မေးခွန်း- ၄ မင်းတို့ယုံကြည်တာက အနန္တတန်ခိုးရှင်ဘုရားသခင်၊ ပြီးတော့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို မင်းတို့ဖတ်တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့အမည်နဲ့ဆုတောင်းတယ်။ ဒါပေမဲ့ ငါတို့သိထားချက်အရ မင်းတို့ရဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို လူတစ်ယောက်က တည်ထောင်ခဲ့တယ်။ အကြောင်းကိစ္စအားလုံးမှာ မင်းတို့ သူ့ကို နာခံတယ်။ မင်းတို့ရဲ့ ထွက်ဆိုချက်တွေအရ ဒီလူက ဘုန်းကြီး ဘုရားသခင်အသုံးပြုတဲ့ လူတစ်ယောက်၊ အုပ်ချုပ်ရေးကိစ္စတွေမှာ ခေါင်းဆောင်ဖြစ်တယ်။ ဒါက ငါ့အတွက် ရှုပ်ထွေးနေတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို တည်ထောင်ခဲ့တာက ဘယ်သူလဲ ဘယ်လိုဖြစ်လာတာလဲ။ ကဲ ဒါကို ရှင်းပြနိုင်မလား။

အဖြေ- ကျွန်မတို့ယုံကြည်တာက အနန္တတန်ခိုးရှင်ဘုရားသခင် ဖြစ်ပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကိုဖတ်တယ်၊ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ဆုတောင်းတယ်ဆိုတာ ရှင်သိတယ်။ ဒါဆိုရင် အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို လူတစ်ယောက်က လုပ်ခဲ့တယ်လို့ ဘာလို့ ပြောတာလဲ။ အဲဒီ အတွေးက ဘယ်ကလာတယ်ဆိုတာ ကျွန်မမသိဘူး။ ကျွန်မတို့ယုံကြည်တာက လူ့ဇာတိခံယူတဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ပါ လူသားတစ်ယောက်မဟုတ်ဘူး။ အနန္တတန်ခိုးရှင်ဘုရားသခင် မိန့်ကြားခဲ့တဲ့ နှုတ်ကပတ်တော်အများစုက နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ပေါ်လာ၏ထဲမှာ ရှိတယ်။ အဲဒီစာအုပ်ကို ရှင်ကိုယ်တိုင် မဖတ်ရသေးတဲ့အတွက် အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို ရှင် အမှန်တကယ် နားမလည်နိုင်သေးဘူး။ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို လူတစ်ယောက်က တည်ထောင်ခဲ့တာဆိုတဲ့ တရုတ်ကွန်မြူနစ်အစိုးရက ဖြန့်နေတဲ့ ကောလာဟလကိုကြည့်ရင် တရုတ်ကွန်မြူနစ်ပါတီဟာ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို လုံးဝနားမလည်ဘူးဆိုတာ သက်သေပြနေတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ဘယ်လိုဖြစ်လာသလဲဆိုတာကိုတောင် သူတို့ နားမလည်ဘူး။ ဒါပေမဲ့လည်း လူတစ်ယောက်က တည်ထောင်ခဲ့တယ်လို့ ဆက်ပြောနေတယ်။ ဒါ တော်တော်ကို အဓိပ္ပါယ်မရှိတာပဲ မဟုတ်ဘူးလား။ ဒါတွေအားလုံးက ယုတ္တိမရှိဘူးလို့ မထင်ဘူးလား။ ကျွန်မ မေးမယ်။ ဒါဆိုရင် ခရစ်ယာန်ဘာသာကို ဘယ်သူက တည်ထောင်ခဲ့တာလဲ။ ကက်သလစ်ဝါဒကို ဘယ်သူတည်ထောင်ခဲ့တာလဲ။ အရှေ့တိုင်းအော်သိုဒေါက်၊ ကက်သလစ်ဝါဒနဲ့ ခရစ်ယာန်ဘာသာတို့အားလုံးက သခင်ယေရှုရဲ့ ရွေးနှုတ်ခြင်းအမှုအားဖြင့် ပြုလုပ်ခဲ့တာပါ။ တမန်တော်တွေက အသင်းတော်တွေကို နေရာတိုင်းမှာလုပ်ခဲ့ပေမဲ့ ဒါက ခရစ်ယာန်ဘာသာကို တမန်တော်တွေက လုပ်ခဲ့တယ်လို့ အဓိပ္ပါယ်မရဘူး။ ခေတ်ကာလတိုင်းမှာရှိတဲ့ အသင်းတော်တွေဟာ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ လုပ်ဆောင်မှုအားဖြင့် ဖြစ်ပေါ်ခဲ့တယ်။ ကျေးဇူးတော်ခေတ်ဟာ သခင်ယေရှုရဲ့ ပေါ်ထွန်းခြင်းနဲ့ လုပ်ဆောင်မှုကနေ အသင်းတော်တွေကို ယူဆောင်လာခဲ့တယ်။ နိုင်ငံတော်ခေတ်က အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ လုပ်ဆောင်မှုကနေ အသင်းတော်တွေကို ယူဆောင်လာခဲ့တယ်။ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့လုပ်ဆောင်မှုမပါဘဲ တမန်တော်တွေဟာ အသင်းတော်တွေကို သူတို့ချည်းပဲလုပ်နိုင်ပါ့မလား။ အသင်းတော်တွေကို ပါဝင်ပူးပေါင်းခဲ့တဲ့သူတွေက ဘုရားသခင်ကို ယုံကြည်ခဲ့တယ်။ သူတို့ယုံကြည်တာ တမန်တော်တွေမဟုတ်ဘူး။ ဒါကြောင့် ဘယ်ခေတ်မှာမဆို အသင်းတော်တွေကို လူက တည်ထောင်ခဲ့တာလို့ ပြောလို့မရပါဘူး။ အသင်းတော်တွေကို တည်ထောင်တဲ့အခါမှာတောင် တမန်တော်တွေက သခင်ယေရှုအမည်နာမအားဖြင့် တည်ဆောက်ခဲ့တာပါ။ တမန်တော်တွေက အသင်းတော်တွေဟာ သူတို့ဆီကလာတယ်လို့ မပြောဘူး။ ဒါ အားလုံးသိရှိပြီးသား အချက်ဖြစ်ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီက ဘာလို့ အချက်အလက်တွေနဲ့အညီ မပြောတာလဲ။ အချက်အလက်တွေကို ဘာကြောင့် ပြောင်ပြောင်တင်းတင်း မဟုတ်မမှန်လုပ်ရတာလဲ ဒါ အဓိပ္ပါယ်မရှိဘူးမို့လား။ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သမ္မာတရားကို မိန့်မြွက်ဖို့အတွက် နောက်ဆုံးသောကာလမှာ ပေါ်ထွန်းခဲ့တယ်။ ဂိုဏ်းဂဏပေါင်းစုံက သမ္မာတရားကိုချစ်တဲ့ ခရစ်ယာန်တွေဟာ ဘုရားသခင်ပြောတဲ့ အသံတော်ကိုကြားပြီး ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ လုပ်ဆောင်မှုကို မြင်တဲ့အခါမှာ သူတို့ဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ဆီကို ပြန်လာပြီး သူ့ရဲ့ပလ္လင်တော်ရှေ့ကို ခေါ်ဆောင်ခြင်းခံရတယ်။ ဒီအချက်က အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို ဖန်တီးခဲ့ပါတယ်။ လူတွေအများကြီးက အသင်းတော်တွေကို နေရာတိုင်းမှာ တည်ထောင်ခဲ့တယ်။ ဒါပေမဲ့ ဒီ တည်ထောင်သူတွေက အသင်းတော်ကို ဖန်တီးသူတွေလို့ ပြောသလား။ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ လုပ်ဆောင်မှုကြောင့် ဖြစ်ပေါ်ခဲ့တာပါ။ ဒါ အမှန်တရားတစ်ခုပဲ ဘယ်သူမှ ငြင်းလို့မရပါဘူး။

