အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်၏ အခြေခံယုံကြည်ချက်များ

30.08.2018

(၁) အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်၏ သက်ဝင်ယုံကြည်မှုဝါဒများ

ခရစ်ယာန်ဘာသာ၏ သက်ဝင်ယုံကြည်မှုဝါဒများ၏ အရင်းခံမှာ သမ္မာကျမ်းစာဖြစ်၍ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်၏ သက်ဝင်ယုံကြည်မှုဝါဒများ၏ အရင်းခံမှာ ပညတ်တော်ကာလ၊ ကျေးဇူးတော်ကာလနှင့် နိုင်ငံတော်ကာလအမှုတို့တွင် ဖန်ဆင်းချိန်မှစ၍ ဘုရားသခင်မှ ဖော်ပြခဲ့သော ခပ်သိမ်းသောသမ္မာတရားဖြစ်၏။ ဆိုလိုသည်မှာ ဓမ္မသစ်နှင့် ဓမ္မဟောင်းကျမ်းများ၊ နောက်ဆုံးသောကာလ တဖန်ပြန်ကြွလာသော သခင်ယေရှု၊ အနန္တတန်ခိုးရှင် ဘုရားသခင်၊ ဖော်ပြခဲ့သော နိုင်ငံတော်ကာလ သမ္မာကျမ်းစာဖြစ်သည့် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်၏ အခြေခံယုံကြည်ချက်များနှင့် သက်ဝင်ယုံကြည်မှုဝါဒများ၏ အရင်းခံဖြစ်သည်။ ဓမ္မဟောင်းကျမ်းတွင် ယေဟောဝါဘုရားသခင်၏ ဥပဒေများနှင့် ပညတ်များ ချမှတ်သည့်အမှုနှင့် ပညတ်တော်ကာလတွင် လူသား၏ဘဝကို လမ်းပြသည့် အမှုတို့ကို မှတ်တမ်းတင်ထားပါသည်။ ဓမ္မသစ်ကျမ်းတွင် ကျေးဇူးတော်ကာလ သခင်ယေရှုမှ အကောင်အထည်ဖော်သည့် ရွေးနုတ်ခြင်းအမှုကို မှတ်တမ်းတင်ထား၍ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ သည် နိုင်ငံတော်ကာလ အနန္တတန်ခိုးရှင် ဘုရားသခင်မှ ဖော်ပြခဲ့သော လူသားမျိုးနွယ်အပေါ် သန့်စင်ခြင်းနှင့် ကယ်တင်ခြင်းအတွက် ခပ်သိမ်းသော သမ္မာတရားအပြင် နောက်ဆုံးသောကာလ ဘုရားသခင်၏ စီရင်ခြင်းအမှု အကြောင်းဖြစ်၏။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်၏ အခြေခံယုံကြည်ချက်များမှာ ဤအမှုအဆင့် သုံးဆင့်တွင် ဘုရားသခင်၏ ခပ်သိမ်းသော မြွက်ဆိုချက်များဖြစ်ကြ၏။ ဆိုလိုသည်မှာ ဤအမှုအဆင့် သုံးဆင့်တွင် ဘုရားသခင်မှ ဖော်ပြခဲ့သည့် ခပ်သိမ်းသော သမ္မာတရားများ ဖြစ်၏။ ၎င်းတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်၏ အခြေခံယုံကြည်ချက်များနှင့် သက်ဝင်ယုံကြည်မှုဝါဒများ ဖြစ်ကြသည်။

