ဘုရားသခင်ကို သင့်သစ္စာစောင့်သိခြင်း၏ ထုတ်ဖော်ပြသမှုများက အဘယ်မှာနည်းကျူး
၁ သင်တို့သည် နှစ်ပေါင်းများစွာ ငါ့နောက်သို့ လိုက်လျှောက်ခဲ့ကြသော်လည်း ငါ့အပေါ်၌ မြူမှုန်မျှပင် သစ္စာမစောင့်သိခဲ့ကြ။ ယင်းအစား သင်တို့သည် သင်တို့ချစ်သောသူများ၊ သင်တို့ကို စိတ်ကျေနပ်စေသော အရာများကိုသာ ဗဟိုပြုကြလွန်းသည့်အတွက် ထိုအရာများကို သင်တို့၏ နှလုံးသားများနှင့် နီးကပ်စေကြလျက် မည်သည့်အချိန်၊ မည်သည့်နေရာတွင်မျှ ၎င်းတို့ကို မစွန့်လွှတ်။ သင်တို့သည် ငါ့နောက်သို့ လိုက်လျှောက်သည့် အချိန်အတောအတွင်း အမြဲဖြစ်တတ်သည့် မိမိတို့ချစ်မြတ်နိုးသော အရာတစ်ခုနှင့်ပတ်သက်၍ စိတ်ထက်သန်နေချိန် သို့တည်းမဟုတ် သဲကြီးမဲကြီးဖြစ်နေသောအချိန်၊ သို့မဟုတ် သင်တို့သည် ငါ့နှုတ်ကပတ်တော်ကို နားထောင်နေချိန်၌ပင်လျှင် ထိုသို့ဖြစ်တတ်ကြသည်။ ထို့ကြောင့် သင်တို့ကို ငါတောင်းဆိုသည့်အတိုင်း ငါ့ကို သစ္စာစောင့်သိရမည့်အစား သင်တို့သည် မိမိတို့ ချစ်မြတ်နိုးသောအရာများကိုသာ သစ္စာစောင့်သိကြသည်ဟု ငါပြောမည်။ ငါ့အတွက် တစ်ခု၊ နှစ်ခုမျှ သင်တို့ စွန့်လွှတ်နိုင်ကောင်း စွန့်လွှတ်နိုင်သော်ငြားလည်း ထိုအရာသည် သင်တို့၏ အရာအားလုံးကို ကိုယ်စားမပြု၊ သင်တို့ အမှန်တကယ် သစ္စာစောင့်သိသူမှာ ငါဖြစ်သည်ဆိုခြင်းကိုလည်း မပြသပေ။
၂ သင်တို့သည် သင်တို့ အရူးအမူးဖြစ်သော အရာကို လုပ်ဆောင်ခြင်းများနှင့်သာ ဆက်စပ်ပတ်သက်ချင်ကြ၏- အချို့က သား၊ သမီးများအပေါ် သစ္စာစောင့်သိကြသည်၊ အချို့မှာမူ လင်ယောက်ျား၊ ဇနီးမယား၊ စည်းစိမ်ဥစ္စာ၊ အလုပ်အကိုင်၊ အထက်လူကြီး၊ ဂုဏ်အရှိန်အဝါ သို့မဟုတ် မိန်းမများအပေါ် သစ္စာစောင့်သိကြသည်။ သင်တို့ သစ္စာစောင့်သိသော အရာများအတွက် သင်တို့သည် စိတ်ပင်ပန်းခြင်း၊ စိတ်အနှောင့်အယှက် ဖြစ်ခြင်းမျိုး မည်သည့်အခါမျှ မရှိသည့်အပြင် သင်တို့သစ္စာစောင့်သိသည့်အရာများကို သာ၍ကြီးသော အရည်အသွေးနှင့် အရေအတွက်ပါ ပိုင်ဆိုင်ဖို့ရန် တိုး၍ တောင့်တကြပြီး သင်တို့သည် မည်သည့်အခါမျှ စိတ်ပျက်အားလျှော့ခြင်း မရှိချေ။ ငါကိုယ်တိုင်နှင့် ငါ၏ နှုတ်ကပတ်တော်များသည် သင်တို့ အရူးအမူးဖြစ်နေသော အရာများအရဆိုပါက နောက်ဆုံးကို အမြဲတွန်းပို့ခံနေရသည်။ ထိုအရာများကို နောက်ဆုံး၌ နေရာချရန်မှလွဲ၍ သင်တို့မှာ အခြားရွေးစရာမရှိ။ လူအချို့မှာမူ မိမိတို့ ယခုတိုင် ရှာမတွေ့သေးသော သစ္စာစောင့်ရမည့်အရာအတွက် နောက်ဆုံးနေရာကိုပင် ကွက်လပ်ချန်ထားကြ၏။ ထိုသူတို့၏ နှလုံးသားများထဲ၌ ငါ၏ မည်သည့်ပမာဏကိုမျှ လုံးဝမထိန်းထား။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်မည်သူ့ကို သစ္စာစောင့်သိသနည်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။