(က) ပညတ်တော်ခေတ်ထဲက သူ၏အမှုတော်ကို ဘုရားသခင်မှ ထုတ်ဖော်ပြခြင်းနှင့် ပတ်သက်၍

(၂၁) ထိုအချိန်ကာလ၌ ဣသရေလပြည်ရှိ ယေဟောဝါအမှု၏ အရေးပါမှု၊ ရည်ရွယ်ချက်နှင့် အဆင့်များသည် ကမ္ဘာတစ်ခွင်လုံးရှိ သူ၏အမှုကို ဣသရေလပြည်၌ ဗဟိုပြု၍ အစပျိုးနိုင်ရန် ဖြစ်ပြီး၊ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများဆီသို့ တဖြည်းဖြည်းချင်း ပျံ့နှံ့သွားစေရန် ဖြစ်သည်။ ယင်းမှာ စကြဝဠာတစ်လျှောက် သူလုပ်ဆောင်သည့် အခြေခံသဘောတရား ဖြစ်ပြီး၊ စံပုံစံတစ်ခုကို အခြေချ၍ စကြဝဠာရှိ လူအားလုံးသည် သူ၏ဧဝံဂေလိတရားကို လက်ခံရရှိသည့်တိုင်အောင် ထိုစံပုံစံကို ချဲ့ထွင်သွားရန် ဖြစ်သည်။ ပထမဦးဆုံးသော ဣသရေလ လူမျိုးများမှာ နောဧ၏ သားစဉ်မြေးဆက်များ ဖြစ်သည်။ ထိုသူတို့သည် ယေဟောဝါ၏ ဇီဝအသက်သာ ပေးအပ်ခြင်းခံရခဲ့ပြီး၊ ဘဝ၏ အခြေခံ လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် နားလည်ရုံမျှသာ ရှိခဲ့သည်၊ သို့သော်လည်း ယေဟောဝါသည် မည်သို့သော ဘုရားသခင် ဖြစ်ကြောင်း၊ သို့မဟုတ် လူသားအတွက် သူ၏အလိုတော်မှာ အဘယ်အရာ ဖြစ်ကြောင်း မသိခဲ့ကြသည့်အပြင်၊ ဖန်ဆင်းခြင်းအားလုံးတို့၏ အရှင်သခင်ကို ၎င်းတို့ မည်သို့ ချစ်ကြောက်သင့်သည်ကို သာ၍ပင် မသိပေ။ လိုက်နာရန်က စည်းမျဉ်းစည်းကမ်းများနှင့် ပညတ်တော်များ ရှိမရှိ သို့မဟုတ် ဖန်ဆင်းခံသတ္တဝါများသည် ဖန်ဆင်းရှင်အတွက် ဆောင်ရွက်ပေးသင့်သည့် တာဝန် ရှိမရှိ တို့အတွက်မူ အာဒံ၏ သားစဉ်မြေးဆက်များသည် ဤအရာများနှင့်ပတ်သက်၍ ဘာမျှမသိခဲ့ကြပေ။ သူတို့သိသမျှမှာ ခင်ပွန်းဖြစ်သူက သူ၏မိသားစုကို ထောက်ပံ့ရန် ချွေးကျအောင် အလုပ် လုပ်သင့်သည်၊ ပြီးလျှင် ဇနီးသည်က သူမခင်ပွန်းကို ကျိုးနွံနာခံသင့်ပြီး ယေဟောဝါ ဖန်ဆင်းခဲ့သော လူသားမျိုးနွယ် ဆက်လက် တည်တံ့အောင် လုပ်ဆောင်သင့်သည် ဆိုသည်သာ ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ယေဟောဝါ၏ဇီဝအသက်နှင့် သူ၏အသက်သာရှိသည့် ထိုကဲ့သို့သော သူတို့သည် ဘုရားသခင်၏ ပညတ်တော်များကို မည်သို့လိုက်နာရမည် သို့မဟုတ် ဖန်ဆင်းခြင်း အားလုံးတို့၏ အရှင်သခင်ကို မည့်သို့ ကျေနပ်စေရမည်ကို ဘာမျှ မသိနားမလည်ခဲ့ကြပေ။ ထိုသူတို့၏ နားလည်ခြင်းသည် နည်းပါးလွန်းလှသည်။ ထို့ကြောင့် ၎င်းတို့၏ နှလုံးသားထဲ၌ ကောက်ကျစ်စဉ်းလဲမှု၊ သို့မဟုတ် လိမ်လည်လှည့်ဖြားမှု ဘာမျှမရှိဘဲ၊ သူတို့အကြား၌ မနာလိုဝန်တိုမှုနှင့် အတိုက်အခံဖြစ်မှုတို့ ဖြစ်ခဲသော်ငြားလည်း၊ ယေဟောဝါတည်းဟူသော ဖန်ဆင်းခြင်းအားလုံး၏ အရှင်သခင်နှင့် သက်ဆိုင်သည့် အသိပညာ သို့မဟုတ် နားလည်မှု ၎င်းတို့တွင် မရှိခဲ့ကြပေ။ လူတို့၏ ဤဘိုးဘေးဘီဘင်များမှာ ယေဟောဝါ၏အရာများကို စားသုံးရန်နှင့် ယေဟောဝါ၏ဥစ္စာများ၌ မွေ့လျော်ရန်သာ သိခဲ့ကြသည်၊ သို့သော် ယေဟောဝါကို မည်သို့ချစ်ကြောက်ရမည်ကို ထိုသူတို့မသိခဲ့ကြပေ၊ ယေဟောဝါသည် ၎င်းတို့အနေဖြင့် ဒူးထောက်ပြီး ဝတ်ပြုကိုးကွယ်သင့်သူ တစ်ဦး ဖြစ်ကြောင်းကိုလည်း မသိခဲ့ကြပေ။ ထို့ကြောင့် သူတို့ကို ဘုရားသခင်၏ဖန်ဆင်းခံများဟု မည်သို့ ခေါ်ဆိုနိုင်မည်နည်း။ အကယ်၍ ထိုကဲ့သို့ ဖြစ်နေပါလျှင်၊ “ယေဟောဝါသည် ဖန်ဆင်းခြင်းအားလုံးတို့၏ အရှင်သခင် ဖြစ်သည်။” နှင့် “လူသားသည် သူ့ကို ထင်ရှားနိုင်စေရန်၊ သူ၏ဘုန်းတော်ကို ထင်ရှားနိုင်စေရန်နှင့် သူ့ကို ကိုယ်စားပြုနိုင်ရန်အလို့ငှာ လူသားကို သူ ဖန်ဆင်းခဲ့သည်။” ဟူသည့် နှုတ်ကပတ်တော်များမှာ အချည်းနှီး ပြောကြားခဲ့ခြင်း ဖြစ်သွားလိမ့်မည် မဟုတ်လော။ ယေဟောဝါကို ချစ်ကြောက်ခြင်း မရှိသည့် လူများသည် သူ၏ဘုန်းတော်အတွက် သက်သေခံချက် တစ်ခု မည်သို့ဖြစ်လာနိုင်မည်နည်း။ ၎င်းတို့သည် ဘုရား ဘုန်းအသရေ၏ သရုပ်သကန်များ မည်သို့ ဖြစ်လာနိုင်ကြမည်နည်း။ သို့ဖြစ်လျှင် “ငါ၏ပုံသဏ္ဌာန်နှင့်အညီ လူသားကို ငါဖန်ဆင်းခဲ့၏။” ဟူသည့် ယေဟောဝါ၏ နှုတ်ကပတ်တော်များမှာ ဆိုးယုတ်သူ စာတန်၏လက်ထဲ၌ လက်နက်တစ်ခု ဖြစ်သွားလိမ့်မည် မဟုတ်လော။ သို့ဖြစ်လျှင် ဤနှုတ်ကပတ်တော်တို့မှာ လူသားကို ယေဟောဝါ၏ဖန်ဆင်းခြင်းအား အရှက်ရစေသည့် အမှတ်လက္ခဏာ တစ်ခု ဖြစ်သွားလိမ့်မည် မဟုတ်လော။ လူသားမျိုးနွယ်ကို ဖန်ဆင်းပြီးသည့်နောက် အမှု၏ ထိုအဆင့်ကို ပြီးမြောက်ရန်အလို့ငှာ ယေဟောဝါသည် အာဒံလက်ထက်မှ နောဧ လက်ထက်တိုင်အောင် လူတို့ကို လမ်းမညွှန်ခဲ့၊ သို့မဟုတ် လမ်းမပြခဲ့ပေ။ ထို့ထက် ရေလွှမ်းမိုးခြင်းက ကမ္ဘာကြီးကို ဖျက်ဆီးခဲ့သည့်အချိန် နောက်ပိုင်းမှသာ နောဧ၏သားစဉ်မြေးဆက်များနှင့် အာဒံတို့ သားစဉ် မြေးဆက်များလည်း ဖြစ်သည့် ဣသရေလလူမျိုးတို့ကို သတ်သတ်မှတ်မှတ် စတင်လမ်းပြပေးခဲ့ခြင်း ဖြစ်သည်။ ဣသရေလပြည်၌ သူ၏ အမှုတော်နှင့် မိန့်မြွက်ချက်များက ဣသရေလပြည် တစ်ဝန်းတွင် ဣသရေလပြည်သူ အားလုံးတို့ကို ၎င်းတို့ အသက်ရှင်နေထိုင်သည်နှင့်အမျှ လမ်းညွှန်ပေးခဲ့သည်၊ ထိုသို့ဖြင့် လူသားသည် သူ့ထံမှ အသက်ကိုရရှိနိုင်ပြီး မြေမှုန့်ထဲမှ ဖန်ဆင်းခံလူသတ္တဝါအဖြစ် ထလာနိုင်ရန် ယေဟောဝါသည် လူသားအထဲသို့ ဇီဝအသက်ကို မှုတ်သွင်းနိုင်သည်သာမကဘဲ၊ လူသားမျိုးနွယ်ကို မီးရှို့ဖျက်ဆီးနိုင်ကာ လူသားမျိုးနွယ်ကို ကျိန်ဆဲနိုင်သည့်အပြင် လူသားမျိုးနွယ်ကို အုပ်စိုးရန် သူ၏လှံတံတော်ကို အသုံးပြုနိုင်သည့်အကြောင်းလည်း ပြသခဲ့သည်။ ယေဟောဝါသည် ကမ္ဘာမြေကြီးပေါ်၌ လူသား၏ဘဝကို လမ်းပြပေးနိုင်သည်သာမက၊ နေ့ညအချိန်နာရီအတိုင်း လူသားတို့ အကြားတွင် စကားပြောနိုင်၊ အမှုပြုနိုင်ကြောင်းကိုလည်း သူတို့တွေ့မြင်ခဲ့ကြသည်။ လူသားသည် သူကောက်ယူခဲ့သည့် မြေမှုန့်မှ ဖြစ်ပေါ်လာခဲ့ကြောင်း၊ ထို့အပြင် လူသားအား သူဖန်ဆင်းဖြစ်ခဲ့ကြောင်းကို သူ၏ဖန်ဆင်းခံများ သိနိုင်စေရန်အလို့ငှာသာ ထိုအမှုကိုပြုခဲ့ခြင်း ဖြစ်သည်။ ဤမျှသာမက (အမှန်တွင် ဣသရေလပြည်မှ သီးခြားမဟုတ်ဘဲ၊ ထို့ထက် ဣသရေလလူမျိုးထဲမှ ခွဲထွက်လာခဲ့ပြီး အာဒံနှင့်ဧဝတို့မှ ဆင်းသက်လာခဲ့သူများပင် ဖြစ်သော) အခြားသောလူမျိုးများနှင့် တိုင်းနိုင်ငံများသည် ယေဟောဝါ၏ ဣသရေလပြည်မှ ဧဝံဂေလိတရားကို လက်ခံရရှိစေနိုင်ရန် အတွက်၊ စကြဝဠာတွင်းရှိ ဖန်ဆင်းခံအားလုံးက ယေဟောဝါကို ချစ်ကြောက်နိုင်ကြပြီး သူ့ကိုကြီးမြတ်သည်ဟု လက်ခံနိုင်ကြစေရန်အတွက် သူသည် သူ၏အမှုတော်ကို ဣသရေလပြည်၌ အရင်ပြုခဲ့ခြင်း ဖြစ်သည်။ ယေဟောဝါက ဣသရေလပြည်၌ သူ၏အမှုကို မစတင်ခဲ့ဘဲ၊ ယင်းအစား လူသားကို ဖန်ဆင်းပြီးနောက် လူတို့ကို ကမ္ဘာမြေပေါ်တွင် ပူပင်ကြောင့်ကြမဲ့စွာ အသက်ရှင်နေထိုင်ခွင့် ပြုခဲ့မည်ဆိုပါက၊ လူသား၏ ရုပ်ပိုင်းဆိုင်ရာ သဘာဝကြောင့် (သဘာဝမှာ လူသည် သူမမြင်နိုင်သည့် အရာများကို ဘယ်သောအခါမျှ မသိနိုင်ပေ၊ ဆိုလိုသည်မှာ လူသားမျိုးနွယ်ကို ဖန်ဆင်းသူသည် ယေဟောဝါ ဖြစ်ကြောင်းကို လူက သိမည် မဟုတ်ဘဲ၊ လူသားအား