၂ ကောင်းကင်နိုင်ငံတော်သီချင်း (၂)
ဘုရားသခင်လာရောက်စိုးစံပြီ
၁
ဤနှစ်သက်ဖွယ်သောအချိန်၊ ဤပျော်စရာကောင်းသော အချိန်တွင်၊
အထက်ကောင်းကင်နှင့် အောက်မြေကြီး၊ နေရာတိုင်း၌
ချီးမွမ်းခြင်း ထွက်ပေါ်လာသည်။ အဘယ်သူသည်
ဤအရာ၌ စိတ်မလှုပ်ရှားဘဲနေမည်နည်း။
အဘယ်သူ၏ စိတ်နှလုံးသည် ဤအရာ၌ မပေါ့ပါးဘဲ နေမည်နည်း။
အဘယ်သူသည် ဤမြင်ကွင်းတွင် မငိုကြွေးဘဲ နေမည်နည်း။
ကောင်းကင်သည် ရှေးက ကောင်းကင် မဟုတ်၊
ယခု နိုင်ငံတော်၏ကောင်းကင်ဖြစ်၏။
မြေကြီးသည် ယခင်မြေကြီး မဟုတ်၊ ယခု သန့်ရှင်းသောမြေ ဖြစ်၏။
မိုးသည်းထန်စွာ ရွာပြီးနောက်တွင်၊
ညစ်ညမ်းသော ကမ္ဘာဟောင်းသည် လုံးဝ အသစ်ပြုလုပ်ခြင်း ခံရ၏။
၂
တောင်များ ပြောင်းလဲနေသည်...ရေများ ပြောင်းလဲနေသည်...
လူတို့သည်လည်း ပြောင်းလဲနေသည်...အရာခပ်သိမ်း ပြောင်းလဲနေသည်...
အို အသင် ဆိတ်ငြိမ်သောတောင်တို့၊ ငါ့အတွက် ထကာ ကခုန်ကြလော့။
အို အသင် ငြိမ်သက်သော ရေတို့၊ လွတ်လပ်စွာ ဆက်လက်စီးဆင်းကြလော့။
အသင် အိပ်မက်မက်နေသော လူသားတို့၊
မိမိကိုယ်ကိုယ် နိုးထစေ၍ လိုက်ကြလော့။
ငါရောက်လာပြီ...ငါသည် ရှင်ဘုရင်ဖြစ်၏...
လူသားမျိုးနွယ် တစ်ရပ်လုံးသည် ၎င်းတို့မျက်လုံးများဖြင့်
ငါ၏မျက်နှာကို မြင်ကြလိမ့်မည်။
၎င်းတို့နားများဖြင့် ငါ၏ အသံကြားကြလိမ့်မည်။
နိုင်ငံတော် အသက်တာကို ၎င်းတို့ကိုယ်တိုင်အတွက် အသက်ရှင်ကြလိမ့်မည်...
ချိုသာပေစွ...နှစ်သက်ဖွယ်ဖြစ်ပေတကား...
မေ့မရနိုင်...မေ့လျော့ဖို့ မဖြစ်နိုင်...
၃
ငါ၏ အမျက်ဒေါသ လောင်ကျွမ်းမှုတွင်
အဆင်းနီသော နဂါးကြီး ရုန်းကန်၏။
ငါ၏ဘုန်းအာနုဘော်ဖြစ်သော တရားစီရင်ခြင်းတွင်
နတ်ဆိုးတို့သည် ၎င်းတို့၏ သဏ္ဌာန်အစစ်တို့ကို ပြကြ၏။
ငါ၏ ပြင်းထန်သော နှုတ်ကပတ်တော်တို့တွင် လူအားလုံး
အလွန် အရှက်ရကြပြီး မိမိတို့ကိုယ်ကိုယ် ကွယ်ဝှက်ရန် နေရာမရှိကြပေ။
၎င်းတို့သည် ငါ့ကို လှောင်ပြောင်ပြီး ပြက်ရယ်ပြုခဲ့ကြပုံ၊
အတိတ်ကို ပြန်သတိရကြ၏။
၎င်းတို့ မိမိကိုယ်ကိုယ် မကြွားဝါသည့်အချိန် လုံးဝ မရှိခဲ့၊
ငါ့ကို အာမခံသည့်အချိန် လုံးဝ မရှိခဲ့ပေ။
ယနေ့ အဘယ်သူ မငိုကြွေးသနည်း။ အဘယ်သူ နောင်တမရသနည်း။
စကြဝဠာလောကတစ်ခုလုံး ငိုကြွေးခြင်းဖြင့် ပြည့်၏။...
ဝမ်းမြောက်ခြင်း အသံများဖြင့် ပြည့်၏...ရယ်သံများဖြင့် ပြည့်၏...
နှိုင်းမရသော ဝမ်းမြောက်မှု...နှိုင်းယှဉ်စရာမရှိသည့် ဝမ်းမြောက်မှု...
၄
မိုးလေး တပေါက်ပေါက်ကျနေသည်...
တဖျပ်ဖျပ် ရစ်ဝဲကျနေသည့် ထူသော နှင်းပွင့်များ...
လူတို့အထဲတွင် ဝမ်းနည်းခြင်းနှင့် ဝမ်းမြောက်ခြင်း ရောနေလျက်...
အချို့ရယ်နေကြသည်... အချို့ရှိုက်ငိုနေကြသည်...
ပြီးလျှင် အချို့သြဘာပေးနေကြသည်...
အယောက်တိုင်း မေ့လျော့နေကြသည့်အလား...
ဤသည်မှာ မိုးနှင့် တိမ်တိုက်များ ဖုံးသည့် နွေဦးလား၊
ပန်းများ ပွင့်လန်းနေသော နွေလား၊
ကြွယ်ဝသည့် ရိတ်သိမ်းခြင်းများရှိသည့် ဆောင်းဦးလား၊
သို့မဟုတ် နှင်းခဲနှင့် ရေခဲတမျှ အေးစက်သည့်
ဆောင်းတစ်ခုလား၊ မည်သူမျှမသိ...
ကောင်းကင်တွင် တိမ်များလွင့်မျောနေကြသည်၊
မြေကြီးတွင် သမုဒ္ဒရာများ အနည်ထကြ၏။
သားတို့သည် ၎င်းတို့၏ လက်များ ဝှေ့ယမ်းပြကြ၏...
လူတို့ ကခုန်ခြင်းဖြင့် ၎င်းတို့၏ခြေထောက်များကို လှုပ်ကြ၏...
ကောင်းကင်တမန်တို့ အလုပ်လုပ်နေကြ၏...
ကောင်းကင်တမန်တို့ ထိန်းကျောင်းနေကြ၏...
မြေကြီးပေါ်ရှိ လူတို့သည် ပျားပန်းခပ်မျှ လှုပ်ရှားနေကြပြီး၊
မြေကြီးပေါ်ရှိ အရာခပ်သိမ်း ပွားများကြ၏။
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ကောင်းကင်နိုင်ငံတော်သီချင်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်