၂။ သန့်ရှင်းသောဝိညာဉ်တော်၏အမှုနှင့် ဝိညာဉ်ဆိုးများ၏အမှုကို ပိုင်းခြားသိမြင်ခြင်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်သည် သူ၏အမှုတော်ကို အဖန်ဖန်မပြုလုပ်ပေ၊ လက်တွေ့မကျသော အလုပ်ကို ဘုရားသခင်မလုပ်ဆောင်ပေ၊ သူသည် လူသားကို အလွန်အကျွံ တောင်းဆိုမှုများ မပြုလုပ်သလို၊ လူသား၏ အသိစိတ်ကို ကျော်လွန်သော အလုပ်ကိုလည်း သူမလုပ်ဆောင်ပေ။ သူလုပ်သော အမှုဟူသမျှသည် လူသား၏ သာမန်အသိစိတ် အတိုင်းအတာအတွင်း၌ရှိပြီး သာမန်လူ့သဘာဝ၏ အသိစိတ်ကို မကျော်လွန်သည့်အပြင် သူ၏အမှုသည် လူသားမျိုးနွယ်၏ သာမန်လိုအပ်ချက်များနှင့်အညီ ဖြစ်သည်။ ထိုအရာက သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ဖြစ်လျှင်၊ လူသားသည် ပို၍ပို၍ ပုံမှန်ဖြစ်လာပြီး သူ၏လူ့သဘာဝမှာ ပို၍ပို၍ ပုံမှန်ဖြစ်လာသည်။ လူတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးကာ ဆိုးယုတ်သော စိတ်သဘောထားနှင့် လူသား၏အနှစ်သာရတို့ အပေါ် တိုးပွားသော အသိပညာတစ်ခုကို ရရှိပြီး သမ္မာတရားကို ပို၍ပို၍ ကြီးမားစွာ တောင့်တမှုတစ်ခု သူ၌ရှိလေသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် လူသား၏အသက်တာ ပိုမို ကြီးထွားလေလေ၊ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ပိုမိုပြောင်းလဲနိုင်စွမ်း ရှိလာလေလေ ဖြစ်သည်— ယင်းအရာအားလုံးသည် ဘုရားသခင်က လူ့အသက် ဖြစ်လာခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ အကယ်၍ လမ်းခရီးတစ်ခုက လူသား၏အနှစ်သာရဖြစ်သော ထိုအရာများကို ထုတ်ဖော်နိုင်စွမ်း မရှိလျှင်၊ လူသား၏ စိတ်သဘောထားကို ပြောင်းလဲနိုင်စွမ်းမရှိလျှင်၊ ထို့အပြင် ဘုရားသခင်ရှေ့မှောက်သို့ သူ့ကို ခေါ်ဆောင်လာနိုင်စွမ်း မရှိလျှင်၊ သို့မဟုတ် ဘုရားသခင်နှင့်ပတ်သက်၍ စစ်မှန်သော သဘောပေါက် နားလည်မှုကို သူ့အား မပေးနိုင်လျှင်၊ ထို့အပြင် သူ၏လူ့သဘာဝကို ပို၍ပင် နိမ့်ကျစေပြီး သူ၏အသိစိတ်ကို ပို၍ မူမမှန်စေလျှင်၊ ဤလမ်းခရီးမှာ စစ်မှန်သောလမ်းခရီး မဟုတ်ပေ၊ ယင်းမှာ နတ်ဆိုးတစ်ကောင်၏ အလုပ်၊ သို့မဟုတ် လမ်းခရီးဟောင်းတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ တိုတိုပြောရလျှင် ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်အလုပ်မဖြစ်နိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် သူ၏ အမှုကို သိရှိသူတို့သာ ဘုရားသခင်ကို ကျေနပ်စေနိုင်၏

ဘုရားသခင်ထံမှ လာသည့်အရာနှင့် စာတန်ထံမှ လာသည့်အရာတို့ကို သင် နားလည်ရမည်။ ဘုရားသခင်ထံမှ လာသောအရာသည် သင့်ကို သာ၍ ကြီးမားသော ရှင်းလင်းပြတ်သားမှုဖြင့် သင့်ကို ရူပါရုံများပေးပြီး၊ သင့်ကို ဘုရားသခင်နှင့် ယခင်ထက် သာ၍ နီးကပ်စေသည်။ သင်သည် လေးနက်သည့် ချစ်ခြင်းမေတ္တာကို ညီအစ်ကိုမောင်နှမတို့နှင့်အတူ မျှဝေခံစားသည်၊ သင်သည် ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးအတွက် အရေးထားမှုကို ပြသနိုင်စွမ်းရှိပြီး၊ ဘယ်သောအခါမျှ ဆုတ်ယုတ်မသွားသည့် ဘုရားသခင်ကို ချစ်သည့် နှလုံးသားတစ်ခု သင်၌ ရှိလေသည်။ သင့်အတွက် ရှေ့တွင် လျှောက်လှမ်းဖို့ လမ်းတစ်ခု ရှိ၏။ စာတန်ထံမှ လာသောအရာသည် ရူပါရုံများကို သင်နှင့်အတူ ပျောက်ကွယ်သွားဖို့ ဖြစ်စေပြီး၊ ယခင်က သင်ရှိခဲ့သည့် အရာအားလုံး ဆုံးရှုံးဖို့ ဖြစ်စေသည်။ သင်သည် ဘုရားသခင်နှင့် ခပ်ခွာခွာ ဖြစ်လာသည်၊ သင်၏ ညီအစ်ကိုမောင်နှမများအတွက် သင့်၌ ချစ်ခြင်းမေတ္တာ မရှိဘဲ အမုန်းတရားနှင့်ပြည့်နေသော နှလုံးသားတစ်ခု ရှိ၏။ သင်သည် မျှော်လင့်ချက်မဲ့လာကာ၊ အသင်းတော် အသက်တာကို အသက်ရှင်ရန် ဆန္ဒမရှိတော့သကဲ့သို့၊ ဘုရားသခင်ကို ချစ်သော သင်၏နှလုံးသားသည်လည်း မရှိတော့ပေ။ ဤသည်မှာ စာတန်၏ လုပ်ဆောင်မှုဖြစ်ပြီး၊ ဆိုးယုတ်သောဝိညာဉ်များ၏ လုပ်ဆောင်ချက်က ဆိုက်ရောက်စေသည့် အကျိုးဆက်လည်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၂၂)

သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသည် လက်ဦးမှုရယူသော လမ်းပြခြင်းနှင့် အပြုသဘောဆောင်သော ဉာဏ်အလင်းပေးခြင်း ပုံစံတစ်ခု ဖြစ်သည်။ ယင်းက လူတို့ကို မတုန်မလှုပ်နေခွင့် မပေးပေ။ ယင်းက ၎င်းတို့ကို စိတ်သက်သာမှုကို ဆောင်ကြဉ်းပေးသည်၊ ယုံကြည်ခြင်းနှင့် သန္နိဋ္ဌာန်ကို ပေးပြီး၊ ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရဖို့၎င်းတို့ကို အားထုတ်နိုင်စေသည်။ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်သောအခါ၊ လူတို့သည် တက်ကြွစွာ ဝင်ရောက်နိုင်ကြ၏။ ၎င်းတို့သည် မတုန်မလှုပ်မနေ၊ သို့မဟုတ် ဖိအားပေးခြင်း မခံရဘဲ၊ ၎င်းတို့ကိုယ်တိုင်၏ ကိုယ်စွမ်းကိုယ်စဖြင့် ပြုမူကြလေသည်။ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သောအခါ လူတို့သည် နာခံဖို့ လိုလားပြီး မိမိတို့ကိုယ်ကိုယ် နှိမ့်ချဖို့ ပျော်ရွှင်လျက်၊ ဝမ်းမြောက်ဝမ်းသာဖြစ်ကြပြီး လိုလိုလားလား ရှိကြလေသည်။ ၎င်းတို့သည် အတွင်း၌ နာကျင်ကာ နုနယ်သော်လည်း၊ ပူးပေါင်းလုပ်ဆောင်ရန် သန္နိဋ္ဌာန်ရှိကြလေသည်။ ၎င်းတို့သည် ဝမ်းမြောက်စွာ ဆင်းရဲဒုက္ခခံစားကြသည်၊ နာခံနိုင်ကြပြီး၊ လူ့အလိုဆန္ဒဖြင့် စွန်းထင်းခံရခြင်း မရှိ၊ လူသား၏ အယူအဆဖြင့် စွန်းထင်းခံရခြင်း မရှိသကဲ့သို့၊ လူသား၏ အလိုဆန္ဒများနှင့် ကြံရွယ်ချက်များ၏ စွန်းထင်းခံရခြင်း ဧကန်မုချ မရှိကြပေ။ လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို တွေ့ကြုံခံစားရသောအခါ၊ ၎င်းတို့သည် အတွင်း၌ အထူးသဖြင့် သန့်ရှင်းကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို ပိုင်ဆိုင်ရသော သူတို့သည် ဘုရားသခင်ကို ချစ်ခြင်းနှင့် ၎င်းတို့၏ ညီအစ်ကို မောင်နှမများအား ချစ်ခြင်းတို့ဖြင့် အသက်ရှင်နေထိုင်ကြလေသည်။ ၎င်းတို့သည် ဘုရားသခင်အား ပျော်ရွှင်စေသည့် အရာများ၌ ပျော်ရွှင်ကြပြီး၊ ဘုရားသခင် ရွံရှာသည့်အရာများကို ရွံရှာကြသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ တို့ထိခြင်း ခံရသောလူတို့သည် ပုံမှန်လူ့သဘာဝရှိကြပြီး၊ သမ္မာတရားကို စဉ်ဆက်မပြတ် လေ့လာလိုက်စားကြကာ လူ့သဘာဝကို ပိုင်ဆိုင်ထားကြ၏။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့အတွင်း၌ အလုပ်လုပ်သောအခါ ၎င်းတို့၏ အခြေအနေသည် ကောင်းသထက် ကောင်းလာကြပြီး၊ ၎င်းတို့၏ လူ့သဘာ၀သည် ပုံမှန်ဖြစ်သထက် ဖြစ်လာလေကာ၊ ၎င်းတို့၏ ပူးပေါင်းလုပ်ဆောင်မှုအချို့သည် မိုက်မဲကောင်း မိုက်မဲနိုင်သော်လည်း၊ ၎င်းတို့၏ ကြံရွယ်ချက်များမှာ မှန်ကန်သည်၊ ၎င်းတို့၏ဝင်ရောက်မှုသည် အပြုသဘောဆောင်သည်၊ ၎င်းတို့အနေဖြင့် အနှောင့်အယှက် ဖြစ်စေဖို့ မကြိုးစားသကဲ့သို့၊ ၎င်းတို့အတွင်းတွင် ယုတ်မာမှု မရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်သည် ပုံမှန်ဖြစ်ပြီး စစ်မှန်သည်၊ သန့်ရှင်းသောဝိညာဉ်တော်သည် ပုံမှန်လူသားဘဝ၏ စည်းမျဉ်းများနှင့်အညီ လူသား၏အထဲတွင် အလုပ်လုပ်ပြီး၊ သူသည် ပုံမှန်လူတို့၏ အမှန်တကယ် ရှာဖွေလိုက်စားခြင်းအတိုင်း လူတို့အတွင်းတွင် ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြမှုတို့ကို ဆောင်ရွက်လေသည်။ လူတို့အထဲတွင် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သောအခါ သူသည် ပုံမှန်လူတို့၏ လိုအပ်ချက်နှင့်အညီ ၎င်းတို့ကို လမ်းပြပြီး ဉာဏ်အလင်းပေး၏။ သူသည် ၎င်းတို့၏ လိုအပ်ချက်များနှင့်အညီ ထောက်ပံ့ပေးပြီး၊ ၎င်းတို့ ချို့တဲ့သည့်အရာနှင့် ၎င်းတို့၏ မပြည့်စုံမှုများနှင့်အညီ အပြုသဘောဆောင်သော နည်းဖြင့် ၎င်းတို့ကို လမ်းပြပြီး ဉာဏ်အလင်းပေးလေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏အမှုသည် လူတို့ကို တကယ့်အသက်တာတွင် ဉာဏ်အလင်းပေးပြီး လမ်းပြဖို့ ဖြစ်သည်။ ၎င်းတို့အနေဖြင့် မိမိတို့၏ တကယ့်အသက်တာများတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံမှသာလျှင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ၎င်းတို့ မြင်နိုင်ပေသည်။ ၎င်းတို့၏ နေ့စဉ်အသက်တာများတွင်၊ လူတို့သည် အပြုသဘောဆောင်သော အခြေအနေ တစ်ခုတွင်ရှိပြီး၊ ပုံမှန်ဝိညာဉ်ရေးရာ အသက်တာတစ်ခု ရှိပါက၊ ၎င်းတို့အနေဖြင့် သန့်ရှင်းသော ဝိညာဉ်တော်အလုပ်ကို ပိုင်ဆိုင်ကြပေသည်။ ထိုသို့သော အခြေအနေ တစ်ခုတွင် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ၎င်းတို့ စားသောက်ကြသောအခါ ၎င်းတို့၌ ယုံကြည်ခြင်းရှိကြ၏။ ၎င်းတို့ ဆုတောင်းကြသောအခါ လှုံ့ဆော်ခံရကြ၏။ တစ်စုံတစ်ရာကို ၎င်းတို့ ရင်ဆိုင်ရသောအခါ၊ မတုန်မလှုပ် မဖြစ်ကြပေ။ ပြီးလျှင် အမှုအရာများ ဖြစ်ပျက်နေသည်နှင့်အမျှ၊ ထိုအရာများအတွင်းတွင် ဘုရားသခင်က ၎င်းတို့အား သင်ယူစေလိုသော သင်ခန်းစာများကို ၎င်းတို့ မြင်နိုင်ကြလေသည်။ ၎င်းတို့သည် မတုန်မလှုပ် သို့မဟုတ် အားနည်းခြင်း မရှိကြသကဲ့သို့၊ ၎င်းတို့၌ တကယ့် ပြဿနာများ ရှိကြသော်လည်း၊ ဘုရားသခင်၏ စီမံမှုများအားလုံးကို နာခံရန် လိုလိုလားလား ရှိကြပေသည်။

သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအားဖြင့် မည်သည့်အကျိုးတရားများကို ရရှိသနည်း။ သင်သည် မိုက်မဲသောသူ ဖြစ်နိုင်ပြီး သိမြင်မှု ကင်းမဲ့ကောင်း ကင်းမဲ့နိုင်သော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်သည် အလုပ်လုပ်ဖို့ရှိကာ၊ သင့်အထဲတွင် ယုံကြည်ခြင်း ရှိလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်ကို ကျေနပ်လောက်အောင် မချစ်နိုင်ဟူ၍ သင် အမြဲခံစားရလိမ့်မည်။ ရှေ့တွင် အခက်အခဲများ မည်မျှ ကြီးမားပါစေ ပူးပေါင်းဆောင်ရွက်ဖို့ သင်လိုလိုလားလား ရှိလိမ့်မည်။ အကြောင်းကိစ္စတို့သည် သင်၌ ဖြစ်ပျက်လာလိမ့်မည်ဖြစ်ပြီး ၎င်းတို့သည် ဘုရားသခင်ထံမှ လာသည် သို့မဟုတ် စာတန်ထံမှ လာသည်ဆိုသည်မှာ သင့်အဖို့ ရှင်းလင်းလိမ့်မည် မဟုတ်သော်လည်း၊ သင်သည် စောင့်ဆိုင်းနိုင်လိမ့်မည် ဖြစ်ပြီး၊ တုံဏှိဘာဝေဖြစ်ခြင်း ရှိလိမ့်မည် မဟုတ်သကဲ့သို့၊ ပေါ့လျော့ခြင်း ရှိလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ ပုံမှန်အမှု ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အတွင်းတွင် အလုပ်လုပ်သောအခါ တကယ့်ခက်ခဲမှုများကို သင် ရင်ဆိုင်ရသေး၏- တစ်ခါတစ်ရံတွင် သင့်ကို ငိုကြွေးစေလိမ့်မည်ဖြစ်ပြီး၊ တစ်ခါတစ်ရံ သင် ကျော်လွှားနိုင်စွမ်းမရှိသော အရာများ ရှိလိမ့်မည်၊ သို့သော် ဤအရာအားလုံးမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ ပုံမှန်အမှုနှင့်ဆိုင်သော အဆင့်တစ်ဆင့်သာ ဖြစ်၏။ သင်သည် ထိုအခက်အခဲများကို မကျော်လွှားခဲ့သော်လည်း၊ ထို့အပြင် ထိုအချိန်၌ သင်သည် အားနည်းပြီး မကျေနပ်မှုများဖြင့် ပြည့်သော်လည်း၊ နောက်ပိုင်းတွင် သင်သည် အကြွင်းမဲ့သော ယုံကြည်ခြင်းဖြင့် ဘုရားသခင်ကို ချစ်နိုင်ဆဲဖြစ်၏။ သင်၏ တုံဏှိဘာဝေဖြစ်ခြင်းသည် ပုံမှန်အတွေ့အကြုံများကို သင် မရှိဖို့ရန် မဟန့်တားနိုင်သကဲ့သို့၊ အခြားသူများက မည်သည့်အရာပြောပြီး၊ သင့်ကို မည်သို့ တိုက်ခိုက်ကြသည်ဖြစ်စေ သင်သည် ဘုရားသခင်ကို ချစ်နိုင်ဆဲဖြစ်၏။ ဆုတောင်းချိန်အတွင်း၌၊ အတိတ်တွင် ဘုရားသခင်ထံ သင် အလွန် ကျေးဇူးကြွေးတင်ရှိခဲ့သည်ဟု အမြဲခံစားရပြီး၊ ထိုသို့သော အရာများကို တစ်ဖန်ကြုံရသည့်အခါတိုင်း ဘုရားသခင် စိတ်ကျေနပ်စေရန်နှင့် ဇာတိပကတိကို ပစ်ပယ်ရန် သင် စိတ်ဆုံးဖြတ်လေသည်။ ဤခွန်အားသည် သင့်အတွင်း၌ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှု ရှိသည်ကို ပြသပေသည်။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုနှင့်ဆိုင်သော ပုံမှန်အခြေအနေပင် ဖြစ်၏။

