မေးခွန်း ၁- နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်ဖို့ ဘုရားသခင်သည် လူသားအဖြစ် လူ့ဇာတိဖြစ်လာပြီဟု သင်တို့ သက်သေခံကြသည်၊ သို့သော် ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲအများစုက သခင်ယေရှုသည် မိုးတိမ်များဖြှင့် ပြန်ကြွလာလိမ့်မည်ဟု ခံယူထားကြသည်။ ၎င်းတို့က ဤအရာကို “ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁)ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။(ဗျာဒိတ် ၁:၇) ဟူသည့် သမ္မာကျမ်းချက်များပေါ် အဓိက အခြေပြုထားသည်။ ထို့အပြင်၊ ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများက မိုးတိမ်များဖြင့် ကြွမလာသည့် မည်သည့် သခင်ယေရှုမဆို အယောင်ဆောင်ဖြစ်ပြီး ငြင်းပယ်ရမည်ဟုလည်း ကျွန်ုပ်တို့ကို သွန်သင်သည်။ ထို့ကြောင့်၊ ဤအမြင်က သမ္မာကျမ်းစာနှင့် ကိုက်သည် မကိုက်သည်ကို ကျွန်ုပ်တို့ မသေချာကြပါ၊ ဤသို့သော သိနားလည်မှုမျိုးသည် မှန်ပါသလား၊ မမှန်ပါသလား။

အဖြေ-

ဘုရားသခင် ဒုတိယအကြိမ်ပြန် ကြွလာခြင်းဟာ လူ့ဇာတိခံယူခြင်းဖြစ်တယ်ဆိုတာကို သမ္မာကျမ်းရဲ့စာပိုဒ်တော်တော်များများမှာ အရှင်းဆုံးဟောကိန်းထုတ်ထားပါတယ်။ ဥပမာပြရရင်- “ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန်၌ လူသားသည် ကြွလာလိမ့်မည်။(လုကာ ၁၂:၄၀)ကောင်းကင်တစ်ဖက်မှပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတ္တံ့ ထိုသို့မဖြစ်မီ သူသည် များစွာသောဆင်းရဲဒုက္ခကိုလည်းကောင်း၊ ယခုလူမျိုး၏ငြင်းပယ်ခြင်းကိုလည်းကောင်း ခံရမည်။(လုကာ ၁၇:၂၄-၂၅) ဒီဟောကိန်းတွေထဲမှာ “လူသား” ဒါမှမဟုတ် “လူသားသည် ကြွလာလိမ့်မည်” လို့ပဲ ပြဆိုပါတယ် လူသား ဆိုတဲ့ အသုံးအနှုန်းဟာ လူအဖြစ်မွေးဖွားလာသူတစ်ယောက်နဲ့ သာမန်လူ့သဘာဝ ရှိတယ် ကိုပဲ ညွှန်းပါတယ် ဒါကြောင့် ဝိညာဉ်တော်ကို “လူသား” လို့ ခေါ်လို့မရပါဘူး။ ဥပမာ၊ ယေဟောဝါဘုရားသခင်ဟာ ဝိညာဉ်တော်ဖြစ်တာကြောင့်၊ သူ့ကို “လူသား” လို့ ခေါ်လို့မရဘူး။ လူတချို့က ကောင်းကင်တမန်တွေ မြင်ဖူးခဲ့ကြတယ်၊ ကာင်းကင်တမန်တော်တွေဆိုရင်လည်း ဝိညာဉ်သက်ရှိတွေဖြစ်လို့ သူတို့ကို “လူသား” လို့ခေါ်လို့မရပါဘူး လူရဲ့အသွင်အပြင်ရှိပေမယ့် နာမ်ပိုင်းဆိုင်ရာခန္ဓာကိုယ်တွေနဲ့ပေါင်းစပ်ထားသူတွေကိုလည်း “လူသား” လို့ မခေါ်နိုင်ပါဘူး လူ့ဇာတိခံယူခဲ့တဲ့ သခင်ယေရှုကို “လူသား” “ခရစ်တော်” အဖြစ် ခေါ်ခဲ့ကြတယ် ဘာကြောင့်လဲဆိုတော့ သူဟာ ဘုရားသခင်ဝိညာဉ်တော်ကနေ လူ့ဇာတိခံယူထားတာဖြစ်တဲ့အပြင် သာမန် ပုံမှန်လူတစ်ယောက်ဖြစ်လာပြီး၊ လူတွေနဲ့အတူ နေထိုင်ခဲ့တာဖြစ်ပါတယ် ဒါကြောင့် သခင်ယေရှုက “လူသား” ဒါမှမဟုတ် “လူသားသည် ကြွလာလိမ့်မည်” လို့ မိန့်ဆိုခဲ့တာဟာ ဘုရားသခင်အနေနဲ့ နောက်ဆုံးသောကာလမှာ လူ့ဇာတိခံယူပြီး ကြွလာလိမ့်မယ်ဆိုတာကို ရည်ညွှန်းခဲ့တာပါပဲ။

—နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ

လူသားအနေနဲ့ပြန်လာမယ်လို့ သခင်ယေရှုကဗျာဒိတ်ပေးခဲ့တယ် လူသားဆိုတာ ဘုရားသခင် လူ့ဇာတိခံယူတာ ကိုရည်ညွှန်းပါတယ် လူ့ဇာတိခံယူထားတဲ့သခင်ယေရှုဟာ အပြင်က သာမန်လူသားတစ်ယောက်လိုပါပဲ စားမယ် သောက်မယ် အိပ်မယ် ပြီးတော့လမ်းလျှောက်မယ်။ ဒါပေမဲ့ သူပြန်လည်ရှင်ပြန်ထမြောက်လာပြီးနောက်ဖြစ်လာတဲ့ ဝိညာဉ်ခန္ဓာကတော့ ကွဲပြားခြားနားတယ် သူကနံရံတွေကိုထိုးဖောက်သွားလာနိုင်တယ်၊ ကိုယ်ထင်ပြလို့ရတယ် ဖျောက်လို့ရတယ်၊ ဒါကသဘာဝလွန်ဖြစ်ရပ်ပဲ အဲ့ဒါကြောင့်သူ့ကို လူသားလို့ ခေါ်လို့မရနိုင်ဘူး။ လူသားအဖြစ် ပြန်လာတာနဲ့ ပတ်သက်ပြီး သခင်ယေရှုက- “ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကိုလည်းကောင်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကိုလည်းကောင်း ခံရမည် လို့ပြောထားတယ်။(ရှင်လုကာ ၁၇:၂၄) ဒါပေမဲ့ အစ်ကို့ရဲ့ပြောဆိုချက်အရ သခင်ကဝိညာဉ်ခန္ဓာကိုယ်နဲ့ မိုးတိမ်ကိုစီးပြီး လူတွေရဲ့ရှေ့မှောက်ကို ဆင်းကြွလာမယ် လူတိုင်းကသူ့ကို ဦးချဝတ်ပြုကြလိမ့်မယ်၊ ဘယ်သူကသူ့ကိုဆန့်ကျင်ရှုတ်ချရဲမှာလဲ ဆိုတဲ့သဘောပဲ။ သခင်ယေရှုက “ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကိုလည်းကောင်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကိုလည်းကောင်း ခံရမည်။(ရှင်လုကာ ၁၇:၂၅) ဒီစကားတွေက ဘယ်လိုပြည့်စုံလာမှာလဲ။ ဘုရားသခင်လူ့ဇာတိခံယူပြီး