ခရစ်ယာန်ဘာသာသည် ကျေးဇူးတော်ကာလ သခင်ယေရှု၏အမှုမှ မွေးဖွားလာခြင်း ဖြစ်သော်လည်း ၎င်းယုံကြည်သော သခင်ယေရှုသည် ကျေးဇူးတော်ကာလ ရွေးနုတ်ခြင်း အမှုကိုသာ ပြုလုပ်ခဲ့၏။ လူ့ဇာတိခံယူသော သခင်ယေရှုသည် လက်ဝါးကပ်တိုင်တွင် အသတ်ခံခဲ့၍ လူသားတို့၏ အပြစ်ဖြေသောယဇ်အဖြစ် အမှုဆောင်ခြင်း၊ လူသားတို့အား စာတန်၏လက်မှ ကယ်နုတ်ခြင်းနှင့် ပညတ်တော်၏ အပြစ်ဒဏ်နှင့် ကျိန်ဆဲခြင်းတို့မှ လွှတ်ပေးသဖြင့် လူသားသည် ဘုရားသခင်ရှေ့မှောက် လာရ၍ မိမိအပြစ်များကိုဝန်ချကာ အပြစ်များမှ ခွင့်လွှတ်ရန် နောင်တရလျှက် ဘုရားသခင်ချပေးသည့် များစွာသော ကျေးဇူးနှင့် ကောင်းချီးမင်္ဂလာတို့ကို ခံစားရ၏။ ဤသည်မှာ သခင်ယေရှု အကောင်အထည်ဖော်ခဲ့သည့် ရွေးနုတ်ခြင်းအမှုဖြစ်၏။ သခင်ယေရှု၏ ရွေးနုတ်ခြင်းဖြင့် လူသား၏ အပြစ်များကို ခွင့်လွှတ်ခဲ့သော်လည်း လူသား၏ အပြစ်များသော သဘာဝကို ဖျောက်ဖျက်ခဲ့ခြင်း မရှိပေ။ ၎င်းသည် အပြစ်၏ ချုပ်နှောင်နေခြင်း၊ ချုပ်ကိုင်နေခြင်းတို့ကို ခံရဆဲဖြစ်ကာ မည်သို့မျှ မတတ်နိုင်ဘဲ အပြစ်ကျူးလွန်၍ ဝင့်ဝါခြင်းနှင့် မာနထောင်လွှားခြင်း၊ ကျော်ကြားမှုနှင့် အကျိုးအမြတ် ရရှိမှုအတွက် ကြိုးပမ်းခြင်း၊ မနာလိုခြင်းနှင့် အငြင်းသန်ခြင်း၊ လူတို့ကို လိမ်ညာခြင်းနှင့် လှည့်ဖြားခြင်း၊ လောက၏ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းနောက်သို့ လိုက်ခြင်း စသည်တို့ဖြင့် ဘုရားသခင်ကို ခုခံ၏။ လူသားသည် အပြစ်၏ အချုပ်အနှောင်မှ ကင်းလွတ်ကာ သန့်ရှင်းလာခြင်း မရှိခဲ့။ ထို့ကြောင့် သခင်ယေရှုသည် နောက်ဆုံးသောကာလ စီရင်ခြင်းအမှုကို အကောင်အထည်ဖော်ရန် တဖန်ကြွလာမည်ဟု မကြာခဏ ကြိုတင် ဟောကြားပြောခဲ့သည်မှာ- “ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို လက်ခံရယူခြင်း မရှိခံသောသူအား အပြစ်စီရင်သောသူ ရှိသေး၏။ ငါဟောပြောသော စကားပင် နောက်ဆုံးသောနေ့၌ ထိုသူအား အပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၇-၄၈)ခမည်းတော်သည် အဘယ်သူကိုမျှ တရားစီရင်တော်မမူ။ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အား အပ်ပေးတော်မူ၏...သားတော်သည် လူသားဖြစ်သောကြောင့် တရားစီရင်ခြင်းအခွင့်ကိုလည်း အပ်ပေးတော်မူ၏။(ရှင်ယောဟန်ခရစ်ဝင် ၅:၂၃-၂၇) ပေတရုသြဝါဒစာ ပထမစောင်တွင်လည်း “ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြော စီရင်ရသော အချိန်ရှိပြီ။(ရှင်ပေတရုဩဝါဒစာပဌမစောင် ၄:၁၇) ဟု ရေးထား၏။ အနန္တတန်ခိုးရှင် ဘုရားသခင်၊ နောက်ဆုံးသောကာလ၏ ခရစ်တော်သည် တဖန်ပြန်ကြွလာသော သခင်ယေရှုဖြစ်၏။ သူသည် လူသား၏ သန့်စင်ခြင်းနှင့် ကယ်တင်ခြင်းအတွက် သမ္မာတရားခပ်သိမ်းကို ဖော်ပြကာ ဘုရားသခင်၏ အိမ်နှင့်စတင်၍ စီရင်ခြင်းအမှုကို အကောင်အထည်ဖော်ခဲ့၍ ကျမ်းစာပါ ကြိုတင် ဟောကြားချက်အားလုံးကို အပြည့်အဝ ပြီးဆုံးအောင်မြင်ခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြသော နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ သည် ဗျာဒိတ်ကျမ်းတွင် ကြိုတင်ဟောကြားခဲ့သော “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို။(ဗျာဒိတ်ကျမ်း ၂:၇) ဖြစ်၍ နောက်ဆုံးသော ကာလတွင် ဘုရားသခင်၏ စီရင်ခြင်းအမှုအကြောင်း ဖြစ်၏။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ စီရင်ခြင်းအမှုသည် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ကယ်တင်ခြင်း အမှု၏ နောက်ဆုံး အဆင့်ဖြစ်ကာ အခြေခံအကျဆုံးနှင့် အရေးပါဆုံး အဆင့်လည်းဖြစ်၏။ လူသားသည် ဘုရားသခင်၏ ကယ်တင်ခြင်းကိုရ၍ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်လိုပါက ဘုရားသခင်၏ စီရင်ခြင်းအမှုကို လက်ခံရမည်ဖြစ်၍ ဤသည်ကို သခင်ယေရှု၏ နှုတ်ကပတ်တော်ဖြင့် ဖြည့်ဆည်းခဲ့ပြီဖြစ်သည်- “သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။(ရှင်မဿဲခရစ်ဝင် ၂၅:၆)ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။(ဗျာဒိတ်ကျမ်း ၃:၂၀) လူသားသည် ဘုရားသခင် နှုတ်ကပတ်တော်၏ စီရင်ခြင်းနှင့် ဆုံးမခြင်းကို လက်ခံကာ တွေ့ကြုံမှသာ ထိုသူသည် ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းကို သိနိုင်၍ လူသား၏ အနှစ်သာရနှင့် သဘာဝအပေါ် စာတန်၏ ဖျက်ဆီးမှုနှင့် ၎င်းအချက်အစစ်အမှန်ကို သိနိုင်၍ ဘုရားသခင် ရှေ့မှောက် အမှန်စင်စစ် နောင်တရကာ အပြစ်အားလုံး ဖယ်ရှားလျှက် သန့်ရှင်းမှုရရှိကာ ဘုရားသခင်ကို နာခံသူဖြစ်လာ၍ ဘုရားသခင်အား ကိုးကွယ်ကာ ဘုရားသခင်၏ ရယူခြင်းကို ခံနိုင်မည်ဖြစ်သည်။ ထိုအခါမှသာ ထိုသူသည် ဘုရားသခင်၏ ဂတိများနှင့် ကောင်းချီး မင်္ဂလာများကို အမွေခံထိုက်ပြီး သာယာလှပသော ခရီးလမ်းဆုံးသို့ ရောက်ရှိမည်ဖြစ်သည်။

