မေးခွန်း (၂) ဒါပေမဲ့ သခင့်နောက်ကို လိုက်ခြင်းအားဖြင့် ရရှိနိုင်တယ်လို့၊ ကျွန်တော်တို့ ယုံပါတယ် သခင့်နှုတ်ကပတ်တော်က ဒီကိစ္စကို ထောက်ခံထားပါတယ်။ ယေရှုကလည်း၊ “ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကို ယုံကြည် သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။ ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူရှိသမျှတို့သည်လည်း သေခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်လိမ့် မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၁:၂၅-၂၆)ငါပေးသောရေကို သောက်သောသူမူကား၊ ရေငတ်ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါပေးသော ရေသည် ထိုသူ၌ ထာဝရအသက်ရှင်ခြင်းအလို့ငှါ ထွက်သော စမ်းရေဖြစ်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၄:၁၄) ဒီကျမ်းပိုဒ်ဟာ သခင်ယေရှုရဲ့ ကတိတော်ပါ ထာဝရအသက်ကို သခင်ယေရှုပေးနိုင်ပါတယ် ကိုယ်တော့်လမ်းဟာ ထာဝရအသက်လမ်းပါ သမ္မာကျမ်းစာက ပြောထားပါတယ်၊ “သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ သားတော်ကို ပယ်သောသူမူကား အသက်ကို မတွေ့ရ။ ထိုသူ၏အပေါ်၌ ဘုရားသခင်၏ အမျက်တော်တည်နေသည်ဟု ယောဟန်ဟောလေ၏။(ရှင်ယောဟန်ခရစ်ဝင် ၃:၃၆) သခင်ယေရှုဟာ လူသားပါ၊ ကိုယ်တော်ဟာ ခရစ်တော် မဟုတ်ဘူးလား သခင်ယေရှုကို ယုံကြည်ခြင်းအားဖြင့်၊ ထာဝရအသက်လမ်းကို ကျွန်မတို့ ရရှိသင့်ပါတယ် ဘယ်လိုပဲဖြစ်ဖြစ်၊ နောက်ဆုံးသောကာလရဲ့ ခရစ်တော်ဟာ ကျွန်တော်တို့ကို ထာဝရအသက်လမ်း ယူဆောင်လာပေးတယ်လို့ ခင်ဗျားသက်သေခံသွားပါတယ် ဒါကို ကျွန်တော် သိပ်နားမလည်ဘူးဗျာ၊ ကျွန်တော်တို့အားလုံးဟာ သခင်ယေရှုရဲ့ နောက်လိုက်တွေပဲလေ ဒါဟာ ထာဝရအသက်ကို ရဖို့ ဘာလို့မလုံလောက်နိုင်တာလဲ ဘာဖြစ်လို့ နောက်ဆုံးသောကာလထဲက ခရစ်တော်ရဲ့ နှုတ်ကပတ်တော်နဲ့ အမှုတော်ကို ကျွန်မတို့က ဘာလို့လက်ခံဖို့လိုသေးတာလဲ

အဖြေ- သခင်ယေရှုက လူ့ဇာတိခံ ဘုရားသခင်ဖြစ်ပြီး ဘုရားသခင်၏ ပေါ်ထွန်းခြင်းလည်း ဖြစ်သည်။ သခင်ယေရှု ပြောခဲ့သည်မှာ- “ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူရှိသမျှတို့သည်လည်း သေခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်လိမ့် မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၁:၂၆)ငါပေးသော ရေသည် ထိုသူ၌ ထာဝရအသက်ရှင်ခြင်းအလို့ငှါ ထွက်သော စမ်းရေဖြစ်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၄:၁၄) သမ္မာကျမ်းစာက ပြောထားပါသည်- “သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။(ရှင်ယောဟန်ခရစ်ဝင် ၃:၃၆) ဤနှုတ်ကပတ်တော်အားလုံးက သမ္မာတရားများဖြစ်သည်၊ အမှန်များဖြစ်သည်။ သခင်ယေရှုက လူ့ဇာတိခံ ဘုရားသခင် ဖြစ်သောကြောင့်၊ ကိုယ်တော့်မှာ ဘုရားသခင့် အနှစ်သာရနှင့် စရိုက်လက္ခဏာများ ရှိပါသည်။ ကိုယ်တော် ကိုယ်တော်တိုင်က ထာဝရအသက်လမ်း ဖြစ်သည်။ ကိုယ်တော်ပြောသမျှနှင့် လုပ်သမျှက ဘုရားသခင်၏ အသက် ထင်ရှားခြင်းဖြစ်သည်။ ကိုယ်တော် ဖော်ပြသမျှက သမ္မာတရားများ ဖြစ်ပြီး၊ ဘုရားသခင်၏အရာအားလုံးနှင့် ဖြစ်ခြင်းများ ဖြစ်သည်။ ထို့ကြောင့် သခင်ယေရှု ကိုယ်တော်တိုင်က ထာဝရ အသက်ဖြစ်ပြီး၊ ထာဝရအသက်လမ်းကို ပေးနိုင်သူဖြစ် သည်။ ကိုယ်တော်က သေသူကို ရှင်စေနိုင်ပါသည်။ တစ်ပါးတည်းသော စစ်မှန်သည့် ဘုရားသခင်၊ သခင်ယေရှုကို ယုံကြည်ခြင်းအားဖြင့် ထာဝရအသက်ကို ကျွန်တော်တို့ ရရှိနိုင်ပါသည်။ ဤသည်မှာ အမှန်တရားဖြစ်သည်။ လာဇရု၏ ရှင်ပြန်ထမြောက်ခြင်းသည်၊ သခင်ယေရှုက ထာဝရအသက်ကို ပေးပိုင်ပြီး၊ သူ့မှာသြဇာအာဏာ ရှိသည်ဆိုသည့် သက်သေဖြစ်ပါသည်။ သို့ပါက သခင်ယေရှုက ကျေးဇူးတော်ခေတ်မှာ ထာဝရအသက်လမ်းကို အဘယ့်ကြောင့် မပေးသနည်း။ အဘယ့်ကြောင့်ဆိုသော် သခင်ယေရှုက လူသားများကို ကယ်တင်ဖို့အတွက် ကားတိုင်ပေါ် သံနှင့်အရိုက်ခံရမည် ဖြစ်သောကြောင့် ပင်တည်း၊ နောက်ဆုံးသောကာလ အမှုတော်များကဲ့သို့ သန့်စင်စေခြင်းနှင့် ကယ်တင်ခြင်း အမှုတော်များ ပြုရန်အတွက်မဟုတ်ပါ။ သခင်ယေရှု၏ ရွေးနှုတ်ခြင်းအမှုက လူများ၏အပြစ်ကိုသာ လွှတ်ခြင်းဖြစ်သည်၊ သို့သော် လူများ၏ဆိုးယုတ်သည့်သဘာဝနှင့် စိတ်သဘောထားများကို