၇၂။ ကြောင်သူတော်တစ်ယောက်၏ နောင်တ

ကိုရီးယားနိုင်ငံ၊ ရှင််းယွေ့

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်ကို အစေခံခြင်းသည် ရိုးစင်းသည့် အလုပ်မဟုတ်ချေ။ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မပြောင်းလဲဘဲ ရှိနေသောသူတို့သည် ဘုရားသခင်ကို မည်သည့်အခါမျှ အစေမခံနိုင်ပေ။ သင်၏ စိတ်သဘောထားသည် ဘုရားသခင်၏နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို မခံရသေးပါက၊ သင်၏ စိတ်သဘောထားသည် စာတန်ကို ကိုယ်စားပြုနေဆဲဖြစ်သည်၊ ယင်းက သင်သည် သင်ကိုယ်တိုင်၏ ကောင်းမြတ်သော ရည်ရွယ်ချက်များဖြင့် ဘုရားသခင်ကို အစေခံသည်၊ သင်၏ အစေခံခြင်းသည် သင်၏စာတန်ဆန်သော သဘာဝအပေါ် အခြေခံထားသည်ကို သက်သေပြပေသည်။ သင်သည် သင်၏ သဘာဝအလျောက်ဖြစ်သော စရိုက်လက္ခဏာဖြင့်လည်းကောင်း၊ သင်၏ ပုဂ္ဂိုလ်ရေး အကြိုက်များအရလည်းကောင်း ဘုရားသခင်ကို အစေခံသည်။ ထိုထက်ပို၍၊ သင်လုပ်ဆောင်ရန် လိုလားနေသည့် အရာများသည် ဘုရားသခင်အဖို့ နှစ်သက်ဖွယ်ကောင်းသော အရာများဖြစ်ပြီး၊ သင် လုပ်ဆောင်ရန် ဆန္ဒမရှိသည့် အရာများသည် ဘုရားသခင်အဖို့ မုန်းတီးဖွယ်ရာများ ဖြစ်သည်ဟု သင် အမြဲ တွေးထင်လေသည်။ သင်သည် သင်၏ ကိုယ်ပိုင် အကြိုက်များအတိုင်းသာ လုံးလုံး အလုပ်လုပ်ပေသည်။ ဤအရာကို ဘုရားသခင်အား အစေခံခြင်းဟု ခေါ်ဆိုနိုင်သလော။ နောက်ဆုံးတွင်၊ သင်၏ အသက်စိတ်သဘောထား၌ ပြောင်းလဲခြင်း အနည်းငယ်မျှ ရှိလိမ့်မည်မဟုတ်။ ယင်းအစား၊ သင်၏ အစေခံခြင်းသည် သင့်ကို သာ၍ပင် ခေါင်းမာစေလိမ့်မည်ဖြစ်သည်၊ ဤအကြောင်းကြောင့် သင်၏ ဖောက်ပြန်ပျက်စီးခြင်းသည် နက်နက်ရှိုင်းရှိုင်း အရိုးစွဲနေကာ၊ ထိုသို့ဖြင့် သင်၏ ကိုယ်ပိုင် စရိုက်လက္ခဏာနှင့် သင်၏ကိုယ်ပိုင် စိတ်သဘောထား အတိုင်း အစေခံခြင်းမှ ရရှိခဲ့သည့် အတွေ့အကြုံများအပေါ် အဓိက အခြေခံသည့်၊ ဘုရားသခင်အား အစေခံခြင်းနှင့် ပတ်သက်သည့် စည်းမျဉ်းများသည် သင်၏အတွင်းတွင် ဖြစ်ပေါ်လိမ့်မည်ဖြစ်သည်။ ဤအရာများသည် လူသား၏ အတွေ့အကြုံများနှင့် သင်ခန်းစာများ ဖြစ်သည်။ ယင်းသည် လောကထဲ၌ အသက်ရှင်ခြင်းနှင့်ဆိုင်သည့် လူသား၏ အတွေးအခေါ်ဖြစ်သည်။ ဤသို့သော လူတို့ကို ဖာရိရှဲနှင့် ဘာသာရေး အရာရှိများအဖြစ် အမျိုးအစား သတ်မှတ်နိုင်‌ပေသည်။ ၎င်းတို့သည် လုံးဝ မနိုးထသကဲ့သို့ နောင်တမရပါက၊ နောက်ဆုံးသော ကာလတွင် လူတို့ကို လှည့်ဖြားသည့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူများနှင့် အန္တိခရစ်များအဖြစ်သို့ ဧကန်မုချ ပြောင်းလဲသွားကြလိမ့်မည်။ အဆိုပါ ခရစ်တော်၏ အယောင်ကိုဆောင်သောသူများနှင့် အန္တိခရစ်များသည် ထိုသို့သော လူများကြားမှ ထွက်ပေါ်လိမ့်မည် ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘာသာရေး အစေခံခြင်းကို သန့်စင်ရမည်”) ဒီ ဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်ကြောင့် ကြောင်သူတော်ဆန်တဲ့ ဖာရိရှဲတွေ၊ ဘုန်းတော်ကြီးတွေနဲ့ ဂုဏ်အဆင့်အတန်းကို စွဲလန်းနေတဲ့ ဆိုးယုတ်တဲ့ အန္တိခရစ်တွေအားလုံးကို ကျွန်မ တွေးမိခဲ့ဖူးတယ်။ ဘုရားသခင်က သူတို့တွေကို ပြောနေတာလို့ ကျွန်မ ထင်မြင်ခဲ့တယ်။ စည်းမျဉ်းတွေမှာ ဘုရားသခင်က ကျွန်မတို့အားလုံးထဲမှာရှိတဲ့ အရာတစ်ခုခုကို ထုတ်ဖော်ပြနေတယ်၊ ကျွန်မလည်း အဲဒီလို ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရှိတယ်ဆိုတာ ကျွန်မ သိခဲ့တယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် အမှန်တကယ် နားလည်ခြင်းမရှိခဲ့ဘူး။ အဲဒါကြောင့် တစ်ခါတလေမှာ ဖာရိရှဲတွေ၊ အန္တိခရစ်တွေ၊ လှည့်စားတတ်တဲ့သူတွေက ကျွန်မနဲ့ တော်တော်ကွဲတဲ့အရာတွေလို့ ထင်ရတယ်။ ကျွန်မက အဲဒီလိုမျိုး မဟုတ်ခဲ့ဘူး။ အဲဒီအဆင့်ကို တစ်ခါမှ မရောက်ခဲ့ပါဘူး။ ကျွန်မ ယုံကြည်သူဖြစ်လာတာ နှစ်ချီနေပြီ။ ကောင်းတဲ့အရာတွေကို ကျွန်မ လုပ်တယ်။ ကိုယ့်တာဝန်မှာ အဖိုးအခ ပေးဆပ်တယ်။ အသင်းတော်က ဘာ တာဝန်ပဲ ကျွန်မကို ချပေးပါစေ ကျွန်မ နာခံပြီး ဆောင်ရွက်တယ်။ နောက်ပြီးတော့ ကျွန်မက ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ ကြိုးပမ်းနေတာမဟုတ်ဘူး။ ကျွန်မမှာ ဂုဏ်အဆင့်အတန်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကျွန်မ တာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။ ကျွန်မက ဘယ်လိုလုပ် အန္တိခရစ်တစ်ယောက်၊ လှည့်စားတတ်သူတစ်ယောက်အဖြစ် ပြောင်းသွားနိုင်မှာလဲ။ ဒါပေမဲ့ တကယ်တမ်းတော့ ကျွန်မက လုံးဝ ကျွန်မရဲ့ အယူအဆတွေ၊ စိတ်ကူးထင်မြင်ချက်တွေထဲမှာပဲ နေထိုင်နေခဲ့တာပါ။ နောက်ပိုင်းမှာ အမှန်တရားနဲ့ ရင်ဆိုင်ရတော့ ကျွန်မရဲ့ ဒီ အယူအဆတွေက ခေါင်းထောင်လာခဲ့တယ်။

မြို့ပြင်မှာရှိတဲ့ အသင်းတော် ဧဝံဂေလိ အလုပ်အတွက် တာဝန်ယူဖို့ ကျွန်မ သွားခဲ့ရတယ်။ သူတို့အလုပ်ရဲ့ အဲဒီအပိုင်းက မကြာခင်မှာပဲ တိုးတက်လာပြီး ခေါင်းဆောင်တွေက ကျွန်မကို တကယ်ကို တန်ဖိုးထားခဲ့တယ်။ တစ်ခါတလေမှာ သူတို့အလုပ်ရဲ့တခြားအကြောင်းအရာတွေ ဆွေးနွေးဖို့၊ ကျွန်မနဲ့ တိုင်ပင်ဖို့ ကျွန်မကို ရှာကြတယ်။ နောက်ပြီးတော့ ကျွန်မက ယုံကြည်သူဖြစ်တာ ကြာခဲ့ပြီး ကိုယ့်တာဝန်အတွက် အခက်အခဲတွေကို ခံနိုင်ပါတယ်။ ဒါကြောင့် ညီအစ်ကို မောင်နှမတွေက ကျွန်မကို နည်းနည်း အထင်ကြီးလေးစားကြတယ်။ ကျွန်မလည်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးခဲ့တယ်။ ဒီနှစ်တွေတစ်လျှောက်မှာ ကျွန်မ ယုံကြည်ခြင်းရှိခဲ့ပြီး ဦးဆောင်ခဲ့တယ်။ ဒါကြောင့် ကျွန်မက သူများတွေလိုမျိုးလုပ်လို့မရဘူး၊ သူတို့ထက် ပိုသာတဲ့ ပုံစံပေါ်ရမယ်လို့ တွေးခဲ့တယ်။ ကျွန်မက သူတို့တွေ ထုတ်ဖော်ပြတာထက်ပိုဆိုးတဲ့ ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ပြလို့ မဖြစ်ဘူး၊ သူတို့တွေလုပ်သလို အားနည်းချက်တွေ၊ အပျက်သဘောဆောင်တာတွေ ပြလို့ မဖြစ်ဘူးလို့ ကျွန်မ တွေးခဲ့တယ်။ မဟုတ်ရင် သူတို့က ကျွန်မကို ဘယ်လိုထင်ကြမလဲ။ ကျွန်မ နှစ်တွေအများကြီး ယုံကြည်လာခဲ့ပြီးတော့ ကျွန်မရဲ့ ဝိညာဉ်ရင့်ကျက်မှုက ဘယ်လောက်နည်းနေသေးတယ်လို့ သူတို့ ပြောကြပြီး ကျွန်မကို အထင်သေးကြမှာမဟုတ်လား။ နောက်ပိုင်းမှာ ကျွန်မတာဝန်မှာ စည်းမျဉ်းတွေကို ချိုးဖောက်လို့ဆိုပြီး ခေါင်းဆောင်တစ်ယောက်ရဲ့ ကိုင်တွယ်ဖြေရှင်းခြင်းကို ကျွန်မ ခံရတယ်။ ကျွန်မက ယုံကြည်သူတစ်ယောက်အဖြစ် နှစ်တွေအများကြီးကြာလာပြီးတဲ့နောက်မှာ အကြောင်းအရာတွေအပေါ် ထိုးထွင်းသိမြင်မှု မရှိဘူး၊ သမ္မာတရားရဲ့ စစ်မှန်မှု မရှိဘူးလို့ သူက ပြောတယ်။ ကျွန်မ တော်တော်ကို ရှက်မိပြီး သိက္ခာကျသလို ခံစားခဲ့ရတယ်။ ဒါပေမဲ့ ကျွန်မ ကိုယ်တိုင်ရဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ အားနည်းချက်တွေကို ဆင်ခြင်သုံးသပ်မကြည့်ခဲ့ဘူး၊ ကျွန်မရဲ့ ချို့ယွင်းချက်တွေကို ဖာထေးဖို့ သမ္မာတရားကို မလိုက်စားခဲ့ဘူး။ အဲဒီအစား ကျွန်မမှာ သမ္မာတရားရဲ့ စစ်မှန်မှု မရှိတာကို ဖုံးကွယ်ဖို့အတွက် ဘာသာရေးကိုင်းရှိုင်းတဲ့သူတစ်ယောက်လို ပြုမူပြီး၊ ကိုယ့်ကိုယ်ကိုယ် သိသလို ဟန်ဆောင်ပြီးတော့ အနှစ်မရှိတဲ့စကားတွေနဲ့ အယူဝါဒတွေကို အကြာကြီးပြောဆိုခဲ့တယ်။

ကျွန်မ သတိရသေးတယ်။ တစ်ခါတုန်းက သခင့်ကို ယုံကြည်တဲ့ တွဲဖက်အမှုဆောင်တစ်ယောက်က သူ စစ်မှန်တဲ့လမ်းကို စူးစမ်းလေ့လာချင်တယ်ဆိုပြီး ပြောတယ်။ ခေါင်းဆောင်က ကျွန်မကို ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို သက်သေခံဖို့ ချက်ချင်းသွားဖို့ ပြောတယ်။ ကျွန်မ သွားပါမယ်လို့ ပြောလိုက်တယ်။ ဒါပေမဲ့ သူ့မှာ ဖြေရှင်းဖို့ခက်တဲ့ အယူအဆတွေအများကြီးရှိနေတာကို ကျွန်မ သိလိုက်ရတယ်။ အဲဒီအချိန်တုန်းက ကျွန်မကလည်း တော်တော်အလုပ်ရှုပ်နေတဲ့အချိန်ဖြစ်နေတယ်။ အဲဒါနဲ့ လောလောဆယ် အဲဒီ အလုပ်ကို ရွှေ့ဆိုင်းထားခဲ့လိုက်တယ်။ နှစ်ပတ်လောက်ကြာတော့ ခေါင်းဆောင်က ကျွန်မကို မေးတယ်။ “ဒီအချိန်တစ်လျှောက်လုံးမှာ ဘာလို့ သူ့ကို သက်သေမခံရသေးတာလဲ။ သူက စစ်မှန်တဲ့လမ်းကို စူးစမ်းချင်တယ်။ သခင်ပြန်ကြွလာတာကို တောင့်တနေကြတဲ့ ယုံကြည်သူတွေအများကြီးကို သူက ဦးဆောင်တယ်။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ဘာလို့ သူ့ဆီကို သက်သေမခံရသေးတာလဲ” တဲ့။ နည်းနည်း အပြစ်ရှိသလို ခံစားရပြီး အမြန်ရှင်းပြလိုက်တယ်။ “တခြားကိစ္စတွေပေါ်လာတာနဲ့ ကျွန်မ မလုပ်နိုင်ခဲ့ဘူး” ဆိုပြီး ပြောလိုက်တယ်။ ခေါင်းဆောင်က ဒါကို ကြားရတော့ တော်တော်စိတ်တိုသွားတယ်။ ကျွန်မက ကိုယ့်တာဝန်မှာ တာဝန်မသိတတ်ဘူး၊ အလေးမထားဘူး၊ အချိန်ဆွဲတယ်၊ ကျွန်မတို့ရဲ့ ဧဝံဂေလိအလုပ်ကို တော်တော်ကို အဟန့်အတားဖြစ်စေတယ်ဆိုပြီး ပြောတယ်။ ကျွန်မကို သူ တော်တော်ကို ကြမ်းကြမ်းတမ်းတမ်း အပြစ်တင်ခဲ့တယ်။ အဲဒီအချိန်မှာတုန်းက ညီအစ်ကို မောင်နှမတွေအများကြီးက အဲဒီမှာ ရှိနေတာ။ ကျွန်မ မျက်နှာက ပူထူနေတာကို ခံစားမိတယ်။ စဉ်းစားမိတယ်။ “ငါ့ကို ဂုဏ်သိက္ခာနည်းနည်းလောက် ငဲ့ကွက်ပြီး ကြမ်းကြမ်းတမ်းတမ်း မလုပ်လို့ မရဘူးလား။ ငါမှားတာကို သိပါတယ်။ အခုသူ့ဆီသွားပြီး ဧဝံဂေလိကို မျှဝေလိုက်လို့ မရဘူးလား။ ငါ့ကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ဖြေရှင်းဖို့ မလိုပါဘူး” ပေါ့။ ကျွန်မကလည်း ကိုယ့်ကိုယ်ကိုယ် မှန်ကြောင်းပြနေတာပါ။ ကျွန်မက မပျင်းရိဘူး၊ ကျွန်မရဲ့ အချိန်တွေက မနက်ကနေ ညအထိ ဧဝံဂေလိတရားဟောတာတွေနဲ့ ပြည့်နေတာလို့ တွေးမိတယ်။ ဒါပေမဲ့ ကျွန်မက အပေါ်ယံလုပ်နေပြီးတော့ တာဝန်မသိတတ်ဘူးဆိုပြီး သူက ပြောနေတုန်းပဲ။ ဘယ်သူက ကျွန်မကို ဒီထက်ပိုပြီး ဘာတွေထပ် ခိုင်းနိုင်ဦးမှာလဲ။ ကျွန်မရဲ့ တာဝန်က ခက်လွန်းတယ်ဆိုပြီး ခံစားခဲ့ရတယ်။ အဲဒီ အစည်းအဝေးပြီးတဲ့နောက်မှာ ကျွန်မ အခန်းထဲမှာပုန်းပြီး ကောင်းကောင်း ငိုပစ်လိုက်တယ်။ ကျွန်မ မတရားခံရသလို ခံစားရပြီး အပျက်သဘောဆောင်လာတယ်။ ဘုရားသခင်အပေါ် အမြင်မှားတာတွေနဲ့ ပြည့်နေခဲ့တယ်။ ကျွန်မရဲ့ အတွင်းထဲကနေ သစ္စာဖောက်ချင်တဲ့ ခံစားချက်တွေက ပေါ်လာတယ်။ ခေါင်းဆောင်က ကျွန်မအပေါ် တော်တော်ကြမ်းတမ်းတော့ ဘုရားသခင်ကလည်း ကျွန်မကို မုန်းတီးမှာပဲ၊ ဒါဆိုရင် အဲဒီတာဝန်ကို ငါ ဘယ်လိုဆက်လုပ်နိုင်မှာလဲဆိုပြီး တွေးခဲ့တယ်။ ငါ အပြစ်တင်ခံပြီး ကြိတ်ခံလိုက်ပြီး နုတ်ထွက်လိုက်သင့်တယ် ထင်တယ်။ ဒါဆိုရင် ဘုရားအိမ်တော်ရဲ့အလုပ်က နှောင့်နှေးမှာမဟုတ်ဘူး၊ ငါလည်း ကျေးဇူးအတင်မခံရတဲ့ အလုပ်ကို လုပ်နေရမှာမဟုတ်ဘူး ပေါ့။ ကျွန်မ အော်ငိုနေရင်းနဲ့ ကောင်းမွန်တဲ့ အခြေအနေမှာရှိမနေဘူးဆိုတာကို ခံစားခဲ့ရပါတယ်။ ကျွန်မ ယုံကြည်သူဖြစ်လာတာ နှစ်တွေတော်တော်ကြာခဲ့ပြီ။ နည်းနည်း ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ဖြေရှင်းခံရတဲ့ အခိုက်အတန့်မှာ ကျွန်မ မခံနိုင်ခဲ့ဘူး။ ဘုရားသခင်ကို အကျိုးအကြောင်းပြပြောဆိုပြီး ဘုရားနဲ့ ယှဉ်ပြိုင်ခဲ့တယ်။ အရှုံးတောင်ပေးချင်ခဲ့တယ်။ ကျွန်မမှာ စစ်မှန်တဲ့ ဝိညာဉ်ရင့်ကျက်မှု တစ်ခုမှ မရှိခဲ့ဘူး။ မိုးကောင်းကင်က ပြိုကျလာရင်တောင် ကျွန်မတို့တာဝန်အပေါ်ကို သစ္စာရှိဖို့ ဘုရားနှုတ်ကပတ်တော်တွေရဲ့ သတိပေးခြင်းကို ကျွန်မ ခံခဲ့ရတယ်။ ဒါကို စဉ်းစားမိတော့ ကျွန်မ တကယ်ကို အားတက်သွားတယ်။ ဘုရားသခင် ဒါမှမဟုတ် ခေါင်းဆောင်က ကျွန်မအပေါ် ဘယ်လိုပဲထင်ထင် ကျွန်မ ပြိုလဲလို့မဖြစ်ဘူး။ ကျွန်မရဲ့တာဝန်က ဘယ်လောက်ပဲ ခက်ခဲပါစေ စိန်ခေါ်မှုကို ရင်ဆိုင်ရမယ်။ ကျွန်မ အဲဒီလို စဉ်းစားလိုက်တော့ စိတ်ဒုက္ခရောက်သလို မခံစားရတော့ဘူး။ ကျွန်မ မျက်ရည်တွေကို ချက်ချင်းသုတ်ပြီး ညီအစ်ကို မောင်နှမတွေနဲ့ ဆွေးနွေးတိုင်ပင်ဖို့ သွားခဲ့တယ်။ သုံးလေးရက်လောက်အတွင်းမှာပဲ အဲဒီ တွဲဖက်အမှုဆောင်ကို ကျွန်မတို့အဖွဲ့ထဲကို ခေါ်ယူနိုင်ခဲ့တယ်။ ဒါပေမဲ့ အဲဒီနောက်မှာ ကျွန်မက သမ္မာတရားကို အလေးအနက်ရှာဖွေပြီး ကျွန်မ ပြဿနာတွေကို ဆင်ခြင်သုံးသပ်တာ မလုပ်ခဲ့ဘူး။ အဲဒီအစား ကျွန်မ ကိုယ်တိုင်ရဲ့ အသိစိတ်နဲ့ ဆန္ဒကို အခြေခံပြီး ကျွန်မတာဝန်ကို ဆက်လုပ်ခဲ့တယ်။ ကျွန်မမှာ ဝိညာဉ်ရင့်ကျက်မှုနဲ့ လက်တွေ့ကျမှု နည်းနည်းပါးပါးရှိတယ်လို့ ထင်ခဲ့ပါတယ်။

