၁။ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ အမှုတော် အဆင့်သုံးဆင့်နှင့် ပတသက်သည့် နှုတ်ကပတ်တော်များ

(၁) အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ဖြစ်သော ငါ၏ စီမံခန့်ခွဲမှုအစီအစဉ် တစ်ရပ်လုံးတွင် အဆင့်သုံးဆင့်၊ သို့မဟုတ် ခေတ်သုံးခေတ် ပါဝင်သည်၊ အစအဦး၏ ပညတ်တော်ခေတ်၊ (ရွေးနုတ်ခြင်းခေတ်လည်းဖြစ်သော) ကျေးဇူးတော်ခေတ်နှင့် နောက်ဆုံးသောကာလ၏ နိုင်ငံတော်ခေတ်တို့ဖြစ်လေသည်။ ဤခေတ်သုံးခေတ်တို့မှ ငါ၏အမှုသည် ခေတ်တစ်ခုစီ၏ သဘာဝနှင့်အညီ အကြောင်းအရာကွဲပြား၏၊ သို့ရာတွင် အဆင့်တစ်ခုစီတိုင်း၌ ဤအမှုသည် လူသား၏ လိုအပ်ချက်များနှင့် လိုက်လျောညီထွေရှိသည်၊ သို့တည်းမဟုတ် ပို၍အတိအကျဆိုသော် စာတန်နှင့် ငါဆင်နွှဲသည့် စစ်ပွဲတွင် သူအသုံးပြုသည့် လှည့်ကွက်များနှင့်အညီ ဤအမှုကို လုပ်ဆောင်ခြင်းဖြစ်သည်။ ငါ့အမှု၏ ရည်ရွယ်ချက်မှာ စာတန်ကို အနိုင်ယူရန်၊ ငါ၏ဉာဏ်ပညာနှင့် အနန္တတန်ခိုးကို ထင်ရှားစေရန်နှင့် စာတန်၏ လှည့်ကွက်များ အားလုံးကို ဖော်ထုတ်ပြရန်ဖြစ်ပြီး၊ ဤနည်းအားဖြင့် စာတန်၏အုပ်စိုးမှု အောက်တွင် နေထိုင်ကြသည့် လူသားမျိုးနွယ်တစ်ရပ်လုံးကို ကယ်တင်ရန်ဖြစ်သည်။ ယင်းသည် ငါ၏ဉာဏ်ပညာနှင့် အနန္တတန်ခိုးကို ပြသရန်နှင့် စာတန်၏ မခံမရပ်နိုင် လောက်အောင် ကြောက်မက်ဖွယ်ကောင်းခြင်းကို ထုတ်ဖော်ပြရန်ဖြစ်၏၊ ယင်းထက်ပို၍ပင် ဖန်ဆင်းခံသက်ရှိတို့ အနေဖြင့် ကောင်းမှုနှင့် မကောင်းမှုကြား ခွဲခြားသိမြင်စေရန်၊ ငါသည် အရာအားလုံးတို့၏ အုပ်စိုးသူဖြစ်ကြောင်းကို သိကြစေရန်၊ စာတန်သည် လူသားတို့၏ ရန်သူ၊ အကျင့်ပျက်ယိုယွင်းသော နတ်ဆိုးဖြစ်ကြောင်းကို ရှင်းလင်းစွာ မြင်စေရန်ဖြစ်ပြီး၊ ၎င်းတို့အနေဖြင့် ကောင်းမှုနှင့် မကောင်းမှုကြား၊ သမ္မာတရားနှင့် မုသားကြား၊ သန့်ရှင်းခြင်းနှင့် ညစ်ညမ်းခြင်းကြား၊ ကြီးမြတ်သောအရာနှင့် ယုတ်ညံ့သော အရာကြား ခြားနားမှုကို အကြွင်းမဲ့ သေချာမှုဖြင့် သိကြစေရန် ဖြစ်သည်။ သို့မှသာ မသိနားမလည်သော လူသားတို့သည် ၎င်းတို့ကို ဖောက်ပြန်ပျက်စီး စေသည်မှာ ငါမဟုတ်ကြောင်းကို လည်းကောင်း၊ ဖန်ဆင်းရှင်ဖြစ်သော ငါကသာ လူသားတို့ကို ကယ်တင်နိုင်ပြီး လူတို့မွေ့လျော်ခံစား နိုင်သောအရာတို့ကို လူတို့အပေါ် အပ်နှင်းနိုင်ကြောင်းကိုလည်းကောင်း၊ ငါ့အတွက် သက်သေခံနိုင်လာကြလိမ့်မည်၊ ထို့ပြင် ငါသည် အရာအားလုံးတို့၏ အုပ်စိုးသူဖြစ်ကာ၊ စာတန်မူကား ငါက ဖန်ဆင်းခဲ့ပြီး နောက်ပိုင်းတွင် ငါ့ကိုဆန့်ကျင်ခဲ့သော သတ္တဝါများထဲမှ တစ်ယောက်မျှသာ ဖြစ်ကြောင်းကို ၎င်းတို့သိလာကြလိမ့်မည်။ ငါ၏အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ကို အဆင့်သုံးဆင့် ပိုင်းခြားထားပြီး၊ ငါသည် ဤသို့လုပ်ဆောင်ရခြင်းမှာ ဖန်ဆင်းခံသတ္တဝါ တို့ကို ငါ့အတွက် သက်သေခံနိုင်စေခြင်းဟူသည့် အကျိုးရလဒ်ကို ရရှိစေရန်၊ ငါ၏အလိုတော်ကို နားလည်သဘောပေါက်ကြစေရန်နှင့် ငါသည် သမ္မာတရားဖြစ်ကြောင်းကို သိကြစေရန်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ရွေးနုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန်

(၂) လူသားမျိုးနွယ်အား စီမံခန့်ခွဲခြင်းအမှုကို အဆင့်သုံးဆင့်ခွဲထား၏၊ ဆိုလိုသည်မှာ လူသားမျိုးနွယ်အား ကယ်တင်ခြင်းအမှုကို အဆင့်သုံးဆင့် ခွဲထားခြင်းဖြစ်သည်။ ဤအဆင့်သုံးဆင့်တွင် ကမ္ဘာလောကကို ဖန်ဆင်းခြင်းအမှု မပါဝင်ဘဲ၊ ယင်းထက် ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော်ခေတ်အမှု၏ အဆင့်သုံးဆင့်တို့ ဖြစ်ကြ၏။ ကမ္ဘာလောကကို ဖန်ဆင်းခြင်းအမှုသည် လူသားမျိုးနွယ် တစ်ရပ်လုံးကို ဖြစ်ပေါ်စေခြင်းအမှု ဖြစ်၏။ ယင်းသည် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုနှင့် မည်သည့် ဆက်နွှယ်မှုမျှ မရှိပေ။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာမြေကြီးကို ဖန်ဆင်းခဲ့ချိန်၌ လူသားသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း မခံခဲ့ရသေးသဖြင့် လူသားမျိုးနွယ်အား ကယ်တင်ခြင်းအမှုကို ဆောင်ရွက်ရန် မလိုအပ်ခဲ့ပေ။ လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံခဲ့ရပြီးသည့်အချိန်တွင်သာ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု စတင်ခဲ့သည်၊ ထို့ကြောင့် လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း အမှုသည်လည်း လူသားမျိုးနွယ်အနေနှင့် ဖောက်ပြန်ပျက်စီးစေခြင်း ခံခဲ့ရပြီးသည့်အခါတွင်သာ စတင်ခဲ့ပေသည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်၏ လူသားအပေါ် စီမံခန့်ခွဲခြင်းသည် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု၏ ရလဒ်အဖြစ် စတင်ခဲ့ခြင်း ဖြစ်ပြီး၊ ကမ္ဘာလောကကို ဖန်ဆင်းခြင်းအမှုမှ ပေါ်ပေါက်လာခဲ့ခြင်း မဟုတ်ပေ။ လူသားမျိုးနွယ်က ဖောက်ပြန်ပျက်စီးသည့် စိတ်နေသဘောထားကို ရရှိခဲ့သည့်နောက်မှသာ စီမံခန့်ခွဲခြင်းအမှု ဖြစ်တည်လာခဲ့ခြင်း ဖြစ်သည်၊ ထို့ကြောင့် လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်းအမှုတွင် အဆင့်လေးဆင့်၊ သို့မဟုတ် ခေတ်လေးခေတ်ထက် အပိုင်းသုံးပိုင်း ပါရှိပေသည်။ ဤသည်သာလျှင် ဘုရားသခင်၏ လူသားမျိုးနွယ်အပေါ် စီမံခန့်ခွဲခြင်းအမှုကို ရည်ညွှန်းသည့် မှန်ကန်သော နည်းလမ်း ဖြစ်သည်။ နောက်ဆုံးသော ခေတ်ပြီးဆုံးချိန်တွင်၊ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်းအမှုသည် ပြီးပြည့်စုံသော အဆုံးသတ်တစ်ခုသို့ ရောက်လာပြီးဖြစ်လိမ့်မည်။ စီမံခန့်ခွဲခြင်းအမှု ပြီးဆုံးခြင်းသည် လူသားမျိုးနွယ် အားလုံးကို ကယ်တင်ခြင်းအမှု လုံးဝ ပြီးဆုံးပြီးဖြစ်လိမ့်မည် ဖြစ်သကဲ့သို့၊ ထိုအချိန်မှစ၍ လူသားမျိုးနွယ်အတွက် ဤအဆင့်သည် အဆုံးသတ်ပြီးဖြစ်လိမ့်မည်ဟု ဆိုလို၏။ လူသားမျိုးနွယ်တစ်ရပ်လုံးကို ကယ်တင်သည့်အမှု မရှိဘဲနှင့်၊ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်းအမှု ရှိမည် မဟုတ်သကဲ့သို့၊ အမှု၏ အဆင့် သုံးဆင့်လည်း ရှိမည် မဟုတ်ပေ။ ယေဟောဝါက ကမ္ဘာမြေကြီးအား ဖန်ဆင်းခြင်းကို အဆုံးသတ်ခဲ့ကာ ပညတ်တော်ခေတ်၏ အမှုကို စတင်ခဲ့သည်မှာ အတိအကျအားဖြင့် လူသားမျိုးနွယ်၏ အကျင့်ပျက်ပြားမှုကြောင့်နှင့် လူသားမျိုးနွယ်သည် ကယ်တင်ခြင်းကို အင်မတန် အရေးတကြီး လိုအပ်သောကြောင့် ဖြစ်သည်။ ထိုအခါတွင်မှ လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့်အမှု စတင်ခဲ့၏၊ ယင်းမှာ ထိုအခါတွင်မှ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု စတင်ခဲ့သည်ဟု ဆိုလိုပေသည်။ “လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း” ဟူသည်မှာ ကမ္ဘာမြေကြီးပေါ်တွင် အသစ်ဖန်ဆင်းထားသည့် လူသားမျိုးနွယ် (ဆိုလိုသည်မှာ ဖျက်ဆီး မခံရသေးသည့် လူသားမျိုးနွယ်) ၏အသက်တာကို လမ်းပြခြင်းဟု မဆိုလိုပေ။ စင်စစ်အားဖြင့် ယင်းမှာ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သည့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းဖြစ်၏၊ ယင်းမှာ ဖောက်ပြန်ပျက်ဆီးသော ဤလူသားမျိုးနွယ်ကို ပြောင်းလဲရန် ဖြစ်သည်ဟု ဆိုရပေမည်။ ဤသည်မှာ “လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း” ၏ အဓိပ္ပာယ်ဖြစ်သည်။ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုတွင် ကမ္ဘာလောကကို ဖန်ဆင်းခြင်း အမှု မပါဝင်ပေ၊ ထို့ကြောင့် လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း အမှုတွင်လည်း ကမ္ဘာလောကကို ဖန်ဆင်းသည့်အမှု မပါဝင်ဘဲ၊ ယင်းထက် ကမ္ဘာလောကကို ဖန်ဆင်းခြင်းအမှုမှ သီးခြားဖြစ်သော အမှုအဆင့်သုံးဆင့်သာ ပါဝင်၏။ လူသားမျိုးနွယ်အား စီမံခန့်ခွဲခြင်းအမှုကို နားလည်ရန်၊ အမှု၏အဆင့် သုံးဆင့်နှင့်ဆိုင်သည့် နောက်ခံသမိုင်းကို သိရှိရန်လိုအပ်သည်- ဤသည်မှာ ကယ်တင်ခံရရန်အလို့ငှာ အယောက်တိုင်း သိရမည့်အရာ ဖြစ်၏။ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါများအနေဖြင့် လူသားကို ဘုရားသခင်က ဖန်ဆင်းထားသည်ကို သင်တို့ အသိအမှတ်ပြုသင့်ပြီး၊ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်း အရင်းအမြစ်ကို သင်တို့ အသိအမှတ်ပြုသင့်ကာ၊ ထို့အပြင် လူသား၏ ကယ်တင်ခြင်း လုပ်ငန်းစဉ်ကို သတိပြုသင့်သည်။ ဘုရားသခင်၏ မျက်နှာသာ ရရှိရန် ကြိုးစားအားထုတ်ရာတွင် အယူဝါဒအတိုင်း မည်သို့ပြုမူရမည်ကိုသာ သင်တို့ သိရှိသော်လည်း၊ လူသားမျိုးနွယ်ကို ဘုရားသခင်က မည်သို့ ကယ်တင်သည်ကို သို့မဟုတ် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်း အရင်းအမြစ်ကို အရိပ်အမြွက်မျှ မသိပါက၊ ဤသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါအနေဖြင့် သင်တို့ ချို့တဲ့သည့်အရာ ဖြစ်သည်။ သင်သည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုဆိုင်ရာ ပိုမိုကျယ်ပြန့်သော နယ်ပယ်အကြောင်းကို မသိနားမလည်ဘဲနေလျက်၊ လက်တွေ့လုပ်ဆောင်၍ ရနိုင်သည့် သမ္မာတရားများကို နားလည်ခြင်းဖြင့်သာ မကျေနပ်သင့်ပေ- ဤသို့ဖြစ်ပါက သင်သည် တစ်ယူသန်ဆန်လွန်း၏။ အမှု၏ အဆင့် သုံးဆင့်သည် လူသားအပေါ် ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့်ဆိုင်သော အတွင်းဇာတ်လမ်း၊ တစ်ကမ္ဘာလုံး၏ ဧဝံဂေလိတရား ပေါ်ထွန်းခြင်း၊ လူသားမျိုးနွယ် အားလုံးအလယ် အကြီးမားဆုံးသော နက်နဲမှု ဖြစ်ပြီး၊ ယင်းတို့သည် ဧဝံဂေလိတရား ဖြန့်ဝေခြင်း၏ အခြေခံအုတ်မြစ်လည်း ဖြစ်၏။ သင်သည် သင့်အသက်တာနှင့် ဆက်နွှယ်သည့် ရိုးရှင်းသော သမ္မာတရားများကို သိနားလည်ခြင်းအပေါ်သာ အာရုံစိုက်ပြီး နက်နဲမှုများနှင့် ရူပါရုံများ အနက် အကြီးမြတ်ဆုံးဖြစ်သည့် ဤအရာနှင့်သက်ဆိုင်၍ မည်သည့်အရာမျှ မသိရှိပါက၊ သင်၏ အသက်သည် ကြည့်ဖို့မှလွဲ၍ မည်သည့်အရာအတွက်မျှ မကောင်းသော ချွတ်ယွင်းနေသည့် ပစ္စည်းတစ်ခုနှင့် တူသည် မဟုတ်ပါလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်

