အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၇)

ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏ (၁)

ဘုရားသခင်၏ အခွင့်အာဏာ၊ ဖြောင့်မတ်သော စိတ်သဘောထား နှင့် သန့်ရှင်းခြင်းအကြောင်း ခြုံငုံသုံးသပ်ချက်

ဆုတောင်းပြီးသည့်အချိန်တွင် သင်တို့၏ စိတ်နှလုံးများမှာ ဘုရားသခင်၏မျက်မှောက်တွင် ငြိမ်သက်သွားသည်ဟု ခံစားကြ ရသလော။ (ခံစားရပါသည်။) လူတစ်ဦး၏စိတ်နှလုံးကို ငြိမ်သက်စေနိုင်ပါက၊ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကြားနိုင်၊ နားလည်နိုင်မည် ဖြစ်ပြီး သမ္မာတရားကိုလည်း ကြားနိုင်၊ နားလည်နိုင်မည် ဖြစ်သည်။ အကယ်၍ သင့်စိတ်နှလုံးကို မငြိမ်သက်စေနိုင်လျှင်၊ သင့်စိတ်နှလုံးက အမြဲတမ်း မျောလွင့်နေလျှင်၊ သို့မဟုတ် အခြားအကြောင်းများကို အမြဲစဉ်းစားနေလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကြားနာရန် တွေ့ဆုံပွဲများ တက်ရောက်သည့်အခါ ဤအရာက သင့်အပေါ် သက်ရောက်မှု ရှိလိမ့်မည်။ ငါတို့ ဆွေးနွေးလာနေသည့် အကြောင်းအရာများ၏ အချက်အချာက အဘယ်နည်း။ အဓိကအချက်များကို ငါတို့အားလုံး အနည်းငယ် ပြန်တွေးကြည့်ကြပါစို့။ ပထမပိုင်း၌ အတုမရှိ ဘုရားသခင် ကိုယ်တော်တိုင်ကို သိရှိခြင်းနှင့် ပတ်သက်ပြီး ဘုရားသခင်၏ အခွင့်အာဏာအကြောင်းကို ငါတို့ဆွေးနွေးခဲ့သည်။ ဒုတိယပိုင်း၌ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား အကြောင်းကို ငါတို့ဆွေးနွေးခဲ့ကြပြီး တတိယအပိုင်း၌ ဘုရားသခင်၏ သန့်ရှင်းမှုအကြောင်းကို ငါတို့ ဆွေးနွေးခဲ့ကြသည်။ တစ်ချိန်စီ ငါတို့ဆွေးနွေးခဲ့သည့် သတ်သတ်မှတ်မှတ် အကြောင်းအရာတိုင်းက သင်တို့အပေါ်တွင် ခံစားမှုတစ်ခုခုကို ကျန်ရစ်စေခဲ့သလော။ “ဘုရားသခင်၏ အခွင့်အာဏာ” ဆိုသည့် ပထမပိုင်းထဲတွင် မည်သည့်အရာက သင်တို့အပေါ် အစွဲထင်ဆုံး ခံစားမှုကို ကျန်ရစ်စေသနည်း။ မည်သည့်အပိုင်းက သင်တို့အပေါ် အကြီးမားဆုံး သက်ရောက်မှုရှိခဲ့သနည်း။ (ဘုရားသခင်သည် ပထမဦးစွာ သူ့နှုတ်ကပတ်တော်၏ အခွင့်အာဏာနှင့် ဘုန်းတန်ခိုးကို မိတ်သဟာယပြုခဲ့သည်။ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်တမျှ နှစ်လိုဖွယ်ကောင်းပြီး သူ၏ နှုတ်ကပတ်တော်က အမှန်ဖြစ်လာမည်။ ဤသည်မှာ ဘုရားသခင်၏ ပင်ကိုအနှစ်သာရပင် ဖြစ်သည်။) (စာတန်အပေါ် ဘုရားသခင်၏ အမိန့်မှာ သူသည် ယောဘကို သွေးဆောင်ရုံ သွေးဆောင်နိုင်သော်လည်း သူ၏အသက်ကို မနုတ်ယူရဟူ၍ ဖြစ်သည်။ ကျွန်ုပ်တို့သည် ဤအရာမှ ဘုရားသခင်၏ နှုတ်ကပတ်တော်၏ အခွင့်အာဏာကို မြင်ရပါသည်။) အခြားအချက်များ ထပ်ဖြည့်ရန် ရှိသေးသလော။ (ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် ၎င်းတို့အထဲရှိ အရာခပ်သိမ်းကို ဖန်ဆင်းရန် နှုတ်ကပတ်တော်များကို အသုံးပြုခဲ့ပြီး သူသည် လူသားနှင့် ပဋိညာဉ်ဖွဲ့ရန်နှင့် လူသားအပေါ် သူ၏ကောင်းချီးများကို ချပေးရန် နှုတ်ကပတ်တော်များကို မြွက်ဆိုသည်၊ ဤအရာများ အားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ အခွင့်အာဏာ အတွက် ဥပမာများဖြစ်ကြသည်။ ထို့နောက် သခင်ယေရှုသည် လာဇရုကို သူ၏သင်္ချိုင်းဂူထဲမှ ထွက်လာဖို့ မည်ကဲ့သို့ အမိန့်ပေးခဲ့သည်ကို ကျွန်ုပ်တို့ တွေ့ရှိခဲ့သည်- ဤအရာက အသက်ရှင်ခြင်းနှင့် သေခြင်းသည် ဘုရားသခင်၏ ထိန်းချုပ်မှု အောက်တွင်ရှိကြောင်း၊ စာတန်၌ အသက်ရှင်ခြင်းနှင့် သေခြင်းကို ထိန်းချုပ်ရန် တန်ခိုးမရှိကြောင်းနှင့်၊ ဘုရားသခင်၏ အလုပ်သည် ဇာတိပကတိ၌လုပ်ဆောင်သည်ဖြစ်စေ၊ ဝိညာဉ်တော်ထဲ၌ လုပ်ဆောင်သည်ဖြစ်စေ သူ၏အခွင့်အာဏာသည် အတုမရှိကြောင်းကို ပြသသည်။) ဤသည်မှာ မိတ်သဟာယဖွဲ့ချက်ကို ကြားနာပြီးနောက် သင်တို့ရရှိခဲ့သော သိနားလည်ခြင်းတစ်ခုဖြစ်သည်။ ဘုရားသခင်၏ အခွင့်အာဏာဟု ဆိုရာတွင် “အခွင့်အာဏာ” ဆိုသည့် စကားလုံးအပေါ် သင်တို့၏ နားလည်ပုံမှာ အဘယ်နည်း။ ဘုရားသခင်၏ အခွင့်အာဏာ အတိုင်းအတာအတွင်း ဘုရားသခင် လုပ်ဆောင်ပြီး ထုတ်ဖော်သည့်အရာ၌ လူတို့က မည်သည့်အရာကို တွေ့မြင်ကြသနည်း။ (ကျွန်ုပ်တို့သည် ဘုရားသခင်၏ အနန္တတန်ခိုး နှင့် ဉာဏ်ပညာကို တွေ့မြင်ပါသည်။) (ဘုရားသခင်၏ အခွင့်အာဏာသည် အမြဲရှိနေကြောင်းနှင့်၊ ၎င်းက အမှန်တကယ် တည်ရှိကြောင်းကို ကျွန်ုပ်တို့ တွေ့မြင်ရပါသည်။ အရာခပ်သိမ်းအပေါ် သူ၏အုပ်စိုးမှု၌ သူ၏အခွင့်အာဏာကို ကြီးမားသော အတိုင်းအတာဖြင့် ကျွန်ုပ်တို့ မြင်ရသည့်အပြင်၊ လူတစ်ဦးစီတိုင်း၏ အသက်တာအား သူချုပ်ကိုင်ရာတွင် သေးငယ်သော အတိုင်းအတာဖြင့် ၎င်းကို ကျွန်ုပ်တို့မြင်ရသည်။ ဘုရားသခင်သည် အမှန်ပင် လူ့အသက်တာ၏ ဆုံမှတ်ခြောက်ခုကို ကြိုတင်စီစဉ်ပြီး ထိန်းချုပ်သည်။ ထို့ပြင် ဘုရားသခင်၏ အခွင့်အာဏာက အတုမရှိ၊ ဘုရားသခင် ကိုယ်တော်တိုင်ကို ကိုယ်စားပြုပြီး ဖန်ဆင်းထားသည့် အရာနှင့် ဖန်ဆင်းမထားသည့် အရာတို့က ၎င်းကို ပိုင်ဆိုင်ခွင့် မရှိကြောင်း ကျွန်ုပ်တို့ တွေ့မြင်ရသည်။ ဘုရားသခင်၏ အခွင့်အာဏာသည် သူ့အဆင့်အတန်း၏ သင်္ကေတတစ်ခုပင် ဖြစ်သည်။) “ဘုရားသခင်၏ အဆင့်အတန်းနှင့် ဘုရားသခင်၏ စိတ်နေသဘောထား၏ သင်္ကေတများ” အပေါ် သင်တို့၏ နားလည်ခြင်းမှာ အတော်ပင် အယူဝါဒဆန်ပုံပေါက် နေသည်။ သင်တို့၌ ဘုရားသခင်၏ ဩဇာအာဏာနှင့်ပတ်သက်သည့် ပဓာနကျသော သိနားလည်ခြင်း ရှိသလော။ (ဘုရားသခင်သည် ကျွန်ုပ်တို့ကို ငယ်စဉ်ကတည်းက စောင့်ကြပ် ကွယ်ကာလာခဲ့ပြီး၊ ထိုအရာ၌ ကျွန်ုပ်တို့သည် ဘုရားသခင်၏ အခွင့်အာဏာကို တွေ့မြင်ရပါသည်။ ကျွန်ုပ်တို့အား ချောင်းမြောင်းခဲ့သည့် အန္တရာယ်များကို ကျွန်ုပ်တို့ သတိမထားခဲ့သော်လည်း ဘုရားသခင်က ကျွန်ုပ်တို့ကို ကန့်လန့်ကာ နောက်ကွယ်မှ အမြဲတမ်း ကာကွယ် ပေးနေခဲ့ပါသည်၊ ဤသည်မှာလည်း ဘုရားသခင်၏ အခွင့်အာဏာပင်ဖြစ်သည်။) မှန်လိုက်လေ။ ကောင်းလိုက်လေ။

ဘုရားသခင်၏ အခွင့်အာဏာကို ငါတို့ ဆွေးနွေးသည့်အခါ ငါတို့၏ ဗဟိုအချက်အချာ၊ ငါတို့၏ အဓိကအချက်က အဘယ်နည်း။ ဤအရာကို အဘယ်ကြောင့် ငါတို့ဆွေးနွေးဖို့ လိုအပ်သနည်း။ ဤအကြောင်းအရာကို ဆွေးနွေးရသည့် ပထမဆုံးရည်ရွယ်ချက်မှာ ဘုရားသခင်၏ ဖန်ဆင်းရှင်ဆိုသည့် အဆင့်အတန်းနှင့် အရာခပ်သိမ်းကြားက သူ၏ နေရာကို လူတို့၏စိတ်နှလုံးထဲ၌ အခြေကျစေဖို့ ဖြစ်သည်။ ဤသည်မှာ ဦးစွာ လူတို့အနေဖြင့် သိရန်၊ မြင်ရန်နှင့် ခံစားရန်အတွက် ဆောင်ကြဉ်းပေးနိုင်သည့် အရာပင် ဖြစ်သည်။ သင်မြင်ရသည့်အရာနှင့် သင်ခံစားရသည့် အရာတို့မှာ ဘုရားသခင်၏ လုပ်ဆောင်ချက်များ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ ထိန်းချုပ်မှုတို့မှ လာလေသည်။ ထို့ကြောင့် လူတို့သည် ဘုရားသခင်၏ အခွင့်အာဏာမှတစ်ဆင့် သူတို့ မြင်ရ၊ သင်ယူရပြီး သိရသည့် အရာအားလုံးတို့မှ မည်သည့် စစ်မှန်သောနားလည်ခြင်းကို ရကြသနည်း။ ပထမရည်ရွယ်ချက်ကို ငါတို့ ဆွေးနွေးကြပြီးဖြစ်သည်။ ဒုတိယမှာ ဘုရားသခင် သူ့အခွင့်အာဏာနှင့် လုပ်ထားသည့်အရာ၊ ပြောထားသည့်အရာနှင့် ထိန်းချုပ်ထားသည့် အရာအားလုံးမှတစ်ဆင့် ဘုရားသခင်၏ တန်ခိုးနှင့် ဉာဏ်ပညာကို လူတို့ သိမြင်စေဖို့ ဖြစ်သည်။ ၎င်းမှာ ဘုရားသခင်သည် အရာအားလုံးအပေါ် သူ၏ထိန်းချုပ်မှု၌ အဘယ်မျှ တန်ခိုးကြီးပြီး၊ အဘယ်မျှ ဉာဏ်ပညာရှိသည်ကို သင့်အား တွေ့မြင်ခွင့်ပေးရန် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အတုမရှိ အခွင့်အာဏာအကြောင်း ငါတို့ အရင်ဆွေးနွေးချက်၏ ဗဟိုအချက်အချာနှင့် အဓိကအချက် မဟုတ်လော။ ထိုဆွေးနွေးချက်ကတည်းက အချိန်များစွာပင် မကြာသေးသော်လည်း၊ သင်တို့တစ်ချို့က ဤအရာကို မေ့လျော့သွားပြီဟူသည်မှာ သင်တို့သည် ဘုရားသခင်၏ အခွင့်အာဏာအပေါ် နက်ရှိုင်းသော နားလည်ခြင်း မရှိသေးကြောင်း သက်သေပြသည်။ လူသားသည် ဘုရားသခင်၏ အခွင့်အာဏာကို မမြင်တွေ့ဖူးသေးဟုပင် ပြောနိုင်သည်။ ယခု သင်တို့၌ နားလည်မှု အနည်းငယ် ရှိကြပြီလော။ ဘုရားသခင်သည် သူ၏ အခွင့်အာဏာ ကျင့်သုံးသည်ကို သင်မြင်သည့်အခါ အမှန်တကယ် သင်မည်သို့ ခံစားရသနည်း။ ဘုရားသခင်၏တန်ခိုးကို သင် တကယ်ခံစား ရဖူးသလော။ (ခံစားဖူးပါသည်။) ဘုရားသခင်က အရာခပ်သိမ်းကို မည်သို့ ဖန်ဆင်းခဲ့သည့်အကြောင်း သူ၏ နှုတ်ကပတ်တော်များကို သင်ဖတ်ရသည့်အခါ သူ၏တန်ခိုးကို သင် ခံစားရပြီး သူ၏ အနန္တတန်ခိုးကို သင်ခံစားရသည်။ လူသားများ၏ ကံကြမ္မာပေါ် ဘုရားသခင်၏ အုပ်စိုးမှုကို သင်မြင်ရသည့်အချိန်တွင် သင်မည်သို့ ခံစားရသနည်း။ သူ၏တန်ခိုးနှင့် သူ၏ဉာဏ်ပညာကို သင်ခံစား ရသလော။ ဘုရားသခင်သည် ဤတန်ခိုးကို မပိုင်ဆိုင်ခဲ့လျှင်၊ သူသည် ဤဉာဏ်ပညာကို မပိုင်ဆိုင်ခဲ့လျှင် သူသည် အရာခပ်သိမ်းအပေါ်နှင့် လူသားတို့၏ ကံကြမ္မာအပေါ် အုပ်စိုးမှုရှိရန် အရည်အချင်း ရှိမည်လော။ ဘုရားသခင်က တန်ခိုးနှင့် ဉာဏ်ပညာကို ပိုင်ဆိုင်သည်ဖြစ်၍ သူ၌ အခွင့်အာဏာရှိသည်။ ဤသည်မှာ အတုမရှိပေ။ ဖန်ဆင်းခြင်း ခပ်သိမ်းထဲတွင် ဘုရားသခင်ကဲ့သို့၊ တန်ခိုးနှင့်ပြည့်စုံသည့် လူတစ်ဦး သို့မဟုတ် ဖန်ဆင်းခံသတ္တဝါကို သင်တွေ့ဖူးသလော။ ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံးကို ဖန်ဆင်းနိုင်စွမ်းသော၊ ထိုအရာအားလုံးကို ထိန်းချုပ်ပြီး အုပ်စိုးနိုင်စွမ်းသော တန်ခိုးနှင့်ပြည်စုံသည့် တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုံတစ်ခု ရှိသလော။ လူသားမျိုးနွယ်တစ်ရပ်လုံးကို အုပ်ချုပ်၍ ဦးဆောင်နိုင်သည့်၊ နေရာတိုင်း အချိန်တိုင်းတွင် ရှိနေနိုင်သည့် တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုံတစ်ခု ရှိသလော။ (မရှိပါ။) ဘုရားသခင်၏ အတုမရှိ အခွင့်အာဏာနှင့် ပတ်သက်သည့် အနက်အဓိပ္ပာယ်အမှန်ကို သင်တို့ ယခုနားလည်ပြီလော။ သင်တို့၌ ယခု ဤအရာအပေါ် နားလည်မှု အတော်အသင့် ရှိပြီလော။ (ရှိပါပြီ။) ဤအရာက ဘုရားသခင်၏ အတုမရှိ အခွင့်အာဏာနှင့် ပတ်သက်သည့် အကြောင်းအရာအား ငါတို့၏ ပြန်လည်လေ့လာ စစ်ဆေးခြင်းကို အဆုံးသတ်လေသည်။

ဒုတိယပိုင်းတွင် ငါတို့သည် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားအကြောင်းကို ဆွေးနွေးခဲ့ကြသည်။ ဤအကြောင်းအရာအထဲတွင် ငါတို့များစွာ မဆွေးနွေးခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် ယခုအဆင့်တွင် ဘုရားသခင်၏ အလုပ်သည် အဓိကအားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း ပါဝင်သောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို နိုင်ငံတော်ခေတ်တွင် ရှင်းရှင်းလင်းလင်းနှင့် အပြည့်အစုံ ထုတ်ဖော်ထားသည်။ သူသည် ဖန်ဆင်းခြင်း ကာလကတည်းက မည်သည့်အခါမျှ မပြောဖူးခဲ့သည့် နှုတ်ကပတ်တော်များကို ပြောထားပြီး သူ၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီး တွေ့ကြုံသောသူအားလုံး၊ လူအားလုံးတို့က သူ၏ နှုတ်ကပတ်တော်များတွင် သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထား ထုတ်ဖော်ထားသည်ကို သိမြင်ပြီးဖြစ်သည်။ သို့ဆိုလျှင် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားနှင့် ပတ်သက်ပြီး ငါတို့ဆွေးနွေးချက်၏ အဓိကအချက်က အဘယ်အရာနည်း။ သင်တို့ ယင်းကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်သလော။ ယင်းကို အတွေ့အကြုံမှ သင်တို့နားလည်ကြသလော။ (ဘုရားသခင်က သောဒုံမြို့ကို မီးရှို့ဖျက်ဆီးခဲ့သည်မှာ ထိုအချိန်တုန်းက လူများသည် အလွန်အမင်း အကျင့်ပျက်နေကြပြီး ဘုရားသခင်ကို အမျက်တော်ရှစေခဲ့ကြသည့်အတွက် ဖြစ်သည်။ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို ကျွန်ုပ်တို့ ဤအချက်မှ သိမြင်ရသည်။) ပထမဦးစွာ ကြည့်ကြစို့- ဘုရားသခင်သာ သောဒုံမြို့ကို မဖျက်ဆီးခဲ့လျှင် သင်သည် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို သိနိုင်မည်လော။ သင်သည် သိမြင်နိုင်ဦးမည် ဖြစ်သည်။ သင်သည် ယင်းကို နိုင်ငံတော်ခေတ်တွင် ဘုရားသခင်ဖော်ပြထားသည့် နှုတ်ကပတ်တော်များနှင့် တရားစီရင်မှု၊ ပြစ်တင်ဆုံးမမှုနှင့် လူသားကို သူဦးတည်ထားခဲ့သည့် ကျိန်ခြင်းများတွင်လည်း မြင်နိုင်သည်။ နိနေဝေမြို့အပေါ် သူသက်ညှာလိုက်ခြင်းတွင် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို သင်တို့ မြင်နိုင်သလော။ (မြင်နိုင်ပါသည်။) ဤလက်ရှိခေတ်တွင် ဘုရားသခင်၏ ကရုဏာ၊ ချစ်ခြင်းမေတ္တာနှင့် သည်းခံခြင်း အချို့တို့ကို လူတို့တွေ့နိုင်သည်၊ ပြီးလျှင် လူသား၏နောင်တရပြီးနောက် ဘုရားသခင်၏ စိတ်အပြောင်းအလဲ၌လည်း ယင်းကို လူတို့မြင်နိုင်သည်။ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားအပေါ် ငါတို့၏ ဆွေးနွေးချက်ကို အစပျိုးဖို့ ဤဥပမာနှစ်ခုကို တင်ပြလိုက်ပြီးနောက်၊ ကိုယ်တော်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို ထုတ်ဖော်ထားပြီးဖြစ်သည်ကို အတော်ရှင်းလင်းစွာ မြင်ရသော်လည်း၊ အမှန်အားဖြင့် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထား၏ အနှစ်သာရကို ဤသမ္မာကျမ်းစာ ပုံဝတ္ထုနှစ်ပုဒ်ထဲ၌ ထုတ်ဖော် ထားသည့်အရာ၌ ကန့်သတ်မထားပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သူ၏အလုပ်ထဲတွင် သင်တို့ လေ့လာမြင်တွေ့ ထားပြီး တွေ့ကြုံထားသည့်အရာမှ သင်မြင်တွေ့သည့်အတိုင်း ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထား ဆိုသည်မှာ အဘယ်နည်း။ သင်တို့ကိုယ်တိုင်၏ အတွေ့အကြုံများမှ ပြောလော့။ (လူတို့အတွက် ဘုရားသခင် ဖန်ဆင်းခဲ့သည့် ပတ်ဝန်းကျင်များတွင် လူတို့က သမ္မာတရားကို ရှာဖွေနိုင်ပြီး ဘုရားသခင်၏ အလိုတော်အတိုင်း လုပ်ဆောင်နိုင်သည့်အချိန်တွင် ဘုရားသခင်က သူတို့အား လမ်းပြသည်၊ ဉာဏ်အလင်းပြပြီး၊ သူတို့၏ စိတ်နှလုံးထဲတွင် တောက်ပခြင်းကို သူတို့အား ခံစားရစေသည်။ လူတို့သည် ဘုရားသခင်ကို ဆန့်ကျင်ပြီး သူ့ကို ခုခံကာ သူ၏အလိုတော်အတိုင်း မလုပ်ဆောင်သည့်အချိန်တွင် ဘုရားသခင်က သူတို့ကို စွန့်ပစ်ထားသကဲ့သို့ သူတို့၏ အတွင်းထဲတွင် ကြီးမားသော အမှောင်ထု ရှိနေသည်။ သူတို့ ဆုတောင်းသည့်အခါ၌ပင် သူ့ကို ဘာပြောရမှန်းမသိ ဖြစ်နေတတ်သည်။ သို့သော် သူတို့သည် ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးစိတ်သန်းများကို ဘေးဖယ်ပြီး ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် သူတို့ကိုယ်တိုင် တိုးတက်အောင် ကြိုးစားရန် လိုလိုလားလား ရှိလာသည့်အချိန်တွင်ကား သူတို့သည် ဘုရားသခင်၏ ပြုံးနေသည့်မျက်နှာကို တစ်ဖြည်းဖြည်း မြင်နိုင်လာသည်။ ကျွန်ုပ်တို့သည် ဤအရာမှ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထား၏ သန့်ရှင်းမှုကို တွေ့ကြုံကြရသည်။ ဘုရားသခင်သည် သန့်ရှင်းသောနိုင်ငံတော်တွင် ပေါ်ထွန်းသော်လည်း၊ သူသည် ညစ်ညမ်းသောနေရာများ၌ မိမိကိုယ်ကိုယ် ဖုံးကွယ်သည်။) (ကျွန်ုပ်သည် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို လူတို့အား သူဆက်ဆံသည့်ပုံစံတွင် မြင်ပါသည်။ ကျွန်ုပ်တို့ ညီအစ်ကို မောင်နှမများသည် ဝိညာဉ်အသက်တာနှင့် အစွမ်းအစတွင် ခြားနားကြပြီး ဘုရားသခင်က ကျွန်ုပ်တို့ တစ်ဦးချင်းထံမှ တောင်းဆိုသည့် အရာမှာလည်း ခြားနားလေသည်။ ကျွန်ုပ်တို့ အားလုံးသည် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကို မတူညီသော အတိုင်းအတာများဖြင့် ရရှိနိုင်ကြကာ၊ ကျွန်ုပ်သည် ဤအရာတွင် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို မြင်တွေ့ရသည်၊ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့ လူသားများသည် လူသားကို ဤနည်းအတိုင်း ဆက်ဆံနိုင်စွမ်း မရှိကြသော်လည်း ဘုရားသခင်က ဆက်ဆံနိုင်စွမ်းရှိသည်။) ယခုတွင် သင်တို့အားလုံးသည် သင်တို့ ရှင်းလင်းစွာ ထုတ်ဖော်ပြောနိုင်သည့် လက်တွေ့ကျသော အသိပညာ တစ်ရပ် ရှိကြပြီဖြစ်သည်။

ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို သိခြင်း၏ သော့ချက်က မည်သည့်အသိပညာ ဖြစ်သည်ကို သင်တို့ သိကြသလော။ ဤအကြောင်းအရာနှင့် ပတ်သက်၍ အတွေ့အကြုံမှနေ၍ ပြောနိုင်စရာ အများကြီးရှိသော်လည်း၊ ဦးစွာ ငါ့အနေဖြင့် သင်တို့ကို ပြောပြရမည့် အဓိကအချက်အလက် အနည်းငယ်ရှိသည်။ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို နားလည်ဖို့ လူတစ်ဦးသည် ဘုရားသခင်၏ ခံစားချက်များကို ဦးစွာနားလည်ရမည်- ကိုယ်တော် မည်သည်ကိုမုန်းသည်၊ ကိုယ်တော် မည်သည်ကိုရွံရှာသည်၊ ကိုယ်တော် မည်သည်ကိုချစ်သည်၊ ကိုယ်တော် မည်သူ့ကိုသည်းခံပြီး သနားကြင်နာသည်၊ ထို့ပြင် ကိုယ်တော်သည် မည်သို့သော လူမျိုးအပေါ် သနားကြင်နာမှုကို ပေးအပ်သည် စသည်တို့ဖြစ်သည်။ ဤသည်မှာ အရေးကြီးသည့်အချက်တစ်ခု ဖြစ်သည်။ လူတစ်ဦးသည် ဘုရားသခင်က မည်မျှလောက်ချစ်ပါစေ၊ သူက လူတို့အတွက် ကရုဏာနှင့် ချစ်ခြင်းမေတ္တာ မည်မျှလောက်ရှိပါစေ ဘုရားသခင်သည် သူ၏ အဆင့်အတန်းနှင့် အနေအထားကို စော်ကားသော မည်သူ့ကိုမျှ သည်းမခံသည်သာမက၊ သူ၏ဂုဏ်သိက္ခာကို စော်ကားသော မည်သူ့ကိုမှလည်း သည်းမခံသည်ကို နားလည်ထားရမည်။ ဘုရားသခင်သည် လူတို့ကို ချစ်သော်လည်း လူတို့ကို သူ အလိုမလိုက်ပါ။ သူသည် လူတို့ကို သူ၏အချစ်၊ သူ၏ကရုဏာနှင့် သူ၏သည်းခံခြင်းကို ပေးသော်လည်း၊ သူသည် သူတို့ကို ဘယ်သောအခါမျှ ဖူးဖူးမှုတ်မထားပါ။ ဘုရားသခင်၌ သူ၏ နည်းဥပဒေသများနှင့် သူ၏ ကန့်သတ်ချက်များ ရှိသည်။ ဘုရားသခင်၏ အချစ်ကို သင် မည်မျှ ခံစားရပြီးပါစေ၊ ထိုအချစ်က မည်မျှ နက်ရှိုင်းနေပါစေ၊ သင်သည် ဘုရားသခင်ကို အခြားလူတစ်ယောက်အား ဆက်ဆံသကဲ့သို့ လုံးဝမဆက်ဆံရပါ။ ဘုရားသခင်က လူတို့ကို အဆုံးစွန်ရင်းနှီးမှုဖြင့် ဆက်ဆံသည်မှာ မှန်သော်လည်း အကယ်၍ လူတစ်ယောက်သည် ဘုရားသခင်ကို တစ်ခြားလူတစ်ယောက်ကဲ့သို့ပင်၊ သူသည် အခြားဖန်ဆင်းခံ သက်ရှိကဲ့သို့ပင်၊ သူငယ်ချင်းတစ်ယောက်သဖွယ် သို့မဟုတ် ကိုးကွယ်ခံအရာဝတ္ထုတစ်ခုကဲ့သို့ သဘောထားမိလျှင် ဘုရားသခင်သည် သူ၏မျက်နှာကို ဖုံးကွယ်ထားပြီး ထိုလူများကို စွန့်ပစ်ထားလိမ့်မည်။ ဤသည်မှာ သူ၏ စိတ်သဘောထားဖြစ်ပြီး၊ လူတို့သည် ဤအကြောင်းကိစ္စကို ပေါ့ပေါ့တန်တန် မှတ်ယူ၍ မဖြစ်ပေ။ ထို့ကြောင့် ငါတို့သည် ဘုရားသခင်၏ စိတ်သဘောထား နှင့်ပတ်သက်၍ သူမိန့်ဆိုသည့် ဤကဲ့သို့သော နှုတ်ကပတ်တော်များကို တွေ့ရလေ့ရှိသည်- သင်သည် လမ်းများ မည်မျှကို ခရီးပြုပြီးပါစေ၊ သင် အလုပ်မည်မျှကို ပြုလုပ်ပြီးပါစေ သို့မဟုတ် ဒုက္ခမည်မျှကို ကြံ့ကြံ့ခံပြီးပါစေ ဘုရားသခင်၏ စိတ်သဘောထားကို သင်စော်ကားမိသည်နှင့် ဘုရားသခင်သည် သင်တို့တစ်ဦးချင်းအား သင်ပြုလုပ်ထားသည့် အရာကို အခြေခံ၍ ပြန်ပေးဆပ်လိမ့်မည်။ ဤအရာက ဆိုလိုသည်မှာ ဘုရားသခင်က လူတို့ကို အဆုံးစွန်သော ရင်းနှီးမှုနှင့် ဆက်ဆံသော်လည်း လူတို့က ဘုရားသခင်ကို သူငယ်ချင်းကဲ့သို့ သို့မဟုတ် ဆွေမျိုးကဲ့သို့ ဆက်ဆံ၍ မရပါ။ ဘုရားသခင်ကို သင့် “အပေါင်းအဖော်” ဟု မခေါ်နှင့်။ သူ့ထံက ချစ်ခြင်းမေတ္တာမည်မျှ သင်ရထားသည်ဖြစ်စေ၊ သူက သင့်ကို သည်းခံမှုမည်မျှ ပေးထားသည်ဖြစ်စေ သင်သည် ဘုရားသခင်ကို သင်၏ မိတ်ဆွေသဖွယ် မဆက်ဆံရပါ။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားပင် ဖြစ်သည်။ သင် နားလည်သလော။ ဤအရာနှင့် ပတ်သက်ပြီး ငါထပ်ပြောဖို့ လိုသလော။ သင်တို့တွင် ဤအကြောင်းကိစ္စအပေါ် တင်ကြို နားလည်ခြင်းတစ်ခုခု ရှိသလော။ ယေဘုယျအားဖြင့်ပြောရလျှင် သူတို့က အယူဝါဒများကို နားလည်သည်ဖြစ်စေ သို့မဟုတ် ဤကိစ္စကို ယခင်က လုံးဝ မစဉ်းစားထားသည်ဖြစ်စေ ဤသည်မှာ လူတို့လုပ်မိရန် အလွယ်ဆုံးသော အမှားဖြစ်သည်။ လူတို့က ဘုရားသခင်ကို စော်ကားမိသည့်အခါ ယင်းက အဖြစ်အပျက်တစ်ခု သို့မဟုတ် သူတို့ပြောသည့် အရာတစ်ခုကြောင့် ဖြစ်ကောင်း ဖြစ်မည်မဟုတ်ဘဲ သူတို့၏ ကိုင်စွဲထားသည့် စိတ်သဘောထားနှင့် သူတို့ရောက်နေသည့် အခြေအနေကြောင့်သာ ဖြစ်ကောင်းဖြစ်မည်။ ဤသည်မှာ အလွန် ကြောက်စရာကောင်းသော အရာဖြစ်သည်။ လူတစ်ချို့က သူတို့သည် ဘုရားသခင်ကို နားလည်သည်၊ သူ့အကြောင်း အသိပညာတစ်ချို့ ရှိသည်ဟု ယုံကြည်ပြီး ဘုရားသခင်ကို ကျေနပ်စေသည့် အရာတစ်ချို့ကိုပင် သူတို့ လုပ်ကောင်းလုပ်ကြမည်။ သူတို့သည် ဘုရားသခင်နှင့် တန်းတူဖြစ်ပြီး သူတို့သည် ဘုရားသခင်နှင့် ခင်မင်ရင်းနှီးမှုထဲသို့ သူတို့ကိုယ်သူတို့ ပါးနပ်စွာ လမ်းကြောင်းပေးထားကြပြီဟု စတင်ခံစားကြသည်။ ဤသို့သော ခံစားချက်မျိုးများသည် အင်မတန် လွဲမှားနေသည်။ အကယ်၍ သင်သည် ဤအရာအပေါ် နက်ရှိုင်းသော နားလည်မှုမရှိလျှင်၊ သင်သည် ဤအရာကို ရှင်းရှင်းလင်းလင်း နားမလည်လျှင် သင်သည် ဘုရားသခင်ကို အလွယ်တကူ စော်ကားမိလိမ့်မည်ဖြစ်ပြီး သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို စော်ကားမိလိမ့်မည် ဖြစ်သည်။ ဤအရာကို သင် အခုနားလည်ပြီ ဟုတ်သလော။ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားသည် အတုမရှိသည်မဟုတ်လော။ ယင်းမှာ လူတစ်ယောက်၏စရိုက် သို့မဟုတ် ကိုယ်ကျင့်တရား အဆင့်အတန်းနှင့် တူညီနိုင်ပါမည်လော။ လုံးဝ မတူညီနိုင်ပါ။ ထို့ကြောင့် သင်သည် ဘုရားသခင်က လူတို့ကို မည်ကဲ့သို့ ဆက်ဆံပါစေ သို့မဟုတ် သူက လူတို့ကို မည်ကဲ့သို့ စဉ်းစားပါစေ ဘုရားသခင်၏ အနေအထား၊ အခွင့်အာဏာနှင့် အဆင့်အတန်းက ဘယ်သောအခါမျှ မပြောင်းသည်ကို သင်မေ့၍မရပါ။ လူသားမျိုးနွယ် အတွက် ဘုရားသခင်သည် အစဉ်အမြဲပင် အရာခပ်သိမ်းတို့၏ သခင်ဖြစ်ပြီး ဖန်ဆင်းရှင်လည်းဖြစ်သည်။

ဘုရားသခင်၏ သန့်ရှင်းမှုနှင့် ပတ်သက်၍ သင်တို့ မည်သည့်အရာကို လေ့လာပြီးပြီနည်း။ “ဘုရားသခင်၏ သန့်ရှင်းခြင်း” အကြောင်း၊ ထိုအပိုင်းတွင် စာတန်၏ ယုတ်မာစဉ်းလဲမှုကို အဖြည့်ခံတစ်ခုအဖြစ် အသုံးပြုထားသည် ဟူသည့် အချက်မှလွဲပြီး ဘုရားသခင်၏ သန့်ရှင်းခြင်းအကြောင်း ငါတို့ဆွေးနွေးချက်၏ အဓိကအချက်မှာ အဘယ်အရာ ဖြစ်ခဲ့သနည်း။ ၎င်းသည် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း မဟုတ်သလော။ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းဆိုသည်မှာ ဘုရားသခင် ကိုယ်တိုင်အတွက် အတုမရှိ ဟုတ်သလော။ (ဟုတ်ပါသည်။) ၎င်းမှာ ဖန်ဆင်းခံသက်ရှိများက မပိုင်ဆိုင်သည့် အရာပင် ဖြစ်သည်။ ထို့ကြောင့်ပင် ဘုရားသခင်၏ သန့်ရှင်းခြင်းသည် အတုမရှိပါဟု ငါတို့ ပြောခြင်းဖြစ်သည်။ ဤသည်မှာ သင်တို့ နားလည်နိုင်ရမည့် အရာဖြစ်သည်။ ငါတို့သည် ဘုရားသခင်၏ သန့်ရှင်းခြင်းဟူသည့် အကြောင်းအရာအပေါ် ဆွေးနွေးပွဲသုံးကြိမ် ပြုလုပ်ခဲ့ကြသည်။ ဘုရားသခင်၏ သန့်ရှင်းခြင်းကို သင်တို့ မည်သို့ယုံကြည်သနည်း ဆိုသည်ကို သင်တို့ကိုယ်တိုင်၏ နားလည်မှုနှင့် သင်တို့ကိုယ်ပိုင် စကားလုံးများဖြင့် ဖော်ပြနိုင်သလော။ (ဘုရားသခင်က ကျွန်ုပ်တို့အား မိတ်သဟာယပြုခဲ့သည့် နောက်ဆုံးအချိန်က ကျွန်ုပ်တို့ သူ့ရှေ့တွင် ဦးညွှတ်ခဲ့ကြသည်။ ဘုရားသခင်က သူ့အားကိုးကွယ်ရန် ပျပ်ဝပ်ခြင်းနှင့် ဦးညွှတ်ခြင်းနှင့် ပတ်သက်၍ ကျွန်ုပ်တို့အား သမ္မာတရားကို မိတ်သဟာယပြုပေးခဲ့သည်။ သူ၏ တောင်းဆိုချက်များအား မဖြည့်ဆည်းခင် သူ့အားကိုးကွယ်ရန် ဦးညွှတ်ကိုးကွယ်ခြင်းက သူ၏အလိုတော်နှင့် မကိုက်ညီသည်ကို ကျွန်ုပ်တို့မြင်ခဲ့ရပြီး၊ ဤအရာမှ ဘုရားသခင်၏ သန့်ရှင်းခြင်းကို ကျွန်ုပ်တို့မြင်ခဲ့ရသည်။) အလွန်မှန်ပါသည်။ အခြားမည်သည့်အရာ ရှိသေးသနည်း။ (လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် သူသည် ရိုးစင်းစွာနှင့် ရှင်းလင်းစွာ စကားပြောသည်ကို ကျွန်ုပ်တို့တွေ့ရသည်။ သူသည် တည့်တိုးနှင့် အချက်ကျသည်။ စာတန်ကမူ ဝေ့လည်ကြောင်ပတ်ပုံစံဖြင့် စကားပြောတတ်ပြီး မုသားများနှင့် ပြည့်နှက်သည်။ ကျွန်ုပ်တို့ ဘုရားသခင်ရှေ့မှောက်တွင် နောက်ဆုံးအကြိမ် ပျပ်ဝပ်လှဲလျောင်း ခဲ့ကြသည့် နောက်ဆုံးအချိန်တွင် ဖြစ်ပျက်ခဲ့သည့် အရာမှနေ၍ သူ၏ နှုတ်ကပတ်တော်များနှင့် သူ၏ လုပ်ဆောင်ချက်များက အစဉ်အမြဲ နည်းဥပဒေကျသည်ကို ကျွန်ုပ်တို့ တွေ့မြင်ခဲ့ရသည်။ သူသည် ကျွန်ုပ်တို့ မည်ကဲ့သို့ ပြုမူသင့်ကြောင်း၊ ကျွန်ုပ်တို့ မည်ကဲ့သို့ လိုက်နာသင့်ကြောင်းနှင့်၊ ကျွန်ုပ်တို့ မည်ကဲ့သို့ လက်တွေ့လုပ်ဆောင် သင့်ကြောင်း ကျွန်ုပ်တို့အား ပြောသည့် အချိန်တွင် သူသည် အမြဲတမ်း ရှင်းလင်းပြီး ကျစ်လျစ်ပြည်စုံသည်။ သို့သော်လည်း လူတို့က ဤကဲ့သို့မဟုတ်ပေ။ စာတန်အားဖြင့် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်းကတည်းက သူတို့သည် မိမိတို့ကိုယ်ပိုင် တစ်ကိုယ်ရေစေ့ဆော်မှုများနှင့် ရည်မှန်းချက်များ အပြင် စိတ်ထဲရှိ သူတို့ကိုယ်တိုင်၏ ပုဂ္ဂိုလ်ရေးအလိုဆန္ဒများဖြင့် ပြုမူကာ စကားပြောခဲ့ကြပြီးဖြစ်သည်။ လူသားမျိုးနွယ်ကို ဘုရားသခင်က ကြည့်ရှုစောင့်ရှောက်ကာ ဂရုစိုက်ပြီး ကာကွယ်ပေးသည့် ပုံစံမှနေ၍ ဘုရားသခင်လုပ်သမျှအားလုံးက အပြုသဘောဆောင်ပြီး ရှင်းလင်းကြောင်း ကျွန်ုပ်တို့ တွေ့မြင်ရသည်။ ယင်းသည် ကျွန်တော်တို့အနေဖြင့် ဘုရားသခင်၏ သန့်ရှင်းခြင်း၏ အနှစ်သာရအား ထုတ်ဖော်ထားသည်ကို မြင်တွေ့ရသည့် ပုံစံပင်ဖြစ်သည်။) ဟုတ်လိုက်လေ။ တစ်ယောက်ယောက်က တစ်ခုခု ထပ်ဖြည့်ရန် ရှိသေးသလော။ (ဘုရားသခင်က စာတန်၏ မကောင်းမှုအနှစ်သာရကို ဘုရားသခင်၏ ဖော်ထုတ်ပြခြင်းမှတစ်ဆင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ သန့်ရှင်းခြင်းကို မြင်ရသည်။ ဘုရားသခင်က စာတန်၏ အနှစ်သာရကို ထုတ်ဖော်သောအခါ ကျွန်ုပ်တို့သည် စာတန်၏ မကောင်းမှုအပေါ် အသိပညာ ပိုရရှိပြီး လူသားမျိုးနွယ်၏ ဒုက္ခအရင်းအမြစ်ကို ကျွန်ုပ်တို့ မြင်တွေ့ရသည်။ အတိတ်က ကျွန်ုပ်တို့သည် စာတန်၏ လွှမ်းမိုးမှုအောက်တွင်ရှိသော လူသား၏ဒုက္ခကို သတိမပြုမိခဲ့ကြပေ။ ကျော်ကြားမှုနှင့် အခွင့်အလမ်းအား လိုက်စားခြင်းမှလာသည့် ဒုက္ခအားလုံးသည် စာတန်၏အလုပ်ဖြစ်သည် ဟူသည့် ဤအရာကို ဘုရားသခင်က ထုတ်ဖော်ပြခဲ့ပြီးနောက်မှသာ ကျွန်ုပ်တို့ သိမြင်ရသည်။ ထို့နောက်မှသာ ဘုရားသခင်၏ သန့်ရှင်းခြင်းသည် လူသားမျိုးနွယ်၏ စစ်မှန်သည့် ကယ်တင်ခြင်းဖြစ်သည်ကို ကျွန်ုပ်တို့ ခံစားခဲ့ရသည်။) ၎င်းကို ထပ်ဖြည့်ရန် အခြားအရာတစ်ခုခု ရှိသေးသလော။ (ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်သည် ဘုရားသခင်နှင့် ပတ်သက်ပြီး စစ်မှန်သော အသိပညာနှင့် ဘုရားသခင်အတွက် ချစ်ခြင်းမေတ္တာကင်းမဲ့ကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင့် သန့်ရှင်းခြင်း၏ အနှစ်သာရကို နားမလည် သောကြောင့်အပြင်၊ ကျွန်ုပ်တို့သည် သူ၏ရှေ့မှောက်တွင် ပျပ်ဝပ်ပြီး ဦးညွတ်သည့်အခါ မစင်ကြယ်သော အတွေးများ၊ ကွယ်ဝှက် ထားသော စေ့ဆော်မှုများနှင့် ရည်ရွယ်ချက်များဖြင့် ထိုသို့ ပြုလုပ်ကြသည့်အတွက် ဘုရားသခင်မှာ သဘောမကျဖြစ်ရသည်။ ဘုရားသခင်သည် စာတန်နှင့် ကွာခြားကြောင်း ကျွန်ုပ်တို့ တွေ့နိုင်သည်။ စာတန်က လူတို့အား သူ့ကို ကြည်ညိုပြီး မြှောက်ပင့်စေချင်သည်၊ ပျပ်ဝပ်ပြီး ကိုးကွယ်စေချင်သည်။ စာတန်တွင် စည်းမျဉ်းဥပဒေ မရှိပေ။ ဤအရာမှလည်း ဘုရားသခင်၏ သန့်ရှင်းခြင်းကို ကျွန်ုပ်အား နားလည်စေသည်။) အလွန်ကောင်းလေစွ။ ယခုတွင် ဘုရားသခင်၏ သန့်ရှင်းခြင်း အကြောင်းကို ငါတို့ မိတ်သဟာယပြုပြီးဖြစ်၍ ဘုရားသခင်၏ ပြီးပြည့်စုံခြင်းကို သင်တို့ တွေ့သလော။ ဘုရားသခင်သည် အပြုသဘောဆောင်သည့် အရာများအားလုံး၏ ဇာစ်မြစ်ဖြစ်ပုံကို သင်တို့တွေ့၏လော။ ဘုရားသခင်သည် သမ္မာတရားနှင့် တရားမျှတမှု၏ ပြယုဂ်ဖြစ်ပုံကို သင်တို့ တွေ့နိုင်သလော။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ၏ အရင်းအမြစ် ဖြစ်ပုံကို သင်တို့တွေ့၏လော။ ဘုရားသခင် ပြုလုပ်သမျှ၊ သူဖော်ပြသမျှနှင့်၊ သူထုတ်ဖော်ပြသမျှ အရာအားလုံး၌ အပြစ်အနာအဆာမရှိသည့်ပုံကို သင်တို့တွေ့၏လော။ (တွေ့ပါသည်။) ဤသည်တို့မှာ ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ပတ်သက်၍ ငါပြောပြီးသည့်အရာ၏ အဓိကအချက်များဖြစ်သည်။ ယနေ့ ဤစကားလုံးများသည် သင်တို့အတွက် အယူဝါဒသက်သက်သဖွယ် ဖြစ်နေလိမ့်မည်၊ သို့သော်လည်း သင်သည် စစ်မှန်သော ဘုရားသခင် ကိုယ်တော်တိုင်ကို သူ၏ နှုတ်ကပတ်တော်နှင့် သူ၏အလုပ်များမှ တွေ့ကြုံပြီး မျက်မြင်တွေ့သည့် တစ်နေ့တွင် ဘုရားသခင်သည် သန့်ရှင်းကြောင်း၊ ဘုရားသခင်သည် လူသားမျိုးနွယ်နှင့် ခြားနားကြောင်းနှင့်၊ သူ၏စိတ်နှလုံး၊ စိတ်သဘောထားနှင့် အနှစ်သာရတို့အားလုံးသည် သန့်ရှင်းကြောင်း သင် လှိုက်လှိုက်လှဲလှဲ ပြောလာလိမ့်မည်။ ဤသန့်ရှင်းခြင်းသည် ဘုရားသခင်၏ ပြီးပြည့်စုံမှုကို လူသားက တွေ့မြင်ရန်နှင့် ဘုရားသခင်၏ သန့်ရှင်းခြင်း၏ အနှစ်သာရက လုံးဝ စင်ကြယ်သည်ကို တွေ့မြင်ရန် အခွင့်ပေးလေသည်။ သူသည် အတုမရှိ ဘုရားသခင်ကိုယ်တိုင် ဖြစ်သည်ကို သူ့သန့်ရှင်းခြင်း၏ အနှစ်သာရက အဆုံးအဖြတ်ပေးသည့်အပြင် ယင်းက သူသည် အတုမရှိ ဘုရားသခင်ကိုယ်တိုင် ဖြစ်သည်ကို လူသားအား မြင်တွေ့ခွင့်ပြုပြီး သက်သေပြစေသည်။ ဤသည်မှာ အဓိကအချက် ဖြစ်သည် မဟုတ်သလော။ (ဟုတ်ပါသည်။)

ယနေ့ ငါတို့သည် ယခင်မိတ်သဟာယပြုချက်များမှ အကြောင်းအရာအချို့တို့၏ ခြုံငုံသုံးသပ်ချက်တစ်ခုကို ပြုလုပ်ပြီးပြီ ဖြစ်သည်။ ဤအရာက ယနေ့သုံးသပ်ချက်ကို အဆုံးသတ်သည်။ သင်တို့အားလုံးသည် အချက်အလက်နှင့် အကြောင်းအရာ တစ်ခုစီ၏ အဓိကအချက်များကို စွဲစွဲမြဲမြဲ မှတ်သားကြမည်ဟု ငါမျှော်လင့်သည်။ ၎င်းတို့ကို အယူဝါဒသက်သက်အဖြစ် မယူဆကြနှင့်၊ သင် အချိန်ပိုအနည်းငယ် ရသောအခါ ၎င်းတို့ကို အမှန်တကယ်ဖတ်ပြီး တွေးတောဆင်ခြင်လော့။ ၎င်းတို့ကို သင်တို့ စိတ်နှလုံးထဲတွင် အောက်မေ့ပြီး လက်တွေ့အရှိတရားထဲသို့ ယူဆောင်လော့၊ သို့ပြုလျှင် သင်သည် ဘုရားသခင်၏ စိတ်သဘောထားအား ထုတ်ဖော်ပြခြင်းနှင့် သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းအား ထုတ်ဖော်ပြခြင်းနှင့် ပတ်သက်သည့် လက်တွေ့အရှိတရားအကြောင်း ငါပြောခဲ့သမျှ အားလုံးကို သင် အမှန်တကယ် နားလည်လာလိမ့်မည်။ သို့သော်လည်း ၎င်းတို့ကို သင်၏ မှတ်စုစာအုပ်ထဲ၌သာ ချရေးထားပြီး၊ ၎င်းတို့ကို မဖတ်လျှင် သို့မဟုတ် ပြန်၍ မဆင်ခြင်လျှင် ၎င်းတို့ကို သင်ကိုယ်နှိုက်အတွက် ဘယ်သောအခါမှ ရရှိလိမ့်မည်မဟုတ်ပါ။ ယခု သင်နားလည်ပြီ မဟုတ်လော။ ဤအကြောင်းအရာ သုံးခုကို မိတ်သဟာယပြုပြီးသည့်နောက်တွင် လူတို့သည် ဘုရားသခင်၏ အဆင့်အတန်း၊ အနှစ်သာရနှင့် စိတ်သဘောထားတို့အား ယေဘုယျ သို့မဟုတ် အတိအကျ နားလည်ခြင်းကို ရရှိပြီးသည့်အခါ ဘုရားသခင်အပေါ် လူတို့၏ နားလည်ခြင်းမှာ စုံလင်လိမ့်မည်လော။ (စုံလင်မည်မဟုတ်ပါ။) ယခု ဘုရားသခင်အပေါ် သင်တို့ကိုယ်တိုင်၏ နားလည်ခြင်းထဲတွင် ပိုမိုနက်ရှိုင်းသော နားလည်ခြင်း လိုအပ်သည်ဟု သင်ခံစားရသော အခြားမည်သည့်နယ်ပယ်များ ရှိသလော။ ဆိုလိုသည်မှာ ဘုရားသခင်၏ အခွင့်အာဏာ၊ သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားနှင့် သူ၏ သန့်ရှင်းခြင်းအား သင် ယခု နားလည်ထားပြီးဖြစ်ရာ၊ သူ၏ အတုမရှိသည့် အဆင့်အတန်းနှင့် အနေအထားမှာ သင်၏စိတ်ထဲတွင် အခြေကျပြီး ဖြစ်ကောင်း ဖြစ်လိမ့်မည်၊ သို့သော်လည်း သင့်အနေဖြင့် သူ၏ လုပ်ဆောင်ချက်များ၊ သူ၏တန်ခိုးနှင့် သူ၏အနှစ်သာရတို့၏ အသိပညာကို သင်ကိုယ်တိုင်၏ အတွေ့အကြုံအားဖြင့် မြင်တွေ့၊ နားလည်ပြီး နက်ရှိုင်းလာရန် တည်ရှိနေဆဲပင်ဖြစ်သည်။ ယခု သင်တို့သည် ဤမိတ်သဟာယပြုချက်များအား နားထောင်ပြီးဖြစ်ရာ၊ သင်တို့၏ စိတ်နှလုံးထဲတွင် အနည်းနှင့်အများ စွဲမြဲသော ယုံကြည်ချက် အခြေခိုင်ပြီဖြစ်သည်- ဘုရားသခင်သည် အမှန်တကယ် တည်ရှိပြီးလျှင်၊ သူက အရာခပ်သိမ်းကို စီမံခန့်ခွဲသည်မှာ အဖြစ်မှန် တစ်ခုဖြစ်သည်။ သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို မည်သူကမှ စော်ကားမည်မဟုတ်ပါ။ သူ၏ သန့်ရှင်းခြင်းမှာ မည်သူကမှ မေးခွန်းထုတ်မည် မဟုတ်သည့် သေချာမှုတစ်ခု ဖြစ်သည်။ ဤသည်တို့မှာ အဖြစ်မှန်များဖြစ်သည်။ ဤမိတ်သဟာယ ပြုချက်များက ဘုရားသခင်၏ အဆင့်အတန်းနှင့် အနေအထားကို လူသား၏ စိတ်နှလုံးထဲတွင် အခြေခံအုတ်မြစ်ရှိရန် အခွင့်ပေးသည်။ ဤအခြေခံအုတ်မြစ် မြဲမြံပြီးသောအခါ လူတို့သည် ပို၍နားလည်ရန် ကြိုးစားကြရမည်။

