၃၅၂ ဘုရားသခင်နှင့် မည်သူသဟဇာတဖြစ်သနည်းကျူး

၁ ငါသည် နှုတ်ကပတ်တော်များစွာကို ဖော်ပြခဲ့ပြီးဖြစ်ပြီး ငါ၏အလိုဆန္ဒနှင့် စိတ်သဘောထားတို့ကိုလည်း ဖော်ပြခဲ့ပြီး ဖြစ်၏။ သို့သော်ငြားလည်း လူတို့သည် ငါ့ကို သိနိုင်စွမ်းနှင့် ငါ့ကို ယုံကြည်နိုင်စွမ်း မရှိကြသေးပေ။ သို့မဟုတ် လူတို့သည် ငါ့ကို နာခံနိုင်စွမ်း မရှိကြသေးဟု ဆိုနိုင်ပေသည်။ သမ္မာကျမ်းစာအတွင်းတွင် နေထိုင်သူများ၊ ပညတ်‌တော်အတွင်းတွင် နေထိုင်သူများ၊ လက်ဝါးကပ်တိုင်ပေါ်တွင် နေသူများ၊ အယူဝါဒအတိုင်း နေထိုင်သူများ၊ ယနေ့ ငါပြုသည့်အမှုအကြား နေသူများ— ၎င်းတို့အနက် မည်သူသည် ငါနှင့် သဟဇာတဖြစ်သနည်း။ သင်တို့သည် ကောင်းချီးမင်္ဂလာများနှင့် ဆုလာဘ်များကို ရရှိရန်သာ စဉ်းစား၍ ငါနှင့် မည်သို့ သဟဇာတဖြစ်ရန် သို့မဟုတ် ငါကိုဆန့်ကျင်ခြင်းမပြုရန် သင်တို့ကိုယ်သင်တို့ မည်သို့ တားဆီးရမည်ကို စိုးစဉ်းမျှပင် မည်သည့်အခါကမျှ မစဉ်းစားခဲ့ကြဖူးပေ။

၂ ငါသည် သင်တို့အပေါ် လွန်စွာစိတ်ပျက်၏။ အဘယ်ကြောင့်ဆိုသော် ငါသည် သင်တို့ကို များစွာပေးခဲ့ပြီးဖြစ်သော်လည်း ငါသည် သင်တို့ထံမှ အနည်းငယ်သာ ရရှိခဲ့၏။ သင်တို့၏ လှည့်ဖြားမှု၊ သင်တို့၏မောက်မာမှု၊ သင်တို့၏လောဘ၊ သင်တို့၏ လွန်ကဲသောအလိုဆန္ဒများ၊ သင်တို့၏ သစ္စာဖောက်မှု၊ သင်တို့၏ မနာခံမှု— ၎င်းတို့အနက် မည်သည့် အရာသည် ငါ၏သတိပြုမိခြင်းမှ လွတ်မြောက်နိုင်မည်နည်း။ သင်တို့သည် ငါ့အား ပေါ့ပေါ့ဆဆ သဘောထား၏၊ ငါ့အား လှည့်စား၏၊ ငါ့အား စော်ကား၏၊ ငါ့အား နားပူနားဆာလုပ်၏၊ ယဇ်ကောင်များအတွက် ငါ့အား အတင်းအကျပ်တောင်းဆို၏၊ ငါ့ထံမှ အဓမ္မယူ၏— ထိုကဲ့သို့သော ဒုစရိုက်သည် ငါ၏အပြစ်ဒဏ်မှ မည်သို့ ရှောင်တိမ်းနိုင်မည်နည်း။ ဤဆိုးယုတ်မှုတစ်ခုလုံးသည် ငါ့အပေါ် သင်တို့၏ရန်လိုသောသဘော၏ အထောက်အထားဖြစ်ပြီး၊ သင်တို့သည် ငါနှင့်သဟဇာတမဖြစ်ကြောင်း အထောက်အထားဖြစ်၏။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရာလမ်းကို ရှာဖွေသင့်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၃၅၁ ဘုရားသခင်နှင့်သင့်မြတ်သူများ အလွန်နည်းသည်

နောက်တစ်ခုသို့- ၃၅၃ ဘုရားသခင်နှင့်သင်၏ သဟဇာတဖြစ်မှုသက်သေ အဘယ်မှာနည်းကျူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၈၈၆ ဘုရားရဲ့ချစ်ခြင်းမေတ္တာကို အဘယ်ဖန်ဆင်းခြင်းသတ္တဝါမှ မပိုင်ဆိုင်

၁ဘုရားရဲ့နှုတ်ကပတ်တော်သည် အသက်နဲ့ပြည့်စုံ၊ လျှောက်ရမယ့်လမ်းကို ညွှန်ပြ သမ္မာတရားကို နားလည်သဘောပေါက်စေကျွန်ုပ်တို့ သူ့နှုတ်ကပတ်တော်ကို...

၅၀၁ ဇာတိပကတိအား စွန့်လွှတ်ခြင်း

၁ဆင်းရဲဒုက္ခရင်ဆိုင်ဖို့ လိုအပ်တဲ့ အခြေအနေတစ်ခု ဖြစ်လာ ရင်ထိုအချိန် ဘုရား၏အလိုတော်ကို သိရှိ နားလည်ပါကိုယ့်ကိုယ်ကို ကျေနပ်မနေပါနဲ့၊...

၈၁ နောက်ဆုံးသောကာလ၌ စီရင်ခြင်းသည် ခေတ်ကို အဆုံးသတ်စေမည်

၁ နောက်ဆုံးသောကာလသည် ကျေးဇူးတော်ခေတ်၊ ပညတ်တော်ခေတ်တို့နှင့် အလွန်ကွဲပြားခြားနား။နောက်ဆုံးသောကာလ၏ အမှုတော်ကို အစ္စရေးပြည်မှာ မပြု၊...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။