၁၀၄ ဘုရား၏ရယူခြင်းကို ခံရသူတို့သည် ထာဝရကောင်းချီးများကို မွေ့လျော်ရလိမ့်မည်
၁
ဘုရား၏အမှု နှစ်ခြောက်ထောင်တိုင် တည်မည်
လူသားတစ်ခုလုံးအပေါ် နတ်ဆိုး၏ အုပ်စိုးခြင်းမှာ
နှစ်ခြောက်ထောင်ထက် မပိုစေဖို့ ဘုရား ကတိပေးခဲ့
ထို့ကြောင့် အချိန်စေ့ပြီ၊ ဘုရား ဆက်လက်လုပ်ဆောင်၊
နှောင့်နှေးမည် မဟုတ်တော့ပါ
နောက်ဆုံးသောကာလတွင် စာတန်ကို သူ နှိမ်နင်းမည်၊
ဘုန်းတော်အားလုံး ပြန်သိမ်းပိုက်မည်၊
ပူဆွေးနေသော ဝိညာဉ်များ ဒုက္ခပင်လယ်ထဲမှ လွတ်မြောက်နိုင်ရန်
မြေကြီးပေါ်ရှိ သူပိုင်ဆိုင်သည့် ဝိညာဉ်အားလုံး ပြန်သိမ်းယူမည်
မြေကြီးပေါ်ရှိ အမှုတော်တစ်ခုလုံးကို အဆုံးသတ်လိမ့်မည်။
ဘုရားသည်နောက်ထပ် ဘယ်တော့မှ လောကသို့ လူ့အဖြစ်မ ခံ ယူတော့ပါ
ဝိညာဉ်တော်သည် နောက်ထပ် ဘယ်တော့မှ လောကတွင် အမှုမပြုတော့ပါ
သူသည် လူသားတို့ကို သန့်ရှင်းသောလူသားများဖြစ်စေ၍
မြေကြီးပေါ်တွင် သူ၏သစ္စာရှိသောမြို့ ပြန်ဖြစ်စေမည်။
၂
ဘုရား လူသားအားလုံး မဖျက်ဆီးဘူး၊
တစ်လောကလုံးကို သူ အဆုံးသတ်စေမည် မဟုတ်
သိမ်းယူခံရသူနှင့် သူ့ကို ချစ်သောသူ သုံးချိုးတစ်ချိုး ချန်ရစ်ထားမည်။
ရှေးအစ္စရေးလူမျိုးကဲ့သို့ မြေကြီးပေါ်တွင် များပြားစွာ မွေးဖွားစေမည်
ထောက်ပံ့မှုနှင့် မြေကြီးပေါ်ရှိ ကြွယ်ဝမှုအားလုံး သူအပ်နှင်းမည်။
စာတန်၏ဖျက်ဆီးခြင်း မခံရဘဲ
သူကတိပေးခဲ့သောအရာကို ဤလူသားများ ရရှိကြမှာ။
သိမ်းယူခြင်းခံရသောလူသားများ ကျန်ရစ်ကာ၊
မြေကြီးပေါ်၌ ကောင်းကြီးများ ခံစားရမည်။
စာတန်ပေါ် ဘုရား၏အောင်နိုင်ခြင်းသက်သေတွေပဲ
ထိုသူတို့ ဘုရားနှင့် ထာဝရအသက်ရှင်မည်၊ ညစ်ညမ်းခြင်း မရှိတော့ပြီ
စာတန်ကျဆုံးပြီးနောက် ဘုရား သိမ်းယူထားသူအားလုံး ကျန်ရှိမည်။
၃
အသားအရောင်မျိုးစုံ၊ ဓလေ့အမျိုးမျိုးနှင့်
တိုင်းနိုင်ငံခပ်သိမ်း၊ ဂိုဏ်းဂဏအသီးသီး၊
ဘာသာစကားကွဲပြားသော လူမျိုးစုအသီးသီးမှ လာကြသည်
ဘုရား၏ကယ်တင်ခြင်း အသီးအပွင့်တွေပဲ။
စာတန်လက်မှ ဘုရား ကယ်ထုတ်ခဲ့သော လက်ရပစ္စည်းများ
ဘုရား၏နှစ်ခြောက်ထောင်စီမံခန့်ခွဲမှု အသီးအပွင့်များပဲ
ကမ္ဘာတစ်ဝှမ်း ပျံ့နှံ့
ညီညွတ်ပေါင်းစည်း၊ လူသား အဖွဲ့အစည်း
စာတန်၏ အခွင့်တန်ခိုး မသက်ရောက်နိုင်။
ဘုရား၏ ကယ်တင်ခြင်း အသီးအပွင့်များ ဖြစ်ကြ၊ အသီးအပွင့်များ ဖြစ်ကြ။
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမျက်ဒေါသ ကျရောက်မည့်နေ့ကို အသွေးအသားရှိသောသူ မည်သူမျှ မလွတ်မြောက်နိုင်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်