တရုတ်နိုင်ငံတွင် နောက်ဆုံးသောကာလ၌ ခရစ်တော်ပေါ်လာခြင်းနှင့် ခရစ်တော်၏အမှုတော် နောက်ခံအကြောင်း နိဒါန်းအကျဉ်းချုပ်

30.08.2018

တရုတ်နိုင်ငံသည် အဆင်းနီသော နဂါးကြီး နေထိုင်ရာ တိုင်းပြည်ဖြစ်ကာ သမိုင်းတစ်လျှောက် ဘုရားသခင်အပေါ် အပြင်းထန်ဆုံး ခုခံ၍ ရှုတ်ချသည့် နေရာဖြစ်သည်။ တရုတ်နိုင်ငံသည် နတ်ဆိုးတို့၏ ခံတပ်နှင့် မာရ်နတ်မှ ထိန်းချုပ်ထားသည့် အကျဉ်းထောင်ကဲ့သို့ဖြစ်ကာ ဝင်ရောက်၍မရ၊ စိမ့်ဝင်၍မရပေ။ ထို့အပြင် အဆင်းနီသော နဂါးကြီး၏ အစိုးရသည် အဆင့်တိုင်းတွင် စောင့်ကြပ်နေကာ အိမ်ထောင်စုတိုင်းတွင် ခုခံကာကွယ်မှုများ စီမံထားသည်။ ထို့ကြောင့် ဘုရားသခင်၏ ဧဝံဂေလိ တရားတော်ကို ဖြန့်ဖြူး၍ ဘုရားသခင်၏ အမှုတော်ဆောင်ရန် ဤနေရာထက် ပို၍ခက်ခဲသော နေရာမရှိပါ။ ၁၉၄၉ ခုနှစ် တရုတ်ကွန်မြူနစ်ပါတီ အာဏာရချိန်၌ တရုတ်ပြည်မတွင် ဘာသာရေးယုံကြည်မှုကို လုံးဝဖိနှိပ်ကာ ပိတ်ပင်တားမြစ်ထားခဲ့သည်။ သန်းပေါင်းများစွာသော ခရစ်ယာန်တို့သည် ပြည်သူရှေ့မှောက် အရှက်ခွဲခံရခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အကျဉ်းချခြင်းတို့ ခံခဲ့ရပါသည်။ အသင်းတော်အားလုံးကို လုံးဝချိတ်ပိတ်၍ ရှင်းထုတ်ပစ်လိုက်၏။ အိမ်တွင်း အစည်းအဝေးများကိုပင် ပိတ်ပင်တားမြစ်ခဲ့သည်။ တစ်စုံတစ်ဦးကို စုရုံးမှုတစ်ရပ်တွင် ပါဝင်နေစဉ် မိသွားပါက ထောင်ချခံရပြီး ခေါင်းဖြတ်ခြင်းပင် ခံရနိုင်ခဲ့ပါသည်။ ထိုအချိန်က ဘာသာရေး လှုပ်ရှားမှုများ လမ်းစရှာမရလုနီးပါး ပျောက်ကွယ်သွားခဲ့ကြသည်။ ခရစ်ယာန် အနည်းငယ်သာလျှင် ဘုရားသခင်ကို ဆက်လက် ယုံကြည်ခဲ့သည်။ သို့ရာတွင် ၎င်းတို့သည် ဘုရားသခင်ကို အသံတိတ်သာ ဆုတောင်းနိုင်ကာ ဘုရားသခင် ဂုဏ်တော်ချီးမွမ်းသည့် ဓမ္မသီချင်းများကို ၎င်းတို့၏ စိတ်နှလုံးထဲတွင်သာ သီဆိုနိုင်ခဲ့ကြပြီး အသင်းတော်ကို ပြန်လည်နိုးထအောင် ပြုလုပ်ပေးရန် ဘုရားသခင်အား အသနားခံ တောင်းလျှောက်ခဲ့ကြသည်။ နောက်ဆုံး ၁၉၈၁ ခုနှစ်တွင် အသင်းတော် အမှန်တကယ်ပင် ပြန်လည်နိုးထလာခဲ့ကာ တရုတ်နိုင်ငံတွင် သန့်ရှင်းသော ဝိညာဉ်တော်သည် ကြီးစွာသောအမှုကို စတင် ဆောင်ရွက်ခဲ့သည်။ နွေဦးမိုးရွာပြီးနောက် မျှစ်များ ပေါ်ထွက်လာသကဲ့သို့ အသင်းတော်များ ပေါ်ထွက်လာကြကာ ပို၍ ပို၍များပြားသော လူတို့ ဘုရားသခင်ကို