တကယ်တမ်းတော့ ခေါင်းဆောင်က ကျွန်မကို တာဝန်မသိတတ်တဲ့အတွက်၊ အလွယ်လမ်းလိုက်တဲ့အတွက်၊ လက်တွေ့ကျတဲ့အလုပ်ကို မလုပ်တဲ့အတွက် ကိုင်တွယ်ဖြေရှင်းခဲ့တယ် ဒါတွေက တကယ်ကို ဆိုးတဲ့ ပြဿနာတွေပါ။ ကျွန်မက ကျွန်မတို့ရဲ့ ဧဝံဂေလိအလုပ်ကို ဦးဆောင်နေတာ။ အယူအဆတွေအများကြီးရှိတဲ့သူတစ်ယောက်ကို ကျွန်မ တွေ့တဲ့အခါမှာ ကျွန်မရဲ့ မိတ်သဟာယနဲ့ သက်သေခံခြင်းအပေါ် စိတ်နှစ်မြုပ်လုပ်ကိုင်ဖို့ ဆန္ဒမရှိခဲ့ဘူး။ ကျွန်မက ခပ်ပေါ့ပေါ့ပဲ ဘေးဖယ်ထားလိုက်ပြီး လဝက်လောက် ကြာသွားတယ်။ ဒါဟာ လူတွေအများကြီးက စစ်မှန်တဲ့လမ်းကို စူးစမ်းပြီး သခင်ပြန်ကြွလာတာကို ကြိုဆိုခြင်းကို နှောင့်နှေးလိုက်တာပါပဲ။ ကိုယ့်တာဝန်မှာ အရေးမစိုက်တာဟာ ဘုရားသခင်ကို အာခံပြီး သူ့ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားတာပါပဲ။ ကျွန်မက ဘယ်တော့မှ ပျင်းရိတဲ့ ပုံမျိုးမရှိဘဲ ကိုယ့်တာဝန်မှာ အဖိုးအခ ပေးဆပ်နိုင်ပါတယ်။ ဒါပေမဲ့ စိန်ခေါ်မှုတစ်ခုကို ရင်ဆိုင်ရတဲ့အချိန်တိုင်းမှာ ပြဿနာကို ဖြေရှင်းပြီး ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့အတွက် သမ္မာတရားကို ရှာဖွေခြင်းမှာ အာရုံမစိုက်ဘူး။ အဲဒီအစား ကျွန်မက နောက်ဆုတ်ပြီး ကျွန်မနဲ့ ကိုက်တဲ့ ဘာကိုမဆို လုပ်လိုက်တယ်။ အေးအေးဆေးဆေးနဲ့ ဘုရားသခင်ရဲ့ စေခိုင်းချက်ကို ဘေးမှာထားလိုက်တယ်။ ဒါက ဘယ်လိုလုပ် ဆက်ကပ်အပ်နှံတာ ဖြစ်မှာလဲ။ ခေါင်းဆောင်က ကျွန်မတာဝန်မှာ ကျွန်မရဲ့ အလေးအနက်မထားတဲ့၊ တာဝန်မသိတတ်တဲ့ သဘောထားအကြောင်း၊ ကျွန်မရဲ့ လှည့်စားတတ်တဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားအကြောင်းကို ဖွင့်ပြောပြတယ်။ ပြီးတော့ ဒီလိုမျိုး ကျွန်မလုပ်တာ ပထမအကြိမ်မဟုတ်ဘူး။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် သိပြီး၊ နောင်တရဖို့၊ ပြောင်းလဲဖို့ ခေါင်းဆောင်က ကျွန်မအတွက် စိစစ်သုံးသပ်ပေးတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် အမှန်တကယ် ဆင်ခြင်သုံးသပ်တာ မလုပ်ခဲ့ဘူး။ ကျွန်မပြဿနာရဲ့ အရင်းအမြစ်က ဘယ်မှာလဲဆိုတာ ကျွန်မ မမြင်ခဲ့ဘူး။ ကျွန်မက ပြုပြင်ခြင်းနဲ့ ကိုင်တွယ်ဖြေရှင်းခြင်းကို လက်ခံသလိုမျိုး ပြုမူခဲ့တယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် အမှန်တကယ်နားလည်တာ ဘာတစ်ခုမှ မရှိခဲ့ဘူး။ ဒါကြောင့်မို့ အစည်းအဝေးမှာ ကျွန်မက အနှစ်မပါတဲ့ အကြောင်းတွေနဲ့ အယူဝါဒတွေကို ပြောခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် သတိပြုမိသလိုမျိုး ဟန်ဆောင်ခဲ့တယ်။ ကျွန်မက ကိုယ့်တာဝန်မှာ တာဝန်မသိတတ်ခဲ့ပြီး ဘုရားအိမ်တော်ရဲ့ အလုပ်ကို နှောင့်နှေးစေခဲ့ပါတယ်၊ ဆိုးဆိုးဝါးဝါး ထိခိုက်စေခဲ့ပါတယ်လို့ ကျွန်မ ပြောလိုက်တယ်။ ခေါင်းဆောင်က ကျွန်မကို အပြစ်တင်ဆုံးမတာဟာ တော်တော် မှန်ကန်ပါတယ်။ ကျွန်မက ကိုယ်လုပ်ခဲ့တာအပေါ်မှာ အမှား၊ အမှန်ကို စိစစ်သုံးသပ်နိုင်ဖို့အတွက် ခေါင်းဆောင်က ကျွန်မရဲ့ သဘာဝ၊ ကျွန်မရဲ့ ဆိုးယုတ်တဲ့စိတ်သဘောထားမှာရှိတဲ့ အရာတွေကို ထုတ်ပြောနေတာပါ။ ဒါပေမဲ့ ကျွန်မ ဘယ်နေရာမှာ မှားသွားတယ်ဆိုတာကို ကျွန်မ တစ်ခါမှ မိတ်သဟာယမပြုခဲ့ဘူး။ ကျွန်မ လုပ်ရပ်တွေရဲ့ သဘာဝနဲ့ အကျိုးဆက်တွေအပြင် ကျွန်မတာဝန်အပေါ်ထားတဲ့ ကျွန်မရဲ့ အလေးအနက်မရှိတဲ့ သဘောထားထဲမှာ ဘယ်လို ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားမျိုးကို ထုတ်ဖော်ပြတယ်၊ ဘယ်လို အဓိပ္ပာယ်မရှိတဲ့ စဉ်းစားပုံမျိုးနဲ့ အယူအဆတွေကို ကျွန်မ ကိုင်စွဲထားတယ်ဆိုတာတွေကို တစ်ခါမှ မိတ်သဟာယမပြုခဲ့ဘူး။ ဒီ ပိုပြီး အသေးစိတ်ကျတဲ့ အချက်အလက်တွေကို ကျွန်မ အရေးမစိုက်ခဲ့ဘူး။ အဲဒီအစား ကျွန်မ ဘာကိုပြောခဲ့လဲ။ ဘုရားသခင်ကို ကျွန်မ ဘယ်လို မှီခိုပြီး အပြုသဘောဆောင်စွာ ဝင်ရောက်တယ်ဆိုတာပဲ။ ဒီလို အပြုသဘောဆောင်တဲ့ နားလည်မှုမျိုးကို ကျွန်မ ဆက်ဆက်ပြောတယ်။ ကျွန်မ ကိုင်တွယ်ဖြေရှင်းခံရတဲ့အခါမှာ အပျက်သဘောဆောင်ပြီး စောဒကတက်ချင်သလို၊ လက်လျှော့ အရှုံးပေးလိုက်ချင်သလို ခံစားခဲ့ရတယ်၊ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်ကို တွေးမိတော့ ကျွန်မ တကယ် ခွန်အားရပြီး ကျွန်မ ပြိုလဲလို့ မဖြစ်ဘူးဆိုပြီး ခံစားရပါတယ်လို့ ကျွန်မ ပြောခဲ့တယ်။ ဘုရားသခင်က ကျွန်မအပေါ်မှာ အများကြီး အလုပ်လုပ်ခဲ့ပြီး ကျွန်မကို အများကြီး ပေးခဲ့ပါတယ်။ ဒါကြောင့် ကျွန်မ အသိတရားရှိရမယ်။ ဘုရားသခင်ကို စိတ်ပျက်စေလို့ မဖြစ်ပါဘူး။ အဲဒါနဲ့ ကျွန်မ ဘယ်လိုပဲ ပြုပြင်ခံရ၊ ကိုင်တွယ်ဖြေရှင်းခံရပါစေ ကျွန်မတာဝန်က ဘယ်လောက် ခက်ခဲပါစေ၊ ကျွန်မ ကောင်းကောင်းလုပ်ရမယ်၊ ခေါင်းဆောင်က ကျွန်မကို ကိုင်တွယ်ဖြေရှင်းတယ်ဆိုတာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး သိမြင်လာအောင်လို့၊ နောင်တရပြီး ပြောင်းလဲအောင်လို့ပဲဆိုပြီး ကျွန်မ တွေးမိခဲ့ပါတယ်။ သူများတွေက ဒါကို ကြားတဲ့အခါမှာ ကျွန်မရဲ့ ပြဿနာတွေနဲ့ ဖောက်ပြန်ပျက်စီးမှုအပေါ် ပိုင်းခြားသိမြင်မှု မရှိခဲ့ကြဘူး။ ပြီးတော့ ကျွန်မက ဘုရားအိမ်တော်ရဲ့ အလုပ်ကို အကြီးအကျယ် ထိခိုက်စေတယ်လို့ သူတို့ မခံစားခဲ့ရဘူး။ အဲဒီအစား ခေါင်းဆောင်က ကျွန်မအပေါ် တကယ်ကြမ်းတမ်းတယ်၊ ကျွန်မအလုပ်မှာ နည်းနည်းလေးလွဲတာနဲ့ ကျွန်မက ပြုပြင်ခံရ၊ ကိုင်တွယ်ဖြေရှင်းခံရတယ်ဆိုပြီး သူတို့ ခံစားမိခဲ့တယ်။ သူတို့က တကယ်ကို စာနာပြီး နားလည်ကြပါတယ်။ ပြီးတော့ ပြင်းပြင်းထန်ထန် ကိုင်တွယ်ဖြေရှင်းခံရပြီးတဲ့နောက်မှာ ကျွန်မက အပျက်သဘောမဆောင်လာဘူး၊ ကျွန်မတာဝန်ကို ဆက်ပြီးယူနိုင်တယ်ဆိုတာကို မြင်ရတော့ ကျွန်မက သမ္မာတရားကို တကယ် နားလည်ပြီး ဝိညာဉ်ရင့်ကျက်မှုရှိတယ်လို့ သူတို့ ခံစားခဲ့ရတယ်။ သူတို့ ကျွန်မကို တကယ်ကို အထင်ကြီးလေးစားပြီး အရမ်းမြှောက်စားကြတယ်။ အဲဒီအချိန်တုန်းက လူတချို့က ကျွန်မက ပြင်းပြင်းထန်ထန် ကိုင်တွယ်ဖြေရှင်းခံရပြီးတဲ့အခါမှာ စိတ်ဓာတ်ခိုင်မာစွာရှိနေပြီး ကိုယ့်တာဝန်ကို ဆက်လုပ်တာဟာ တကယ်ကို လေးစားစရာကောင်းပါတယ်ဆိုပြီး ပြောကြတယ်။ ပြီးတော့ တချို့က ကျွန်မတာဝန်က လုံးဝ မလွယ်ပါဘူး၊ ကျွန်မက အစွမ်းကုန် လုပ်ရုံမကဘဲ သတိမပြုမိတဲ့အချိန်မှာ အပြစ်တင်ဆုံးမခံရတယ်ဆိုပြီး ပြောကြတယ်။ ကျွန်မတာဝန်ကို ချက်ချင်းပြန်လုပ်ဖို့ ကျွန်မ မျက်ရည်တွေကို သုတ်တာကို သူတို့ မြင်ပြီး ဟိုးအရင်တုန်းက သူတို့လည်း ရိုက်ချိုးခံရပြီး အဲဒီလို ဝိညာဉ်ရင့်ကျက်မှုမရှိဘူးလို့ ပြောတယ်။ ကျွန်မရဲ့ မိတ်သဟာယကို သူတို့ နားထောင်ခဲ့ကြပြီး ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြုပြင်ခြင်းကို လက်ခံခြင်းအတွက် လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းကို၊ ဒါမှမဟုတ် ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရတာက ဘုရားသခင်ရဲ့ ချစ်ခြင်း၊ ကယ်တင်ခြင်းဖြစ်တယ်ဆိုတာကို သူတို့ နားမလည်ကြဘူး။ အဲဒီအစား ဘုရားသခင်ကို သူတို့ နားလည်မှုလွဲကြတယ်။ သတိထားကြတယ်။ သူတို့ကိုယ်သူတို့ ဘုရားနဲ့ ဝေးစေကြတယ်။ ကျွန်မဆီကို နီးကပ်လာကြတယ်။ အဲဒီနောက်မှာ ကျွန်မ သုံးလေးကြိမ်လောက် ကိုင်တွယ်ဖြေရှင်းခံရတယ်။ အကြိမ်တိုင်းမှာ ဒီပုံစံအတိုင်းပဲဖြစ်တယ်။ ကျွန်မက အမြဲတမ်း တိုက်ရိုက် အယူဝါဒတွေကိုပဲပြောတယ်။ ဝိညာဉ်ရေးရာနဲ့ ကိုယ့်ကိုယ်ကိုယ် သိသလို ဟန်ဆောင်တယ်။ ဝိညာဉ်ရင့်ကျက်မှုနဲ့ လက်တွေ့ကျမှုရှိသလို ဟန်ဆောင်တယ်။ ပြီးတော့ ညီအစ်ကို မောင်နှမတွေအားလုံးကို ကျွန်မ အရူးလုပ်ခဲ့တယ်။ ကျွန်မက လုံးဝကို သတိမပြုမိတာ၊ လုံးဝကို ထုံထိုင်းနေတာပါ။ ဒါကို ဖြတ်သန်းရတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် မတ်မတ်ရပ်တည်နိုင်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် တကယ်ကို ဂုဏ်ယူခဲ့တယ်။ ကျွန်မက တော်တော်ကို ကိုယ့်ကိုယ်ကိုယ် ဂုဏ်ပြုနေပြီး ကျွန်မမှာ ဝိညာဉ်ရင့်ကျက်မှုနဲ့ သမ္မာတရားရဲ့ စစ်မှန်မှုရှိတယ်လို့ ခံစားခဲ့ရတယ်။ ကျွန်မက ပိုပိုပြီး မာနထောင်လွှားလာပြီး ကိုယ့်ကိုယ်ကိုယ် စိတ်ချယုံကြည်လာတယ်။