စာတန်ထံမှ လာသည့် အလုပ်မှာ မည်သည့်အရာနည်း။ စာတန်ထံမှလာသော အလုပ်၌ လူတို့အတွင်းရှိ ရူပါရုံများသည် ဝေဝါးနေလေသည်။ လူတို့၌ ပုံမှန်လူ့သဘာဝ မရှိကြပေ၊ ၎င်းတို့ လုပ်ရပ်များ၏နောက်ကွယ်ရှိ ကြံရွယ်ချက်များမှာ မှားယွင်းနေပြီး၊ ၎င်းတို့သည် ဘုရားသခင်ကို ချစ်ရန်ဆန္ဒရှိသော်လည်း၊ ၎င်းတို့အတွင်းတွင် စွပ်စွဲချက်များ အမြဲရှိနေကာ၊ ဤစွပ်စွဲချက်များနှင့် အတွေးများသည် ၎င်းတို့ အသက်တာ၏ ကြီးထွားမှုကို ဘောင်ခတ်ထားရင်းနှင့် ပုံမှန်အခြေအနေတွင် ဘုရားသခင်၏ ရှေ့မှောက်သို့ လာခြင်းမှ ၎င်းတို့ကို တားဆီးရင်း ၎င်းတို့အတွင်းတွင် စဉ်ဆက်မပြတ်သော အနှောင့်အယှက်များ ဖြစ်စေလေသည်။ ဆိုလိုသည်မှာ၊ လူတို့အတွင်းတွင် စာတန်၏အလုပ် ရှိသည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်၏ရှေ့တွင် ငြိမ်သက်ခြင်း မရှိနိုင်ကြပေ။ ထိုသို့သော လူတို့သည် မိမိတို့ကိုယ်ကိုယ် မည်သည့်အရာ လုပ်ရမည်ကို မသိကြ- လူများ အတူတကွ စုဝေးကြသည်ကို ၎င်းတို့ မြင်ကြသည့်အခါ၊ အဝေးသို့ ထွက်ပြေးချင်ကြပြီး၊ အခြားသူများ ဆုတောင်းသည့်အခါ ၎င်းတို့၏မျက်စိများကို မမှိတ်နိုင်ကြပေ။ နတ်ဆိုးများ၏ လုပ်ဆောင်ချက်သည် လူသားနှင့် ဘုရားသခင်ကြားက ပုံမှန်ဆက်ဆံရေးကို ဖျက်ဆီးပြီး၊ လူတို့၏ ယခင်ရူပါရုံများ သို့မဟုတ် ၎င်းတို့၏ ယခင် အသက်တာဝင်ရောက်မှု လမ်းကြောင်းကို ကမောက်ကမဖြစ်စေ၏။ ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်ထံ လုံးဝ တိုးဝင်ချဉ်းကပ်ခြင်း မရှိနိုင်ကြသကဲ့သို့၊ ၎င်းတို့ကို အနှောင့်အယှက်ဖြစ်စေပြီး ချုပ်နှောင်သည့်အရာများ အမြဲ ဖြစ်ပျက်လေသည်။ ၎င်းတို့၏ စိတ်နှလုံးများသည် ငြိမ်သက်ခြင်းကို ရှာမတွေ့နိုင်ကြသကဲ့သို့၊ ဘုရားသခင်ကို ချစ်ရန် ခွန်အားမဲ့လျက်နှင့် ၎င်းတို့၏ စိတ်ဝိညာဉ်များ ဆုတ်ယုတ်လျက် ကျန်ရစ်ကြလေသည်။ ယင်းတို့သည် စာတန်၏အလုပ်၏ သရုပ်သကန်များ ဖြစ်ကြ၏။ စာတန်၏လုပ်ဆောင်ချက်၏ သရုပ်သကန်များမှာ- ကြံ့ကြံ့မခံနိုင်ခြင်းနှင့် သက်သေ မခံနိုင်ခြင်း၊ သင့်ကို ဘုရားသခင် ရှေ့တွင် အပြစ်ရှိသောသူတစ်ဦးနှင့် ဘုရားသခင်အပေါ် သစ္စာမရှိသောသူတစ်ဦး ဖြစ်လာစေခြင်းတို့ ဖြစ်သည်။ စာတန် ကြားဝင်နှောင့်ယှက်သောအခါ၊ သင့်အတွင်းရှိ ဘုရားသခင်အပေါ် ချစ်ခြင်းနှင့် သစ္စာစောင့်သိခြင်းတို့ကို သင် ဆုံးရှုံး၏၊ သင်သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးမှ ဖယ်ရှားပစ်ခံရ၏။ သင်သည် သမ္မာတရား သို့မဟုတ် သင်ကိုယ်တိုင်၏တိုးတက်မှုကို ရရှိအောင် အားထုတ်ခြင်းမရှိပေ။ သင်သည် ဆုတ်ယုတ်ကာ မတုန်မလှုပ် ဖြစ်လာ၏၊ သင်သည် ကိုယ့်ကိုယ်ကိုယ် အလိုလိုက်၏၊ အပြစ်တရား၏ ပျံ့နှံ့မှုကို သင် ဇက်ပုံပေးပြီး အပြစ်တရားကို မမုန်းတီးပေ။ ထို့ပြင် စာတန်၏ ကြားဝင်နှောင့်ယှက်မှုသည် သင့်ကို အကျင့်ပျက်ပြားစေသည်။ ယင်းသည် သင့်အတွင်း၌ ဘုရားသခင်၏ တို့ထိမှုကို ပျောက်ကွယ်စေပြီး သင့်အား ဘုရားသခင်နှင့်ပတ်သက်၍ မကျေမနပ်ပြောစေကာ ဘုရားသခင်ကို မေးခွန်းထုတ်ရန် ဦးတည်စေလျက် သူ့ကို ဆန့်ကျင်စေသည်။ ဘုရားသခင်ကို သင် စွန့်ပစ်မည့် အန္တရာယ်ပင် ရှိလေသည်။ ဤအရာအားလုံးသည် စာတန်ထံမှ လာပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်နှင့် စာတန်၏အလုပ်

ဘုရားသခင်သည် သိမ်မွေ့သည့်၊ နူးညံ့သည့်၊ ချစ်ခင်ဖွယ်ဖြစ်ပြီး ဂရုတစိုက်ရှိသည့် နည်းလမ်း၊ အထူး ချင့်ချင့်ချိန်ချိန်ရှိပြီး သင့်လျော်သည့် နည်းလမ်းတစ်ခုဖြင့် အမှုပြုပေသည်။ သူ၏ နည်းလမ်းက သင့်အထဲတွင်၊ “ဘုရားသခင်သည် ငါ့ကို ဤအရာ လုပ်ခွင့်ပေးရမည်”၊ သို့မဟုတ် “ဘုရားသခင်သည် ငါ့ကို ထိုအရာလုပ်ခွင့်ပေးရမည်” ဟူသည့် ပြင်းထန်သော ခံစားချက်ဆိုင်ရာ တုန့်ပြန်မှုများ မဆွပေးပေ။ ဘုရားသခင်သည် သည်းမခံနိုင်လောက်အောင် ဖြစ်စေသည့် ထိုသို့ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ခံစားချက်ဆိုင်ရာ ပြင်းပြမှုမျိုးကို သင့်အား လုံးဝ မပေးပေ။ ထိုသို့ မဟုတ်လော။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း နှုတ်ကပတ်တော်များကို သင်လက်ခံသည့်အခါတွင်ပင် သင်မည်သို့ခံစားရသနည်း။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးကို သင်ခံစားမိသည့်အခါ သင်မည်ကဲ့သို့ ခံစားရသနည်း။ ဘုရားသခင်သည် ဘုရားသဘောသဘာဝရှိပြီး၊ အစဉ်လေးစားလိုက်နာအပ်သည်ဟု ခံစားရသလော။ (ခံစားရပါသည်။) ဤအချိန်များတွင် သင်ကိုယ်တိုင်နှင့် ဘုရားသခင်ကြားတွင် ဝေးကွာမှု သင်ခံစားရသလော။ ဘုရားသခင်ကို ကြောက်ရွံ့မှု သင်ခံစားရပါသလော။ မခံစားရပေ- ယင်းထက်၊ သင်သည် ဘုရားသခင်အပေါ် ကြောက်ရွံ့ခြင်းနှင့်ပြည့်သည့် ကြည်ညိုမှုကို ခံစားရ၏။ ဤအရာများအားလုံးကို လူတို့ ခံစားရသည်မှာ ဘုရားသခင်၏ အမှုကြောင့် ဖြစ်သည် မဟုတ်လော။...

...ဘုရားသခင်သည် လူသားအပေါ် အမှုပြုပြီး လူသားကို သူ၏ သဘောထားနှင့် စိတ်နှလုံးဖြင့်ပါ မြတ်နိုးသည်။ အပြန်အလှန်အားဖြင့်၊ စာတန်သည် လူသားကို မြတ်နိုးပါသလော။ လူသားကို သူမမြတ်နိုးပေ။ ဆန့်ကျင်ဖက်အနေဖြင့်၊ သူသည် လူသားကို အန္တရာယ်ပြုခြင်းအကြောင်း တွေးတောရင်း အချိန်များစွာ ကုန်လေသည်။ ထိုသို့ ဖြစ်သည် မဟုတ်လော။ လူသားကို အန္တရာယ်ပြုခြင်းအကြောင်း သူ စဉ်းစားနေချိန်တွင်၊ သူက စိတ်အခြေအနေသည် အရေးတကြီးဖြစ်သည့် စိတ်အခြေအနေတစ်ခု ဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့်၊ လူသားများအပေါ် စာတန်၏ လုပ်ဆောင်မှုနှင့် ပတ်သက်၍၊ စာတန်၏ မလိုမုန်းထားစိတ် နှင့် ဆိုးယုတ်သည့် သဘာဝကို ပြည့်စုံလုံလောက်စွာ ဖော်ပြနိုင်သည့်၊ စာတန်၏ မုန်းတီးခြင်းကို သင်တို့အား အမှန်တကယ် သိခွင့်ပေးနိုင်သည့် စကားရပ်နှစ်ခု ငါ့မှာရှိ၏။ စာတန်၏ လူသားကို ချဉ်းကပ်မှုတွင်၊ စာတန်သည် မိမိ၏ ရည်မှန်းချက်များကို ရရှိနိုင်ဖို့နှင့် မိမိ၏ အထိန်းအကွပ်မဲ့သော ပြင်းပြသည့်ဆန္ဒကို ဖြည့်ဆည်းနိုင်ဖို့အလို့ငှာ၊ လူကို အလုံးစုံ ထိန်းချုပ်မှု ရရှိနိုင်ပြီး လူကို ဆိုးရွားစွာ အန္တရာယ်ပြုနိုင်သည့် အတိုင်းအတာထိ လူတစ်ဦးစီတိုင်းကို အမြဲ အတင်းအကျပ် နေရာယူကာ ပိုင်ဆိုင်ချင်လေသည်။ “အတင်းအကျပ် နေရာယူ” သည် ဆိုသည်မှာ မည်သည့်အရာကိုဆိုလိုသနည်း။ ယင်းသည် သင်၏သဘောတူညီချက်နှင့် ဖြစ်သည့်အရာတစ်ခုလော သို့မဟုတ် သဘောတူညီချက် မပါဘဲနှင့် ဖြစ်သည့်အရာတစ်ခုလော။ ယင်းသည် သင်သိလျက်ဖြင့် ဖြစ်သလော၊ သို့မဟုတ် သင်မသိဘဲလျက် ဖြစ်သလော။ အဖြေမှာ ယင်းသည် သင် လုံးဝ မသိဘဲလျက် ဖြစ်ပျက်ပေသည်။ ယင်းသည် သင်သတိမမူမိသည့် အခြေအနေများတွင် ဖြစ်ပျက်၏၊ သင့်ကို မည်သည့်အရာမျှ ပြောပင်မပြော သို့မဟုတ် လုပ်ပင်မလုပ်ဆောင်ဘဲ၊ အကြောင်းပြချက်မရှိ၊ ဆက်စပ်အကြောင်းအရာ မရှိဘဲ- စာတန်သည် သင့်ကို ပတ်လျက်၊ သင့်ကို ဝန်းရံလျက် ရှိပေသည်။ ခေါင်းပုံဖြတ်ရန် အခွင့်အရေးကို သူရှာနေသည်၊ ထို့နောက် သင့်ကို အလုံးစုံ ထိန်းချုပ်မှုကို ရရှိခြင်းနှင့် သင့်အပေါ် အန္တရာယ်ဖြစ်စေခြင်းတည်းဟူသော သူ၏ ရည်မှန်းချက်များကို စွမ်းဆောင်ရရှိရင်း၊ သင့်ကို အတင်းအကျပ် သိမ်းပိုက်သည်၊ သင့်ကို ပိုင်ဆိုင်လေသည်။ ဤသည်မှာ လူသားမျိုးနွယ်ကို ဘုရားသခင်ထံမှ ဆွဲလုရန် အပြင်းအထန်ကြိုးပမ်းသည်နှင့်အမျှ စာတန်၏ ထုံးစံအကျဆုံး ရည်ရွယ်ချက်နှင့် အပြုအမူဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၄)

သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့အထဲ၌ တစ်ချိန်လုံး အလုပ်လုပ်နေသည်ဟု အချို့သော လူများက ပြောကြသည်။ ဤသည်မှာ မဖြစ်နိုင်ပေ။ အကယ်၍ ၎င်းတို့က သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့နှင့်အတူ အစဉ်အမြဲ ရှိနေသည်ဟု ပြောမည်ဆိုပါက၊ ယင်းသည် လက်တွေ့ကျပေလိမ့်မည်။ အကယ်၍ ၎င်းတို့က ၎င်းတို့၏ တွေးခေါ်ခြင်းနှင့် အသိစိတ်တို့သည် အချိန်တိုင်း ပုံမှန်ဖြစ်နေသည်ဟု ပြောမည်ဆိုပါက ယင်းသည်လည်း လက်တွေ့ကျနေမည်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့နှင့်အတူ ရှိနေကြောင်းကို ယင်းက ပြသပေလိမ့်မည်။ အကယ်၍ သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့အတွင်း၌ အစဉ်အမြဲ အလုပ်လုပ်နေကာ၊ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ တို့ထိခြင်းကို တစ်ချိန်လုံး ခံစားနေရပြီး၊ အချိန်တိုင်းတွင် အသစ်သော အသိပညာရရှိသည်ဟု ပြောပါက၊ ဤသည်မှာ မည်သည့်နည်းနှင့်မျှ ပုံမှန်မဟုတ်ချေ။ ဤသည်မှာ လုံးလုံးလျားလျား သဘာဝလွန်အရာ ဖြစ်သည်။ ယင်းသို့သော လူများသည် နတ်ဆိုးများ ဖြစ်ကြသည်မှာ သံသယ စိုးစဉ်းမျှ ဖြစ်စရာမလိုချေ။ ဘုရားသခင်၏ဝိညာဉ်တော် လူ့ဇာတိထဲသို့ ကြွလာသောအခါတွင်ပင်၊ သူစားရမည့် အချိန်များနှင့် အနားယူရမည့် အချိန်များ ရှိပေသည်၊ လူသားများဆိုလျှင် ဆိုဖွယ်ရာ မရှိပြီ။ နတ်ဆိုးများ၏ စွဲကပ်ခြင်းခံရပြီးသူများသည် ဇာတိပကတိ၏အားနည်းချက် မရှိသည့်ပုံ ပေါက်လေသည်။ ၎င်းတို့သည် အရာခပ်သိမ်းကို စွန့်လွှတ်ရန်နှင့် စွန့်ပစ်ရန် တတ်စွမ်းနိုင်ပြီး၊ ၎င်းတို့သည် စိတ်ခံစားချက်များ ကင်းမဲ့ကြကာ ညှဉ်းဆဲခြင်းကို ကြံ့ကြံ့ခံခြင်းငှာ တတ်နိုင်စွမ်းရှိပြီးလျှင် စိုးစဉ်းမျှ မောပန်းနွမ်းနယ်ခြင်းကို မခံစားရဘဲရှိသည်မှာ ၎င်းတို့သည် ဇာတိပကတိကို လွန်မြောက် သွားသည့်အလားပင် ဖြစ်သည်။ ဤသည်မှာ အလွန်အမင်း သဘာဝလွန်သည် မဟုတ်သလော။ နတ်ဆိုးများ၏ အလုပ်သည် သဘာဝလွန် ဖြစ်၏၊ ထိုသို့သောအရာများကို မည်သည့်လူသားမျှ ရရှိအောင် မစွမ်းဆောင်နိုင်ချေ။ ထိုးထွင်းသိမြင်မှု ကင်းမဲ့သောသူများက ယင်းသို့သောလူများကို မြင်သည့်အခါ အားကျကြ၏- ထိုသူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၌ အလွန့်အလွန် အားမာန်ရှိပြီး ကြီးမားသော ယုံကြည်ခြင်းရှိကာ အားနည်းချက်၏လက္ခဏာ စိုးစဉ်းမျှကို မည်သည့်အခါမှ မပြကြဟု ၎င်းတို့က ပြောဆိုကြသည်။ စင်စစ်တွင်မူ ယင်းတို့သည် နတ်ဆိုးအလုပ်၏ သရုပ်သကန်များချည်းသာ ဖြစ်ကြ၏။ အဘယ်ကြောင့်ဆိုသော် သာမန်လူတို့တွင် မလွဲဧကန်ပင် လူသား၏ အားနည်းချက်များ ရှိကြသောကြောင့် ဖြစ်သည်၊ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော် ရှိသောသူများ၏ ပုံမှန်အခြေအနေ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၄)

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

သန့်ရှင်းသောဝိညာဉ်တော်၏ အဓိကအမှုမှာ ဉာဏ်အလင်းရစေခြင်းနှင့် အလင်းပေးခြင်း၊ တစ်ဦးတစ်ယောက်အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်စေခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်အတွင်း ဝင်ရောက်စေခြင်းဖြစ်သည်။ ဆိုလိုသည်မှာ လူများအား သမ္မာတရားကို နားလည်စေရန် လမ်းပြခြင်းနှင့် သမ္မာတရားအတွင်း ဝင်ရောက်စေခြင်း၊ စမ်းသပ်မှုများနှင့် ပတ်ဝန်းကျင် အမျိုးအစားအားလုံး၏အလယ်တွင် လူတို့ကို ဉာဏ်အလင်းရစေခြင်းနှင့် အလင်းပေးခြင်း၊ ဘုရားသခင်၏ အလိုတော်ကို ၎င်းတို့အား နားလည်စေခြင်းတို့ ဖြစ်သည်။ မှန်ပေသည်၊ သန့်ရှင်းသောဝိညာဉ်တော်သည် အမျိုးမျိုးသောလူများ၊ အရာများနှင့်၊ ရုပ်ဝတ္ထုများမှတစ်ဆင့်လည်း လူများကို ကယ်တင်ခြင်းသို့ ရောက်စေရန် ရည်ရွယ်ချက်ဖြင့် ၎င်းတို့ကို ဖော်ထုတ်ခြင်း၊ ပြုပြင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် အပြစ်ဒဏ်ပေးခြင်းတို့ ပြုသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် အားလုံးကို အုပ်ချုပ်ကာ၊ လူများကို ပြောင်းလဲရန်နှင့် စုံလင်စေရန် အခြေအနေအမျိုးအစားအားလုံးကို စီစဉ်လျက်ရှိသည်။ ဘုရားသခင်၏ ကယ်တင်ခြင်းအမှုတွင် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုမှာ ရှုထောင့်မျိုးစုံ ဖြစ်သော်လည်း၊ ၎င်းမှာ ခြွင်းချက်မရှိဘဲ ကယ်တင်ခြင်းနှင့် ပတ်သက်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုသည် ဖုံးကွယ်ထားခြင်းကို ခံရပြီး၊ အပေါ်ယံအားဖြင့် လောကဆန်သည်ဟု လုံးဝမထင်ရသော်လည်း၊ တွေ့ကြုံခံစားဖူးသော သူတို့သည် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ရှင်းလင်းစွာ နားလည်ကြသည်။ ဆန့်ကျင်ဘက်အားဖြင့်၊ နတ်ဆိုးများ၏ အလုပ်မှာမူ ဆန်းပြားစွာပင် ဝိညာဉ်လောကဆန်သည်၊ ၎င်းအလုပ်ကို မြင်နိုင်သည်၊ ခံစားနိုင်ပြီး၊ အလွန်ပင် ပုံမှန်မဟုတ်ပေ။ နတ်ဆိုးများ၏ လုပ်ဆောင်မှုများကို ကြည့်လျှင် နတ်ဆိုးများသည် ၎င်းတို့ကိုယ်ကို ထုတ်ဖော်ခြင်းကို အထူးသဖြင့် နှစ်သက်ကြသည်ကို တွေ့နိုင်သည်၊ ၎င်းတို့သည် အလွန်ပင် ဆိုးယုတ်ကြသည်၊ သမ္မာတရား၏အစအန အနည်းငယ်မျှပင် မရှိကြချေ။ နတ်ဆိုးများသည် လူတစ်ဦးတစ်ယောက်အပေါ် နှစ်ပေါင်းမည်မျှပင် လုပ်ဆောင်သည်ဖြစ်စေ၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် စိုးစဉ်းမျှပင် မပြောင်းလဲပေ။ စင်စစ်အားဖြင့် ၎င်းတို့သည် ပုံမှန်ဖြစ်ခြင်း လျော့သည်ထက် ပို၍လျော့နည်းလာသည်၊ သာမန်လူ့ဆင်ခြင်တုံတရားပင် ပျောက်ဆုံးလာသည်။ ဤသည်မှာ နတ်ဆိုးများ၏ အလုပ်ဆိုင်ရာ ရလဒ်ဖြစ်သည်။ ဤသည်မှာ စာတန်နှင့် နတ်ဆိုးအမျိုးအစားအပေါင်းတို့က လူတို့ကို ဖောက်ပြန်ပျက်စီးစေပုံ၊ ချည်နှောင်ပုံနှင့် လှည့်စားပုံတို့ဖြစ်သည်။ နောက်ဆုံးတွင် လူများသည် တစ္ဆေသရဲများ ဖြစ်လာကြပြီး၊ နတ်ဆိုးများ၏ လှည့်စားခြင်းကို ခံရသောလူများသည် စာတန်၏ သိမ်းပိုက်ခြင်းနှင့် ဝါးမျိုခြင်းကို ခံကြရသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုမှာ လူသားတို့ကို ကယ်တင်ခြင်းအကြောင်း သက်သက်ဖြစ်သည်၊ ထို့ပြင် လူတစ်ဦး၌ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုများ သာ၍ရှိလေလေ၊ ၎င်းတို့သည် သမ္မာတရားကို ပို၍နားလည်နိုင်လေဖြစ်သည်။ ၎င်းတို့၏ လူ့သဘာဝသည် ပို၍ပို၍ ပုံမှန်ဖြစ်လာပြီး၊ ၎င်းတို့သည် ပို၍ပို၍ လူပီသလာသည်။ နောက်ဆုံးတွင် ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရကြလိမ့်မည်ဖြစ်၍၊ သမ္မာတရားနှင့် လူ့သဘာဝအပြည့်အဝကို ပိုင်ဆိုင်မှုရှိသည့်လူ ဖြစ်လာလိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်နှင့် နတ်ဆိုးများ၏ အမှုတို့အကြား အဓိကခြားနားချက်မှာ၊ နတ်ဆိုးများသည် လူကိုဖျက်ဆီးခြင်း၊ ချည်နှောင်ခြင်းနှင့် ၎င်းတို့ကို အဆုံးတွင် တစ္ဆေသရဲများအဖြစ် ပြောင်းလဲခြင်းတို့သာ ပြုနိုင်ခြင်းဖြစ်သည်၊ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုသည် ကယ်တင်ခြင်းထဲမှ ဖောက်ပြန်ပျက်စီးခြင်းကို သန့်စင်စေကာ၊ ၎င်းတို့အား သမ္မာတရားနှင့် လူ့သဘာဝအပြည့်အဝကို ပေးခြင်းဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုသည် စာတန်ကြောင့် ဖောက်ပြန်ပျက်စီးနေသူများနှင့် မသန့်ရှင်းသောဝိညာဉ်များအကြား စာရင်းဝင်သောသူများကို အမှန်တကယ် သန့်ရှင်းသောလူများ ဖြစ်စေနိုင်သည်၊ ထို့ပြင် ၎င်းအမှုသည် စာတန်ကြောင့် မကောင်းဆိုးဝါးများအဖြစ် ဖောက်ပြန်ပျက်စီးနေသူများကိုယူပြီး လူများအဖြစ် ပြန်လည်ပြောင်းပေးသည်ဟုလည်း တစ်စုံတစ်ဦးက ပြောနိုင်သည်။ ယင်းမှာ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုနှင့် နတ်ဆိုးများ၏ အလုပ်အကြား ခြားနားမှု ဖြစ်သည်။

