ကျွန်ုပ်တို့ သာသနာကို ကျွန်ုပ်တို့ ပြီးမြောက်အောင်ဆောင်ရွက်သည်
၁
ကမ္ဘာမြေပေါ်တွင် ကျွန်ုပ်တို့ အသက်ရှင်နေထိုင်သည်၊ ဘုရားသခင်က ကျွန်ုပ်တို့ အသက်များနှင့် သေခြင်းတရားများ၊ ဘေးဒုက္ခများနှင့် ကြွယ်ဝမှုများတို့ကို အုပ်စိုးပြီး၊ ဘုရား၏ အုပ်စိုးခြင်းမှ လွတ်မြောက်သူ တစ်ယောက်မျှ မရှိပါ။
အောင်မြင်မှု သို့မဟုတ် ကျရှုံးခြင်း၊ သာမညောင်ညအဆင့်သို့မဟုတ် ကြွယ်ဝမှု နှင့် ကျော်ကြားမှု၊ ဝမ်းမြောက်ခြင်း သို့မဟုတ် ဝမ်းနည်းခြင်း၊ အရာအားလုံး အနှစ်သာရမဲ့သည်။
နောက်ဆုံးသောကာလ၏ ခရစ်တော်သည် ပေါ်ထွန်းပြီး အမှုပြုသည်၊ သူ သမ္မာတရားကို အပ်နှင်းပြီး၊ ထာဝရအသက်ကို ဆောင်ကြဉ်းသည်။
ဘုရားနှုတ်ကပတ်တော်က ကျွန်ုပ်တို့ကို ရေလောင်းပြီး၊ ကျွန်ုပ်တို့က လောကကို နားလည်ကြသည်၊ အသက်တာတွင် ဘုရားနောက် ကျွန်ုပ်တို့လိုက်ပြီး၊ မှန်ကန်သည့် လမ်းကြောင်းကို လျှောက်သည်။
ဘုရားနှုတ်ကပတ်တော်ကို တွေ့ကြုံခံစားပြီး၊ သမ္မာတရားကို နားလည်ခြင်းဖြင့်သာ၊ ဘုရားသခင်ကို ချစ်ခြင်းသည် အဓိပ္ပါယ် အရှိဆုံးဖြစ်ကြောင်း ကျွန်ုပ်တို့ သိသည်။
ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ်တို့ နှစ်သက်ခံစားသောကြောင့်၊ သူ့ကို ကျွန်ုပ်တို့ ပြန်လည်ပေးဆပ်ပြီး ဘုရားသခင်၏ နောက်ဆုံးသောကာလ ကယ်တင်ခြင်းဆိုင်ရာ နှုတ်ကပတ်တော်ကို ဖြန့်ဝေသင့်သည်။
ကျွန်ုပ်တို့ သူ့အလိုတော်ကို ထောက်ထားပြီး၊ မိမိတို့ သာသနာကို တာဝန်ယူဆောင်ရွက်သည်၊ ဘုရားနှုတ်ကပတ်တော်က ကျွန်ုပ်တို့ကို ဦးဆောင်ပြီး၊ သေသည်အထိ ကျွန်ုပ်တို့ သစ္စာရှိသည်။
ကျွန်ုပ်တို့ အသားအရောင် ကွဲပြားသည်၊ တိုင်းနိုင်ငံ ကွဲပြားသည်၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက ကျွန်ုပ်တို့ကို အချင်းချင်း ချစ်ခြင်း၌ အတူတကွ ပေါင်းစည်းစေသည်။
ဘုရား၏ စိတ်နှလုံးသားကို ကျေနပ်စေရန် ကျွန်ုပ်တို့ တာဝန်များကို ထမ်းဆောင်ရင်း၊ ညီအစ်ကိုမောင်နှမများတစ်လုံးတစ်ဝတည်း အလုပ်လုပ်ကြသည်။
တစ်ညီတစ်ညွတ်တည်းဖြင့်၊ ကျွန်ုပ်တို့ ဘုရား၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ပြီး၊ ဖန်ဆင်းရှင်၏ လုပ်ဆောင်ချက်များကို သက်သေခံကြသည်။
