၃။ လူ့ဇာတိခံဘုရားသခင်၏ အမှုတော်နှင့် ဝိညာဉ်တော်၏ အမှုတော်ကြား ကွဲပြားခြားနားမှု

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည် တိုးဝင်ချဉ်းကပ်နိုင်ခြင်းလည်း မရှိသည့်အတွက်၊ ဘုရားသခင်၏ လူကိုကယ်တင်ခြင်းသည် ဝိညာဉ်တော်၏ နည်းစနစ်နှင့် ဝိညာဉ်တော်၏ ပင်ကိုလက္ခဏာတို့ကို တိုက်ရိုက် အသုံးပြု၍ လုပ်ဆောင်ခြင်း မဟုတ်ပေ။ သူ့အနေဖြင့် ဝိညာဉ်တော်၏ ပြုမူပုံကို တိုက်ရိုက် အသုံးပြုလျက် လူသားကို ကယ်တင်ရန် ကြိုးစားခဲ့ပါက၊ လူသားသည် သူ၏ကယ်တင်ခြင်းကို လက်ခံရရှိနိုင်မည် မဟုတ်ပေ။ အကယ်၍ ဘုရားသခင်သည် ဖန်ဆင်းခံ လူသားတစ်ဦး၏ အပြင်ပန်း ပုံသဏ္ဌာန်ကိုသာ မယူတင် မဝတ်ဆင်ခဲ့ပါက၊ လူသားအတွက် ဤကယ်တင်ခြင်းကို ရရှိဖို့ မဖြစ်နိုင်ပေ။ အကြောင်းမှာ မည်သူ တစ်ဦးတစ်ယောက်ကမျှ ယေဟောဝါ၏ တိမ်အနီးသို့ မသွားနိုင်ကြသလောက်၊ လူသည် သူ့ကို ချဉ်းကပ်ခြင်းငှာ မဖြစ်နိုင်သောကြောင့် ဖြစ်သည်။ ဖန်ဆင်းခံ လူသားတစ်ဦး ဖြစ်လာခြင်းအားဖြင့်သာလျှင်၊ ဆိုလိုသည်မှာ သူ၏ နှုတ်ကပတ်တော်များကို သူဖြစ်လာတော့မည့် ဇာတိခန္ဓာအထဲသို့ ထားရှိခြင်းအားဖြင့်သာလျှင်၊ သူ့နောက်လိုက်သော သူအားလုံးထဲသို့ သူသည် နှုတ်ကပတ်တော်ကို ကိုယ်တိုင်ကိုယ်ကျ အမှုပြုစေနိုင်ပေသည်။ ထိုအခါမှသာလျှင် လူသည် သူ၏နှုတ်ကပတ်တော်ကို ကိုယ်တိုင်ကိုယ်ကျ မြင်နိုင်ကာ ကြားနိုင်သည့်အပြင်၊ သူ၏နှုတ်ကပတ်တော် ပိုင်ဆိုင်ခြင်းထဲသို့ ဝင်ရောက်နိုင်ပြီး၊ ဤနည်းဖြင့် အပြည့်အဝ ကယ်တင်ခံရနိုင်ပေသည်။ အကယ်၍ ဘုရားသခင်သည် လူ့ဇာတိကို မခံယူခဲ့ပါက၊ အသွေးအသားရှိသော မည်သူကမျှ ထိုသို့သော ကြီးမြတ်သည့် ကယ်တင်ခြင်းကို ရရှိနိုင်မည် မဟုတ်သကဲ့သို့၊ မည်သည့်လူသားတစ်ဦး တစ်ယောက်ကမျှ ကယ်တင်ခံရမည် မဟုတ်ပေ။ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူမျိုးနွယ်အလယ်တွင် တိုက်ရိုက် အလုပ်လုပ်ခဲ့ပါက၊ လူသားမျိုးနွယ်အားလုံးသည် ဒဏ်ခတ်ခံရမည် ဖြစ်သည် သို့မဟုတ်ပါက ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံရန် မဖြစ်နိုင်ဘဲလျက်၊ ၎င်းတို့သည် စာတန်၏ လုံးဝ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရကြမည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)

ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် အမှု၏ အသစ်သော အဆင့်တစ်ခုသို့ ဝင်ရောက်သည်။ သူသည် သူ၏စိတ်သဘောထားကို ပို၍ပင် ဖော်ပြလိမ့်မည်ဖြစ်ပြီး၊ ယင်းသည် ယေရှု၏ အချိန်ကာလနှင့် သက်ဆိုင်သည့် ကရုဏာတရားနှင့် ချစ်ခြင်းမေတ္တာတို့ ဖြစ်လိမ့်မည်မဟုတ်ပေ။ အမှုသစ်ကို လက်ရှိ လုပ်ဆောင်နှင့်ပြီ ဖြစ်သည့်အတွက်၊ ဤအမှုသစ်သည် စိတ်သဘောထားအသစ်နှင့်အတူ ပါရှိလိမ့်မည်။ ထို့ကြောင့်၊ ဤအမှုကို ဝိညာဉ်တော်က လုပ်ဆောင်ခဲ့ပါက- ဘုရားသခင်သည် လူ့ဇာတိကို မခံယူခဲ့ဘဲ၊ ယင်းအစား လူသည် သူနှင့်ဆက်သွယ်ဖို့ နည်းလမ်း မရှိခဲ့စေဖို့အလို့ငှာ ဝိညာဉ်တော်က မိုးကြိုးမှတစ်ဆင့် တိုက်ရိုက် စကားပြောခဲ့ပါက၊ လူသည် သူ၏စိတ်သဘောထားကို သိနိုင်ပါမည်လော။ အမှုကို လုပ်ဆောင်ခဲ့သည်မှာ ဝိညာဉ်တော် တစ်ပါးတည်းဖြစ်ပါက၊ လူသည် ဘုရားသခင်၏ စိတ်သဘောထားကို သိရှိလာဖို့ ဖြစ်နိုင်မည် မဟုတ်ပေ။ ဘုရားသခင် လူ့ဇာတိခံယူလာချိန်တွင်၊ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာပြီး သူက သူ၏စိတ်သဘောထား အလုံးစုံကို လူ့ဇာတိမှတစ်ဆင့် ဖော်ပြသည့်အခါတွင်သာ၊ လူတို့သည် ဘုရားသခင်၏ စိတ်သဘောထားကို မိမိတို့၏ ကိုယ်ပိုင်မျက်စိများဖြင့် ရှုမြင်နိုင်ကြလိမ့်မည်ဖြစ်သည်။ ဘုရားသခင်သည် လူများအလယ်တွင် အမှန်တကယ်နှင့် စစ်မှန်စွာ အသက်ရှင်သည်။ သူသည် အမှန်တကယ်ရှိ၏။ လူသည် သူ၏စိတ်သဘောထားကို အမှန်တကယ် ထိတွေ့နိုင်သည်၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းကို ထိတွေ့နိုင်သည်။ ဤနည်းဖြင့်သာ လူသည် သူ့ကို အမှန်တကယ် သိရှိလာနိုင်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)