ဘုရားသခင်သည် ကမ္ဘာမြေကြီးကို ဖန်ဆင်းပြီးနောက် လူသားမျိုးနွယ်အား ကယ်တင်သည့် အမှုကို စတင်ခဲ့ကာ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏အိမ်၌ စတင်သည့် စီရင်ခြင်းအမှု မပြီးမချင်း သူ၏ လူသားတို့ကို ကယ်တင်ရန် စီမံခန့်ခွဲသည့်အမှု ပြီးဆုံးမည် မဟုတ်ပါ။ ပညတ်တော်ကာလတွင် အစအဦး၌ လူသားကိုအသုံးပြု၍ ဘုရားသခင်မှ ပြုလုပ်ခဲ့သည့် အမှုဖြစ်စေ၊ ကျေးဇူးတော်ကာလနှင့် နိုင်ငံတော်ကာလတို့တွင် လူ့ဇာတိ နှစ်ကြိမ်ခံယူသော အချိန်တွင် သူ၏အမှုဖြစ်စေ၊ အရာခပ်သိမ်းတို့သည် ဝိညာဉ်တစ်ခုတည်း၏ အမှန်တရား မြွက်ဆိုချက်များနှင့် ဖော်ပြချက်များဖြစ်ကြောင်းကို ၎င်းအမှုအဆင့် သုံးဆင့်တွင် ဘုရားသခင် ဖော်ပြခဲ့သည့် နှုတ်ကပတ်တော်နှင့် ခပ်သိမ်းသော သမ္မာတရားတို့မှ ကျွန်ုပ်တို့ တွေ့နိုင်ပါသည်။ အနှစ်သာရအားဖြင့်ဆိုလျှင် တစ်ဆူတည်းသော ဘုရားသခင်မှ ပြောဆိုနေခြင်းနှင့် အမှုထမ်းနေခြင်း ဖြစ်သည်။ ထို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်၏ သက်ဝင်ယုံကြည်မှုဝါဒများသည် သမ္မာကျမ်းစာနှင့် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တို့မှ အရင်းခံလာခြင်းဖြစ်သည်။

