အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)

ဘုရားသခင်၏ သန့်ရှင်းခြင်း (၃)

နောက်ဆုံးအကြိမ် ငါတို့ မိတ်သဟာယ ပြုခဲ့ကြသည့် အကြောင်းအရာမှာ ဘုရားသခင်၏ သန့်ရှင်းခြင်း ဖြစ်သည်။ ဘုရားသခင်၏ သန့်ရှင်းခြင်းသည် ဘုရားသခင်ကိုယ်တိုင်၏ မည်သည့် လက္ခဏာသွင်ပြင်နှင့် သက်ဆိုင်သနည်း။ ဘုရားသခင်၏ အနှစ်သာရနှင့် သက်ဆိုင်သလော။ (သက်ဆိုင်ပါသည်။) ဤသို့ဆိုလျှင် ငါတို့၏ မိတ်သဟာယပြုမှုတွင် ဆွေးနွေးခဲ့ကြသည့် ဘုရားသခင်၏ အနှစ်သာရနှင့် သက်ဆိုင်သည့် အဓိက သွင်ပြင်လက္ခဏာရပ်မှာ အဘယ်နည်း။ ဘုရားသခင်၏ သန့်ရှင်းခြင်းလော။ ဘုရားသခင်၏ သန့်ရှင်းခြင်းသည် ဘုရားသခင်၏ အတုမရှိသော အနှစ်သာရဖြစ်၏။ ယခင်တစ်ခေါက် ငါတို့ မိတ်သဟာယပြုခဲ့သော အဓိက အကြောင်းအရာသည် မည်သည့်အရာနည်း။ (စာတန်၏ ဆိုးယုတ်မှုကို ခွဲခြားသိမြင်ခြင်း ဖြစ်သည်။ ယင်းမှာ စာတန်က အသိပညာ၊ သိပ္ပံ၊ ရိုးရာယဉ်ကျေးမှု၊ အယူသီးမှုနှင့် လူမှုလားရာများကို အသုံးပြုလျက် လူသားမျိုးနွယ်ကို ဖျက်ဆီးပုံအကြောင်း ဖြစ်ပါသည်။) ဤသည်မှာ ယခင်တစ်ခေါက်တွင် ငါတို့ ဆွေးနွေးခဲ့သည့် အဓိက အကြောင်းအရာ ဖြစ်သည်။ စာတန်သည် လူသားကို ဖျက်ဆီးရန် အသိပညာ၊ သိပ္ပံ၊ အယူသီးမှု၊ ရိုးရာယဉ်ကျေးမှုနှင့် လူမှုလားရာတို့ကို အသုံးပြု၏။ ဤသည်တို့သည် စာတန်က လူသားကို ဖျက်ဆီးသော နည်းလမ်းများ၊ စုစုပေါင်း နည်းလမ်း ငါးခုဖြစ်သည်။ လူသားကို ဖျက်ဆီးရန် စာတန်သည် ဤနည်းလမ်းများထဲမှ မည်သည့်နည်းလမ်းကို အများဆုံးသုံးသည်ဟု သင်တို့ ထင်သနည်း။ လူသားတို့အား အနက်ရှိုင်းဆုံး ဖျက်ဆီးရန် အသုံးပြုသည့်နည်းလမ်းသည် မည်သည့်နည်းလမ်း ဖြစ်သနည်း။ (ရိုးရာယဉ်ကျေးမှု ဖြစ်ပါသည်။ ဤသည်မှာ ကွန်ဖြူးရှပ်နှင့် မင်းစီးယပ်တို့၏ အယူဝါဒများကဲ့သို့သော ဆိုးယုတ်သည့် အတွေးအခေါ်များသည် ကျွန်ုပ်တို့၏ စိတ်များထဲ၌ အရိုးစွဲနေသောကြောင့်ဖြစ်သည်။) ထို့ကြောင့်၊ အချို့သော ညီအစ်ကို မောင်နှမများက ယင်းသည် “ရိုးရာယဉ်ကျေးမှု” ဖြစ်သည်ဟု ထင်ကြသည်။ တစ်ယောက်ယောက်တွင် မတူသော အဖြေရှိသလော။ (အသိပညာဖြစ်သည်၊ အသိပညာသည် ကျွန်ုပ်တို့ကို ဘုရားသခင်အား ကိုးကွယ်ရန် ဘယ်သောအခါမှ ခွင့်ပြုလိမ့်မည် မဟုတ်ပါ။ အသိပညာသည် ဘုရားသခင်၏ တည်ရှိမှုကို ငြင်းပယ်သကဲ့သို့၊ ဘုရားသခင်၏ အုပ်စိုးမှုကိုလည်း ငြင်းပယ်ပါသည်။ ဆိုလိုသည်မှာ စာတန်က ကျွန်ုပ်တို့ကို ငယ်သောအရွယ်မှ စတင် လေ့လာသင်ယူရန်နှင့် လေ့လာသင်ယူခြင်းနှင့် အသိပညာကို ရရှိခြင်း အားဖြင့်သာ ကျွန်ုပ်တို့၏ အနာဂတ်အတွက် တောက်ပသည့် တက်လမ်းများနှင့် ပျော်စရာကောင်းသည့် ကံကြမ္မာ ရှိကြလိမ့်မည်ဟု စာတန်က ပြောဆိုပါသည်။) စာတန်က သင်၏ အနာဂတ်နှင့်ကံကြမ္မာကို ထိန်းချုပ်ရန် အသိပညာကို အသုံးပြုပြီးနောက်၊ ၎င်းသည် သင့်ကို နဖားကြိုးတပ် လေတော့သည်။ ဤသည်မှာ စာတန်က လူသားကို အနက်ရှိုင်းဆုံး ဖျက်ဆီးသည်ဟု သင် ထင်သည့်ပုံ ဖြစ်သည်။ ထို့ကြောင့် သင်တို့အများစုက စာတန်သည် လူသားတို့ကို အနက်ရှိုင်းဆုံး ဖျက်ဆီးရန် အသုံးပြုသည်မှာ အသိပညာ ဖြစ်သည်ဟု ထင်ကြသည်။ အခြားတစ်ဦးဦး၌ မတူညီသည့် ထင်မြင်ချက်ရှိသလော။ ဥပမာ သိပ္ပံ သို့မဟုတ် လူမှုလားရာများသည်ကော အဘယ်သို့နည်း။ တစ်ဦးဦးက ဤအရာများကို အဖြေအဖြစ် မြင်မည်လော။ (မြင်ပါသည်။) စာတန်က လူသားကို ဖျက်ဆီးသည့် နည်းလမ်းငါးခုနှင့်ပတ်သက်၍ ငါသည် ယနေ့တွင် နောက်တစ်ကြိမ် မိတ်သဟာယပြု မည်ဖြစ်ပြီး၊ ငါ အပြီးသတ်သည်နှင့်တစ်ပြိုင်နက် စာတန်က လူသားကို မည်သည့် လက္ခဏာဖြင့် အနက်ရှိုင်းဆုံးဖျက်ဆီးသည်ကို ငါတို့ တိတိကျကျ သိနိုင်ရန်အလို့ငှာ သင်တို့ကို နောက်ထပ်မေးခွန်းအချို့ ငါမေးမည်။

စာတန်က လူကို ဖောက်ပြန်ပျက်စီးစေသည့် နည်းလမ်းငါးခု

(က) လူသားကို ဖောက်ပြန်ပျက်စီးစေရန် စာတန်က အသိပညာကို အသုံးပြုပြီး လူသားကို ထိန်းချုပ်ရန် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို အသုံးပြုသည်

စာတန်က လူသားကို ဖျက်ဆီးသည့်နည်းလမ်း ငါးခုအနက်မှ ငါတို့ပြောခဲ့သည့် ပထမဆုံးတစ်ခုမှာ အသိပညာဖြစ်သည်။ ထို့ကြောင့် မိတ်သဟာယအတွက် အကြောင်းအရာအဖြစ် အသိပညာကို ပထမဦးဆုံး ကြည့်ကြစို့။ စာတန်သည် အသိပညာကို တည်ကြက်အဖြစ် အသုံးပြု၏။ သေချာစွာ နားထောင်လော့။ အသိပညာသည် တည်ကြက်တစ်မျိုးသာ ဖြစ်၏။ လူတို့သည် အသိပညာကို ၎င်းတို့အတွက် လက်နက်ဖြစ်စေကာ တပ်ဆင်ဖို့နှင့်၊ ယင်းနောက် သိပ္ပံတံခါးပေါက်ကို ဖွင့်ရာတွင် အသုံးပြုရန်အလို့ငှာ၊ ကြိုးစားလေ့လာ၍ မိမိတို့ကိုယ်ကိုယ် နေ့စဉ် တိုးတက်စေဖို့ သွေးဆောင်ဖြားယောင်းခံကြရ၏။ တစ်နည်းပြောရလျှင် သင်သည် အသိပညာရလေလေ၊ ပို၍ နားလည်လာလေလေ ဖြစ်လိမ့်မည်။ စာတန်သည် ဤအရာတစ်ခုလုံးကို လူတို့အား ပြောပြ၏။ အသိပညာကို ၎င်းတို့ လေ့လာသင်ယူသည်နှင့်အမျှ ရည်မှန်းချက်များနှင့် ပြင်းပြသည့် ဆန္ဒများကို တစ်နေ့တခြား ကြီးထွားလာစေကြဖို့ စာတန်က ၎င်းတို့ကို သွန်သင်ရင်း မြင့်မားသည့် စံများကို မြှင့်တင်ကြရန် လူတို့ကို ပြောလေသည်။ လူသားက သတိမထားမိလိုက်ဘဲ၊ စာတန်သည် ဤသို့သောသတင်းစကား အများအပြားကို ပေးပို့တတ်ပြီး၊ ဤအရာတို့မှာ မှန်ကန်သလိုလို အကျိုးရှိသလိုလိုဖြင့် လူတို့အား မသိစိတ်၌ ခံစားစေ၏။ လူတို့သည် ဤလမ်းကြောင်းပေါ်တွင် အမှတ်တမဲ့ ခြေချ မိကြကာ၊ ၎င်းတို့၏ကိုယ်ပိုင် စံအယူအဆများ၊ ရည်မှန်းချက်များ၏ ရှေ့ဆက် ဦးဆောင်ခြင်းကိုလည်း အမှတ်တမဲ့ပင် ခံကြရ၏။ တစ်ဆင့်ပြီးတစ်ဆင့်၊ သူတို့သည် ကြီးမြတ်သော၊ ကျော်ကြားသော ပုဂ္ဂိုလ်ကြီးများ၏ တွေးခေါ်နည်းများကို စာတန် ပေးထားသော အသိပညာမှ အမှတ်တမဲ့ သင်ယူမိကြသည်။ သူရဲကောင်းများအဖြစ် မှတ်ယူခံရသော လူတို့၏ လုပ်ဆောင်မှုများမှလည်း ၎င်းတို့က အချို့သောအရာများကို လေ့လာသင်ယူကြသည်။ ဤသူရဲကောင်းတို့၏ လုပ်ဆောင်မှုများ ထဲတွင် စာတန်က လူသားအတွက် မည်သည့်အရာကို အားပေးထောက်ခံနေသနည်း။ စာတန်က လူ့အထဲတွင် မည်သည်ကို သွတ်သွင်းချင်သနည်း။ လူသားသည် မျိုးချစ်စိတ် ရှိရမည်၊ အမျိုးသားဂုဏ်သိက္ခာရှိကာ သူရဲကောင်းစိတ်ဓာတ် ရှိရမည် ဖြစ်သည်။ သမိုင်းဇာတ်လမ်းများ သို့မဟုတ် သူရဲကောင်းဆန်ဆန် ပုဂ္ဂိုလ်တို့၏ အတ္ထုပ္ပတ္တိများမှ လူသားသည် မည်သည့်အရာကို သင်ခန်းစာရသနည်း။ ပုဂ္ဂိုလ်ရေးဆိုင်ရာ သစ္စာရှိခြင်းအသိတစ်ခုရှိရန်၊ သို့မဟုတ် မိမိမိတ်ဆွေများနှင့် ညီအစ်ကိုများအတွက် မည်သည့်အရာကို မဆို လုပ်ဆောင်ရန် အဆင်သင့်ရှိဖို့ ဖြစ်သည်။ စာတန်၏ ဤအသိပညာအတွင်းတွင် လူသားသည် လုံးဝ အပြုသဘောဆောင်ခြင်း မရှိသည့် အရာများစွာကို အမှုမဲ့အမှတ်မဲ့ သင်ယူမိ၏။ လူသား၏ သတိမမူမိခြင်း အလယ်တွင်၊ စာတန် ပြင်ဆင်ပေးထားသော မျိုးစေ့တို့သည် လူတို့၏ မရင့်ကျက်သော စိတ်များထဲ၌ စိုက်ပျိုးခံရ၏။ ၎င်းတို့အနေဖြင့် ကြီးမြတ်သောသူများ ဖြစ်သင့်သည်၊ ကျော်ကြားသင့်သည်၊ သူရဲကောင်းများ ဖြစ်သင့်သည်၊ မျိုးချစ်စိတ် ရှိသင့်သည်၊ မိသားစုကို ချစ်သောသူများ ဖြစ်သင့်ပြီး၊ မိတ်ဆွေတစ်ဦးအတွက် ဘာမဆိုလုပ်ပေးကာ ပုဂ္ဂိုလ်ရေးဆိုင်ရာ သစ္စာရှိမှု အသိ ရှိသင့်သည်ဟူ၍ ဤမျိုးစေ့များက ၎င်းတို့ကို ခံစားစေလေသည်။ စာတန်၏ ဖြားယောင်းသွေးဆောင်ခြင်းခံရလျက်၊ ၎င်းတို့သည် စာတန် ပြင်ဆင် ပေးထားသည့်လမ်းကို အမှုမဲ့အမှတ်မဲ့ လျှောက်လှမ်းမိကြ၏။ ၎င်းတို့သည် ဤလမ်းအတိုင်း သွားကြသည်နှင့်အမျှ၊ စာတန်၏ ရှင်သန်နေထိုင်မှု စည်းကမ်းများကို အတင်းအကျပ် လက်ခံစေခြင်း ခံကြရသည်။ လုံးဝ သတိမမူမိဘဲလျက်၊ လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင် ရှင်သန်မှု စည်းမျဉ်းများ ဖြစ်ပေါ်စေ မိကြ၏။ သို့သော် ဤအရာများသည် ၎င်းတို့ထဲသို့ စာတန်က အတင်းအဓမ္မ သွတ်သွင်းခဲ့သည့် စာတန်၏ စည်းကမ်းများထက် ဘာမျှမပိုပေ။ သင်ယူခြင်းဖြစ်စဉ် အတွင်း၌၊ စာတန်သည် ၎င်းတို့ကို ကိုယ်ပိုင် ရည်မှန်းချက်များကို အားပေးသကဲ့သို့ ကိုယ်ပိုင်ဘဝ ပန်းတိုင်များ၊ လိုက်နာရမည့်စည်းကမ်းများနှင့် အသက်တာ ဦးတည်ချက်တို့ကို ဆုံးဖြတ်စေလေသည်၊ တစ်ချိန်တည်းမှာပင် ၎င်းတို့ ငါးစာဟပ်သည်အထိ လူတို့အား သွေးဆောင်ရန် ဇာတ်လမ်းများ၊ အတ္ထုပ္ပတ္တိများနှင့် အခြား ဖြစ်နိုင်သမျှ နည်းလမ်းများကို နည်းနည်းချင်းစီ အသုံးပြုကာ စာတန်၏ အမှုအရာများကို ၎င်းတို့ထဲသို့ သွင်းလေသည်။ ဤနည်းလမ်းဖြင့်၊ ၎င်းတို့၏ သင်ယူခြင်းဖြစ်စဉ် အတွင်း၌ လူအချို့သည် စာပေကို ကြိုက်နှစ်သက်လာကြ၏၊ အချို့က စီးပွားရေး၊ အချို့က နက္ခတ္တဗေဒ သို့မဟုတ် ပထဝီပညာရပ်ကို ကြိုက်နှစ်သက်လာ၏။ ထို့နောက် နိုင်ငံရေးကို ကြိုက်နှစ်သက်လာသူအချို့၊ ရူပဗေဒကို ကြိုက်သူအချို့၊ ဓါတုဗေဒကို ကြိုက်သူအချို့နှင့် ဘာသာရေးယုံကြည်မှုဆိုင်ရာ လေ့လာမှုပညာရပ်ကို ကြိုက်နှစ်သက်သူအချို့ပင် ရှိလာကြသည်။ ဤအရာအားလုံးသည် သာ၍ ကြီးမြတ်သော အရာတစ်ခုလုံး ဖြစ်သည့် အသိပညာ၏ အစိတ်အပိုင်းများဖြစ်၏။ သင်တို့နှလုံးသားများထဲ၌၊ ဤအရာတို့မှာ အမှန်တကယ် မည်သည့်အရာများဖြစ်ကြသည်ကို သင်တို့ တစ်ဦးချင်းစီတိုင်း သိကြသည်။ သင်တို့တစ်ဦးချင်းစီသည် ၎င်းအရာတို့နှင့် ယခင်က ထိတွေ့ခဲ့ပြီးသား ဖြစ်သည်။ ဤအသိပညာများ၏ ဤအတက်အလက်တို့ တစ်ခုမဟုတ် တစ်ခုအကြောင်း သင်တို့အသီးသီးသည် အဆုံးမရှိအောင် မရပ်မနား ပြောဆိုနိုင်ကြသည်။ ထို့ကြောင့် ဤအသိပညာသည် လူသားတို့၏ စိတ်ထဲ၌ မည်မျှ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ပြီးဖြစ်သည်မှာ သိသာလှသည်။ လူသား၏စိတ်ထဲတွင် ဤအသိပညာက ဝင်ရောက် ယူထားသည့် နေရာနှင့် ၎င်းတို့အပေါ်တွင် မည်မျှ နက်နက်နဲနဲ သက်ရောက်မှုရှိသည်ကို မြင်သာပေသည်။ လူတစ်ယောက်သည် အသိပညာ၏ ရှုထောင့်တစ်ခုကို ကြိုက်နှစ်သက်ပြီဆိုသည်နှင့် လူတစ်ယောက်၏ ထိုအရာကို နက်နက်ရှိုင်းရှိုင်း ချစ်မိသွားသောအခါ၊ ၎င်းတို့သည် ရည်မှန်းချက်များ အမှုမဲ့အမှတ်မဲ့ ဖြစ်ပေါ် လာကြလေသည်။ လူအချို့က စာရေးဆရာ ဖြစ်ချင်ကြသည်၊ အချို့သည် စာပေရေးသားသူများ ဖြစ်ချင်ကြသည်။ အချို့က နိုင်ငံရေးဖြင့် အသက်မွေးချင်ကြပြီး၊ အချို့သည် စီးပွားရေးတွင် ပါဝင်ပတ်သက်ပြီး စီးပွားရေးသမားများ ဖြစ်ချင်လာကြသည်။ ထို့နောက် သူရဲကောင်း ဖြစ်ချင်သော၊ ကြီးမြတ်ချင်သော သို့မဟုတ် ကျော်ကြားချင်သော လူတစ်စုလည်း ရှိ၏။ လူတစ်ယောက်သည် မည်သို့သောလူမျိုး ဖြစ်ချင်သည်ဖြစ်စေ၊ ၎င်းတို့၏ ပန်းတိုင်သည်ကား အသိပညာကို သင်ယူခြင်းဖြစ်သော ဤနည်းလမ်းကိုယူ၍ ကိုယ်ပိုင် ပန်းတိုင်များအတွက် အသုံးချရန်၊ ၎င်းတို့၏ကိုယ်ပိုင်ဆန္ဒများ၊ ကိုယ်ပိုင် ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန်တို့ပင် ဖြစ်သည်။ မည်မျှပင် ကောင်းမွန်သည့်သဘော ရှိပါစေ၊ ၎င်းတို့သည် ၎င်းတို့၏ မျှော်မှန်းချက်များကို ရယူချင် ကြသည်ဖြစ်စေ၊ ဘဝကို မဖြုန်းတီးချင်ကြသည်ဖြစ်စေ၊ သို့မဟုတ် အသက်မွေးဝမ်းကျောင်းတစ်ခုခု ရှိချင်ကြသည်ဖြစ်စေ၊ ၎င်းတို့သည် ဤသို့ မြင့်မားသော စံများနှင့် ရည်မှန်းချက်များကို ထားကြသော်လည်း၊ ထိုအရာ အားလုံးသည် အခြေခံအားဖြင့် မည်သည့်အရာအတွက် ဖြစ်သနည်း။ သင်တို့သည် ဤမေးခွန်းကို ယခင်က စဉ်းစားဖူးသလော။ စာတန်သည် အဘယ်ကြောင့် ဤနည်းလမ်းဖြင့် လုပ်ဆောင်သနည်း။ လူသား၏အထဲတွင် ဤအရာတို့ကို သွတ်သွင်းသည့် စာတန်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ သင်တို့၏နှလုံးသားများသည် ဤမေးခွန်း အပေါ်တွင် ရှင်းလင်းပြတ်သားနေရမည်။

စာတန်သည် လူသားကို ဖျက်ဆီးရန် အသိပညာကို မည်သို့အသုံးပြုသည်ကို ယခု ငါတို့ ဆွေးနွေးကြစို့။ ဦးစွာပထမ၊ ဤအရာများနှင့်သက်ဆိုင်သည့် ရှင်းလင်းသော သိနားလည်မှုတစ်ခု ငါတို့ ရှိရမည်။ အသိပညာဖြင့်၊ စာတန်သည် လူသားကို မည်သည့်အရာ ပေးချင်သနည်း။ မည်သည့်လမ်းမျိုးသို့ ၎င်းက လူသားကို ဦးဆောင်ချင် သနည်း။ (ဘုရားသခင်ကို ဆန့်ကျင်ခြင်း လမ်းဖြစ်ပါသည်။) ဟုတ်ပေ၏၊ ဘုရားသခင်ကို ဆန့်ကျင်စေရန် ဆိုသည်မှာ ဧကန်အမှန်ပင်ဖြစ်သည်။ ထိုသို့ဖြစ်လျှင် ဤသည်မှာ လူတို့ အသိပညာ ရယူခြင်း၏ အကျိုးဆက်တစ်ခုဖြစ်သည်- ၎င်းတို့သည် ဘုရားသခင်ကို စတင်ဆန့်ကျင်ကြလေသည်ကို သင်မြင်တွေ့နိုင် ပေသည်။ ဤသို့ဆိုလျှင် စာတန်၏ အန္တရာယ်ပြုမည့် လက္ခဏာရှိသော ရည်ရွယ်ချက်တို့သည် အဘယ်နည်း။ ဤအရာနှင့်ပတ်သက်၍ သင် မရှင်းမလင်းဖြစ်သည် မဟုတ်လော။ လူသား၏ အသိပညာ သင်ယူခြင်း ဖြစ်စဉ်အတွင်း၊ စာတန်သည် ဇာတ်လမ်းများကို ပြောပြခြင်းဖြစ်စေ၊ အသိပညာ တစ်စိတ်တစ်ပိုင်း ပေးလိုက်ခြင်း သက်သက် ဖြစ်စေ၊ သို့မဟုတ် လူတို့၏ ဆန္ဒများ သို့မဟုတ် ၎င်းတို့၏ ရည်မှန်းချက်များကို ဖြည့်ဆည်းခွင့် ပေးသည်ဖြစ်စေ နည်းလမ်းမျိုးစုံကို အသုံးပြု လေသည်။ စာတန်သည် သင့်ကို မည်သည့်လမ်းဖြင့် ခေါ်ဆောင်ချင်ပါသနည်း။ အသိပညာကို သင်ယူလေ့လာခြင်း နှင့် ပတ်သက်၍ မည်သည့်အရာမျှ မှားယွင်းခြင်း မရှိ၊ လုံးဝ သဘာဝကျသည်ဟု လူတို့က ထင်ကြ၏။ နှစ်သက်ဖွယ်ကောင်းသည့် နည်းလမ်းဖြင့် ပြောရမည် ဆိုလျှင်၊ မြင့်မားသော စံအယူအဆများ ရှိခြင်း သို့မဟုတ် ရည်မှန်းချက်များ ရှိခြင်းသည် ပြင်းပြသောဆန္ဒများ ရှိခြင်းဖြစ်ပြီး၊ ဤသည်မှာ အသက်တာတွင် မှန်ကန်သောလမ်း ဖြစ်သင့်သည်ဟု လူတို့က ထင်ကြသည်။ လူတို့သည် ၎င်းတို့၏ကိုယ်ပိုင် စံအယူအဆများအား ဖြစ်မြောက်စေနိုင်သည် သို့မဟုတ် ၎င်းတို့၏အသက်တာတွင် အသက်မွေးဝမ်းကျောင်းတစ်ခု အောင်မြင်စွာ ပြုနိုင်သည် ဆိုလျှင်၊ ထိုနည်းလမ်းသည် လူတို့အသက်ရှင်နေထိုင်ရန် အတွက် ပို၍ ဂုဏ်ဝင့်ဖွယ်ကောင်းသောနည်းလမ်း မဟုတ်လော။ ဤအရာများကို လုပ်ဆောင်ခြင်းအားဖြင့် လူတစ်ဦးသည် မိမိ၏ဘိုးဘေးများကို ဂုဏ်ပြုရုံသာမက၊ သမိုင်းတွင် မိမိ၏အမှတ်အသားတစ်ခု ကျန်ရစ်စေဖို့ အခွင့်အရေးတစ်ခုလည်း ရှိနိုင်ပေသည်- ဤသည်မှာ ကောင်းသော အရာတစ်ခု မဟုတ်သလော။ ဤသည်မှာ လောကီလူတို့၏အမြင်တွင် ကောင်းသောအရာတစ်ခု ဖြစ်နေပြီး၊ ၎င်းတို့အတွက်ကား သင့်လျော်ကာ အပြုသဘောဆောင်နေသင့်၏။ သို့ရာတွင် အန္တရာယ် ပြုမည့် လက္ခဏာရှိသော စေ့ဆော်မှုများရှိသည့် စာတန်သည် လူတို့ကို ဤလမ်းမျိုးဆီ ခေါ်ဆောင်ပြီးနောက်တွင်၊ ဤမျှသာလော။ လုံးဝ မဟုတ်ပေ။ အမှန်တွင် လူသား၏ စံအယူအဆများသည် မည်မျှမြင့်မားပါစေ၊ လူသား၏ ဆန္ဒများသည် မည်မျှ လက်တွေ့ကျပါစေ သို့မဟုတ် ၎င်းတို့သည် မည်မျှသင့်လျော်ပါစေ၊ လူသားက ရယူချင်သည့် အရာအားလုံး၊ လူသားက ရှာဖွေသည့်အရာ အားလုံးသည် စကားလုံးနှစ်လုံးနှင့် ခွဲခြား၍မရအောင် ချိတ်ဆက် နေ၏။ ဤစကားလုံးနှစ်လုံးသည် လူတိုင်း၏ အသက်တာအတွက် မရှိမဖြစ် အရေးပါလှပြီး ၎င်းတို့သည် စာတန်က လူသား၏အထဲသို့ သွတ်သွင်းရန် ရည်ရွယ်သော အရာများ ဖြစ်သည်။ ဤစကားလုံး နှစ်လုံးသည် မည်သည့်အရာများ ဖြစ်သနည်း။ ၎င်းတို့သည် “ကျော်ကြားမှု” နှင့် “အမြတ်အစွန်း” တို့ ဖြစ်၏။ စာတန်သည် လူတို့၏ အယူအဆများနှင့် အလွန်များစွာပူးပေါင်း ထားသော နည်းလမ်းဖြစ်သည့် လွန်စွာ သိမ်မွေ့ညင်သာသော နည်းလမ်းမျိုးကို အသုံးပြု၏။ ယင်းသည် လုံးဝ အစွန်းရောက်သော နည်းလမ်း မဟုတ်။ ယင်းမှတစ်ဆင့် ၎င်း၏ရှင်သန်ခြင်း နည်းလမ်း၊ လိုက်နာရမည့် သူ၏စည်းကမ်းများကို စာတန်က လူတို့အား အမှုမဲ့အမှတ်မဲ့ လက်ခံစေကာ၊ ဘဝပန်းတိုင်များနှင့် အသက်တာ ဦးတည်ချက်များကို ထူထောင်စေလေသည်၊ ထိုသို့ လုပ်ဆောင်ခြင်းဖြင့်၊ ၎င်းတို့သည် အသက်တာထဲတွင် ရည်မှန်းချက်များကိုလည်း အမှုမဲ့အမှတ်မဲ့ ရှိလာကြ လေသည်။ ဤဘဝရည်မှန်းချက်များက မည်မျှပင် ကြီးကျယ်ခမ်းနား ပုံရသည် ဖြစ်စေ၊ ဤအရာ တို့သည် “ကျော်ကြားမှု” နှင့် “အမြတ်အစွန်း” နှင့် ခွဲမရအောင် ချိတ်ဆက်ထားလေသည်။ အမှန်တကယ်၌ ကြီးမြတ်သော၊ ကျော်ကြားသော ပုဂ္ဂိုလ် မည်သူမဆို၊ လူအားလုံးတို့သည် အသက်တာတွင် ၎င်းတို့ လိုက်သည့်အရာသည် “ကျော်ကြားမှု” နှင့် “အမြတ်အစွန်း” ဟူသော ဤစကားလုံး နှစ်လုံးနှင့်သာ ဆက်စပ်နေသည်။ လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို ၎င်းတို့ ရကြသည်နှင့် တစ်ပြိုင်နက်၊ မြင့်မားသော အဆင့်အတန်းနှင့် ကြီးမားသော ကြွယ်ဝခြင်းတို့ကို ခံစားရန်နှင့် အသက်တာကို ပျော်မွေ့ရန် အတွက် ဤအရာများကို အကျိုးရှိအောင် အသုံးချနိုင်မည်ဟု ထင်ကြ၏။ ၎င်းတို့အနေဖြင့် ကျော်ကြားခြင်းနှင့် အမြတ်အစွန်းတို့ကို အပျော်အပါးလိုက်စားသည့် အသက်တာနှင့် ကာယိန္ဒြေမစောင့်ဘဲ ဇာတိပကတိ၌ ပျော်မွေ့ခြင်း အသက်တာကို ရရှိဖို့ အသုံးပြုနိုင်သည့် အရင်းအနှီးမျိုးဟု ထင်ကြလေသည်။ လူသားမျိုးနွယ် အလွန်တပ်မက်သည့် ဤကျော်ကြားခြင်းနှင့် အမြတ်အစွန်းတို့အတွက်၊ လူတို့သည် ၎င်းတို့၏ခန္ဓာနှင့် စိတ်၊ ၎င်းတို့တွင်ရှိသည်များ အားလုံး၊ ၎င်းတို့၏အနာဂတ်များနှင့် ကံကြမ္မာများအားလုံးကို အမှုမဲ့အမှတ်မဲ့ ဖြစ်သော်လည်း စိတ်လိုလက်ရဖြင့် စာတန်အား ပေးအပ်ကြလေ၏။ ထိုသူတို့သည် တုံ့ဆိုင်းခြင်း အလျှင်းမရှိသည့်အပြင်၊ ၎င်းတို့ လွှဲအပ်သမျှကို ပြန်၍ရယူရန် လိုအပ်သည်ကိုလည်း လုံးဝမသိနားမလည်ဘဲ ထိုသို့ပြုကြ၏။ လူတို့သည် စာတန်ထံတွင် ဤသို့ ခိုလှုံကြပြီး၊ ၎င်းအပေါ် သစ္စာရှိ သွားကြသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်ဦးမည်လော။ သေချာပေါက် မဖြစ်နိုင်ပေ။ စာတန်က ၎င်းတို့ကို လုံးဝအကြွင်းမဲ့ ထိန်းချုပ်ထားသည်။ ၎င်းတို့သည် နွံအိုင်ထဲသို့ လုံးဝအကြွင်းမဲ့ နစ်မြုပ်သွားကြပြီး ဖြစ်ကာ၊ မိမိကိုယ်ကိုယ် ပြန်ရုန်းထွက်ရန် မတတ်နိုင်ကြပေ။ လူတစ်ယောက်သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းတွင် နစ်မြုပ်သွားသည်နှင့်၊ တောက်ပသောအရာ၊ ဖြောင့်မတ်သောအရာ သို့မဟုတ် လှပ၍ ကောင်းမွန်သော အရာများကို ရှာဖွေခြင်း မရှိတော့ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူတို့အပေါ်တွင် ရှိသော ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့၏ ဆွဲဆောင်မှု အင်အားသည် ကြီးမားလွန်းသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် လူတို့အတွက် ဘဝတစ်လျှောက်လုံး လိုက်စားသည့် အရာများ၊ အဆုံးမရှိ ထာဝရလိုက်စားသည့် အရာများပင် ဖြစ်သွားကြ၏။ ဤသည်မှာ အမှန် မဟုတ်သလော။ လူအချို့က အသိပညာ သင်ယူခြင်း ဟူသည်မှာ ခေတ်နောက်ကျမကျန်ခဲ့စေရန် သို့မဟုတ် ကမ္ဘာကြီးတွင် နောက်ကျမကျန်စေရန်အတွက်၊ စာအုပ်များ ဖတ်ခြင်း သို့မဟုတ် ၎င်းတို့ မသိသေးသောအရာအချို့ကို လေ့လာသင်ယူခြင်းထက် မပိုဟု ဆိုကြသည်။ ၎င်းတို့ကိုယ်တိုင်၏ အနာဂတ်အတွက် သို့မဟုတ် အခြေခံ လိုအပ်မှုများကို ထောက်ပံ့ရန် ၎င်းတို့ ထမင်းစားပွဲတွင် စားစရာရှိနေရန်အတွက်သာ အသိပညာကို သင်ယူခြင်း ဖြစ်သည်ဟု ပြောကြလိမ့်မည်။ အခြေခံ လိုအပ်ချက်များ သက်သက်အတွက်၊ အစားအစာကိစ္စကို ဖြေရှင်းရန် သက်သက်အတွက်ဖြင့် ဆယ်စုနှစ်တစ်ခုစာ ပင်ပင်ပန်းပန်း လေ့လာ သင်ယူသည့် လူတစ်ဦးတလေ ရှိပါသလော။ ဤကဲ့သို့သောလူမျိုး တစ်ဦးမျှမရှိပေ။ သို့ဆိုလျှင် လူတစ်ဦးသည် ဤနှစ်များအားလုံးအတွက် အဘယ်ကြောင့် ဤဆင်းရဲဒုက္ခခံပါသနည်း။ ဤသည်မှာ ကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက်ဖြစ်သည်။ ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့သည် သူ့ကို လက်ယပ်ခေါ်လျက်၊ အဝေးတွင် စောင့်ကြို နေကြ၏။ ၎င်းတို့အနေဖြင့် မိမိတို့၏ကိုယ်ပိုင် လုံ့လဝီရိယ၊ အခက်အခဲများနှင့် ရုန်းကန်မှုများအားဖြင့်သာ ၎င်းတို့ကို ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့ကို ရရှိဖို့ ဦးဆောင်မည့် လမ်းကို လိုက်နိုင်သည်ဟု ယုံကြည်ကြလေသည်။ ထိုသို့သော လူသည် သူကိုယ်တိုင်၏ အနာဂတ် လမ်းကြောင်းအတွက်၊ အနာဂတ် ပျော်ရွှင်မှုအတွက်နှင့် ပို၍ကောင်းမွန်သော ဘဝတစ်ခုကို ရရှိဖို့ ဤသို့သော အခက်အခဲများကို ဒုက္ခခံရပေမည်။ ဤသည်မှာ မည်သို့သော အသိပညာနည်း၊ သင်တို့ ငါ့အား ပြောပြနိုင်သလော။ ထိုအရာသည် လူ့အထဲသို့ စာတန်သွတ်သွင်းထားသည့် “ပါတီကို ချစ်ပါ၊ နိုင်ငံကို ချစ်ပါ၊ မိမိဘာသာတရားကို ချစ်ပါ” နှင့် “ဉာဏ်အမြော်အမြင်ရှိသူတစ်ဦးသည် အခြေအနေကို နာခံ၏” ကဲ့သို့သော ရှင်သန်နေထိုင်ရန်အတွက် စည်းမျဉ်းများနှင့် အတွေးအမြင်များဖြစ်သည် မဟုတ်လော။ ၎င်းအရာသည် စာတန်က လူ့အထဲတွင် သွတ်သွင်းပေးလိုက်သည့် ဘဝ၏ “မြင့်မားသော စံများ” ဖြစ်သည်မဟုတ်လော။ ဥပမာဆိုရသော် ကြီးမြတ်သော လူတို့၏စိတ်ကူးများ၊ နာမည်ကျော်ကြားသူတို့၏ တည်ကြည်မှု သို့မဟုတ် လူစွမ်းကောင်းတို့၏ ရဲရင့်သောစိတ်ဓာတ်တို့ကို ကြည့်လော့။ သို့တည်းမဟုတ် သိုင်းဝတ္ထုများထဲမှ ဇာတ်လိုက်များ၊ ဓါးသမားများ၏ သူရဲကောင်းစိတ်ဓာတ်နှင့် ကြင်နာတတ်မှုတို့ကို ကြည့်လော့- ဤအရာများ အားလုံးသည် စာတန်က ဤစံများကို သွတ်သွင်းသည့် နည်းလမ်းများ ဖြစ်သည် မဟုတ်လော။ ဤအယူအဆတို့သည် မျိုးဆက်များ တစ်ခုပြီးတစ်ခုအပေါ် လွှမ်းမိုးလျက်ရှိနေသကဲ့သို့၊ မျိုးဆက်တစ်ခုစီ၏ လူတို့သည် ဤအယူအဆတို့ကို လက်ခံလာကြရ၏။ ၎င်းတို့သည် ၎င်းတို့၏ ဘဝများကိုပင် စွန့်လွှတ်အနစ်နာခံမည်ဖြစ်သော “မြင့်မားသော စံများ” နောက်သို့ လိုက်ရာတွင် အစဉ်သဖြင့် ရုန်းကန်ကြိုးစားကြသည်။ ဤသည်မှာ လူတို့ကို ဖောက်ပြန်ပျက်စီးစေရန်အတွက် အသိပညာကို စာတန်အသုံးပြုသော နည်းလမ်းနှင့် ချဉ်းကပ်မှုများဖြစ်သည်။ ဤသို့ဆိုလျှင် စာတန်သည် လူတို့ကို ဤလမ်းကြောင်းသို့ ဦးဆောင်ခေါ်ယူပြီးသည့်နောက်တွင် ၎င်းတို့သည် ဘုရားသခင်ကို နာခံကိုးကွယ်နိုင်ကြသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံပြီး သမ္မာတရားကို လိုက်စားနိုင်ကြသလော။ လုံးဝ မလုပ်ဆောင်နိုင်ကြပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် စာတန်၏ လမ်းလွဲစေခြင်းကို ခံရပြီးဖြစ်သောကြောင့်ဖြစ်သည်။ စာတန်က လူတို့ထဲတွင် သွတ်သွင်းထားသော အသိပညာ၊ အတွေးများနှင့် ထင်မြင်ချက်များကို နောက်တစ်ဖန် ကြည့်ကြစို့။ ဤအရာတို့တွင် ဘုရားသခင်ကို နာခံခြင်းနှင့် ဘုရားသခင်ကို ကိုးကွယ်ခြင်းဆိုင်ရာ သမ္မာတရားများ ပါဝင်သလော။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းမှုကို ရှောင်ခြင်းဆိုင်ရာ သမ္မာတရားများ ရှိသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်တစ်ခုတလေ ရှိသလော။ ယင်းတို့အထဲတွင် သမ္မာတရားနှင့် သက်ဆိုင်သည့်အရာ တစ်ခုခုရှိသလော။ လုံးဝ မရှိပေ။ ဤအရာများ လုံးဝကင်းမဲ့နေ၏။ လူတို့အထဲသို့ စာတန်သွတ်သွင်းထားသောအရာများတွင် မည်သည့်သမ္မာတရားမျှ မပါဝင်သည်ကို သင်သေချာသိနိုင်သလော။ သင်မပြောရဲပေ။ သို့သော် ကိစ္စမရှိ။ “ကျော်ကြားမှု” နှင့် “အမြတ်အစွန်း” ဆိုသည်မှာ လူတို့ကို ဆိုးယုတ်သည့် လမ်းကြောင်းသို့ ဖြားယောင်းဖို့ စာတန်က အသုံးပြုသည့် အဓိက စကားလုံးနှစ်ခုဖြစ်ကြောင်းကို သင် သိမြင်သရွေ့၊ လုံလောက်ပြီဖြစ်သည်။

