နိုင်ငံတော်ကာလတွင် ဘုရားသခင်သည် အဘယ်ကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟူသည့် အမည်နာမခံယူသနည်း။

05.09.2018

အနန္တတန်ခိုးရှင်ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် တဖန်ကြွလာသော သခင်ယေရှုဖြစ်သဖြင့်၊ နောက်ဆုံးသောကာလတွင် စီရင်ခြင်းအမှုကိုဆောင်ရွက်ရန် သခင်ယေရှုကြွလာသည့်အခါ အဘယ်ကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟု ခေါ်သည်ကို များစွာသောလူတို့ နားမလည်ကြပေ။ သူသည် အဘယ်ကြောင့် သခင်ယေရှုဟု ဆက်လက် အခေါ်မခံသနည်း။ တကယ်တမ်းမူ ဘုရားသခင်သည် အမှုတစ်ဆင့်ကို ဆောင်ရွက်တိုင်း အမည်သစ်တစ်ခု ရှိသည်။ ၎င်းအမည်သစ်မှာ ဘုရားသခင်ကိုယ်တိုင် အမှုနှင့် ကိုက်ညီသည်အတိုင်း ခံယူခြင်းဖြစ်၏။ လူတို့မှ ၎င်းတို့နှစ်သက်သည်အတိုင်း သူ့ကို ခေါ်ခြင်းမဟုတ်။ တဖန်ပြန်ကြွလာသော နောက်ဆုံးသောကာလ သခင်ယေရှု၏အမည်ကို ကျမ်းစာတွင် ရှေးမဆွက ကြိုတင်ဟောကြားထားခဲ့၏။ ဗျာဒိတ်ကျမ်းတွင် ဟောကြားထား သည်မှာ “အကြင်သူသည် အောင်မြင်၏။ ထိုသူကို ငါသည် ငါ၏ဘုရားသခင်ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ နောင်တဖန် သူသည် ပြင်သို့ မရွေ့ရ။ ငါ၏ ဘုရားသခင် နာမတော်ကိုလည်းကောင်း၊ ငါ၏ဘုရားသခင့်အထံတော်မှထွက်၍၊ ကောင်းကင်ဘုံမှ ဆင်းသက်သော ယေရုရှလင်မြို့သစ်တည်းဟူသော၊ ငါ၏ဘုရားသခင် မြို့တော်၏ နာမကိုလည်းကောင်း၊ ငါ၏နာမသစ်ကိုလည်းကောင်း၊ ထိုသူအပေါ်၌ ငါသည် အက္ခရာတင်မည်။(ဗျာဒိတ်ကျမ်း ၃:၁၂)ငါသည် အာလဖဖြစ်၏။ ဩမေဃလည်း ဖြစ်၏ ဟု အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ် ရှိတော်မူသော ထာဝရ အရှင် ဘုရားသခင် မိန့်တော်မူ၏(ဗျာဒိတ်ကျမ်း ၁:၈)တဖန်တုံ၊ ဟာလေလုယ၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင်၊ ငါတို့ဘုရားသခင်သည် စိုးစံတော်မူ၏ဟု စည်းဝေးသောသူအများတို့၏အသံ၊ သမုဒ္ဒရာသံ၊ ပြင်းစွာသောမိုဃ်းကြိုးသံကဲ့သို့ ငါကြား၏။(ဗျာဒိတ်ကျမ်း ၁၉:၆-၇) နိုင်ငံတော်ကာလ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နာမသည် ဗျာဒိတ်ကျမ်း၏ ရှေးမဆွက ဟောကြားချက်များကို လုံးဝ ဖြည့်ဆည်းပေးခြင်းဖြစ်၏။ ခေတ်တစ်ခေတ်စီတွင် ဘုရားသခင်ခံယူသော နာမသည် လေးနက်သော အဓိပ္ပါယ်ရှိ၍ ထိုကာလရှိ ဘုရားသခင်၏အမှုနှင့် အနီးကပ် ဆက်စပ်လျှက် ရှိ၏။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ဤအကြောင်းနှင့် ဆက်စပ်နေသည့် နက်နဲသော အရာတို့ကို ဖော်ပြ၍ အောက်ပါကဲ့သို့ ပြော၏။