(၂) နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ အကြောင်း

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ သည် နောက်ဆုံးသောကာလ၏ ခရစ်တော်ဖြစ်သည့် အနန္တတန်ခိုးရှင် ဘုရားသခင်ကိုယ်တိုင်၏ မြွက်ဆိုချက်များ ဖြစ်ပြီး နောက်ဆုံးသောကာလ၏ စီရင်ခြင်းအမှုကာလအတွင်း လူသားကို သန့်စင်ရန်နှင့် ကယ်တင်ရန် ဘုရားသခင်မှ ဖော်ပြခဲ့သော ခပ်သိမ်းသော သမ္မာတရားများ ဖြစ်၏။ ဤသမ္မာတရားတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တိုက်ရိုက်ဖော်ပြချက်များ၊ ဘုရားသခင်၏ အသက်နှင့် အနှစ်သာရ၊ ဘုရားသခင်၏ စိတ်သဘောထား ဖော်ပြချက်နှင့် သူ၏ဂုဏ်ဒြပ်နှင့် ဖြစ်ခြင်းတို့ ဖြစ်၏။ ၎င်းတို့သည် လူသားမှ ဘုရားသခင်ကိုသိ၍ သန့်စင်ခြင်းနှင့် ကယ်တင်ခြင်းတို့ ခံရနိုင်သည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ အနန္တတန်ခိုးရှင် ဘုရားသခင်မှ ဖော်ထုတ်သည့် နှုတ်ကပတ်တော်များသည် လူသား၏ ဆောင်ရွက်ချက်များနှင့် အပြုအမူအတွက် အမြင့်ဆုံးသော အခြေခံသဘောတရားဖြစ်ကာ လူ့အသက်တာအတွက် ဤထက်သာ၍ မြင့်မားသော ဆောင်ပုဒ်များ မရှိပါ။

ခရစ်ယာန်ဘာသာဝင် ခရစ်ယာန်များသည် သမ္မာကျမ်းစာကို နေ့စဉ်ဖတ်သကဲ့သို့ အနန္တတန်ခိုးရှင် ဘုရားသခင်၏အသင်းတော်မှ ခရစ်ယာန်များသည် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တွင်ပါရှိသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နေ့စဉ်ဖတ်ကြပါသည်။ ခရစ်ယာန်အားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ နေ့စဉ်ဘဝအတွက် လမ်းညွှန်အဖြစ်နှင့် ဘဝဆောင်ပုဒ်အားလုံးအနက် အမြင့်မြတ်ဆုံးအဖြစ် ခံယူထားပါသည်။ ကျေးဇူးတော် ကာလတွင် ခရစ်ယာန်အားလုံးသည် သမ္မာကျမ်းစာကိုဖတ်၍ သမ္မာကျမ်းစာ၏ ဟောကြားချက်များကို နားထောင်ပါသည်။ လူသားတို့၏အပြုအမူ တဖြည်းဖြည်း ပြောင်းလဲလာကာ ၎င်းတို့၏ အပြစ်ကျူးလွန်မှုများ သာ၍ နည်းလာသည်။ အလားတူပင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆွေးနွေးခြင်းဖြင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်မှ ခရစ်ယာန်များသည် သမ္မာတရားကို တဖြည်းဖြည်း နားလည်လာကာ အပြစ်၏ အချုပ်အနှောင်မှ လွတ်ကင်း၍ အပြစ်ကျူးလွန်ခြင်းနှင့် ဘုရားသခင်ကို ခုခံခြင်းတို့ မပြုတော့ဘဲ ဘုရားသခင်နှင့် သဟဇာတဖြစ်လာကြသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းဖြင့်သာ လူသားသည် သန့်စင်ခြင်းခံယူကာ လူသားစင်စစ်အသွင်သို့ ပြောင်းလဲ နေထိုင်ကြောင်း အချက်အလက်များက သက်သေပြထားကြ၏။ ၎င်းအချက်များကို မည်သူမျှ မငြင်းဆိုနိုင်ပါ။ သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသည့် ဘုရားသခင်၏ နှုတ်ကပတ်တော် များသည် ပညတ်တော်ကာလနှင့် ကျေးဇူးတော်ကာလတို့တွင် ဘုရားသခင်မှ အမှုဆောင်စဉ် ဖော်ပြခဲ့သည့် နှုတ်ကပတ်တော်များဖြစ်ကာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှာမူ နောက်ဆုံးသောကာလ အမှုထမ်းစဉ် ဘုရားသခင်မှ ဖော်ပြသည့် နှုတ်ကပတ်တော်များ ဖြစ်ကြ၏။ ၎င်းတို့နှစ်ခုစလုံး၏ ရင်းမြစ်မှာ သန့်ရှင်းသော ဝိညာဉ်တော်ဖြစ်၏။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုများသည် သမ္မာကျမ်းစာတွင် ပါရှိသည့် ကြိုတင်ဟောကြားချက်များကို လုံးဝဖြည့်ဆည်းကာ အနန္တတန်ခိုးရှင် ဘုရားသခင်သည် တဖန်ပြန်ကြွလာသော သခင်ယေရှုဖြစ်၍ သခင်ယေရှု ပြောကြားခဲ့သည့်အတိုင်း- “သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြား သမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာတို့ကိုလည်း သင်တို့အား ဘော်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) အလားတူစွာပင် ဗျာဒိတ်ကျမ်း၌ ကြိုတင်ဟောထားသည်မှာ “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည်ကား ကြားပါစေ။(ဗျာဒိတ်ကျမ်း ၂:၇)ထိုအခါတဘက်တချက်၌ အက္ခရာတင်၍ တံဆိပ်ခုနစ်ချက် ခတ်သော စာစောင်ကို ပလ္လင်တော်ပေါ် မှာ ထိုင်တော်မူသောသူ၏ လက်ျာလက်၌ငါမြင်၏။...ယုဒအမျိုး ခြင်္သေ့သတည်းဟူသော ဒါဝိဒ်၏။ အမြစ်သည် ထိုစာစောင်ကို၎င်း၊ တံဆိပ် ခုနစ် ချက်တို့ကို၎င်း၊ ဖွင့်ခြင်းငှါ အောင်မြင်လေပြီ။(ဗျာဒိတ်ကျမ်း ၅:၁၊ ၄-၅)