အပြန်အလှန်စကားပြောဆိုခြင်း ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၃) ဘာသာရေးအသိုင်းအဝိုင်းက သင်းအုပ်ဆရာနဲ့အကြီးအကဲတွေက မင်းတို့က ယေရှုခရစ်တော်အပေါ်မဟုတ်ပဲ လူတစ်ယောက်အပေါ်မှာ ယုံကြည်တယ်လို့ ပြောကြတယ် ဒီလူက တကယ်ပဲ ပြန်ကြွလာတဲ့သခင်ယေရှု ဒါမှမဟုတ် အလုပ်လုပ်ဖို့အတွက် ပေါ်ထွန်းလာတဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်လို့ မင်းတို့သက်သေခံကြတယ်။ ကွန်မြူနစ်ပါတီက ခရစ်ယာန်ဝါဒနဲ့ ကက်သလစ်ဝါဒကို အယူအစွဲဂိုဏ်းတွေအဖြစ် ရှုတ်ချထားတယ်ဆိုတာ မင်းတို့ သိလား။ ဒါတောင်မှ သခင်ယေရှုဟာ အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် ပြန်ကြွလာခဲ့ပြီလို့ မင်းတို့ သက်သေခံကြတယ်။ ဒါ မိုက်မဲခြင်းပဲ မဟုတ်ဘူးလား။ ကွန်မြူနစ်ပါတီက မင်းတို့ကို ဘယ်လို လွှတ်ထားနိုင်မှာလဲ။ တရုတ်ကွန်မြူနစ်ပါတီက ခရစ်ယာန်ဝါဒနဲ့ ကက်သလစ်ဝါဒကို အစွန်းရောက်ဝါဒတွေအဖြစ်၊ သမ္မာကျမ်းစာကို အစွန်းရောက်စာအုပ်အဖြစ် သတ်မှတ်တယ်။ ဒါဟာ လူတိုင်းသိကြတဲ့အချက်ပဲ။ မင်းတို့ သတိထားမိမှာပါ။ တရုတ်ကွန်မြူနစ်ပါတီက အများလက်ခံထားတဲ့ ကမ္ဘာ့ဘာသာရေးတွေကို ရှုတ်ချပြီး ငြင်းပယ်ရဲရင် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို ဘာလို့ မရှုတ်ချနိုင်ရမှာလဲ။ တရုတ်ကွန်မြူနစ်ပါတီက သမ္မာကျမ်းစာကို အစွန်းရောက်စာအုပ်အဖြစ် ကြေညာရင် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ပေါ်လာ၏ကို ဘာလို့ သည်းခံဖို့ စဉ်းစားနေမှာလဲ။ ပြည့်သူ့လုံခြုံရေးအေဂျင်စီတွေက ဒီစာအုပ်ရဲ့ ကော်ပီတော်တော်များများကို သိမ်းပြီးပြီ။ လူတွေအများကြီးက လေ့လာနေကြတယ်။ ငါ နားမလည်ဘူး။ မင်းတို့လူတွေက ဘာလို့ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်ရတာလဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်က နောက်ဆုံးသောကာလရဲ့ခရစ်တော်လို့ ဘာကြောင့် ဆက်ပြီး သက်သေခံရတာလဲ။ သူ့မိသားစုနောက်ခံနဲ့ပတ်သက်ပြီး ငါတို့အကုန်နားလည်သွားပြီ။ သူက သာမန်လူတစ်ယောက်ပဲ ခရစ်ယာန်ဘာသာရဲ့ ယေရှုလိုပဲ။ ယေရှုက လက်သမားတစ်ယောက်ရဲ့သား၊ မိဘနဲ့ မွေးချင်းတွေလည်းရှိတယ်။ သူက သာမန်လူတစ်ယောက်ပဲဖြစ်ခဲ့တယ်။ ဒါတောင်မှ ခရစ်ယာန်လောကတစ်ခုလုံးက သူ့ကို ဘုရားလို ကိုးကွယ်ကြတယ်။ မင်းတို့လူတွေ ယုံကြည်တဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ကလည်း