လူ့ဇာတိ၏ အမှုသည် များစွာသော အခက်အခဲများ ဖြစ်ပေါ်စေပြီး၊ လူ့ဇာတိသည် ဝိညာဉ်တော်ကဲ့သို့ အလားတူ သြဇာအာဏာကို ပိုင်ဆိုင်ရန် မဆိုထားနှင့်၊ ဝိညာဉ်တော်ကဲ့သို့ ကြီးမြတ်သည့် တူညီသော ပင်ကိုလက္ခဏာ မပိုင်ဆိုင်နိုင်၊ ဝိညာဉ်တော်ကဲ့သို့ တူညီသော သဘာဝလွန် လုပ်ဆောင်ချက်များကို မဆောင်ရွက်နိုင်ပေ။ သို့သော်လည်း ထူးခြားမှု မရှိသော ဤဇာတိခန္ဓာက လုပ်ဆောင်သောအမှု၏ အနှစ်သာရသည် ဝိညာဉ်တော်က တိုက်ရိုက်လုပ်ဆောင်သော အမှု၏ အနှစ်သာရ ထက်သာ၍ များစွာသာလွန်ပြီး၊ ဤလူ့ဇာတိ ကိုယ်တိုင်သည် လူသားမျိုးနွယ် တစ်ရပ်လုံး၏ လိုအပ်ချက်များအဖို့ အဖြေ ဖြစ်လေသည်။ ကယ်တင်ခြင်းခံရမည့် သူများအတွက် ဝိညာဉ်တော်၏ အသုံးပြုနိုင်သော တန်ဖိုးသည် လူ့ဇာတိကို အသုံးပြုနိုင်သည့် တန်ဖိုးထက် များစွာ နိမ့်ကျသည်။ ဝိညာဉ်တော်၏ အမှုသည် စကြဝဠာ တစ်ခုလုံး၊ တောင်တန်းများ၊ မြစ်များ၊ ရေကန်များနှင့် သမုဒ္ဒရာများ အားလုံးအနှံ့ ခြုံငုံနိုင်သော်လည်း၊ လူ့ဇာတိ၏ အမှုသည် သူနှင့် ထိတွေ့သော လူတိုင်းနှင့် သာ၍ ထိရောက်စွာ နှီးနွှယ်လေသည်။ ထို့အပြင် လက်ဆုပ်လက်ကိုင် ပြ၍ရသည့် ပုံသဏ္ဌာန်ဖြင့် ဘုရားသခင်၏ လူ့ဇာတိကို လူသားက ပို၍နားလည်နိုင်ပြီး ပို၍ယုံကြည်နိုင်ကာ၊ ဘုရားသခင်နှင့်ပတ်သက်သော လူ၏အသိပညာကို သာ၍နက်သည်ထက် နက်လာနိုင်စေပြီး၊ ဘုရားသခင်၏ တကယ့် လုပ်ဆောင်ချက်များ နှင့်ဆိုင်သော သာ၍နက်နဲသည့် ထင်မြင်ချက်များကို လူသားအပေါ် ချန်ထားနိုင်ပေသည်။ ဝိညာဉ်တော်၏ အမှုသည် နက်နဲမှုဖြင့် ပိတ်ဖုံးနေပြီး၊ သေမျိုးတို့အတွက် နားလည်ရန် ခက်ခဲကာ၊ တွေ့မြင်နိုင်ရန် သာ၍ပင်ခက်ခဲလေသည်၊ ထို့ကြောင့် ၎င်းတို့သည် အနှစ်မဲ့သော စိတ်ကူးစိတ်သန်းများ အပေါ်တွင်သာ မှီခိုနိုင်ကြလေသည်။ သို့ရာတွင် လူ့ဇာတိ၏ အမှုသည် ပုံမှန်ဖြစ်ပြီး၊ လက်တွေ့အရှိတရားအပေါ်တွင် အခြေခံကာ ကြွယ်ဝသော ဉာဏ်ပညာကို ပိုင်ဆိုင်သကဲ့သို့၊ လူသား၏ ရုပ်ခန္ဓာမျက်လုံးဖြင့် ရှုမြင်၍ရသည့် အမှန်တရားတစ်ခု ဖြစ်သည်။ လူသည် ဘုရားသခင့်အမှု၏ ဉာဏ်ပညာကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားနိုင်ကာ သူ၏ ပေါများလှသော စိတ်ကူးစိတ်သန်းများကို အသုံးချရန် မလိုအပ်ပေ။ ဤသည်မှာ လူ့ဇာတိ၌ ဘုရားသခင့်အမှု၏ တိကျမှန်ကန်မှုနှင့် စစ်မှန်သောတန်ဖိုး ဖြစ်သည်။ ဝိညာဉ်တော်သည် လူတို့ မမြင်နိုင်သကဲ့သို့ လူတို့ တွေးထင်ရန် ခက်ခဲသောအရာများ၊ ဥပမာအားဖြင့် ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်း၊ ဝိညာဉ်တော်၏ တို့ထိခြင်းနှင့် ဝိညာဉ်တော်၏ လမ်းပြခြင်းတို့ကိုသာ လုပ်ဆောင်နိုင်သည်၊ သို့ရာတွင် ဉာဏ်ရှိသော လူသားအတွက် ဤအရာတို့သည် မည်သည့် ရှင်းလင်းသော အဓိပ္ပာယ်ကိုမျှ မပေးချေ။ ယင်းတို့သည် စိတ်ထိခိုက်စေသော သို့မဟုတ် ကျယ်ပြန့်သော အဓိပ္ပာယ်ကိုသာ ပေးပြီး၊ နှုတ်ကပတ်တော်များဖြင့် ညွှန်ကြားချက် တစ်ခုကို မပေးနိုင်ပေ။ သို့သော် လူ့ဇာတိ၌ ဘုရားသခင်၏အမှုမှာမူ အလွန် ကွာခြား၏။ ယင်းသည် နှုတ်ကပတ်တော်များ၏ တိကျမှန်ကန်သော လမ်းပြမှု ပါဝင်သည်၊ ရှင်းလင်းသော အလိုတော်နှင့် ရှင်းလင်းသော လိုအပ်သည့် ရည်မှန်းချက်ပန်းတိုင်များ ရှိသည်။ သို့ဖြစ်၍ လူသည် မှန်းဆချက်များကို ပြုလုပ်ရန်မဆိုထားနှင့်၊ စမ်းတဝါးဝါးပင် သွားလာနေစရာ၊ သို့မဟုတ် ၎င်း၏ စိတ်ကူးစိတ်သန်းများကို အသုံးပြုစရာ မလိုပေ။ ဤသည်မှာ လူ့ဇာတိ၌ရှိသည့် အမှု၏ ရှင်းလင်းပြတ်သားမှု ဖြစ်ပြီး ဝိညာဉ်တော်၏ အမှုမှ ယင်း၏ ကြီးမားသော ကွာခြားမှု ဖြစ်သည်။ ဝိညာဉ်တော်၏အမှုသည် ကန့်သတ်ထားသော နယ်ပယ်တစ်ခု အတွက်သာ သင့်လျော်ပြီး၊ လူ့ဇာတိ၏အမှုကို အစားမထိုးနိုင်ပေ။ လူ့ဇာတိ၏အမှုသည် ဝိညာဉ်တော်၏အမှုထက် လူသားကို အလွန်တရာ ပို၍ တိကျပြီး လိုအပ်သော ရည်မှန်းချက်ပန်းတိုင်များနှင့် များစွာ ပို၍ စစ်မှန်၊ တန်ဖိုးရှိသော အသိပညာကို ပေးလေသည်။ ဖောက်ပြန်ပျက်စီးသော လူသားအဖို့ အကြီးမားဆုံးသော တန်ဖိုးရှိသည့် အမှုသည် လိုက်စားရန် တိကျမှန်ကန်သော နှုတ်ကပတ်တော်များ၊ ရှင်းလင်းသော ပန်းတိုင်များကို ထောက်ပံ့ပေးသောအမှုဖြစ်ပြီး မြင်၍ရကာ ထိတွေ့၍ရသော အမှုဖြစ်သည်။ လက်တွေ့ကျသောအမှုနှင့် အချိန်မီလမ်းပြမှုတို့သည်သာ လူသား၏အကြိုက်များနှင့် ကိုက်ပြီး၊ စစ်မှန်သော အမှုသည်သာ လူကို သူ၏ ဖောက်ပြန်ပျက်စီးကာ အကျင့်ပျက်ပြားသော စိတ်သဘောထားမှ ကယ်တင်နိုင်သည်။ ဤအရာကို လူ့ဇာတိခံ ဘုရားသခင်အားဖြင့်သာ စွမ်းဆောင် ရရှိနိုင်ပေသည်။ လူ့ဇာတိခံ ဘုရားသခင်သာလျှင် လူသားကို ၎င်း၏ ယခင်က ဖောက်ပြန်ပျက်စီးကာ အကျင့်ပျက်ပြားသော စိတ်သဘောထားမှ ကယ်တင်နိုင်သည်။ ဝိညာဉ်တော်သည် ဘုရားသခင်၏ ရှိရင်းစွဲ အနှစ်သာရ ဖြစ်သော်လည်း၊ ဤသို့သောအမှုကို သူ၏လူ့ဇာတိဖြင့်သာ လုပ်ဆောင်နိုင်ပေသည်။ အကယ်၍ ဝိညာဉ်တော်သည် တစ်ဦးတည်း အလုပ်လုပ်မည်ဆိုပါက၊ သူ၏အမှုသည် အကျိုးသက်ရောက်မှုရှိရန် ဖြစ်နိုင်မည် မဟုတ်ပေ- ဤသည်မှာ ရှင်းလင်းသော အမှန်တရား ဖြစ်သည်။ လူအများစုသည် ဤလူ့ဇာတိကြောင့် ဘုရားသခင်၏ ရန်သူများ ဖြစ်လာကြပြီး ဖြစ်သော်လည်း၊ ဘုရားသခင်သည် သူ၏အမှုကို အဆုံးသတ်သောအခါ၊ သူ၏အလိုကို ဆန့်ကျင်သောသူများသည် သူ၏ရန်သူဖြစ်ခြင်းမှ ရပ်တန့်လိမ့်မည် ဖြစ်သည်သာမက၊ ဆန့်ကျင်ဘက်အနေဖြင့် သူ၏ မျက်မြင်သက်သေများ ဖြစ်လာကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ သိမ်းပိုက်ခြင်းခံရပြီးဖြစ်သည့် သက်သေများ၊ သူနှင့်သဟဇာတ ဖြစ်ပြီး သူနှင့်ခွဲ၍မရသော သက်သေများ ဖြစ်လာကြလိမ့်မည်။ သူသည် လူသားအဖို့ လူ့ဇာတိ၌ သူ့အမှု၏ အရေးကြီးခြင်းကို လူသားအား သိရှိစေမည် ဖြစ်ပြီး၊ လူသားသည် လူ၏တည်ရှိမှု အဓိပ္ပာယ်အဖို့ ဤလူ့ဇာတိ၏ အရေးပါမှုကို သိရှိလိမ့်မည်၊ လူ့အသက်တာ ကြီးထွားမှုအဖို့ ဘုရားသခင်၏ စစ်မှန်သောတန်ဖိုးကို သိရှိလိမ့်မည် ဖြစ်ပြီး၊ ထို့အပြင် ဤလူ့ဇာတိသည် လူသားက ခွဲခွာ၍မရသည့် အသက်စမ်းရေ ဖြစ်လာလိမ့်မည်ကို သိရှိပေမည်။ ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာသည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနေအထားတို့နှင့်ကိုက်ညီခြင်းမှ အလှမ်းဝေးပြီး၊ လူသားအဖို့ ဘုရားသခင်၏ တကယ့် အဆင့်အတန်းနှင့် သဟဇာတဖြစ်ပုံ မရသော်လည်း၊ ဘုရားသခင်၏ စစ်မှန်သော ပုံသဏ္ဌာန် သို့မဟုတ် ဘုရားသခင်၏ စစ်မှန်သော ပင်ကိုလက္ခဏာကို မပိုင်ဆိုင်သော ဤလူ့ဇာတိသည် ဘုရားသခင်၏ဝိညာဉ်တော်က တိုက်ရိုက် မလုပ်ဆောင်နိုင်သော အမှုကို လုပ်ဆောင်နိုင်လေသည်။ ယင်းသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၏ စစ်မှန်သောအရေးပါမှုနှင့် တန်ဖိုးဖြစ်ပြီး၊ လူသားအနေဖြင့် နားမလည်နိုင်သကဲ့သို့၊ အသိအမှတ်မပြုနိုင်သည်မှာ ဤအရေးပါမှုနှင့် တန်ဖိုးတို့ဖြစ်သည်။ လူသားမျိုးနွယ် တစ်ရပ်လုံးသည် ဘုရားသခင်၏ ဝိညာဉ်တော်ကို ကြည်ညိုကြပြီး၊ ဘုရားသခင်၏ လူ့ဇာတိကို အထင်သေးကြသော်လည်း၊ ၎င်းတို့ မည်သို့ပင် ရှုမြင်သည်ဖြစ်စေ သို့မဟုတ် တွေးထင်စေကာမူ၊ လူ့ဇာတိ၏ စစ်မှန်သော အရေးပါမှုနှင့် တန်ဖိုးသည် ဝိညာဉ်တော်၏ စစ်မှန်သော အရေးပါမှုနှင့် တန်ဖိုးထက် များစွာသာလွန်ပါသည်။ မှန်ပေ၏၊ ဤသည်မှာ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်နှင့်သာ သက်ဆိုင်ပေသည်။ သမ္မာတရားကို ရှာဖွေကာ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို တောင့်တသောသူ အားလုံးအတွက်၊ ဝိညာဉ်တော်၏ အမှုသည် တို့ထိမှု သို့မဟုတ် လှုံ့ဆော်မှု၊ ပြီးလျှင် ရှင်းပြ၍မရနိုင်သကဲ့သို့ မတွေးတတ်သော အံ့သြဖွယ်ခံစားချက်တစ်ခုနှင့် ကြီးမြတ်သော၊ ထူးကဲသာလွန်သကဲ့သို့ နှစ်လိုဖွယ်ကောင်းသော်လည်း အားလုံးအဖို့ ရယူရန်မဖြစ်နိုင်သကဲ့သို့ မရရှိနိုင်သောအရာလည်း ဖြစ်သည့် ခံစားချက်တစ်ခုကိုသာ ပေးနိုင်သည်။ လူသားနှင့် ဘုရားသခင်၏ ဝိညာဉ်တော်သည် ၎င်းတို့ကြားတွင် ကြီးမားသည့် အကွာအဝေးတစ်ခု ရှိသည့်အလား၊ အဝေးမှသာ အချင်းချင်း ကြည့်ရှုနိုင်ကြပြီး၊ လူသားနှင့် ဘုရားသခင်တို့သည် မမြင်ရသော အပိုင်းအခြားတစ်ခုဖြင့် ခွဲခြားခံထားရသည့်နှယ် ၎င်းတို့သည် မည်သည့်အခါမျှ တူညီနိုင်ခြင်းမရှိပေ။ အမှန်တွင် ဤသည်မှာ ဝိညာဉ်တော်က လူသားကိုပေးထားသော အတွေးမှားတစ်ခု ဖြစ်သည်၊ ယင်းမှာ ဝိညာဉ်တော်နှင့် လူသားသည် တစ်မျိုးတစ်စားတည်း မဟုတ်သကဲ့သို့၊ ဝိညာဉ်တော်နှင့် လူသားတို့သည် လောကတစ်ခုတည်းတွင် မည်သည့်အခါမျှ ယှဉ်တွဲနေထိုင်မည် မဟုတ်သောကြောင့် ဖြစ်ပြီး၊ ဝိညာဉ်တော်သည် လူနှင့်ဆိုင်သောအရာ မည်သည့်အရာမျှ မရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဝိညာဉ်တော်သည် လူသားက အလိုအပ်ဆုံးသော အမှုကို တိုက်ရိုက် မလုပ်ဆောင်နိုင်သည့်အတွက်၊ လူသားသည် ဝိညာဉ်တော်၏ လိုအပ်ချက် မရှိပေ။ လူ့ဇာတိ၏အမှုသည် လိုက်စားရမည့် စစ်မှန်သော ရည်မှန်းချက်များ၊ ရှင်းလင်းသော နှုတ်ကပတ်တော်များနှင့် သူသည် စစ်မှန်ကာ ပုံမှန်ဖြစ်သည်ဟူသော ခံစားမှုတစ်ခု၊ သူသည် နှိမ့်ချပြီး သာမန်ဖြစ်သည်ဟူသော ခံစားမှုတို့ကို လူသားကို ပေးသည်။ လူသားသည် သူ့ကို ကြောက်ရွံ့ကောင်း ကြောက်ရွံ့နိုင်သော်လည်း၊ လူအများစုအတွက် သူသည် နားလည်သဘောပေါက်ဖို့ လွယ်ကူသည်။ လူသားသည် သူ၏ မျက်နှာကို ရှုမြင်နိုင်ပြီး၊ သူ၏အသံကိုကြားနိုင်ကာ သူ့ကို အဝေးမှကြည့်ရန် မလိုအပ်ပေ။ ဤလူ့ဇာတိသည် လူသားကဲ့သို့ တူညီသော ကမ္ဘာလောကထဲတွင် ရှိသည့်အတွက်၊ ဤလူ့ဇာတိသည် လူသားအဖို့ ချဉ်းကပ်၍ရနိုင်သည်၊ မဝေးကွာဘဲ သို့မဟုတ် နားမလည်နိုင်စရာ မဟုတ်ဘဲ၊ မြင်၍ရနိုင်သကဲ့သို့ ထိတွေ့၍ရနိုင်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်