ယခုအထိ ဆွေးနွေးခဲ့သည်များကို အကျဉ်းချုံး ပြန်သုံးသပ် ကြည့်ကြစို့- လူသားအား သူ၏ထိန်းချုပ်မှု အတွင်းတွင် အခိုင်အမာ ထားရှိရန် စာတန်သည် မည်သည့်အရာကို အသုံးပြုသနည်း။ (ကျော်ကြားမှုနှင့် အမြတ်အစွန်း ဖြစ်ပါသည်။) ထို့ကြောင့် လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက်သာ စဉ်းစားတတ်တော့သည် အထိဖြစ်အောင်၊ ၎င်းတို့၏ အတွေးများကို ထိန်းချုပ်ရန်အတွက် စာတန်သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို အသုံးပြု၏။ ၎င်းတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် ရုန်းကန်လှုပ်ရှား ကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် အခက်အခဲများကို ခံကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက် အရှက်ရခြင်းများကို ကြံ့ကြံ့ခံကြ၏၊ ကျော်ကြားမှု နှင့် အမြတ်အစွန်း အတွက် ၎င်းတို့တွင် ရှိသမျှအရာတိုင်းကို စွန့်လွှတ်ကြသကဲ့သို့၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့အတွက် မည်သို့သော အကဲဖြတ်မှု၊ ဆုံးဖြတ်မှုကိုမဆို ၎င်းတို့က ပြုလုပ်ကြလိမ့်မည်။ ဤနည်းလမ်းဖြင့် စာတန်သည် လူတို့အား မမြင်နိုင်သော အချုပ်အနှောင်တို့နှင့် ချည်နှောင်ပြီး လူတို့သည် ၎င်းတို့ကို တွန်းလှန်ရန် အင်အားမရှိသလို သတ္တိလည်းမရှိကြပေ။ ၎င်းတို့သည် ဤအချုပ်အနှောင်တို့အား အမှုမဲ့အမှတ်မဲ့ သယ်ဆောင်ကြပြီး ကြီးစွာသော အခက်အခဲဖြင့် ရှေ့သို့ဆက်ကာသာ ရုန်းကြရ၏။ ဤကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက် အလို့ငှာ၊ လူသားမျိုးနွယ်သည် ဘုရားသခင်ကို ရှောင်ကြဉ်၍၊ ကိုယ်တော်အား သစ္စာဖောက်ပြီး၊ တိုး၍ ဆိုးယုတ် လာကြသည်။ ထို့ကြောင့် ဤနည်းဖြင့် မျိုးဆက်တစ်ခုပြီး တစ်ခုသည် စာတန်၏ ကျော်ကြားခြင်းနှင့် အမြတ်အစွန်း အကြားတွင် ဖျက်ဆီးခံကြရ၏။ စာတန်၏ လုပ်ဆောင်မှုတို့ကို ယခု ကြည့်သည့်အခါ၊ ၎င်း၏ အန္တရာယ်ရှိသော ရည်ရွယ်ချက်တို့သည် လုံးဝ စက်ဆုပ်စရာကောင်းသည် မဟုတ်လော။ သင်တို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်း မပါလျှင် အသက်မရှင်နိုင်ဟု ထင်သည့်အတွက်ကြောင့်၊ စာတန်၏ အန္တရာယ်ရှိသော ရည်ရွယ်ချက်တို့ကို ယနေ့တွင် မြင်ကောင်း မြင်နိုင်ကြမည် မဟုတ်ပေ။ လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို ချန်ထားခဲ့မည်ဆိုလျှင်၊ ၎င်းတို့အနေဖြင့် ရှေ့ခရီးလမ်းကို မြင်နိုင်တော့မည် မဟုတ်၊ ၎င်းတို့၏ ပန်းတိုင်များကို မြင်နိုင်တော့မည်မဟုတ်၊ ၎င်းတို့၏ အနာဂတ်သည်လည်း မှေးမှိန် မှောင်မိုက်လာမည်ဟု ထင်ကြ၏။ သို့ရာတွင် ကျော်ကြားမှုနှင့် အမြတ်အစွန်း ဟူသည် စာတန်က လူသားကို ချည်နှောင်ရန် အသုံးပြုသည့် ကြောက်မက်ဖွယ် ကောင်းသော အချုပ်အနှောင်များ ဖြစ်သည် ဆိုသည်ကို သင်တို့ အားလုံးသည် တစ်နေ့တွင် တဖြည်းဖြည်းဖြင့် သိမြင်လာကြလိမ့်မည်။ ထိုနေ့ရောက်သောအခါ၊ သင်သည် စာတန်၏ ထိန်းချုပ်မှုကို လုံးလုံးလျားလျား ခုခံမည်ဖြစ် သကဲ့သို့၊ စာတန်က သင့်အား ချည်နှောင်ရန် အသုံးပြုသည့် အချုပ်အနှောင်များကိုလည်း လုံးလုံးလျားလျား ခုခံလိမ့်မည်။ စာတန်က သင်၌ သွတ်သွင်းထားသော အရာအားလုံးကို သင်လွှင့်ပစ်ချင်သည့် အချိန်ကျသည့်အခါ၊ သင်သည် စာတန်နှင့် ပြတ်ပြတ်သားသား လမ်းခွဲလိမ့်မည်ဖြစ်ကာ၊ စာတန်က သင့်ထံသို့ ယူဆောင်လာသော အရာအားလုံးကိုလည်း အမှန်ပင် ရွံရှာမုန်းတီး လိမ့်မည် ဖြစ်သည်။ ထိုအချိန်တွင်မှ လူသားမျိုးနွယ်သည် ဘုရားသခင် အတွက် စစ်မှန်သည့် ချစ်ခြင်းနှင့် တမ်းတခြင်း ရှိလိမ့်မည်။

(ခ) လူသားကို ဖောက်ပြန်ပျက်စီးစေရန် စာတန်က သိပ္ပံပညာကို အသုံးပြုသည်

စာတန်သည် လူသားကို ဖျက်ဆီးရာတွင် အသိပညာကို မည်သို့အသုံးပြုသည်ဆိုသည့် အကြောင်းကို ယခုပင် ငါတို့ ဆွေးနွေးပြောဆိုပြီးလေပြီ။ ထို့ကြောင့် စာတန်သည် လူသားကို ဖျက်ဆီးရန် သိပ္ပံကို မည်သို့အသုံးပြုသည်ဆိုသည့် အကြောင်းကို နောက်ထပ် မိတ်သဟာယပြုကြစို့။ ဦးစွာပထမ၊ သိပ္ပံကို လေ့လာကာ လျှို့ဝှက်ဆန်းကြယ်မှုများကို စူးစမ်းချင်သော လူသား၏ သိချင်စိတ်ပြင်းပြမှု၊ လူသား၏ဆန္ဒကို ဖြည့်ဆည်းပေးရန် စာတန်သည် သိပ္ပံ၏နာမည်ကို အသုံးပြု၏။ စာတန်သည် သိပ္ပံအတွက်ကြောင့် လူသား၏ ရုပ်ဝတ္ထု လိုအပ်ချက်များနှင့် ၎င်းတို့၏ဘဝအရည်အသွေးကို မပြတ်တမ်းမြှင့်တင်ရန် လူသား၏ တောင်းဆိုချက်ကို ဖြည့်ဆည်း ပေး၏။ ထို့ကြောင့် စာတန်သည် ဤမူမမှန်သော အကြောင်းပြချက်ဖြင့် လူသားကို ဖျက်ဆီးရန် သိပ္ပံကို အသုံးပြုခြင်းဖြစ်သည်။ စာတန်က သိပ္ပံကို ဤနည်းဖြင့် အသုံးပြုလျက် ဖျက်စီးသည်မှာ လူသား၏ အတွေးအခေါ် သို့မဟုတ် လူသား၏ စိတ်သာ ဖြစ်သလော။ ငါတို့အနေဖြင့် မြင်နိုင်ပြီး ထိတွေ့လာရသည့် ငါတို့ပတ်ဝန်းကျင်ရှိ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများထဲမှ အခြားမည်သည့်အရာကို စာတန်သည် သိပ္ပံကို အသုံးပြု၍ ဖျက်ဆီးသနည်း။ (သဘာဝပတ်ဝန်းကျင် ဖြစ်ပါသည်။) မှန်သည်။ သင်တို့သည် ဤအရာကြောင့် အလွန်အမင်း ဒုက္ခရောက်ကြပြီးဖြစ်ကာ အလွန်အမင်း ထိခိုက်ခံရကြပြီးဖြစ်ပုံပေါ်သည်။ လူသားကို လှည့်စားရန်အတွက် အမျိုးမျိုးသော ရှာဖွေတွေ့ရှိချက်များနှင့် သိပ္ပံဆိုင်ရာ ကောက်ချက်များ အားလုံးကို အသုံးပြုခြင်းအပြင်၊ စာတန်သည် ဘုရားသခင်က လူသားတို့ကို ပေးထားခဲ့သည့် ရှင်သန်နေသော ပတ်ဝန်းကျင်အား အကြောင်းမဲ့ ဖျက်ဆီးခြင်းနှင့် အကျိုးအမြတ်ထုတ်ခြင်းတို့ ဆောင်ရွက်ရန် သိပ္ပံကိုလည်း နည်းလမ်းတစ်ခုအနေနှင့် အသုံးပြု၏။ လူသားသည် သိပ္ပံဆိုင်ရာ သုတေသနကို ဆောင်ရွက်ပါက၊ လူသား၏ ရှင်သန်နေသော ပတ်ဝန်းကျင်နှင့် ဘဝ အရည်အသွေးတို့သည် ဆက်လက်တိုးတက်လိမ့်မည်ဖြစ်သည့်အပြင်၊ သိပ္ပံပညာ တိုးတက်ခြင်း၏ ရည်ရွယ်ချက်မှာ လူသား၏ နေ့စဉ်တိုးလာနေသော ရုပ်ဝတ္ထုလိုအပ်ချက်များနှင့် ၎င်းတို့၏ ဘဝအရည်အသွေးကို အဆက်မပြတ် တိုးတက်စေရန် လိုအပ်မှုတို့ကို ဖြည့်တင်းပေးရန် ဖြစ်သည် ဆိုသည့် မူမမှန်သည့် အကြောင်းပြချက် အောက်တွင် စာတန်သည် ဤအရာကို လုပ်ဆောင် လေသည်။ ဤသည်မှာ စာတန်၏ သိပ္ပံတိုးတက်မှုနှင့်ဆိုင်သည့် အယူအဆရေးရာ အခြေခံ အကြောင်းရင်း ဖြစ်သည်။ သို့ရာတွင်၊ သိပ္ပံက လူသားမျိုးနွယ်ထံ မည်သည့်အရာကို ဆောင်ယူပြီး ဖြစ်သနည်း။ ငါတို့၏ အသက်ရှင်သော ပတ်ဝန်းကျင်နှင့် လူသားမျိုးနွယ်အားလုံး၏ အသက်ရှင်သော ပတ်ဝန်းကျင်သည် ညစ်ညမ်းနေပြီ မဟုတ်လော။ လူတို့ရှူရှိုက်သော လေသည် ညစ်ညမ်းနေပြီ မဟုတ်လော။ ငါတို့သောက်သော ရေသည် ညစ်ညမ်းနေပြီ မဟုတ်လော။ ငါတို့စားသော အစားအစာသည် ဓာတုပစ္စည်းများမပါဘဲ သဘာဝအတိုင်း ဖြစ်သေးသလော။ အစေ့အဆန်များနှင့် ဟင်းသီးဟင်းရွက်အများစုကို မျိုးဗီဇ ပြုပြင်မွမ်းမံထားကြသည်၊ ယင်းတို့ကို ဓာတ်မြေသြဇာဖြင့် စိုက်ပျိုးကြသည်၊ အချို့မှာ သိပ္ပံပညာကို အသုံးပြုပြီး ဖန်တီးထားသော မျိုးကွဲများဖြစ်သည်။ ငါတို့စားသုံးသည့် ဟင်းသီးဟင်းရွက်တို့နှင့် အသီးအနှံတို့သည် သဘာဝအတိုင်း မဟုတ်တော့ပေ။ သဘာဝအတိုင်းဖြစ်သော ကြက်ဥ တစ်လုံးကိုပင် ရှာတွေ့ဖို့ မလွယ်သလို၊ ကြက်ဥများသည် စာတန်၏ သိပ္ပံဟူသော အရာဖြင့် ပြုပြင်ခံထားရနှင့်ပြီးဖြစ်လျက်၊ ယခင်ရှိခဲ့ဖူးသော အရသာမျိုး မရှိတော့ပေ။ ခြုံ၍ကြည့်ပါက၊ လေထု တစ်ခုလုံးသည် ဖျက်ဆီးခံထားရပြီး၊ ညစ်ညမ်းပြီး ဖြစ်သည်။ တောင်တန်းများ၊ ရေကန်များ၊ သစ်တောများ၊ မြစ်များ၊ သမုဒ္ဒရာများနှင့် မြေပြင် အထက်အောက်ရှိ အရာအားလုံးတို့မှာ သိပ္ပံဆိုင်ရာ အောင်မြင်မှု ဟုဆိုသော အရာကြောင့် အားလုံး ပျက်စီးပြီးဖြစ်သည်။ အကျဉ်းချုပ်အားဖြင့်၊ ဘုရားသခင်က လူသားမျိုးနွယ်ကို ပေးအပ်ခဲ့သည့် သဘာဝ ပတ်ဝန်းကျင်တစ်ခုလုံး၊ ရှင်သန်နေသော ပတ်ဝန်းကျင်သည် သိပ္ပံဟူသောအရာကြောင့် ဖျက်စီးခံရကာ ပျက်စီးပြီးဖြစ်သည်။ လူအများအပြားတို့သည် ၎င်းတို့ ရှာဖွေသည့် ဘဝ၏ အရည်အသွေးအရ မိမိတို့၏ စိတ်ဆန္ဒများနှင့် ကိုယ်ခန္ဓာ နှစ်ခုလုံးကို ဖြည့်ဆည်းရင်း ၎င်းတို့ အမြဲမျှော်လင့်ခဲ့သည့်အရာကို ရရှိပြီးဖြစ်သည့် လူများစွာ ရှိသော်လည်း၊ လူသားနေထိုင်သည့် ပတ်ဝန်းကျင်မှာ သိပ္ပံက ယူဆောင်ခဲ့သည့် “အောင်မြင်မှု” အမျိုးမျိုးတို့ကြောင့် အခြေခံအားဖြင့် ဖျက်ဆီးခံရကာ ပျက်စီးပြီး ဖြစ်သည်။ ယခုအချိန်တွင်၊ သန့်ရှင်းသည့် လေတစ်ရှိုက်ကိုပင် ကျွန်ုပ်တို့ ရှူခွင့် မရှိကြတော့ပေ။ ဤသည်မှာ လူသားမျိုးနွယ်၏ သောကရောက်စရာ ဖြစ်သည်မဟုတ်လော။ ဤနေရာမျိုး၌ နေထိုင်ရမည့် အချိန်တွင်၊ လူသားအတွက် ပြောပြစရာ ပျော်ရွှင်မှု တစ်ခုတစ်လေ ရှိပါသလော။ လူသား အသက်ရှင် နေထိုင်သည့် ဤနေရာနှင့် ရှင်သန်သော ပတ်ဝန်းကျင်သည် အစအဦးကတည်းက လူသားအတွက် ဘုရားသခင် ဖန်ဆင်းခဲ့ခြင်းဖြစ်၏။ လူတို့ သောက်သုံးသော ရေ၊ လူတို့ရှူရှိုက်သော လေ၊ လူတို့စားသုံးသော အစားအစာအမျိုးမျိုးနှင့် အပင်များ၊ သက်ရှိသတ္တဝါများအပြင် တောင်များ၊ ရေကန်များနှင့် သမုဒ္ဒရာများသည်ပင်— ဤရှင်သန်နေသော ပတ်ဝန်းကျင်၏ အစိတ်အပိုင်းတိုင်းကို လူသားအား ဘုရားသခင်က ပေးခဲ့ခြင်းဖြစ်သည်။ ယင်းသည် ဘုရားသခင် ချမှတ်ပေးခဲ့သည့် သဘာဝနိယာမနှင့်အညီ လည်ပတ်လျက် သဘာဝအလျောက် ဖြစ်လေသည်။ သိပ္ပံပညာမရှိလျှင် လူတို့သည် ၎င်းတို့အပေါ် ဘုရားသခင်ပေးအပ်ခဲ့သည့် နည်းလမ်းများနောက်သို့ လိုက်ဆဲဖြစ်လိမ့်မည်၊ မူလအတိုင်းဖြစ်ပြီး သဘာဝအတိုင်းဖြစ်သော အရာအားလုံးကို ခံစားနိုင်မည်ဖြစ်ပြီး ပျော်ရွှင်ကြလိမ့်မည်။ သို့ရာတွင် ယခုအချိန်၌ ဤအရာအားလုံးကို စာတန်က ဖျက်ဆီးထား၍ ပျက်စီးခဲ့လေပြီ။ လူသား၏ အဓိက အသက်ရှင်နေထိုင်ရာနေရာသည် သန့်ရှင်းခြင်း မရှိတော့ပေ။ သို့သော် ဤအရာကို မည်သည့်အရာက ဖြစ်စေခဲ့သည် သို့မဟုတ် ဤအရာ မည်သို့ ဖြစ်လာသည်ကို အဘယ်သူကမျှ သတိမပြုမိနိုင် ကြသလို၊ ပို၍ပင် များပြားသောလူတို့သည် သိပ္ပံပညာကို ချဉ်းကပ်ကြပြီး ၎င်းတို့ထံတွင် စာတန် သွတ်သွင်းထားသော အယူအဆများမှတဆင့် သိပ္ပံကို သိနားလည်ကြလေသည်။ ဤသည်မှာ အလွန် စက်ဆုပ်ဖွယ်ကောင်းပြီး၊ သနားစဖွယ်ဖြစ်သည် မဟုတ်လော။ ယခုအချိန်တွင် စာတန်သည် လူတို့ တည်ရှိသည့်နေရာအပြင် ၎င်းတို့ ရှင်သန်သည့် ပတ်ဝန်းကျင်ကို နေရာယူထားပြီး ၎င်းတို့ကို ဤအခြေအနေထဲသို့ ပျက်စီးစေလျက်နှင့် ဤနည်းဖြင့် လူသားမျိုးနွယ်သည် ဆက်လက်တိုးတက်နေရင်းဖြင့်၊ ဘုရားသခင်အတွက် ဤလူတို့ကို ကိုယ်တိုင်ကိုယ်ကျ ဖျက်ဆီးရန် လိုအပ်မှုတစ်ခုတစ်လေ ရှိပါသလော။ လူသားမျိုးနွယ်သည် ဤအတိုင်း ဆက်၍ တိုးတက်ပါက၊ မည်သည့်လားရာသို့ ၎င်းတို့ ဦးတည်မည်နည်း။ (၎င်းတို့ မျိုးဖြုတ်ခံရကြပါလိမ့်မည်။) ၎င်းတို့ မည်သို့ မျိုးဖြုတ်ခံရကြမည်နည်း။ ကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက် လူသား၏ လောဘတကြီး ရှာဖွေမှုအပြင်၊ ၎င်းတို့သည် သိပ္ပံဆိုင်ရာ စူးစမ်းရှာဖွေခြင်းများနှင့် သုတေသနကို နက်နက်နဲနဲ ပြုလုပ်ပြီးနောက်၊ ၎င်းတို့၏ ကိုယ်ပိုင် ရုပ်ဝတ္ထုလိုအပ်ချက်များ၊ စိတ်ဆန္ဒများကို ဖြည့်ဆည်းဖို့ ထိုသို့သော နည်းလမ်းဖြင့် မရပ်မနား ဆောင်ရွက် ကြလေသည်။ ထိုသို့ဆိုလျှင် လူသားအတွက် အကျိုးဆက်များမှာ အဘယ်နည်း။ ဦးဆုံးအနေဖြင့်၊ ဂေဟစနစ်ဆိုင်ရာ ဟန်ချက်ညီမှုက ကျိုးပျက်သွားပြီဖြစ်ပြီး ဤအရာ ဖြစ်ပျက်သည့်အချိန်တွင် လူတို့၏ ကိုယ်ခန္ဓာများ၊ ၎င်းတို့၏ အတွင်းအင်္ဂါများသည် ဤဟန်ချက်မညီသည့် ပတ်ဝန်းကျင်အားဖြင့် စွန်းထင်းကာ ထိခိုက်ခဲ့ရကြပြီး၊ ကူးစက်တတ်သော ရောဂါအမျိုးမျိုးနှင့် ကပ်ရောဂါတို့ သည်လည်း ကမ္ဘာလောကအနှံ့ ပျံ့နှံ့ကြ၏။ ဤသည်မှာ လူသားအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေ တစ်ခုဖြစ်သည်မှာ မှန်သည်မဟုတ်လော။ ယခုအချိန်တွင် သင်တို့သည် ဤအရာကို နားလည်၏၊ လူသားမျိုးနွယ်သည် ၎င်းတို့ကိုယ်၎င်းတို့ အဆက်မပြတ် ကြွယ်ဝစေရန် အသိပညာကို အသုံးပြုရင်း၊ လူ့ဘဝ၏ အနာဂတ်ကို မရပ်မနား စူးစမ်းလေ့လာရန် သိပ္ပံပညာကို အသုံးပြုရင်း၊ ဆက်လက် ရှင်သန်ရန်အတွက် ဤသို့သော နည်းလမ်းကို အသုံးပြုရင်းဖြင့်၊ ဘုရားသခင်၏ နောက်ကို မလိုက်ဘဲ၊ စာတန်နောက်ကိုသာ ဤနည်းဖြင့် အမြဲလိုက်လျှောက်ပါက- လူသားမျိုးနွယ် အတွက် ဤအရာ မည်သို့ အဆုံးသတ်မည်ကို သင် သတိပြုမိနိုင်သလော။ လူသားမျိုးနွယ်သည် သဘာဝအလျောက် မျိုးသုဉ်းသွားလိမ့်မည်။ တစ်ဆင့်ချင်းဖြင့် လူသားမျိုးနွယ်သည် ပျက်စီးခြင်းသို့၊ ၎င်းတို့ကိုယ်တိုင်၏ ပျက်စီးခြင်းသို့ ဦးတည်သွားနေသည်။ ဤသည်မှာ မိမိတို့ကိုယ်ကိုအပေါ်သို့ ပျက်စီးခြင်း ဆိုက်ရောက်အောင် လုပ်နေခြင်းဖြစ်သည် မဟုတ်လော။ ဤသည်မှာ သိပ္ပံတိုးတက်မှု၏ အကျိုးဆက်မဟုတ်သလော။ အမှုအရာများကို သင်တို့ ခွဲခြားသိမြင်ရန် ကြိုးစားသည့်အခါ ဇဝေဇဝါဖြင့်သာ လုပ်မိကြဖို့အလို့ငှာ သိပ္ပံဟူသည် ယခုအချိန်တွင် လူသားအတွက် စာတန်ပြင်ဆင်ထားသော မှော်ဆေးရည်တစ်မျိုးအလား ထင်ရ၏။ မည်မျှပင် ကြိုးစား၍ ကြည့်သည်ဖြစ်စေ၊ အမှုအရာများကို သင်တို့ ရှင်းလင်းစွာ မမြင်နိုင်သကဲ့သို့၊ မည်မျှပင် ကြိုးစားသည်ဖြစ်စေ ယင်းအရာတို့ကို အဖြေမရှာနိုင် ကြပေ။ သို့ရာတွင် စာတန်သည် သင်၏အာသီသကို ပြင်းပြလာစေရန်နှင့် သင့်အား နဖားကြိုးတပ်ကာ အသူရာချောက်နက် နှင့် သေမင်းဆီသို့ တစ်လှမ်းချင်း ဆက်လျှောက်စေရန် သိပ္ပံ၏နာမည်ကို အသုံးပြုလေသည်။ ဤသို့ဖြစ်သောကြောင့် အမှန်တကယ်တွင် လူသား၏ ပျက်စီးခြင်းသည် စာတန်၏လက်ကြောင့် ဖြစ်လာရပြီး စာတန်က ခေါင်းဆောင်ဖြစ်သည်ကို လူတို့သည် ရှင်းရှင်းလင်းလင်း မြင်ကြလိမ့်မည်။ ဤသို့ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ လူကို စာတန် ဖောက်ပြန်ပျက်စီးစေသည့် ဒုတိယနည်းလမ်း ဖြစ်၏။