ယေရှုလို လူသားတစ်ယောက်ပဲ။ ဒါတောင်မှ သူက ဘုရားသခင်ဖြစ်တယ်လို့ သေချာပြောနေတယ်။ ဒါအတော်လေး နားလည်ရခက်တယ် မင်းတို့နှစ်ယောက်လုံးက သာမန်လူတစ်ယောက်ကို ယုံတာကြောင့် နာကျင်မှုတွေ အများကြီး ခံယူကြတယ်။ ဒီတော့ ဒါ တန်ရဲ့လား။ နောက်လိုက်တော်တော်များများက အနန္တတန်ခိုးရှင်ဘုရားသခင်အတွက် မိသားစုတွေနဲ့ အလုပ်တွေကို စွန့်လွှတ်ကြတယ်လို့ ငါကြားတယ်။ ဘုရားကို ဒီလိုယုံကြည်လို့ ဘာရစရာရှိလို့လဲဆိုတာ ငါသိချင်မိတယ်။ သူက ဘုရားပါလို့ ယုံကြည်ဖို့ မင်းအတွက် ဘာအထောက်အထားရှိလဲ။

နောက်တစ်ခုသို့- မေးခွန်း (၅) သမ္မာကျမ်းစာမှာပြောထားတယ်။ “အစိုရသော မင်းအာဏာစက်၏ အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေ။ အကြောင်းမူကား၊ ဘုရားသခင်၏ အခွင့်မရှိလျှင်၊ မင်းအာဏာစက်မရှိ။ အာဏာစက်ရှိသမျှသည် ဘုရားသခင် ခန့်ထားတော်မူရာဖြစ်သတည်း။ ထိုကြောင့်၊ မင်းအာဏာကို ဆန်သောသူသည် ဘုရားသခင် စီရင်တော်မူရာကို ဆန်သောသူဖြစ်၏။ ထိုသို့ဆန်သောသူသည် ရာဇဝတ်ကို ခံရမည်။” (ရောမသြဝါဒစာ ၁၃:၁-၂) နှစ်ပေါင်းများစွာယုံကြည်ပြီးတဲ့အတွက် ဒါ ဘာကိုဆိုလိုတယ်ဆိုတာ မင်း သိသင့်ပါတယ်။ တကယ်တော့လည်း သမ္မာကျမ်းစာကို ဘုရားသခင်က မှုတ်သွင်းခဲ့တာလေ ကျုပ်တို့ ယုံကြည်သူတွေက အာဏာရှိသူတွေကို နာခံသင့်တယ်လို့ ကျုပ်ယုံကြည်တယ်။ ဒါ ကျုပ်မြင်တဲ့ ပုံစံပဲ။ မင်းက အာဏာပိုင်တွေကို အာခံရင် ဒါ တရုတ်ပြည်မှာ အလုပ်မဖြစ်ဘူး။ ကွန်မြူနစ်ပါတီက တော်လှန်ရေးပါတီတစ်ခုပါ။ မင်း မနာခံရင် မင်းရဲ့ဘဝကို အဆုံးသတ်ပစ်လိုက်လိမ့်မယ်။ ဒီ တရုတ်ပြည်မှာ မင်းက ဘုရားသခင်ကို ယုံကြည်ဖို့အတွက် ကိုယ်ပိုင်မူသုံးရပ်သုံး အသင်းတော်မှာ ပါဝင်ဖို့ ဆန္ဒရှိရမယ်။ တခြားနည်းလမ်း ရှိကိုမရှိတာပါ။ ကျုပ်တို့ယုံကြည်မှုမှာ ရှာဖွေတဲ့အရာနဲ့ပတ်သက်တဲ့အခါမှာ ကျုပ်တို့အားလုံးက ငြိမ်းချမ်းပြီးကောင်းမွန်တဲ့ဘဝကို လိုချင်ကြတယ်မဟုတ်လား။ ကျုပ်တို့ ကိုယ်ပိုင်မူသုံးရပ်သုံး အသင်းတော်က ချင့်ချိန်စဉ်းစားတတ်တယ်။ ကျုပ်တို့ဟာ ဘုရားသခင်ကို ချီးမြှောက်ပြီး နိုင်ငံချစ်စိတ်ရှိသူတွေဖြစ်ပါတယ်။ အာဏာပိုင်တွေကို မစော်ကားဘူး ဒါမှမဟုတ် သမ္မာကျမ်းစာကို သစ္စာမဖောက်ဘူး။ ကျုပ်တို့က အသင်းတော်မှာ သခင့်ကို ပွင့်ပွင့်လင်းလင်း ကိုးကွယ်တယ်။ တစ်ခါမှ ပုန်းစရာမလိုဘူး ဒါမှမဟုတ် ကြောက်ရွံ့ပြီး မနေရဘူး။ ဒါ နှစ်ဘက်စလုံးအတွက် အကောင်းဆုံးပဲလေ ဟုတ်တယ်မို့လား။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။