မေးခွန်း (၃) ဒါပေမဲ့ ကျွန်တော်တို့ယုံကြည်တဲ့ သခင်ယေရှုက ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်းပါပဲ သခင်ယေရှုက ဘုရားသခင်ရဲ့ရွေးနုတ်ခြင်းအမှုကို ပြုခဲ့တယ်။ ဒါကို ဘယ်သူမှ မငြင်းရဲပါဘူး ဒါပေမဲ့ ခင်ဗျားတို့ယုံကြည်တဲ့ ဒီ အနန္တတန်ခိုးရှင်ဘုရားကတော့ ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်း လုံး၀ မဟုတ်ပါဘူး ဘာကြောင့်လဲဆိုတော့ အနန္တတန်ခိုးရှင်ဘုရားသခင်နဲ့ပတ်သက်တဲ့ မှတ်တမ်းမှတ်ရာက ကျမ်းစာထဲမှာ မရှိဘူး ဒါကြောင့်လည်း ဘာသာရေးလောကရဲ့သင်းအုပ်၊ အကြီးအကဲတွေက ခင်ဗျားတို့ယုံကြည်တဲ့ သူဟာ လူသားတစ်ယောက်ပါပဲလို့ ပြောကြတာပေါ့ ခင်ဗျားတို့ အရူးလုပ်ခံရပြီလို့ ပြောကြတယ်လေ ကျွန်တော်တို့ယုံကြည်တဲ့ သခင်ယေရှုကသာ ခရစ်တော်ပါ။ ဘုရားသခင်ရဲ့သားတော်ပါပဲ “ခင်ဗျားတို့ယုံကြည်တဲ့ ဒီ အနန္တတန်ခိုးရှင်ဘုရားသခင်ကတော့ လူသားတစ်ယောက်ပါပဲ။ ဒါကလွဲပြီး တခြား ဘာဖြစ်နိုင်မှာတုန်း”

အဖြေ- သခင်ယေရှုကို ဘုရားသခင်၏လူ့ဇာတိခံခြင်းအဖြစ် သင်တို့ ယုံကြည်သည်မှာ မမှားပါ။ သို့သော် သင်တို့က သခင်ယေရှုကို အဘယ့်ကြောင့် ယုံကြည်သနည်း။ သခင်ယေရှုကို ဘုရားသခင် အဖြစ် အမှန်တကယ် ထင်ကြပါသလား။ သခင်ယေရှုကို သင်တို့ယုံကြည်ကြသည်မှာ ကျမ်းစာထဲတွင် မှတ်တမ်းတင် ထားခြင်းများ နှင့်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်တို့ကြောင့်ဖြစ်ပါသည်။ သို့သော် သင်တို့ မည်သို့ ပြောပါစေ၊ သင်တို့က သခင်ယေရှုကို မျက်နှာချင်းဆိုင် မမြင်ဖူးထားပါက၊ သင်တို့အနေနှင့် သခင်ယေရှုကို သိသည်ဟု အမှန်တကယ် ပြောရဲကြပါသလား။ သင်တို့က ထာဝရဘုရားကို ယုံကြည်သည်မှာ၊ ရှင်ပေတရု၏ စကားများကို သံယောင်လိုက် နေခြင်းမျှသာဖြစ်ပါသည်၊ သခင်ယေရှုက ခရစ်တော်ဖြစ်သည်၊ အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော် ဖြစ်သည်ဟု သူက ဆိုခဲ့သည်။ သို့သော် သခင်ယေရှုက ဘုရားသခင်၏ ထင်ရှားပြခြင်းဖြစ်သည်၊ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ဟု သင်တို့ယုံကြည်ပါသလား။ သခင်ယေရှု၏ ဘုရား သဘောသဘာဝ၊ အနှစ်သာရကို သင်တို့ မှတ်မိသိရှိသည်ဟု ပြောရဲကြပါသလား။ သခင်ယေရှုက သမ္မာတရားကိုဖော်ပြရင်း ထပ်ပြီးရောက်လာမည်ဆိုပါက၊ သင်တို့က သူ့အသံကို မှတ်မိလိမ့်မည်ဟု အာမခံရဲကြပါသလား။ သင်တို့က သခင်ယေရှုအပေါ် ယုံကြည်သည်မှာ “သခင်ယေရှု” ဆိုသည့် စကားလုံးလေးလုံးတွင် ယုံကြည်ခြင်းထက် မပိုပါ။ သင်တို့က သူ့နာမတော်တွင်သာ ယုံကြည်ခြင်းဖြစ်သည်။ သခင်ယေရှု၏ ဘုရားသဘောသဘာဝ အနှစ်သာရကို သင်တို့ နားမလည်ကြပါ။ သင်တို့က