ခေတ်တစ်ခုစီတွင်၊ ဘုရားသခင်သည် အမှုသစ်ကို လုပ်ဆောင်ပြီး နာမသစ်ဖြင့် ခေါ်ဆိုခံရသည်။ မတူသောခေတ်များတွင် သူသည် တူညီသော အမှုကို မည်သို့ လုပ်ဆောင်နိုင်မည်နည်း။ သူသည် မည်သို့ အဟောင်းကို ဖက်တွယ်ထားနိုင်မည်နည်း။ ယေရှုနာမကို ရွေးနုတ်ခြင်းအမှုအတွက် ခံယူထားခြင်းဖြစ်သည်၊ ထို့ကြောင့် နောက်ဆုံးသောကာလတွင် သူပြန်ကြွလာသောအခါ ထိုနာမဖြင့်ပင် သူ အခေါ်ခံရဆဲဖြစ်မည်လော။ သူသည် ရွေးနုတ်ခြင်းအမှုကို လုပ်ဆောင်ဦးမည်လော။ ယေဟောဝါနှင့် ယေရှုသည် တစ်လုံးတစ်ဝတည်းဖြစ်သော်လည်း၊ မတူညီသော ခေတ်များတွင် မတူညီသော နာမများဖြင့် ခေါ်ဆိုခံရသည်မှာ အဘယ်ကြောင့်နည်း။ ယင်းသို့ ခေါ်ဆိုခံရခြင်းမှာ ၎င်းတို့၏ အမှုနှင့်သက်ဆိုင်သည့် ခေတ်များက မတူညီသောကြောင့် ဖြစ်သည် မဟုတ်လော။ နာမတစ်ခုတည်းက ဘုရားသခင်၏ အလုံးစုံကို ကိုယ်စားပြုနိုင်မည်လော။ ထိုသို့ဖြစ်သောကြောင့် ဘုရားသခင်ကို မတူညီသော ခေတ်တစ်ခေတ်တွင် မတူသော နာမတစ်ခုဖြင့် ခေါ်ဆိုရမည်ဖြစ်ပြီး၊ သူသည် ခေတ်ကို ပြောင်းလဲရန်နှင့် ကိုယ်စားပြုရန် နာမကို အသုံးပြုရပေမည်။ အကြောင်းမှာ မည်သည့်နာမ တစ်ခုကမျှ ဘုရားသခင်ကိုယ်တိုင်ကို အပြည့်အဝ ကိုယ်စားမပြုနိုင်သောကြောင့် ဖြစ်ပြီး နာမတစ်ခုချင်းသည် သက်ဆိုင်ရာခေတ်တွင် ဘုရားသခင် စိတ်သဘောထား၏ ယာယီရှုထောင့်ကိုသာ ကိုယ်စားပြုနိုင်သောကြောင့် ဖြစ်သည်။ ယင်းနာမသည် ဘုရား၏အမှုကို ကိုယ်စားပြုရန်သာ လိုအပ်၏။ သို့ဖြစ်ရာ၊ ဘုရားသခင်သည် ခေတ်တစ်ခုလုံးကို ကိုယ်စားပြုရန် သူ၏စိတ်သဘောထားနှင့် သင့်လျော်သည့် မည်သည့် နာမကိုမဆို ရွေးချယ်နိုင်သည်။ ယေဟောဝါ၏ခေတ် ဖြစ်သည်ဖြစ်စေ၊ သို့မဟုတ် ယေရှု၏ခေတ် ဖြစ်သည်ဖြစ်စေ၊ ခေတ်အသီးသီးသည် နာမတစ်ခုဖြင့် ကိုယ်စားပြုခြင်းခံရသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃))