ယနေ့တွင် ကျွန်ုပ်တို့အားလုံး အချက်တစ်ချက် တွေ့ခဲ့ရပါသည်- အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်ခပ်သိမ်းသည် သမ္မာတရားဖြစ်၍ ၎င်းတို့တွင် အခွင့်အာဏာနှင့် တန်ခိုးတို့ရှိကြ၏- ၎င်းတို့သည် ဘုရားသခင်၏ အသံဖြစ်၏။ ဤသည်ကို မည်သူမျှ မငြင်းနိုင်၊ မပြောင်းလဲနိုင်ပါ။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ သည် နိုင်ငံခပ်သိမ်း၊ နယ်မြေခပ်သိမ်းမှလူတို့ ရှာဖွေစုံစမ်းရန် အင်တာနက်တွင် အခမဲ့ရနိုင်ပါသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်ကြောင်းကို သော်လည်းကောင်း၊ သမ္မာတရား ဖြစ်ကြောင်းကို သော်လည်းကောင်း မည်သူမျှ မငြင်းဆိုရဲပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူသားမျိုးနွယ် တစ်ရပ်လုံးကို ရှေ့သို့တွန်းပို့နေကာ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အကြား တဖြည်းဖြည်း နိုးထလာကာ သမ္မာတရားကို တဖြည်းဖြည်း လက်ခံလာ၍ တဖြည်းဖြည်း သိလာကြ၏။ နိုင်ငံတော်ကာလသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်မှ ကမ္ဘာမြေကြီးကို အုပ်စိုးသည့်အချိန်ဖြစ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်တိုင်းသည် ပြီးဆုံးအောင်မြင်ကာ ပြည့်စုံလိမ့်မည်။ ဘုရားသခင်ကို ယုံကြည်သူခပ်သိမ်းသည် ယနေ့ သမ္မာကျမ်းစာကို အသိအမှတ်ပြုသကဲ့သို့ ဘုရားသခင်ကို ယုံကြည်သောလူတို့သည် မကြာမီ အနာဂတ်တွင် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ သည် နောက်ဆုံးသော ကာလတွင် ဘုရားသခင်၏ မြွက်ဆိုချက်များဖြစ်ကြောင်း အသိအမှတ် ပြုကြလိမ့်မည်။ ယနေ့ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်၏ ယုံကြည်ချက်များအတွက် အခြေခံဖြစ်၍ နောက်ကာလတွင် လူသားမျိုးနွယ်တစ်ရပ်လုံး ဖြစ်တည်ရေး၏ အခြေခံအုတ်မြစ်ဖြစ်မည်မှာ သေချာ၏။

