အခန်း ၂၉

အချိန် သိပ်မရှိတော့ကြောင်း သင်သိသလော။ ထို့ကြောင့် ကာလတိုအတွင်း သင်သည် ငါ့အပေါ် မှီခိုပြီး၊ ငါ့စိတ်သဘောထားနှင့် သဟဇာတမဖြစ်သည့် မသိနားမလည်မှု၊ တုံ့ပြန်မှုနှေးကွေးခြင်း၊ မရှင်းလင်းသောအတွေးများ၊ စိတ်ပျော့ခြင်း၊ စိတ်ဓာတ်အားနည်းခြင်း၊ ရယ်ဖွယ်ရာများ၊ သောကခံစားမှုများ၊ စိတ်ရှုပ်ထွေးမှုနှင့် အမြော်အမြင်မဲ့ခြင်း စသောအရာအားလုံးကို စွန့်ပစ်ရမည်။ ယင်းတို့ ကို တတ်နိုင်သမျှမြန်မြန် စွန့်ပယ်ရမည်။ ငါသည် အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်၏။ သင်သည် ငါနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုလိုလားလား ရှိနေသမျှကာလပတ်လုံး သင့်ကို ဝေဒနာပေးနေသော အရာများအားလုံးကို ငါကုစားပေးနိုင်သည်။ ငါသည် လူတို့၏ စိတ်နှလုံးအတွင်း နက်နက်ရှိုင်းရှိုင်း ကြည့်ရှုသောဘုရားသခင် ဖြစ်သည်။ သင်၏ဝေဒနာအလုံးစုံနှင့် သင်၏အပြစ်အနာအဆာများ ရှိနေသည့်နေရာကို ငါသိ၏။ ၎င်းတို့သည် ဘဝတွင် သင့်ကို တိုးတက်ရာတိုးတက်ကြောင်းမှ ဆီးတားသော အရာများဖြစ်ကြပြီး၊ ယင်းတို့ကို မကြာခင်စွန့်ပစ်ရမည်။ သို့မဟုတ်ပါက ငါ၏အလိုတော်ကို သင်၏အပေါ်၌ လုပ်ဆောင်နိုင်မည်မဟုတ်ပေ။ ငါ အလင်းပေးသည့် သင်နှင့်သက်ဆိုင်သမျှအရာအားလုံးကို စွန့်ပစ်ဖို့၊ ငါ့အားဖြင့် အစဉ်အသက်ရှင်ဖို့၊ ငါအနီးနေပြီး၊ သင်၏အပြုအမူနှင့် အမူအကျင့်များ အားလုံးကို ငါ၏သဏ္ဌာန်တော်ဖြင့် လုပ်ဆောင်ဖို့ ငါ့ကိုမှီခိုလော့။ သင်နားမလည်သည့်အရာအကြောင်း ငါနှင့်ပို၍ မိတ်သဟာယဖွဲ့လော့၊ ထိုအခါ သင်ရှေ့သို့ ဆက်လျှောက်နိုင်ဖို့အလိုငှာ သင့်ကို ငါလမ်းညွှန်ပေးမည်။ သင်မသေချာပါက ထင်ရာမြင်ရာမလုပ်ဘဲ၊ ငါ၏အချိန်ကို စောင့်လော့။ တည်ငြိမ်သော ပင်ကိုယ်စရိုက်ကို ထိန်းသိမ်းပြီး သင့်စိတ်ဇောများကို ပူလိုက်၊ အေးလိုက် မဖြစ်စေနှင့်။ ငါ့ကို အစဉ်ကြည်ညို သောစိတ်နှလုံးသား သင်၌ရှိရမည်။ ငါ့ရှေ့၌ ဖြစ်စေ၊ ငါ့ကွယ်ရာ၌ဖြစ်စေ၊ သင်လုပ်ဆောင်သမျှသည် ငါ၏ အလိုတော်နှင့် အညီ အမြဲတမ်း ဖြစ်ရမည်။ သင်၏ခင်ပွန်းဖြစ်စေ၊ မိသားစုဝင်ဖြစ်စေ၊ ငါ့ကိုယ်စား မည်သူတစ်ဦးတစ်ယောက်ကိုမျှ သက်ညှာခြင်းမရှိစေနှင့်။ ၎င်းတို့သည် မည်မျှပင်ကောင်းစေကာမူ ယင်းသည် လက်မခံနိုင်သောအရာ ဖြစ်သည်။ သမ္မာတရားကို အခြေခံပြီး သင်သည် လုပ်ဆောင်ရမည်။ သင်သည် ငါ့ကို ချစ်လျှင်၊ ငါသည် သင့်အား ကြီးစွာသောကောင်းချီးမင်္ဂလာများ သွန်းလောင်းပေးမည်။ ခုခံသူ မည်သူ့ကိုမျှ ငါသည် သည်းခံမည်မဟုတ်။ ငါချစ်သောသူတို့ကို ချစ်ပြီး၊ ငါမုန်းသောသူတို့ကို မုန်းလော့။ မည်သည့်လူသား၊ မည်သည့်အဖြစ်အပျက်၊ သို့မဟုတ် မည်သည့်အမှုအရာကိုမျှ အလေးဂရုမပြုနှင့်။ သင့်ဝိညာဉ်ဖြင့် ကြည့်ရှုပြီး၊ ငါအသုံးပြုသော လူတို့ကို ရှင်းရှင်းလင်းလင်းမြင်လော့။ ဝိညာဉ်ရေးရာ ပြည့်ဝသောလူတို့နှင့် မကြာ မကြာ ဆက်သွယ်မှုပြုလော့။ မသိနားမလည်ခြင်းမဖြစ်လေနှင့်၊ ပိုင်းခြားသိမြင်တတ်ရမည်။ ဂျုံပင်သည် အမြဲပင် ဂျုံပင်ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ပေါင်းပင်သည် ဘယ်သောအခါမျှ ဂျုံပင်ဖြစ်မလာပေ၊ လူအမျိုးမျိုးတို့ကို ခွဲခြားသိမြင်ရမည်။ သင်ပြောသည့်စကားကို အထူးသတိပြုရမည်ဖြစ်ပြီး၊ ငါ၏ စိတ်နှလုံးနှင့်ကိုက်ညီသော လမ်းကြောင်းတွင် သင့်ခြေကို ထားရမည်။ ဤနှုတ်ကပတ်တော်များကို သေချာစွာ စေ့စေ့စပ်စပ် ဆင်ခြင်လော့။ ငါ၏စိတ်နှလုံးအလို ပြည့်စုံစေဖို့အလို့ငှာ သင်၏ ပုန်ကန်လိုမှုကို ချက်ချင်းစွန့်ပစ်ပြီး၊ ငါ၏အသုံး ပြုမှုအတွက် သင့်တော်လာလော့။

အရှေ့သို့- အခန်း ၂၈

နောက်တစ်ခုသို့- အခန်း ၃၀

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။