‘ယေဟောဝါ’ ဆိုသည်မှာ ဣသရေလ၌ ငါအမှုပြုသည့် အတောအတွင်း ငါခံယူခဲ့သောနာမ ဖြစ်ပြီး ယင်းမှာ လူသားအပေါ် သနားညှာတာနိုင်သူ၊ လူသားကို ကျိန်ဆဲနိုင်ပြီး လူသား၏ဘဝကို လမ်းပြပေးနိုင်သည့် ဣသရေလလူမျိုးများ (ဘုရားသခင် ရွေးချယ်ထားသောလူမျိုး)၏ ဘုရားသခင်ဟု အဓိပ္ပာယ်ရသည်။ ကြီးမြတ်သော တန်ခိုးကို ပိုင်ဆိုင်ပြီး ဉာဏ်ပညာနှင့် ပြည့်ဝသည့် ဘုရားသခင် ဖြစ်သည်။ ‘ယေရှု’ သည် ဧမာနွေလဖြစ်ပြီး ယင်းက ချစ်ခြင်းမေတ္တာနှင့် ပြည့်ဝသည့်၊ သနားခြင်းကရုဏာဖြင့် ပြည့်ဝသကဲ့သို့ လူသားကို ရွေးနုတ်သည့် အပြစ်ဖြေရာယဇ်ဟု ဆိုလိုသည်။ သူသည် ကျေးဇူးတော်ခေတ်၏ အမှုကို လုပ်ဆောင်ခဲ့ကာ ကျေးဇူးတော်ခေတ်ကို ကိုယ်စားပြုပြီး စီမံခန့်ခွဲခြင်း အစီအစဉ်နှင့်ဆိုင်သော အမှု၏ တစ်စိတ်တစ်ဒေသကိုသာ ကိုယ်စားပြုနိုင်သည်။ ယင်းမှာ ယေဟောဝါသည်သာ ရွေးကောက်ခံ ဣသရေလလူမျိုးတို့၏ ဘုရားသခင်၊ အာဗြဟံ၏ဘုရားသခင်၊ ဣဇာက်၏ဘုရားသခင်၊ ယာကုပ်၏ ဘုရားသခင်၊ မောရှေ၏ ဘုရားသခင်၊ ဣသရေလအမျိုးတို့၏ ဘုရားသခင် ဖြစ်သည်ဟု ဆိုရပေမည်။ ထို့ကြောင့် လတ်တလော ခေတ်တွင် ယုဒလူမျိုးများမှလွဲ၍ ဣသရေလအမျိုးသား အားလုံးတို့သည် ယေဟောဝါကို ကိုးကွယ်ကြ၏။ ၎င်းတို့သည် ယဇ်ပလ္လင်ပေါ်တွင် ယေဟောဝါထံ ယဇ်ပူဇော်ခြင်းများ ပြုကြပြီး ဗိမာန်တော်ထဲတွင် ယဇ်ပုရောဟိတ် ဝတ်ရုံများကို ဝတ်ဆင်လျက် ယေဟောဝါအား အစေခံကြသည်။ ၎င်းတို့ မျှော်လင့်သော အရာမှာ ယေဟောဝါ၏ ပြန်လည် ပေါ်ထွန်းခြင်း ဖြစ်သည်။ ယေရှုသည်သာ လူသားမျိုးနွယ်တို့၏ ရွေးနုတ်ရှင် ဖြစ်ပြီး သူသည် လူသားမျိုးနွယ်ကို အပြစ်မှရွေးနုတ်ခဲ့သည့် အပြစ်ဖြေရာယဇ် ဖြစ်သည်။ ယင်းမှာ ယေရှု၏ အမည်နာမသည် ကျေးဇူးတော်ခေတ်မှလာပြီး ကျေးဇူးတော်ခေတ်၌ ပြုခဲ့သော ရွေးနုတ်ခြင်း အမှုကြောင့် ဖြစ်တည်လာခဲ့သည်ဟု ဆိုရပေမည်။ ကျေးဇူးတော်ခေတ်၏ လူများကို ပြန်လည် မွေးဖွားစေပြီး ကယ်တင်ခံရခွင့်ပေးရန် ယေရှု၏ အမည်နာမ ဖြစ်တည်လာခဲ့ကာ လူသားမျိုးနွယ် တစ်ရပ်လုံး၏ ရွေးနုတ်ခြင်းအတွက် သီးသန့် နာမတစ်ခုဖြစ်သည်။ ထို့ကြောင့် ယေရှု၏အမည်နာမသည် ရွေးနုတ်ခြင်းကို ကိုယ်စားပြုပြီး ကျေးဇူးတော်ခေတ်ကို ရည်ညွှန်းပေသည်။ ယေဟောဝါဟူသော အမည်နာမသည် ပညတ်တရားအောက်တွင် အသက်ရှင်ခဲ့ကြသည့် ဣသရေလ လူမျိုးတို့အတွက် သီးသန့် အမည်နာမ ဖြစ်သည်။ ခေတ်အသီးသီးနှင့် အမှု၏ အဆင့်အသီးသီးတွင် ငါ၏နာမသည် အခြေအမြစ်ကင်းမဲ့ခြင်း မရှိဘဲ ကိုယ်စားပြုသည့် အဓိပ္ပာယ် ပါဝင်ပေသည်။ အမည်နာမ အသီးသီးက ခေတ်တစ်ခုကို ကိုယ်စားပြုသည်။ ‘ယေဟောဝါ’ သည် ပညတ်တော်ခေတ်ကို ကိုယ်စားပြုပြီး ဣသရေလလူမျိုးများက ၎င်းတို့ ကိုးကွယ်သော ဘုရားသခင်ကို ခေါ်သည့် ချီးမြှောက်သော အမည်နာမ ဖြစ်သည်။ ‘ယေရှု’ သည် ကျေးဇူးတော်ခေတ်ကို ကိုယ်စားပြုပြီး ကျေးဇူးတော်ခေတ် အတွင်း ရွေးနုတ်ခံခဲ့ရသူ အားလုံး၏ ဘုရားသခင်၏နာမ ဖြစ်သည်။ နောက်ဆုံးသော ကာလအတွင်းတွင် ကယ်တင်ရှင်ယေရှု၏ ကြွရောက်ခြင်းကို လူသားက တောင့်တဆဲ ဖြစ်ပြီး ယုဒပြည်တွင် ခံယူခဲ့သော ရုပ်သွင်ဖြင့် ကြွလာရန် သူ့ကို မျှော်လင့်ဆဲ ဖြစ်ပါက အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံးသည် ရွေးနုတ်ခြင်းခေတ်၌ ရပ်တန့်သွားပြီးဖြစ်မည် ဖြစ်ကာ နောက်ထပ် မည်သို့မျှ တိုးတက်နိုင်မည် မဟုတ်ပေ။ ထို့အပြင် နောက်ဆုံးသော ကာလသည် မည်သည့်အခါမျှ ရောက်ရှိမည် မဟုတ်သကဲ့သို့ ခေတ်သည် မည်သည့်အခါမျှ အဆုံးသတ်သို့ ရောက်မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ကယ်တင်ရှင်ယေရှုသည် လူသားမျိုးနွယ်တို့၏ ရွေးနုတ်ခြင်းနှင့် ကယ်တင်ခြင်းအတွက်သာ ဖြစ်သောကြောင့် ဖြစ်သည်။ ကျေးဇူးတော်ခေတ်ရှိ အပြစ်သားအားလုံး အတွက် ယေရှု၏နာမကို ငါခံယူခဲ့ခြင်း ဖြစ်သော်လည်း ယင်းသည် လူသားမျိုးနွယ် တစ်ရပ်လုံးကို အဆုံးသတ်တစ်ခုဆီသို့ ငါဆောင်ကြဉ်းမည့် နာမ မဟုတ်ပေ။ ယေဟောဝါ၊ ယေရှုနှင့် မေရှိယတို့အားလုံးသည် ငါ၏ဝိညာဉ်တော်ကို ကိုယ်စားပြုသော်လည်း ဤအမည်နာမများသည် ငါ၏စီမံခန့်ခွဲခြင်း အစီအစဉ်နှင့်ဆိုင်သော မတူကွဲပြားသည့် ခေတ်များကိုသာ ရည်ညွှန်းပြီး ငါ၏အလုံးစုံ၌ ငါ့ကို ကိုယ်စားမပြုပေ။ ကမ္ဘာမြေပေါ်ရှိ လူတို့က ငါ့အားခေါ်ဝေါ်သော အမည်နာမများသည် ငါ၏အလုံးစုံသော စိတ်သဘောထားနှင့် ငါ၏ဖြစ်ခြင်းအားလုံးကို ရှင်းလင်းစွာ မပြောဆိုနိုင်ပေ။ ၎င်းတို့သည် မတူကွဲပြားသော ခေတ်များအတွင်း ငါ့အားခေါ်ဝေါ်ကြသော မတူညီသည့် အမည်နာမများမျှသာ ဖြစ်ပေသည်။ ထို့ကြောင့် နောက်ဆုံးခေတ်ဖြစ်သည့် အဆုံးသတ်ခေတ်သို့ ရောက်ရှိသည့်အခါ ငါ၏အမည်နာမသည် တစ်ဖန် ပြောင်းလဲလိမ့်မည်။ ငါ့ကို မေရှိယဟု ခေါ်ဖို့ မဆိုထားနှင့်၊ ယေဟောဝါ သို့မဟုတ် ယေရှုဟုပင် အခေါ်ခံမည်မဟုတ်။ ငါ့ကို တန်ခိုးကြီးသော အနန္တတန်ခိုးရှင် ဘုရားသခင် ကိုယ်တော်တိုင်ဟူ၍ ခေါ်ကြမည် ဖြစ်ပြီး ဤအမည်နာမအောက်တွင် ငါသည် ခေတ်ကာလ တစ်ခုလုံးကို အဆုံးသတ်သို့ ဆောင်ကြဉ်းမည် ဖြစ်သည်။ ငါ့ကို တစ်ချိန်က ယေဟောဝါဟု ခေါ်ဆိုခဲ့ကြသည်။ လူတို့က ငါ့ကို မေရှိယဟုလည်း သိခဲ့ကြပြီး လူတို့က ချစ်ခြင်းမေတ္တာနှင့် ရိုသေကြည်ညိုမှုဖြင့် ငါ့ကို ကယ်တင်ရှင် ယေရှုဟု တစ်ချိန်က ခေါ်ခဲ့ကြသည်။ ယနေ့တွင် ငါသည် လူများက အတိတ်ကာလများတွင် သိခဲ့ကြသည့် ယေဟောဝါ သို့မဟုတ် ယေရှု မဟုတ်တော့ပေ။ ထိုအစား ငါသည် နောက်ဆုံးသောကာလတွင် ပြန်ကြွလာပြီး ဖြစ်သည့် ဘုရားသခင်၊ ခေတ်ကို အဆုံးသတ်မည့် ဘုရားသခင် ဖြစ်ပေသည်။ ငါသည် မြေကြီးစွန်းမှ ထမြောက်တော်မူသော၊ ငါ၏အလုံးစုံသော စိတ်သဘောထားနှင့် ပြည့်ဝသကဲ့သို့ သြဇာအာဏာ၊ ဂုဏ်သိက္ခာ၊ ဘုန်းကျက်သရေတို့နှင့် ပြည့်ဝနေသော ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” စီးလျက် ပြန်ကြွလာနှင့်ပြီးဖြစ်သည်)

