အခန်း (၁၂)

သင်၏ စိတ်သဘောထားသည် မတည်ငြိမ်ဘဲ တစ်ခဏနှင့်တစ်ခဏ ပြောင်းလဲနေပြီး အစဉ်မပြတ် ရှေ့သို့ တိုးလှမ်းနိုင်ခြင်းမရှိပါက ငါ၏ လှံတံတော်သည် သင့်ထံမှ ဧကန်မုချ ခွာမည်မဟုတ်ပေ။ သင် ပြုပြင်ခံရသောအခါ ပတ်ဝန်းကျင်အခြေအနေ ပိုမိုဆိုးရွားလာလေလေ၊ သို့မဟုတ် ညှဉ်းပန်းနှိပ်စက်မှု ပိုမိုပြင်းထန်လာလေလေ ဘုရားသခင်ကို ချစ်သောစိတ်သည် ပို၍ကြီးမားလာမည်ဖြစ်ပြီး လောကကိုလည်း ဖက်တွယ်ထားတော့မည်မဟုတ်ပေ။

ရှေ့ဆက်ရန် ရွေးချယ်စရာလမ်း မရှိတော့သည့်အခါ သင်သည် ငါ့ထံသို့ လာမည်ဖြစ်ပြီး ခွန်အားလည်း အပြည့်အဝ ရရှိမည်၊ ယုံကြည်ခြင်းလည်း အပြည့်အဝ ရှိလာမည်။ သို့သော် ပို၍ အဆင်ပြေသော ပတ်ဝန်းကျင်အခြေအနေများတွင် သင်သည် ဖြစ်သလို ဖြတ်သန်းနေလိမ့်မည်။ သင်သည် အပြုသဘောဆောင်သောဘက်မှ ဝင်ရောက်ရမည်၊ တက်ကြွစွာ လုပ်ဆောင်ရမည်ဖြစ်ပြီး မတက်မကြွ မဖြစ်ရပေ။ သင်သည် မည်သည့်လူ၊ ဖြစ်ရပ် သို့မဟုတ် အမှုအရာကြောင့်မျှ မယိမ်းယိုင်ရသကဲ့သို့ မည်သူ၏စကားဖြင့်မျှ လွှမ်းမိုးခြင်းမခံရ။ သင်သည် တည်ငြိမ်သော စိတ်သဘောထား ရှိရမည်။ လူများ မည်သို့ပင် ပြောဆိုကြပါစေ၊ သင်သည် သမ္မာတရားဖြစ်ကြောင်း သိထားသည့်အရာကို ချက်ချင်း လက်တွေ့လုပ်ဆောင်ရမည်။ အခြားမည်သူ့ကိုမျှ မမျှော်ကြည့်နှင့်။ ငါ၏ နှုတ်ကပတ်တော်များကို သင့်အတွင်း၌ အစဉ်အမြဲ အလုပ်လုပ်စေလျက် ငါ့အတွက် သင်၏သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်နိုင်ပြီး ငါ၏ဝန်တာကို အလေးထားခြင်းဖြင့် လုပ်ဆောင်ရမည်။ မိမိကိုယ်ပိုင် စိတ်ကူးမရှိဘဲ အခြားသူများပြောသမျှကို မျက်စိစုံမှိတ် သဘောမတူရပေ။ ထိုအစား အမှန်တရားနှင့် မကိုက်ညီသော အရာများကို ရဲဝံ့စွာ ရပ်တည်၍ ကန့်ကွက်နိုင်ရမည်။ တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သင်သည် ရှင်းရှင်းလင်းလင်း သိသည့်တိုင် ထိုအရာကို ဖော်ထုတ်ပြောဆိုရန် သတ္တိမရှိပါက သင်သည် အမှန်တရားကို လက်တွေ့လုပ်ဆောင်သူ မဟုတ်ပေ။ သင်သည် တစ်ခုခု ပြောချင်သော်လည်း တည့်တည့်မပြောရဲသောကြောင့် စကားကို ဝေ့လည်ကြောင်ပတ် ပြောပြီး နောက်ဆုံးတွင် အကြောင်းအရာကို ပြောင်းလဲလိုက်သည်။ ဤသည်မှာ သင့်အတွင်း၌စာတန်က တားဆီးနှောင့်ယှက်နေခြင်း ဖြစ်ပြီး သင်ပြောသည့်စကားများ အကျိုးသက်ရောက်မှုမရှိစေဘဲ အဆုံးတိုင်အောင် ဇွဲရှိရှိ ဆက်လက်မလုပ်ဆောင်နိုင်စေခြင်းဖြစ်သည်။ သင်၏စိတ်နှလုံးထဲတွင် ကြောက်ရွံ့ခြင်း ရှိနေသေးသည်။ ယင်းမှာ သင့်စိတ်နှလုံးထဲ၌ စာတန်၏ စိတ်ကူးများ ရှိနေသောကြောင့် မဟုတ်လော။