(ဂ) လူသားကို ဖောက်ပြန်ပျက်စီးစေရန် စာတန်က ရိုးရာယဉ်ကျေးမှုကို အသုံးပြုသည်

ရိုးရာယဉ်ကျေးမှုသည် လူကို စာတန် ဖျက်ဆီးသည့် တတိယနည်းလမ်းဖြစ်၏။ ရိုးရာယဉ်ကျေးမှုနှင့် အယူသီးမှုတွင် ဆင်တူမှုများစွာ ရှိသော်လည်း၊ ကွာခြားချက်မှာ ရိုးရာယဉ်ကျေးမှု၌ အချို့သော ဇာတ်လမ်းပုံပြင်များ၊ သွယ်ဝိုက် ရည်ညွှန်းချက်များနှင့် ဇာစ်မြစ်များရှိ၏။ စာတန်သည် လူတို့ကို ရိုးရာယဉ်ကျေးမှု သို့မဟုတ် အယူသီးသော ပုဂ္ဂိုလ်များနှင့်သက်ဆိုင်သော နက်ရှိုင်းသည့် အထင်ကြီးမှုများ ကျန်ရစ်စေလျက် ရိုးရာပုံပြင်များစွာ သို့မဟုတ် သမိုင်းစာအုပ်များထဲတွင် မြင်ရသည့် ဇာတ်လမ်းများကို လုပ်ကြံဖန်တီး ထားလေသည်။ ဥပမာအားဖြင့်၊ တရုတ်ပြည်တွင် “ပင်လယ်ကို ဖြတ်သော မသေမျိုးရှစ်ဦး”၊ “အနောက်ဘက်သို့ ခရီး”၊ “ကျောက်စိမ်း ဧကရာဇ်”၊ “နဂါးဘုရင်ကို အောင်နိုင်သော နီကျား” နှင့် “နတ်ဘုရားတို့၏ အာဏာအပ်နှင်းပွဲ” တို့ ရှိ၏။ ဤအရာတို့သည် လူ၏ စိတ်ထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်လာပြီ မဟုတ်လော။ သင်တို့ထဲမှ အချို့သည် အသေးစိတ် အားလုံးကို သိပင် မသိသော်ငြား၊ ယေဘုယျ ဇာတ်လမ်းများကို သင်တို့ သိကြလိမ့်ဦးမည်ဖြစ်ပြီး သင်တို့ မမေ့နိုင်ဖို့အလို့ငှာ သင်၏နှလုံးသားနှင့် သင်၏စိတ်ထဲတွင် ကပ်ငြိနေသည်မှာ ဤယေဘုယျ အကြောင်းအရာဖြစ်ပေသည်။ ဤအရာတို့သည် စာတန်က လူသားအတွက် အချိန်ကြာမြင့်စွာ ကတည်းက ပြင်ဆင်ထားခဲ့သည့် အမျိုးမျိုးသော အယူအဆများ သို့မဟုတ် ဒဏ္ဍာရီများ ဖြစ်ပြီး၊ ယင်းသည် မတူသောအချိန်များတွင် ဖြန့်ဖြူးထားပြီးဖြစ်ပေသည်။ ဤအရာတို့သည် လူတို့၏ ဝိညာဉ်များကို တိုက်ရိုက် ထိခိုက်စေကာ တိုက်စားပစ်ပြီး၊ ဖမ်းစားခြင်းတစ်ခုပြီး တစ်ခုအောက်တွင် လူတို့ကို ထားလေ၏။ ဆိုလိုသည်မှာ ထိုသို့သော ရိုးရာယဉ်ကျေးမှု၊ ပုံပြင်များ သို့မဟုတ် အယူသီးသော အရာတို့ကို သင် လက်ခံပြီးသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် သင်၏ စိတ်ထဲတွင် အခြေခိုင်သွားသည် နှင့်တစ်ပြိုင်နက်၊ ပြီးလျှင် သင်၏ နှလုံးသားထဲတွင် ၎င်းတို့ ကပ်ငြိသည်နှင့်တစ်ပြိုင်နက်၊ ယင်းမှာ သင်သည် ညှို့ယူဖမ်းစား ခံထားရသည့်အလား ဖြစ်သည်- သင်သည် ဤယဉ်ကျေးမှုဆိုင်ရာ အဆောင်အယောင် အဆင်တန်ဆာများ၊ ဤအယူအဆများနှင့် ရိုးရာဇာတ်လမ်းပုံပြင်တို့အားဖြင့် ရုန်းမထွက်သာအောင်မိနေပြီး လွှမ်းမိုးခံလာရလေသည်။ ၎င်းတို့သည် သင်၏ဘဝ၊ သင်၏ ဘဝပေါ် အမြင်နှင့် အမှုအရာများအပေါ် သင်၏ ဝေဖန်ပိုင်းခြားမှုကို လွှမ်းမိုး၏။ ထို့ထက်ပို၍ အသက်တာ၏ စစ်မှန်သောလမ်းခရီးအတွက် သင်၏ လိုက်စားမှုကို ၎င်းတို့က လွှမ်းမိုးလေသည်။ ဤသည်မှာ ဧကန်အမှန် ဆိုးယုတ်သော မန္တန်တစ်ခုဖြစ်၏။ သင် ကြိုးစားနိုင်သမျှ ကြိုးစားလော့၊ ၎င်းတို့ကို ခါချမရနိုင်ပေ။ ၎င်းတို့ကို သင်ခုတ်ဖြတ် ပစ်သော်ငြား၊ ခုတ်လှဲမရနိုင်ပေ၊ သင်သည် ၎င်းတို့ကို ရိုက်နှက် သော်ငြား၊ ၎င်းတို့ကို အနိုင်မရနိုင်အောင်ရှိ၏။ ထို့အပြင် လူတို့သည် ဤသို့သော မန္တန်အောက်တွင် အမှုမဲ့အမှတ်မဲ့ဖြင့် ထားရှိခံရပြီးနောက်၊ ၎င်းတို့၏ နှလုံးသားများထဲတွင် စာတန်၏ပုံရိပ်ကို မွေးမြူရင်း စာတန်အား အမှုမဲ့အမှတ်မဲ့ဖြင့် စတင်ကိုးကွယ်ကြ လေသည်။ တစ်နည်းဆိုရသော်၊ ၎င်းတို့သည် စာတန်အား ၎င်းတို့အတွက် ကိုးကွယ်ပြီး ကြည်ညို လေးစားရမည့် အရာတစ်ခုဖြစ်သည့် ၎င်းတို့၏ ရုပ်တုအဖြစ် တည်ထောင်ကာ၊ ဘုရားသခင်အဖြစ် မှတ်ယူသည်အထိပင် လုပ်ဆောင်ကြလေသည်။ ဤအရာတို့သည် လူတို့၏ စကားများနှင့် လုပ်ဆောင်ချက်များကို ထိန်းချုပ်လျက်၊ ၎င်းတို့၏ နှလုံးသားများ ထဲတွင် အမှုမဲ့အမှတ်မဲ့ ရှိနေကြ၏။ ထို့အပြင်၊ သင်သည် ဤပုံပြင်များနှင့် ဒဏ္ဍာရီများကို မှားယွင်းသည်ဟု ကနဦးတွင် မှတ်ယူသော်လည်း၊ ထို့နောက် သင်သည် ၎င်းတို့ကို အမှန်တကယ် ရှိသော လူပုဂ္ဂိုလ်များဖြစ်စေရင်းနှင့် စစ်မှန်သော အရာများအဖြစ် ပြောင်းလဲစေရင်း ဤဇာတ်လမ်း ပုံပြင်များ၏တည်ရှိမှုကို အမှုမဲ့အမှတ်မဲ့ဖြင့် သင်အသိအမှတ်ပြုလေသည်။ သင် သတိမမူမိခြင်းတွင်၊ သင်သည် ဤအယူအဆများ နှင့် ဤအရာများ၏ တည်ရှိမှုကို မသိစိတ်၏ စေ့ဆော်မှုအရ လက်ခံလေသည်။ သင်သည် နတ်ဆိုးများ၊ စာတန်နှင့် ရုပ်တုများကိုလည်း သင်၏ အိမ်နှင့် သင်၏ နှလုံးသားထဲသို့ မသိစိတ်၏ စေ့ဆော်မှုအရ လက်ခံမိလေသည်- ဤသည်မှာ ဧကန်အမှန် မန္တန်တစ်ခုဖြစ်၏။ ဤစကားများကို သင်တို့ နားလည်ခံစား၍ရသလော။ (နားလည်ခံစား၍ရပါသည်။) သင်တို့ထဲတွင် ဗုဒ္ဓအား အမွှေးတိုင် ထွန်းကာ၊ ကိုးကွယ်ကြသူ တစ်ဦးတစ်လေ ရှိသလော။ (ရှိပါသည်။) ဤသို့ဆိုလျှင် ဗုဒ္ဓအား အမွှေးတိုင်ထွန်းကာ၊ ကိုးကွယ်ခြင်း၏ ရည်ရွယ်ချက်သည် အဘယ်နည်း။ (ငြိမ်းချမ်းမှုအတွက် ဆုတောင်းခြင်းဖြစ်ပါသည်။) ထိုအကြောင်းကို ယခု စဉ်းစားကြည့်ပါက၊ ငြိမ်းချမ်းမှုအတွက် စာတန်အား ဆုတောင်းဖို့မှာ ရယ်ဖွယ်ဖြစ်သည်မဟုတ်သလော။ စာတန်သည် ငြိမ်းချမ်းမှုကို ဆောင်ကြဉ်းပါသလော။ (မဆောင်ကြဉ်းပါ။) သင်တို့သည် ထိုအချိန်က မည်မျှ မသိနားမလည်ခဲ့သည်ကို မြင်ကြသည် မဟုတ်လော။ ထိုသို့သော အပြုအမူမျိုးသည် ရယ်ဖွယ်ရာဖြစ်သည်၊ ပညာမဲ့ရာကျပြီး နုံအရာ ရောက်သည် မဟုတ်လော။ စာတန်သည် သင့်ကို မည်သို့ ဖျက်ဆီးရမည်ကိုသာ တွေးတော၏။ စာတန်သည် သင့်အား ငြိမ်းချမ်းမှုကို မပေးနိုင်ပေ၊ ယာယီသက်သာမှုသာ ပေးနိုင်၏။ သို့ရာတွင် ဤသက်သာမှုကို ရရှိဖို့ သင်သည် ကတိသစ္စာ ပြုရမည်ဖြစ်ပြီး၊ သင်၏ ကတိ သို့မဟုတ် စာတန်ကို သင်ပြုထားသော သင်၏ကတိသစ္စာကို သင်ဖောက်ဖျက်ခဲ့ပါက၊ စာတန်သည် သင့်အား မည်သို့နှိပ်စက်သည်ကို သင် မြင်ရလိမ့်မည်။ သင့်ကို ကတိသစ္စာ ပြုစေရာတွင်၊ အမှန်မှာ ၎င်းက သင့်အား ထိန်းချုပ်ချင်လေသည်။ သင်တို့က ငြိမ်းချမ်းမှုအတွက် ဆုတောင်းသည့်အချိန်တွင်၊ ငြိမ်းချမ်းမှုကို သင်တို့ ရရှိခဲ့ကြပါသလော။ (မရခဲ့ပါ။) သင်တို့သည် ငြိမ်းချမ်းမှုကို မရခဲ့ကြဘဲ ဆန့်ကျင်ဖက်အနေဖြင့် သင်၏ အားထုတ်မှုများက ကံဆိုးခြင်းနှင့် အဆုံးမရှိသော ဘေးဒုက္ခများ- အမှန်တကယ် အကန့်အသတ်မဲ့သော ခါးသီးခြင်း သမုဒ္ဒရာတစ်ခုကို သယ်ဆောင်လာခဲ့၏။ စာတန်၏ အုပ်စိုးမှုတွင် ငြိမ်းချမ်းမှုဟူသည် မရှိ၊ ဤသည်မှာ အမှန်တရား ဖြစ်သည်။ ဤသည်မှာ ရှေးရိုးစွဲအယူသီးမှု၊ ရိုးရာယဉ်ကျေးမှုများက လူသားမျိုးနွယ်ထံ ယူဆောင်ပြီးသည့် အကျိုးဆက်ဖြစ်၏။

(ဃ) လူသားကို ဖောက်ပြန်ပျက်စီးစေရန် စာတန်က လူမှုခေတ်ရေစီးကြောင်းများကို အသုံးပြုသည်

လူကို စာတန်ဖောက်ပြန်ပျက်စီးစေပြီး ထိန်းချုပ်သည့် နောက်ဆုံးနည်းလမ်းမှာ လူမှုရေး ရေပန်းစားမှုများမှတစ်ဆင့် ဖြစ်သည်။ နာမည်ကျော်ကြားပြီး ထူးကဲသော ပုဂ္ဂိုလ်များကို မြတ်နိုးကိုးကွယ်မှု၊ ရုပ်ရှင်နှင့် ဂီတအသည်းကျော်များအပြင် နာမည်ကြီးသူကို တမ်းတမ်းစွဲဖြစ်မှု၊ အွန်လိုင်းဂိမ်းများကဲ့သို့သော အစရှိသည့် နယ်ပယ်အမျိုးမျိုးအပါအဝင် ကဏ္ဍများစွာကို လူမှုရေး ရေပန်းစားမှုများက ခြုံငုံထားသည်။ ဤအရာအားလုံးမှာ လူမှုရေး ရေပန်းစားမှုများဖြစ်သည်။ ဤတွင် အသေးစိတ် ရှင်းလင်းရန် မလိုပေ။ လှုမှုရေး ရေပန်းစားမှုများက လူတို့အထဲသို့ ယူဆောင်လာသော အယူအဆများ၊ ကမ္ဘာကြီးထဲတွင် ၎င်းတို့က လူတို့ကို မိမိတို့ကိုယ်ကိုယ် ပြုမူနေထိုင်စေသည့် နည်းလမ်းနှင့် လူတို့အထဲတွင် ၎င်းတို့ ယူဆောင်သည့် ဘဝပန်းတိုင်များနှင့် အမြင်တို့အကြောင်းကိုသာ ငါတို့ ဆွေးနွေးချင်သည်။ ဤအရာများသည် လွန်စွာအရေးကြီး၏၊ ၎င်းတို့သည် လူတို့၏ အတွေးများနှင့် ထင်မြင်ချက်များကို ထိန်းချုပ်ကာ လွှမ်းမိုးနိုင်၏။ ဤရေပန်းစားမှုများသည် တစ်ခုပြီးတစ်ခု ထွက်ပေါ် လာပြီး လူတို့ကို အသိစိတ်၊ လူ့သဘာဝနှင့် ဆင်ခြင်တုံတရားတို့ကို ဆုံးရှုံးဖို့ ဖြစ်စေရင်း၊ ၎င်းတို့၏ ကိုယ်ကျင့်တရားများနှင့် အကျင့်စရိုက် အရည်အသွေးတို့ကို သာ၍ပင် အားနည်းစေလျက်၊ လူသားမျိုးနွယ်ကို အဆက်မပြတ် ဆုတ်ယုတ်စေသည့် ဆိုးယုတ်သော လွှမ်းမိုးမှု သယ်ဆောင်သည်မှာ ယခုတွင် လူအများစုသည် ဂုဏ်သိက္ခာ၊ လူ့သဘာဝ မရှိသလို၊ ဆင်ခြင်တုံတရားရှိဖို့ မဆိုထားနှင့်၊ အသိစိတ် တစ်ခုတစ်လေပင် မရှိဟု ငါတို့ ပြောနိုင်သည့်အတိုင်းအတာထိ ဖြစ်လေသည်။ ထိုသို့ဆိုလျှင် ဤလူမှုရေး ရေပန်းစားမှုများသည် မည်သည့်အရာများဖြစ်သနည်း။ ၎င်းတို့သည် သင်တို့ ပကတိမျက်စိဖြင့် မမြင်နိုင်သည့် ရေပန်းစားမှုများဖြစ်သည်။ ရေပန်းစားမှု အသစ်တစ်ခုသည် ကမ္ဘာလောက တစ်လျှောက် ရိုက်ခတ်သည့်အခါ၊ အရေအတွက် အနည်းငယ်သော လူတို့သာ ဖက်ရှင်ရှေ့ဆောင်များ အဖြစ် ပြုမူရင်း ခေတ်အမီဆုံးဖြစ်ကောင်း ဖြစ်ကြလိမ့်မည်။ ၎င်းတို့သည် အသစ်သော အရာတစ်ချို့ကို စတင်လုပ်ဆောင်ပြီးနောက် အယူအဆ အမျိုးအစားတစ်ချို့ သို့မဟုတ် ရှုထောင့်အမျိုးအစား တစ်ချို့ကို လက်ခံကြခြင်းဖြစ်သည်။ သို့ရာတွင် လူအများစုမှာကား အမှုမဲ့အမှတ်မဲ့နှင့် ဆန္ဒအလျောက် မဟုတ်ဘဲ ထိုအရာကို လက်ခံကာ၊ ထိုအထဲတွင် နစ်မြုပ်ပြီး ထိန်းချုပ်ခံရသည်အထိတိုင်၊ ဤရေပန်းစားမှု၏ ကူးစက်ခြင်း၊ ဆွဲငင်ခြင်းနှင့် သိမ်းသွင်းခြင်းတို့ကို အဆက်မပြတ် ခံကြရလိမ့်မည် ဖြစ်သည်။ တစ်ခုပြီး နောက်တစ်ခုပင် ထိုသို့သော ရေပန်းစားမှုများက ကိုယ်နှင့် စိတ်မကျန်းမာသူ၊ သမ္မာတရားဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကို မသိသူများနှင့် အပြုသဘောဆောင်သောအရာနှင့် အပျက်သဘောဆောင်သော အရာတို့ကြား မခွဲခြားတတ်သူတို့အား ယင်းတို့ကိုယ်၌ကိုအပြင် စာတန်ထံမှလာသော ဘဝအမြင်များနှင့် တန်ဖိုးတို့ကိုပါ ပျော်ရွှင်စွာ လက်ခံအောင် ပြုလေသည်။ ၎င်းတို့သည် ဘဝကို မည်သို့ ချဉ်းကပ်ရမည့်အကြောင်း စာတန် ပြောသည့်အရာနှင့် ၎င်းတို့အပေါ် စာတန် “နှင်းအပ်” သည့် အသက်ရှင်ဖို့နည်းလမ်းကို လက်ခံကြသကဲ့သို့၊ ၎င်းတို့အနေဖြင့် ခုခံဖို့ သတိမူမိခြင်းရှိဖို့ မဆိုထားနှင့်၊ ခွန်အား မရှိသကဲ့သို့ အစွမ်းအစလည်း မရှိကြချေ။ ဤသို့ဆိုလျှင် ထိုသို့သော ရေပန်းစားမှုများကို မည်သို့သိမြင်နိုင်မည်နည်း။ သင်တို့ တဖြည်းဖြည်း နားလည် လာနိုင်မည့် ရိုးရှင်းသော ဥပမာတစ်ခုကို ငါ ရွေးချယ်ထား၏။ ဥပမာအားဖြင့်၊ အတိတ်က မည်သူမျှ လိမ်လည်ခြင်းမခံရဖို့အလို့ငှာ စီးပွားလုပ်ကိုင်ခဲ့ကြ၏၊ မည်သူ ဝယ်ယူနေသည်ဖြစ်စေ ကုန်ပစ္စည်းများကို တူညီသောစျေးနှုန်းဖြင့် ၎င်းတို့ ရောင်းချခဲ့ကြသည်။ ဤနေရာတွင် ကောင်းမွန်သော အသိစိတ်နှင့် လူ့သဘာဝ၏ အစိတ်အပိုင်းအချို့ ဖော်ပြထားသည် မဟုတ်လော။ လူတို့သည် ကောင်းမွန်သော ယုံကြည်ချက်ဖြင့် မိမိတို့၏ စီးပွားရေးကို စီမံခန့်ခွဲသည့်အချိန်တွင်၊ ၎င်းတို့သည် အသိစိတ်အချို့၊ လူ့သဘာဝအချို့ ထိုအချိန်က ရှိခဲ့ကြသေးသည်ကို မြင်နိုင်၏။ သို့ရာတွင် ငွေကြေးအတွက် လူသား၏ သာ၍ တိုးပွားနေသော တောင်းဆိုချက် နှင့်အတူ၊ လူတို့သည် ငွေ၊ အကျိုးအမြတ်နှင့် ကာမဂုဏ်တို့ကို အမှုမဲ့အမှတ်မဲ့ဖြင့် သာ၍ သာ၍ ချစ်ခင်လာ ခဲ့ကြလေသည်။ လူတို့သည် ငွေကြေးကို ယခင်ကထက် ပို၍ ဦးစားပေးကြသည် မဟုတ်သလော။ လူတို့သည် ငွေကြေးကို အလွန်အရေးကြီးသောအရာအဖြစ် မြင်ကြသောအခါ ၎င်းတို့၏ ဂုဏ်သတင်း၊ ကျော်ကြားမှု၊ မိမိတို့၏ နာမည်ကောင်းနှင့် မိမိတို့၏ သိက္ခာတို့ကို အမှုမဲ့အမှတ်မဲ့ သာ၍ အလေးပေးမှု စတင်လျော့ပေါ့ကြသည် မဟုတ်လော။ သင်စီးပွားရေးလုပ်သည့်အခါ အခြားသူများသည် လူတို့ကို လိမ်လည်ခြင်းဖြင့် ချမ်းသာသွားကြသည်ကို သင်တွေ့ရသည်။ ရရှိသည့် ငွေကြေးသည် မစင်ကြယ် သော်လည်း၊ ၎င်းတို့သည် ချမ်းသာသည်ထက် ချမ်းသာလာကြ၏။ ၎င်းတို့မိသားစုက ပျော်ရွှင်ကြသည်ကို မြင်ရသောအခါ သင်စိတ်ဆိုး၏။ “ငါတို့နှစ်ဦးစလုံး စီးပွားရေးလုပ်သော်လည်း သူတို့က ချမ်းသာသွားသည်။ ငါက အဘယ်ကြောင့် ပိုက်ဆံအများကြီး မရှာနိုင်သနည်း။ ငါလက်သင့်မခံနိုင်။ ပိုက်ဆံပိုရရန် နည်းလမ်းရှာရမည်။” ထို့နောက်တွင် သင်စဉ်းစားသမျှမှာ သင်၏စည်းစိမ်ကို မည်သို့ရှာရမည်နည်းဆိုသည်ပင်ဖြစ်သည်။ “မည်သူ့ကိုမျှ မလှည့်စားဘဲ အသိတရားဖြင့် ပိုက်ဆံရှာရမည်” ဆိုသည့် ယုံကြည်မှုကို သင်စွန့်လွှတ်ပြီးသည်နှင့် သင့်ကိုယ်ပိုင်အကျိုးစီးပွားများ၏ တွန်အားပေးမှုကြောင့် သင်၏စဉ်းစားပုံသည် တဖြည်းဖြည်းချင်း ပြောင်းလဲလာပြီး သင့်လုပ်ရပ်များနောက်ကွယ်ရှိ အခြေခံမူများသည်လည်း ပြောင်းလဲလာသည်။ သင်သည် လူတစ်ယောက်ကို ပထမဆုံးအကြိမ် လိမ်ညာသည့်အခါ သင့်အသိတရား၏ အပြစ်တင်မှုကို သင်ခံစားရသည်။ သင်၏စိတ်နှလုံးက “ဤအရာပြီးသွားသည်နှင့် ဤသည်မှာ လူတစ်ယောက်ကို ငါလိမ်ညာသည့် နောက်ဆုံးအကြိမ်ဖြစ်သည်။ လူများကို အစဉ် လိမ်ညာနေလျှင် ဒဏ်ခတ်ခံရလိမ့်မည်” ဟု ပြောသည်။ ဤသည်မှာ လူသား၏အသိစိတ် လုပ်ဆောင်ပုံဖြစ်သည်- တစ်စုံတစ်ဦးကို သင် လိမ်လည်သည့်အခါ သဘာဝမကျသကဲ့သို့ သင့်ကို ခံစားစေဖို့အလို့ငှာ သင့်ကို သိက္ခာစောင့်ထိန်းစေပြီး သင့်ကို ပြစ်တင်မိစေသည်။ သို့ရာတွင် သင်သည် တစ်စုံတစ်ယောက်ကို အောင်မြင်စွာ လိမ်လည် ပြီးသည့်အခါ၊ သင့်ထံတွင် ယခင်ကထက် ငွေကြေး ပိုမိုရှိလာသည်ကို သင် တွေ့ရပြီး၊ ဤနည်းလမ်းသည် သင့်အတွက် များစွာ အကျိုးအမြတ် ရှိနိုင်သည်ဟု သင် ထင်၏။ သင်၏စိတ်နှလုံးထဲတွင် စူးသော နာကျင်မှု ရှိနေသော်ငြား၊ သင်သည် သင်၏ “အောင်မြင်မှု” အပေါ် မိမိကိုယ်ကိုယ် ဂုဏ်ယူသည့်အလား ခံစားရဆဲဖြစ်ပြီး၊ သင့်ကိုယ်သင်လည်း အတော်အတန် ကျေနပ်မိ၏။ ပထမဦးဆုံးအကြိမ်၊ သင်၏ ကိုယ်ပိုင် အပြုအမူ၊ သင်၏ ကိုယ်ပိုင် လှည့်ဖြားတတ်သည့် နည်းလမ်းများကို သင် သဘောကျမိလေသည်။ လူသားသည် ဤလိမ်လည်ခြင်းဖြင့် စွန်းထင်းသွားသည်နှင့် တစ်ပြိုင်နက်၊ ယင်းသည် လောင်းကစားမှုပြုရာတွင် ပါဝင်မိပြီးနောက် လောင်းကစားသမား ဖြစ်လာသူနှင့် အတူတူပင် ဖြစ်သည်။ သင်၏ သတိမမူမိခြင်းတွင်၊ သင်သည် မိမိ၏ ကိုယ်ပိုင် လိမ်လည်သောအပြုအမူကို သဘောကျကာ၊ လက်ခံကြ၏။ သတိမမူမိခြင်းဖြင့်၊ သင်သည် လိမ်လည်ခြင်းကို တရားဝင် စီးပွားဖြစ် အပြုအမူတစ်ခုနှင့် သင်၏ ရှင်သန်ရေးနှင့် အသက်မွေးမှုအတွက် အသုံးအဝင်ဆုံး နည်းလမ်းအဖြစ် မှတ်ယူကြလေသည်။ ဤအရာပြုလုပ်ခြင်းအားဖြင့် သင်သည် ဥစ္စာပစ္စည်းကို အလျင်အမြန် ရှာဖွေနိုင်သည်ဟု ထင်သည်။ ဤသည်မှာ ဖြစ်စဉ်တစ်ခု ဖြစ်၏။ အစ၌၊ လူတို့သည် ဤအပြုအမူမျိုးကို လက်မခံနိုင်ကြသကဲ့သို့၊ ဤအပြုအမူနှင့် ကျင့်ကြံမှုတို့ကို အထင်အမြင်သေးကြ၏။ ထို့နောက် ၎င်းတို့သည် ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် ကြိုးစားရင်း ဤအပြုအမူကို မိမိတို့ကိုယ်တိုင် စမ်းလုပ်ကြည့်ကြကာ ၎င်းတို့၏ နှလုံးသားများသည် တဖြည်းဖြည်း စတင်ပြောင်းလဲလာ၏။ ဤသည်မှာ မည်သို့သော ပြောင်းလဲခြင်းမျိုး ဖြစ်သနည်း။ ယင်းမှာ လူမှုရေး ရေပန်းစားမှုက သင့်အထဲတွင် သွတ်သွင်းထားသည့် ဤရေပန်းစားမှုနှင့် ဤအယူအဆများကို အတည်ပြုခြင်းနှင့် ခွင့်ပြုခြင်းပင်ဖြစ်သည်။ နားမလည်လိုက်ဘဲ၊ သင်သည် လူတို့နှင့် စီးပွားရေးလုပ်သည့်အချိန်တွင် ၎င်းတို့ကို မလိမ်လည်ပါက၊ သင် ထိခိုက်နစ်နာသည်ဟု ခံစားရသည်၊ သင် လိမ်ညာမှု မပြုပါက တစ်စုံတစ်ခုကို ဆုံးရှုံးရသည့်အလား သင် ခံစားရ၏။ အမှုမဲ့အမှတ်မဲ့ဖြင့်၊ ဤလိမ်ညာခြင်းသည် သင်၏ တကယ့်ဝိညာဉ်၊ သင်၏ မဏ္ဍိုင်နှင့် သင်၏ဘဝတွင် စည်းမျဉ်း တစ်ခုဖြစ်သည့် မရှိမဖြစ်သော အပြုအမူမျိုး ဖြစ်လာသည်။ လူသားသည် ဤအပြုအမူနှင့် ဤအတွေးအခေါ်ကို လက်ခံပြီးသည့် နောက်တွင်၊ ဤအရာက ၎င်းတို့၏ စိတ်နှလုံးထဲတွင် ပြောင်းလဲမှုတစ်ခုကို ဖြစ်ပေါ်စေခဲ့သည် မဟုတ်လော။ သင်၏နှလုံးသားသည် ပြောင်းလဲသွားပြီဖြစ်သည်၊ ထို့ကြောင့် သင်၏ သိက္ခာသည်လည်း ပြောင်းလဲသွားသလော။ သင်၏ အသိတရားသည်ကော ပြောင်းလဲသွားပြီလော။ သင်၏ လူ့သဘာဝ ပြောင်းလဲပြီလော။ သင်၏ အသိစိတ် ပြောင်းလဲပြီလော။ သင်၏ ဖြစ်တည်ခြင်းတစ်ခုလုံး၊ သင်၏ နှလုံးသားမှ အတွေးများအထိ၊ အတွင်းမှ အပြင်အထိ ပြောင်းလဲသွား၏၊ ဤသည်မှာ အရည်အသွေးဆိုင်ရာ ပြောင်းလဲမှုတစ်ရပ်ဖြစ်သည်။ ဤပြောင်းလဲမှုသည် သင့်ကို ဘုရားသခင်ထံမှ ပို၍ပို၍ ဝေးရာ ဆွဲခေါ်သွားပြီး၊ သင်သည် စာတန်နှင့် ပို၍ပို၍ နီးကပ်စွာ ပေါင်းစည်းလာ၏၊ သင်သည် စာတန်နှင့် ပို၍ ပို၍ ဆင်တူလာသည်၊ ရလဒ်အနေနှင့် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းက သင့်ကို မကောင်းဆိုးဝါး ဖြစ်သွားစေ၏။

ဤလူမှုရေး ရေပန်းစားမှုများကို ကြည့်သည့်အခါ၊ ၎င်းတို့သည် လူတို့အပေါ် ကြီးမားသောလွှမ်းမိုးမှုတစ်ခု ရှိသည်ဟု သင်ဆိုမည်လော။ ၎င်းတို့သည် လူတို့အပေါ် အလွန်အမင်း ထိခိုက်နစ်နာစေသော သက်ရောက်မှု ရှိပါသလော။ ၎င်းတို့သည် လူတို့အပေါ် အလွန်အမင်း ထိခိုက်စေသော သက်ရောက်မှု ဧကန်ရှိပါသည်။ လူသား၏ မည်သည့်လက္ခဏာသွင်ပြင်များကို ဖောက်ပြန်ပျက်စီးစေရန် စာတန်က ဤရေးပန်းစားမှုတစ်ခုစီကို အသုံးပြုသနည်း။ စာတန်သည် အဓိကအားဖြင့် လူသား၏ အသိစိတ်၊ ခံစားချက်၊ လူ့သဘာဝ၊ ကိုယ်ကျင့်တရားများနှင့် ဘဝအမြင်ရှုထောင့်များကို ဖောက်ပြန်ပျက်စီးစေသည်။ ဤလူမှုရေး ရေပန်းစားမှုများသည် လူတို့ကို တဖြည်းဖြည်းချင်း အဆင့်နိမ့်စေပြီး ဖောက်ပြန်ပျက်စီးစေသည် မဟုတ်လော။ လူမှုရေး ရေပန်းစားမှုထဲတွင် ပိတ်မိကြသည့် လူတို့သည် ငွေကြေးနှင့်၊ ရုပ်ဝတ္ထု တပ်မက်မှုများ၊ ဆိုးယုတ်မှုနှင့် အကြမ်းဖက်မှုတို့ကို အမှုမဲ့အမှတ်မဲ့ အားပေးမိကြဖို့အလို့ငှာ စာတန်သည် လူတို့အား နတ်ဆိုးတို့၏ ရိပ်မြုံထဲသို့ ဖြည်းဖြည်းချင်း သွေးဆောင်ရန် ဤလူမှုရေး ရေပန်းစားမှုများကို အသုံးပြုလေသည်။ ဤအရာတို့သည် လူသား၏ စိတ်နှလုံးထဲသို့ ဝင်ရောက်သွားသည်နှင့်၊ လူသားသည် မည်သည့်အရာ ဖြစ်လာသနည်း။ လူသားသည် နတ်ဆိုး၊ စာတန်နတ်ဆိုးဖြစ်လာသည် တကား။ အဘယ်ကြောင့်နည်း။ လူသား၏စိတ်နှလုံးထဲတွင် မည်သည့် စိတ်ပိုင်းဆိုင်ရာ ယိမ်းယိုင်မှုကြောင့် ဖြစ်သနည်း။ လူသားက မည်သည့်အရာကို မြတ်နိုးသနည်း။ လူသားသည် ငြိမ်သက်ခြင်း မဆိုထားနှင့်၊ အလှတရား သို့မဟုတ် ကောင်းမြတ်ခြင်းကို ချစ်ခင်နှစ်သက်ခြင်းမရှိဘဲလျက်၊ ဆိုးယုတ်မှုနှင့် အကြမ်းဖက်မှုတို့တွင် စတင် ပျော်မွေ့ကြသည်။ လူတို့သည် ပုံမှန် လူ့သဘာဝ၏ ရိုးရှင်းသောဘဝကို နေထိုင်ရန် လိုလားခြင်းမရှိဘဲ၊ ယင်းအစား ၎င်းတို့ကို ပြန်ဆွဲထားမည့် ကန့်သတ်ချုပ်ချယ်မှုများ၊ နှောင်ကြိုးများမဲ့လျက် မိမိတို့၏ ဇာတိပကတိကို ဖြည့်ဆည်းဖို့ အစွမ်းကုန် ကြိုးစားရင်း၊ တစ်နည်းအားဖြင့်၊ မိမိတို့ ဆန္ဒရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ရင်း၊ မြင့်မားသောအဆင့်အတန်းနှင့် ကြီးမားသော ကြွယ်ဝမှုကို ခံစားပျော်မွေ့ရန်၊ ဇာတိပကတိ သာယာမှုများထဲတွင် သောက်စားပျော်မြူးရန် ဆန္ဒရှိကြလေသည်။ ထို့ကြောင့် လူသားသည် ဤသို့သော ရေပန်းစားမှုများထဲ၌ နစ်မြုပ် လာပြီးသည့်အခါ၊ သင် သင်ယူထားသော အသိပညာသည် သင့်ကိုယ်သင် လွတ်မြောက်ဖို့ ကူညီပေးနိုင်ပါသလော။ ရိုးရာယဉ်ကျေးမှုနှင့် အယူသီးမှုတို့နှင့်ဆိုင်သည့် သင်၏ သိနားလည်မှုသည် ဤကြောက်မက်ဖွယ် အကျပ်အတည်းမှ လွတ်မြောက်ဖို့ သင့်ကို ကူညီပေးနိုင်ပါသလော။ လူသား သိသည့် ရိုးရာကိုယ်ကျင့်တရားနှင့် ထုံးတမ်းစဉ်လာတို့သည် လူတို့ကို သည်းခံခြင်းကို ကျင့်ကြံဖို့ ကူညီ ပေးနိုင်သလော။ ဥပမာအားဖြင့် ကွန်ဖြူးရှပ်၏ ဒဿနကောက်နုတ်ချက်များနှင့် တောက်တယ်ကျင်းကို ကြည့်လော့။ ယင်းတို့သည် လူတို့အား ဤဆိုးယုတ်သော ရေပန်းစားမှုတို့၏ နွံအိုင်ထဲမှ ၎င်းတို့၏ ခြေများကို ကူညီဆွဲထုတ်ပေးနိုင်သလော။ လုံးဝမကူညီပေးနိုင်ချေ။ ဤသို့ဖြင့် လူသားသည် ပို၍ ပို၍ ဆိုးယုတ်လာ၏၊ မာနထောင်လွှားလာ၏၊ တင်စီးလာ၏၊ တစ်ကိုယ်ကောင်းဆန်ကာ မလိုမုန်းထားလာလေသည်။ လူတို့ကြားတွင် မည်သည့်ချစ်ခင်မှုမျှ မရှိတော့၊ မိသားစုဝင်တို့ကြားတွင် မည်သည့် ချစ်ခြင်းမေတ္တာမျှ မရှိတော့၊ ဆွေမျိုးများနှင့် မိတ်ဆွေများကြားတွင် မည်သည့်နားလည်မှုမျှ မရှိတော့ပေ။ လူသားချင်း ဆက်ဆံရေးတို့သည် အကြမ်းဖက်မှုအသွင် ဆောင်လာလေပြီ။ လူအယောက်ချင်း စီတိုင်းသည် ၎င်းတို့၏ ရောင်းရင်းလူသားတို့ကြား ရှင်သန်နေထိုင်ဖို့ရန် အကြမ်းဖက်သော နည်းလမ်းတို့ကို အသုံးပြုဖို့ ကြိုးစားကြ၏။ မိမိတို့၏ နေ့စဉ်အစာကို အကြမ်းဖက်မှုသုံးလျက် အရယူကြသည်။ အကြမ်းဖက်မှုကို သုံးလျက် ၎င်းတို့၏ ရာထူးနေရာများကို ရယူပြီး၊ ၎င်းတို့၏ အကျိုးအမြတ်များကို ရရှိကြသကဲ့သို့၊ ၎င်းတို့ လုပ်ချင်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ဖို့ အကြမ်းဖက်ပြီး မကောင်းသော နည်းလမ်းများကို သုံးကြလေသည်။ ဤလူ့သဘာဝသည် ထိတ်လန့်စရာ မကောင်းပါသလော။ အမှန်တကယ်ပင် ဤသို့ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ကားစင်တင်ခဲ့ရုံသာမက ဘုရားသခင်နောက်သို့ လိုက်သောသူအားလုံးကိုလည်း သတ်ဖြတ်ကြသည်။ အဘယ်ကြောင့်ဆိုသော် လူသားသည် အလွန်ပင် ကောက်ကျစ်ဆိုးယုတ်သောကြောင့်ဖြစ်သည်။ ယခုပင် ငါက ပြောဆိုသည့် ဤအရာများအားလုံးကို ကြားပြီးသည့်နောက်တွင်၊ သင်တို့အနေဖြင့် စာတန် ဖျက်ဆီးထားသည့် ဤကမ္ဘာလောက၊ ဤပတ်ဝန်းကျင်နှင့် ဤသို့သောလူမျိုးတို့ကြားတွင် အသက်ရှင်နေထိုင်ရန်မှာ ထိတ်လန့်စရာ ကောင်းသည်ဟု ထင်ကြသည် မဟုတ်လော။ (ထင်ပါသည်။) သို့ဆိုလျှင်၊ သင်တို့ကိုယ်သင်တို့ သနားစရာကောင်းသည်ဟု ခံစားဖူးသလော။ ယခုအချိန်တွင် အနည်းငယ်မျှ ခံစားရမည်မဟုတ်လော။ (ဟုတ်ပါသည်။) သင်တို့၏ လေသံကို ကြားရသည်မှာ “စာတန်သည် လူသားကို ဖျက်ဆီးသည့် များစွာသော နည်းလမ်း အမျိုးမျိုးရှိ၏။ ၎င်းသည် အခွင့်အရေး ဟူသမျှကို အရယူကာ၊ ငါတို့ဦးလှည့်သမျှ နေရာတိုင်းတွင် ရှိနေသည်။ လူသားသည် ကယ်တင်ခံ ရနိုင်သေးသလော” ဟူ၍ သင်တို့ စဉ်းစား နေဟန်ရှိ၏။ လူသားသည် ကယ်တင် ခံရနိုင်သေးသလော။ လူသားသည် ၎င်းတို့ကိုယ်၎င်းတို့ ကယ်တင်နိုင်သလော။ (မကယ်တင်နိုင်ပါ။) ကျောက်စိမ်းဧကရာဇ်သည် လူသားကို ကယ်တင် နိုင်သလော။ ကွန်ဖြူးရှပ်သည် လူသားကို ကယ်တင်နိုင်သလော။ ကွမ်ရင်ဗောဓိသာရသည် လူသားကို ကယ်တင်နိုင်သလော။ (မကယ်တင်နိုင်ပါ။) ဤသို့ဆိုလျှင် မည်သူက လူသားကို ကယ်တင် နိုင်သနည်း။ (ဘုရားသခင် ဖြစ်ပါသည်။) သို့ရာတွင် အချို့သောလူတို့သည် ၎င်းတို့၏စိတ်နှလုံးများထဲတွင် ဤမေးခွန်းများ ဖြစ်ပေါ်ကြလိမ့်မည်- “စာတန်သည် အင်မတန် စိတ်ဖောက်ပြန်သည့် သွေးရူးသွေးတန်း ဖြစ်ခြင်းဖြင့် ငါတို့အား အလွန် ကြမ်းတမ်းစွာ ထိခိုက်စေသည်မှာ ငါတို့တွင် ဘဝကို ရှင်သန်ရန် မျှော်လင့်ချက်မရှိသလို၊ ဘဝကို ရှင်သန်ရန် မည်သည့်ယုံကြည်မှုမျှ မရှိကြ။ ငါတို့အားလုံးသည် ဖောက်ပြန်ပျက်စီးခြင်းအလယ်တွင် အသက်ရှင်ကြပြီး၊ လူတိုင်းတစ်ဦးစီတိုင်းသည် ဘုရားသခင်ကို မည်သည့်နည်းနှင့်မဆို ဆန့်ကျင်ကြကာ၊ ယခုတွင် ငါတို့၏ နှလုံးသားများသည် နိမ့်နိုင်သမျှ နိမ့်ကျလေပြီ။ ဤသို့ဆိုလျှင် စာတန်သည် ငါတို့ကို ဖျက်ဆီးနေစဉ်တွင် ဘုရားသခင် အဘယ်မှာရှိသနည်း။ ဘုရားသခင်သည် မည်သည့်အရာကို လုပ်နေပါသနည်း။ ငါတို့အတွက် ဘုရားသခင် မည်သည့်အရာကို လုပ်နေပါစေ၊ ငါတို့ လုံးဝ မခံစားရကြပါ”။ အချို့သောလူတို့သည် ဧကန်မလွဲ စိတ်ဓာတ်ကျကာ အတော်အတန် စိတ်ပျက်အားလျော့ ကြသည်။ သင်တို့အဖို့၊ ဤခံစားချက်သည် လွန်စွာ နက်ရှိုင်း၏၊ အဘယ်ကြောင့်ဆိုသော် ငါ ပြောနေခဲ့သည့်အရာများ အားလုံးသည် လူတို့အနေဖြင့် တဖြည်းဖြည်း နားလည်လာကြစေရန်၊ ၎င်းတို့ မျှော်လင့်ချက်မဲ့သည်ဟု ပိုပိုပြီး ခံစားရစေရန်၊ ဘုရားသခင်က ၎င်းတို့ကို စွန့်ပစ်ထားပြီးဖြစ်သည်ကို ပိုပိုပြီး ခံစားမိကြစေရန် လူတို့ကို အခွင့်ပေးဖို့ ဖြစ်သောကြောင့်ဖြစ်သည်။ သို့ရာတွင် မစိုးရိမ်နှင့်။ ယနေ့အတွက် ငါတို့၏ မိတ်သဟာယခေါင်းစဉ်ဖြစ်သော “စာတန်၏ ဆိုးယုတ်မှု” သည် ငါတို့၏ အမှန်တကယ် အဓိက ဆိုလိုရင်း မဟုတ်ပေ။ သို့ရာတွင် ဘုရားသခင်၏ သန့်ရှင်းခြင်းအနှစ်သာရကို ဆွေးနွေးရန်အတွက်မူ၊ ယခု လူသားက မည်သည့်အခြေအနေမျိုးတွင် ရှိသည်ကို လူတို့အား ရှင်းလင်းစေဖို့ရန်အလို့ငှာ စာတန်က လူသားကို ဖောက်ပြန်ပျက်စီးစေပုံနှင့် စာတန်၏ ဆိုးယုတ်မှုတို့ကို ပထမဦးစွာ ငါတို့ ဆွေးနွေးရမည်ဖြစ်သည်။ ဤအကြောင်းကို ဆွေးနွေးခြင်း၏ ရည်မှန်းချက်တစ်ခုမှာ စာတန်၏ ဆိုးယုတ်မှုကို လူတို့အား သိခွင့်ပေးဖို့ဖြစ်လင့်ကစား၊ အခြားသော ရည်မှန်းချက်မှာ စစ်မှန်သော သန့်ရှင်းခြင်းက မည်သည့်အရာဖြစ်သည်ကို လူတို့အား သိခွင့်ပေးဖို့ ဖြစ်သည်။

ယခုတင် ငါတို့ ဆွေးနွေးပြီးသည့် ဤအရာများအကြောင်းကို ယခင်တစ်ခေါက်နှင့်စာလျှင် ပို၍ အသေးစိတ် ငါဆွေးနွေးပြီးဖြစ်သည် မဟုတ်လော။ သင်တို့၏ နားလည်မှုသည် ယခုအခါ အနည်းငယ် ပို၍ နက်ရှိုင်းလာသလော။ (နက်ရှိုင်းလာပါသည်။) ယခု ဘုရားသခင်၏ သန့်ရှင်းခြင်းမှာ မည်သည့်အရာ အတိအကျ ဖြစ်သည်ကို ငါ ပြောပြရန် လူများစွာက မျှော်လင့်နေကြသည်ကို ငါသိ၏၊ သို့ရာတွင် ဘုရားသခင်၏ သန့်ရှင်းခြင်းအကြောင်းကို ပြောသည့်အချိန်တွင်၊ ဘုရားသခင် ပြုလုပ်သော လုပ်ဆောင်မှုအကြောင်းကို ငါဦးစွာ ပြောမည်။ သင်တို့အားလုံး အာရုံစိုက်စွာ နားထောင်သင့်၏၊ နောက်ပိုင်းတွင်၊ ဘုရားသခင်၏သန့်ရှင်းခြင်းသည် မည်သည့်အရာ အတိအကျ ဖြစ်သည်ကို သင်တို့အား ငါမေးမည်။ ငါသည် သင်တို့ကို တိုက်ရိုက် ပြောပြမည် မဟုတ်ဘဲ၊ ယင်းအစား သင်တို့ကို အဖြေရှာကြည့် ခိုင်းမည်ဖြစ်သည်။ သင်တို့ကို အဖြေရှာရန် ငါအခွင့်အရေးပေးမည် ဖြစ်သည်။ ဤနည်းလမ်းကို မည်သို့ထင်ကြသနည်း။ (ကောင်းမွန်ပါသည်။) ဤသို့ဆိုလျှင် ငါဆက်ပြောစဉ်တွင် သေချာစွာ နားထောင်လော့။

လူသားအပေါ် ဘုရားသခင် လုပ်ဆောင်သော အရာမှတစ်ဆင့် ဘုရားသခင်၏ သန့်ရှင်းခြင်းကို နားလည်ခြင်း

စာတန်က လူသားကို ဖျက်ဆီးသည့်အခါတိုင်း သို့မဟုတ် ပြင်းထန်သော အန္တရာယ် ရောက်စေသည့်အခါတိုင်းတွင် ဘုရားသခင်သည် အကြောင်းမဲ့သက်သက် ရပ်မနေသကဲ့သို့၊ သူရွေးချယ်ထားသော လူတို့ကို ဘေးဖယ်ထားခြင်း သို့မဟုတ် မသိကျိုးကျွန်ပြုခြင်း မရှိပေ။ စာတန် လုပ်ဆောင်သမျှ အားလုံးကို ဘုရားသခင်သည် အပြည့်အဝ ရှင်းလင်းစွာ နားလည်၏။ စာတန်က မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့် ရေပန်းစားမှုကို စာတန်က ဖြစ်ပေါ်စေသည်ဖြစ်စေ၊ စာတန် လုပ်ဆောင်ဖို့ ကြိုးစားနေသည့် အရာအားလုံးကို ဘုရားသခင်သည် သိသကဲ့သို့၊ ဘုရားသခင်သည် သူ ရွေးချယ်ထားသောလူတို့အပေါ် လက်လျော့ခြင်းလည်း မရှိပေ။ ယင်းအစား၊ မည်သည့်အာရုံကိုမျှ ဆွဲဆောင်ခြင်းမရှိဘဲ၊ လျှို့ဝှက်စွာ တိတ်ဆိတ်စွာဖြင့်- လိုအပ်သော အရာတိုင်းကို ဘုရားသခင်သည် ပြုလေသည်။ ဘုရားသခင်သည် တစ်စုံတစ်ယောက်အပေါ်၌ အမှုကိုစတင်သည့်အခါ၊ တစ်စုံတစ်ယောက်အား ရွေးချယ်ပြီးသည့်အခါ၊ သူသည် ဤသတင်းကို မည်သူကိုမျှ ထုတ်ဖော်ပြောဆိုခြင်း မရှိသလို၊ စာတန်ထံ ထုတ်ဖော်ပြောဆိုခြင်း မရှိဘဲ၊ မည်သည့် ထည်ဝါခံ့ညားသော အမူအရာကိုမျှ သာ၍မပြုပေ။ ဘုရားသခင်သည် အလွန်တိတ်ဆိတ်စွာ၊ သဘာဝကျစွာဖြင့်ပင် လိုအပ်သောအရာကို လုပ်ဆောင်သည်။ ဦးစွာပထမ သူသည် သင့်အတွက် မိသားစုတစ်စုကို ရွေးချယ်သည်။ သင့်မိသားစု၏ နောက်ခံသမိုင်း၊ သင့်မိဘများ၊ သင့်ဘိုးဘေးများ- ဤအရာအားလုံးကို ဘုရားသခင်က ကြိုတင် ရွေးချယ်သည်။ တစ်နည်းဆိုရသော်၊ ဘုရားသခင်သည် ဤဆုံးဖြတ်ချက်တို့ကို စိတ်ကူးပေါက်ရာ လုပ်ခြင်းမဟုတ်၊ ယင်းထက် အချိန်ကြာမြင့်စွာ ကတည်းက ဤအမှုကို သူစတင်ခဲ့ခြင်းဖြစ်သည်။ သင့်အတွက် မိသားစုတစ်စုကို ဘုရားသခင် ရွေးချယ်ပြီးသည်နှင့်၊ သင်မွေးဖွားလာမည့် နေ့စွဲကို သူ ရွေးချယ်၏။ ထို့နောက်၊ သင် ငိုယိုမွေးဖွားကာ လောကထဲ ရောက်လာစဉ် ဘုရားသခင်က စောင့်ကြည့်၏။ သင်၏ မွေးဖွားခြင်းကို သူစောင့်ကြည့်၏၊ သင်က ပထမဆုံးသော စကားများ ဟသည်ကို စောင့်ကြည့်၏၊ သင်က မည်သို့ လမ်းလျှောက်ရမည်ကို သင်ယူသည်နှင့်အမျှ သင်၏ ပထမဆုံးခြေလှမ်းများ ဒယိမ်းဒယိုင်ဖြစ်ကာ တော့တီးတော့တ ဖြစ်သည်ကို သူစောင့်ကြည့်၏။ အစပထမ၌ သင်သည် ခြေတစ်လှမ်းကို လှမ်းကာ နောက်တစ်လှမ်းကို လှမ်း၏— ယခုသော် သင်သည် ပြေးနိုင်သည်၊ ခုန်နိုင်သည်၊ စကားပြောနိုင်ပြီး သင်၏ခံစားချက်တို့ကို ဖော်ပြနိုင်သည်...လူသားက ကြီးပြင်းလာသည်နှင့်အမျှ၊ စာတန်၏ စူးစိုက်သော အကြည့်သည် ကျားတစ်ကောင်က သားကောင်ကို ကြည့်နေသကဲ့သို့ လူတိုင်းအပေါ်တွင် စူးစိုက်ကြည့်လေသည်။ သို့ရာတွင် သူ၏အမှုကို လုပ်ဆောင်ရာ၌ ဘုရားသခင်သည် လူများ၊ အဖြစ်အပျက်များ သို့မဟုတ် အမှုအရာများ၊ အချိန်နှင့် နေရာတို့မှ ထွက်ပေါ်သည့် ကန့်သတ်ချက်များကို လုံးဝ မခံရပေ။ သူသည် ပြုသင့်သည်ကို ပြုကာ၊ သူ ပြုရမည့်အရာကို ပြုလေသည်။ ကြီးပြင်းခြင်းဖြစ်စဉ်တွင် နာမကျန်း ဖြစ်ခြင်း စိတ်ပျက်ခြင်းများ ကဲ့သို့သော သင် မကြိုက်နှစ်သက်သည့် အရာများစွာ တွေ့ကြုံနိုင်သည်။ သို့သော် ဤလမ်းကို သင် လျှောက်သည်နှင့်အမျှ၊ သင်၏ အသက်တာနှင့် သင်၏အနာဂတ်သည် ဘုရားသခင်၏ ဂရုစိုက်မှုအောက်၌ လုံးဝ ရှိ၏။ ဘုရားသခင်သည် သင့်ကို ကာကွယ်လျက်၊ စောင့်ရှောက်လျက်၊ သင်၏ဘေးတွင် ရှိနေသည့် အတွက်၊ သူသည် သင်၏အသက်တာ တစ်ခုလုံးကို တာရှည်ခံဖို့ စစ်မှန်သည့်အာမခံချက်တစ်ခုကို ပေးသည်။ သင်သည် ဤအရာကို သတိမမူမိဘဲ ကြီးပြင်း၏။ သင်သည် အကြောင်းအရာ အသစ်တို့နှင့် စတင်၍ ထိတွေ့လာသကဲ့သို့၊ ဤကမ္ဘာလောကနှင့် ဤလူသားမျိုးနွယ်ကို စတင်၍ သိလာရ၏။ အရာရာတိုင်းသည် သင့်အတွက် လတ်ဆတ်ကာ၊ အသစ်ဖြစ်နေသည်။ လုပ်ဆောင်ရသည်ကို နှစ်သက်သည့် အရာအချို့ သင့်မှာ ရှိ၏။ သင်သည် သင်၏ ကိုယ်ပိုင် လူ့သဘာဝအတွင်း၌ နေထိုင်၏၊ သင်၏ ကိုယ်ပိုင်နေရာ၌ သင် နေထိုင်ကာ၊ ဘုရားသခင်၏ တည်ရှိမှုကို သင့်အနေဖြင့် အနည်းငယ်မျှပင် သိမြင်နားလည်မှု မရှိပေ။ သို့ရာတွင် သင် ကြီးပြင်းလာသည်နှင့်အမျှ၊ သင်၏ ခြေလှမ်းတိုင်းကို ဘုရားသခင် စောင့်ကြည့်သကဲ့သို့၊ ရှေ့ဆက်သည့် ခြေလှမ်းတိုင်းကို သင်လှမ်းသည်နှင့်အမျှ သူသည် သင့်ကို စောင့်ကြည့်၏။ သင်သည် အသိပညာကို သင်ယူနေသည့်အချိန် သို့မဟုတ် သိပ္ပံပညာကို လေ့လာနေသည့်အခါ၌ပင်၊ ဘုရားသခင်သည် သင့်အနားမှ တစ်ဖဝါးမျှ မခွာဖူးပေ။ ကမ္ဘာလောကကို သိလာရခြင်းနှင့် ထိတွေ့လာရခြင်း ဖြစ်စဉ်တွင် သင်သည် တခြားသောလူတို့နှင့် အတူတူပင်ဖြစ်၏၊ သင်သည် သင်၏ကိုယ်ပိုင် စံတို့ကို ထူထောင်ထားပြီဖြစ်သည်၊ သင်သည် သင်၏ ကိုယ်ပိုင် ဝါသနာများ၊ ကိုယ်ပိုင် စိတ်ဝင်စားမှုများ ရှိသကဲ့သို့၊ မြင့်မားသော ရည်မှန်းချက်များကိုလည်း သင်သိုထားသည်။ သင်သည် သင်၏အနာဂတ်ကို မည်သို့ဖြစ်သင့်သည်ဟူ၍ မကြာခဏ ဆိုသလို ပုံကြမ်းချကာ၊ ကိုယ်ပိုင်အနာဂတ်ကို တွေးဆတတ်၏။ သို့ရာတွင် လမ်းခရီးတစ်လျှောက်၌ မည်သည့်အရာ ဖြစ်ပေါ်သည် ဖြစ်စေ၊ ဘုရားသခင်သည် ဖြစ်ပျက်နေသည့် အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်လေသည်။ သင်သည် သင်၏ ကိုယ်ပိုင်အတိတ်ကို သင်ကိုယ်တိုင် မေ့ကောင်းမေ့နေပြီ ဖြစ်သော်လည်း၊ ဘုရားသခင်အဖို့မူ သူ့ထက်ပို၍ သင့်ကို နားလည်နိုင်သောသူ မရှိပေ။ သင်သည် ဘုရားသခင်၏ စူးစိုက်ကြည့်ခြင်းအောက်တွင် အသက်ရှင်သည်၊ ကြီးပြင်းကာ အရွယ်ရောက်၏။ ဤကာလအတွင်းတွင်၊ ဘုရားသခင်၏ အရေးကြီးဆုံး အလုပ်သည်ကား မည်သူမျှ သတိမမူမိဖူးသောအရာ တစ်ခု၊ မည်သူမျှ မသိသောအရာတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် ထိုအရာအကြောင်းကို မည်သူကိုမျှ ဧကန်မုချ ပြောမည်မဟုတ်ပေ။ သို့ဆိုလျှင် ဤအရေးပါဆုံးသောအရာမှာ အဘယ်နည်း။ ယင်းမှာ ဘုရားသခင်က လူတစ်ယောက်ကို ကယ်တင်မည် ဆိုသည့် အာမခံချက်တစ်ခု ဖြစ်သည်ဟု ဆိုနိုင်၏။ ဤသည်မှာ ဘုရားသခင်က ဤလူကို ကယ်တင်ချင်ပါက၊ ဤအရာကို လုပ်ဆောင်ရမည်ဟု ဆိုလိုပေသည်။ ဤအလုပ်သည် လူသားနှင့် ဘုရားသခင် နှစ်ဦးလုံးအတွက် မရှိမဖြစ် အရေးကြီးပေသည်။ ထိုအရာ မည်သည့်အရာ ဖြစ်သည်ကို သင်တို့ သိပါ၏လော။ သင်တို့သည် ဤအရာနှင့်ပတ်သက်၍ ခံစားချက်တစ်ခုတစ်လေ သို့မဟုတ် အယူအဆတစ်ခုတစ်လေ ရှိကြပုံမရချေ၊ ထို့ကြောင့် သင်တို့ကို ငါပြောပြမည်။ သင့်ကို မွေးဖွားသောအချိန်မှသည် ယခုအချိန်အထိ တစ်လျှောက်လုံး၊ ဘုရားသခင်သည် သင့်အပေါ်တွင် အမှုများစွာ လုပ်ဆောင်ပြီးသော်လည်း၊ သူ လုပ်ဆောင်ပြီးဖြစ်သည့် အရာရာတိုင်း၏ ပြည့်စုံစေ့စပ်သော မှတ်တမ်းတစ်ခုကို သင့်အား မပြောပေ။ ဘုရားသခင်သည် သင့်အား ဤအရာကို သိခွင့်မပေးခဲ့သလို၊ သင့်အား ပြောပြခဲ့ခြင်းလည်း မရှိပါ။ သို့ရာတွင် လူသားမျိုးနွယ် အတွက်၊ သူပြုသမျှ အရာရာတိုင်းသည် အရေးကြီး၏။ ဘုရားသခင်နှင့် ပတ်သက်သရွေ့၊ ယင်းသည် သူလုပ်ရမည့် အရာတစ်ခု ဖြစ်သည်။ ဘုရားသခင်၏နှလုံးသားထဲ၌၊ ဤအရာများ တစ်ခုတစ်လေထက် သာလွန်သော သူ လုပ်ရန်လိုအပ်သည့် အရေးကြီးသောအရာတစ်ခု ရှိသည်။ ဆိုလိုသည်မှာ လူသား မွေးဖွားသော အချိန်မှသည် ယခုအထိတိုင်၊ ဘုရားသခင်သည် ၎င်းတို့၏ ဘေးကင်းရေးကို အာမခံချက် ပေးရမည် ဖြစ်သည်။ ဤစကားတို့ကို ကြားသည့်အချိန်တွင်၊ သင်တို့သည် အပြည့်အဝ နားမလည်သကဲ့သို့ ခံစားရနိုင်၏။ “ဤဘေးကင်းရေးသည် အလွန် အရေးကြီးသလော” ဟူ၍ သင် မေးနိုင်သည်။ ကောင်းပေ၏၊ “ဘေးကင်းရေး” ၏ တိုက်ရိုက် အဓိပ္ပါယ်သည် အဘယ်နည်း။ ထိုအရာမှာ ငြိမ်းချမ်းမှုကို ဆိုလိုသည်ဟု သင်တို့ နားလည်ကောင်း နားလည်နိုင်သကဲ့သို့၊ ထိုအရာမှာ ကောင်းစွာ နေထိုင်ရန်၊ သာမန်ဘဝကို ရှင်သန်ရန်အလို့ငှာ မည်သည့် ဘေးဒုက္ခနှင့် ကပ်ဘေးတို့ကိုမျှ လုံးဝ မတွေ့ကြုံရခြင်းကို ဆိုလိုသည်ဟု သင်တို့ နားလည်ကောင်း နားလည်နိုင်သည်။ သို့ရာတွင် သင်တို့၏ စိတ်နှလုံးများထဲတွင် ယင်းမှာ သိပ်မရိုးရှင်းသည်ကို သိရမည်။ သို့ဆိုလျှင် ဘုရားသခင် ပြုရမည့်အရာဟု၊ ငါ ပြောဆိုနေသည့် ဤအရာမှာ မည်သည့်အရာဖြစ်သနည်း။ ဘေးကင်းရေးဆိုသည်မှာ ဘုရားသခင်အဖို့ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းသည် “ဘေးကင်းရေး” ၏ သာမန် အဓိပ္ပါယ်နှင့်ဆိုင်သည့် အာမခံချက် ဧကန်အမှန် ဖြစ်ပါသလော။ မဟုတ်ပေ။ သို့ဆိုလျှင် ဘုရားသခင် ပြုသည့် ထိုအရာမှာ အဘယ်အရာနည်း။ ဤ “ဘေးကင်းရေး” ဟူသည်မှာ သင့်အနေဖြင့် စာတန်၏ ဝါးမျိုခြင်းကို ခံရမည်မဟုတ်ဟု ဆိုလိုသည်။ ဤသည်မှာ အရေးကြီးပါ၏လော။ စာတန်၏ ဝါးမျိုမခံရခြင်း- ဤသည်မှာ သင်၏ဘေးကင်းရေးနှင့် သက်ဆိုင်သလော မသက်ဆိုင်သလော။ မှန်သည်၊ ဤသည်မှာ သင်ကိုယ်တိုင်၏ ဘေးကင်းရေးနှင့် သက်ဆိုင်သကဲ့သို့၊ သာ၍အရေးကြီးသည့်အရာ မရှိနိုင်တော့ပေ။ သင်သည် စာတန်၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်နှင့်တစ်ပြိုင်နက်၊ သင်၏ ဝိညာဉ်နှင့် သင်၏ ခန္ဓာသည် ဘုရားသခင်နှင့် မသက်ဆိုင်တော့ပေ။ ဘုရားသခင်သည် သင့်အား ကယ်တင်တော့မည် မဟုတ်ချေ။ ဘုရားသခင်သည် စာတန်၏ ဝါးမျိုခြင်းခံရသည့် ဝိညာဉ်များနှင့် လူတို့ကို စွန့်ပစ်၏။ ထို့ကြောင့် ဘုရားသခင် ပြုရမည့် အရေးကြီးဆုံးအရာမှာ သင်၏ဤဘေးကင်းရေးကို အာမခံချက် ပေးရန်၊ သင့်အနေဖြင့် စာတန်၏ ဝါးမျိုခြင်းကို ခံရမည် မဟုတ်ဟူသော အာမခံချက် ပေးရန် ဖြစ်သည်ဟု ငါ ပြော၏။ ဤသည်မှာ လွန်စွာ အရေးကြီးသည် မဟုတ်ပါလော။ သို့ဆိုလျှင် သင်တို့သည် အဘယ်ကြောင့် မဖြေနိုင်သနည်း။ သင်တို့သည် ဘုရားသခင်၏ ကြီးမြတ်သော ကြင်နာမှုကို မခံစားနိုင်ကြသည့်ပုံရ၏။

