ဩဝါဒစာစောင် ဆယ့်သုံးစောင်နှင့် ပတ်သက်၍ သင် မည်သည့်နေရာတွင် ရပ်တည်သနည်း။

ကျမ်းစာ၏ ဓမ္မသစ်ကျမ်းတွင် ပေါလု၏ ဩဝါဒစာ ဆယ့်သုံးစောင် ပါရှိသည်။ သူ၏ အလုပ်ကို လုပ်ဆောင်သည့် ကာလတစ်လျှောက်တွင်၊ ပေါလုသည် သူ၏ စာစောင် ဆယ့်သုံးစောင်ကို ယေရှုခရစ်တော်အား ယုံကြည်သည့် အသင်းတော်များထံ ရေးသားခဲ့သည်။ ယင်းမှာ ယေရှု ကောင်းကင်သို့ တက်ကြွသွားသည့်နောက်တွင် ပေါလုသည် မြှင့်တင်ခံရပြီး ဤစာစောင်များကို ရေးသားခဲ့ခြင်း ဖြစ်သည်။ ၎င်း၏ စာစောင်များသည် သခင်ယေရှု၏ သေခြင်းပြီးနောက် သူ၏ ရှင်ပြန်ထမြောက်ခြင်းနှင့် ကောင်းကင်သို့ တက်ကြွသွားခြင်းတို့ နှင့်ဆိုင်သည့် သက်သေခံချက်များ ဖြစ်ကြပြီး၊ နောင်တနှင့် ကားတိုင်ထမ်းခြင်း လမ်းခရီးကိုလည်း ဖြန့်ဝေလေသည်။ ဟုတ်ပေ၏၊ ဤသတင်းစကားများနှင့် သက်သေခံချက်အားလုံးမှာ ထိုအချိန်က ယုဒပြည်အနီးတစ်ဝိုက်က နေရာအမျိုးမျိုးရှိ ညီအစ်ကိုမောင်နှမများကို သွန်သင်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် ထိုအချိန်က ပေါလုသည် သခင်ယေရှု၏ အစေခံဖြစ်ခဲ့ပြီး၊ သခင်ယေရှုအတွက် သက်သေခံဖို့ရန် သူသည် ပျိုးထောင်ခြင်း ခံခဲ့ရသောကြောင့်ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုနှင့်ဆိုင်သော ကာလအသီးသီးအတွင်းတွင်၊ လူအမျိုးမျိုးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ မတူညီသော အမှုကို ဆောင်ရွက်ရန် မြှင့်တင်ခံရကြလေသည်၊ ယင်းမှာ၊ ဘုရားသခင်ကိုယ်တော်တိုင် ပြည့်စုံစေသည့်အမှုကို ဆက်လက်လုပ်ဆောင်ရန်အလို့ငှာ တမန်တော်များ၏ အလုပ်ကို လုပ်ဆောင်ဖို့ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်က ယင်းကို တိုက်ရိုက်လုပ်ဆောင်ခဲ့ပြီး မည်သူမျှ မြှင့်တင်ခြင်းမခံခဲ့ရပါက၊ အလုပ်ကို ဆောင်ရွက်ဖို့ရန်အတွက် အလွန်ခက်ခဲခဲ့ပေလိမ့်မည်။ ထိုသို့ဖြင့်၊ ပေါလုသည် ဒမာသက်သို့ သွားရာလမ်းပေါ်တွင် ထိုးလှဲခံခဲ့ရပြီးနောက် သခင်ယေရှုအတွက် သက်သေခံတစ်ဦးဖြစ်ဖို့ရန် မြှင့်တင်ခံခဲ့ရသူတစ်ဦး ဖြစ်လာခဲ့သည်။ သူသည် ယေရှု၏ တပည့်တော် ဆယ့်နှစ်ပါးအပြင် တမန်တော်တစ်ဦး ဖြစ်သည်။ ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းအပြင်၊ တနည်းအားဖြင့် သခင့်ထဲက ညီအစ်ကို မောင်နှမများကို ဦးဆောင်ခြင်းဖြစ်သည့် အသင်းတော်များ၏ ညီအစ်ကိုမောင်နှမများကို ကြည့်ရှု စောင့်ရှောက်ခြင်းပါဝင်သော နေရာအမျိုးမျိုးရှိ အသင်းတော်များကို ထိန်းကျောင်းခြင်း အလုပ်ကိုလည်း သူတာဝန်ယူခဲ့သည်။ ပေါလု၏ သက်သေခံချက်မှာ သခင်ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းနှင့် ကောင်းကင်သို့ တက်ကြွသွားခြင်းနှင့်ဆိုင်သည့် အမှန်တရားကို သိရှိစေဖို့အပြင် လူတို့ကို နောင်တရဖို့၊ ဝန်ချဖို့နှင့် ကားတိုင်လမ်းကို လျှောက်လှမ်းရန် သွန်သင်ဖို့ ဖြစ်ခဲ့သည်။ သူသည် ထိုအချိန်က ယေရှုခရစ်တော်၏ သက်သေခံများထဲမှ တစ်ဦးဖြစ်ခဲ့သည်။

ပေါလု၏ ဩဝါဒစာ ဆယ့်သုံးစောင်ကို သမ္မာကျမ်းစာထဲတွင် အသုံးပြုဖို့အတွက် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သူသည် နေရာ အမျိုးမျိုးတွင်ရှိသော လူတို့၏ အခြေအနေအမျိုးမျိုးကို ကိုင်တွယ်ဖို့ရန် စာတစ်ဆယ့်သုံးစောင်လုံးကို ရေးသားခဲ့၏။ ၎င်းတို့ကို ရေးသားဖို့ရန် သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းခံခဲ့ရပြီး တမန်တော် တစ်ဦး၏ အနေအထားမှ (သခင်ယေရှု၏ အစေခံတစ်ဦး၏ ရှုထောင့်မှ) နေရာတိုင်းရှိ ညီအစ်ကို မောင်နှမများကို သွန်သင်ခဲ့သည်။ ထို့ကြောင့်၊ ပေါလု၏ စာစောင်များသည် ပရောဖက်ပြုချက်များမှ သို့မဟုတ် ရူပါရုံများမှ တိုက်ရိုက် ပေါ်ပေါက်ခဲ့ခြင်း မဟုတ်ဘဲ၊ သူ တာဝန်ယူခဲ့သည့် အလုပ်မှ လာခဲ့ခြင်း ဖြစ်သည်။ ဤစာစောင်များသည် မထူးဆန်းသကဲ့သို့ ပရောဖက်ပြုချက်များလောက် နားလည် သဘောပေါက်ရန် မခက်ပေ။ ၎င်းတို့ကို စာစောင်များအဖြစ် သက်သက်သာ ရေးသားခဲ့ခြင်း ဖြစ်ပြီး ပရောဖက်ပြုချက်များဖြစ်စေ နက်နဲမှုများဖြစ်စေ မပါဝင်ချေ။ ၎င်းတို့သည် သာမန် ပညာပေးသော နှုတ်ကပတ်တော်များသာ ပါရှိလေသည်။ ထိုစာစောင်များ၏ နှုတ်ကပတ်တော်များစွာသည် လူတို့အတွက် သဘောပေါက်ဖို့ ခက်ခဲကောင်း ခက်ခဲနိုင်သော်လည်း သို့မဟုတ် နားလည်ဖို့ ခက်ကောင်း ခက်နိုင်သော်လည်း၊ ၎င်းတို့သည် ပေါလုကိုယ်တိုင်၏ အနက်ပြန်မှုများ နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းမှသာ ဖြစ်ပေါ်ခဲ့ပေသည်။ ပေါလုသည် တမန်တော်တစ်ဦးသာ ဖြစ်ခဲ့သည်။ သူသည် သခင်ယေရှု အသုံးပြုသည့် အစေခံတစ်ဦးဖြစ်ခဲ့ပြီး ပရောဖက်တစ်ဦး မဟုတ်ပေ။ အမျိုးမျိုးသော နယ်မြေများကို ဖြတ်သန်း လျှောက်လှမ်းစဉ်တွင်၊ အသင်းတော်များ၏ ညီအစ်ကို မောင်နှမများထံ စာစောင်များ သူ ရေးသားခဲ့၏၊ သို့မဟုတ် သူ ဖျားနာစဉ်တွင်၊ အထူးသဖြင့် သူစိတ်ပူသော်လည်း မသွားရောက်နိုင်ခဲ့သည့် အသင်းတော်များထံ ရေးသားခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်သောကြောင့်၊ သူ၏ စာများကို လူတို့က ထိန်းသိမ်းထားခဲ့ကြပြီး နောက်ပိုင်းတွင် အနာဂတ် မျိုးဆက်များက စုဆောင်းခဲ့ကြသည်၊ စုစည်းကာ ကျမ်းစာထဲက ခရစ်ဝင်ကျမ်း လေးကျမ်းနောက်တွင် တင်ပြခဲ့ကြသည်။ ဟုတ်ပေ၏၊ သူရေးသားခဲ့သည့် အကောင်းဆုံး စာစောင်များအားလုံးကို ၎င်းတို့က ရွေးချယ်ပြီး ကျမ်းပြုခြင်းတစ်ခု လုပ်ဆောင်ခဲ့ကြသည်။ ဤဩဝါဒစာစောင်များသည် အသင်းတော်များ၏ ညီအစ်ကို မောင်နှမများ၏ အသက်တာများအဖို့ အကျိုးပြုပြီး၊ ပေါလု၏ အချိန်ကာလတွင် အထူး ကျော်ကြားခဲ့လေသည်။ ယင်းတို့ကို ပေါလု ရေးသာခဲ့ချိန်တွင်၊ သူ၏ ရည်ရွယ်ချက်မှာ သူ၏ ညီအစ်ကို မောင်နှမများကို လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခု ရှာတွေ့စေနိုင်မည့် ဝိညာဉ်ရေးရာ လက်ရာတစ်ခု သို့မဟုတ် သူကိုယ်တိုင်၏ အတွေ့အကြုံများကို ဖော်ပြဖို့ ဝိညာဉ်ရေးရာ အတ္ထုပ္ပတ္တိတစ်ခု ရေးသားဖို့ မဟုတ်ခဲ့ပေ။ စာရေးဆရာတစ်ဦးဖြစ်လာဖို့ စာအုပ် တစ်အုပ်ကို ရေးသားရန် သူ မရည်ရွယ်ခဲ့ပေ။ သူသည် သခင်ယေရှု ခရစ်တော်၏ အသင်းတော်နှင့်ဆိုင်သော သူ၏ ညီအစ်ကို မောင်နှမများထံ စာများရေးသားနေခဲ့ခြင်း သက်သက်ဖြစ်သည်။ ပေါလုသည် သူ၏ ညီအစ်ကို မောင်နှမများကို ၎င်းတို့အား သူ၏ ဝန်တာ၊ သခင်ယေရှု၏ အလိုတော်နှင့် အနာဂတ်အတွက် လူတို့ကို သခင်ယေရှုက မည်သည့်အလုပ် အပ်ခဲ့ပြီး ဖြစ်သည်ဆိုသည်ကို ပြောပြဖို့ရန် အစေခံတစ်ဦး၏ အနေအထားမှ သွန်သင်ခဲ့သည်။ ဤသည်မှာ ပေါလု ဆောင်ရွက်ခဲ့သည့် အမှုဖြစ်၏။ သူ၏ နှုတ်ကပတ်တော်များသည် အနာဂတ် ညီအစ်ကို မောင်နှမများ အားလုံး၏ အတွေ့အကြုံအတွက် အတော် တည်ဆောက်စရာ ဖြစ်ခဲ့သည်။ ဤစာစောင်များစွာထဲတွင် သူ ဆွေးနွေးခဲ့သည့် သမ္မာတရားများမှာ ကျေးဇူးတော်ခေတ်ထဲက လူတို့ လက်တွေ့လုပ်ဆောင်သင့်သည့်အရာဖြစ်ခဲ့၏၊ ထို့ကြောင့် နောက်ပိုင်း မျိုးဆက်များက ဤစာစောင်များကို ဓမ္မသစ်ကျမ်းထဲသို့ စီစဉ်ထားရှိ ခဲ့ခြင်းဖြစ်သည်။ ပေါလု၏ ရလဒ်က မည်သို့ အဆုံးသတ်သည် ဖြစ်စေ၊ သူသည် မိမိ၏အချိန်ကာလတွင် အသုံးပြုခံခဲ့ရသူနှင့် အသင်းတော်ထဲက သူ၏ ညီအစ်ကို မောင်နှမများကို ထောက်ပံ့ပေးခဲ့သူတစ်ဦး ဖြစ်ခဲ့ပေသည်။ သူ၏ နိဂုံးကို သူ၏ အနှစ်သာရအပြင် သူ၏ ကနဦး၌ ထိုးလှဲခံခဲ့ရခြင်းအားဖြင့် ဆုံးဖြတ်ခံခဲ့ရသည်။ သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပိုင်ဆိုင်ခဲ့သောကြောင့် ထိုအချိန်က ထိုနှုတ်ကပတ်တော်များကို သူ ပြောဆိုနိုင်ခဲ့ပြီး၊ အသင်းတော်များအတွက် ပေါလုက ဝန်တာတစ်ခု သယ်ဆောင်ခဲ့သည်မှာ ဤအလုပ်ကြောင့် ဖြစ်ပေသည်။ ထိုသို့ဖြစ်သဖြင့်၊ သူသည် မိမိ၏ ညီအစ်ကို မောင်နှမများကို ထောက်ပံ့ပေးနိုင်ခဲ့သည်။ သို့သော်၊ သီးသန့် အခြေအနေအချို့ကြောင့်၊ အလုပ်လုပ်ဆောင်ဖို့ အသင်းတော်များထံ ကိုယ်တိုင်ကိုယ်ကျ သူ မသွားနိုင်ခဲ့ပေ၊ ထို့ကြောင့် သခင်၌ သူ၏ ညီအစ်ကို မောင်နှမဖြစ်သူများကို ဆိုဆုံးမဖို့ရန် ၎င်းတို့ထံ စာစောင်များ သူရေးသားခဲ့သည်။ အစတွင်၊ ပေါလုသည် သခင်ယေရှု၏ တပည့်တော်များကို ညှဉ်းပန်းနှိပ်စက်ခဲ့၏၊ သို့သော် ယေရှု ကောင်းကင်သို့ တက်ကြွပြီးသည့်နောက်တွင်- ဆိုလိုသည်မှာ၊ ပေါလုက “အလင်းကို မြင်ခဲ့သည့်” နောက်တွင်- သခင်ယေရှု၏ တပည့်တော်များအား ညှဉ်းပန်းနှိပ်စက်ခြင်းကို သူ ရပ်တန့်ခဲ့ပြီး သခင်၏ လမ်းခရီးအဖို့အလို့ငှာ ဧဝံဂေလိတရား ဟောပြောခဲ့သည့် ထိုသန့်ရှင်းသူတို့ကို သူ ညှဉ်းပန်းနှိပ်စက်ခြင်း မပြုတော့ပေ။ တောက်ပသည့် အလင်းတစ်ခုအနေဖြင့် ယေရှု သူ့ထံ ပေါ်လာသည်ကို ပေါလု မြင်ခဲ့ပြီးသည့်နောက်၊ သခင်၏ စေခိုင်းချက်ကို သူ လက်ခံခဲ့ပြီး၊ ထိုသို့ဖြင့် ဧဝံဂေလိတရား ဖြန့်ဝေဖို့ သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသည့်‌ သူတစ်ဦး ဖြစ်လာခဲ့လေသည်။

ထိုစဉ်အခါက ပေါလု၏ အလုပ်မှာ သူ၏ ညီအစ်ကို မောင်နှမများကို အားပေးပြီး ထောက်ပံ့ပေးဖို့သာ ဖြစ်ခဲ့သည်။ သူသည် အသက်မွေးဝမ်းကြောင်းအလုပ်တစ်ခုကို အောင်မြင်ပြီးမြောက်အောင် ကြိုးစားလုပ်ဆောင်ရန် သို့မဟုတ် စာပေလက်ရာများ ထုတ်လုပ်ရန်၊ အခြားနည်းလမ်းများကို စူးစမ်းရှာဖွေရန်၊ သို့မဟုတ် အသင်းတော်များထဲက ဤလူများအားလုံး အသစ်သော ဝင်ရောက်ခြင်းကို ရရှိနိုင်ဖို့အလို့ငှာ သမ္မာကျမ်းစာကလွဲ၍ ဦးဆောင်ဖို့ လမ်းကြောင်းများကို ရှာဖို့ ဆန္ဒရှိသည့် အချို့သော လူများကဲ့သို့ မဟုတ်ခဲ့ချေ။ ပေါလုသည် အသုံးပြုခံခဲ့ရသည့် လူတစ်ဦး ဖြစ်သည်။ သူ လုပ်ဆောင်ခဲ့သည့် အရာများကို လုပ်ဆောင်ရာတွင်၊ သူ၏ တာဝန်ကို ဖြည့်ဆည်းနေခြင်း သက်သက်သာ ဖြစ်သည်။ သူသည် အသင်းတော်များအတွက် ဝန်မထမ်းခဲ့ပါက၊ သူ၏ တာဝန်ကို သူ လျစ်လျူရှုခဲ့ပြီဟု ယူဆခံခဲ့ရပေမည်။ အနှောင့်အယှက်ဖြစ်စေသော အရာတစ်ခုခု ဖြစ်ခဲ့ပါက၊ သို့မဟုတ် အသင်းတော်ထဲက လူတို့ကို မူမမှန်သော အခြေအနေတစ်ခုဆီသို့ ပို့ဆောင်သည့် သစ္စာဖောက်သည့် အဖြစ်အပျက်တစ်ခု အသင်းတော်ထဲတွင် ရှိခဲ့ပါက၊ သူသည် သူ၏ အလုပ်ကို ကောင်းကောင်းမွန်မွန် မဆောင်ရွက်ခဲ့ဟု ယူဆ ခံရနိုင်ပေသည်။ အမှုတော်ဆောင်တစ်ဦးသည် အသင်းတော်အပေါ် ဝန်တာတစ်ခု ထမ်းဆောင်ပြီး ၎င်းတို့၏ အရည်အချင်းနှင့်အမျှ အကောင်းဆုံးလည်းလုပ်ပါက၊ ဤလူသည် အရည်အချင်းပြည့်မီသည့်၊ အသုံးပြုခံရရန် အရည်အချည်းပြည့်မီသည့် အမှုတော်ဆောင်တစ်ဦး ဖြစ်သည်ကို ဤအရာက သက်သေပြပေသည်။ လူတစ်ဦးသည် အသင်းတော်အတွက် မည်သည့် ဝန်တာမျှ မခံစားရသကဲ့သို့ ၎င်းတို့၏ အလုပ်တွင် မည်သည့်ရလဒ်မျှ မရရှိဘဲ၊ ၎င်းတို့ ဦးဆောင်သည့် လူအများစုမှာ အားနည်းကြပါက သို့မဟုတ် ၎င်းတို့ ပြိုလဲပင် ပြိုလဲပါက၊ ထိုသို့သော အမှုတော်ဆောင်တစ်ဦးသည် မိမိတို့၏ တာဝန်ကို မကျေပွန်ခဲ့ချေ။ ထိုနည်းတူ၊ ပေါလုသည် ခြွင်းချက် မဟုတ်ပေ၊ ယင်းကြောင့် အသင်းတော်များကို သူ စောင့်ရှောက်ခဲ့ရပြီး မကြာခဏ သူ၏ ညီအစ်ကို မောင်နှမများထံ စာစောင်များ ရေးသားခဲ့ရခြင်း ဖြစ်သည်။ အသင်းတော်များကို သူ ထောက်ပံ့ပြီး ညီအစ်ကို မောင်နှမများကို သူ စောင့်ရှောက်နိုင်ခဲ့သည်မှာ ဤနည်းဖြင့် ဖြစ်သည်။ သူ့ထံမှ ထောက်ပံ့မှုနှင့် ထိန်းကျောင်းမှုတို့ကို အသင်းတော်များက ရရှိနိုင်ခဲ့သည်မှာ ဤနည်းအားဖြင့်သာ ဖြစ်သည်။ သူရေးသားခဲ့သည့် စာများ၏ နှုတ်ကပတ်တော်များမှာ အလွန် နက်နဲခဲ့လေသည်၊ သို့သော် ထိုစာများကို သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုကို ရရှိသည့် အခြေအနေတွင် သူ၏ ညီအစ်ကို မောင်နှမများထံ ရေးသားခဲ့ခြင်း ဖြစ်ပြီး သူ၏ အရေးအသားထဲတွင် သူ၏ ကိုယ်ရေးကိုယ်တာ အတွေ့အကြုံများနှင့် သူခံစားခဲ့သည့် ဝန်တာတို့ကို သူ ထည့်သွင်းခဲ့သည်။ ပေါလုသည် သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုခြင်းခံရသည့် လူတစ်ဦးမျှသာဖြစ်ပြီး