မဖယ်ရှားပေးပါ။ ထို့ကြောင့် သခင့်ကို ယုံကြည်ခြင်းအားဖြင့် ကျွန်တော်တို့အပြစ်ကနေ လွှတ်ခြင်းခံရသော်လည်း၊ ကျွန်တော်တို့၏ ဆိုးယုတ်သည့် သဘာဝကမူသန့်စင်ခြင်း မခံရပါ။ ကျွန်တော်တို့ ကိုယ်တိုင်က အပြစ်လုပ်နေဆဲ၊ ဘုရားသခင်ကို အာခံနေဆဲ နှင့် သစ္စာဖောက်နေဆဲဖြစ်သည်။ ဤအကြောင်းပြောရင်း၊ တစ်စုံတစ်ခုကို ရှင်းဖို့လိုပါသည်။ ကျေးဇူးတော်ခေတ်ထဲတွင် သခင်ယေရှု အမှုတော်က နောက်ဆုံးသောကာလ၏ တရားစီရင်ခြင်းအတွက် လမ်းခင်း ပေးထားပါသည်၊ ထို့ကြောင့် သခင်ယေရှု၏ ရွေးနှုတ်ခြင်း အမှုတော်ပြီးသည့် နောက်မှာ၊ တဖန်ပြန်ကြွလာမည်ဟု ကိုယ်တော် ကတိပေးခဲ့ပါသည်။ တစ်ခါက သခင်ယေရှုပြောခဲ့ဖူးပါသည်- “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) သခင်တဖန်ပြန်လာသည့်အခါကျမှ လူများကို ကယ်တင်မည့်၊ သမ္မာတရားကို ကိုယ်တော်ဖော်ပြမည် ဖြစ်ကြောင်းကို သခင်ယေရှု၏ နှုတ်ကပတ်တော်ကနေ ကျွန်တော်တို့ မြင်တွေ့နိုင်သည်။ ဤနေရာတွင်၊ “သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။” ဤသမ္မာတရားများက နောက်ဆုံးသောကာလ၏ အနန္တတန်ခိုးရှင် ဘုရားသခင်က လူသားများကို သန့်စင်ခြင်းနှင့် ကယ်တင်ခြင်းထဲကနေ ဖော်ပြသည့် သမ္မာတရားများ ဧကန်မုချပင် ဖြစ်သည်။ ၎င်းတို့က အသင်းတော်များသို့ သန့်ရှင်းသော ဝိညာဉ်တော်မှ အသင်းတော်တို့အား မြွက်ဆိုသည့် နှုတ်ကပတ်တော်များဖြစ်သကဲ့သို့၊ နောက်ဆုံးသောကာလမှာ လူသားများကို ဘုရားသခင်ပေးသည့် ထာဝရအသက်လမ်းလည်း ဖြစ်သည်။ ထို့ကြောင့် သခင့်ကို ယုံကြည်သူများဖြစ်သည့် ကျွန်တော်တို့သည် ကျေးဇူးတော်ခေတ်ထဲမှာ ထာဝရအသက်ကို မရရှိနိုင်ခြင်းဖြစ်သည်။ သခင်ယေရှု ပြောခဲ့သည်မှာ- “ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူရှိသမျှတို့သည်လည်း သေခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်လိမ့် မည်။” ပြီးလျှင် သမ္မာကျမ်းစာကလည်း “သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏” ဟုပြောထားပါသည်။ သို့သော်လည်း ကိုယ်တော်က ဘုရားသခင်၏ ပေါ်ထွန်းခြင်းဖြစ်ကြောင်း၊ နှင့် ကိုယ်တော်သာလျှင် လူများကို ထာဝရအသက်ပေးနိုင်ကြောင်း တို့ကို သက်သေပြဖို့အတွက် သခင်က ဤအရာကို ပြောခဲ့ခြင်း ဖြစ်သည်။ သူ့ကို ယုံကြည်သူတိုင်း ဘယ်တော့မှ အသက်မသေဟု ဆိုသည့်သခင်ယေရှု၏ ကတိတော်က ဘုရားသခင်၏ သြဇာအာဏာအတွက် သက်သေ ဖြစ်ပါသည်။ ဘုရားသခင် ကိုယ်တော်တိုင်၊ ထာဝရအသက်လမ်းဖြစ်ပြီး၊ ဘုရားသခင်က ကျွန်တော်တို့ကို ထာဝရအသက်ပေးနိုင်ပါသည်။ ဤသည်မှာ သခင်ယေရှု၏ အမှုတော်ကို လက်ခံခြင်းတစ်ခုတည်းနှင့် ထာဝရအသက်ရ ခဲ့သည်ဟု ပြော၍မရပါ။ ဤအရာကို နားလည်ဖို့ မခက်ခဲပါ။ သို့သော်လည်း ဘာသာရေး အသိုင်းအဝိုင်းတွင် ကျွန်တော်တို့အပြစ်များကို ခွင့်လွှတ်ခြင်းခံ နေရသရွေ့၊ ကျွန်တော်တို့က ကောင်းကင်နိုင်ငံတော်ကို ဝင်နိုင်ပြီး၊ ထာဝရအသက်ကို ရနိုင်သည်ဟု ထင်ကြသည်။ ဤကိစ္စ၏ သက်သေအထောက်အထားကို ဘုရားသခင်၏ နှုတ်ကပတ်ထဲမှာ ရှာတွေ့နိုင်ပါ သလား။ သခင်ယေရှု ဤကဲ့သို့ တစ်ခါမျှ မပြောခဲ့ပါ။ ယင်းကို တွေးကြည့်ရအောင်။ ကျွန်တော်တို့၏ စိတ်ကူးနှင့် အတွေးအမြင် တို့အရ၊ ကျွန်တော်တို့၏အပြစ်များလွတ်သရွေ့၊ ကျွန်တော်တို့သည် ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ကာ၊ ထာဝရအသက်ကို ရနိုင်သည်ဟု ဖြစ်သည်၊ သို့သော်လည်း သခင်ယေရှုက တဖန်ပြန်ကြွလာဦးမည်ဟု အဘယ့်ကြောင့် အကြိမ်ပေါင်းများစွာ ပရောဖက်ပြုခဲ့သနည်း။ ပြီးလျှင် ကိုယ်တော်က သူ့တပည့်တော်များကို အဘယ့်ကြောင့် ပရောဖက်ပြုချက်များ၊ ပုံဥပမာများ များစွာ ပြောပြခဲ့သနည်း။ ယင်းတို့မှာကိုယ်တော်တဖန်ပြန်ကြွလာသည့်အခါ၊ ပြည့်စုံစေမည့် အရာများဖြစ်သောကြောင့်ပင်တည်း။ ကျွန်တော်တို့က သခင့်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီး၊ အမှုအရာများကို ရှင်းလင်းစွာ မသိခြင်းများ ဖြစ်နိုင်ပါသလား။ အချို့သော လူများက သခင့်ကိုလက်ခံပြီး၊ ကိုယ်တော်တဖန် ပြန်ကြွလာခြင်းကို လက်မခံကြပါ။ ဤသည်မှာ မည်သို့သော ပြဿနာ ဖြစ်သနည်း။ ဤသည်မှာ သခင်ကို သစ္စာဖောက်ခြင်းပဲ မဟုတ်ပါလား။ ထို့ကြောင့် သခင်ယေရှုပြောခဲ့သည်မှာ- “သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတိအလင်း ငါပြောမည်။(ရှင်မဿဲခရစ်ဝင် ၇:၂၁-၂၃) ယခုအခါ သခင့်နှုတ်ကပတ်တော်များ အမှန်ပြည့်စုံလာပြီ။ တစ်စုံတစ်ယောက်က သခင်ယေရှုကို လက်ခံပြီး၊ ကိုယ်တော်ပြန်ကြွလာခြင်းကို လက်မခံပါက၊ ထိုလူသည် သားတော်ကို အမှန်တကယ်ယုံကြည်ခြင်း ဟုတ်ပါသလား။ ဤသည်မှာ သခင့်ကို သစ္စာဖောက်သူ ဖြစ်သည်။ သားတော်ကို စစ်မှန်စွာ ယုံကြည်သူများဆိုသည်မှာ၊ သခင့်ကို ယုံကြည်ရုံ သာမက ကိုယ်တော်တဖန် ပြန်ကြွလာတာကို လက်ခံပြီး၊ ခရစ်တော်ကိုနောက် အဆုံးထိလိုက်သည့်သူများကို ညွှန်းဆိုခြင်း ဖြစ်သည်။ ဤသို့သော လူမျိုးသာလျှင် ရရှိကြမည်။ သခင်ယေရှုကို ယုံကြည်ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ငြင်းဆန်သည့်သူများက သခင်ယေရှုကို သစ္စာဖောက်သည့် သူများဖြစ်သည်။ သူတို့က သခင့်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်နောက်ကို အဆုံးတိုင်အောင် မလိုက်ကြသောကြောင့်၊ သူတို့ယုံကြည်ခြင်းက မည်သည်မျှ အရာမထင်ဘဲ ကျရှုံးကြရခြင်း ဖြစ်သည်။ သူတို့က ကိုယ်တော် နာမတော်ကို အသိအမှတ်ပြု သော်လည်း၊ ကိုယ်တော် တစ်ဖန် ပြန်ကြွလာခြင်းကို လက်မခံသောကြောင်၊ သခင်ယေရှုက သူတို့ကို အဓမ္မအမှုပြုသူများဟု သတ်မှတ်သည်။ ပြီးလျှင် ကိုယ်တော်က ပြောသည်- “သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား။” ထို့ကြောင့် ထိုကဲ့သို့သော သခင့်၏ ရှုတ်ချခြင်းနှင့် ဖယ်ထုတ်ခြင်းခံရသည့် သူများ၊ ကိုယ်တော်နာမကိုသာ ထိန်းသိမ်း သည့်သူများက ထာဝရအသက်ကို မည်သို့ ရနိုင် မည်နည်း။ သူတို့ မည်သည့်အရာမှ မရနိုင်သည်မှာ သေချာပါသည်။ ထို့အပြင် သူတို့က ငရဲထဲကျပြီး၊ ဝေဒနာခံစားကြရကာ၊ အပြစ်ဒဏ်ပေး ခံရမည်။ ဤသည်မှာဘုရားသခင်၏ ဖြောင့်မတ်၊ သန့်ရှင်းသည့် စိတ်သဘောထား တို့ကို ထုတ်ဖော်ပါသည်။

ကျေးဇူးတော်ခေတ်တွင် သခင့်ရွေးနှုတ်ခြင်းကို လူကလက်ခံ သည့်အခါ၊ ကျွန်တော်တို့ အပြစ်များ လွှတ်ခြင်းခံရပြီး၊ ဘုရားသခင်ဆီကို ဆုတောင်းခွင့်၊ ကိုယ်တော့် ကျေးဇူးတော်နှင့် ကောင်းကြီးမင်္ဂလာများကို ခံစားခွင့်ရသော်လည်း၊ ကျွန်တော်တို့ ကို မိမိတို့၏အပြစ်ရှိသော သဘာဝက ထိန်းချုပ်ထားဆဲ ဖြစ်ကြောင်း၊ ကျွန်တော်တို့က ကူရာမဲ့ကာ အပြစ်တွင် ရှင်သန်ဆဲဖြစ်ကြောင်း၊ ကျွန်တော်တို့က သခင့်နှုတ်ကပတ်တော် ကို လက်တွေ့လုပ်ဆောင်ဖို့ လုံးဝ မစွမ်းသည့်အပြင်၊ ဘုရားသခင်ကို အစစ်အမှန် လိုက်နာဖို့နှင့် ကြောက်ရွံ့ဖို့ မတတ်နိုင်ကြကြောင်းကို ယခုအချိန်တွင် ငြင်း၍ မရနိုင်ပါ။ ဤအချိန်တွင် လူက မကြာခဏ ဘုရားသခင်ကို လိမ်လည်ပြီး လှည့်ဖြားနေဆဲဖြစ်သည်။ ကျွန်တော်တို့က ကျော်ကြားမှုနှင့် အခွင့်အလမ်းကို ရှာဖွေကြသည်၊ ငွေကြေးကို တပ်မက်ပြီး၊ လောကီရေပန်းစားမှုများ နောက်ကို လိုက်နေကြသည်။ အထူးသဖြင့်၊ ဘုရားသခင့်အမှုတော်များက လူများ၏ အယူအဆနှင့် မကိုက်ညီ သည့်အခါ၊ လူများက ဘုရားသခင်ကို အပြစ်တင်သည်၊ ဆန့်ကျင်သည်၊ စစ်ကြောကြသည်။ ထိုသို့သော လူများက နောင်တပင် အမှန်တကယ် မရတတ်ကြပါ၊ ထိုသို့သောလူများသည် သခင့်၏ ချီးမွမ်းခြင်းကို ရနိုင်ကြပါ သလား။ သခင့်အတွက် လူအများစုက သက်သေခံကြ၊ နောက်လိုက်ကြပြီး၊ သူတို့အသက်ကိုပင် သခင့်အတွက် စွန့်ကြပြီး၊ အစစ်အမှန် နောင်တရကြသော်လည်း၊ လက်တွေ့အရှိတရားတွင် သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သန့်စင်ခံရပါသလား။ သူတို့ သခင့်ကိုအမှန်တကယ် သိကြပါသလား။ စာတန်၏အုပ်စိုးမှုအောက်က လွတ်မြောက်ပြီး၊ ဘုရားသခင် ၏ ရယူကို အမှန်တကယ် ခံရပါသလား။ လုံးဝမရကြပါ၊ ဤသည်မှာ အများ လက်ခံထားသည့် အချက်ဖြစ်သည်။ ဤသည်မှာ ကျေးဇူးတော်ခေတ်ထဲက သခင်ယေရှု၏ အမှုတော်က ကယ်တင်ခြင်းမဟုတ်ပဲ၊ ရွေးနုတ်ခြင်းနှင့် နောက်ဆုံးသောကာလ၏ ပြည့်စုံစေခြင်းသာ ဖြစ်ကြောင့် သက်သေပြရန် လုံလောက်ပါသည်။ ကျေးဇူးတော်ခေတ် အတွင်း သခင်ယေရှု ဖော်ပြခဲ့သည့် နှုတ်ကပတ်တော်များက နောင်တလမ်းစဉ်သာ ဖြစ်သည်၊ ထာဝရအသက်လမ်း မဟုတ်ပါ။ ထို့ကြောင့် သခင်ယေရှုက သူတဖန်ပြန်လာဦးမည်ဟု ပြောခဲ့ခြင်းဖြစ်သည်။ တဖန်ပြန်ကြွလာသည့် သခင်ယေရှုက သမ္မာတရားကို ဖော်ပြပြီး၊ လူများကို ထာဝရအသက်လမ်းကို