ဘုရားသခင်သည် လူတို့၏ ဘေးကင်းရေးကို အာမခံချက် ပေးခြင်း၊ ၎င်းတို့အနေဖြင့် စာတန်၏ ဝါးမျိုခြင်းကို ခံရမည်မဟုတ်ဟု အာမခံချက်ပေးခြင်း တို့အပြင်၊ ပို၍များစွာ လုပ်ဆောင်ပါ၏။ တစ်စုံတစ်ယောက်ကို ရွေးချယ်ပြီး မကယ်တင်မီတွင် ကြိုတင် ပြင်ဆင်သည့် အလုပ်များစွာ သူသည် လုပ်ဆောင်၏။ ဦးစွာအနေဖြင့်၊ သင်သည် မည်သို့စရိုက်လက္ခဏာရှိမည်၊ မည်သို့သောမိသားစုတွင် မွေးဖွားလာမည်၊ သင်၏မိဘများ မည်သူတို့ဖြစ်မည်၊ သင့်ထံတွင် ညီအစ်ကိုမောင်နှမ မည်မျှရှိမည်ဆိုသည်နှင့် အနေအထား၊ စီးပွားရေး အဆင့်အတန်းနှင့် သင် မွေးဖွားသည့် မိသားစု အခြေအနေ မည်သို့ဖြစ်မည် ဆိုသည်တို့နှင့် စပ်လျဉ်း၍ စေ့စပ်သော ပြင်ဆင်မှုများကို ဘုရားသခင် ပြုလေသည်။ ဘုရားသခင် ရွေးကောက်သည့် လူအများစုသည် မည်သည့် မိသားစုမျိုး၌ မွေးဖွားသည်ကို သင်တို့သိပါ၏လော။ ထင်ရှားသော မိသားစုများ ဖြစ်ပါသလော။ ထင်ရှားသော မိသားစုများထဲ မွေးဖွားသူမရှိဟု ငါတို့ သေချာ မပြောနိုင်ပေ။ အချို့ရှိနိုင်သော်လည်း အလွန်နည်းပါပေသည်။ အင်မတန် ချမ်းသာကြွယ်ဝသည့် မိသားစုများ၊ ဘီလျံနာ မိသားစုများ သို့မဟုတ် မီလျံနာ မိသားစုများ ဖြစ်ပါသလော။ မဟုတ်ပါ၊ ၎င်းတို့သည် ဤမိသားစုမျိုး ထဲတွင် မမွေးဖွားသလောက် နီးပါးဖြစ်၏။ သို့ဆိုလျှင် ဘုရားသခင်သည် ဤလူတို့အတွက် မည်သို့သော မိသားစုမျိုးကို အများဆုံး စီစဉ်ပေးသနည်း။ (သာမန်မိသားစုများ ဖြစ်ပါသည်။) သို့ဆိုလျှင် မည်သည့် မိသားစုများကို သာမန်မိသားစုများဟု မှတ်ယူနိုင်သနည်း။ ၎င်းတို့တွင် အလုပ်လုပ်သော မိသားစုများ ပါဝင်၏၊ ယင်းမှာ ရှင်သန်ဖို့ လုပ်အားခများအပေါ် မှီခိုရသည့်၊ အခြေခံလိုအပ်ချက်များကို တတ်နိုင်သည့် မိသားစုများ ဖြစ်ပြီး၊ အလွန် မချမ်းသာကြချေ။ ၎င်းတို့တွင် လယ်သမား မိသားစုများလည်း ပါဝင်သည်။ လယ်သမားတို့သည် ၎င်းတို့၏အစားအစာအတွက် ကောက်ပဲသီးနှံစိုက်ပျိုးခြင်းကို မှီခိုကြ၏- စားသောက်ရန် အတွက် ဂျုံ၊ စပါးရှိပြီး ဝတ်ဖို့ အဝတ်အစားများရှိကြကာ ဆာလောင်ငတ်မွတ်ခြင်း သို့မဟုတ် အအေးဒဏ်ခံစားရခြင်း မရှိကြချေ။ ထို့နောက် အသေးစား စီးပွားရေးလုပ်ကိုင်သော မိသားစုအချို့ ရှိသကဲ့သို့၊ တစ်နေရာရာတွင် ပညာတတ် မိဘများ ရှိကြကာ ဤမိသားစုတို့ကို သာမန် မိသားစုများအဖြစ် မှတ်ယူနိုင်၏။ ရုံးလုပ်သားများ သို့မဟုတ် ထင်ရှားသော မိသားစုများအဖြစ် မမှတ်ယူ၍မရသည့် အငယ်တန်း အစိုးရအရာရှိများဖြစ်သော မိဘအချို့လည်း ရှိပေသည်။ အများစုသည် သာမန် မိသားစုများတွင် မွေးဖွားကြပြီး၊ ဤအရာအားလုံးကို ဘုရားသခင်က စီစဉ်ထားခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ဦးဆုံးအနေဖြင့် သင် နေထိုင်သော ဤပတ်ဝန်းကျင်သည် လူတို့ စိတ်ကူးကောင်း စိတ်ကူးနိုင်သည့် ဥစ္စာဓန ကုံလုံကြွယ်ဝသည့် မိသားစုမဟုတ်ဘဲ ဤသည်မှာ ဘုရားသခင်က သင့်အတွက် ရွေးချယ်ပေးသည့် မိသားစုတစ်ခု ဖြစ်ပြီး၊ လူအများစုတို့သည် ဤမိသားစုမျိုး၏ အကန့်အသတ်များအတွင်း၌ နေထိုင်ကြလိမ့်မည်။ သို့ဆိုလျှင် လူမှုအဆင့်အတန်းနှင့် ပတ်သက်၍ မည်သို့နည်း။ မိဘတို့အများစု၏ စီးပွားရေးအခြေအနေများမှာ သာမန်ဖြစ်ပြီး၊ ၎င်းတို့တွင် မြင့်မားသော လူမှုအဆင့်အတန်း မရှိကြချေ- ၎င်းတို့အတွက် အလုပ်တစ်ခုရှိနေရုံမျှဖြင့် အဆင်ပြေနေပြီ ဖြစ်သည်။ ၎င်းတို့တွင် ပြည်နယ် အုပ်ချုပ်ရေးမှူးများ ပါဝင်သလော။ နိုင်ငံ့သမ္မတများ ပါဝင်သလော။ မပါဝင်ချေ၊ ဟုတ်သည်မဟုတ်လော။ အများဆုံးအနေဖြင့် ၎င်းတို့သည် လုပ်ငန်းငယ် မန်နေဂျာများ သို့မဟုတ် စီးပွားရေး လုပ်ငန်းငယ်များ၏ ပိုင်ရှင်များ ဖြစ်ကြသည်။ ၎င်းတို့၏ လူမှုအဆင့်အတန်းသည် အလယ်အလတ် ဖြစ်သကဲ့သို့၊ ၎င်းတို့၏ စီးပွားရေး အခြေအနေများသည်လည်း သာမန်ဖြစ်သည်။ နောက်ထပ်အချက်မှာ မိသားစု၏ ရှင်သန်နေထိုင်နေသော ပတ်ဝန်းကျင်ဖြစ်၏။ ဦးစွာပထမ၊ ၎င်းတို့၏သားသမီးများအား ဂမ္ဘီရပညာနှင့် ဗေဒင်ပညာ လမ်းကြောင်းကို လျှောက်လှမ်းခြင်းထဲတွင် သိသိသာသာ လွှမ်းမိုးမည့် မိဘများ မရှိချေ။ ထိုသို့သော အရာများ၌ ပါဝင်ပတ်သက်သူ အလွန်နည်းပါး၏။ မိဘအများစုသည် သာမန်သာဖြစ်သည်။ ဘုရားသခင်သည် လူတို့အား ရွေးချယ်သည့် အချိန်၌ပင်၊ ယင်းသည် လူတို့ကို ကယ်တင်သည့် သူ၏အမှုအတွက် လွန်စွာ အကျိုးပြုသည့် ဤသို့သော ပတ်ဝန်းကျင်မျိုးကို ၎င်းတို့အတွက် သူပြင်ဆင် ပေးလေသည်။ အပြင်ပန်းအားဖြင့် ကြည့်သော် ဘုရားသခင်သည် လူသားအတွက် ကမ္ဘာတုန်လောက်သော မည်သည့်အရာကိုမျှ အထူးသဖြင့် လုပ်ဆောင်မထားသလို ထင်ရ၏။ သူသည် နှိမ့်ချစွာနှင့် တိတ်တဆိတ် သူ လုပ်ဆောင်သည့် အရာအားလုံးကို တိတ်ဆိတ်စွာနှင့် လျှို့ဝှက်စွာ ရှေ့ဆက် ဆောင်ရွက်လေသည်။ သို့သော် အမှန်တွင်၊ ဘုရားသခင် ပြုသောအရာ အားလုံးသည် သင်၏ကယ်တင်ခြင်းအတွက် အခြေခံအုတ်မြစ်ချရန်၊ ရှေ့တွင်ရှိသည့် လမ်းနှင့် သင်၏ ကယ်တင်ခြင်းအတွက် လိုအပ်သော အခြေအနေအားလုံးကို ပြင်ဆင်ပေးရန် လုပ်ဆောင်ခြင်းဖြစ်သည်။ နောက်ထပ်၊ လူတိုင်းကို အသီးသီး တိကျသော အချိန်တွင် ဘုရားသခင်သည် သူ၏ရှေ့မှောက်သို့ ပြန်ခေါ်ဆောင်၏- ယင်းမှာ ဘုရားသခင်၏အသံကို သင်ကြားရသည့်အချိန် ဖြစ်သည်။ ယင်းသည် သူ၏ရှေ့မှောက်သို့ သင် လာရသည့်အချိန် ဖြစ်သည်။ ဤအရာဖြစ်ပျက်သောအချိန်၌ အချို့သောလူတို့သည် ၎င်းတို့ကိုယ်တိုင် မိဘများ ဖြစ်လာနှင့်ကြပြီး ဖြစ်သော်လည်း၊ တခြားသူတို့မှာမူ တစ်စုံတစ်ယောက်၏ သားသမီးသာ ဖြစ်ကြပေသည်။ တစ်နည်းဆိုရသော်၊ အချို့သောလူတို့သည် အိမ်ထောင်ရက်သားကျ၍၊ သားသမီးများ ရခဲ့ကြပြီဖြစ်သော်ငြား၊ အချို့သည် တစ်ကိုယ်တည်း ဖြစ်နေဆဲဖြစ်ပြီး၊ ၎င်းတို့၏ ကိုယ်ပိုင် မိသားစုများကို စတင်ခြင်း မပြုကြသေးပေ။ သို့သော် တစ်ဦး တစ်ယောက်၏အခြေအနေ မည်သို့ဖြစ်ပါစေ၊ သင်သည် မည်သည့်အချိန်၌ ရွေးချယ်ခံရမည် ဆိုသည်နှင့် သူ၏ ဧဝံဂေလိတရားနှင့် နှုတ်ကပတ်တော်တို့သည် မည်သည့်အချိန်တွင် သင့်ထံသို့ ရောက်မည်ဆိုသည်တို့ကို ဘုရားသခင်က သတ်မှတ်ထားပြီး ဖြစ်သည်။ သင့်အနေဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်တို့ကို ကြားနိုင်ရန် အလို့ငှာ၊ သင့်ထံသို့ ဧဝံဂေလိတရား လက်ဆင့်ကမ်းမည့် လူတစ်ဦးတစ်ယောက် သို့မဟုတ် အကြောင်းအရာတစ်ခုခုအပေါ် ဆုံးဖြတ်ထားသည့် အခြေအနေတို့ကို ဘုရားသခင်သည် သတ်မှတ်ထားပြီး ဖြစ်၏။ လိုအပ်သည့် အခြေအနေအားလုံးကို သင့်အတွက် ဘုရားသခင် ပြင်ဆင်နှင့်ပြီး ဖြစ်သည်။ ဤသို့ဖြင့်၊ ဖြစ်ပျက်နေသည့်အရာကို လူသည် သတိမမူမိသော်လည်း၊ ဘုရားသခင်ရှေ့မှောက် လာကာ ဘုရားသခင်၏ မိသားစုထံ ပြန်သွားလေသည်။ လူသည် မိမိအတွက် ဘုရားသခင် ပြင်ဆင်ပေးထားသည့် ဘုရားသခင်၏ အမှုပြုသည့်နည်းလမ်း၏ အဆင့်အသီးသီးထဲသို့ ဝင်ရောက်ရင်း၊ အမှုမဲ့အမှတ်မဲ့ ဘုရားသခင် နောက်သို့ လိုက်ကာ သူ၏ အမှု အဆင့်အသီးသီးထဲသို့လည်း ဝင်ရောက်လေသည်။ ဤအချိန်၌ ဘုရားသခင်သည် လူသားအတွက် လုပ်ဆောင်သည့်အခါ၊ မည်သို့သော နည်းလမ်းတို့ကို အသုံးပြုသနည်း။ ပထမဦးစွာ၊ အခြေခံအကျဆုံး နည်းလမ်းမှာ လူသား နှစ်သက်သည့် ဂရုစိုက်မှုနှင့် ကာကွယ်ပေးမှုဖြစ်၏။ ဤအရာအပြင်၊ လူသားအနေဖြင့် ဘုရားသခင်၏ တည်ရှိမှုနှင့် သူ၏လုပ်ဆောင်မှုတို့ကို မြင်နိုင်စေရန် အလို့ငှာ၊ ဘုရားသခင်သည် အမျိုးမျိုးသောလူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ပြင်ဆင်လေသည်။ ဥပမာအားဖြင့်၊ ၎င်းတို့၏ မိသားစုထဲတွင် တစ်စုံတစ်ဦး နာမကျန်းဖြစ်သောကြောင့်၊ ဘုရားသခင်ကို ယုံကြည်သော လူအချို့ရှိသည်။ အခြားသူများက ၎င်းတို့ထံ ဧဝံဂေလိတရား ဟောပြောသောအခါတွင်၊ ၎င်းတို့သည် ဘုရားသခင်ကို စတင် ယုံကြည်လာကြပြီး၊ ဘုရားသခင်အပေါ် ဤသို့ ယုံကြည်ခြင်းသည် အခြေအနေကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ သို့ဆိုလျှင် ဤအခြေအနေကို မည်သူက စီစဉ်ခဲ့သနည်း။ (ဘုရားသခင် ဖြစ်ပါသည်။) ဤနာမကျန်းဖြစ်ခြင်း နည်းလမ်းအားဖြင့်၊ အယောက်တိုင်း ယုံကြည်သူဖြစ်သည့် မိသားစုအချို့ရှိသော်လည်း၊ မိသားစုထဲတွင် အနည်းငယ်ကသာ ယုံကြည်သည့် အခြား မိသားစုများလည်းရှိသည်။ အပေါ်ယံအားဖြင့်၊ သင့်မိသားစုထဲမှ တစ်ဦးဦးက မကျန်းမာမှုရှိသည်ဟု ထင်ရသော်လည်း၊ အမှန်တွင် ထိုအရာမှာ သင့်အနေဖြင့် ဘုရားသခင်ရှေ့မှောက် လာစေရန်အလို့ငှာ သင့်အပေါ် အပ်နှင်းလိုက်သော အခြေအနေတစ်ခုသာဖြစ်သည်- ဤသည်မှာ ဘုရားသခင်၏ ကြင်နာခြင်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အချို့သောလူတို့အတွက် မိသားစုဘဝသည် ခက်ခဲပြီး ၎င်းတို့အနေဖြင့် ငြိမ်းချမ်းခြင်းကို ရှာမတွေ့နိုင်သောကြောင့်၊ အခွင့်အလမ်းတစ်ခုသည် သူ့ဖာသာ ပေါ်လာမည်ဖြစ်သည်- တစ်စုံတစ်ယောက်သောသူသည် ဧဝံဂေလိတရားကို လက်ဆင့်ကမ်းကာ၊ “သခင်ယေရှုကိုယုံကြည်ပါ၊ ငြိမ်သက်ခြင်း ရလိမ့်မည်” ဟု ပြော၏။ ထိုသို့ဖြင့်၊ သူတို့သည် သတိမမူမိဘဲလျက် လွန်စွာသဘာဝကျသော အခြေအနေများအောက်၌ ဘုရားသခင်ကို ယုံကြည်လာလေသည်၊ သို့ဆိုလျှင် ဤသည်မှာ အခြေအနေ အမျိုးအစားတစ်ခု ဖြစ်သည် မဟုတ်လော။ ပြီးလျှင် ၎င်း၏ မိသားစုသည် ငြိမ်သက်ခြင်းမရှိကြသည်မှာ ဘုရားသခင်ပေးအပ်သည့် ကျေးဇူးတော်တစ်ခု မဟုတ်လော။ တခြားသော အကြောင်းရင်းများ အတွက် ဘုရားသခင်ကို ယုံကြည်လာသူ အချို့လည်းရှိ၏။ ယုံကြည်မှုနှင့် ဆိုင်သည့် မတူညီသော အကြောင်းရင်းများနှင့် မတူညီသော နည်းလမ်းများ ရှိကြသော်လည်း၊ မည်သို့သော အကြောင်းရင်းက သင့်ကို ဘုရားသခင်အား ယုံကြည်စေသည်ဖြစ်စေ၊ အမှန်တွင် အားလုံးကို ဘုရားသခင်က စီစဉ်ကာ လမ်းပြခဲ့ခြင်း ဖြစ်သည်။ ဦးဆုံးအနေဖြင့်၊ ဘုရားသခင်သည် သင့်အား ရွေးချယ်ရန်နှင့် သင့်အား သူ၏မိသားစုထဲသို့ ခေါ်ဆောင်ရန်၊ အမျိုးမျိုးသော နည်းလမ်းတို့ကို အသုံးပြုလေသည်။ ဤသည်မှာ လူပုဂ္ဂိုလ် တစ်ဦးချင်းအပေါ်တွင် ဘုရားသခင်က သနားသည့် ကျေးဇူးတော်ဖြစ်၏။

ဘုရားသခင်၏ လက်ရှိ နောက်ဆုံးသောကာလ အမှုတော်ထဲတွင်၊ ဘုရားသခင်သည် ယခင်က လုပ်ဆောင်ခဲ့သည့်အတိုင်း လူသားအပေါ် ကျေးဇူးတော် နှင့် ကောင်းချီးမင်္ဂလာများကို ပေးအပ်ခြင်း မပြုတော့ သကဲ့သို့၊ လူကို ရှေ့ဆက်ရန် စည်းရုံးခြင်းလည်း မပြုတော့ပေ။ ဤအမှုတော် အဆင့်အတွင်းတွင် လူသည် ၎င်းတို့ကြုံတွေ့ရပြီးဖြစ်သည့် ဘုရားအမှုတော်၏ သွင်ပြင်လက္ခဏာအားလုံးမှ မည်သည့်အရာကို မြင်ပြီးပြီနည်း။ လူသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို မြင်ပြီး ဖြစ်သည်။ ဤအချိန်ကာလ အတွင်းတွင်၊ လူသားအနေဖြင့် ဘုရားသခင်၏ရည်ရွယ်ချက်တို့ကို တဖြည်းဖြည်း သိလာရန်၊ ဘုရားသခင် မိန့်ဆိုသော နှုတ်ကပတ်တော်များနှင့် လူသားအပေါ် အပ်နှင်းသော သမ္မာတရားကို တဖြည်းဖြည်း သိလာရန်အလို့ငှာ၊ ဘုရားသခင်သည် လူသားကို ထောက်ပံ့၏၊ ပံ့ပိုး၏၊ ဉာဏ်အလင်းပေးကာ လမ်းပြလေသည်။ လူသား၏ နုနယ်သော ဝိညာဉ်အသက်တာအနေဖြင့် ခွန်အား တဖြည်းဖြည်း တိုးပွားနိုင်စေဖို့အလို့ငှာ၊ အပြုသဘောဆောင်ခြင်းဖြင့် တဖြည်းဖြည်း ပေါ်ထွက်နိုင်ပြီး ဘုရားသခင်နှင့် ပူးပေါင်း လုပ်ဆောင်ရန် လိုလားလာစေဖို့အလို့ငှာ ဘုရားသခင်သည် လူသားအားနည်းသောအခါ၊ စိတ်ဓာတ်ကျသောအခါ၊ အဘယ်ကိုမျှ ဦးလှည့်စရာ မရှိသောအခါတွင် လူကို နှစ်သိမ့်ရန်၊ အကြံပေးရန်၊ အားပေးရန် သူ၏ နှုတ်ကပတ်တော်များကို အသုံးပြုမည်ဖြစ်သည်။ သို့ရာတွင် လူသည် ဘုရားသခင်ကို မနာခံသည့်အခါ၊ သူ့ကို ဆန့်ကျင်သည့်အခါ၊ သို့မဟုတ် မိမိတို့၏ ဖောက်ပြန်ပျက်စီးခြင်းကို လူက ထုတ်ဖော်ပြသည့်အခါတွင် လူကို ပြစ်တင်ဆုံးမခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတွင် ဘုရားသခင်သည် မည်သို့မျှ သက်ညှာလိမ့်မည် မဟုတ်ချေ။ သို့ရာတွင် လူသား၏ မိုက်မဲမှု၊ မသိနားမလည်မှု၊ အားနည်းမှုနှင့် မရင့်ကျက်မှုတို့ အတွက်မူ၊ ဘုရားသခင်သည် သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းတို့ကို ပြသလိမ့်မည်ဖြစ်သည်။ ဤသို့ဖြင့် လူသားအတွက် ဘုရားသခင် လုပ်ဆောင်သော အမှုအားလုံးမှတစ်ဆင့်၊ လူသားသည် တဖြည်းဖြည်း အရွယ်ရောက်လာ၏၊ ကြီးပြင်းလာပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သမ္မာတရားအချို့ကို သိလာ၏၊ မည်သည့်အရာများက အပြုသဘောဆောင်သောအရာများဖြစ်ပြီး မည်သည့်အရာများက အပျက်သဘောဆောင်သော အရာများဖြစ်သည် ဆိုသည်ကို သိလာ၏၊ မကောင်းမှုနှင့် မှောင်မိုက်ခြင်းမှာ မည်သည့်အရာများ ဖြစ်သည်ကို သိလာ၏။ ဘုရားသခင်သည် လူသားကို အမြဲပြစ်တင်ဆုံးမခြင်း၊ ဆုံးမပဲ့ပြင်ခြင်း နည်းလမ်းကို မပြုလုပ်သကဲ့သို့၊ စိတ်ရှည်ခြင်း၊ သည်းခံခြင်း တို့ကိုလည်း အမြဲမပြချေ။ ယင်းထက် လူတို့၏ မတူညီသောအဆင့်များတွင် လည်းကောင်း၊ ၎င်းတို့၏ မတူညီသောဝိညာဉ်အသက်တာများ၊ အရည်အချင်းများ နှင့်အညီ ဘုရားသခင်သည် လူတစ်ဦးချင်းစီအတွက် မတူညီသောနည်းလမ်းများဖြင့် ထောက်ပံ့ပေး၏။ သူသည် လူသားအတွက် အမှုအရာများစွာ လုပ်ဆောင်ပေးကာ၊ အဖိုးအခ ကြီးမားလှ၏။ လူသားသည် ဤအရာများ သို့မဟုတ် ဤအဖိုးအခ နှင့်ပတ်သက်၍ ဘာကိုမျှ မသိမြင်သော်လည်း၊ လက်တွေ့၌ သူလုပ်ဆောင်သမျှအားလုံးသည် လူတစ်ဦးချင်းစီတိုင်းအပေါ်တွင် ဆောင်ရွက်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းသည် လက်တွေ့ကျ၏- ဘုရားသခင်၏ ကျေးဇူးတော်မှတဆင့်၊ လူသားသည် ဘေးဒုက္ခ တစ်ခုပြီးတစ်ခု ရှောင်ရှားနေပြီး၊ တစ်ချိန်လုံး ဘုရားသခင်သည် လူသား၏အားနည်းချက်အပေါ် သူ၏ သည်းခံခြင်းကိုလည်း အကြိမ်ကြိမ် ပြသ၏။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းသည် လူတို့အား လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ဆိုးယုတ်သော အနှစ်သာရကို တဖြည်းဖြည်း သိလာစေသည်။ ဘုရားသခင် ထောက်ပံ့သော အရာ၊ လူသားအပေါ် သူ၏ ဉာဏ်အလင်းပေးခြင်းနှင့် သူ၏လမ်းပြမှု အားလုံးသည် လူသားမျိုးနွယ်အား သမ္မာတရား၏ အနှစ်သာရကို ပို၍ပို၍ သိလာခွင့်ပေးပြီး လူတို့ လိုအပ်သောအရာ၊ ၎င်းတို့ လျှောက်သင့်သောလမ်း၊ မည်သည့်အရာအတွက် ရှင်သန်နေထိုင်သင့်ပုံ၊ ၎င်းတို့အသက်တာများ၏ တန်ဖိုးနှင့် အဓိပ္ပါယ်အပြင်၊ ရှေ့တွင်ရှိသော လမ်းအား မည်သို့လျှောက်ရမည် ဆိုသည်တို့ကို တိုး၍ တိုး၍ သိလာခွင့်ပေး၏။ ဘုရားသခင် ပြုသော ဤအရာများအားလုံးသည် သူ၏တစ်ခုသော မူလရည်ရွယ်ချက်မှ ခွဲထုတ်၍မရချေ။ သို့ဆိုလျှင် ဤရည်ရွယ်ချက်မှာ အဘယ်နည်း။ ဘုရားသခင်သည် လူသားအပေါ် သူ၏အမှုကို ဆောင်ရွက်ရန်၊ အဘယ်ကြောင့် ဤနည်းလမ်းတို့ကို အသုံးပြုသနည်း။ မည်သည့် ရလဒ်ကို သူရရှိချင် သနည်း။ တစ်နည်းအားဖြင့်၊ သူသည် လူ့အထဲတွင် မည်သည့်အရာကို မြင်ချင်သနည်း။ လူသားထံမှ မည်သည့်အရာကို သူရရှိချင်သနည်း။ ဘုရားသခင် မြင်ချင်သောအရာမှာ လူသား၏ နှလုံးသား ပြန်လည်နိုးထနိုင်ဖို့ ဖြစ်သည်။ လူသားအပေါ် အမှုပြုရန် သူအသုံးပြုသည့် ဤနည်းလမ်းများသည် လူသား၏ နှလုံးသားနှင့် လူသား၏ စိတ်ဝိညာဉ်ကို စဉ်ဆက်မပြတ် နိုးထစေရန်ဖြစ်ကာ၊ လူသားအနေဖြင့် မည်သည့်နေရာက မိမိတို့လာခဲ့သည်၊ မည်သူက မိမိတို့ကို လမ်းပြနေသည်၊ ထောက်ပံ့နေပြီး ပံ့ပိုးနေသည်၊ ပြီးလျှင် မည်သူက မိမိကို ယခုထိတိုင်အောင် ရှင်သန် ခွင့်ပြုထားသည် ဆိုသည်ကို သိနိုင်စေဖို့ဖြစ်သည်။ ထိုနည်းလမ်းများသည် လူအား မည်သူက ဖန်ဆင်းရှင် ဖြစ်သည်၊ မည်သူ့ကို သူတို့ကိုးကွယ်သင့်သည်၊ မည်သို့သောလမ်းမျိုးကို လျှောက်သင့်သည်ဆိုသည်နှင့် ဘုရားသခင် ရှေ့မှောက်သို့ မည်သည့်နည်းလမ်းဖြင့် လာသင့်သည်ဆိုသည်တို့ကို နားလည်နိုင်စေသည့် နည်းလမ်းများ ဖြစ်သည်။ လူသားသည် ဘုရားသခင်၏စိတ်နှလုံးကို သိစေရန်၊ နားလည်စေရန် နှင့် လူသားကို ကယ်တင်ဖို့ဖြစ်သည့် ဘုရားသခင်၏ အမှုတော်နောက်ကွယ်က ကြီးစွာသောဂရုစိုက်မှုနှင့် အတွေးကို သဘောပေါက်စေရန်အလို့ငှာ၊ လူသား၏ နှလုံးသား တဖြည်းဖြည်း ပြန်၍အားပြည့်လာစေသည့် နည်းလမ်းတစ်ခု ဖြစ်သည်။ လူသား၏ နှလုံးသား ပြန်လည်အားပြည့် လာသည့်အခါ၊ လူသည် ဆုတ်ယုတ်သော ပျက်စီးသော စိတ်သဘောထား တစ်ခုဖြင့် အသက်ရှင်ရန် ဆန္ဒမရှိတော့ပဲ၊ ယင်းအစား ဘုရားသခင်ကို စိတ်ကျေနပ်စေရန် သမ္မာတရားကို ရှာဖွေဖို့သာ ဆန္ဒရှိလာသည်။ လူ၏နှလုံးသားသည် နိုးထလာသည့်အခါ၊ လူသည် စာတန်ထံမှ အပြည့်အဝ ရုန်းထွက်နိုင်လေသည်။ စာတန်၏ အန္တရာယ်ပြုခြင်း၊ စာတန်၏ ထိန်းချုပ်ခြင်း၊ သို့မဟုတ် အရူးလုပ်ခြင်းကို မခံရတော့ပေ။ ယင်းအစား ဘုရားသခင်၏ စိတ်နှလုံးကို ကျေနပ်စေဖို့ ဘုရားသခင်၏ အမှုနှင့် သူ၏ နှုတ်ကပတ်တော်တို့တွင် ဖန်တီးယူကာ ပူးပေါင်းဆောင်ရွက်နိုင်၏၊ ထိုသို့ဖြင့် ဘုရားသခင်ကို ကြောက်ရွံခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းတို့အား ရရှိလေသည်။ ဤသည်မှာ ဘုရားအမှုတော်၏ မူလရည်ရွယ်ချက် ဖြစ်သည်။