ပုံဝတ္ထု ၁- မျိုးစေ့တစ်စေ့၊ ကမ္ဘာမြေကြီး၊ သစ်ပင်တစ်ပင်၊ နေအလင်းရောင်၊ ငှက်များနှင့် လူသား

ယနေ့ သင်တို့အား အကြောင်းအရာသစ် တစ်ခုအကြောင်း ငါမိတ်သဟာယပြုပေးမည်။ ဤအကြောင်းအရာမှာ အဘယ်နည်း။ ယင်း၏ ခေါင်းစဉ်မှာ- “ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏” ဟူ၍ဖြစ်သည်။ ဤအကြောင်းအရာမှာ အနည်းငယ် ကြီးမားလွန်းသည်ဟု မထင်ရသလော။ ယင်းကို သင် အနည်းငယ် လက်လှမ်းမမီပါဟု ခံစားရသလော။ “ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏”— ဤအကြောင်းအရာက လူတို့ကို အတော်လေး အလှမ်းဝေးသည်ဟု သဘောရစေနိုင်သော်လည်း၊ ၎င်းကို ဘုရားသခင်နောက်လိုက်သောသူ အားလုံးက နားလည် ထားရမည်၊ အဘယ်ကြောင့်ဆိုသော် ယင်းသည် ဘုရားသခင်အပေါ် လူတစ်ဦးစီ၏ အသိပညာနှင့် သူ့ကို ကျေနပ်မှုပေးပြီး၊ ကြောက်ရွံ့နိုင်စွမ်းနှင့် ခွဲမရအောင် ဆက်စပ်နေသည့်အတွက် ဖြစ်သည်။ ထို့ကြောင့်ပင် ဤအကြောင်းအရာကို ငါ မိတ်သဟာယ ပြုရမည် ဖြစ်သည်။ လူတို့က ဤအကြောင်းအရာအပေါ် ရိုးရှင်းသော ကြိုတင်နားလည်ခြင်း ရှိကြသည် သို့မဟုတ် သူတို့က ယင်းကို အဆင့်အနည်းငယ်အားဖြင့် သတိထားကောင်း သတိထားကြသည်မှာ အတော်ပင်ဖြစ်နိုင်သည်။ လူတစ်ချို့၏ စိတ်ထဲတွင် ဤအသိပညာ သို့မဟုတ် အမြင်ပွင့်ခြင်းမှာ ရိုးရှင်းသည့် သို့မဟုတ် အပေါ်ယံ အတိုင်းအတာဖြင့် နားလည်ခြင်းနှင့်အတူ ပါရှိကောင်း ပါရှိနိုင်သည်။ အခြားသူများကမူ ဤအကြောင်းနှင့် ပတ်သက်ပြီး သူတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့ကို လေးနက်သော၊ တစ်ကိုယ်ရေ တွေ့ကြုံမှုဆီသို့ ခေါ်ဆောင်ပေးသည့် ထူးခြားသော အတွေ့အကြုံများ ရှိထားပြီး ဖြစ်ကောင်းဖြစ်မည်။ သို့သော်လည်း ဤယခင် အသိပညာသည် နက်ရှိုင်းသည်ဖြစ်စေ၊ အပေါ်ယံဖြစ်စေ တစ်ဖက်သတ်ဆန်ပြီး လုံလောက်တိကျခြင်း မရှိပါပေ။ ထို့ကြောင့် ဤသည်မှာ သင့်တို့ကို ပိုမိုနက်ရှိုင်းပြီး ပိုမိုတိကျသော နားလည်ခြင်းသို့ ရောက်ရှိစေရန် မိတ်သဟာယပြုခြင်းအတွက် ဤအကြောင်းအရာကို ငါ ရွေးချယ်ထားရခြင်း ဖြစ်သည်။ ဤအကြောင်းအရာနှင့် ပတ်သက်၍ သင်တို့ကို မိတ်သဟာယ ပြုပေးရန်အလို့ငှာ သင်တို့အတွက် အနည်းငယ် တစ်မူထူးခြားနေမည့် သို့မဟုတ် အနည်းငယ် စိတ်မသက်မသာ ဖြစ်စေမည့် ငါတို့ ယခင်က အသုံးမပြုဖူးသော အထူးနည်းလမ်းတစ်ခုကို ငါအသုံးပြုမည်။ သင်တို့သည် နောင်တွင် ငါမည့်သည့်အရာကို ဆိုလိုကြောင်း နားလည်ပါလိမ့်မည်။ သင်တို့သည် ပုံဝတ္ထုများကို နှစ်သက် ကြသလော။ (နှစ်သက်ပါသည်။) ကောင်းပြီ၊ ပုံဝတ္ထုပြောရန်အတွက် ငါ၏ရွေးချယ်မှုက ယင်းတို့ကို သင်တို့အားလုံး နှစ်သက်ကြသဖြင့် ကောင်းဟန်တူလေသည်။ ယခု စလိုက်ကြပါစို့။ သင်တို့အနေဖြင့် မှတ်စုများထဲ ချရေးစရာ မလိုအပ်ပါ။ သင်တို့ စိတ်ငြိမ်ငြိမ်ထားပြီး ဂနာမငြိမ် မဖြစ်ရန်အတွက် ငါတောင်းဆိုသည်။ သင်၏ ပတ်ဝန်းကျင်များ သို့မဟုတ် သင့်အနီးအနားက လူများကြောင့် အာရုံထွေပြားမည်ဟု သင်ခံစားရလျှင် သင့်မျက်လုံးများကို မှိတ်ထားနိုင်သည်။ သင်တို့ကို ပြောပြရန် ငါ၌ အလွန် စိတ်ဝင်စားဖွယ်ကောင်းသော ပုံဝတ္ထုတစ်ခု ရှိသည်။ ဤသည်မှာ မျိုးစေ့တစ်စေ့၊ ကမ္ဘာကြီး၊ သစ်ပင်တစ်ပင်၊ နေအလင်းရောင်၊ ငှက်များနှင့် လူသားအကြောင်း ပုံဝတ္ထုတစ်ခု ဖြစ်သည်။ ယင်း၏ အဓိက ဇာတ်ကောင်များမှာ မည်သူတို့နည်း။ (မျိုးစေ့တစ်စေ့၊ ကမ္ဘာကြီး၊ သစ်ပင်တစ်ပင်၊ နေအလင်းရောင်၊ ငှက်များနှင့် လူသားဖြစ်သည်။) ၎င်းထဲတွင် ဘုရားသခင် ပါသလော။ (မပါပါ။) သို့သော်လည်း ဤပုံဝတ္ထုကို သင်တို့ကြားပြီးသည်နှင့် သင်တို့ လန်းဆန်းပြီး ကျေနပ်သွားမည်ကို ငါကျိန်းသေသည်။ ယခု၊ တစ်ဆိတ်လောက် ငြိမ်သက်စွာ နားထောင်လော့။

ကမ္ဘာမြေကြီးပေါ်သို့ မျိုးစေ့လေးတစ်စေ့ ကျလာခဲ့သည်။ မိုးသည်းကြီးမည်းကြီး ရွာချလိုက်ပြီးသည့်နောက် အစေ့လေးမှ အညှောက်နုလေး ပေါက်လာပြီး ၎င်း၏ အမြစ်လေးများလည်း မြေကြီးအောက်ထဲသို့ တဖြည်းဖြည်း တိုးဝင်သွားကြသည်။ အညှောက်လေးမှာ လဆန်းမှလဆုတ်၊ လဆုတ်မှလဆန်း ရာသီ အပြောင်းအလဲကို ကြုံတွေ့လျက် မိုးသက်လေပြင်းဒဏ်ကို ကြံ့ကြံ့ခံပြီး အချိန်နှင့်အမျှ ကြီးထွားလာသည်။ နွေရာသီတွင် အညှောက်လေးသည် ရာသီဥတု၏ ချစ်ချစ်တောက်အပူဒဏ်ကို ခံနိုင်ရည်ရှိစေဖို့အတွက် ကမ္ဘာမြေကြီးက ရေလက်ဆောင်များကို သယ်ဆောင်လာပေးသည်။ ထို့ပြင် ကမ္ဘာမြေကြီးကြောင့် အညှောက်လေးသည် အပူဒဏ်ကို မခံစားရသဖြင့် နွေရာသီ၏ အပြင်းထန်ဆုံး အပူဒဏ်မှာ လွန်မြောက်သွားခဲ့သည်။ ဆောင်းရာသီရောက်သော် ကမ္ဘာမြေကြီးက သူ၏နွေးထွေးသည့် ရင်ခွင်ထဲတွင် အညှောက်လေးကို ထွေးပွေ့ထားပြီး၊ ကမ္ဘာမြေနှင့် အညှောက်လေးက တစ်ဦးနှင့်တစ်ဦး တင်းတင်းကြပ်ကြပ် ဖက်တွယ် ထားခဲ့ကြသည်။ ကမ္ဘာမြေကြီးက အညှောက်လေးကို အနွေးဓာတ် ပေးသောကြောင့်၊ အညှောက်လေးသည် အေးစိမ့်မှုန်ဝေသော လေပြင်းများနှင့် နှင်းမုန်တိုင်းများ၏ ထိခိုက်ခြင်းကို မခံရဘဲ၊ ရာသီဥတု၏ ကြမ်းတမ်းသည့် အအေးဒဏ်မှ ရှင်သန်ခဲ့ရသည်။ ကမ္ဘာမြေကြီး၏ စောင့်ရှောက်မှုကြောင့် အညှောက်လေးသည် ဝင့်ဝင့်ကြွားကြွားနှင့် ပျော်ပျော်ရွှင်ရွှင် ကြီးထွားလာခဲ့သည်။ အညှောက်လေးသည် ကမ္ဘာမြေကြီး၏ ကိုယ်ကျိုးမဖက် ပြုစုစောင့်ရှောက်မှုကြောင့် သန်စွမ်းကြံ့ခိုင်လျက် ဖွံ့ဖြိုးလာရသည်။ ယင်းမှာ ပျော်ရွှင်စွာဖြင့် မိုးရေစက်များကြားတွင် တေးဆိုပြီး၊ လေအဝှေ့တွင် ယိမ်းနွဲ့ကခုန်ကာ ကြီးပြင်းလာခဲ့သည်။ အညှောက်လေးနှင့် ကမ္ဘာမြေကြီးတို့မှာ တစ်ဦးအပေါ်တစ်ဦး မှီခိုနေကြရသည်...

နှစ်များ ကုန်လွန်ပြီးနောက် အညှောက်လေးမှာ မြင့်သွန်းသော သစ်ပင်ကြီးအဖြစ် ကြီးထွားလာခဲ့သည်။ ယင်းမှာ ရေတွက် မကုန်သည့် သစ်ရွက်ပေါင်းများစွာနှင့် အုံ့ဆိုင်းနေပြီး တုတ်ခိုင်သော အကိုင်းအခက်များနှင့်အတူ ကမ္ဘာမြေကြီးပေါ်တွင် ကျန်းမာကြံ့ခိုင်စွာ ရပ်တည်လာခဲ့ပြီ။ သစ်ပင်၏ အမြစ်များမှာ ယခင်ကကဲ့သို့ မြေကြီးထဲသို့ စိုက်ဝင်နေဆဲဖြစ်ခဲ့ပြီး ယခုတွင် မြေကြီးအောက်ထဲသို့ နက်ရှိုင်းစွာ တိုးဝင်ခဲ့ချေပြီ။ တစ်ချိန်က အစို့အညှောက်လေးကို အကာအကွယ်ပေးခဲ့သည့် မြေကြီးမှာ ယခုတွင် ဧရာမ သစ်ပင်ကြီး အတွက် အခြေခံအုတ်မြစ်ဖြစ်နေခဲ့ပြီ။

သစ်ပင်ပေါ်သို့ နေအလင်းတန်း ဖြာကျခဲ့သည်။ သစ်ပင်က ယင်း၏ကိုယ်ထည်ကို ယိမ်းထိုးကာ သူ၏ လက်တံများကို ကားထွက်လာအောင် ဆန့်ထုတ်ထားပြီး နေအလင်းရောင်ထဲက လေထုကို တစ်ဝကြီး ရှူရှိုက်သည်။ မြေပြင်အောက်တွင်မူ သစ်ပင်နှင့်အတူ အချိန်ကိုက် အသက်ရှူသဖြင့် မြေကြီးက လန်းဆန်းမှုကို ခံစားရသည်။ ၎င်းအခိုက်တွင် အကိုင်းအခက်များ ကြားမှ လတ်ဆတ်သည့် လေနုအေးလေး တိုက်ခတ်သွားပြီး၊ သစ်ပင်မှာ ခွန်အားနှင့် တသိမ့်သိမ့်လှိုင်းထကာ ပျော်ရွှင်မြူးတူးမှုဖြင့် လှုပ်ခတ်လာသည်။ သစ်ပင်နှင့် နေအလင်းရောင်သည်လည်း တစ်ဦးအပေါ်တစ်ဦး မှီခိုနေကြရသည်...

လူတို့သည် သစ်ပင်၏ အေးမြသည့် အရိပ်အောက်တွင် ထိုင်ကြပြီး လန်းဆန်းအေးမြပြီး မွှေးကြိုင်သည့် လေညင်းကို ခံယူကြသည်။ လေက သူတို့၏ နှလုံးနှင့် အဆုတ်တို့ကို သန့်ရှင်းစေပြီး သူတို့ထဲက သွေးကိုလည်း သန့်စင်ပေးသည်ဖြစ်၍ သူတို့၏ ကိုယ်ခန္ဓာများမှာ ထိုင်းမှိုင်းမှု သို့မဟုတ် ဖိစီးမှု မခံစား ကြတော့ချေ။ လူတို့နှင့် သစ်ပင်သည် တစ်ဦးကိုတစ်ဦး မှီခို နေကြရသည်...

ကျည်ကျည်ကျာကျာ မြည်သံပြုသော ငှက်လေးတစ်အုပ်က သစ်ပင်၏ အကိုင်းအခက်များအပေါ် ခိုနားကြသည်။ သူတို့သည် သားရဲတစ်ကောင်ကောင်ကို ရှောင်ပြေးဖို့၊ သို့မဟုတ် မျိုးပွား သားပေါက်ဖို့နှင့် သူတို့၏ အကောင်ပေါက်များကို ပြုစုပျိုးထောင်ဖို့ ထိုနေရာတွင် ဆင်းသက်ခြင်း ဖြစ်ကောင်းဖြစ်မည်၊ သို့မဟုတ် ခဏတဖြုတ် လာနားခိုခြင်းလည်း ဖြစ်ကောင်းဖြစ်မည်။ ငှက်လေးများနှင့် သစ်ပင်သည် တစ်ဦးကိုတစ်ဦး မှီခို နေကြရသည်...

လိမ်ကျစ်ရှုပ်ထွေးနေသည့် သစ်ပင်၏ အမြစ်များမှာ မြေကြီးထဲတွင် နက်ရှိုင်းစွာ စိုက်ဝင်သည်။ သစ်ပင်သည် သူ၏ပင်စည်ဖြင့် မြေကြီးကို လေဒဏ်မိုးဒဏ်မှ ကာကွယ်ပေးပြီး၊ သူ့ခြေဖဝါးအောက်က မြေကြီးကိုကာကွယ်ရန် သူ၏ အကိုင်းအခက်များကို ဖြန့်ကျက်ပေးထားသည်။ သစ်ပင်က ထိုသို့ပြုရသည်မှာ မြေကြီးသည် သူ၏မိခင် ဖြစ်သောကြောင့် ဖြစ်သည်။ သူတို့သည် တစ်ဦးကိုတစ်ဦး ခွန်အားပေးလျက် အမှီသဟဲပြုကြသည့်အပြင် သူတို့သည် ဘယ်သောအခါမျှ ခွဲခွာမည်မဟုတ်ပါ...

ထိုသို့ဖြင့် ဤပုံဝတ္ထု အဆုံးသတ်သည်။ ငါပြောပြလိုက်သည့် ပုံဝတ္ထုလေးက မျိုးစေ့တစ်စေ့၊ ကမ္ဘာမြေကြီး၊ သစ်ပင်တစ်ပင်၊ နေအလင်းရောင်၊ ငှက်များနှင့် လူသားအကြောင်း ဖြစ်သည်။ ပုံဝတ္ထုလေးတွင် ပြကွက်အနည်းငယ်သာ ပါသည်။ ပုံဝတ္ထုလေးက သင်တို့ကို မည်သည့်ခံစားချက်များ ချန်ရစ်ပေးသနည်း။ ငါဤနည်းအတိုင်း စကားပြောသည့်အခါ ငါပြောနေသည့်အရာကို သင်တို့ နားလည်ကြသလော။ (ကျွန်ုပ်တို့ နားလည်ပါသည်။) ကျေးဇူးပြု၍ သင်တို့၏ ခံစားချက်များကို ပြောပြလော့။ ဤပုံဝတ္ထုကို နားထောင်ပြီးနောက် သင်တို့ မည်သည့်အရာ ခံစားခဲ့ရသနည်း။ ပုံဝတ္တုထဲ၌ရှိသော ဇာတ်ကောင်အားလုံးကို မြင်နိုင် ထိတွေ့နိုင်ကြောင်း သင်တို့ကို ငါ ဦးစွာပြောပြထားမည်။ ၎င်းတို့သည် တကယ်ရှိသောအရာများ ဖြစ်ပြီး၊ တင်စားချက်များ မဟုတ်ပါ။ ငါပြောခဲ့သည့်အရာအား သင်တို့ကို ငါ စဉ်းစားသုံးသပ်စေချင်သည်။ ငါ၏ ပုံဝတ္ထုထဲတွင် ပညာရပ်ဆန်သောအရာ ဘာမျှမရှိသည့်အပြင် ယင်း၏ အဓိကအချက်များကို စာကြောင်းအနည်းငယ်ဖြင့် ဖော်ပြနိုင်လေသည်။ (ကျွန်ုပ်တို့ ကြားခဲ့ရသည့် ပုံဝတ္ထုက လှပသည့် ပန်းချီကားတစ်ချပ်ကို ရေးခြယ်လေသည်။ မျိုးစေ့တစ်စေ့ အသက်ရှင်လာပြီး ကြီးထွားလာသည့်နှင့်အမျှ ယင်းက နွေဦးပေါက်၊ နွေရာသီ၊ ဆောင်းဦးပေါက်၊ ဆောင်းရာသီဟူသော နှစ်တစ်နှစ်၏ ဥတုလေးပါးကို တွေ့ကြုံခံစားရသည်။ ကမ္ဘာမြေကြီးက အစို့အညှောက်ပေါက်သော အစေ့လေးကို မိခင်တစ်ဦးကဲ့သို့ ပြုစုစောင့်ရှောက်မှုပေးသည်။ ယင်းက အအေးဒဏ်ကို ကျော်လွှားနိုင်ရန်အတွက် ဆောင်းတွင်း၌ အစို့အညှောက်လေးကို အနွေးဓာတ်ပေးသည်။ အညှောက်လေးက သစ်ပင်ကြီးအဖြစ်သို့ ကြီးထွားလာပြီးနောက်တွင် နေရောင်ခြည်လေးက ၎င်း၏ အကိုင်းအခက်များကို ထိတွေ့ပြီး၊ အပင်ကို ပျော်ရွှင်မှုများစွာ ဆောင်ကြဉ်းပေးပြန်သည်။ ဘုရားသခင်၏ ဖန်ဆင်းခြင်း အမြောက်အမြားထဲတွင် မြေကြီးသည်လည်း အသက်ရှိပြီးလျှင် ၎င်းနှင့် သစ်ပင်တို့သည် တစ်ခုနှင့်တစ်ခု အမှီသဟဲပြုကြသည်ကို ကျွန်ုပ်တွေ့မြင်သည်။ သစ်ပင်ကို နေရောင်ခြည်က ပေးစွမ်းသည့် ကြီးစွာသော အနွေးဓာတ်ကိုလည်း ကျွန်ုပ်တွေ့မြင်သည်၊ ထို့ပြင် တွေ့မြင်နေကျဖြစ်စေကာမူ ငှက်ကလေးများသည် ပြည့်စုံသော သဟဇာတကျသည့် ရှုခင်းတစ်ခုအဖြစ် သစ်ပင်နှင့် လူသားများနှင့် အတူတကွ ပုံဖော်ကြသည်ကိုလည်း ကျွန်ုပ်တွေ့ရပါသည်။ ဤသည်တို့မှာ ဤပုံဝတ္ထုကို ကျွန်ုပ်ကြားရသည့် အချိန်တွင် ကျွန်ုပ်ရင်ထဲ၌ ခံစားရသည့် ခံစားချက်များ ဖြစ်ပါသည်။ ဤအရာများအားလုံးမှာ အမှန်တကယ် အသက်ဝင်သည်ကို ကျွန်ုပ်သဘောပေါက်မိပါသည်။) မှန်လေစွ။ တစ်ယောက်ယောက်က ထပ်ဖြည့်စရာ တစ်ခုခုရှိသလော။ (မျိုးစေ့လေးက အညှောက်ပေါက်ပြီး မြင့်သွန်းသော သစ်ပင်အဖြစ် ကြီးထွားလာသည့် ဤပုံဝတ္ထုထဲတွင်၊ ဘုရားသခင့် ဖန်ဆင်းခြင်း၏ အံ့သြဖွယ်ရာကို ကျွန်ုပ်တွေ့ရသည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို တစ်ခုနှင့်တစ်ခု ကူညီအားဖြည့်ပြီး အမှီသဟဲဖြစ်စေရန် ပြုလုပ်ခဲ့ကြောင်းနှင့် အရာခပ်သိမ်းသည် တစ်ခုနှင့်တစ်ခု အပြန်အလှန် ချိတ်ဆက်မှုရှိပြီး အလုပ်အကျွေးပြုကြကြောင်း ကျွန်ုပ်တွေ့ရသည်။ ကျွန်ုပ်သည် ဘုရားသခင်၏ ဉာဏ်ပညာ၊ သူ၏အံ့သြဖွယ်ရာကို တွေ့ရပြီး၊ သူသည် အရာခပ်သိမ်း၏ အသက်အရင်းအမြစ်ဖြစ်သည်ကို တွေ့ရပါသည်။)