အောင်မြင်သောသူဆိုသည်မှာ အဘယ်နည်း။ ခရစ်တော်၏ စစ်သည်တော်ကောင်းများသည် ရဲရင့်ရမည်ဖြစ်ပြီး ဝိညာဉ်ရေးရာ၌ ခွန်အားကြီးမားစေရန် ငါ့ကို အားကိုးရမည်။ သူတို့သည် တိုက်ပွဲဝင်သည့် စစ်သည်တော်များ ဖြစ်လာရန် ကြိုးပမ်းပြီး စာတန်နှင့် သေသည်အထိ တိုက်ခိုက်ရမည်။ သင်သည် အစဉ်သဖြင့် နိုးကြားနေရမည်ဖြစ်ပြီး ဤအတွက်ကြောင့်ပင် သင်သည် အချိန်တိုင်း ငါနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပြီး ငါ့ထံ တိုးဝင်ချဉ်းကပ်နိုင်ရန် ငါတောင်းဆိုခြင်းဖြစ်သည်။

မည်သည့်အချိန်၊ မည်သည့်အခြေအနေတွင်မဆို ငါ့ရှေ့၌ ငြိမ်သက်လျက် နေနိုင်ပြီး ငါ၏နှုတ်ကပတ်တော်များကို နာခံလျက် ငါ၏နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်ချက်များကို အာရုံစိုက်နိုင်ပါက ယိမ်းယိုင်သွားခြင်း သို့မဟုတ် မိမိ၏ရပ်တည်ချက်ကို ဆုံးရှုံးခြင်း ရှိမည်မဟုတ်။ ငါ့အတွင်းမှ သင် ခံယူရသမျှကို လက်တွေ့လုပ်ဆောင်နိုင်သည်။ ငါ၏နှုတ်ကပတ်တော် တစ်ခွန်းချင်းစီသည် သင်၏အခြေအနေကို ရည်ညွှန်းပြီး သင်၏စိတ်နှလုံးကို ထိုးဖောက်သည်။ သင်၏နှုတ်က ယုံကြည်လက်ခံခြင်း မရှိသော်လည်း သင်၏စိတ်နှလုံးက ယုံကြည်လက်ခံရမည်။

ငါ၏နှုတ်ကပတ်တော်များကို စိစစ်လေ့လာလျှင် သင်သည် တရားစီရင်ခြင်းခံရမည်။ တစ်နည်းအားဖြင့် ငါ၏နှုတ်ကပတ်တော်များသည် သမ္မာတရား၊ အသက်နှင့် လမ်းခရီးဖြစ်သည်။ ယင်းတို့သည် ထက်မြက်သော အသွားနှစ်ဖက်ရှိဓားဖြစ်ပြီး စာတန်ကို အနိုင်ယူနိုင်သည်။ ငါ၏နှုတ်ကပတ်တော်များကို နားလည်ပြီး လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းရှိသူများသည် ကောင်းချီးခံစားရသူများဖြစ်ကြပြီး ယင်းတို့ကို လက်တွေ့မလုပ်ဆောင်သူများသည် မလွဲမသွေ တရားစီရင်ခြင်းခံရမည်။ ဤအရာသည် အလွန်ပင် လက်တွေ့ကျသည်။

