၁၆၃ ကမ္ဘာမြေပေါ် အမှုပြုရန် ခရစ်တော် ကြွလာပြီးဖြစ်သည့် အကြောင်းရင်း
၁ ကမ္ဘာမြေပေါ်၌ ခရစ်တော်သည် ဘုရားသခင် ကိုယ်တော်တိုင်ကိုယ်စား အမှုပြုနိုင်သော်လည်း၊ လူ့ဇာတိ၌ သူ၏ပုံသဏ္ဌာန်အား လူအားလုံးကို ပြသခြင်းငှာ ရည်ရွယ်ချက်ဖြင့် ကြွလာသည်မဟုတ်ပေ။ လူသား အားလုံးက သူ့ကို မြင်ရန်အလို့ငှာ သူ ကြွလာသည်မဟုတ်။ လူသားတို့ကို သူ၏ လက်ဖြင့် ဦးဆောင်ခံရခွင့်ပေးဖို့ သူ ကြွလာခြင်း ဖြစ်ပြီး၊ ထိုသို့ဖြင့် လူသားသည် ခေတ်သစ်ထဲသို့ ဝင်ရောက်ပေသည်။ ခရစ်တော်၏ လူ့ဇာတိ အလုပ်တာဝန်မှာ ဘုရားသခင် ကိုယ်တော်တိုင်၏ အမှုအတွက် ဖြစ်သည်၊ ဆိုလိုသည်မှာ လူ့ဇာတိခံယူသည့် ဘုရားသခင်၏ အမှုအတွက်ဖြစ်ပြီး သူ၏ လူ့ဇာတိနှင့်ဆိုင်သည့် အနှစ်သာရကို လူသားအား အပြည့်အဝ နားလည်နိုင်စေရန် မဟုတ်ပေ။ သူမည်သို့ အမှုပြုသည်ဖြစ်စေ၊ သူ လုပ်ဆောင်သည့် မည်သည့်အရာမျှလူ့ဇာတိက ကြိုးပမ်းရရှိနိုင်သည်ထက် မကျော်လွန်ပေ။ ပုံမှန်လူ့သဘာဝနှင့်အတူ လူ့ဇာတိဖြင့် ထိုသို့ သူ လုပ်ဆောင်ပြီး၊ ဘုရားသခင်၏ စစ်မှန်သော မျက်နှာကို လူသားထံ အပြည့်အဝ ထုတ်ဖော်မပြပေ။ ထို့အပြင် လူ့ဇာတိ၌ သူ၏ အမှုသည် လူသားက စိတ်ကူးကြံဆသကဲ့သို့ သဘာဝလွန် သို့မဟုတ် မခန့်မှန်းနိုင်လောက်သည့်အရာ လုံးဝ မဟုတ်ပေ။
၂ ခရစ်တော်သည် လူ့ဇာတိ၌ ဘုရားသခင်ကိုယ်တိုင်ကို ကိုယ်စားပြုပြီး၊ ဘုရားသခင် ကိုယ်တိုင် လုပ်ဆောင်သင့်သော အမှုကို ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်သော်လည်း၊ ကောင်းကင်ဘုံရှိ ဘုရားသခင်၏ တည်ရှိမှုကို သူ မငြင်းသကဲ့သို့ သူ၏လုပ်ဆောင်မှုများကိုလည်း အလွန် ပျာယာခတ်လျက် မကြွေးကြော်ပေ။ ယင်းထက် သူသည် သူ၏လူ့ဇာတိအတွင်း၌ နှိမ့်ချစွာ ကွယ်ဝှက်နေသည်။ ခရစ်တော်မှလွဲ၍ ခရစ်တော်အဖြစ် မှားယွင်းစွာ ကြွေးကြော်သူတို့သည် ခရစ်တော်၏ အရည်အသွေးများ မပိုင်ဆိုင်ကြချေ။ ထိုခရစ်တော်ယောင်ဆောင်သော သူများ၏ မာနထောင်လွှားမှုနှင့် မိမိကိုယ်ကိုယ် ချီးမြှောက်မှု စိတ်သဘောထားကို ယှဉ်တွဲပြသည့်အခါ၊ မည်သည့် လူ့ဇာတိပုံစံသည် စစ်မှန်သော ခရစ်တော်ဖြစ်သည် ဆိုသည်မှာ သိသာထင်ရှားလာလေသည်။ ၎င်းတို့ အယောင်ဆောင်လေလေ၊ ထိုသို့သော ခရစ်တော် အယောင်ဆောင်များသည် မိမိတို့ကိုယ်ကိုယ် ကြွားဝါလေလေဖြစ်ပြီး၊ လူသားကို လိမ်လည်လှည့်ဖြားရန် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပို၍ လုပ်နိုင်စွမ်းရှိလေလေ ဖြစ်သည်။ ခရစ်တော် အယောင်ဆောင်များသည် ဘုရားသခင်၏ အရည်အသွေးများ မရှိကြပေ။ ခရစ်တော်သည် ခရစ်တော် အယောင်အဆောင်များနှင့်ဆိုင်သည့် မည်သည့်လက္ခဏာမျှ မစွန်းထင်းပေ။
လူသားအား သူ့ကို မြင်တွေ့ခွင့်ပေးရုံမျှ မဟုတ်ဘဲ၊ လူ့ဇာတိ၏အလုပ်ကို ပြီးပြည့်စုံစေရန်သာ ဘုရားသခင်သည် လူ့ဇာတိခံယူခြင်း ဖြစ်သည်။ တကယ်တမ်းတွင် သူသည် သူ၏ အမှုအား သူ၏ပင်ကိုလက္ခဏာကို အတည်ပြုခွင့်ပေးပြီး သူ ထုတ်ဖော်ပြသောအရာအား သူ၏အနှစ်သာရကို မှန်ကန်ကြောင်း ထောက်ခံခွင့်ပြုလေသည်။ သူ၏အနှစ်သာရသည် အခြေအမြစ် မရှိသည်မဟုတ်။ သူ၏ပင်ကိုလက္ခဏာကို သူ၏လက်ဖြင့် ဖမ်းဆုပ်ထားသည် မဟုတ်ပေ။ ယင်းကို သူ၏အမှုနှင့် သူ၏အနှစ်သာရတို့က သတ်မှတ်ခြင်း ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်၏ အနှစ်သာရမှာ ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုတော်ကို နာခံခြင်းဖြစ်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်