ငါပြောခဲ့သမျှ အကြောင်းအရာတိုင်းမှာ သင်တို့ ယခင်က မြင်တွေ့ဖူးသော အရာပင်ဖြစ်သည်။ ဥပမာ မျိုးစေ့များ၊ သူတို့သည် သစ်ပင်များအဖြစ် ကြီးထွားလာပြီး၊ သင့်အနေဖြင့် ဖြစ်စဉ်၏ အသေးစိတ်ဟူသမျှကို မြင်တွေ့နိုင်မည် မဟုတ်သော်လည်း ထိုသို့ဖြစ်ပျက်သည်ကို သင်သိရသည်မဟုတ်လော။ ကမ္ဘာမြေကြီးနှင့် နေရောင်ခြည်အကြောင်းကိုလည်း သင်သိရသည်။ သစ်ပင်ပေါ်တွင် နားနေသည့် ပုံရိပ်မှာ လူတိုင်းမြင်ဖူးကြသည့်အရာ ဖြစ်သည် မဟုတ်လော။ ထို့ပြင် သစ်ပင်ရိပ်တွင် မိမိဖာသာ အမောဖြေကြသည့် လူတို့၏ပုံရိပ်မှာ သင်တို့အားလုံး မြင်ဖူးကြသည့်အရာ မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် ဤအရာများအားလုံးက ပုံရိပ် တစ်ခုတည်းတွင် ရှိသည့်အခါတွင် ထိုပုံရိပ်က မည်သည့်ခံစားချက်ကို ဖြစ်ပေါ်စေသနည်း။ (သဟဇာတကျခြင်း ခံစားမှုပါ။) ထိုကဲ့သို့သော ပုံရိပ်တွင်ရှိသည့် အရာများတစ်ခုစီတိုင်းက ဘုရားသခင်ထံမှ လာသလော။ (ဟုတ်ပါသည်။) သူတို့သည် ဘုရားသခင်ထံမှ လာကြသည်ဖြစ်၍ ဤကွဲပြားခြားနားသော အရာများအားလုံး၏ ကမ္ဘာမြေပေါ် တည်ရှိနေခြင်း တန်ဖိုးနှင့် အရေးပါမှုကို ဘုရားသခင်သိပါသည်။ ဘုရားသခင်က အရာခပ်သိမ်းကို ဖန်ဆင်းသည့်အခါ၌၊ အရာတစ်ခုချင်းစီကို စီစဉ်ပြီး ဖန်ဆင်းသည့်အခါ၌ ရည်ရွယ်ချက်ဖြင့် သူဖန်ဆင်းခဲ့ခြင်းဖြစ်ပြီး ထိုအရာများကို သူဖန်ဆင်းခဲ့သည့် အချိန်တွင် တစ်ခုချင်းစီကို အသက်နှင့် ပြည့်ဝစေခဲ့သည်။ ငါတို့၏ ပုံဝတ္ထုထဲတွင် ဖော်ပြခဲ့သည့် အတိုင်းပင်၊ လူသားမျိုးနွယ်၏ တည်ရှိမှုအတွက် သူဖန်ဆင်းခဲ့သည့် ပတ်ဝန်းကျင်မှာ မျိုးစေ့များနှင့် ကမ္ဘာမြေကြီးတို့ အပြန်အလှန် မှီခိုကြသည့်၊ ကမ္ဘာကြီးက မျိုးစေ့များကို အာဟာရဖြစ်စေနိုင်ပြီး မျိုးစေ့လေးများက မြေကြီးကို တွယ်ကပ် ချည်နှောင်ထားသည့် ပတ်ဝန်းကျင်ဖြစ်သည်။ သူ့ဖန်ဆင်းခြင်း၏ တကယ့်ကနဦးကပင် ဤဆက်နွှယ်မှုကို ဘုရားသခင်က စီမံထားသည်။ သစ်ပင်တစ်ပင်၊ နေရောင်ခြည်၊ ငှက်များနှင့် လူသားများ၏ ပြကွက်မှာ လူသားမျိုးနွယ်အတွက် ဘုရားသခင် ဖန်ဆင်းခဲ့သည့် သက်ရှိ ပတ်ဝန်းကျင်၏ သရုပ်ပြချက် တစ်ခုဖြစ်သည်။ ပထမဦးစွာ၊ သစ်ပင်က ကမ္ဘာမြေကြီးကို မပစ်ပယ်နိုင်သည့်အပြင် ယင်းမှာ နေရောင်ခြည်မရှိဘဲလည်း မဖြစ်နိုင်ပါ။ ထို့ကြောင့် သစ်ပင်ကို ဖန်ဆင်းရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်က မည်သည့်အရာ ဖြစ်ခဲ့သနည်း။ ကမ္ဘာမြေကြီး အတွက်သာလျှင် ရည်ရွယ်ထားသည်ဟု ငါတို့ပြောနိုင်သလော။ ယင်းကို ငှက်များအတွက်သာ ရည်ရွယ်သည်ဟု ငါတို့ ပြောနိုင်သလော။ ယင်းက လူသားများ အတွက်သာ ဖြစ်သည်ဟု ငါတို့ ပြောနိုင်သလော။ (မပြောနိုင်ပါ။) သူတို့ကြားက ဆက်နွှယ်မှုက အဘယ်နည်း။ သူတို့ကြားက ဆက်နွှယ်မှုဆိုသည်မှာ အပြန်အလှန် ခွန်အားဖြည့်ပေးခြင်း၊ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီဖြစ်ခြင်းနှင့် ခွဲမရခြင်း ဆက်နွှယ်မှုမျိုး ဖြစ်သည်။ တစ်နည်းအားဖြင့် ကမ္ဘာမြေကြီး၊ သစ်ပင်၊ နေရောင်ခြည်၊ ငှက်များနှင့် လူတို့သည် ဖြစ်တည်မှုအတွက် တစ်ဦးပေါ်တစ်ဦး အမှီပြုကြရပြီး၊ တစ်ဦးကိုတစ်ဦး ပြုစုပျိုးထောင် ကြရသည်။ သစ်ပင်က ကမ္ဘာမြေကြီးကို ကာကွယ်ပေးပြီး ကမ္ဘာမြေကြီးက သစ်ပင်ကို ပြုစုပျိုးထောင်ပေးသည်။ နေရောင်ခြည်က သစ်ပင်ကို ထောက်ပံ့ကူညီသည်၊ ထိုစဉ် သစ်ပင်က နေရောင်ခြည်မှ လတ်ဆတ်သည့်လေကို ရယူပြီး ကမ္ဘာမြေကြီး အပေါ်၌ နေ၏ ချစ်ချစ်တောက်အပူကို လျော့ပါးစေသည်။ အဆုံးတွင် ဤအရာမှ မည်သူက အကျိုးခံစားရသနည်း။ ယင်းမှာ လူသားမျိုးနွယ်ဖြစ်သည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင် ဖန်ဆင်းပေးခဲ့သည့် လူသားမျိုးနွယ်နေထိုင်သော ပတ်ဝန်းကျင်ကို အခြေခံသည့် နိယာမများထဲက တစ်ခုဖြစ်သည်။ ယင်းမှာ အစကတည်းက ဘုရားသခင် ရည်ရွယ်ထားခဲ့သည့် ပုံစံဖြစ်သည်။ ဤပုံရိပ်သည် ရိုးရှင်းသည့်ပုံရိပ်ပင် ဖြစ်သော်လည်း ထိုအထဲတွင် ဘုရားသခင်၏ ဉာဏ်ပညာနှင့် သူ၏ ကြံရွယ်ချက်ကို ငါတို့တွေ့နိုင်သည်။ လူသားမျိုးနွယ်သည် ငှက်ကျေးများနှင့် နေရောင်မဆိုထားနဲ့၊ ကမ္ဘာမြေကြီးမရှိဘဲ သို့မဟုတ် သစ်ပင်များမရှိဘဲနှင့် အသက်မရှင် နိုင်ပါ၊ ထိုသို့ ဖြစ်သည်မဟုတ်လော။ ဤသည်မှာ ပုံဝတ္ထုတစ်ခုသာ ဖြစ်သော်လည်း ယင်းက ပြသသည့်အရာမှာ ဘုရားသခင်၏ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းအား ဖန်ဆင်းခြင်း၏ ကိုယ်စားပြုပုံစံလေးဖြစ်ပြီး၊ လူသားမျိုးနွယ် အသက်ရှင် နေထိုင်နိုင်သည့် ပတ်ဝန်းကျင် တစ်ခုဟူသည့် သူ၏ ဆုလက်ဆောင်ပင်ဖြစ်သည်။

ဘုရားသခင်က ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို လည်းကောင်း၊ နေထိုင်ရန်အတွက် ပတ်ဝန်းကျင်ကိုလည်းကောင်း ဖန်ဆင်းပေးခဲ့သည်မှာ လူသားမျိုးနွယ်အတွက် ဖြစ်သည်။ ပထမဆုံးအနေနှင့် ငါတို့၏ ပုံဝတ္ထုက ပြောပြခဲ့သည့် အဓိကအချက်မှာ အရာခပ်သိမ်း၏ အပြန်အလှန် ခွန်အား ဖြည့်ပေးခြင်း၊ ကျွန်းကိုင်းမှီကိုင်းကျွန်းမှီဖြစ်ခြင်းနှင့် ယှဉ်တွဲ နေထိုင်ခြင်းတို့ပင် ဖြစ်သည်။ ဤနိယာမအောက်တွင် လူသားမျိုးနွယ်၏ တည်ရှိရာပတ်ဝန်းကျင်ကို ကာကွယ် ပေးထားသည်၊ ၎င်းသည် တည်ရှိပြီး ရပ်တည်နိုင်သည်။ ဤအကြောင်းကြောင့် လူသားမျိုးနွယ်က ရှင်သန်ပြီး မျိုးပွား နိုင်ကြသည်။ ငါတို့မြင်တွေ့ခဲ့သည့် ပုံရိပ်မှာ သစ်ပင်တစ်ပင်၊ ကမ္ဘာမြေကြီးနှင့်၊ နေရောင်၊ ငှက်များနှင့် လူသားတို့ကို အတူတကွ တွေ့ခဲ့ရသည့် အရာဖြစ်သည်။ ဤပုံရိပ်ထဲတွင် ဘုရားသခင် ပါခဲ့သလော။ သူ့ကို မည်သူမျှမမြင်ခဲ့ပေ။ သို့သော်လည်း ပြကွက်ထဲက အရာများကြားတွင် အပြန်အလှန် ခွန်အားဖြည့်ပေးခြင်းနှင့် ကျွန်းကိုင်းမှီကိုင်းကျွန်းမှီဖြစ်ခြင်းတို့၏ စည်းမျဉ်းကို လူက တွေ့မြင်ခဲ့ရသည်။ ဤစည်းမျဉ်းထဲတွင် လူသည် ဘုရားသခင်၏ တည်ရှိမှုနှင့် အချုပ်အခြာအာဏာကို တွေ့နိုင်သည်။ ဘုရားသခင်က အရာခပ်သိမ်း၏ ရှင်သန်မှုနှင့် တည်ရှိခြင်းကို ကာကွယ်စောင့်ရှောက်ဖို့ ဤသို့သော နိယာမနှင့် စည်းမျဉ်းမျိုးကို အသုံးပြုခြင်းဖြစ်သည်။ ဤနည်းအားဖြင့် သူသည် အရာခပ်သိမ်းနှင့် လူသားမျိုးနွယ်ကို ကူညီထောက်ပံ့ပေးသည်။ ဤပုံဝတ္ထုမှာ ငါတို့၏ အဓိကဆိုလိုရင်းနှင့် ဆက်စပ်မှုရှိသလော။ အပေါ်ယံကြည့်လျှင် ဆက်စပ်မှုမရှိဟန် တူသော်လည်း၊ အမှန်တကယ်တွင် ဘုရားသခင်က အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည့် စည်းမျဉ်းနှင့် အရာခပ်သိမ်းအပေါ် သူ၏ ထိန်းချုပ်နိုင်ခြင်းသည် သူ၏ အရာခပ်သိမ်းအတွက် အသက်၏ အရင်းအမြစ်ဖြစ်ခြင်းနှင့် အတွင်းကျကျ ဆက်စပ် နေသည်။ ဤအချက်တို့ကို ခွဲ၍မရနိုင်ပါ။ ယခု သင်တို့သည် တစ်စုံတစ်ရာကို လေ့လာမိနေပေပြီ။

ဘုရားသခင်သည် အရာခပ်သိမ်း၏ လည်ပတ်မှုကို အုပ်စိုးသည့် စည်းမျဉ်းများကို အမိန့်ပေးချုပ်ကိုင်သည်။ သူသည် အရာခပ်သိမ်း၏ ဆက်လက်ရှင်သန်နိုင်ရေးကို အုပ်ချုပ်သည့် စည်းမျဉ်းများကို ထိန်းချုပ်သည်။ သူသည် အရာခပ်သိမ်းကို သေကြေပျက်စီး မသွားအောင် သို့မဟုတ် ပျောက်ကွယ်မသွားအောင် ထိန်းချုပ် ထားပြီး၊ အချင်းချင်း အားလည်းဖြည့်ပြီး မှီလည်းမှီခိုစေသည်။ ထိုမှသာ လူသားမျိုးနွယ်သည် ဆက်လက်ရှင်သန်နိုင်မည်။ ထိုမှသာ သူတို့သည် ထိုသို့သော ပတ်ဝန်းကျင်မျိုးတွင် ဘုရားသခင်၏ လမ်းပြမှုအောက်၌ နေထိုင်နိုင်မည်။ ဘုရားသခင်သည် ဤလည်ပတ်မှုစည်းမျဉ်းများ၏ အရှင်သခင်ဖြစ်ပြီး၊ မည်သူတစ်ဦး တစ်ယောက်ကမျှ ၎င်းတို့ကို ကြားဝင်နှောင့်ယှက် မရနိုင်သကဲ့သို့၊ ပြောင်းလဲ၍မရနိုင်ပါ။ ဘုရားသခင် ကိုယ်တိုင်သာလျှင် ဤစည်းမျဉ်းများကို သိနားလည်ပြီး သူကိုယ်တိုင်ကသာ ၎င်းတို့ကို စီမံခန့်ခွဲသည်။ သစ်ပင်များ မည်သည့်အချိန် အညှောက်ပေါက်မည်၊ မိုး မည်သည့်အချိန်ရွာမည်၊ ကမ္ဘာမြေကြီးက အပင်များကို ရေနှင့် အာဟာရ မည်မျှပေးမည်၊ မည်သည့်ရာသီတွင် သစ်ရွက်များ ကြွေကျမည်၊ မည်သည့်ရာသီတွင် သစ်ပင်များ အသီးသီးမည်၊ နေရောင်ခြည်က သစ်ပင်ကို အာဟာရမည်မျှပေးမည်၊ နေရောင်ခြည်၏ ကျွေးမွေးခံလာရပြီးနောက် သစ်ပင်များက မည်သည့်အရာကို ရှူထုတ်ပေးမည်- ဤအရာများအားလုံးအား ဘုရားသခင်က အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည့်အချိန်တွင် မည်သူမျှ မချိုးဖောက်နိုင်သည့် စည်းမျဉ်းများအဖြစ် သူကြိုတင် ပြဌာန်း ထားခဲ့သည်။ အသက်ရှိသည်ဖြစ်စေ၊ သို့မဟုတ် လူ့အမြင်တွင် အသက်မဲ့သည်ဖြစ်စေ ဘုရားသခင်ဖန်ဆင်းခဲ့သည့် အရာများမှာ သူ့အနေဖြင့် သူတို့ကိုထိန်းချုပ်ပြီး သူတို့အပေါ် အုပ်စိုးသည့်နေရာဖြစ်သော သူ၏လက်ထဲတွင် တည်နေကြသည်။ ဤစည်းမျဉ်းများကို မည်သူကမျှ မပြောင်းလဲနိုင်သကဲ့သို့ မဖောက်ဖျက်နိုင်ပါ။ တစ်နည်းအားဖြင့် ဘုရားသခင်က အရာခပ်သိမ်းကို ဖန်ဆင်းသည့်အချိန်တွင် သစ်ပင်သည် ကမ္ဘာမြေကြီးမရှိဘဲ အမြစ်များနှင့် အညှောက်တို့ကို ချမှတ်၍ မရနိုင်သည့်အပြင် မကြီးထွားနိုင်မည့်အကြောင်း၊ ကမ္ဘာမြေကြီးသည် သစ်ပင်များ မရှိလျှင် ခြောက်သွေ့သွားမည့်အကြောင်း၊ သစ်ပင်သည် ကျေးငှက်တို့၏ နားခိုရာအိမ် ဖြစ်လာသင့်ပြီး လေဒဏ်မှ သူတို့ အကာအကွယ်ယူရမည့် နေရာဖြစ်လာမည့်အကြောင်း ကြိုတင် ပြဋ္ဌာန်းထားပြီး ဖြစ်ခဲ့သည်။ သစ်ပင်တစ်ပင်က ကမ္ဘာမြေကြီးမရှိဘဲ ရှင်သန်နိုင်သလော။ လုံးဝ မရှင်သန်နိုင်ပေ။ နေမရှိဘဲ၊ သို့မဟုတ် မိုးရွာခြင်းမရှိဘဲ ရှင်သန်နိုင်သလော။ ဤသို့ဖြင့်လည်း မရှင်သန်နိုင်ပေ။ ဤအရာများ အားလုံးမှာ လူသားမျိုးနွယ်အတွက်၊ လူသားမျိုးနွယ်၏ ဆက်လက် ရှင်သန်မှုအတွက် ဖြစ်သည်။ လူသည် သစ်ပင်မှ လတ်ဆတ်သည့် လေကို ရရှိပြီး လူသည် သစ်ပင်မှ ကာကွယ်ပေးထားသည့် ကမ္ဘာမြေကြီးပေါ်တွင် နေထိုင်ကြရသည်။ လူသားသည် နေရောင်ခြည် သို့မဟုတ် အမျိုးမျိုးသော သက်ရှိအရာများမရှိဘဲ အသက်မရှင်နိုင်ပါ။ ဤဆက်နွယ်မှုများမှာ ရှုပ်ထွေးသော်လည်း အရာခပ်သိမ်းတို့သည် အချင်းချင်း ခွန်အားဖြည့်ပေးနိုင်ရန်၊ အချင်းချင်း မှီခိုရန်နှင့် အတူတကွ တည်ရှိရန် အလို့ငှာ ဘုရားသခင်က ၎င်းတို့ကိုအုပ်စိုးသည့် စည်းမျဉ်းများအား ဖန်ဆင်းခဲ့သည်ကို သင် အမှတ်ရဖို့လိုသည်။ အခြားနည်းဖြင့် ဆိုရသော် သူဖန်ဆင်းခဲ့သည့် အရာတစ်ခုစီတိုင်းတွင် တန်ဖိုးနှင့် အရေးပါမှုတို့ ရှိကြသည်။ အကယ်၍ အရာတစ်ခုခုကို အရေးပါမှုမရှိဘဲ ဖန်ဆင်းခဲ့သည်ဆိုလျှင်၊ ဘုရားသခင်က ၎င်းကို ပျောက်ကွယ်စေမည် ဖြစ်သည်။ ဤသည်မှာ အရာခပ်သိမ်းကို ထောက်ပံ့ရန် ဘုရားသခင်အသုံးပြုသည့် နည်းလမ်းများထဲက တစ်ခုပင်ဖြစ်သည်။ ဤပုံဝတ္ထုထဲတွင် “ထောက်ပံ့သည်” ဆိုသည့် စကားလုံးက မည်သည့်အရာကို ရည်ညွှန်းသနည်း။ ဘုရားသခင်က နေ့တိုင်း သစ်ပင်ကို ရေလောင်းသလော။ သစ်ပင်က အသက်ရှူဖို့ ဘုရားသခင်၏ အကူအညီကို လိုအပ်သလော။ (မလိုအပ်ပါ။) ဤနေရာတွင် “ထောက်ပံ့သည်” ဆိုသည်မှာ အရာခပ်သိမ်းကို ဖန်ဆင်းပြီးသည့်နောက်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုကို ဆိုလိုသည်။ ၎င်းတို့ကို ထိန်းချုပ်သည့် စည်းမျဉ်းများကို တည်ထောင် ပေးပြီးနောက် ဘုရားသခင်အနေဖြင့် စီမံထိန်းကျောင်း ရသည်မှာ လုံလောက်သည်။ မျိုးစေ့ကို ကမ္ဘာမြေကြီးထဲတွင် စိုက်လိုက်သည့်အခါ သစ်ပင်သည် သူ့ဘာသာ ကြီးထွားလေသည်။ သစ်ပင်၏ ရှင်သန်မှုအတွက် အခြေအနေများ အားလုံးကို ဘုရားသခင်မှ ဖန်ဆင်းထားသည်။ နေရောင်၊ ရေ၊ မြေကြီး၊ လေနှင့် ပတ်ပတ်လည် သဘာဝဝန်းကျင်တို့ကို ဘုရားသခင် ပြုလုပ်ခဲ့သည်။ လေ၊ ဆီးနှင်း၊ နှင်း၊ မိုးနှင့် ဥတုလေးပါးတို့ကို ဘုရားသခင် ပြုလုပ်ခဲ့သည်။ ဤသည်တို့မှာ သစ်ပင်ကြီးထွားဖို့ လိုအပ်သည့် အခြေအနေများဖြစ်ပြီး၊ ဘုရားသခင်က ပြင်ဆင်ထားသော အရာများ ဖြစ်သည်။ သို့ဖြစ်လျှင် ဘုရားသခင်သည် ဤသက်ရှိပတ်ဝန်းကျင်၏ အရင်းအမြစ် ဟုတ်သလော။ (ဟုတ်ပါသည်။) ဘုရားသခင်သည် နေ့တိုင်း သစ်ပင်ထက်က သစ်ရွက် တစ်ရွက်ချင်းစီကို ရေတွက်နေစရာ လိုသလော။ မလိုအပ်ပါ။ ဘုရားသခင်အနေဖြင့် သစ်ပင်အသက်ရှူဖို့အတွက် ကူညီရန် သို့မဟုတ် “အခု သစ်ပင်အတွက် အလင်းရောင်ပေးဖို့ အချိန်ရောက်ပြီ” ဟုပြောပြီး နေရောင်ခြည်ကို နေ့တိုင်း နှိုးဖို့မလိုပါ။ သူထိုကဲ့သို့ လုပ်နေစရာမလိုပါ။ စည်းမျဉ်းများအတိုင်းပင် နေရောင်ခြည်က အလင်းရောင်ပေးဖို့ အချိန်တန်လျှင် သူ့သာသာသူ အလင်းရောင် ပေးသည်။ ၎င်းက ပေါ်ထွက်လာပြီး သစ်ပင်ကို အလင်းပေးကာ သစ်ပင်က လိုအပ်သည့်အချိန်တွင် နေရောင်ခြည်ကို စုပ်ယူပြီး၊ မလိုအပ်သည့်အချိန်၌လည်း သစ်ပင်က စည်းမျဉ်းများ အတွင်း ရှင်သန်ဆဲဖြစ်သည်။ သင်တို့သည် ဤဖြစ်ရပ်ကို ရှင်းလင်းစွာ ရှင်းပြနိုင်ကောင်း ရှင်းပြနိုင်မည်ဖြစ်စေကာမူ၊ ယင်းက လူတိုင်း တွေ့မြင်လက်ခံနိုင်သည့် အမှန်တရားပင် ဖြစ်သည်။ သင်လုပ်ဖို့ လိုအပ်သမျှမှာ အရာခပ်သိမ်း၏ တည်ရှိမှုကို ထိန်းချုပ်သည့် စည်းမျဉ်းများသည် ဘုရားသခင်ထံမှ လာကြောင်းကို အသိအမှတ် ပြုရန်နှင့် ဘုရားသခင်သည် အရာခပ်သိမ်း၏ ကြီးထွားမှုနှင့် ဆက်လက်ရှင်သန်ရေးအပေါ်၌ အချုပ်အခြာ အာဏာရှိကြောင်းကို သိနားလည်ရန်ပင်ဖြစ်သည်။

ဤပုံဝတ္ထုတွင် လူတို့က “ဥပစာစကား” ဟု ပြောကြသောအရာ ပါဝင်သလော။ ယင်းမှာ လူသားသဖွယ် ခိုင်းနှိုင်းတင်စားမှု တစ်ခုလေလော။ (မဟုတ်ပါ။) ငါသည် အဖြစ်မှန်တစ်ခုကို ပြောခဲ့ခြင်း ဖြစ်သည်။ အသက်ရှင်သည့်အရာ၊ အသက်ရှိသည့်အရာ အမျိုးအစားတိုင်းမှာ ဘုရားသခင်၏ အုပ်စိုးခြင်းကို ခံရသည်။ သက်ရှိအရာတစ်ခုစီတိုင်း ဖန်ဆင်းခံခဲ့ရသည့်အချိန်တွင် ဘုရားသခင်က အသက်နှင့် ပြည့်ဝစေခဲ့သည်။ သက်ရှိအရာတိုင်း၏ အသက်သည် ဘုရားသခင်ထံမှလာပြီး ထိုအသက်ကို စီမံညွှန်ကြားသည့် လမ်းစဉ်နှင့် ဥပဒေသများကို လိုက်နာရသည်။ ၎င်းကို လူက ပြောင်းလဲစရာ မလိုသကဲ့သို့ ၎င်းက လူသား၏ အကူအညီလည်း မလိုအပ်ပေ။ ၎င်းမှာ ဘုရားသခင်က အရာခပ်သိမ်းကို ကူညီထောက်ပံ့သည့် နည်းလမ်းများထဲက တစ်ခုဖြစ်သည်။ သင်တို့ နားလည်သည် မဟုတ်လော။ လူတို့အနေဖြင့် ဤအရာကို အသိအမှတ်ပြုဖို့ လိုအပ်သည်ဟု သင်တို့ထင်သလော။ (ထင်ပါသည်။) သို့ဆိုလျှင် ဤပုံဝတ္ထုသည် ဇီဝဗေဒနှင့် ဆက်စပ်မှု တစ်စုံတစ်ရာ ရှိသလော။ ၎င်းသည် အသိပညာ သို့မဟုတ် သင်ယူလေ့လာမှု ကဏ္ဍတစ်ခု၏ နယ်ပယ်နှင့် တစ်နည်းနည်းဖြင့် ဆက်စပ်နေသလော။ ငါတို့သည် ဇီဝဗေဒ အကြောင်း ဆွေးနွေးနေခြင်း မဟုတ်သည့်အပြင် ဇီဝဗေဒဆိုင်ရာ သုတေသန လုပ်နေခြင်းလည်း မဟုတ်ပါ။ ငါတို့ဆွေးနွေးချက်၏ အဓိကအကြောင်းအရာက မည်သည့်အရာနည်း။ (ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏။) သင်တို့သည် ဖန်ဆင်းခြင်းအထဲတွင် မည်သည့်အရာကို မြင်တွေ့ပြီးပြီနည်း။ သစ်ပင်များကို မြင်တွေ့ပြီးပြီလော။ ကမ္ဘာမြေကြီးကို မြင်ပြီလော။ (မြင်ပါပြီ။) နေရောင်ခြည်ကိုလည်း မြင်ပြီမဟုတ်လော။ သစ်ပင်များပေါ်တွင် နားနေသည့် ငှက်များကို မြင်ပြီလော။ (မြင်ပါပြီ။) လူသားမျိုးနွယ်သည် ဤပတ်ဝန်းကျင်မျိုးတွင် နေထိုင်ရသည်ကို ပျော်ရွှင်သလော။ (ပျော်ရွှင်ပါသည်။) ဆိုလိုသည်မှာ ဘုရားသခင်က လူသားမျိုးနွယ်၏ နေအိမ်၊ သူတို့ရှင်သန်ရာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့နှင့် ကာကွယ်စောင့်ရှောက်ဖို့ သူဖန်ဆင်းခဲ့သည့် အရာများတည်းဟူသော အရာခပ်သိမ်းကို အသုံးပြုခြင်းဖြစ်သည်။ ဤနည်းအားဖြင့် ဘုရားသခင်သည် လူသားမျိုးနွယ်နှင့် အရာခပ်သိမ်းကို ကူညီ ထောက်ပံ့ခြင်းဖြစ်သည်။