တစ်ခါက အစ်ကိုတစ်ယောက်က ကျွန်မတာဝန်မှာ ပြဿနာတချို့ကို ထောက်ပြတယ်။ ကျွန်မ လက်ခံဖို့ ငြင်းဆန်ခဲ့တယ်။ သူက ပြဿနာရှာနေတာ၊ အမှားလိုက်ရှာနေတာဆိုပြီး စောဒကတက်ခဲ့တယ်။ သူ့ကို ကျွန်မ တော်တော် စိတ်တိုသွားတယ်။ ဒါပေမဲ့ ဒီ နှစ်တွေအကြာကြီး ယုံကြည်သူဖြစ်လာခဲ့တာတောင် ကျွန်မ ဘယ်လောက် မာနထောင်လွှားတယ်ဆိုတာကို တစ်ယောက်ယောက်က မြင်ပြီး ကျွန်မကို အထင်သေးမှာကို စိုးရိမ်ခဲ့တယ်။ ခေါင်းဆောင်က သိသွားပြီး ကျွန်မက သမ္မာတရားကို လက်မခံနိုင်ဘူးလို့ ပြောမှာကို ကျွန်မ တော်တော် ကြောက်ခဲ့မိတယ်။ အဲဒါနဲ့ ကျွန်မ ဟန်ဆောင်ပြီး အဲဒါနဲ့ပတ်သက်ပြီး စောဒက မတက်မိအောင် ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးခဲ့ပါတယ်။ စိတ်အေးအေးထားတဲ့ပုံစံ ပြုမူပြီး သူ့ကို ပြောလိုက်တယ်။ “အစ်ကို ဒီနေရာမှာ အစ်ကို မြင်တဲ့ ပြဿနာကို ကျွန်မကို ပြောပြပါ။ အဲဒါတွေကို တစ်ခုချင်းဆီ ပြောကြတာပေါ့။ ဒါတွေကို ကျွန်မတို့ မဖြေရှင်းနိုင်ရင် ခေါင်းဆောင်တစ်ယောက်နဲ့ ပြောလို့ရပါတယ်။” ဆိုပြီးတော့။ အဲဒါနဲ့ သူက ပြဿနာတွေကို တစ်ခုပြီးတစ်ခု ချပြတယ်။ ကျွန်မက တစ်ခုချင်းစီအတွက် ချေပချက်ကို ပြန်ရှင်းပြတယ်။ အဆုံးမှာ သူ ထုတ်ပြတဲ့ ပြဿနာတွေ အများစုကို ကျွန်မ ရှင်းပေးခဲ့တယ်။ ပြဿနာက ပြေလည်သွားတယ်လို့ ကျွန်မ မြင်ခဲ့ပြီး တော်တော် ကျေနပ်မိတယ်။ ဒါပေမဲ့ သူက ဒါနဲ့ပတ်သက်ပြီး စိတ်သက်သာရာမရဘူး။ အဲဒါနဲ့ သူက ခေါင်းဆောင်တစ်ယောက်နဲ့ သွား ဆွေးနွေးတယ်။ နောက်တော့ ဘာဖြစ်လဲ။ အင်း သူ ထုတ်ပြတဲ့ တချို့ပြဿနာတွေက တကယ့်ပြဿနာတွေပါပဲ။ ခေါင်းဆောင်က သိသွားတာနဲ့ လူတိုင်းရဲ့ရှေ့မှာ ကျွန်မကို ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်ခဲ့တယ်။ ကျွန်မက မာနထောင်လွှားပြီး ဘယ်သူ့ရဲ့ အကြံပြုချက်ကိုမှ လက်မခံဘူး၊ ကျွန်မတာဝန်မှာ စည်းမျဉ်းမလိုက်နာဘူး၊ ဒီ ယုံကြည်လာတဲ့နှစ်တွေကြာပြီးတဲ့နောက်မှာတောင် ကျွန်မက သမ္မာတရားရဲ့ စစ်မှန်မှု လုံးဝ မရှိဘူးဆိုပြီး ပြောခဲ့တယ်။ ကျွန်မက ဘယ်လက်တွေ့ကျတဲ့ ပြဿနာကိုမှ မဖြေရှင်းနိုင်ဘူး၊ ကျွန်မက ဘာမှမမြင်နိုင်ဘဲ မာနထောင်လွှားနေတယ်၊ လုံးဝ အကျိုးအကြောင်းမသင့်ဘူးဆိုပြီး ပြောတယ်။ ဒါကို ကြားရတာ ကျွန်မအတွက် ခက်ခဲတယ်။ ဒါပေမဲ့ ကျွန်မက လုံးဝကို လက်မခံခဲ့ဘူး။ ကျွန်မ စဉ်းစားတယ်။ “ငါက မာနထောင်လွှားပြီး တစ်ခါတလေမှာ ကိုယ့်ကိုယ်ကိုယ် စိတ်ချယုံကြည်တာမျိုး ရှိပါတယ်။ ဒါပေမဲ့ အကြံပြုချက်တချို့ကိုတော့ ငါ ခံယူနိုင်ပါတယ်။ အဲဒီလောက်လည်း မာနမထောင်လွှားပါဘူး” ပေါ့။

အဲဒါပြီးတဲ့နောက်မှာ နောက်ထပ်တစ်ခါ အလုပ်အစည်းအဝေးတစ်ခုမှာ ကျွန်မ ဖော်ထုတ်ခံရတယ်။ ကျွန်မ ဦးဆောင်တဲ့အလုပ်မှာ ကျွန်မက အချိန်ဆွဲနေတာကို ခေါင်းဆောင်က သိသွားပြီး မေးတယ်။ “ဒီအလုပ်ကို ဘာလို့ ထိရောက်မှုမရှိဘဲ လုပ်နေတာလဲ။ ဘာ ပြဿနာရှိလို့လဲ။ ပိုကောင်းအောင် လုပ်နိုင်မလား” တဲ့။ ကျွန်မက “မလုပ်နိုင်ဘူး” လို့ ပြန်ပြောလိုက်တယ်။ ခေါင်းဆောင်က ကျွန်မတို့ရဲ့ တကယ့်အခြေအနေကို နားမလည်ဘူး၊ အများကြီး မျှော်လင့်လွန်းတယ်လို့ ကျွန်မ ခံစားခဲ့မိတယ်။ အဲဒီနောက်မှာ သူက ကျွန်မတို့အတွက် ဘုရားနှုတ်ကပတ်တော်တချို့ကို ဖတ်ပြခဲ့ပြီး ဧဝံဂေလိ ဖြန့်ဝေခြင်းရဲ့ အရေးပါမှုကို မိတ်သဟာယဖွဲ့တယ်။ အချိန်က အရမ်းနည်းနေပြီး ကျွန်မတို့ရဲ့ ထိရောက်မှုကို မြှင့်ရမယ်လို့လည်း ပြောတယ်။ သူ ပြောတဲ့ဟာ ဘာတစ်ခုမှ ကျွန်မ တကယ်တမ်း မခံယူခဲ့ဘူး။ ကျွန်မက ကိုယ်ပိုင်အယူအဆတွေ၊ အတွေ့အကြုံတွေထဲမှာ ပိတ်မိနေပြီးတော့ “ငါတို့ရဲ့ ထိရောက်မှုကို တကယ်ကို ဆက်မမြှင့်နိုင်တော့ဘူး။” ဆိုပြီး တွေးမိတယ်။ ကျွန်မ ဘေးနားက ညီအစ်ကို မောင်နှမတွေကို တိတ်တိတ်လေး မေးလိုက်တယ်။ “ငါတို့ လုပ်နိုင်မယ်လို့ ထင်လား” ဆိုပြီး။ သူတို့ကို ဒီဟာ မေးရတဲ့ ကျွန်မရဲ့ ရည်ရွယ်ချက်က သူတို့ကို ကျွန်မဘက်ပါအောင်လို့ပါ။ ကျွန်မလိုမျိုးပဲ ပြောအောင်လို့၊ ခေါင်းဆောင်ကို ပြန်တွန်းလှန်ပြီး ခပ်နှေးနှေးပဲလုပ်ဖို့ပါ။ အဲဒါ အရမ်း သိသာတယ်။ဒါပေမဲ့ ကျွန်မက လုံးဝ သတိမပြုမိဘူး။ သူတို့က ကျွန်မအပေါ် လုံးဝ ရိပ်စားမှုမရှိခဲ့ဘူး။ သူတို့က ဘာမှကို မစဉ်းစားခဲ့တာလို့ ပြောလို့ရတယ်။ သူတို့အားလုံးက ကျွန်မဘက်မှာနေပြီး ကျွန်မကို လက်ခံကြတယ်။

နောက်ပိုင်းမှာ ကျွန်မက မာနထောင်လွှားပြီး ကိုယ့်တာဝန်မှာ ထိရောက်မှုမရှိတာကြောင့်၊ ပြီးတော့ အဖွဲ့ရဲ့အလုပ်ကို ကောင်းကောင်းမစီမံရုံတင်မကဘဲ တားဆီးခဲ့တာကြောင့် ကျွန်မရဲ့ တာဝန်ကနေ ထုတ်ပယ်ခံလိုက်ရတယ်။ ဒါပေမဲ့ ကျွန်မ အံ့သြသွားရတာက အဖွဲ့ခေါင်းဆောင်ရွေးဖို့အချိန် ထပ်ရောက်လာတော့ ညီအစ်ကို မောင်နှမတွေက ကျွန်မကို မဲပေးကြရုံတင်မကဘဲ အားလုံးက ထောက်ခံကြတယ်။ ကျွန်မကို ထုတ်ပယ်တော့ အဖွဲ့တစ်ခုလုံး ပြိုလဲမှာပဲ၊ ဘယ်သူက ဒီ အဖွဲ့ကို ဦးဆောင်နိုင်မှာလဲဆိုပြီး လူတချို့ကပြောတာကို ကျွန်မ ကြားရတယ်။ အဲဒီအချိန်မှာ ကျွန်မမှာ တကယ်အရေးကြီးတဲ့ ပြဿနာရှိနေပြီ၊ လူတိုင်းက ငါ အလုပ်လုပ်တဲ့ပုံစံကို မကြည့်ဘဲ ငါ့ကို နားထောင်ပြီး ပံ့ပိုးနေကြတယ်ဆိုပြီး ခံစားခဲ့ရတယ်။ ခေါင်းဆောင်က ကျွန်မကို ထုတ်ခဲ့ပေမဲ့ လူတိုင်းက ကျွန်မကို မဲပေးကြတယ်။ ပြီးတော့ မျှမျှတတ အဆက်ဆံခံရအောင်ဆိုပြီး ကျွန်မအတွက်တောင် လုပ်ပေးကြတယ်။ ကျွန်မက ညီအစ်ကို မောင်နှမတွေကို တကယ်ကို လမ်းလွဲစေခဲ့တယ်။

ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ စဉ်းစားမိတယ်။ “သင်တို့အားလုံးနှင့်စပ်လျဉ်း၍ ပြောရလျှင်မူ အရပ်ဒေသတစ်ခုရှိ အသင်းတော်များကို သင်တို့၏လက်ထဲအပ်နှံ၍ ခြောက်လကြာ သင်တို့ကို မည်သူတစ်ဦးမျှ ကြီးကြပ်နေခြင်းမရှိပါက သင်တို့သည် စတင်၍ လမ်းလွဲကြလိမ့်မည်။ သင့်ကို တစ်နှစ်ကြာ မည်သူမျှ ကြီးကြပ်ခဲ့ခြင်း မရှိပါက သင်သည် ထိုသူတို့ကို ဝေးရာနှင့် လမ်းမှားသို့ ဦးဆောင်သွားလိမ့်မည်။ နှစ်နှစ်ကျော်သွားပြီး မည်သူမျှ သင့်ကို ကြီးကြပ်နေခြင်း မရှိသေးပါက သင်သည် ၎င်းတို့အား သင့်ရှေ့မှောက်သို့ ခေါ်ဆောင်လာလိမ့်မည်။ ဤသို့ အဘယ်ကြောင့် ဖြစ်သနည်း။ သင်တို့ ဤမေးခွန်းကို ယခင်က စဉ်းစားခဲ့ဖူးသလော။ သင်တို့ ဤသို့များ ဖြစ်နေနိုင်သလော။ သင်တို့၏ အသိပညာသည် လူတို့ကို ကာလတစ်ခုအထိသာ ပံ့ပိုးပေးနိုင်သည်။ အချိန်ကုန်လွန်လာသည်နှင့်အမျှ အကယ်၍ သင်သည် တူညီသောအရာတစ်ခုကိုသာ ဆက်၍ပြောနေပါက လူအချို့တို့သည် သတိပြုမိကြလိမ့်မည်၊ ၎င်းတို့က သင်သည် အပေါ်ယံဆန်လွန်းကြောင်း၊ နက်နဲစေ့စပ်မှု ကင်းမဲ့လွန်းကြောင်း ဆိုကြလိမ့်မည်။ သင်၌ ရွေးချယ်စရာမရှိဘဲ အယူဝါဒများကို ပြောခြင်းဖြင့် လူများကို ကြိုးစားပြီး လှည့်ဖြားရလိမ့်မည်။ အကယ်၍ ဤကဲ့သို့ သင်ဆက်လုပ်နေပါက သင့်အောက်မှ လူများသည် သင်၏ နည်းစနစ်များ၊ ခြေလှမ်းများ၊ ယုံကြည်ခြင်းနမူနာနှင့် လက်တွေ့ခံစားရခြင်း နမူနာနောက်သို့ လိုက်ကြလိမ့်မည် ဖြစ်၍ ၎င်းတို့သည် ထိုစကားများနှင့် အယူဝါဒများကို လက်တွေ့ကျင့်ဆောင်ကြလိမ့်မည် ဖြစ်သည်။ ဤနည်းဖြင့် သင်ဆက်လက်ဟောပြောသောကြောင့် ၎င်းတို့သည် အဆုံးတွင် သင့်ကို စံပြတစ်ဦးအဖြစ် အသုံးပြုလာကြလိမ့်မည်။ အခြားသူများကို သင်ဦးဆောင်ရာတွင် အယူဝါဒများကို သင်ပြောသောကြောင့် သင့်အောက်မှ လူများသည် သင့်ထံမှ အယူဝါဒများကို လေ့လာသင်ယူကြလိမ့်မည်၊ ထို့နောက် အခြေအနေများ တိုးတက်လာသည်နှင့်အမျှ သင်သည် လမ်းမှားနောက်သို့ လိုက်လျှောက်နေပြီးဖြစ်လိမ့်မည် ဖြစ်သည်။ သင့်အောက်မှ လူများသည် သင်ဖောက်သည့် မည်သည့်လမ်းကိုမဆို လိုက်လျှောက်ကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့အားလုံးသည် သင့်ထံမှ သင်ယူလေ့လာကာ သင့်နောက်သို့ လိုက်ကြသဖြင့် ‘ငါသည် ယခုသြဇာတိက္ကမကြီးမားပေ၏၊ လူများစွာသည် ငါ့စကားကို နားထောင်ကြပြီး အသင်းတော်သည် ငါ၏စေလိုရာစေဖြစ်သည်’ ဟု သင်ခံစားရလိမ့်မည်။ လူသားအတွင်းရှိ ဤကဲ့သို့ သစ္စာမဲ့ခြင်းသည် သင့်အား ဘုရားသခင်ကို ပြယုဂ်တစ်ခုမျှအဖြစ်သို့ မရည်ရွယ်ဘဲ အသွင်ပြောင်းမိအောင် ပြုစေသည်၊ ထို့နောက် သင်ကိုယ်တိုင် ဂိုဏ်းဂဏတစ်မျိုးမျိုးကို တည်ထောင်တော့သည်။ အမျိုးမျိုးသော ဂိုဏ်းဂဏများ မည်ကဲ့သို့ ဖြစ်ပေါ်လာသနည်း။ သူတို့မှာ ဤနည်းဖြင့် ဖြစ်ပေါ်လာကြသည်။ ဂိုဏ်းဂဏတိုင်း၏ ခေါင်းဆောင်များကို ကြည့်လော့။ သူတို့အားလုံးသည် မာနထောင်လွှား၍ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကြသူများဖြစ်ပြီး သမ္မာကျမ်းစာကို လိုချင်သည့်စကားလုံးများသာ ကောက်ယူ၍ မိမိတို့ကိုယ်ပိုင် စိတ်ကူးနှင့်အညီ အနက်ဖွင့်ကြသည်။ သူတို့ အားလုံးသည် မိမိတို့၏အလုပ်ကို လုပ်ဆောင်ရန် ဆုကျေးဇူးများနှင့် စာပေကျမ်းဂန်နှံ့စပ်ခြင်းကို အားထားကြသည်။ အကယ်၍ သူတို့သည် မည်သည့်အရာကိုမျှ ဟောပြောခြင်းငှာ မတတ်စွမ်းနိုင်ခဲ့ပါက ထိုလူများသည် သူတို့နောက်သို့ လိုက်ခဲ့ကြလိမ့်မည်လော။ စင်စစ်မူကား သူတို့၌လည်း အသိပညာအချို့ ရှိထားကြပြီး အယူဝါဒတစ်ခုခုကို ဟောပြောနိုင်ကြသည်၊ သို့မဟုတ် သူတို့သည် အခြားသူများကို မည်ကဲ့သို့ သိမ်းသွင်းရမည်နှင့် လှည့်ဖြားမှုအချို့ကို မည်ကဲ့သို့ အသုံးပြုရမည်ကိုလည်း သိကြသည်။ ထိုအရာများကို အသုံးပြုလျက် သူတို့သည် လူများကို မိမိတို့၏ရှေ့မှောက်သို့ ခေါ်ဆောင်ကြပြီး၊ လှည့်ဖြားကြသည်။ အမည်ခံသဘောအရ ထိုလူများသည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း လက်တွေ့သဘောတွင်မူ သူတို့သည် သူတို့၏ခေါင်းဆောင်များနောက်သို့ လိုက်ကြသည်။ သူတို့သည် စစ်မှန်သော လမ်းခရီးကို ဟောပြောသောသူများနှင့် တွေ့ကြုံရလျှင် သူတို့ထဲမှ အချို့တို့သည် ‘ငါတို့၏ ယုံကြည်မှုနှင့် ပတ်သက်၍ ငါတို့၏ခေါင်းဆောင်နှင့် တိုင်ပင်ဆွေးနွေးရမည်’ ဟု ဆိုကြသည်။ သူတို့၏ယုံကြည်ခြင်းသည် လူတစ်ယောက်၏ အတည်ပြုခြင်းကို လိုအပ်နေလေသည်၊ ဤသည်မှာ ပြဿနာတစ်ခုပင် မဟုတ်လော။ ဤသို့ဆိုလျှင် ထိုခေါင်းဆောင်များကကော အဘယ်အရာများ ဖြစ်လာကြသနည်း။ သူတို့သည် ဖာရိရှဲများ၊ သိုးထိန်း၏အယောင်ကို ဆောင်သောသူများ၊ အန္တိခရစ်များနှင့် စစ်မှန်သော လမ်းခရီးကို လူတို့လက်ခံရာ၌ တိုက်မိ၍ လဲစရာများ ဖြစ်လာကြသည် မဟုတ်လော။ ထိုကဲ့သို့သောသူတို့သည် ပေါလုနှင့် တစ်မျိုးတစ်စားတည်း ဖြစ်ကြ၏။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား ကြိုးစားလိုက်လျှောက်ခြင်းသည်သာ ဘုရားသခင်အား စစ်မှန်သောယုံကြည်ခြင်းဖြစ်သည်”) ကျွန်မက ဘုရားသခင် ဖော်ထုတ်တဲ့ ဖာရိရှဲလိုမျိုး အတိအကျပဲဆိုတာ ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ မြင်နိုင်ပါတယ်။ ဒီ လှည့်စားတတ်တဲ့၊ မကောင်းတဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထား ကျွန်မမှာ ရှိရုံတင်မကဘဲ သူများတွေကို လှည့်စား ထိန်းချုပ်ပြီး ဘုရားသခင်ကို ဘေးမှာထားတဲ့ အဆင့်အထိ ကျွန်မရဲ့ အပြုအမူက ရောက်သွားခဲ့ပါတယ်။ အယူဝါဒကိုပဲပြောပြီး လူတွေကို လှည့်စားဖို့အတွက် သူတို့တွေ အလုပ်ကြိုးစားတဲ့ပုံစံ ပြုမူကြတဲ့ ကြောင်သူတော်ဆန်တဲ့ ဖာရိရှဲတွေ၊ ဘုန်းတော်ကြီးတွေအကြောင်းကို တွေးမိတယ်။ သူတို့က ဘုရားသခင်ကို အကြွေးတင်တယ်လို့ပြောကြပြီး တကယ်ကို နှိမ့်ချပြီး ကိုယ့်ကိုယ်ကိုယ် သတိပြုမိတဲ့ပုံစံရှိကြတယ်။ ဒါပေမဲ့ သူတို့က သခင့်အတွက် ဘယ်လောက် စွန့်လွှတ်ခဲ့တယ်၊ ဘယ်လောက် ဒုက္ခခံခဲ့တယ်၊ ဘယ်လောက်ထိ သူတို့အလုပ်လုပ်ခဲ့တယ်ဆိုတာတွေကို အမြဲတမ်း ပြသကြတယ်။ ရလဒ်အနေနဲ့ ယုံကြည်သူတွေက သူတို့ကို ကိုးကွယ်ကြပြီး သူတို့ပြောသမျှ အရာတိုင်းက သခင့်အလိုတော်နဲ့ ညီတယ်လို့ ထင်ကြတယ်။ လူတွေက သူတို့အပေါ် ဘာ ရိပ်စားမှုမှ မရှိကြဘူး။ သူတို့ကို လိုက်နာတာက သခင့်ကို လိုက်နာတာပဲလို့တောင် လူတွေက ထင်ကြတယ်။ ဒါက သခင့်ကို အမည်ခံသက်သက်ပဲ ယုံကြည်တာဖြစ်ပြီး တကယ်တမ်းမှာက ဘုန်းတော်ကြီးတွေနောက်ကို လိုက်နေတာပဲ။ ကျွန်မ လျှောက်နေတဲ့လမ်းက ဖာရိရှဲတွေ၊ ဘုန်းတော်ကြီးတွေရဲ့ လမ်းနဲ့ ဘယ်လိုများ ကွဲပြားဦးမှာလဲ။ ကျွန်မလည်း ကိုယ့်တာဝန်မှာ ဆက်ကပ်အပ်နှံမှုရှိတယ်လို့ ညီအစ်ကို မောင်နှမတွေ ထင်အောင်လို့ အယူဝါဒနဲ့ အပေါ်ယံ စွန့်လွှတ်အနစ်နာခံမှုတွေကိုပဲ ကျွန်မ အာရုံစိုက်ခဲ့တယ်။ ကိုင်တွယ်ဖြေရှင်းခံရတဲ့အခါမှာ ကျွန်မ သမ္မာတရားကို မရှာဖွေခဲ့ဘူး၊ ကိုယ့်ကိုယ်ကိုယ် အမှန်တကယ် မဆင်ခြင်ခဲ့ဘူး။ ကျွန်မက နာခံတယ်၊ ဝိညာဉ်ရင့်ကျက်မှုရှိတယ်လို့ လူတွေက ထင်ပြီး ကျွန်မကို နှစ်သက်ကြဖို့၊ ကျွန်မပြောတာကို နားထောင်ကြဖို့အတွက် လူတိုင်းကို လှည့်စားဖို့ မှန်တယ်လို့ ထင်ရတာတွေကိုပဲ ကျွန်မ ပြောတယ်။ ကျွန်မ အပေါ်မှာ ဘုရားသခင်ရဲ့ သတ်မှတ်ချက်ကိုတောင် ဆန့်ကျင်ဖို့ သူတို့ကို ကျွန်မ လုပ်ခဲ့တယ်။ တကယ်တမ်း အာဏာရှိနေတာက ကျွန်မ ဖြစ်ခဲ့တယ်။ ကျွန်မက အန္တိခရစ်နဲ့ ဘာများ ခြားနားလို့လဲ။ ကျွန်မက ခေါင်းဆောင်တစ်ယောက် မဟုတ်ခဲ့ဘူး။ အဆင့်မြင့်တဲ့ ရာထူးမျိုး မရှိခဲ့ဘူး။ ခေါင်းဆောင်ရဲ့ ကြီးကြပ်မှုအောက်မှာ တခြားအစ်မနှစ်ယောက်နဲ့ အလုပ်တချို့အတွက် တာဝန်ခွဲဝေယူထားရတာသက်သက်ပဲ။ ဒါပေမဲ့ အဲဒါတောင်မှ ကျွန်မ ပြဿနာက ဒီလောက် ဆိုးသွားခဲ့တာ။ အကြောင်းကိစ္စတစ်ခုအတွက် ကျွန်မတစ်ယောက်တည်း တာဝန်ရှိတဲ့ ပိုမြင့်တဲ့ရာထူးကို ကျွန်မ ရသွားရင် ဘယ်လောက်ဆိုးတဲ့ မကောင်းမှုကိုများ ကျွန်မ လုပ်မိနိုင်မလဲဆိုတာကို မတွေးရဲဘူး။ ကျွန်မက ယုံကြည်သူဖြစ်တာ ကြာခဲ့ပြီးတော့ ဘယ်လိုအခက်အခဲ၊ စမ်းသပ်မှုတွေကိုပဲ ရင်ဆိုင်ရပါစေ ကျွန်မတာဝန်ကို ဆက်လုပ်ခဲ့တာကြောင့် ကျွန်မက တော်တော်လေး ကောင်းတဲ့ လူသားဆန်မှုရှိတယ်၊ ပြီးတော့ ခေါင်းဆောင်တစ်ယောက်ဖြစ်လာဖို့ တစ်ခါမှ မရုန်းကန်ခဲ့ဖူးဘူး၊ ဒါကြောင့် ကျွန်မက ဖာရိရှဲ ဒါမှမဟုတ် အန္တိခရစ်တစ်ယောက် လုံးဝ ဖြစ်မလာနိုင်ဘူးလို့ ထင်ခဲ့ပါတယ်။ ဒါပေမဲ့ အမှန်တရားနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ကျွန်မက ဆွံ့အသွားပြီး ဘာမှပြောစရာမရှိခဲ့ဘူး။ ကျွန်မရဲ့ အယူအဆတွေက ဘယ်လောက် အဓိပ္ပာယ်မရှိပြီး ထိခိုက်နစ်နာစေသလဲဆိုတာ၊ ကျွန်မရဲ့ စိတ်သဘောထားက ဘယ်လောက် ဆိုးဝါးပြီး ကြောက်စရာကောင်းသလဲဆိုတာကို နောက်ဆုံးမှာ ကျွန်မ မြင်တွေ့ခဲ့တယ်။ ယုံကြည်သူတစ်ယောက်အနေနဲ့ သမ္မာတရားကို ကျွန်မ မလိုက်စားခဲ့ဘူး၊ ဘုရားသခင်ရဲ့ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြုပြင်ခြင်းတွေကို ကျွန်မ လက်မခံဘူး၊ မနာခံဘူးဆိုတာကို မြင်ခဲ့ရတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေအရ ကျွန်မရဲ့ ဆိုးယုတ်တဲ့ သဘာဝကို ဆင်ခြင်သုံးသပ်ပြီး သိမြင်တာ မရှိခဲ့ဘူး။ ကျွန်မက အပေါ်ယံ လိုက်နာပြီး ပါးစပ်နဲ့ပဲ အသိအမှတ်ပြုပြီး တင်းတိမ်နေခဲ့တယ်။ ကျွန်မက ဘယ်လောက်ပဲ ကောင်းမွန်ပြီး စည်းကမ်းလိုက်နာတဲ့ ပုံပေါ်ပါစေ အခွင့်အလမ်းတစ်ခုပေါ်လာတာနဲ့ ဘုရားသခင်ကို သစ္စာဖောက်တဲ့ ကျွန်မရဲ့ ဆိုးယုတ်တဲ့ သဘာဝက သိသာလာတာပဲ။ ပြီးတော့ ကျွန်မ ကိုယ်တိုင်တောင် သတိမထားမိတဲ့ မကောင်းမှုကို အမှတ်တမဲ့ ကျူးလွန်ခဲ့တယ်။ တကယ်ကို ဘုရားသခင် ပြောထားသလိုပါပဲ။ “ငါ့ကို သင်တို့ သစ္စာဖောက်မည့် အလားအလာက တစ်ရာရာခိုင်နှုန်း ရှိနေဆဲ ဖြစ်သည်ဟု ဆိုလိုသည်။