ယခုတွင် လူသည် လူ့ဇာတိခံ ဘုရားသခင်၏ အမှုက ဧကန်အမှန် ထူးခြားသကဲ့သို့၊ ထိုအထဲတွင် လူသားက ကြိုးပမ်းမရရှိနိုင်သောအရာ အများအပြား ရှိကာ၊ နက်နဲမှုများနှင့် အံ့သြဖွယ်ရာများ ရှိသည်ကို မြင်ရလေသည်။ သို့ဖြစ်ရာ များစွာတို့သည် ကျိုးနွံနာခံကြပြီးဖြစ်သည်။ အချို့သောသူများသည် ၎င်းတို့မွေးဖွားသည့် နေ့ရက်ကတည်းက မည်သည့်လူကိုမျှ ကျိုးနွံနာခံဖူးခြင်း မရှိဘဲ၊ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့မြင်သည့်အခါ၊ ၎င်းတို့ ထိုသို့ပြုမူသည်ကို သတိမထားမိဘဲ အပြည့်အဝ ကျိုးနွံနာခံကြပြီး၊ အခြားမည်သည့်အရာကိုမျှ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရန် သို့မဟုတ် ပြောဆိုရန် အရဲမစွန့်ကြချေ။ လူသားမျိုးနွယ်သည် နှုတ်ကပတ်တော် အောက်သို့ ကျရောက်ကြပြီးဖြစ်ကာ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်း အောက်တွင် ပျပ်ဝပ်လျက် ရှိနေသည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူသားထံ တိုက်ရိုက်စကားပြောဆိုခဲ့ပါက၊ လူသားမျိုးနွယ်သည် ဒမာသက်မြို့သို့ သွားရာလမ်းတွင် ပေါလုသည် အလင်းရောင်ထဲ၌ မြေကြီးပေါ် လဲကျသွားသကဲ့သို့ပင်၊ ထုတ်ဖော်ပြခြင်း နှုတ်ကပတ်တော်များမရှိဘဲ လဲကျလျက်၊ အားလုံးက အသံတော်ကို ကျိုးနွံနာခံကြပေမည်။ ဘုရားသခင်သည် ဤနည်းဖြင့် ဆက်လက်အမှုပြုခဲ့ပါက၊ လူသည် နှုတ်ကပတ်တော်၏ တရားစီရင်ခြင်း မှတစ်ဆင့် သူ၏ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးမှုကို မည်သည့်အခါမျှ သိလာနိုင်မည် မဟုတ်သကဲ့သို့၊ ထိုသို့ဖြင့် ကယ်တင်ခြင်းကို ရရှိမည် မဟုတ်ပေ။ လူ့ဇာတိခံယူခြင်းမှ တစ်ဆင့်သာလျှင်၊ နားရှိသော သူအားလုံးတို့သည် သူ၏နှုတ်ကပတ်တော်များကို ကြားနိုင်ပြီး နှုတ်ကပတ်တော်အားဖြင့် သူ၏ တရားစီရင်ခြင်းအမှုကို ရရှိနိုင်ကြဖို့အလို့ငှာ၊ ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်များကို လူသားအယောက်စီတိုင်း၏ နားများထဲသို့ ကိုယ်တိုင်ကိုယ်ကျ ပေးပို့နိုင်သည်။ ဤအရာသည်သာ လူသားကို ကျိုးနွံနာခံစေခြင်း အဖြစ်သို့ ခြောက်လှန့်ရန် ဝိညာဉ်တော်က ထင်ရှားခြင်းထက်၊ သူ၏နှုတ်ကပတ်တော်အားဖြင့် စွမ်းဆောင်ရရှိသောရလဒ် ဖြစ်သည်။ လူသည် အသိအမှတ်ပြုပြီး ပြောင်းလဲနိုင်ရန် အလို့ငှာ၊ နှစ်ပေါင်းများစွာ အတွင်းတွင် နက်ရှိုင်းစွာ ကွယ်ဝှက်ထားသည့် လူ၏ စိတ်သဘောထားဟောင်းများကို အပြည့်အဝ ဖော်ထုတ် ပေးနိုင်သည်မှာ၊ ဤလက်တွေ့ကျသော်လည်း ထူးခြားသည့် အမှုမှတစ်ဆင့်သာ ဖြစ်ပေသည်။ ဤအရာများသည် လက်တွေ့ကျသည့် နည်းဟန်ဖြင့် စကားပြောဆိုခြင်းနှင့် တရားစီရင်ခြင်းကို စီမံဆောင်ရွက်သည့် လူ့ဇာတိခံ ဘုရားသခင်၏ လက်တွေ့ကျသော အမှုအားလုံးဖြစ်သည်၊ သူသည် လူအပေါ် တရားစီရင်ခြင်း၏ ရလဒ်များကို နှုတ်ကပတ်တော်အားဖြင့် စွမ်းဆောင်ရရှိသည်။ ဤသည်မှာ လူ့ဇာတိခံ ဘုရားသခင်၏ ဩဇာအာဏာနှင့် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှင့်ဆိုင်သော အရေးပါမှု ဖြစ်သည်။ ယင်းကို လူ့ဇာတိခံ ဘုရားသခင်၏ ဩဇာအာဏာကို သိရှိစေဖို့၊ နှုတ်ကပတ်တော်၏ အမှုအားဖြင့် စွမ်းဆောင်ရရှိသော ရလဒ်များကို သိရှိစေဖို့နှင့် ဝိညာဉ်တော်သည် လူ့ဇာတိခံယူပြီး လူကို နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းမှတစ်ဆင့် သူ၏ဩဇာအာဏာအား ပြသပြီးဖြစ်သည်ကို သိရှိစေရန် လုပ်ဆောင်ခြင်းဖြစ်သည်။ သူ၏ ဇာတိခန္ဓာသည် သာမန်နှင့် ပုံမှန်လူ့သဘာဝ၏ ပြင်ပသဏ္ဌာန် ဖြစ်သော်လည်း၊ ယင်းသည် သူသည် ဩဇာအာဏာနှင့် ပြည့်ဝကြောင်း၊ သူသည် ဘုရားသခင် ကိုယ်တိုင်ဖြစ်ကြောင်းနှင့် သူ၏ နှုတ်ကပတ်တော်များသည် ဘုရားသခင် ကိုယ်တော်တိုင်၏ ဖော်ပြချက် ဖြစ်ကြောင်းတို့ကို လူသားအားပြသသည့် သူ၏နှုတ်ကပတ်တော်များက စွမ်းဆောင်ရရှိသော ရလဒ်များဖြစ်သည်။ ဤနည်းလမ်းအားဖြင့် သူသည် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်ကြောင်း၊ သူသည် လူ့ဇာတိခံယူသော ဘုရားသခင်ကိုယ်တိုင် ဖြစ်ကြောင်း၊ သူ့ကို မည်သူမျှ ပုန်ကန်ပြစ်မှားဖို့ မဟုတ်ကြောင်းနှင့် နှုတ်ကပတ်တော်အားဖြင့် သူ၏ တရားစီရင်ခြင်းကို မည်သူမျှ မကျော်လွှားနိုင်သကဲ့သို့၊ မည်သည့် အမှောင် အင်အားစုကမျှ သူ၏ဩဇာအာဏာအပေါ် မလွှမ်းမိုးနိုင် ကြောင်းကို လူသားမျိုးနွယ် အားလုံးထံ ပြသပေသည်။ သူသည် လူ့ဇာတိကိုခံသည့် နှုတ်ကပတ်တော် ဖြစ်သောကြောင့်၊ သူ၏ဩဇာအာဏာကြောင့်၊ ပြီးလျှင် နှုတ်ကပတ်တော်အားဖြင့် သူ၏တရားစီရင်ခြင်းတို့ကြောင့် လူသည် သူ့ကို လုံးဝ ကျိုးနွံနာခံသည်။ သူ၏ လူ့ဇာတိခံ ခန္ဓာအားဖြင့် ဆောင်ကြဉ်းခဲ့သည့် အမှုသည် သူပိုင်ဆိုင်သော ဩဇာအာဏာ ဖြစ်သည်။ သူ လူ့ဇာတိခံယူသည့်အကြောင်းရင်းမှာ လူ့ဇာတိသည်လည်း ဩဇာအာဏာကို ပိုင်ဆိုင်နိုင်သောကြောင့် ဖြစ်ပြီး၊ သူသည် လူသားတို့အလယ်တွင် လက်တွေ့ကျသော နည်းတစ်ခု၊ လူသားအဖို့ မြင်၍ရနိုင်ကာ လက်ဆုပ်လက်ကိုင်ပြနိုင်သည့် နည်းလမ်းတစ်ခုဖြင့် အမှုကို ဆောင်ရွက်နိုင်စွမ်းရှိသောကြောင့်၊ ဖြစ်လေသည်။ ဤအမှုသည် ဩဇာအာဏာအားလုံးကို ပိုင်ဆိုင်သော ဘုရားသခင်၏ ဝိညာဉ်တော်က တိုက်ရိုက်လုပ်ဆောင်သော အမှုထက် များစွာ ပိုမို လက်တွေ့ကျပြီး ယင်း၏ ရလဒ်များသည်လည်း သိသာထင်ရှားလေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာသည် လက်တွေ့ကျသော နည်းလမ်းဖြင့် စကားပြောဆိုနိုင်ပြီး အမှုပြုနိုင်သောကြောင့် ဖြစ်သည်။ သူ၏ လူ့ဇာတိခန္ဓာ၏ ပြင်ပသဏ္ဌာန်သည် မည်သည့် ဩဇာအာဏာကိုမျှ စွဲကိုင်ထားခြင်း မရှိသကဲ့သို့၊ လူသားအနေဖြင့် ချဉ်းကပ်၍ရနိုင်သည်၊ သူ၏ အနှစ်သာရမှာမူ ဩဇာအာဏာကို သယ်ဆောင်ထားသော်လည်း၊ သူ၏ ဩဇာအာဏာသည် မည်သူအဖို့မျှ မြင်၍မရနိုင်ပေ။ သူသည် စကားပြောဆိုပြီး အမှုပြုသောအခါတွင်၊ လူသည် သူ၏ အခွင့်အာဏာ၏ တည်ရှိမှုကို သတိမပြုမိနိုင်ပေ။ ဤအရာက လက်တွေ့ကျသော သဘာဝနှင့်ဆိုင်သည့် အမှုကို လုပ်ဆောင်ရာ၌ သူကို လွယ်ကူချောမောစေသည်။ ဤလက်တွေ့ကျသော အမှုအားလုံးသည် ရလဒ်များ စွမ်းဆောင် ရရှိနိုင်သည်။ သူသည် အခွင့်အာဏာအား ကိုင်စွဲထားသည်ကို မည်သည့်လူကမျှ မသိသော်လည်း၊ သို့မဟုတ် သူသည် ပုန်ကန်ပြစ်မှားခံရဖို့ မဟုတ်သည်ကို မမြင်နိုင်သော်လည်း၊ သို့မဟုတ် သူ၏အမျက်ဒေါသကို မမြင်နိုင်သော်လည်း၊ သူသည် သူ၏ ဖုံးကွယ်ထားသော ဩဇာအာဏာ၊ သူ၏ ကွယ်ဝှက်ထားသော အမျက်ဒေါသနှင့် သူ ပွင့်ပွင့်လင်းလင်း ပြောဆိုသည့် နှုတ်ကပတ်တော်များမှတစ်ဆင့် သူသည် သူ၏နှုတ်ကပတ်တော်များ၏ ရည်ရွယ်ထားသော ရလဒ်များကို စွမ်းဆောင်ရရှိလေသည်။ တစ်နည်းအားဖြင့်၊ သူ၏အသံနေအသံထား၊ သူ့ဟောပြောချက် ပြင်းထန်မှုနှင့် သူ့နှုတ်ကပတ်တော်များ၏ ဉာဏ်ပညာ အားလုံးမှတစ်ဆင့် လူသည် လုံးဝ ယုံကြည်လက်ခံရပေသည်။ ဤနည်းဖြင့် လူသည် အမြင်အားဖြင့် ဩဇာအာဏာ ရှိပုံမရသော လူ့ဇာတိခံ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျိုးနွံနာခံ၏၊ ထိုသို့ဖြင့် လူသားကို ကယ်တင်ခြင်းနှင့်ဆိုင်သည့် ဘုရားသခင်၏ ရည်မှန်းချက်ကို ဖြည့်ဆည်းလေသည်။ ဤသည်မှာ သူ၏လူ့ဇာတိခံယူခြင်းနှင့်ဆိုင်သည့် အရေးပါမှု၏ အခြားသောရှုထောင့်ဖြစ်သည်- ယင်းမှာ လူသားသည် ဘုရားနှုတ်ကပတ်တော်၏ တန်ခိုးကို မျက်မြင်တွေ့ကြုံနိုင်ဖို့လို့ငှာ၊ သာ၍ လက်တွေ့ကျစွာ ပြောဆိုရန်နှင့် သူ့နှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားကို လူသားအပေါ်သို့ အကျိုးသက်ရောက်မှု ရှိစေရန် ဖြစ်သည်။ ထို့ကြောင့် ဤအမှုကို လူ့ဇာတိခံယူခြင်းအားဖြင့် မလုပ်ဆောင်ခဲ့ပါက၊ ရလဒ်များ စိုးစဉ်မျှ စွမ်းဆောင်ရရှိမည် မဟုတ်သကဲ့သို့၊ အပြစ်သားများကို အပြည့်အဝ ကယ်တင်နိုင်မည် မဟုတ်ပေ။ အကယ်၍ ဘုရားသခင်သည် လူ့ဇာတိမခံယူခဲ့ပါက၊ သူသည် လူသားအဖို့ မြင်၍မရနိုင်သကဲ့သို့ လက်ဆုပ်လက်ကိုင် ပြ၍လည်း မရနိုင်သည့် ဝိညာဉ်တော်အဖြစ် ကျန်ရှိနေမည် ဖြစ်သည်။ လူသားသည် ဇာတိပကတိရှိသည့် ဖန်ဆင်းခံ ဖြစ်လျက်၊ သူနှင့် ဘုရားသခင်သည် မတူညီသော လောကများနှင့် သက်ဆိုင်ကြပြီး မတူကွဲပြားသော သဘာဝများကို ပိုင်ဆိုင်ကြသည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိပကတိရှိသည့် လူသားနှင့် သဟဇာတ မဖြစ်သကဲ့သို့၊ လူသားသည် ဝိညာဉ်တစ်ပါးအဖြစ်သို့ ပြောင်းလဲနိုင်စွမ်း မရှိသည်ကို ပြောစရာပင် မလိုဘဲ၊ ၎င်းတို့အကြားတွင် ဆက်ဆံရေးများ တည်ဆောက်ရန် တကယ့်ကို မဖြစ်နိုင်ပေ။ ဤသို့ဖြစ်ရာ၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သူ၏မူလအမှုကို လုပ်ဆောင်ရန်အလို့ငှာ ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်လာရမည် ဖြစ်သည်။ ဘုရားသခင်သည် အမြင့်ဆုံးသောနေရာသို့ တက်ကြွ သွားနိုင်သကဲ့သို့၊ လူသားမျိုးနွယ်အလယ်တွင် အလုပ်လုပ်ရင်းနှင့် ၎င်းတို့အလယ်၌ အသက်ရှင်ရင်း၊ ဖန်ဆင်းခံ လူသားတစ်ဦးဖြစ်လာရန် မိမိကိုယ်ကိုယ် နှိမ့်ချနိုင်သည်၊ သို့သော် လူသားသည် အနိမ့်ဆုံးသော