လူသားအဖြစ်ပေါ်ထွန်းပြီး အမှုတော်ဆောင်တဲ့အခါ၊ သူတို့တွေကသူ့ကို အသိအမှတ်မပြုတဲ့အခါမှသာ၊ သူတို့ရဲ့ထင်မြင်ယူဆချက်တွေအတိုင်း သူ့ကိုငြင်းပယ်ရှုတ်ချရဲကြမှာလေ။ ဒါကတကယ့်စဉ်းစားစရာလို့ အစ်ကိုပြောတာမဟုတ်လား သခင်ယေရှုက နောက်ထပ်ပရောဖက်ပြုခဲ့သေးတယ်- “ထိုအချိန်နာရီကိုကား အဘယ်သူမျှမသိ။ ကောင်းကင်တမန်မသိ။ ငါ့ခမည်းတော်တပါးတည်းသာ သိ တော်မူ၏။(ရှင်မဿဲခရစ်ဝင်ကျမ်း ၂၄:၃၆)ထိုကြောင့်၊ စောင့်၍ မနေလျှင် သူခိုးကဲ့သို့ သင်ရှိရာသို့ ငါလာမည်။ လာမည့်အချိန်နာရီကိုလည်း သင်မသိရ။(ဗျာဒိတ်ကျမ်း ၃:၃) အကယ်၍သခင်က ဝိညာဉ်ခန္ဓာနဲ့မိုးတိမ်ကိုစီးပြီးဆင်းကြွလာရင် လူတိုင်းက အဲ့ဒါကိုသိရှိပြီးမြင်နိုင်ကြလိမ့်မယ် ဒါပေမယ့် သခင်ယေရှုက သူပြန်လာတဲ့အခါမှာ၊ အဲဒါကို ဘယ်သူမှမသိဘူး သားတော်လည်းမသိဘူး သူခိုးကဲ့သို့ စတာတွေ ဖြစ်မယ်လို့ ဗျာဒိတ်ပေးခဲ့တာဖြစ်တယ် ဒီစကားတွေက ဘယ်လိုပြည့်စုံလာမှာလဲ။ သခင်ယေရှုက ဝိညာဉ်ခန္ဓာနဲ့ပေါ်လာခဲ့ရင် သူ့ကိုယ်သူဒါနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်မသိတာလဲ။ နောက်ဆုံးသောကာလမှာ ဘုရားသခင်က လူသားအဖြစ် လူ့ဇာတိခံယူပြီး သာမန်လူသားတစ်ယောက်ဖြစ်လာမှသာ သားတော်လည်းမသိ ဆိုတဲ့စကားတွေပြည့်စုံလာပါလိမ့်မယ်။ သခင်ယေရှုအဖြစ် သူ့ရဲ့အမှုတော်တွေကိုမဆောင်ရွက်ခင်က သူက လူသားတွေကိုရွေးနှုတ်ကယ်တင်ဖို့ကြွလာတဲ့ ခရစ်တော်ဖြစ်တယ် ဆိုတာကိုတောင်မသိခဲ့ဘူး ဒါကြောင့် သခင်ယေရှုက ကောင်းကင်ဘုံရှင်ဘုရားသခင်ထံကို မကြာခဏဆုတောင်းခဲ့တာပေါ့ သခင်ယေရှု သူ့ရဲ့အမှုတော်တွေကို ပြည့်စုံအောင်စတင်ဆောင်ရွက်တော့မှ သူမည်သူမည်ဝါဖြစ်ကြောင်း သဘောပေါက်လာခဲ့တာ။

—နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ

သခင်ယေရှုက ပြန်လာမည်ဖြစ်ကြောင်း ကို ဗျာဒိတ်ထားခဲ့သည်၊ ပြီးလျှင့် ထိုအကြောင်းလည်း များစွာ ပြောခဲ့သည်၊ သို့သော်လည်း ကျွန်တော်တို့က သခင်ကတိမ်ယံများမှ ဆင်းလာမည် ဆိုသည့်ဗျာဒိတ် ကိုလက်ခံထားပြီး၊ သခင်ပြောသည့်တခြား ပို၍ အရေးကြီးသည် ဗျာဒိတ်များကိုရှာဖွေမနေတော့ပါ။ ဤသည်မှာ အလွယ်တကူ လမ်းမှားကို လျှောက်မိစေပြီး၊ သခင့် ချန်ထားရစ်ခြင်းကို