အဘယ်ကြောင့် ဖန်ဆင်းခဲ့ကြောင်းကို သာ၍ မသိနိုင်ကြောင်းကို ဆိုလိုသည်။) လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သူမှာ ယေဟောဝါ ဖြစ်သည်ကိုလည်းကောင်း၊ သူသည် ဖန်ဆင်းခြင်းအားလုံးတို့၏ အရှင်သခင် ဖြစ်သည်ကိုလည်းကောင်း လူသားသည် ဘယ်သောအခါမျှ သိမည်မဟုတ်ပေ။ အကယ်၍ ယေဟောဝါသည် လူသားကို ဖန်ဆင်းခဲ့ပြီး ကမ္ဘာမြေကြီးပေါ်၌ ထားခဲ့ကာ အချိန်ကာလတစ်ခုကြာ လူသားမျိုးနွယ်ကြား၌ ဆက်လက် ရှိနေ၍ သူတို့ကို လမ်းညွှန်ပေးမည့်အစား စွန့်ပစ်၍ထွက်ခွာသွားခဲ့ပါက၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် သုညဘဝသို့ ပြန်လည်ရောက်ရှိသွားခဲ့မည် ဖြစ်သည်။ ကောင်းကင်နှင့် မြေကြီးနှင့် သူဖန်ဆင်းထားသည့် အသင်္ချေများလှသော အရာအားလုံးနှင့် လူသားမျိုးနွယ် အားလုံးတို့သည်လည်း သုညဘဝသို့ ပြန်လည်ရောက်ရှိသွားမည့်အပြင် စာတန်၏နင်းခြေခြင်းကို ခံရပြီး ဖြစ်ပေလိမ့်မည်။ ဤနည်းအားဖြင့် “သူ၏ဖန်ဆင်းခံတို့၏အလယ်ဟု ဆိုလိုသည့် ကမ္ဘာမြေကြီးပေါ်၌ သန့်ရှင်းသောနေရာတစ်ခု၊ သူရပ်တည်ရန်အတွက် နေရာတစ်ခု ရှိသင့်သည်။” ဟူသည့် ယေဟောဝါ၏ ဆန္ဒမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားပြီး ဖြစ်လိမ့်မည်။ ထို့ကြောင့် သူသည် လူသားမျိုးနွယ်ကို ဖန်ဆင်းပြီးနောက် လူသားတို့၏ အသက်တာများတွင် ၎င်းတို့ကို လမ်းပြဖို့နှင့် ၎င်းတို့၏ အထဲမှ ၎င်းတို့ကို စကားပြောဖို့ ၎င်းတို့အလယ်၌ ဆက်လက် ရှိနေနိုင်ခဲ့သည်- ဤသည်အားလုံးတို့မှာ သူ၏လိုအင်ဆန္ဒကို အကောင်အထည်ဖော်ပြီး သူ၏အစီအစဉ်ကို အောင်မြင်စေရန်အတွက် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပညတ်တော်ခေတ်ရှိ အမှုတော်

(၂၂) အဲဂုတ္တုပြည်ထဲမှထွက်ကာ မောရှေနောက်သို့ လိုက်လာကြသော ဣသရေလလူတို့ကို လက်ဆင့်ကမ်းပေးအပ်ရန် ယေဟောဝါသည် မောရှေအတွက် ပညတ်တော်အများအပြားကို ပညတ်တော်ခေတ် ကာလအတွင်း ချပေးခဲ့သည်။ ဤပညတ်တော်များသည် ဣသရေလ လူမျိုးတို့အတွက် ယေဟောဝါပေးအပ်ခဲ့သည့် အရာများဖြစ်ကာ အဲဂုတ္တုလူမျိုးတို့နှင့် ဘာမျှမသက်ဆိုင်ပေ၊ ၎င်းပညတ်တော်များမှာ ဣသရေလလူမျိုးတို့ကို ကန့်သတ်ထိန်းချုပ်ရန်အတွက် ရည်ရွယ်ထားပြီး ဣသရေလလူတို့အပေါ် တောင်းဆိုချက်များ ပြုလုပ်ရန် ထို၎င်းပညတ်တော်များကို သူအသုံးပြုခဲ့သည်။ ၎င်းတို့သည် ဥပုသ်နေ့ကို စောင့်ထိန်းကြခြင်းရှိမရှိ၊ ၎င်းတို့၏ မိဘများကို ရိုသေကြခြင်း ရှိမရှိ၊ ရုပ်တုဆင်းတုများကို ကိုးကွယ်ကြခြင်း ရှိမရှိ အစရှိသည်တို့မှာ ၎င်းတို့အနေဖြင့် အပြစ်ရှိမရှိ၊ ဖြောင့်မတ်ခြင်းရှိမရှိကို စီရင်သည့် အခြေခံသဘောတရားများ ဖြစ်ခဲ့သည်။ ထိုသူတို့ထဲ၌ ယေဟောဝါ၏မီးဖြင့် ဒဏ်ခတ်ခံရသူအချို့ ရှိခဲ့သည်၊ ကျောက်ခဲဖြင့် ပေါက်သတ်ခံရသူအချို့ ရှိခဲ့ပြီး၊ ယေဟောဝါထံမှ ကောင်းချီးမင်္ဂလာကို ခံစားခဲ့ရသူအချို့ ရှိခဲ့ပြီးလျှင်၊ ဤအရာအား ၎င်းတို့ ထိုပညတ်တော်များကို နာခံမှုရှိမရှိအပေါ်မူတည်၍ ဆုံးဖြတ်သည်။ ဥပုသ်နေ့ကို စောင့်ထိန်းခြင်း မရှိသူတို့သည် ကျောက်ခဲဖြင့် သေသည်အထိ ပေါက်သတ်ခံခဲ့ရသည်။ ဥပုသ်နေ့ကို စောင့်ထိန်းခြင်းမရှိသည့် ယဇ်ပုရောဟိတ်တို့မှာမူ ယေဟောဝါ၏မီးဖြင့် ဒဏ်ခတ်ခံခဲ့ရသည်။ မိမိတို့၏မိဘများကို ရိုသေခြင်း မရှိသူတို့သည်လည်း ကျောက်ခဲဖြင့် သေသည်အထိ ပေါက်သတ်ခံခဲ့ရသည်။ ဤအရာအားလုံးကို ယေဟောဝါက အကြံပြုခဲ့ခြင်း