(၃) ဘုရားသခင်၏နာမများနှင့် ဘုရားသခင်၏အမှု အဆင့်သုံးဆင့်အကြောင်း

စာတန်၏ ဖျက်ဆီးခြင်းခံရပြီးနောက် လူသားသည် စာတန်၏ ပိုင်နက်အတွင်းနေ၍ ၎င်း၏ဖျက်ဆီးမှုသည် သာ၍နက်ရှိုင်းလာခဲ့၏။ လူသားသည် မိမိကိုယ်ကိုယ် အပြစ်တရား၏ ချည်နှောင်မှုများမှ မဖယ်ရှားနိုင်သကဲ့သို့ ဘုရားသခင်၏ ကယ်တင်ခြင်းကို လိုအပ်၏။ ပျက်စီးနေသော လူသားမျိုးနွယ်၏ လိုအပ်ချက်များနှင့်အညီ ဘုရားသခင်သည် ပညတ်တော်ကာလ၊ ကျေးဇူးတော်ကာလနှင့် နိုင်ငံတော်ကာလတို့တွင် အမှုအဆင့် သုံးဆင့်ကို ဆောင်ရွက်ခဲ့သည်။ ပညတ်တော်ကာလတွင် ဘုရားသခင်သည် ဥပဒေများ၊ ပညတ်များကို ချမှတ်၍ လူသား၏ဘဝကို လမ်းပြခဲ့၏။ ကျေးဇူးတော်ကာလတွင် ဘုရားသခင်သည် လူ့ဇာတိကို ခံယူကာ ပညတ်တော်ကာလ ၎င်း၏အမှုကို အခြေပြု၍ လက်ဝါးကပ်တိုင်တွင် အသေခံသည့်အမှုကို အကောင်အထည် ဖော်ကာ လူသားကို အပြစ်မှရွေးနုတ်ခဲ့၏။ နိုင်ငံတော်ကာလတွင် ဘုရားသခင်သည် တစ်ကြိမ်ထပ်မံ၍ လူ့ဇာတိခံယူကာ ကျေးဇူးတော်ကာလ၏ ရွေးနုတ်တော်မူခြင်းအမူကို အခြေပြု၍ ဘုရားသခင်၏ အိမ်မှစတင်၍ စီရင်ခြင်းအမှုကို အကောင်အထည်ဖော်၍ လူသားကို သန့်စင်ခြင်းနှင့် ကယ်တင်ခြင်းအတွက် ခပ်သိမ်းသော သမ္မာတရားတို့ကို ဖော်ပြလျှက် သန့်စင်ခြင်းနှင့် ကယ်တင်ခြင်းတို့ ဆောင်ရွက်ရန် ကျွန်ုပ်တို့ကို တစ်ခုတည်းသော လမ်းခရီးယူဆောင်လာခဲ့၏။ ကျွန်ုပ်တို့သည် သမ္မာတရား၏အဖြစ်မှန်ကို ကျွန်ုပ်တို့၏ အသက်အဖြစ်ရရှိ၍ ဘုရားသခင်ကို နာခံကိုးကွယ်သူများဖြစ်မှသာ ကျွန်ုပ်တို့သည် ဘုရားသခင်၏ နိုင်ငံသို့ လမ်းပြမှုခံရလျှက် ဘုရားသခင်၏ ဂတိများနှင့် ကောင်းချီးမင်္ဂလာများ ရရှိရန် အရည်အချင်းမီလိမ့်မည်။ လူသားကိုကယ်တင်သည့် ဘုရားသခင်၏ ဤအမှုအဆင့် သုံးဆင့်သည် နီးကပ်စွာ ဆက်စပ်လျှက်ရှိကာ တစ်ဆင့်စီသည် မရှိမဖြစ်လိုအပ်၍၊ တစ်ဆင့်စီသည် ပြီးခဲ့သည့်အဆင့်ထက် ပိုမြင့်မားနက်ရှိုင်းကာ ၎င်းတို့အားလုံးသည် တစ်ဆူတည်းသော ဘုရားသခင်၏အမှုဖြစ်လျှက် ဘုရားသခင်အမှု၏ အဆင့်သုံးဆင့်သည်သာ လူသားမျိုးနွယ် ကယ်တင်ခြင်းအမှုအတွက် ပြည့်စုံ၏။