တကယ်နားလည်သည်ဆိုပါက၊ ဘုရားသခင်ဝိညာဉ်တော်၏အသံကို အဘယ့်ကြောင့် မခွဲခြားနိုင်ရသနည်း။ အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြသည့် သမ္မာတရားက ဘုရားသခင်ထံမှ ပေါ်ထွက်လာသည်။ ဤသည်မှာ သန့်ရှင်းသောဝိညာဉ်တော်၏ အသံတော်နှင့် နှုတ်ကပတ်တော် ဖြစ်ကြောင်းကို သင်တို့ အဘယ့်ကြောင့် အသိအမှတ်မပြုကြသနည်း။ သင်တို့က ဘုရားသခင်၏ အသံတော်ကို ပယ်ချပြီး၊ ဘုရားသခင် ဖော်ပြသည့် သမ္မာတရားကို ငြင်းပယ်ပုံများအရ၊ ကျွန်တော် ယနေ့ မြင်မိသည်မှာ သင်တို့က လူ့ဇာတိခံဘုရားသခင်ကို မသိကြသည်မှာ သေချာပါသည်။ လွန်ခဲ့သည့် နှစ်နှစ်ထောင်က သခင်ယေရှု အမှုတော်ပြုရင်း၊ ဟောပြောနေခဲ့သည့် အချိန်တွင်သာ သင်တို့ မွေးခဲ့ကြပါက၊ သင်တို့လည်း ဂျူးယဇ်ပုရောဟိတ် အကြီးအကဲများ၊ ကျမ်းပြုဆရာများ၊ ဖာရိရှဲများနှင့်အတူ သခင်ယေရှုကို ရှုတ်ချဖို့ ပူးပေါင်းမိကြမှာ သေချာသည်။ ဤသည်မှာ အမှန်ပဲမဟုတ်ပါလား။ ဂျူးယဇ်ပုရောဟိတ်အကြီးအကဲများ၊ ကျမ်းပြုဆရာများနှင့် ဖာရိရှဲများက တစ်ပါးတည်းသော ဘုရားသခင်ကိုသာ နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော် သူတို့က သခင်ယေရှုကို အဘယ့်ကြောင့် မမှတ်မိ မသိရှိခဲ့ကြသနည်း။ သူတို့က ကိုယ်တော့်ကို အဘယ့်ကြောင့်် ကားတိုင်တွင် သံမှိုစွဲခဲ့ကြသနည်း။ ပြဿနာက မည်သည့်အရာ ဖြစ်သနည်း။ နောက်ဆုံးသောကာလ၏ ဘာသာရေးလောကက သင်းအုပ်များ၊ အကြီးအကဲများကလည်း သန့်ရှင်းသောဝိညာဉ်တော်၏ အသံတော်ကို မကြားကြသည်မှာ အဘယ့်ကြောင့်နည်း။ သူတို့က အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို အဘယ့်ကြောင့် ဆက်ပြီး ရှုတ်ချနေကြသနည်း။ ကျေးဇူးပြုပြီး ဤအရာကို တွေးကြည့်ပါ။ ဘုရားသခင်ကို ယုံကြည်သော်လည်း၊ ဘုရားသခင်၏ လူ့ဇာတိခံခြင်းကို အသိအမှတ်မပြုနိုင်သည့် လူတစ်ယောက်က အန္တိခရစ် တစ်ယောက် မဟုတ်ပါ လား။ ဂျူးဘာသာရေး ခေါင်းဆောင်များက လူ့ဇာတိခံ ဘုရားသခင်ဖြစ်သည့် သခင်ယေရှုကို ဆန့်ကျင်ရှုတ်ချခဲ့ကြသည်။ သူတို့အားလုံးက ဘုရားသခင်၏အမှုတော်အားဖြင့် ထုတ်ဖော်ခံရသည့် အန္တိခရစ်များဖြစ်ပါသည်။ လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဆန့်ကျင်ရှုတ်ချသည့်၊ နောက်ဆုံးသောကာလ ဘာသာရေးလောက၏ သင်းအုပ်များ၊ အကြီးအကဲများ ကလည်း ဘုရားသခင်၏အမှုတော်အားဖြင့် ဖော်ထုတ်ခံရသည့် အန္တိခရစ်များ မဟုတ်ကြပါလား။ ကျွန်တော်တို့အားလုံး ရှင်းရှင်းလင်းလင်း မြင်နိုင်ပါသည်။ ဘာသာရေးလောကထဲက သင်းအုပ်များ၊ အကြီးအကဲများ အများစုက အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို အားလုံး