ခံရမည်။ ကျမ်းစာထဲတွင် “ မိုးတိမ်စီးပြီး ကြွလာမယ်” ဆိုသည့် ဗျာဒိတ်သာ ရှိသည် မဟုတ်ပါ။ သခင်က သူခိုးတစ်ယောက်ကဲ့သို့၊ တိတ်တဆိတ်ဆင်းလာမည်ဆိုသည့် ဗျာဒိတ်များရှိပါသေးသည်။ ဗျာဒိတ်ကျမ်း အခန်းကြီး ၁၆ အခန်းငယ် ၁၅မှာ “ကြည့်ရှုလော့ သူခိုးကဲ့သို့ ငါလာ၏။” ရှင်မဿဲခရစ်ဝင်ကျမ်း အခန်းကြီး ၂၅ အခန်းငယ် ၆မှာ “သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။” နှင့် ဗျာဒိတ်ကျမ်း ၃:၂၀- “ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။” ဤဗျာဒိတ်များက ဘုရားက လူသားအဖြစ် လူ့ဇာတိခံပြီး တိတ်ဆိတ်စွာ ဆင်းသက်လာမည်ဟု ညွှန်းဆိုနေပါသည်။ “သူခိုးကဲ့သို့” ဆိုသည်မှာ တိတ်တဆိတ်လျှို့ဝှက်ပြီးလာမည် ဟု ဖြစ်သည်။ ကျွန်တော်တို့က သူ့ကိုတွေ့ကြ၊ ကြားကြလျှင်ပင် ဘုရားသခင်ဖြစ်ကြောင်း သိကြမည်မဟုတ်ပါ၊ သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံယူခြင်း ကာလအတွင်းမှာ ပေါ်ထွန်းခဲ့ပြီး၊ သူ့အမှုကို ပြုခဲ့သည့် အချိန်ကကဲ့သို့ပင် ဖြစ်ပါသည်။ အပြင်ပန်းတွင် သခင်ယေရှုက သာမန် လူသား တစ်ယောက်သာ ဖြစ်ပြီး၊ သူက ဘုရားဖြစ်ကြောင်းကို မည်သူမှ မသိခဲ့ကြပါ၊ ထို့ကြောင့် သခင်ယေရှုက “သူခိုးကဲ့သို့” ဆိုသည့် စကားကို လူသား၏ ပေါ်ထွန်းမှု နှင့် အမှုတော်တို့ကို ပုံခိုင်းနှိုင်းပြခြင်း တစ်ခု အဖြစ် အသုံးပြုခဲ့သည်။ ဤသည်မှာ အရမ်းလိုက်လျောညီထွေ ဖြစ်လွန်းနေသည်။ အမှန်တရားကို မမြတ်နိုးတတ်သည့်သူများက ဇာတိခန္ဓာ နှင့်နှင့်သခင်မည်သို့စကားပြောပြီး၊ အမှုပြုပါစေ၊ သို့မဟုတ် သမ္မာတရားကို မည်မျှ ဖော်ပြပါစေ၊ သူတို့လက်မခံကြပါ။ ထိုအစား ဇာတိပကတိနှင့် ဘုရားသခင်ကို သာမန်လူတစ်ယောက်ကဲ့သို့ ဆက်ဆံကြသည်၊ ပြစ်တင်ရှုတ်ချပြီး စွန့်ခွာသွားကြသည်။ ထို့ကြောင့် သခင်ယေရှုက သူပြန်လာသည့်အချိန်တွင် “ကောင်းကင်တဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတံ့။ ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကိုလည်းကောင်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကိုလည်းကောင်း ခံရမည်။(လု ၁၇:၂၄-၂၅) ဟု ပရောဖက်ပြုခဲ့သည်။ သခင့်ပရောဖက်ပြုချက်အရ၊ ကိုယ်တော့် ပြန်ကြွလာခြင်းသည် “လူသား၏ ကြွလာခြင်း” ဖြစ်သည်။ “လူသား” ဆိုသည်မှာ ဇာတိပကတိ၌ ဘုရားသခင်ကို ညွှန်းဆိုသည်၊ ရှင်ပြန်ထမြောက်သည့် သခင်ယေရှု၏ ဝိညာဉ်ခန္ဓာက တိမ်များဖြင့် ဆင်းသက်လာပြီး လူပုံအလယ်တွင် ပေါ်ပေါက်မည် ဟု ဆိုခြင်း မဟုတ်ပါ။ ယင်းမှာ အဘယ့်ကြောင့် အမှန်တရား ဖြစ်ရသနည်း။ သခင်ယေရှု၏ ဝိညာဉ်ခန္ဓာကသာ တိမ်များဖြင့် လူပုံအလယ်တွင် ဆင်းသက်လာခဲ့ပါက၊ ယင်းမှာ အလွန့်အလွန်ပင် တန်ခိုးကြီးကာ၊ ကမ္ဘာကိုလည်း ထိတ်လန့်တုန်လှုပ်စေမည်။ လူတိုင်းက မြေပေါ်ဝပ်ဆင်းပြီး၊ မည်သူမှလည်း ခုခံဝံ့မည် မဟုတ်ပါ။ ထိုအခြေအနေတွင် ပြန်ကြွလာသည့် သခင်ယေရှုသည် ဆင်းရဲဒုက္ခများစွာ ကို ခံစားရဆဲဖြစ်ပြီး၊ ဤမျိုးဆက်၏ ငြင်းပယ်မှုကို ခံစားရဆဲ ဖြစ်မည်လား။ လုံးဝ မဟုတ်ပါ။ ထို့ကြောင့် သခင်ယေရှုက သူ၏ ပြန်ကြွလာခြင်းသည် “လူသား၏ ပြန်ကြွခြင်း” နှင့် “သူခိုးကဲ့သို့” ဟု ပရောဖက်ပြုခဲ့ခြင်းဖြစ်သည်။ အမှန်မှာမူ ယင်းက လူ့ဇာတိခံဘုရားသခင်သည် လူသားအနေဖြင့် တိတ်တဆိတ် ကြွလာခြင်းကို ဆိုပါသည်။

—နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ

ယခုဆိုလျှင် အနန္တတန်ခိုးရှင်ဘုရားသခင်၏ ကောင်းကင်နိုင်ငံတော် ဧဝံဂေလိတရား က တရုတ်ပြည်မကြီးမှာ ပျံနှံ့နေခဲ့သည်မှာ အနှစ် ၂၀ရှိပြီ။ ၎င်းက ဘာသာတရားများ နှင့် ဂိုဏ်းဂဏအမျိုးမျိုးကို ပျံ့နှံ့ခဲ့သည်မှာ ကြာပြီဖြစ်သည်။ ထိုကာလအတွင်း တရုတ်ကွန်မြူနစ်အစိုးရ၏ အသည်းအသန် ဖိနှိပ်ခြင်းနှင့် ဖြိုခွဲဖျက်ဆီးခြင်းတို့အပြင်၊ တရုတ်ကွန်မြူနစ်ပါတီ သတင်းဌာန၏ ဝါဒဖြန့်ခြင်းများကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်သည် လူတိုင်းသိသည့် အမည်နာမတစ်ခု ဖြစ်ခဲ့ပြီ။ နောက်ပိုင်းတွင် အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြသည့် သမ္မာတရားများနှင့် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ထုတ်လုပ်သည့် ဗီဒီယိုများနှင့် ရုပ်ရှင် မျိုးစုံတို့ကိုလည်း အွန်လိုင်းတွင် တဖြည်းဖြည်းချင်း ထုတ်လွှင့်ပြသခဲ့ပြီး၊ ကမ္ဘာအနှံ့ ပျံ့နှံ့ခဲ့သည်။ ဘာသာရေး အသိုင်းအဝိုင်းမှ လူများက