ဤဆွေးနွေးချက်၏ ပုံစံ၊ ငါမိတ်သဟာယပြုနေသည့် နည်းလမ်းကို သင်တို့ မည်သို့သဘောရသနည်း။ (ယင်းမှာ နားလည်လွယ်ပြီး လက်တွေ့ဘဝဖြစ်သော ဥပမာများစွာ ပါရှိသည်။) ဤသည်တို့မှာ ငါပြောသည့် အဓိပ္ပာယ်မဲ့သော စကားလုံးများ ဟုတ်သလော။ ဘုရားသခင်သည် အရာအားလုံးအတွက် အသက် အရင်းအမြစ် ဖြစ်သည်ကို နားလည်ဖို့ ဤပုံဝတ္ထုကို လူတို့ လိုအပ်သလော။ (လိုအပ်ပါသည်။) ဤသို့ဆိုလျှင် ငါတို့ နောက်ထပ် ပုံဝတ္ထုတစ်ခုကို ဆက်သွားကြပါစို့။ နောက်ပုံဝတ္ထုမှာ အကြောင်းအရာအားဖြင့် အနည်းငယ် ကွဲပြားကာ၊ အဓိက ဆိုလိုရင်းမှာလည်း အနည်းငယ် ကွဲပြားသည်။ ပုံဝတ္ထုထဲ၌ ဖော်ပြထားသမျှမှာ ဘုရားသခင်၏ ဖန်ဆင်းခြင်းထဲတွင် လူတို့က မိမိ၏မျက်စိဖြင့် မြင်တွေ့နိုင်သည့် အရာတစ်ခုခုပင် ဖြစ်သည်။ ယခု ငါ၏ နောက်ထပ် ဇာတ်ကြောင်းဖြစ်စဉ်ကို စပြောမည်။ တစ်ဆိတ်လောက် ငြိမ်သက်စွာ နားထောင်ပြီး ငါ့ဆိုလိုရင်းကို သင်တို့နားလည်မလည် ကြည့်ကြလော့။ ပုံဝတ္ထုပြီးသောအခါ သင်တို့ အဘယ်မျှလောက် သင်ယူလေ့လာထားသည်ကို ကြည့်ဖို့ သင်တို့ကို မေးခွန်းတစ်ချို့ မေးမည်။ ဤပုံဝတ္ထုထဲက ဇာတ်ကောင်များမှာ ကြီးမားသောတောင်ကြီး၊ စမ်းချောင်းလေး၊ လေကြမ်းကြီးနှင့် ဧရာမလှိုင်းလုံးကြီးတို့ ဖြစ်ကြသည်။

ပုံဝတ္ထု ၂- ကြီးမားသောတောင်ကြီး၊ စမ်းချောင်းလေး၊ လေကြမ်းကြီးနှင့် ဧရာမလှိုင်းလုံးကြီး

ဟိုဟိုသည်သည် ကွေ့ကောက်စီးဆင်းနေသည့် စမ်းချောင်းလေး တစ်ခု ရှိခဲ့ကာ၊ နောက်ဆုံးတွင် ကြီးမားသည့် တောင်ကြီး၏ တောင်ခြေရင်းကို ရောက်ရှိလာခဲ့သည်။ တောင်ကြီးက စမ်းချောင်းလေး၏ စီးကြောင်းကို ကာဆီးထားသည့်အတွက် စမ်းချောင်းက တောင်ကြီးကို အားနည်းသည့်လေသံလေးနှင့် “ကျေးဇူးပြုပြီး ကျွန်ုပ်ကို ဖြတ်သွားခွင့်ပြုပါ၊ သင်သည် ကျွန်ုပ်၏ လမ်းခရီးတွင် ရပ်နေပြီး ကျွန်ုပ် ရှေ့ဆက်သွားရမည့် လမ်းကြောင်းကို ပိတ်ဆို့နေပါသည်” ဟု ပြောလိုက်သည်။ တောင်ကြီးက “သင် အဘယ်ဆီသို့ သွားမည်နည်း” ဟု ပြန်မေးသည်။ စမ်းချောင်းလေးက “ကျွန်ုပ်သည် နားခိုရာအိမ်ကို ရှာဖွေနေသည်” ဟု ပြန်ဖြေသည်။ တောင်ကြီးက “ကောင်းပြီ၊ ကျွန်ုပ်အပေါ်ကနေ ဆက်၍ စီးဆင်းသွားပါ” ဟု ပြောလိုက်သည်။ သို့သော်လည်း စမ်းချောင်း ငယ်လေးမှာ အားနည်းလွန်းပြီး၊ ငယ်ရွယ်လွန်း သောကြောင့် ယင်းသည် ထိုကဲ့သို့ ကြီးမားလွန်းလှသည့် တောင်ကြီးကိုကျော်ပြီး စီးဆင်းရန် မဖြစ်နိုင်ခဲ့ပေ။ တောင်ခြေကို ရင်ဆိုင်လျက် ဆက်ပြီး စီးဆင်းရုံသာ တတ်နိုင်တော့သည်...

လေကြမ်းကြီးသည် သဲနှင့် အမှိုက်သရိုက်တို့ကို သယ်ဆောင်ရင်း တောင်ကြီးရှိရာသို့ တိုက်ခတ်လာခဲ့သည်။ လေက တောင်ကြီးအား “ကျွန်ုပ်ကို သွားခွင့်ပေး” ဟု အော်ပြောသည်။ တောင်ကြီးက “သင် အဘယ်ဆီသို့ သွားမည်နည်း” ဟု မေးသည်။ လေက “တောင်ကြီး၏ အခြားတစ်ဘက်ကို ကျွန်ုပ်သွားလိုသည်” ဟု ပြန်၍ အော်ပြောလိုက်သည်။ တောင်ကြီးက “ကောင်းပြီ၊ ကျွန်ုပ်၏ အလယ်မှ ဖောက်သွားနိုင်လျှင် သင်သွားနိုင်သည်” ဟု ပြောလိုက်သည်။ လေကြမ်းကြီးသည် ဤနည်းဟိုနည်းနှင့် တစ်ဟူးဟူး တိုက်ခတ်သည်၊ သို့သော် အဘယ်မျှ သည်းကြီးမည်းကြီး တိုက်ခတ်သော်လည်း တောင်၏ အလယ်ကို ဖောက်မထွက်နိုင်ခဲ့ပါ။ လေသည် ပင်ပန်းလာပြီး အနားယူဖို့ ရပ်တန့်ခဲ့ရကာ၊ တောင်ကြီး၏ အခြားတစ်ဘက်တွင် လေပြည်လေညင်းတစ်ခု စတင် တိုက်ခတ်လာပြီး ထိုနေရာ၌ရှိသေ လူတို့ကို ကျေနပ်စေခဲ့သည်။ ဤသည်မှာ တောင်ကြီးက လူတို့ကို နှုတ်ခွန်းဆက်သခြင်းပင် ဖြစ်သည်...

ပင်လယ်ကမ်းစပ်တွင် သမုဒ္ဒရာရေလှိုင်းလေးသည် ကျောက်ဆောင်ကျောက်တုံးတို့ပြည့်နှက်သော သောင်ပြင်ကို ညင်ညင်သာသာ ပုတ်ခတ်ခဲ့သည်။ ရုတ်တရတ် ဧရာမလှိုင်းလုံးကြီး ဖြစ်ပေါ်လာပြီး တောင်ကြီးဆီသို့ တဟုန်ထိုး ပြေးလာခဲ့သည်။ “ဖယ်စမ်း” ဟု ဧရာမလှိုင်းလုံးကြီးက အော်ပြောသည်။ တောင်ကြီးက “သင် အဘယ်ဆီကို သွားမည်နည်း” ဟု မေးသည်။ လှိုင်းလုံးကြီးက ပြေးဝင်လာသည်ကို မရပ်တန့်နိုင်ဘဲ၊ “ကျွန်ုပ်သည် ကျွန်ုပ်၏နယ်မြေကို တိုးချဲ့နေသည်။ ကျွန်ုပ်၏ လက်များကို ဆန့်ထုတ်လိုသည်” ဟု အော်ပြောသည်။ တောင်ကြီးက “ကောင်းပြီ၊ ကျွန်ုပ်၏အထွတ်အထိပ်ကို ကျော်သွားနိုင်လျှင် သင့်ကို ကျွန်ုပ်သွားခွင့်ပြုမည်။” ပြောသည်။ လှိုင်းလုံးကြီးက ခပ်ခွာခွာ နောက်ဆုတ်လိုက်ပြီး နောက်တစ်ကြိမ် တောင်ကြီးဆီ တစ်လိပ်လိပ် တက်လာပြန်သည်။ သို့သော်လည်း ယင်းက မည်မျှပင် ကြိုးစားကြိုးစား၊ တောင်ကြီး၏ အထွတ်အထိပ်ကို မကျော်လွှား နိုင်ပေ။ လှိုင်းလုံးမှာ တဖြည်းဖြည်းနှင့် ပင်လယ်ဆီကိုသာ ပြန်လှိမ့်ဆင်းသွားနိုင်တော့သည်...

နှစ်များထောင်ချီကြာသည့်တိုင် စမ်းချောင်းလေးသည် တောင်ခြေတစ်ဝိုက်တွင် ညင်သာစွာ စီးခဲ့သည်။ တောင်ကြီး၏ လမ်းကြောင်းများနောက်လိုက်ရင်း စမ်းချောင်းလေးသည် သူ့အိမ်ကို ပြန်ရောက်နိုင်ခဲ့ကာ မြစ်တစ်စင်းနှင့် ပူးပေါင်းပြီး ထိုမှ ပင်လယ်ထဲကို စီးဝင်ခဲ့သည်။ တောင်ကြီး၏ ဂရုစိုက်မှုအောက်တွင် စမ်းချောင်းလေးသည် ဘယ်သောအခါမှ လမ်းကြောင်း ပျောက်မသွားခဲ့ပါ။ စမ်းချောင်းနှင့် တောင်တို့သည် အချင်းချင်း အားဖြည့်ပေးကြပြီး၊ အချင်းချင်း မှီခိုကြသည်။ သူတို့သည် အချင်းချင်း ခွန်အားပေးကာ၊ အချင်းချင်း ချေဖျက်ကြပြီး အတူတကွ ယှဉ်တွဲနေထိုင်ကြသည်။

နှစ်များထောင်ချီကြာသည့်တိုင် လေကြမ်းကြီးမှာ ၎င်း၏အကျင့် ဖြစ်သည့်အားလျော်စွာ တဟူးဟူးတိုက်ခတ်ခဲ့သည်။ လေသည် မိမိ၏ လေပြင်းများထဲတွင် သဲမှုန်များစွာကို ဝေ့ဝဲသယ်ဆောင် တိုက်ခတ် လာပြီး တောင်ကြီးဆီသို့ မကြာခဏ “အလည်လာ” ဆဲပင် ဖြစ်သည်။ ယင်းသည် တောင်ကြီးကို ခြိမ်းခြောက်သော်လည်း တောင်၏အလယ်ကို ဘယ်သောအခါမှ ဖောက်မထွက်ခဲ့ပါ။ လေနှင့် တောင်တို့သည် အချင်းချင်း အားဖြည့်ပြီး၊ အချင်းချင်း မှီခိုကြသည်။ သူတို့သည် အချင်းချင်း ခွန်အားပေးပြီး၊ အချင်းချင်း ချေဖျက်ကာ အတူတကွ ယှဉ်တွဲနေထိုင်ကြသည်။

နှစ်များထောင်ချီကြာသည့်တိုင် ဧရာမလှိုင်းလုံးကြီးကလည်း မည်သည့်အခါမျှ အနားယူရန် ရပ်တန့်မနေခဲ့ဘဲ ၎င်း၏နယ်မြေကို အဆက်မပြတ် တိုးချဲ့နေကာ မရပ်မနား ရှေ့သို့ချီတက်နေခဲ့သည်။ ၎င်းသည် မြည်ဟိန်းပြီး တောင်ကြီးကို အကြိမ်ကြိမ် တစ်ဟုန်ထိုး ရိုက်ပုတ်သော်လည်း တောင်ကြီးသည် တစ်လက်မမျှပင် လုံးဝရွေ့မသွားပါ။ တောင်ကြီးက ပင်လယ်ကို စောင့်ကြည့်နေပြီး ဤကဲ့သို့ဖြင့် ပင်လယ်ထဲမှ သက်ရှိများမှာ ပွားများလာပြီး ရှင်သန်ခဲ့ကြသည်။ လှိုင်းလုံးနှင့် တောင်တို့သည် အချင်းချင်း အားဖြည့်ကြပြီး အချင်းချင်း မှီခိုကြသည်။ သူတို့သည် အချင်းချင်း ခွန်အားပေးကြပြီး၊ အချင်းချင်း ချေဖျက်ကြကာ အတူတကွ ယှဉ်တွဲနေထိုင်ကြသည်။

ပုံဝတ္ထုမှာ ဤသို့ အဆုံးသတ်သည်။ ဦးစွာ ငါ့ကိုပြောလော့၊ ဤပုံဝတ္ထုက မည်သည့်အကြောင်းအရာ ဖြစ်သနည်း။ ဆိုရလျှင်၊ ကြီးမားသော တောင်ကြီး၊ စမ်းချောင်းလေး၊ လေကြမ်းကြီးနှင့် ဧရာမလှိုင်းလုံးကြီးတို့ ပါသည်။ စမ်းချောင်းလေးနှင့် တောင်ကြီးပါသည့် ပထမစာပိုဒ်တွင် အဘယ်အရာ ဖြစ်ပျက်ခဲ့သနည်း။ ငါသည် စမ်းချောင်းနှင့် တောင်ကြီးအကြောင်း အဘယ်ကြောင့် ရွေးချယ်ပြောခဲ့သနည်း။ (တောင်ကြီး၏ ဂရုစိုက်မှုအောက်တွင် စမ်းချောင်းသည် ဘယ်သောအခါမှ လမ်းမပျောက်ပါ။ သူတို့သည် အချင်းချင်း အားထားကြသည်။) တောင်က စမ်းချောင်းလေးကို ကာကွယ်ပေးသလော သို့မဟုတ် ပိတ်ဆို့သည်ဟု သင်တို့ပြောမည်လော။ (ယင်းကို ကာကွယ် ပေးပါသည်။) ထိုသို့မဟုတ်လျှင် ယင်းကို ပိတ်ဆို့သည် မဟုတ်လော။ တောင်နှင့် စမ်းချောင်းသည် အချင်းချင်း ဂရုတစိုက်ကြည့် နေကြသည်။ တောင်က စမ်းချောင်းကို ကာကွယ်ပေးသကဲ့သို့ ပိတ်လည်းပိတ်ဆို့သည်ဟု ပြောနိုင်သည်။ တောင်သည် စမ်းချောင်းက မြစ်ထဲကို စီးဝင်သွားရာ၌ ကာကွယ်ပေးသော်လည်း စမ်းချောင်းလေးအနေဖြင့် ရေလွှမ်းမိုးမှုများကို ဖြစ်ပေါ်စေပြီး လူသားများအတွက် ဘေးအန္တရာယ် ဖြစ်စေမည့် မိမိဘာသာ စီးဆင်းခြင်းမှ တားဆီးပေးရန် ပိတ်ဆို့ပေးသည်။ ဤသည်မှာ စာပိုဒ်၏ ဆိုလိုသည့်အရာ မဟုတ်လော။ စမ်းချောင်းကို ကာကွယ်ပေးခြင်းနှင့် ပိတ်ဆို့ပေးခြင်းအားဖြင့် တောင်ကြီးသည် လူတို့၏ အသက်အိုးအိမ်များကို ကာကွယ် စောင့်ရှောက် ပေးလေသည်။ စမ်းချောင်းလေးသည် တောင်ခြေတွင် မြစ်နှင့် ပူးပေါင်းသွားပြီးနောက် ပင်လယ်ထဲသို့ ဆက်၍စီးဝင်သွားသည်။ ဤသည်မှာ စမ်းချောင်း၏ တည်ရှိခြင်းကို ထိန်းချုပ်သည့် စည်းမျဉ်းပင်မဟုတ်လော။ စမ်းချောင်းလေးက မြစ်နှင့်ပင်လယ်ထဲကို ပူးပေါင်းစီးဝင်နိုင်ရန်အတွက် မည်သည့် အရာက အထောက်အကူ ပေးသနည်း။ ယင်းက တောင်ကြီး ဖြစ်သလော။ စမ်းချောင်းသည် တောင်ကြီး၏ ကာကွယ် စောင့်ရှောက်မှုနှင့် ပိတ်ဆို့ခြင်းကို အားထားသည်။ ထိုသို့ဆိုလျှင် ဤသည်မှာ အဓိကအချက်ဖြစ်သည် မဟုတ်လော။ ဤအရာထဲတွင် ရေအတွက် တောင်များ၏ အရေးပါမှုကို သင် တွေ့ရသလော။ ဘုရားသခင်က တောင်များကို ကြီးငယ်မရွေး ဖန်ဆင်းရာတွင် သူ၏ရည်ရွယ်ချက် ရှိသလော။ (ရှိပါသည်။) စမ်းချောင်းလေးနှင့် တောင်ကြီးသာလျှင်ဖြစ်သည့် ဤစာပိုဒ်တိုလေးက ငါတို့ကို ထိုအရာနှစ်ခုအား ဘုရားသခင့် ဖန်ဆင်းခြင်း၏ တန်ဖိုးနှင့် အရေးပါမှုကို တွေ့မြင်စေသည်။ ယင်းက ၎င်းတို့အပေါ် သူ၏အုပ်ချုပ်မှု၌ ရှိသောသူ၏ ဉာဏ်ပညာနှင့် ရည်ရွယ်ချက်ကိုလည်း ငါတို့အားပြသသည်။ ထိုသို့ဖြစ်သည် မဟုတ်လော။

ပုံဝတ္ထု၏ဒုတိယအပိုဒ်က မည်သည့် အကြောင်းအရာနည်း။ (လေကြမ်းကြီးနှင့် တောင်ကြီးအကြောင်းဖြစ်သည်။) လေဆိုသည်မှာ ကောင်းသည့်အရာ ဟုတ်သလော။ (ဟုတ်ပါသည်။) သေချာပေါက် မဟုတ်ပေ၊ တစ်ခါတစ်ရံ လေသည် အလွန်ပြင်းထန်ပြီး ဘေးအန္တရာယ်ကို ဖြစ်ပွားစေတတ်သည်။ သင့်ကို ပြင်းထန်သော လေထဲတွင် ရပ်ခိုင်းထားသည်ဆိုလျှင် သင်မည်သို့ခံစားရမည်နည်း။ လေ၏ ပြင်းအားအပေါ်တွင် မူတည်သည်။ ယင်းသည် အဆင့် ၃ သို့မဟုတ် ၄ ရှိသည့် လေဖြစ်ပါက ခံနိုင်စရာဖြစ်မည်။ အများဆုံးအနေနှင့် လူတစ်ယောက် မျက်လုံးဖွင့်ထားဖို့ အခက်တွေ့လောက်သည်။ သို့သော်လည်း လေသည် ပြင်းထန်လာပြီး လေဆင်နှာမောင်း ဖြစ်လာခဲ့လျှင် ၎င်းကို သင်ခံနိုင်မည်လော။ သင် ခံနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် လူတို့အနေဖြင့် လေက အမြဲတမ်းကောင်းသည် သို့မဟုတ် ၎င်းက အမြဲတမ်းဆိုးသည်ဟု ပြောမည်ဆိုလျှင် မှားသည်၊ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ လေ၏ပြင်းအားအပေါ် မူတည်ခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် ဤနေရာတွင် တောင်ကြီး၏ တာဝန်က အဘယ်အရာနည်း။ ၎င်း၏တာဝန်မှာ လေကို စစ်ချပေးရန် မဟုတ်လော။ တောင်က လေကြမ်းကြီးကို မည်သည့်အရာအဖြစ် လျော့ချပေးသနည်း။ (လေပြေညင်းလေးအဖြစ်။) ဤသို့ဆိုလျှင် လူသားများနေထိုင်သည့် ပတ်ဝန်းကျင်တွင် လူအများစု ကြုံတွေ့ခံစားရသည်က လေပြင်းများလော၊ လေပြေများလော။ (လေပြေများဖြစ်သည်။) ဤသည်မှာ တောင်များကို ဖန်ဆင်းရာ၌ ဘုရားသခင်၏ ရည်ရွယ်ချက်များထဲကတစ်ခု၊ သူ၏ ကြံရွယ်ချက်များထဲကတစ်ခုပင် မဟုတ်သလော။ လူတို့သည် လေထဲတွင် သဲများ အထိန်းအကွပ်မဲ့စွာ အတားအဆီးမရှိ စစ်ချထားခြင်းမရှိ တိုက်ခတ်သည့် ပတ်ဝန်းကျင် တစ်ခုတွင် နေထိုင်ရသည်ဆိုလျှင် မည်သို့ဖြစ်မည်နည်း။ လွင့်စင်နေသော သဲများနှင့် ကျောက်ခဲများ ပတ်ချာဝိုင်းသည့် ကုန်းမြေတစ်ခုမှာ လူနေ၍မရနိုင်မည်မှာ ဖြစ်ကောင်းဖြစ်နိုင်သလော။ ကျောက်ခဲများက လူတို့ကို ထိမှန်နိုင်ပြီး သဲများက သူတို့ကို မျက်စိကန်းစေနိုင်သည်။ လေက လူတို့ကို လေထဲသို့ သယ်သွားနိုင်သည် သို့မဟုတ် သူတို့၏ခြေများကို သိမ်းကျုံးတိုက်ခတ်သွားနိုင်လေသည်။ အိုးအိမ်များ ပျက်စီးနိုင်ပြီး ဘေးအန္တရာယ်ပေါင်းစုံ ကျရောက် လာမည်။ သို့တိုင် လေကြမ်းကြီး၏ တည်ရှိမှု၌ တန်ဖိုးရှိသလော။ လေကို ဆိုးသည်ဟု ငါပြောခဲ့သောကြောင့် ၎င်း၌ တန်ဖိုးမရှိပါဟု တစ်ဦးဦးက ထင်ကောင်းထင်မိမည် ဖြစ်သော်လည်း၊ ထိုသို့ ဟုတ်သလော။ ယင်းက လေညင်းလေးအဖြစ် ပြောင်းသွားသည့်အခါ တန်ဖိုးမရှိသလော။ ရာသီဥတုက ပူအိုက်စိုထိုင်းသောအခါ သို့မဟုတ် မွန်းကျပ်သောအခါ လူတို့သည် မည်သည်ကို အလိုအပ်ဆုံး ဖြစ်သနည်း။ သူတို့ကို ပြန်လည်လန်းဆန်းစေဖို့နှင့် သူတို့၏ အတွေးအမြင်ရှင်းစေဖို့၊ သူတို့၏ဉာဏ်ကိုသွေးဖို့၊ သူတို့၏ စိတ်အခြေအနေကို ပြုပြင်ဖို့နှင့် တိုးတက်စေဖို့ သူတို့အပေါ် လေနုအေးလေး ညင်သာစွာတိုက်ခတ်ဖို့ လိုအပ်သည်။ ဤသို့ဆိုလျှင် ဥပမာအနေဖြင့် သင်တို့အားလုံးသည် အခန်းတစ်ခန်းထဲတွင် လူအများကြီးနှင့် လေမွန်းကျပ်လျက် ထိုင်ကြသည်ဆိုလျှင် သင်တို့ မည်သည်ကို အလိုအပ်ဆုံး ဖြစ်မည်နည်း။ (လေနုအေးလေး ဖြစ်ပါသည်။) နောက်ကျိပြီး ညစ်ညမ်းနေသောလေ ရှိသည့်နေရာသို့ သွားခြင်းက လူတစ်ဦး၏ စဉ်းစားတွေးခေါ်မှုကို နှေးကွေး စေနိုင်သည်၊ သူ၏ သွေးလည်ပတ်မှုကို လျော့ကျစေနိုင်ပြီး၊ သူ၏ စိတ်ကြည်လင် ပြတ်သားမှုကို ဆုတ်ယုတ်စေနိုင်သည်။ သို့သော်လည်း လှုပ်ရှားမှုနှင့် လည်ပတ်မှု အနည်းငယ်က လေထုကို လန်းဆန်းလာစေပြီး၊ လူတို့သည် လန်းဆန်းသောလေထဲတွင် တစ်မူထူးခြားစွာ ခံစားကြသည်။ စမ်းချောင်းလေး ဘေးအန္တရာယ် ဖြစ်စေ နိုင်သော်လည်း၊ လေကြမ်းကြီးက ဘေးအန္တရာယ် ဖြစ်စေ နိုင်သော်လည်း ထိုနေရာတွင် တောင်ကြီးရှိနေသရွေ့ ထိုအန္တရာယ်ကို လူတို့အား အကျိုးပြုသည့် စွမ်းအားတစ်ခုအဖြစ် တောင်ကြီးက ပြောင်းပေးလိမ့်မည်။ ထိုသို့ဖြစ်သည်မဟုတ်လော။