နေရာသို့ ဆင်းသက်နိုင်ဖို့ မဆိုထားနှင့်၊ အမြင့်ဆုံးသောနေရာသို့ မတက်နိုင်သကဲ့သို့ ဝိညာဉ်တစ်ပါးလည်း မဖြစ်လာနိုင်ပေ။ ဤသည်မှာ ဘုရားသခင်က သူ၏အမှုကို ဆောင်ရွက်ရန် လူ့ဇာတိကို ခံယူရမည့် အကြောင်းရင်း ဖြစ်သည်။ ထိုနည်းတူ ပထမအကြိမ် လူ့ဇာတိ ခံယူစဉ်အတောအတွင်းတွင်၊ လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိခန္ဓာသည်သာ သူ၏ကားစင်တင် ခံရခြင်းမှတစ်ဆင့် လူသားကို ရွေးနုတ်နိုင်ခဲ့သည်၊ ဘုရားသခင်၏ ဝိညာဉ်တော်အတွက်မူ လူသားအတွက် အပြစ်ဖြေရာယဇ်အဖြစ် ကားစင်တင်ခံရဖို့ ဆိုသည်မှာ ဖြစ်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်သည် လူသားအတွက် အပြစ်ဖြေရာ ယဇ်အနေနှင့် အစေခံရန် တိုက်ရိုက် လူ့ဇာတိ ခံယူနိုင်ခဲ့သော်လည်း၊ လူသားသည် ဘုရားသခင်က သူ့အတွက် ပြင်ဆင်ထားပေးသော အပြစ်ဖြေရာယဇ်ကို ယူဆောင်ရန် ကောင်းကင်ဘုံသို့ တိုက်ရိုက် တက်မသွားနိုင်ပေ။ ဤသို့ဖြစ်ရာ လူသားသည် အပြစ်ဖြေရာယဇ်ကို ရရှိနိုင်ရန် မဆိုထားနှင့်၊ သူသည် ကျဆုံးခဲ့ပြီးဖြစ်သည့်အပြင် လူသားသည် ကောင်းကင်ဘုံသို့ တကယ်ကို တက်မသွားနိုင်သည့်အတွက်၊ ဖြစ်နိုင်သမျှမှာ ဤကယ်တင်ခြင်းကို ရယူရန် လူသားအား ကောင်းကင်ဘုံသို့ မတက်စေဘဲ၊ ကောင်းကင်နှင့် မြေကြီးအကြား အကြိမ်အနည်းငယ် ခေါက်တုံ့ခေါက်ပြန် သွားလာပေးရန် ဘုရားသခင်ကို တောင်းဆိုရန်သာ ဖြစ်ပေမည်။ ထို့ကြောင့် ယေရှုအတွက် လူသားမျိုးနွယ်အလယ် ကြွလာပြီး လူသားက တကယ်ကို မပြီးမြောက်မအောင်မြင်နိုင်သည့် အမှုကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရန် လိုအပ်ခဲ့သည်။ ဘုရားသခင် လူ့ဇာတိခံယူသည့်အကြိမ်တိုင်းတွင်၊ ယင်းသည် အကြွင်းမဲ့ လိုအပ်မှုကြောင့် ဖြစ်သည်။ အကယ်၍ မည်သည့် အဆင့်ကိုမဆို ဘုရားသခင်၏ ဝိညာဉ်တော်က တိုက်ရိုက်လုပ်ဆောင်နိုင်ခဲ့မည် ဆိုပါက၊ သူသည် လူ့ဇာတိခံယူရခြင်း၏ သိက္ခာကျခြင်း အဖြစ်သို့ ကျိုးနွံနာခံပြီးဖြစ်မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)

တရားစီရင်ခြင်းကို ခံရသူမှာ လူသား၊ ဇာတိခန္ဓာရှိပြီး၊ ဖောက်ပြန်ပျက်စီးပြီးဖြစ်သော လူသားဖြစ်ကာ၊ တိုက်ရိုက် တရားစီရင်ခြင်းခံရသည့်သူမှာ စာတန်၏ ဝိညာဉ် မဟုတ်သောကြောင့်၊ တရားစီရင်ခြင်းအမှုကို ဝိညာဉ်ရေးရာလောက၌ ဆောင်ရွက်သည် မဟုတ်ဘဲ၊ လူသားအလယ်တွင် လုပ်ဆောင်ခြင်း ဖြစ်ပေသည်။ လူသား၏ ဇာတိပကတိ ဖောက်ပြန်ပျက်စီးမှုကို တရားစီရင်ခြင်း အမှုအတွက် လူ့ဇာတိ၌ရှိသည့် ဘုရားသခင်ထက် မည်သူမျှ သာ၍ မသင့်တော်သကဲ့သို့ သာ၍ အရည်အချင်းမပြည့်မီပေ။ အကယ်၍ တရားစီရင်မှုကို ဘုရားသခင်၏ ဝိညာဉ်တော်က တိုက်ရိုက် ဆောင်ရွက်ခဲ့မည်ဆိုပါက၊ အလုံးစုံခြုံငုံမိမည် မဟုတ်ပေ။ ထို့အပြင်၊ လူသားသည် ပုန်ကန်ပြစ်မှား၍ မရနိုင်သော ဘုရားသခင်၏ စိတ်သဘောထားကို သာ၍ ရှင်းလင်းစွာ ရှုမြင်နိုင်ရန် မဆိုထားနှင့်၊ ဝိညာဉ်တော်သည် လူသားထံ မျက်နှာချင်းဆိုင် မလာနိုင်သည့်အတွက်၊ ထိုသို့သောအမှုကို လူသားအနေဖြင့် လက်ခံရန် ခက်ခဲမည် ဖြစ်ပြီး၊ ဤအရာကြောင့် အကျိုးသက်ရောက်မှုများကို ချက်ချင်းရရှိမည် မဟုတ်ပေ။ လူ့ဇာတိ၌ရှိသည့် ဘုရားသခင်သည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို တရားစီရင်မှသာလျှင် စာတန်ကို အပြည့်အဝ အနိုင်ယူနိုင်ပေသည်။ လူသားကဲ့သို့ ပုံမှန်လူ့သဘာဝကို ပိုင်ဆိုင်သည့်နည်းတူ၊ လူ့ဇာတိ၌ရှိသည့် ဘုရားသခင်သည် လူသား၏ ဖြောင့်မတ်မှုမရှိခြင်းကို တိုက်ရိုက် တရားစီရင်ဆုံးဖြတ်နိုင်သည်၊ ဤသည်မှာ သူ၏ရှိရင်းစွဲ သန့်ရှင်းမှုနှင့် သူ၏သာမန်ထက်ထူးခြားမှု၏ အမှတ်လက္ခဏာ ဖြစ်သည်။ ဘုရားသခင်သည် သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းကို ပိုင်ဆိုင်သောကြောင့် လူသားကို တရားစီရင်နိုင်သည့်အတွက်၊ သူသာလျှင် လူသားကို တရားစီရင်ရန် အရည်အချင်းပြည့်မီကာ တရားစီရင်နိုင်သည့် အနေအထားတွင်ရှိသည်။ သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းမရှိသော သူတို့သည် အခြားသူများကို တရားစီရင်ရန် မသင့်တော်ပေ။ အကယ်၍ ဤအမှုကို ဘုရားသခင်၏ ဝိညာဉ်တော်က လုပ်ဆောင်ခဲ့ပါက၊ ယင်းသည် စာတန်အပေါ် အောင်နိုင်ခြင်းဟု အဓိပ္ပာယ်ရမည် မဟုတ်ပေ။ ဝိညာဉ်တော်သည် သေမျိုးများထက် ပင်ကိုအားဖြင့် သာ၍ ချီးမြှောက်ခြင်းခံရပြီး၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ပင်ကိုအားဖြင့် သန့်ရှင်းကာ လူ့ဇာတိအပေါ် အောင်နိုင်သည်။ အကယ်၍ ဝိညာဉ်တော်သည် ဤအမှုကို