ပေးသည့် အလုပ်ကို လုပ်ရန်ဖြစ်သည်၊ သို့မှသာ စာတန်၏ အုပ်စိုးမှုအောက်က လွတ်မြောက်ပြီး၊ သမ္မာတရားကို အသက် အဖြစ် ရရှိကာ၊ ဘုရားသခင်ကို သိသည့်၊ နာခံသည့်၊ ကိုယ်တော်နှင့် သဟဇာတဖြစ်သည့်သူများ ဖြစ်လာမည်၊ သို့မှသာ ကောင်းကင်နိုင်ငံတော်ကို ဝင်ခွင့်ရကြပြီး ထာဝရအသက်ကို ရကြမည်။ သခင်ယေရှု၏ ရွေးနှုတ်ခြင်းပေါ် အခြေခံပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်က ဘုရားသခင့် အိမ်တော်က နေစပြီး၊ တရားစီရင်ခြင်း အမှုကို စတင် လုပ်ဆောင်ကာ၊ လူသားများကို ကယ်တင်ဖို့နှင့် သန့်စင်ဖို့အတွက် သမ္မာတရားအားလုံးကို ဖော်ပြခဲ့ပြီဖြစ်သည်။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော် နှင့် ပြစ်မှား၍မရသည့် စိတ်သဘောထားများကို ဖွင့်ပြပြီး၊ စာတန်ကြောင့် ပျက်စီးနေသည့် လူများ၏ အမှန်တရားနှင့် အနှစ်သာရတို့ကို ဖော်ထုတ်ပြီး တရားစီရင်မည်။ လူများ၏ ပုန်ကန်မှုကို အမြစ်ကနေလှန်ပစ်ပြီး၊ ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် သတ်မှတ်ချက်များအားလုံး လူများကို ပြောပြမည်။ တစ်ချိန်တည်းမှာပင် လူများ ကယ်တင်ခြင်းကို လက်ခံရရှိဖို့ လိုအပ်သည့် သမ္မာတရားများအားလုံး ဖြစ်သည့် ဘုရားသခင်၏ ကယ်တင်ခြင်း အမှုတော် အဆင့်သုံးဆင့်လုံး၏ အတွင်းကျကျဇတ်ကြောင်း နှင့် အနှစ်သာရ၊ ဘုရားသခင်၏ အလုပ်နှင့် လူ၏ အလုပ်တို့အကြား ကွာခြားချက်၊ သမ္မာကျမ်းစာ၏ အတွင်းကျကျ ဇတ်ကြောင်း နှင့် သမ္မာတရား၊ နောက်ဆုံးသောကာလ၌ တရားစီရင်ခြင်း၏ နက်နဲမှု၊ ပညာရှိသတို့သမီးများ ချီဆောင်ခံရခြင်း၏ နက်နဲမှု၊ ကပ်ဘေးကြီး မတိုင်မီ အောင်မြင်သူများ၏ စုံလင်ခြင်း၊ ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ နက်နဲမှု၊ ပြီးလျှင် အမှန်တကယ် ယုံကြည်ခြင်း၊ ဘုရားသခင်ကို နာခံခြင်းနှင့် ချစ်ခြင်း၊ ခရစ်တော်နှင့် သဟဇာတဖြစ်စေရန် ဘုရားသခင်ကို မည်သို့ ချစ်ကြောက်ရိုသေပြီး၊ မကောင်းမှုကို ရှောင်ကြဉ်ခြင်း၊ အဓိပ္ပါယ်ရှိသော အသက်တာတစ်ခုကို မည်သို့ အသက်ရှင်နေထိုင်နည်း စသည်တို့ကို ရှင်းလင်းသော အသုံးအနှုန်းများဖြင့် ရှင်းပြခဲ့သည်။ ဤသမ္မာတရားများက ထာဝရ အသက်လမ်းပဲဖြစ်ပြီး၊ နောက်ဆုံးသောကာလထဲမှာ လူသားများ အတွက် ဘုရားသခင်ကပေးသနားသည့် အရာများ အားလုံပင် ဖြစ်သည်။ ထို့ကြောင့်၊ သမ္မာတရားနှင့်အသက်တို့ကို ရရှိပြီး၊ ကယ်တင်ခြင်း နှင့် သန့်စင်ခြင်းကို ရရှိကာ၊ စုံလင်သည့် အဖြစ်သို့လိုပါက၊ ကျွန်တော်တို့သည် နောက်ဆုံးသာကာလမှ ခရစ်တော် ဖြစ်သည့် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အလုပ်များ တို့ကို လက်ခံပြီး၊ နာခံရမည်။ ဤသည်မှာ သမ္မာတရားနှင့် အသက်ကို ရရှိမည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ကြည့်လိုက်ရအောင်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင် ကိုယ်တော်တိုင်သည် အသက်ဖြစ်သည်၊ သမ္မာတရားလည်း ဖြစ်ပြီး၊ သူ၏အသက်နှင့် သမ္မာတရားသည် အတူယှဉ်တွဲ တည်ရှိကြ၏။ သမ္မာတရားကို ရရှိနိုင်စွမ်း မရှိသူများသည် မည်သည့်အခါတွင်မျှ အသက်ကို ရရှိလိမ့်မည် မဟုတ်။ သမ္မာတရား၏ လမ်းပြမှု၊ ပံ့ပိုးမှုနှင့် ထောက်ပံ့မှုမရှိဘဲနှင့်၊ သင်သည် ကျမ်းဟောင်းတရားများ၊ အယူဝါဒများနှင့် အားလုံးထက် သေခြင်းကိုသာ ရရှိလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ အသက်သည် အစဉ်ရှိနေပြီး၊ သူ၏သမ္မာတရားနှင့် အသက်တို့သည် အတူယှဉ်တွဲတည်ရှိ၏။ သင်သည် သမ္မာတရား၏ အရင်းအမြစ်ကို ရှာမတွေ့နိုင်ပါက၊ အသက်၏အာဟာရကို ရရှိလိမ့်မည် မဟုတ်ပေ။ သင်သည် အသက်၏ ထောက်ပံ့မှုကို မရရှိနိုင်ပါက၊ ဧကန်မုချ သမ္မာတရား ရှိလိမ့်မည် မဟုတ်၊ ထို့ကြောင့် စိတ်ကူးစိတ်သန်းများနှင့် အယူအဆများမှအပ၊ သင်၏ခန္ဓာကိုယ် တစ်ခုလုံးသည် အသွေးအသား၊ သင်၏ နံစော်သော အသွေးအသားကလွဲ၍ မည်သည့်အရာမျှ ဖြစ်လိမ့်မည် မဟုတ်။ စာအုပ်တို့၏ စကားလုံးများကို အသက်အဖြစ် ထည့်တွက်၍မရနိုင်သည်ကို သိလော့၊ သမိုင်းမှတ်တမ်းများကို သမ္မာတရားအဖြစ် ကိုးကွယ်၍ မရနိုင်သကဲ့သို့၊ အတိတ်၏ စည်းမျဉ်းစည်းကမ်းများသည် ဘုရားသခင်က ယခုပြောသော နှုတ်ကပတ်တော်များ၏ မှတ်တမ်းတစ်ခုအဖြစ် အသုံးမခံနိုင်ပေ။ ဘုရားသခင် ကမ္ဘာမြေသို့ ကြွလာပြီး၊ လူသားအလယ် နေထိုင်ချိန်တွင် ဖော်ပြသော အရာသည်သာ သမ္မာတရား၊ အသက်၊ ဘုရားသခင်၏ အလိုနှင့် သူ၏လက်ရှိ အမှုပြုသည့် နည်းလမ်း ဖြစ်၏။ အတိတ်ခေတ်များမှ ယနေ့ထိ အတောအတွင်း၊ ဘုရားသခင် ပြောဆိုခဲ့သော နှုတ်ကပတ်တော်များ၏ မှတ်တမ်းများကို သင် အသုံးချပါက၊ ယင်းက သင့်ကို ရှေးဟောင်းသုတေသီတစ်ဦးဖြစ်စေပြီး၊ သင့်ကို ဖော်ပြရမည့် အကောင်းဆုံးသော နည်းလမ်းမှာ သမိုင်းဆိုင်ရာ အမွေအနှစ်နှင့်ပတ်သက်၍ ကျွမ်းကျင်သူတစ်ဦးဟူ၍ ဖြစ်သည်။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် သင်သည် အတိတ် အချိန်ကာလများတွင် ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အမှု၏ အရိပ်အယောင်များကို အမြဲ ယုံကြည်သောကြောင့်၊ ယခင်က လူသားအလယ် ဘုရားသခင် အမှုပြုခဲ့ချိန်တွင် ကျန်ရစ်ခဲ့သည့် ဘုရားသခင်၏အရိပ်ကိုသာ သင် ယုံကြည်ပြီး၊ ယခင်အချိန်များတွင် ဘုရားသခင်က သူ၏ နောက်လိုက်များကို ပေးခဲ့သည့် လမ်းခရီးကိုသာ ယုံကြည်သောကြောင့် ဖြစ်ပေသည်။ သင်သည် ယနေ့ ဘုရားသခင် အမှု၏ ဦးတည်ရာကို မယုံကြည်ပေ၊ ယနေ့ ဘုရားသခင်၏ ဘုန်းထင်ရှားသော မျက်နှာကို မယုံကြည်သကဲ့သို့၊ ယခု ဘုရားသခင် ဖော်ပြသည့် သမ္မာတရား၏ လမ်းခရီးကို မယုံကြည်ပေ။ ထို့ကြောင့် သင်သည် လက်တွေ့အရှိတရားနှင့် လုံးဝ ကင်းကွာသည့် စိတ်ကူးယဉ်သမား တစ်ဦးသာဖြစ်သည်မှာ ငြင်းမရနိုင်အောင် ဖြစ်သည်။ ယခု သင်သည် လူသားကို အသက် ဆောင်ကြဉ်းပေးနိုင်စွမ်းရှိသည့် စကားများကို ဖက်တွယ်နေဆဲဖြစ်ပါက၊ သင်သည် ရှေးရိုးစွဲဆန်လွန်းသည့်အတွက်၊ ပေကပ်ကပ် နိုင်လွန်းသည့်အတွက်၊ ကျိုးကြောင်းဆင်ခြင်၍ မရသည့်အတွက်၊ မျှော်လင့်ချက်မရှိသော သစ်ခြောက်တစ်ခုက ဖြစ်ပေသည်။

............

နောက်ဆုံးသောကာလ၏ ခရစ်တော်သည် အသက် ယူဆောင်လာပြီး၊ အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရတည်ရှိသော သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသားက အသက်ရရှိသည့် လမ်းကြောင်းဖြစ်ပြီး၊ လူသားက ဘုရားသခင်ကို သိမည့် တစ်ခုတည်းသော လမ်းကြောင်းနှင့် ဘုရားသခင်၏ လက်ခံခြင်းခံရမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ နောက်ဆုံးသောကာလ၏ ခရစ်တော်ပေးသည့် အသက်၏လမ်းခရီးကို သင်မရှာဖွေပါက၊ သင်သည် သမိုင်း၏ ရုပ်သေးရုပ်ရော အကျဉ်းသားပါ ဖြစ်သည့်အတွက်၊ ယေရှု၏ လက်ခံမှုကို မည်သည့်အခါမျှ သင် ရရှိမည်မဟုတ်သကဲ့သို့၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုဝင်ရန် မည်သည့်အခါမျှ အရည်အချင်းမီမည် မဟုတ်ပေ။ စည်းမျဉ်းစည်းကမ်းများ၊ ကျမ်းဟောင်းတရားများ၏ ထိန်းချုပ်မှုခံရပြီး၊ သမိုင်း၏ ချုပ်နှောင်မှုခံရသူများသည် မည်သည့်အခါတွင်မျှ အသက်ကို ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ အသက်၏ ထာဝရလမ်းခရီးကို ရရှိနိုင်မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ထိုသူတို့အားလုံးသည် ပလ္လင်မှ စီးဆင်းသည့် အသက်ရေ ဖြစ်မည့်အစား နှစ်ပေါင်းထောင်ပေါင်းများစွာ တစ်နေရာတည်းတွင် ရှိနေသော နောက်ကျိသည့် ရေများ ဖြစ်ကြသောကြောင့် ဖြစ်၏။ အသက်ရေဖြင့် ထောက်ပံ့မှု မခံရသောသူတို့သည် လူသေကောင်များ၊ စာတန်၏ ကစားစရာများနှင့် ငရဲ၏သားများအဖြစ် ထာဝရရှိနေကြလိမ့်မည်။ သို့ဖြစ်ပါက ၎င်းတို့သည် ဘုရားသခင်ကို မည်သို့ ရှုမြင်နိုင်မည်နည်း။ သင်သည် အတိတ်ကို ဖက်တွယ်ရန်သာ ကြိုးစားပါက၊ တည်ငြိမ်စွာ ရပ်နေခြင်းဖြင့် အမှုအရာများကို ၎င်းတို့ရှိနေသည့်အတိုင်း ထိန်းသိမ်းရန်သာ ကြိုးစားပြီး၊ ပိုနေမြဲ ကျားနေ‌မြဲ အခြေအနေကို ပြောင်းလဲရန်နှင့် သမိုင်းကို စွန့်ပစ်ရန် မကြိုးစားပါက၊ သင်သည် ဘုရားသခင်ကို အမြဲဆန့်ကျင်နေမည် မဟုတ်လော။ ဘုရားသခင် အမှု၏ အဆင့်များသည်- တလိပ်လိပ်တက်နေသော လှိုင်းတံပိုးများနှင့် မြည်ဟည်းနေသော မိုးချုန်းသံကဲ့သို့- ကြီးမားကျယ်ပြန့်ကာ တန်ခိုးကြီးသော်လည်း၊ သင်သည် ပျက်စီးခြင်းကို မလှုပ်မယှက် စောင့်ဆိုင်းရင်း၊ သင်၏မိုက်မဲမှုကို ဖက်တွယ်ရင်းနှင့် မည်သည့်အရာမျှ မလုပ်ဆောင်ဘဲနေရင်း ထိုင်နေသည်။ ဤနည်းဖြင့်၊ သိုးသငယ်၏ ခြေလှမ်းနောက် လိုက်သူတစ်ဦးအဖြစ် သင့်ကို