သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်
ညီအစ်ကို မောင်နှမများကြားတွင် အပျက်သဘောဆောင်ခြင်းကို အစဉ် ပွင့်အံချသူများသည် စာတန်၏ အစေခံများ ဖြစ်ကြပြီး ၎င်းတို့သည် အသင်းတော်ကို နှောင့်ယှက်သူများ ဖြစ်ကြ၏။ ထိုသို့သော လူများသည် တစ်နေ့တွင် နှင်ထုတ်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်း ခံရမည်။ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်း၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိပါက၊ ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံး မရှိပါက ၎င်းတို့သည် သူ့အတွက် မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်နိုင်ရုံသာမက ဆန့်ကျင်ဘက်အနေဖြင့် သူ၏ အလုပ်ကို နှောင့်ယှက်သူများနှင့် သူ့ကို အတိုက်အခံလုပ်သူများ ဖြစ်လာကြလိမ့်မည်။ ဘုရားသခင်ကို ယုံကြည်သော်လည်း သူ့ကို ကျိုးနွံနာခံခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်း ရှိရမည့်အစား သူ့ကို အတိုက်အခံ လုပ်ခြင်းသည် ယုံကြည်သူတစ်ဦးအတွက် အကြီးမားဆုံးသော အရှက်ရစေမှု ဖြစ်၏။ ယုံကြည်သူများသည် ဘာသာတရားမရှိသူများကဲ့သို့ပင် မိမိတို့၏ စကားပြောဆိုမှုနှင့် ကျင့်ကြံပြုမူမှုများတွင် ပေါ့ဆပြီး ချုပ်တည်းမှု ကင်းမဲ့ပါက ၎င်းတို့သည် ဘာသာတရား မရှိသူများထက် သာ၍ပင် ဆိုးညစ်ကြပေသည်၊ ၎င်းတို့သည် ဆိုးယုတ်သော စံပြ မကောင်းဆိုးဝါးများ ဖြစ်ကြ၏။ အသင်းတော်အတွင်း မိမိတို့၏ အဆိပ်အတောက်ဖြစ်စေသော၊ မလိုမုန်းထားသော စကားများကို ပွင့်အံချသူများ၊ ညီအစ်ကို မောင်နှမများကြားတွင် အခြေအမြစ်မရှိသော ကောလာဟလများကို ဖြန့်ဝေသူများ၊ သဟဇာတမဖြစ်အောင် လှုံ့ဆော်သူများနှင့် ဂိုဏ်းဂဏ ဖွဲ့သူများသည် အသင်းတော်မှ နှင်ထုတ်ခြင်း ခံရပြီးဖြစ်သင့်၏။ သို့တိုင်အောင် ယခုအချိန်သည် ဘုရားသခင်၏ အမှု၏ မတူညီသည့် ခေတ်ဖြစ်သောကြောင့် ထိုလူများသည် ကန့်သတ်ချုပ်ချယ်ခြင်း ခံကြရ၏၊ အကြောင်းမှာ ၎င်းတို့သည် ဧကန်မလွဲ ဖယ်ရှားရှင်းလင်းခြင်း ခံကြရမည်ဖြစ်သောကြောင့်ဖြစ်သည်။ စာတန်၏ ဖောက်ပြန်ဖျက်ဆီးခြင်း ခံထားရသူ အားလုံးတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြ၏။ သို့ရာတွင် အချို့သူများ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျှသာ ရှိသော်လည်း အခြားသူများမှာမူ မတူညီကြပေ။ ၎င်းတို့တွင် စာတန်ဆန်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ ရှိရုံသာမက ၎င်းတို့၏ သဘာဝသည်လည်း အလွန်အမင်း မလိုမုန်းထားမှု ရှိလှ၏။ ထိုလူများ၏ စကားများနှင့် လုပ်ဆောင်ချက်များသည် စာတန်ဆန်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ထုတ်ဖော်ရုံမျှမကဘဲ ၎င်းတို့သည် စစ်မှန်သော နတ်ဆိုးများနှင့် စာတန်များ ဖြစ်ကြ၏။ ၎င်းတို့ ပြုသမျှသည် ဘုရားသခင်၏အမှုကို အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်းဖြစ်သည်၊ ၎င်းတို့ ပြုသမျှသည် ညီအစ်ကို မောင်နှမများ၏ အသက် ဝင်ရောက်မှုကို နှောင့်ယှက်ခြင်းနှင့် ပုံမှန် အသင်းတော် အသက်တာကို ပျက်စီးစေခြင်း ဖြစ်၏။ အနှေးနှင့်အမြန်ဆိုသလို သိုးရေခြုံထားသော ဤဝံပုလွေများသည် သန့်စင်ခြင်း