ဖြစ်သည်။ ယေဟောဝါက သူ၏ပညတ်တော်များနှင့် ဥပဒေများကို ချမှတ်ခဲ့သည်မှာ လူတို့၏ အသက်တာ၌ သူဦးဆောင်သည့်အခါ၊ လူတို့သည် သူ၏နှုတ်ကပတ်တော်ကို နားထောင်ပြီး နာခံကြကာ သူ့ကို ပုန်ကန်ခြင်း မပြုကြစေရန် ဖြစ်သည်။ သူ၏အနာဂတ်အမှုအတွက် အခြေခံအုတ်မြစ်ကို ပို၍ကောင်းမွန်စွာ ချမှတ်နိုင်ရေးအတွက် မွေးကင်းစ လူသားမျိုးနွယ်ကို ဆက်လက် ထိန်းချုပ်ထားရန် ထိုပညတ်တော်များကို သူအသုံးပြုခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ယေဟောဝါပြုခဲ့သော အမှုပေါ်မူတည်၍ ပထမခေတ်ကို ပညတ်တော်ခေတ်ဟုခေါ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပညတ်တော်ခေတ်ရှိ အမှုတော်

(၂၃) ပညတ်တော်ခေတ်အတွင်းတွင် လူသားမျိုးနွယ်အား လမ်းပြခြင်းအမှုကို ယေဟောဝါ၏ နာမအောက်တွင် လုပ်ဆောင်ခဲ့ပြီး၊ အမှု၏ပထမအဆင့်ကို ကမ္ဘာမြေပေါ်တွင် အစပျိုးခဲ့သည်။ ဤအဆင့်တွင် အမှုသည် ဗိမာန်တော်နှင့် ယဇ်ပလ္လင်ကို တည်ဆောက်ခြင်း၊ ဣသရေလလူမျိုးတို့ကို လမ်းပြရန်နှင့် ၎င်းတို့အလယ်တွင် အလုပ်လုပ်ရန် ပညတ်တရားကို အသုံးပြုခြင်းတို့ ပါဝင်သည်။ ဣသရေလလူမျိုးတို့ကို လမ်းပြခြင်းအားဖြင့်၊ သူသည် ကမ္ဘာမြေပေါ်ရှိ သူ၏အမှုအတွက် အခြေစိုက်ရာတစ်ခုကို စတင်ဆောင်ရွက်ခဲ့သည်။ ထိုအခြေစိုက်ရာ မှနေ၍ သူသည် သူ၏အမှုကို ဣသရေလကို ကျော်လွန်၍ တိုးချဲ့ခဲ့သည်၊ ယင်းမှာ နောင်မျိုးဆက်များက ယေဟောဝါသည် ဘုရားသခင်ဖြစ်ပြီး၊ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သူမှာ ယေဟောဝါဖြစ်သကဲ့သို့၊ သတ္တဝါအားလုံး၏ ဖန်ဆင်းရှင်မှာ ယေဟောဝါဖြစ်သည်ကို တဖြည်းဖြည်း သိရှိလာကြဖို့အလို့ငှာ၊ ဣသရေလမှစတင်လျက် သူသည် သူ၏အမှုကို အပြင်ဖက်သို့ ချဲ့ထွင်ခဲ့သည်ဟု ဆိုရပေမည်။ သူသည် သူ၏အမှုကို ဣသရေလလူတို့မှတစ်ဆင့် ၎င်းတို့ကို ကျော်လွန်၍ ပြင်ပသို့ ဖြန့်ကြက်သည်။ ဣသရေလနယ်မြေသည် ကမ္ဘာမြေပေါ်တွင် ယေဟောဝါအမှု၏ ပထမဆုံး သန့်ရှင်းသောနေရာ ဖြစ်ခဲ့ပြီး၊ ကမ္ဘာမြေပေါ်တွင် အမှုပြုဖို့ ဘုရားသခင် ပထမဆုံး သွားရောက်ခဲ့သောနေရာမှာ ဣသရေလနယ်မြေတွင် ဖြစ်သည်။ ယင်းမှာ ပညတ်တော်ခေတ်၏ အမှု ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)

(၂၄) ဘုရားသခင်သည် သူ၏စီမံခန့်ခွဲမှု အစီအစဉ်၏ တရားဝင်အမှုကို စတင်ခဲ့ချိန်တွင်၊ သူသည် လူသား လိုက်နာရမည့် စည်းမျဉ်းများစွာကို ချမှတ်ခဲ့လေသည်။ ဤစည်းမျဉ်းများသည် လူသားကို ကမ္ဘာမြေပေါ်တွင် လူသား၏ ပုံမှန်အသက်တာတစ်ခု၊ ဘုရားသခင်နှင့် သူ၏ လမ်းပြမှုအောက်မှ ခွဲထုတ်၍မရသော လူသား၏ ပုံမှန် အသက်တာတစ်ခုကို အသက်ရှင်နေထိုင်ခွင့် ပေးရန်အလို့ငှာ ဖြစ်လေသည်။ ဘုရားသခင်သည် လူသားကို ယဇ်ပလ္လင်များ ပြုလုပ်ပုံ၊ ယဇ်ပလ္လင်များ မည်ကဲ့သို့တည်ပုံကို ဦးစွာ ပြောပြခဲ့သည်။ ထို့နောက်တွင် သူသည် လူသားအား ပူဇော်သက္ကာများကို ပူဇော်ပုံကို ပြောပြခဲ့ပြီး လူသားက မည်သို့ အသက်ရှင်ရမည်- အသက်တာထဲ၌ မည်သည့်အရာကို အာရုံစိုက်ရမည်၊ မည်သည်အရာကို လိုက်နာရမည်၊ ပြီးလျှင် မည်သည့်အရာ ပြုသင့်ပြီး မည်သည့်အရာ မပြုသင့်သည်- ဆိုသည်ကို ပြဌာန်းခဲ့သည်။ လူသားအတွက် ဘုရားသခင် ချမှတ်ပေးခဲ့သည့်အရာမှာ အလုံးစုံအကျုံးဝင်ပြီး၊ ဤထုံးတမ်းများ၊ စည်းမျဉ်းများနှင့် အခြေခံသဘောတရားများဖြင့် သူသည် လူတို့၏ အပြုအမူကို စံသတ်မှတ်ပေးခဲ့သည်၊ ၎င်းတို့၏ အသက်တာများကို