မည်သို့ယူဆ၍ရနိုင်မည်နည်း။ သင် ဖက်တွယ်ထားသော ဘုရားသခင်သည် အစဉ်အသစ်ဖြစ်ကာ၊ မည်သည့်အခါမျှ အိုဟောင်းခြင်းမရှိသည့် ဘုရားသခင်အဖြစ် သင် မည်သို့ မှန်ကန်ကြောင်းပြနိုင်မည်နည်း။ သင်၏ အဝါရောင် သန်းနေသော စာအုပ်များ၏ စကားလုံးများသည် သင့်ကို ခေတ်သစ်တစ်လျှောက် မည်သို့ သယ်ဆောင်သွားနိုင်မည်နည်း။ ဘုရားသခင့်အမှု၏ အဆင့်များကို ရှာဖွေရန် ယင်းတို့သည် သင့်ကို မည်သို့ဦးဆောင်နိုင်မည်နည်း။ ပြီးလျှင် ၎င်းတို့သည် သင့်ကို ကောင်းကင်သို့ မည်သို့ခေါ်ဆောင်သွားနိုင်မည်နည်း။ သင်၏ လက်ထဲတွင် သင်ကိုင်စွဲသည့်အရာမှာ သင့်ကို ယာယီဖြေသိမ့်မှုသာ ပေးနိုင်သည့် ကျမ်းဟောင်းတရားများသာဖြစ်သည်၊ အသက် ပေးနိုင်စွမ်းရှိသည့် သမ္မာတရားများ မဟုတ်ပေ။ သင်ဖတ်သည့် သမ္မာကျမ်းများမှာ သင်၏နှုတ်ကိုသာ ကြွယ်ဝစေနိုင်ပြီး၊ သင့်ကို စုံလင်စေခြင်းဆီသို့ ဦးဆောင်လမ်းပြပေးနိုင်သော လမ်းကြောင်းများဖြစ်ဖို့ မဆိုထားနှင့်၊ လူ့အသက်တာကို သိရှိရန် သင့်ကို ကူညီနိုင်သည့် အတွေးအမြင်နှင့်ဆိုင်သော စကားများပင် မဟုတ်ပေ။ ဤကွာဟချက်သည် သင့်ကို ပြန်လည်သုံးသပ်ရန် အကြောင်းတရား မပေးပါသလော။ ယင်းသည် အတွင်းတွင် ပါရှိသည့် နက်နဲမှုများကို သင့်အား နားလည်စေပါသလော။ သင်သည် ဘုရားသခင်ကို သင့်ဘာသာ တွေ့ဆုံရန် မိမိကိုယ်ကိုယ် ကောင်းကင်ဘုံသို့ ပို့ဆောင်နိုင်သလော။ ဘုရားသခင်၏ ကြွလာခြင်းမရှိဘဲနှင့်၊ သင်သည် ဘုရားသခင်နှင့် မိသားစုပျော်ရွှင်မှုကို မွေ့လျော်ခံစားရန် သင့်ကိုယ်သင် ကောင်းကင်ဘုံထဲသို့ ခေါ်ဆောင်သွားနိုင်သလော။ သင်သည် ယခု စိတ်ကူးယဉ် နေသေးသလော။ သို့ဆိုပါက စိတ်ကူးယဉ်ခြင်းကို ရပ်တန့်ပြီး၊ ယခု မည်သူအမှုပြုနေသည်ကို ကြည့်ရန်- နောက်ဆုံးသောကာလတွင် လူသားကို ကယ်တင်ခြင်းအမှုအား ယခု မည်သူ ဆောင်ရွက်နေသည်ကို မြင်ရန် ကြည့်ဖို့- ငါအကြံပြု၏။ သင် ထိုသို့မလုပ်ဆောင်ပါက၊ သမ္မာတရားကို မည်သည့်အခါတွင်မျှ သင် ရရှိလိမ့်မည်မဟုတ်သကဲ့သို့၊ အသက်ကို မည်သည့်အခါတွင်မျှ ရရှိလိမ့်မည် မဟုတ်ပေ။

ခရစ်တော်ပြောဆိုခဲ့သည့် သမ္မာတရားကို အားကိုးခြင်းမရှိဘဲ အသက်ရရှိလိုသူတို့သည် ကမ္ဘာမြေပေါ်တွင် အဓိပ္ပာယ်မရှိဆုံးသော လူများဖြစ်ပြီး၊ ခရစ်တော်ယူဆောင်လာသည့် အသက်၏လမ်းခရီးကို လက်မခံသောသူတို့သည် စိတ်ကူးယဉ်အိပ်မက်ထဲတွင် ပျောက်ဆုံးကြပေသည်။ ထို့ကြောင့် နောက်ဆုံးသောကာလ ခရစ်တော်ကို လက်မခံသူများသည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာမှုကို ထာဝရခံရမည်ဟု ငါဆို၏။ ခရစ်တော်သည် နောက်ဆုံးသော ကာလအတွင်းတွင် နိုင်ငံတော်သို့ လူသားဝင်ရောက်ရန် တံခါးပေါက်ဖြစ်ပြီး၊ သူ့ကို ရှောင်ကွင်းသွားနိုင်သူ မည်သူမျှမရှိပေ။ ခရစ်တော်ကို အမှီမပြုလျှင် မည်သူမျှ ဘုရားသခင်၏ စုံလင်စေခြင်းကို မခံရနိုင်ပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့်၊ သူ၏နှုတ်ကပတ်တော်များကို လက်ခံရမည်ဖြစ်ပြီး သူ၏လမ်းခရီးကို နာခံရမည်ဖြစ်သည်။ သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိဘဲနှင့် အသက်၏ထောက်ပံ့မှုကို လက်ခံနိုင်စွမ်းမရှိဘဲ၊ ကောင်းချီးမင်္ဂလာ ရရှိရေးကိုသာ သင် စဉ်းစား၍မရပေ။ သူ့ကို စစ်မှန်စွာ ယုံကြည်သူအားလုံးသည် အသက်ဖြင့် ထောက်ပံ့ခံရဖို့အလို့ငှာ၊ ခရစ်တော်သည် နောက်ဆုံးသောကာလအတွင်း ကြွလာခြင်း ဖြစ်သည်။ သူ၏အမှုသည် ခေတ်အဟောင်းကို အဆုံးသတ်ခြင်းနှင့် ခေတ်သစ်တစ်ခုထဲသို့ ဝင်ရောက်ခြင်းအတွက် ဖြစ်ပြီး၊ သူ၏ အမှုသည် ခေတ်အသစ်ထဲသို့ ဝင်ရောက်မည့်သူအားလုံး လျှောက်ရမည့် လမ်းကြောင်းဖြစ်၏။ သင်သည် သူ့ကို အသိအမှတ်ပြုနိုင်စွမ်း မရှိဘဲ၊ ယင်းအစား သူ့ကို ပြစ်တင်ရှုတ်ချပါက၊ ပြစ်မှားစော်ကားပါက၊ သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်းပင် ပြုပါက၊ သင်သည် ထာဝရလောင်ကျွမ်းခံရဖို့ သေချာပြီး၊ ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ ဝင်ရောက်ရလိမ့်မည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်)

