၁၀၅ အမှုအဆင့်သုံးဆင့်သည် လူသားကို ဘုရားစီမံခန့်ခွဲမှုအကြောင်း အားလုံးပြောပြ၏ကျူး
၁ လူသားမျိုးနွယ်အား စီမံခန့်ခွဲခြင်းအမှုကို အဆင့်သုံးဆင့်ခွဲထား၏၊ ဆိုလိုသည်မှာ လူသားမျိုးနွယ်အား ကယ်တင်ခြင်းအမှုကို အဆင့်သုံးဆင့် ခွဲထားခြင်းဖြစ်သည်။ ဤအဆင့်သုံးဆင့်တွင် ကမ္ဘာလောကကို ဖန်ဆင်းခြင်းအမှု မပါဝင်ဘဲ၊ ယင်းထက် ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော်ခေတ်အမှု၏ အဆင့်သုံးဆင့်တို့ ဖြစ်ကြ၏။ ကမ္ဘာလောကကို ဖန်ဆင်းခြင်းအမှုသည် လူသားမျိုးနွယ် တစ်ရပ်လုံးကို ဖြစ်ပေါ်စေခြင်းအမှု ဖြစ်၏။ ယင်းသည် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုနှင့် မည်သည့် ဆက်နွှယ်မှုမျှ မရှိပေ။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာမြေကြီးကို ဖန်ဆင်းခဲ့ချိန်၌ လူသားသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း မခံခဲ့ရသေးသဖြင့် လူသားမျိုးနွယ်အား ကယ်တင်ခြင်းအမှုကို ဆောင်ရွက်ရန် မလိုအပ်ခဲ့ပေ။
၂ ဘုရားသခင်၏ လူသားအပေါ် စီမံခန့်ခွဲခြင်းသည် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု၏ ရလဒ်အဖြစ် စတင်ခဲ့ခြင်း ဖြစ်ပြီး၊ ကမ္ဘာလောကကို ဖန်ဆင်းခြင်းအမှုမှ ပေါ်ပေါက်လာခဲ့ခြင်း မဟုတ်ပေ။ လူသားမျိုးနွယ်က ဖောက်ပြန်ပျက်စီးသည့် စိတ်နေသဘောထားကို ရရှိခဲ့သည့်နောက်မှသာ စီမံခန့်ခွဲခြင်းအမှု ဖြစ်တည်လာခဲ့ခြင်း ဖြစ်သည်၊ ထို့ကြောင့် လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်းအမှုတွင် အဆင့်လေးဆင့်၊ သို့မဟုတ် ခေတ်လေးခေတ်ထက် အပိုင်းသုံးပိုင်း ပါရှိပေသည်။ ဤသည်သာလျှင် ဘုရားသခင်၏ လူသားမျိုးနွယ်အပေါ် စီမံခန့်ခွဲခြင်းအမှုကို ရည်ညွှန်းသည့် မှန်ကန်သော နည်းလမ်း ဖြစ်သည်။ နောက်ဆုံးသော ခေတ်ပြီးဆုံးချိန်တွင်၊ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်းအမှုသည် ပြီးပြည့်စုံသော အဆုံးသတ်တစ်ခုသို့ ရောက်လာပြီးဖြစ်လိမ့်မည်။ စီမံခန့်ခွဲခြင်းအမှု ပြီးဆုံးခြင်းသည် လူသားမျိုးနွယ် အားလုံးကို ကယ်တင်ခြင်းအမှု လုံးဝ ပြီးဆုံးပြီးဖြစ်လိမ့်မည် ဖြစ်သကဲ့သို့၊ လူသားမျိုးနွယ်သည် ၎င်း၏ခရီးလမ်းဆုံးသို့ ရောက်ရှိပြီးဖြစ်လိမ့်မည်ဟု ဆိုလို၏။
၃ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါများအနေဖြင့် လူသားကို ဘုရားသခင်က ဖန်ဆင်းထားသည်ကို သင်တို့ အသိအမှတ်ပြုသင့်ပြီး၊ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်း အရင်းအမြစ်ကို သင်တို့ အသိအမှတ်ပြုသင့်ကာ၊ ထို့အပြင် လူသား၏ ကယ်တင်ခြင်း လုပ်ငန်းစဉ်ကို သတိပြုသင့်သည်။ အမှု၏ အဆင့် သုံးဆင့်သည် လူသားအပေါ် ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့်ဆိုင်သော အတွင်းဇာတ်လမ်း၊ စကြဝဠာ တစ်ခွင်လုံး၏ ဧဝံဂေလိတရား ပေါ်ထွန်းခြင်း၊ လူသားမျိုးနွယ် အားလုံးအလယ် အကြီးမားဆုံးသော နက်နဲမှု ဖြစ်ပြီး၊ ယင်းတို့သည် ဧဝံဂေလိတရား ဖြန့်ဝေခြင်း၏ အခြေခံအုတ်မြစ်လည်း ဖြစ်၏။ သင်သည် သင့်အသက်တာနှင့် ဆက်နွှယ်သည့် ရိုးရှင်းသော သမ္မာတရားများကို သိနားလည်ခြင်းအပေါ်သာ အာရုံစိုက်ပြီး နက်နဲမှုများနှင့် ရူပါရုံများ အနက် အကြီးမြတ်ဆုံးဖြစ်သည့် ဤအရာနှင့်သက်ဆိုင်၍ မည်သည့်အရာမျှ မသိရှိပါက၊ သင်၏ အသက်သည် ကြည့်ဖို့မှလွဲ၍ မည်သည့်အရာအတွက်မျှ မကောင်းသော ချွတ်ယွင်းနေသည့် ပစ္စည်းတစ်ခုနှင့် တူသည် မဟုတ်ပါလော။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်