(၃) ဘုရားသခင်၏ အနှစ် ၆၀၀၀ စီမံခန့်ခွဲခြင်း အမှုကို အဆင့်သုံးဆင့် ခွဲခြားထား၏- ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော်ခေတ်ဟူ၍ ဖြစ်သည်။ အမှု၏ ဤအဆင့်သုံးဆင့်အားလုံးသည် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအတွက် ဖြစ်၏၊ ဆိုလိုသည်မှာ ၎င်းတို့သည် စာတန်၏ ပြင်းထန်စွာ ဖောက်ပြန်ပျက်စီးစေခြင်းခံခဲ့ရသည့် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအတွက်ဖြစ်သည်။ သို့ရာတွင် တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ဘုရားသခင်အနေဖြင့် စာတန်နှင့် တိုက်ပွဲဝင်နိုင်ရန်အလို့ငှာလည်း ဖြစ်၏။ ထို့ကြောင့်၊ ကယ်တင်ခြင်း အမှုသည် အဆင့်သုံးဆင့်ခွဲခြားထားသကဲ့သို့ပင်၊ စာတန်နှင့် တိုက်ပွဲသည်လည်း အဆင့်သုံးဆင့် ခွဲခြားထားသောကြောင့် ဘုရားသခင်၏အမှုနှင့်သက်ဆိုင်သည့် ဤကဏ္ဍနှစ်ရပ်ကို တစ်ပြိုင်နက် ဆောင်ရွက်လေသည်။ စာတန်နှင့် တိုက်ပွဲသည် အမှန်တကယ်တွင် လူသားမျိုးနွယ်၏ကယ်တင်ခြင်းအတွက် ဖြစ်ကာ၊ လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအမှုသည် အဆင့်တစ်ဆင့်တည်းဖြင့် အောင်မြင်စွာ ပြီးဆုံး နိုင်သည့်အရာတစ်ခု မဟုတ်သောကြောင့်၊ စာတန်နှင့်တိုက်ပွဲသည်လည်း အဆင့်များနှင့် ကာလများအဖြစ် ပိုင်းခြားထားပြီး၊ လူသား၏လိုအပ်ချက်များနှင့် ၎င်းအပေါ် စာတန်၏ဖောက်ပြန်ပျက်စီးစေခြင်း အတိုင်းအတာတို့နှင့်အညီ စာတန်အပေါ် စစ်ပွဲဆင်နွှဲရလေသည်။ လူသား၏ စိတ်ကူးတွင် စစ်တပ်နှစ်တပ် အချင်းချင်းတိုက်ကြသကဲ့သို့၊ ဤတိုက်ပွဲတွင် ဘုရားသခင်က စာတန်ကို ဆန့်ကျင်၍ လက်နက်ကိုင် တိုက်ခိုက်လိမ့်မည်ဟု ယုံကြည်ကောင်း ယုံကြည်လိမ့်မည်။ ဤသည်မှာ လူသား၏အသိဉာဏ်က စိတ်ကူးနိုင်စွမ်း ရှိသည့် အရာမျှသာဖြစ်၏။ ယင်းသည် အလွန့်အလွန် မရေရာသကဲ့သို့၊ လက်တွေ့မကျသော အတွေးအခေါ်တစ်ရပ် ဖြစ်သော်လည်း၊ ယင်းမှာ လူသား ယုံကြည်သည့်အရာဖြစ်၏။ ပြီးလျှင် လူသား၏ ကယ်တင်ခြင်း နည်းလမ်းသည် စာတန်နှင့် တိုက်ပွဲဝင်ခြင်းမှတစ်ဆင့်ဖြစ်သည်ဟု ဤနေရာတွင် ငါပြောသောကြောင့်၊ ဤသည်မှာ တိုက်ပွဲဆင်နွှဲသည့်ပုံဖြစ်သည်ဟု လူသားက စိတ်ကူးမိလေသည်။ လူသား၏ကယ်တင်ခြင်းအမှုအဖို့ အဆင့်သုံးဆင့်ရှိ၏၊ ဆိုလိုသည်မှာ စာတန်ကို တစ်ကြိမ်တည်းနှင့် လုံးဝရှုံးနိမ့်စေဖို့အလို့ငှာ စာတန်နှင့်တိုက်ပွဲကို အဆင့်သုံးဆင့် ခွဲထားပေသည်။ သို့ရာတွင် စာတန်နှင့်တိုက်ပွဲ အမှုတစ်ခုလုံး၏ အတွင်းသမ္မာတရားမှာ အမှု၏ လူသားအပေါ် ကျေးဇူးတော် အပ်နှင်းခြင်း၊ လူသား၏ အပြစ်ဖြေရာယဇ် ဖြစ်လာခြင်း၊ လူသား၏ အပြစ်များကို ခွင့်လွှတ်ခြင်း၊ လူသားကို သိမ်းပိုက်ခြင်းနှင့် လူသားကို စုံလင်စေခြင်း ဟူသော အချို့သောအဆင့်တို့မှတစ်ဆင့် ၎င်း၏ အကျိုးတရားများကို ရရှိပေသည်။ အမှန်စင်စစ်ဆိုရလျှင်၊ စာတန်နှင့်တိုက်ပွဲသည် စာတန်ကိုဆန့်ကျင်၍ လက်နက်ကိုင် တိုက်ခိုက်ခြင်းမဟုတ်ဘဲ၊ လူသားသည် ဘုရားသခင်အဖို့ သက်သေခံနိုင်ရန်အလို့ငှာ လူသားကို ကယ်တင်ခြင်း၊ လူသား၏အသက်တာအပေါ် အမှုပြုခြင်းနှင့် လူသား၏စိတ်သဘောထားကို ပြောင်းလဲခြင်းတို့ ဖြစ်၏။ ဤသည်မှာ စာတန် ရှုံးနိမ့်သည့်ပုံဖြစ်သည်။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲခြင်းမှတစ်ဆင့် စာတန်သည် ရှုံးနိမ့်လေ၏။ စာတန် ရှုံးနိမ့်ပြီးသည့်အခါတွင်၊ ဆိုလိုသည်မှာ၊ လူသည် လုံးဝ ကယ်တင်ခံရပြီးသည့်အခါ၊ အရှက်ရသည့်စာတန်သည် လုံးဝချည်နှောင်ခံရလိမ့်မည်ဖြစ်ပြီး၊ ဤနည်းဖြင့် လူသားသည် လုံးဝ ကယ်တင်ခြင်းခံရပြီးဖြစ်လိမ့်မည်။ ထို့ကြောင့် လူသား၏ ကယ်တင်ခြင်း အနှစ်သာရသည် စာတန်နှင့်စစ်ပွဲဖြစ်ပြီး၊ ဤစစ်ပွဲသည် အဓိကအားဖြင့် လူသား၏ကယ်တင်ခြင်းတွင် ထင်ဟပ်လေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း

(၄) အမှု၏ အဆင့်သုံးဆင့်၏ ရည်မှန်းချက်မှာ လူသားမျိုးနွယ်အားလုံးကို ကယ်တင်ခြင်း ဖြစ်သည်- ဤသည်မှာ စာတန်၏အုပ်စိုးမှုအောက်မှ လူသားကို လုံးဝ ကယ်တင်ခြင်းဟု ဆိုလိုပေသည်။ အမှု၏ အဆင့်သုံးဆင့် အသီးသီးသည် မတူကွဲပြားသည့် ရည်မှန်းချက်နှင့် အရေးပါမှု တစ်ခု ရှိသော်လည်း၊ အသီးသီးသည် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု၏ အစိတ်အပိုင်း ဖြစ်ပြီး၊ အသီးသီးသည် လူသားမျိုးနွယ်နှင့်ဆိုင်သော သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်သည့် မတူကွဲပြားသော ကယ်တင်ခြင်းအမှု ဖြစ်သည်။ အမှု၏ ဤအဆင့်သုံးဆင့်နှင့်ဆိုင်သော ရည်ရွယ်ချက်ကို သင်သိသည်နှင့် တစ်ပြိုင်နက်၊ သင်သည် အမှု၏ အဆင့်အသီးသီးနှင့်ဆိုင်သော အရေးပါမှုကို မည်သို့ နားလည်ရမည်ကို သိလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ စိတ်ဆန္ဒကို ဖြည့်ဆည်းရန်အလို့ငှာ မည်သို့လုပ်ဆောင်ရမည်ကို သင် သတိပြုမိလိမ့်မည်။ ဤအဆင့်ကို သင်ရောက်ရှိနိုင်ပါက၊ ရူပါရုံ အားလုံးအနက် အကြီးမားဆုံး ဖြစ်သော ဤအရာသည် ဘုရားသခင်၌ သင်၏ ယုံကြည်မှု၏ အခြေခံအုတ်မြစ် ဖြစ်လာလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်

(၅) ဤအလုပ်အဆင့်သုံးဆင့်၏ အဓိကအချက်မှာ လူသားကို ကယ်တင်ခြင်းဖြစ်သည်၊ အတိအကျဆိုရလျှင် ဖန်ဆင်းရှင်အား ဖန်ဆင်းရာအားလုံးက ဝတ်ပြုလာအောင် လုပ်ဆောင်ခြင်းဖြစ်သည်။ ထို့ကြောင့် အလုပ်၏ အဆင့်တစ်ဆင့်စီ၌ ကြီးမားသော အဓိပ္ပာယ်ရှိသည်။ ဘုရားသခင်သည် အဓိပ္ပာယ်၊ သို့မဟုတ် တန်ဖိုးတို့ မရှိဘဲနှင့် မည်သည့်အရာကိုမျှ မလုပ်ပေ။ တစ်ဖက်တွင် အလုပ်၏ ဤအဆင့်သည် ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ပေးပြီး လွန်လေပြီးသော ခေတ်နှစ်ခေတ်ကို အဆုံးသတ်ပေး၏။ အခြားတစ်ဖက်တွင်မူ ယင်းသည် လူသားတို့၏ အယူအဆအားလုံးကို ချေဖျက်ပြီး၊ လူသားတို့၏ယုံကြည်မှုနှင့် အသိပညာတို့၏ နည်းလမ်းဟောင်း အားလုံးကို ချေဖျက်လေသည်။ ယခင်ခေတ်နှစ်ခေတ်၏ အလုပ်ကို လူသားတို့၏ ကွဲပြားသော အယူအဆများအတိုင်း ဆောင်ရွက်ခဲ့၏။ သို့သော်လည်း ဤအဆင့်ကမူ လူသားတို့၏ အယူအဆများကို လုံးဝဥဿုံ ဖယ်ထုတ်ပစ်ပြီး ထိုသို့အားဖြင့် လူတို့ကို လုံးလုံးလျားလျား သိမ်းပိုက်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် ဖန်ဆင်းရာအားလုံး၏ သခင်ဖြစ်တော်မူ၏

(၆) ယေဟောဝါ၏ အမှုမှသည် ယေရှု၏အမှုထိတိုင်၊ ပြီးလျှင် ယေရှု၏အမှုမှသည် ဤလတ်တလော အဆင့်ထိ၊ ဤအဆင့်သုံးဆင့်သည် ဘုရားသခင် စီမံခန့်ခွဲမှု အစမှအဆုံး တစ်ခုလုံးကို အလျဉ်မပြတ် အကျုံးဝင်ပြီး၊ ယင်းတို့အားလုံးသည် ဝိညာဉ်တော်တစ်ပါးတည်း၏ လုပ်ဆောင်မှု ဖြစ်သည်။ ကမ္ဘာကြီး၏ ဖန်ဆင်းခြင်းကတည်းက၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို စီမံခန့်ခွဲလျက် အမြဲ အမှုပြုနေသည်။ သူသည် အစနှင့် အဆုံးဖြစ်သည်၊ သူသည် အဦးဆုံးသောသူနှင့် နောက်ဆုံးသောသူ ဖြစ်ပြီး၊ သူသည် ခေတ်တစ်ခုကို အစပြုသူဖြစ်ပြီး၊ ခေတ်ကို အဆုံးသတ်သူ ဖြစ်သည်။ မတူညီသည့် ခေတ်များနှင့် မတူညီသည့် နေရာများတွင် အမှု၏ အဆင့်သုံးဆင့်သည် သိသိသာသာ ဝိညာဉ်တော်တစ်ပါးတည်း၏ လုပ်ဆောင်ချက်ဖြစ်ပေသည်။ ဤအဆင့်သုံးဆင့်ကို ခွဲခြားသူ အပေါင်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ရာတွင် ရပ်တည်သူများ ဖြစ်သည်။ ယခုတွင် ပထမအဆင့်မှ ယနေ့တိုင် အမှုများ အားလုံးသည် တစ်ပါးတည်းသော ဘုရားသခင်၏အမှု၊ တစ်ပါးတည်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ဖြစ်သည်ကို သင် နားလည်အပ်ပေသည်။ ဤအရာနှင့် သက်ဆိုင်၍ သံသယ မရှိနိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)

