မေးခွန်း (၂) တို့ကတော့ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟာ ကောင်းကင်ဘုံမှာလား၊ ကမ္ဘာပေါ်မှာလား ဆိုတာကို ခုထိ မဆုံးဖြတ်နိုင်သေးဘူး။ တစ်ချိန်တုန်းက သခင်ယေရှု အကြိမ်ကြိမ် ပြောခဲ့တာကတော့ "ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ" "ကောင်းကင်နိုင်ငံတော်သည် လာချေပြီ"တဲ့ ကောင်းကင်နိုင်ငံတော်ဆိုမှတော့ ဒါဟာ ကောင်းကင် ထက်မှာပဲ ရှိသင့်တာပေါ့၊ ဘယ်လိုလုပ်ကမ္ဘာပေါ်မှာဖြစ်နိုင်မှာလဲ။

အဖြေ- 'ကောင်းကင်ဘုံ' ဆိုတာ ဘုရားသခင်ကိုပဲ အမြဲတမ်း ရည်ညွှန်းတယ် ဆိုတာကိုတော့ သေချာသဘောပေါက်သင့်ပါတယ်။ ဒါကြောင့် 'ကောင်းကင်နိုင်ငံတော်' ဆိုတာ ဘုရားသခင်ရဲ့ နိုင်ငံတော်ကို သိသိသာသာ ဆိုလိုတာပဲ။ ဗျာဒိတ်ကျမ်းမှာ ပြောထား တာက- "ဘုရားသခင်၏ တဲတော်သည် လူတို့တွင်ရှိ၏ လောကီနိုင်ငံ သည် ငါတို့အရှင်၏ နိုင်ငံဖြစ်လေပြီ၊ ထိုအရှင်၏ ခရစ်တော်နိုင်ငံ ဖြစ်လေပြီ။" တဲ့။ ဒီအဓိပ္ပါယ်က ဘုရားသခင်ရဲ့ နိုင်ငံတော်ဟာ ကမ္ဘာပေါ်မှာ တည်ထောင်မယ်။ နောက်ဆုံးမှာကမ္ဘာပေါ်က လောကီ နိုင်ငံတွေဟာ ဘုရားသခင်ရဲ့နိုင်ငံတော် ဖြစ်လာမယ်လို့ ဆိုလိုတာပဲ။ ကမ္ဘာဟောင်းကို ကပ်ဘေးဒဏ်ကြီးတွေနဲ့ ဖျက်သိမ်းပြီး တဲ့အခါ၊ အနှစ်တစ်ထောင် နိုင်ငံတော်ပေါ်ထွန်းလာလိမ့်မယ်။ လောကီ နိုင်ငံတွေဟာ တို့တွေရဲ့သခင်နဲ့ ခရစ်တော်ရဲ့ နိုင်ငံတော်တွေ ဖြစ်လာ ကြလိမ့်မယ်။ ဘုရားသခင်ရဲ့ အလိုတော်ဟာလည်း ကောင်းကင်ဘုံမှာ ပြည့်စုံသလို၊ ကမ္ဘာပေါ်မှာပါ ပြည့်စုံလိမ့်မယ်။ ဒါက ယေရုရှလင် မြို့သစ်ဟာ ကမ္ဘာပေါ်ကို ရောက်ရှိလာလိမ့်မယ် ဆိုတဲ့ အနာဂတ္တိ စကားကို ပြည့်စုံစေလိမ့်မယ်။ ဘုရားသခင်ဟာ လူ့ဇာတိခံယူ ပြီးပါပြီ...အမှောင်နဲ့ဆိုးယုတ်တဲ့မျိုးဆက်ကိုအဆုံးသတ်ဖို့အတွက် နောက်ဆုံးသောကာလရဲ့ တရားစီရင်ခြင်းအမှုကို ဆောင်ရွက်နေ ပါတယ်။ ဘုရားသခင်ရဲ့ အသံတော်ကိုကြားပြီး၊ ပလ္လင်တော်ရှေ့ ချီဆောင် ခံရသူအားလုံးဟာ အောင်မြင်သူတွေ အဖြစ်ပြည့်စုံလာကြ မှာပါ။ အဲဒီနောက်မှာ ကပ်ဘေးကြီးတွေ ဆိုက်လိမ့်မယ်။ နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့ အမှုတော်အားဖြင့် သန့်စင်ခြင်း ကယ်တင်ခြင်း ခံထားရသူတွေသာ အသက်ရှင် ကျန်ရစ် ကြလိမ့်မယ်။ ပြီးရင်သူတို့ဟာ ဘုရားသခင်ရဲ့ နိုင်ငံတော်သားတွေ ဖြစ်လာကြလိမ့်မယ်။ ကျွန်မတို့အနေနဲ့ နောက်ဆုံးသောကာလမှာ ပြုမယ့် ဘုရားသခင်ရဲ့အမှုတော်ကို ဒီအချိန်မှာ လက်ခံနိုင်ကြတာဟာ အကြီးမားဆုံးသော မင်္ဂလာ ပါပဲ။ တို့တွေဟာ ဘုရားသခင်ရဲ့ အသံတော်ကို ကြားနာရပြီး သူ့ရဲ့ပလ္လင်တော်ရှေ့မှာ ချီဆောင်ခံရမှာမို့ ကိုယ်တော့်ရဲ့ တရားစီရင်ခြင်းနဲ့ သူ့နှုတ်ကပတ်တော်တွေရဲ့ ပြစ်တင်ဆုံးမမှုတွေ အားဖြင့် စင်ကြယ်မှုတွေရမှာမို့ ကပ်ဘေး ဒဏ်ကြီးကို အောင်မြင်သူတွေဖြစ်ပြီး၊ ဘုရားသခင်ပိုင်ဆိုင်တဲ့ အဦးသီးတွေ ဖြစ်ကြမှာမို့ သိပ်ကံကောင်းတာပဲ။ ပြီးရင်တော့ ဘုရားသခင်ဟာ ကပ်ဘေးကြီးတွေကို ဖြစ်စေလိမ့်မယ်။ ဘုရားသခင် ကို ဆန့်ကျင်သူတွေ၊ ဆိုးသွမ်းတဲ့ မယုံကြည်သူတွေ အားလုံးကို ကပ်ဘေးဒဏ်ကြီးက ဖျက်ဆီးသွားလိမ့်မယ်။ သန့်စင်ခြင်းပြည့်စုံခြင်း ဖြစ်နေသူတွေကတော့ ကပ်ဆိုးကြီးကျတဲ့အချိန်မှာ ဘုရားသခင်ရဲ့ အကာအကွယ်ပေးမှုကို ရကြလိမ့်မယ်။ သူတို့တွေက အသက်ရှင် ကျန်ရစ်လိမ့်မယ်။ ကိုယ်တော်ဟာ မိုးတိမ်ကိုစီးရင်း၊ လူတွေ အားလုံးရှေ့ကို ပေါ်ထွက်လာတဲ့ အချိန်မှာ၊ ဘုရားသခင်ဟာ ကမ္ဘာမြေပေါ်က သူ့နိုင်ငံတော်ကို ကြွတော်မူလာလိမ့်မယ်။ ဒါဟာ ဘုရားသခင်က မကြာခင် အကောင်အထည် ဖော်တော့မယ့် အရာတွေပါပဲ။ တို့လို ယုံကြည်သူ တွေဟာ ဒီရူပါရုံကို မမြင်နိုင်ရင်၊ တို့ဟာမျက်ကန်းလိုပဲမဟုတ်လား။ သခင်ကောင်းကင်ကနေ ကြွလာဖို့ ကိုပဲ မျှော်ငေးရင်း စောင့်နေကြ သူတွေကတော့၊ ကိုယ်တော် မိုးတိမ်စီးပြီး အမှန်တကယ် ကြွလာချိန်မှာ အံသွားခဲကြိတ်ရင်း၊ ငိုကြွေးကြရလိမ့်မယ်။ ဗျာဒိတ်ကျမ်းမှာ ပရောဖက်ပြုထားတာက- "ကြည့်ရှုလော့၊ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍ ကိုယ်တော့်ကို ထိုးဖောက်သောသူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော့်ကို ရှုမြင်ကြရလိမ့်မည် မြေကြီးသား အမျိုးမျိုးရှိသမျှ တို့သည် ကိုယ်တော့်ကြောင့် ငိုကြွေးမြည်တမ်းကြ ရလိမ့်မည် မှန်ပေ၏၊ အာမင်။" တဲ့ (ဗျာ ၁:၇) ဘုရားသခင်ရဲ့ စကားသံကို မနာခံပဲ ပလ္လင်တော်ရှေ့မှာ ချီဆောင်ခြင်းမခံရသူတွေ ကတော့ အဲဒီ ကပ်ဘေးဒဏ်ကြီး ထဲမှာပဲ အံသွားခဲကြိတ် ငိုကြွေး မြည်တမ်းရင်း အပြစ်ဒဏ်ခံရလိမ့်မယ်။

ဘုရားသခင်ဟာ လူတွေကို ကမ္ဘာပေါ်မှာ ဦးဆုံး ဖန်ဆင်း ခဲ့တယ်။ စာတန်ကလည်း လူတွေကို ကမ္ဘာပေါ်မှာပဲ ဖျက်ဆီး တယ်။ ဒါကြောင့် ဘုရားသခင်ဟာ လူတွေကို ကမ္ဘာပေါ်မှာပဲ ကယ်တင်ရပါတယ်။ ကမ္ဘာပေါ်မှာ ခရစ်တော်ရဲ့ နိုင်ငံတော် ပေါ်ထွန်းသည်အထိ၊ ဒါတွေအားလုံးကို ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒါကြောင့် ဘုရားသခင်ရဲ့ နိုင်ငံတော်ဟာ နောက်ဆုံးသောကာလမှာ ကမ္ဘာပေါ်မှာပဲ တည်ထောင်လိမ့် မယ်။ လူသားတွေရဲ့ နောက်ဆုံးပန်းတိုင်ဟာ ကမ္ဘာပေါ်မှာ ဖြစ်လိမ့်မယ်၊ ကောင်းကင်ထက်မှာ မဟုတ်ဘူး။ ဒါဟာ ဘုရားသခင် စီမံထားတာ ဖြစ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တချို့ကို ဖတ်ကြည့်ရအောင်- “သူ၏ မူလအနေအထားသို့ ပြန်သွားလိမ့်မည်ဖြစ်ပြီး လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်စီတိုင်း သည်လည်း မိမိတို့၏ သက်ဆိုင်ရာနေရာများသို့ ပြန်သွားကြလိမ့်မည်။ ယင်းတို့မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုတစ်ခုလုံး ပြီးဆုံးပြီးသည့်နောက်တွင် ဘုရားသခင်နှင့် လူသားတို့အနေဖြင့် အသီးသီး နေထိုင် သွားကြ မည့် ခရီးပန်းတိုင်များဖြစ်သည်။ ဘုရားသခင်၌ ဘုရားသခင်၏ ခရီးပန်းတိုင်ရှိပြီး လူသား၌ လူသား၏ ခရီး ပန်းတိုင်ရှိသည်။ အနားယူနေစဉ်အတွင်း ဘုရားသခင်သည် ကမ္ဘာမြေပေါ်မှ လူသားအားလုံးတို့၏ အသက်တာကို ဆက်လက် လမ်းပြမည် ဖြစ်သည်။ ဘုရားသခင်၏ အလင်းအတွင်းရှိနေစဉ် လူသားသည် ကောင်းကင်ဘုံရှိ တစ်ဆူတည်းသော စစ်မှန်သည့် ဘုရားသခင် ကို ကိုးကွယ်လိမ့်မည်။ … လူသားသည် အနားယူခြင်းထဲသို့ ဝင်ရောက်သည်ဆိုခြင်းမှာ လူသားသည် စစ်မှန်သည့် ဖန်ဆင်းခြင်း တစ်ခုဖြစ်လာခြင်းကို ဆိုလိုသည်၊ လူသားတို့သည် ဘုရားသခင်ကို ကမ္ဘာမြေပေါ်မှ ကိုးကွယ်ကြ လိမ့်မည်ဖြစ်ပြီး ပုံမှန်လူသားအသက်တာများ ရှိကြလိမ့်မည်။ လူတို့သည် ဘုရားသခင်ကို နာမခံခြင်း သို့မဟုတ် ဘုရားသခင်ကို ဆန့်ကျင်ခြင်းတို့ ရှိတော့မည် မဟုတ်ပေ။ သူတို့သည် အာဒံနှင့် ဧဝတို့၏ မူလဘဝသို့ ပြန်သွားကြလိမ့်မည်။ ယင်းတို့မှာ အနားယူခြင်းထဲသို့ ဝင်ရောက်ပြီးနောက်တွင် ဘုရားသခင်နှင့် လူသားတို့၏ သက်ဆိုင်ရာ ဘဝများနှင့် ခရီးပန်းတိုင်များ ဖြစ်ကြသည်။ ဘုရားသခင်နှင့် စာတန်တို့အကြား စစ်ပွဲတွင် စာတန်၏ ရှုံးနိမ့်မှုမှာ မလွဲမရှောင်သာသည့် လားရာပင်ဖြစ်သည်။ ဤနည်းအားဖြင့် သူ၏စီမံခန့်ခွဲမှုအလုပ် ပြီးပြည့်စုံပြီးနောက် ဘုရားသခင်သည် အနားယူခြင်းထဲသို့ ဝင်ရောက်ခြင်း၊ လူသား၏ ပြည့်စုံသော ကယ်တင်ခြင်းနှင့် အနားယူခြင်းထဲသို့ ဝင်ရောက်ခြင်း တို့သည်လည်း အလားတူပင် ရှောင်လွဲ၍မရသော လားရာများဖြစ်သည်။ လူသား၏ အနားယူရာအရပ်မှာ ကမ္ဘာမြေကြီးဖြစ်ပြီး၊ ဘုရားသခင်၏ အနားယူရာအရပ်မှာ ကောင်းကင်ဘုံဖြစ်သည်။ လူသားသည် အနားယူလျက် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်စဉ်၊ သူသည်ကမ္ဘာမြေပေါ်တွင် နေထိုင်လိမ့်မည်ဖြစ်ကာ၊ ဘုရားသခင်သည် အနားယူလျက် ကျန်ရှိနေသော လူသားတစ်စိတ်တစ်ပိုင်းကို ဦးဆောင်နေစဉ်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) ဝင်ရောက်ကြလိမ့်မည်အနန္တတန်ခိုးရှင်ဘုရားသခင်က တို့ကို ရှင်းရှင်းလင်းလင်းပြောပြတာက ကိုယ်တော့်ရဲ့ အစီအစဉ်တွေ အားလုံး ပြီးပြည့်စုံတဲ့အခါ ဘုရားသခင်ရော၊ လူရော ငြိမ်းချမ်းစွာ အနားယူကြမယ်။ ဘုရားသခင်က ကောင်းကင် ထက်မှာ အနားယူနေတဲ့အချိန်မှာ လူတွေကတော့ ကမ္ဘာပေါ်မှာ အနားယူကြရမယ်။ ဒါဟာ လူတွေအတွက် ကိုယ်တော် ပြင်ဆင်ပေးထားတဲ့ လှပတဲ့ပန်းတိုင်ပဲ။ ဒါကိုပဲ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟာ ကမ္ဘာပေါ်မှာပြည့်စုံလာတယ်လို့ခေါ်တာ။ တို့တွေဟာ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပေမဲ့၊ ဒီအချက်တွေကို မမြင်နိုင်ဘူးဆိုရင်၊ ဒါဟာ ကိုယ်တော့် နှုတ်ကပတ်တော်နဲ့ သမ္မာတရားအပေါ် နားမလည်ကြဘူး ဆိုတဲ့သဘောပဲ မဟုတ်လား။

အိပ်မက်မှနိုးထလာခြင်း ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၁)- ကိုယ်တော်ဟာ အရင်ကတည်းက ကျွန်မတို့ကို ကတိပေးခဲ့တယ်လေ- “သင်တို့နေစရာ အရပ်ကို ပြင်ဆင်ခြင်းငှာ ငါသွားရ၏၊ ငါသည်သွား၍ သင်တို့နေစရာ အရပ်ကိုပြင်ဆင်ပြီးမှ တဖန်လာပြန်၍ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှာ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်” တဲ့ (ရှင်ယောဟန် ၁၄:၂-၃) သခင် ယေရှုကကျွန်မတို့အတွက်နေရာတစ်ခုကိုကောင်းကင်ဘုံမှာပြင်ဆင်ပေးထားပြီးသားပါ။ သူပြန်ကြွလာတဲ့အခါ၊ သူဟာ တို့တွေကို ချက်ချင်း ကောင်းကင်နိုင်ငံတော်ဆီ ချီဆောင်သွားလိမ့်မယ်။ တကယ်လို့သာ သခင်ပြန်ကြွလာခဲ့ပြီဆိုရင်၊ ဘာကြောင့် ကိုယ်တော့်ရဲ့ သန့်ရှင်းသူတွေဟာကမ္ဘာပေါ်မှာရှိနေသေးတာလဲ။ ဘာကြောင့် တို့တွေ ချီဆောင်မခံရသေးတာလဲ။

နောက်တစ်ခုသို့- မေးခွန်း (၃) ဒါပေမဲ့သမ္မာကျမ်းစာမှာပြောထားတာက- “ထိုအခါ အသက်ရှင်၍ ကျန် ကြွင်းသောငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ရောက်စေခြင်းငှာ ထိုသူတို့နှင့်တကွ မိုဃ်းတိမ်ပေါ်သို့ချီဆောင်ခြင်းကိုခံရသောအားဖြင့် သခင်ဘုရားနှင့်အတူအစဉ်မပြတ်နေကြရလိမ့်မည်” တဲ့ (၁သက် ၄:၁၇) ဒီအချက်ကိုတို့တွေဘယ်လိုအဓိပ္ပါယ်ဖွင့်ကြရမလဲ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။