ယခု ငါတရားစီရင်သည့်သူများ၏ နယ်ပယ်သည်လည်း ပိုမိုကျယ်ပြန့်လာပြီဖြစ်သည်။ ငါ့ကို သိသောသူများသာ ငါ့ရှေ့တွင် တရားစီရင်ခြင်းခံရမည် မဟုတ်ဘဲ ငါ့ကို မယုံကြည်သောသူများနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို အစွမ်းကုန် အတိုက်အခံလုပ်ရန်နှင့် ဟန့်တားရန် ကြိုးပမ်းသောသူများအပေါ်သို့လည်း တရားစီရင်မှု ရောက်ရှိလာမည်။ ငါ့ရှေ့၌ ငါ၏ခြေလှမ်းများကို လိုက်လျှောက်နေသူအားလုံးသည် ဘုရားသခင်သည် လောင်ကျွမ်းစေသော မီး ဖြစ်ကြောင်း မြင်ကြလိမ့်မည်။ ဘုရားသခင်သည် ဘုန်းအာနုဘော်ဖြစ်သည်။ ဘုရားသခင်သည် တရားစီရင်မှုကို လုပ်ဆောင်နေပြီး သူတို့ကို သေခြင်းသို့ရောက်သည်အထိ တရားစီရင်နေသည်။ အသင်းတော်၌ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နောက်သို့ လိုက်လျှောက်ရန် အလေးမထားသူများ၊ ထိုအလုပ်ကို အဖျက်အမှောင့်လုပ်သူများ၊ မိမိကိုယ်ကို ကိုယ်ရည်သွေးသူများ၊ မသင့်လျော်သော ရည်ရွယ်ချက်များနှင့် ပန်းတိုင်တို့ရှိသူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကောင်းစွာ စားသောက်ခြင်း မရှိသူများ၊ နားဝေတိမ်တောင်ဖြစ်ပြီး သံသယဝင်လွယ်သူများ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို စိစစ်သူများဖြစ်သည့် ဤလူများအပေါ်သို့ တရားစီရင်မှု၏ နှုတ်ကပတ်တော်များသည် အချိန်မရွေး ရောက်ရှိလာမည်။ လူတို့၏ လုပ်ဆောင်မှုအားလုံးသည် တစ်ခုချင်းစီ ထုတ်ဖော်ခြင်းခံရမည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့၏ စိတ်နှလုံးအတွင်းကျကျကို စိစစ်သည်။ ပေါ့ပေါ့ဆဆ မလုပ်နှင့်။ အထူးဂရုစိုက်ပြီး သတိထားရမည်။ မိမိဘာသာ မစဉ်းမစား မလုပ်ဆောင်နှင့်။ သင်လုပ်သမျှနှင့် သင်ပြုမူပုံသည် ငါ၏နှုတ်ကပတ်တော်များနှင့် မကိုက်ညီပါက သင်သည် တရားစီရင်ခြင်းခံရမည်။ အတုခိုးခြင်း၊ မှန်သယောင်ရှိသော်လည်း စင်စစ် မှားနေပြီး တစ်စိတ်တစ်ပိုင်းသာ နားလည်ခြင်းတို့ဖြင့် မရပေ။ ငါ့ရှေ့၌ သင်သည် ငါနှင့် မကြာခဏ မိတ်သဟာယဖွဲ့ရမည်။

ငါ့အတွင်းမှ သင်ခံယူရသမျှသည် သင့်အတွက် လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းကို ပေးမည်။ ငါ၏တန်ခိုးသည်လည်း သင်နှင့်အတူ ရှိမည်၊ ငါ၏ မျက်မှောက်တော်ကိုလည်း သင်ရရှိမည်ဖြစ်ပြီး သင်၏လက်တွေ့လုပ်ဆောင်မှုအတွင်း၌ ငါ၏နှုတ်ကပတ်တော်များသည် အချိန်တိုင်း အလုပ်လုပ်နေမည်။ သင်သည် လောကီအရာအားလုံးကို ကျော်လွန်နိုင်မည်ဖြစ်ပြီး ရှင်ပြန်ထမြောက်ခြင်း၏ ကြီးမားသောတန်ခိုးကို ပိုင်ဆိုင်မည်။