ဆန့်ကျင်ရှုတ်ချကြသည်။ သူတို့က အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်ကို တကယ် မမြင်ဘဲ၊ သုံးသပ်ကြသည်။ ကိုယ်တော့် နှုတ်ကပတ်တော်များကို တကယ် နားမထောင်ဘဲ၊ ကြားသလိုလုပ်သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်က လူများကို သန့်စင်ဖို့ ကယ်တင်ဖို့အတွက် အလုံးစုံသော သမ္မာတရားများကို ဖော်ပြထားပါသည်။ ကိုယ်တော်က သိမ်းပိုက် ကယ်တင်ပြီး ဖြစ်သလို၊ အောင်မြင်သူများအဖွဲ့ကိုလည်း ပြုလုပ်ပြီးပါပြီ။ နိုင်ငံတော်နှင့်ယှဉ်သည့် ဧဝံဂေလိတရားက ကမ္ဘာအနှံ့ကို ပျံ့နှံ့နေပါသည်၊ မရပ်မနားတမ်းဖြစ်ပါသည်။ ဘာသာရေး လောက၏ခေါင်းဆောင်များ၊ သင်းအုပ်များက ဘုရားသခင် အမှုတော်၏အမှန်တရားများကို မမြင်နိုင်ကြခြင်းများ ဖြစ်ပါသလား။ “အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်မှုက လူသားတစ်ယောက်ကို ယုံကြည်မှုပဲ” ဆိုသည့် အဓိပ္ပာယ် မရှိသည့်စကားမျိုးကို သူတို့ အဘယ့်ကြောင့် ဆက်ပြီး ပြောနေနိုင်ကြသနည်း။ ဤနေရာတွင် အဓိကအချက်က မည်သည့်အရာ ဖြစ်သနည်း။ ဤအရာက အထက်ကောင်းကင်၏ မရေရာသည့် ဘုရားသခင်ကို ယုံကြည်ကြသူများ အများကြီး ရှိနေသော်လည်း၊ လူ့ဇာတိခံ ဘုရားသခင်အပေါ် သိနားလည်သူ ကမူ အနည်းအကျဉ်းသာ ရှိကြောင်းကို ပြပါသည်။ ဤသည်မှာ အမှန်တရား မဟုတ်ပါလား။ သခင်ယေရှုက သူ့ကို ဆန့်ကျင်ခဲ့သည့် ဖာရိရှဲများကို အဘယ့်ကြောင့် ပြစ်တင်ရှုတ်ချ ခဲ့သနည်း။ အဘယ့်ကြောင့်ဆိုသော် သူတို့က အထက် ကောင်းကင်၏ မရေရာသည့် ဘုရားသခင်ကိုသာ ယုံကြည်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်ကို ရှုတ်ချဆန့်ကျင်ခဲ့ကြ၍ဖြစ်ပါသည်။

ယဇ်ပုရောဟိတ်အကြီးအကဲများ၊ ကျမ်းပြုဆရာများ၊ ဖာရိရှဲများက သခင်ယေရှု၏နှုတ်ကပတ်တော်များနှင့် အမှုတော်တွင် ဩဇာအာဏာနှင့် တန်ခိုးတော်ကို ရှင်းရှင်း လင်းလင်း မြင်ခဲ့ကြသည်။ သို့ပါက သူတို့က သခင်ယေရှုကို အဘယ့်ကြောင့် ဆက်ပြီး အရှက်မရှိနှင့် ဆန့်ကျင်၊ ရှုတ်ချ၊ စော်ကားနိုင်ခဲ့ကြသနည်း။ ကိုယ်တော်က နတ်ဆိုးမင်း ဗေလဇေဗုလကို အမှီပြုပြီး၊ နတ်ဆိုးများကို နှင်ထုတ်သည်၊ လူများကို လှည့်ဖြားဖို့ ကြံရွယ်သည်ဟု ပြောခဲ့ကြသည်။ သူတို့က ကိုယ်တော့်ကို အရှင်လတ်လတ်ပင် ကားစင်တင်ခဲ့ကြသည်။ ဤသည်မှာ မည်သည့်အရာကိုပြသနည်း။ သူတို့က သခင်ယေရှုကို သာမန်လူသားအဖြစ် မြင်သောကြောင့်၊ ဤအရာများကို လုပ်ခဲ့ကြခြင်း မဟုတ်ပါလား။ “သူက လက်သမားသား၊ နာဇရက်လူ မဟုတ်လား” ဟု သူတို့ပြောခဲ့ကြသည်။ ဖာရိရှဲများ၏ အယူအဆအရ လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိခန္ဓာက တန်ခိုးဣဒ္ဓိပါဒ်များ ပိုင်ဆိုင်သင့်သည်၊ သူက သူရဲကောင်းဆန်သည့်ဟန်ပန်၊ ဩဇာအာဏာရှိသည့် ဥပဓိရုပ်မျိုးနှင့် ကြီးမားသည့်အသက်တာ၊ ခွန်အားရှိသည့် ကိုယ်လုံးကိုယ်ထည် ရှိသင့်သည်။ သူ့၏နှုတ်ကပတ်တော်များ ကလည်း ကမ္ဘာကိုကိုင်လှုပ်သည့် နားကွဲလုမတတ် မြည်ဟည်းသံမျိုး ရှိသင့်သည်၊ လူများအနေနှင့် ကိုယ်တော့်ကို မချဉ်းကပ်ဝံ့လောက်အောင်၊ ထိုနှုတ်ကပတ်တော်များက ရင်ထဲတွင် တုန်လှုပ်ချောက်ချား သွားစေသင့်သည်၊ ထိုကဲ့သို့မဟုတ်ပါက၊ သူ့ကို ဘုရားသခင်အဖြစ် မယူဆနိုင်ပါ။ အမှန်ကတော့၊ လူ့ဇာတိခံခြင်း၏ အဓိပ္ပာယ်ကို သူတို့က နည်းနည်းမှ နားမလည်ခဲ့ကြခြင်းဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏အရာအားလုံးနှင့် ဖြစ်ခြင်းကို သိဖို့အတွက်လည်း သခင်ယေရှု၏နှုတ်ကပတ်တော်နှင့် အမှုတော်ထဲတွင် သမ္မာတရားကို မရှာဖွေခဲ့ကြပါ။ သူတို့က ကိုယ်ပိုင် အတွေးမှားများ၊ အယူအဆများကို အခြေခံပြီး၊ ကိုယ်တော့်ကို အကဲဖြတ်စော်ကားရင်းနှင့်သာ၊ သခင်ယေရှုကို သာမန်လူ တစ်ယောက်အဖြစ် မှတ်ယူခဲ့ကြသည်။ သူတို့က ဘုရားသခင်ကို ယုံကြည်သည်ဆိုသော်လည်း၊ ကိုယ်တော့်ကို သိနားမလည် သည့်အပြင်၊ ဆန့်ကျင်ခဲ့ကြသည်ကို ဤအရာက သက်သေပြ ပါသည်။ ယခုဆိုလျှင် ဘာသာရေးလောက၏သင်းအုပ်များ၊ အကြီးအကဲများကလည်း၊ ကျွန်တော်တို့ယုံကြည်သည့်သူက လူသားသာ ဖြစ်ကြောင်း ပြောကြသည်။ ဤသည်မှာ ဂျူးယဇ်ပုရောဟိတ်အကြီးအကဲများ၊ ကျမ်းပြုဆရာများ၊ ဖာရိရှဲများက သခင်ယေရှု၏နောက်လိုက်များကို ရှုတ်ချခဲ့ကြပုံမျိုး နှင့် မည်မျှမကွာပါ။ သင်တို့လည်း မြင်နိုင်မည်၊ ဘာသာရေး လောက၏ သင်းအုပ်များ၊ အကြီးအကဲများက ရှေးခေတ်က သီလကြောင် ဖာရိရှဲများနှင့် မည်သို့မျှမကွာခြားပါ။ သူတို့အားလုံးက ဘုရားသခင်ကို ယုံကြည်ရင်း၊ တစ်ချိန်တည်း တွင်ပဲ ဆန့်ကျင်နေကြခြင်းဖြစ်သည်။ သူတို့က ခရစ်တော် ကိုယ်တော်တိုင်ကို ငြင်းပယ်ရင်း၊ အထက်ကောင်းကင်၏ မရေရာသည့် ဘုရားသခင်ကိုသာ အသိအမှတ်ပြုကြသည့် လူလိမ်လူညစ်များဖြစ်ပါသည်။ ခရစ်တော်ကို လက်ခံ နာခံကြသူများအပေါ် သူတို့တွင် ပြစ်တင်ရှုတ်ချခွင့် ရှိပါသလား။

နောက်ဆုံးသောကာလတွင် ဘုရားသခင်က လူများကြား တွင် နှုတ်ကပတ်တော်ကို ဖော်ပြဖို့နှင့် အမှုတော်ပြုဖို့အတွက် ထပ်ပြီးတော့ လူ့ဇာတိ ခံလိုက်ပါပြီ။ သူက ဤတစ်ကြိမ်တွင် လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင်အဖြစ် လာခဲ့ခြင်း ဖြစ်သည်။ အပြင်ပန်းသွင်ပြင်အရတော့၊ အနန္တတန်ခိုးရှင် ဘုရားသခင်က သာမန်လူတစ်ယောက်ကဲ့သို့ပင် ဖြစ်ပါသည်။ လူများနှင့် အဖော်ပြုရင်း လက်တွေ့ကျကျ နေထိုင်သည်။ လူများကြားတွင် နေသည်။ သူတို့၏ဘ၀များတွင် ပါဝင် ပတ်သက်သည်။ သူက လူများ၏လိုအပ်ချက်များ နှင့်အညီ သမ္မာတရားကို ဖော်ပြသည်။ တရားစီရင်ခြင်းအမှုကိုလည်း ဘုရားသခင်၏ အိမ်တော်ကနေ စတင်ပြီး ဆောင်ရွက်ပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏အမှုတော်နှင့် တွေ့ကြုံလိုက်ရ သည့်အတွက်၊ ကျွန်တော်တို့က အနန္တတန်ခိုးရှင်ဘုရား၏ နှုတ်ကပတ်တော်ကို နားနှင့်ဆတ်ဆတ် ကြားလိုက်ရပါသည်။ ဘုရားသခင် စီမံခန့်ခွဲမှု အစီအစဉ်၏ နက်နဲမှုများကိုလည်း မျက်ဝါးထင်ထင် မြင်လိုက်ကြရ ပါသည်။ တစ်နည်းပြောရပါက၊ လူများကို ကယ်တင်ဖို့အတွက် ဘုရားသခင်၏ အမှုတော်အဆင့် သုံးဆင့်နှင့်ပတ်သက်ပြီး အတွင်းကျသည့် အကြောင်းအရာများ ဘုရားသခင် စီမံခန့်ခွဲမှု အစီအစဉ်၏ရည်ရွယ်ချက်၊ လူ့ဇာတိခံယူခြင်း၏နက်နဲမှု၊ လူများကို စာတန်က ပျက်စီးစေပုံများ၊ စာတန်ကြောင့် ပျက်စီးနေသည့် လူများ၏အနှစ်သာရနှင့် အဖြစ်မှန်များ၊ ဘုရားသခင်က လူများကို မည်သို့ သန့်စင်၊ ကယ်တင်ပြီး၊ စုံလင်စေသည်ဆိုခြင်းများ၊ ဘုရားသခင် တရားစီရင်ခြင်း အမှုတော်၏ အဓိပ္ပာယ်နှင့် ရည်ရွယ်ချက် ဘုရားသခင်က မည်သူကို ချစ်ပြီး၊ မည်သူကို ဒဏ်ခတ်ကြောင်းများ၊ မည်သူက ကယ်တင်ခံရပြီး၊ မည်သူက ဖျက်ဆီးခံရမည်၊ လူများ၏ခရီးပန်းတိုင်၊ လူများအမျိုးမျိုး၏အဆုံးသတ်များနှင့် ဘုရားသခင်၏ နိုင်ငံတော်က ကမ္ဘာပေါ်တွင် မည်သို့ဖြစ်ပေါ်လာမည် တို့ စသည်ဖြင့် ဖြစ်ပါသည်။ ထိုကဲ့သို့ သမ္မာတရားများကို ဖော်ပြရင်းနှင့်၊ အနန္တတန်ခိုးရှင် ဘုရားသခင်က လူများ၏ဆိုးယုတ်သည့် စိတ်သဘောထားနှင့် ဘုရားသခင် အပေါ် ဆန့်ကျင်တတ်သည့် လူများ၏သဘာ၀၊ အနှစ်သာရကို တရားစီရင်ပြီး ဖော်ထုတ်ပြပါသည်။ စာတန်ကြောင့် အလုံးစုံဖောက်ပြန်ပျက်စီးနေသည့် ကျွန်တော်တို့၏အနှစ်သာရနှင့် အဖြစ်မှန်ကို မြင်စေခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့က မည်မျှပင် စိတ်ကြီးဝင်ပြီး မိမိကိုယ်ကို အမွှမ်းတင်နေသည်၊ မည်သို့ ဖောက်ပြန်ပြီး တစ်ကိုယ်ကောင်းဆန်နေကြသည်၊ ကျွန်တော်တို့တွင် လူသားနှင့် တူသည့်အရာမှာ ဘာမှမရှိတော့ကြောင်း၊ ဘုရားသခင် ရှေ့မှောက်တွင် မရှင်သန်ထိုက်တော့ကြောင်း တို့ကို မြင်စေခြင်း ဖြစ်သည်။ သို့သော် မည်သို့အခြေအနေသာရှိရှိ ဘုရားသခင်က လူ့ဇာတိခံယူထားပြီး ဖြစ်သကဲ့သို့၊ ဆိုးယုတ်ပျက်စီးနေသည့် လူများကြားတွင် ဆင်းဆင်းရဲရဲနှင့် နှိမ့်ချစွာ ပုန်းကွယ်နေထိုင် နေပါသည်။ လူများကို တရားစီရင်ဖို့၊ ဖော်ထုတ်ပြဖို့နှင့် ကယ်တင်ဖို့အတွက်လည်း သမ္မာတရားကို ဖော်ပြနေပါသည်။ ဘုရားသခင့် အသက်၏အနှစ်သာရက သိပ်ကို နှစ်လို စရာကောင်းပြီး၊ ဂုဏ်ကျက်သရေ ရှိကြောင်းကို ကျွန်တော်တို့ နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရခြင်းဖြစ်သည်။ လူများအပေါ် ဘုရားသခင်၏ချစ်ခြင်းက တကယ်ကို စစ်မှန်ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းကို တွေ့ကြုံလိုက်ရသည့်အတွက် ကျွန်တော်တို့က ဘုရားသခင်၏ ဖြောင့်မတ်သည့်၊ သန့်ရှင်းသည့်၊ ချိုးဖျက်၍မရသည့် စိတ်သဘောထားကို အတွင်းကျကျ သိလာခဲ့ပါသည်။ အနန္တတန်ခိုးရှင်ဘုရားသခင် နှုတ်ကပတ်တော်၏ ဩဇာအာဏာ နှင့် တန်ခိုးကိုလည်း ခံစားမိခဲ့ကြသည်။ ဘုရားသခင်အပေါ် ကြည်ညိုမှုက ကျွန်တော်တို့ရင်ထဲတွင် မသိမသာ ကြီးထွား လာသည်။ ကျွန်တော်တို့က သမ္မာတရားကို ရှာဖွေမိလာသည်။ ကျွန်တော်တို့၏ အသက်တာ စိတ်သဘောထားကလည်း ပြောင်းလဲလာခဲ့ပါသည်။ ထိုအချိန်ကျမှသာ ကျွန်တော်တို့လည်း အမှန်တကယ် နားလည်ခဲ့ကြခြင်းဖြစ်သည်။ လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင်က ကျွန်တော်တို့ကို သန့်စင်၊ ကယ်တင်ဖို့အတွက် အလုံးစုံသော သမ္မာတရားများကို ဖော်ပြ ထားပြီး၊ ကျွန်တော်တို့၏ စိတ်ကြီးဝင်မှု၊ ဖောက်ပြန်မှုများ၊ ဆိုးယုတ်သည့် စိတ်သဘောထားများကို ဖယ်ရှားပစ်စေသည်။ ရိုးသားသည့် လူသားတစ်ယောက်နှင့် တူအောင် နေထိုင် စေသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်က အသင်းတော်များကို လှည့်လည် သွားလာရင်း၊ ကျွန်တော်တို့ကြားတွင်သာ ရှင်သန်နေထိုင်ပါသည်။ အပြင်ပန်းအရတော့ သူက သာမန်လူသားတစ်ယောက်ဖြစ်ပါသည်၊ သို့သော် သူက သမ္မာတရားကို ဖော်ပြသကဲ့သို့၊ ဘုရားသခင်၏ဖြောင့်မတ်သည့် စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကိုလည်း ထင်ရှားစေပါသည်။ သူ့နောက်ကိုလိုက်ပြီး အမှုတော်ကို တွေ့ကြုံရသူများက သမ္မာတရား၊ လမ်းခရီးနှင့် အသက်ကို ရရှိလိုက်ကြပါပြီ။ ဘုရားသခင်၏ဆောင်ရွက်ပုံက သိပ်ကို လက်တွေ့ကျပြီး ပညာဉာဏ်ကြီးမှန်း သူတို့ မြင်ကြရပါသည်။ ဘုရားသခင်က မည်သို့နှိမ့်ချပြီး ပုန်းကွယ်သည်၊ မည်သို့ချစ်ခင်ဖွယ် ကောင်းသည်၊ ဘုရားသခင်က မောက်မာခြင်းမရှိသလို၊ ဘုရားသခင်၏ စိတ်နေသဘောထားက ပျက်စီးခြင်းမရှိကြောင်းကိုလည်း မြင်ကြရပါသည်။ အမြင့်ဆုံးသော ဘုရားသခင်က လူများ ကိုးကွယ်လောက်စေမည့် ခန္ဓာကိုယ်မျိုးဖြစ်သည့် ကြီးစွာသော အရပ်အမောင်း၊ ခွန်အားရှိသည့် ကိုယ်လုံးကိုယ်ထည်မျိုးနှင့် လွှမ်းခြုံထားလိမ့်မည် ဆိုတာမျိုး စဉ်းစားကြည့် သည်မှာ ဖြစ်သင့်ပါသည်။ သို့သော် ဘုရားသခင် လုပ်ဆောင်ထားသည့် အရာက ထိုကဲ့သို့မဟုတ်ပါ။ အကျင့်ပျက်လူသားများကို ကယ်တင်ဖို့အတွက် ဘုရားသခင်က သူ့ကိုယ်သူ သာမန်လူ့ခန္ဓာကိုယ်နှင့်သာ လွှမ်းခြုံထားပါသည်၊ သာမန်လူသားတစ်ယောက်၏ မျက်နှာသွင်ပြင်ကိုသာ ယူပြီး၊ ကျွန်တော်တို့ကဲ့သို့ အကျင့်ပျက်လူသားများနှင့်အတူ နေထိုင်ဖို့ ရောက်လာခဲ့ ခြင်းဖြစ်သည်။ သူက ကျွန်တော်တို့၏ လိုအပ်ချက်များနှင့်အညီ၊ နှုတ်ကပတ်တော်များကို ဖော်ပြသည်၊ ကျွန်တော်တို့ကို တရားစီရင်ပြီး၊ အထောက်အပံ့ပေးသည်။ ဘုရားသခင်က နုံချာသည့်လူသား တစ်ယောက် အဖြစ် လူ့ဇာတိခံပါသည်၊ သူက ကြီးကြီးမားမား စော်ကားမှုများ၊ ဆင်းရဲဒုက္ခများကိုလည်း ကြံ့ကြံ့ခံထားရပြီးပါပြီ။ ထို့အပြင် သူက အကျင့်ပျက်လူသားများ ၏လုပ်ကြံပြောဆိုမှု၊ ပြစ်တင်ရှုတ်ချမှု၊ ငြင်းပယ်မှုများကို ခံထားရသည့်အပြင်၊ တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ဖမ်းဆီး နှိပ်ကွပ်မှုကိုလည်း ခံထားရပါသည်။ သို့သော်လည်း ဘုရားသခင်က သမ္မာတရားကို ဖော်ပြဖို့၊ လူများအပေါ် ကယ်တင်ခြင်းအမှုကို ဆောင်ရွက်ဖို့အတွက်၊ နက်နဲလွန်းသည့် စိတ်ခွန်အားမျိုးနှင့် ဆက်ပြီးရှိနေပါသည်။ ဘုရားသခင်က လူများကို ကယ်တင်ဖို့အတွက် ကြီးမားသည့် ဆင်းရဲဒုက္ခကို ခံစားလိုက်ရပါပြီ။ လူများအပေါ် ဘုရားသခင်၏ ချစ်ခြင်းက သိပ်ကို စစ်မှန်လှပါသည်။ ဘုရားသခင်က မည်မျှ သန့်ရှင်းသည်၊ ကြီးမြတ်သည်ဆိုသည်မှာ ဤအရာကနေ မြင်ရပါသည်။ ကိုယ်တော့်ကို သရုပ်ဖော်ပြဖို့ဆိုသည်မှာ စကားလုံးမရှိတော့ပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်က ကျွန်တော်တို့ကို ဘုရားသခင်နှင့် ပို၍နီးကပ်အောင် ပို့ဆောင် ပေးခြင်းဖြစ်သည်။ ကျွန်တော်တို့အနေနှင့် ကိုယ်တော့်ကို မြင်နိုင်အောင်၊ သိနိုင်အောင်၊ ကိုယ်တော့်ကို အစစ်အမှန် ချစ်တတ်အောင်၊ ဘုရားသခင်နှင့် မျက်နှာချင်းဆိုင် ဆုံတွေ့စေတာ ဖြစ်ပါသည်။ ထိုကဲ့သို့လုပ်ပေးသည့်အတွက် ကျွန်တော်တို့က ဘုရားသခင်၏စုံလင်စေခြင်းကို ရရှိလာသည်။ သို့မှသာ ကျွန်တော်တို့ကလည်း ဘုရားသခင်ကို စစ်မှန်စွာ ကိုးကွယ်နိုင်လာမည်၊ နာခံနိုင်လာပါမည်။ ကျွန်တော်တို့ ယုံကြည်သည့် အနန္တတန်ခိုးရှင် ဘုရားသခင်က လူ့ဇာတိခံပြီး ပြန်လာသည့် သခင်ယေရှု ဖြစ်ကြောင်းကို ကျွန်တော်တို့ အားလုံး၏ရင်ထဲတွင် အသိအမှတ်ပြုထားပြီးပါပြီ။ သူက လူသားဖြစ်သော်ငြားလည်း၊ ဘုရားသခင်လည်း ဖြစ်ပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့၏ ဖန်ဆင်းရှင်ဖြစ်သည့် တစ်ပါးတည်းသော ဘုရားသခင်ဖြစ်ပါသည်။ ဘာသာရေးလောက၏ သင်းအုပ်များ၊ အကြီးအကဲများက ကျွန်တော်တို့က လူသားတစ်ယောက်အပေါ် ယုံကြည်သည်ဟု ထင်မြင်ပြီး၊ ပြစ်တင်ရှုတ်ချ ကြသည်။ ကျွန်တော် မေးပါရစေ။ လူသားများ အားလုံးထဲတွင် ဘုရားသခင်၏ အသံတော်နှင့်သမ္မာတရားကို ဖော်ပြနိုင်စွမ်း ရှိသည့်သူ ရှိပါသလား။ လူများကို သန့်စင်ခြင်း ကယ်တင်ခြင်းအမှုတော်ကို လက်တွေ့ကျကျ ဆောင်ရွက် နိုင်သည့်သူမျိုး လူသားများထဲတွင် ရှိပါသလား။ အကျင့်ပျက် လူသားများကို သူ့၏အမှုတော်တွင် တွေ့ကြုံစေခြင်းအားဖြင့် ဘုရားသခင်ကို အစစ်အမှန်သိသူများ၊ နာခံသူများအဖြစ် စုံလင်စေနိုင်သည့်သူမျိုး လူသားများထဲတွင် ရှိပါသလား၊ မရှိပါ။ တစ်ယောက်မှ မရှိပါ။ အနန္တတန်ခိုးရှင်ဘုရားသခင်ကသာ ထိုကဲ့သို့ လက်တွေ့ကျသည့် အမှုတော်ကို လုပ်ဆောင်နိုင်စွမ်း ရှိခြင်းဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ကယ်တင်ရှင်၏ ထင်ရှားပြခြင်းဖြစ်ပါသည် သူက လက်တွေ့ကျသည့် လူ့ဇာတိခံ ဘုရားသခင်ဖြစ်ပါသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်ကသာ လူများကို ကယ်တင်နိုင်သည်။ လှပသည့် ခရီးပန်းတိုင်တစ်ခုကို ပေးအပ်နိုင်ပါသည်။

မှန်ကန်သော ကိုးကွယ်ခြင်း၏ နက်နဲသောအရာ - နောက်ဆက်တွဲဇာတ်လမ်း ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၂) ဒီနေ့တွေမှာ ခင်ဗျားတို့မိတ်သဟာယပြုတာတွေ၊ သက်သေခံတာတွေကို နားထောင်ရတော့ နောက်ဆုံးသောကာလမှာ သခင်ရဲ့ဒုတိယအကြိမ်လာခြင်းဆိုတာ တရားစီရင်ခြင်းအမှုကိုပြုဖို့ လူ့ဇာတိခံခြင်းဖြစ်တယ်ဆိုတာတော့ ရှင်းပါပြီ ဒါပေမဲ့ လူ့ဇာတိခံယူခြင်းသမ္မာတရားကို ကျွန်တော်တို့ နားမလည်ပါဘူး အဲဒါကြောင့်လည်း စီစီပီအစိုးရနဲ့ ဘာသာရေးလောကရဲ့သင်းအုပ်၊ အကြီးအကဲတွေက မမှန်မကန်ပြောတာတွေ၊ ကောလာဟလတွေနဲ့ ခပ်လွယ်လွယ် လှည့်စားခံကြရပါတယ် အဲဒီအတွက် အကျိုးဆက်ကတော့ ကျွန်တော်တို့က လူ့ဇာတိခံ ဘုရားသခင်ကို လူတစ်ယောက်အဖြစ်နဲ့ပဲ သဘောထားမိလိမ့်မယ်။ ကိုယ်တော့်ကို ဆန့်ကျင်စော်ကားတာတောင် လုပ်မိလိမ့်မယ် ဒါကြောင့် ခင်ဗျားတို့ကို လူ့ဇာတိခံယူခြင်းသမ္မာတရားအကြောင်း မေးချင်ပါတယ် လူ့ဇာတိခံခြင်းဆိုတာ ဘာလဲ လူ့ဇာတိခံ ခရစ်တော်နဲ့ ဘုရားသခင် အသုံးပြုတဲ့ ပရောဖက်တွေ၊ တမန်တော်တွေကြားမှာ ဘယ်လိုကွာခြားပါသလဲ

နောက်တစ်ခုသို့- မေးခွန်း (၄) ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်းဟာ အပြင်ပန်းသွင်ပြင်အရ သာမန်လူတစ်ယောက်လိုပဲလို့ ခင်ဗျားတို့က သက်သေခံတယ် သူဟာ သခင်ယေရှုလိုပဲ သာမန်လူ့သဘာဝကို ပိုင်ဆိုင်ရုံမကဘူး၊ ဘုရားသဘောသဘာဝလည်း ရှိတယ်ပေါ့ ဒီလောက်အထိကတော့ သံသယမရှိပါဘူး ဘုရားသခင် လူ့ဇာတိခံခြင်းရဲ့သာမန်လူ့သဘာဝနဲ့ အကျင့်ပျက်လူသားတွေရဲ့လူ့သဘာ၀ကြားမှာ ကွာခြားတာက ဘာလဲ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။