စတင်ယုံကြည် လာခဲ့ကြသည်။ ၁၉၈၃ ခုနှစ်တွင် အသင်တော် ပြန်လည်နိုးထခြင်း အထွတ်အထိပ်သို့ ရောက်သည့်အခါ တရုတ်ကွန်မြူနစ်ပါတီသည် ရက်စက်သည့် ဖိနှိပ်မှုအသစ်တစ်ရပ် စတင်ခဲ့ပြန်သည်။ လူသန်းပေါင်းများစွာ ဖမ်းဆီး ထိန်းသိမ်းခံရပြီး အလုပ်ဖြင့် ပညာပေးခံရသည်။ အဆင်းနီသော နဂါးကြီး၏ အစိုးရသည် ဘုရားသခင်ကို ယုံကြည်သူများအား အစိုးရမှ တည်ထောင်သည့် ကိုယ်ပိုင်သုံးရပ် မျိုးချစ်ဝတ်ပြုကျောင်း (Three-Self Patriotic Church) တွင်သာ အဖွဲ့ဝင်ခွင့်ပြုသည်။ CCP အစိုးရသည် မြေအောက် အိမ်တွင်းဝတ်ပြုကျောင်းများ အသေအချာ ပျောက်ကွယ်သွား၍ သခင်ဘုရားကို ယုံကြည်သူများအား အစိုးရ၏ တင်းကြပ်သည့် ထိန်းချုပ်မှုအောက်တွင် ရှိစေရန် ကြိုးပမ်းချက်တစ်ရပ်အဖြစ် အစိုးရမှ ကိုယ်ပိုင်သုံးရပ် မျိုးချစ်ဝတ်ပြုကျောင်းကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ ယုံကြည်ခြင်းကို တားမြစ်ပိတ်ပင်၍ တရုတ်နိုင်ငံကို ဘုရားမဲ့တိုင်းပြည်အဖြစ် ပြောင်းလဲရန် ၎င်း၏ရည်ရွယ်ချက် အောင်မြင်ရေးအတွက် တစ်ခုတည်းသော နည်းလမ်းဟု ယူဆခဲ့သည်။ သို့ရာတွင် သန့်ရှင်းသော ဝိညာဉ်တော်သည် အိမ်တွင်းဝတ်ပြုကျောင်းများနှင့် ဘုရားသခင်ကို အမှန်စင်စစ် ယုံကြည်သူများအပေါ် ဆက်လက်၍ အမှုတော် ဆောင်ရွက်ကာ CCP အစိုးရမှ ရပ်တန့်နိုင်စွမ်း မရှိခဲ့ပါ။ ထိုစဉ်က သန့်ရှင်းသော ဝိညာဉ်တော် အမှုတော်ဆောင်ရွက်သည့် အိမ်တွင်း ဝတ်ပြုကျောင်းတွင် နောက်ဆုံးသော ကာလ၏ ခရစ်တော်သည် လျှို့ဝှက်စွာ ပေါ်ထွက်လာ၍ အမှုတော်ဆောင်ရွက်ကာ သမ္မာတရားကို စတင်ထုတ်ဖော်ပြခဲ့ပြီး ဘုရားသခင်၏ အိမ်တော်နှင့်စတင်၍ စီရင်ခြင်းအမှုကို ဆောင်ရွက်ပါသည်။

၁၉၉၁ ခုနှစ် ဖေဖော်ဝါရီလ အစပိုင်းတွင် အသင်းတော်ရှိ လူတစ်ဦးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုကို ရရှိ၍ ဘုရားသခင်၏ နာမနှင့် ဘုရားသခင် ကြွလာခြင်းအကြောင်း စတင်ပြောကြား၏။ ထိုစကားလုံးများကို အသင်းတော်များသို့ ပို့ခဲ့ကာ ၎င်းတို့ကိုဖတ်ပြီးနောက် လူတိုင်း လွန်စွာ စိတ်လှုပ်ရှားခြင်း၊ ၎င်းတို့အားလုံး အလွန်ဝမ်းမြောက်ခြင်းတို့ဖြစ်၍ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုနှင့် စကားများဖြစ်ကြောင်း သေချာသည်ဟု ယုံကြည်ခဲ့ကြသည်။ ထိုအချိန်မှစ၍ ခရစ်တော်သည် စတင်၍ စကားပြောခဲ့၏။ တစ်ခါတစ်ရံတွင် ခရစ်တော်သည် တစ်နေ့လျှင် စာတစ်ပိုဒ် မြွက်ဆို၏။ တစ်ခါတစ်ရံ နှစ်ရက်တစ်ခါ တစ်ပိုဒ်မြွက်ဆိုသဖြင့် မြွက်ဆိုချက်များ အကြိမ်ရေ ပို၍ပို၍ များလာ၏။ ထိုမြွက်ဆိုချက်များအား လူတိုင်း ဖြန့်ဝေကြကာ လွန်စွာ စိတ်လှုပ်ရှားခဲ့ကြသည်။ အစည်းအဝေးများသည်လည်း ပျော်ရွှင်မှုများနှင့် ပြည့်နှက်ခဲ့ကာ လူတိုင်း ပျော်ရွှင်မှုတွင် နစ်မြုပ်နေခဲ့သည်။ ခရစ်တော်မှ နှုတ်ကပတ်တော်များ ပို၍ပို၍ ထုတ်ဖော်ပြသည်နှင့်အမျှ လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် မွေ့လျော်ရန် ပို၍ဂရုပြုလာခဲ့ကြပြီး ၎င်းတို့၏စိတ်နှလုံးများကို ဘုရားသခင်၏ နှုတ်ကပတ်တော်က လုံးဝစွဲကိုင်ခဲ့သည်။ ထို့ကြောင့် စုရုံးစဉ် အချိန်များတွင် ထိုသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ နှုတ်ကပတ်တော်များတွင် စနစ်တကျ စတင်မွေ့လျော်လာသည်။ ထိုအချိန်တွင် ဘုရားသခင်သည် လူ့ဇာတိကို ခံယူခဲ့ကာ ဤသည်မှာ ခရစ်တော် ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်းကို လူတို့မသိကြသေးပါ။ ထိုသူတို့သည် ခရစ်တော်၏ ထုတ်ဖော်ပြချက်ကို သာမန်လူသားတစ်ဦး သန့်ရှင်းသော ဝိညာဉ်ထံမှ လက်ခံရရှိသည့် ဉာဏ်အလင်းဟုသာ မှတ်ယူခဲ့ကြသည်။ ဤသည်မှာ ခရစ်တော်၏ ထုတ်ဖော် ပြောဆိုချက်တွင် ဘုရားသခင် လူ့ဇာတိခံယူခြင်းကို ကိုယ်တော်ရှင်မှ တရားဝင် သက်သေမခံရသေး၍ ဖြစ်သည်။ လူ့ဇာတိ ခံယူခြင်းအကြောင်း မည်သူမျှ နားလည်ခြင်းမရှိ၊ ထိုစကားများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်း ပြခြင်းဟုသာ သိခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ခရစ်တော်အား သာမန်လူသား တစ်ဦးအဖြစ်သာ ဆက်ဆံခဲ့ကြသည်။ ခရစ်တော်၏ မြွက်ဆိုချက်များ အထွတ်အထိပ်သို့ ရောက်သည့်အခါမှသာ ဘုရားသခင်သည် ဘုရားသခင်၏ လူ့ဇာတိ ခံယူခြင်းအကြောင်း သက်သေခံ၍ လူသားအပေါ် သန့်ရှင်းသော ဝိညာဉ်တော် ဆင်းသက်ခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ လူသားအပေါ် အမှုတော်တို့အကြား ကွာခြားချက်ကို ရှင်းပြကာ ဝိညာဉ်တော်၏ လူ့ဇာတိ အထမြောက်မှု၏ နက်နဲပုံကို ဖော်ပြ၏။ ထိုအခါမှသာ လူတို့သည် ၎င်းတို့အကြားတွင်နေ၍ သိုးထိန်းတို့ကို နှုတ်ကပတ်တော် ဟောကြား၍ အသင်းတော်တို့ကို