ပုံဝတ္ထု၏ တတိယအပိုဒ်က မည်သည့်အကြောင်းအရာနည်း။ (တောင်ကြီးနှင့် ဧရာမလှိုင်းလုံးကြီး အကြောင်းပါ။) တောင်ကြီးနှင့် ဧရာမလှိုင်းလုံးကြီး။ ဤစာပိုဒ်ကို တောင်ခြေမှ ပင်လယ်ကမ်းစပ်တွင် ပုံဖော်ထားသည်။ တောင်၊ သမုဒ္ဒရာရေလှိုင်းလေးနှင့် ဧရာမ လှိုင်းလုံးကြီးတစ်ခုကို ငါတို့တွေ့ရသည်။ ဤဥပမာထဲတွင် လှိုင်းလုံးကြီးအတွက် တောင်ကြီးသည် မည်သည့်အရာ ဖြစ်သနည်း။ (အကာအကွယ်ပေးသူတစ်ဦးနှင့် အဟန့်အတားတစ်ခုဖြစ်သည်။) ယင်းက အကာအကွယ်ပေးသူအပြင် အဟန့်အတားတစ်ခုလည်း ဖြစ်သည်။ အကာအကွယ်ပေးသူ အနေဖြင့်၊ ၎င်းသည် ပင်လယ်ကို ပျောက်ကွယ်မသွားအောင် ထိန်းသိမ်းသည်၊ သို့မှသာ ပင်လယ်ထဲ၌ နေထိုင်သော သတ္တဝါများမှာ မျိုးပွားပြီး၊ ရှင်သန်နိုင်လိမ့်မည်။ အဟန့်အတားအနေနှင့် တောင်ကြီးက ပင်လယ်ရေကို ရေလျှံခြင်းနှင့် သဘာဝဘေးအန္တရာယ်ကို ဖြစ်ပေါ်စေခြင်းမှ၊ အန္တရာယ်ကို ဖြစ်စေပြီး လူတို့၏ အိုးအိမ်များကို ဖျက်ဆီးခြင်းမှ ထိန်းသိမ်းထားသည်။ ထို့ကြောင့် တောင်ကြီးသည် အဟန့်အတားလည်း ဖြစ်သလို၊ အကာအကွယ်လည်း ဖြစ်သည်ဟု ငါတို့ ပြောနိုင်သည်။

ဤသည်မှာ တောင်ကြီးနှင့် စမ်းချောင်းလေး၊ တောင်ကြီးနှင့် လေကြမ်းကြီး၊ တောင်ကြီးနှင့် ဧရာမလှိုင်းလုံးကြီးတို့ကြားက ဆက်နွှယ်မှု၏ အဓိပ္ပါယ်ဖြစ်သည်။ ဤသည်မှာ သူတို့၏ အချင်းချင်း ခွန်အားပေးခြင်းနှင့် ချေဖျက်ခြင်းအပြင်၊ သူတို့၏ အတူယှဉ်တွဲ နေထိုင်ခြင်းတို့၏ အဓိပ္ပာယ်ဖြစ်သည်။ ဘုရားသခင် ဖန်ဆင်းထားသည့် ဤအရာများသည် သူတို့၏ တည်ရှိမှုတွင် စည်းမျဉ်းတစ်ခုနှင့် ဥပဒေသတစ်ခုတို့၏ အုပ်ချုပ်ခြင်းကို ခံရသည်။ ထို့ကြောင့် ဤပုံဝတ္ထုထဲတွင် ဘုရားသခင်၏ မည်သည့် လုပ်ဆောင်ချက်များကို သင်မြင်ခဲ့ရသနည်း။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ပြီးကတည်းက ၎င်းတို့ကို လျစ်လျူရှုထားသလော။ သူသည် စည်းမျဉ်းများကို ဖန်တီးပေးခဲ့ပြီး အရာခပ်သိမ်းလည်ပတ်သည့် နည်းလမ်းများကို ပုံစံချခဲ့ပြီးနောက်မှာသာ ၎င်းတို့ကို လျစ်လျူရှုခဲ့လေသလော။ ယင်းမှာ ဖြစ်ပျက်ခဲ့သည့်အရာလော။ (မဟုတ်ပါ။) သို့ဆိုလျှင် မည်သည့်အရာ ဖြစ်ပျက်ခဲ့သနည်း။ ဘုရားသခင်က ထိန်းချုပ် နေဆဲဖြစ်သည်။ သူက ရေ၊ လေနှင့် လှိုင်းလုံးများကို ထိန်းချုပ်ထားသည်။ သူက ၎င်းတို့ကို သောင်းကျန်းပြီး လျှောက်ပြေးခွင့် မပြုသကဲ့သို့ သူသည် ၎င်းတို့ကို အန္တရာယ် ဖြစ်စေခွင့် သို့မဟုတ် လူတို့နေထိုင်သည့် နေအိမ်များကို ဖျက်ဆီးခွင့် မပြုပါပေ။ ဤအတွက်ကြောင့်သာ လူတို့သည် ကုန်းမြေပေါ်တွင် ဆက်လက်နေထိုင်ကာ မျိုးပွားပြီး ရှင်သန်နိုင်ကြခြင်း ဖြစ်သည်။ ဤအရာက ဘုရားသခင် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့စဉ်က ၎င်းတို့၏ ဖြစ်တည်မှုအတွက် စည်းမျဉ်းများကို သူ ကြိုတင်စီစဉ် ထားပြီးသားဖြစ်ကြောင်း ဆိုလိုသည်။ အရာတစ်ခုစီတိုင်းကို ဘုရားသခင်ပြုလုပ်ခဲ့စဉ်က ၎င်းက လူသားမျိုးနွယ်ကို အကျိုးပြုစေရန်အတွက် သေချာအောင် လုပ်ဆောင်ခဲ့ပြီး၊ ယင်းမှာ လူသားမျိုးနွယ်ကို ဒုက္ခမရောက်စေရန် သို့မဟုတ် သူတို့အား ဘေးအန္တရာယ် မဖြစ်စေရန်အတွက် ဘုရားသခင်က ယင်းအပေါ် ထိန်းချုပ်ခဲ့သည်။ ယင်းမှာ ဘုရားသခင်၏ စီမံခန့်ခွဲမှု မဟုတ်ခဲ့လျှင် ရေတို့သည် အထိန်းအကွပ်မဲ့ စီးကုန်မည် မဟုတ်လော။ လေသည်လည်း အထိန်းအချုပ်မဲ့ တိုက်ခတ်ကုန်မည် မဟုတ်လော။ ရေနှင့်လေတို့သည် စည်းမျဉ်းများကို လိုက်နာသလော။ ၎င်းတို့ကို ဘုရားသခင်ကသာ မစီမံခဲ့လျှင်၊ ၎င်းတို့ကို မည်သည့် စည်းမျဉ်းများကမှ ထိန်းချုပ်လိမ့်မည် မဟုတ်သည့်အပြင်၊ လေထန်ပြီး ရေများက ထိန်းမနိုင်သိမ်းမရဖြစ်ကာ ရေလွှမ်းမိုးမှုများကို ဖြစ်ပေါ်စေမည်။ အကယ်၍ ရေလှိုင်းကြီးသာ တောင်ကြီးထက် ပို၍မြင့်မားသွားခဲ့လျှင်၊ ပင်လယ်သည် တည်ရှိ နေနိုင်ဦးမည်လော။ တည်ရှိ မနေနိုင်ပါ။ တောင်ကြီးက လှိုင်းလုံးကြီးတမျှ မမြင့်ပါက ပင်လယ်မှာ တည်ရှိမည် မဟုတ်သည့်အပြင်၊ တောင်ကြီးက သူ၏တန်ဖိုးနှင့် အရေးပါမှုကို ဆုံးရှုံးရလိမ့်မည်။

ဤပုံဝတ္ထုနှစ်ခုအတွင်း၌ ဘုရားသခင်၏ ဉာဏ်ပညာကို သင်တို့မြင်သလော။ ဘုရားသခင်သည် တည်ရှိသမျှ အရာတိုင်းကို ဖန်ဆင်းခဲ့ပြီး သူသည် တည်ရှိသမျှ အရာတိုင်း၏ အချုပ်အချာပင် ဖြစ်သည်။ သူသည် ထိုအရာအားလုံးကို စီမံခန့်ခွဲပြီး ထိုအရာ အားလုံးကို သတ်မှတ်ပြဋ္ဌာန်းထားသည့်အပြင် အရာခပ်သိမ်းထဲတွင် တည်ရှိသမျှ အရာတိုင်း၏ ပြောဆိုချက်နှင့် လုပ်ဆောင်ချက်တိုင်းကို မြင်တွေ့ပြီး စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်။ ထိုနည်းတူ ဘုရားသခင်သည် လူ့ဘဝ၏ နေရာအနှံ့ကို မြင်တွေ့ပြီး စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်။ ထို့ကြောင့် ဘုရားသခင်သည် သူ၏ ဖန်ဆင်းခြင်းထဲ၌ တည်ရှိသည့် အရာတိုင်း၏ အသေးစိတ်တစ်ခုစီကို အရာတစ်ခုစီ၏ လုပ်ငန်းတာဝန်၊ ၎င်း၏သဘာဝနှင့် ဆက်လက် ရှင်သန်မှုအတွက် ၎င်း၏စည်းမျဉ်းများမှနေ၍ ၎င်းအသက်၏ အရေးပါမှုနှင့် ၎င်းတည်ရှိမှု၏ တန်ဖိုးတို့အထိ အတွင်းကျကျ သိရှိသည်၊ ဤအရာအားလုံးကို ဘုရားသခင်က အလုံးစုံ သိရှိလေသည်။ ဘုရားသခင်က အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည် ဖြစ်၍ သူ့အနေဖြင့် ၎င်းတို့ကို ထိန်းချုပ်ထားသည့် စည်းမျဉ်းများကို လေ့လာဖို့လိုအပ်သည်ဟု သင်တို့ထင်သလော။ ဘုရားသခင်သည် ၎င်းတို့ကို လေ့လာဖို့နှင့် နားလည်ဖို့အတွက် လူ့အသိပညာ သို့မဟုတ် သိပ္ပံပညာကို သင်ယူရန် လိုအပ်သလော။ (မလိုအပ်ပါ။) ဘုရားသခင်ကဲ့သို့ အရာခပ်သိမ်းကို နားလည်ရန်အတွက် သညာနှင့် အသိပညာတို့ဖြင့် ပြည့်စုံသောသူ လူသားမျိုးနွယ်ထဲတွင် တစ်ဦးတစ်ယောက် ရှိသလော။ မရှိသည်မဟုတ်လော။ အရာခပ်သိမ်း ရှင်သန်ကြီးထွားသည့် စည်းမျဉ်းများကို အမှန်တကယ် နားလည်သည့် နက္ခတ္တဗေဒပညာရှင်များ သို့မဟုတ် ဇီဝဗေဒပညာရှင်များ တစ်ဦးဦးရှိသလော။ အရာတစ်ခုစီတိုင်း တည်ရှိနေမှု၏ တန်ဖိုးကို သူတို့ အမှန်တကယ် နားလည်နိုင်သလော။ (သူတို့ နားမလည်နိုင်ပါ။) ဤသည်မှာ အဘယ်ကြောင့်ဆိုသော် အရာခပ်သိမ်းကို ဘုရားသခင်က ဖန်ဆင်းခဲ့သည်ဖြစ်၍၊ လူသားမျိုးနွယ်သည် ဤအသိပညာကို အဘယ်မျှလောက် နက်နက်ရှိုင်းရှိုင်း လေ့လာသည်ဖြစ်စေ၊ သို့မဟုတ် ၎င်းကိုလေ့လာဖို့ သူတို့ အဘယ်မျှလောက် ကြိုးပမ်းသည်ဖြစ်စေ သူတို့သည် အရာခပ်သိမ်းအား ဘုရားသခင့်ဖန်ဆင်းခြင်း၏ ရည်ရွယ်ချက် သို့မဟုတ် လျှို့ဝှက်နက်နဲမှုကို မည့်သည့်အခါမှ ဉာဏ်မှီနိုင်လိမ့်မည် မဟုတ်ပါ၊ ယင်းက ထိုသို့ဖြစ်သည်မဟုတ်လော။ ဤသို့ဆိုလျှင် ယင်းအထိ ငါတို့၏ဆွေးနွေးချက်မှနေ၍ “ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏” ဟူသည့် စကားရပ်၏ စစ်မှန်သောအဓိပ္ပါယ်အား တစ်စိတ်တစ်ဒေသ နားလည်မှုကို ရရှိပြီဟု သင်တို့ခံစားရသလော။ (ခံစားရပါသည်။) ငါသည် “ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏” ဟူသည့် ဤအကြောင်းအရာကို ဆွေးနွေးသောအခါ လူများစွာက “ဘုရားသခင်သည် သမ္မာတရား ဖြစ်ပြီး၊ ဘုရားသခင်သည် ငါတို့ကို ထောက်ပံ့ရန် သူ၏ နှုတ်ကပတ်တော်ကို အသုံးပြုသည်” ဟူသော နောက်ထပ် စကားရပ်ကို ချက်ချင်းတွေးမိကြပြီး အကြောင်းအရာ၏ အဓိပ္ပာယ် အဆင့်ကို ကျော်လွန်၍ ဘာမျှမတွေးမိကြမည်ကို ငါသိသည်။ လူ့ဘဝအပေါ် ဘုရားသခင်၏ ထောက်ပံ့ပေးခြင်း၊ နေ့စဉ် အစားအသောက်နှင့် နေ့စဉ်လိုအပ်ချက်တို့အား ထောက်ပံ့ ပေးခြင်းသည် လူအတွက် ဘုရားသခင်၏ ကျွေးမွေး စောင့်ရှောက်ခြင်းအဖြစ် လက်ခံ၍မရဟုပင် တစ်ချို့က ထင်မိကြမည်။ ဤသို့ယူဆသောသူအချို့ ရှိကြသည် မဟုတ်လော။ သို့တိုင် လူသားမျိုးနွယ်သည် ဖြစ်တည်ဖို့နှင့် ပုံမှန် အသက်ရှင် ဖြစ်တည်နေနိုင်ဖို့အတွက် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ သူ၏ ဖန်ဆင်းခြင်း၌ ထင်ရှားပေါ်လွင်သည် မဟုတ်လော။ ဘုရားသခင်သည် လူတို့နေထိုင်သည့် ပတ်ဝန်းကျင်ကို ထိန်းသိမ်း ပေးပြီး သူတို့၏ ဆက်လက်ရှင်သန်ရေးအတွက် လူသားမျိုးနွယ် လိုအပ်သည့် အရာများအားလုံးကို သူက ထောက်ပံ့ပေးသည်။ ထို့ပြင် သူသည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာကို စီမံခန့်ခွဲပြီး စွဲကိုင်ထားသည်။ ဤအရာအားလုံးက လူသားမျိုးနွယ်ကို နေထိုင်ရန်၊ ရှင်သန်ရန်နှင့် ပုံမှန်မျိုးပွားရန် အခွင့်ပေးထားသည်။ ယင်းမှာ ဘုရားသခင်က ဖန်ဆင်းခြင်းအားလုံးနှင့် လူသားမျိုးနွယ်ကို ထောက်ပံ့ပေးသည့် နည်းလမ်းပင်ဖြစ်သည်။ ဤအရာများကို လူတို့က မှတ်မိဖို့နှင့် နားလည်ဖို့ လိုအပ်သည်ဟူသည်မှာ မမှန်ကန်သလော။ တစ်ချို့က “ဤအကြောင်းအရာမှာ စစ်မှန်သော ဘုရားသခင် ကိုယ်တော်တိုင်အကြောင်းဖြစ်သည်၊ ကျွန်ုပ်တို့၏ အသိပညာနှင့် အလွန်ဝေးကွာလွန်းပြီး၊ ကျွန်ုပ်တို့သည် ဤအရာကို မသိချင်ပါ၊ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် မုန့်အားဖြင့်သာ အသက်မရှင်၊ ထို့အစား ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် အသက်ရှင်သည်။” ဟု ပြောကောင်းပြောကြမည်။ ဤနားလည်ခြင်းက မှန်ကန်သလော။ (မမှန်ကန်ပါ။) ယင်းက အဘယ့်ကြောင့် မမှန်ကန်သနည်း။ ဘုရားသခင် ပြောထားသည့် အရာများအပေါ် သင်၌သာ အသိပညာရှိပါက ဘုရားသခင်အပေါ် ပြည့်စုံသော နားလည်ခြင်း သင်တို့ရရှိနိုင်မည်လော။ သင်သည် ဘုရားသခင်၏ အလုပ်ကို လက်ခံပြီး ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကိုသာ လက်ခံသည်ဆိုလျှင် သင်၌ ဘုရားသခင်အပေါ် ပြည့်စုံသောနားလည်ခြင်း ရှိနိုင်မည်လော။ သင်သည် ဘုရားသခင့် စိတ်သဘောထား၏ အစိတ်အပိုင်းလေး တစ်ခု၊ ဘုရားသခင့် အခွင့်အာဏာ၏ အစိတ်အပိုင်းလေးတစ်ခုကို သိသည်ဆိုလျှင် ဘုရားသခင်အား နားလည်ခြင်းကိုရရှိဖို့ လုံလောက်ပြီဟု ယင်းကို ယူဆမည်လော။ (မယူဆပါ။) ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် အရာခပ်သိမ်းအား သူ၏ဖန်ဆင်းခြင်းနှင့် အစပြုပြီး ယနေ့ ၎င်းတို့ ဆက်လက်၍ သွားနေသည်- ဘုရားသခင်၏ လုပ်ဆောင်ချက်များမှာ အမြဲတမ်း အချိန်မရွေး ပေါ်လွင်ထင်ရှားနေကြသည်။ အကယ်၍ လူတစ်ဦးသည် ဘုရားသခင်က လူတစ်ဖွဲ့ကို သူတို့အပေါ် သူ၏အမှုကို ပြုလုပ်ရန်နှင့် ကယ်တင်ရန်အတွက် သူရွေးချယ်ပြီးဖြစ်သောကြောင့်သာ ဘုရားသခင် တည်ရှိသည်ဟူ၍လည်းကောင်း၊ သူ၏ အချုပ်အခြာ အာဏာ၊ သူ၏အဆင့်အတန်း၊ သို့မဟုတ် သူ၏ လုပ်ဆောင်ချက်များ အခြားမည်သည့်အရာကမျှ ဘုရားသခင်နှင့် မစပ်ဆိုင်ဟူ၍ လည်းကောင်း၊ ယုံကြည်သည်ဆိုလျှင် သူ့ကို ဘုရားသခင်အပေါ် စစ်မှန်သော သိနားလည်ခြင်းရှိသည်ဟု ယူဆနိုင်သလော။ ဤအမည်ခံ “ဘုရားသခင်အား သိနားလည်ခြင်း” ရှိသော လူတို့၌ တစ်ဖက်သတ်ဆန်သော နားလည်ခြင်းသာ ရှိကြပြီး၊ ယင်းအားဖြင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို လူအုပ်စုတစ်စုအတွက် ကန့်သတ်ထားကြသည်။ ဤသည်မှာ ဘုရားသခင်အပေါ် စစ်မှန်သောသိနားလည်ခြင်း ဟုတ်သလော။ ဤသိနားလည်ခြင်းမျိုး ရှိသည့် လူတို့သည် အရာခပ်သိမ်းအား ဘုရားသခင်၏ ဖန်ဆင်းခြင်းနှင့် ၎င်းတို့အပေါ် သူ၏ အချုပ်အခြာအာဏာကို ငြင်းပယ်နေကြသည် မဟုတ်သလော။ လူတစ်ချို့က ဤအချက်ကို အာရုံမစိုက်လိုကြဘဲ၊ ထို့အစား “အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ကျွန်ုပ်မမြင်ရပါ။ ဤထင်မြင်ချက်က အလွန်ခြားနားလွန်းပြီး ကျွန်ုပ် ၎င်းကို နားလည်ဖို့ အရေးမစိုက်ပါ။ ဘုရားသခင်က သူလုပ်ချင်ရာကို လုပ်ပြီး ကျွန်ုပ်နှင့် မသက်ဆိုင်ပါ။ ကျွန်ုပ်သည် ဘုရားသခင်၏ ကယ်တင်ခြင်းခံရပြီး စုံလင်စေခြင်းခံရနိုင်ဖို့အလို့ငှာ ဘုရားသခင်၏ ဦးဆောင်မှုနှင့် သူ၏ နှုတ်ကပတ်တော်ကိုသာ လက်ခံသည်။ အခြားမည်သည့်အရာမျှ ကျွန်ုပ်အတွက် အရေးမကြီးပါ။ အရာခပ်သိမ်းကို ဘုရားသခင် ဖန်ဆင်းခဲ့သည့်အချိန်တွင် သူပြဋ္ဌာန်းခဲ့သည့် စည်းမျဉ်းများဖြစ်စေ၊ အရာခပ်သိမ်းနှင့် လူသားမျိုးနွယ်ကို ကျွေးမွေးစောင့်ရှောက်ရန် သူပြုလုပ်သည့်အရာ ဖြစ်စေ ကျွန်ုပ်နှင့် မသက်ဆိုင်ပါ။” ဟု သူတို့ကိုယ်သူတို့ စဉ်းစားကြသည်။ ဤသည်မှာ အဘယ်သို့သော စကားမျိုး ဖြစ်သနည်း။ ဤသည်မှာ ပုန်ကန်ခြင်း၏ လုပ်ရပ်တစ်ခု မဟုတ်လော။ သင်တို့ထဲတွင် ဤကဲ့သို့သော နားလည်ခြင်းရှိသောသူ တစ်ဦးဦးရှိသလော။ သင်တို့ ထိုသို့မပြောဘဲနှင့်ပင် ဤနေရာ၌ရှိသည့် များစွာသော သင်တို့က ပြောကြသည်ကို ငါသိသည်။ ဤကဲ့သို့ စာအုပ်ကြီးသမားသည် အရာရာကို သူတို့၏ကိုယ်ပိုင် “ဝိညာဉ်ရေး” ရှုထောင့်မှ ကြည့်ကြသည်။ သူတို့က ဘုရားသခင်ကို သမ္မာကျမ်းစာ ထဲတွင်သာ ကန့်သတ်ချင်သည်၊ ဘုရားသခင်ကို သူပြောထားခဲ့သည့် စကားလုံးများကို ရေးသားထားသည့်စာအရှိအတိုင်းသာ နားလည်ခြင်းဖြင့် ကန့်သတ်ချင်သည်။ သူတို့သည် ဘုရားသခင်ကို ပို၍သိလိုခြင်း မရှိကြသည့်အပြင်၊ သူတို့သည် ဘုရားသခင်ကို အခြားအရာများ ပြုလုပ်ခြင်းအားဖြင့် သူ၏အာရုံကို မထွေပြား စေချင်ကြပါ။ ဤတွေးခေါ်ခြင်းမျိုးသည် ကလေးဆန်ပြီး၊ ယင်းက အလွန်အမင်း ဘာသာရေးလည်း ဆန်သည်။ ဤအမြင်များကို လက်ကိုင်ထားသည့် လူတို့က ဘုရားသခင်ကို သိနိုင်သလော။ သူတို့အနေဖြင့် ဘုရားသခင်ကိုသိဖို့ အလွန်ခက်ခဲလိမ့်မည်။ ယနေ့ ငါသည် ပုံဝတ္ထုနှစ်ခုကို ပြောပြီး တစ်ခုစီက ခြားနားသောကဏ္ဍကို လိပ်မူသည်။ ၎င်းတို့နှင့် ထိတွေ့ပြီးသည့်နောက် သင်တို့က အကြောင်းအရာများက နက်နဲသည် သို့မဟုတ် အနည်းငယ် စိတ္တဇသဘောဆန်ပြီး သဘောပေါက်နားလည်ဖို့ ခက်သည်ဟု ခံစားကောင်း ခံစားရနိုင်သည်။ ၎င်းတို့ကို ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့် ဘုရားသခင်ကိုယ်တိုင်နှင့် ဆက်စပ်ကြည့်ရန် ခက်ခဲပေလိမ့်မည်။ သို့သော်လည်း ဘုရားသခင်၏ လုပ်ဆောင်ချက်များ အားလုံးနှင့် ဖန်ဆင်းခြင်းအတွင်းနှင့် လူသားမျိုးနွယ် အကြားတွင် သူပြုလုပ် ပေးခဲ့သည့် အရာအားလုံးကို ဘုရားသခင်ကိုသိနားလည်ဖို့ ကြိုးစားသူတိုင်း ရှင်းရှင်းလင်းလင်း တိတိကျကျ သိသင့်သည်။ ဤအသိက ဘုရားသခင်၏ အမှန်တကယ် တည်ရှိခြင်းကို သင် ယုံကြည်ရာ၌ အာမခံချက်ကို ပေးလိမ့်မည်။ ယင်းက သင့်အား ဘုရားသခင်၏ ဉာဏ်ပညာ၊ သူ၏တန်ခိုးနှင့် အရာခပ်သိမ်းကို သူ ကြိုတင် စီမံထားသည့် ပုံစံအပေါ် တိကျသော သိနားလည်ခြင်း ကိုလည်း ပေးလိမ့်မည်။ ယင်းက သင့်အား ဘုရားသခင်၏ အမှန်တကယ် တည်ရှိခြင်းကို ရှင်းရှင်းလင်းလင်း စိတ်ကူးရဖို့နှင့် သူ၏ တည်ရှိခြင်းသည် စိတ်ကူးယဉ်မဟုတ်၊ ဒဏ္ဍာရီ မဟုတ်၊ မရေမရာ မဟုတ်၊ သဘောတရားမျှသာ မဟုတ်သည့်အပြင်၊ ဝိညာဉ်ရေးရာ နှစ်သိမ့်မှု လုံးဝမဟုတ်ဘဲ အမှန်တကယ် တည်ရှိခြင်း ဖြစ်ကြောင်းကို သိဖို့ အခွင့်ပေးလိမ့်မည်။ ထို့အပြင် ယင်းက ဘုရားသခင်သည် ဖန်ဆင်းခြင်းအားလုံးနှင့် လူသားမျိုးနွယ်တို့အား အမြဲတမ်း ထောက်ပံ့ပေးသည်ကို လူတို့အား သိခွင့်ပေးသည်။ ဘုရားသခင်က ဤအရာကို သူ၏ကိုယ်ပိုင်နည်းလမ်းနှင့် သူ၏ကိုယ်ပိုင် စည်းချက်အတိုင်း ပြုလုပ်သည်။ ထို့ကြောင့် ၎င်းသည် ဘုရားသခင်က အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ပြီး သူ၏ ကြိုတင်ပြဋ္ဌာန်းချက်အောက်တွင် သူတို့၏ ခွဲဝေပေးထားသည့် အလုပ်တာဝန်များကို ဆောင်ရွက်ရန်၊ သူတို့၏ တာဝန်ဝတ္တရားများကို ကျေပွန်အောင် ဆောင်ရွက်ကြရန်နှင့် သူတို့၏ကိုယ်ပိုင် အခန်းကဏ္ဍများကို ထမ်းဆောင်ရန်အတွက် သူတို့တစ်ဦးချင်းစီက တတ်နိုင်သော စည်းမျဉ်းများကို ပေးထားသောကြောင့် ဖြစ်သည်။ သူ၏ ကြိုတင်ပြဋ္ဌာန်းချက် အောက်တွင် အရာတစ်ခုစီက လူသားမျိုးနွယ်အတွက်နှင့် လူသားများ နေထိုင်သည့် နေရာနှင့် ပတ်ဝန်းကျင်အတွက် အစေခံရာ၌ မိမိ၏ကိုယ်ပိုင်အသုံးဝင်မှု ရှိကြလေသည်။ အကယ်၍ ဘုရားသခင်က ထိုကဲ့သို့ ပြုလုပ်မထားခဲ့ဘဲ လူသားမျိုးနွယ် နေထိုင်ရန် ထိုကဲ့သို့သော ပတ်ဝန်းကျင်မရှိခဲ့ပါက၊ လူသားမျိုးနွယ်အတွက် ဘုရားသခင်အပေါ် ယုံကြည်ခြင်း သို့မဟုတ် သူ့နောက်လိုက်ခြင်းတို့က ဖြစ်နိုင်မည် မဟုတ်ပါ၊ ၎င်းတို့အားလုံးသည် အနှစ်သာရမဲ့သော ပြောဆိုခြင်း သဘောမျှသာ သက်ရောက်မည်။ ၎င်းက ထိုသို့ပင်မဟုတ်လော။