(၇) အမှု၏ အဆင့်သုံးဆင့်ကို ဘုရားသခင်တစ်ဆူတည်းက လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ အကြီးမားဆုံးသော ရူပါရုံဖြစ်ပြီး၊ ဘုရားသခင်ကို သိကျွမ်းခြင်းဆီသို့ တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ အမှု၏ အဆင့်သုံးဆင့်ကို ဘုရားသခင် ကိုယ်တော်တိုင်သာ လုပ်ဆောင်နိုင်ပြီးဖြစ်ကာ မည်သည့်လူသားမျှ သူ၏ ကိုယ်စား ထိုသို့သော အမှုကို လုပ်ဆောင်နိုင်မည် မဟုတ်ပေ- ဤသည်မှာ ဘုရားသခင် ကိုယ်တော်တိုင်သာလျှင် သူ၏ ကိုယ်ပိုင်အမှုကို အစမှ ယနေ့ထိတိုင် ဆောင်ရွက်နိုင်ပြီးဖြစ်သည်ဟု ဆိုရပေမည်။ ဘုရားသခင့်အမှု၏ အဆင့်သုံးဆင့်ကို မတူကွဲပြားသည့် ခေတ်များနှင့် တည်နေရာများတွင် ဆောင်ရွက်ပြီးဖြစ်သော်လည်း၊ အသီးသီး၏ အမှုသည် မတူကွဲပြားသော်လည်း၊ ယင်းမှာ တစ်ဆူတည်းသော ဘုရားသခင်က လုပ်ဆောင်ခဲ့သည့် အမှုသာ ဖြစ်သည်။ ရူပါရုံများ အားလုံးထဲတွင်၊ ဤသည်မှာ လူသား သိသင့်သည့် အကြီးမားဆုံးသော ရူပါရုံ ဖြစ်ပြီး၊ ယင်းကို လူသားက လုံးဝ နားလည်နိုင်ပါက၊ သူသည် ခိုင်မြဲစွာ ရပ်တည်နိုင်လိမ့်မည် ဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်

(၈) အမှု၏ အဆင့်သုံးဆင့်သည် ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ခုလုံး၏ အချက်အချာတွင် ရှိပြီး၊ ယင်းတို့ထဲတွင် ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ဖြစ်ခြင်းတို့ကို ဖော်ပြထား၏။ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို မသိသူတို့သည် ဘုရားသခင်က သူ၏ စိတ်သဘောထားအား မည်သို့ဖော်ပြသည်ကို သိရှိနိုင်စွမ်း မရှိကြသကဲ့သို့၊ ဘုရားသခင့်အမှု၏ ဉာဏ်ပညာကိုလည်း မသိကြပေ။ ၎င်းတို့သည် လူသားမျိုးနွယ်ကို သူကယ်တင်သည့် နည်းလမ်းများစွာနှင့် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် သူ၏ အလိုကိုလည်း မသိနားမလည်မြဲ ရှိနေကြ၏။ အမှု၏ အဆင့်သုံးဆင့်သည် လူသားမျိုးနွယ်အား ကယ်တင်ခြင်း အမှုနှင့်ဆိုင်သည့် အပြည့်အဝ ဖော်ပြချက် ဖြစ်၏။ အမှု၏ အဆင့်သုံးဆင့်ကို မသိသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်အမှု၏ နည်းစနစ်များနှင့် အခြေခံသဘောတရား မျိုးစုံတို့ကို မသိနားမလည်ဘဲ ရှိလိမ့်မည် ဖြစ်ပြီး၊ အမှု၏ အဆင့်တစ်ခုခုမှ ကျန်ရှိသော အယူဝါဒကိုသာ တင်းကျပ်စွာ စွဲမြဲထားသူများသည် ဘုရားသခင်ကို အယူဝါဒဖြင့် ကန့်သတ်ထားသူများ ဖြစ်ကြပြီး၊ ၎င်း၏ ဘုရားသခင်၌ ယုံကြည်မှုသည် မရေမရာနှင့် မသေမချာ ဖြစ်လေသည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို မည်သည့်အခါမျှ ရရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏ အမှုအဆင့်သုံးဆင့်သာ ဘုရားသခင်၏ စိတ်နေသဘောထား အလုံးစုံကို အပြည့်အဝ ဖော်ပြနိုင်ပြီး၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို ကယ်တင်ခြင်းနှင့်ဆိုင်သည့် ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် လူသားမျိုးနွယ်၏ကယ်တင်ခြင်း လုပ်ငန်းစဉ် တစ်ခုလုံးကို လုံးဝ ဖော်ပြနိုင်ပေသည်။ ဤသည်မှာ သူသည် စာတန်ကို အောင်နိုင်ပြီးဖြစ်ကာ လူသားမျိုးနွယ်ကို ရယူပြီးဖြစ်သည့် သက်သေ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အောင်မြင်ခြင်း သက်သေဖြစ်ပြီး၊ ဘုရားသခင်၏ စိတ်နေသဘောထား တစ်ခုလုံးနှင့်ဆိုင်သည့် ဖော်ပြချက် ဖြစ်သည်။ ဘုရားသခင် အမှု၏ အဆင့်သုံးဆင့်ထဲမှ တစ်ဆင့်ကိုသာ နားလည်သူတို့သည် ဘုရားသခင်၏ စိတ်သဘောထား တစ်စိတ်တစ်ဒေသကိုသာ သိကြ၏။ လူသား၏ အယူအဆများတွင်၊ ဤအဆင့်တစ်ဆင့်တည်းက အယူဝါဒဖြစ်လာရန် လွယ်ကူပြီး၊ လူသားအနေနှင့် ဘုရားသခင်နှင့်ပတ်သက်သည့် သတ်မှတ်ထားသော စည်းမျဉ်းများ ထူထောင်ဖို့နှင့် ဘုရားသခင်၏ စိတ်သဘောထား၏ ဤအစိတ်အပိုင်းတစ်ရပ်ကိုသာ ဘုရားသခင်၏ စိတ်သဘောထား တစ်ခုလုံး၏ ကိုယ်စားပြုမှု တစ်ခုအဖြစ် အသုံးပြုရန် အလားအလာ ရှိလာလေသည်။ ထို့အပြင် လူသား၏ စိတ်ကူးစိတ်သန်းအများစုသည် အတွင်းတွင် ရောယှက်နေသည်မှာ လူသားက ဘုရားသခင်မှာ တစ်ချိန်တစ်ခါက ဤသို့ဖြစ်ခဲ့ပါလျှင်၊ သူသည် တစ်ချိန်လုံး အလားတူ ဖြစ်မြဲဖြစ်နေမည် ဖြစ်ပြီး၊ မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ဟု ယုံကြည်လျက်၊ ဘုရားသခင်၏ စိတ်သဘောထား၊ ဖြစ်ခြင်းနှင့် ဉာဏ်ပညာတို့အပြင် ဘုရားသခင့်အမှု၏ အခြေခံသဘောတရားများကို ကန့်သတ်ထားသည့် သတ်မှတ်ချက်ဘောင်အတွင်းတွင် တင်းကျပ်စွာ ဘောင်ခတ်လေသည်။ အမှု၏ အဆင့်သုံးဆင့်ကို သိပြီး၊ နားလည်သူများသာ ဘုရားသခင်ကို အပြည့်အဝနှင့် တိကျမှန်ကန်စွာ သိနိုင်ပေသည်။ အနည်းဆုံးအနေဖြင့် ၎င်းတို့သည် ဘုရားသခင်ကို ဣသရေလအမျိုးတို့၏ ဘုရားသခင်အဖြစ် သို့မဟုတ် ယုဒလူတို့၏ ဘုရားသခင်အဖြစ် သတ်မှတ်လိမ့်မည် မဟုတ်သကဲ့သို့၊ သူ့ကို လူသားအတွက် လက်ဝါးကပ်တိုင်တွင် အစဉ်အမြဲ သံမှိုရိုက်နှက် ခံထားရမည့် ဘုရားအဖြစ် မြင်လိမ့်မည် မဟုတ်ပေ။ တစ်ဦးတစ်ယောက်သည် ဘုရားသခင်ကို သူ၏အမှု၏ အဆင့်တစ်ဆင့်မှသာ သိလာပါက၊ ၎င်းတို့၏ အသိပညာသည် အလွန့် အလွန်သေးနုပ်ပြီး၊ သမုဒ္ဒရာထဲက ရေတစ်စက်နှင့်သာ ညီမျှပေသည်။ ထိုသို့မဟုတ်ပါက ရှေးဘာသာရေး အစောင့်များစွာက အဘယ်ကြောင့် ဘုရားသခင်ကို လက်ဝါးကားတိုင်တွင် အရှင်လတ်လတ် သံနှင့်ရိုက်ခဲ့မည်နည်း။ ယင်းမှာ လူသားသည် ဘုရားသခင်ကို ကန့်သတ်ချက် ဘောင်အချို့အတွင်း ကန့်သတ်ထားသောကြောင့် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်

(၉) အမှု၏အဆင့်သုံးဆင့်သည် ဘုရားသခင်၏ အမှုတစ်ရပ်လုံး၏ မှတ်တမ်းတစ်ခု ဖြစ်သည်။ ၎င်းတို့သည် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ ကယ်တင်ခြင်း မှတ်တမ်းဖြစ်ပြီး၊ ၎င်းတို့သည် စိတ်ကူးသက်သက်မဟုတ်ပေ။ ဘုရားသခင်၏ စိတ်သဘောထား တစ်ရပ်လုံးနှင့်ဆိုင်သည့် အသိပညာတစ်ခုကို ရှာဖွေရန် အမှန်တကယ် သင် ဆန္ဒရှိပါက၊ ဘုရားသခင် လုပ်ဆောင်သည့် အမှုအဆင့်သုံးဆင့်ကို သင်တို့သိရမည် ဖြစ်သည့်အပြင် သင်တို့သည် မည်သည့်အဆင့်ကိုမျှ မချန်ထားရ။ ဤသည်မှာ ဘုရားသခင်ကို သိရန်ကြိုးစားသူတို့ စွမ်းဆောင်ရရှိရမည့် အနည်းဆုံးအရာ ဖြစ်သည်။ လူသားကိုယ်တိုင် ဘုရားသခင်နှင့်ပတ်သက်သည့် စစ်မှန်သော အသိပညာကို လုပ်ကြံဖန်တီး၍ မရနိုင်ပေ။ ဤသည်မှာ လူသားကိုယ်တိုင် စိတ်ကူး၍ ရသောအရာ မဟုတ်သကဲ့သို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လူတစ်ဦးကို အထူး မျက်နှာပေးခြင်း၏ အကျိုးဆက်လည်း မဟုတ်ပေ။ ထို့ထက် ယင်းမှာ လူသားအနေဖြင့် ဘုရားသခင်၏အမှုကို ကြုံတွေ့ပြီးနောက် ဖြစ်လာသည့် အသိပညာတစ်ခု ဖြစ်ပြီး၊ ဘုရားသခင်အမှု၏ အမှန်တရားများကို ကြုံတွေ့ခြင်းနောက်မှသာ ဖြစ်လာသည့် ဘုရားသခင်နှင့်ဆိုင်သော အသိပညာတစ်ခု ဖြစ်သည်။ ထိုသို့သော အသိပညာတစ်ခုကို လွယ်လင့်တကူ မရရှိနိုင်သကဲ့သို့၊ ယင်းသည် သင်ကြားပေး၍ရသည့် အရာတစ်ခုလည်း မဟုတ်ပေ။ ထိုအရာမှာ ကိုယ်ပိုင်အတွေ့အကြုံနှင့် လုံးလုံးလျားလျား သက်ဆိုင်ပေသည်။ လူသားမျိုးနွယ်နှင့်ဆိုင်သည့် ဘုရားသခင်၏ ကယ်တင်ခြင်းသည် ဤအမှုအဆင့်သုံးဆင့်၏ ဗဟိုအချက်အချာတွင် ရှိသော်လည်း၊ ကယ်တင်ခြင်း အမှုအတွင်းတွင် အမှုပြုသည့်နည်းစနစ် အချို့နှင့် ဘုရားသခင်၏ စိတ်သဘောထားကို ထုတ်ဖော်ပြသော နည်းလမ်းအချို့ ပါဝင်လေသည်။ ဤသည်မှာ လူသားအတွက် ပိုင်းခြားသိမြင်ရန် အခက်ခဲဆုံးသောအရာ ဖြစ်ပြီး လူသားအတွက် နားလည်ရန်လည်း ခက်ခဲသောအရာ ဖြစ်သည်။ ခေတ်ကာလများ ပိုင်းခြားခြင်း၊ ဘုရားသခင်၏အမှုထဲက ပြောင်းလဲခြင်းများ၊ အမှု၏ တည်နေရာ ပြောင်းလဲခြင်းများ၊ ဤအမှုကို လက်ခံရရှိသူတို့၌ ပြောင်းလဲခြင်းများ စသည်ဖြင့်- ဤအရာအားလုံးသည် အမှု၏ အဆင့်သုံးဆင့်တွင် ပါဝင်သည်။ အထူးသဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်လုပ်ခြင်း နည်းလမ်းရှိ ကွဲပြားခြားနားချက်အပြင်၊ ဘုရားသခင်၏ စိတ်သဘောထား၊ ပုံရိပ်၊ အမည်နာမ၊ ပင်ကိုလက္ခဏာထဲက ပြောင်းလဲခြင်းများ၊ သို့မဟုတ် အခြားပြောင်းလဲခြင်းများ အားလုံးတို့သည် အမှုအဆင့်သုံးဆင့်၏ တစ်စိတ်တစ်ဒေသ ဖြစ်၏။ အမှု၏ အဆင့်တစ်ဆင့်သည် အစိတ်အပိုင်း တစ်ရပ်ကိုသာ ကိုယ်စားပြုနိုင်ပြီး၊ နယ်ပယ်တစ်ခုခုအတွင်း ကန့်သတ်ထား၏။ ယင်းသည် အခြားကဏ္ဍများကို မဆိုထားနှင့်၊ ကာလများ ပိုင်းခြားထားခြင်း၊ သို့မဟုတ် ဘုရားသခင်၏အမှု၌ အပြောင်းအလဲများပင် မပါဝင်ပေ။ ဤသည်မှာ သိသာထင်ရှားစွာ မြင်သာသည့် အချက်တစ်ချက်ဖြစ်၏။ အမှု၏ အဆင့်သုံးဆင့်သည် လူသားမျိုးနွယ်ကို ကယ်တင်ခြင်း၌ ဘုရားသခင်၏ အမှု တစ်ရပ်လုံး ဖြစ်၏။ လူသားသည် ဘုရားသခင်၏အမှုနှင့် ကယ်တင်ခြင်းအမှုထဲက ဘုရားသခင်၏ စိတ်သဘောထားကို သိရမည် ဖြစ်သည်။ ဤအချက်မရှိဘဲနှင့် ဘုရားသခင်နှင့်သက်ဆိုင်သည့် သင်တို့၏ အသိပညာသည် အနှစ်သာရကင်းမဲ့သော စကားများသာ ပါရှိပြီး၊ ထိုင်ရာမှမထဘဲ လူတတ်လုပ်နေခြင်းထက် ဘာမျှမပိုပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်