သူ့စာစောင်များ၏ အကြောင်းအရာများအားလုံးတွင် သူ၏ ကိုယ်ရေးကိုယ်တာ အတွေ့အကြုံများ ပါဝင်ရောယှက်ခဲ့ပေသည်။ သူ လုပ်ဆောင်ခဲ့သည့် အလုပ်က သန့်ရှင်းသော ဝိညာဉ်တော်က တိုက်ရိုက်ဆောင်ရွက်သည့် အမှုကိုမဟုတ်ဘဲ တမန်တော်တစ်ဦး၏ အလုပ်ကိုသာ ကိုယ်စားပြုခဲ့ပြီး၊ ခရစ်တော်၏ အမှုမှလည်း ကွဲပြားလေသည်။ ပေါလုသည် သူ၏ တာဝန်ကို ဖြည့်ဆည်းနေခဲ့ခြင်း သက်သက်သာ ဖြစ်သည်၊ ထို့ကြောင့် သခင်၌ဖြစ်သည့် ညီအစ်ကို မောင်နှမများကို သူ၏ ဝန်တာအပြင် သူ၏ ကိုယ်ရေးကိုယ်တာ အတွေ့အကြုံများနှင့် ထိုးထွင်းသိမြင်မှုတို့ဖြင့် သူ ထောက်ပံ့ခဲ့ခြင်း ဖြစ်သည်။ ပေါလုသည် သူကိုယ်တိုင်၏ ထိုးထွင်းသိမြင်မှုများနှင့် သိနားလည်မှုတို့ကို ပေးခြင်းအားဖြင့် ဘုရားသခင်၏ စေခိုင်းချက် အလုပ်ကို ဆောင်ရွက်နေခဲ့ခြင်းသာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကိုယ်တိုင် တိုက်ရိုက် ဆောင်ရွက်ခဲ့သည့် အမှုနှင့်ဆိုင်သော ဖြစ်ရပ်တစ်ခု သေချာပေါက် မဟုတ်ခဲ့ပေ။ ထိုသို့ဖြင့်၊ ပေါလု၏ အလုပ်သည် လူသား၏အတွေ့အကြုံ၊ လူသား၏ အမြင်များနှင့် အသင်းတော်၏ အလုပ်အပေါ် သိနားလည်မှုတို့ဖြင့် ရောနှော ခဲ့လေသည်။ သို့သော်၊ ဤလူသား အမြင်များနှင့် သိနားလည်မှုတို့ကို နတ်ဆိုးများ၏အလုပ် သို့မဟုတ် အသွေးအသား၏ အလုပ်အဖြစ် ပြော၍မရနိုင်ပေ။ ၎င်းတို့ကို သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းခံရပြီးဖြစ်သည့် လူတစ်ဦး၏ အသိပညာနှင့် အတွေ့အကြုံများအဖြစ်သာ ပြော၍ရနိုင်ပေသည်။ ငါဆိုလိုသည်မှာ၊ ပေါလု၏ စာစောင်များသည် ကောင်းကင်ဘုံမှ ကျမ်းအုပ်များ မဟုတ်။ ၎င်းတို့သည် မသန့်ရှင်းသကဲ့သို့၊ အားလုံးကို သန့်ရှင်းသော ဝိညာဉ်တော်က မိန့်မြွက်ခဲ့ခြင်း သို့မဟုတ် ဖော်ပြခဲ့ခြင်း လုံးဝ မဟုတ်ပေ။ ၎င်းတို့သည် အသင်းတော်အတွက် ပေါလု၏ ဝန်တာကို ဖော်ပြချက်တစ်ခုမျှ ဖြစ်သည်။ ဤအရာအားလုံးကို ပြောရာတွင် ငါ၏ ရည်ရွယ်ချက်မှာ၊ ဘုရားသခင်၏အမှုနှင့် လူသား၏အလုပ်ကြား ခြားနားမှုကို သင်တို့အား နားလည်စေဖို့ဖြစ်သည်- ဘုရားသခင်၏ အမှုက ဘုရားသခင်ကိုယ်တော်တိုင်ကို ကိုယ်စားပြုသော်လည်း လူသား၏ အလုပ်က လူသား၏ တာဝန်နှင့် အတွေ့အကြုံများကို ကိုယ်စားပြု၏။ လူတစ်ဦးသည် ဘုရားသခင်၏ သာမန်အမှုကို လူသား၏ အလိုဆန္ဒအဖြစ် မမှတ်ယူသင့်သကဲ့သို့၊ ကိုယ်တော်၏ သဘာဝထက်လွန်ကဲသော အမှုကို ဘုရားသခင်၏ အလိုတော်အဖြစ် မမှတ်ယူသင့်ပေ။ ထို့အပြင်၊ လူသား၏ မြင့်မားသော တရားဟောချက်ကို ဘုရားသခင်၏ မိန့်မြွက်ချက်များ သို့မဟုတ် ကောင်းကင်ဘုံမှ ကျမ်းအုပ်များအဖြစ် မမှတ်ယူသင့်။ ထိုသို့သော အမြင်အားလုံးသည် လူ့ကျင့်ဝတ်ကို သွေဖည်ပေလိမ့်မည်။ ပေါလု၏ ဩဝါဒစာ ဆယ့်သုံးစောင်ကို ငါ စိတ်ဖြာလေ့လာဆွေးနွေးသည်ကို ကြားရသည့်အခါ၊ လူများစွာတို့သည် ပေါလု၏ စာစောင်များမှာ ဖတ်ရှုရမည်မဟုတ်၊ ပြီးလျှင် ပေါလုသည် ဆိုးဆိုးရွားရွား အပြစ်သားတစ်ဦး ဖြစ်သည်ဟု ယုံကြည်ကြသည်။ ငါ၏ နှုတ်ကပတ်တော်များက စာနာစိတ်မရှိ၊ ပေါလု၏ ဩဝါဒစာစောင်များ အပေါ် ငါ၏ ချင့်ချိန်ဆုံးဖြတ်ချက်မှာ မှန်ကန်မှုမရှိ၊ ပြီးလျှင် ထိုစာစောင်များကို လူသား၏ အတွေ့အကြုံများနှင့် ဝန်တာများအား ဖော်ပြချက်များအဖြစ် မှတ်ယူ၍ မရနိုင်ဟုပင် ထင်သောသူများစွာ ရှိလေသည်။ ယင်းအစား ထိုစာစောင်များကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအဖြစ် မှတ်ယူသင့်သည်၊ ထိုစာစောင်များသည် ယောဟန်၏ ဗျာဒိတ်ကျမ်းလောက် အရေးကြီးသည်၊ ထိုစာစောင်များကို အကျဉ်းချုပ်၍ သို့မဟုတ် ဖြည့်စွက်၍ မရသည့်အပြင်၊ ယင်းတို့ကို သာမန်ကာလျှံကာ ရှင်းပြ၍မရနိုင်ဟု ၎င်းတို့ ယုံကြည်ကြသည်။ လူသား၏ ဤမှန်ကန်ကြောင်း အခိုင်အမာပြောဆိုချက်များ အားလုံးသည် မှားသည် မဟုတ်လော။ ယင်းမှာ လူတို့သည် နားမလည်သည့်အချက်ကြောင့် လုံးဝ ဖြစ်သည် မဟုတ်လော။ ပေါလု၏ စာစောင်များသည် လူတို့ကို များစွာ အကျိုးပြုသကဲ့သို့၊ ၎င်းတို့သည် နှစ် ၂၀၀၀ ကျော်ကြာ သမိုင်းတစ်ခု ရှိနှင့်ပြီး ဖြစ်သည်။ သို့သော် ထိုစဉ်အခါက သူပြောခဲ့သည့်အရာကို ယနေ့ထိ နားမလည်နိုင်သည့် လူများစွာ ရှိသေး၏။ လူတို့သည် ပေါလု၏ စာစောင်များကို ခရစ်ယာန်ဘာသာတစ်ခုလုံးတွင် အကြီးမြတ်ဆုံးသော အပြောင်မြောက်ဆုံး လက်ရာများအဖြစ် မြင်ကြပြီး၊ မည်သူမျှ ထိုစာစောင်များကို မရှင်းပြနိုင်သကဲ့သို့ ယင်းတို့ကို မည်သူမျှ အပြည့်အဝ နားမလည်နိုင်ဟု မြင်ကြသည်။ အမှန်တွင်၊ ဤစာစောင်များသည် ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်တစ်ဦး၏ အတ္ထုပ္ပတ္တိ အတိုင်းပင် ဖြစ်ပြီး ယေရှု၏ နှုတ်ကပတ်တော်များ သို့မဟုတ် ယောဟန် မြင်ခဲ့သည့် ကြီးမြတ်သည့် ရူပါရုံများနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။ ဆန့်ကျင်ဘက်အားဖြင့်၊ ယောဟန်မြင်ခဲ့သည့်အရာမှာ လူသားက မရရှိနိုင်သည့် ကောင်းကင်မှ ကြီးမြတ်သည့် ရူပါရုံများ- ဘုရားသခင် ကိုယ်တိုင်၏အမှုကို ပရောဖက်ပြုချက်များ- ဖြစ်ပြီး၊ ပေါလု၏ စာစောင်များမှာမူ လူသားတစ်ဦးက မြင်ပြီး တွေ့ကြုံခဲ့သည့်အရာကို ဖော်ပြချက်များသာ ဖြစ်သည်။ ၎င်းတို့သည် လူသား တတ်စွမ်း နိုင်သည့်အရာဖြစ်သော်လည်း ပရောဖက်ပြုချက်များ မဟုတ်သကဲ့သို့ ရူပါရုံများလည်း မဟုတ်ချေ။ ၎င်းတို့သည် နေရာအမျိုးမျိုးဆီ ပေးပို့ခဲ့သည့် စာစောင်များသာ ဖြစ်သည်။ သို့သော်၊ ထိုအချိန်က လူတို့အတွက် ပေါလုသည် အမှုတော်ဆောင်တစ်ဦးဖြစ်ခဲ့ပြီး သူသည် သူ့ကို ပေးအပ်ခဲ့သည့်အရာကို လက်ခံခဲ့သည့်သူတစ်ဦး ဖြစ်သောကြောင့် သူ၏ စကားများမှာ တန်ဖိုးရှိလေသည်။ ထို့ကြောင့်၊ သူ၏ စာစောင်များသည် ခရစ်တော်ကို ရှာဖွေခဲ့သူများအားလုံးအတွက် အကျိုးပြုခဲ့သည်။ ထိုနှုတ်ကပတ်တော်များကို ခရစ်တော်က ကိုယ်တိုင်ကိုယ်ကျ တိုက်ရိုက် မပြောဆိုခဲ့သော်လည်း၊ နောက်ဆုံးတွင် ၎င်းတို့၏ အချိန်ကာလအတွက် မုချလိုအပ်ခဲ့ပေသည်။ ထိုသို့ဖြင့်၊ ပေါလုပြီးနောက် လာကြသည့် လူတို့သည် သူ၏ စာစောင်များကို ကျမ်းစာထဲတွင် တင်ပြခဲ့ကြသည်၊ ထို့ကြောင့် ယင်းစာစောင်များကို ဤနေ့ထိ လက်ဆင့်ကမ်းလာနိုင်စေခဲ့သည်။ ငါ ဆိုလိုသည့် အဓိပ္ပါယ်ကို သင်တို့ နားလည်ကြသလော။ ဤစာစောင်များ၏ တိကျမှန်ကန်သည့် ရှင်းပြချက်တစ်ခုကို သင်တို့အား ငါ ပေးနေခြင်းသာ ဖြစ်ပြီး၊ လူတို့အဖို့ ရည်ညွှန်းချက်များ အဖြစ် ထိုစာစောင်များ၏ အကျိုးကျေးဇူးများနှင့် တန်ဖိုးများကို ငြင်းပယ်ခြင်း မရှိဘဲ၊ ၎င်းတို့ကို စိတ်ဖြာလေ့လာ ဆွေးနွေးနေခြင်း ဖြစ်သည်။ ငါ၏ နှုတ်ကပတ်တော်များကို ဖတ်ပြီးနောက်တွင် ပေါလု၏ စာစောင်များကို သင်တို့ ငြင်းပယ်ရုံသာမက ၎င်းတို့ကို မိစ္ဆာအယူအဖြစ် သို့မဟုတ် တန်ဖိုးမရှိသော အရာအဖြစ် သတ်မှတ်ပါက၊ သင်၏ ထိုးထွင်းသိမြင်မှုများနှင့် အမှုအရာများကို သင်၏ ဝေဖန်အကဲဖြတ်မှုများကဲ့သို့ပင် သင်၏ သဘောပေါက်နိုင်စွမ်းကလည်း အလွန် နည်းပါးသည်ဟုသာ ဆို၍ရနိုင်ပေသည်။ ငါ၏ နှုတ်ကပတ်တော်များက အလွန်အကျွံ တစ်ဖက်သတ်ဆန်သည်ဟု ပြော၍မရသည်ကား သေချာ၏။ ယခု သင်တို့ နားလည်ပြီလော။ သင်တို့အတွက် သဘောပေါက်ဖို့ အရေးကြီးသည့်အရာများမှာ ထိုအချိန်က ပေါလု အလုပ်၏ တကယ့် အခြေအနေနှင့် သူ၏ စာစောင်များကို ရေးသားထားသည့် နောက်ခံအကြောင်းအရာတို့ ဖြစ်သည်။ ဤအခြေအနေများအပေါ် မှန်ကန်သည့် အမြင်တစ်ခု သင်၌ ရှိပါက၊ ပေါလု၏ ဩဝါဒစာစောင်များအပေါ် မှန်ကန်သည့် အမြင်တစ်ခုလည်း ရှိလိမ့်မည်ဖြစ်သည်။ တစ်ချိန်တည်းတွင်၊ ထိုစာစောင်များ၏ အနှစ်သာရကို သင် နားလည်သဘောပေါက်သည် နှင့်တစ်ပြိုင်နက်၊ သမ္မာကျမ်းစာအပေါ် သင်၏ ချင့်ချိန်ဆုံးဖြတ်ချက်သည် မှန်ကန်လိမ့်မည်ဖြစ်ပြီး၊ ထိုအခါ ပေါလု၏ စာစောင်များကို နောက်ပိုင်း လူတို့၏ မျိုးဆက်များက အလွန်ကိုးကွယ်ခဲ့ကြရသည့် အကြောင်းရင်းအပြင်၊ အဘယ်ကြောင့် သူ့ကို ဘုရားသခင်သကဲ့သို့ပင် သဘောထားကြသည့် လူများစွာ ရှိသည်ကို သင် နားလည်လိမ့်မည်။ သင်နားမလည်ခဲ့ပါက သင်သည်လည်း ဤသို့တွေးထင်နေ၍ ဖြစ်လိမ့်မည် မဟုတ်လော။