နောက်ဆုံးသောကာလ ၏ ခရစ်တော် ဖြစ်သည့် အနန္တတန်ခိုးရှင် ဘုရားသခင်က၊ လူသားများကို ကယ်တင်ပြီး သန့်စင်မည့် သမ္မာတရားများကို ဖော်ပြခဲ့ပြီဖြစ်သည်။ ဤနှုတ်ကပတ်များက ကြွယ်ဝသည်၊ ပြည့်စုံသည်၊ ပြီးတော့ ဘုရားသခင် ပေးသည့် ထောက်ပံ့မှု အားလုံးပါဝင်သည်။ ၎င်းတို့က ကျွန်တော်တို့၏ မျက်စိများကို ဖွင့်ပေးပြီး အသိပညာများကို ပေးသည်၊ ခရစ်တော်က သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်ကြောင်း မြင်တွေ့စေသည်၊ ခရစ်တော်သည် ထာဝရအသက်လမ်း ဖြစ်ကြောင်း မြင်တွေ့စေသည်။ နိုင်ငံတော်ခေတ် ထဲက ဘုရားသခင် ဖော်ပြသည့်နှုတ်ကပတ်တော်များက ပညတ်တော်ခေတ် နှင့် ကျေးဇူးတော်ခေတ်တို့ ထဲတွင် ပြောခဲ့သည့် အရာများထက် ပိုပြီးပေါက်ရောက်ပါသည်။ အထူးသဖြင့်၊ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ထဲက “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” အတိုင်း၊ ဘုရားသခင်က လူသားမျိုးနွယ် တစ်ခုလုံးအား သူ့ကိုယ်သူ ပထမဦးဆုံးအကြိမ် ပေးသိစေပါသည်။ ယင်းမှာ လူသားများအနေနှင့် ဖန်ဆင်းရှင်၏ နှုတ်မြွက်စကားကို ပထမဆုံးအကြိမ် ကြားခဲ့ရခြင်း ဖြစ်ပါသည်။ ဤသည်မှာ စကြဝဠာတစ်ခုလုံးကို ဂယက်ထသွားစေပြီး လူများ၏ မျက်လုံးကို ဖွင့်ပေးခဲ့ပါသည်။ ဤသည်မှာ နောက်ဆုံးသောကာလထဲမှာ ပလ္လင်ဖြူရှေ့က တရားစီရင်ခြင်း အမှုတော်ပင်ဖြစ်ပါသည်။ နိုင်ငံတော်ခေတ်သည် ဘုရားသခင်၊ သူ့၏တရားစီရင်ခြင်း အမှုတော် လုပ်ဆောင်သည့်အချိန် ဖြစ်ပြီး၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း စိတ်သဘောထားက လူသားများအားလုံးကို ထင်ရှားသည့် အချိန်ပင်ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတော်ခေတ်ထဲတွင် ဘုရားသခင်က သူ့နှုတ်ကပတ်တော်၊ တရားစီရင်ခြင်း၊ သန့်စင်စေခြင်းနှင့် လူများကို ပြည့်စုံစေခြင်းများကို ဖော်ပြပါမည်။ ကိုယ်တော်က ကပ်ဘေးကြီးများကို စေလွှတ်ပါလိမ့်မည်၊ ဆိုးညစ်သူများကို ဆုံးမပြီး၊ လူကောင်းများကို ဆုလာဘ် ပေးတော်မူမည်။ သူက လူသားမျိုးနွယ်ကို ဘုရားသခင်၏ ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော် နှင့် အမျက်တော်များကို ထုတ်ဖော်သည်ကို ကျွန်တော်တို့ တွေ့မြင်ရပါမည်။ လူသားများကို သန့်စင်ရန်၊ ကယ်တင်ရန် နှင့် စုံလင်စေရန် အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြသည့် သမ္မာတရားများ အားလုံးသည် နောက်ဆုံးသောကာလတွင် လူသားကို အပ်နှင်းသည့် ထာဝရအသက် လမ်းခရီးဖြစ်သည်။ ဤသမ္မာတရားများသည် အသက်စမ်းရေ၏ ရေဖြစ်ပြီး၊ ပလ္လင်တော်မှ စီးဆင်းလာသည်။ ထို့ကြောင့် ကျွန်တော်တို့ ဘုရားသခင်ကို ယုံကြည်ခြင်းတွင် ကျွန်တော်တို့က ထာဝရ အသက်လမ်းကို ရရှိပြီး၊ ချီဆောင်ခြင်းခံရကာ၊ ကောင်းကင် နိုင်ငံတော်သို့ ဝင်ရောက်လိုပါက၊ ကျွန်တော်တို့သည် နောက်ဆုံးသောကာလ၏ ခရစ်တော်ဖြစ်သည့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတော်ကို လက်ခံရမည်၊ ထို့အပြင် သူ့နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း တို့ကိုလည်း လက်ခံရမည်။ ထိုနည်းဖြင့်သာလျှင် ကျွန်တော်တို့ သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို ရရှိကာ၊ သမ္မာတရားကို နားလည်ပြီး ရရှိမည်၊ သန့်စင်ခြင်းကို အောင်မြင်ရရှိမည်၊ ပြီးလျှင် ကယ်တင်ခြင်း ခံရမည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမကို ကြုံရသည့်သူများသာလျှင်၊ ကောင်းကင် နိုင်ငံတော်ကို ဝင်စားခွင့်ရမည် ဖြစ်သည်။ ဤသည်မှာလုံးဝ မှန်ကန်သည့်အချက် ဖြစ်ပါသည်။ ကျွန်တော်တို့၏ ဘာသာရေး အယူအဆများကို ဆက်ပြီး လက်ကိုင်ထားမည်ဆိုပါက၊ အဆုံးမှာ ဆုံးရှုံးမှု ခံစားရမည့်သူများမှာ ကျွန်တော်တို့ ဖြစ်ပါသည်။ ပညာရှိ သတို့သမီးများသည် သမ္မာတရားကို ရှာဖွေရန် နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ရန် တို့ကိုသာ အာရုံစိုက်ထားသော်လည်း၊ မိုက်မဲသော သတို့သမီးများကမူ သမ္မာကျမ်းစာ၏ စာလုံးများနှင့် သူတို့၏ စိတ်ကူးများနှင့် အတွေးအခေါ်များ တို့ကိုသာ ထိန်းသိမ်းထားပြီး၊ သမ္မာတရားကို ရှာဖွေခြင်း သို့မဟုတ် ဘုရားသခင်၏ အသံတော်ကို နားထောင်ခြင်းများ မရှိကြပါ။ ထို့နောက် တစ်နေ့တွင် သူတို့သည် ကပ်ဘေးထဲသို့ ရုတ်တရက် ကျရောက်ကာ၊ ငိုကြွေးပြီး၊ အံကြိတ်ရပါလိမ့်မည်၊ ပြီးလျှင် နောင်တသည်ပင်လျှင် အသုံးမဝင် ဖြစ်လိမ့်မည်။ ထို့ကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ကို လက်မခံသူများသည် ကပ်ဘေးများထဲသို့ ကျရောက်ကာ၊ အပြစ်ဒဏ်ပေးခံရမည်။ ဤသည်မှာ ဘုရားသခင်က စီမံပေးသည့် အရာဖြစ်ပြီး၊ မည်သူမျှ မပြောင်းလဲနိုင်ပါ။ အထူးသဖြင့် နောက်ဆုံးသောကာလတွင် အနန္တတန်ခိုးရှင်ဘုရားသခင်ကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခဲ့သူ များသည် နောက်ဆုံးသောကာလ၏ အန္တိခရစ်များအဖြစ် ဘုရားသခင်က ထုတ်ဖော်ခဲ့ပြီးဖြစ်သည်၊ ထိုလူများသည် ထာဝရအပြစ်ဒဏ်ပေးခြင်းကို ခံစားရမည် ဖြစ်ပြီး၊ ဘုရားသခင်ကို နောက်ထပ် တွေ့မြင်ရတော့မည် မဟုတ်ပါ။ နောက်ဆုံးသောကာလတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်သည် လူသားများကို အမျိုးအစားအလိုက် ခွဲခြားရန်၊ လူတို့၏ အကျိုးအမြတ်များကို သတ်မှတ်ရန် နှင့် ခေတ်ကို နိဂုံးချုပ်ရန်တို့ ဖြစ်ကြောင်း ရှင်းလင်းပါသည်။

ကျွန်တော့်သခင် ဘယ်သူလဲ ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အောက်ခြေမှတ်စု(များ)-

က။ သစ်ခြောက်တစ်ခု- “ကူညီ၍မရနိုင်တော့သော” ဟု ဆိုလိုသည့် တရုတ်ဥပစာစကားတစ်ရပ်။

အရှေ့သို့- မေးခွန်း (၁) သမ္မာကျမ်းစာဟာ ဘုရားသခင့်အမှုတော်ရဲ့ သက်သေခံချက်တစ်ခုဖြစ်ပြီး၊ လူသားတွေကို အရမ်းအကျိုးဖြစ်စေတဲ့အရာပဲလေ သမ္မာကျမ်းစာကို ဖတ်ခြင်းအားဖြင့် ဘုရားသခင်ကို အရာအားလုံးရဲ့ ဖန်ဆင်းရှင်လို့ သိမှတ်ခဲ့ရပြီး၊ ဘုရားသခင်ရဲ့ အနန္တတန်ခိုးတော်၊ လုပ်ဆောင်ချက်တွေနဲ့ ကြီးမြတ်ခြင်းတွေကို လေ့လာခဲ့ရပါတယ် သမ္မာကျမ်းစာဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ လူတွေရဲ့ သက်သေခံချက်တွေပါတဲ့ မှတ်တမ်းတစ်ခုဖြစ်တဲ့အတွက်၊ သမ္မာကျမ်းစာကို ဖတ်ရဲ့သားနဲ့ ဘာဖြစ်လို့ ထာဝရအသက်ကို မရရှိနိုင်ရတာလဲ။ သမ္မာကျမ်းစာဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ ပါရှိရဲ့သားနဲ့ ဘာဖြစ်လို့ သမ္မာကျမ်းစာထဲမှာ ထာဝရအသက်ကို မတွေ့ရှိနိုင်တာလဲ။

နောက်တစ်ခုသို့- မေးခွန်း (၁) ဒါပေမဲ့ ခင်ဗျားက ယုံကြည်တာ ဆယ်နှစ်ပဲရှိသေးတယ်။ ခင်ဗျားက လူသစ်ပဲရှိသေးတယ်။ ကျုပ် အသက်ရှင်တာ အတော်ကြာပြီဖြစ်ပြီး ဘာသာတရားတွေကို လေ့လာတာ ဆယ်စုနှစ်ပေါင်းများပြီ။ ကျုပ် ခင်ဗျားကို ယုံကြည်ချက်ခိုင်ခိုင်မာမာနဲ့ ပြောနိုင်တယ်။ ကျုပ်တို့ဒီကမ္ဘာမှာ ဘုရားရှိကိုမရှိတာပါ။ ဘယ်ကယ်တင်ရှင်မှလည်း မရှိဘူး။ ဘုရားသခင်ကို ယုံကြည်မှုက အတော်ကို မရေရာပါဘူး။ လက်တွေ့မကျတာသက်သက်ပါပဲ။ ကျုပ်တို့နှစ်ယောက်လုံးက ပညာတတ်တွေပဲ အချက်အလက်တွေနဲ့ သိပ္ပံနဲ့အညီ ဒီပြဿနာတွေကို ကြည့်သင့်ပြီး ဒါဝင်ရဲ့ သီအိုရီကို ဒါမှမဟုတ် ရုပ်ဝါဒကိုတောင် ယုံကြည်သင့်တယ်။ ခင်ဗျားက ဘုရားသခင်ကို ယုံကြည်မှရမယ်လို့ ဘာလို့ ခံစားရတာလဲ။ ကျုပ်တို့ ကွန်မြူနစ်တွေက ဘုရားမဲ့ဝါဒနဲ့ ဆင့်ကဲဖြစ်စဉ်သီအိုရီကို ယုံကြည်တယ်။ ဒါဝင်ရဲ့ဆင့်ကဲဖြစ်စဉ်သီအိုရီက သိပ္ပံရဲ့သမိုင်းမှာ အရေးကြီးဆုံးသီအိုရီတစ်ခုဆိုတာ ခင်ဗျားသိမှာပါ။ ဒါဝင်အရ ကမ္ဘာပေါ်မှာရှိတဲ့အရာတိုင်းကို သဘာဝရဲ့ဖြစ်စဉ်က ဖန်တီးခဲ့တယ်ဆိုတာ မြင်သာပါတယ်။ လူဟာ ဇီဝဆိုင်ရာဆင့်ကဲဖြစ်ခြင်းရဲ့ သဘာဝဖြစ်စဉ်ရဲ့ တိုက်ဆိုင်ပြီးဖြစ်လာတဲ့ ထုတ်ကုန်တစ်ခုဖြစ်တယ်။ အတိုပြောရရင် လူက မျောက်ဝံကနေ ဆင့်ကဲပြောင်းလဲလာတယ်။ လုံလောက်တဲ့ သီအိုရီပိုင်းဆိုင်ရာ အထောက်အထားတစ်ခုရှိပါတယ်။ အဲဒါကဘုရားသခင်ဟာ လူကို မဖန်ဆင်းခဲ့ဘူးလို့ပြတယ်။ သမ္မာကျမ်းစာမှာရေးထားတာက အလေးအနက်ခံယူဖို့မဟုတ်တဲ့ ဒဏ္ဍာရီနဲ့ ရိုးရာပုံပြင်တွေသက်သက်ပါ။ ရမယ်ဆိုရင် ခင်ဗျားကို ရုပ်ဝါဒနဲ့ ဆင့်ကဲဖြစ်စဉ်ကို လေ့လာဖို့အကြံပေးချင်တယ်။ အဲဒါတွေက တကယ်ကို လက်တွေ့ကျပြီး ခင်ဗျားရဲ့ သံသယတွေကို ဖယ်ရှားပေးလိမ့်မယ်။ ခင်ဗျားဒါကို ရှင်းရှင်းလင်းလင်းမြင်နိုင်လာရင် ဘာသာရေးယုံကြည်မှုတွေကို မှန်မှန်ကန်ကန်နားလည်လာမှာဖြစ်ပြီး နောက်ဆုံးမှာ မျက်စိစုံမှိတ်ယုံကြည်ခြင်းရဲ့ အမြင်မှားမှုကနေ ကိုယ့်ကိုယ်ကိုယ် လွတ်မြောက်စေလိမ့်မယ်လို့ ကျုပ် ယုံကြည်တယ်။ တရုတ်ကွန်မြူနစ်ပါတီနောက်ကိုလိုက်မှသာ ခင်ဗျားမှာ အနာဂတ်ရှိလိမ့်မယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။