မေးခွန်း (၃) ဒါပေမဲ့သမ္မာကျမ်းစာမှာပြောထားတာက- “ထိုအခါ အသက်ရှင်၍ ကျန် ကြွင်းသောငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ရောက်စေခြင်းငှာ ထိုသူတို့နှင့်တကွ မိုဃ်းတိမ်ပေါ်သို့ချီဆောင်ခြင်းကိုခံရသောအားဖြင့် သခင်ဘုရားနှင့်အတူအစဉ်မပြတ်နေကြရလိမ့်မည်” တဲ့ (၁သက် ၄:၁၇) ဒီအချက်ကိုတို့တွေဘယ်လိုအဓိပ္ပါယ်ဖွင့်ကြရမလဲ။

အဖြေ- ကျွန်မတို့ကကိုယ်တော်ပြန်ကြွလာခြင်းကို ကိုယ်တော့်၏ ပရောဖက်ပြုခြင်း အပေါ်သာ အခြေခံပြီး၊ စောင့်မျှော်သင့်သည်။ ဤအချက်က ကိုယ်တော် ပြန်ကြွလာခြင်းကို စောင့်မျှော်ကြ သည့်အခါတွင်၊ စံထားရမည့်် အချက်သာ ဖြစ်သည်။ သင်တို့က အမှန်တကယ် မည်သူ့ကို အကိုးအကား ပြုနေသနည်း။ သခင့်၏စကားအပေါ် အကိုးအကားပြုနေခြင်းလား၊ လူများ၏ စကားအပေါ် အကိုးအကားပြု နေခြင်းလား၊ “ထိုအခါ အသက်ရှင်၍ ကျန် ကြွင်းသောငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရား ထံတော်သို့ရောက်စေခြင်းငှာ ထိုသူတို့နှင့်တကွ မိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကိုခံရသောအားဖြင့်” ဆိုသည့်စကားကို မည်သူပြောခဲ့ သနည်း။ ဤစကားများ အားလုံးက သခင်ယေရှု၏ စကားများ ဖြစ်ပါသလား။ သခင်ယေရှုက မည်သည့်အချိန်ကမျှ ထိုကဲ့သို့ မပြောခဲ့ပါ။ သန့်ရှင်းသောဝိညာဉ်တော်ကလည်း မည်သည့်အချိန် ကမျှ ထိုကဲ့သို့ မပြောခဲ့ပါ။ သင်တို့ယုံကြည်ပြီး မှီငြမ်းနေသည့် စကားများက ရှင်ပေါလုစကား အပေါ်အမှီပြုနေခြင်းသာ ဖြစ်ပါသည်။ ရှင်ပေါလုစကားများက သခင်ယေရှုစကားများကို ကိုယ်စားပြုပါ သလား။ သူက ဘုရားကိုကိုယ်စားပြုနိုင်ပါသလား။ ဘုရားသခင် တစ်ပါးတည်းသာ ဤနက်နဲမှုကို အဖြေပေးနိုင်သည်။ ကျွန်မတို့က လူများကို ဤကဲ့သို့ မျက်ကန်းအဓိပ္ပါယ်ကောက် ယုံကြည်ပြီး၊ အဆုံးအဖြတ်ပေးဖို့ တွန်းအားပေးဖို့ စိန်ခေါ်ရင်းနှင့် ဖောက်ပြန်ပျက်စီးအောင် လုပ်သည်ဆိုလျှင်၊ ယင်းမှာ သိပ်ဆိုးဝါးသည့်ပြဿနာသာ ဖြစ်သည်။ ရှင်ပေါလုသည် ခရစ်တော် မဟုတ်ပါ၊ သူက သာမန်ဖောက်ပြန်ပျက်စီးသည့် လူသား တစ်ယောက်သာ ဖြစ်သည်။ သူ့ အရေးအသားများက မသန့်စင်သည့် လူ့အတွေးအမြင် အယူအဆများနှင့် ပြည့်နှက်နေသည်။ သူ့စကားများက သမ္မာတရား မဟုတ်ပါ၊ ထို့ကြောင့်တို့များ ၎င်းတို့ကို သက်သေအဖြစ် မှီငြမ်း၍မရနိုင်ပါ။ သက်သေအဖြစ် မှီငြမ်းချက်များ အားလုံးက သမ္မာကျမ်းစာထဲက ဘုရားသခင်၏ နှုတ်ကပတ်တော်များ အပေါ်တွင်သာ အခြေခံသင့်သည်။ ယင်းမှာ သမ္မာတရားနှင့် ကိုက်ညီသည်။ ချီဆောင်ခြင်းခံရပြီး၊ ကောင်းကင်နိုင်ငံတော် ဝင်ခွင့်ရဖို့အရေး နှင့် ပတ်သက်လျှင်၊ သမ္မာကျမ်းစာထဲက လူများ၏ စကားများ အပေါ်အခြေခံပြီး ဆုံးဖြတ်ကြခြင်းက မှားသည်၊ အဓိကအနေနှင့် သခင်ယေရှုစကားများ အပေါ်အခြေမခံဘဲ၊ ရှင်ပေါလုစကားများ အပေါ် အခြေခံလျှင်မှားသည်၊ အဘယ့်ကြောင့် နည်းဆိုသော် သခင်ယေရှုတစ်ပါးတည်း၏ နှုတ်ကပတ်တော်သာလျှင် သမ္မာတရားဖြစ်ပြီး၊ သူသာလျှင် သြဇာအာဏာနှင့် ပြည့်စုံခြင်းကြောင့် ဖြစ်သည်။ သခင်ယေရှုတစ်ပါးတည်းသာ ခရစ်တော်ဖြစ်ပြီး၊ ကောင်းကင်နိုင်ငံတော်၏ ဘုရင်ဖြစ်သည်။ သင်တို့က သမ္မာတရားနှင့် ဘုရားသခင်၏ အလိုတော်အတွက် အဘယ့်ကြောင့် သခင်ယေရှု၏ နှုတ်ကပတ်တော်များထဲတွင် မရှာကြ သနည်း။ ယင်းအစား လူများ၏ စကားအပေါ်တွင်သာ အဘယ့်ကြောင့် မှီငြမ်းနေကြ သနည်း။ ဤသည်မှာ သခင့််၏အလိုတော်အတိုင်း ထပ်တူညီပါသလား။ ဤသည်မှာ လူများ၏စကား နှင့် မိမိ၏ ကိုယ်ပိုင်လမ်းစဉ်အတိုင်း သင်တို့ကို လိုက်လျှောက်မိသွားစေသည်။ ဘုရားသခင်က လူများကို မြေမှုန့်မှ ဖန်ဆင်းခဲ့သည်။ ဘုရားသခင်က ကမ္ဘာပေါ်တွင်ရှိသော သူဖန်ဆင်းခဲ့သည့် ကျန်သည့် သက်ရှိသက်မဲ့များကို ဆက်လက်အုပ်စိုးစီမံဖို့၊ လူသားများကိုသာ တာဝန်ပေးအပ်ခဲ့သည်။ ကိုယ်တော်က လူများကို သူ့ကိုနာခံ၊ ကိုးကွယ်၊ ဂုဏ်ပြုခြင်းများ လုပ်ကြဖို့ တောင်းဆိုခဲ့သည်၊ ပြီးတော့သူတို့၏ နေရာက ကောင်းကင်တွင် မဟုတ်ဘဲ၊ ကမ္ဘာပေါ်တွင် ဖြစ်သည်ဟု သတ်မှတ်ပေးခဲ့သည်။ ထို့အပြင် ယခင်တုန်းကတည်းက ဘုရားသခင်က ကျွန်မတို့ကို သူ့၏နိုင်ငံတော်ကို ကမ္ဘာပေါ်တွင် တည်ထောင်မည် ဟု ပြောခဲ့သည်။ ထို့ထက်ပိုပြီးလျှင် ကိုယ်တော်က ကမ္ဘာပေါ်တွင် ကျွန်မတို့ လူသားများနှင့် အတူနေထိုင်ပြီး၊ ကမ္ဘာ့နိုင်ငံများသည် ခရစ်တော် အုပ်စိုးသည့်နိုင်ငံများ အဖြစ် အသွင်ပြောင်းခြင်း ခံရမည်ဖြစ်သည်။ ထို့ကြောင့် နောက်ဆုံးတွင် ဘုရားသခင်၏ နိုင်ငံတော်က ကမ္ဘာပေါ်တွင် တည်လိမ့်မည်၊ ကောင်းကင်ထက်တွင် မဟုတ်ပါ။ လူအများစုကတော့ ကောင်းကင်ပေါ်ကို ချီဆောင်ခံရဖို့သာ မျှော်လင့်နေကြသည်။ ယင်းမှာ သူတို့၏ ကိုယ်ပိုင်အယူအဆ၊ ကိုယ်ပိုင်စိတ်ကူးယဉ် ဆန္ဒများသာ ဖြစ်သည်။ ၎င်းမှာ သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ အမှုတော်ဆိုင်ရာ အချက်အလက် များနှင့် လုံးဝ မကိုက်ညီပါ။

