ဘုရားသခင်၏ ဇာတိပကတိနှင့် ဝိညာဉ်တို့သည် အနှစ်သာရအားဖြင့် ထပ်တူဖြစ်၏
ဘုရားသခင်၏ဝိညာဉ်တော် ယူတင်ဝတ်ဆင်သော ဇာတိပကတိမှာ သူ၏ကိုယ်ပိုင်ဖြစ်၏။
ကိုယ်တော်၏ဝိညာဉ်တော်သည် အထွတ်အထိပ်၊
အနန္တတန်ခိုး၊ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းဖြစ်သည့်နည်းတူ၊
ဘုရားသခင်ကိုယ်တော်တိုင်၏ ဇာတိပကတိမှာလည်း ထို့နည်းတူဖြစ်၏။
၁
ဤဇာတိပကတိသည် ဖြောင့်မတ်သော၊ လူသားကိုအကျိုးပြုသောအရာ၊
သန့်ရှင်းသော၊ ဘုန်းထင်ရှားစေပြီး ကြီးမြတ်သောအရာတို့သာ ပြုနိုင်၏၊
သမ္မာတရား၊ တရားမျှတခြင်း၊ အကျင့်စာရိတ္တတို့ကို ချိုးဖောက်သောအရာ၊
သို့မဟုတ် ဘုရားသခင်၏ဝိညာဉ်တော်ကို သစ္စာဖောက်သောအရာတို့ကို မပြုနိုင်ရာ။
ဘုရားသခင်၏ဝိညာဉ်တော်သည် သန့်ရှင်းခြင်းကြောင့် ကိုယ်တော်၏ဇာတိပကတိသည် ဖောက်ပြန်ပျက်စီးခြင်း မခံနိုင်ရာ။
ကိုယ်တော့်ဇာတိပကတိ၏အနှစ်သာရသည် လူသား၏အနှစ်သာရနှင့် မတူညီပေ။
ဘုရားသခင်၏ဝိညာဉ်တော် ယူတင်ဝတ်ဆင်သော ဇာတိပကတိမှာ သူ၏ကိုယ်ပိုင်ဖြစ်၏။
ကိုယ်တော်၏ဝိညာဉ်တော်သည် အထွတ်အထိပ်၊
အနန္တတန်ခိုး၊ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းဖြစ်သည့်နည်းတူ၊
ဘုရားသခင်ကိုယ်တော်တိုင်၏ ဇာတိပကတိမှာလည်း ထို့နည်းတူဖြစ်၏။
၂
စာတန်သည် လူသားကို ဖျက်ဆီးနိုင်သော်လည်း ဘုရားသခင်၏ဇာတိပကတိကို ဘယ်သောအခါမျှ မဖျက်ဆီးနိုင်ရာ။
ထို့ကြောင့် လူသားနှင့် ခရစ်တော်တို့သည် တစ်နေရာတည်း၌ ကို အတူရှိကြသော်လည်း၊
လူသားသည်သာ စာတန်၏ကြီးစိုးခြင်း၊ အသုံးပြုခြင်းနှင့် ချုပ်နှောင်ခြင်းကို ခံရစဉ်
ခရစ်တော်သည် ၎င်း၏ဖောက်ပြန်ပျက်စီးခြင်းနှင့် ကင်းရှင်း၏။
အကြောင်းမှာ စာတန်သည် အမြင့်ဆုံးသောနေရာသို့ မတက်နိုင်ဘဲ
ဘုရားသခင်၏ထံပါးသို့ အဘယ်အခါမျှ နီးကပ်နိုင်မည် မဟုတ်ခြင်းကြောင့်ပေတည်း။
ဘုရားသခင်၏ဝိညာဉ်တော် ယူတင်ဝတ်ဆင်သော ဇာတိပကတိမှာ သူ၏ကိုယ်ပိုင်ဖြစ်၏။
ကိုယ်တော်၏ဝိညာဉ်တော်သည် အထွတ်အထိပ်၊
အနန္တတန်ခိုး၊ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းဖြစ်သည့်နည်းတူ၊
ဘုရားသခင်ကိုယ်တော်တိုင်၏ ဇာတိပကတိမှာလည်း ထို့နည်းတူဖြစ်၏။
ဘုရားသခင်ကိုယ်တော်တိုင်၏ ဇာတိပကတိမှာလည်း ထို့နည်းတူဖြစ်၏။
၃

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဆိုးရွားလှသော ပြဿနာ- သစ္စာဖောက်ခြင်း (၂)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။