ပံ့ပိုးသည့် ဤသာမန်လူသည် လူ့ဇာတိခံယူထားသော ဘုရားသခင်၊ ခရစ်တော်၊ ပေါ်ထွက်လာသော ဘုရားသခင်ဖြစ်ကြောင်း သိခဲ့ကြသည်။ ဤသို့သိသွားပြီးနောက် ထိုသူတို့အားလုံး မိမိတို့ မျက်စိကန်း၊ မိုက်မဲကာ အသိဉာဏ်ကင်းမဲ့ခဲ့ပုံကို မုန်းတီး၍ ခရစ်တော်ရှေ့ ဝပ်တွားလျှက် ငိုယို၍ နောင်တရကာ ကြီးစွာသော ဝမ်းနည်းမှုကြောင့် ၎င်းတို့၏ နှလုံးသားများ ကွဲသွားပြီး ၎င်းတို့၏ ငိုသံများကို နေရာတိုင်းတွင် ကြားခဲ့ကြရသည်။ ထိုအချိန်တွင် လူသားတို့၏ နှလုံးသားများသည် ဝမ်းနည်းခြင်းနှင့် ဝမ်းမြောက်ခြင်း နှစ်မျိုးရောထွေးနေလျှက် ဖော်မပြနိုင်အောင် ရှိခဲ့သည်။ ၎င်းတို့သည် ခရစ်တော်ကိုမြင်သည့်အခါ မြေပြင်တွင် ဝပ်တွားရန်သာ သိခဲ့သည်။ ထိုသို့မပြုပါက ၎င်းတို့၏ စိတ်နှလုံးထဲတွင် မသက်မသာဖြစ်၏။ ခရစ်တော်ရှေ့ ဝပ်တွားသည့်အခါ ပျော်ရွှင်၍ ဘုရားသခင်ရှေ့မှောက် အမှန်ပင် ပြန်ရောက်ခဲ့ပြီဟု ခံစားရကာ ၎င်းတို့သည် ဘုရားသခင်နှင့် သက်ဆိုင်သူများဟု ခံစားရသည်။ ခရစ်တော် ပေါ်လာပြီးနောက် ကိုယ်တော်သည် နှုတ်ကပတ်တော်များ ပို၍ပို၍ ထုတ်ဖော်ပြောကာ တဖြည်းဖြည်း ဘုရားသခင်၏အမှုတော် လမ်းကြောင်းမှန်သို့ ဝင်ရောက်ကာ ဘုရားသခင်၏ အိမ်တော်နှင့် စတင်၍ တရားစီရင်ခြင်းကို အကောင်အထည်ဖော်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် လူတို့ကို လုံးဝလွှမ်းမိုးသွား၏။ ခရစ်တော်၏ ထုတ်ဖော်ပြချက်ဖြင့် ဘုရားသခင်၏နာမတော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နာမတော်ရှိသွား၏။ ထို့ကြောင့် လူတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏နာမသို့ တိုက်ရိုက်ဆုတောင်းကြ၍ စုရုံးချိန်များ၌ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နှစ်သက်ကြ၏။ အဘယ်ကြောင့်ဆိုသော် ဤနှုတ်ကပတ်တော်များသည် (ဆိုလိုသည်မှာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တွင်ရှိသည့် ခပ်သိမ်းသော စကားလုံးများ) သည် ဘုရားသခင်၏ လက်ရှိအမှုတော်၊ အသစ်သောကာလရှိ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် လူတို့၏ လက်ရှိလိုအပ်ချက် ဖြစ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ အမှုတော်သစ်နှင့် နှုတ်ကပတ်တော်သစ်များ ရှိသဖြင့် ကျမ်းစာ ခေတ်နောက်ကျသွားသည်မှာ သဘာဝကျပြီး