၂၉၁ အနန္တတန်ခိုးရှင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ အဖြူစင်ဆုံးဖြစ်ပေ

၁ အို ဘုရားရှင်။ ကိုယ်တော် လူ့ဇာတိခံကာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ အရာရာကို စွန့်လွှတ်လေပြီ။ လူသားမျိုးနွယ်ကြား နွေးထွေးမှုကို ကိုယ်တော် ဘယ်သောအခါမျှ မတွေ့ကြုံရပေ၊ လူသား၏ စိတ်နှလုံးကို မရယူခဲ့ပေ။ ဆယ်စုနှစ်များကြာ တိတ်ဆိတ်စွာ အမှုပြုရင်း၊ လောက၏ ခါးသီးမှုအားလုံးကို ကိုယ်တော် မြည်းစမ်းပြီ။ ကိုယ်တော် ဖော်ပြသည့် နှုတ်ကပတ်တော်များအားလုံးက လူသားထံ ထာဝရအသက်လမ်းကို ယူဆောင်ဖို့ သမ္မာတရား ဖြစ်ပေ။ သို့သော် ယင်းကို လူတို့ မသိကြ၊ ကိုယ်တော်၏ ကယ်တင်ခြင်းကို လက်ခံရရှိဖို့ ငြင်းပယ်ရင်း၊ ကိုယ်တော်ကို သူတို့ ရှုတ်ချကာ အသရေဖျက်ကြပေ။ လူသားမျိုးနွယ်ကို ဖြစ်နိုင်သမျှ အစွမ်းကုန် ကယ်တင်ရင်း၊ အရှက်ရခြင်းကို ကိုယ်တော် သည်းခံခဲ့သော်လည်း၊ လူတို့ကို ချစ်ခြင်းမှတဆင့် တို့ထိဆဲပင်။ အို ဘုရားရှင်။ ကိုယ်တော်၏ ချစ်ခြင်းအားလုံးကို လူသားကို ကိုယ်ကျိုးမငဲ့စွာ ပေးလေပြီ။ ကောင်းကင်နှင့် မြေကြီးပေါ်တွင် ကိုယ်တော်သာ ချစ်ခြင်းမေတ္တာ ဖြစ်ပေ၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ အဖြူစင်ဆုံး ဖြစ်ပေ။

၂ အို ဘုရားရှင်။ တရားစီရင်ပြီး ပြစ်တင်ဆုံးမဖို့ ကိုယ်တော် ဖော်ပြသည့် သမ္မာတရားများမှာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့သက်သက် ဖြစ်ပေ။ ကိုယ်တော်၏ နှုတ်ကပတ်တော်များက လူ၏ သဘာဝကို ထုတ်ဖော်ပြ၊ ဆင်းရဲဒုက္ခနှင့် စမ်းသပ်မှုများက လူ၏ ဖောက်ပြန်ပျက်စီးခြင်းကို သန့်စင်စေ။ သမ္မာတရားကို ကျွန်ုပ်တို့ နားလည်စေဖို့ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို ကိုယ်တော် စီစဉ်ပေ။ သို့သော် ကိုယ်တော်၏ အလိုတော်ကို ကျွန်ုပ်တို့ နားမလည်၊ အယူအဆများကို ကျွန်ုပ်တို့ သိုထားကာ ကိုယ်တော်၏ စီစဉ်မှုများကို မကျိုးနွံနိုင်ကြ။ ကိုယ်တော်၏ တရားစီရင်ခြင်းကို ကျွန်ုပ်တို့ ရှောင်ရှားကြ၊ ကျွန်ုပ်တို့ ခေါင်းမာကာ ပုန်ကန်တတ်ကြပေ၊ ကျွန်ုပ်တို့ အသိစိတ်အားလုံး ကင်းမဲ့ကာ ကိုယ်တော်၏ စိတ်နှလုံးကို အလွန်နက်ရှိုင်းစွာ နာကျင်စေကြလေပြီ။ ကျွန်ုပ်တို့ကို အားဖြစ်စေကာ ရေလောင်းရင်း ကိုယ်တော် အစဉ်အမြဲ စိတ်ရှည်ကာ သည်းခံခဲ့ပေ၊ ကျွန်ုပ်တို့၏ ခံစားချက်မဲ့သော နှလုံးသားများ နိုးကြားလာကြပေ။ အို ဘုရားရှင်၊ ကျွန်ုပ်တို့ကို ကယ်တင်ဖို့ အသက် အဖိုးအခကို ပေးရင် ကိုယ်တော် အစွမ်းကုန် အမှုပြုလေပြီ။ ကောင်းကင်နှင့် မြေကြီးပေါ်တွင် ကိုယ်တော်သာ ချစ်ခြင်းမေတ္တာ ဖြစ်ပေ၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ အဖြူစင်ဆုံး ဖြစ်ပေ။ အနန္တတန်ခိုးရှင် ဘုရားသခင်။ လူ၏ ချစ်ခြင်းမေတ္တာဖြင့် ကိုယ်တော် အထိုက်တန်ဆုံး၊ ကိုယ်တော်ကို ကျွန်ုပ်တို့ အမြဲချစ်ကာ သက်သေခံမည်။

အရှေ့သို့- ၂၈၉ လူသားအပေါ် ဘုရားသခင် အမြဲစောင့်ရှောက်သည်

နောက်တစ်ခုသို့- ၂၉၂ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက ကျွန်ုပ်၏ စိတ်နှလုံးကို အရည်ပျော်စေပြီ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၂၀၆ ဘုရားသခင်၌သာ အသက်လမ်းရှိ

၁ အသက်လမ်းဟာ လူတိုင်းပိုင်သောအရာမဟုတ်ဘူးလူတိုင်း အလွယ်အကူ ရယူနိုင်သော အရာမဟုတ်ဘူးအသက်မှာ ဘုရားဆီကသာ လာသည်မို့ဘုရားသခင်၌သာ အသက်၏အခြေအမြစ်...

၈၁ နောက်ဆုံးသောကာလ၌ စီရင်ခြင်းသည် ခေတ်ကို အဆုံးသတ်စေမည်

၁ နောက်ဆုံးသောကာလသည် ကျေးဇူးတော်ခေတ်၊ ပညတ်တော်ခေတ်တို့နှင့် အလွန်ကွဲပြားခြားနား။နောက်ဆုံးသောကာလ၏ အမှုတော်ကို အစ္စရေးပြည်မှာ မပြု၊...

၃၂၉ လူသားရဲ့စစ်မှန်သောနှလုံးသားကို ကိုယ်တော်လိုချင်

၁ယနေ့လူတို့ ဘုရားကို တန်ဖိုးမထားဘုရားမှာ ထိုသူတို့နှလုံးသားထဲ နေရာမရှိလာမယ့်နေ့ရက်များ၊ ဆင်းရဲဒုက္ခရောက်ချိန်များမှာထိုသူတို့ ဘုရားကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။