—အထက်အရပ်မှ မိတ်သဟာယပြုခြင်း

နတ်ဆိုးများ၏ အမျိုးမျိုးသော အလုပ်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတို့အကြား ရှင်းလင်းသော ခြားနားချက်များသည် အထူးသဖြင့် အောက်ပါရှုထောင့်များတွင် ထင်ရှားပေါ်လွင်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် သမ္မာတရားကို လေ့လာလိုက်စားသည့် ဖြောင့်မတ်သောသူများ၊ အသိတရားနှင့် အသိစိတ် ရှိသူများကို ရွေးချယ်သည်။ ဤကဲ့သို့ လူအမျိုးအစားများထဲ၌ သူအမှုပြုသည်။ နတ်ဆိုးများသည် ဉာဏ်များသော၊ အကျိုးသင့်အကြောင်းသင့် မရှိသော၊ သမ္မာတရားအပေါ် ချစ်ခြင်းမေတ္တာ မရှိသော၊ အသိတရား၊ သို့မဟုတ် အသိစိတ် မရှိသူသောများကို ရွေးချယ်သည်။ ထိုကဲ့သို့ လူအမျိုးအစားများထဲ၌ နတ်ဆိုးများ အလုပ်လုပ်ကြသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုအတွက် ရွေးချယ်ခြင်း ခံထားရသောသူများနှင့် နတ်ဆိုးများ၏ အလုပ်အတွက် ရွေးချယ်ခြင်း ခံထားရသောသူများကို ကျွန်ုပ်တို့နှိုင်းယှဉ်သည့်အခါ၊ ဘုရားသခင်သည် သန့်ရှင်းပြီး ဖြောင့်မတ်ကြောင်း၊ ဘုရားသခင်၏ ရွေးချယ်ခြင်း ခံထားရသော သူတို့သည် သမ္မာတရားကို လေ့လာလိုက်စားပြီး အသိတရားနှင့် အသိစိတ်တို့ကို ပိုင်ဆိုင်ကြောင်း၊ ၎င်းတို့သည် အတော်အတန် ဖြောင့်မတ်ပြီး တရားမျှတမှုကို မြတ်နိုးကြောင်း ကျွန်ုပ်တို့တွေ့နိုင်သည်။ နတ်ဆိုးများ၏ ရွေးချယ်ခြင်း ခံထားရသော သူတို့သည် ဉာဏ်များပြီး တစ်ကိုယ်ကောင်းဆန်ကာ စက်ဆုပ်ဖွယ်ဖြစ်ကြသည်၊ ၎င်းတို့တွင် သမ္မာတရားအပေါ် ခုံမင်နှစ်သက်ခြင်း မရှိ၊ ၎င်းတို့တွင် အသိတရားနှင့် အသိစိတ် မရှိကြဘဲ၊ သမ္မာတရားကို လေ့လာလိုက်စားခြင်း မရှိကြပေ၊ ထို့အပြင် ၎င်းတို့သည် စစ်မှန်သော လူသားမျိုးနွယ် မဟုတ်ပေ။ နတ်ဆိုးများသည် အပျက်သဘောဆောင်သော အရာများကိုသာ ရွေးချယ်ကြသည်၊ ထိုအချက်မှ နတ်ဆိုးများသည် ဒုစရိုက်အပြစ်များနှင့် အမိုက်မှောင်ကိုသာ ချစ်မြတ်နိုးကြပြီး၊ သမ္မာတရားကို လေ့လာလိုက်စားသူများထံမှ တစ်ကြိုးတည်း ပြေးကြကြောင်း၊ လိမ်လည်ပြီး ကောက်ကျစ်သောသူများ၊ မတရားမှုကို နှစ်သက်ပြီး အလွယ်တကူ ညှို့ယူဖမ်းစား ခံရသောသူများကို အလျင်အမြန် ပိုင်ဆိုင်တတ်ကြကြောင်း ကျွန်ုပ်တို့တွေ့ရသည်။ နတ်ဆိုးများ အလုပ်လုပ်ရန် ရွေးချယ်ခံရသူများကို ကယ်တင်၍ မရနိုင်ဘဲ၊ ဘုရားသခင်၏ သုတ်သင်ဖယ်ရှင်းခြင်းကို ခံကြရမည်ဖြစ်သည်။ နတ်ဆိုးများသည် မည်သည့်အချိန်နှင့် မည်သည့်နောက်ခံအခြေအနေကို မူတည်၍ အလုပ်လုပ်ကြသနည်း။ ၎င်းတို့သည် လူအများ ဘုရားသခင်ထံမှ လမ်းလွဲပြီး ဘုရားသခင်ကို ပုန်ကန်သည့်အခါ အလုပ်လုပ်ကြသည်။ နတ်ဆိုးများ၏ အလုပ်မှာ လူများကို ညှို့ယူဖမ်းစားခြင်းဖြစ်သည်။ လူများ အပြစ်ပြုသည့်အခါ၊ ခွန်အားအနည်းဆုံး ဖြစ်သည့်အခါ၊ အထူးသဖြင့် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ပြင်းထန်စွာ နာကျင်သည့်အခါ၊ ၎င်းတို့စိတ်ရှုပ်ထွေးပြီး ဇဝေဇဝါဖြစ်ခြင်းကို ခံစားရသည့်အခါများတွင် နတ်ဆိုးများသည် တိတ်တဆိတ်ဝင်ရောက်ကာ ၎င်းတို့ကို ညှို့ယူဖမ်းစားရန်နှင့် ဖျက်ဆီးရန်၊ ၎င်းတို့နှင့် ဘုရားသခင်ကြား စိတ်ဝမ်းကွဲစေသော မျိုးစေ့ချရန် ဤအခွင့်အလမ်းကို ရယူကြသည်။ လူများသည် ဘုရားသခင်ကို တိုးလျှိုးတောင်းပန်ကြသည့်အခါ၊ ၎င်းတို့၏ စိတ်နှလုံးများကို ဘုရားသခင်ထံ လှည့်သည့်အခါ၊ ဘုရားသခင်ကို လိုအပ်သည့်အခါ၊ ဘုရားသခင်ထံတွင် နောင်တရသောအခါ၊ သို့မဟုတ် သမ္မာတရားကို ရှာဖွေသည့်အခါများတွင်၊ သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့ထဲ၌ စတင်၍အမှုပြုသည်။ သန့်ရှင်းသောဝိညာဉ်တော် ပြုသောအမှုများ အားလုံးသည် လူသားကို ကယ်တင်ရန်ဖြစ်ပြီး၊ လူများကို ကယ်တင်နိုင်မည့် အခွင့်အလမ်းများကို သူရှာဖွေသည်၊ အခြားတစ်ဖက်တွင်မူ နတ်ဆိုးများသည် လူကိုဖျက်ဆီးရန်နှင့် လှည့်ဖြားရန် အခွင့်အလမ်းများအတွက် ရှာဖွေကြသည်။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်ပြီး နတ်ဆိုးများသည် လူများကို မုန်းတီးသည်။ နတ်ဆိုးများသည် စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းပြီး ကောက်ကျစ်စဉ်းလဲသည်၊ ၎င်းတို့သည် စဉ်းလဲကြပြီး အန္တရာယ်ပြုသော လက္ခဏာရှိကြသည်။ နတ်ဆိုးများ လုပ်ဆောင်သမျှသည် လူသားကို ဝါးမျိုရန်၊ ဖျက်ဆီးရန်နှင့် ထိခိုက်နစ်နာစေရန်ဖြစ်ပြီး၊ သန့်ရှင်းသောဝိညာဉ်တော် ပြုသမျှမှာ လူသားကို ချစ်မြတ်နိုးခြင်းနှင့် ကယ်တင်ခြင်းအကြောင်း ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်အမှု၏ သက်ရောက်မှုများမှာ လူများကို သန့်ရှင်းစေရန်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်းမှ ၎င်းတို့ကို ကယ်တင်ရန်၊ ၎င်းတို့ကိုယ်ကိုနှင့် စာတန်ကို ၎င်းတို့အနေဖြင့် သိစေရန်၊ စာတန်ကို တွန်းလှန်နိုင်ရန်၊ သမ္မာတရားကို လေ့လာလိုက်စားနိုင်ရန်နှင့် အဆုံးတွင် လူသား၏ပုံသဏ္ဌာန်ဖြင့် အသက်ရှင်နေထိုင်နိုင်ရန် ဖြစ်သည်။ နတ်ဆိုးများသည် လူတို့ကို ဖျက်ဆီးခြင်း၊ ညစ်ညမ်းစေခြင်း၊ ချည်နှောင်ခြင်း ပြုကြသည်၊ ၎င်းတို့သည် လူများကို အပြစ်တရားအတွင်း ပိုမိုနစ်မြုပ်စေသည်၊ ထို့အပြင် ၎င်းတို့၏ အသက်တာများထဲတွင် ပိုမိုကြီးမားသော နာကျင်မှုဝေဒနာကိုပင် ကျရောက်စေသည်၊ သို့ဖြစ်ရာ နတ်ဆိုးများသည် လူတို့ထဲတွင် အလုပ်လုပ်သောအခါ ၎င်းတို့သည် အဆုံးသို့ ရောက်ကြသည်။ နောက်ဆုံးတွင်၊ ၎င်းတို့သည် စာတန်၏ ဝါးမျိုခြင်းကို ခံကြရသည်၊ ယင်းမှာ နတ်ဆိုးများ၏ အလုပ်ဆိုင်ရာ ရလဒ်ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုဆိုင်ရာ သက်ရောက်မှုမှာ နောက်ဆုံးတွင် လူများကို ကယ်တင်ရန်၊ စစ်မှန်သောဘဝဖြင့် အသက်ရှင်နေထိုင်စေရန်၊ အပြည့်အဝ လွတ်လပ်ပြီး လွတ်မြောက်စေရန်နှင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရရှိစေရန် ဖြစ်သည်။ နတ်ဆိုးများသည် လူကို အမှောင်သို့ ခေါ်ဆောင်သည်၊ ၎င်းတို့သည် သူ့ကို အသူတစ်ရာနက်သော ချောက်အတွင်းသို့ ယူဆောင်ကြသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် လူကို အမှောင်ထဲမှ အလင်းထဲသို့၊ လွတ်မြောက်ခြင်းထဲသို့ ယူဆောင်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုသည် လူတို့ကို ဉာဏ်အလင်းရစေပြီး လမ်းပြသည်၊ သူသည် ၎င်းတို့ကို အခွင့်အရေးများပေးပြီး၊ ၎င်းတို့အားနည်းသည့်အချိန်နှင့် ပြစ်မှားခြင်းများ ရှိသည့်အချိန်များတွင်၊ သူသည် ၎င်းတို့ကို စိတ်သက်သာမှုကို ပေးသည်။ ကိုယ်တော်သည် လူများကို ၎င်းတို့ကိုယ်ကို သိစေသည်၊ ၎င်းတို့အား သမ္မာတရားကို လေ့လာလိုက်စားခွင့်ပေးပြီး အတင်းအဓမ္မ လုပ်ဆောင်စေခြင်း မရှိပါ၊ သို့သော်လည်း ၎င်းတို့၏လမ်းကို ၎င်းတို့ကိုယ်တိုင် ရွေးချယ်စေပြီး၊ နောက်ဆုံးတွင် ၎င်းတို့ကို အလင်းထဲသို့ ခေါ်ဆောင်သည်။ နတ်ဆိုးများသည် လူများကို အတင်းအဓမ္မ လုပ်ဆောင်စေပြီး ဟိုဟိုသည်သည် အမိန့်ပေးကြသည်။ ၎င်းတို့ပြောသမျှသည် မှားယွင်းပြီး လူများကို ညှို့ယူဖမ်းစားခြင်း၊ လှည့်ဖြားခြင်းနှင့် ချည်နှောင်ခြင်းတို့ကို ပြုကြသည်။ နတ်ဆိုးများသည် လူတို့ကို လွတ်လပ်ခွင့် မပေးချေ၊ ၎င်းတို့သည် လူများကို ရွေးချယ်ခွင့် မပေးချေ၊ ၎င်းတို့သည် လူတို့ကို ပျက်စီးခြင်းလမ်းပေါ်သို့ အတင်းအဓမ္မ တင်ပေးပြီး၊ နောက်ဆုံးတွင် ၎င်းတို့ကို အပြစ်အတွင်း၌ နက်သည်ထက် နက်အောင် နစ်မြုပ်စေကာ သေခြင်းထံ ဦးဆောင်သွားသည်။

