၃၀၉ ခရစ်တော်အတွက် စစ်မှန်သည့် ယုံကြည်ခြင်းနှင့် ချစ်ခြင်း သင်၌ရှိသလောကျူး
၁ သင်တို့အားလုံးသည် ဘုရားသခင်၏ရှေ့၌ ဆုချီးမြှင့်ခံလိုကြပြီး ဘုရားသခင်၏ မျက်နှာသာပေးခြင်းကို ခံလိုကြသည်၊ လူတိုင်းသည် ဘုရားသခင်ကို စတင်ယုံကြည်သောအခါ ထိုသို့သောအရာများကို မျှော်လင့်ကြသည်၊ အဘယ်ကြောင့်ဆိုသော် လူတိုင်းသည် သာ၍မြင့်မားသော အရာများနောက် ကောက်ကောက်ပါအောင် လိုက်ခြင်းတွင် အာရုံများနေပြီး မည်သူကမျှ အခြားသူများ၏နောက်တွင် မကျန်ခဲ့လိုသောကြောင့် ဖြစ်သည်။ လူတို့သည် ထိုအတိုင်းပင် ဖြစ်ကြသည်။ ထိုအကြောင်းအတိအကျကြောင့်ပင် သင်တို့အထဲမှ လူတော်တော်များများသည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို မျက်နှာလို မျက်နှာရလုပ်ရန် စဉ်ဆက်မပြတ် ကြိုးစားနေကြခြင်းဖြစ်သည်၊ သို့သော် စင်စစ်အားဖြင့် ဘုရားသခင်အပေါ်၌ထားသော သင်တို့၏ သစ္စာစောင့်သိမှုနှင့် ရိုးသားပွင့်လင်းမှုသည် သင်တို့၏ ကိုယ့်ကိုယ်ကိုယ် အပေါ်ထားသော သစ္စာစောင့်သိမှု၊ ရိုးသားပွင့်လင်းမှုတို့နှင့်ယှဉ်လျှင် အလွန်ပင် နည်းလှသည်။
၂ အပြင်ပန်းအားဖြင့် သင်တို့အားလုံးသည် မြေကြီးပေါ်ရှိ ခရစ်တော်ကို အလွန်နာခံကြသည်ဟု ထင်ရသော်လည်း စင်စစ်အားဖြင့် သင်တို့၌ ခရစ်တော်ကို ယုံကြည်ခြင်း မရှိကြသကဲ့သို့ သူ့ကို ချစ်လည်းမချစ်ကြပေ။ ဆိုလိုသည်မှာ သင်တို့ ဧကန်အမှန် ယုံကြည်သောသူသည် သင်တို့၏ခံစားချက်များနှင့်ဆိုင်သည့် မရေရာသော ဘုရားသခင်သာဖြစ်ပြီး သင်တို့ဧကန်အမှန်ချစ်သည့်သူမှာ နေ့ညမပြတ် သင်တို့တောင့်တသော်လည်း လူကိုယ်တိုင် မည်သည့်အခါမျှ မမြင်ဖူးသည့် ဘုရားသခင်သာဖြစ်သည်။ ဤခရစ်တော်အပေါ်၌ထားသော သင်တို့၏ ယုံကြည်ခြင်းမှာမူ စိုးစဉ်းမျှသာဖြစ်ပြီး သူ့အပေါ် သင်တို့၏ ချစ်ခြင်းမှာလည်း ဘာမျှမဟုတ်ပေ။
၃ ယုံကြည်ခြင်းဟုဆိုရာ၌ ယုံကြည်မှုနှင့် စိတ်ချမှုကိုဆိုလို၍ ချစ်ခြင်းသည် မည်သည့်အခါမျှ ခွဲခွာခြင်းမရှိသည့် ကြည်ညိုခြင်းနှင့် စိတ်နှလုံးထဲ၌ နှစ်ထောင်းအားရ သဘောကျခြင်းကို ဆိုလိုသည်။ သို့တိုင် ယနေ့ကာလ၏ ခရစ်တော်အပေါ်၌ထားရှိသော သင်တို့၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်းသည် ထိုအရာကိုမီရန် များစွာလိုအပ်နေ၏။ ယုံကြည်ခြင်းနှင့်ပတ်သက်၍ သင်တို့အနေဖြင့် သူ့ကို မည်သို့ယုံကြည်သနည်း။ ချစ်ခြင်းနှင့်ပတ်သက်၍ သင်တို့အနေဖြင့် သူ့ကို မည်သို့ချစ်သနည်း။ သင်တို့သည် သူ၏စိတ်သဘောထားကို လုံးဝ နားမလည်ကြ၊ သူ၏အနှစ်သာရကို သာ၍ပင် မသိကြ၊ ထိုသို့ဖြစ်သောကြောင့် သင်တို့သည် သူ့ကို မည်သို့ယုံကြည်ကြသနည်း။ သူ့အပေါ် သင်တို့ယုံကြည်ခြင်း၏ စစ်မှန်မှုသည် အဘယ်မှာနည်း။ သင်တို့အနေဖြင့် သူ့ကို မည်သို့ချစ်သနည်း။ သူ့ကို သင်တို့ချစ်ခြင်း၏ စစ်မှန်မှုသည် အဘယ်မှာနည်း။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မြေကြီးပေါ်ရှိ ဘုရားသခင်ကို သိရှိနိုင်ပုံ” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်