၄၀ လောကသည် လဲပြို ဗာဗုလုန်သည် အသက်မရှိတော့
၁ စကြဝဠာတစ်လျှောက်လုံးမှ လူများသည် ငါ၏နေ့ရက်ရောက်လာခြင်းအပေါ် ပွဲလမ်းသဘင် ကျင်းပကြပြီး၊ ကောင်းကင်တမန်များသည် လူထုအလယ်တွင် လျှောက်သွားကြသည်။ စာတန်သည် ဒုက္ခပေးသောအခါ၊ ကောင်းကင်တမန်များသည် ကောင်းကင်ဘုံရှိ ၎င်းတို့၏ အစေခံမှုကြောင့် ငါ၏လူများကို အမြဲတစေပင် ကူညီကြသည်။ သူတို့သည် လူသား၏ အားနည်းချက်ကြောင့် မာရ်နတ်၏ လှည့်ဖြားခြင်းကို မခံရသော်လည်း၊ အမှောင်စွမ်းအားများ၏ အပြင်းအထန်တိုက်ခိုက်မှု၏အကျိုးဆက်အနေဖြင့် မြူထူကို ဖောက်ထွင်း၍ လူသား၏အသက်တာကို ရင်ဆိုင်ရန် သာ၍ပင် ကြိုးစားကြ၏။ လူများအားလုံးသည် ငါ၏နာမအောက်တွင် ဆက်ကပ်အပ်နှံကြပြီး၊ မည်သည့်အခါမျှပင် မည်သူတစ်ဦးတစ်ယောက်ကမျှ ငါ့ကို ပွင့်လင်းစွာ ဆန့်ကျင်ရန် ထကြွခြင်း မရှိကြ။ ကောင်းကင်တမန်များ၏ ကြိုးစားလုပ်ဆောင်မှုကြောင့်၊ လူသားသည် ငါ၏နာမကို လက်ခံပြီး အားလုံးတို့မှာ ငါ့အလုပ်၏ ရေစီးကြောင်းထဲတွင် ရှိကြသည်။
၂ ကမ္ဘာကြီးသည် ဆုတ်ယုတ်လာလေပြီတကား။ ဗာဗုလုန်သည် မလှုပ်မယှက်နိုင် ဖြစ်နေပြီတကား။ ဘာသာရေး လောက၊ အဘယ်သို့လျှင် ယင်းသည် ကမ္ဘာမြေကြီးပေါ်ရှိ ငါ၏သြဇာအာဏာအားဖြင့် ဖျက်ဆီးခြင်းကို မခံရဘဲနေနိုင်သနည်း။ မည်သူသည် ငါ့ကို မနာခံ၍ ဆန့်ကျင်ရန် ဝံ့ရဲသေးသနည်း။ ကျမ်းတတ် ပုဂ္ဂိုလ်များလော။ ဘာသာရေး အာဏာပိုင်များလော။ ကမ္ဘာမြေကြီးပေါ်ရှိ အုပ်ချုပ်သူများနှင့် အခွင့်အာဏာရှိသူများလော။ ကောင်းကင်တမန်များလော။ မည်သူသည် ငါ့ခန္ဓာကိုယ်၏ ပြည့်ဝခြင်းနှင့် ပြီးပြည့်စုံခြင်းကို ချီးကျူးဂုဏ်ပြုခြင်း မပြုသနည်း။ လူများအားလုံးအကြားတွင်၊ မည်သူသည် မရပ်မနား ငါ့ကို ချီးမွမ်းထောမနာသီချင်း မဆိုသနည်း၊ မည်သူသည် အစဉ်မပျော်ရွှင်သနည်း။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၂” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။