သင်၏စကားများ၊ အပြုအမူနှင့် လုပ်ဆောင်မှုများတွင် ငါ၏နှုတ်ကပတ်တော်များနှင့် ငါ၏ မျက်မှောက်တော်တို့ မရှိဘဲ ငါနှင့်လည်း ဝေးကွာနေကာ မိမိအတွင်း၌သာ၊ စိတ်၏အယူအဆများအတွင်း၌သာ၊ အယူဝါဒများနှင့် စည်းမျဉ်းစည်းကမ်းများအတွင်း၌သာ လုံးလုံးလျားလျား အသက်ရှင်နေထိုင်ပါက ယင်းက သင်သည် အပြစ်အပေါ် စိတ်စွဲလမ်းနေကြောင်း သက်သေပြသည်။ သင်သည် မိမိ၏အတ္တဟောင်းကိုသာ အစဉ် ဖက်တွယ်ထားပြီး မိမိကိုယ်ကို အနည်းငယ်မျှပင် ထိခိုက်မခံ၊ စိတ်ဝိညာဉ်ကိုလည်း နာကျင်မခံပေ။ ထိုသို့ပြုလုပ်သူများသည် အစွမ်းအစ အလွန်အမင်း ညံ့ဖျင်းပြီး အတော်ပင် ယုတ္တိတန်ကြ၏။ သူတို့သည် ဘုရားသခင်၏ကျေးဇူးတော်ကို မမြင်နိုင်၊ သူ၏ကောင်းချီးများကိုလည်း မသိမှတ်နိုင်ကြပေ။

သင်သည် ဤသို့ ဝေ့လည်ကြောင်ပတ် ဆက်လက်ပြုမူနေလျှင် မည်သည့်အချိန်တွင် ငါ့အား သင့်အတွင်း၌ အလုပ်လုပ်ခွင့်ပေးနိုင်မည်နည်း။ ငါပြောပြီးသောအခါ သင်သည် နားထောင်ခဲ့သော်လည်း တစ်စုံတစ်ရာကိုမျှ မှတ်သားထားခြင်းမရှိဘဲ သင်၏ပြဿနာများကို အမှန်တကယ် ထောက်ပြလာသည့်အခါ အထူးသဖြင့် အားနည်းလာသည်။ ယင်းမှာ မည်သို့သော ဝိညာဉ်ရင့်ကျက်မှုမျိုး ဖြစ်သနည်း။ သင့်ကို အစဉ် ချော့မော့၍ ရှေ့ဆက်အောင် လုပ်ပေးနေရလျှင် မည်သည့်အချိန်တွင် ငါသည် သင့်ကို ပြီးပြည့်စုံစေနိုင်မည်နည်း။

သင်သည် အဆင်မပြေမှုများနှင့် အခက်အခဲများကို ကြောက်ပါက “မည်သူ့ကိုမျှ ငါ့အား ပြုပြင်ခွင့်မပေးပါ။ ငါ၏ပင်ကို စိတ်သဘောထားဟောင်းကို ငါ့ဘာသာငါ ဖယ်ရှားနိုင်သည်” ဟူ၍ ချက်ချင်း သတိပေးပြောဆိုသင့်သည်။ ထိုသို့ဆိုလျှင် မည်သူမျှ သင့်ကို ဝေဖန်မည်မဟုတ်၊ သင့်ကို ထိပါးမည်လည်းမဟုတ်ပေ။ မည်သူမျှ သင့်ကို အရေးစိုက်မည်မဟုတ်ဘဲ သင်လိုချင်သည့် မည်သည့်နည်းလမ်းဖြင့်မဆို လွတ်လပ်စွာ ယုံကြည်ခွင့် ရှိမည်။ ထိုအခြေအနေတွင် သင်သည် ငါ၏ခြေလှမ်းများကို လိုက်လျှောက်နိုင်မည်လော။

ငါသည် သင်၏ဘုရားသခင်နှင့် သင်၏သခင် ဖြစ်ကြောင်း သင်သေချာသည်ဟု ဆိုသော်လည်း ထိုစကားများသည် အနှစ်သာရမဲ့သော စကားများသာ ဖြစ်သည်။ သင်သည် အမှန်တကယ် သံသယကင်းပါက ဤအရာများသည် ပြဿနာမဖြစ်နိုင်ပေ။ ထို့ပြင် သင့်အပေါ် ရောက်ရှိလာသောအရာများမှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ကောင်းချီးများဖြစ်သည်ဟု သင်ယုံကြည်မည်။ ငါစကားပြောသောအခါ ငါ၏သားများကို ပြောခြင်းဖြစ်ပြီး ကျေးဇူးတင်ခြင်းနှင့် ချီးမွမ်းခြင်းတို့ကို ပူဇော်ဆက်ကပ်သင့်သည်။

အရှေ့သို့- အခန်း (၁၁)

နောက်တစ်ခုသို့- အခန်း (၁၃)

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။