ကျွန်မက စာတန်ရဲ့ ဖျက်ဆီးခြင်းကို ဘယ်လောက်ဆိုးတဲ့အထိ ခံထားရတယ်၊ ဘယ်လောက် ထုံထိုင်းပြီး ခေါင်းမာတယ်ဆိုတာကို ဘုရားသခင် သိပါတယ်။ ကိုယ့်ကိုယ်ကိုယ် နည်းနည်းသိရုံနဲ့ ပြောင်းလဲမှုကို ကျွန်မ မရနိုင်ဘူး။ အဲဒါကြောင့် နောက်ပိုင်းမှာ ညီအစ်ကို မောင်နှမတွေရဲ့ ဖော်ထုတ်ပြီး ကိုင်တွယ်ဖြေရှင်းတာကို ကျွန်မ ခံခဲ့ရတယ်။ ကျွန်မ သတိရသေးတယ်။ တစ်ခါတုန်းက အစ်မ တစ်ယောက်က စကားကိုမချန်ဘဲ ကျွန်မကို တဲ့တိုးပြောတယ်။ “ကျွန်မ အစ်မကို အခုနည်းနည်း သိလာပြီ။ အစ်မက အစ်မရဲ့ တကယ့်စိတ်အတွင်းထဲက အတွေးတွေကို သိပ်ပြီး မိတ်သဟာယမဖွဲ့ဘူး၊ အစ်မရဲ့ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးမှုကို မထုတ်ဖော်ပြဘူး။ အစ်မရဲ့ အပြုသဘောဆောင်တဲ့ဝင်ရောက်မှုနဲ့ နားလည်မှုတချို့ကိုပဲ ပြောတယ်။ အစ်မရဲ့ ဖောက်ပြန်ပျက်စီးမှုက လုံးဝ ဖြေရှင်းပြီးသွားပြီးသလိုမျိုး၊ လွတ်ကင်းသွားသလိုမျိုးပေါ့။” တဲ့။ သူက ကျွန်မကို လေးစားနှစ်သက်ခဲ့ဖူးတယ်၊ ကျွန်မက သမ္မာတရားကို နားလည်တဲ့ ရေရှည် ယုံကြည်လာသူတစ်ယောက်ဖြစ်တယ်၊ အကြောင်းကိစ္စတွေတော်တော်များများမှာ ဘယ်လို တွေ့ကြုံခံစားရမယ်ဆိုတာကို ကျွန်မက သိတယ်၊ ကိုယ့်တာဝန်မှာ ဒုက္ခခံနိုင်ပြီး အဖိုးအဖပေးဆပ်နိုင်တယ်၊ အထူးသဖြင့် ပြင်းပြင်းထန်ထန် ကိုင်တွယ်ဖြေရှင်းခံရပြီး ပြုပြင်ခံရတာကို ကျွန်မ လက်ခံနိုင်တယ်လို့ သူက ထင်ခဲ့တာ တဲ့။ ဒါကြောင့် သူက ကျွန်မကို အထင်ကြီးလေးစားခဲ့တာ။ ကျွန်မပြောသမျှက မှန်တယ်လို့ သူထင်ပြီး ကျွန်မပြောတာကို အမြဲတမ်း နားထောင်ခဲ့တယ်။ သူ့နှလုံးသားထဲက ဘုရားသခင်ရဲ့နေရာကို ကျွန်မကို အမှန်တကယ် ပေးခဲ့တယ်။ သူက ကျွန်မကို ဘုရားသခင်လိုမျိုး တကယ်လာတွေ့မယ်လို့ သူပြောတာကို ကြားရတော့ မိုးကြိုပစ်ခံလိုက်ရသလိုပါပဲ။ ကျွန်မ တော်တော် ကြောက်သွားပြီး တကယ်ကို ခုခံချင်စိတ်ဖြစ်မိတယ်။ ကျွန်မ စိတ်ထဲမှာ “ဒါသာ အမှန်ဆိုရင် ငါက အန္တိခရစ် ဖြစ်သွားပြီမဟုတ်လား။ နင် ဘာလို့ အဲဒီလောက် အ ရတာလဲ။ မသိမြင်နိုင်ရတာလဲ။ ငါလည်း စာတန်ရဲ့ ဖျက်ဆီးခြင်းကို ခံထားရပါတယ်။ ငါ့ကို ဘာလို့ အဲဒီလို မြင်ရတာလဲ” ဆိုပြီး စဉ်းစားမိတယ်။ ကျွန်မ လေးငါးရက်ကြာတဲ့အထိ ဝမ်းနည်းပက်လက်ဖြစ်နေခဲ့တယ်။ သူပြောတာကို ကျွန်မ စဉ်းစားမိတိုင်း စိတ်ပျက်မိတယ်။ ပြီးတော့ ကျွန်မမှာ ဒီ ကြောက်လန့်တဲ့ ထူးဆန်းတဲ့ ခံစားချက်တစ်ခုရှိနေတယ်။ ဆိုးဝါးတဲ့အရာတစ်ခုက ကျွန်မဆီကို နီးကပ်လာသလိုမျိုးပေါ့။ ဒါ ကျွန်မအပေါ် ဘုရားသခင်ရဲ့ အမျက်ဒေါသပဲ၊ သူ့ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားက ကျွန်မဆီကို လာနေတယ်၊ အဲဒီလို မကောင်းမှုမျိုးကို လုပ်တဲ့ အကျိုးဆက်ကို ကျွန်မ လက်ခံရမယ်ဆိုတာ ကျွန်မ သိခဲ့ပါတယ်။ ဘုရားသခင်ရဲ့ စိတ်သဘောထားက ဘာ ပုန်ကန်ပြစ်မှားမှုကိုမှ သည်းမခံဘူးဆိုတာ ကျွန်မ သိတယ်။ ပြီးတော့ ဘုရားသခင်က ကျွန်မကို စီရင်ပြီးနှင့်ပြီလို့ ခံစားရတယ်။ အဲဒါနဲ့ ကျွန်မရဲ့ ယုံကြည်ခြင်းလမ်းကြောင်းက အဆုံးရောက်နေပြီလို့ ထင်ခဲ့ပါတယ်။ ဒီလို စဉ်းစားမိပြီး ကျွန်မ မျက်ရည်တွေ မထိန်းနိုင်ခဲ့ဘူး။ မကောင်းမှုကြီးတွေ ဒါမှမဟုတ် တကယ်ကို မကောင်းတဲ့ အရာတွေကို မလုပ်တဲ့ပုံစံရှိတဲ့သူ ကျွန်မက တော်တော်ဆိုးတဲ့ အခြေအနေတစ်ခုကို ရောက်လာနိုင်တယ်လို့ ကျွန်မ လုံးဝ စိတ်မကူးခဲ့မိဘူး။ လူတွေကို အယူဝါဒတွေနဲ့ ကျွန်မ လှည့်စားခဲ့ရုံမက ကျွန်မက ဘုရားလိုမျိုး လူတွေ ကျွန်မကို ကိုးကွယ်စေခဲ့တယ်။ ဒါဟာ ဘုရားသခင်ကို အမည်ခံပြယုဂ်အဖြစ်ပြောင်းလဲပစ်တာဖြစ်ပြီး ဘုရားသခင်ရဲ့ စိတ်သဘောထားကို တော်တော်ကို ပုန်ကန်ပြစ်မှားလိုက်တာပါပဲ။ ကျွန်မက တကယ်ကို အပျက်သဘောဆောင်နေပြီး ကျွန်မရဲ့ ပြစ်မှားမှုတွေနဲ့ မကောင်းမှုတွေက ကျွန်မ နှလုံးသားထဲမှာ လောင်မြိုက်နေသလို ခံစားခဲ့ရတယ်။ ကျွန်မက ဖာရိရှဲလို၊ အန္တိခရစ်တစ်ယောက်လိုဖြစ်ပြီး ကျွန်မက စာတန်နဲ့သက်ဆိုင်တယ်၊ ဖယ်ရှားခံရမယ့် အစေခံသူတစ်ယောက်လို့ ကျွန်မ ခံစားခဲ့ရတယ်။ အဲဒီအခြေအနေကို ရောက်အောင် ကိုယ့်ကိုယ်ကိုယ် ဘယ်လိုခွင့်ပြုခဲ့တာလဲဆိုတာကို ကျွန်မ နားမလည်နိုင်ခဲ့ဘူး။ နောင်တရပြီး ဘုရားသခင်ရှေ့ကိုလာပြီး ဝန်ချရင်းနဲ့ ပြောလိုက်တယ်။ ဘုရားသခင် ကျွန်မ မကောင်းမှုကြီးကို လုပ်ခဲ့ပါတယ်။ “ကိုယ်တော်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခဲ့ပြီး ကျွန်မ ကျိန်ဆဲခံရသင့်ပြီး အပြစ်ဒဏ်ပေးခံရသင့်ပါတယ်။ ကိုယ်တော်ရဲ့ ခွင့်လွှတ်မှုကို ကျွန်မ မတောင်းခံပါဘူး။ ကျွန်မရဲ့ ဆိုးယုတ်တဲ့ သဘာဝကို နားလည်နိုင်ပြီး စာတန်ကြောင့်ဖြစ်တဲ့ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုရဲ့ အမှန်တရားကို မြင်နိုင်ဖို့အတွက် ကိုယ်တော် ကျွန်မကို အသိဉာဏ်ပွင့်လင်းစေပါလို့ပဲ တောင်းလျှောက်ပါတယ်။ ဘုရားသခင် ကျွန်မ နောင်တရချင်ပါတယ်။ ရိုးသားဖြောင့်မတ်ချင်ပါတယ်။” ဆိုပြီးတော့။

နောက်တစ်နေ့မှာ ကျွန်မ ဒီလောက်ဆိုးဝါးတဲ့နေရာကို ဘာကြောင့်ရောက်သွားသလဲဆိုတာ၊ ပြဿနာရဲ့ အရင်းအမြစ်က ဘယ်မှာလဲဆိုတာကို ကျွန်မ စပြီး ဆင်ခြင်သုံးသပ်ပါတယ်။ ကျွန်မ ဘုရားရှိခိုးဝတ်ပြုတဲ့အချိန်တစ်ချိန်မှာ ဒီအပိုဒ်ကို ဖတ်ပါတယ်။ “သို့ဆိုလျှင် အန္တိခရစ်များသည် မိမိတို့ကိုယ်ကိုယ် မည်သည့် အပြင်ပန်းပေါ်လွင်သည့် သရုပ်သကန် ပေးထားကြသနည်း။ ၎င်းတို့ မည်သူအဖြစ် ဟန်ဆောင်နေကြသနည်း။ ဟုတ်ပေ၏၊ ၎င်းတို့၏ အယောင်ဆောင်ခြင်းသည် အဆင့်အတန်းနှင့် နာမည်ဂုဏ်သတင်းအတွက် ဖြစ်သည်။ ယင်းကို ထိုအရာများမှ ခွဲ၍မရနိုင်ပေ၊ သို့မဟုတ်ပါက ၎င်းတို့သည် ထိုသို့သော ဟန်ဆောင်မှုတစ်ခု ထားရှိဖို့ ဖြစ်နိုင်မည် မဟုတ်ပေ၊ မိုက်မဲလှသည့် အရာတစ်ခုကို ၎င်းတို့ လုပ်ဆောင်ရန် မည်သို့ မျှ မဖြစ်နိုင်ပေ။ ထိုသို့သော အပြုအမူကို အပြစ်တင်ဖွယ်၊ အလွန်မနှစ်မြို့ဖွယ်ဖြစ်ကာ စက်ဆုပ်စရာအဖြစ် ယူဆထားသည်ကို ထောက်ဆလျှင်၊ ၎င်းတို့သည် ယင်းကို အဘယ်ကြောင့် လုပ်ဆောင်ကြသေးသနည်း။ ၎င်းတို့၌ ၎င်းတို့ကိုယ်တိုင်၏ ရည်မှန်းချက်များနှင့် အရင်းခံအကြောင်းများ ရှိကြသည်ကား သေချာပေသည်၊ ရည်ရွယ်ချက်များနှင့် အရင်းခံအကြောင်းရင်းများ ပါဝင်နေပေသည်။ အန္တိခရစ်များသည် လူတို့၏ စိတ်များတွင် အဆင့်အတန်းရရှိဖို့ ဖြစ်ပါက၊ ဤလူတို့အား ၎င်းတို့ကို အထင်ကြီးစေရမည် ဖြစ်သည်။ ပြီးလျှင် မည်သည့်အရာက လူတို့ကို ထိုသို့ လုပ်ဆောင်စေသနည်း။ လူတို့၏စိတ်ထဲတွင် ကောင်းမွန်သည်ဟု ယုံကြည်ထားသည့် အပြုအမူများနှင့် ထုတ်ဖော်ပြမှုများ အချို့ကို တုပခြင်းအပြင်၊ အခြား သွင်ပြင်တစ်ခုမှာ အန္တိခရစ်များသည် အခြားသူများအား ၎င်းတို့ကို အထင်ကြီးစေဖို့အလို့ငှာ၊ လူတို့က ကြီးမြတ်ကာ ခမ်းနားသည်ဟု ယုံကြည်ကြသည့် အချို့သော အပြုအမူများနှင့် အသွင်တို့ကိုလည်း တုပတတ်ကြလေသည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၁၈)”) “နောက်ခံက မည်သည့်အရာဖြစ်ပါစေ၊ သို့မဟုတ် ၎င်းတို့၏ တာဝန်ကို မည်သည့်နေရာတွင် ၎င်းတို့ ထမ်းဆောင်နေကြသည်ဖြစ်စေ၊ အန္တိခရစ်များသည် သမ္မာတရားနှင့် ပတ်သက်၍၊ ပြီးလျှင် ဘုရားသခင်နှင့်ပတ်သက်၍ ၎င်းတို့ စိတ်နှလုံးများ၏ နက်ရှိုင်းသော နေရာများ၌ ၎င်းတို့ စွဲကိုင်ထားသည့် တကယ့် သဘောထားနှင့် တကယ့် အမြင်များကို အခြားသူများထံမှ ကွယ်ဝှက်ထားလျက် ၎င်းတို့သည် အားမနည်းသည့် သွင်ပြင်၊ ဘုရားသခင်အတွက် အဆုံးစွန်သော ချစ်ခြင်းမေတ္တာရှိနေသည့် သွင်ပြင်၊ ဘုရားသခင်၌ ယုံကြည်ခြင်း အပြည့်အဝရှိသည့် သွင်ပြင်၊ မည်သည့်အခါတွင်မျှ အပျက်သဘောမဆောင်ဖူးသည့် သွင်ပြင်၊ မည်သည့်အခါတွင်မျှ ကွယ်ဝှက်ခြင်းမရှိသည့် သွင်ပြင်ကို ပြကြလေသည်။ အမှန်စင်စစ်၊ ၎င်းတို့ စိတ်နှလုံး၏ နက်ရှိုင်းသော နေရာများတွင်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အရာခပ်သိမ်း အစွမ်းထက်သည်ဟု အမှန်တကယ် ယုံကြည်ကြသလော။ မိမိတို့ကိုယ်ကိုယ် အားနည်းချက်များ မရှိဟု အမှန်တကယ် ယုံကြည်ကြသလော။ မယုံကြည်ကြချေ။ ထို့ကြောင့်၊ ၎င်းတို့သည် အားနည်းချက်၊ ပုန်ကန်မှုနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပိုင်ဆိုင်သည်ကို သိလျက်၊ အခြားသူများရှေ့တွင် ထိုသို့သော နည်းလမ်းဖြင့် အဘယ်ကြောင့် ပြောဆိုကာ ပြုမူကြသနည်း။ ၎င်းတို့၏ ရည်ရွယ်ချက်က သိသာထင်ရှားပေသည်- ယင်းသည် အခြားသူများအကြားနှင့် အခြားသူများရှေ့မှောက်တွင် ၎င်းတို့၏ အဆင့်အတန်းကို ကာကွယ်ရန် သက်သက် ဖြစ်သည်။ ၎င်းတို့က အခြားသူများရှေ့တွင်၊ တစ်စုံတစ်ဦးသည် ပွင့်ပွင့်လင်းလင်း အပျက်သဘောဆောင်ပါက၊ အားနည်းသည့်အရာများ၊ ပုန်ကန်ပြစ်မှားမှုကို ထုတ်ဖော်ပြသည့် အရာများကို ပွင့်ပွင့်လင်းလင်း ပြောဆိုကာ၊ မိမိတို့ကိုယ်ကိုယ် သိခြင်းနှင့်ပတ်သက်၍ ပြောဆိုကြပါက၊ ဤသည်မှာ ၎င်းတို့၏ အဆင့်အတန်းနှင့် နာမည်ဂုဏ်သတင်းကို ထိခိုက်နစ်နာစေသည့် အရာဖြစ်သည်၊ ယင်းသည် ဆုံးရှုံးမှုတစ်ခု ဖြစ်သည်ဟု ယုံကြည်ကြလေသည်။ ထို့ကြောင့် ၎င်းတို့သည် အားနည်းပြီး အပျက်သဘောဆောင်ကြကာ၊ မစုံလင်ဘဲ သာမန်လူတစ်ဦးသာ ဖြစ်သည်ဟု ပြောဆိုဖို့ထက် သေရန်ပိုလိုလားကြလေသည်။ ၎င်းတို့အနေဖြင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရှိသည်၊ ၎င်းတို့သည် သာမန်လူတစ်ဦး၊ သေးနုတ်ပြီး အရေးမပါသောသူတစ်ဦး ဖြစ်သည်ဟု ဝန်ခံပါက၊ လူတို့၏ စိတ်များတွင် ၎င်းတို့ အဆင့်အတန်း ရှိကြလိမ့်မည် မဟုတ်သကဲ့သို့၊ လူတို့၏စိတ်များတွင် ၎င်းတို့၏ အဆင့်အတန်းကို ၎င်းတို့ ဆုံးရှုံးကြလိမ့်မည်ဟု ထင်ကြလေသည်။ ထို့ကြောင့် မည်သည့်အရာဖြစ်ပါစေ၊ ၎င်းတို့သည် ဤအဆင့်အတန်းကို လက်မလွှတ်နိုင်ကြဘဲ၊ ထိုအစား ယင်းကို လုံခြုံစေဖို့ အစွမ်းကုန် လုပ်ဆောင်ကြလေသည်။ ပြဿနာတစ်ခုကို ၎င်းတို့ ကြုံရချိန်တိုင်းတွင်၊ ၎င်းတို့ ရှေ့သို့ခြေလှမ်းကြသည်၊ သို့သော် ၎င်းတို့ ဖော်ထုတ်ခံရနိုင်သည်ကို မြင်သည့်အခါ၊ လူများက ၎င်းတို့အား ရိပ်စားမိနိုင်သည်ကို မြင်သည့်အခါ၊ ၎င်းတို့ အလျင်အမြန် ပုန်းကွယ်ကြလေသည်။ အခြားနည်းဖြင့် လုပ်ကိုင်ဖို့အခွင့် တစ်စုံတစ်ရာ ရှိပါက၊ ၎င်းတို့ မိမိတို့ကိုယ်ကိုယ် ကြွားဝါခြင်းငှာ အခွင့်၊ ၎င်းတို့က ကျွမ်းကျင်သူတစ်ဦးဖြစ်သည်၊ ဤကိစ္စရပ်နှင့်ပတ်သက်၍ ၎င်းတို့ သိကြပြီး နားလည်ကြကာ ဤပြဿနာကို ဖြေရှင်းနိုင်ကြသည်ဟု ဟန်ဆောင်ခြင်းငှာ အခွင့်အရေး ရှိဆဲဖြစ်ပါက၊ ၎င်းတို့သည် အခြားသူများ၏ အသိအမှတ်ပြုခြင်းကို ကြိုးပမ်းရရှိဖို့ အခွင့်အရေး၊ ဤနယ်ပယ်တွင် ၎င်းတို့ ကျွမ်းကျင်သည်ကို ထိုသူတို့အားသိစေဖို့ အခွင့်အရေးကို ဖမ်းဆုပ်ရန် အပြေးအလွှား ရှေ့တိုးကြလေသည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၁၈)”) “ဤအန္တိခရစ်များသည် ဝိညာဉ်ရေးရာ ပြည့်ဝသော လူတို့၏ အခန်းကဏ္ဍတွင် ပါဝင်ချင်ကြသည်၊ ၎င်းတို့သည် ညီအစ်ကို မောင်နှမများအလယ်တွင် ပြိုင်ဘက်ကင်းသောသူများ ဖြစ်ချင်ကြသည်၊ သမ္မာတရားကို ပိုင်ဆိုင်ပြီး သမ္မာတရားကို နားလည်ကာ၊ အားနည်းပြီး မရင့်ကျက်သောသူတို့ကို ကူညီနိုင်သောသူများ ဖြစ်ချင်ကြသည်။ ပြီးလျှင် ဤအခန်းကဏ္ဍတွင် ပါဝင်ရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ပထမဦးစွာ၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ဇာတိပကတိကို ကျော်လွန်နှင့်ပြီးဖြစ်သည်၊ လောကီ ပူပန်မှုများကို အစားထိုးလိုက်ပြီးပြီဖြစ်သည်၊ ပုံမှန်လူ့သဘာဝ၏ အားနည်းချက်များကို ခါချပြီးဖြစ်ကာ ပုံမှန်လူ့သဘာဝ၏ ဇာတိအသွေးအသား လိုအပ်ချက်များကို ချိုးနှိမ်နိုင်ပြီးဖြစ်သည်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ဘုရားသခင်၏ အိမ်တော်၌ အရေးကြီးသော အလုပ်များကို တာဝန်ယူဆောင်ရွက်နိုင်သူများ၊ ဘုရားသခင်၏ အလိုကို ထောက်ထားနိုင်သူများ၊ မိမိတို့၏ စိတ်များက ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ပြည့်ဝသောသူများဖြစ်သည်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ဘုရားသခင်၏ သတ်မှတ်ချက်များကို ရယူနှင့်ပြီးဖြစ်ကာ ဘုရားသခင်ကို ကျေနပ်စေပြီးဖြစ်သကဲ့သို့ ဘုရားသခင်၏ အလိုကို ထောက်ထားနိုင်ကာ ဘုရားသခင်ကိုယ်တော်တိုင်၏ နှုတ်မှ ကတိပြုခဲ့သော နှစ်သက်ဖွယ် ခရီးပန်းတိုင်ကို ရရှိနိုင်သောလူများကဲ့သို့ ပုံဖော်ကြလေသည်။ ထို့ကြောင့် ၎င်းတို့သည် မကြာခဏ ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီဟု ဘဝင်ခိုက်တတ်ကြပြီး၊ မိမိတို့ကိုယ်ကိုယ် အခြားသူများနှင့် ကွာခြားသည်ဟု ထင်ကြလေသည်။ ၎င်းတို့ အမှတ်ရနိုင်ပြီး ၎င်းတို့၏ စိတ်များတွင် နားလည်နိုင်စွမ်းရှိသည့် စကားလုံးများနှင့် စကားရပ်များကို အသုံးပြုရင်း၊ ၎င်းတို့သည် ဆိုဆုံးမကြသည်၊ ပြစ်တင်ရှုတ်ချကြပြီး အခြားသူများနှင့်ပတ်သက်သည့် ကောက်ချက်များချကြသည်။ ထို့ကြောင့်၊ ၎င်းတို့သည် အခြားသူများနှင့် ပတ်သက်သည့် ကောက်ချက်များချဖို့နှင့် ၎င်းတို့ကို လေ့ကျင့်သင်ကြားပေးဖို့၊ အခြားသူများကို ဤအလေ့အကျင့်များ၊ ဆိုရိုးစကားများကို လိုက်လျှောက်ကြစေဖို့၊ ၎င်းတို့ကိုယ်တိုင်၏ အယူအဆများနှင့်ဆိုင်သည့် စိတ်ကူးစိတ်သန်းများမှ ပေါက်ဖွားသည့် အလေ့အကျင့်များနှင့် ဆိုရိုးစကားများကိုလည်း မကြာခဏ အသုံးပြုကြလေသည်၊ ထိုသို့ဖြင့် ညီအစ်ကို မောင်နှမများအကြားတွင် ၎င်းတို့ ဆန္ဒရှိသည့် အဆင့်အတန်းကို စွမ်းဆောင်ရရှိကြလေသည်။ ၎င်းတို့အနေဖြင့် မှန်ကန်သည့် စကားလုံးများနှင့် စကားရပ်များ၊ ပြီးလျှင် မှန်ကန်သည့် အယူဝါဒများကို ပြောဆိုနိုင်သရွေ့၊ ဆောင်ပုဒ်အနည်းငယ်ကို ဟစ်အော်နိုင်သရွေ့၊ ဘုရားသခင်၏အိမ်တော်တွင် တာဝန်အနည်းငယ်ယူနိုင်သရွေ့၊ အရေးပါသည့် အလုပ်အချို့ကို တာဝန်ယူဆောင်ရွက်နိုင်သရွေ့၊ ဦးဆောင်ဖို့ လိုလားနေသရွေ့၊ ပြီးလျှင် လူတစ်စုတွင် ပုံမှန်စနစ်ကျမှုကို ထိန်းသိမ်းနိုင်သရွေ့၊ ယင်းမှာ ၎င်းတို့သည် ဝိညာဉ်ရေးရာ ပြည့်ဝသူများဖြစ်ပြီး၊ ၎င်းတို့၏အနေအထား လုံခြုံစိတ်ချရသည်ဟု ဆိုလိုသည်ဟု ထင်ကြလေသည်။ ထို့ကြောင့် ဝိညာဉ်ရေးရာ ပြည့်ဝသကဲ့သို့ ဟန်ဆောင်နေပြီး ၎င်းတို့၏ ဝိညာဉ်ရေးရာ ပြည့်ဝမှုနှင့်သက်ဆိုင်၍ ကြွားဝါနေစဉ်တွင်၊ ၎င်းတို့သည် အရာခပ်သိမ်း အစွမ်းထက်ပြီး၊ မည်သည့်အရာမဆို တတ်စွမ်းနိုင်သကဲ့သို့၊ စုံလင်သော လူတစ်ဦးကဲ့သို့လည်း ဟန်ဆောင်ကြပြီး၊ အရာရာကို ၎င်းတို့ လုပ်ဆောင်နိုင်ကာ အရာရာတွင် တော်ကြသည်ဟု ထင်ကြလေသည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၁၈)”)