ခံရလိမ့်မည်၊ ဤစာတန်၏ အစေခံများအပေါ် သက်ညှာမှုမရှိသော သဘောထား၊ ငြင်းပယ်သော သဘောထားကို ထားရှိရမည်။ ဤသို့ပြုလုပ်ခြင်းကသာ ဘုရားသခင်၏ဘက်တွင် ရပ်တည်ခြင်းဖြစ်ပြီး ထိုသို့ပြုလုပ်ရန် ပျက်ကွက်သူများသည် စာတန်နှင့်အတူ နွံထဲတွင် လူးလှိမ့်နေကြခြင်း ဖြစ်၏။ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်သောသူများသည် မိမိ၏စိတ်နှလုံးထဲတွင် သူ့ကို အစဉ်ထားရှိကြပြီး ၎င်းတို့အတွင်း၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး၊ ဘုရားသခင်ကို ချစ်သော စိတ်နှလုံးကို အစဉ် ဆောင်ထားကြ၏။ ဘုရားသခင်ကို ယုံကြည်သူများသည် အမှုကိစ္စများကို သတိရှိစွာဖြင့်လည်းကောင်း၊ ချင့်ချိန်မြော်မြင်စွာဖြင့်လည်းကောင်း ပြုလုပ်သင့်ကြပြီး ၎င်းတို့ ပြုလုပ်သမျှ အရာအားလုံးသည် ဘုရားသခင်၏ တောင်းဆိုချက်များနှင့်အညီ ဖြစ်သင့်ကာ သူ၏ စိတ်နှလုံးကို ကျေနပ်စေနိုင်ရမည်။ ၎င်းတို့သည် ခေါင်းမာခြင်း၊ မိမိတို့ နှစ်သက်ရာကို ပြုလုပ်ခြင်း မရှိသင့်ပေ၊ ဤသည်မှာ သန့်ရှင်းသူတို့၏ ကျင့်ဝတ်စည်းမျဉ်းနှင့် မညီပေ။ လူသည် ဘုရားသခင်၏ အလံကို ဝှေ့ယမ်းလျက် သောင်းကျန်းခြင်း၊ မောက်မာခြင်းနှင့် လိမ်လည်လှည့်ဖြားခြင်းများ မပြုလုပ်ရပေ၊ ဤသည်မှာ အပုန်ကန်ဆုံးသော ကျင့်ကြံပြုမူမှုမျိုး ဖြစ်၏။ မိသားစုများ၌ ကိုယ့်စည်းကမ်းနှင့်ကိုယ် ရှိကြပြီး နိုင်ငံများ၌ သူ့ဥပဒေများနှင့်သူ ရှိကြ၏၊ ဘုရားသခင်၏ အိမ်တော်၌မူ သာ၍ပင် ရှိသည် မဟုတ်ပါသလော။ တင်းကျပ်သော စံနှုန်းများ သာ၍ပင် ရှိသည် မဟုတ်သလော။ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ သာ၍ပင် ရှိသည် မဟုတ်သလော။ လူသည် မိမိပြုလိုသည်ကို လွတ်လပ်စွာ ပြုလုပ်နိုင်သော်လည်း ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကိုမူ မိမိသဘောအတိုင်း ပြောင်းလဲ၍ မရနိုင်ပါ။ ဘုရားသခင်သည် လူ၏ ပုန်ကန်ပြစ်မှားမှုကို သည်းခံတော်မမူသော ဘုရားသခင်ဖြစ်၏၊ သူသည် လူကို ဒဏ်ခတ်တော်မူသော ဘုရားသခင်ဖြစ်၏။ လူသည် ယင်းကို အမှန်တကယ်ပင် မသိရှိသေးသလော။
အသင်းတော်တိုင်း၌ အသင်းတော်အတွင်း အနှောင့်အယှက် ဖြစ်စေသူများ သို့မဟုတ် ဘုရားသခင်၏ အမှုကို အဖျက်အမှောင့်လုပ်သူများ ရှိကြ၏။ ၎င်းတို့အားလုံးသည် ဟန်ဆောင်၍ ဘုရားသခင်၏ အိမ်တော်အတွင်းသို့ ခိုးဝင်လာကြသည့် စာတန်များ ဖြစ်ကြ၏။ ထိုသို့သော ပုဂ္ဂိုလ်များသည် သရုပ်ဆောင်ရာ၌ အထူးသဖြင့် ကျွမ်းကျင်ကြ၏၊ ၎င်းတို့သည် ငါ၏ ရှေ့မှောက်သို့ ကြီးမားသော ရိုသေလေးစားမှုဖြင့် လာရောက်ကြပြီး ခွေးဝဲစားများ၏ ပုံရိပ်စစ်စစ်ကဲ့သို့ ဦးညွှတ်ဖားယား၍ ၎င်းတို့၏ ကိုယ်ပိုင် ရည်မှန်းချက်များကို ဖြည့်ဆည်းရန် ၎င်းတို့တွင် ရှိသမျှ “အရာအားလုံး” ကို ဆက်ကပ်ကြသည်၊ သို့သော် ညီအစ်ကို မောင်နှမများ၏ ရှေ့မှောက်၌မူ ၎င်းတို့၏ အကျည်းတန်သော ဘက်များကို ပြသကြ၏။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သော လူများကို ၎င်းတို့ မြင်သည့်အခါ ထိုသူများကို တိုက်ခိုက်ကြပြီး ဘေးသို့ တွန်းထုတ်ကြ၏၊ မိမိတို့ထက် ပို၍ အရှိန်အဝါကောင်းသူများကို မြင်သည့်အခါ ၎င်းတို့ကို မြှောက်ပင့်ပြီး မျက်နှာလိုမျက်နှာရ လုပ်ကြ၏။ ၎င်းတို့သည် အသင်းတော်အတွင်း