ကမ္ဘာပေါ်တွင် ကျွန်ုပ်တို့ မည်သည့်နေရာတွင် ရှိပါစေ၊ မိမိတို့ ၏ခွန်အားများအားလုံးကို ကျွန်ုပ်တို့ အသုံးပြုသည်၊ ကျွန်ုပ်တို့သည် မိမိတို့ သာသနာကို ဖြစ်မြောက်အောင် ဆောင်ရွက်ပြီး၊ ဘုရားသခင်ကို လုံးလုံးလျားလျား ဆက်ကပ်ကြသည်။
၂
နတ်ဆိုးများ၏ တိုင်းပြည်ဖြစ်သည့် တရုတ်ပြည်တွင်၊ လူ့အခွင့်အရေး မရှိပါ၊ ခရစ်တော်ကို သက်သေခံခြင်းအတွက် ညှင်းပန်းနှိပ်စက်ခြင်းကို ကျွန်ုပ်တို့ ခံစားရသည်။
ကျွန်ုပ်တို့သည် ရက်စက်သော ညှင်းပန်းနှိပ်စက်မှုများနှင့် ညှင်းပန်းမှုဒဏ်များအားဖြင့် ဖွတ်ဖွတ်ညက်ညက်ကြေကာ၊ ကျွန်ုပ်တို့ စာတန်၏ စစ်မှန်ပြီး၊ အကျည်းတန်သည့် စရိုက်ကို မြင်ရသည်။
အလွန်စက်ဆုပ်ဖွယ်ကောင်းပြီး ရက်စက်သည့် စာတန်ကို ကျွန်ုပ်တို့ ရွံရှာသည်၊ ကျွန်ုပ်တို့ နှလုံးသားများတွင် ခရစ်တော် အုပ်စိုးဖို့ တောင့်တသည်။
နိုင်ငံတော်သို့ သွားရာ လမ်းသည် ကြမ်းတမ်းပြီး၊ ခက်ထန်သည်၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို မှီခိုအားကိုးရင်းဖြင့် ကျွန်ုပ်တို့ မှန်မှန် ရှေ့ဆက်လျှောက်သည်။
လှောင်ပြောင်ခံရပြီး၊ အသရေဖျက်ခံရကာ၊ ငြင်းပယ်ခံရပြီး၊ ဖယ်ကြဉ် ခံရသည်၊ ကျွန်ုပ်တို့ ဘုရားသခင်ကို နှစ်သိမ့်နိုင်သရွေ့ ကျွန်ုပ်တို့ နှလုံးသားများကျေနပ်သည်။
ဘုရား၏ ချစ်ခြင်းမေတ္တာကို သက်သေခံရင်း၊ ယုံကြည်ခြင်းဖြင့် ပြည့်ဝကာ၊ မိမိတို့၏ အလုပ်တာဝန်ကို ကျွန်ုပ်တို့ ပြည့်စုံစေပြီး၊ ကျွန်ုပ်တို့ သာသနာကို ဖြစ်မြောက်အောင် ဆောင်ရွက်သည်။
ကမ္ဘာအနှံ့ရှိ တိုင်းနိုင်ငံများအားလုံးမှ ကျွန်ုပ်တို့ အတူတကွ စုဝေးကာ၊ နိုင်ငံတော်ဆိုင်ရာ ဧဝံဂေလိတရားသည် စကြဝဠာတစ်လျှောက်လုံးတိုးချဲ့ပြန့်ပွားသည်။
နိုင်ငံများ၏ နယ်နိမိတ်များကို အမှုမထားဘဲ၊ ဘာသာတရားအားလုံး တစ်ခုတည်းဖြစ်လာသည်၊ ဘုရားကို ချစ်သောသူများ သူ့ထံသို့ ပြန်လာကြသည်။
ကျွန်ုပ်တို့က ခရစ်တော်ကို သက်သေခံပြီး၊ ဘုရား၏ နာမတော်ကို ဘုန်းတော်ထင်ရှားစေသည်၊ ဘုရားသခင်ကို ကျွန်ုပ်တို့၏ ကျေးဇူးတင်ရှိခြင်းနှင့် ချီးမွမ်းခြင်းတို့ကို ကျွန်ုပ်တို့ ပူဇော်ကြသည်။
ကံအကြောင်းမလှခြင်းများနှင့် အတိဒုက္ခများ အားလုံးတို့ အတိတ်တွင် ရှိသည်၊ ဖြောင့်မတ်ခြင်း အရုဏ်ပေါ်ထွန်းခဲ့ပြီ။
ကျွန်ုပ်တို့ ချီးမွမ်းပြီး၊ သီဆိုကြသည်၊ နောက်ဆုံးသောကာလ၏ ခရစ်တော် ဘုရင်အဖြစ် အုပ်စိုးသည်။