အိပ်မက်မှနိုးထလာခြင်း ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၂) တို့ကတော့ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟာ ကောင်းကင်ဘုံမှာလား၊ ကမ္ဘာပေါ်မှာလား ဆိုတာကို ခုထိ မဆုံးဖြတ်နိုင်သေးဘူး။ တစ်ချိန်တုန်းက သခင်ယေရှု အကြိမ်ကြိမ် ပြောခဲ့တာကတော့ "ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ" "ကောင်းကင်နိုင်ငံတော်သည် လာချေပြီ"တဲ့ ကောင်းကင်နိုင်ငံတော်ဆိုမှတော့ ဒါဟာ ကောင်းကင် ထက်မှာပဲ ရှိသင့်တာပေါ့၊ ဘယ်လိုလုပ်ကမ္ဘာပေါ်မှာဖြစ်နိုင်မှာလဲ။

နောက်တစ်ခုသို့- မေးခွန်း (၄)-ပြောလိုက်တဲ့အရာက ကိုယ်တော်ပြန်ကြွလာ တဲ့အခါ ချီဆောင်ခံရဖို့ မျှော်လင့်ချက်နဲ့ ပတ်သက်ပြီး တို့တွေဟာ ကိုယ်ပိုင် ထင်မြင်ချက်နဲ့ အယူအဆတွေ အပေါ်အခြေခံနေ ကြတာကို သဘောပေါက်စေခဲ့ပြီ။ တို့ဟာ ကိုယ်တော့်ရဲ့ နှုတ်ကပတ်တော် အပေါ် လွန်လွန် ကြူးကြူး သစ္စာဖောက်ခဲ့တာပဲ။ ဒါဆို ကိုယ်တော် ပြန်ကြွလာ တဲ့အခါ ချီဆောင်ခံရဖို့ ခုချိန်မှာ တို့တွေ ဘယ်လိုပြင်ဆင် စောင့်မျှော်သင့်လဲ။ အဲဒါလေး တစ်ချက်လောက် အသေးစိတ် ရှင်းပြ နိုင်မလား။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။