ကျွန်မက ဘာကြောင့် အမြဲတမ်း အရမ်းကို ကြောင်သူတော်ဆန်ပြီး မိတ်သဟာယမှာ ကျွန်မရဲ့ ကောင်းတဲ့ဘက်ကိုပဲ ပြတယ်၊ ဘာကြောင့် ကျွန်မရဲ အကျည်းတန်တဲ့၊ ဆိုးယုတ်တဲ့ ဘက်ကို ဘယ်သူမှ မမြင်နိုင်အောင် ဖုန်းကွယ်ဖို့ အရမ်းကြိုးစားတယ်ဆိုတဲ့ အကြောင်းရင်းကို ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို ပြသခဲ့ပါတယ်။ ဒါဟာ လူတွေရဲ့ နှလုံးသားထဲမှာ ကျွန်မ ကိုင်စွဲထားတဲ့နေရာကို ကာကွယ်ဖို့၊ ရေရှည် ယုံကြည်လာသူတစ်ယောက်အဖြစ် ကျွန်မအပေါ် လူတွေရှိတဲ့ ပုံရိပ်ကို ထိန်းသိမ်းဖို့အတွက်ပါ။ ဒါဆိုရင် ကျွန်မက ယုံကြည်လာတဲ့နှစ်တွေမှာ ထူးခြားတယ်၊ သူများ ညီအစ်ကို မောင်နှမတွေနဲ့ မတူဘူး၊ ကျွန်မက သမ္မာတရားကို နားလည်ပြီး ဝိညာဉ်ရင့်ကျက်မှုရှိတယ်ဆိုပြီး သူတို့က ထင်ကြမယ်။ အဲဒါကြောင့် သူတို့က ကျွန်မကို အထင်ကြီးလေးစားကြမယ်။ ချစ်ခင် နှစ်သက်ကြမယ် ပေါ့။ ကျွန်မက အရမ်း မာနထောင်လွှားပြီး ဆိုးယုတ်တယ်။ လှည့်စားတတ်တယ်ဆိုတာ နားလည်သဘောပေါက်ခဲ့ပါတယ်။ ကျွန်မက ကြာရှည် ယုံကြည်လာသူတစ်ယောက်ဖြစ်ပြီး အယူဝါဒတချို့ကို နားလည်တယ်လို့ ထင်ခဲ့တယ်။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး ဘာသာရေးကိုင်းရှိုင်းသူတစ်ယောက်အဖြစ် စပြီး ဟန်ဆောင်လာခဲ့တာပဲ။ ကျွန်မမှာ သမ္မာတရားရဲ့ စစ်မှန်မှု မရှိဘူး။ သမ္မာတရားကို ရှာဖွေတာ၊ လိုက်စားတာတွေမှာ အာရုံမစိုက်ဘူး။ ကျွန်မက သမ္မာတရားရဲ့ စစ်မှန်မှုမရှိဘူးဆိုတဲ့ အကျည်းတန်တဲ့ စစ်မှန်မှုကို ဖုန်းကွယ်ဖို့အတွက် အယူဝါဒ၊ ကောင်းတဲ့ အပြုအမူ၊ အပေါ်ယံ စွန့်လွှတ်အနစ်နာခံမှုတချို့ကို အသုံးပြုခဲ့တာပါ။ ကျွန်မက ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး သိအောင်လုပ်တာ မရှိခဲ့ဘူး။ ကျွန်မရဲ့ ပြဿနာတွေနဲ့ ဖောက်ပြန်ပျက်စီးမှုကို စိစစ်လေ့လာတာ မရှိခဲ့ဘူး။ ကျွန်မရဲ့ အကျည်းတန်တဲ့ ရည်ရွယ်ချက်တွေနဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေအကြောင်းကို ဘယ်သူမှ မသိအောင်လို့၊ ကျွန်မရဲ့ ရာထူးနဲ့ ပုံရိပ်ကို ကာကွယ်ဖို့အတွက် ဖုန်းကွယ်ခဲ့ပါတယ်။ ဒီ ကြောင်သူတော်ဆန်ဆန် ပြသမှုတွေက သခင်ယေရှုကို ဆန့်ကျင်တဲ့ ဖာရိရှဲတွေနဲ့ ဘယ်လိုများ ကွဲပြားဦးမှာလဲ။ သခင်ယေရှုက ဖာရိရှဲတွေကို ပြင်းပြင်းထန်ထန် အပြစ်တင်ခဲ့တယ်။ “လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ အဖြူ သုတ်သောသင်္ချိုင်းတွင်းနှင့်တူကြ၏။ ထိုတွင်းသည် အပြင်၌တင့်တယ်စွာတကား။ အတွင်း၌ကား လူသေအရိုး၊ အညစ်အကြေးအမျိုးမျိုးနှင့် ပြည့်လျက်ရှိ၏။ ထိုအတူ သင်တို့သည်အပြင်၌ လူတို့ရှေ့မှာဖြောင့်မတ်ဟန်ရှိ၏။ အတွင်း၌ကား လျှို့ဝှက်ခြင်း၊ မတရား သဖြင့် ကျင့်ခြင်းနှင့် ပြည့်လျက်ရှိကြ၏။” (ရှင်မဿဲခရစ်ဝင် ၂၃:၂၇-၂၈) “လမ်းပြသောလူကန်းတို့၊ သင်တို့သည် ခြင်တကောင်ကိုမျှ မပါစေခြင်းငှါ ရေကိုစစ်လျက်နှင့် ကုလား အုပ်ကို မျိုကြ၏။” (ရှင်မဿဲခရစ်ဝင် ၂၃:၂၄) ကျွန်မက လုံးဝ အတူတူပဲ မဟုတ်ဘူးလား။ ကျွန်မရဲ့ အတွေ့အကြုံကို ကျွန်မက မိတ်သဟာယဖွဲ့နေတဲ့ပုံစံရှိတယ်။ ဒါပေမဲ့ လူတိုင်းက မြင်နိုင်တဲ့အရာတွေ၊ အနှစ်မပါတဲ့ အယူဝါဒတွေကိုပဲ ကျွန်မ ပြောခဲ့တာပါ။ ကျွန်မရဲ့ တကယ့် အတွေးတွေ၊ အဲဒီ ဖောက်ပြန်ပျက်စီးတဲ့၊ ကျွန်မ အထဲမှာရှိတဲ့ ဆိုးယုတ်တဲ့ အရာတွေကိုတော့ ဖုန်းကွယ်ထားတယ်။ တစ်ခါမှ ထုတ်မပြောဘူး။ အဲဒီလိုဆိုရင် ကျွန်မမှာ ဖောက်ပြန်ပျက်စီးမှုနဲ့ ပုန်ကန်မှုရှိပေမဲ့ ကျွန်မက သူများတွေထက် အများကြီးသာသေးတယ်လို့ လူတွေက ထင်ကြမယ်။ ကျွန်မက ကုလားအုပ်ကို မျိုပြီး ခြင်ကို စစ်ထုတ်နေတာပါ။ အပြင်ပန်းမှာ ကျွန်မ က နှိမ့်ချတဲ့ ပုံစံရှိတယ်။ အတွင်းမှာတော့ ကျွန်မက ကျွန်မရဲ့ နာမည်နဲ့ ဂုဏ်အဆင့်အတန်းကို ကာကွယ်စောင့်ကြပ်နေတာပါ။ သူများတွေ ကျွန်မအပေါ်မှာရှိတဲ့ ပုံရိပ်ကို ကာကွယ်စောင့်ကြပ်နေတာပါ။ ကျွန်မက အရမ်းကို ကြောင်သူတော်ဆန်တယ်။ ယုံလို့မရဘူး။ လှည့်စားတတ်တယ်။ ညီအစ်ကို မောင်နှမတွေအားလုံးကို အရူးလုပ်ခဲ့တယ်။ ကျွန်မက ကောင်းမွန်တဲ့၊ ဖြောင့်မတ်တဲ့သူမဟုတ်ပါဘူး။ ဖန်ဆင်းခံတစ်ယောက်အဖြစ် ကျွန်မရဲ့နေရာကို မနေဘူး။ ပြီးတော့ ကျွန်မက ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုကို ဖယ်ရှားဖို့ ဘုရားသခင်ရဲ့ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းကို လက်ခံပြီး စာတန်ရဲ့ ဆိုးဆိုးဝါးဝါး ဖျက်ဆီးခြင်းခံထားရတဲ့သူတစ်ယောက်ရဲ့ ရှုထောင့်ကနေ ဘုရားသခင်ရဲ့ အလုပ်ကို တွေ့ကြုံခံစားနေတာမဟုတ်ဘူး။ အဲဒီအစား ဘုရားသခင် ရွေးချယ်ထားတဲ့သူတွေအတွက် ဘုရားနဲ့ ယှဉ်ပြိုင်ရင်းနဲ့ ကြွားဝါဖို့၊ ကိုယ့်ကိုယ်ကိုယ် တည်ဆောက်ဖို့၊ သူများတွေကို လှည့်စားဖို့ ကျွန်မရဲ့ တာဝန်ကို အသုံးပြုနေတာပါ။ ဒါက ဘုရားသခင်ကို ဆန့်ကျင်တဲ့၊ အန္တိခရစ်ဖြစ်တဲ့ လမ်းကြောင်းမဟုတ်ဘူးလား။ ဒါ ဘုရားသခင် ရှုတ်ချတဲ့ လမ်းကြောင်းတစ်ခုပါ။ ကျွန်မကတော့ ယုံကြည်တာ ကြာခဲ့ပြီဆိုတာကလွဲလို့ အရည်အချင်း၊ သမ္မာတရားကို လိုက်စားမှုမှာ သူများတွေနဲ့ မယှဉ်နိုင်ပါဘူး။ ဒီအချိန်တစ်လျှောက်လုံးမှာ ကျွန်မမှာ သမ္မာတရားရဲ့ စစ်မှန်မှု မရှိခဲ့ဘူး။ ကျွန်မရဲ့ အသက် စိတ်သဘောထားက မပြောင်းလဲခဲ့ဘူး။ ကျွန်မက အရင်အတိုင်းပဲ မာနထောင်လွှားတဲ့၊ စာတန်ရဲ့ ကိုယ့်ကိုယ်ကိုယ် ဦးစားပေးတဲ့ ပုံရိပ်ဖြစ်ပြီး ကျွန်မတာဝန်မှာ ကိုယ်ကျင့်တရား မရှိခဲ့ဘူး။ ကျွန်မက ဘုရားအလိုတော်ကို ဂရုစိုက်ပြီး ဘုရားသခင်ကို ချီးမြှောက်ဖို့ မလုပ်နိုင်ခဲ့ရုံမကဘဲ ကျွန်မတို့ရဲ့ ဧဝံဂေလိအလုပ်ကို အဟန့်အတားဖြစ်စေခဲ့တယ်။ ယုံကြည်သူတစ်ယောက်အဖြစ် ကျွန်မရဲ့ နှစ်ကာလတွေအားလုံးကို စဉ်းစားကြည့်ရင် ဒါ တော်တော် ရှက်ဖို့ကောင်းတယ်။ ဒါပေမဲ့ ဒါက ကိုယ့်ကိုယ်ကိုယ် မြှင့်တင်ပြီး လူတွေ ကျွန်မကို အထင်ကြီးလေးစားအောင်လုပ်ဖို့အတွက် ကျွန်မ အသုံးပြုနိုင်တဲ့ အရင်းအနှီးလို့ ထင်ခဲ့မိတယ်။ ကျွန်မက တော်တော်ကို ကျိုးကြောင်းမသင့်လျော်တာပဲ။ တော်တော် အရှက်မဲ့ခဲ့တာပဲ။