—အသက်ထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ

နတ်ဆိုးများ၏ အလုပ်နှင့်ဆိုင်သည့် အသိသာဆုံး သွင်ပြင်လက္ခဏာမှာ သဘာဝလွန်ဖြစ်ခြင်း၊ နတ်ဆိုးများပြောသော စကားလုံးများ၊ သို့မဟုတ် လူများကိုလုပ်ရန်စေခိုင်းသော အရာများသည် ပုံမှန်မဟုတ်၊ ယုတ္တိမရှိသည့်အပြင် သာမန်လူ့သဘာဝနှင့် လူသားဆက်ဆံရေး၏ အခြေခံ ကိုယ်ကျင့်တရားများကိုပင် အယုံအကြည်မဲ့စေခြင်းဖြစ်သည်၊ ထို့ပြင် ၎င်းတို့သည် လူများကို လှည့်ဖြားခြင်း၊ နှောင့်ယှက်ခြင်းနှင့် ဖျက်ဆီးခြင်းမှလွဲ၍ အခြားမည်သည့်အရာကိုမျှ ပြုရန်ရည်ရွယ်ချက် မရှိခြင်းဖြစ်သည်။ နတ်ဆိုးများ လူတို့ကို ပိုင်ဆိုင်သည့်အခါ အချို့သည် အလွန်ကြောက်ရွံ့ကြသည်၊ အချို့မှာ ပုံမှန်မဟုတ်ဘဲ ဖြစ်လာသည်၊ အခြားသူများမှာမူ မိန်းမောတွေဝေကြပြီး၊ အခြားသောသူများမှာ ၎င်းတို့ကို အလွန်စိုးရိမ်ကြောင့်ကြနေပြီး ငြိမ်ငြိမ်ထိုင်၍မရဖြစ်သည်ကို တွေ့ကြရသည်။ မည်သည့်နှုန်းဖြင့်မဆို နတ်ဆိုးများသည် လူများကို ပိုင်ဆိုင်သည့်အခါ ၎င်းတို့ပြောင်းလဲသွားသည်၊ လူသားလည်းမဟုတ် မကောင်းဆိုးဝါးလည်း မဟုတ်သော အနေအထား ဖြစ်လာပြီး ၎င်းတို့၏ သာမန်လူ့သဘာဝ ပျောက်ဆုံးသွားသည်။ ဤသည်မှာ နတ်ဆိုးများ၏ အနှစ်သာရသည် ဆိုးယုတ်ပြီး အကျည်းတန်ကြောင်း၊ ယင်းသည် စာတန်၏ အနှစ်သာရ အတိအကျပင်ဖြစ်ကြောင်း သက်သေပြရန် လုံလောက်သည်။ နတ်ဆိုးများသည် လူများကို ၎င်းတို့အား စက်ဆုပ်ရွံ့ရှာစေပြီး အထင်အမြင်သေးစေသည်၊ ထို့အပြင် လူများအတွက် မည်သည့်အကျိုးကျေးဇူး၊ သို့မဟုတ် မည်သည့်အကူအညီမျှ လုံးဝမရှိပါ။ စာတန်နှင့် နတ်ဆိုးအမျိုးအစားအားလုံးတို့ လုပ်နိုင်စွမ်းရှိသည့် တစ်ခုတည်းသောအရာမှာ လူများကို ဖျက်ဆီးခြင်း၊ ထိခိုက်နစ်နာစေခြင်းနှင့် မျိုချခြင်းပင် ဖြစ်သည်။

နတ်ဆိုးများ၏အလုပ် ရှိထားသောသူများ၏ (မကောင်းဆိုးဝါးများ ပူးသောသူများ) အဓိက သရုပ်သကန်များမှာ-

ပထမတစ်မျိုးမှာ နတ်ဆိုးများသည် လူများကို ဤအရာ ထိုအရာများ လုပ်ရန်ပြောခြင်း၊ သို့မဟုတ် တစ်စုံတစ်ယောက်ကို တစ်စုံတစ်ခုပြောခြင်း၊ သို့မဟုတ် မမှန်ကန်သော ပရောဖက်ပြုချက်များကိုပြောရန် လူများကို ညွှန်ကြားခြင်းတို့ ဖြစ်သည်။