ယေဟောဝါ၊ ယေရှုနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်စသည့် အမည်နာမသုံးရပ်သည် ပညတ်တော်ကာလ၊ ကျေးဇူးတော်ကာလနှင့် နိုင်ငံတော်ကာလတို့တွင် ဘုရားသခင်ခံယူသော အမည်အမျိုးမျိုးဖြစ်၏။ ကာလအမျိုးမျိုးတွင် ဘုရားသခင်၏အမှုကွဲပြားသဖြင့် ၎င်းသည် ကွဲပြားသည့်အမည်များ ခံယူခြင်းဖြစ်၏။ ဘုရားသခင်သည် ကာလအသစ်တစ်ရပ် စတင်ရန်နှင့် ၎င်းကာလ၏အမှုကို ကိုယ်စားပြုရန် နာမအသစ်ကို အသုံးပြု၏။ ပညတ်တော် ကာလတွင် ဘုရားသခင်၏အမည်မှာ ယေဟောဝါဖြစ်၍ ကျေးဇူးတော်ကာလတွင် ယေရှုဖြစ်၏။ နိုင်ငံတော်ကာလတွင် ဘုရားသခင်သည် အနန္တတန်ခိုးရှင် ဘုရားသခင်ဟူသော နာမအသစ်ကို အသုံးပြုကာ ဗျာဒိတ်ကျမ်းတွင်ပါရှိသည့် ကြိုတင်ဟောကြားချက်ကို ဖြည့်ဆည်း၏- “ဖိလဒေလဖိမြို့၌ရှိသော အသင်းတော်၏ တမန်ကိုဤသို့ရေး၍ မှာလိုက်လော့။...အကြင်သူသည် အောင်မြင်၏။ ထိုသူကို ငါသည်ငါ၏ဘုရား သခင်ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ နောင်တဖန်သူသည်ပြင်သို့ မရွေ့ရ။ ငါ၏ ဘုရားသခင် နာမတော်ကို၎င်း၊ ငါ၏ဘုရားသခင့်အထံတော် မှထွက်၍၊ ကောင်းကင်ဘုံမှ ဆင်းသက်သော ယေရုရှလင် မြို့သစ် တည်းဟူသော၊ ငါ၏ဘုရားသခင် မြို့တော်၏ နာမကို၎င်း၊ ငါ၏နာမသစ်ကို၎င်း၊ ထိုသူအပေါ်၌ ငါသည် အက္ခရာတင်မည်။(ဗျာဒိတ်ကျမ်း ၃:၇-၁၂)ငါသည် အာလဖဖြစ်၏။ ဩမေဃလည်း ဖြစ်၏ ဟု အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ် ရှိတော်မူသော ထာဝရ အရှင် ဘုရားသခင် မိန့်တော်မူ၏(ဗျာဒိတ်ကျမ်း ၁:၈) ဤကာလသုံးရပ်တွင် ဘုရားသခင်၏ အမည်နာမများနှင့် အမှုများ ကွဲပြားသော်လည်း အနှစ်သာရအားဖြင့် တစ်ဆူတည်းသော ဘုရားသခင်သာရှိကာ အရင်းမြစ်မှာ အတူတူပင်ဖြစ်၏။

လူသားကိုကယ်တင်သည့် ဘုရားသခင်၏အမှုတွင် အဓိကအားဖြင့် အဆင့်သုံးဆင့် ပါဝင်၏။ ကာလတစ်ခုစီတွင် ၎င်းသည် ကွဲပြားသောနာမတစ်ခု သုံးသော်လည်း ဘုရားသခင်၏ အနှစ်သာရမှာ မည်သည့်အခါမျှ ပြောင်းလဲခြင်းမရှိပါ။ အမှု၏အဆင့်သုံးဆင့်ကို တစ်ဆူတည်းသော ဘုရားမှ ဆောင်ရွက်ခြင်းဖြစ်၏။ ထို့ကြောင့် ယေဟောဝါ၊ ယေရှုနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်တို့သည် တစ်ဆူတည်းသော ဘုရားသခင် ဖြစ်ကြ၏။ ယေရှုသည် ယေဟောဝါ၏ ရုပ်သွင်ဖြစ်၍ အနန္တတန်ခိုးရှင် ဘုရားသခင်သည် တဖန်ပြန်ကြွလာသော သခင်ယေရှုဖြစ်သဖြင့် အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးနှင့် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းသော၊ အရာခပ်သိမ်းကို ပညတ်လျှက် ခပ်သိမ်းသော အရာတို့အပေါ် အချုပ်အခြာအာဏာရရှိထားသော စစ်မှန်သော ဘုရားသခင်ဖြစ်ကာ ထာဝရ တည်လျှက် တစ်ဆူတည်းသော ဖန်ဆင်းရှင်ဖြစ်၏။

