မေးခွန်း (၄)-ပြောလိုက်တဲ့အရာက ကိုယ်တော်ပြန်ကြွလာ တဲ့အခါ ချီဆောင်ခံရဖို့ မျှော်လင့်ချက်နဲ့ ပတ်သက်ပြီး တို့တွေဟာ ကိုယ်ပိုင် ထင်မြင်ချက်နဲ့ အယူအဆတွေ အပေါ်အခြေခံနေ ကြတာကို သဘောပေါက်စေခဲ့ပြီ။ တို့ဟာ ကိုယ်တော့်ရဲ့ နှုတ်ကပတ်တော် အပေါ် လွန်လွန် ကြူးကြူး သစ္စာဖောက်ခဲ့တာပဲ။ ဒါဆို ကိုယ်တော် ပြန်ကြွလာ တဲ့အခါ ချီဆောင်ခံရဖို့ ခုချိန်မှာ တို့တွေ ဘယ်လိုပြင်ဆင် စောင့်မျှော်သင့်လဲ။ အဲဒါလေး တစ်ချက်လောက် အသေးစိတ် ရှင်းပြ နိုင်မလား။

အဖြေ- ချီဆောင်ခြင်းနဲ့ ပတ်သက်ပြီး သန့်ရှင်းသူတွေရဲ့ မျှော်လင့်ချက်က သခင်ယေရှုရဲ့ ကိုယ်ပိုင်နှုတ်ထွက် စကားတွေအပေါ် အခြေခံထားပါတယ်- “သင်တို့နေစရာအရပ်ကိုပြင်ဆင်ခြင်းငှာငါသွားရ၏။ ငါသည်သွား၍ သင်တို့နေစရာ အရပ်ကို ပြင်ဆင်ပြီးမှ တဖန်လာပြန်၍ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှာ သင်တို့ကို ငါ့ထံသို့သိမ်းဆည်းမည်” တဲ့ (ရှင်ယောဟန် ၁၄:၂-၃) ကျွန်မတို့ဟာ သခင်ယေရှုရဲ့ စကားကို ကိုယ့်ရဲ့ အတွေးအခေါ်တွေ၊ ကိုယ်ပိုင်ထင်မြင်ချက်တွေကို အခြေခံပြီး အဓိပ္ပါယ် ဖွင့်ကြတယ်။ဘာလို့ ငါတို့ အဲဒီလိုထင်ကြရတာလဲ ဆိုတော့ သခင်ယေရှုဟာ မိုးတိမ်နဲ့တကွ ကောင်းကင်ပေါ် ပြန်တက်ကြွသွားတယ်။ ဒါကြောင့် လူတွေ အတွက် သခင်ယေရှု ပြင်ဆင်ပေးမယ့် နေရာကလည်း ကောင်းကင်ထက်မှာပဲ ဖြစ်မယ်ဆိုပြီး ယူဆကြတယ်။ ဒါကြောင့် တို့တွေဟာ ကိုယ်တော် ပြန်ကြွလာ တဲ့အခါ ကောင်းကင်ဘုံဆီ ချီဆောင်ခံရဖို့ စောင့်မျှော်နေကြတယ်။ ဖြည့်စွက်ရရင် တို့တွေဟာ ရှင်ပေါလုရဲ့စကားတွေကိုတောင် တစိုက်မတ်မတ် ကြည်ညိုလိုက်သေးတယ်- “ထိုအခါ အသက်ရှင်၍ ကျန် ကြွင်းသောငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှာ ထိုသူတို့နှင့် တကွ မိုဃ်းတိမ်ပေါ်သို့ချီဆောင်ခြင်းကိုခံရသောအားဖြင့် သခင်ဘုရား နှင့်အတူအစဉ်မပြတ်နေကြရလိမ့်မည်။” တဲ့ (၁သက်၄:၁၇) ဒီအချက်ကြောင့် တို့တွေဟာ ကိုယ်တော်ပြန်ကြွလာရင် ကောင်းကင်ဘုံဆီ ချီဆောင်ခံရဖို့စပြီး မျှော်လင့်ကြတော့တာပဲ။ ချီဆောင်ခြင်းနဲ့ ပတ်သက်ပြီး လူအမျိုးမျိုး နားလည်မှုအဖုံဖုံရှိကြတယ်။ အများစုကတော့ ကိုယ်တော် ပြန်ကြွလာတဲ့အခါ သူဟာ သန့်ရှင်းသူတွေကို သူနဲ့ဆုံတွေ့စေဖို့ ကောင်းကင် ထက်ဆီ ချီဆောင်သွားမယ်လို့ ထင်ကြတယ်။ တို့တွေလည်း ဒီပုံစံနဲ့ ချီဆောင်ခြင်းကိုနှစ်ပေါင်းများစွာမျှော်လင်ခဲ့မိကြတာပါပဲ။ ကောင်းပါပြီ၊ ချီဆောင်ခြင်း အစစ်အမှန်ဆိုတာ ဘာလဲ။ အဲဒါကို လူအများစုက သိပ်မရှင်းလင်းကြဘူး။ သန့်ရှင်းသူများကို ချီဆောင်ခြင်းရဲ့ နက်နဲမှုကို အနန္တတန်ခိုးရှင် ဘုရားသခင် ရောက်ရှိပြီးတဲ့အခါကျမှသာ ထုတ်ဖော် ထားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောတာက- “ဆောင်ယူခံရခြင်း” ဆိုသည်မှာ လူတို့ စိတ်ကူးသကဲ့သို့ နိမ့်သော နေရာ တစ်ခုမှ မြင့်သော နေရာ တစ်ခုသို့ ဆောင်ယူခြင်း မဟုတ်ပေ။ ဤသည်မှာ ကြီးမားသော အမှား တစ်ခု ဖြစ်သည်။ ဆောင်ယူခံရခြင်း ဆိုသည်မှာ ငါ၏ ကြိုတင်ခွဲခန့်မှတ်သားခြင်း နှင့် ရွေးကောက်ခြင်းကို ရည်ညွှန်းနေခြင်း ဖြစ်သည်။ ၎င်းသည် ငါ ကြိုတင်ခွဲခန့်မှတ်သားပြီး ရွေးကောက်ထားသော သူ အားလုံးကို ပစ်မှတ်ထားခြင်း ဖြစ်သည်။ … ဤ အချက်သည် လူတို့၏ အယူအဆများဖြင့် သဟဇာတ မဖြစ်ဆုံးသော အချက် ဖြစ်သည်။ အနာဂတ်တွင် ငါ၏ အိမ်၌ ဝေစု တစ်ခု ရှိကြသော သူများသည် ငါ့ ရှေ့တွင် ဆောင်ယူခြင်းကို ခံရသော သူ အားလုံး ဖြစ်ကြသည်။ ဤသည်မှာ အကြွင်းမဲ့ မှန်ကန်သည်၊ မည်သည့်အခါမျှ မပြောင်းလဲဘဲ မည်သူမျှ မငြင်းဆိုနိုင်ပေ။ ဤသည်မှာ စာတန်အား တန်ပြန်တိုက်ခိုက်ခြင်း ဖြစ်သည်။ ငါ ကြိုတင်ခွဲခန့်မှတ်သားထားသော သူ မည်သူမဆို ငါ၏ ရှေ့သို့ ဆောင်ယူခြင်း ခံရကြမည်။" (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၀၄)) အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များက သိပ်ကို ရှင်းလင်းသည်။ ချီဆောင်ခံရခြင်း ဆို သည်မှာ၊ ကျွန်မတို့ ထင်ထားသကဲ့သို့၊ မိုးတိမ်ထဲတွင် ကိုယ်တော်နှင့် တွေ့ဆုံဖို့ ကမ္ဘာပေါ်ကနေ လေထဲသို့ ချီဆောင်မည်မဟုတ်ပါ။ ကောင်းကင်ထက်ကိုလည်း ခေါ်သွားခြင်း လည်း မဟုတ်ပါ။ ဘုရားသခင်က သူ့နှုတ်ကပတ်တော်များကို ဟောကြားပြီး၊ အမှုတော်များကို ဆောင်ရွက်ဖို့၊ ကမ္ဘာပေါ်ကို ပြန်လာသည့်အချိန်တွင် ကျွန်မတို့ကကိုယ်တော့်၏ အသံတော်ကို ကြားရမည် ဖြစ်ပြီး၊ နောက်ဆုံးသောကာလတွင် ကိုယ်တော့်နောက်ကို လိုက်လျှောက်ပြီး၊ ကိုယ်တော့်၏ အမှုတော်ကို နာခံသူများ ဖြစ်မည် ဟု ဆိုလိုခြင်း ဖြစ်ပါသည်။ ဤသည်မှာ ဘုရားသခင်၏ပလ္လင်တော်ရှေ့တွင် ချီဆောင်ခံရခြင်း၏ အဓိပ္ပါယ်အမှန် ဖြစ်ပါသည်။ ကိုယ်တော့်၏ အသံတော်ကို သဲသဲကွဲကွဲ ခွဲခြားနိုင်သူအားလုံး၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ထဲတွင် သမ္မာတရားကို ရှာဖွေကာ၊ ထိုသမ္မာတရားကို လက်ခံကျင့်သုံးပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံသို့ ပြန်သွားသည့် သူများအားလုံးက ပညာရှိသတို့သမီးများပါဖြစ်သည်။ သူတို့က ကိုယ်တော်ခိုးယူထား လိုက်ပြီး သူ၏အိမ်တော်တွင် ပြန်ထားခဲ့သည့် ရွှေ၊ ငွေ၊ အဖိုးတန်ကျောက်မျက်များသာ ဖြစ်ပြီး၊ အဘယ့်ကြောင့်နည်းဆိုသော် သူတို့အားလုံးက အစွမ်းအစ ပြည့်ဝပြီး၊ သမ္မာတရားကို နားလည်လက်ခံသူများ၊ ဘုရားသခင်၏ အသံတော်ကို သဘောပေါက်သူများ ဖြစ်ကြသည်။ သူတို့က ဘုရားသခင်၏ အသံတော်ကို နားလည်သဘောပေါက်နိုင်ကြသည်။ သူတို့က