ကျေးဇူးတော်ကာလ၏ ဆိုရိုးစကားအမျိုးမျိုးနှင့် အယူဆအများကို မည်သူမျှ ဂရုမစိုက်တော့ပေ။ ၎င်းတို့အားလုံးသည် ကောင်းကင်ဘုံ ပွင့်လင်း သွားသည်ကို မြင်သကဲ့သို့ ဘုရားသခင်၏ လက်ရှိနှုတ်ကပတ်တော်တို့က ၎င်းတို့အပေါ် လွှမ်းမိုး၏။ ဤသည်မှာ ဘုရားသခင်သည် နက်နဲသောအရာ အမျိုးမျိုးကို ဖွင့်ဟထုတ်ဖော်၍ လူတို့၏မျက်စိများ ပွင့်သွားကာ ကျေးဇူးတော် ကာလက အတွေးအခေါ်များအဖြစ် ယခင်က စွဲကိုင်ခဲ့သော ဆိုရိုးအများစုမှာ အတွေးအခေါ်များဖြစ်လျှက် သွေဖည်မှုများ၊ မှားယွင်းမှုများ ရှိကြောင်း တွေ့ခဲ့ကြသည်။ ဘုရားသခင် ပေါ်ထွက်လာခြင်း ကျေးဇူးတော်ကြောင့် လူတို့သည် ဘုရားရှင် အပေါ်ယုံကြည်သည့် လမ်းမှန်ပေါ်သို့ တက်ခဲ့ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ထုတ်ဖော်ပြောဆိုသည့် သာမန်လူသားနှင့် ပုံမှန်လူသားဖြစ်သူမှာ ခရစ်တော်ဖြစ်ကြောင်းကို လူတို့အပေါ် ဘုရားသခင်၏ နှုတ်ကပတ်တော်မှ လွှမ်းမိုးပြီးနောက်မှသာ လူတို့တွေ့ရှိခဲ့ကြသည်။

ခရစ်တော်ကို တရုတ်ပြည်မြောက်ပိုင်း သာမန်မိသားစုအတွင်း မွေးဖွားခဲ့၏။ ကလေးဘဝကပင် ကိုယ်တော်ရှင်သည် ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ခဲ့၏။ ကိုယ်တော်ရှင်သည် သာမန်လူသားတစ်ဦး ကြီးထွားလာသကဲ့သို့ပင် ကြီးထွားခဲ့၏။ ၁၉၈၉ ခုနှစ်တွင် အိမ်တွင်းအသင်းတော်၌ သန့်ရှင်းသော ဝိညာဉ်တော်မှ အမှုတော် အကြီးအကျယ်ဆောင်ခါစတွင် ခရစ်တော်သည် ပညာသင်ကြားမှုများကို လက်လွှတ်လိုက်ကာ အိမ်တွင်းအသင်းတော်သို့ တရားဝင် ဝင်ရောက်ခဲ့၏။ ထိုစဉ်က ခရစ်တော်သည် စိတ်နှလုံးထက်သန်၍ ဘုရားသခင်အတွက် အမှုတော်ဆောင်ကာ တာဝန်ထမ်းဆောင်လိုစိတ် ပြင်းပြခဲ့သည်။ နှစ်နှစ်ကြာပြီးနောက် ခရစ်တော်သည် နှုတ်ကပတ်တော်ကို စတင်ထုတ်ဖော်ပြောဆိုကာ ကိုယ်တော်ရှင်၏ စိတ်နှလုံးရှိ နှုတ်ကပတ်တော်တို့ကို ချရေး၍ အသင်းတော်တို့ကို ပေးခဲ့သည်။ ၎င်းနောက် ခရစ်တော်သည် သမ္မာတရားကို ပို၍ပို၍ ထုတ်ဖော်ပြောသည်နှင့်အမျှ ခရစ်တော်၏ နှုတ်ကပတ်တော်တို့သည် လူတို့အပေါ် ဆွဲဆောင်မှုရှိ၍ လူတို့သည် ကိုယ်တော်ရှင် ထုတ်ဖော်ပြောခဲ့သည်များကို ဖတ်လိုစိတ် မွတ်သိပ်ခဲ့သည်။ အထူးသဖြင့် လူသားတို့၏ ပျက်စီးသည့် သဘောသဘာဝ၏ အနှစ်သာရနှင့် ပျက်စီးသည့် လူသားတို့၏ စာတန်ဆန်သော စိတ်နေသဘောထားတို့ကို