စာတန်၏ဆိုးယုတ်မှုအကြောင်း ယခုပင် ငါတို့ ပြောဆိုဆွေးနွေးခြင်းက၊ လူသည် အလွန်စိတ်မချမ်းမြေ့မှုအလယ်တွင် ရှင်သန်ပြီး လူ၏အသက်တာသည် ကံဆိုးမှုများဖြင့် ပတ်ချာဝိုင်း ခံရသည့်အလား လူတိုင်းကို ခံစားရစေသည်။ သို့ရာတွင် ယခုတွင် ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် လူသားအပေါ် သူ ဆောင်ရွက်သော အမှုတော်အကြောင်းကို ငါပြောဆိုနေသည့်အချိန်တွင်၊ ယင်းက သင်တို့ကို မည်သို့ခံစားရစေသနည်း။ (အလွန်ပျော်ပါသည်။) ဘုရားသခင် လုပ်ဆောင်သော အရာအားလုံး၊ လူသားအတွက် ပင်ပန်းကြီးစွာ သူ စီစဉ်သမျှအားလုံးသည် အပြစ်ဆိုစရာမရှိသည်ကို ငါတို့ ယခု မြင်နိုင်သည်။ ဘုရားသခင် ပြုလုပ်သမျှ အရာတိုင်းသည် အမှားအယွင်း ကင်းကာ၊ အပြစ်အနာအဆာ ကင်းသည့်သဘောဖြစ်ပြီး၊ မည်သူကမျှ ပြုပြင်ပေးရန်၊ အကြံပေးရန် သို့မဟုတ် ပြောင်းလဲမှုများ တစ်ခုတစ်လေ ပြုလုပ်ရန် မလိုအပ်ပေ။ တစ်ဦးချင်းစီတိုင်းအတွက် ဘုရားသခင် လုပ်ဆောင်သမျှအားလုံးသည် သံသယရှိစရာ မလိုအပ်ပေ။ သူသည် လူတိုင်းကို လက်ဆွဲခေါ်ကာ ဦးဆောင်ပြီး၊ သင့်အား ကုန်လွန်သွားသည့် အချိန်တိုင်းတွင် စောင့်ရှောက်သကဲ့သို့၊ သင့်အနားမှလည်း တစ်ခါမျှ မခွာခဲ့ချေ။ လူတို့သည် ဤကဲ့သို့သောပတ်ဝန်းကျင်မျိုးနှင့် ဤကဲ့သို့သော နောက်ခံမျိုးတွင် ကြီးပြင်းသည်နှင့်အမျှ၊ လူတို့သည် အမှန်တွင် ဘုရားသခင်၏ လက်ဖဝါးပေါ်တွင် ကြီးပြင်းသည်ဟု ငါတို့ ဆိုနိုင်မည်လော။ (ဆိုနိုင်ပါသည်။) သို့ဆိုလျှင် သင်တို့သည် ဆုံးရှုံးခြင်း အသိစိတ်တစ်ခုကို ယခုတွင် ခံစားနေကြ ရသေးသလော။ တစ်ဦးတစ်ယောက်သည် စိတ်ပျက် အားငယ်မိသေးသလော။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို စွန့်ပစ်သွားပြီဟု တစ်ယောက်ယောက်က ခံစားရသလော။ (မခံစားရပါ။) သို့ဆိုလျှင် ဘုရားသခင်သည် မည်သည့်အရာကို အတိအကျ လုပ်ဆောင်ပြီးဖြစ်သနည်း။ (လူသားမျိုးနွယ်ကို ဆက်လက် ဂရုစိုက်ပြီးဖြစ်သည်။) ဘုရားသခင် လုပ်ဆောင်သော အရာရာထဲတွင် ဘုရားသခင်ထားသည့် ကြီးစွာသော အတွေးနှင့် ဂရုစိုက်မှုသည် မေးခွန်းထုတ်စရာပင် မလိုအပ်ချေ။ ထို့အပြင် သူ၏ အမှုတော်ကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် အစဉ်အမြဲ အကြွင်းမဲ့ လုပ်ဆောင် လေသည်။ သင့်အနေဖြင့် သူ့အား နက်နက်နဲနဲ ကျေးဇူးတင်မိစေရန်အလို့ငှာ သင့်အတွက် သူ ပေးဆပ်ခဲ့သော အဖိုးအခကို သင်တို့ထဲမှ မည်သူကမျှသိဖို့ သူ လုံးဝ မတောင်းဆိုဖူးပေ။ ဘုရားသခင်သည် ဤအရာကို သင့်အား တောင်းဆိုဖူးပါသလော။ (မတောင်းဆိုဖူးပါ။) လူ့ဘဝ၏ ရှည်လျားသော လမ်းကြောင်းတွင်၊ လူအယောက်စီတိုင်းနီးပါး အန္တရာယ်ရှိသော အခြေအနေများစွာကို ကြုံဖူးသကဲ့သို့ ဖြားယောင်း သွေးဆောင်မှုများစွာကို ရင်ဆိုင်ဖူးကြ၏။ ဤသည်မှာ စာတန်သည် သင်၏အနားတွင် ရပ်နေသောကြောင့်၊ ၎င်း၏မျက်လုံးတို့သည် သင့်အပေါ် စဉ်ဆက်မပြတ် စူးစိုက်ကြည့် နေသောကြောင့် ဖြစ်သည်။ သင့်ကို ဘေးဒုက္ခရိုက်ခတ်သည့်အခါ၊ သင့်အပေါ် ကပ်ဘေးများ ကျရောက်သည့်အခါ၊ ဤအရာ၌ စာတန် အကြိုက်တွေ့ လေသည်။ သင့်အတွက် မည်သည့်အရာမျှ အဆင်မပြေသည့်အခါ၊ စာတန်၏ ကွန်ယက်တွင် သင် ငြိတွယ်ခံရသည့်အခါတွင်၊ ဤအရာများမှ ကြီးစွာသော ပျော်ရွှင်မှုကို စာတန်က ရယူလေသည်။ ဘုရားသခင် လုပ်ဆောင်နေသည့် အရာအတွက်မူ၊ သူသည် သင့်အား ကုန်လွန်သည့်အချိန်တိုင်းတွင် ကာကွယ် ပေးလျက်ရှိကာ၊ ကံဆိုးခြင်းတစ်ခုပြီး တစ်ခုမှ လည်းကောင်း၊ ဘေးဒုက္ခတစ်ခုပြီး တစ်ခုမှ လည်းကောင်း သင့်ကို ထိန်းကျောင်းပေးနေ၏။ ဤသည်မှာ လူသားတွင် ရှိသောအရာ အားလုံးဖြစ်သည့် ငြိမ်းချမ်းမှုနှင့် ပျော်ရွှင်မှု၊ ကောင်းချီးမင်္ဂလာများနှင့် တစ်ကိုယ်ရေဘေးကင်းရေးတို့သည် အမှန်တွင် ဘုရားသခင်၏ ထိန်းချုပ်မှုအောက်တွင် အားလုံး ရှိကြသည်ဟု ငါက ပြောရသည့်အကြောင်းရင်း ဖြစ်သည်။ သူသည် လူတစ်ဦးစီတိုင်း၏ ကံကြမ္မာကို လမ်းပြကာ ဆုံးဖြတ်ပေး၏။ သို့ရာတွင် ဘုရားသခင်သည် အချို့သောလူတို့ ပြောသကဲ့သို့ သူ၏ အနေအထားအပေါ် ကြီးကျယ်သော အယူအဆတစ်ခု ရှိပါသလော။ “ငါသည် အရာအားလုံး၏ အကြီးမြတ်ဆုံး ဖြစ်သည်။ သင်တို့ကို ကွပ်ကဲသည်မှာ ငါဖြစ်၏။ သင်တို့အားလုံးသည် သက်ညှာမှုအတွက် ငါ့ကို တောင်းခံကြရမည်ဖြစ်ပြီး၊ မနာခံမှုသည် သေခြင်းဖြင့် ပြစ်ဒဏ်ပေးခံရမည်” ဟူ၍ သင့်အား ဘုရားသခင် ထုတ်ဖော်ပြောဆို ပါသလော။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဤနည်းလမ်းမျိုးဖြင့် ခြိမ်းခြောက်ဖူးပါသလော။ (မခြိမ်းခြောက်ဖူးပါ။) “လူသားမျိုးနွယ်သည် ပျက်စီး နေသောကြောင့်၊ ၎င်းတို့ကို ငါမည်သို့ဆက်ဆံသည်မှာ အရေးမကြီးသကဲ့သို့၊ မည်သည့်နည်းလမ်းဖြင့်မဆို ၎င်းတို့ ဆက်ဆံခံရနိုင်၏။ ငါသည် ၎င်းတို့အတွက် ကောင်းမွန်သော စီစဉ်မှုများ ပြုလုပ်ရန် မလိုအပ်” ဟု သူပြောဖူးပါသလော။ ဘုရားသခင်သည် ဤသို့စဉ်းစား ပါသလော။ ဘုရားသခင်သည် ဤနည်းဖြင့် ပြုမူဖူးပါသလော။ (မပြုမူဖူးပါ။) ဆန့်ကျင်ဖက် အနေဖြင့်၊ လူတစ်ဦးတစ်ယောက်ချင်းစီအပေါ် ဘုရားသခင်၏ ဆက်ဆံမှုသည် လေးနက်၍ တာဝန်ယူမှုရှိ၏။ သင့်ကိုယ်သင် သဘောထားသည် ထက်ပင် ဘုရားသခင်က သင့်ကို သာ၍ တာဝန်ယူမှုရှိစွာ ဆက်ဆံ၏။ ဤသို့မဟုတ်ပေသလော။ ဘုရားသခင်သည် အကြောင်းမဲ့သက်သက် ပြောဆိုခြင်း မရှိသလို၊ သူ၏ ချီးမြှောက်ခံရသည့် အနေအထားကို ဟန်မထုတ်ပေ သို့မဟုတ် လူတို့ကို ပေါ့ပေါ့ဆဆ မလှည့်ဖြားပေ။ ယင်းအစား သူကိုယ်တိုင် ပြုရန် လိုအပ်သောအရာတို့ကို ရိုးသားစွာနှင့် တိတ်ဆိတ်စွာ လုပ်ဆောင်လေသည်။ ဤအရာတို့သည် လူသားထံသို့ ကောင်းချီးများ၊ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်မှုတို့ကို ဆောင်ကြဉ်း၏၊ ၎င်းတို့သည် လူသားကို ဘုရားသခင်၏ မြင်ကွင်းနှင့် သူ၏မိသားစုထဲသို့ ငြိမ်းချမ်းစွာနှင့် ပျော်ရွှင်စွာ ပို့ဆောင်ပေး၏။ ထို့နောက် လူတို့သည် ဘုရားသခင်၏ ရှေ့မှောက်တွင် အသက်ရှင်ပြီး ပုံမှန် ဆင်ခြင်တုံတရားနှင့် တွေးခေါ်မှုတို့ဖြင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံကြလေသည်။ ထို့ကြောင့်၊ ဘုရားသခင်သည် သူ၏အမှုတွင် လူသားနှင့်ပတ်သက်၍ တမင်လှည့်စားဖူးပါသလော။ သူသည် လူသားအား ပထမဦးစွာ စကားအနည်းငယ်ဖြင့် အရူးလုပ်ပြီး၊ ထို့နောက် သူ့ကို ကျောခိုင်းကာ အတုအယောင် ကြင်နာမှုကို ပြသဖူးသလော။ (မပြသဖူးပါ။) ဘုရားသခင်သည် ပြောတော့တစ်မျိုး၊ လုပ်တော့ တခြားဖြစ်ဖူးသလော။ ဘုရားသခင်သည် အနှစ်မရှိသော ကတိတို့ကို ပေးကာ၊ သူသည် ၎င်းတို့အတွက် ဤအရာအား လုပ်ပေးနိုင်သည် သို့မဟုတ် ထိုအရာအား ၎င်းတို့အတွက် ကူညီပေး နိုင်သည်ဟု ပြောလျက် ကြွားဝါသော်လည်း၊ ယင်းနောက်တွင် ပျောက်ကွယ်သွားဖူးသလော။ (မပျောက်ကွယ်ဖူးပါ။) ဘုရားသခင်ထံ၌ မည်သည့် လှည့်စားမှု၊ မည်သည့် မမှန်ကန်မှုမျှ မရှိချေ။ ဘုရားသခင်သည် သစ္စာနှင့် ပြည့်စုံတော်မူသကဲ့သို့၊ သူ ပြုသောအရာတိုင်း၌ စစ်မှန်၏။ သူသည် လူတို့ အားထားနိုင်သည့် တစ်ဦးတည်းသောသူဖြစ်၏။ သူသည် လူတို့အနေဖြင့် ၎င်းတို့၏အသက်တာများနှင့် ၎င်းတို့ရှိသမျှ အရာတိုင်းကို အပ်နှံနိုင်သည့် တစ်ဦးတည်းသောသူလည်း ဖြစ်သည်။ ဘုရားသခင်၌ မည်သည့်လှည့်စားမှုမျှ မရှိသည့်အတွက်၊ ဘုရားသခင်သည် အစစ်မှန်ဆုံးဖြစ်သည်ဟု ငါတို့ ဆိုနိုင်မည်လော။ (ဆိုနိုင်ပါသည်။) ငါတို့ဆိုနိုင်သည်မှာ ဟုတ်ပေ၏။ “စစ်မှန်သော” ဟူသည့် စကားသည် အလွန်အားနည်းသော်လည်း၊ ဘုရားသခင်အဖို့ သုံးသည့်အခါ အလွန်လူသားဆန်သော်လည်း၊ ငါတို့ သုံးဖို့အတွက် မည်သည့် အခြားသော စကားလုံး ရှိသနည်း။ လူသားဘာသာစကား၏ ကန့်သတ်ချက်မှာ ထိုသို့ဖြစ်၏။ ဘုရားသခင်ကို “စစ်မှန်သည်” ဟု ခေါ်ဆိုခြင်းသည် အတော်အတန် မသင့်လျော်သော်လည်း၊ လောလောဆယ်တွင်မူ ဤစကားလုံးကို ငါတို့ အသုံးပြုသွားမည်။ ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံကာ၊ စစ်မှန်၏။ သို့ဆိုလျှင် ငါတို့သည် ဤသွင်ပြင်လက္ခဏာတို့ကို ပြောဆိုသည့်အခါ မည်သည့်အရာကို ငါတို့ ရည်ညွှန်းနေခြင်း ဖြစ်သနည်း။ ငါတို့သည် ဘုရားသခင်နှင့် လူသားကြား၊ ဘုရားသခင်နှင့် စာတန်ကြား ခြားနားမှုများကို ရည်ညွှန်းနေခြင်း ဖြစ်သလော။ ဟုတ်ပေ၏၊ ထိုသို့ ငါတို့ဆိုနိုင်၏။ ဤသည်မှာ လူသားအနေဖြင့် ဘုရားသခင်၌ စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား တစ်စွန်းတစ်စမျှ မမြင်ရသောကြောင့် ဖြစ်လေသည်။ ငါသည် ဤသို့ ပြောရာ၌ မှန်ကန်ပါ၏လော။ အာမင်။ (အာမင်။) ဘုရားသခင်၏အထဲ၌ စာတန်၏ ဆိုးယုတ်သော စိတ်သဘောထားတစ်ခုမျှ ထုတ်ဖော်ပြခြင်း မရှိပေ။ ဘုရားသခင် လုပ်ဆောင်ကာ ထုတ်ဖော်ပြသမျှအားလုံးသည် လုံးလုံးအကျိုးပြုပြီး လူကို ကူညီမစ၏၊ လူသားကို ထောက်ပံ့ပေးရန် လုံးလုံးလျားလျား လုပ်ဆောင်ထားခြင်း ဖြစ်သည်၊ အသက်နှင့် ပြည့်ဝပြီး လူသားအတွက် လိုက်လျှောက်ရန် လမ်းတစ်ခုနှင့် လျှောက်လှမ်းရမည့် ဦးတည်ချက်တစ်ခုကို ပေး၏။ ဘုရားသခင်သည် ပျက်စီးခြင်းမရှိသည့်အပြင်၊ ဘုရားသခင် လုပ်ဆောင်သော အရာရာတိုင်းကို ယခု ကြည့်သောအခါ၊ ဘုရားသခင်သည် သန့်ရှင်းသည်ဟု ငါတို့ ဆိုနိုင်သလော။ ဘုရားသခင်၌ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မရှိသကဲ့သို့ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ စာတန်အဖြစ်အနေနှင့် ဆင်တူသောအရာတစ်ခုမျှ မရှိသောကြောင့် ဘုရားသခင်သည် သန့်ရှင်းပေ၏ဟု ဤရှုထောင့်မှ ငါတို့လုံးဝဆိုနိုင်သည်။ ဘုရားသခင်သည် မည်သည့်ဖောက်ပြန်ပျက်စီးခြင်းကိုမျှ ထုတ်ဖော်မပြသကဲ့သို့ သူအမှုပြုနေသည့် တစ်ချိန်တည်းမှာပင် ဘုရားသခင်သည် သူ၏ကိုယ်ပိုင် အနှစ်သာရကို ထုတ်ဖော်ပြ၏၊ ယင်းမှာ ဘုရားသခင် ကိုယ်တော်တိုင်က သန့်ရှင်းကြောင်းကို လုံးလုံးလျားလျား အတည်ပြုပေးသည်။ ဤအရာကို သင်တို့ မြင်ကြသလော။ ဘုရားသခင်၏ သန့်ရှင်းသော အနှစ်သာရကို သိရန် ယခု ဤလက္ခဏာနှစ်ရပ်ကို ကြည့်ကြပါစို့။ ပထမအနေဖြင့်ဘုရားသခင်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား တစ်စွန်းတစ်စမျှမရှိ။ ပြီးလျှင် ဒုတိယအနေဖြင့် လူသားအပေါ်ပြုသော ဘုရားသခင် အမှုတော်၏ အနှစ်သာရသည် လူသားအား ဘုရားသခင်၏ကိုယ်ပိုင်အနှစ်သာရကို မြင်ခွင့်ပေးပြီး၊ ဤအနှစ်သာရသည် လုံးလုံးလျားလျား အပြုသဘောဆောင်၏။ ဘုရားသခင် အမှုတော်၏ အစိတ်အပိုင်းတိုင်းက လူသားထံ ယူဆောင်ပေးသည်များမှာ အပြုသဘောဆောင် ကြသည်သာ ဖြစ်သည်။ ပထမဦးစွာ ဘုရားသခင်သည် လူသားကို ရိုးသားရန် တောင်းဆိုသည်- ဤသည်မှာ အပြုသဘောဆောင်သည့်အရာ မဟုတ်သလော။ ဘုရားသခင်သည် လူသားကို ဉာဏ်ပညာပေး၏- ဤသည်မှာ အပြုသဘောမဆောင်သလော။ ဘုရားသခင်သည် လူသားအား အကောင်းနှင့်အဆိုးကို ခွဲခြားသိမြင်တတ်စေသည်- ဤသည်မှာ အပြုသဘော မဆောင်သလော။ သူသည် လူသားအား လူ့ဘဝ၏ အဓိပ္ပါယ်နှင့် တန်ဖိုးကို နားလည်ခွင့်ပေးသည်- ဤသည်မှာ အပြုသဘော မဆောင်သလော။ သူသည် လူသားအား လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများ၏ အနှစ်သာရကို သမ္မာတရား နှင့်အညီ ထွင်းဖောက်သိစေ၏— ဤသည်မှာ အပြုသဘော မဆောင်သလော။ ဆောင်ပေသည်။ ဤအရာအားလုံး၏ အကျိုးရလဒ်မှာ လူသားသည် စာတန်၏ လှည့်စားခြင်းကို မခံရတော့၊ စာတန်၏ အန္တရာယ်ပြုခြင်း သို့မဟုတ် ထိန်းချုပ်ခြင်းကို ဆက်၍ မခံရတော့ခြင်းဖြစ်သည်။ တစ်နည်းဆိုရလျှင်၊ ဤအရာတို့သည် လူတို့ကို စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းမှ မိမိတို့ကိုယ်ကိုယ် လုံးလုံး လွတ်မြောက်ခွင့်ပေး၏၊ ထို့ကြောင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုအား ရှောင်ကြဉ်ခြင်းလမ်းကို တဖြည်းဖြည်း လျှောက်လှမ်းကြ၏။ ယခုတွင် သင်တို့သည် ဤလမ်းကြောင်းအပေါ် မည်မျှဝေးဝေး လျှောက်ပြီးကြပြီနည်း။ ပြောရန် ခက်ခဲသည် မဟုတ်လော။ သို့ရာတွင် အနည်းဆုံးအနေဖြင့် စာတန်သည် လူသားကို မည်သို့ ဖျက်ဆီးသည်၊ မည်သည့်အရာတို့သည် ဆိုးယုတ်ပြီး မည်သည့်အရာတို့သည် အပျက်သဘောဆောင်သည် ဆိုသည်တို့နှင့်ဆိုင်သည့် ကနဦး သိနားလည်မှုတစ်ခုကို သင်တို့ ယခု ရှိကြသည် မဟုတ်လော။ အနည်းဆုံးအနေဖြင့် သင်တို့သည် အသက်တာ၌ မှန်ကန်သောလမ်းကို ယခုတွင် လျှောက်လှမ်းနေကြပြီဖြစ်သည်။ ထိုသို့ဆိုနိုင်သလော။ လုံးဝပင် ဆိုနိုင်၏။

ဘုရားသခင်၏ သန့်ရှင်းခြင်းအကြောင်းနှင့် ပတ်သက်၍ မိတ်သဟာယပြုရမည့်အရာတစ်ခု ရှိသည်။ သင်တို့ ကြားရကာ ရရှိပြီးဖြစ်သည့် အရာအားလုံးကို အခြေခံ၍၊ ဘုရားသခင်၏ သန့်ရှင်းခြင်းမှာ မည်သည့်အရာ ဖြစ်သည်ကို သင်တို့ထဲမှ မည်သူပြောနိုင်သနည်း။ ငါ ပြောဆိုသော ဘုရားသခင်၏ သန့်ရှင်းခြင်းဆိုသည်မှာ မည်သည့်အရာကို ရည်ညွှန်းသနည်း။ ခဏမျှ စဉ်းစားကြည့်လော့။ ဘုရားသခင်၏ သန့်ရှင်းခြင်းသည် သူ၏ ဖြောင့်မတ်မှန်ကန်ခြင်းလော။ ဘုရားသခင်၏ သန့်ရှင်းခြင်းသည် သူ၏ သစ္စာနှင့် ပြည့်စုံတော်မူခြင်းလော။ ဘုရားသခင်၏ သန့်ရှင်းခြင်းသည် သူ၏ ကိုယ်ကျိုးမငဲ့ခြင်းလော။ သူ၏ နှိမ့်ချခြင်းလော။ လူသားအတွက် သူ၏ ချစ်ခြင်းမေတ္တာလော။ ဘုရားသခင်သည် လူသားအပေါ် သမ္မာတရားနှင့် အသက်ကို အခမဲ့ ပေးသနား၏- ဤသည်မှာ သူ၏ သန့်ရှင်းခြင်းလော။ ဟုတ်သည်၊ အားလုံးဟုတ်၏။ ဘုရားသခင် ထုတ်ဖော်ပြသည့် ဤအရာအလုံးစုံသည် အတုမဲ့ဖြစ်ပြီး ဖောက်ပြန်ပျက်စီးသော လူ့သဘာဝအတွင်းတွင် မတည်ရှိသကဲ့သို့၊ မြင်လည်း မမြင်ရပေ။ လူသားအပေါ် စာတန်၏ ဖျက်ဆီးခြင်း ဖြစ်စဉ်အတွင်း၌ ထိုအရာတစ်စက်ကလေးကိုမျှ မမြင်ရသကဲ့သို့၊ စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတွင်လည်းကောင်း၊ စာတန်၏ အနှစ်သာရ သို့မဟုတ် သဘောသဘာဝတွင်လည်းကောင်း မမြင်ရပေ။ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းသည် အတုမရှိ ဖြစ်သည်။ ဘုရားသခင်ကိုယ်တိုင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းသည်သာ ဤသို့သော အနှစ်သာရမျိုးကို ပိုင်ဆိုင်၏၊ ဘုရားသခင် ကိုယ်တိုင်သာလျှင် ဤသို့သော အနှစ်သာရမျိုးကို ပိုင်ဆိုင်၏။ ငါတို့ ဆွေးနွေးမှု၏ ဤအချက် အရောက်တွင်၊ သင်တို့အနေဖြင့် ငါ ယခုပင် ဖော်ပြသမျှလောက် သန့်ရှင်းသည့်သူ တစ်ဦးဦးကို လူသားမျိုးနွယ်အတွင်း၌ မြင်ဖူးပါသလော။ (မမြင်ဖူးပါ။) သို့ဆိုလျှင် သင်တို့မြတ်နိုးကိုးကွယ်ကြသည့် အသည်းကျော်များ၊ ကျော်ကြားသူများ၊ သို့မဟုတ် လူသားမျိုးနွယ်၏ ကြီးမြတ်သူများကြားတွင် ဤမျှ သန့်ရှင်းသောသူ တစ်ဦးတလေရှိပါ၏လော။ (မရှိပါ။) ထို့ကြောင့် ဘုရားသခင်၏ သန့်ရှင်းခြင်းသည် အတုမရှိဖြစ်သည်ဟု ငါတို့ဆိုသည့်အခါ၊ ဤသည်မှာ ချဲ့ကားပြောဆိုခြင်းလော။ ဧကန်မုချ မဟုတ်ပေ။ ထို့အပြင်၊ ဘုရားသခင်၏ သန့်ရှင်းသော အတုမဲ့ဖြစ်ခြင်းက လက်တွေ့ကျသည့်ဘက်တစ်ခုလည်း ရှိ၏။ ယခု ငါပြောသော သန့်ရှင်းခြင်းနှင့် သင်တို့ ယခင်က ထင်ခဲ့၊ စိတ်ကူးခဲ့သော သန့်ရှင်းခြင်း ကြားတွင် ခြားနားချက်တစ်ခုတစ်လေ ရှိသလော။ (ရှိပါသည်။) အလွန်ကြီးမားသည့် ကွာဟချက်တစ်ခု ရှိပေသည်။ လူတို့သည် သန့်ရှင်းခြင်း အကြောင်းကို ပြောဆိုသည့်အခါ၊ မကြာခဏ မည်သည့်အရာကို ဆိုလိုကြသနည်း။ (အချို့သော အပြင်ပန်းအပြုအမူများကို ဆိုလိုပါသည်။) အပြုအမူ တစ်ခု သို့မဟုတ် အခြားတစ်ချို့သော အရာကို သန့်ရှင်းသည်ဟု လူတို့ ဆိုသောအခါ၊ ထိုအရာမှာ သဘောတရားအရ ဖြူစင်ပြီး နှစ်လိုဖွယ်ဖြစ်သည်ဟု မြင်ကြသောကြောင့်သာ ဤသို့ ပြောကြခြင်း ဖြစ်သည်။ သို့ရာတွင်၊ ဤအရာများသည် သန့်ရှင်းခြင်း၏ ဂုဏ်ဒြပ်စစ်စစ် အစဉ်သဖြင့် ကင်းမဲ့၏- ဤသည်မှာ အယူဝါဒ၏ သွင်ပြင်လက္ခဏာဖြစ်သည်။ ဤအရာအပြင် ၎င်းတို့၏ စိတ်ထဲတွင် လူတို့ စိတ်ကူးကြသည့် သန့်ရှင်းခြင်း၏ လက်တွေ့ကျသော သွင်ပြင်လက္ခဏာရပ်က မည်သည်ကို ရည်ညွှန်းသနည်း။ ယင်းသည် ၎င်းတို့က များသောအားဖြင့် ဖြစ်မည်ဟု စိတ်ကူးကြသော သို့မဟုတ် အကဲဖြတ်ကြသော အရာလော။ ဥပမာအားဖြင့်၊ အချို့သော ဗုဒ္ဓဘာသာဝင်တို့သည် ကျင့်ကြံနေစဉ် ကွယ်လွန်သွားကြ၏၊ အိပ်ပျော်လျက် ထိုင်နေရင်းဖြင့် ထွက်ခွာသွားကြ၏။ ၎င်းတို့သည် သန့်ရှင်းလာကာ၊ ကောင်းကင်ဆီသို့ ပျံသွားသည်ဟု အချို့သောလူတို့က ပြောကြ၏။ ဤသည်မှာလည်း စိတ်ကူးထင်မြင်ခြင်း၏ ရလာဒ်တစ်ခု ဖြစ်သည်။ ထို့နောက် ကောင်းကင်ဘုံမှ လွင့်မျောလာသော နတ်သမီးတစ်ပါးကို သန့်ရှင်းသည်ဟု ထင်ကြသည့် အခြားသောသူများ ရှိ၏။ အမှန်တကယ်တွင်၊ “သန့်ရှင်းသည်” ဆိုသည့် စကားလုံးနှင့် ဆိုင်သည့် လူများ၏ အယူအဆမှာ အခြေခံအားဖြင့် မည်သည့် စစ်မှန်သော ဒြပ်ထည်မျှမရှိသည့် ဗလာစိတ်ကူးနှင့် အယူအဆမျိုး တစ်ခုသာ အမြဲဖြစ်နေခဲ့သည်၊ ထို့အပြင် သန့်ရှင်းခြင်း၏ အနှစ်သာရနှင့်လည်း မည်သို့မျှ မသက်ဆိုင်ချေ။ သန့်ရှင်းခြင်း၏ အနှစ်သာရသည် စစ်မှန်သော ချစ်ခြင်းဖြစ်သော်လည်း၊ ယင်းထက်ပို၍ သမ္မာတရား၊ ဖြောင့်မတ်ခြင်းနှင့် အလင်း၏ အနှစ်သာရဖြစ်သည်။ “သန့်ရှင်းသည်” ဟူသော စကားလုံးသည် ဘုရားသခင်အတွက် အသုံးပြုသော အခါမှသာ သင့်လျော်၏။ ဖန်ဆင်းခြင်းထဲက မည်သည့်အရာကမျှ “သန့်ရှင်းသည်” ဟု ခေါ်ဆိုခြင်း မခံထိုက်ပေ။ ဤကို လူသားက နားလည်ရမည်။ ယခုမှစ၍ ငါတို့သည် “သန့်ရှင်းခြင်း” ဟူသော စကားလုံးကို ဘုရားသခင်အဖို့သာ အသုံးပြုမည်။ ဤသည်မှာ သင့်လျော်ပါသလော။ (သင့်လျော်ပါသည်။)

