၁၃၄ ဘုရား၏အနှစ်သာရသည် မပြောင်းလဲနိုင်ကျူး
၁ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အနှစ်သာရသည် မပြောင်းလဲနိုင်ပေ။ သူ၏ နာမနှင့် အမှုတွင် ပြောင်းလဲခြင်းသည် သူ၏ အနှစ်သာရ ပြောင်းလဲသွားပြီဟု သက်သေမပြပေ။ တစ်နည်းအားဖြင့်၊ ဘုရားသခင်သည် အစဉ်အမြဲ ဘုရားသခင်ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ဤသည်မှာ မည်သည့်အခါမှ မပြောင်းလဲလိမ့်မည်မဟုတ်။ အကယ်၍ သင်က ဘုရားသခင်၏ အမှုသည် ပြောင်းလဲခြင်းမရှိဟု ဆိုပါက၊ သူသည် သူ၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ကို အပြီးသတ်နိုင်မည်လော။ ဘုရားသခင်သည် ထာဝရ ပြောင်းလဲခြင်းမရှိကြောင်းကိုသာ သင်သိသော်လည်း၊ ဘုရားသခင်သည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ မအိုဟောင်းသည်ကို သင်သိပါသလော။ ဘုရားသခင်၏ အမှုသည် မပြောင်းလဲပါက၊ သူသည် လူသားမျိုးနွယ်ကို မျက်မှောက်ခေတ်ထိ တစ်လျှောက်လုံး ဦးဆောင်လျှင် ဦးဆောင်နိုင်ခဲ့သည် မဟုတ်လော။ ဘုရားသခင်သည် မပြောင်းလဲနိုင်ပါက၊ သူ ခေတ်နှစ်ခေတ်၏ အမှုကို လုပ်ဆောင်နှင့်ပြီး ဖြစ်သည်မှာ အဘယ်ကြောင့် ဖြစ်သနည်း။ သူ၏ အမှုသည် ရှေ့ဆက်တိုးတက်ရန် မည်သည့်အခါမျှ ရပ်တန့်ခြင်းမရှိ၊ ယင်းမှာ သူ၏ စိတ်သဘောထားကို လူသားထံ တဖြည်းဖြည်း ထုတ်ဖော်ပြပြီး ထုတ်ဖော်ပြသည့်အရာမှာ သူ၏ ပင်ကို စိတ်သဘောထား ဖြစ်သည်ဟု ဆိုရပေမည်။
၂ အစဦးတွင် ဘုရားသခင်၏ စိတ်သဘောထားကို လူသားထံမှ ကွယ်ဝှက်ထားခဲ့သည်၊ သူသည် လူသားထံ သူ၏ စိတ်သဘောထားကို မည်သည့်အခါမျှ ပွင့်လင်းစွာ ထုတ်ဖော်မပြခဲ့သကဲ့သို့၊ လူသည် သူနှင့်သက်ဆိုင်သည့် အသိပညာ တကယ်ကို မရှိခဲ့ပေ။ ဤအရာကြောင့် သူသည် သူ၏ စိတ်သဘောထားကို လူသားကို တဖြည်းဖြည်း ထုတ်ဖော်ပြရန် သူ၏ အမှုကို အသုံးပြုသည်၊ သို့သော် ဤနည်းဖြင့် အမှုပြုခြင်းသည် ဘုရားသခင်၏ စိတ်သဘောထားက ခေတ်တိုင်းတွင် ပြောင်းလဲသည်ဟု မဆိုလိုပေ။ ယင်းမှာ သူ၏ အလိုသည် အမြဲ ပြောင်းလဲနေသောကြောင့်၊ ဘုရားသခင်၏ စိတ်သဘောထားသည် စဉ်ဆက်မပြတ် ပြောင်းလဲနေသည်ဟု မဆိုလိုပေ။ ယင်းထက်၊ သူ၏ အမှုနှင့်သက်ဆိုင်သည့် ခေတ်များ မတူကွဲပြားသောကြောင့်၊ လူသားက သူ့ကို သိနိုင်ဖို့အလို့ငှာ ဘုရားသခင်သည် သူ၏ပင်ကို စိတ်သဘောထားကို အလုံးစုံ ယူဆောင်ပြီး၊ တစ်ဆင့်ပြီးတဆင့် လူသားထံ ဖော်ထုတ်ပြပေသည်။ သို့သော်လည်း ဤသည်မှာ ဘုရားသခင်သည် မူလက မည်သည့် သီးသန့် စိတ်သဘောထားမျှ မရှိ သို့မဟုတ် ကုန်လွန်သည့် ခေတ်များနှင့်အတူ သူ၏ စိတ်သဘောထား တဖြည်းဖြည်း ပြောင်းလဲသည့် သက်သေ လုံးဝ မဟုတ်ပေ- ထိုသို့သော သိနားလည်မှုတစ်ခုသည် မှားယွင်းပေမည်။
၃ ဘုရားသခင်သည် သူ၏ ပင်ကိုဖြစ်ပြီး သီးသန့်ဖြစ်သော စိတ်သဘောထားကို- သူ၏ ဖြစ်ခြင်းကို— ခေတ်များ ကုန်လွန်သွားသည်နှင့်အညီ လူသားထံ ထုတ်ဖော်ပြသသည်။ ခေတ်တစ်ခေတ်၏ အမှုသည် ဘုရားသခင်၏ စိတ်သဘောထား တစ်ခုလုံးကို မဖော်ပြနိုင်ပေ။ သို့ဖြစ်ရာ “ဘုရားသခင်သည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ အိုဟောင်းခြင်းမရှိ။” ဆိုသည့် စကားများမှာ သူ၏ အမှုကို ရည်ညွှန်းပြီး “ဘုရားသခင်သည် ပြောင်းလဲခြင်းမရှိ” ဆိုသည့် စကားများမှာ ဘုရားသခင်၏ ပင်ကိုအားဖြင့် အရာအားလုံးနှင့် ဖြစ်ခြင်းကို ရည်ညွှန်းပေသည်။ မည်သို့ပင်ဖြစ်စေ၊ သင်သည် နှစ်ခြောက်ထောင်အမှုကို အချက်တစ်ခုပေါ် မတည်နိုင်ပေ သို့မဟုတ် အသက်မဲ့သော စကားလုံးများဖြင့် ယင်းကို ဘောင်မခတ်နိုင်ပေ။ ယင်းမှာ လူ၏ တုံးအမှုဖြစ်သည်။ ဘုရားသခင်သည် လူ စိတ်ကူးသလောက် ရိုးရှင်းခြင်း မရှိသကဲ့သို့၊ သူ၏ အမှုသည် မည်သည့် ခေတ်တစ်ခုတွင်မျှ စွဲကျန်မနေနိုင်ပေ။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်