(၁၀) ဘုရားသခင်၏ စိတ်သဘောထား တစ်ခုလုံးသည် အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် တစ်လျှောက်တွင် ထုတ်ဖော်ပြပြီးဖြစ်သည်။ ယင်းကို နောက်ဆုံးသော ခေတ်၏ ဤကာလတွင် မဆိုထားနှင့်၊ ကျေးဇူးတော်ခေတ်တွင်သာ ထုတ်ဖော်ပြထားခြင်း မဟုတ်သကဲ့သို့၊ ပညတ်တော်ခေတ်တွင်သာလည်း ထုတ်ဖော်ပြထားခြင်း မဟုတ်ပေ။ နောက်ဆုံးကာလတွင် ဆောင်ရွက်သော အမှုသည် တရားစီရင်ခြင်း၊ အမျက်ဒေါသနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကိုယ်စားပြုသည်။ နောက်ဆုံးသောကာလတွင် ဆောင်ရွက်သော အမှုသည် ပညတ်တော်ခေတ်၏ အမှု သို့မဟုတ် ကျေးဇူးတော်ခေတ်၏ အမှုကို အစားမထိုးနိုင်ပေ။ သို့ရာတွင် အဆင့်သုံးဆင့်သည် ဆက်သွယ်လျက် တစ်ခုတည်းအဖြစ် ပုံဖော်ပြီး၊ အားလုံးသည် ဘုရားသခင် တစ်ပါးတည်း၏ အမှု ဖြစ်သည်။ ပင်ကိုအားဖြင့် ဤအမှု၏ အကောင်အထည်ဖော်မှုကို သီးခြားခေတ်များအဖြစ်သို့ ပိုင်းခြား ထားပေသည်။ နောက်ဆုံးသောကာလတွင် လုပ်ဆောင်သောအမှုသည် အရာခပ်သိမ်းကို အဆုံးတစ်ခုသို့ ဆောင်ကြဉ်း၏။ ပညတ်တော်ခေတ်တွင် လုပ်ဆောင်သော အရာသည် အစပြုခြင်း အမှုဖြစ်သည်။ ပြီးလျှင် ကျေးဇူးတော်ခေတ်၌ လုပ်ဆောင်သော အရာသည် ရွေးနုတ်ခြင်းအမှု ဖြစ်သည်။ ဤအနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံးရှိ အမှု၏ ရူပါရုံများအတွက်မူ၊ မည်သူမျှ ထိုးထွင်းသိမြင်မှု သို့မဟုတ် သိနားလည်ခြင်းတို့ မရရှိနိုင်သကဲ့သို့၊ ဤရူပါရုံများသည် ပဟေဠိများအဖြစ် ဆက်ရှိနေသည်။ နောက်ဆုံးသော ကာလတွင် နိုင်ငံတော်ခေတ်ကို ဖွင့်လှစ်ပေးရန် အလို့ငှာ နှုတ်ကပတ်တော်နှင့်ဆိုင်သော အမှုကိုသာ ဆောင်ရွက်ခြင်း ဖြစ်သော်လည်း၊ ယင်းသည် ခေတ်အားလုံးကို ကိုယ်စားမပြုပေ။ နောက်ဆုံးသောကာလသည် နောက်ဆုံးသောကာလထက် မပိုသကဲ့သို့ နိုင်ငံတော်ခေတ်ထက်လည်း မပိုပေ၊ ပြီးလျှင် ယင်းတို့သည် ကျေးဇူးတော်ခေတ် သို့မဟုတ် ပညတ်တော်ခေတ်တို့ကို ကိုယ်စားမပြုပေ။ နောက်ဆုံးသောကာလ အတွင်းတွင် အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ထဲက အမှုအားလုံးကို သင်တို့ထံ ထုတ်ဖော်ပြသလေသည်။ ဤသည်မှာ နက်နဲမှုကို ဖော်ထုတ်ပြသခြင်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)

(၁၁) အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ကို အမှု၏အဆင့် သုံးဆင့်အဖြစ်သို့ ခွဲခြားထားသည်။ မည်သည့်တစ်ခုတည်းကမျှ ခေတ်သုံးခေတ်၏အမှုကို ကိုယ်စားမပြုနိုင်ဘဲ၊ တစ်ခုလုံး၏ အစိတ်အပိုင်း တစ်ခုကိုသာ ကိုယ်စားပြုနိုင်သည်။ ယေဟောဝါဟူသော အမည်သည် ဘုရားသခင်၏ စိတ်သဘောထား တစ်ခုလုံးကို ကိုယ်စားမပြုနိုင်ပေ။ ပညတ်တော်ခေတ်တွင် သူ့အလုပ်ကို သူ ဆောင်ရွက်ခဲ့သည်ဟူသည့် အချက်က ဘုရားသခင်သည် ပညတ်တော် အောက်၌သာ ဘုရားသခင် ဖြစ်နိုင်သည်ဟု သက်သေမပြပေ။ ယေဟောဝါသည် လူသားကို ဗိမာန်တော်နှင့် ယဇ်ပလ္လင်များကို ဆောက်လုပ်ဖို့ စေခိုင်းလျက်၊ လူသားအတွက် ပညတ်တရားများကို ပြဌာန်းပြီး ပညတ်ချက်များကို ထုတ်ပြန် ကြေညာခဲ့သည်။ သူလုပ်ဆောင်ခဲ့သော အမှုသည် ပညတ်တော်ခေတ်ကိုသာ ကိုယ်စားပြုသည်။ သူလုပ်ဆောင်ခဲ့သော ဤအမှုသည် ဘုရားသခင်မှာ လူသားအား ပညတ်တော်ကို စောင့်ရှောက်ရန်သာ စေခိုင်းသော ဘုရားသခင်၊ သို့မဟုတ် ဗိမာန်တော်ထဲ၌ ရှိသော ဘုရားသခင်၊ သို့မဟုတ် ယဇ်ပလ္လင်ရှေ့၌ ရှိသော ဘုရားသခင်သာ ဖြစ်သည်ဟု သက်သေမပြပေ။ ဤသို့ပြောရန်မှာ မမှန်ကန်ပေ။ ပညတ်တော်အောက် လုပ်ဆောင်သော အမှုသည် ခေတ်တစ်ခေတ်ကိုသာ ကိုယ်စားပြုနိုင်သည်။ သို့ဖြစ်ရာ ဘုရားသခင်သည် ပညတ်တော်ခေတ်တွင်သာ အမှုကို လုပ်ဆောင်ခဲ့ပါက၊ လူသည် “ဘုရားသခင်သည် ဗိမာန်တော်ထဲက ဘုရားသခင် ဖြစ်ပြီး၊ ဘုရားသခင်ကို အစေခံရန်အလို့ငှာ ကျွန်ုပ်တို့သည် ယဇ်ပရောဟိတ် ဝတ်ရုံဝတ်ပြီး ဗိမာန်တော်ထဲသို့ ဝင်ကြရမည်။” ဟု ပြောလျက်၊ ဘုရားသခင်ကို အဓိပ္ပာယ်ဖွင့်ပေလိမ့်မည်။ ကျေးဇူးတော်ခေတ်ထဲက အမှုကို မည်သည့်အခါကမျှ မဆောင်ရွက်ခဲ့ဖူးသကဲ့သို့၊ ပညတ်တော်ခေတ်သည် လက်ရှိအချိန်ထိ ဆက်လက် တည်ရှိနေခဲ့မည်ဆိုပါက၊ ဘုရားသခင်သည် သနားကြင်နာတတ်ပြီး ချစ်ခင်တတ်သည်ကိုလည်း လူက သိလိမ့်မည် မဟုတ်ပေ။ ပညတ်တော်ခေတ်ထဲက အမှုသည် မလုပ်ဆောင်ပြီးခဲ့ဘဲ၊ ယင်းအစား ကျေးဇူးတော်ခေတ်ထဲက အမှုကိုသာ လုပ်ဆောင်ပြီးခဲ့ပါက၊ လူအားလုံး သိကြမည်မှာ ဘုရားသခင်သည် လူသားကို ရွေးနုတ်ရုံသာ ရွေးနုတ်နိုင်ပြီး၊ လူသား၏ အပြစ်များကို ခွင့်လွှတ်ပေးရုံသာ ခွင့်လွှတ်ပေးနိုင်သော ဘုရားသခင် ဖြစ်သည် ဟူ၍ ဖြစ်သည်။ လူသားက ဘုရားသခင်သည် သန့်ရှင်းပြီး အပြစ်ကင်းသည်၊ ပြီးလျှင် သူသည် လူသားအတွက် မိမိကိုယ်ကိုယ် စွန့်လွှတ်နိုင်ပြီး ကားစင်တင်ခြင်းခံနိုင်သည်ဟုသာ သိပေမည်။ လူသည် ဤအရာများကိုသာ သိမည်ဖြစ်သော်လည်း၊ အခြားမည်သည့်အရာကိုမျှ နားလည်ခြင်း ရှိမည်မဟုတ်ပေ။ သို့ဖြစ်ရာ ခေတ်အသီးသီးသည် ဘုရားသခင်၏ စိတ်သဘောထား၏ အစိတ်အပိုင်းတစ်ခုကို ကိုယ်စားပြုသည်။ ပညတ်တော်ခေတ်၌ ဘုရားသခင်၏ စိတ်သဘောထား၏ မည်သည့်ရှုထောင့်အား ကိုယ်စားပြုသည်၊ ကျေးဇူးတော်ခေတ်၌ မည်သည့်ရှုထောင့်များကို ကိုယ်စားပြုသည်၊ ယခုခေတ်၌ မည်သည့်ရှုထောင့်များကို ကိုယ်စားပြုသည်တို့အတွက်မူ- အဆင့်သုံးဆင့်အားလုံးကို တစ်ခုတည်းအဖြစ် ပေါင်းစပ်သည့်အခါတွင်သာ ၎င်းတို့သည် ဘုရားသခင်၏ စိတ်သဘောထားအလုံးစုံကို ထုတ်ဖော်ပြနိုင်ပေသည်။ လူသည် အဆင့်သုံးဆင့်လုံးကို သိရှိလာသည့်အခါတွင်သာ၊ ယင်းကို အပြည့်အဝ နားလည်နိုင်ပေသည်။ အဆင့်သုံးဆင့်အနက် မည်သည့် အဆင့်ကိုမျှ ချန်လှပ်၍ မရပေ။ သင်သည် ဤအမှု၏ အဆင့် သုံးဆင့်ကို သိရှိလာသည့်နောက်တွင်သာ ဘုရားသခင်၏ စိတ်သဘောထား အလုံးစုံကို မြင်ရလိမ့်မည်။ ပညတ်တော်ခေတ်တွင် ဘုရားသခင်က သူ၏အမှုကို ပြီးစီးခဲ့သည်ဆိုသည့်အချက်က သူသည် ပညတ်တော်အောက်က ဘုရားသခင်သာလျှင် ဖြစ်သည်ကို သက်သေမပြသကဲ့သို့၊ ရွေးနုတ်ခြင်းအမှုကို သူ ပြီးစီးခဲ့သည် ဆိုသည့်အချက်က ဘုရားသခင်သည် လူသားမျိုးနွယ်ကို အစဉ်ထာဝရ ရွေးနုတ်မည်ဟု မဆိုလိုပေ။ ဤအရာအားလုံးသည် လူက ကောက်ချက်ချသည့် ကောက်ချက်များသာ ဖြစ်ပေသည်။ ကျေးဇူးတော်ခေတ် အဆုံးသို့ရောက်လာလျက်ဖြင့်၊ ဘုရားသခင်သည် ကားတိုင်နှင့်သာ သက်ဆိုင်ပြီး၊ ကားတိုင်တစ်ခုတည်းက ဘုရားသခင်၏ ကယ်တင်ခြင်းကို ကိုယ်စားပြုသည်ဟု သင် ပြော၍မရပေ။ ထိုသို့ပြုရန်မှာ ဘုရားသခင်ကို အဓိပ္ပာယ် ဖွင့်ဆိုခြင်း ဖြစ်လိမ့်မည်။ လက်ရှိအဆင့်တွင် ဘုရားသခင်သည် နှုတ်ကပတ်တော်၏ အမှုကို အဓိက လုပ်ဆောင်နေသော်လည်း၊ ဘုရားသခင်သည် လူသားကို သနားကရုဏာ လုံးဝ မရှိသကဲ့သို့၊ သူ ဆောင်ကြဉ်းပြီးသမျှမှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သာ ဖြစ်သည်ဟု သင် ပြော၍မရပေ။ နောက်ဆုံးကာလထဲက အမှုသည် လူသားမျိုးနွယ်၏ ခရီးဆုံးပန်းတိုင်နှင့် အဆုံးသတ်၊ ပြီးလျှင် လူသားမျိုးနွယ်အလယ် ကယ်တင်ခြင်း အမှုအားလုံး၏ အဆုံးသတ်ကို ထုတ်ဖော်ပြရန်အလို့ငှာ၊ ယေဟောဝါနှင့် ယေရှုတို့၏အမှုနှင့် လူတို့ နားမလည်သော နက်နဲမှုအားလုံးကို ဖွင့်ချလေသည်။ နောက်ဆုံးသောကာလထဲက အမှု၏ ဤအဆင့်သည် အရာရာကို အဆုံးတစ်ခုသို့ ဆောင်ကြဉ်းသည်။ ယင်းတို့၏ နက်နဲမှုများအထိ လူသားအား လေ့လာစူးစမ်းခွင့်ပေးပြီး သူ၏ စိတ်နှလုံးထဲတွင် လုံးဝ ရှင်းလင်းသော သိနားလည်မှု တစ်ခု ရှိခွင့်ပေးရန် လူသား နားမလည်သည့် နက်နဲသောအရာ အားလုံးကို ဖြေရှင်းရန် လိုအပ်ပေသည်။ ထိုအခါတွင်သာ လူသားမျိုးနွယ်သည် အမျိုးအစားအလိုက် ခွဲခြားခံရနိုင်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် ထို့နောက်တွင် အဆုံးသတ်သို့ ရောက်လာပြီးဖြစ်မည် ဖြစ်သည့်အတွက်၊ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ် ပြီးစီးသည့်နောက်တွင်သာ ဘုရားသခင်၏ စိတ်သဘောထားကို လူသားက အလုံးစုံ နားလည်လာလိမ့်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)