ရမ်းကားသောင်းကျန်းကြ၏။ ထိုသို့သော “ဒေသခံ အနိုင်ကျင့်သူများ”၊ ထိုသို့သော “လက်ပါးစေများ” သည် အသင်းတော် အများစု၌ ရှိကြသည်ဟု ဆိုနိုင်ပေသည်။ ၎င်းတို့သည် လျှို့ဝှက်စွာ ပူးပေါင်းလုပ်ဆောင်ကြပြီး တစ်ဦးကိုတစ်ဦး မျက်စိမှိတ်ပြခြင်းနှင့် လျှို့ဝှက်သင်္ကေတများ ပေးခြင်းတို့ ပြုလုပ်ကြ၍ ၎င်းတို့အနက် မည်သူမျှ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြပေ။ အဆိပ်အရှိဆုံးသောသူသည် “မကောင်းဆိုးဝါးခေါင်းဆောင်” ဖြစ်ပြီး သြဇာ အကြီးမားဆုံးသောသူသည် ၎င်း၏ အလံကို မြှောက်တင်လျက် ၎င်းတို့ကို ဦးဆောင်၏။ ဤလူများသည် အသင်းတော်အနှံ့ ရမ်းကားသောင်းကျန်းလျက် အပျက်သဘောဆောင်ခြင်းကို ဖြန့်ဝေကြ၏၊ သေခြင်းတရားကို ပွင့်အံချကြ၏၊ မိမိတို့ နှစ်သက်သလို ပြုမူကြ၏၊ မိမိတို့ ပြောချင်သည့်စကားများကို ပြောဆိုကြပြီး မည်သူမျှ ၎င်းတို့ကို မတားဆီးဝံ့ကြပေ။ ၎င်းတို့သည် စာတန်၏ စိတ်သဘောထားများဖြင့် ပြည့်လျှံနေကြ၏။ ဤသို့ အနှောင့်အယှက်များ ၎င်းတို့ ပြုလုပ်နေစဉ် သေခြင်းတရား၏ အငွေ့အသက်သည် အသင်းတော်အတွင်းသို့ ဝင်ရောက်လာ၏။ အသင်းတော်အတွင်းရှိ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူများသည် ငြင်းပယ်ခြင်း ခံရပြီး မိမိတို့ စွမ်းဆောင်နိုင်သမျှ အရာအားလုံးကို မပြုလုပ်နိုင်ကြပေ၊ အသင်းတော်ကို နှောင့်ယှက်သူများနှင့် သေခြင်းတရားကို ဖြန့်ဝေသူများမှာမူ အတွင်း၌ ရမ်းကားသောင်းကျန်းနေကြ၏၊ ထို့အပြင် လူအများစုသည် ၎င်းတို့နောက်သို့ လိုက်ကြ၏။ ထိုသို့သော အသင်းတော်များသည် စာတန်၏ အုပ်စိုးခြင်းကို အလုံးစုံ ခံရလုနီးပါးဖြစ်ပြီး နတ်ဆိုးသည် ၎င်းတို့၏ ဘုရင်ဖြစ်၏။ ထိုသို့သော အသင်းတော်များ၌ရှိသော လူများသည် ထကြွ၍ မကောင်းဆိုးဝါးခေါင်းဆောင်များကို မငြင်းပယ်ပါက ၎င်းတို့သည်လည်း အနှေးနှင့်အမြန်ဆိုသလို ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ ယခုမှစ၍ ထိုသို့သော အသင်းတော်များအပေါ် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရမည်။ သမ္မာတရား အနည်းငယ်မျှကို လက်တွေ့လုပ်ဆောင်နိုင်သောသူများသည် မရှာဖွေပါက ထိုအသင်းတော်သည် ဖျက်သိမ်းခံရလိမ့်မည်။ အသင်းတော်တစ်ခု၌ သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုသူ မရှိဘဲ ဘုရားသခင်အတွက် မိမိတို့၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်နိုင်သူ မရှိပါက ထိုအသင်းတော်ကို လုံးဝ သီးခြားခွဲထုတ်သင့်ပြီး အခြားအသင်းတော်များနှင့် ယင်း၏ ချိတ်ဆက်မှုများကို ဖြတ်တောက်ရမည်။ ဤသည်ကို “သေသူကို သင်္ဂြိုဟ်ခြင်း” ဟု ခေါ်၏၊ ဤသည်မှာ စာတန်ကို ငြင်းပယ်ခြင်း၏ အဓိပ္ပာယ်ပင် ဖြစ်၏။ အသင်းတော်တစ်ခု၌ ဒေသခံ အနိုင်ကျင့်သူအချို့ရှိပြီး ပိုင်းခြားသိမြင်မှု လုံးဝကင်းမဲ့သော “ယင်ကောင်ငယ်များ” က ၎င်းတို့နောက် လိုက်ပါက၊ ဤအသင်းတော်၌ရှိသော လူများသည် သမ္မာတရားကို မြင်တွေ့ပြီးသည့်နောက်တွင်ပင် ဤအနိုင်ကျင့်သူများ၏ ချည်နှောင်မှုနှင့် ကြိုးကိုင်ညွှန်ကြားမှုများကို ငြင်းပယ်နိုင်စွမ်း မရှိသေးပါက ထိုနားဝေတိမ်တောင်ဖြစ်သောသူအားလုံးသည် အဆုံး၌ ဖယ်ရှားရှင်းလင်းခြင်း ခံရကြလိမ့်မည်။ ဤယင်ကောင်ငယ်များသည် ကြီးမားသော မကောင်းမှုကို ပြုလုပ်ခဲ့ဖူးခြင်း မရှိကောင်းမရှိနိုင်သော်လည်း ၎င်းတို့သည် သာ၍ပင် လှည့်ဖြားတတ်ကြပြီး သာ၍ပင် လူလည်ကျတတ်ကြ၏၊ ထိုသို့သောသူတိုင်းသည် ဖယ်ရှားရှင်းလင်းခြင်း ခံရလိမ့်မည်။ တစ်ဦးတစ်ယောက်မျှ ကျန်ရစ်လိမ့်မည် မဟုတ်ပေ။ စာတန်နှင့် သက်ဆိုင်သူများသည် စာတန်ထံသို့ ပြန်သွားမည်ဖြစ်ပြီး ဘုရားသခင်၏ ရွေးချယ်ခံရသောသူများမှာမူ သမ္မာတရားကို ဧကန်မလွဲ ရှာဖွေကြလိမ့်မည်၊ ဤသည်ကို ၎င်းတို့၏ သဘာဝက ဆုံးဖြတ်ခြင်း ဖြစ်၏။ စာတန်၏ နောက်သို့ လိုက်သူအပေါင်းတို့ ပျက်စီးကြစေသတည်း။ ထိုသို့သော ပုဂ္ဂိုလ်များအပေါ် မည်သည့် သနားကရုဏာမျှ ပြသမည် မဟုတ်ပေ။ သမ္မာတရားကို ရှာဖွေသောသူများ ထောက်ပံ့ခံရစေသတည်း၊ ၎င်းတို့သည် မိမိတို့၏စိတ်နှလုံးများ ကျေနပ်အားရသည်အထိ ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် မွေ့လျော်နိုင်ကြပါစေသတည်း။ ဘုရားသခင်သည် ဖြောင့်မတ်တော်မူ၏၊ သူသည် မည်သူတစ်ဦးတစ်ယောက်အပေါ်မျှ မျက်နှာမလိုက်ပေ။ သင်သည် နတ်ဆိုးတစ်ကောင် ဖြစ်ပါက သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်မည် မဟုတ်ချေ၊ သင်သည် သမ္မာတရားကို ရှာဖွေသူတစ်ဦးဖြစ်ပါက စာတန်၏ ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံရမည် မဟုတ်သည်မှာ သေချာပေသည်။ ဤသည်မှာ သံသယဖြစ်ဖွယ် လုံးဝမရှိသော အရာဖြစ်၏။
တိုးတက်မှုအတွက် ကြိုးပမ်းအားထုတ်ခြင်း မရှိသောသူများသည် အခြားသူများကိုလည်း မိမိတို့ကဲ့သို့ပင် အစဉ် အပျက်သဘောဆောင်စေလိုကြပြီး ပျင်းရိစေလိုကြ၏။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများသည် လက်တွေ့လုပ်ဆောင်သောသူများကို မနာလိုဖြစ်ကြပြီး နားဝေတိမ်တောင်ဖြစ်သောသူများနှင့် ပိုင်းခြားသိမြင်မှု ကင်းမဲ့သူများကို အထင်အမြင်မှားစေရန် အစဉ် ကြိုးစားကြ၏။ ဤလူများ ပေးအပ်သည့် အရာများသည် သင့်ကို ကိုယ်ကျင့်တရားပျက်စေခြင်း၊ ယိုယွင်းပျက်စီးစေခြင်း၊ ပုံမှန်မဟုတ်သော အခြေအနေသို့ ကျရောက်စေခြင်းနှင့် အမှောင်ဖြင့် ပြည့်နှက်စေခြင်းတို့ ဖြစ်စေနိုင်၏။ ၎င်းတို့သည် သင့်ကို ဘုရားသခင်နှင့် ဝေးကွာသွားစေနိုင်ပြီး ဇာတိပကတိကို မြတ်နိုးစေကာ မိမိကိုယ်မိမိ ညှာတာခွင့်လွှတ်စေနိုင်၏။ သမ္မာတရားကို မချစ်သောသူများနှင့် ဘုရားသခင်အပေါ် အစဉ် ဝတ်ကျေတမ်းကျေလုပ်သောသူများ၌ မိမိကိုယ်ကို သတိပြုမိခြင်း မရှိကြဘဲ ထိုသို့သော လူများ၏ စိတ်သဘောထားသည် အခြားသူများကို အပြစ်ပြုရန်နှင့် ဘုရားသခင်ကို အတိုက်အခံလုပ်ရန် သွေးဆောင်၏။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြသည့်အပြင် အခြားသူများကိုလည်း လက်တွေ့လုပ်ဆောင်ခွင့် မပြုကြပေ။ ၎င်းတို့သည် အပြစ်ကို မြတ်နိုးကြပြီး မိမိကိုယ်မိမိ မုန်းတီးခြင်း မရှိကြပေ။ ၎င်းတို့သည် မိမိကိုယ်မိမိ မသိကြဘဲ အခြားသူများကို မိမိကိုယ်မိမိ မသိရှိစေရန် တားဆီးကြ၏၊ အခြားသူများ သမ္မာတရားကို ဆာငတ်ခြင်းကိုလည်း ၎င်းတို့ တားဆီးကြ၏။ ၎င်းတို့၏ အထင်အမြင်မှားစေခြင်းကို ခံရသူများသည် အလင်းကို မမြင်နိုင်ကြချေ၊ ထိုသူတို့သည် အမှောင်ထဲသို့ ကျရောက်ကြပြီး မိမိကိုယ်မိမိ မသိကြဘဲ သမ္မာတရားကို ရှင်းလင်းစွာ မသိရှိကြကာ ဘုရားသခင်နှင့် ပိုမို ဝေးကွာသွားကြ၏။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြဘဲ အခြားသူများ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းကိုလည်း တားဆီးကြကာ ထိုနားဝေတိမ်တောင်ဖြစ်သောသူ အားလုံးကို ၎င်းတို့ ရှေ့မှောက်သို့ ခေါ်ဆောင်သွားကြ၏။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ကြသည်ဟု ပြောဆိုခြင်းထက် ၎င်းတို့၏ ဘိုးဘေးအစဉ်အဆက်ဟောင်းများကို ယုံကြည်ကြသည် သို့မဟုတ် ၎င်းတို့ ယုံကြည်သည့် အရာသည် ၎င်းတို့ စိတ်နှလုံးထဲရှိ ၎င်းတို့မြတ်နိုးလေးစားရသောသူများဖြစ်သည်ဟု ပြောဆိုခြင်းက ပိုကောင်းလိမ့်မည်။ ဘုရားသခင်နောက် လိုက်လျှောက်သည်ဟု ပြောဆိုသူများသည် မျက်စိဖွင့်၍ ၎င်းတို့ အမှန်တကယ် မည်သူ့ကို ယုံကြည်နေသည်ကို သေချာစွာ ကြည့်ကြလျှင် အကောင်းဆုံး ဖြစ်လိမ့်မည်။ သင် ယုံကြည်သည့်သူမှာ အမှန်တကယ်ပင် ဘုရားသခင်လော သို့မဟုတ် စာတန်လော။ သင် ယုံကြည်သည့်သူသည် ဘုရားသခင် မဟုတ်ဘဲ သင်၏ ကိုယ်ပိုင် ရုပ်တုများဖြစ်ကြောင်း သင်သိပါက သင်သည် ယုံကြည်သူတစ်ဦးဖြစ်သည်ဟု မပြောဆိုလျှင် အကောင်းဆုံး ဖြစ်လိမ့်မည်။ သင်သည် မည်သူ့ကို ယုံကြည်နေသည်ကို အမှန်တကယ် မသိပါကလည်း သင်သည် ယုံကြည်သူတစ်ဦးဖြစ်သည်ဟု မပြောဆိုလျှင် အကောင်းဆုံး ဖြစ်လိမ့်မည်။ ထိုသို့ ပြောဆိုခြင်းသည် ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်း ဖြစ်လိမ့်မည်။ သင့်ကို ဘုရားသခင်အား ယုံကြည်ရန် မည်သူကမျှ အတင်းအကျပ် မပြုလုပ်ပါ။ ငါ့ကို သင်တို့ ယုံကြည်သည်ဟု မပြောကြနှင့်၊ ငါသည် ထိုသို့သော စကားများကို လုံလောက်အောင် ကြားဖူးပြီဖြစ်၍ နောက်ထပ် မကြားလိုတော့ပါ၊ အကြောင်းမှာ သင်တို့ ယုံကြည်သည့်အရာများသည် သင်တို့ စိတ်နှလုံးထဲရှိ သင်တို့မြတ်နိုးလေးစားသောသူများနှင့် သင်တို့ကြားရှိ ဒေသခံ အနိုင်ကျင့်သူများ ဖြစ်ကြသောကြောင့်ပင် ဖြစ်၏။ သမ္မာတရားကို ကြားသောအခါ ခေါင်းခါယမ်းကြသူများ၊ သေခြင်းတရားဆိုင်ရာ စကားများကို ကြားသောအခါ ပြုံးစစ လုပ်ကြသူများအားလုံးသည် စာတန်၏ သားမြေးများ ဖြစ်ကြပြီး ၎င်းတို့သည် ဖယ်ရှားရှင်းလင်းခြင်း ခံရမည့်သူများ ဖြစ်ကြ၏။ အသင်းတော်အတွင်းရှိ လူအများ၌ ပိုင်းခြားသိမြင်မှု မရှိကြပေ။ လူတစ်ဦးက အခြားသူများကို အထင်အမြင်မှားစေရန် ကြိုးစားသည့်အခါ သူသည် ဆန့်ကျင်ဘက်အားဖြင့် စာတန်၏ ဘက်၌ ရပ်တည်၏၊ သူသည် စာတန်၏ အစေခံဟု ခေါ်ဆိုခြင်းခံရသည့်အတွက် အလွန်တရာပင် မတရားဖြစ်သည်ဟု ခံစားရ၏။ လူတို့သည် ၎င်းတို့၌ ပိုင်းခြားသိမြင်မှု မရှိဟု ပြောဆိုကောင်း ပြောဆိုနိုင်သော်လည်း ၎င်းတို့သည် သမ္မာတရားမဟုတ်သောဘက်၌ အစဉ် ရပ်တည်ကြပြီး အရေးကြီးသော အချိန်တွင် သမ္မာတရားဘက်၌ မည်သည့်အခါမျှ မရပ်တည်ကြပေ၊ သမ္မာတရားအတွက် ၎င်းတို့ မည်သည့်အခါမျှ မားမားမတ်မတ် ရပ်တည်၍ အငြင်းအခုံ ပြုကြခြင်း မရှိပေ။ ၎င်းတို့သည် ပိုင်းခြားသိမြင်မှု အမှန်တကယ်ပင် ကင်းမဲ့နေကြသလော။ ၎င်းတို့သည် အဘယ်ကြောင့် ဆန့်ကျင်ကွဲလွဲစွာဖြင့် စာတန်၏ဘက်တွင် ရပ်တည်ကြသနည်း။ အဘယ်ကြောင့် သမ္မာတရားအတွက် တရားမျှတပြီး ကျိုးကြောင်းဆီလျော်သော စကားတစ်ခွန်းကိုမျှ မည်သည့်အခါမျှ မပြောဆိုကြသနည်း။ ဤအခြေအနေသည် ၎င်းတို့၏ ခဏတာ ဇဝေဇဝါဖြစ်မှုကြောင့် အမှန်တကယ် ဖြစ်ပေါ်လာရခြင်းလော။ လူတို့၌ ပိုင်းခြားသိမြင်မှု နည်းပါးလေလေ၊ ၎င်းတို့သည် သမ္မာတရားဘက်၌ မရပ်တည်နိုင်ကြလေလေ ဖြစ်၏။ ဤသည်က မည်သည့်အရာကို ပြသနေသနည်း။ ပိုင်းခြားသိမြင်မှုမရှိသော လူများသည် အပြစ်ကို ချစ်ကြကြောင်း ဤသည်က ပြသနေသည် မဟုတ်ပါသလော။ ၎င်းတို့သည် စာတန်၏ သစ္စာရှိသော သားမြေးများ ဖြစ်ကြောင်း ဤသည်က ပြသနေသည် မဟုတ်ပါသလော။ ၎င်းတို့သည် အဘယ်ကြောင့် စာတန်၏ဘက်၌ အစဉ် ရပ်တည်နိုင်ပြီး စာတန်၏ ဘာသာစကားကို ပြောဆိုနိုင်ကြရသနည်း။ ၎င်းတို့၏ ပြောဆိုပြုမူချက်တိုင်းနှင့် ၎င်းတို့၏ မျက်နှာထားများ အားလုံးက ၎င်းတို့သည် သမ္မာတရားကို ချစ်မြတ်နိုးသည့် လူစားမျိုး မဟုတ်ကြောင်း၊ ထိုအစား ၎င်းတို့သည် သမ္မာတရားကို ရွံရှာမုန်းတီးသောသူများဖြစ်ကြောင်း သက်သေပြရန် လုံလောက်ပေသည်။ စာတန်၏ဘက်၌ ၎င်းတို့ ရပ်တည်နိုင်ခြင်းက စာတန်၏အကျိုးကြောင့် မိမိတို့၏ဘဝများကို ပေးဆပ်ကြသော ဤနတ်ဆိုးလေးများကို စာတန်က အမှန်တကယ် ချစ်မြတ်နိုးကြောင်း သက်သေပြရန် လုံလောက်ပေသည်။ ဤအချက်အလက်အားလုံးသည် အလွန်တရာပင် ရှင်းလင်းထင်ရှားနေသည် မဟုတ်ပါသလော။ သင်သည် သမ္မာတရားကို ချစ်မြတ်နိုးသူတစ်ဦး အမှန်တကယ် ဖြစ်ပါက အဘယ်ကြောင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူများကို သင်ဂရုမစိုက်ဘဲ ရှိနေသနည်း၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများထံမှ အကြည့်လေး တစ်ချက်မျှ ရရုံဖြင့် အဘယ်ကြောင့် ၎င်းတို့နောက် ချက်ချင်း သင်လိုက်လျှောက်သနည်း။ ဤသည်မှာ မည်သို့သော ပြဿနာမျိုး ဖြစ်သနည်း။ သင့်တွင် ပိုင်းခြားသိမြင်မှု ရှိမရှိကို ငါ ဂရုမစိုက်။ သင် မည်မျှပင် ကြီးမားသော အဖိုးအခ ပေးဆပ်ခဲ့သည်ကို ငါ ဂရုမစိုက်။ သင်၏ အင်အား မည်မျှပင် ကြီးမားပါစေ ငါ ဂရုမစိုက်၊ သင်သည် ဒေသခံ အနိုင်ကျင့်သူတစ်ဦးဖြစ်စေ၊ အလံကိုင် ခေါင်းဆောင်တစ်ဦးဖြစ်စေ ငါ ဂရုမစိုက်။ သင်၏ အင်အား ကြီးမားပါက ယင်းသည် စာတန်၏ ခွန်အား အကူအညီဖြင့်သာ ဖြစ်၏။ သင်၏ သြဇာ ကြီးမားပါက ယင်းသည် သင်၏ ဘေးပတ်ဝန်းကျင်၌ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများ လွန်စွာ များပြားနေသောကြောင့်သာ ဖြစ်၏။ သင်သည် နှင်ထုတ်ခြင်း မခံရသေးပါက ယင်းမှာ ယခုအချိန်သည် နှင်ထုတ်ခြင်းအမှုအတွက် အချိန်မဟုတ်သေးဘဲ ထိုအစား ဖယ်ရှားရှင်းလင်းခြင်းအမှုအတွက် အချိန်ဖြစ်သောကြောင့် ဖြစ်၏။ သင့်ကို ယခု နှင်ထုတ်ရန် အလျင်မလိုပေ။ သင် ဖယ်ရှားရှင်းလင်းခံရပြီးသည့်နောက် ငါ သင့်ကို အပြစ်ဒဏ်ပေးမည့် နေ့ရက်ကို ငါစောင့်နေရုံမျှသာ ဖြစ်၏။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူ မည်သူမဆို ဖယ်ရှားရှင်းလင်းခြင်း ခံရလိမ့်မည်။
ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်လိုသူများနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုသူများ ဖြစ်ကြ၏။ ဘုရားသခင်အတွက် မိမိတို့၏ သက်သေခံချက်တွင် ဧကန်အမှန် ခိုင်မာစွာ ရပ်တည်နိုင်သူများသည်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်လိုသူများနှင့် သမ္မာတရားဘက်၌ စစ်မှန်စွာ ရပ်တည်နိုင်သူများ ဖြစ်ကြ၏။ ကလိမ်ကကျစ်ကျပြီး မဖြောင့်မတ်သော အလေ့အထများကို ပြုလုပ်သူအပေါင်းတို့သည် သမ္မာတရား ကင်းမဲ့ကြပြီး ၎င်းတို့အားလုံးသည် ဘုရားသခင်ကို အရှက်ရစေသည်။ အသင်းတော်တွင် အငြင်းပွားမှုများကို ဖြစ်ပေါ်စေသူများသည် စာတန်၏ အစေခံများ ဖြစ်ကြ၏၊ ၎င်းတို့သည် စာတန်၏ ပြယုဂ် ဖြစ်ကြ၏။ ထိုသို့သော လူများသည် လွန်စွာ မလိုမုန်းထားတတ်ကြ၏။ ပိုင်းခြားသိမြင်မှု မရှိသည့်တိုင် သမ္မာတရားဘက်၌ မရပ်တည်နိုင်သောသူအပေါင်းတို့သည် ဆိုးယုတ်သော ရည်ရွယ်ချက်များကို စိတ်တွင်ထားရှိသူများနှင့် သမ္မာတရားကို ညစ်နွမ်းစေသူများ ဖြစ်ကြ၏။ ၎င်းတို့သည် စာတန်၏ ကိုယ်စားလှယ်စစ်စစ်များ သာ၍ ဖြစ်ကြ၏။ ၎င်းတို့သည် ရွေးနုတ်၍ မရနိုင်လောက်အောင် ဖြစ်နေကြပြီး သဘာဝအတိုင်း ဖယ်ရှားရှင်းလင်းခြင်း ခံရကြလိမ့်မည်။ ဘုရားသခင်၏ အိမ်တော်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို ဆက်လက်နေထိုင်ရန် ခွင့်မပြုသည့်အပြင် အသင်းတော်ကို တမင်တကာ ဖြိုဖျက်သူများကိုလည်း ဆက်လက်နေထိုင်ရန် ခွင့်မပြုပေ။ သို့သော် ယခုအချိန်သည် နှင်ထုတ်ခြင်းအမှုကို ပြုလုပ်ရန် အချိန်မဟုတ်ပါ၊ ထိုသို့သော လူများသည် အဆုံး၌ ထုတ်ဖော်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်း ခံရကြမည်သာ ဖြစ်၏။ ဤသူများအပေါ် အကျိုးမရှိသော မည်သည့်အလုပ်ကိုမျှ နောက်ထပ် အသုံးပြုရန် မလိုတော့ပေ၊ စာတန်ဖြစ်ကြသူများသည် သမ္မာတရားဘက်၌ မရပ်တည်နိုင်ကြဘဲ သမ္မာတရားကို ရှာဖွေသူများမှာမူ ရပ်တည်နိုင်ကြ၏။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများသည် သမ္မာတရား၏ လမ်းခရီးကို ကြားနာရန် မထိုက်တန်ကြသည့်အပြင် သမ္မာတရားအတွက် သက်သေခံရန်လည်း မထိုက်တန်ကြပေ။ သမ္မာတရားသည် ၎င်းတို့ ကြားနာရန်အတွက် လုံးဝ မဟုတ်ချေ၊ ထိုအစား ယင်းကို လက်တွေ့လုပ်ဆောင်သူများအတွက် ရည်ရွယ်ထားခြင်း ဖြစ်၏။ လူတိုင်း၏ရလဒ်ကို မထုတ်ဖော်မီ အသင်းတော်ကို နှောင့်ယှက်သူများနှင့် အလုပ်ကို အဖျက်အမှောင့်လုပ်သူများကို ပထမဦးစွာ ဘေးသို့ ဖယ်ထားမည်ဖြစ်ပြီး ယခုအချိန်တွင် ပစ်ထားလိုက်မည် ဖြစ်၏။ အလုပ် ပြီးမြောက်သွားသည့်အခါ ဤလူများသည် တစ်ဦးစီ ထုတ်ဖော်ခံရမည်ဖြစ်ပြီး ထို့နောက် ၎င်းတို့သည် ဖယ်ရှားရှင်းလင်းခံရကြလိမ့်မည်။ လက်ရှိအချိန်တွင်မူ သမ္မာတရားကို ပံ့ပိုးပေးနေစဉ် ၎င်းတို့ကို မသိကျိုးကျွံ ပြုထားမည် ဖြစ်၏။ သမ္မာတရား တစ်ခုလုံးကို လူထံ ထုတ်ဖော်သည့်အခါ လူတို့သည် စတင်၍ ဖယ်ရှားရှင်းလင်းခံရကြလိမ့်မည်။ ထိုအချိန်သည် လူအားလုံးကို ၎င်းတို့၏ အမျိုးအစားနှင့်အညီ ခွဲခြားသတ်မှတ်သည့် အချိန်ဖြစ်လိမ့်မည်။ ပိုင်းခြားသိမြင်မှု မရှိသူများ၏ သေးသိမ်သော ပရိယာယ်များသည် ဆိုးယုတ်သူ၏ လက်ထဲတွင် ၎င်းတို့ ပျက်စီးရခြင်း အဖြစ်သို့ ရောက်ရှိစေလိမ့်မည်၊ ၎င်းတို့သည် ထိုသူတို့၏ သွေးဆောင်ဖြားယောင်းခြင်းကို ခံရပြီး မည်သည့်အခါမျှ ပြန်လာကြတော့မည် မဟုတ်ပေ။ ထိုသို့သော ဆက်ဆံမှုမျိုးသည် ၎င်းတို့ ခံထိုက်သည့် ဆက်ဆံမှုမျိုးပင် ဖြစ်၏၊ အကြောင်းမှာ ၎င်းတို့သည် သမ္မာတရားကို မချစ်ကြသောကြောင့်လည်းကောင်း၊ သမ္မာတရားဘက်၌ မရပ်တည်နိုင်ကြသောကြောင့်လည်းကောင်း၊ ဆိုးယုတ်သောလူများနောက်သို့ လိုက်လျှောက်ကြပြီး ဆိုးယုတ်သောလူများဘက်၌ ရပ်တည်ကာ ဆိုးယုတ်သောလူများနှင့် ပူးပေါင်း၍ ဘုရားသခင်ကို အတိုက်အခံ လုပ်ကြသောကြောင့်လည်းကောင်း ဖြစ်၏။ ထိုဆိုးယုတ်သောလူများ ထုတ်ဖော်သည့် အရာသည် မကောင်းမှုဖြစ်ကြောင်း ၎င်းတို့ ကောင်းစွာ သိကြသည့်တိုင် မိမိကိုယ်မိမိ ရဲဆေးတင်းလျက် သမ္မာတရားကို ကျောခိုင်းကာ ထိုသူတို့ နောက်သို့ လိုက်လျှောက်ကြ၏။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဘဲ ပျက်စီးစေသော အရာများနှင့် စက်ဆုပ်ဖွယ် အရာများကို ပြုလုပ်ကြသော ဤသူများသည် မကောင်းမှုကို ကျူးလွန်နေကြခြင်း မဟုတ်ပါသလော။ ၎င်းတို့အနက် “ဘုရင်များ” အဖြစ် ပြုမူသူများနှင့် ထိုသူတို့နောက်သို့ လိုက်လျှောက်သူများ ရှိကြသော်လည်း ထိုသူတို့၏ ဘုရားသခင်ကို အတိုက်အခံလုပ်တတ်သော သဘာဝသည် အတူတူပင် မဟုတ်ပါသလော။ ဘုရားသခင်သည် ၎င်းတို့ကို မကယ်တင်ပါဟု ပြောဆိုရန် ၎င်းတို့၌ မည်သည့်ဆင်ခြေ ရှိနိုင်ပါမည်နည်း။ ဘုရားသခင်သည် မဖြောင့်မတ်ပါဟု ပြောဆိုရန် ၎င်းတို့၌ မည်သည့်ဆင်ခြေ ရှိနိုင်ပါမည်နည်း။ ၎င်းတို့ကို ပျက်စီးစေသည်မှာ ၎င်းတို့၏ ကိုယ်ပိုင်မကောင်းမှု မဟုတ်ပါသလော။ ၎င်းတို့ကို ငရဲသို့ ဆွဲချနေသည်မှာ ၎င်းတို့၏ ကိုယ်ပိုင်ပုန်ကန်မှု မဟုတ်ပါသလော။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သူများသည် အဆုံး၌ သမ္မာတရားကြောင့် ကယ်တင်ခြင်းနှင့် စုံလင်အောင်ပြုခြင်း ခံရကြလိမ့်မည်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သူများသည် အဆုံး၌ သမ္မာတရားကြောင့် ကိုယ့်သေတွင်းကိုယ် တူးကြလိမ့်မည်။ ဤသည်တို့မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သူများနှင့် လက်တွေ့မလုပ်ဆောင်သူများကို စောင့်ကြိုနေသည့် အဆုံးသတ်များ ဖြစ်ကြ၏။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် အစီအစဉ် မရှိသူများသည် သာ၍ပင် အပြစ်ပြုခြင်းမှ ရှောင်ရှားနိုင်ရန် အသင်းတော်မှ အမြန်ဆုံး ထွက်ခွာသွားကြဖို့ ငါ အကြံပြု၏။ အချိန်တန်သည့်အခါ နောင်တရရန် အလွန်နောက်ကျသွားလိမ့်မည်။ အထူးသဖြင့် ဂိုဏ်းဂဏဖွဲ့၍ ခွဲထွက်မှုများကို ဖန်တီးသူများ၊ အသင်းတော်အတွင်းရှိ ဒေသခံ အနိုင်ကျင့်သူများသည် သာ၍ပင် စောစီးစွာ ထွက်ခွာသွားရမည်။ ဆိုးယုတ်သော ဝံပုလွေများ၏ သဘာဝရှိသည့် ထိုသို့သောလူများသည် ပြောင်းလဲနိုင်စွမ်း မရှိကြပေ။ ၎င်းတို့သည် ညီအစ်ကို မောင်နှမများ၏ ပုံမှန် အသက်တာကို နောက်ထပ် မည်သည့်အခါမျှ မနှောင့်ယှက်မိစေရန်နှင့် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို မခံရစေရန်အတွက် အသင်းတော်မှ အမြန်ဆုံး ထွက်ခွာသွားကြလျှင် ပိုကောင်းလိမ့်မည်။ လူအုပ်နောက်သို့သာ လိုက်ပါတတ်သော သင်တို့သည် ဤအခွင့်အရေးကို အသုံးချ၍ မိမိကိုယ်မိမိ ပြန်လည် ဆင်ခြင်သုံးသပ်လျှင် ကောင်းလိမ့်မည်။ သင်တို့သည် ဆိုးယုတ်သောလူများနှင့်အတူ အသင်းတော်မှ ထွက်ခွာသွားမည်လော၊ သို့မဟုတ် ကျန်ရစ်ခဲ့ပြီး နာခံစွာ လိုက်ပါမည်လော။ သင်သည် ယင်းကို စဉ်းစားအဖြေရှာရမည်။ ရွေးချယ်ရန် ဤအခွင့်အရေး နောက်တစ်ခုကို သင်တို့အား ငါ ပေးအပ်ထားပြီး သင်တို့၏ အဖြေကို ငါ စောင့်နေသည်။