သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်တွင် ယင်း၏ အခြေခံသဘောတရားများ ရှိသည်
၁ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်တွင် ယင်း၏ အခြေခံသဘောတရားများရှိပြီး၊ ယင်းမှာ အခြေအနေအပေါ်တွင် မူတည်သည်။ မည်ကဲ့သို့သော လူအမျိုးအစားထဲတွင် သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်သနည်း။ လူတစ်ဦးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရရှိရန် မည်သည့်အရာကို ပိုင်ဆိုင်ထားရမည်နည်း။ လူတစ်ဦး၏ ယုံကြည်ချက်တွင် သူသည် အနည်းဆုံး အသိစိတ်နှင့် ရိုးသားဖြောင့်မတ်သောစိတ်နှလုံး ရှိရမည်ဟူသည်ကို ရှင်းလင်းစွာ နားလည်ထားရမည်။ သင်၌ ရိုးသားဖြောင့်မတ်သော စိတ်နှလုံးအပြင်၊ လူ့သဘောသဘာဝတွင် ရှိရမည့် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသောအခါမှသာ သန့်ရှင်းသောဝိညာဉ်တော်က သင့်အပေါ်တွင် အလုပ်လုပ်နိုင်မည်။
၂ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်သည့်ပုံစံကို သင်တို့ သဘောပေါက်ကြပြီလော။ သန့်ရှင်းသောဝိညာဉ်တော်သည် စိတ်နှလုံး ရိုးသားဖြောင့်မတ်သော သူတို့အပေါ်တွင် သာမန်အားဖြင့် အလုပ်လုပ်ကာ၊ သူသည် လူတို့ဒုက္ခရောက်ပြီး သမ္မာတရားကို ရှာဖွေနေသောအခါ အလုပ်လုပ်သည်။ ဘုရားသခင်သည် လူသား၏ အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား တစ်စက်မျှမရှိသောသူများကို အရေးစိုက်လိမ့်မည်မဟုတ်ပေ။ သို့ဆိုလျှင် ဤလူတို့သည် မည်သည့်အရာ လုပ်သင့်သနည်း။ သူတို့သည် အမှန်တကယ် နောင်တရရမည်။ ပထမအနေဖြင့် သင့်စိတ်နှလုံးက ဘုရားသခင်ထံ ဖွင့်ဟရမည်ဖြစ်ပြီး ဘုရားသခင်ထံမှ သမ္မာတရားကို ရှာဖွေရမည်။ သမ္မာတရားကို သင်နားလည်သည်နှင့်တစ်ပြိုင်နက် ယင်းကို သင် လက်တွေ့ကျင့်သုံးနိုင်မည်။ ထို့နောက် ဘုရားသခင်၏ စီမံခန့်ခွဲမှုကို နာခံနိုင်ပြီး သင့်ကို တာဝန်ယူစောင့်ရှောက်ရန် ဘုရားသခင်ကို အခွင့်ပေးနိုင်မည်။ ဤနည်းအားဖြင့်သာ ဘုရားသခင်၏ ချီးမွမ်းခြင်းကို သင်ခံရလိမ့်မည်။
၃ သင်သည် ဦးစွာ သင်၌ရှိသော မာန်မာနနှင့် ပကာသနကို ဘေးဖယ်ပြီး သင့်ကိုယ်ပိုင်အကျိုးအမြတ်များကို စွန့်လွှတ်ရမည်။ ထို့နောက်တွင် သင့်ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်တစ်ခုလုံးကို သင့်တာဝန်အပေါ်နှင့် ဘုရားသခင်ကို သက်သေခံခြင်းအလုပ်အပေါ်တွင် ထားရှိလော့။ သင်သည် ဦးစွာ မိမိကိုယ်ကိုယ် အညံ့ခံကာ၊ ဘုရားသခင်ထံ သင့်စိတ်နှလုံးကို ဖွင့်ဟပြီး သင် မြတ်နိုးတန်ဖိုးထားသော အရာများကို ဘေးဖယ်ထားရမည်။ ဘုရားသခင်အား ပန်ကြားချက်များ ပြုလုပ်နေစဉ် ထိုအရာများကို သင် ဆက်လက်ဆုပ်ကိုင်ထားလျှင် သန့်ရှင်းသောဝိညာဥ်တော်၏ အလုပ်ကို သင် ရရှိနိုင်လိမ့်မည်လော။ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်မှာ အခြေအနေပေါ်တွင် မူတည်ပြီးလျှင်၊ ဘုရားသခင်သည် မကောင်းမှုကို မုန်းပြီး သန့်ရှင်းသော ဘုရားသခင်ဖြစ်သည်။ အကယ်၍ လူတို့သည် ဤအရာများကို အမြဲဖက်တွယ်ထားကာ၊ မိမိကိုယ်ကိုယ် ဘုရားသခင်ထံမှ အစဉ်အမြဲ ပိတ်ဆို့ထားပြီး ဘုရားသခင်၏ အလုပ်နှင့် လမ်းညွှန်မှုကို ငြင်းပယ်နေပါက ဘုရားသခင်သည် သူတို့အပေါ် အလုပ်ဆက်လုပ်မည်မဟုတ်ပေ။ ထို့ကြောင့် လူသားအသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရားမရှိသော သူတို့သည် အမှန်တကယ် နောင်တရရမည်၊ သို့မဟုတ်ပါက သန့်ရှင်းသောဝိညာဉ်တော် သူတို့အပေါ် အလုပ်လုပ်လိမ့်မည်မဟုတ်ပေ။
ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သောစိတ်နှလုံးကို ဘုရားသခင်ထံလှည့်ပြီးသည့်အခါမှ သမ္မာတရားကို သင်ရနိုင်မည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။