လမ်းပြပေးခဲ့သည်၊ ဘုရားသခင်၏ ပညတ်တရားများကို ၎င်းတို့၏ အစပျိုးခြင်းကို လမ်းပြခဲ့သည်၊ ဘုရားသခင်၏ ပလ္လင်ရှေ့သို့လာရန် ၎င်းတို့အား လမ်းပြခဲ့သည်၊ အရာခပ်သိမ်းထဲမှ လူသားအတွက် ဘုရားသခင် ပြုလုပ်ပေးခဲ့သည့် စနစ်ကျမှု၊ ပုံမှန်ဖြစ်ပေါ်မှုနှင့် ထိန်းချုပ်နိုင်ခြင်းတို့ကို ပိုင်ဆိုင်သည့် အသက်တာရှိခြင်းတွင် ၎င်းတို့အား လမ်းပြခဲ့သည်။ လူသားသည် ကမ္ဘာမြေကြီးပေါ်တွင် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သည့် ပုံမှန်အသက်တာတစ်ခု၊ လူသား၏ ပုံမှန်အသက်တာတစ်ခုကို ရရှိဖို့အလို့ငှာ၊ ဘုရားသခင်သည် လူသားအတွက် ကန့်သတ်ချက်များကို ချမှတ်ပေးရန် ရိုးရှင်းသော ဤစည်းမျဉ်းများနှင့် အခြေခံသဘောတရားများကို ဦးစွာ အသုံးပြုခဲ့သည်။ ယင်းမှာ သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် အစပြုခြင်း၏ အကြောင်းအရာအတိအကျ ဖြစ်သည်။ စည်းမျဉ်းများနှင့် စီရင်ထုံးဖွဲ့ချက်များသည် အလွန်ကျယ်ပြန့်သော အကြောင်းအရာ တစ်ခုကို ခြုံငုံလေသည်၊ ၎င်းတို့သည် ပညတ်တော်ခေတ်အတွင်း လူသားများကို ဘုရားသခင်၏ လမ်းပြခြင်းနှင့်ဆိုင်သည့် အသေးစိတ်အချက်အလက်များ ဖြစ်သည်၊ ယင်းတို့ကို ပညတ်တော်ခေတ်မတိုင်မီ ရှိခဲ့သောလူများက လက်ခံကာ လိုက်နာစောင့်ထိန်းကြရမည် ဖြစ်သည်၊ ယင်းတို့သည် ပညတ်တော်ခေတ်အတွင်း ဘုရားသခင်ပြုခဲ့သော အမှုမှတ်တမ်း တစ်ခုဖြစ်ပြီး ယင်းတို့သည် လူသားမျိုးနွယ် တစ်ရပ်လုံးအပေါ် ဘုရားသခင်၏ ဦးဆောင်မှုနှင့် လမ်းပြမှုတို့၏ စစ်မှန်သော သက်သေ ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)

(၂၅) ယေဟောဝါသည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည်၊ ယင်းမှာ သူသည် လူသားမျိုးနွယ်၏ ဘိုးဘေးဘီဘင်များဖြစ်သည့် အာဒံနှင့် ဧဝကို ဖန်ဆင်းခဲ့သော်လည်း၊ သူသည် ၎င်းတို့အပေါ် နောက်ထပ်မည်သည့် အသိဉာဏ် သို့မဟုတ် ဉာဏ်ပညာကိုမျှ မပေးခဲ့ဟု ဆိုရပေမည်။ ၎င်းတို့သည် ကမ္ဘာမြေပေါ်တွင် အသက်ရှင်နေနှင့်ခဲ့ကြသော်လည်း၊ ၎င်းတို့သည် အရာရာတိုင်းနီးပါးကို နားမလည်ခဲ့ပေ။ သို့ဖြစ်ရာ၊ ယေဟောဝါ၏ လူသားမျိုးနွယ်ကို ဖန်ဆင်းခြင်း အမှုသည် တစ်ဝက်တစ်ပျက်သာ ပြီးစီးခဲ့ပြီး ပြည့်စုံရန် ဝေးသေးသည်။ သူသည် ရွှံ့စေးမှ လူ၏ပုံစံကိုသာ ပုံသွင်းခဲ့ကာ သူ၏ ဇီဝအသက်ကို မှုတ်သွင်းပေးခဲ့ပြီးဖြစ်သော်လည်း၊ သူ့ကို ရိုသေလေးမြတ်ရန် လုံလောက်သော အလိုဆန္ဒကို လူသားအပေါ် အပ်နှင်းခြင်း မရှိခဲ့ပေ။ အစဦးတွင် လူသည် သူ့ကို ရိုသေလေးမြတ်လိုစိတ်၊ သို့မဟုတ် သူ့ကို ကြောက်ရွံ့စိတ် မရှိခဲ့ပေ။ လူသည် သူ၏နှုတ်ကပတ်တော်များကို မည်သို့နားထောင်ရမည်ကိုသာ သိခဲ့သော်လည်း၊ ကမ္ဘာမြေပေါ်က ဘဝနေထိုင်မှုပုံစံ အတွက် အခြေခံ အသိပညာနှင့် လူသား ဘဝနေထိုင်မှုပုံစံ၏ ပုံမှန်စည်းမျဉ်းများကို မသိခဲ့ပေ။ သို့ဖြစ်ရာ ယေဟောဝါသည် လူယောက်ျားနှင့် လူမိန်းမကို ဖန်ဆင်းခဲ့ပြီး၊ ခုနှစ်ရက်စီမံကိန်းကို ပြီးစီးခဲ့သော်လည်း၊ လူသားသည် အခွံတစ်ခုသာ ဖြစ်ခဲ့ပြီး၊ လူသားဖြစ်ခြင်း၏ လက်တွေ့အရှိတရား ကင်းမဲ့ခဲ့သည့်အတွက်၊ သူသည် လူသားအား ဖန်ဆင်းခြင်းကို မည်သည့်နည်းနှင့်မျှ မပြီးဆုံးခဲ့ပေ။ လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သူမှာ ယေဟောဝါဖြစ်သည်ကိုသာ လူသည် သိခဲ့သော်လည်း၊ ယေဟောဝါ၏ နှုတ်ကပတ်တော်များ သို့မဟုတ် ပညတ်တရားများအား