ကြီးမားသည့် တောင်ကြီးနှင့် စမ်းချောင်းလေးပုံဝတ္ထုကို နောက်တစ်ခေါက် ကြည့်ကြပါစို့။ တောင်ကြီး၏အသုံးဝင်ပုံက အဘယ်နည်း။ သက်ရှိသတ္တဝါများမှာ တောင်ကြီးပေါ်တွင် ရှင်သန်ကြသည့်အတွက် တောင်ကြီး၏တည်ရှိမှုတွင် ပင်ကိုတန်ဖိုး ရှိသည်၊ တောင်ကြီးက စမ်းချောင်းလေးကို သူစီးဆင်းလိုသည့် အတိုင်း စီးဆင်းသွားပြီး၊ လူတို့အတွက် ဘေးန္တရာယ်ကို သယ်ဆောင်မသွားအောင်လည်း တားဆီးပိတ်ဆို့သည်။ ယင်းက ထိုသို့မဟုတ်လော။ တောင်ကြီးက သူ့ကိုယ်ပိုင်ဖြစ်တည်သည့် နည်းလမ်းအတိုင်း တည်ရှိနေကာ၊ တောင်ပေါ်တွင်ရှိသည့် သစ်ပင်များ၊ မြက်ပင်များနှင့်၊ အခြားအပင်များနှင့် တိရစ္ဆာန်များ အားလုံးကဲ့သို့သော မရေမတွက်နိုင်သည့် သက်ရှိသတ္တဝါများကို ထိုအပေါ်တွင် ရှင်သန်ကြီးထွားခွင့်ပေးသည်။ ယင်းက စမ်းချောင်းလေး၏ စီးဆင်းရာလမ်းကြောင်းကို ညွှန်ပြပေးသည်- တောင်ကြီးက စမ်းချောင်းထဲက ရေများကို စုဆောင်းပြီး၊ သူတို့ကို ပင်ခြေတဝိုက်တွင် သဘာဝကျကျ စီးဆင်းဖို့ လမ်းပြပေးကာ၊ ထိုနေရာမှ မြစ်ထဲနှင့် နောက်ဆုံးတွင် ပင်လယ်ထဲသို့ စီးဝင်စေမည် ဖြစ်သည်။ ဤစည်းမျဉ်းများမှာ သဘာဝအတိုင်း ပေါ်ပေါက်ခဲ့ခြင်း မဟုတ်ဘဲ၊ အထူးသဖြင့် ဖန်ဆင်းခြင်းအချိန်တွင် ဘုရားသခင်က နေရာတကျ ထားရှိခဲ့ခြင်း ဖြစ်သည်။ တောင်ကြီးနှင့် လေကြမ်းကြီးဆိုလျှင် တောင်ကြီးကလည်း လေကို လိုအပ်သည်။ တောင်ပေါ်တွင် နေထိုင်သည့် သက်ရှိသတ္တဝါများကို ကြင်နာစွာ ထိတွေ့ဖို့ တောင်က လေကို လိုအပ်သကဲ့သို့၊ တစ်ချိန်တည်းတွင် လေကြမ်းကြီးက လက်လွတ်စပယ် မတိုက်ခတ်ဖို့ရန်အတွက် ယင်း၏ပြင်းအားကို ကန့်သတ်ထားလေသည်။ ဤစည်းမျဉ်းက တောင်ကြီး၏တာဝန်ကို အတိုင်းအတာတစ်ခုထိ ပုံဖော်သည်။ ထိုသို့ဆိုလျှင် တောင်ကြီး၏တာဝန်နှင့် သက်ဆိုင်သည့် ဤစည်းမျဉ်းမှာ သူ့ဘာသာ ပုံစံပေါ်လာခဲ့ခြင်းလော။ (မဟုတ်ပါ။) ယင်းကို ဘုရားသခင်က ဖန်တီးခဲ့ခြင်း ဖြစ်သည်။ တောင်ကြီးတွင် သူ့တာဝန်ရှိသလို လေကြမ်းကြီးတွင်လည်း သူ့တာဝန်ရှိသည်။ ယခု တောင်ကြီးနှင့် ဧရာမလှိုင်းလုံးကြီးအကြောင်းကို သွားကြစို့။ တောင်ကြီးသာ မရှိလျှင် ရေသည် စီးဆင်းဖို့ ဦးတည်ရာကို သူ့ဘာသာ ရှာတွေ့မည်လော။ (ရှာတွေ့မည်မဟုတ်ပါ။) ရေလျှံသွားမည်။ တောင်ကြီး၌ တောင်အနေနှင့် သူ့ကိုယ်ပိုင် တည်ရှိမှုဆိုင်ရာ တန်ဖိုးရှိပြီး၊ ပင်လယ်ကလည်း ပင်လယ်အနေနှင့် သူ့ကိုယ်ပိုင် တည်ရှိမှုဆိုင်ရာတန်ဖိုး ရှိသည်။ သို့သော်လည်း သူတို့ အတူတကွ ပုံမှန် တည်ရှိနေနိုင်ပြီး၊ တစ်ဦးနှင့်တစ်ဦး မနှောင့်ယှက်သည့် အခြေအနေများအောက်တွင် သူတို့သည်လည်း တစ်ဦးနှင့်တစ်ဦး ကန့်သတ်ပိတ်ပင်ထားကြသည်၊ တောင်ကြီးက ပင်လယ်ကို ကန့်သတ်ပိတ်ပင်သည့်အတွက် ရေမကြီးတော့ပါ၊ ထိုသို့ဖြင့် လူတို့၏ အိုးအိမ်များကို ကာကွယ်ပေးခြင်းနှင့် ပင်လယ်ကို ကန့်သတ် ပိတ်ပင်ခြင်းကလည်း ၎င်းကို ပင်လယ်ထဲတွင် နေထိုင်ကြသည့် သက်ရှိသတ္တဝါများကို ပြုစုပျိုးထောင်ရန်လည်း အခွင့်ပေးသည်။ ဤရှုခင်းက သူ့ဘာသာ ရုပ်လုံးပေါ်လာခဲ့သလော။ (မဟုတ်ပါ။) ၎င်းကိုလည်း ဘုရားသခင် ဖန်တီးခဲ့သည်။ ဘုရားသခင်က အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည့်အချိန်တွင် တောင်က မည်သည့်နေရာတွင် ရှိမည်၊ စမ်းချောင်းက မည်သည့်နေရာတွင် စီးဆင်းမည်၊ လေကြမ်းကြီးက မည်သည့်အရပ်မှ စတင် တိုက်ခတ်ပြီးနောက် မည်သည့်အရပ်ကို သွားမည်၊ ထို့ပြင် ဧရာမလှိုင်းလုံးကြီးများ မည်မျှလောက်ထိ မြင့်တက်သင့်သည် ဟူသည်တို့ကို သူက ကြိုတင်ပြဋ္ဌာန်းပြီးသား ဖြစ်သည်ကို ဤပုံရိပ်မှ ငါတို့မြင်ရလေသည်။ ဤအရာများအားလုံးတွင် ဘုရားသခင်၏ ရည်မှန်းချက်များနှင့် ရည်ရွယ်ချက်တို့ ပါဝင်ပြီးလျှင် ယင်းတို့မှာ ဘုရားသခင်၏ လုပ်ဆောင်ချက်များဖြစ်သည်။ ဘုရားသခင်၏ လုပ်ဆောင်ချက်များမှာ အရာခပ်သိမ်း၌ ပါရှိသည်ကို သင်တို့ ယခုမြင်နိုင်ပြီလော။ (မြင်နိုင်ပါပြီ။)

ဤအရာများကို ဆွေးနွေးရာတွင် ငါတို့၏ ရည်ရွယ်ချက်က အဘယ်နည်း။ ယင်းက အရာခပ်သိမ်းကို ဘုရားသခင် ဖန်ဆင်းခဲ့သည့် စည်းမျဉ်းများကို လူတို့အား လေ့လာစေဖို့လော။ ယင်းက နက္ခတ္တဗေဒနှင့် ပထဝီဝင်၌ စိတ်ဝင်စားလာစေရန် အားပေးဖို့လော။ (မဟုတ်ပါ။) သို့ဆိုလျှင် ယင်းမှာ အဘယ်နည်း။ ယင်းမှာ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို လူတို့အား နားလည်စေဖို့ဖြစ်သည်။ ဘုရားသခင်၏ လုပ်ဆောင်ချက်များထဲတွင် ဘုရားသခင်သည် အရာခပ်သိမ်း၏ အသက်အရင်းအမြစ် ဖြစ်ကြောင်းကို လူတို့က အတည်ပြုပြီး စိစစ်နိုင်မည်ဖြစ်သည်။ သင်ဤအရာကို နားလည်နိုင်လျှင် သင်သည် သင်၏စိတ်နှလုံးထဲတွင် ဘုရားသခင်၏နေရာကို အမှန်တကယ် ခိုင်မာစေနိုင်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင်၊ ကောင်းကင်၊ ကမ္ဘာမြေကြီးနှင့် အရာခပ်သိမ်း၏ ဖန်ဆင်းရှင် ဖြစ်သည်ကို သင် အတည်ပြုနိုင်လိမ့်မည်။ ထို့ကြောင့် ယင်းက အရာအားလုံး၏ စည်းမျဉ်းများကိုသိဖို့နှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သိဖို့ရန် သင်၏ ဘုရားသခင်အား နားလည်ခြင်းအတွက် အသုံးဝင်သလော။ (အသုံးဝင်ပါသည်။) မည်ကဲ့သို့ အသုံးဝင်သနည်း။ ပထမဦးစွာ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သင် နားလည်ပြီးသည့်အခါတွင် နက္ခတ္တဗေဒနှင့် ပထဝီဝင်ကို သင် စိတ်ဝင်စားနိုင်ဦးမည်လော။ ဘုရားသခင်သည် အရာခပ်သိမ်း၏ ဖန်ဆင်းရှင်ဖြစ်သည်ကို မယုံကြည်ဘဲ သံသယဝင်သူ၏ နှလုံးသား သင့်တွင် ရှိနိုင်ဦး မည်လော။ ဘုရားသခင်သည် အရာခပ်သိမ်း၏ ဖန်ဆင်းရှင် ဖြစ်သည်ကို သံသယနှင့် သုတေသနပညာရှင်၏ နှလုံးသား ရှိနိုင်ဦးမည်လော။ (မရှိနိုင်ပါ။) ဘုရားသခင်သည် အရာခပ်သိမ်း၏ ဖန်ဆင်းရှင်ဖြစ်သည်ကို သင် အတည်ပြုပြီး ဘုရားသခင့် ဖန်ဆင်းခြင်း၏ စည်းမျဉ်းများအချို့ကို နားလည်ပြီးသည့်အချိန်တွင် ဘုရားသခင်က အရာခပ်သိမ်းကို ထောက်ပံ့ကြောင်း သင့်စိတ်နှလုံး ထဲတွင် အမှန်တကယ် ယုံကြည်လိမ့်မည်လော။ (ယုံကြည်မည်။) ဤနေရာတွင် “ထောက်ပံ့ခြင်း” က သီးသန့်အဓိပ္ပာယ် ရှိသလော သို့မဟုတ် ၎င်း၏အသုံးအနှုန်းက တိကျသောအခြေအနေတစ်ခုကို ရည်ညွှန်းသလော။ “ဘုရားသခင်က အရာခပ်သိမ်းကို ထောက်ပံ့သည်” ဟူသည်မှာ အလွန်ကျယ်ပြန့်သည့် အဓိပ္ပါယ်နှင့် အတိုင်းအတာရှိသည့် စကားရပ်တစ်ခုဖြစ်သည်။ ဘုရားသခင်က လူတို့ကို ၎င်းတို့၏ နေ့စဉ် စားသောက်စရာမျှကိုသာ ထောက်ပံ့ပေးခြင်း မဟုတ်ပေ။ သူသည် လူတို့ မြင်နိုင်သည့် အရာများသာမက မမြင်နိုင်သည့် အရာများလည်း အပါအဝင် လူသားမျိုးနွယ် လိုအပ်သမျှကို ထောက်ပံ့ပေးသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် မရှိမဖြစ်လိုအပ်သည့် ဤသက်ရှိပတ်ဝန်းကျင်ကို ထိန်းသိမ်း၊ စီမံခန့်ခွဲပြီး အုပ်ချုပ်သည်။ ဆိုလိုသည်မှာ ရာသီဥတုတစ်ခုစီအတွက် လူသားမျိုးနွယ်က လိုအပ်သော မည်သည့်ပတ်ဝန်းကျင်ကိုမဆို ဘုရားသခင်က ပြင်ဆင်ထားပြီးသား ဖြစ်သည်။ ဘုရားသခင်က လေနှင့် အပူချိန်အမျိုးအစားကို လူသား၏ ရှင်သန်ရပ်တည်ရေးအတွက် သင့်တော်နိုင်ရန်လည်း စီမံခန့်ခွဲပေးသည်။ ဤအရာများကို ထိန်းချုပ်သည့် စည်းမျဉ်းများသည် သူတို့ဘာသာ သို့မဟုတ် ကြုံရာကျပန်း ဖြစ်ပေါ်လာခြင်း မဟုတ်ပါ။ ၎င်းတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သူ့လုပ်ဆောင်ချက်များ၏ ရလဒ်များပင် ဖြစ်သည်။ ဘုရားသခင်ကိုယ်တော်တိုင်မှာ ဤစည်းမျဉ်းများအားလုံး၏ အရင်းအမြစ်ဖြစ်ပြီး အရာအားလုံးတို့၏ အသက်အရင်းအမြစ် ဖြစ်သည်။ ယင်းကို သင် ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ ယင်းကို သင် မြင်နိုင်သည်ဖြစ်စေ၊ မမြင်နိုင်သည်ဖြစ်စေ၊ သို့မဟုတ် ယင်းကို သင် နားလည် နိုင်သည် ဖြစ်စေ၊ နားမလည်နိုင်သည်ဖြစ်စေ ဤအရာသည် အခြေခိုင်ပြီး မပြိုပျက်နိုင်သည့် အမှန်တရားတစ်ခုအဖြစ် ရပ်တည်သည်။

လူအများစုကြီးက သမ္မာကျမ်းစာထဲတွင် ပါဝင်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အလုပ်၌သာ ယုံကြည် ကြသည်ကို ငါသိသည်။ လူနည်းစုအတွက် ဘုရားသခင်က သူ၏ လုပ်ဆောင်ချက်များကို ဖော်ပြထားပြီး လူတို့အား သူ့ဖြစ်တည်မှု၏ တန်ဖိုးကို မြင်တွေ့ခွင့်ပြုထားလေသည်။ သူသည် ၎င်းတို့ကို သူ၏ အဆင့်အတန်းအား နားလည်ခြင်းအနည်းငယ်ကိုလည်း ရှိစေကာ သူ့တည်ရှိမှု၏ အမှန်တရားကို အတည်ပြုထားစေသည်။ သို့သော်လည်း နောက်ထပ်လူများစွာအတွက် ဘုရားသခင်က အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ပြီး အရာခပ်သိမ်းကို သူက စီမံခန့်ခွဲကာ ထောက်ပံ့နေသည်ဟူသည့်အချက်မှာ မရေမရာ သို့မဟုတ် မတိမကျသည့်ပုံပေါက်သည်။ ထိုကဲ့သို့သော လူတို့က သံသယ ဝင်တတ်သည့် သဘောထားကိုပင် ဆုပ်ကိုင်ထားကြနိုင်သည်။ ဤသဘောထားက သဘာဝလောကကြီး၏ နည်းဥပဒေသများသည် အလိုအလျောက် ဖြစ်ပေါ်ခဲ့ကြောင်းနှင့် သဘာဝတရား၏ အပြောင်းအလဲများ၊ အသွင်ကူးပြောင်းခြင်းများ၊ သဘာဝဖြစ်စဉ်များ နှင့် ယင်းကို အုပ်ချုပ်သည့် နည်းဥပဒေသများ ပင်လျှင် သူ့ဘာသာ သဘာဝတရားမှ ပေါ်ထွက်လာခဲ့သည်ဟု လူတို့ကို တစ်သမတ်တည်း ယုံကြည်သွားစေသည်။ လူတို့သည် သူတို့၏ စိတ်နှလုံးထဲတွင် အရာအားလုံးကို ဘုရားသခင်က မည်သို့ဖန်ဆင်းခဲ့ပြီး ၎င်းတို့ကို မည်သို့အုပ်ချုပ်ကြောင်း စိတ်ကူးမပေါက်နိုင်ကြပေ။ ဘုရားသခင်က အရာအားလုံးကို မည်သို့စီမံခန့်ခွဲပြီး ထောက်ပံ့သည်ကို သူတို့ နားမလည်နိုင်ကြပေ။ ဤအဆို၏ ကန့်သတ်မှုများအောက်တွင် လူတို့သည် ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အုပ်စိုးကာ ထောက်ပံ့ပေးသည်ကို မယုံကြည်နိုင်ကြပါ။ ယုံကြည်သည့်သူများပင်လျှင် ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ် နှင့် နိုင်ငံတော်ခေတ်တို့တိုင်အောင် သူတို့၏ ယုံကြည်မှု၌ အကန့်အသတ်ရှိကြသည်- သူတို့က လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့် သူ၏ ထောက်ပံ့ခြင်းများသည် သူ၏ အရွေးချယ်ခံလူများအတွက် သီးသန့် ဖြစ်သည်ဟု ယုံကြည်ကြသည်။ ဤသည်မှာ မြင်တွေ့ရန် ငါအစက်ဆုပ်ဆုံးအရာတစ်ခု ဖြစ်ပြီး၊ နာကျင်မှုများစွာ ဖြစ်စေသော အရာတစ်ခု ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်သည် ဘုရားသခင် ယူဆောင်လာသည့် အရာအားလုံးကို ခံစားပျော်မွေ့ ကြစဉ်မှာပင် သူတို့သည် သူလုပ်သမျှအားလုံးနှင့် သူတို့အား သူပေးသမျှအားလုံးကို ငြင်းပယ်နေကြသောကြောင့် ဖြစ်သည်။ လူတို့က ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ၎င်းတို့ကိုယ်ပိုင် သဘာဝစည်းမျဉ်းများနှင့် ၎င်းတို့ကိုယ်ပိုင် သဘာဝနည်း ဥပဒေသများက အုပ်ချုပ်ထားသည်၊ ထို့ပြင် ၎င်းတို့ကို စီမံခန့်ခွဲရန် အုပ်ချုပ်သူတစ်ဦးဦး သို့မဟုတ် ၎င်းတို့ကို ထောက်ပံ့ပြီး၊ ကာကွယ်စောင့်ရှောက်မည့် အရှင်သခင်တစ်ဦးဦး သူတို့တွင် မရှိပါဟုသာ ယုံကြည်ကြသည်။ သင်သည် ဘုရားသခင်ကို ယုံကြည်လျှင်ပင် ဤအရာများအားလုံးသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များဖြစ်သည်ဟု သင်ယုံကြည်မည်မဟုတ်ပါ။ စင်စစ် ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သူတိုင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်ခံသူတိုင်းနှင့် ဘုရားသခင် နောက်လိုက်သည့်သူတိုင်း အများဆုံး မကြာခဏလျစ်လျူရှုသည်ကို ခံရသည့် အရာများထဲက တစ်ခုဖြစ်သည်။ ထို့ကြောင့် ငါက သမ္မာကျမ်းစာ သို့မဟုတ် အမည်ခံ ဝိညာဉ်ဆိုင်ရာဝေါဟာရနှင့် မဆက်စပ်သည့် အရာတစ်ခုခုကို စတင်ဆွေးနွေးလိုက်သည်နှင့် တစ်ပြိုင်နက် လူတစ်ချို့က ပျင်းရိလာကြသည်၊ သို့မဟုတ် ပင်ပန်းလာကြသည်၊ သို့မဟုတ် စိတ်မသက်မသာပင် ဖြစ်လာကြသည်။ ငါ၏နှုတ်တော်ထွက်များက ဝိညာဉ်ရေးရာ လူများနှင့် ဝိညာဉ်ရေးရာ အရာများနှင့် အဆက်အစပ်ရှိပုံမရဟု သူတို့ခံစားကြသည်။ ၎င်းသည် ဆိုးဝါးသောအရာဖြစ်သည်။ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သိခြင်းနှင့် ပတ်သက်လာလျှင် ငါတို့သည် နက္ခတ္တဗေဒအကြောင်း မပြော၊ ပထဝီဝင် သို့မဟုတ် ဇီဝဗေဒကိုလည်း သုတေသန မလုပ်ကြသည့်တိုင် အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ငါတို့သိရမည်၊ အရာအားလုံးအတွက် သူ၏ထောက်ပံ့ခြင်းနှင့် သူသည် အရာအားလုံး၏ အရင်းအမြစ် ဖြစ်သည်ကို ငါတို့သိရမည်။ ဤသည်မှာ လိုအပ်သော သင်ခန်းစာတစ်ခုနှင့် မဖြစ်မနေ လေ့လာရမည့် သင်ခန်းစာဖြစ်သည်၊ ငါ၏နှုတ်တော်ထွက်များကို သင်တို့နားလည်ကြပြီဟု ငါယုံကြည်သည်။ နားလည်သလော။

အကြောင်းအရာနှင့် ဖော်ပြချက်ပုံစံ၌ အနည်းငယ် တစ်မူထူးခြားသော်လည်း၊ သူတို့ဖြစ်မြဲအတိုင်း အတော်အတန် ထူးခြားသည့် နည်းလမ်းအတိုင်း ပြောပြထားခြင်းဖြစ်သော ငါယခုပင်ပြောပြခဲ့သည့် ပုံဝတ္ထုနှစ်ခုတို့မှာ သင်တို့အား ပို၍နက်နဲသောအရာကို ရရှိပြီး လက်ခံရန် အကူအညီပေးဖို့အတွက် လွယ်ကူရှင်းလင်းသည့် ဘာသာစကားနှင့် ရိုးရှင်းသောနည်းလမ်းကို အသုံးပြုရန်အတွက် ငါ၏အားထုတ်မှု ဖြစ်ခဲ့သည်၊ ဤသည်မှာ ငါ၏ တစ်ခုတည်းသော ရည်မှန်းချက်ဖြစ်သည်။ ဤပုံဝတ္ထုလေးများနှင့် ၎င်းတို့ရေးဆွဲသည့် ပုံလွှာများထဲတွင် ဘုရားသခင်သည် အရာအားလုံးတို့အပေါ် အချုပ်အခြာအာဏာဖြစ်သည်ကို သင်တို့အား မြင်တွေ့ပြီး ယုံကြည်စေလိုသည်။ ဤပုံဝတ္ထုများကို ပြောပြရခြင်း၏ ရည်ရွယ်ချက်က ပုံဝတ္ထုတစ်ခု၏ ဘောင်ခတ်ထားသည့် ကန့်သတ်ချက်များအတွင်းတွင် ဘုရားသခင်၏ ကန့်သတ်၍ မရနိုင်သည့် လုပ်ဆောင်ချက်များကို သင်တို့အား မြင်တွေ့သိရှိခွင့် ပေးဖို့ ဖြစ်သည်။ သင်သည် အပြည့်အဝ သဘောပေါက်ပြီး သင်တို့အထဲတွင် ဤရလဒ်ကို ရရှိမည့်အချိန်နှင့် ပတ်သက်၍ ယင်းမှာ သင်တို့၏ ကိုယ်ပိုင်အတွေ့အကြုံများနှင့် သင်တို့၏ကိုယ်ပိုင် ကြိုးစားအားထုတ်မှုပေါ် မူတည်သည်။ သင်သည် သမ္မာတရားကို မီအောင်လိုက်ပြီး ဘုရားသခင်ကိုသိဖို့ ကြိုးစားနေသောသူတစ်ဦး ဖြစ်လျှင် ဤအရာများက ပို၍ပင် အားမာန်ပါသည့် သတိပေးချက်အဖြစ် အသုံးကျလိမ့်မည်။ ၎င်းတို့က သင့်ကို နက်နဲသော အမြင်ပွင့်ခြင်းတစ်ခု၊ သင်၏နားလည်ခြင်း၌ ရှင်းလင်းပြတ်သားမှုတစ်ခု သင့်ကို ချပေးလိမ့်မည်ဖြစ်ပြီး၊ ယင်းက အကွာအဝေးမရှိ၊ အမှားမရှိဖြစ်မည့် နီးကပ်ခြင်းနှင့်အတူ ဘုရားသခင်၏ အမှန်တကယ် လုပ်ဆောင်ချက်များနှင့် တဖြည်းဖြည်းနီးစပ်လာလိမ့်မည်၊ သို့သော်လည်း သင်သည် ဘုရားသခင်ကို သိအောင် ကြိုးစားသောသူ မဟုတ်လျှင် ဤပုံဝတ္ထုများသည် သင်တို့ကို မည်သည့်ထိခိုက်မှုမှ ပေးနိုင်မည် မဟုတ်ပါ။ ၎င်းတို့ကို ဖြစ်ရပ်မှန်များဟု သဘောထားလော့။