ဒုတိယတစ်မျိုးမှာ လူများသည် ဆုတောင်းရာတွင် မည်သူမျှ နားမလည်သော၊ ပြောသောသူများ ကိုယ်တိုင်ပင်လျှင် နားမလည်သော “အခြားသော ဘာသာစကားများ” ပြောဆိုခြင်းဖြစ်သည်။ ထိုသို့ပြောဆိုသောသူအချို့သည် ၎င်းတို့ကိုယ်တိုင် “အခြားသော ဘာသာစကားများကို ဘာသာပင်ပြန်” နိုင်ကြသည်။

တတိယတစ်မျိုးမှာ ဤအခိုက်အတန့်တွင် ဤလမ်းကို နတ်ဆိုးများ၏ လမ်းညွှန်မှုကို ခံနေရပြီး၊ နောက်အခိုက်အတန့်တွင် ထိုလမ်း၏ လမ်းညွှန်မှုကို ခံရကာ အတောမသတ်သည့် စိုးရိမ်ပူပန်မှုပုံစံဖြင့် ကြီးမားသည့် ဗျာဒိတ်တော်များကို မကြာခဏ၊ ကြိမ်ဖန်များစွာ ရရှိသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

စတုတ္ထတစ်မျိုးမှာ နတ်ဆိုးများ၏အလုပ် ရှိထားသောသူများသည် ဤအရာ၊ သို့မဟုတ် ထိုအရာကို အရေးတကြီး လုပ်လိုကြခြင်း၊ စောင့်စားရန် နည်းနည်းမျှ စိတ်မရှည်ဖြစ်ကြခြင်းဖြစ်သည်၊ ၎င်းတို့သည် အခြေအနေက ခွင့်ပြုမပြုကို မစဉ်းစားကြပေ၊ ညသန်းခေါင်တွင်ပင် အပြင်သို့ ထွက်ပြေးကြပြီး ၎င်းတို့၏ အပြုအမူသည် အထူးသဖြင့် ပုံမှန်မဟုတ်ကြပေ။

ပဉ္စမတစ်မျိုးမှာ နတ်ဆိုးများ၏အလုပ် ရှိထားသောလူများသည် လွန်ကဲစွာ မာနထောင်လွှားကြသည်၊ ၎င်းတို့သည် ဆင်ခြင်တုံတရားမဲ့ကြပြီး ၎င်းတို့ပြောသမျှသည် အထက်စီးဆန်ကာ အမိန့်ပေးသည့် အနေအထားမှ လာကြသည်။ ၎င်းတို့သည် လူများကို ဆုံးရှုံးစေသည်၊ မကောင်းဆိုးဝါးများကဲ့သို့ လူများကို အတင်းအကြပ် စေခိုင်းတတ်သည်။

ဆဌမတစ်မျိုးမှာ နတ်ဆိုးများ၏အလုပ် ရှိထားသောသူများသည် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့၍ မရနိုင်ကြပေ၊ ဘုရားသခင်၏ အမှုကို အာရုံထားရန်မှာ ပို၍ပင် မတတ်နိုင်ကြချေ။ ထို့အပြင် ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ပြီး ထင်ရာစိုင်း ပြုမူကြသည်၊ အသင်းတော်၏ ပုံမှန်စနစ်ကျနမှုကို ဖျက်ဆီးရန် ရမ်းကားမှုအမျိုးအစားအားလုံးကို ကျူးလွန်သောသူများ ဖြစ်ကြသည်။

သတ္တမတစ်မျိုးမှာ နတ်ဆိုးများ၏အလုပ် ရှိထားသောသူတစ်ဦးသည် သူ့ကိုယ်သူ အကြောင်းမရှိဘဲ အခြားသူတစ်ယောက်အဖြစ် ဟန်ဆောင်သည်၊ သို့မဟုတ် သူ့ကို တစ်စုံတစ်ယောက်က စေလွှတ်သည်ဟု ပြောဆိုတတ်ပြီး သူ့ကို နားထောင်ရမည်ဟု လူတို့အားဆိုသည့် လူစားမျိုးဖြစ်သည်။ မည်သည့်နေရာက သူလာသည်ကို မည်သူကမျှ မဖော်ထုတ်နိုင်။

အဌမတစ်မျိုးမှာ နတ်ဆိုးများ၏အလုပ် ရှိထားသောသူများသည် အများအားဖြင့် သာမန်အသိစိတ် မရှိ၊ သို့မဟုတ် မည်သည့်သမ္မာတရားကိုမျှ ၎င်းတို့နားမလည်ကြချေ။ ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို ခံယူရန် မည်သည့်အရည်အသွေးကိုမျှ ပိုင်ဆိုင်ခြင်းမရှိဘဲ၊ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းကိုလည်း မရရှိသည့်အပြင်၊ လူအများမြင်သည်မှာ ထိုလူများသည် အမှုအရာများကို လက်ခံရာတွင် ထူးခြားစွာ အဓိပ္ပာယ်မဲ့ပြီး အနိမ့်ဆုံး မှန်ကန်မှုမျှပင် မရှိသောသူများဖြစ်သည်။

နဝမတစ်မျိုးမှာ နတ်ဆိုးများ၏အလုပ် ရှိထားသောသူများအနေဖြင့် အလုပ်လုပ်နေစဉ် အခြားသူများကို တရားဟောရန် အထူးသဖြင့် အာရုံစိုက်ကြသည်၊ ၎င်းတို့သည် လွန်ကဲစွာ အစဉ်အမြဲ ပြုမူတတ်ပြီး ပျက်စီးခြင်းနှင့် နှောင့်ယှက်ခြင်းများကို အစဉ်အမြဲ ဖြစ်စေသော လူများဖြစ်သည်။ ၎င်းတို့လုပ်သမျှ၊ ပြောသမျှသည် အခြားသူများကို တိုက်ခိုက်ခြင်း၊ ချည်နှောင်ခြင်းနှင့် ဖျက်ဆီးခြင်းတို့ဖြစ်ပြီး ၎င်းတို့သည် လူများအနေဖြင့် မိမိတို့ကိုယ်မိမိ ပြန်လည်မတင်ခြင်းငှာ မတတ်နိုင်တော့စေရန် လူတို့၏ဆုံးဖြတ်ချက်ကို ချိုးဖျက်ပြီး အပျက်သဘောဆောင်စေသည့်အထိ ပြုတတ်ကြသည်။ ၎င်းတို့သည် မကောင်းဆိုးဝါးများသက်သက်သာ ဖြစ်ကြသည်၊ အခြားသူများကို ထိခိုက်စေသည်၊ အခြားသူများကို ကစားပြီး ဝါးမျိုကြသည်၊ ထို့အပြင် ၎င်းတို့သည် ၎င်းတို့၏ ပုံစံကိုရလျှင် တိတ်တဆိတ် ပျော်ရွှင်ကြသည်။ ဤသည်မှာ နတ်ဆိုးများ၏ အလုပ်နှင့်ဆိုင်သော ပင်မရည်ရွယ်ချက် ဖြစ်သည်။

ဒဿမတစ်မျိုးမှာ နတ်ဆိုးများ၏အလုပ် ရှိထားသောသူများသည် လုံးဝ ပုံမှန်မဟုတ်သော အသက်တာဖြင့် နေထိုင်ကြသည်။ ၎င်းတို့၏ မျက်လုံးသည် လူသတ်လိုသော အရိပ်အရောင်များ စိမ့်ထွက်နေပြီး ၎င်းတို့ပြောသော စကားများသည်လည်း မကောင်းဆိုးဝါးတစ်ကောင် ကမ္ဘာမြေပေါ် ဆင်းသက်လာသကဲ့သို့ အလွန်အမင်း ထိတ်လန့်စက်ဆုပ်ဖွယ်ဖြစ်သည်။ ဤသို့သော လူပုဂ္ဂိုလ်၏ ဘဝထဲတွင် ငြိမ်ဝပ်ခြင်းမရှိ၊ ၎င်းတို့သည် အလွန်မတည်မငြိမ်ဖြစ်ကာ လေ့ကျင့်သင်ကြားပေးထားခြင်း မရှိသေးသော တောရိုင်းတိရစ္ဆာန်တစ်ကောင်ကဲ့သို့ ခန့်မှန်းရခက်ခဲသည်။ ၎င်းတို့သည် အခြားသူများကို အလွန်အမင်းရွံ့ရှာပြီး မုန်းတီးသည်။ ဤသည်မှာ မကောင်းဆိုးဝါများ၏ ချည်နှောင်ခြင်းကို ခံထားရသောသူ၏ ပုံစံအတိအကျ ဖြစ်သည်။

အထက်ပါဆယ်မျိုးမှာ နတ်ဆိုးများ၏ အလုပ်နှင့်ဆိုင်သော အဓိကဖော်ပြချက်များဖြစ်သည်။ ဤဖော်ပြချက်ဆယ်မျိုးထဲမှ တစ်ခုခုကို ဖော်ပြသည့် ပုဂ္ဂိုလ်တစ်စုံတစ်ဦးထံ၌ နတ်ဆိုးများ၏အလုပ် သေချာပေါက် ရှိသည်။ တိတိကျကျဆိုရလျှင်၊ အထက်ဖော်ပြပါ နတ်ဆိုးများ၏ အလုပ်ဖော်ပြချက်များ ရှိသောသူအားလုံးသည် ၎င်းတို့၌ မည်သည့်အမျိုးအစား ရှိသည်ဖြစ်စေ နတ်ဆိုးများ၏ အလုပ်ရှိသောလူများ ဖြစ်သည်။ နတ်ဆိုးများ၏ အလုပ်ရှိသော လူပုဂ္ဂိုလ်တစ်ဦးသည် သန့်ရှင်းသောဝိညာဉ်တော် အမှုပြုလျက်ရှိပြီး သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့နိုင်သော လူများကို မုန်းတီးကာ ထိုသူများနှင့် ဝေးဝေးနေလေ့ရှိသည်။ မကြာခဏပင် တစ်ဦးတစ်ယောက်သည် ပိုကောင်းလေ၊ သူသည် ထိုသူများကို ပိုမို၍ တိုက်ခိုက်၊ ရှုတ်ချလိုလေ ဖြစ်သည်။ တစ်ဦးတစ်ယောက်သည် ပို၍ မိုက်မဲလေ၊ သူသည် မျက်နှာလိုမျက်နှာရလုပ်ကာ မြှောက်ပင့်ရန် ကြိုးပမ်းလေဖြစ်ပြီး အထူးသဖြင့် ၎င်းတို့နှင့် အဆက်အသွယ်ရလိုကြသည်။ နတ်ဆိုးများ အလုပ်လုပ်သောအခါ၊ ၎င်းတို့အနေဖြင့် အပြုသဘောဆောင်သောအရာသည် အပျက်သဘောဆောင်ပြီး၊ အပျက်သဘောဆောင်သောအရာသည် အပြုသဘောဆောင်သည်ဟု ပြောကြကာ၊ သမ္မာတရားကို အစဉ်အမြဲ မမှန်ကန်မှုဖြင့် ရှုပ်ထွေးစေသည်။ ဤသည်မှာ နတ်ဆိုးများ၏ လုပ်ရပ်များ ဧကန်အမှန်ပင် ဖြစ်သည်။