ဘုရားသခင်ကိုယ်တော်တိုင် မဟုတ်သည့်သူသည် ဘုရားသခင် ကိုယ်တော်တိုင်ကို ကိုယ်စားမပြုနိုင်ပေ။ ပေါလု၏အလုပ်ကို လူသားအမြင်၏ တစ်စိတ်တစ်ပိုင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း တစ်စိတ်တစ်ပိုင်းအဖြစ်သာ ဆိုနိုင်သည်။ ပေါလုသည် ဤနှုတ်ကပတ်တော်များကို သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဉာဏ်အလင်းပေးမှုဖြင့် လူသားရှုထောင့်တစ်ခုမှ ရေးသားခဲ့၏။ ဤသည်မှာ ရှားပါးသည့်အရာတစ်ခု မဟုတ်။ ထို့ကြောင့် သူ၏ စကားများတွင် လူသားအတွေ့အကြုံအချို့ ပါဝင် ရောယှက်သည်ကို ရှောင်လွှဲ၍ မရနိုင်ပေ၊ ထို့အပြင် သူသည် ထိုအချိန်က သူ၏ ညီအစ်ကို မောင်နှမများကို ထောက်ပံ့ဖို့နှင့် အားပေးဖို့ရန် နောက်ပိုင်းတွင် မိမိကိုယ်တိုင်၏ ပုဂ္ဂိုလ်ရေး အတွေ့အကြုံများ အသုံးပြုခဲ့သည်။ သူရေးခဲ့သည့် စာစောင်များကို အသက်တာ လေ့လာမှုအဖြစ် သတ်မှတ်၍ မရနိုင်သကဲ့သို့ အတ္ထုပ္ပတ္တိများ သို့မဟုတ် သတင်းစကားအဖြစ်လည်း သတ်မှတ်၍ မရနိုင်ပေ။ ထို့အပြင်၊ ဤအရာများသည် အသင်းတော်များက လက်တွေ့လုပ်ဆောင်ခဲ့သည့် သမ္မာတရားများ မဟုတ်သကဲသို့ အသင်းတော်၏ စီမံခန့်ခွဲရေး အမိန့်များလည်း မဟုတ်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်လုပ်ဖို့ တာဝန်ပေးခံခဲ့ရသည့် လူတစ်ဦးဖြစ်သည့်၊ ဝန်တာ တစ်ခုရှိသည့် သူတစ်ဦးအနေဖြင့်- ဤသည်မှာ ၎င်း လုပ်ဆောင်ရမည့် အရာသာ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်က လူတို့ကို မြှင့်တင်ပြီး ၎င်းတို့ကို ဝန်တာတစ်ခု ပေးသော်လည်း၊ ၎င်းတို့က အသင်းတော်၏ အလုပ်ကို လက်မခံသကဲ့သို့ ယင်း၏ အရေးကိစ္စများကို ကောင်းကောင်းမွန်မွန် မစီမံနိုင်ပါက၊ သို့မဟုတ် ယင်း၏ ပြဿနာအားလုံးကို ကျေနပ်ဖွယ်ရာ မဖြေရှင်းနိုင်ပါက၊ ထိုလူများသည် မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ မဖြည့်ဆည်းကြသည်ကို ဤအရာက သက်သေပြ၏။ ထို့ကြောင့် တမန်တော်တစ်ဦးအနေဖြင့် ၎င်း၏ လုပ်ငန်းစဉ်တစ်လျှောက်တွင် စာစောင်များ ရေးသားနိုင်ဖို့ရန်မှာ အလွန်နက်နဲသော အရာတစ်ခု မဟုတ်ခဲ့ချေ။ ဤသည်မှာ ၎င်းတို့ အလုပ်၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်သည်။ ထိုအရာကို လုပ်ဆောင်ဖို့ ၎င်းတို့၌ တာဝန်ရှိလေသည်။ စာစောင်များကို ရေးသားရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ အသက်တာ လေ့လာမှုတစ်ခု သို့မဟုတ် ဝိညာဉ်ရေးရာ အတ္ထုပ္ပတ္တိ တစ်ခု ရေးသားဖို့ မဟုတ်ခဲ့သကဲ့သို့ သန့်ရှင်းသူများအတွက် အခြားထွက်ပေါက်တစ်ခုကို ဖွင့်ပေးဖို့ လုံးဝ မဟုတ်ပေ။ ယင်းထက်၊ ဘုရားသခင်က ၎င်းတို့ကို ပေးအပ်ခဲ့သည့် အလုပ်များကို ပြီးအောင်ဆောင်ရွက်ခြင်းအားဖြင့် ဘုရားသခင်ထံ မှတ်တမ်းတစ်ခု ပေးနိုင်ကြဖို့အလို့ငှာ၊ မိမိတို့ကိုယ်တိုင်၏ လုပ်ငန်း တာဝန်ကို ဖြည့်ဆည်းဖို့နှင့် ဘုရားသခင်အပေါ် သစ္စာရှိသော အစေခံတစ်ဦးဖြစ်ဖို့ ထိုအရာကို ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်အတွက်နှင့် ၎င်းတို့ အလုပ်ထဲက ညီအစ်ကို မောင်နှမများအတွက် တာဝန်ယူခဲ့ကြရပြီး၊ မိမိတို့၏ အလုပ်ကို ကောင်းကောင်းမွန်မွန် လုပ်ဆောင်ရပြီး အသင်းတော်၏ အရေးကိစ္စများကို အလေးအနက်ထားခဲ့ရသည်။ ဤအရာ အားလုံးသည် ၎င်းတို့အလုပ်၏ တစ်စိတ်တစ်ဒေသသာ ဖြစ်ခဲ့သည်။

ပေါလု၏ စာစောင်များအပေါ် သိနားလည်မှုတစ်ခု သင်တို့ ရရှိပြီးဖြစ်ပါက၊ ပေါလုနှင့် ယောဟန်တို့နှစ်ဦးလုံး၏ ဩဝါဒ စာစောင်များနှင့် စပ်လျဉ်း၍ မှန်ကန်သော ထင်မြင်ချက်တစ်ခုနှင့် ချင့်ချိန်ဆုံးဖြတ်ချက်တစ်ခုလည်း ရှိပေလိမ့်မည်။ ဤစာစောင်များကို သန့်ရှင်းပြီး ချိုးဖောက်၍မရသည့် ကောင်းကင်ဘုံမှ စာအုပ်များကဲ့သို့ ဘယ်သောအခါမျှ တစ်ဖန် ကြည့်လိမ့်မည်မဟုတ်သည့် အပြင်၊ သင်တို့သည် ပေါလုကို ဘုရားသခင်ကဲ့သို့ မှတ်ယူခြင်း သာ၍ပင် ပြုလိမ့်မည် မဟုတ်ပေ။ တကယ်တမ်းတွင်၊ ဘုရားသခင်၏ အမှုသည် လူ၏ အလုပ်နှင့် မတူကွဲပြား၏၊ ထို့အပြင် သူ၏ ဖော်ပြချက်များသည် အဘယ်သို့ ၎င်းတို့၏ ဖော်ပြချက်များနှင့် တူနိုင်မည်နည်း။ ဘုရားသခင်သည် သူ၏ ကိုယ်ပိုင် သီးသန့် စိတ်သဘောထား ရှိသော်လည်း၊ လူ၌ မိမိတို့ ဖြည့်ဆည်းသင့်သည့် တာဝန်များ ရှိ၏။ ဘုရားသခင်၏ စိတ်သဘောထားသည် သူ၏ အမှုတွင် ဖော်ပြခံရလေသည်၊ သို့သော် လူသား၏ တာဝန်သည် လူ၏ အတွေ့အကြုံများထဲတွင် သရုပ်ထင်ပြီး လူသား၏ လိုက်စားမှုများ ထဲတွင် ဖော်ပြခံရ၏။ ထို့ကြောင့် တစ်စုံတစ်ရာသည် ဘုရားသခင်၏ ဖော်ပြချက်ဟုတ် မဟုတ် သို့မဟုတ် လူသား၏ ဖော်ပြချက် ဟုတ် မဟုတ် ဆိုသည်မှာ လုပ်ဆောင်ခဲ့သည့် အလုပ်မှတဆင့် သိသာထင်ရှား လာလေသည်။ ဘုရားသခင် ကိုယ်တော်တိုင် ရှင်းပြဖို့ မလိုအပ်သကဲ့သို့ လူသားက သက်သေခံရန် ကြိုးပမ်းဖို့လည်း မလိုအပ်ပေ။ ထို့အပြင်၊ ဘုရားသခင်ကိုယ်တော်တိုင် မည်သည့် လူကိုမဆို ဖိနှိပ်ဖို့ မလိုအပ်ပေ။ ဤအရာအားလုံးသည် အလိုအလျောက် ထုတ်ဖော်ပြချက်တစ်ခု ဖြစ်သည်။ ယင်းသည် အတင်းအကျပ် လုပ်ဆောင်စေခြင်း မဟုတ်သကဲ့သို့ လူက ကြားဝင်နှောင့်ယှက်၍ရသည့် အရာတစ်ခုလည်း မဟုတ်ပေ။ လူသား၏ တာဝန်ကို ၎င်းတို့၏ အတွေ့အကြုံများမှတဆင့် သိနိုင်ပြီး အတွေ့အကြုံဆိုင်ရာ အလုပ်အပို တစ်ခုတစ်လေကိုမျှ လူတို့က လုပ်ဆောင်ဖို့ မလိုအပ်ပေ။ လူသား၏ အနှစ်သာရအားလုံးသည် ၎င်းတို့၏ တာဝန်ကို ၎င်းတို့ ဆောင်ရွက်စဉ် ထုတ်ဖော်ပြခံရနိုင်၏၊ ဘုရားသခင်မှာမူ မိမိ၏ ရှိရင်းစွဲ စိတ်သဘောထားကို သူ၏ အမှု ဆောင်ရွက်နေစဉ်တွင် ဖော်ပြနိုင်ပေသည်။ လူသား၏ အလုပ်ဖြစ်ပါက ယင်းကို ဖုံးကွယ်၍ မရနိုင်ပေ။ ဘုရားသခင်၏ အမှုဖြစ်ပါက၊ ဘုရားသခင်၏ စိတ်သဘောထားသည် လူသား၏ ထိန်းချုပ်ခံရဖို့ မဆိုနှင့်၊ မည်သူမဆို၏ ဖုံးကွယ်ထားဖို့ သာ၍ပင် မဖြစ်နိုင်ပေ။ မည်သည့်လူသားကိုမျှ ဘုရားသခင်အဖြစ် ပြော၍မရနိုင်သကဲ့သို့၊ ၎င်းတို့၏ အလုပ်နှင့် စကားများကို သန့်ရှင်းသည် သို့မဟုတ် ပြောင်းလဲ၍မရဟု မှတ်ယူ၍လည်း မရပေ။ ဘုရားသခင်သည် မိမိကိုယ်ကိုယ် ဇာတိပကတိဖြင့် ဆင်ထားခဲ့သောကြောင့် လူသားဟု ပြောဆိုနိုင်သော်လည်း၊ သူ၏ အမှုကို လူသား၏ အလုပ် သို့မဟုတ် လူသား၏ တာဝန်အဖြစ် ယူဆ၍ မရပေ။ ထို့အပြင်၊ ဘုရားသခင်၏ မိန့်မြွက်ချက်များနှင့် ပေါလု၏ စာစောင်များကို တန်းတူထား၍ မရနိုင်သကဲ့သို့၊ ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် လူသား၏ ပညာပေးစကားများကို တန်းတူဟု ပြောဆို၍ မရပေ။ ထို့ကြောင့်၊ ဘုရားသခင်၏ အမှုနှင့် လူသားအလုပ်ကို ခွဲခြားသိမြင်စေသည့် အခြေခံသဘောတရားများ ရှိလေသည်။ ဤအရာများကို အလုပ်၏ အတိုင်းအတာ သို့မဟုတ် ယင်း၏ ယာယီ ခရီးပေါက်မှုတို့ဖြင့် မဟုတ်ဘဲ ၎င်းတို့၏ အနှစ်သာရများနှင့်အညီ ခွဲခြားထားခြင်း ဖြစ်သည်။ ဤအကြောင်းအရာနှင့် ပတ်သက်၍၊ လူအများစုက အခြေခံသဘောတရားနှင့်ဆိုင်သော အမှားများ ပြုမိကြသည်။ ဤသည်မှာ လူသားသည် ၎င်းတို့ စွမ်းဆောင်ရရှိနိုင်သည့် အပြင်ပန်းအရာများကိုသာ ကြည့်သော်လည်း၊ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ပကတိ မျက်လုံးများဖြင့် သတိမပြုမိနိုင်သည့် အနှစ်သာရကို ကြည့်သောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုကို သာမန်လူသားတစ်ဦး၏ တာဝန်များအဖြစ် မှတ်ယူပြီး၊ လူသား၏ ကြီးမားသည့် အလုပ်ပမာဏကို လူသား ဖြည့်ဆည်းသည့် တာဝန်ထက် လူ့ဇာတိ ဝတ်ဆင်ထားသည့် ဘုရားသခင်၏ အမှုအဖြစ် ရှုမြင်ပါက၊ သင်သည် အခြေခံသဘောတရား၌ မှားမိသည် မဟုတ်လော။ လူသား၏ စာစောင်များနှင့် အတ္ထုပ္ပတ္တိတို့ကို အလွယ်တကူ ရေးသား၍ ရသော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် အခြေခံအုတ်မြစ်အပေါ်တွင်သာ ရေးသားနိုင်၏။ သို့သော်၊ ဘုရားသခင်၏မိန့်မြွက်ချက်များနှင့် အမှုတို့ကို လူသားက အလွယ်တကူ မလုပ်ဆောင်နိုင် သို့မဟုတ် လူသား၏ ဉာဏ်ပညာနှင့် တွေးခေါ်မှုတို့ အားဖြင့် မရရှိနိုင်သကဲ့သို့၊ ယင်းတို့ကို လေ့လာစူးစမ်းပြီးနောက် လူတို့က အကုန်အစင် မရှင်းပြနိုင်ပေ။ ဤအခြေခံသဘောတရားနှင့် သက်ဆိုင်သော ကိစ္စရပ်များက သင်တို့၌ မည်သည့်တုန့်ပြန်မှုကိုမျှ မဖြစ်ပေါ်စေပါက၊ သင်တို့၏ ယုံကြည်ခြင်းသည် သိပ်မမှန်ကန် သို့မဟုတ် မသန့်စင်သည်ကား သိသာပေသည်။ သင်၏ ယုံကြည်ခြင်းသည် မရေရာမှုဖြင့် ပြည့်ပြီး၊ ရှုပ်ထွေးနေသကဲ့သို့ မူလည်းမရှိဟုသာ ဆိုနိုင်ပေသည်။ ဘုရားသခင်နှင့် လူသား၏ အခြေခံအကျဆုံးသော ပဓာနကျသည့် ကိစ္စရပ်များကို သိနားလည်ခြင်းပင် မရှိဘဲ၊ ဤယုံကြည်ခြင်းမျိုးသည် အမြော်အမြင် ရှိခြင်း လုံးဝ ကင်းမဲ့သော အရာတစ်ခု ဖြစ်သည် မဟုတ်လော။ ပေါလုသည် သမိုင်းတစ်ရပ်လုံးတစ်လျှောက် အသုံးပြုခံရသည့် တစ်ဦးတည်းသော ပုဂ္ဂိုလ် အဘယ်သို့ ဖြစ်နိုင်မည်နည်း။ သူသည် အသင်းတော်အတွက် အလုပ်လုပ်ခဲ့ဖူးသည့် တစ်ဦးတည်းသောသူ အဘယ်သို့ ဖြစ်နိုင်မည်နည်း။ သူသည် အသင်းတော်များထံ ၎င်းတို့အား အားပေးဖို့ စာရေးသားခဲ့သည့် တစ်ဦးတည်းသောသူ အဘယ်သို့ ဖြစ်နိုင်မည်နည်း။ ဤလူတို့၏ အလုပ်ပမာဏ သို့မဟုတ် လွှမ်းမိုးမှုကို ထည့်သွင်းမစဉ်းစားဘဲ၊ သို့မဟုတ် ၎င်းတို့ အလုပ်၏ ရလဒ်များကိုပင် ထည့်သွင်းမစဉ်းစားဘဲ၊ ထိုသို့သော အလုပ်၏ အခြေခံ သဘောတရားများနှင့် အနှစ်သာရတို့မှာ အားလုံး ဆင်တူသည် မဟုတ်လော။ ယင်းနှင့်ပတ်သက်၍ ဘုရားသခင်၏ အမှုနှင့် လုံးဝ ကွဲပြားခြားနားသည့် အရာများ ရှိသည် မဟုတ်လော။ ဘုရားသခင်၏ အမှုအဆင့်အသီးသီးကြားတွင် သိသာထင်ရှားသည့် ခြားနားမှုများ ရှိသော်လည်း၊ သူ၏အမှု နည်းစနစ်များစွာသည် လုံးဝ တူညီသည် မဟုတ်သော်လည်း၊ ၎င်းတို့အားလုံးသည် အနှစ်သာရနှင့် အရင်းအမြစ် တစ်ခုတည်းသာ ရှိကြသည် မဟုတ်လော။ သို့ဖြစ်သောကြောင့်၊ လူတစ်ဦးသည် ဤအရာများနှင့် ပတ်သက်၍ ယခု မရှင်းမလင်း ဖြစ်နေသေးပါက၊ ၎င်းသည် ဆင်ခြင်တုံတရား ကင်းမဲ့လွန်းလှပေသည်။ ဤနှုတ်ကပတ်တော်များကို ဖတ်ရှုပြီးသည့်နောက်၊ ပေါလု၏ စာစောင်များသည် သန့်ရှင်းပြီး ချိုးဖောက်၍မရနိုင်သကဲ့သို့ မည်သည့် ဝိညာဉ်ရေးရာ အကျော်အမော် ပုဂ္ဂိုလ်မဆို၏ အတ္ထုပ္ပတ္တိ နှင့် ကွဲပြားသည်ဟု လူတစ်ဦးက ပြောနေသေးပါက၊ ဤလူ၏ ဆင်ခြင်တုံတရားက အလွန့်အလွန် ဖောက်ပြန်ပြီး၊ ထိုသို့သော လူတစ်ဦးသည် အသိစိတ် လုံးဝကင်းမဲ့သည့် ဩဝါဒဆိုင်ရာ ကျွမ်းကျင်သူတစ်ဦး သေချာပေါက် ဖြစ်ပေသည်။ သင်သည် ပေါလုကို ကိုးကွယ်လျှင်ပင်၊ သူ့အတွက် သင်၏ ရင်းနှီးသော ခံစားချက်များကို အသုံးပြုကာ အချက်အလက်များနှင့် ဆိုင်သော အမှန်တရားကို လိုရာဆွဲပြော၍ မရသကဲ့သို့ သမ္မာတရားတည်ရှိခြင်းကို မှားယွင်းကြောင်းချေပ၍လည်း မရပေ။ ထို့အပြင်၊ ငါ ပြောပြီးသည့်အရာက ပေါလု၏ အလုပ်နှင့် စာစောင်များအားလုံးကို အုတ်အော်သောင်းတင်း လုံးဝ မဖြစ်စေသကဲ့သို့ ယင်းတို့၏ ရည်ညွှန်းချက်များအဖြစ် တန်ဖိုးကိုလည်း လုံးဝ မငြင်းပယ်ပေ။ မည်သို့ပင်ဖြစ်စေ၊ ဤနှုတ်ကပတ်တော်များကို ပြောဆိုရာ၌ ငါ၏ ရည်ရွယ်ချက်မှာ အမှုအရာများနှင့် လူအားလုံးတို့နှင့်ဆိုင်သော မှန်ကန်သည့် သိနားလည်မှုနှင့် ထိုက်သင့်သော ချင့်ချိန်ဆုံးဖြတ်ချက် တစ်ခု သင်တို့ ရရှိဖို့အတွက် ဖြစ်သည်- ဤအရာသည်သာ ပုံမှန် ဆင်ခြင်တုံတရား ဖြစ်သည်၊ ဤအရာသည်သာ သမ္မာတရားကို ပိုင်ဆိုင်သည့် ဖြောင့်မတ်သောလူများက မိမိတို့၌ ထားရှိသင့်သည့် အရာ ဖြစ်သည်။

အရှေ့သို့- ဘုရားသခင်သည် ဖန်ဆင်းရာအားလုံး၏ သခင်ဖြစ်တော်မူ၏

နောက်တစ်ခုသို့- အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။