ကျွန်မ ဘုရားရှိခိုးဝတ်ပြုတဲ့အချိန်တစ်ချိန်မှာ ဒီ ဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်ကို ဖတ်ပါတယ်။ “လူတစ်ဦးသည် သမ္မာတရားကို မလိုက်စားပါက၊ သူသည် မည်သည့်အခါတွင်မျှ သမ္မာတရားကို နားလည်လိမ့်မည်မဟုတ်။ သင့်အနေဖြင့် ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကို အကြိမ်တစ်သောင်း ပြောဆိုနိုင်သော်လည်း၊ ယင်းတို့သည် ကျမ်းဟောင်းတရားများနှင့် အယူဝါဒများသာ ဖြစ်လိမ့်ဦးမည် ဖြစ်သည်။ လူအချို့က၊ ‘ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်’ဟုသာ ဆိုကြသည်။ ဤနှုတ်ကပတ်တော်များကို အကြိမ်တစ်သောင်း သင် ပြန်ရွတ်ပြလျှင်ပင်၊ ယင်းသည် အချည်းနှီးဖြစ်ဦးမည်ဖြစ်သည်။ သင်သည် ယင်း၏ အဓိပ္ပာယ်ကို လုံးဝသိနားလည်မှု မရှိပေ။ အဘယ်ကြောင့် ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက် ဖြစ်သည်ဟု ဆိုထားသနည်း။ ဤအရာနှင့် ပတ်သက်၍ သင် အတွေ့အကြုံမှ ရရှိပြီးဖြစ်သည့် အသိပညာကို သင် ရှင်းလင်းစွာပြောဆိုနိုင်ပါသလော။ သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့နှင့်သက်ဆိုင်သော စစ်မှန်မှုထဲသို့ သင် ဝင်ရောက်ပြီးပြီလော။ သင့်အနေဖြင့် ၎င်းတို့ကို တွေ့ကြုံခံစားဖို့နှင့် အသိပညာရရှိဖို့ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များကို မြွက်ဆိုခဲ့ခြင်း ဖြစ်သည်။ ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကို ဖွင့်ဟခြင်းမျှသည် အချည်းနှီးဖြစ်၏။ သင့်အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိနားလည်ပြီး ဝင်ရောက်သည်နှင့် တစ်ပြိုင်နက်သာ၊ မိမိကိုယ်ကိုယ် သိရှိနိုင်ပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် နားမလည်ပါက၊ သင်သည် မိမိကိုယ်ကိုယ် မသိရှိနိုင်ပေ။ သမ္မာတရား ရှိသည့်အခါမှသာ သင် သိမြင်နိုင်ပေသည်။ သမ္မာတရားမရှိဘဲနှင့်၊ သင် မသိမြင်နိုင်ပေ။ သမ္မာတရား ရှိသည့်အခါမှသာ၊ ကိစ္စရပ်တစ်ခုကို သင် ပြည့်ဝစွာ နားလည်နိုင်သည်။ သမ္မာတရား မရှိဘဲနှင့်၊ ကိစ္စရပ်တစ်ခုကို သင် နားမလည်နိုင်။ သမ္မာတရား ရှိသည့်အခါမှသာ မိမိကိုယ်ကိုယ် သင် သိရှိနိုင်သည်။ သမ္မာတရား မရှိဘဲနှင့်၊ သင်သည် မိမိကိုယ်ကိုယ် မသိရှိနိုင်။ သမ္မာတရား သင် ရှိသည့်အခါမှသာ၊ သင်၏ စိတ်သဘောထား ပြောင်းလဲနိုင်သည်။ သမ္မာတရား မရှိဘဲနှင့်၊ သင်၏ စိတ်သဘောထား မပြောင်းလဲနိုင်ပေ။ သမ္မာတရား သင်၌ ရှိသည့်နောက်တွင်သာ၊ ဘုရားသခင်၏ အလိုနှင့်အညီ သင် အစေခံနိုင်သည်။ သမ္မာတရားမရှိဘဲနှင့်၊ ဘုရားသခင်၏ အလိုနှင့်အညီ သင် အစေမခံနိုင်။ သမ္မာတရား သင်၌ ရှိသည့်နောက်တွင်သာ၊ ဘုရားသခင်ကို သင် ကိုးကွယ်နိုင်သည်။ သမ္မာတရား မရှိဘဲနှင့်၊ သင်၏ကိုးကွယ်မှုသည် ဘာသာရေး ထုံးတမ်းဓလေ့များ ဆောင်ရွက်ခြင်းထက် ဘာမျှပိုလိမ့်မည်မဟုတ်။ ဤအရာအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သမ္မာတရားကို ရရှိခြင်းအပေါ် တည်ပေသည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း”) ဒါကို ဖတ်ကြည့်တော့ ကျွန်မက ဖာရိရှဲတစ်ယောက်လိုမျိုး ဘုရားသခင်ကို ဆန့်ကျင်တဲ့ မှားယွင်းတဲ့လမ်းကြောင်းကို ဘာကြောင့် လျှောက်ခဲ့တယ်ဆိုတာ ပိုပြီးတော့တောင် ရှင်းရှင်းလင်းလင်း နားလည်အောင် ကူညီပေးခဲ့တယ်။ ကျွန်မက ဒီနှစ်တွေတစ်လျှောက်လုံးမှာ သမ္မာတရားကို လုံးဝ မလိုက်စားခဲ့လို့၊ လက်တွေ့မလုပ်ဆောင်ခဲ့လို့၊ ပြီးတော့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်တဲ့အခါမှာ တိုက်ရိုက် အဓိပ္ပာယ်ကိုပဲ အာရုံစိုက်ခဲ့လို့ပါ။ ကျွန်မက ဘုရားနှုတ်ကပတ်တော်တွေကို မဝင်ရောက်ဘူး၊ လက်တွေ့မလုပ်ဆောင်ခဲ့ဘူး။ ပြီးတော့ သမ္မာတရားကို အမှန်တကယ် နားလည်တာ တစ်ခုမှ မရှိခဲ့ဘူး။ ဒါကြောင့် သဘာဝအလျောက် ကျွန်မက တိုက်ရိုက်အယူဝါဒကိုပဲ အသေးစိတ်ရှင်းပြနိုင်ခဲ့တယ်။ ကျွန်မရဲ့ ယုံကြည်ခြင်းမှာ သမ္မာတရားကို မချစ်ခဲ့ဘူး။ ဘုရားနှုတ်ကပတ်တော်တွေကို မဆာငတ်ခဲ့ဘူး။ ပြီးတော့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဆင်ခြင်တွေးတောဖို့ ဘုရားသခင်ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် ငြိမ်သက်စေတာမျိုး သိပ် မလုပ်ခဲ့ဘူး။ ဥပမာ ကျမ်းပိုဒ်တစ်ခုက သမ္မာတရားရဲ့ ဘယ်ရှုထောင့်ကို ထုတ်ဖော်ပြသလဲ၊ ကျွန်မ ဘယ်လောက် နားလည်ခဲ့သလဲ၊ လက်တွေ့လုပ်ဆောင်ခဲ့သလဲ၊ ဝင်ရောက်ခဲ့သလဲ၊ ဘုရားအလိုတော်က ဘာလဲ၊ ဘုရားအလိုတော်က ကျွန်မအပေါ် ဘယ်လောက် အောင်မြင်ခဲ့ပြီလဲဆိုတာမျိုးတွေပေါ့။ တစ်ခုခုဖြစ်ပျက်တဲ့အခါမှာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေအရ ကျွန်မရဲ့ ကိုယ်ပိုင် အခြေအနေကို စဉ်းစားဖို့၊ ကျွန်မရဲ့ ပုဂ္ဂိုလ်ရေး ပြဿနာတွေကို ဆင်ခြင်သုံးသပ်ဖို့၊ ဘယ်လို ဖောက်ပြန်ပျက်စီးမှုအမျိုးအစားကို ကျွန်မ ထုတ်ဖော်ပြနေသလဲဆိုတာ စစ်ဆေးဖို့၊ ဘယ်လို မှားယွင်းတဲ့ အယူအဆမျိုး ကျွန်မမှာရှိနေတယ်ဆိုတာ စစ်ဆေးဖို့ ကျွန်မ မကြိုးစားခဲ့ဘူး။ ကျွန်မက ပေါလုလိုပဲ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်းအလုပ်ရှုပ်အောင်လုပ်နေတယ်။ ကျွန်မအလုပ်အတွက် ဒုက္ခခံပြီး ကျွန်မရဲ့ ကိုယ်ပိုင် ရည်မှန်းချက်ကို ဖြည့်ဆည်းဖို့ စဉ်းစားနေတယ်။ နောက်ဆုံးသောကာလရဲ့ လူ့ဇာတိခံ ဘုရားသခင်က သမ္မာတရားတွေ အများကြီးကို ဖော်ပြခဲ့ပြီ။ သမ္မာတရားရဲ့ ရှုထောင့်အမျိုးမျိုးကို တော်တော်ကို အသေးစိတ် မိတ်သဟာယပြုခဲ့ပြီးပြီ။ ဒါဟာ ကျွန်မတို့တွေ သမ္မာတရားကို နားလည်အောင်လို့၊ စာတန်ကြောင့်ဖြစ်တဲ့ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးမှုရဲ့ အမှန်တရားကို နားလည်အောင်၊ နောင်တရပြီး ပြောင်းလဲအောင်လို့ပါ။ ဒါပေမဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ တော်တော်ကို ခပ်ပေါ့ပေါ့ ခံယူခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ မတွေးတောခဲ့ဘူး။ မရှာဖွေခဲ့ဘူး။ လက်တွေ့လုပ်ဆောင်ဖို့၊ ဝင်ရောက်ဖို့ မစဉ်းစားခဲ့ဘူး။ ဒါက လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားအလိုတော်ကို လုံးဝ ဆန့်ကျင်မနေဘူးလား။ ဒါက ဘာသာရေးမှာရှိတဲ့ ဖာရိရှဲတွေ၊ သင်းအုပ်ဆရာတွေလျှောက်တဲ့ လမ်းကြောင်းနဲ့ လုံးဝ အတူတူပဲ မဟုတ်ဘူးလား။ ဖာရိရှဲတွေက တရားဟောတာ၊ သူတို့အလုပ်မှာ ဒုက္ခခံတာ၊ သူတို့ရဲ့ ရာထူးကို ကာကွယ်တာတွေကိုပဲ ဂရုစိုက်တယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို လုံးဝ လက်တွေ့မလုပ်ဆောင်ခဲ့ဘူး။ သူတို့ ကိုယ်တိုင်ရဲ့ အတွေ့အကြုံနဲ့ ဘုရားသခင် နှုတ်ကပတ်တော်အပေါ် နားလည်မှုကို မမျှဝေခဲ့ဘူး။ လူတွေကို သမ္မာတရားရဲ့ စစ်မှန်မှုထဲကို ဦးဆောင် ခေါ်မသွားနိုင်ဘူး။ ဒါပေမဲ့ လူတွေကို တိုက်ရိုက်ကျမ်းစာတွေ၊ အသိပညာတွေ၊ အယူဝါဒတွေနဲ့ လမ်းမှားရောက်စေတယ်။ ဒါကြောင့်မို့ သူတို့ဟာ ဘုရားသခင်ကို ဆန့်ကျင်တဲ့သူတွေ ဖြစ်ခဲ့တယ်။ ကျွန်မရဲ့ ယုံကြည်ခြင်းမှာလည်း ကျွန်မက သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခဲ့ဘဲ စည်းမျဉ်းတချို့ကိုပဲ လိုက်နာခဲ့တယ်။ ကျွန်မက မကောင်းမှုအကြီးကြီးတွေ၊ မှားယွင်းမှုကြီးတွေ လုပ်နေတာမဟုတ်ဘူး၊ ကျွန်မက ကောင်းကောင်း ပြုမူဆောင်ရွက်တဲ့ ပုံစံရှိတယ်၊ အစည်းအဝေးတွေမှာ မှန်ကန်ပုံရတဲ့အရာတွေကို ဝေမျှတယ်ဆိုတော့ ကျွန်မရဲ့ ယုံကြည်ခြင်းမှာ ကျွန်မလုပ်တာ အဆင်ပြေတယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ ကျွန်မ သဘောပေါက်ခဲ့ပါတယ်။ ကျွန်မက ကြောင်သူတော်ဖြစ်နေတာ မဟုတ်ဘူးလား။ ဒါက ဘယ်လိုလုပ် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်တာ ဖြစ်မှာလဲ။ ကျွန်မက သမ္မာတရားရဲ့ စစ်မှန်မှု တစ်ခုမှ မရှိဘဲ၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားမှာ ပြောင်းလဲမှု တစ်ခုမှမရှိဘဲ အဲဒီလို ယုံကြည်မှုမျိုးနဲ့ ဆက်သွားနေရင် ကျွန်မက နောက်ဆုံးမှာ ဖယ်ရှင်းခံရမှာမဟုတ်ဘူးလား ကျွန်မ နောင်တတွေနဲ့ ပြည့်နေခဲ့ပြီး ဘုရားသခင်ဆီကို ဆုတောင်းခဲ့ပါတယ်။ “ကျွန်မ ကြောင်သူတော်တစ်ယောက် မဖြစ်ချင်တော့ပါဘူး။ သမ္မာတရားကို လိုက်စားချင်တယ်။ ကိုယ်တော်ရဲ့ တရားစီရင်မှုနဲ့ ပြစ်တင်ဆုံးမမှုကို လက်ခံပြီး နာခံချင်တယ်။ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲချင်ပါတယ်” ဆိုပြီးတော့။

အဲဒီနောက်မှာ ကျွန်မ ဘုရားရှိခိုးဝတ်ပြုတဲ့အခါမှာ ဒီ ဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်ကို ဖတ်ပါတယ်။ “ဥပမာအားဖြင့် သင်၌ ဂုဏ်ဒြပ်တစ်ခုရှိသည်ဟု ထင်မြင်သည်နှင့် တစ်ပြိုင်နက် သင်သည် သင့်ကိုယ်သင် အချို့သော နည်းလမ်းဖြင့် ပြုမူပြီး၊ အချို့သော လေသံဖြင့် ပြောဆိုဖို့ လိုအပ်သည်။ ဤသည်မှာ မှားယွင်းသော တွေးခေါ်ပုံ တွေးခေါ်နည်း ဖြစ်သည်ကို သင်သဘောပေါက် ပြီးသည့်နောက်၊ သင်သည် ယင်းကို စွန့်ပယ်သင့်သည်။ ထိုလမ်းကြောင်းကို မလျှောက်နှင့်။ သင်၌ ဤကဲ့သို့သော အတွေးအခေါ်များ ရှိသည့်အခါ၊ ထိုအခြေအနေမှ သင်ထွက်ရမည်ဖြစ်ပြီး၊ ယင်း၌ ပိတ်မိဖို့ သင့်ကိုယ်သင် ခွင့်မပြုနှင့်။ သင်သည် ယင်း၌ ပိတ်မိသည်နှင့် တစ်ပြိုင်နက်၊ ပြီးလျှင် ဤအတွေးအခေါ်များနှင့် အမြင်ရှုထောင့်များက သင့်အတွင်း၌ ပုံပေါ်လာသည်နှင့် တစ်ပြိုင်နက်၊ သင်သည် သင့်ကိုယ်သင် မျိုသိပ်ပြီး သင့်ကိုယ်သင် ဖုံးကွယ် ထားလိမ့်မည်။ ယင်းကို သာ၍ သာ၍ တင်းကျပ်စွာ လုပ်ဆောင်သည်မှာ နောက်ဆုံး၌ လူများသည် သင့်ကို မြင်တွေ့နိုင်ခြင်းရှိလိမ့်မည် မဟုတ်ဘဲ၊ သင်သည် မျက်နှာဖုံးနောက်ကွယ်မှ စကားပြောသည့်အလား အခြားသူများဖြင့် စကားပြောနေလိမ့်မည် ဖြစ်သည်။ ၎င်းတို့က သင်၏စိတ်နှလုံးကို မြင်နိုင်လိမ့်မည် မဟုတ်ပေ။ အခြားသူများကို သင်၏စိတ်နှလုံးအား မြင်တွေ့ခွင့်ပေးဖို့ သင် သင်ယူရမည်။ ၎င်းတို့ကို ဖွင့်ပြောဖို့ သင်ယူရမည်၊ ပြီးလျှင် ၎င်းတို့ထံ ချဉ်းကပ်ဖို့ သင်ယူရမည်။ ဆန့်ကျင်ဘက် နည်းလမ်းကိုသာ အသုံးပြုရသည်။ ဤသည်မှာ အခြေခံသဘောတရား မဟုတ်သလော။ ဤသည်မှာ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်း မဟုတ်သလော။ သင်၏အတွေးအခေါ်များနှင့် နားလည် သဘောပေါက်ခြင်းတို့ဖြင့် စလော့။ သင်သည် သင့်ကိုယ်သင် ဖုံးကွယ်နေသည်ဟု ခံစားရသည်နှင့် တစ်ပြိုင်နက်၊ ထိုနည်းဖြင့် သင်ဆုတောင်းရမည်။ ‘အို ဘုရားသခင်။ ကျွန်ုပ်ကိုယ်ကျွန်ုပ် တစ်ဖန် ဖုံးကွယ် မျိုသိပ်လိုပြန်ပါပြီ၊ ပြီးလျှင် ကျွန်ုပ်သည် အကြံအစည်များနှင့် လှည့်စားခြင်းများကို နောက်တစ်ကြိမ် လုပ်ဆောင်တော့မည် ဖြစ်သည်။ ကျွန်ုပ်သည် နတ်ဆိုးတစ်ကောင်သာ ဖြစ်တော့သည်။ ကျွန်ုပ်သည် ကိုယ်တော်ကို ကျွန်ုပ်အား အလွန်ရွံရှာစေမိသည်။ ကျွန်ုပ်သည် လတ်တလောတွင် မိမိကိုယ်ကို အလွန်ရွံရှာမိသည်။ ကျေးဇူးပြု၍ ကျွန်ုပ်ကို ဆုံးမပဲ့ပြင်ပါ၊ အပြစ်ဖော်ဆုံးမပြီး အပြစ်ဒဏ်ပေးပါ။’ ဟူ၍ ဖြစ်သည်။ သင်သည် ဆုတောင်းရမည် ဖြစ်ပြီး သင်၏ သဘောထားကို ဖော်ထုတ်ရမည်။ ဤသည်တွင် သင် လက်တွေ့လုပ်ဆောင်သည့် နည်းလမ်းပါရှိသည်။ ဤလက်တွေ့လုပ်ဆောင်မှုက လူ့သဘာဝ၏ မည်သည့်အမြင်ရှုထောင့်ကို ရည်ရွယ်ဦးတည်သနည်း။ ယင်းက ပြဿနာတစ်ခုနှင့်စပ်လျဉ်း၍ လူများ ထုတ်ဖော်ပြသည့် အတွေးအခေါ်များ၊ အကြံဉာဏ်များနှင့် ရည်မှန်းချက်များ၊ ၎င်းတို့ လျှောက်သည့် လမ်းကြောင်းနှင့် ၎င်းတို့ယူသည့် ဦးတည်ရာတို့ကို ရည်ရွယ်သည်။ ဆိုလိုသည်မှာ သင်၌ အကြံဉာဏ်တစ်ခု ပေါ်လာပြီး သင်က ယင်းကို ဆောင်ရွက် လိုသည်နှင့်တစ်ပြိုင်နက်၊ သင်သည် ယင်းကို ကန့်သတ်သင့်ပြီး စိစစ်သင့်သည်။ သင်သည် သင်၏ အတွေးအခေါ်ကို ကန့်သတ်ပြီး စိစစ်သည်နှင့်တစ်ပြိုင်နက်၊ သင်သည် ထိုအတွေးအခေါ်အတိုင်း ဖော်ပြခြင်းနှင့် လုပ်ဆောင်ခြင်း အလွန်ပင် သာ၍ မနည်းပါးသလော။ ထို့အပြင် သင်၏အတွင်းကျကျ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများသည် ဆုတ်ဆိုင်းမှုတစ်ခုကို မကြုံရသလော။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် တိကျသည့် လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတစ်ခု ရှိရမည်”) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတစ်ခုဆီကို ညွှန်ပြခဲ့ပါတယ်။ ကျွန်မရဲ့ ကြောင်သူတော်ဆန်မှုနဲ့ လှည့်စားတတ်တဲ့၊ မကောင်းတဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို ကျွန်မ လက်တွေ့လုပ်ဆောင်ပြီး ရိုးသားသူတစ်ယောက်ဖြစ်အောင်လုပ်ခဲ့ပါတယ်။ ဘုရားသခင်ကို ပွင့်ပွင့်လင်းလင်းပြောဖို့၊ သူများတွေနဲ့ တကယ်စိတ်ထဲကပါတဲ့ မိတ်သဟာယကို ဝေမျှဖို့၊ ပြီးတော့ ပြဿနာတွေကို ရင်ဆိုင်ရတဲ့အခါမှာ ကျွန်မရဲ့ တကယ့် ရှုထောင့်အမြင်နဲ့ အတွေးတွေကို ဝေမျှဖို့ သင်ယူခဲ့ပါတယ်။ ကျွန်မ နောက်တစ်ခါ မရိုးမသားဖြစ်ချင်လာတဲ့အခါကျရင် ဘုရားသခင်ဆီကို ကျွန်မ ဆုတောင်းခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ပြီး ဆန့်ကျင်ဘက်ကို လုပ်ခဲ့ပါတယ်။ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုကို ဖွင့်ပြောတယ်၊ ထုတ်ဖော်ပြပြီး ခွဲခြမ်းစိစစ်ခဲ့ပါတယ်။ ပြီးတော့ ကျွန်မရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထား ပေါ်လာဖို့ အခွင့်မပေးခဲ့ဘူး။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ သတိရမိခဲ့တယ်။ “အကယ်၍ သင်ထံတွင် လျှို့ဝှက်ကိစ္စများစွာ ရှိသဖြင့် သင်သည် ဝေမျှရန် ဝန်လေးနေပါက၊ သင်သည် အလင်း၏ လမ်းကို ရှာဖွေဖို့ အခြားသူများရှေ့တွင် သင်၏ လျှို့ဝှက်ချက်များကို- သင်၏ အခက်အခဲများကို- ချခင်းပြရန် အပြင်းအထန် ငြင်းဆန်နေပါက- သင်သည် ကယ်တင်ခြင်းကို အလွယ်တကူ မရရှိနိုင်သောသူ၊ အမှောင်ထုထဲမှ လွယ်ကူစွာ မထွက်နိုင်သူ ဖြစ်သည်ဟုငါဆို၏။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သတိပေးချက် သုံးချက်”) အဲဒီနောက်မှာ ရိုးသားသူတစ်ယောက်ဖြစ်ခြင်းက ဘယ်လောက် အရေးကြီးတယ်ဆိုတာကို ကျွန်မ ခံစားခဲ့ရတယ်။ ကျွန်မ ယုံကြည်လာတဲ့ နှစ်တွေအားလုံးမှာ သမ္မာတရားလို အခြေခံကျတဲ့အရာကို လက်တွေ့မလုပ်ဆောင်ခဲ့ဘူး၊ မဝင်ရောက်ခဲ့ဘူး သနားစရာကောင်းတယ်။ အဲဒါနဲ့ ကျွန်မ နောင်တရဖို့၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့၊ ရိုးသားသူတစ်ယောက်ဖြစ်ဖို့ ဆန္ဒရှိရင်းနဲ့ ဘုရားသခင်ဆီကို ဆုတောင်းခဲ့တယ်။