တိုက်ရိုက်လုပ်ဆောင်ခဲ့ပါက၊ သူ့အနေဖြင့် လူသား၏ မနာခံမှုအားလုံးကို တရားစီရင်နိုင်ခြင်း ရှိလိမ့်မည် မဟုတ်သကဲ့သို့၊ လူသား၏ မဖြောင့်မတ်မှု အားလုံးကို ထုတ်ဖော်ပြနိုင်လိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ တရားစီရင်ခြင်း အမှုကို လူသား၏ ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများမှတစ်ဆင့်လည်း ဆောင်ရွက်ခြင်း ဖြစ်ပြီး၊ လူသားသည် ဝိညာဉ်တော်နှင့်ပတ်သက်၍ မည်သည့် အယူအဆမျှ မရှိသည့်အတွက် ဖြစ်သည်၊ ထို့ကြောင့် ဝိညာဉ်တော်သည် ထိုသို့သော မဖြောင့်မတ်မှုကို လုံးဝ ဖွင့်ချရန်မဆိုထားနှင့်၊ လူသား၏ မဖြောင့်မတ်မှုကိုပင် သာ၍ကောင်းစွာ ထုတ်ဖော်ပြနိုင်စွမ်း မရှိပေ။ လူ့ဇာတိခံ ဘုရားသခင်သည် သူ့ကို မသိသောသူများ အားလုံး၏ ရန်သူ ဖြစ်သည်။ လူသား၏ အယူအဆများနှင့် သူ့ကိုဆန့်ကျင်မှုများအား တရားစီရင်ခြင်းမှတစ်ဆင့်၊ ဘုရားသခင်သည် လူသားမျိုးနွယ်၏ မနာခံမှုအားလုံးကို လှစ်ဟထုတ်ဖော်သည်။ လူ့ဇာတိ၌ သူ့အမှု၏ အကျိုးတရားများသည် ဝိညာဉ်တော် အမှု၏ အကျိုးတရားများထက် ပို၍ သိသာထင်ရှားလေသည်။ ထို့ကြောင့် လူသားမျိုးနွယ် တစ်ရပ်လုံးကို တရားစီရင်ခြင်းအား ဝိညာဉ်တော်က တိုက်ရိုက်မဆောင်ရွက်ဘဲ၊ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ အမှုဖြစ်လေသည်။ လူ့ဇာတိ၌ရှိသည့် ဘုရားသခင်ကို လူသားက မြင်ကာ ထိတွေ့နိုင်ပြီး လူ့ဇာတိ၌ရှိသည့် ဘုရားသခင်သည် လူသားကို လုံးဝ သိမ်းပိုက်နိုင်သည်။ လူ့ဇာတိ၌ရှိသည့် ဘုရားသခင်နှင့် သူ၏ဆက်ဆံရေးတွင်၊ လူသားသည် ဆန့်ကျင်မှုမှ နာခံမှုသို့၊ ညှဉ်းပန်းနှိပ်စက်မှုမှ လက်ခံမှုသို့၊ အယူအဆများမှ အသိပညာသို့၊ ပြီးလျှင် ငြင်းပယ်ခြင်းမှ ချစ်ခြင်းမေတ္တာသို့ တိုးတက်သွားသည်- ဤသည်တို့မှာ လူ့ဇာတိခံ ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် အကျိုးတရားများ ဖြစ်သည်။ လူသားသည် ဘုရားသခင်၏ တရားစီရင်မှုကို လက်ခံခြင်းမှတစ်ဆင့်သာ ကယ်တင်ခြင်း ခံရသည်၊ ဘုရားသခင်၏ နှုတ်ထွက် စကားများမှတစ်ဆင့်သာ လူသားသည် ဘုရားသခင်ကို တဖြည်းဖြည်း သိလာသည်၊ လူသည် ဘုရားသခင်ကို သူ၏ ဆန့်ကျင်ခြင်း အတောအတွင်းတွင် ဘုရားသခင်၏ သိမ်းပိုက်ခြင်းခံရပြီး၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုကို လက်ခံခြင်း အတောအတွင်းတွင် အသက်အထောက်အပံ့ကို ဘုရားသခင်ထံမှ လူသားက ရရှိပေသည်။ ဤအမှုအားလုံးသည် လူ့ဇာတိ၌ရှိသည့် ဘုရားသခင်၏ အမှုဖြစ်ပြီး ဝိညာဉ်တော်အဖြစ် သူ၏ပင်ကိုလက္ခဏာ၌ ရှိသည့် ဘုရားသခင်၏ အမှု မဟုတ်ပေ။ လူ့ဇာတိခံ ဘုရားသခင် လုပ်ဆောင်သည့် အမှုသည် အကြီးမားဆုံးအမှုနှင့် အနက်နဲဆုံးသော အမှုဖြစ်ပြီး၊ ဘုရားသခင်အမှု၏ အဆင့်သုံးဆင့်ထဲမှ အရေးပါလှသော အပိုင်းများမှာ လူ့ဇာတိခံယူခြင်း အမှု၏ အဆင့်နှစ်ဆင့် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်

လူ့ဇာတိ၌ ဘုရားသခင့်အမှု၏ အကောင်းဆုံးသောအရာမှာ နောက်ပိုင်းတွင် သူ၏ နောက်လိုက်များသည် လူ့ဇာတိ၌ သူ၏ အမှုအားလုံးနှင့် လူသားမျိုးနွယ်တစ်ရပ်လုံးအတွက် သူ၏ အလိုကို ဤလမ်းခရီးအား လက်ခံသောသူတို့ထံ သာ၍ တိကျမှန်ကန်စွာနှင့် သာ၍ ခိုင်မာစွာ လက်ဆင့်ကမ်းနိုင်ကြဖို့အလို့ငှာ၊ သူသည် တိကျမှန်ကန်သော နှုတ်ကပတ်တော်များနှင့် တိုက်တွန်းနှိုးဆော်မှုများ၊ ပြီးလျှင် လူသားမျိုးနွယ်အတွက် သူ၏ အလိုတို့ကို သူ၏နောက်လိုက်သူများထံ ချန်ထားနိုင်ခြင်း ဖြစ်သည်။ လူ၏အလယ် လူ့ဇာတိ၌ရှိသည့် ဘုရားသခင်၏အမှုသည်သာ ဘုရားသခင်၏ဖြစ်ခြင်းနှင့် လူသားတို့နှင့် အတူတကွ နေထိုင်ခြင်းတို့နှင့်ဆိုင်သည့် အမှန်တရားကို အမှန်တကယ် ပြီးမြောက်လေသည်။ ဤအမှုသည်သာ ဘုရားသခင်၏ မျက်နှာကို ရှုမြင်ရန်၊ ဘုရားသခင်၏ အမှုကို မျက်မြင်တွေ့ကြုံရန်နှင့် ဘုရားသခင်၏ ကိုယ်ပိုင်နှုတ်ကပတ်တော်တို့ကို ကြားရန်ဖြစ်သည့် လူသား၏ စိတ်ဆန္ဒကို ဖြည့်ဆည်းပေသည်။ လူ့ဇာတိခံ ဘုရားသခင်သည် ယေဟောဝါ၏ ကျောပြင်သာ လူသားမျိုးနွယ်ထံသို့ ပေါ်လာသည့်ခေတ်ကို အဆုံးသတ်သို့ ဆောင်ကြဉ်းပြီး၊ မရေရာသော ဘုရားသခင်၌ လူသားမျိုးနွယ်၏ ယုံကြည်မှုခေတ်ကိုလည်း နိဂုံးချုပ်ပေးသည်။ အထူးသဖြင့် နောက်ဆုံးလူ့ဇာတိခံ ဘုရားသခင်၏ အမှုသည် လူသားမျိုးနွယ် တစ်ရပ်လုံးကို သာ၍စစ်မှန်၊ သာ၍လက်တွေ့ကျသကဲ့သို့၊ သာ၍ နှစ်သက်ဖွယ်ကောင်းသော ခေတ်တစ်ခေတ်ထဲသို့ ဆောင်ကြဉ်းလေသည်။ သူသည် ပညတ်တော်နှင့် အယူဝါဒခေတ်ကို အဆုံးသတ်သည်သာမက၊ သာ၍အရေးကြီးသည်မှာ သူသည် လူသားမျိုးနွယ်ထံ စစ်မှန်ပြီး ပုံမှန်ဖြစ်သည့်၊ ဖြောင့်မတ်ပြီး သန့်ရှင်းသည့်၊ စီမံခန့်ခွဲခြင်း အစီအစဉ်နှင့်ဆိုင်သည့် အမှုကို ဖော်ထုတ်ပြီး လူသားမျိုးနွယ်၏ နက်နဲမှုများနှင့် ခရီးပန်းတိုင်တို့ကို ပြသသည့်၊ လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး စီမံခန့်ခွဲခြင်းအမှုကို အဆုံးသတ်သို့ ဆောင်ကြဉ်းသကဲ့သို့၊ နှစ်ထောင်ပေါင်းများစွာ ကွယ်ဝှက်လျက် ရှိလေပြီးသည့် ဘုရားသခင် တစ်ပါးကို ထုတ်ဖော်ပြလေသည်။ မရေရာခြင်း၏ ခေတ်ကို သူသည် လုံးဝအဆုံးသတ်ကာ၊ လူသားမျိုးနွယ်တစ်ရပ်လုံးက ဘုရားသခင်၏ မျက်နှာကို ရှာဖွေလိုသော်လည်း၊ မရှာဖွေနိုင်ခဲ့သည့်ခေတ်ကို နိဂုံးချုပ်သည်၊ သူသည် လူသားမျိုးနွယ်တစ်ရပ်လုံးက စာတန်ကို အစေခံသည့်ခေတ်ကို အဆုံးသတ်ပြီး၊ လူသားမျိုးနွယ်တစ်ရပ်လုံးကို လုံးဝအသစ်ဖြစ်သော ခေတ်ဆီသို့ တစ်လျှောက်လုံး ဦးဆောင်လေသည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ ဝိညာဉ်တော်ကိုယ်စား လူ့ဇာတိ၌ ရှိသည့် ဘုရားသခင်၏အမှု ရလဒ် ဖြစ်သည်။ ဘုရားသခင်သည် သူ၏လူ့ဇာတိ၌ အမှုပြုချိန်တွင်၊ သူ၏နောက်လိုက်များသည် ရှိပုံပေါ်သလို မရှိပုံလည်း ပေါ်သည့် ထိုအရာများနောက်သို့ မရှာဖွေတော့သကဲ့သို့ စမ်းတဝါးဝါး မသွားလာကြတော့ပေ၊ ပြီးလျှင် ၎င်းတို့သည် မရေရာသော ဘုရားသခင်၏ အလိုကို ခန့်မှန်းခြင်းအား ရပ်တန့်လိုက်ကြသည်။ ဘုရားသခင်သည် လူ့ဇာတိဖြင့် သူ၏အမှုကို ဖြန့်ဝေသောအခါတွင်၊ သူ့နောက်သို့ လိုက်သူများသည် လူ့ဇာတိဖြင့် သူလုပ်ဆောင်ပြီးသော အမှုကို ဘာသာတရားများနှင့် ဂိုဏ်းဂဏများ အားလုံးထံသို့ လက်ဆင့်ကမ်းကြလိမ့်မည် ဖြစ်ပြီး၊ ၎င်းတို့သည် လူသားမျိုးနွယ် တစ်ရပ်လုံး၏ နားများဆီသို့ သူ၏ နှုတ်ကပတ်တော် အားလုံးကို ဆက်သွယ်ပြောဆိုကြလိမ့်မည်။ သူ၏ဧဝံဂေလိတရားကို ရရှိသောသူတို့ ကြားနာခဲ့သည့် အရာအားလုံးသည် သူ့အမှု၏ အမှန်တရားများ ဖြစ်လိမ့်မည်၊ လူသားက ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ကာ ကြားသိရသောအရာများ ဖြစ်လိမ့်မည်ဖြစ်ပြီး၊ အမှန်တရားများ ဖြစ်ကာ ကောလာဟလများ ဖြစ်လိမ့်မည် မဟုတ်ပေ။ ဤအချက်များသည် ဘုရားသခင်က သူ၏အမှုကို ဖြန့်ဝေနေသည့် သက်သေများဖြစ်ပြီး၊ ယင်းတို့သည် သူ၏အမှုကို ဖြန့်ဝေရာတွင် သူအသုံးပြုသော တန်ဆာပလာများလည်းဖြစ်သည်။ ဤအချက်များ မတည်ရှိဘဲနှင့်၊ သူ၏ဧဝံဂေလိတရားသည် နိုင်ငံအားလုံးနှင့် နေရာအားလုံးအနှံ့ ပျံ့နှံ့မည် မဟုတ်ပေ။ အမှန်တရားများ မရှိဘဲ လူသား၏ စိတ်ကူးစိတ်သန်းများသာ ရှိပါက၊ သူသည် စကြဝဠာတစ်ခွင်လုံးကို သိမ်းပိုက်ခြင်းအမှုအား မည်သည့်အခါမျှ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ လူသားအဖို့ ဝိညာဉ်တော်သည် ကိုယ်ထည်မရှိ၊ တွေ့မြင်၍ မရနိုင်သကဲ့သို့၊ ဝိညာဉ်တော်၏အမှုသည် လူသားအတွက် ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် သက်သေအထောက်အထား သို့မဟုတ် အချက်အလက်များကို ချန်ထားနိုင်စွမ်း မရှိပေ။ လူသားသည် ဘုရားသခင်၏ စစ်မှန်သော မျက်နှာကို မည်သည့်အခါမျှ ရှုမြင်ရမည် မဟုတ်ပေ၊ မတည်ရှိသည့် မရေရာသော ဘုရားသခင်ကိုသာ အမြဲ ယုံကြည်ရပေမည်။ လူသားသည် ဘုရားသခင်၏ မျက်နှာကို မည်သည့်အခါမျှ ရှုမြင်ရမည် မဟုတ်သကဲ့သို့ ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ ပြောဆိုသော နှုတ်ကပတ်တော်များကိုလည်း မည်သည့်အခါမျှ ကြားသိရမည် မဟုတ်ပေ။ အဆုံးတွင်တော့ လူသား၏ စိတ်ကူးစိတ်သန်းများသည် အနှစ်မဲ့ကာ ဘုရားသခင်၏ မှန်ကန်သော မျက်နှာကို အစားမထိုးနိုင်ပေ။ ဘုရားသခင်၏ ရှိရင်းစွဲ စိတ်သဘောထားနှင့် ဘုရားသခင်ကိုယ်တိုင်၏ အမှုကို လူသားက တူအောင်တု၍ မရနိုင်ပေ။ ကောင်းကင်ဘုံရှိ မမြင်နိုင်သော ဘုရားသခင်နှင့် သူ၏ အမှုကို လူသားအလယ် သူ၏ အမှုကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်သည့် လူ့ဇာတိခံ ဘုရားသခင်အားဖြင့်သာ ကမ္ဘာမြေပေါ်သို့ ဆောင်ကြဉ်းနိုင်ပေသည်။ ဤသည်မှာ ဘုရားသခင်က လူသားတို့ထံ ပေါ်ထွန်းရန်အတွက်၊ လူသားသည် ဘုရားသခင်ကို တွေ့မြင်ကာ၊ ဘုရားသခင်၏ မှန်ကန်သော မျက်နှာကို သိရှိလာသည့် အကောင်းဆုံးသော နည်းလမ်း ဖြစ်ပြီး၊ ယင်းကို လူ့ဇာတိခံ မဟုတ်သည့် ဘုရားသခင်တစ်ပါးက စွမ်းဆောင် မရရှိနိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်

အရှေ့သို့- ၂။ လူ့ဇာတိခံယူသောဘုရားသခင်၏ အရေးပါပုံ

နောက်တစ်ခုသို့- ၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။