(၁၂) ယနေ့ကာလ၏ အမှုသည် ကျေးဇူးတော်ခေတ်၏အမှုကို ရှေ့သို့တွန်းပို့ပေးသည်၊ ဆိုလိုသည်မှာ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်တစ်ရပ်လုံးအောက်၌ပြုသော အမှုသည် ရှေ့သို့တိုးလာခြင်း ဖြစ်သည်။ ကျေးဇူးတော်ခေတ်သည် အဆုံးသတ်သွားပြီဖြစ်သော်လည်း ဘုရားသခင်၏အမှု၌ တိုးတက်မှုရှိသည်။ အမှု၏ ဤအဆင့်သည် ကျေးဇူးတော်ခေတ်နှင့် ပညတ်တော်ခေတ်တို့အပေါ်တွင် အခြေခံ၍ တည်ဆောက်ထားခြင်းဖြစ်သည်ဟု အဘယ့်ကြောင့် ငါသည် ထပ်တလဲလဲ ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ယနေ့၏အမှုသည် ကျေးဇူးတော်ခေတ်တွင် လုပ်ဆောင်ခဲ့သော အမှု၏အဆက်ဖြစ်ပြီး ပညတ်တော်ခေတ်တွင် လုပ်ဆောင်ခဲ့သော အမှုအပေါ် တိုးတက်လာမှုလည်း ဖြစ်သောကြောင့်ဖြစ်သည်။ ထိုအဆင့်သုံးခုမှာ တစ်ခုနှင့်တစ်ခု တင်းကျပ်စွာ ဆက်နွှယ်လျက်ရှိနေပြီး ကွင်းဆက်တစ်ခုနှင့်တစ်ခု နီးကပ်စွာ ချိတ်ဆက်နေသည်။ အမှု၏ ဤအဆင့်သည် ယေရှုလုပ်ဆောင်ခဲ့သည့် အမှုအပေါ်တွင် အခြေခံထားသည်ဟု အဘယ်ကြောင့် ငါပြောသနည်း။ အကယ်၍သာ ဤအဆင့်သည် ယေရှုလုပ်ဆောင်ခဲ့သည့် အမှုအပေါ်တွင် အခြေမခံထားလျှင် ဤအဆင့်တွင် နောက်ထပ်တစ်ကြိမ် ကားစင်တင်သတ်ခြင်း တစ်ခု ဖြစ်ပျက်ရန် လိုလိမ့်မည်ဖြစ်ကာ၊ ပြီးခဲ့သောအဆင့်၏ ရွေးနုတ်ခြင်းအမှုကိုလည်း နောက်ထပ်ပြန်၍ လုပ်ဆောင်ရလိမ့်မည်ဖြစ်သည်။ ဤသည်မှာ အဓိပ္ပာယ်ရှိမည် မဟုတ်ပေ။ ထို့ကြောင့် အမှုသည် လုံးဝပြီးဆုံးသွားခြင်း မဟုတ်ဘဲ ခေတ်သည် ရှေ့သို့တိုးလာခြင်းဖြစ်ပြီး အမှု၏အဆင့်အတန်းသည် ယခင်ကထက် သာ၍မြင့်မားလာခြင်း ဖြစ်သည်။ အမှု၏ ဤအဆင့်သည် ပညတ်တော်ခေတ်၏ အုတ်မြစ်ပေါ်တွင်နှင့် ယေရှုအမှု၏ ကျောက်ပေါ်တွင် တည်ထားခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ဘုရားသခင်၏အမှုကို တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်ထားခြင်းဖြစ်ပြီး ယခုအဆင့်သည် အသစ်သော အစပြုခြင်းမဟုတ်ပေ။ အမှု၏ အဆင့်သုံးဆင့်စလုံး ပေါင်းစည်းခြင်းကိုသာလျှင် အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ဟု မှတ်ယူနိုင်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်းနှစ်ကြိမ်သည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေသည်

(၁၃) ကယ်တင်ခြင်း အမှု အလုံးစုံသည် အမှု၏ အဆင့်သုံးဆင့် ဖြစ်ပြီး၊ ၎င်းတို့အနက် အဆင့်တစ်ဆင့်တည်း မဟုတ်သည့်အတွက်၊ ဤအဆင့်သုံးဆင့်မှ မည်သည့် အဆင့်တစ်ဆင့်တည်းကိုမျှ လူသားမျိုးနွယ် အားလုံးသိရမည့် တစ်ခုတည်းသော ရူပါရုံဟု စွဲကိုင်ထား၍မရပေ။ ကယ်တင်ခြင်းအမှု မပြီးမြောက်သေးသရွေ့၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် ပြီးပြည့်စုံသည့် အဆုံးသတ်တစ်ခုသို့ ရောက်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်၏ ဖြစ်ခြင်း၊ စိတ်သဘောထားနှင့် ဉာဏ်ပညာတို့ကို ကယ်တင်ခြင်းအမှု အလုံးစုံတွင် ဖော်ပြထား၏။ ယင်းတို့ကို တကယ့်အစတွင် လူသားထံ ဖော်ပြမထားဘဲ၊ ကယ်တင်ခြင်းအမှုတွင် တဖြည်းဖြည်း ဖော်ပြထားပြီးဖြစ်သည်။ ကယ်တင်ခြင်းအမှု၏ အဆင့်အသီးသီးသည် ဘုရားသခင်၏ စိတ်သဘောထား တစ်စိတ်တစ်ဒေသနှင့် သူ၏ဖြစ်ခြင်း တစ်စိတ်တစ်ဒေသကို ဖော်ပြ၏။ အမှု၏ မည်သည့်အဆင့်မျှ ဘုရားသခင်၏ဖြစ်ခြင်း အလုံးစုံကို တိုက်ရိုက်နှင့် ပြီးပြည့်စုံစွာ ဖော်ပြနိုင်သည် မဟုတ်ပေ။ ထိုသို့ဖြင့် ကယ်တင်ခြင်းအမှုကို အမှု၏ အဆင့်သုံးဆင့် ပြီးစီးသည်နှင့်တစ်ပြိုင်နက်တွင်သာ အပြည့်အဝ အဆုံးသတ်နိုင်ပေသည်၊ ထို့ကြောင့် ဘုရားသခင်၏ အလုံးစုံနှင့်ဆိုင်သည့် လူသား၏အသိပညာကို ဘုရားသခင့်အမှု၏ အဆင့်သုံးဆင့်မှ သီးခြားခွဲ၍မရပေ။ အမှု၏ အဆင့်တစ်ရပ်မှ လူသားရရှိသည့် အရာသည် သူ၏အမှု အစိတ်အပိုင်းတစ်ရပ်တွင် ဖော်ပြထားသော ဘုရားသခင်၏ စိတ်သဘောထားမျှသာ ဖြစ်၏။ ယင်းသည် ယခင် သို့မဟုတ် နောက်ပိုင်း အဆင့်များတွင် ဖော်ပြထားသော စိတ်သဘောထားနှင့် ဖြစ်ခြင်းတို့ကို ကိုယ်စားမပြုနိုင်ပေ။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် လူသားမျိုးနွယ်အား ကယ်တင်ခြင်းအမှုကို ကာလတစ်ခုအတွင်း၊ သို့မဟုတ် တည်နေရာတစ်ခုတွင် ချက်ချင်း ပြီးဆုံးနိုင်ခြင်း မရှိဘဲ၊ မတူညီသော အချိန်ကာလများနှင့် မတူညီသော နေရာများတွင် လူသား၏ ဖွံ့ဖြိုးတိုးတက်မှု အဆင့်နှင့်အညီ တဖြည်းဖြည်း နက်ရှိုင်းလာသောကြောင့် ဖြစ်၏။ ယင်းမှာ အဆင့်များဖြင့် ဆောင်ရွက်သည့် အမှုဖြစ်ပြီး အဆင့်တစ်ဆင့်တည်းဖြင့် မပြီးစီးပေ။ ထို့ကြောင့် ဘုရားသခင်၏ အလုံးစုံသော ဉာဏ်ပညာကို အဆင့်တစ်ဆင့်ချင်းထက် အဆင့်သုံးဆင့်တွင် ပုံဖော်ထား၏။ သူ၏ အလုံးစုံသော ဖြစ်ခြင်းနှင့် အလုံးစုံသော ဉာဏ်ပညာကို ဤအဆင့်သုံးဆင့်တွင် ချခင်းထားပြီး အဆင့်အသီးသီးသည် သူ၏ဖြစ်ခြင်းပါရှိကာ အဆင့်အသီးသီးသည် သူ့အမှု၏ ဉာဏ်ပညာနှင့်ဆိုင်သော မှတ်တမ်းတစ်ခု ဖြစ်၏။ လူသားသည် ဤအဆင့်သုံးဆင့်တွင် ဖော်ပြထားသော ဘုရားသခင်၏ အလုံးစုံသော စိတ်သဘောထားကို သိသင့်သည်။ ဘုရားသခင်၏ ဖြစ်ခြင်းနှင့်ဆိုင်သည့် ဤအရာအားလုံးသည် လူသားမျိုးနွယ်အားလုံးအဖို့ အရေးကြီးဆုံး ဖြစ်ပြီး၊ လူတို့သည် ဘုရားသခင်ကို ကိုးကွယ်သည့်အခါတွင် ဤအသိပညာမရှိပါက၊ ၎င်းတို့သည် ဗုဒ္ဓကို ကိုးကွယ်သူများနှင့် မခြားဖြစ်သည်။ လူသားအလယ် ဘုရားသခင်၏ အမှုကို လူသားထံမှ ကွယ်ဝှက်မထားသကဲ့သို့၊ ဘုရားသခင်ကို ကိုးကွယ်သူ အားလုံးက သိသင့်ပေသည်။ ဘုရားသခင်သည် လူသားအလယ်တွင် ကယ်တင်ခြင်းအမှု အဆင့်သုံးဆင့်ကို ဆောင်ရွက်ပြီး ဖြစ်သည့်အတွက်၊ လူသားသည် ဤအမှု၏ အဆင့်သုံးဆင့်အတွင်းတွင် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းနှင့်ဆိုင်သည့် ဖော်ပြချက်ကို သိသင့်သည်။ ဤသည်မှာ လူသားလုပ်ဆောင်ရမည့် အရာဖြစ်သည်။ လူသားထံမှ ဘုရားသခင် ကွယ်ဝှက်ထားသောအရာမှာ လူသားက စွမ်းဆောင်ရရှိနိုင်စွမ်း မရှိသော အရာဖြစ်ပြီး၊ လူသား မသိသင့်သော အရာဖြစ်ကာ၊ ဘုရားသခင်က လူသားကို ပြသည့်အရာမှာမူ လူသားက သိသင့်သည့် အရာဖြစ်ပြီး လူသား ပိုင်ဆိုင်သင့်သည့် အရာဖြစ်၏။ အမှု၏ ဤအဆင့်သုံးဆင့် အသီးသီးကို ယခင်အဆင့်၏ အခြေခံအုတ်မြစ် အပေါ်တွင် ဆောင်ရွက်ထားလေသည်။ ယင်းကို ကယ်တင်ခြင်းအမှုမှ သီးခြားခွဲလျက် အမှီအခိုကင်းစွာ လုပ်ဆောင်ထားခြင်း မဟုတ်ပေ။ ဆောင်ရွက်သည့်ခေတ်နှင့် အမှုတို့တွင် ကြီးမားသော ကွာခြားမှုများ ရှိသော်လည်း၊ ယင်း၏ ဗဟိုအချက်အချာသည် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းဖြစ်ဆဲ ဖြစ်ပြီး၊ ကယ်တင်ခြင်းအမှု၏ အဆင့်အသီးသီးသည် ပြီးခဲ့သည်အဆင့်ထက် ပို၍နက်ရှိုင်းလေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်

(၁၄) ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ခုလုံးကို အဆင့်သုံးဆင့်ဖြင့် ပိုင်းခြားထားပြီး၊ အဆင့်အသီးသီးတွင်၊ သင့်တော်သည့် သတ်မှတ်ချက်များကို လူသားအပေါ် ပြုလုပ်ထားလေသည်။ ထို့အပြင် ခေတ်များကုန်လွန်ပြီး တိုးတက်သည်နှင့်အမျှ၊ လူသားမျိုးနွယ်နှင့်ဆိုင်သည့် ဘုရားသခင်၏ သတ်မှတ်ချက်များသည် ယခင်ထက် သာ၍ မြင့်မားလာသည်။ ထို့ကြောင့် တစ်ဆင့်ပြီးတစ်ဆင့်၊ ဘုရားသခင်၏ ဤစီမံခန့်ခွဲခြင်း အမှုသည် လူသားက “လူ့ဇာတိ၌ နှုတ်ကပတ်တော် ပေါ်ထွန်းခြင်း” နှင့်ဆိုင်သည့် အမှန်တရားကို ရှုမြင်သည်အထိ၊ ယင်း၏ အထွတ်အထိပ်သို့ ရောက်ရှိပြီး၊ ဤနည်းဖြင့် လူသားနှင့်ဆိုင်သည့် သတ်မှတ်ချက်များသည် လူသား၏ သက်သေခံရန် သတ်မှတ်ချက်များကဲ့သို့၊ သာ၍ပင် မြင့်မားလာလေသည်။ လူသည် ဘုရားသခင်နှင့် အမှန်တကယ် ပူးပေါင်းဆောင်ရွက်နိုင်စွမ်း ရှိလေ၊ ဘုရားသခင်ကို သာ၍ ဘုန်းထင်ရှားစေလေ ဖြစ်သည်။ လူသား၏ ပူးပေါင်းဆောင်ရွက်ခြင်းသည် သူ သက်သေခံရန်လိုအပ်သည့် သက်သေခံချက်ဖြစ်ပြီး၊ သူ သက်သေခံသည့် သက်သေခံချက်သည် လူ၏ လက်တွေ့လုပ်ဆောင်မှု ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အမှုက ထိုက်သင့်သည့် အကျိုးသက်ရောက်မှု ရှိသည်၊ မရှိသည်၊ ပြီးလျှင် စစ်မှန်သည့် သက်သေခံချက် ရှိနိုင်သည်၊ မရှိနိုင်သည်မှာ လူသား၏ ပူးပေါင်းဆောင်ရွက်မှုနှင့် သက်သေခံချက်တို့နှင့် ခွဲခြားမရဘဲ ဆက်နွှယ်ပေသည်။ အမှု ပြီးစီးသည့်အခါတွင်၊ ဆိုလိုသည်မှာ၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုအားလုံး ယင်း၏ အဆုံးသတ်သို့ ရောက်ရှိသည့် အချိန်တွင်၊ လူသားသည် ပိုမိုမြင့်မားသည့် သက်သေခံချက်ကို ပြုလုပ်ရန် သက်သေခံရန် လိုအပ်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏အမှု အဆုံးသတ်သို့ ရောက်ရှိသည့်အချိန်တွင်၊ လူသား၏ လက်တွေ့လုပ်ဆောင်မှုနှင့် ဝင်ရောက်မှုတို့သည် ယင်းတို့၏ အထွတ်အထိပ်သို့ ရောက်ရှိလိမ့်မည် ဖြစ်သည်။ ယခင်က လူသားသည် ပညတ်တော်များ၊ ပညတ်ချက်များကို လိုက်နာရန် လိုအပ်ခဲ့ပြီး၊ စိတ်ရှည်သည်းခံကာ စိတ်နှိမ့်ချရန် လိုအပ်ခဲ့သည်။ ယနေ့တွင် လူသားအနေဖြင့် ဘုရားသခင်၏ စီစဉ်မှုအားလုံးကို လိုက်နာရန် လိုအပ်ပြီး၊ ဘုရားသခင်အပေါ် အမြင့်ဆုံး ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်ရန် လိုအပ်သကဲ့သို့၊ နောက်ဆုံးတွင် ဆင်းရဲဒုက္ခအလယ်တွင် ဘုရားသခင်ကို ချစ်နေဆဲဖြစ်ဖို့ လိုအပ်လေသည်။ ဤအဆင့်သုံးဆင့်သည် သူ၏ စီမံခန့်ခွဲမှု တစ်ခုလုံး တစ်လျှောက် ဘုရားသခင်က လူသားအပေါ် တစ်ဆင့်ပြီးတစ်ဆင့် ပြုလုပ်သော သတ်မှတ်ချက်များ ဖြစ်သည်။ ဘုရားသခင်၏ အမှုအဆင့်အသီးသီးသည် ပြီးခဲ့သည့်အဆင့်ထက် ပိုနက်ရှိုင်းသွားပြီး၊ အဆင့်အသီးသီးတွင် လူသားနှင့်ဆိုင်သည့် သတ်မှတ်ချက်များက ပြီးခဲ့သည့်အဆင့်ကထက်ပို၍ နက်နဲလာကာ၊ ဤသို့ဖြင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုတစ်ခုလုံးသည် တဖြည်းဖြည်း ရုပ်လုံးပေါ်လာလေသည်။ ယင်းမှာ အတိအကျအားဖြင့် လူသားနှင့်ဆိုင်သည့် သတ်မှတ်ချက်များက ယခင်ထက် သာ၍ မြင့်မားလာသည်မှာ လူသား၏ စိတ်သဘောထားသည် ဘုရားသခင် တောင်းဆိုသည့် စံနှုန်းများနှင့် ယခင်ထက် သာ၍ နီးစပ်လာသောကြောင့် ဖြစ်ပြီး၊ ထိုအခါမှသာ ဘုရားသခင်၏ အမှုက စုံလင်သည့် အဆုံးသတ်တစ်ခုသို့ ရောက်လာချိန် လူသားမျိုးနွယ် တစ်ရပ်လုံးသည် စာတန်၏စွမ်းအားမှ ကယ်တင်ခံရပြီး ဖြစ်လိမ့်မည်အထိ၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် စာတန်၏စွမ်းအားမှ တဖြည်းဖြည်း စတင် ထွက်ခွာလေသည်။ ထိုအချိန် ရောက်ရှိလာသည့်အခါ၊ ဘုရားသခင်၏ အမှုသည် အဆုံးသတ်သို့ ရောက်ရှိပြီးဖြစ်လိမ့်မည် ဖြစ်ပြီး၊ လူသားက သူ၏စိတ်သဘောထား၌ ပြောင်းလဲမှုများ ရရှိရန်အလို့ငှာ ဘုရားသခင်နှင့် လူသား၏ ပူးပေါင်းဆောင်ရွက်မှုသည် နောက်ထပ်ရှိတော့မည် မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် ဘုရားသခင်၏ အလင်းတွင် အသက်ရှင်ကြလိမ့်မည် ဖြစ်ကာ၊ ထိုအချိန်မှစ၍ ဘုရားသခင်ကို ပုန်ကန်ခြင်းများ သို့မဟုတ် ဆန့်ကျင်ခြင်းများ ရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည်လည်း လူသားနှင့်သက်ဆိုင်သည့် တောင်းဆိုမှုများ ပြုလိမ့်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုက လုံးဝ ပြီးဆုံးပြီးနောက်နှင့် လူသားသည် စာတန်၏ လက်ခုပ်တွင်းမှ ဘုရားသခင်၏ ကယ်တင်ခြင်းခံရပြီးသည့်နောက် ဖြစ်လာမည့် အသက်တာဖြစ်သော၊ လူသားနှင့် ဘုရားသခင်တို့ အတူတကွ သက်ဆိုင်သည့် အသက်တာဖြစ်မည့်၊ လူနှင့် ဘုရားသခင်ကြားက သာ၍ သဟဇာတဖြစ်သည့် ပူးပေါင်းဆောင်ရွက်မှုတစ်ခု ရှိလိမ့်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု

(၁၅) ယင်းမှာ ဘုရားသခင်၏ စီမံခန့်ခွဲမှု ဖြစ်သည်- ဘုရားသခင်၏ ဖြစ်ခြင်းကို မသိသော၊ ဖန်ဆင်းရှင်၏ဖြစ်ခြင်းကို မသိသော၊ ဘုရားသခင်ကို မည်သို့ကိုးကွယ်ရမည်ကို မသိသော၊ သို့မဟုတ် ဘုရားသခင်ကို ကျိုးနွံနာခံရန် အဘယ်ကြောင့် လိုအပ်သည်ကို မသိသော လူသားမျိုးနွယ်ကို စာတန်လက်သို့ လွှဲအပ်ပြီး စာတန်အား သူ့ကို ဖောက်ပြန်ပျက်စီးစေခွင့်ပေးခြင်း ဖြစ်သည်။ ထို့နောက် လူသားက ဘုရားသခင်ကို အပြည့်အဝ ကိုးကွယ်ပြီး စာတန်ကို ငြင်းပယ်သည်အထိ ဘုရားသခင်သည် တစ်ဆင့်ပြီးတစ်ဆင့် လူသားကို စာတန်လက်မှ ပြန်ယူလေသည်။ ဤသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုဖြစ်သည်။ ဤသည်မှာ ဒဏ္ဍာရီ ပုံပြင်ဆန်သကဲ့သို့ ထင်ရပြီး၊ စိတ်ရှုပ်ဖွယ် ဖြစ်ပုံရလေသည်။ ၎င်းတို့သည် စကြဝဠာနှင့် အာကာသထဲတွင် အဖြစ်အပျက်ပေါင်း မည်မျှဖြစ်ပွားပြီးဖြစ်သည်ကို သိရန်မဆိုထားနှင့်၊ လွန်ခဲ့သည့် နှစ်ထောင်ချီအချို့အတွင်း လူသားထံ မည်မျှဖြစ်ပျက်ပြီး ဖြစ်သည်ကို အရိပ်အမြွက် မသိလေသောကြောင့်၊ လူတို့က ဤအရာကို ဒဏ္ဍာရီ ပုံပြင်တစ်ပုဒ်ကဲ့သို့ ထင်ကြလေသည်။ ထို့အပြင် ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် ရုပ်ဝတ္ထု လောကကို ကျော်လွန်၍ တည်ရှိသော်လည်း၊ ၎င်းတို့၏ သေမျိုးဖြစ်သည့် မျက်လုံးများက မမြင်အောင် တားဆီးထားသည့် သာ၍ အံ့အားသင့်ဖွယ်၊ သာ၍ ကြောက်ရွံ့ဖွယ်ဖြစ်စေသော ကမ္ဘာလောကကို နားမလည်နိုင်ကြသောကြောင့် ဖြစ်သည်။ လူသည် လူသားမျိုးနွယ်ကို ဘုရားသခင်၏ ကယ်တင်ခြင်း၏ အရေးပါမှု သို့မဟုတ် သူ၏ စီမံခန့်ခွဲခြင်း အမှု၏ အရေးပါမှုနှင့်ဆိုင်သည့် သိနားလည်မှု မရှိသကဲ့သို့၊ ဘုရားသခင်က နောက်ဆုံးတွင် လူသားမျိုးနွယ်ကို မည်သို့ဖြစ်စေချင်သည်ကို နားမလည်သောကြောင့်၊ ယင်းမှာ လူသားဖို့ နားမလည်နိုင်စရာဟု ထင်ရပေသည်။ ယင်းသည် အာဒံနှင့် ဧဝတို့ ဖြစ်ခဲ့ကြသကဲ့သို့၊ စာတန်အားဖြင့် လုံးဝ ဖောက်ပြန်ပျက်စီးဖို့ ဖြစ်သလော။ မဟုတ်ပေ။ ဘုရားသခင်၏ စီမံခန့်ခွဲမှု ရည်ရွယ်ချက်မှာ ဘုရားသခင်ကို ကိုးကွယ်ပြီး သူ့ကို ကျိုးနွံနာခံသည့် လူတစ်စုကို ရရှိရန်ဖြစ်သည်။ ဤလူတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရပြီးသော်လည်း၊ ၎င်းတို့သည် စာတန်ကို ၎င်းတို့၏ဖခင်ဟု မမြင်တော့ပေ။ စာတန်၏ ရွံရှာဖွယ် မျက်နှာကို ၎င်းတို့ သတိပြုမိကြပြီး ၎င်းကို ငြင်းပယ်ကြကာ၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမမှုတို့ကို လက်ခံရန် ဘုရားသခင်ရှေ့သို့ လာကြလေသည်။ ၎င်းတို့သည် မည်သည့်အရာက အကျည်းတန်သည် ဆိုသည်နှင့် ယင်းသည် သန့်ရှင်းသည့်အရာနှင့် မည်သို့ ဆန့်ကျင်သည် ဆိုသည်တို့ကို သိရှိလာကြပြီး ဘုရားသခင်၏ ကြီးမြတ်မှုနှင့် စာတန်၏ ဆိုးယုတ်မှုတို့ကို သတိပြုမိလာကြလေသည်။ ဤသို့သော လူသားမျိုးနွယ်သည် စာတန်အတွက် အလုပ်မလုပ်တော့ပေ၊ သို့မဟုတ် စာတန်ကို မကိုးကွယ်ကြတော့ပေ၊ သို့မဟုတ် စာတန်ကို အမြတ်တနိုး မရှိကြတော့ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် ဘုရားသခင်က အမှန်တကယ် ရယူပြီးဖြစ်သည့် လူတစ်စုဖြစ်ကြသောကြောင့် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်းအမှု၏ အရေးပါမှုဖြစ်သည်။ ဤအချိန်ကာလနှင့်ဆိုင်သည့် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှု အတောအတွင်းတွင်၊ လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းနှင့် ဘုရားသခင်၏ ကယ်တင်ခြင်းနှစ်ခုလုံးကို ခံရသူတစ်ဦးဖြစ်ပြီး၊ လူသားသည် ဘုရားသခင်နှင့် စာတန်တို့ တိုက်ခိုက်ကြရသည့် အကျိုးဖြစ်ပေသည်။ ဘုရားသခင်က သူ၏ အမှုကို ဆောင်ရွက်သည်နှင့်အမျှ၊ သူသည် လူသားကို စာတန်လက်မှ တဖြည်းဖြည်း ပြန်ယူနေပြီး၊ ထို့ကြောင့် လူသားသည် ဘုရားသခင်နှင့် ယခင်ထက် သာ၍ နီးကပ်လာပေသည်...