မည်သို့လိုက်နာရမည်ကို အရိပ်အခြေမျှ သူမသိခဲ့ပေ။ သို့ဖြစ်ရာ လူသားမျိုးနွယ် တည်ရှိလာခဲ့သည့်နောက်တွင် ယေဟောဝါ၏အမှုမှာ ပြီးဆုံးရန် ဝေးသေးပေသည်။ လူသားမျိုးနွယ်အနေဖြင့် ကမ္ဘာမြေပေါ်တွင် အတူတကွ နေထိုင်နိုင်ပြီး သူ့ကို ရိုသေလေးမြတ်နိုင်ကြဖို့အလို့ငှာ၊ သူ၏လမ်းညွှန်မှုဖြင့် ၎င်းတို့သည် ကမ္ဘာမြေပေါ်တွင် ပုံမှန်လူသားဘဝနေထိုင်မှုပုံစံ၏ လမ်းကြောင်းအမှန်ပေါ်သို့ ဝင်ရောက်နိုင်ဖို့အလို့ငှာ၊ ၎င်းတို့ကို သူ၏ရှေ့မှောက် လာစေရန် သူ့အနေဖြင့် အပြည့်အဝ လမ်းပြဖို့ လိုအပ်နေဆဲဖြစ်ခဲ့သည်။ ဤနည်းဖြင့်သာ ယေဟောဝါ၏ နာမအောက်တွင် အဓိကအားဖြင့် ဦးစီးဦးရွက်ပြုသော အမှုသည် အပြည့်အဝ ပြီးဆုံးခဲ့ပေသည်၊ ဆိုလိုသည်မှာ ဤနည်းဖြင့်သာ ယေဟောဝါ၏ ကမ္ဘာလောကကို ဖန်ဆင်းခြင်း အမှုသည် အပြည့်အဝ အပြီးသတ်ခဲ့ပေသည်။ သို့ဖြစ်ရာ လူသားမျိုးနွယ်သည် ကမ္ဘာမြေပေါ်တွင် သူ၏အမိန့်များနှင့် ပညတ်တရားများကို လိုက်နာနိုင်ပြီး၊ ပုံမှန်လူသား ဘဝနေထိုင်မှုပုံစံ၏ လှုပ်ရှားမှုများအားလုံးတွင် ပါဝင်နိုင်ဖို့အလို့ငှာ၊ လူသားမျိုးနွယ်ကို ဖန်ဆင်းပြီးလျက်ဖြင့်၊ သူသည် ကမ္ဘာမြေပေါ်တွင် လူသားမျိုးနွယ်၏ ဘဝနေထိုင်မှုပုံစံကို နှစ်ထောင်ပေါင်းအချို့ကြာ လမ်းပြခဲ့ရပေသည်။ ထိုအခါမှသာ ယေဟောဝါ၏ အမှုသည် အပြည့်အဝ ပြီးစီးခဲ့ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)

(၂၆) ယေဟောဝါ သူ၏အမှုကိုလုပ်ဆောင်ခဲ့သည့် နှစ်ပေါင်း နှစ်ထောင် ကာလမတိုင်မီ၊ လူသားသည် ဘာတစ်ခုမျှ မသိခဲ့ပေ၊ ထို့ပြင် လူသားမျိုးနွယ်အားလုံးနီးပါးတို့သည် အကျင့်စာရိတ္တပျက်ပြား သွားခဲ့ကြပြီး ရေလွှမ်းမိုးခြင်းဖြင့် ကမ္ဘာကြီးဖျက်ဆီးခံရခြင်းမတိုင်မီအထိ သူတို့၏ နှလုံးသားများ၌ ယေဟောဝါ လုံးဝမရှိသည့်အပြင် သူ၏လမ်းခရီးနှင့် ပို၍ ကင်းကွာနေကြကာ လူတကာနှင့် သောင်းပြောင်းလိင်ဆက်ဆံခြင်းနှင့် ဖောက်ပြန်ပျက်စီးသည့် အတိုင်းအတာထိ ကျဆင်းသွားခဲ့ကြသည်။ ယေဟောဝါ ပြုမည့်အမှုကို ၎င်းတို့သည် ဘယ်သောအခါမျှ နားမလည်ခဲ့ကြချေ၊ ၎င်းတို့၌ ဆင်ခြင်တုံတရားမရှိ၊ ဗဟုသုတ သာ၍ပင် နည်းပါးပြီး အသက်ရှူတတ်သော စက်များကဲ့သို့ ၎င်းတို့သည် လူသား၊ ဘုရားသခင်၊ ကမ္ဘာမြေကြီးနှင့် အသက် စသည့် အကြောင်းအရာတို့ကို လုံးဝ မသိနားမလည်ခဲ့ကြပေ။ ကမ္ဘာမြေကြီးပေါ်တွင် ၎င်းတို့သည် မြွေကဲ့သို့ပင် ဖြားယောင်းသွေးဆောင်မှု အမျိုးမျိုးကို ပါဝင်ဆောင်ရွက်ကြသည်၊ ထို့ပြင် ယေဟောဝါကို ထိပါးစော်ကားသည့် အကြောင်းအရာ အမြောက်အမြားကိုလည်း ပြောဆိုကြသည်၊ သို့သော်လည်း ထိုသူတို့သည် မသိနားမလည်သည့်အတွက်ကြောင့် ယေဟောဝါသည် ထိုသူတို့ကို ပြစ်တင်ဆုံးမခြင်း သို့မဟုတ် ပဲ့ပြင်ဆုံးမခြင်းမပြုခဲ့ပေ။ ရေလွှမ်းမိုးခြင်း ပြီးသည့်နောက်မှသာ၊ နောဧ အသက် ၆၀၁ နှစ်ပြည့်သည့်အချိန်တွင်၊ ယေဟောဝါသည် နောဧထံ ထုံးစံတကျ ပေါ်ထွန်းခဲ့ပြီး နောဧနှင့် သူ၏သားသမီးများနှင့်အတူ ရေလွှမ်းမိုးခြင်းမှ အသက်ရှင်ကျန်ရစ်သော ငှက်များနှင့် သားရဲတိရစ္ဆာန်များကိုလည်း ပညတ်တော်ခေတ်ကာလ ကုန်ဆုံးသည်အထိ နှစ်ပေါင်း ၂၅၀၀ ကြာအောင် ဦးဆောင်လမ်းပြလျက်၊ သူနှင့် သူ၏မိသားစုတို့ကို လမ်းပြခဲ့သည်။ သူသည် ဣသရေလပြည်တွင် အလုပ်လုပ်ခဲ့သည်မှာ၊ ဆိုလိုသည်မှာ တရားဝင် အလုပ်လုပ်ခဲ့သည်မှာ စုစုပေါင်း နှစ်ပေါင်း ၂၀၀၀ ရှိပြီး၊ ဣသရေလပြည်တွင်းနှင့် ပြည်ပ၌ တစ်ပြိုင်နက်တည်း လုပ်ဆောင်ခဲ့သည့်အချိန်မှာ နှစ်ပေါင်း ၅၀၀ ရှိသည့်အတွက် စုစုပေါင်းနှစ်ပေါင်း ၂၅၀၀ ဖြစ်သည်။ ထိုကာလအတောအတွင်း ဣသရေလလူမျိုးတို့အနေဖြင့် ယေဟောဝါကို အစေခံကြရန်အတွက် ဗိမာန်တော်တစ်ဆောင်ကို ၎င်းတို့ဆောက်လုပ်သင့်ကြောင်း၊ ယဇ်ပုရောဟိတ် ဝတ်ရုံများကို ဝတ်ဆင်လျက်၊ ၎င်းတို့စီးသောဖိနပ်များက ဗိမာန်တော်ကို ညစ်ပေစေပြီး ဗိမာန်တော်ထိပ်မှ ၎င်းတို့အပေါ်သို့မီးကျကာ ၎င်းတို့ မီးလောင်၍သေကုန်ကြမည် စိုးသောကြောင့် အရုဏ်ဦးအချိန်တွင် ဗိမာန်တော်ထဲသို့ ဖိနပ်မပါဘဲ၊ လျှောက်သွားသင့်ကြောင်း ဣသရေလ လူမျိုးတို့ကို သူလမ်းညွှန်ခဲ့သည်။ ထိုသူတို့သည် မိမိတို့၏ တာဝန်ဝတ္တရားများကို ထမ်းရွက်ကြပြီး ယေဟောဝါ၏ အစီအစဉ်များကို နာခံခဲ့ကြသည်။ ၎င်းတို့သည် ဗိမာန်တော်ထဲ၌ ယေဟောဝါထံ ဆုတောင်းခဲ့ကြပြီး ယေဟောဝါ၏ ဗျာဒိတ်တော်ကို ရရှိပြီးသည့်နောက်၊ ဆိုလိုသည်မှာ ယေဟောဝါက စကားပြောပြီးသည့်နောက် ၎င်းတို့သည် လူအမြောက်အမြားကို ဦးဆောင်ခဲ့ပြီး ထိုသူတို့ကို ၎င်းတို့၏ ဘုရားသခင်ဖြစ်သော ယေဟောဝါကို ချစ်ကြောက်မှု ပြသင့်ကြောင်း သွန်သင်ခဲ့သည်။ ပြီးလျှင် ဗိမာန်တော်တစ်ဆောင်နှင့် ယဇ်ပလ္လင်တစ်ခုကို တည်ဆောက်သင့်ကြောင်း ယေဟောဝါက ၎င်းတို့ကို ပြောခဲ့ပြီး၊ ယေဟောဝါ သတ်မှတ်ထားသည့်အချိန်၌၊ ယင်းမှာ ပသခါပွဲနေ့၌ ၎င်းတို့ကို ထိန်းချုပ်ထားပြီး ၎င်းတို့၏နှလုံးသားထဲ၌ ယေဟောဝါကို ချစ်ကြောက်ခြင်း ရှိကြစေရန်အလို့ငှာ ယေဟောဝါကို တည်ခင်းရန် မွေးကင်းစနွားပေါက်နှင့် သိုးငယ်တို့ကို ပြင်ဆင်ပြီး ယဇ်ပလ္လင်ပေါ်တွင် ယဇ်ပူဇော်သက္ကာများအဖြစ် တင်ထားသင့်ကြောင်း မိန့်မှာခဲ့သည်။ ဤပညတ်တော်ကို ၎င်းတို့နာခံခြင်း ရှိမရှိသည် ယေဟောဝါအပေါ် ၎င်းတို့သစ္စာရှိမှုကို တိုင်းတာချက် ဖြစ်လာခဲ့သည်။ ယေဟောဝါသည် သူ့ဖန်ဆင်းခြင်း၏ သတ္တမနေ့ရက် ဖြစ်သည့်နေ့ကိုလည်း ၎င်းတို့အတွက် ဥပုသ်နေ့အဖြစ် သတ်မှတ်ပေးခဲ့သည်။ ဥပုသ်နေ့လွန်ပြီး နောက်တစ်နေ့ဖြစ်သည့် ပထမနေ့ကို ၎င်းတို့အနေဖြင့် ယေဟောဝါကို ချီးမွမ်းရန်အတွက်နေ့၊ ယေဟောဝါကို ယဇ်ပူဇော်ပသရန်အတွက်နေ့နှင့်၊ ယေဟောဝါအတွက် တေးဂီတဖြင့် ချီးမွမ်းရန်အတွက်နေ့အဖြစ် သတ်မှတ်ခဲ့သည်။ ထိုနေ့၌ ၎င်းတို့သည် ယေဟောဝါ၏ပလ္လင်ပေါ်မှ ယဇ်ပူဇော်သက္ကာများကို စားသုံးနိုင်ကြရန်အလို့ငှာ၊ ယေဟောဝါသည် လူတို့စားဖို့ ယဇ်ပလ္လင်ပေါ်ရှိ ယဇ်ကောင်များကို ခွဲခြမ်းစေရန် ယဇ်ပုရောဟိတ်အားလုံးကို ခေါ်၍စုဝေးစေသည်။ ပြီးလျှင် ၎င်းတို့သည် ကောင်းချီးမင်္ဂလာ ခံစားကြရကြောင်း၊ သူနှင့်အတူ ဝေမျှစားသုံးကြရကြောင်းနှင့် ၎င်းတို့သည် သူ၏ ရွေးကောက်ခြင်းခံရသော လူမျိုးဖြစ်ကြောင်း ယေဟောဝါ ပြောဆိုခဲ့သည် (ယင်းမှာ ဣသရေလလူတို့နှင့် ထားရှိသည့် ယေဟောဝါ၏ပဋိညာဉ်ပင်ဖြစ်သည်)။ ဤအကြောင်းကြောင့်ပင် ယနေ့တိုင်အောင် ဣသရေလလူမျိုးတို့က ယေဟောဝါသည် ၎င်းတို့၏ဘုရားသခင်သာ ဖြစ်ပြီး တစ်ပါးသောအမျိုးသားတို့၏ ဘုရားသခင် မဟုတ်ဟု ပြောဆိုကြခြင်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပညတ်တော်ခေတ်ရှိ အမှုတော်