အမှန်တကယ် ချီဆောင်ခြင်း ခံရသည့် သူများဖြစ်ပါသည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်က ကမ္ဘာပေါ်ကို တိတ်တဆိတ်ဆင်းလာပြီး၊ အမှုတော်များကိုပြုသည့်အချိန်တွင်၊ သူတို့က အောင်မြင်သူများ ဖြစ်လာကြလိမ့်မည်။ အနန္တတန်ခိုးရှင် ဘုရားသခင် က နောက်ဆုံးသောကာလ အမှုတော်များကို စတင်နေခဲ့ကတည်းက၊ ဘုရားသခင်၏ ပေါ်ထွန်းမှုကို ဆာငတ်တောင့်တ ကြသည့် လူပေါင်းများစွာ တို့က၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲက သူ့အသံတော်ကို သတိပြုမိလာခဲ့ ကြသည်။ သူတို့က နောက်ဆုံးသောကာလ ဘုရားသခင်၏ စီရင်ခြင်း အမှုတော်များကို တစ်ယောက်ပြီး တစ်ယောက် လက်ခံလာခဲ့ကြသည်။ သူတို့က ဘုရားသခင်ကို မျက်နှာချင်းဆိုင် ဖူးတွေ့ကြရဖို့၊ ပလ္လင်တော်ရှေ့တွင် အခေါ်ခံထားကြရပြီး၊ ကိုယ်တော့်၏ နှုတ်ကပတ်တော်အားဖြင့် ရေလောင်းခြင်း ခံရပြီး၊ အားဖြည့်မှုကိုရကြသည်။ ဘုရားသခင်၏ မှန်ကန်သည့်အသိပညာကို သူတို့ရခဲ့ကြပြီ။ သူတို့၏ ဖောက်ပြန်ပျက်ဆီးနေသည့် စိတ်သဘောထားများ လည်း သန့်စင်ခြင်း ခံခဲ့ရပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် သမ္မာတရား၏ စစ်မှန်မှု အတိုင်း အသက်ရှင်နေထိုင်နိုင်ခဲ့ပြီ။ သူတို့က ကိုယ်တော်၏ ပေါလျှံသည့် ကယ်တင်ခြင်းကို ရခဲ့ပြီ။ သူတို့များက ကပ်ဘေးဒဏ်ကြီး မကျရောက်ခင်တွင် ပြည့်စုံအောင်မြင် သူများ ဖြစ်လာခဲ့ပြီ။ သူတို့က အဦးသီးများအဖြစ် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်း ခံကြရပြီဖြစ်သည်။ ကိုယ်ပိုင် အတွေးအခေါ်များ နှင့် စိတ်ကူးများကို လက်ကိုင်ထားပြီး၊ ကိုယ်တော်ပြန်ကြွလာသည့်အခါ သူတို့ကို ကောင်းကင်ဘုံဆီ အခေါ်ခံရဖို့ မျက်ကန်း စောင့်မျှော်နေသူများ ကတော့၊ မိုက်မဲသည့်သတို့သမီးများလို နောက်ဆုံးသောကာလ ဘုရားသခင် ၏ စီရင်ခြင်း အမှုတော်များကို ငြင်းပယ်ကြသည်၊ သူတို့က ဘုရားသခင်၏ ပစ်ပယ်ခြင်းခံရသည့်သူများ ဖြစ်လာကြလိမ့်မည်။ သူတို့က ကပ်ဘေးဒဏ်ကြီး ထဲတွင် အံသွားခဲကြိတ် ငိုကြွေးရင်း ဝေဒနာများကို ခံစားကြရလိမ့်မည်။ ဤသည်မှာ အမှန်တရား ဖြစ်ပါသည်။

အိပ်မက်မှနိုးထလာခြင်း ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၃) ဒါပေမဲ့သမ္မာကျမ်းစာမှာပြောထားတာက- “ထိုအခါ အသက်ရှင်၍ ကျန် ကြွင်းသောငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ရောက်စေခြင်းငှာ ထိုသူတို့နှင့်တကွ မိုဃ်းတိမ်ပေါ်သို့ချီဆောင်ခြင်းကိုခံရသောအားဖြင့် သခင်ဘုရားနှင့်အတူအစဉ်မပြတ်နေကြရလိမ့်မည်” တဲ့ (၁သက် ၄:၁၇) ဒီအချက်ကိုတို့တွေဘယ်လိုအဓိပ္ပါယ်ဖွင့်ကြရမလဲ။

နောက်တစ်ခုသို့- မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။