၂၇၇ ဘုရား၏စိတ်သဘောထားကို နှိုးဆွသူသည် အပြစ်ဒဏ်ပေးခြင်း ခံရမည်ကျူး
၁ ဘုရားသခင်သည် လူသား၏နိုင်ငံရေးတွင် မပါဝင်သော်လည်း၊ နိုင်ငံတစ်နိုင်ငံ သို့မဟုတ် လူမျိုးတစ်မျိုး၏ ကံကြမ္မာကို ဘုရားသခင် ထိန်းချုပ်ထားလေသည်။ ဘုရားသခင်သည် ဤကမ္ဘာလောကနှင့် စကြဝဠာတစ်ခုလုံးကို ထိန်းချုပ်၏။ လူသား၏ ကံကြမ္မာနှင့် ဘုရားသခင်၏ အကြံအစည်သည် အတွင်းကျကျ ဆက်နွှယ်ပြီး၊ မည်သည့်လူ၊ မည်သည့်နိုင်ငံကမျှ ဘုရားသခင်၏ အချုပ်အခြာအာဏာမှ မကင်းလွတ်ကင်းပေ။ အကယ်၍ လူသားသည် မိမိ၏ကံကြမ္မာကို သိလိုပါက၊ ဘုရားသခင်၏ရှေ့သို့ လာရပေမည်။ ဘုရားသခင်သည် သူ၏ နောက်ကို လိုက်လျှောက်ပြီး သူ့အား ကိုးကွယ်သောသူများကို အောင်မြင်ကြီးပွားစေပြီး၊ သူ့ကို ဆန့်ကျင်ကာ ငြင်းပယ်သောသူများ အပေါ် ကျဆင်းမှုနှင့် မျိုးသုဉ်းပျောက်ကွယ်ခြင်း ဆောင်ကြဉ်းလိမ့်မည် ဖြစ်သည်။
၂ သောဒုံမြို့ကို ဘုရားသခင်က ဖျက်ဆီးခြင်း ဖြစ်ပေါ်ခဲ့ချိန် သမ္မာကျမ်းစာထဲက အဖြစ်အပျက်ကို ပြန်လည်သတိရလော့၊ ပြီးလျှင် လောတ၏မိန်းမသည် မည်ကဲ့သို့ဆားတိုင်ဖြစ်လာခဲ့သည်ကိုလည်း စဉ်းစားကြည့်လော့။ နိနေဝေမြို့သားများသည် လျှော်တေအဝတ်နှင့် ပြာများဖြင့် မိမိတို့၏အပြစ်များအား မည်သို့နောင်တရခဲ့သည်ကို ပြန်စဉ်းစားပြီး၊ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀ က ယေရှုကို ယုဒလူမျိုးများ ကားတိုင်ပေါ်တွင် သံမှိုရိုက်ထားပြီးနောက် မည်သည့်အရာဖြစ်ခဲ့သည်ကို ပြန်သတိရလော့။ ယုဒလူမျိုးများသည် ဣသရေလနိုင်ငံမှ နှင်ထုတ်ခံခဲ့ရပြီး ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများဆီသို့ ထွက်ပြေး သွားခဲ့ကြသည်။ များစွာတို့သည် အသတ်ခံခဲ့ရပြီး ယုဒလူမျိုးတစ်မျိုးလုံး မကြုံစဖူးသော ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။
၃ ၎င်းတို့သည် ဘုရားသခင်ကို ကားတိုင်ပေါ်တွင် သံမှိုရိုက်ခဲ့ကြပြီး- စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အပြစ်တစ်ခုကို ကျူးလွန်ခဲ့ကြပြီး- ဘုရားသခင်၏ စိတ်သဘောထားကို ရန်စခဲ့ကြသည်။ ၎င်းတို့လုပ်ခဲ့သည့် အရာအတွက် ၎င်းတို့ပေးဆပ်ခဲ့ရပြီး ၎င်းတို့လုပ်ရပ်များ၏ အကျိုးဆက်များ အားလုံးကို ခံခဲ့ကြရသည်။ ၎င်းတို့သည် ဘုရားသခင်ကို ရှုတ်ချခဲ့ကြသည်၊ ငြင်းပယ်ခဲ့ကြသည်၊ ထို့ကြောင့် ၎င်းတို့သည် ကံကြမ္မာတစ်ခုသာ ရှိခဲ့သည်- ဘုရားသခင်၏ အပြစ်ပေးခံရခြင်းခံရဖို့ ဖြစ်ပေသည်။ ဤသည်မှာ ၎င်းတို့၏ အုပ်စိုးသူများက မိမိတို့၏ နိုင်ငံနှင့် လူမျိုးအပေါ် ယူဆောင်ခဲ့ကြသည့် ခါးသီးသော အကျိုးဆက်နှင့် ဘေးဒုက္ခ ဖြစ်ခဲ့ပေသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်