ကာလတစ်ရပ်စီတွင် ဘုရားသခင်ခံယူသောနာမ၌ ကိုယ်စားပြုသည့် အဓိပ္ပါယ် ရှိကြောင်းကို အနန္တတန်ခိုးရှင် ဘုရားသခင်က ရှင်းလင်းစွာ ပြောကြားခဲ့သည်။ တစ်ခုစီသည် ဘုရားသခင်၏အမှုနှင့် ထိုကာလတွင် ဘုရားသခင်ဖော်ပြသော စိတ်နေသဘောထားကို ကိုယ်စားပြု၏။ ပညတ်တော်ကာလတွင် ဘုရားသခင်သည် သူ၏ ဥပဒေနှင့် ပညတ်များကို ကြေညာရန်နှင့် ကမ္ဘာမြေကြီးရှိ လူသားမျိုးနွယ်၏ဘဝကို လမ်းပြရန် ယေဟောဝါ၏အမည်ကို အသုံးပြုခဲ့၏။ ကျေးဇူးတော်ကာလတွင် ဘုရားသခင်သည် လူသားမျိုးနွယ်အား ရွေးနုတ်သည့် အမှုကို ဆောင်ရွက်ရန် ယေရှု၏နာမကို အသုံးပြုခဲ့၏။ ထို့နောက် နိုင်ငံတော်ကာလတွင် ဘုရားသခင်ကို အနန္တတန်ခိုးရှင် ဘုရားသခင်ဟု ခေါ်ဆို၏။ လူသားကို သန့်စင်ရန်၊ ပြောင်းလဲရန်နှင့် ကယ်တင်ရန် သူသည် ဘုရားသခင်၏ အိမ်မှစ၍ စီရင်ခြင်းအမှုကို ပြုသည်။ ဘုရားသခင်သည် သူ့နာမကိုသုံးလျှက် ကာလကိုပြောင်းလဲ၏။ ကာလ၏အမှုကို ကိုယ်စားပြုရန် ဤနာမကို အသုံးပြု၏။ ယေဟောဝါဘုရားသည် ပညတ်တော်ကာလအမှုကို ဆောင်ရွက်သည့်အခါ လူတို့သည် ယေဟောဝါ၏နာမကို ဆုတောင်းခြင်းနှင့် သူ၏ဥပဒေ ပညတ်များကို နာခံခြင်းဖြင့်သာ ကောင်းချီးခံစား၍ ဘုရားသခင်၏ အကာအကွယ် ရနိုင်ခဲ့၏။ ကျေးဇူးတော်ကာလ ရောက်သည့်အခါ ဘုရားသခင်သည် ရွေးနုတ်ခြင်းအမှု ဆောင်ရွက်ရန် ယေရှုအမည်ကို အသုံးပြု၍ လူတို့မှာ အခြားလမ်းမရှိဘဲ သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် လက်ခံရကာ၊ ၎င်းတို့၏ အပြစ်များအတွက် ခွင့်လွှတ်ရန်နှင့် သခင်ယေရှုချပေးသော သမ္မာတရားနှင့် ကောင်းချီးမင်္ဂလာတို့ကို ခံစားရန် သခင်ဘုရား၏ အမည်နာမဖြင့် နောင်တအတွက် ဆုတောင်းကြ၏။ လူတို့သည် ယေဟောဝါအမည်ကိုသာ စွဲကိုင်လျှက် သခင်ယေရှုကို လက်ခံရန်ငြင်းဆိုပါက ထိုသူတို့သည် ဘုရားသခင်၏ ကာကွယ် စောင့်ရှောက်မှုကို ဆုံးရှုံး၍ အမှောင်ထုအတွင်း ကျဆင်းကာ ယုဒလူမျိုး ဖာရိရှဲများကဲ့သို့ ဘုရားသခင်၏ ကျိန်ဆဲခြင်းနှင့် အပြစ်ပေးခြင်းတို့ ခံရကြ၏။ နောက်ဆုံးသောကာလ ကျရောက်သည့်အခါ ဘုရားသခင်သည် ဘုရားသခင်၏ အိမ်မှစ၍ စီရင်ခြင်းအမှုကို စတင်ရန် အနန္တတန်ခိုးရှင် ဘုရားသခင်၏နာမကို အသုံးပြု၏။ အနန္တတန်ခိုးရှင် ဘုရားသခင်၏နာမကို လက်ခံခြင်း၊ ဘုရားသခင်၏အမှု ခြေလှမ်းများကို အမီလိုက်၍ အနန္တတန်ခိုးရှင် ဘုရားသခင်၏ စီရင်ခြင်းနှင့် အဆုံးအမတို့ကို ခံယူခြင်းတို့ဖြင့်သာ လူတို့သည် သမ္မာတရားကို နားလည်ကာ ရရှိ၍ အပြစ်မှခွဲထွက်ကာ သန့်စင်ခြင်းခံပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိမည် ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နာမကို လက်ခံရန်ငြင်းဆို၍ နောက်ဆုံးသောကာလ သူ၏ စီရင်ခြင်းအမှုကို ငြင်းဆိုသူ ခပ်သိမ်းသည် မိမိကိုယ်ကိုယ် အပြစ်ချည်နှောင်ခြင်းမှ လွတ်မြောက်အောင် လုပ်နိုင်စွမ်းမရှိဘဲ ကောင်းကင်နိုင်ငံသို့ ဝင်ရောက်ရန် အစဉ်ထာဝရ အရည်အချင်းမမီ ဖြစ်နေလိမ့်မည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ခရစ်ယာန်ဘာသာနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်တို့အကြား ကွာခြားချက်မှာ မည်သည့်အရာနည်း။

