လူတို့သည် ဘုရားကိုကြောက်ရွံ့သော စိတ်နှလုံးဖြင့် ဘုရားကို ယုံကြည်သင့်၏ကျူး
၁ အကယ်၍ လူများသည် ဘုရားသခင်ကို ယုံကြည်ခြင်းတွင် ဘုရားသခင်ကို ရိုသေလေးမြတ်သော နှလုံးသား မိမိတို့အထဲ၌ မရှိပါက၊ ဘုရားသခင်ကို နာခံသည့် နှလုံးသား မရှိပါက၊ ထိုသူတို့သည် ဘုရားသခင်အတွက် မည်သည့် အလုပ်ကိုမျှ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ရုံသာမကဘဲ ဆန့်ကျင်ဘက်အနေနှင့် ဘုရားသခင်ကို ဖီဆန်သောသူနှင့် ဘုရားသခင်၏ အလုပ်ကို နှောင့်ယှက်သောသူများ ဖြစ်လာမည်ဖြစ်သည်။ ဘုရားသခင်သည် သူ့ကို စစ်မှန်စွာ ယုံကြည်သော သူများ၏ နှလုံးသားထဲတွင် အမြဲရှိပြီး ထိုသူတို့သည် ဘုရားသခင်ကို ရိုသေလေးမြတ်သော နှလုံးသားများနှင့် ဘုရားသခင်ကိုချစ်သော နှလုံးသားများကို ၎င်းတို့အတွင်း၌ အစဉ်အမြဲ သယ်ဆောင်ထားကြသည်။ ဘုရားသခင်ကို ယုံကြည်သောသူများသည် သတိရှိပြီး ဆင်ခြင်တတ်သော နှလုံးသားနှင့် အမှုအရာများကို လုပ်သင့်ပြီး သူတို့လုပ်သော အရာအားလုံးသည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ဖြစ်သင့်ကာ ဘုရားသခင်၏ နှလုံးသားကို ကျေနပ်စေနိုင်ရမည်။ ထိုသူတို့သည် မိမိတို့ သဘောရှိ လုပ်ဆောင်လျက် ခေါင်းမမာသင့်ပေ။ ထိုသို့ပြုခြင်းမှာ သန့်ရှင်းသူများ၏ အပြုအမူနှင့် မအပ်စပ်ပေ။
၂ ဘုရားသခင်ကို ယုံကြည်သူ တစ်စုံတစ်ယောက်က ဘုရားသခင်ကို မနာခံ သို့မဟုတ် ရိုသေလေးမြတ်မှု မရှိဘဲ၊ ထိုအစား ဘုရားသခင်ကို ဖီဆန်သောအခါ၊ ဤသည်မှာ ယုံကြည်သူအတွက် အကြီးအကျယ်ဆုံး အရှက်ရဖွယ် ဖြစ်သည်။ လူများသည် ဘုရားသခင်၏အောင်လံကို ကြွားလုံးထုတ်၍ ထိုအောင်လံနှင့် နေရာတကာ ဒေါသတကြီးနှင့် လျှောက်ရမ်းခြင်း၊ ဟိတ်ဟန်ထုတ်၍ လမ်းလျှောက်ပြီး အရပ်တကာ လိမ်လည်ခြင်းတို့ မပြုနိုင်ပေ။ ထိုသို့ပြုခြင်းသည် ပုန်ကန်မှုအပြု ဆုံးသော အမူအကျင့်ဖြစ်သည်။ မိသားစုများ၌ စည်းမျဉ်းများရှိသလို နိုင်ငံများ၌လည်း ဥပဒေများရှိသည်။ ဘုရားသခင်၏ အိမ်တော်တွင် သာ၍ပင် ရှိသည် မဟုတ်လော။ စံများက ပိုမို တင်းကျပ်သည် မဟုတ်လော။ ပိုများသော စီမံခန့်ခွဲမှုများ သာ၍ပင် ရှိသည် မဟုတ်လော။လူများသည် မိမိတို့အလိုရှိသော အရာကိုလုပ်ရန် လွတ်လပ်မှုရှိသည်။ သို့သော် ဘုရားသခင်၏ စီမံခန့်ခွဲမှုအမိန့်များကို သဘောရှိ ပြောင်းလဲ၍ မရနိုင်ပေ။ ဘုရားသခင်သည် သူ့ကို လူများ စော်ကားဖို့ ခွင့်မပြုသော ဘုရားဖြစ်ပြီး ဘုရားသခင်သည် လူများကို သေစေသော ဘုရားဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့မကျင့်သုံးသောသူများကို သတိပေးချက်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။