လူသားကို ဖောက်ပြန်ပျက်စီးစေရန် စာတန်က အသုံးချသာ လှည့်ကွက်များ

စာတန်သည် လူသားကို ဖျက်ဆီးရန် မည်သည့် နည်းလမ်းတို့အား အသုံးချသည်ဆိုသည့်အကြောင်းကို ပြန်၍ ဆွေးနွေးကြပါစို့။ လူသားအပေါ် ဘုရားသခင်က အမှုပြုပြီး သင်တို့အယောက်တိုင်း မိမိတို့ကိုယ်တိုင် ကြုံတွေ့နိုင်သည့် နည်းလမ်းအမျိုးမျိုးအကြောင်းကို ငါတို့ ပြောဆိုခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် အလွန်အသေးစိတ်ကျကျ ငါပြောတော့မည်မဟုတ်။ သို့ရာတွင် သင်တို့၏စိတ်နှလုံးများထဲ၌၊ လူသားကို ဖျက်ဆီးရန် စာတန်သည် မည်သည့် လှည့်ကွက်များနှင့် ဗျူဟာများ အသုံးပြုသည်ကို မရှင်းမလင်းဖြစ်ကောင်းဖြစ်မည် သို့မဟုတ် ၎င်းတို့ကို အနည်းဆုံး အတိအကျ သိနားလည်မှု ရှိကောင်းရှိမည် မဟုတ်ပေ။ ဤအကြောင်းကို ထပ်မံပြောဆိုရန်မှာ ငါ့အတွက် အကျိုးရှိမည်လော။ သင်တို့သည် ဤအရာနှင့်ပတ်သက်၍ လေ့လာချင်ကြသလော။ သင်တို့ထဲမှ အချို့က “စာတန်အကြောင်းကို အဘယ်ကြောင့် ထပ်ပြောသနည်း။ စာတန်အကြောင်းကို ပြောသည့် တစ်ခဏတွင် ငါတို့ ဒေါသထွက်လာကြ၏၊ ၎င်း၏ နာမည်ကို ကြားသည့်အခါ ငါတို့သည် အလုံးစုံ စိတ်အနှောင့်အယှက် ဖြစ်ရသည်” ဟူ၍ မေးလိမ့်မည်။ ယင်းက သင်တို့ကို မည်မျှ စိတ်မသက်မသာဖြစ်စေကာမူ၊ သင်သည် အမှန်တရားများကို ရင်ဆိုင်ရမည်ဖြစ်သည်။ လူ၏ သိနားလည်ခြင်း အကျိုးအတွက် ဤအကြောင်းအရာတို့အား ရှင်းလင်းစွာ ပြောကြားရမည် ဖြစ်ပြီး ရှင်းလင်းစေရပေမည်။ ထိုသို့မဟုတ်ပါက လူသည် စာတန်၏လွှမ်းမိုးခြင်းမှ အမှန်တကယ် မလွတ်မြောက်နိုင်ပေ။

စာတန်၏ လှည့်ကွက်များ ပါဝင်သည့် လူသားကို ဖျက်ဆီးသော စာတန်၏နည်းလမ်းငါးခုကို ငါတို့သည် ရှေ့တွင် ဆွေးနွေးပြီးဖြစ်၏။ လူသားကို စာတန် ဖျက်ဆီးသည့် နည်းလမ်းတို့သည် အပေါ်ယံအကာ တစ်ခုမျှသာဖြစ်သည်။ သာ၍ အန္တရာယ်အပြုသောအရာမှာ ဤအပေါ်ယံအောက်တွင် ကွယ်ဝှက်နေသည့် စာတန်က မိမိ၏ ရည်မှန်းချက်များကို ရရှိရန် အသုံးပြုသော လှည့်ကွက်များဖြစ်သည်။ ဤလှည့်ကွက်များမှာ အဘယ်သို့နည်း။ ယင်းတို့ကို ငါ့အား အတိုချုံး ပြောပြကြလော့။ (၎င်းသည် လိမ်လည်သည်၊ ဖြားယောင်းပြီး အကျပ်ကိုင်ပါသည်။) ဤလှည့်ကွက်များကို ပို၍ စာရင်းပြုလေလေ၊ ပို၍ နီးစပ်လေလေဖြစ်သည်။ သင်တို့သည် စာတန်၏ အန္တရာယ်ပြုခြင်းကို နက်နက်ရှိုင်းရှိုင်း ခံရပြီး၊ ဤအကြောင်းအရာ အပေါ်၌ ခံစားချက်ပြင်းထန်ကြသည့်အလား ဖြစ်ပုံရ၏။ (စာတန်သည် ဟုတ်သယောင်နှင့်မှားသော နှုတ်အပြောကိုလည်း အသုံးပြု လေသည်။ သူသည် လူတို့ကို လွှမ်းမိုးကာ၊ အဓမ္မ သိမ်းပိုက်ပါသည်။) အဓမ္မ သိမ်းပိုက်ခြင်း- ဤအရာက အထူးသဖြင့် နက်ရှိုင်းသော ခံစားချက်တစ်ခုကို ကျန်ရစ်စေသည်။ လူတို့သည် စာတန်၏ အဓမ္မ သိမ်းပိုက်ခြင်းကို ကြောက်ရွံ့ကြသည်။ အခြား လှည့်ကွက်တစ်ခုတစ်လေ ရှိသေးသလော။ (၎င်းသည် လူတို့ကို ကြမ်းတမ်းစွာ အန္တရာယ်ပြုသည်။ ခြိမ်းခြောက်ခြင်းများ ပြုကာ မက်လုံးများ ပေးပြီး လိမ်ညာပါသည်။) လိမ်ညာခြင်းသည် ၎င်း လုပ်ဆောင်သည့် အရာများထဲမှ တစ်ခုဖြစ်သည်။ သင့်ကို လိမ်လည် လှည့်စားနိုင်ရန် အလို့ငှာ ၎င်းသည် လိမ်ညာ၏။ လိမ်ညာခြင်း၏ သဘောသဘာဝသည် အဘယ်နည်း။ လိမ်ညာခြင်းသည် လှည့်စားခြင်းနှင့် တူညီသည်မဟုတ်သလော။ အလိမ်အညာများကို ပြောဆိုခြင်း၏ ရည်မှန်းချက်သည် အမှန်တကယ်၌ သင့်ကို လှည့်စားရန်ဖြစ်သည်။ အခြားလှည့်ကွက်တစ်ခုတစ်လေ ရှိသေးသလော။ သင်တို့ သိသည့် စာတန်၏ လှည့်ကွက်များအားလုံးကို ငါ့ကို ပြောကြလော့။ (၎င်းသည် သွေးဆောင်သည်၊ အန္တရာယ်ပေးသည်၊ အမြင်ကန်းစေပြီး၊ လှည့်စားပါသည်။) ဤလှည့်ဖြားခြင်းအကြောင်းကို သင်တို့ အများစုသည် တူညီစွာခံစားရသည်။ အခြားမည်သည့်အရာရှိသေးသနည်း။ (၎င်းသည် လူကို ထိန်းချုပ်ပါသည်၊ လူကို အပိုင်သိမ်းပါသည်၊ လူကို အကြမ်းဖက်ကာ၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှ တားဆီးပါသည်။) သင်တို့ ပြောနေသည့်အရာများ၏ အဓိပ္ပါယ်အလုံးစုံကို ငါသိပြီ ဤသည်မှာ ကောင်းပေ၏။ သင်တို့ အားလုံးသည် ဤအကြောင်းနှင့် ပတ်သက်၍ တစ်စုံတစ်ခု သိကြ၏၊ ထို့ကြောင့် ငါတို့သည် ယခုတွင် ဤလှည့်ကွက်များကို အနှစ်ချုပ်ကြည့်ကြစို့။

လူသားကို ဖျက်ဆီးရန် စာတန်အသုံးချသော အဓိကလှည့်ကွက်များ ခြောက်ခုရှိ၏

ပထမသည်ကား ထိန်းချုပ်ခြင်းနှင့် အကျပ်ကိုင်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ စာတန်သည် သင်၏နှလုံးသားကို ထိန်းချုပ်ရန်အတွက် ဖြစ်နိုင်သမျှ အရာအားလုံးကို ပြုလုပ်လိမ့်မည်ဖြစ်သည်။ “အကျပ်ကိုင်ခြင်း” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ သင်မနာခံပါက ခံစားရမည့် အကျိုးဆက်များကို သင့်အား တွေးတောစေလျက် သင့်အား သူ့ကိုနာခံစေဖို့ ခြိမ်းခြောက်မှု နှင့် အတင်းအဓမ္မ နည်းလမ်းများအား အသုံးပြုခြင်းကို ဆိုလိုသည်။ သင်သည် ကြောက်ရွံ့ပြီး မဖီဆန်ရဲသောကြောင့် ထိုအခါ သင်သည် သူ့ကို ကျိုးနွံနာခံလေသည်။

ဒုတိယမှာ လိမ်လည်ခြင်းနှင့် လှည့်စားမှု ဖြစ်သည်။ “လိမ်လည်ခြင်းနှင့် လှည့်စားခြင်း” တွင် မည်သည့်အရာ လိုအပ်သနည်း။ စာတန်သည် ဇာတ်လမ်းပုံပြင်များနှင့် မုသားအချို့ကို ဖန်တီးကာ၊ သင့်အား ထိုအရာတို့ကို ယုံကြည်လာစေရန် လှည့်စားခြင်း ဖြစ်၏။ လူသားကို ဘုရားသခင်က ဖန်ဆင်းခဲ့ခြင်းဖြစ်သည်ဟူ၍ ၎င်းက သင့်အား လုံးဝမပြောသကဲ့သို့ သင့်အား ဘုရားသခင်က ဖန်ဆင်းခဲ့ခြင်းမဟုတ်ဟူ၍လည်း တိုက်ရိုက်မပြောပေ။ ၎င်းသည် “ဘုရားသခင်” ဟူသော စကားလုံးကို လုံးလုံး အသုံးမပြုဘဲ၊ ယင်းအစား အစားထိုးအနေဖြင့် အခြားတစ်စုံအရာကို အသုံးပြုကာ၊ ဘုရားသခင်၏ တည်ရှိခြင်းကို အခြေခံအားဖြင့် သင်မသိနိုင်ဖို့အလို့ငှာ သင့်အားလှည့်စားဖို့ရန် ဤအရာကို အသုံးပြုလေသည်။ ဟုတ်ပေ၏၊ ဤ “လှည့်စားမှု” တွင် ဤအရာတစ်ခုသာ မဟုတ်၊ သွင်ပြင်လက္ခဏာရပ်များစွာ ပါဝင်ပေ၏။

တတိယမှာ အယူဝါဒ အဓမ္မသွတ်သွင်းခြင်းဖြစ်သည်။ မည်သည့်အရာဖြင့် လူတို့သည် အယူဝါဒ သွတ်သွင်းခံရကြသနည်း။ အယူဝါဒ အဓမ္မသွတ်သွင်းခြင်းကို လူသားကိုယ်တိုင်၏ ရွေးချယ်မှုဖြင့် လုပ်ဆောင်သလော။ ယင်းကို လူသား၏ သဘောတူညီမှုဖြင့် လုပ်ဆောင်ခြင်းလော။ လုံးဝမဟုတ်ပေ။ သင်သဘောမတူလျှင်ပင်၊ ထိုအရာနှင့်ပတ်သက်၍ သင်လုပ်နိုင်သည့်အရာ ဘာမျှမရှိပေ။ သင်၏ သတိမမူမိခြင်းကြောင့်၊ စာတန်သည် သူ၏အတွေးအခေါ်၊ သူ၏ ဘဝစည်းမျဉ်းများနှင့် သူ၏ အနှစ်သာရတို့ကို သင့်အထဲ မွေးမြူလျက် အယူဝါဒ သွတ်သွင်းလေသည်။

စတုတ္ထသည်ကား ခြိမ်းခြောက်မှုနှင့် နားယောင်စေခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ သင့်အနေဖြင့် ၎င်းကို လက်ခံရန်၊ လိုက်နာရန်နှင့် ၎င်းအတွက် အမှုထမ်းရန်အလို့ငှာ စာတန်သည် အမျိုးမျိုးသော လှည့်ကွက်တို့ကို အသုံးချခြင်းဖြစ်၏။ ၎င်းသည် ၎င်း၏ ရည်မှန်းချက်များကို ရရှိရန် မည်သည့်အရာကိုမဆို လုပ်ဆောင် လိမ့်မည်ဖြစ်သည်။ ၎င်းသည် တစ်ချိန်လုံး သင့်ကို အပြစ်ကျူးလွန်မိစေရန် သွေးဆောင်လျက် တစ်ခါတစ်ရံ၌ သင့်အပေါ် မျက်နှာသာ အနည်းငယ်ပေး၏။ သင်သည် ၎င်းကို မလိုက်နာလျှင် သင့်ကို ဒုက္ခခံစားစေကာ၊ သင့်ကို ဒဏ်ပေးမည်ဖြစ်ပြီး သင့်ကို တိုက်ခိုက်ရန်နှင့် အကောက်ကြံရန် နည်းလမ်းအမျိုးမျိုးကို အသုံးပြု လိမ့်မည်ဖြစ်သည်။

ပဉ္စမမှာ လှည့်ဖြားခြင်းနှင့် တုံ့ဆိုင်းစေခြင်းဖြစ်သည်။ “လှည့်ဖြားခြင်းနှင့် တုံ့ဆိုင်းစေခြင်း” ဆိုသည်မှာ လူတို့၏ ဇာတိအခြေအနေ၊ ၎င်းတို့၏ အသက်တာများနှင့် အနာဂတ်များကို ထောက်ထားနေသည့်အလား ထင်ရစေဖို့၊ ၎င်းတို့၏ အယူအဆများနှင့် ကိုက်ညီပြီး ယုတ္တိရှိပုံရသည့် စိတ်ကူးများနှင့် နားဝင်ချိုလှသော စကားလုံးအချို့ကို စာတန်က လူတို့ထဲတွင် သွတ်သွင်းသည့်အချိန်သည် အမှန်တကယ်တွင် ၎င်း၏ တစ်ခုတည်းသော ရည်မှန်းချက်က သင့်ကို လှည့်စားဖို့ဖြစ်သည့်အချိန် ဖြစ်သည်။ ထို့နောက် မည်သည့်အရာက မှန်ပြီး မည်သည့်အရာက မှားသည်ကို သင် မသိစေဖို့အလို့ငှာနှင့်၊ သင် အမှတ်တမဲ့ လှည့်စားခံရကာ ထိုသို့ဖြင့် ၎င်း၏ထိန်းချုပ်မှု အောက်သို့ ရောက်လာဖို့အလို့ငှာ သူသည် သင့်ကို တုံ့ဆိုင်းစေလေသည်။

ဆဌမမှာ ကိုယ်နှင့်စိတ်ကို ဖျက်ဆီးခြင်းဖြစ်သည်။ စာတန်သည် လူသား၏ မည်သည့်အစိတ်အပိုင်းကို ဖျက်ဆီးသနည်း။ သင့်အနေဖြင့် ခုခံရန် အစွမ်းမရှိအောင် ပြုလျက်၊ စာတန်သည် သင်၏ စိတ်ကို ဖျက်ဆီး၏၊ ဆိုလိုသည်မှာ သင်၏နှလုံးသားသည် စာတန်ဆီသို့ မရည်ရွယ်ဘဲ တဖြည်းဖြည်းချင်း လှည့်မိခြင်း ဖြစ်သည်။ သင့်အနေဖြင့် နောက်ဆုံးတွင် လူကောင်းတစ်ဦးဖြစ်ဖို့ ဆန္ဒမရှိတော့ရန်အလို့ငှာ၊ “ဖြောင့်မတ်ခြင်း” ဟု သင်ခေါ်ဆိုသော အရာအတွက် ရပ်တည်ချင်စိတ် မရှိတော့စေရန်အလို့ငှာ ၎င်းသည် သင့်ကို လွှမ်းမိုးပြီး လက်သပ်မွေးဖို့ရန် ဤအယူအဆများနှင့် ယဉ်ကျေးမှုများကို နေ့စဉ်အသုံးပြုရင်း၊ သင်၏ဆန္ဒကို နည်းနည်းစီ လှိုက်စားရင်း သင့်အထဲသို့ ဤအရာများကို နေ့စဉ် သွတ်သွင်းလေသည်။ အမှုမဲ့အမှတ်မဲ့ဖြင့်၊ သင်သည် ရေစီးကြောင်းကို ဆန်တက်ကူးခတ်ရန် စိတ်စွမ်းအား မရှိတော့ဘဲ၊ ယင်းအစား ရေစီးကြောင်းနှင့် အလိုက်သင့် မျောပါသွားလေသည်။ “ဖျက်ဆီးခြင်း” ဆိုသည်မှာ စာတန်သည် လူတို့ကို လွန်စွာ ညှဉ်းပန်းနှိပ်စက်သဖြင့် ၎င်းတို့သည် လူသားမဟုတ်တော့ဘဲ၊ မိမိတို့ကိုယ်တိုင်၏ အရိပ်အယောင်များ ဖြစ်လာကြလေသည်။ ဤသည်မှာ စာတန်က ၎င်းတို့အား တိုက်ခိုက်၊ ဖမ်းဆီးကာ ဝါးမျိုသောအခါတွင်ဖြစ်သည်။

လူသားကို ဖျက်ဆီးရန် စာတန်အသုံးချသော ဤလှည့်ကွက် တစ်ခုစီသည် လူသားအား ခုခံနိုင်စွမ်းမဲ့စေ၏။ ယင်းတို့ တစ်ခုစီတိုင်းသည် လူသားအတွက် ဆိုးဆိုးရွားရွား ဖြစ်စေနိုင်သည်။ တစ်နည်းအားဖြင့် စာတန်လုပ်ဆောင်သော အရာရာတိုင်းနှင့် ၎င်းအသုံးချသော လှည့်ကွက်ဟူသမျှက သင့်ကို ဆုတ်ယုတ် စေနိုင်သည်၊ စာတန်၏ ထိန်းချုပ်မှု အောက်သို့ ရောက်စေနိုင်ကာ၊ သင့်အား မကောင်းမှုနှင့် အပြစ်တို့၏ နွံထဲ၌ နစ်မြုပ်စေနိုင်၏။ ယင်းကဲ့သို့အရာများမှာ လူသားကိုဖျက်ဆီးရန် စာတန်အသုံးချသော လှည့်ကွက်များ ဖြစ်သည်။

ငါတို့သည် စာတန်အား ဆိုးယုတ်သည်ဟု ဆိုနိုင်၏၊ သို့ရာတွင် ယင်းကို အတည်ပြုရန်အလို့ငှာ၊ လူသားအပေါ် စာတန်၏ ဖျက်ဆီးခြင်း အကျိုးဆက်တို့မှာ မည်သည့်အရာ ဖြစ်ကြောင်းနှင့် ၎င်းသည် လူသားထံသို့ မည်သည့် စိတ်သဘောထားများနှင့် အနှစ်သာရများအား သယ်ဆောင်လာကြောင်းတို့ကို ကြည့်ရဦးမည်ဖြစ်၏။ သင်တို့ အားလုံးသည် ဤအရာနှင့်ပတ်သက်၍ တစ်စုံတစ်ရာ သိကြသောကြောင့် ပြောကြလော့။ လူတို့ကို စာတန် ဖောက်ပြန်ပျက်စီးစေခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ ၎င်းတို့သည် မည်သို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတို့ကို ထုတ်ဖော်ပြ ကြသနည်း။ (မာနထောင်လွှားမှုနှင့် မောက်မာမှု၊ တစ်ကိုယ်ကောင်းဆန်မှု နှင့် စက်ဆုပ်ဖွယ်ကောင်းခြင်း၊ ကောက်ကျစ်ခြင်းနှင့် လှည့်စားတတ်ခြင်း၊ တိတ်တဆိတ် အန္တရာယ်ပြုခြင်းနှင့် အငြိုးထားခြင်း၊ လူ့သဘာဝ လုံးဝကင်းမဲ့ခြင်းတို့ ဖြစ်သည်။) အားလုံးကိုခြုံကြည့်သော် ၎င်းတို့တွင် လူ့သဘာဝမရှိဟု ပြောနိုင်သည်။ ယခု တခြားသော ညီအစ်ကိုမောင်နှမတို့ကို ပြောကြပါစေဦး။ (လူသားသည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရပြီးသောအခါ၊ သူတို့သည် အများအားဖြင့် ထုံးစံအတိုင်း မာနထောင်လွှားခြင်း၊ မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ခြင်း၊ ကိုယ့်ကိုယ်ကိုယ် ကြီးကျယ်နေခြင်း၊ စိတ်ကြီးဝင်ခြင်း၊ လောဘကြီးခြင်းနှင့် တစ်ကိုယ်ကောင်းဆန်ခြင်းတို့ ရှိတတ်သည်။ ဤသည်တို့မှာ အဆိုးဝါးဆုံးကိစ္စများ ဖြစ်သည်ဟု ငါယူဆသည်။) (လူတို့သည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရပြီးနောက်တွင် သူတို့သည် ရုပ်ဝတ္ထုပစ္စည်းများနှင့် ချမ်းသာကြွယ်ဝမှုတို့ကို ရရှိရန် မီးကုန်ယမ်းကုန် ကြိုးစားကြသည်။ ပြီးလျှင် သူတို့သည် ဘုရားသခင်ကိုပင် ရန်လိုလာကြသည်၊ ဘုရားသခင်ကို ဆန့်ကျင်သည်၊ ဘုရားသခင်ကို မနာခံကြသည့်အပြင် လူသားက ပိုင်ဆိုင်သင့်သော အသိစိတ်နှင့် ဆင်ခြင်တုံတရား ပျောက်ဆုံးသွား ပါသည်။) သင်တို့ ပြောသွားသည်များအားလုံးသည် အသေးအဖွဲ ခြားနားမှုများမှလွဲ၍ အခြေခံအားဖြင့် တူညီကြ၏။ သင်တို့ထဲမှ အချို့မှာ အရေးမပါသော အသေးစိတ်တို့ကို သက်သက် ပို၍ ထည့်သွင်းသည်။ အနှစ်ချုပ်ရသော် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်နှင့် ပတ်သက်ပြီး အများဆုံးပေါ်လွင်သည့် အရာများမှာ မာနထောင်လွှားခြင်း၊ လှည့်စားခြင်း၊ အငြိုးထားခြင်းနှင့် တစ်ကိုယ်ကောင်းဆန်ခြင်းတို့ဖြစ်သည်။ သို့ရာတွင် သင်တို့ အားလုံးသည် တူညီသောအရာတစ်ခုကို သတိမမူမိကြ လေပြီ။ လူတို့သည် အသိစိတ်မရှိကြ၊ ၎င်းတို့သည် ဆင်ခြင်တုံတရား ပျောက်ဆုံးပြီဖြစ်ကာ လူ့သဘာဝ မရှိကြချေ- သို့သော် သင်တို့ မဖော်ပြထားသည့် အလွန်အရေးကြီးလှသော အခြားအရာတစ်ခု ရှိ၏၊ ယင်းမှာ “သစ္စာဖောက်ခြင်း” ဖြစ်သည်။ စာတန်၏ ဖျက်ဆီးခြင်းကို လူတို့ ခံလိုက်ရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ထဲတွင် တည်ရှိသည့် ဤစိတ်သဘောထားများ၏ နောက်ဆုံးသော အကျိုးဆက်မှာ ဘုရားသခင်အပေါ် ၎င်းတို့ သစ္စာဖောက်ခြင်း ဖြစ်သည်။ လူတို့ကို ဘုရားသခင်က မည်သည့်အရာ ပြောသည်ဖြစ်စေ၊ ၎င်းတို့အပေါ် မည်သည့်အမှုကို သူပြုသည်ဖြစ်စေ၊ ၎င်းတို့သည် သမ္မာတရားဟု ၎င်းတို့သိထားသောအရာကို အရေးမစိုက်ကြချေ။ ဆိုလိုသည်မှာ၊ ၎င်းတို့သည် ဘုရားသခင်ကို အသိအမှတ်မပြုတော့သကဲ့သို့ သူ့ကို သစ္စာဖောက် ကြလေသည်။ ဤသည်မှာ လူသားအပေါ် စာတန်၏ ဖျက်ဆီးခြင်းအကျိုးဆက် ဖြစ်၏။ ယင်းသည် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံးအတွက် ထို့အတူပင် ဖြစ်သည်။ လူသားကို ဖျက်ဆီးရန် စာတန် အသုံးပြုသော နည်းလမ်းများဖြစ်သည့်- လူတို့ သင်ယူသော အသိပညာ၊ ၎င်းတို့သိသော သိပ္ပံပညာ၊ အယူသီးမှုများနှင့် ရိုးရာယဉ်ကျေးမှုများ နှင့်သက်ဆိုင်သော ၎င်းတို့၏ သိနားလည်မှုအပြင်၊ လူမှုရေး ရေပန်းစားမှုများထဲတွင်- လူသားအနေဖြင့် မည်သည့်အရာက ဖြောင့်မတ်ပြီး မည်သည့်အရာက မဖြောင့်မတ်ပါဟု ပြောဖို့ လူသား အသုံးပြုနိုင်သော အရာတစ်ခုတစ်လေ ရှိပါသလော။ မည်သည့်အရာက သန့်ရှင်းပြီး မည်သည့်အရာက ဆိုးယုတ်သည်ဆိုသည်ကို သိစေရန် လူသားကို ကူညီနိုင်သော အရာတစ်ခုတစ်လေရှိသလော။ ဤအရာများကို တိုင်းတာရန် အသုံးပြုသော စံနှုန်းများ တစ်ခုတစ်လေ ရှိသလော။ (မရှိပါ။) လူသားကို ကူညီပေးနိုင်သည့် စံနှုန်းများနှင့် အခြေခံအကြောင်းအရင်းတို့ မရှိပါပေ။ လူတို့သည် “သန့်ရှင်းခြင်း” ဆိုသည့် စကားလုံးကို သိနိုင်သော်လည်း သန့်ရှင်းခြင်းဟူသည်မှာ မည်သည့်အရာ ဖြစ်သည်ကို အမှန်တကယ်သိသူ မရှိပေ။ ထို့ကြောင့် လူသားထံ စာတန်ယူဆောင်ပေးသော ဤအရာတို့သည် ၎င်းတို့အား သမ္မာတရားကို သိဖို့ ကူညီနိုင်သလော။ ၎င်းတို့သည် လူသားအား လူ့သဘာဝဖြင့် သာ၍ အသက်ရှင်ဖို့ ကူညီနိုင်သလော။ ၎င်းတို့သည် လူသားအား ဘုရားသခင်ကို ပို၍ကိုးကွယ်နိုင်သော နည်းလမ်းဖြင့် အသက်ရှင်ဖို့ ကူညီနိုင်သလော။ (မကူညီနိုင်ပါ။) ၎င်းတို့သည် လူသားအား ဘုရားသခင်ကို ကိုးကွယ်ဖို့ သို့မဟုတ် သမ္မာတရားကို နားလည်ဖို့ မကူညီနိုင်သကဲ့သို့၊ သန့်ရှင်းခြင်းနှင့် ဆိုးယုတ်ခြင်းတို့ မည်သည့်အရာ ဖြစ်သည်တို့ကို သိဖို့ လူကို မကူညီနိုင်သည်မှာ သိသာထင်ရှားပေသည်။ အပြန်အလှန်အားဖြင့် လူသားသည် ဘုရားသခင်နှင့် ဝေးသထက်ဝေးရာ လမ်းလွဲရင်း ပိုပိုပြီး ဆုတ်ယုတ်လာလေသည်။ ဤသည်မှာ စာတန်က ဆိုးယုတ်သည်ဟု ငါတို့ပြောရသည့် အကြောင်းရင်းဖြစ်သည်။ စာတန်၏ ဆိုးယုတ်သော ဂုဏ်ဒြပ်အများအပြားကို ခွဲခြမ်းလေ့လာပြီးသည့်အတွက် စာတန်အထဲတွင်ဖြစ်စေ၊ သူ၏ ဂုဏ်ဒြပ်ထဲတွင်ဖြစ်စေ သို့မဟုတ် သူ၏ အနှစ်သာရနှင့်သက်ဆိုင်သော သင်၏ နားလည်မှုတွင်ဖြစ်စေ သန့်ရှင်းခြင်း၏ လက္ခဏာရပ်တစ်ခုခုကို သင်တို့ မြင်မိပါသလော။ (မမြင်မိပါ။) ထိုမျှ သေချာပေသည်။ သို့ဆိုလျှင် စာတန်၏ အနှစ်သာရလက္ခဏာ တစ်ခုခုသည် ဘုရားသခင်နှင့် တူညီမှုတစ်ခုတစ်လေ ရှိသည်ကို သင်တို့မြင်မိပါသလော။ (မမြင်မိပါ။) စာတန်၏ ဖော်ပြချက် တစ်ခုခုသည် ဘုရားသခင်နှင့် တူညီမှု တစ်ခုတစ်လေ ရှိပါသလော။ (မရှိပါ။) သို့ဆိုလျှင် ယခု သင်တို့ကို ငါမေးချင်သည်- သင်တို့၏ကိုယ်ပိုင်စကားများ အသုံးပြုလျှင်၊ ဘုရားသခင်၏ သန့်ရှင်းခြင်းဆိုသည်မှာ အတိအကျ အဘယ်အရာ ဖြစ်သနည်း။ ဦးဆုံးအနေဖြင့် “ဘုရားသခင်၏ သန့်ရှင်းခြင်း” ဟူသည့် စကားလုံးသည် မည်သည်နှင့် ဆက်စပ်နေသည်ဟု ဆိုထားသနည်း။ ဘုရားသခင်၏ အနှစ်သာရနှင့် ဆက်စပ်နေသည်ဟု ဆိုထားသလော။ သို့မဟုတ် သူ၏စိတ်နေသဘောထား သွင်ပြင်အချို့နှင့် ဆက်စပ်၍ ဆိုထားသလော။ (ဘုရားသခင်၏ အနှစ်သာရနှင့် ဆက်စပ်၍ ဆိုထားပါသည်။) ငါတို့လိုချင်သော အကြောင်းအရာကို ရောက်ရှိရန် အသုံးပြုဖို့ ခြေကုပ်တစ်ခုကို ငါတို့ ရှင်းရှင်းလင်းလင်း ခွဲခြားရမည်။ ဤစကားများကို ဘုရားသခင်၏ အနှစ်သာရနှင့် ဆက်စပ်၍ ဆိုထားပေသည်။ ဦးဆုံးအနေဖြင့်၊ ငါတို့သည် ဘုရားသခင်၏ အနှစ်သာရအဖို့ စာတန်၏ ဆိုးယုတ်မှုကို အဖြည့်ခံအဖြစ် ငါတို့ အသုံးပြုကြပြီးဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင်ထံ၌ စာတန်၏ အနှစ်သာရ တစ်ခုခုကို သင်မြင်မိသေးသလော။ လူသားမျိုးနွယ်၏ အနှစ်သာရတစ်ခုခုကိုကော အဘယ်သို့နည်း။ (ကျွန်ုပ်တို့ မမြင်မိကြပါ။ ဘုရားသခင်သည် မာနထောင်လွှားခြင်း မရှိ၊ တစ်ကိုယ်ကောင်း မဆန်သကဲ့သို့၊ သစ္စာဖောက်ခြင်းမရှိ၊ ပြီးလျှင် ဤအရာမှ ဘုရားသခင်၏ သန့်ရှင်းသော အနှစ်သာရအား ထုတ်ဖော်ပြသည်ကို ငါတို့မြင်ရသည်။) ဖြည့်စွက်ဖို့ အခြားတစ်ခုခု ရှိပါသလော။ (ဘုရားသခင်တွင် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အရိပ်အယောင်မျှ မရှိပါ။ စာတန်၌ရှိသောအရာမှာ အပျက်သဘော လုံးလုံးဖြစ်သော်လည်း ဘုရားသခင်၌ ရှိသောအရာမှာ အပြုသဘောသာ ဖြစ်သည်။ ငါတို့ အလွန်ငယ်ရွယ်သည့် အချိန်မှစ၍ ငါတို့၏ ဘဝတစ်လျှောက်လုံးနှင့် ယခုနေ့ရက်အထိတိုင်အောင်၊ အထူးသဖြင့် ငါတို့ စိတ်ရှုပ်ထွေးပြီး လမ်းပျောက်ခဲ့ချိန်တွင် ငါတို့ကို စောင့်ရှောက်လျက် ကာကွယ်ပေးလျက် ဘုရားသခင်သည် ငါတို့ ဘက်တွင် အမြဲရှိနေခဲ့သည်ကို ငါတို့ မြင်နိုင်ပါသည်။ ဘုရားသခင်တွင် လှည့်စားခြင်း၊ လိမ်လည်ခြင်း မရှိပါ။ သူသည် ရှင်းလင်းပြတ်သားစွာ ပြောဆိုပြီး၊ ဤသည်မှာလည်း ဘုရားသခင်၏ စစ်မှန်သောအနှစ်သာရ ဖြစ်ပါသည်။) အလွန်ကောင်းမွန်ပေ၏။ (ငါတို့သည် ဘုရားသခင်၌ စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုမျှ မမြင်ရပေ။ တမင်လိမ်လည်ခြင်းမရှိ၊ ကြွားဝါခြင်းမရှိ၊ အနှစ်မပါသောကတိများ မရှိသကဲ့သို့ လှည့်စားခြင်းလည်း မရှိပေ။ ဘုရားသခင်သည် လူသားက ယုံကြည်နိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်သည်။ ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံပြီး ရိုးသားမှန်ကန်ပါသည်။ ဘုရားသခင်သည် လူတို့ကို ရိုးသားရန် ပြောဆိုသည်၊ ၎င်းတို့ကို အသိဉာဏ်ပညာပေးသည်၊ အဆိုးနှင့်အကောင်းကို ခွဲခြားနိုင်စေပြီး အမျိုးမျိုးသောလူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအပေါ် ချင့်ချိန်နိုင်စွမ်း ရှိစေနိုင်သည်ကို ဘုရားသခင်၏အမှုတော်မှ ငါတို့မြင်နိုင်ပါသည်။ ဤအရာ၌ ဘုရားသခင်၏ သန့်ရှင်းခြင်းကို ငါတို့မြင်နိုင်ပါသည်။) သင်တို့ ပြောပြီးပြီလော။ သင်တို့ ပြောပြီးသည့်အရာများနှင့် ပတ်သက်၍ ကျေနပ်ကြပါသလော။ သင်တို့၏ စိတ်နှလုံးများထဲ၌ ဘုရားသခင်အပေါ် သိနားလည်မှုသည် အမှန်တကယ် မည်မျှရှိသနည်း။ ပြီးလျှင် ဘုရားသခင်၏ သန့်ရှင်းခြင်းကို သင်တို့ မည်မျှ နားလည်သဘောပေါက်သနည်း။ သင်တို့ တစ်ဦး တစ်ယောက်စီတိုင်းသည် သင်တို့၏ နှလုံးသားထဲ၌ ထိုးထွင်းသိမြင်သော သိနားလည်မှု အဆင့်တစ်ခု ရှိကြသည်ကို ငါသိ၏၊ အဘယ်ကြောင့်ဆိုသော် လူတစ်ဦးတစ်ယောက်စီတိုင်းသည် ၎င်းတို့အပေါ်၌ပြုသည့် ဘုရားသခင်၏အမှုကို ခံစားနိုင်ကြပြီး ဘုရားသခင်ထံမှ- ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာများ၊ အသိဉာဏ် ပွင့်လင်းခြင်းနှင့် အလင်းပေးခြင်း၊ ပြီးလျှင် ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းဟူသော အမှုအရာ များစွာတို့ကို အတိုင်းအတာအမျိုးမျိုးဖြင့် ရရှိကြသောကြောင့် ဖြစ်သည်၊ ဤအရာများကြောင့် လူသည် ဘုရားသခင်၏ အနှစ်သာရနှင့်ဆိုင်သည့် ရိုးရှင်းသော သိနားလည်မှုအချို့ကို ရရှိပေသည်။