ခရစ်ယာန်ဘာသာနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်တို့ ယုံကြည်သည့် ဘုရားသခင်မှာ အတူတူပင်ဖြစ်၏။ ဣသရေလလူမျိုးတို့၏ ဂျူးဘာသာတရားသည်...

အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်၏ အခြေခံယုံကြည်ချက်များ

(၁) အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်၏ သက်ဝင်ယုံကြည်မှုဝါဒများ ခရစ်ယာန်ဘာသာ၏ သက်ဝင်ယုံကြည်မှုဝါဒများ၏ အရင်းခံမှာ သမ္မာကျမ်းစာဖြစ်၍...

အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်၏ ရည်မှန်းချက်များက မည်သည်တို့နည်း

အနန္တတန်ခိုးရှင် ဘုရားသခင်၏အသင်းတော်သည် သမ္မာကျမ်းစာပါ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် အနန္တတန်ခိုးရှင် ဘုရားသခင်မှ ဖော်ပြသော...

အနန္တတန်ခိုးရှင် ဘုရားသခင်နှင့် သခင်ယေရှုတို့သည် တစ်ဆူတည်းသော ဘုရားသခင်ေလာ။

လူသားသည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရသည့်အခါ ဘုရားသခင်သည် လူသား မျိုးနွယ်ကို ကယ်တင်ရန် စီမံခန့်ခွဲမှု အစီအစဉ်တစ်ရပ်ကို စတင်ခဲ့၏။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။