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၃)- ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်

(၁၆) ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ခုလုံး ပြီးဆုံးခါနီးအချိန်တွင်၊ ဘုရားသခင်သည် အရာခပ်သိမ်းကို အမျိုးအစားအလိုက် အတန်းအစား ခွဲခြားလိမ့်မည်။ လူသားကို ဖန်ဆင်းရှင်၏ လက်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆုံးတွင် သူသည် လူသားကို သူ၏ အုပ်စိုးမှုအောက် လုံးဝ ပြန်ပို့ရမည် ဖြစ်သည်။ ဤသည်မှာ အမှု၏ အဆင့်သုံးဆင့် အဆုံးသတ် ဖြစ်သည်။ နောက်ဆုံးသောကာလ အမှု၏ အဆင့်နှင့် ဣသရေလနှင့် ယုဒပြည်တို့ရှိ ယခင်အမှု၏ အဆင့် နှစ်ဆင့်တို့သည် စကြဝဠာ တစ်ခုလုံးရှိ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ် ဖြစ်သည်။ ဤအရာကို မည်သူမျှ မငြင်းနိုင်သကဲ့သို့ ယင်းသည် ဘုရားသခင့် အမှု၏ အမှန်တရား ဖြစ်သည်။ လူတို့သည် ဤအမှုကို များစွာ တွေ့ကြုံခြင်း၊ သို့မဟုတ် မျက်မြင်တွေ့ခြင်း မရှိသော်လည်း၊ အမှန်တရားများသည် အမှန်တရားများသာ ဖြစ်ဆဲဖြစ်ပြီး၊ ဤသည်ကို မည်သည့်လူသားကမျှ ငြင်းဆို၍မရနိုင်ပေ။ စကြဝဠာ၏ တိုင်းပြည်တိုင်း၌ ရှိကြကုန်သော ဘုရားသခင်ကို ယုံကြည်သူ အားလုံးတို့သည် အမှု၏အဆင့်သုံးဆင့်ကို လက်ခံကြလိမ့်မည်။ သင်သည် အမှု၏ သီးသန့်အဆင့် တစ်ဆင့်ကိုသာသိပြီး အမှု၏အခြားအဆင့် နှစ်ဆင့်ကို နားမလည်ပါက၊ အတိတ်အချိန်ကာလများရှိ ဘုရားသခင်၏အမှုကို နားမလည်ပါက၊ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းတွင် သင်သည် သူ့ကို မသိ သို့မဟုတ် နားမလည်သောကြောင့်၊ သင်သည် ဘုရားသခင်ကို သက်သေခံဖို့ မသင့်တော်သည့်အတွက်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုဆိုင်ရာ အစီအစဉ်တစ်ရပ်လုံး၏ သမ္မာတရား တစ်ရပ်လုံးကို ပြောနိုင်ခြင်း မရှိသကဲ့သို့ ဘုရားသခင်နှင့်ဆိုင်သည့် သင်၏ အသိပညာသည် တစ်ဖက်သတ် ဖြစ်လေသည်။ ဤအရာများနှင့်ဆိုင်သည့် သင်၏ လတ်တလော အသိပညာသည် နက်နဲသည်ဖြစ်စေ၊ အပေါ်ယံဖြစ်စေ၊ အဆုံးတွင် သင်တို့သည် အသိပညာရှိရမည် ဖြစ်ပြီး၊ သင်တို့အနေဖြင့် လုံးလုံးလျားလျား လက်ခံယုံကြည်ရမည် ဖြစ်ကာ၊ လူအားလုံးသည် ဘုရားသခင်၏ အမှု အလုံးစုံကို မြင်တွေ့ပြီး၊ ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံကြလိမ့်မည်။ ဤအမှု၏ အဆုံးတွင် ဘာသာတရား အားလုံးသည် တစ်ခုတည်းဖြစ်လာလိမ့်မည် ဖြစ်ပြီး၊ သတ္တဝါ အားလုံးသည် ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်သို့ ပြန်လာကြလိမ့်မည်။ သတ္တဝါအားလုံးသည် စစ်မှန်သည့် တစ်ဆူတည်းသော ဘုရားသခင်ကို ကိုးကွယ်ကြလိမ့်မည် ဖြစ်ပြီး၊ ဆိုးယုတ်သော ဘာသာတရားအားလုံးသည် မည်သည့်အခါမျှ တစ်ဖန် ပေါ်မလာဘဲ အချည်းနှီး ဖြစ်လာလိမ့်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်

(၁၇) အမှု၏ အဆင့်သုံးဆင့်ကို အဘယ်ကြောင့် အဆက်မပြတ် ဤသို့ ရည်ညွှန်းရသနည်း။ ခေတ်များကုန်လွန်ခြင်း၊ လူမှု ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝ၏ သွင်ပြင်အပြောင်းအလဲ အားလုံးတို့သည် အမှု၏ အဆင့်သုံးဆင့်ရှိ အပြောင်းအလဲများနောက် လိုက်ကြသည်။ လူသားမျိုးနွယ်သည် ဘုရားသခင်၏အမှုနှင့် အချိန်ကိုက် ပြောင်းလဲပြီး မိမိဘာသာ ဖွံ့ဖြိုးတိုးတက်သည် မဟုတ်ပေ။ သတ္တဝါအားလုံး၊ ဘာသာတရားတိုင်းနှင့် ဂိုဏ်းဂဏတိုင်းမှ လူအားလုံးတို့ကို တစ်ဆူတည်းသော ဘုရားသခင်၏ အုပ်စိုးမှုအောက်သို့ ခေါ်ဆောင်လာရန် အလို့ငှာ ဘုရားသခင်၏ အမှု အဆင့်သုံးဆင့်ကို ရည်ညွှန်းထားပေသည်။ သင်သည် မည်သည့်ဘာသာတရားနှင့် သက်ဆိုင်သည်ဖြစ်စေ၊ နောက်ဆုံးတွင် သင်တို့ အားလုံးသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံကြလိမ့်မည်။ ဘုရားသခင် ကိုယ်တော်တိုင်သာလျှင် ဤအမှုကို ဆောင်ရွက်နိုင်သည်။ ယင်းကို မည်သည့်ဘာသာရေး ဦးသျှောင်ကမျှ မလုပ်ဆောင်နိုင်ပေ။ ကမ္ဘာတွင် အဓိကဘာသာတရား အချို့ရှိပြီး အသီးသီးသည် ၎င်း၏ကိုယ်ပိုင်ဦးသျှောင် သို့မဟုတ် ခေါင်းဆောင် ရှိပြီး၊ နောက်လိုက်များသည် ကမ္ဘာတစ်ဝှမ်းလုံးရှိ ကွဲပြားသည့် နိုင်ငံများနှင့် ဒေသများသို့ ပျံ့နှံ့နေကြ၏။ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ နိုင်ငံတိုင်းနီးပါးသည် ၎င်း၏ အတွင်း၌ မတူကွဲပြားသည့် ဘာသာတရားများရှိ၏။ သို့ရာတွင် ကမ္ဘာ့အနှံ့တွင် ဘာသာတရား မည်မျှပင်ရှိသည်ဖြစ်စေ၊ စကြဝဠာအတွင်းရှိ လူအားလုံးသည် နောက်ဆုံးတွင် တစ်ဆူတည်းသော ဘုရားသခင်၏ လမ်းပြမှုအောက်၌ တည်ရှိကြပြီး၊ ၎င်းတို့၏ ဖြစ်တည်မှုကို ဘာသာရေးဦးသျှောင်များ၊ သို့မဟုတ် ခေါင်းဆောင်များက လမ်းပြနေသည် မဟုတ်ပေ။ ဆိုလိုသည်မှာ လူသားမျိုးနွယ်ကို သီးသန့် ဘာသာရေးဦးသျှောင် သို့မဟုတ် ခေါင်းဆောင်က လမ်းပြနေခြင်း မဟုတ်ပေ။ ယင်းထက် လူသားမျိုးနွယ်တစ်ရပ်လုံးကို ကောင်းကင်၊ မြေကြီး၊ အရာခပ်သိမ်းနှင့် လူသားမျိုးနွယ်ကိုလည်း ဖန်ဆင်းခဲ့သည့် ဖန်ဆင်းရှင်က ဦးဆောင်လမ်းပြနေခြင်း ဖြစ်၏- ဤသည်မှာ အမှန်တရား ဖြစ်၏။ ကမ္ဘာလောကသည် အဓိက ဘာသာတရားအချို့ ရှိသော်လည်း၊ ၎င်းတို့ မည်မျှကြီးမြတ်စေကာမူ ၎င်းတို့အားလုံးသည် ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်တွင် တည်ရှိပြီး၊ ၎င်းတို့ထဲမှ မည်သည့်ဘာသာကမျှ ဤအုပ်စိုးမှုနယ်ပယ်ကို မကျော်လွန်နိုင်ပေ။ လူသားမျိုးနွယ်၏ ဖွံ့ဖြိုးတိုးတက်မှု၊ လူ့အဖွဲ့အစည်း၏ အစားဝင်နေရာယူခြင်း၊ သဘာဝသိပ္ပံများ၏ တိုးတက်မှု- အသီးသီးသည် ဖန်ဆင်းရှင်၏ အစီအစဉ်များမှ ကင်းကွာ၍မရသကဲ့သို့၊ ဤအမှုသည် သတ်မှတ်ထားသည့် မည်သည့်ဘာသာရေး ဦးသျှောင်တစ်ဦးကမျှ လုပ်ဆောင်၍ရနိုင်သော အရာတစ်ခု မဟုတ်ပေ။ ဘာသာရေး ဦးသျှောင်တစ်ဦးသည် သီးသန့်ဘာသာတရား တစ်ခု၏ ခေါင်းဆောင်များမျှသာ ဖြစ်ပြီး၊ ဘုရားသခင်ကို ကိုယ်စားမပြုနိုင်သကဲ့သို့ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းသူအား ကိုယ်စားမပြုနိုင်ပေ။ ဘာသာရေးဦးသျှောင်တစ်ဦးသည် ဘာသာတရား တစ်ရပ်လုံးအတွင်း ရှိသူအားလုံးကို ဦးဆောင်နိုင်သော်လည်း၊ ကောင်းကင်အောက်ရှိ သတ္တဝါအားလုံးကို ကွပ်ကဲအုပ်ချုပ်နိုင်ခြင်း မရှိပေ- ဤသည်မှာ စကြဝဠာတစ်ခုလုံးက လူတကာအသိအမှတ်ပြုထားသည့် အချက်ဖြစ်၏။ ဘာသာရေးဦးသျှောင်တစ်ဦးသည် ခေါင်းဆောင်တစ်ဦးသာ ဖြစ်ပြီး၊ ဘုရားသခင် (ဖန်ဆင်းရှင်) နှင့် တန်းတူ မရပ်တည်နိုင်ပေ။ အရာအားလုံးသည် ဖန်ဆင်းရှင်၏ လက်ထဲတွင် ရှိကြပြီး၊ အဆုံးတွင် ၎င်းတို့အားလုံးသည် ဖန်ဆင်းရှင်၏ လက်ထဲသို့ ပြန်လာကြလိမ့်မည်။ လူသားမျိုးနွယ်ကို ဘုရားသခင် ပြုလုပ်ခဲ့ပြီး၊ မည်သည့်ဘာသာဖြစ်စေ၊ လူတိုင်း ဘုရားသခင်၏ အုပ်စိုးမှုအောက်သို့ ပြန်လာကြလိမ့်မည်- ဤသည်ကို ရှောင်လွှဲ၍မရပေ။ ဘုရားသခင်သည်သာ အရာခပ်သိမ်းအလယ် အမြင့်မားဆုံး ဖြစ်ပြီး၊ သတ္တဝါ အားလုံးအလယ် အမြင့်မားဆုံးသော အုပ်စိုးသူသည်လည်း သူ၏အုပ်စိုးမှုအောက်သို့ ပြန်လာရလိမ့်မည်။ လူသား၏ အဆင့်အတန်း မည်မျှမြင့်မားသည်ဖြစ်စေ၊ လူသည် လူသားမျိုးနွယ်ကို သင့်တော်သည့် ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားနိုင်ခြင်း မရှိသကဲ့သို့၊ မည်သူမျှ အရာခပ်သိမ်းကို အမျိုးအစားအလိုက် အတန်းအစား ခွဲခြားနိုင်ခြင်း မရှိပေ။ ယေဟောဝါကိုယ်တိုင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး၊ အသီးသီးကို အမျိုးအစားအလိုက် အတန်းစား ခွဲခြားခံရပြီး၊ နောက်ဆုံးအချိန် ရောက်သည့်အခါ၊ သူသည် အရာခပ်သိမ်းကို အမျိုးအစားအလိုက် အတန်းအစား ခွဲခြားလျက် သူ၏ကိုယ်ပိုင်အမှုကို သူကိုယ်တိုင် လုပ်ဆောင်လိမ့်ဦးမည်- ဤအမှုကို ဘုရားသခင်မှလွဲ၍ မည်သူကမျှ မလုပ်ဆောင်နိုင်ပေ။ အစအဦးမှသည် ယနေ့ထိတိုင် ဆောင်ရွက်ခဲ့သည့် အမှု၏အဆင့်သုံးဆင့်ကို ဘုရားသခင်ကိုယ်တော်တိုင်က အားလုံး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကာ၊ တစ်ဆူတည်းသော ဘုရားသခင်က ဆောင်ရွက်ခဲ့ခြင်း ဖြစ်၏။ အမှု၏ အဆင့်သုံးဆင့်၏ အမှန်တရားသည် လူသားမျိုးနွယ်အားလုံးကို ဘုရားသခင်၏ ဦးဆောင်လမ်းပြခြင်း အမှန်တရား၊ မည်သူမျှ မငြင်းနိုင်သော အမှန်တရား ဖြစ်၏။ စကြဝဠာ တစ်ခုလုံးတွင် ဤတစ်ဆူတည်းသော ဘုရားသခင်သာ တည်ရှိပြီး၊ အခြားဘာသာတရားများ မရှိသည့်အတွက်၊ အမှု၏ အဆင့်သုံးဆင့် အဆုံးတွင် အရာခပ်သိမ်းသည် အမျိုးအစားအလိုက် အတန်းစား ခွဲခြားခံရလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ အုပ်စိုးမှုအောက် ပြန်လာကြလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်