—အလုပ်အစီအစဉ်များ

မည်သည့်ဝိညာဉ်မဆို သူ၏အလုပ်သည် သဘာဝလွန်ဖြစ်သော သွင်ပြင်လက္ခဏာရှိလျှင် နတ်ဆိုးတစ်ကောင်ဖြစ်ပြီး၊ လူများထဲ၌ လုပ်ဆောင်သည့် ဝိညာဉ်တစ်ခုခု၏ သဘာဝလွန်အလုပ်နှင့် မိန့်မြွက်ချက်များသည် နတ်ဆိုးတစ်ကောင်၏ အလုပ်ဖြစ်သည်။ နတ်ဆိုးများ အလုပ်လုပ်သည့် နည်းလမ်းများ အားလုံးသည် ပုံမှန်မဟုတ်ဘဲ သဘာဝလွန်ဖြစ်ပြီး အောက်ပါနည်းလမ်းခြောက်မျိုးအားဖြင့် အဓိက ပေါ်လွင်သည်-

၁။ လူများ၏ ပြောဆိုမှုများကို တိုက်ရိုက်ထိန်းချုပ်ခြင်း ဖြစ်သည်၊ ယင်းမှာ လူများသည် ၎င်းတို့ကိုယ်တိုင် ပုံမှန်စကားပြောနေခြင်း မဟုတ်ဘဲ နတ်ဆိုးက စကားပြောနေခြင်း ဖြစ်ကြောင်းကို ထင်ရှားစွာ ပြသသည်။

၂။ နတ်ဆိုးက လူများကို လမ်းညွှန်ပြီး ၎င်းတို့ကို ဤအရာ ထိုအရာ လုပ်ရန် ခိုင်းစေနေသည့် ခံစားချက်။

၃။ အခန်းထဲတွင် ရှိနေသောအခါ တစ်ယောက်ယောက် လာတော့မည်ကို ပြောနိုင်သောသူများ။

၄။ အခြားသူများ မကြားနိုင်သော သူတို့အား ပြောနေသည့် အသံများကို မကြာခဏ ကြားရသောလူများ။

၅။ အခြားသူများ မမြင်မကြားနိုင်သော အရာများကို မြင်နိုင်၊ ကြားနိုင်သောလူများ။

၆။ အစဉ်အမြဲ စိတ်တုန်လှုပ်နေသူ၊ ၎င်းတို့ကိုယ်ကို စကားပြောသူ၊ လူများနှင့် ပုံမှန်စကားမပြောနိုင်သူ၊ သို့မဟုတ် အပြန်အလှန် မဆက်သွယ်နိုင်သောလူများ။

နတ်ဆိုးဝင်ရောက် အလုပ်လုပ်နေသူများ အားလုံးတွင် ဤသွင်ပြင်လက္ခဏာခြောက်ခု ဧကန်ရှိနေသည်။ ၎င်းတို့သည် အကျိုးအကြောင်း မဆီလျော်သော၊ သဲထိတ်ရင်ဖို ဖြစ်နေသော၊ လူများနှင့် ပုံမှန် အပြန်အလှန်ဆက်ဆံမှု မပြုလုပ်နိုင်သောသူများ ဖြစ်သည်။ ၎င်းတို့သည် အကြောင်းပြချက်ကို လိုလိုလားလား လက်မခံသကဲ့သို့ ဖြစ်ကြပြီး ၎င်းတို့နှင့်ပတ်သက်ပါက အဆက်ပြတ်နေပြီး ဝိညာဉ်လောကနှင့် စပ်ဆိုင်နေသော အရာတစ်စုံတစ်ခု ရှိနေတတ်သည်။ ထိုသို့သော လူများမှာ နတ်ဆိုးတစ်ကောင်၏ ဝင်ပူးခြင်း ခံထားရသည်၊ သို့မဟုတ် နတ်ဆိုးသည် ၎င်းတို့အတွင်း အလုပ်လုပ်နေသည်၊ ထို့အပြင် နတ်ဆိုးများ၏ အလုပ်အလုံးစုံမှာ သိသာထင်ရှားပြီး သဘာဝလွန်ဖြစ်သည်။ ယင်းသည် အလွယ်ကူဆုံး ခွဲခြားသိမြင်နိုင်သော နတ်ဆိုးများ၏အလုပ် ဖြစ်သည်။ တစ်စုံတစ်ယောက်ကို နတ်ဆိုးဝင်ပူးသည့်အခါ ယင်းသည် ၎င်းတို့ကို အလုံးစုံ ရှုပ်ထွေးသွားစေရန် ကစားသည်။ ၎င်းတို့မှာ ကျိုးကြောင်းဆင်ခြင်မှု မရှိသူ၊ သွေးစုပ်ဖုတ်ကောင်ကဲ့သို့ ဖြစ်လာကြသည်၊ ဤအရာမှာ အနှစ်သာရအားဖြင့် နတ်ဆိုးများသည် ကောက်ကျစ်စဉ်းလဲသော ဝိညာဉ်များဖြစ်ကြပြီး လူများကို ဖျက်ဆီးကာ ဝါးမျိုကြောင်းကို သက်သေပြသည်။ နတ်ဆိုးများ၏ မိန့်မြွက်ချက်များကို အလွယ်တကူ ခွဲခြားသိမြင်နိုင်သည်။ ၎င်းတို့၏ မိန့်မြွက်ချက်များသည် ၎င်းတို့၏ ကောက်ကျစ်စဉ်းလဲသော အနှစ်သာရကို အပြည့်အဝ စံနမူနာဖြစ်စေသည်။ ၎င်းတို့မှာ ရပ်တန့်နေသည်၊ နောက်ကျိပြီး နံစော်သည်။ ၎င်းတို့သည် သေခြင်းတရားအနံ့များ စိမ့်ထွက်နေသည်။ အစွမ်းအစကောင်းရှိသော လူများအတွက် နတ်ဆိုးများ၏ စကားလုံးများသည် အနှစ်မပါသည့်အပြင် စိတ်ဝင်စားဖွယ် မကောင်းပေ၊ တည်ဆောက်စရာလည်း မဖြစ်စေဘဲ၊ မုသားများနှင့် အချည်းနှီးသော စကားများသာဖြစ်သည်။ ၎င်းတို့သည် အဓိပ္ပာယ်မဲ့အရာများတစ်ပုံတစ်ခေါင်းကဲ့သို့ ကမောက်ကမဖြစ်၍ သပွတ်အူလိုက်သလို ခံစားရသည်။ ယင်းမှာ နတ်ဆိုးများ၏ အဓိပ္ပာယ်မဲ့ခြင်းထဲမှ အလွယ်ကူဆုံး ခွဲခြားသိမြင်နိုင်သော အရာအချို့ဖြစ်သည်။ လူများကို ညှို့ယူဖမ်းစားရန်အတွက် ပိုမိုအဆင့်မြင့်သော နတ်ဆိုးအချို့သည် ၎င်းတို့စကားပြောသည့်အခါ ဘုရားသခင်၊ သို့မဟုတ် ခရစ်တော်အဖြစ် ဟန်ဆောင်ကြသည်၊ အချို့က ကောင်းကင်တမန်များ၊ သို့မဟုတ် ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များအဖြစ် ဟန်ဆောင်ကြသည်။ ၎င်းတို့စကားပြောသောအခါ ဤနတ်ဆိုးများသည် ဘုရားသခင်၏ အချို့သော နှုတ်ကပတ်တော်များ၊ သို့မဟုတ် စကားစုများကို သို့မဟုတ် ဘုရားသခင်၏ လေသံကို အတုခိုးတတ်ကြသည်၊ သမ္မာတရားကို နားမလည်သော လူတို့သည် ထိုသို့သော အဆင့်မြင့်သည့် နတ်ဆိုးများ၏ လှည့်ဖြားခြင်းကို အလွယ်တကူ ခံကြရသည်။ ဘုရားသခင်၏ ရွေးကောက်ခြင်းကို ခံရသောသူများသည် ရှင်းရှင်းလင်းလင်း သိထားရမည်မှာ၊ အနှစ်သာရအားဖြင့် နတ်ဆိုးများသည် ကောက်ကျစ်စဉ်းလဲသည်၊ အရှက်ကင်းမဲ့သည်၊ ထို့အပြင် ၎င်းတို့သည် အဆင့်မြင့်သော နတ်ဆိုးများ ဖြစ်သည့်တိုင်အောင် ၎င်းတို့သည် သမ္မာတရားနှင့် လုံးဝကင်းမဲ့ကြသည်။ အဆုံးတွင် နတ်ဆိုးများမှာ နတ်ဆိုးများပင် ဖြစ်သည်၊ နတ်ဆိုးများ၏ အနှစ်သာရသည် ကောက်ကျစ်စဉ်းလဲပြီး စာတန်နှင့် အတူတူပင် ဖြစ်သည်။

—အလုပ်အစီအစဉ်များ

အရှေ့သို့- ၁။ ဘုရားသခင်၏အမှုနှင့် လူ၏အမှုကို ပိုင်းခြားသိမြင်ခြင်း

နောက်တစ်ခုသို့- ၃။ စစ်မှန်သောခရစ်တော်နှင့် ခရစ်တော်၏အယောင်ကိုဆောင်သောသူများအကြား ပိုင်းခြားသိမြင်ခြင်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။