အဲဒီအချိန်ကစပြီး ကျွန်မက သမ္မာတရားကို နားလည်ပြီး ဝိညာဉ်ရင့်ကျက်မှုရှိတယ်လို့ တစ်ယောက်ယောက်က ပြောတာကို ကြားတိုင်း ကျွန်မ တော်တော်ကို အနေရခက်ပြီး ရှက်မိတယ်။ အရင်တုန်းကလို ကျွန်မ ပီတိဖြစ်မနေတော့ဘူး။ တစ်ခါတုန်းက ကျွန်မ အစ်မတစ်ယောက်နဲ့ တွေ့တယ်။ ကျွန်မက ယုံကြည်သူဖြစ်လာတာ ကြာခဲ့ပြီးတော့ ကိုယ့်တာဝန်မှာ ဒုက္ခခံနိုင်တယ်လို့ သူက ကြားပြီး ကျွန်မကို တော်တော် လေးစားခဲ့တယ်။ သူက ကျွန်မကို တည့်တည့်ပြောတယ်။ “အစ်မ အစ်မက ယုံကြည်လာတာ အတော်ကြာပြီဆိုတာ ကျွန်မ သိပါတယ်။ အစ်မက တရားဒေသနာတွေ အများကြီး ကြားခဲ့ပြီး သမ္မာတရားတွေ အများကြီးကို နားလည်တယ်။ အစ်မကို အရမ်းလေးစားတယ်” တဲ့။ သူ ဒီလိုပြောတာကို ကြားရတော့ ကျွန်မ ကြောက်ပြီး ထိတ်လန့်နေမိတယ်။ ဒီ ကိစ္စရဲ့ အမှန်တရားကို ကျွန်မ ချက်ချင်း ရှင်းပြလိုက်တယ်။ “အစ်မ တကယ်တမ်းက ဒီလို မဟုတ်ပါဘူး။ အပြင်ပန်း အသွင်အပြင်ကိုပဲ မကြည့်ပါနဲ့။ ကျွန်မက ဘုရားသခင်ကို ယုံကြည်တာ ကြာပြီ။ ဒါပေမဲ့ အရည်အချင်း မရှိဘူး။ သမ္မာတရားကို ကျွန်မက မချစ်ဘူး၊ မလိုက်စားဘူး။ ကျွန်မ ယုံကြည်လာတဲ့ နှစ်တွေအားလုံးမှာ အပေါ်ယံ စွန့်လွှတ် အနစ်နာခံမှု တချို့ကိုပဲ လုပ်ခဲ့တာ။ ကျွန်မက ကောင်းတာ နည်းနည်းလုပ်ပြီး အဖိုးအခ ပေးဆပ်နိုင်တယ်။ ဒါပေမဲ့ ကျွန်မ တာဝန်မှာ ကျွန်မက ကိုယ်ကျင့်တရားမရှိဘူး။ ကျွန်မရဲ့ အသက် စိတ်သဘောထားကို သိပ် မပြောင်းလဲခဲ့ဘူး။ ဘုရားသခင်က ကျွန်မကို စေခိုင်းခဲ့တဲ့ တာဝန်တွေကို မယူနိုင်ခဲ့ဘူး။ ဘုရားသခင်ရဲ့ အလိုတော်ကို ကျွန်မ မစဉ်းစားဘူး။ ဘုရားကို မချီးမြှောက်ဘူး။ အဲဒီအစား ဘုရားသခင်ကို ကျွန်မ ဆန့်ကျင်ပြီး သူ့ကို အရှက်ရစေခဲ့ပါတယ်။” ဆိုပြီး ပြောလိုက်တယ်။ နောက်ပိုင်းမှာ ဒီ မိတ်သဟာယကို ကျွန်မ သူနဲ့ ဝေမျှခဲ့တယ်။ “အစ်မရဲ့ ရှုထောင့်အမြင်က သမ္မာတရားနဲ့ မကိုက်ညီပါဘူး။ ဘာမှ မစဉ်းစားဘဲနဲ့ လူတွေကို အရမ်းမမြှောက်စားပါနဲ့။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ထဲက သမ္မာတရားတွေကို အခြေခံပြီး လူတွေနဲ့ အကြောင်းအရာတွေကို ကြည့်ပါ။ ဘုရားသခင်က လူတွေကို ဘယ်လို ကြည့်လဲ။ လူတွေက ဘယ်နှစ်နှစ် ယုံကြည်ခဲ့တယ်၊ ဘယ်လောက် ဒုက္ခခံပြီး သွားလာခဲ့တယ်၊ ဘယ်လောက် တရားဟောနိုင်တယ်ဆိုတာတွေကို သူ ဂရုမစိုက်ပါဘူး။ လူတွေက သမ္မာတရားကို လိုက်စားခြင်းရှိမရှိ၊ သူတို့ရဲ့ စိတ်သဘောထားက ပြောင်းလဲခြင်းရှိမရှိ၊ သူတို့တာဝန်မှာ သက်သေခံနိုင်ခြင်း ရှိမရှိကို သူ ဂရုစိုက်တာပါ။ ယုံကြည်တာ သိပ်မကြာသေးတဲ့သူ တချို့က သမ္မာတရားကို လိုက်စားနိုင်တယ်။ သူတို့ရဲ့ လက်တွေ့လုပ်ဆောင်မှုနဲ့ ဝင်ရောက်မှုကို အာရုံစိုက်ကြတယ်။ သူတို့က အမြန် တိုးတက်ကြတယ်။ သူတို့က ကျွန်မထက် အများကြီး သာပါတယ်။ သမ္မာတရားကို လိုက်စားရာမှာ သူတို့ရဲ့ အလေးအနက်ထားမှု၊ အားစိုက်ထုတ်မှုအတွက် သူတို့ကို အစ်မ လေးစားသင့်ပါတယ်။ ကျွန်မကို ယုံကြည်တာ ကြာပြီဖြစ်လို့၊ ဒုက္ခခံခဲ့လို့ဆိုပြီး မလေးစားပါနဲ့။ ယုံကြည်ခြင်းမှာ လူတစ်ယောက်ရဲ့ အချိန်ကို ဘုရားသခင်က ကြိုတင်သတ်မှတ်ပြီးသားပါ။ ဒါနဲ့ပတ်သက်ပြီး လေးစားစရာ ဘာမှ မရှိပါဘူး။ ကြာရှည် ယုံကြည်လာသူတစ်ယောက်က သမ္မာတရားကို မလိုက်စားဘူး၊ သူတို့ရဲ့ အသက်စိတ်သဘောထားက မပြောင်းလဲဘူး၊ အပေါ်ယံ ကောင်းတဲ့အရာတွေကိုပဲ သူတို့က လုပ်တယ်ဆိုရင် သူတို့က သူများတွေကို လမ်းမှားရောက်စေတဲ့ ဖာရိရှဲတွေ ဖြစ်နေတုန်းပါပဲ။ ဒါကြောင့် သမ္မာတရားကို လိုက်စားခြင်းနဲ့ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုရှိခြင်းက အရေးကြီးဆုံး အရာတွေဖြစ်ပါတယ်။” ဆိုပြီး မိတ်သဟာယဖွဲ့ခဲ့တယ်။ ဒီ မိတ်သဟာယကို ဝေမျှပြီးတဲ့နောက်မှာ ကျွန်မ တော်တော်ကို စိတ်သက်သာရာရသွားတယ်။ အဲဒီနောက်မှာ ကျွန်မ အစည်းအဝေးတွေမှာ အယူဝါဒတွေအကြောင်း အကောင်းပြောတာတွေ၊ ကြွားဝါတာတွေကို ရပ်တန့်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် နားလည်မှုကို ဝေမျှခဲ့တယ်။ နောက်ပြီးတော့ “ကျွန်မက ကိုယ့်ကိုယ်ကိုယ် သိခြင်း နည်းနည်းပဲ ရခဲ့တာပါ။ ကျွန်မက မပြောင်းလဲသေးပါဘူး။ ဒီအပေါ်မှာ လက်တွေ့လုပ်ဆောင်မှု၊ ဝင်ရောက်မှု မရှိသေးပါဘူး” ဆိုပြီး ကြေညာခဲ့တယ်။ ကျွန်မရဲ့ မိတ်သဟာယက အရမ်းမနက်နဲပါဘူး။ ဒါပေမဲ့ ကျွန်မ ပိုပြီး စိတ်သက်သာရာရတယ်။

ကျွန်မရဲ့ အတွေ့အကြုံကတစ်ဆင့် တစ်ခုကို ကျွန်မ သေချာပေါက် မြင်တွေ့ခဲ့ပြီး နက်နက်နဲနဲ တွေ့ကြုံခံစားခဲ့ရပါတယ်။ လူတစ်ယောက်က ယုံကြည်သူဖြစ်တာ ဘယ်လောက်ကြာပါစေ၊ ဘယ်လောက် တော်တဲ့ ပုံစံ ပေါ်ပါစေ၊ ဘယ်လောက် ကောင်းအောင် သူတို့ ပြုမူနေထိုင်ပါစေ၊ ဘယ်လောက် ဒုက္ခခံပြီး အလုပ်လုပ်ပါစေ၊ သမ္မာတရားကို မလိုက်စားရင်၊ ဘုရားသခင်က သူတို့ကို တရားစီရင်၊ ပြစ်တင်ဆုံးမ၊ ပြုပြင်တဲ့အခါ၊ ကိုင်တွယ်ဖြေရှင်းတဲ့အခါမှာ သူတို့က လက်ခံပြီး နာခံခြင်း မရှိရင်၊ ပြဿနာတွေ ပေါ်လာတဲ့အခါမှာ သူတို့က ကိုယ့်ကိုယ်ကိုယ် သိအောင်ကြိုးစားပြီး ဘုရားနှုတ်ကပတ်တော်ရဲ့ စစ်မှန်မှုထဲကို ဝင်ရောက်ဖို့ မကြိုးစားရင်၊ သူတို့ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားက မပြောင်းလဲရင် သူတို့က ဖာရိရှဲတွေ၊ အန္တိခရစ်တွေရဲ့ လမ်းကြောင်းပေါ်မှာ ရောက်နေတာပါပဲ။ သင့်တော်တဲ့ အခြေအနေတွေ ပေါ်လာတာနဲ့ တစ်ပြိုင်နက် သူတို့က အန္တိခရစ်၊ လှည့်စားသူတစ်ယောက်အဖြစ် ပြောင်းသွားလိမ့်မယ်။ ဒါ သံသယ ရှိစရာမလိုပါဘူး။ ရှောင်လွှဲလို့မရတဲ့ အကျိုးဆက်ပါ။ လူတွေဟာ ကယ်တင်ခံရပြီး သူတို့ရဲ့ စိတ်သဘောထားတွေ ပြောင်းလဲဖို့အတွက် သမ္မာတရားကို လိုက်စားဖို့၊ ဘုရားသခင်ရဲ့ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း ကိုင်တွယ်ဖြေရှင်းခြင်းကို လက်ခံပြီး နာခံဖို့ ဘယ်လောက် အရေးပါသလဲဆိုတာ ကျွန်မ မြင်တွေ့ခဲ့ရပါတယ်။ ကျေးဇူးတော်ပါပဲ။

အရှေ့သို့- ၇၁။ ကြွားဝါခြင်းမှ ဖြစ်ပေါ်လာသည့် ထိခိုက်နစ်နာမှု

နောက်တစ်ခုသို့- ၇၃။ ဘုရားသခင်၏ ကယ်တင်ခြင်း

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၆၄။ မာနထောင်လွှားခြင်းသည် ကျရှုံးခြင်းမတိုင်မီ လာ၏

တရုတ်နိုင်ငံ ကွမ်ရှီး ဒေသ၊ ရှင်းကျယ်အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “မာနထောင်လွှားခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏...

၇၅။ ကျွန်မ ကြုံခဲ့ရသော စမ်းသပ်မှု

တရုတ်နိုင်ငံ ကျိလင် စီရင်စု၊ ကျုံးရှင်းအနန္တတန်ခိုးရှိသော ဘုရားသခင် ပြောသည်မှာ- “ငါ၏ လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက်...

၃၆။ ကြွယ်ဝချမ်းသာမှုနှင့် အောင်မြင်ကျော်ကြားမှုတို့မှလွတ်မြောက်ခြင်း

တရုတ်နိုင်ငံ ရှန်းတုန်း စီရင်စု၊ ရှောင်မင်ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက်သာ...

၆၇။ လူသား၏ ပုံစံအတိုင်း အနည်းငယ် အသက်ရှင်နေထိုင်ခြင်းသည် ဧကန်အမှန် အလွန်ကောင်း၏

ကနေဒါနိုင်ငံ၊ ထားရှီအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် အဆုံးမသတ်မီ- လူ အတန်းအစား အသီးသီး၏...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်