ဘုရားသခင် ကြွခဲ့ပြီ ဖြစ်ကြောင်း သက်သေခံကြသည်။ ဤသည်မှာ သခင်ယေရှု၏ ပရောဖက်ပြုခြင်းကို ပြည့်စုံစေသည်။ “သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။(မ ၂၅:၆) သို့ပါက ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည် နောက်ဆုံးသောကာလတွင် အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုကို အသည်းအသန် ပြစ်တင်ရှုတ်ချပြီး ဆန့်ကျင်နေကြဆဲ ဖြစ်သနည်း။ သမ္မာကျမ်းစာထဲတွင် သခင်ပြန်ကြွလာခြင်းအကြောင်း ပရောဖက်ပြုခြင်း များစွာ ရှိသောကြောင့် သူတို့သည် အဘယ့်ကြောင့် သခင်က တိမ်များဖြင့် ဆင်းသက်လာမည့်အကြောင်း ပရောဖက်ပြုခြင်းကိုသာ အလွန် စွဲလမ်းနေကြသနည်း။ သူတို့သည် သခင့်ကြွလာခြင်းနှင့် ပတ်သက်သည့် သက်သေခံချက်များ ရှိကြောင်း ကြားသိရသည့်အခါတွင် အဘယ့်ကြောင်း လုံးဝ မရှာဖွေကြသနည်း။ အနန္တတန်ခိုးရှင်ဘုရားသခင်က သမ္မာတရားများစွာကို ဖော်ပြကြောင်း သိရသည့်အချိန်၊ ဘုရားသခင့်အမှုတော်၏ စစ်မှန်မှုကို သူတို့မြင်ရသည့်အချိန်တွင် သူတို့က နောက်ဆုံးသောကာလ၏ ဘုရားသခင့်အမှုတော်ကို ဆန့်ကျင်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်း များတွင် သူတို့၏ အယူအဆများနှင့် စိတ်ကူးများကိုသာ အဘယ့်ကြောင့် ခေါင်းမာမာနှင့် စွဲကိုင်ထားကြသနည်း။ ဤလူများသည် သမ္မာတရားကို ချစ်ပြီး၊ သခင့် ကြွရောက်ခြင်းကို အမှန်တကယ် စောင့်မျှော်နေသူများ ဟုတ်ရောဟုတ်ပါရဲ့လား။ သူတို့က ပညာရှိသော သတို့သမီးများလား သို့မဟုတ် ပညာမဲ့သော သတို့သမီးများလား။ သူတို့က ပညာရှိသော သတို့သမီးများဖြစ်ပြီး၊ သခင့်ပြန်ကြွလာခြင်းကို အမှန်တကယ် စောင့်ဆိုင်းနေကြပါက၊ သူတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားပြီး၊ ကောင်းကင်နိုင်ငံတော် ဧဝံဂေလိတရား ကြီးပွားတိုးတက်နေသည်ကို မြင်ရသည့်အခါတွင် သူတို့ ဆက်ပြီး ခေါင်းမာမာနှင့် ပြစ်တင်ရှုတ်ချကာ၊ ဆန့်ကျင်နေဖို့ လိုပါသေးလား။ ဤသည်မှာ သခင် ပေါ်ထွန်းရန် သူတို့ ရိုးသားစွာ စောင့်မျှော်တမ်းတခြင်း ဖြစ်နေမလား။ အဆုံးသတ်တွင် ပွင့်လင်းစွာ ပြောရမည် ဆိုပါက၊ သခင့်ကို သူတို့ ယုံကြည်ခြင်း နှင့် သခင်ယေရှု