများထဲက ငါ၏ရည်ရွယ်ချက်ကို လူအပေါင်းတို့ သိမြင်သင့်သည်။ ယင်းမှာ လူတို့၏ ဒေါသကို ဆွပေးရန်မဟုတ်သကဲ့သို့၊ လူသားတို့အလယ် ပုန်ကန်မှုကို လှုံ့ဆော်ရန် မဟုတ်၊ လူသားသည် မိမိ၏ ကိုယ်ပိုင် ထွက်ပေါက်ကို ရှာတွေ့နိုင်ရန် မဟုတ်ဘဲ၊ လူအားလုံးကို အဆင်းနီသောနဂါးကြီး၏ ကျေးကျွန်ဘဝမှ မိမိတို့ကိုယ်ကိုယ် လွတ်မြောက်စေခွင့်ပေးရန် ဖြစ်သည်။ သို့သော် မည်သူမျှ မပူပန်သင့်ပေ။ အားလုံးသည် ငါ၏စကားများဖြင့် ပြီးမြောက်ရလိမ့်မည်။ မည်သည့်လူသားမျှ မပါဝင်နိုင်သကဲ့သို့၊ ငါ ဆောင်ရွက်မည့် အမှုကို မည်သည့်လူသားမျှ မလုပ်ဆောင်နိုင်။ ငါသည် နယ်မြေအားလုံး၏ လေထုကို သန့်စင်စေမည်ဖြစ်ပြီး ကမ္ဘာမြေပေါ်တွင် နတ်ဆိုးတို့ကို အရိပ်အယောင် အားလုံးကို အမြစ်ဖြတ်မည်။ ငါသည် စတင်နှင့်ပြီဖြစ်ကာ၊ အဆင်းနီသောနဂါးကြီး၏ နေထိုင်ရာနေရာတွင် ပြစ်တင်ဆုံးမခြင်းနှင့်ဆိုင်သည့် ငါ့အမှု၏ ပထမအဆင့်ကို စတင်မည်။ ထို့ကြောင့် ငါသည် နယ်မြေအားလုံးကို ကြည့်ရှုသည့်အတွက်၊ စကြဝဠာတစ်ခုလုံးအပေါ်သို့ ငါ၏ ပြစ်တင်ဆုံးမခြင်း ကျရောက်ပြီးဖြစ်ကာ အဆင်းနီသောနဂါးကြီးနှင့် ညစ်ညူးသော ဝိညာဉ်မျိုးစုံတို့သည် ငါ၏ ပြစ်တင်ဆုံးမမှုမှ လွတ်မြောက်နိုင်စွမ်း မရှိသည်ကို တွေ့နိုင်ပေသည်။ မြေကြီးပေါ်တွင် ငါ၏အမှု ပြီးစီးသည့်အခါ၊ ဆိုလိုသည်မှာ တရားစီရင်ရာကာလ အဆုံးသတ်သည့်အခါတွင်၊ ငါသည် အဆင်းနီသောနဂါးကြီးကို တရားဝင် ပြစ်တင်ဆုံးမမည်။ ငါ၏လူတို့သည် အဆင်းနီသောနဂါးကြီးအပေါ် ငါ၏ဖြောင့်မတ်သည့် ပြစ်တင်ဆုံးမမှုကို တွေ့ကြရလိမ့်မည်၊ ငါ၏ဖြောင့်မတ်မှုကြောင့် ချီးမွမ်းခြင်းကို ဧကန်မုချ သွန်းလောင်းကြလိမ့်မည် ဖြစ်ပြီး၊ ငါ၏ဖြောင့်မတ်ခြင်းကြောင့် ငါ၏ သန့်ရှင်းသော နာမကို ဧကန်မုချ အစဉ်ချီးကျူးထောမနာ ပြုကြလိမ့်မည်။ ထို့ကြောင့် သင်တို့သည် သင်တို့၏တာဝန်ကို တရားဝင် ထမ်းဆောင်ကြလိမ့်မည် ဖြစ်ပြီး၊ နယ်မြေတစ်လျှောက်လုံးတွင် ငါ့ကို ကာလအစဉ်အဆက် တရားဝင် ချီးမွမ်းကြလိမ့်မည်။

တရားစီရင်ခြင်း ကာလသည် ယင်း၏ အထွတ်အထိပ်သို့ ရောက်သောအခါ၊ ငါ၏အမှုကို အဆုံးသတ်ဖို့ ငါအလျင်အမြန် ဆောင်ရွက်မည် မဟုတ်ဘဲ၊ ယင်းထဲသို့ ပြစ်တင်ဆုံးမခြင်း ကာလ၏ သက်သေအထောက်အထားကို ပေါင်းစပ်လိမ့်မည်ဖြစ်ပြီး၊ ဤသက်သေအထောက်အထားကို ငါ၏လူအပေါင်းတို့အား တွေ့မြင်ခွင့်ပေးမည်။ ဤအရာတွင် သာ၍ကြီးမားသော အကျိုးအမြတ် ဖြစ်ထွန်းလိမ့်မည်။ ဤသက်သေအထောက်အထားသည် အဆင်းနီသောနဂါးကြီးအား ငါ၏ ပြစ်တင်ဆုံးမသည့် နည်းလမ်းဖြစ်ပြီး၊ ငါ၏လူများသည် ငါ၏စိတ်သဘောထားကို ပို၍ သိကြစေဖို့အလို့ငှာ၊ ၎င်းတို့၏ကိုယ်ပိုင် မျက်စိများဖြင့် ယင်းကို ငါရှုမြင်စေမည်။ ငါ၏ လူများက ငါ့ကို မွေ့လျော်ကြချိန်သည် အဆင်းနီသောနဂါးကြီး ပြစ်တင်ဆုံးမခံရသည့်အချိန် ဖြစ်သည်။ အဆင်းနီသောနဂါးကြီး၏လူများကို ထကြွစေပြီး ၎င်းကို တော်လှန်စေခြင်းသည် ငါ၏အစီအစဉ်ဖြစ်ပြီး၊ ဤသည်မှာ ငါ၏လူများကို ငါစုံလင်စေသည့်နည်းစနစ်ဖြစ်ကာ ငါ၏ လူအားလုံးအတွက် ယင်းသည် အသက်တာ၌ ကြီးထွားဖို့ ကြီးမားသော အခွင့်အရေးတစ်ခု ဖြစ်သည်။ တောက်ပသည့်လရောင် ထွက်ပေါ်သောအခါ၊ ဆိတ်ငြိမ်သောညသည် ချက်ချင်း ပြိုကွဲသွား၏။ လသည် စုတ်ပြတ်နေသော်လည်း၊ လူသားသည် ကောင်းမွန်သည့် စိတ်ဝိညာဉ်၌ ရှိနေပြီး၊ လရောင်အားဖြင့် လှပသော မြင်ကွင်းကို ချီးမွမ်းလျက်၊ လရောင်အောက်တွင် ငြိမ်းချမ်းစွာ ထိုင်နေ၏။ လူသားသည် သူ၏ခံစားချက်များကို မဖော်ပြနိုင်ပေ။ ယင်းမှာ သူသည် အတိတ်သို့ ပြန်ပြောင်းစဉ်းစားရန် ဆန္ဒရှိသည့်အလား၊ အနာဂတ်သို့ ရှေးရှုကြည့်လိုသည့်အလား၊ ပစ္စုပ္ပန်ကာလကို သူ မွေ့လျော်နေသည့်အလား ဖြစ်၏။ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာပြီး သာယာသည့် လေများကြားတွင် လတ်ဆတ်သည့် ရနံ့တစ်ခု စိမ့်ဝင်ပျံ့နှံ့သွား၏၊ နူးညံ့သော လေပြေလေညင်းတစ်ခု စတင်တိုက်ခတ်လာသည်နှင့်အညီ၊့ လူသားသည် မွှေးထုံကြိုင်လှိုင်သော မွှေးရနံ့ကို သတိပြုမိပြီး ထိုရနံ့အားဖြင့် ယစ်မူးကာ၊ မိမိကိုယ်ကိုယ် မနိုးကြွစေနိုင်သည့်ပုံ ရလေသည်။ ဤသည်မှာ လူသားများအလယ် ကိုယ်တိုင်ကိုယ်ကျ ငါ ကြွလာသည့် အချိန်ကာလစင်စစ်ဖြစ်ပြီး လူသားသည် ဤမွှေးထုံကြိုင်လှိုင်သော ရနံ့နှင့်ဆိုင်သည့် အရှိန်မြှင့်သော ခံစားမှုအာရုံတစ်ခု ရှိကာ၊ ထိုသို့ဖြင့် လူသားအားလုံးသည် ဤအမွှေးနံ့အလယ်တွင် နေထိုင်ကြလေသည်။ ငါသည် လူသားနှင့် ပြေလည်ပြီး လူသားသည် ငါနှင့် သဟဇာတဖြစ်ခြင်းဖြင့် အသက်ရှင်သည်၊ ငါနှင့် စပ်လျဉ်း၍ သူသည် သွေဖီခြင်းမရှိတော့ပေ၊ ငါသည် လူသား၏ ချွတ်ယွင်းချက်များကို မပြုပြင်တော့ပေ၊ လူသား၏မျက်နှာပေါ်တွင် သောကရောက်နေသည့်အသွင် မရှိတော့သကဲ့သို့၊ သေခြင်းသည် လူသားတစ်ရပ်လုံး အပေါ် ခြိမ်းခြောက်ခြင်း မရှိတော့ပေ။ ယနေ့တွင် ငါသည် လူသားနှင့် ဘေးချင်းယှဉ်လျက် ရှေ့သို့သွားရင်း၊ ပြစ်တင်ဆုံးမခြင်းကာလထဲသို့ လူသားနှင့်အတူ တက်လှမ်းသည်။ ငါသည် ငါ၏အမှုကို လုပ်ဆောင်လျက်ရှိ၏၊ ဆိုလိုသည်မှာ ငါသည် ငါ၏လှံတံကို လူသားများအလယ် ရိုက်ချပြီး ယင်းသည် လူသားအထဲက ပုန်ကန်တတ်သောအရာပေါ်သို့ ကျရောက်၏။ လူသား၏ အမြင်တွင်၊ ငါ၏လှံတံသည် အထူးတန်ခိုးများ ရှိပုံရလေသည်။ ယင်းသည် ငါ့ရန်သူဖြစ်သော သူအားလုံးအပေါ်သို့ ကျရောက်လာပြီး ၎င်းတို့ကို အလွယ်တကူ ချမ်းသာမပေးပေ။ ငါ့ကို ဆန့်ကျင်သူအားလုံးအလယ်တွင်၊ လှံတံသည် ၎င်း၏ ရှိရင်းစွဲ လုပ်ငန်းဆောင်တာကို ထမ်းဆောင်သည်။ ငါ့လက်ထဲတွင် ရှိသူအားလုံးသည် ငါ၏ရည်ရွယ်ချက်နှင့်အညီ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ကြပြီး၊ ငါ၏ဆန္ဒများကို ၎င်းတို့ လုံးဝ ဖီဆန်ဖူးခြင်းမရှိ၊ သို့မဟုတ် ၎င်းတို့၏အနှစ်သာရကို မည်သည့်အခါမျှ ပြောင်းလဲဖူးခြင်း မရှိကြချေ။ အကျိုးဆက်အနေဖြင့် ရေများသည် ဟုန်းဟုန်းမြည်ကြလိမ့်မည်၊ တောင်များ ပြိုလဲကြလိမ့်မည်၊ မြစ်ကြီးများ ပြိုကွဲကြလိမ့်မည်၊ လူသားသည် အစဉ် ပြောင်းလဲသွားလိမ့်မည်၊ နေသည် တိုး၍ မှိန်သွားလိမ့်မည်၊ လသည် မှောင်သွားမည်၊ လူသားသည် အေးချမ်းမှုဖြင့် အသက်ရှင်ခြင်း နေ့ရက်များ နောက်ထပ် ရှိတော့မည်မဟုတ်၊ မြေပေါ်တွင် ငြိမ်သက်အေးချမ်းသည့်အချိန်များ ရှိတော့မည် မဟုတ်၊ ကောင်းကင်တို့သည် တစ်ဖန် မည်သည့်အခါမျှ တည်ကြည်ကာ ဆိတ်ငြိမ်လိမ့်မည် မဟုတ်သကဲ့သို့ အဓွန့်ရှည်စွာ တည်တံတော့မည် မဟုတ်ပေ။ အရာခပ်သိမ်းသည် အသစ်ပြုပြင်ခံရလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ မူလအသွင်ကို ပြန်ရကြလိမ့်မည်။ ကမ္ဘာမြေပေါ်ရှိ အိမ်ထောင်စုအပေါင်းသည် တစ်ကွဲတစ်ပြားစီဖြစ်လိမ့်မည်ဖြစ်ပြီး၊ မြေကြီးပေါ်ရှိ တိုင်းနိုင်ငံအားလုံး အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲလိမ့်မည်။ ခင်ပွန်းနှင့် ဇနီးသည်တို့အကြား ပြန်လည်ပေါင်းစည်းသည့် နေ့ရက်များ ကုန်ဆုံးလိမ့်မည်၊ အမိနှင့်သားတို့ တစ်ဖန်ပြန်တွေ့တော့မည်မဟုတ်၊ အဖနှင့်သမီးတို့ မည်သည့်အခါမျှ တစ်ဖန်ပြန်ဆုံတော့မည် မဟုတ်ပေ။ မြေကြီးပေါ် ရှိဖူးသော အရာအားလုံးကို ငါ ချေမှုန်းမည်။ ငါသည် ခံစားချက် မရှိသည့်အတွက်၊ လူများကို ၎င်းတို့၏ ခံစားချက်များအား ထုတ်လွှတ်ခွင့် ငါမပေးသကဲ့သို့၊ လွန်ကဲသောအတိုင်းအတာ တစ်ခုအထိ လူတို့၏ စိတ်ခံစားချက်များကို ငါ တိုး၍ မုန်းတီးမိပြီဖြစ်သည်။ ငါသည် ဘေးဖယ်ခံခဲ့ရကာ ထိုသို့ဖြင့် ၎င်းတို့၏အမြင်ထဲတွင် ငါသည် “အခြားသူ” ဖြစ်သွားခဲ့သည်မှာ လူသားတို့အကြားက ခံစားချက်များကြောင့် ဖြစ်သည်။ ငါသည် မေ့လျော့ခြင်းခံရပြီးဖြစ်သည်မှာ လူသားတို့အကြားရှိ ခံစားချက်များကြောင့် ဖြစ်သည်။ သူ၏ “အသိစိတ်”ကို ရယူရန် အခွင့်ကောင်းကို မလွတ်တမ်းအသုံးချသည်မှာ လူသား၏ ခံစားချက်များကြောင့် ဖြစ်သည်။ သူသည် ငါ၏ပြစ်တင်ဆုံးမမှုကို အစဉ်ငြီးငွေ့သည်မှာ လူသား၏ ခံစားချက်များကြောင့် ဖြစ်သည်။ ငါ့ကို မျှတမှုမရှိသကဲ့သို့ မတရားဟု ဆိုကာ ငါ၏အမှုအရာများကို ကိုင်တွယ်ရာတွင် လူသား၏ ခံစားချက်များကို ငါ အလေးဂရုမပြုဟု သူဆိုသည်မှာ လူသား၏ ခံစားချက်များကြောင့် ဖြစ်ပေသည်။ ငါသည် မြေကြီးပေါ်တွင် ဆွေမျိုးသားချင်းများလည်း ရှိပါသလော။ ငါ၏ စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံးအတွက်၊ အစားအစာ သို့မဟုတ် အိပ်စက်ခြင်းကို မစဉ်းစားဘဲ နေ့ရောညပါ ငါကဲ့သို့ မည်သူ အလုပ်လုပ်ဖူးသနည်း။ လူသားသည် ဘုရားသခင်နှင့် အဘယ်သို့ နှိုင်းယှဉ်၍ရနိုင်မည်နည်း။ လူသားသည် ဘုရားသခင်နှင့် အဘယ်သို့ သဟဇာတ ဖြစ်နိုင်မည်နည်း။ ဖန်ဆင်းသော ဘုရားသခင်သည် ဖန်ဆင်းခံရသော လူသားနှင့် အဘယ်သို့ အမျိုးအစား တူနိုင်မည်နည်း။ ငါသည် မြေကြီးပေါ်တွင် လူသားနှင့်အတူတကွ မည်သို့ အစဉ်နေပြီး ဆောင်ရွက်နိုင်မည်နည်း။ ငါ၏ စိတ်နှလုံးအတွက် အဘယ်သူ ပူပန်နိုင်သနည်း။ လူသား၏ ဆုတောင်းချက်များလော။ တစ်ချိန်က ငါသည် လူသားနှင့်ပူးပေါင်းကာ သူနှင့်အတူ လျှောက်လှမ်းရန် သဘောတူခဲ့သည်- ဟုတ်ပေသည်၊ ယနေ့တိုင် လူသားသည် ငါ၏စောင့်ရှောက်မှုနှင့် ကွယ်ကာမှုအောက်တွင် အသက်ရှင်ပြီးဖြစ်သည်၊ သို့သော် လူသားသည် ငါ၏စောင့်ရှောက်မှုမှ မိမိကိုယ်ကိုယ် ခွဲထွက်နိုင်မည့်နေ့ ရောက်လာလိမ့်ဦးမည်လော။ လူသားသည် ငါ၏ စိတ်နှလုံးအတွက် ပူပန်မှုဖြင့် မိမိကိုယ်ကိုယ် မည်သည့်အခါတွင်မျှ ဝန်မလေးစေဖူးသော်လည်း၊ မည်သူသည် အလင်းမရှိဘဲ နယ်မြေတစ်ခုတွင် အသက်ရှင်မြဲ ရှင်နိုင်မည်နည်း။ လူသားသည် ယနေ့ထိတိုင် အသက်ရှင်ပြီး ဖြစ်သည်မှာ ငါ၏ ကောင်းကြီးမင်္ဂလာများကြောင့်သာ ဖြစ်သည်။

၁၉၉၂ ခုနှစ်၊ ဧပြီလ ၄ ရက်

အရှေ့သို့- အခန်း ၂၇

နောက်တစ်ခုသို့- အခန်း ၂၉

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။