ဤပုံဝတ္ထုနှစ်ခုမှ သင်တို့ နားလည်မှုတစ်ခုခု ရရှိထားသလော။ ဦးစွာ ဤပုံဝတ္ထုနှစ်ပုဒ်သည် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ အလေးထားမှုအကြောင်း ငါတို့၏ ယခင်ဆွေးနွေးချက်နှင့် ကွာခြားနေသလော။ ပင်ကိုအားဖြင့် ဆက်နွှယ်မှုတစ်ခု ရှိသလော။ ဤပုံဝတ္ထုနှစ်ခုထဲတွင် ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့် လူသားမျိုးနွယ်အတွက် သူစီစဉ်သည့် အရာတိုင်းတွင် သူပေးသည့် မခြွင်းမချန် စာနာထောက်ထားမှုတို့ကို ငါတို့မြင်တွေ့ရသည်မှာ မှန်ကန်သလော။ ဘုရားသခင်ပြုလုပ်သည့် အရာတိုင်းနှင့် သူစဉ်းစားသည့်အရာတိုင်းသည် လူသားမျိုးနွယ်၏ ဖြစ်တည်မှုအကျိုးအတွက် ဖြစ်သည်ဟူသည်မှာ မှန်ကန်သလော။ (မှန်ကန်ပါသည်။) လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ စေ့စပ်သေချာသည့် အတွေးနှင့် စာနာထောက်ထားမှုသည် အလွန်ထင်ရှားမြင်သာသည် မဟုတ်လော။ လူသားမျိုးနွယ်သည် မည်သည့်အရာကိုမျှ လုပ်စရာမလိုပါ။ ဘုရားသခင်သည် လူသားများအတွက် လေကို ပြင်ဆင်ထားပြီးသားဖြစ်ရာ၊ သူတို့လုပ်စရာတစ်ခုတည်းက ၎င်းကို ရှုဖို့သာဖြစ်သည်။ သူတို့စားသုံးသော ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံများမှာ အဆင်သင့်ရနိုင်သည်။ မြောက်အရပ်မှ တောင်အရပ်၊ အရှေ့အရပ်မှ အနောက်အရပ် ဒေသတစ်ခုစီတွင် သဘာဝသယံဇာတများ ကိုယ်စီရှိကြသည်။ အမျိုးမျိုးသော ဒေသအလိုက် ကောက်ပဲသီးနှံများ၊ သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များ အားလုံးကို ဘုရားသခင်က ပြင်ဆင် ထားသည်။ ပိုမိုကြီးမားသည့် ပတ်ဝန်းကျင်တွင်၊ ဘုရားသခင်က အရာအားလုံးကို အပြန်အလှန် အားဖြည့်စေပြီး၊ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ဖြစ်စေသည်၊ အပြန်အလှန် ခွန်အားပေးပြီး၊ အပြန်အလှန် ချေဖျက်ကာ၊ အတူယှဉ်တွဲနေထိုင်စေသည်။ ဤသည်မှာ အရာအားလုံး၏ ဖြစ်တည်မှုနှင့် ရှင်သန်ရပ်တည်မှုကို ထိန်းချုပ်ထားသည့် သူ၏ နည်းစနစ်နှင့် စည်းမျဉ်းတို့ဖြစ်သည်။ ဤနည်းအားဖြင့် လူသားမျိုးနွယ်သည် ယနေ့ထက်ထိပင် မျိုးဆက်တစ်ခုမှ နောက်မျိုးဆက်တစ်ခုအထိ ပေါက်ဖွားရန်အတွက် ဤသက်ရှိ ပတ်ဝန်းကျင်အတွင်း၌ လုံခြုံစွာနှင့် တည်ငြိမ်အေးချမ်းစွာ ရှင်သန် ကြီးထွားလာနိုင်ကြသည်။ တစ်နည်းအားဖြင့် ဘုရားသခင်က သဘာဝပတ်ဝန်းကျင်ကို ဟန်ချက်ညီအောင် ပြုလုပ်ပေးခြင်း ဖြစ်သည်။ ဘုရားသခင်၌ အချုပ်အခြာအာဏာနှင့် ထိန်းချုပ်မှုသာ မရှိခဲ့လျှင် သဘာဝပတ်ဝန်းကျင်သည် ဘုရားသခင်၏ ဖန်ဆင်းခဲ့ခြင်းပင် ဖြစ်လင့်ကစား ထိန်းသိမ်းပြီး ဟန်ချက်ညီအောင် မည်သူမျှ၏ အစွမ်းအစဖြင့် လုပ်နိုင်မည် မဟုတ်ပါ။ တစ်ချို့နေရာတွင် လေမရှိသည့်အတွက် ထိုကဲ့သို့သော နေရာများတွင် လူသားမျိုးနွယ်က ဆက်လက်မရှင်သန်နိုင်ကြပါ။ ဘုရားသခင်က သင့်ကို ထိုနေရာများသို့သွားရန် ခွင့်ပြုလိမ့်မည်မဟုတ်ပါ။ ထို့ကြောင့် သင့်တော်သော အကန့်အသတ်ဘောင်ကို ကျော်၍မသွားနှင့်။ ဤသည်မှာ လူသားမျိုးနွယ်၏ အကာအကွယ်အတွက်ဖြစ်ပြီး၊ ထိုအထဲ၌ လျှို့ဝှက်ဆန်းကြယ်မှုများ ရှိသည်။ သဘာဝ ပတ်ဝန်းကျင်၏ သွင်ပြင်လက္ခဏာတစ်ခုစီ၊ ကမ္ဘာကြီး၏ အလျားနှင့်အနံ၊ ကမ္ဘာပေါ်ရှိ သက်ရှိရောသက်မဲ့ပါ သတ္တဝါတိုင်းကို ဘုရားသခင်က ကြိုတင်၍ စိတ်ကူးကြံစည်ပြီး ပြင်ဆင် ထားခဲ့ခြင်းဖြစ်သည်။ ဤအရာက အဘယ်ကြောင့် လိုအပ်သနည်း။ ထိုအရာက အဘယ်ကြောင့် မလိုအပ်သနည်း။ ဤအရာကို ဤနေရာ၌ ထားရှိရသည့် ရည်ရွယ်ချက်က မည်သည့်အရာဖြစ်ပြီး ၎င်းက အဘယ်ကြောင့် ထိုနေရာကို သွားသင့်သနည်း။ ဤမေးခွန်းများ အားလုံးကို ဘုရားသခင်က ခြေသိမ်းခေါင်းပိုက် စဉ်းစား ပြီးသားဖြစ်ပြီး၊ လူတို့အနေဖြင့် ၎င်းတို့အကြောင်းကို စဉ်းစားဖို့မလိုပါ။ တောင်များကိုရွှေ့ဖို့ အမြဲစဉ်းစားသည့် လူမိုက် တချို့ရှိသည်၊ သို့သော် ထိုသို့ပြုမည့်အစား မြေပြန့်ဒေသကို အဘယ်ကြောင့် ပြောင်းမသွားကြသနည်း။ တောင်များကို သင်မကြိုက်လျှင် သူတို့နားတွင် သင် အဘယ်ကြောင့်နေရသနည်း။ ၎င်းသည် ရူးမိုက်ရာ မကျသလော။ ထိုတောင်ကို သင် ရွှေ့လိုက်မည်ဆိုလျှင် မည်သို့ ဖြစ်လာမည်နည်း။ ဟာရီကိန်း မုန်တိုင်းများနှင့် ဧရာမလှိုင်းလုံးကြီးများ လာပြီး၊ လူတို့၏ အိုးအိမ်များမှာ ဖျက်ဆီးခံရမည်။ ဤသည်မှာ မိုက်မဲမှု မဟုတ်သလော။ လူတို့သည် ဖျက်ဆီးခြင်းသာ တတ်နိုင်ကြသည်။ သူနေထိုင်ရမည့် တစ်ခုတည်းသော နေရာကိုပင် သူတို့ မထိန်းသိမ်းနိုင်ဘဲလျက်နှင့် သူတို့က အရာခပ်သိမ်းကို စီမံ ပြုလုပ်ချင်ကြသေးသည်။ ဤအရာမှာ မဖြစ်နိုင်ပါ။

ဘုရားသခင်က အရာအားလုံးကို စီမံခန့်ခွဲဖို့နှင့် ၎င်းတို့အပေါ် အုပ်စိုးမှုရှိဖို့ လူသားမျိုးနွယ်ကို ခွင့်ပြုထားသော်လည်း၊ လူသားက အလုပ်ကို ကောင်းစွာလုပ်၏လော။ လူသားသည် သူဖျက်ဆီး နိုင်သမျှကို ဖျက်ဆီးတတ်သည်၊ သူသည် ဘုရားသခင်က သူ့အတွက် ပြုလုပ်ခဲ့သည့် အရာတိုင်းကို ၎င်း၏ နဂိုအနေအထားအတိုင်း လုံးဝ မထိန်းသိမ်းနိုင်ပေ၊ သူက ပြောင်းပြန်ဖြစ်အောင် ပြုလုပ်ပြီး ဘုရားသခင်၏ ဖန်ဆင်းခြင်းကို ဖျက်ဆီးခဲ့သည်။ လူသားမျိုးနွယ်က တောင်များကို ရွှေ့ခဲ့ကြသည်၊ ပင်လယ်များမှနေ၍ မြေကို ပြန်သိမ်းခဲ့ကြပြီး၊ မြေပြန့်လွင်ပြင်များကို မည်သူမှ မနေနိုင်သည့် ကန္တာရများအဖြစ် ပြောင်းလဲခဲ့ကြသည်။ သို့တိုင် လူက စက်ရုံများ ပြုလုပ်ထားပြီး နျူကလီးယား အခြေစိုက်စခန်းများကို ဆောက်လုပ်ကာ ဖျက်ဆီးခြင်းကို နေရာအနှံ့ စိုက်ပျိုးကြသည်မှာ ကန္တာရထဲ၌ပင် ဖြစ်သည်။ ယခုတွင် မြစ်များမှာ မြစ်နှင့်မတူတော့၊ ပင်လယ်က ပင်လယ်နှင့် မတူတော့ပါ...လူသားမျိုးနွယ်က သဘာဝပတ်ဝန်းကျင်၏ ဟန်ချက်ညီမျှမှုနှင့် ယင်း၏ စည်းမျဉ်းများကို ချိုးဖောက်ထားပြီးသည်နှင့်တစ်ပြိုင်နက် သူ၏ ကပ်ဆိုက်မည့်နေ့နှင့် သေခြင်းသည် မဝေးတော့ပါ။ ၎င်းကို ရှောင်လွှဲ၍မရပါ။ လူသားမျိုးနွယ်သည် ဘေးအန္တရာယ် ကျရောက် လာသောအခါ ဘုရားသခင်က သူ့အတွက် ပြုလုပ်ထားသည့် အရာတိုင်း၏ အဖိုးတန်မှုနှင့် ၎င်းက လူသားမျိုးနွယ်အတွက် မည်မျှအရေးပါသည်တို့ကို သိနားလည်လိမ့်မည်။ လူသားအတွက် သူ့အချိန်နှင့်သူ လေနှင့်မိုးတို့လာတတ်သည့် ပတ်ဝန်းကျင်တစ်ခုတွင် နေထိုင်ရခြင်းမှာ ပရဒိသုဘုံ၌ နေထိုင်ရသကဲ့သို့ဖြစ်သည်။ လူတို့က ဤအရာကို ကောင်းချီးတစ်ပါးဖြစ်ကြောင်း သဘောမပေါက်ကြပေ၊ သို့သော် ၎င်းတို့အားလုံးကို သူတို့ဆုံးရှုံးရသည့်အချိန်တွင် ၎င်းသည် အဘယ်မျှ ကြုံတောင့်ကြုံခဲဖြစ်ပြီး အဖိုးတန်သည်ကို သူတို့ သိမြင်လိမ့်မည်။ ထို့ပြင် ယင်းက မရှိတော့သည်နှင့် သူတို့ ယင်းကို မည်သို့ပြန်ရယူမည်နည်း။ ဘုရားသခင်က ယင်းကို နောက်ထပ် ဖန်ဆင်းရန် ဆန္ဒမရှိတော့လျှင် လူတို့က မည်သည့်အရာ ပြုလုပ်နိုင်မည်နည်း။ သင်တို့ လုပ်နိုင်သည့်အရာ တစ်စုံတစ်ခု ရှိသလော။ အမှန်မှာမူ သင်တို့ လုပ်နိုင်သည့်အရာ တစ်ခုရှိသည်။ ၎င်းက အရမ်းရိုးရှင်းပြီး၊ ၎င်းမှာ မည်သည့်အရာဖြစ်သည်ကို သင်တို့အား ငါပြောပြသောအခါ ယင်းက ဖြစ်နိုင်ကြောင်း သင်တို့ ချက်ချင်းသိလိမ့်မည်။ လူသားသည် သူ၏လက်ရှိ ဖြစ်တည်မှုအခြေအနေထဲတွင် ရောက်ရှိနေသည်မှာ အဘယ်သို့နည်း။ ယင်းက သူ၏ လောဘနှင့် ဖျက်ဆီးမှုများ ကြောင့်လော။ လူသားက ဤဖျက်ဆီးမှုကို အဆုံးသတ်လျှင် သူ၏ သက်ရှိပတ်ဝန်းကျင်သည် သူ့ဘာသာ တဖြည်းဖြည်း ကောင်းမွန် လာလိမ့်မည်လော။ ဘုရားသခင်သည် မည်သည့် အရာကိုမျှ မလုပ်ပါက၊ ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် တစ်ခုခု လုပ်ပေးဖို့ ဆန္ဒမရှိတော့ပါက၊ ဆိုလိုသည်မှာ သူက ဤကိစ္စတွင် ကြားဝင်မစွက်ပါက လူသားမျိုးနွယ်အတွက် အကောင်းဆုံး နည်းလမ်းမှာ ဤဖျက်ဆီးမှုအလုံးစုံကို ရပ်တန့်ရန်နှင့် သူတို့၏ နေထိုင်ရာပတ်ဝန်းကျင်ကို ၎င်း၏နဂိုအခြေအနေသို့ ပြန်ရောက် စေခွင့်ပြုရန်ပင် ဖြစ်လိမ့်မည်။ ဤဖျက်ဆီးမှုအလုံးစုံကို အဆုံးသတ်ခြင်းဆိုသည်မှာ ဘုရားသခင် ဖန်ဆင်းထားခဲ့သည့် အရာများအား အဓမ္မလုယက်ခြင်းနှင့် အကြီးအကျယ် ဖျက်ဆီးခြင်းအား အဆုံးသတ်လိုက်ခြင်းကို ဆိုလိုသည်။ ထိုသို့ပြုခြင်းက လူသားနေထိုင်သည့် ပတ်ဝန်းကျင်ကို တဖြည်းဖြည်း ပြန်ကျန်းမာလာခွင့် ပေးမည်ဖြစ်ပြီး၊ ထိုသို့ မလုပ်နိုင်ခြင်းသည် အသက်ရှင်သန်မှုအတွက် ယင်း၏ပျက်စီးခြင်းက အချိန်နှင့်အမျှ မြန်ဆန်သွားမည်ဖြစ်သည့် ပို၍ပင် စက်ဆုပ်ဖွယ်ကောင်းသော ပတ်ဝန်းကျင်အဖြစ်သို့ အကျိုးဆက် ပေါ်လာမည်ဖြစ်သည်။ ငါ၏နည်းလမ်းက ရိုးရှင်းသလော။ ယင်းက ရိုးရှင်းပြီး ဖြစ်နိုင်သည် မဟုတ်သလော။ အမှန်တကယ် ရိုးရှင်းပြီး လူတစ်ချို့အတွက် ဖြစ်နိုင်ခြေရှိသော်လည်း၊ ကမ္ဘာပေါ်က လူအများစုကြီးအတွက် ဖြစ်နိုင်ခြေရှိသလော။ (ဖြစ်နိုင်ခြေမရှိပါ။) အနည်းဆုံး သင်တို့အတွက် ဖြစ်နိုင်ခြေရှိသလော။ (ရှိပါသည်။) သင်တို့ကို “ရှိပါသည်” ဟု ပြောစေသည်မှာ အဘယ်အရာနည်း။ ယင်းက ဘုရားသခင်၏ လုပ်ဆောင်ချက်များကို နားလည်မှု၏ အခြေခံအုတ်မြစ်မှ လာခြင်းဖြစ်သည်ဟု ပြောနိုင်သလော။ ယင်း၏ အနေအထားမှာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်အား နာခံခြင်းဖြစ်သည်ဟု ပြောနိုင်သလော။ (ပြောနိုင်ပါသည်။) အမှုအရာများကို ပြောင်းလဲဖို့ နည်းလမ်းတစ်ခုရှိသည်၊ သို့သော် ၎င်းက ငါတို့ ယခု ဆွေးနွေးနေကြသည့် အကြောင်းအရာမဟုတ်ပါ။ ဘုရားသခင်သည် လူ့ဘဝ တစ်ခုစီတိုင်းအတွက် တာဝန်ရှိပြီး၊ တကယ့်အဆုံးသတ်အထိ သူကတာဝန်ရှိသည်။ ဘုရားသခင်က သင့်ကို ထောက်ပံ့ပေးပြီး၊ စာတန်ဖျက်ဆီးခဲ့သည့် ဤပတ်ဝန်းကျင် ထဲတွင် သင်သည် နေမကောင်းဖြစ်စေခြင်း၊ သို့မဟုတ် ညစ်ညမ်းစေခြင်း သို့မဟုတ် ချိုးဖောက်ထိပါးခြင်း ခံနေရလျှင်ပင် ကိစ္စမရှိပေ၊ ဘုရားသခင်က သင့်ကို ကြည့်ရှုစောင့်ရှောက်ပြီး သင့်ကို ဆက်လက်အသက်ရှင်ခွင့် ပေးလိမ့်မည်။ ဤအရာ၌ သင်ယုံကြည်မှု ရှိသင့်သည်။ ဘုရားသခင်သည် လူသားတစ်ဦးကို ပေါ့ပေါ့တန်တန် သေဖို့ အခွင့် ပေးမည် မဟုတ်ချေ။

ယခုတွင် “ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏” ဟူသည်ကို အသိအမှတ်ပြုခြင်း၏ အရေးပါမှုမျိုးကို သင်တို့ ခံစားမိလာကြပြီလော။ (ကျွန်ုပ်တို့ ခံစားမိပါပြီ။) သင်တို့၌ မည်သည့်ခံစားမှုများ ရှိသနည်း။ ငါ့အားပြောလော့။ (ယခင်က ကျွန်ုပ်တို့သည် တောင်များ၊ ပင်လယ်များနှင့် ရေကန်များကို ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့် လုံးဝ ဆက်စပ် မတွေးမိခဲ့ကြပါ။ ဤအရာများမှာ၊ ၎င်းတို့အတွင်း၌ ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့် ဉာဏ်ပညာရှိကြောင်း ယနေ့ ဘုရားသခင်၏ မိတ်သဟာယပြုချက်ကို ကြားနာရသည့်အချိန်အထိ ကျွန်ုပ်တို့ နားမလည်ခဲ့ပါ။ ဘုရားသခင်သည် အရာခပ်သိမ်းကို စတင် ဖန်ဆင်းခဲ့သည့် အချိန်၌ပင်၊ သူသည် အရာတစ်ခုစီကို ကံကြမ္မာ တစ်ခုနှင့် သူ့စေတနာတို့ဖြင့် ပြည့်ဝစေခဲ့ပြီးဖြစ်ကြောင်း ကျွန်ုပ်တို့ တွေ့ရသည်။ အရာခပ်သိမ်းသည် အပြန်အလှန် အားဖြည့်နေပြီး၊ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ဖြစ်နေကာ၊ လူသားမျိုးနွယ်မှာ အဆုံးစွန် အကျိုးခံစားရသူများ ဖြစ်သည်။ ကျွန်ုပ်တို့ ယနေ့ ကြားနာခဲ့ရသည့် အရာက အလွန်ပင် လန်းဆန်း တက်ကြွစရာကောင်းပြီး ဆန်းသစ်သည်၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များမှာ အဘယ်မျှလောက် တကယ်ရှိနေကြောင်းကို ကျွန်ုပ်တို့ ခံစားလိုက် ရသည်။ လက်တွေ့ကမ္ဘာတွင် ကျွန်ုပ်တို့၏ နေ့စဉ်ဘဝများနှင့် အရာခပ်သိမ်းနှင့် ကျွန်ုပ်တို့၏ တွေ့ကြုံမှုများထဲ၌ ဤအရာမှာ ထိုသို့ဖြစ်သည်ကို ကျွန်ုပ်တို့ တွေ့မြင်ရသည်။) သင်တို့ အမှန်တကယ် မြင်တွေ့သွားပြီ မဟုတ်လော။ ဘုရားသခင်က ကြံ့ခိုင်သော အခြေခံအုတ်မြစ်မရှိဘဲ လူသားမျိုးနွယ်ကို ကြည့်ရှုစောင့်ရှောက်မည် မဟုတ်ပါ။ သူ၏ထောက်ပံ့ခြင်းမှာ တိုတောင်းသော စကားလုံး အချို့မျှသာ မဟုတ်ပါ။ ဘုရားသခင်က မြောက်မြားစွာ ပြုလုပ်ခဲ့ပြီဖြစ်ပြီး၊ သင်မမြင်ရသည့် အရာများပင် သင့်ကောင်းကျိုး အတွက်ချည်း ဖြစ်သည်။ လူသားသည် သူ့အတွက် ဘုရားသခင် ဖန်ဆင်းခဲ့သည့် လူတို့နှင့် အရာခပ်သိမ်းက တစ်ခုနှင့်တစ်ခု အမှီသဟဲပြုနေကြရသော ဤပတ်ဝန်းကျင်၊ ဤအရာခပ်သိမ်းထဲတွင် နေထိုင်ရသည်။ ဥပမာအားဖြင့်၊ အပင်များက လေကို သန့်စင်ပေးသည့် ဓာတ်ငွေ့များကို ရှူရှိုက်ကြရပြီး၊ လူတို့က သန့်စင်ပြီးသားလေကို ရှုရှိုက်ပြီး ထိုမှ အကျိုးခံစားရသည်။ သို့တိုင် တချို့အပင်များမှာ လူသားများအတွက် အဆိပ်အတောက်ဖြစ်သည့် အချိန်၌ပင် အခြားအပင်များက အဆိပ်ရှိသော အပင်များကို ချေဖျက်ပေးသည်။ ဤသည်မှာ ဘုရားသခင့်ဖန်ဆင်းခြင်း၏ အံ့ဖွယ်ရာတစ်ခု ဖြစ်သည်တကား။ သို့သော် ဤအကြောင်းအရာကို လောလောဆယ် ချန်ထားကြစို့။ ယနေ့ ငါတို့၏ဆွေးနွေးချက်မှာ အဓိကအားဖြင့် လူသားနှင့် သူကင်းကွာ၍ မနေနိုင်သော ကျန်သည့် ဖန်ဆင်းခြင်းတို့၏ အတူယှဉ်တွဲနေထိုင်ခြင်း အကြောင်းပင် ဖြစ်သည်။ အရာခပ်သိမ်းကို ဘုရားသခင်ဖန်ဆင်းခြင်း၏ အရေးကြီးပုံက အဘယ်နည်း။ လူက အသက်ရှင်ဖို့ လေကို လိုအပ်သကဲ့သို့မျှပင် လူသည် ကျန်သည့်အရာများမရှိဘဲ အသက်မရှင်နိုင်ပါ၊ အကယ်၍ သင့်ကို လေဟာနယ်ထဲ ထားလိုက်မည်ဆိုလျှင်၊ သင်သည် မကြာခင် သေဆုံးသွားလိမ့်မည်။ ဤသည်မှာ လူသည် ကျန်သည့်ဖန်ဆင်းခြင်းတို့မှ တကွဲတပြားစီ အသက်မရှင်နိုင်ကြောင်း ပြသသည့် အလွန်ရိုးရှင်းသော နိယာမ ဖြစ်သည်။ ထို့ကြောင့် လူက အရာခပ်သိမ်းအပေါ် မည်သည့် သဘောထား ရှိသင့်သနည်း။ သူတို့ကို တန်ဖိုးထားသော သူသည် သူတို့ကို ကာကွယ်ပေးရမည်၊ သူတို့ကို အကျိုးများအောင် အသုံးပြုရမည်၊ သူတို့ကို မဖျက်ဆီးရပါ၊ သူတို့ကို မဖြုန်းတီးရပါ၊ ထို့ပြင် သူတို့ကို စိတ်ကူးပေါက်ရာ မပြောင်းလဲရပါ၊ အကြောင်းမှာ အရာခပ်သိမ်းသည် ဘုရားသခင်ထံမှ ဖြစ်သည်၊ အရာခပ်သိမ်းမှာ လူသားမျိုးနွယ်အတွက် သူ၏ ထောက်ပံ့ပေးခြင်း ဖြစ်ပြီး၊ လူသားမျိုးနွယ်က သူတို့ကို တာဝန်ကျေပွန်စွာ ဆက်ဆံရမည်။ ယနေ့ ဤအကြောင်းအရာနှစ်ခုကို ငါတို့ ဆွေးနွေးခဲ့ပြီးပြီ။ ၎င်းတို့ကို စေ့စေ့စပ်စပ် တွေးကြည့်ပြီး ကောင်းစွာ ဆင်ခြင်အာရုံပြုပါ။ နောက်တစ်ကြိမ်တွင် အကြောင်းအရာတစ်ချို့ကို ငါတို့ ပိုပြီး အသေးစိတ် ဆွေးနွေးကြမည်။ ယနေ့တွေ့ဆုံမှုမှာ ဤတွင် အဆုံးသတ်သည်။ နှုတ်ဆက်ပါသည်။

၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်

အရှေ့သို့- အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)

နောက်တစ်ခုသို့- အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၈)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။