(၂၇) ယေဟောဝါသည် များစွာသော မိန့်မြွက်ချက်များကိုပြုခဲ့ပြီး အမှု အများအပြားကို ပြုခဲ့သော်လည်း၊ မသိနားမလည်သော ဤလူတို့ကို လူဆန်ပုံ၊ အသက်ရှင်နေထိုင်ပုံ၊ ယေဟောဝါ၏ လမ်းခရီးကို သိနားလည်ရန် နည်းလမ်းတို့အား သွန်သင်ပေးလျက်၊ သူ့အနေဖြင့် လူသားတို့ကို အပြုသဘောဖက်မှသာ လမ်းပြခဲ့သည်။ အများဆုံးအနေဖြင့် သူပြုခဲ့သော အမှုသည် သူ၏လမ်းခရီးနှင့် သူ၏ ပညတ်တော်များကို လူတို့ လိုက်လျှောက်စေရန်အတွက် ဖြစ်သည်။ အမှုပြုခဲ့ခြင်းမှာ အနည်းငယ်သာ ဖောက်ပြန်ပျက်စီးနေသော လူများအပေါ်တွင် ဖြစ်သည်။ ထိုအမှုသည် ၎င်းတို့၏ စိတ်သဘောထားကို ပြောင်းလဲရန် သို့မဟုတ် ၎င်းတို့၏ အသက်တွင် တိုးတက်မှုရှိရန်အထိ မကျယ်ပြန့်ခဲ့ပေ။ လူတို့ကို ကန့်သတ်ရန်နှင့် ထိန်းချုပ်ရန်အတွက် ပညတ်တော်များကို အသုံးပြုခြင်းကိုသာ သူစိတ်ဝင်စားခဲ့သည်။ ထိုအချိန်တုန်းက ဣသရေလလူမျိုးအတွက် ယေဟောဝါသည် ဗိမာန်တော်ထဲ၌ရှိသော ဘုရားသခင်၊ ကောင်းကင်ဘုံရှိ ဘုရားသခင်မျှသာ ဖြစ်ခဲ့သည်။ သူသည် မိုးတိမ်တိုင်၊ မီးတိုင်ဖြစ်ခဲ့သည်။ ယေဟောဝါက ၎င်းတို့လုပ်ဆောင်ရန် တောင်းဆိုခဲ့သည့်အရာမှာ ယနေ့ခေတ် လူများမှ သူ၏ပညတ်တော်များနှင့် ဥပဒေများအဖြစ် နားလည်ထားကြသည့်၊ စည်းမျဉ်းစည်းကမ်းများဟုပင် ခေါ်ဆိုနိုင်သည့်အရာများကို နာခံခြင်းသာ ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ယေဟောဝါပြုခဲ့သည့်အရာမှာ ၎င်းတို့ကို ပြောင်းလဲစေရန်အတွက် ရည်ရွယ်ခဲ့ခြင်း မဟုတ်ဘဲ၊ လူသား၌ ရှိသင့်ရှိထိုက်သော အရာများကို ပို၍ပေးအပ်ရန်၊ သူကိုယ်တိုင်၏နှုတ်ဖြင့် လူတို့ကို လမ်းညွှန်ပေးရန် ဖြစ်သောကြောင့် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ဖန်ဆင်းခံရပြီးနောက် လူသားသည် မိမိ၌ ရှိသင့်သည်အရာ တစ်ခုမျှ မရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူဦးဆောင်ခဲ့သော လူတို့အား ၎င်းတို့၏ဘိုးဘေးများဖြစ်ကြသော အာဒံနှင့်ဧဝတို့ထက် သာလွန် သွားစေလျက်၊ ၎င်းတို့အား ကမ္ဘာပေါ်ရှိ ၎င်းတို့၏ဘဝများအတွက် ပိုင်ဆိုင်ထားသင့်သည့်အရာများကို ယေဟောဝါက လူတို့အား ပေးခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကို ယေဟောဝါ ပေးခဲ့သည့်အရာမှာ အစဦး၌ အာဒံနှင့် ဧဝတို့ကို ကိုယ်တော်ပေးခဲ့သည်ထက် ပို၍သာလွန်သောကြောင့် ဖြစ်သည်။ မည်သို့ပင်ဆိုစေ ဣသရေလပြည်၌ ယေဟောဝါပြုခဲ့သည့် အမှုသည် လူသားမျိုးနွယ်ကို လမ်းပြပေးရန်နှင့် လူတို့သည် မိမိတို့၏ ဖန်ဆင်းရှင်ကို သိမှတ်စေနိုင်ရန်သာ ဖြစ်သည်။ ယေဟောဝါက လူတို့ကို သိမ်းပိုက်ခြင်း၊ သို့မဟုတ် ပြောင်းလဲခြင်းတို့ မပြုခဲ့ဘဲ၊ ၎င်းတို့ကို လမ်းပြခြင်းသာ ပြုခဲ့သည်။ ဤသည်မှာ ပညတ်တော်ခေတ်၌ ယေဟောဝါပြုခဲ့သည့် အမှုအားလုံး၏ အချုပ်ဖြစ်သည်။ ဤသည်မှာ ဣသရေလတစ်ပြည်လုံး၌ သူပြုခဲ့သောအမှု၏ နောက်ခံသမိုင်း၊ ဖြစ်ရပ်မှန် ဇာတ်ကြောင်း၊ အနှစ်သာရဖြစ်ပြီး၊ လူသားမျိုးနွယ်ကို ယေဟောဝါ လက်တော်၏ ထိန်းချုပ်မှုအောက်၌ ထားရှိရန် သူ၏အနှစ်ခြောက်ထောင် အမှုတော်၏ အစလည်း ဖြစ်သည်။ ထိုမှနေ၍ သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်၌ သာ၍များသော အမှုတို့ ပေါ်ထွက်လာခဲ့သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပညတ်တော်ခေတ်ရှိ အမှုတော်

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသားတွင် “လိုက်နာရန်” ဆိုသည့် စကားစု မပါဝင်ပါ။

အရှေ့သို့- နိဒါန်း

နောက်တစ်ခုသို့- (ခ) ကျေးဇူးတော်ခေတ်ထဲက သူ၏အမှုတော်ကို ဘုရားသခင်မှ ထုတ်ဖော်ပြခြင်းနှင့် ပတ်သက်၍

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။