(၁၈) အမှု၏ အဆင့်သုံးဆင့်နှင့်ဆိုင်သည့် ပဟေဠိကို လူသားမျိုးနွယ်ထံ အသိပေးသည့်အခါ၊ ဘုရားသခင်ကို သိရှိသည့် ပါရမီရှင်အုပ်စု တစ်စုပြီးတစ်စု ပေါ်ကောင်း ပေါ်လာပေမည်။ ဟုတ်ပေ၏၊ ထိုသို့ဖြစ်သည်ကို ငါမျှော်လင့်မိပြီး၊ ထို့အပြင် ငါသည် ဤအမှုအား ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်တွင် ရှိပြီး၊ မကြာတော့သည့် အနာဂတ်တွင် ပိုမိုများပြားသည့် ထိုသို့သော ပါရမီရှင်များ ပေါ်ထွက်ခြင်းကိုတွေ့ရန် ငါမျှော်လင့်သည်။ ၎င်းတို့သည် ဤအမှုအဆင့်သုံးဆင့်၏ အဖြစ်မှန်များကို သက်သေခံသူများ ဖြစ်လာကြလိမ့်မည် ဖြစ်ပြီး၊ ဤအမှု၏ အဆင့်သုံးဆင့်အတွက် ပထမဆုံး သက်သေခံသူများလည်း ဖြစ်မည်မှာ အမှန်ဖြစ်သည်။ ဘုရားသခင်၏အမှု အဆုံးသတ်သည့်နေ့တွင် ထိုသို့သော ပါရမီရှင်များ မပေါ်ထွက်ပါက၊ သို့မဟုတ် လူ့ဇာတိခံ ဘုရားသခင်၏ စုံလင်စေခြင်းကို ကိုယ်တိုင်ကိုယ်ကျ လက်ခံပြီးသူ ထိုသို့သောလူ တစ်ဦး နှစ်ဦးသာ ရှိပါက၊ သာ၍ စိတ်သောကရောက်စရာနှင့် သာ၍နောင်တရစရာ မည်သည့်အရာမျှ ရှိမည်မဟုတ်ပေ။ သို့သော် ဤသည်မှာ အဆိုးဆုံး ဖြစ်နိုင်ခြေသာ ဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ၊ အမှန်တကယ် လိုက်စားသူများသည် ဤကောင်းချီးမင်္ဂလာကို ရရှိနိုင်မည်ဟု ငါမျှော်လင့်ဆဲဖြစ်၏။ အချိန်၏ အစကတည်းက၊ ဤကဲ့သို့သောအမှု တစ်ခါမျှ မရှိဖူးပေ။ လူသား၏ ဖွံ့ဖြိုးတိုးတက်မှု သမိုင်းတွင် ထိုသို့သော တာဝန်တစ်ခုသည် မည်သည့်အခါမျှ မဖြစ်ပေါ်ဖူးပေ။ အကယ်၍ သင်သည် ဘုရားသခင်ကို အဦးဆုံးသိသူများထဲမှ တစ်ဦး အမှန်တကယ် ဖြစ်လာနိုင်ပါက၊ ဤသည်မှာ သတ္တဝါများအားလုံးအလယ်တွင် အမြင့်ဆုံးသော ဂုဏ်သိက္ခာတစ်ရပ် ဖြစ်မည်မဟုတ်လော။ လူသားမျိုးနွယ်ထဲမှ အဖန်ဆင်းခံသတ္တဝါ တစ်ဦးတစ်လေသည် ဘုရားသခင်၏ ချီးကျူးခြင်းကို သာ၍ ခံရမည်လော။ ထိုသို့သောအမှုကို စွမ်းဆောင်ရရှိရန် မလွယ်သော်လည်း၊ နောက်ဆုံးတွင် ဆုလာဘ်များ ရိတ်သိမ်းရလိမ့်ဦးမည် ဖြစ်သည်။ ၎င်းတို့ အမျိုးသား အမျိုးသမီးဖြစ်မှု၊ သို့မဟုတ် နိုင်ငံသားဖြစ်ခြင်းတို့ကို ပဓာနမထားဘဲ၊ ဘုရားသခင်၏အလိုတော်နှင့်ဆိုင်သည့် အသိပညာ ရရှိနိုင်စွမ်း ရှိသူများသည် နောက်ဆုံးတွင် ဘုရားသခင်၏ အကြီးမားဆုံးသော ဂုဏ်ပြုခြင်းကို ရရှိလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ သြဇာအာဏာကို ပိုင်ဆိုင်သည့် တစ်ဦးတည်းသောသူများသာ ဖြစ်ကြလိမ့်မည်။ ဤသည်မှာ ယနေ့၏အမှုဖြစ်ပြီး အနာဂတ်၏အမှုလည်း ဖြစ်၏။ ဤသည်မှာ အနှစ်ခြောက်ထောင် အမှုတွင် ပြီးမြောက်မည့် နောက်ဆုံးနှင့် အမြင့်မားဆုံးသော အမှုဖြစ်ကာ လူသား၏ အတန်းအစားအသီးသီးကို ထုတ်ဖော်ပြသည့် အမှုပြုခြင်း နည်းလမ်းတစ်ခု ဖြစ်သည်။ လူသားအား ဘုရားသခင်ကို သိစေခြင်း အမှုမှတစ်ဆင့် လူသား၏ မတူကွဲပြားသည့် အဆင့်များကို ဖော်ထုတ်ပြသည်- ဘုရားသခင်ကို သိသူများသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရရှိရန်နှင့် သူ၏ကတိများကို လက်ခံရန် အရည်အချင်းမီကြသော်လည်း၊ ဘုရားသခင်ကို မသိသူများသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရရှိရန်နှင့် သူ၏ကတိများကို လက်ခံရန် အရည်အချင်း မမီကြပေ။ ဘုရားသခင်ကို သိသူများသည် ဘုရားသခင်နှင့် ရင်းနှီးသူများ ဖြစ်ပြီး၊ ဘုရားသခင်ကို မသိသူများအား ဘုရားသခင်နှင့် ရင်းနှီးသူများဟု ခေါ်၍မရပေ။ ဘုရားသခင်၏ ရင်းနှီးသူများသည် ဘုရားသခင်၏ မည်သည့် ကောင်းချီးမင်္ဂလာကိုမဆို လက်ခံရရှိနိုင်သော်လည်း၊ သူနှင့် မရင်းနှီးသူများသည် သူ၏မည်သည့် အမှုနှင့်မျှ မထိုက်တန်ပေ။ ဆင်းရဲဒုက္ခများဖြစ်စေ၊ စစ်ဆေးခြင်း ဖြစ်စေ၊ တရားစီရင်ခြင်းဖြစ်စေ၊ ဤအားလုံးသည် နောက်ဆုံးတွင် ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာအား လူသားကို ရရှိခွင့်ပေးခြင်းအတွက်နှင့် ဘုရားသခင်ကို လူသားက ကျိုးနွံနာခံနိုင်ရန်အလို့ငှာ ဖြစ်၏။ ဤသည်မှာ အဆုံးတွင်ရရှိမည့် တစ်ခုတည်းသော အကျိုးတရား ဖြစ်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်

(၁၉) အမှု၏ အဆင့်သုံးဆင့် အဆုံးသတ်သို့ ရောက်လာသည့်အခါ၊ ဘုရားသခင်အဖို့ သက်သေခံသူများ အုပ်စု၊ ဘုရားသခင်ကို သိသူများ အုပ်စုတစ်စုကို ပြုလုပ်လိမ့်မည်။ ဤလူအားလုံးသည် ဘုရားသခင်ကို သိလိမ့်မည် ဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကြပေလိမ့်မည်။ ၎င်းတို့သည် လူ့သဘာဝနှင့် အသိစိတ်တို့ ပိုင်ဆိုင်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ ကယ်တင်ခြင်း အမှု၏ အဆင့်သုံးဆင့်ကို အားလုံး သိကြလိမ့်မည်။ ဤသည်မှာ အဆုံးတွင် ပြီးမြောက်မည့် အမှုဖြစ်ပြီး၊ ဤလူတို့သည် အနှစ်ခြောက်ထောင် စီမံခန့်ခွဲခြင်း အမှု၏ ပုံဖော်ချက် ဖြစ်ကြသကဲ့သို့၊ စာတန်၏ အဆုံးစွန် ရှုံးနိမ့်မှုအဖို့ အားအကောင်းဆုံးသော သက်သေခံချက် ဖြစ်၏။ ဘုရားသခင်အဖို့ သက်သေခံနိုင်သူများသည် ဘုရားသခင်၏ကတိတော်နှင့် ကောင်းချီးမင်္ဂလာ တို့ကို ရရှိနိုင်လိမ့်မည် ဖြစ်ပြီး၊ တကယ့် အဆုံးတွင် ကျန်ရှိသည့်အုပ်စု၊ ဘုရားသခင်၏ ဩဇာအာဏာကို ပိုင်ဆိုင်ပြီး ဘုရားသခင်အဖို့ သက်သေခံသည့် အုပ်စု ဖြစ်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်

(၂၀) သူ၏ အနှစ်ခြောက်ထောင် အမှုကို လက်ရှိအချိန်အထိ ဆောင်ရွက်ပြီးသည့်နောက်တွင်၊ ဘုရားသခင်သည် သူ၏ ဆောင်ရွက်ချက် များစွာကို ထုတ်ဖော်ပြနှင့်ပြီးဖြစ်သည်၊ ယင်း၏ အဓိက ရည်ရွယ်ချက်မှာ စာတန်ကို အနိုင်ယူဖို့နှင့် လူသားမျိုးနွယ်အားလုံးထံ ကယ်တင်ခြင်း ဆောင်ကြဉ်းဖို့ ဖြစ်လေပြီးဖြစ်သည်။ သူသည် ကောင်းကင်ဘုံရှိ အရာရာတိုင်း၊ မြေကြီးပေါ်ရှိ အရာရာတိုင်း၊ ပင်လယ်များထဲက အရာရာတိုင်းနှင့် မြေကြီးပေါ်ရှိ ဘုရားသခင်၏ ဖန်ဆင်းခြင်းထဲက နောက်ဆုံး အရာဝတ္ထုတိုင်းအား သူ၏ အနန္တတန်ခိုးကို တွေ့မြင်ခွင့်ပေးဖို့နှင့် သူ၏ ဆောင်ရွက်ချက်များအားလုံးကို မျက်မြင်တွေ့ခွင့်ပေးဖို့ ဤအခွင့်အရေးကို အသုံးပြုလေသည်။ သူသည် သူ၏ လုပ်ဆောင်ချက်များအားလုံးကို လူသားများထံ ထုတ်ဖော်ပြဖို့နှင့် သူ့ကို ချီးမွမ်းနိုင်ကြစေကာ စာတန်ကို အနိုင်ယူရာတွင် သူ၏ ဉာဏ်ပညာကို ချီးမြှောက်နိုင်ကြစေဖို့ သူ၏ စာတန်ကို အနိုင်ယူခြင်းက ပေးသည့် အခွင့်အရေးကို သူ မလွှတ်တမ်း အသုံးချနေသည်။ ကမ္ဘာမြေပေါ်၊ ကောင်းကင်ဘုံနှင့် ပင်လယ်များအတွင်းရှိ အရာအားလုံးသည် ဘုရားသခင်ထံ ဘုန်းအသရေ ဆောင်ကြဉ်းကြသည်၊ သူ၏အနန္တတန်ခိုးကို ချီးမွမ်းကြပြီး၊ သူ၏လုပ်ဆောင်ချက်တစ်ခုစီတိုင်းကို ချီးမွမ်းကာ သူ၏သန့်ရှင်းသည့် အမည်နာမကို ဟစ်ကြွေးကြလေသည်။ ဤအရာသည် စာတန်ကို သူ၏ အနိုင်ယူခြင်း သက်သေဖြစ်သည်။ ယင်းမှာ စာတန်ကို သူ၏ ချေမှုန်းခြင်း သက်သေဖြစ်သည်။ ပိုပြီးအရေးကြီးသည်မှာ၊ ယင်းသည် လူသားမျိုးနွယ်နှင့်ဆိုင်သည့် သူ၏ ကယ်တင်ခြင်း သက်သေ ဖြစ်သည်။ ဘုရားသခင်၏ ဖန်ဆင်းခြင်းတစ်ရပ်လုံးသည် သူ့ထံ ဘုန်းအသရေ ဆောင်ကြဉ်း၏၊ သူ၏ရန်သူကို အနိုင်ယူခြင်းနှင့် အောင်နိုင်လျက် ပြန်လာခြင်းအတွက် သူ့ကို ချီးမွမ်းကြပြီး၊ ကြီးမြတ်သည့် အောင်နိုင်သော ရှင်ဘုရင်အဖြစ် သူ့ကို ချီးကျူးထောမနာပြုကြလေသည်။ သူ၏ ရည်ရွယ်ချက်သည် စာတန်ကို ချေမှုန်းရုံမျှ မဟုတ်၊ ယင်းမှာ အနှစ်ခြောက်ထောင်ကြာ သူ၏ အမှု ဆက်လက် လုပ်ဆောင်ရသည့် အကြောင်းရင်း ဖြစ်သည်။ သူသည် လူသားမျိုးနွယ်ကို ကယ်တင်ဖို့ စာတန်၏ ရှုံးနိမ့်မှုကို အသုံးပြုသည်။ သူသည် သူ၏ဆောင်ရွက်မှုများ အားလုံးနှင့် သူ၏ဘုန်းအသရေ အားလုံးတို့ကို ထုတ်ဖော်ပြဖို့ စာတန်၏ ရှုံးနိမ့်မှုကို အသုံးပြုသည်။ သူသည် ဘုန်းအသရေကို ရရှိလိမ့်မည်ဖြစ်ပြီး၊ ကောင်းကင်တမန် အသင်္ချေအားလုံးသည် သူ၏ဘုန်းအသရေအားလုံးကို မြင်ကြရလိမ့်မည် ဖြစ်သည်။ ကောင်းကင်ဘုံရှိ စေတမန်များ၊ ကမ္ဘာမြေပေါ်ရှိ လူသားများနှင့် ကမ္ဘာပေါ်ရှိ ဖန်ဆင်းခြင်းအရာများ အားလုံးသည် ဖန်ဆင်းရှင်၏ ဘုန်းအသရေကို မြင်ကြရလိမ့်မည်။ ဤသည်မှာ သူလုပ်ဆောင်သည့် အမှုဖြစ်သည်။ ကောင်းကင်ဘုံနှင့် မြေကြီးပေါ်ရှိ သူ၏ ဖန်ဆင်းခြင်းအားလုံးသည် သူ၏ဘုန်းအသရေကို မျက်မြင်တွေ့လိမ့်မည် ဖြစ်ပြီး၊ စာတန်ကို အပြတ်အသတ် အနိုင်ယူပြီးသည့်နောက်တွင် သူသည် အောင်နိုင်လျက် ပြန်လာလိမ့်မည် ဖြစ်ပြီး၊ လူသားမျိုးနွယ်ကို သူ့အား ချီးမွမ်းခွင့်ပေးမည် ဖြစ်ကာ၊ ထိုသို့ဖြင့် သူ၏ အမှုတွင် နှစ်ဆသော အောင်မြင်မှုကို စွမ်းဆောင်ရရှိလိမ့်မည် ဖြစ်သည်။ အဆုံးတွင် လူသားမျိုးနွယ် အားလုံးသည် သူ၏ သိမ်းပိုက်ခြင်းခံရကြလိမ့်မည် ဖြစ်ပြီး၊ ခုခံသည့်သူ သို့မဟုတ် ပုန်ကန်သူ မည်သူမဆိုကို သူဖယ်ရှားပစ်မည် ဖြစ်သည်။ တစ်နည်းအားဖြင့် စာတန်နှင့် သက်ဆိုင်သည့် သူအားလုံးကို သူဖယ်ရှားပစ်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် မျက်မှောက်ခေတ်ထိ မည်သို့ ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်သည်ကို သင်သိသင့်သည်

နောက်တစ်ခုသို့- နိဒါန်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။