ငါတို့ ယနေ့ဆွေးနွေးနေသည့် ဘုရားသခင်၏ သန့်ရှင်းခြင်းသည် လူအများစုအဖို့ ထူးဆန်းသည်ဟု ထင်ရနိုင်သော်လည်း၊ မည်သို့ပင် ဖြစ်စေ၊ ငါတို့သည် ဤအကြောင်းအရာကို ယခု အစပြုလိုက်ပြီဖြစ်ပြီး သင်တို့သည် ရှေ့ကလမ်းကို လျှောက်လှမ်းသည်နှင့်အမျှ ပို၍နက်ရှိုင်းသော သိနားလည်မှုကို သင်တို့ ရကြလိမ့်မည်။ ယင်းက သင်ကိုယ်တိုင်၏ အတွေ့အကြုံအတွင်း၌ တဖြည်းဖြည်း ခံစား၊ နားလည်ရန် တောင်းဆိုသည်။ ယခုတွင်မူ “ဘုရားသခင်၏ သန့်ရှင်းခြင်း” ဆိုသည်မှာ ဘုရားသခင်၏အနှစ်သာရမှာ အပြစ်အနာအဆာ ကင်းကြောင်း၊ ဘုရားသခင်၏ချစ်ခြင်းမေတ္တာက ကိုယ်ကျိုးငဲ့ခြင်းမရှိ၊ လူသားကို ဘုရားသခင်ပေးသော အရာအားလုံးသည် ကိုယ်ကျိုးငဲ့ခြင်း မရှိသည်ကို ဆိုလိုကြောင်း သင်၏ နှလုံးသားဗဟိုချက်မှ သင်သိမည့်နေ့ တစ်နေ့အထိ၊ ဘုရားသခင်၏ အနှစ်သာရအပေါ် သင်တို့၏ ထိုးထွင်းသိမြင်မှုကို အခြေခံသည့် သိနားလည်ခြင်းသည် ထိုအရာကို သင်ယူလေ့လာရန်၊ ခိုင်မာစေရန်၊ ခံစားရန်နှင့် ကြုံတွေ့ရန် ကြာရှည်သောအချိန်ကာလတစ်ခု လိုအပ်သေး၏။ ပြီးလျှင် ဘုရားသခင်၏ သန့်ရှင်းခြင်းသည် အပြစ် အနာအဆာကင်းပြီး အပြစ်တင်စရာမရှိသည်ကို သင်သိလာလိမ့်မည်။ ဘုရားသခင်၏ ဤအနှစ်သာရနှင့်ဆိုင်သည့် ဤသွင်ပြင် လက္ခဏာများသည် သူ၏ အဆင့်အတန်းကို ကြွားလုံးထုတ်ရန် သူအသုံးပြုသော စကားလုံးများသက်သက်မဟုတ်ဘဲ၊ ယင်းထက် ဘုရားသခင်သည် လူတစ်ဦးတစ်ယောက်စီတိုင်းအား တည်ငြိမ်သော ရိုးသားမှန်ကန်မှုဖြင့် ဆက်ဆံရန် သူ၏အနှစ်သာရကို အသုံးပြုခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်၏ အနှစ်သာရသည် အဓိပ္ပာယ်မဲ့မဟုတ်သကဲ့သို့ အယူအဆရေးရာ သို့မဟုတ် အယူဝါဒဆိုင်ရာလည်း မဟုတ်ပေ၊ ပြီးလျှင် ယင်းသည် အသိပညာတစ်မျိုး မဟုတ်သည်မှာလည်း အသေအချာပင်ဖြစ်၏။ ယင်းသည် လူသားအတွက် ပညာရေးတစ်မျိုးမဟုတ်ပေ။ ထိုအစား၊ ဘုရားသခင်ကိုယ်တိုင်၏ လုပ်ဆောင်ချက်များနှင့်ဆိုင်သော စစ်မှန်သည့် ထုတ်ဖော်ပြခြင်းနှင့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းနှင့်ဆိုင်သည့် ထုတ်ဖော်ထားသော အနှစ်သာရဖြစ်သည်။ ဘုရားသခင် ပြုသောအရာတိုင်းနှင့် သူပြောဆိုသော နှုတ်ကပတ်တော်တိုင်းသည် လူတစ်ဦးတစ်ယောက်ချင်းစီအဖို့ ကြီးစွာသောတန်ဖိုးနှင့် ကြီးစွာသောအရေးပါမှု ရှိခြင်းကြောင့် လူသားသည် ဤအနှစ်သာရကို သိသင့်ပြီး နားလည်သဘောပေါက် သင့်၏။ သင်သည် ဘုရားသခင်၏ သန့်ရှင်းခြင်းကို နားလည် သဘောပေါက် လာသည့်အခါ ဘုရားသခင်ကို သင် အမှန်တကယ် ယုံကြည်နိုင်လိမ့်မည်။ သင်သည် ဘုရားသခင်၏ သန့်ရှင်းခြင်းကို နားလည်သဘောပေါက်လာသည့်အခါ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင်” ဟူသော စကားလုံးတို့၏ အဓိပ္ပါယ် အစစ်အမှန်ကို အမှန်တကယ် နားလည်နိုင်လိမ့်မည်။ သင့်အနေဖြင့် ဤတစ်လမ်းအပြင် သင်ရွေးလျှောက်နိုင်သည့် အခြားလမ်းကြောင်းများရှိသည်ကို တွေးလျက် သင်သည် စိတ်ကူးယဉ်တော့မည် မဟုတ်သကဲ့သို့၊ သင့်အတွက် ဘုရားသခင် စီစဉ်ထားသော အရာရာတိုင်းကို သစ္စာဖောက်ရန်လည်း လိုလားတော့မည် မဟုတ်ပေ။ ဘုရားသခင်၏ အနှစ်သာရသည် သန့်ရှင်းသောကြောင့် ယင်းသည် ဘုရားသခင် အားဖြင့်သာလျှင် ဖြောင့်မတ်သော အလင်းလမ်းကြောင်းပေါ် အသက်တာတစ်လျှောက် သင်လျှောက်လှမ်းနိုင်သည်ဟု အဓိပ္ပာယ် ရ၏။ ဘုရားသခင်အားဖြင့်သာ ဘဝ၏ အဓိပ္ပာယ်ကို သင်သိနိုင်၏။ ဘုရားသခင်အားဖြင့်သာ စစ်မှန်သော လူ့သဘာဝကို သင် အသက်ရှင်နေထိုင်နိုင်ပြီး သမ္မာတရားကို ပိုင်ဆိုင်နိုင်သကဲ့သို့ သိလည်းသိနိုင်သည်။ ဘုရားသခင်အားဖြင့်သာ သမ္မာတရားမှ အသက်ကို သင်ရရှိနိုင်သည်။ ဘုရားသခင်ကိုယ်တိုင်သာ သင့်အား မကောင်းမှုမှ ရှောင်ကြဉ်ရန် ကူညီပေးနိုင်ပြီး စာတန်၏ အန္တရာယ်နှင့် ထိန်းချုပ်မှုမှ သင့်အား ကယ်တင်ပေးနိုင်၏။ ဆင်းရဲဒုက္ခကို သင် မခံစားရတော့ရန်အလို့ငှာ ဘုရားသခင် မှအပ သင့်အား မည်သူမျှ၊ မည်သည့်အရာကမျှ ဒုက္ခပင်လယ် အတွင်းမှ မကယ်တင်နိုင်ပေ။ ဤသည်မှာ ဘုရားသခင်၏ အနှစ်သာရအားဖြင့် သတ်မှတ်ခြင်း ဖြစ်၏။ ဘုရားသခင် ကိုယ်တိုင်သည်သာ သင့်ကို လုံးဝကိုယ်ကျိုးမငဲ့ဘဲ ကယ်တင်၏၊ ဘုရားသခင်သည်သာ သင်၏အနာဂတ်၊ သင်၏ ကံကြမ္မာနှင့် သင်၏အသက်တာအတွက် အခြေခံအားဖြင့် တာဝန်ရှိပြီး၊ သူသည် သင့်အတွက် အရာခပ်သိမ်းကို စီစဉ်ပေး၏။ ဤသည်မှာ ဖန်ဆင်းခံဖြစ်စေ၊ ဖန်ဆင်းခံ မဟုတ်သည့်အရာဖြစ်စေ မည်သည့် အရာကမျှ မစွမ်းဆောင်နိုင်သည့် အရာတစ်ခုဖြစ်သည်။ ဖန်ဆင်းခံ သို့မဟုတ် ဖန်ဆင်းခံမဟုတ်သည့်အရာတို့က ဘုရားသခင်၏ အနှစ်သာရကဲ့သို့သော အနှစ်သာရကို မပိုင်ဆိုင်သောကြောင့် မည်သည့်လူ သို့မဟုတ် မည်သည့်အရာကမျှ သင့်အား ကယ်တင်ရန် သို့မဟုတ် သင့်အား ဦးဆောင်လမ်းပြရန် အစွမ်းအစမရှိချေ။ ဤသည်မှာ လူသားအဖို့ ဘုရားသခင်၏ အနှစ်သာရနှင့်ဆိုင်သော အရေးပါမှု ဖြစ်သည်။ ငါပြောပြီးသော ဤနှုတ်ကပတ်တော်များသည် ယေဘုယျ အားဖြင့် အနည်းငယ်မျှ အထောက်အကူဖြစ်နိုင်သည်ဟု သင်တို့သည် ခံစားရကောင်းခံစားရမည်။ သို့ရာတွင် သင်သည် သမ္မာတရားကို လိုက်စားပါက၊ သင်သည် သမ္မာတရားကို ချစ်မြတ်နိုးပါက ဤနှုတ်ကပတ်တော်များက သင်၏ ကံကြမ္မာကို ပြောင်းလဲပေးရုံသာမက၊ ထို့ထက်ပင် ၎င်းတို့က သင့်အား လူ့အသက်တာ၏ မှန်ကန်သောလမ်းကြောင်းဆီသို့ မည်သို့ပို့ဆောင် ပေးလိမ့်မည်ကို သင်တွေ့ကြုံလာရလိမ့်မည်။ ဤအရာကို သင် နားလည်သည်မဟုတ်လော။ သို့ဆိုလျှင် ယခု သင်တို့သည် ဘုရားသခင်၏ အနှစ်သာရကို သိခြင်း၌ စိတ်ဝင်စားမှုအတော်အတန် ရှိပြီလော။ (ရှိပါပြီ။) သင်တို့ စိတ်ပါဝင်စားသည်ကို သိရသည်မှာ ကောင်းပေ၏။ ဤသည်မှာ ယနေ့အတွက် ဘုရားသခင်၏ သန့်ရှင်းခြင်းအား သိခြင်းနှင့်ဆိုင်သည့် ငါတို့၏ မိတ်သဟာယ အကြောင်းအရာကို အဆုံးသတ်မည့်နေရာဖြစ်သည်။

*     *     *

ယနေ့ ဆုံတွေ့ပွဲ၏အစ၌ ငါ့အား အံ့အားသင့်စေခဲ့သည့် သင်တို့ပြုလုပ်ခဲ့သော အရာတစ်ခုအကြောင်းကို သင်တို့ကို ငါပြောချင်သည်။ သင်တို့ထဲမှ အချို့သည် ကျေးဇူးတရား အသိစိတ်တစ်ခုကို ပြုစုပျိုးထောင်ကောင်း ပျိုးထောင် နေလိမ့်မည်၊ ကျေးဇူးတင်ရှိကောင်းတင်ရှိနေလိမ့်မည်၊ ထို့ကြောင့် သင်တို့၏စိတ်ခံစားချက်သည် အလားတူ လိုက်လျောညီထွေသော လုပ်ဆောင်ချက်ကို ဆောင်ကြဉ်းခဲ့ပေသည်။ သင်တို့ လုပ်ခဲ့သည့်အရာသည် အပြစ်ဆိုဖို့မလိုသည့်အရာတစ်ခု ဖြစ်၏။ မှန်လည်း မမှန်သကဲ့သို့ မှားလည်းမမှားချေ။ သို့ရာတွင် သင်တို့ကို ငါသည် တစ်စုံတစ်ခုအား နားလည်စေချင်သည်။ မည်သည့်အရာကို သင်တို့အား ငါ နားလည်စေချင်သနည်း။ ဦးစွာအနေဖြင့်၊ သင်တို့ ယခုတင် လုပ်ခဲ့သောအရာ နှင့်ပတ်သက်ပြီး သင်တို့ကို မေးချင်သည်။ ယင်းသည် ဝတ်ပြုကိုးကွယ်ရန် ဝပ်စင်းရခြင်းလော သို့မဟုတ် ဒူးထောက်ရခြင်းလော။ တစ်ယောက်ယောက် ငါ့ကို ပြောပြနိုင်သလော။ (ဝပ်စင်းရခြင်းဟု ယုံကြည်ပါသည်။) ဝပ်စင်းရခြင်းဟု သင်တို့က ယုံကြည်သည်၊ သို့ဆိုလျှင် ဝပ်စင်းခြင်း၏ အဓိပ္ပါယ်မှာ အဘယ်နည်း။ (ကိုးကွယ်ခြင်း ဖြစ်ပါသည်။) သို့ဆိုလျှင် ဝတ်ပြုရန် ဒူးထောက်ခြင်းသည် အဘယ်နည်း။ ဤအကြောင်းကို သင်တို့နှင့်အတူ ယခင်က ငါမိတ်သဟာယမပြုရသေးသော်လည်း၊ ယနေ့ ထိုအရာကို လုပ်ဆောင်ဖို့လိုအပ်သည်ဟု ငါ ခံစားမိသည်။ သင်တို့၏ ပုံမှန်ဆုံတွေ့ပွဲများတွင် သင်တို့ ဝပ်စင်းကြသလော။ (မဝပ်စင်းကြပါ။) သင်တို့ ဆုတောင်းသည့်အခါ ဝပ်စင်းသလော။ (ဝပ်စင်းပါသည်။) ဆုတောင်းသည့်အခါတိုင်း အခြေအနေ ပေးသည့်အခါဝပ်စင်းကြသလော။ (ဝပ်စင်းပါသည်။) ကောင်းပေ၏။ သို့ရာတွင် ယနေ့ သင်တို့ကို ငါနားလည်စေချင်သည်မှာ လူနှစ်မျိုး၏ ဒူးထောက် ရှိခိုးခြင်းကိုသာ ဘုရားသခင်က လက်ခံသည့် အကြောင်းဖြစ်၏။ ငါတို့သည် သမ္မာကျမ်း သို့မဟုတ် ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်တို့၏ လုပ်ဆောင်ချက်များနှင့် အပြုအမူများကို ဆွေးနွေးဖို့ မလိုအပ်ပေ။ ယင်းအစား၊ ငါသည် သင်တို့အား မှန်ကန်သော အရာတစ်ခုကို ဤနေရာနှင့် ယခုပင် ပြောတော့မည်။ ဦးဆုံးအနေဖြင့်၊ ဝတ်ပြုရန် ဝပ်စင်းခြင်းနှင့် ဒူးထောက်ခြင်းတို့သည် မတူညီကြချေ။ ၎င်းတို့ဘာသာ ဝပ်စင်းသောသူတို့၏ ဒူးထောက်ရှိခိုးခြင်းကို ဘုရားသခင်သည် အဘယ်ကြောင့် လက်ခံသနည်း။ ယင်းမှာ ဘုရားသခင်သည် တစ်စုံတစ်ယောက်အား သူ့ထံသို့ ခေါ်ဆို၍၊ ဤလူအား သူ၏တာဝန်ပေးစေခိုင်းချက်ကို လက်ခံရန် စေ့ဆော်သောကြောင့် ဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင်သည် သူ့ကို မိမိ၏ရှေ့တွင် ကိုယ့်ကိုယ်ကိုယ် ဝပ်စင်းခွင့်ပြုခြင်းဖြစ်လေသည်။ ဤသည်မှာ ပထမလူအမျိုးအစားဖြစ်၏။ ဒုတိယ အမျိုးအစားသည်ကား ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်ကြဉ်သော လူတစ်ယောက်၏ ဝတ်ပြုရန် ဒူးထောက်ခြင်း ဖြစ်သည်။ ဤသို့သော လူနှစ်မျိုးသာရှိ၏။ သို့ဆိုလျှင် မည်သည့်အမျိုးအစား၌ သင်တို့ ပါဝင်သနည်း။ သင်တို့ပြောနိုင်ပါသလော။ သင်တို့၏ခံစားချက်များကို အနည်းငယ်မျှ နာကျင်စေ နိုင်သော်လည်း၊ ဤသည်မှာ အမှန်တရားဖြစ်၏။ ဆုတောင်းစဉ်အတွင်း လူတို့၏ ဒူးထောက်ရှိခိုးခြင်းအကြောင်းကို ပြောစရာ ဘာမျှမရှိချေ- ဤသည်မှာ သင့်လျော်ပြီး ဖြစ်လည်း ဖြစ်သင့်၏၊ အဘယ်ကြောင့်ဆိုသော် လူတို့ ဆုတောင်းသည့်အခါ၊ အများအားဖြင့် တစ်စုံတစ်ခုအတွက် ဆုတောင်းခြင်း၊ ၎င်းတို့၏ နှလုံးသားများကို ဘုရားသခင်ထံ ဖွင့်ဟခြင်းနှင့် သူနှင့် မျက်နှာချင်းဆိုင်ဆုံတွေ့ခြင်း ဖြစ်သောကြောင့် ဖြစ်သည်။ ယင်းသည် ဘုရားသခင်နှင့် နှလုံးသားချင်း ဆက်သွယ်ကာ၊ ဖလှယ်ကြခြင်း ဖြစ်သည်။ သင်၏ ဒူးထောက်ဝတ်ပြုခြင်းသည် လုပ်ရိုးလုပ်စဉ် တစ်ခုမျှသာ မဖြစ်သင့်ပေ။ ငါသည် ယနေ့ သင်တို့ လုပ်လိုက်သောအရာအပေါ် အပြစ်ဆိုရန် ရည်ရွယ်ခြင်း မဟုတ်။ ဤအခြေခံသဘောတရားကို သင်တို့ နားလည် စေရန်အလို့ငှာ၊ သင်တို့အား ရှင်းရှင်းလင်းလင်း ဖြစ်စေလိုခြင်းသာ ဖြစ်သည်- ဤအရာကို သင်တို့ သိသည် မဟုတ်လော။ (သိပါသည်။) ဤအရာ တစ်ဖန်မဖြစ်ဖို့ရန် အလို့ငှာ သင်တို့ကို ငါ ပြောနေခြင်း ဖြစ်သည်။ သို့ဆိုလျှင်၊ လူတို့သည် ဘုရားသခင်၏ မျက်မှောက်၌ ဝပ်စင်း၊ ဒူးထောက်ရန် အခွင့်အရေး ရှိပါသလော။ ဤအခွင့်အရေး လုံးဝမရှိမည်တော့ မဟုတ်ပေ။ အနှေးနှင့်အမြန် ထိုနေ့ရက်သည် ရောက်လာမည်ဖြစ်သော်လည်း၊ ယခု အချိန်မကျသေးပေ။ သင်တို့မြင်ကြသလော။ ဤအရာက သင်တို့ကို စိတ်ပျက်စေသလော။ (စိတ်မပျက်ပါ။) ကောင်းပေ၏။ ဘုရားသခင်နှင့်လူကြားက လက်ရှိ အကျပ်အတည်းနှင့် ၎င်းတို့ကြားတွင် မည်သည့် ဆက်ဆံရေးမျိုး ယခု တည်ရှိသည်ဆိုသည်ကို သင်တို့၏ နှလုံးသားများထဲတွင် သိနိုင်စေရန် အလို့ငှာ၊ ဤစကားတို့သည် သင်တို့အား တွန်းအားပေးလိမ့်မည်၊ သို့မဟုတ် လှုံ့ဆော်ပေးလိမ့်မည်။ ငါတို့သည် များမကြာမီက အများအပြား ဆွေးနွေးဖလှယ်ထားကြပြီးဖြစ်သော်လည်း၊ ဘုရားသခင် အပေါ် လူသား၏ သိနားလည်မှုမှာ လုံလောက်ရန် အလှမ်းဝေး နေဆဲဖြစ်၏။ လူသားသည် ဘုရားသခင်ကို နားလည်ရန် ကြိုးပမ်းသည့် ဤလမ်းပေါ် ဆက်လျှောက်ဖို့ရန် ဝေးစွာကျန်နေသေးသည်။ ဤအရာကို သင်တို့အား အရေးတကြီး ကိစ္စရပ်တစ်ခုအဖြစ် ပြုလုပ်စေရန်၊ သို့မဟုတ် ဤသို့သော ရည်မှန်းချက်များ၊ ခံစားချက်များကို အမြန်ဖော်ပြစေရန်မှာ ငါ၏ ရည်ရွယ်ချက် မဟုတ်။ ယနေ့ သင်တို့လုပ်ခဲ့သောအရာသည် သင်တို့၏ စစ်မှန်သော ခံစားချက်များကို ထုတ်ဖော်ပြကောင်း ထုတ်ဖော်ပြနိုင်ပြီး၊ ငါသည် ၎င်းတို့ကို သိမြင်၏။ ထို့ကြောင့် သင်တို့အားလုံးကို ကောင်းမွန်စေချင် သောကြောင့် သင်တို့ ထိုအရာကို ပြုလုပ်နေစဉ်တွင်၊ ငါသည် ထကာ သင်တို့အား ငါ၏ ဆုမွန်ကောင်းများကို ပေးချင်ခဲ့မိ၏။ ထို့ကြောင့် သင်တို့အနေဖြင့် အမှုအရာများအားလုံးနှင့်သက်ဆိုင်၍ မှန်ကန်သော သိနားလည်မှုနှင့် မှန်ကန်သော အမြင်များ ရှိနိုင်ကြဖို့အလို့ငှာ၊ ငါ၏ နှုတ်ကပတ်တော်တိုင်းနှင့် အပြုအမူတိုင်းတွင်၊ သင်တို့ကို ကူညီရန်၊ လမ်းပြရန်အတွက် ငါသည် အစွမ်းကုန်ကြိုးပမ်း၏။ ဤအရာကို သင်တို့ သဘောပေါက်နိုင်သည် မဟုတ်လော။ (သဘောပေါက်ပါသည်။) ကောင်းပေ၏။ လူတို့သည် ဘုရားသခင်၏ အမျိုးမျိုးသော စိတ်သဘောထားများ၊ ဘုရားသခင်၏အရာအားလုံးနှင့်ဖြစ်ခြင်း သွင်ပြင် လက္ခဏာရပ်များနှင့် ဘုရားသခင်ပြုသော အမှုနှင့် သက်ဆိုင်သည့် သိနားလည်မှုအချို့ ရှိကြသော်လည်း၊ ဤနားလည်မှု၏ အများစုမှာ စာမျက်နှာတစ်ခုပေါ်မှ စကားလုံးများကို ဖတ်ကြည့်ခြင်း သို့မဟုတ် ယင်းတို့ကို အခြေခံသဘောတရားအရ နားလည်ခြင်း သို့မဟုတ် ယင်းတို့ကို စဉ်းစားကြည့်ခြင်းတို့ထက် မပိုချေ။ လူတို့ အချို့တဲ့ဆုံးသောအရာမှာ အတွေ့အကြုံစစ်စစ်မှလာသည့် စစ်မှန်သော သိနားလည်ခြင်းနှင့် ထိုးထွင်းသိမြင်မှု ဖြစ်သည်။ ဘုရားသခင်သည် လူတို့၏နှလုံးသားတို့ကို နိုးထစေရန် အတွက် အမျိုးမျိုးသော နည်းလမ်းတို့ကို အသုံးပြုသော်ငြား၊ ဤအရာ မဖြစ်မြောက်နိုင်မီ လျှောက်လှမ်းရမည့် ခရီးရှည်တစ်ခု ရှိနေဆဲဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့အား အေးစက်စက်ဖြင့် ချန်လှပ်ထားပြီ ဖြစ်သည့်အလား၊ ဘုရားသခင်သည် ၎င်းတို့အား စွန့်ပစ်ထားပြီ သို့မဟုတ် ကျောခိုင်းသွားပြီဖြစ်သည့်အလား တစ်ဦးတစ်ယောက် ခံစားနေသည်ကို ငါမမြင်ချင်ပေ။ ငါမြင်ချင်သမျှမှာ အယောက်တိုင်းသည် သမ္မာတရားကို လိုက်စားခြင်းနှင့် ဘုရားသခင်ကို နားလည်ရန် ကြိုးပမ်းခြင်း လမ်းထက်တွင် ဒွိဟများ၊ ဝန်ထုပ်ဝန်ပိုးများ မရှိဘဲ၊ မယိမ်းယိုင်သော စိတ်ပိုင်းဖြတ်မှုဖြင့် ရဲဝံ့စွာ ရှေ့သို့ချီခြင်း ဖြစ်သည်။ သင်သည် မည်သို့သော အမှားများကို ကျူးလွန်ပြီးသည်ဖြစ်စေ၊ မည်မျှ လမ်းလွဲပြီးသည်ဖြစ်စေ၊ သို့မဟုတ် မည်မျှ ဆိုးရွားစွာ ပြစ်မှားထားသည်ဖြစ်စေ၊ ဘုရားသခင်ကို သိနားလည်ခြင်းအား သင်၏လိုက်စား ရှာဖွေမှုတွင် ဤအရာများကို သင်နှင့်အတူ သယ်ဆောင်သွားရမည့် ဝန်ထုပ်ဝန်ပိုးများ သို့မဟုတ် အပို ဝန်စည်စလယ်များ ဖြစ်မလာစေနှင့်။ ရှေ့သို့သာ ဆက်၍ ချီတက်လော့။ ဘုရားသခင်သည် လူ၏ ကယ်တင်ခြင်းကို သူ၏ စိတ်နှလုံးထဲတွင် အမြဲ ထိန်းသိမ်းထား၏။ ဤအရာမှာ မည်သည့်အခါမျှ မပြောင်းလဲချေ။ ဤသည်မှာ ဘုရားသခင်၏ အနှစ်သာရတွင် အဖိုးတန်ဆုံး အစိတ်အပိုင်းဖြစ်၏။ ယခုတွင် သင်တို့ အနည်းငယ်မျှ ပို၍စိတ်သက်သာရာရသလော။ (ရပါသည်။) သင်တို့သည် အရာအားလုံးနှင့် ငါ ပြောခဲ့သည့် နှုတ်ကပတ်တော်များကို မှန်ကန်စွာ ချဉ်းကပ်နိုင်သည်ဟု ငါ မျှော်လင့်၏။ သို့ဆိုလျှင် ဤမိတ်သဟာယကို ဤနေရာ၌ အဆုံးသတ်လိုက်ကြပါစို့။ နှုတ်ဆက်ပါသည်။

၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်

အရှေ့သို့- အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)

နောက်တစ်ခုသို့- အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၇)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။