ပြန်ကြွလာခြင်းအတွက် စောင့်ဆိုင်းခြင်းတို့သည် အတုအယောင်သာ ဖြစ်သည်၊ သို့သော်လည်း သူတို့က ကောင်းကြီးမင်္ဂလာခံစားရရန် နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ရန် တောင့်တကြသည်မှာမူ စစ်မှန်ပါသည်။ သခင့်ကို သူတို့ယုံကြည်ခြင်းသည် သမ္မာတရားကို လိုက်စားပြီး၊ အသက် ရရှိရန် မဟုတ်ပါ၊ သူတို့က သမ္မာတရားကို ရရှိပြီး၊ အပြစ်မှလွတ်မြောက်ရန် မဟုတ်ပါ။ သူတို့ အလေးအထားဆုံး အရာမှာ အဘယ်နည်း။ ယင်းမှာ သခင်က သူတို့ကို ကောင်းကင်နိုင်ငံတော်ကို တိုက်ရိုက်ချီဆောင်ပြီး၊ ဇာတိပကတိ၏ ဆင်းရဲဒုက္ခမှလွတ်မြောက်စေကာ၊ ကောင်းကင်နိုင်ငံတော်၏ ကောင်းကြီးမင်္ဂလာများကို ခံစားရစေရန် ကြွလာသည့်အချိန် ဖြစ်သည်။ ဤသည်မှာ သူတို့ ဘုရားသခင်ကို ယုံကြည်ခြင်း၏ စစ်မှန်သည့် ရည်ရွယ်ချက် ဖြစ်သည်။ ဤရည်ရွယ်ချက်မှ လွဲပြီး၊ လူသားမျိုးနွယ်ကို ကယ်တင်ရန် သမ္မာတရားကို ဖော်ပြသည့် အနန္တတန်ခိုးရှင်ဘုရားသခင်ကို ငြင်းပယ်ရန် သူတို့မှာ မည်သည့် အကြောင်းပြချက် ရှိဦးမည်နည်း။ ကျွန်တော်တို့ တွေးကြည့်နိုင်ပါသည်။ တစ်စုံတစ်ယောက်က သမ္မာတရားကို ချစ်ပြီး၊ ဘုရားသခင် ပေါ်ထွန်းရန် အမှန်တကယ် တောင့်တပါက၊ သခင်ကြွလာသည့်အကြောင်းကို သူတို့ကြားရသည့်အချိန်တွင် သူတို့ မည်ကဲ့သို့ ပြုမူမည်နည်း။ သူတို့က ယင်းကို နားမထောင်၊ မကြည့်၊ မဆက်သွယ်ဘဲ နေမည်လား။ သူတို့က မျက်စိစုံမှိတ်ကာ ငြင်းဆန်၊ ပြစ်တင်ရှုတ်ချပြီး၊ ဆန့်ကျင်မလား။ လုံးဝမဟုတ်ပါ။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ရိုးသားစွာ တောင့်တပြီး၊ ဘုရားသခင်၏ ကြွရောက်ခြင်းကို ရိုးသားစွာ ကြိုဆိုသည့် လူတစ်ယောက်က စစ်မှန်သည့် အလင်း ပေါ်ထွန်းခြင်း၊ သမ္မာတရား နှင့် ဖြောင့်မတ်ခြင်းတို့က သူတို့နှလုံးသားကို အုပ်စိုးခြင်း တို့အတွက် မျှော်လင့်စောင့်စားကြသည်။သူတို့က လူသားမျိုးနွယ်ကို ကယ်တင်ပြီး၊ လူများက သန့်စင်ခံရပြီး၊ ဘုရားသခင်၏ ရယူခြင်းတို့ကို ခံရဖို့ အပြစ်က လုံးလုံးလျားလျား လွတ်မြောက်နိုင်ဖို့ရာ ကူညီရန် ဘုရားသခင်ကြွလာခြင်းကို စောင့်မျှော်နေကြသည်။ သို့သော်လည်း သခင် တိမ်များနှင့် ကြွလာခြင်းကိုသာ စောင့်ဆိုင်းပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ငြင်းဆန်ကာ၊ ပယ်ကြသူများ၊ အထူးသဖြင့် မိမိတို့၏ အဆင့်အတန်းနှင့် အသက်မွေးမှုတို့ကို ကာကွယ်ရန် အတွက် အနန္တတန်ခိုးရှင်ဘုရားသခင်ကို အသည်းအသန် ပြစ်တင်ရှုတ်ချပြီး ဆန့်ကျင်သူ ဘာသာရေးခေါင်းဆောင်များ အားလုံးသာလျှင် သမ္မာတရားကို ရွံရှာပြီး၊ မုန်းတီးသူများ ဖြစ်သည်။ သူတို့က နောက်ဆုံးသောကာလ၏ ဘုရားသခင့်အမှုတော်အားဖြင့် ဖော်ထုတ်ခံရသည့် မယုံကြည်သူများနှင့် အန္တိခရစ်များ အားလုံးတို့ဖြစ်သည်။ ဇာတိပကတိ၌ ဘုရားသခင်သည် သူ့ကယ်တင်ခြင်းအမှုတော်ကို စုံလင်စေပြီးနောက်၊ ထိုလူများသည် နှစ်တစ်ထောင်အတွင်း တစ်ကြိမ်သာ ဖြစ်သည့် ကပ်ဘေးကြီးထဲသို့ ကြရောက်မည်၊ ငိုကြွေးကာ၊ သူတို့သွားများကို ကြိတ်ကြမည်။ ထို့နောက်တွင် လူပုံအလယ်တွင် သခင်တိမ်ဖြင့် ကြွဆင်းလာမည် ဆိုသည့် ပရောဖက်ပြုခြင်းသည်လည်း လုံးလုံးလျားလျား ပြည့်စုံလိမ့်မည်။ “ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။(ဗျာ ၁:၇)

—နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ

အရှေ့သို့- ၈။ တရားစီရင်ခြင်းအမှုကိုလုပ်ဆောင်ရန် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် မရေရာသည့် ဘုရားသခင်အပေါ် လူသားမျိုးနွယ်၏ ယုံကြည်ခြင်းနှင့် စာတန်၏အုပ်စိုးမှုအောက် မှောင်မိုက်သည့် ခေတ်ကို မည်သို့ အဆုံးသတ်သနည်း။

နောက်တစ်ခုသို့- မေးခွန်း ၂- သခင်ယေရှုက လူ့ဇာတိခံ ဘုရားသခင်ဖြစ်ခဲ့သည်ကို သခင့်ကို ယုံကြည်သူတို့က သိကြသော်လည်း၊ လူ့ဇာတိခံယူခြင်းနှင့်ဆိုင်သော သမ္မာတရားကို နားလည်သောလူများမှာ အလွန်နည်းပါးသည်။ သခင်ပြန်ကြွလာသည့် အချိန်တွင်၊ သခင်ယေရှု ပေါ်ထွန်းခဲ့သကဲ့သို့ လူသား ဖြစ်လာပြီး အမှုပြုရင်း သူ ပေါ်ထွန်းလျှင်၊ သခင်ယေရှုကို လူတို့ သတိပြုမိရန်နှင့် သူ၏ ပြန်ကြွလာခြင်းကို ကြိုဆိုရန် လုံး၀ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် လူ့ဇာတိခံယူခြင်းဆိုသည်မှာ အမှန်တကယ် မည်သည့်အရာနည်း။ လူ့ဇာတိခံယူခြင်း၏ အနှစ်သာရမှာ အဘယ်နည်း။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။