လူသားကိုကယ်တင်သည့် အဆင့်သုံးဆင့်တွင် ဘုရားသခင်သည် သူ၏ စိတ်နေသဘောထား တစ်ရပ်လုံးကို လူသားတို့အားဖော်ပြကာ ဘုရားသခင်၏ စိတ်နေ သဘောထားသည် ဂရုဏာနှင့် ချစ်ခြင်းမေတ္တာတို့သာမက၊ ဖြောင့်မတ်ခြင်း၊ တန်ခိုး အာနုဘော်နှင့် အမျက်ဒေါသတို့ ဖြစ်ကြောင်းကိုပါ ကျွန်ုပ်တို့ကို မြင်စေလျှက် သူ၏ အနှစ်သာရသည် သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်း၊ သမ္မာတရားနှင့် ချစ်ခြင်းမေတ္တာတို့ဖြစ်ပြီး ဘုရားသခင်၏ စိတ်နေသဘောထားနှင့် ဘုရားသခင်၏ အာဏာနှင့် တန်ခိုးတို့ကို မည်သည့် ဖန်ဆင်းထားသောအရာ သို့မဟုတ် ဖန်ဆင်းခြင်းမရှိသည့် အရာတို့ကမျှ ပိုင်ဆိုင်ခြင်း မရှိပေ။ ဖန်ဆင်းချိန်မှ ကမ္ဘာဆုံးချိန်တိုင် ဘုရားသခင်ပြောကြားသော နှုတ်ကပတ်တော်ခပ်သိမ်းသည် သမ္မာတရားဖြစ်ကြောင်း ကျွန်ုပ်တို့ယုံကြည်သည်။ ကောင်းကင်နှင့်မြေကြီး မတည်သော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်သည် မည်သည့်အခါမျှ ပျောက်ကွယ်သွားမည် မဟုတ်ဘဲ ၎င်းတို့တစ်ခုစီသည် ပြီးဆုံးအောင်မြင် ရလိမ့်မည်ပင်တည်း။

သက်ဆိုင်သည့် အကြောင်းအရာ

အနန္တတန်ခိုးရှင် ဘုရားသခင်၏အသင်းတော် မည်သို့ပေါ်ပေါက်လာသနည်း။

ခရစ်ယာန် အသင်းတော်များကဲ့သို့ပင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်မှာ ဘုရားသခင်၏အမှုသည် ဇာတိပကတိခံယူသည့်အတွက် ပေါ်ပေါက်လာခဲ့ခြင်း...

အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်၏ ရည်မှန်းချက်များက မည်သည်တို့နည်း

အနန္တတန်ခိုးရှင် ဘုရားသခင်၏အသင်းတော်သည် သမ္မာကျမ်းစာပါ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် အနန္တတန်ခိုးရှင် ဘုရားသခင်မှ ဖော်ပြသော...

ခရစ်ယာန်ဘာသာနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်တို့အကြား ကွာခြားချက်မှာ မည်သည့်အရာနည်း။

ခရစ်ယာန်ဘာသာနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်တို့ ယုံကြည်သည့် ဘုရားသခင်မှာ အတူတူပင်ဖြစ်၏။ ဣသရေလလူမျိုးတို့၏ ဂျူးဘာသာတရားသည်...

နိုင်ငံတော်ကာလတွင် ဘုရားသခင်သည် အဘယ်ကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟူသည့် အမည်နာမခံယူသနည်း။

အနန္တတန်ခိုးရှင်ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် တဖန်ကြွလာသော သခင်ယေရှုဖြစ်သဖြင့်၊ နောက်ဆုံးသောကာလတွင် စီရင်ခြင်းအမှုကိုဆောင်ရွက်ရန်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။