ထုတ်ဖော်၍ စီရင်သော ကိုယ်တော်ရှင်၏ နှုတ်ကပတ်တော်များသည် လူတို့နှလုံးသားကို အသွားနှစ်ဘက်ရှိ ဓားရှည်ကဲ့သို့ ထိုးဖောက်၏။ ထိုအခါကျမှသာ ၎င်းတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် လုံးဝလွှမ်းမိုးသွားကာ ၎င်းတို့သည် ဘုရားသခင်ရှေ့မှောက် ဒူးထောက်ကြ၏။ ထိုအခါကျမှသာ လူတို့သည် ခရစ်တော်ကို လက်ခံကြ၊ သိကြ၊ ချီးမြှောက်ကြကာ ခရစ်တော်သည် လူသားတို့ ကြည်ညိုလေးမြတ်၍ ချစ်ခင် တန်ဖိုးထားသော လက်တွေ့ကျသည့် ဘုရားသခင် ဖြစ်သွား၏။ ခရစ်တော်တွင် သာမန်လူသားဖြစ်မှုနှင့် ဘုရားသခင်အပြည့်အဝဖြစ်မှု နှစ်ရပ်လုံးရှိ၏။ ကိုယ်တော်ရှင်သည် အချိန်မရွေး၊ နေရာမရွေး သမ္မာတရားကို ထုတ်ဖော်ပြောကြားနိုင်ကာ လူသားတို့၏ ပျက်စီးခြင်းအနှစ်သာရကို ဖော်ထုတ်နိုင်၏။ ကိုယ်တော်ရှင်၏ နှုတ်ကပတ်တော်နှင့် သဘောထားအမြင်တို့သည် သခင်ယေရှုကဲ့သို့ သမ္မာတရား၊ ဉာဏ်အမြော်အမြင်တို့နှင့် ပြည့်ဝလျှက်ရှိ၏။ ခရစ်တော်၏ ပြောဆိုချက်များနှင့် ခရစ်တော်တွင် ရှိနေသည့်အရာများမှာ စာအုပ်များမှ သင်ယူခဲ့ခြင်းမဟုတ်ဘဲ ကိုယ်တော်ရှင်တွင်ရှိသည့် ဘုရားသခင်၏ အနှစ်သာရမှ လုံးဝတိုက်ရိုက်လာခြင်း ဖြစ်၏။ ခရစ်တော်သည် ဘုရားသခင်ထံမှ ဖြစ်လာခြင်းဖြစ်သည်။ ကိုယ်တော်ရှင်၏ဘဝတွင် လူတို့သည် ကိုယ်တော်ရှင်၏ သာမန်လူသားလုံးဝဖြစ်မှုကို တွေ့ကြ၏။ ကိုယ်တော်ရှင်၏ အမှုတော်နှင့် လူသားတို့အပေါ် စိတ်ရှည်မှုတို့အားဖြင့် လူသားတို့သည် ကိုယ်တော်ရှင်၏ ဘုရားသခင်အနှစ်သာရနှင့် လူသားတို့၏စော်ကားမှုကို သည်းမခံသည့် စိတ်နေသဘောထားတို့ကို တွေ့နိုင်၏။ ခရစ်တော်သည် သခင်ယေရှုကဲ့သို့ လူသား၏ အားနည်းချက်များ ရှိသော်လည်း ကိုယ်တော်ရှင်သည် ဘုရားသခင်၏ ဝိညာဉ်တော်ကို နာခံသည့် အနှစ်သာရလည်းရှိ၏။ ကိုယ်တော်ရှင်သည် သမ္မာတရားနှင့် ပြည့်ဝနေလျှက် လူသားတို့၏ နှလုံးသားများရော စကားများတွင်ပါ ခံယူချက်များ လုံးဝ လှုံ့ဆော်ပေး၏။ ခရစ်တော်သည် သမ္မာတရား ဖြစ်၏။ လမ်းခရီးလည်းဖြစ်၏။ အသက်လည်းဖြစ်ကာ လက်တွေ့ဘဝတွင်ဖြစ်၏။ ဘုရားသခင်သည် မဖြစ်စလောက် လူသားတစ်ဦးအဖြစ် လူ့ဇာတိခံယူ၍ လူသားတို့အကြား လျှို့ဝှက်စွာ စိတ်နှလုံး နှိမ့်ချလျှက် အမှုတော်ဆောင်နေကာ သမ္မာတရားကို ထုတ်ဖော် ပြောဆိုခြင်းအားဖြင့် လူသားများကို သိမ်းပိုက်အောင်မြင်လျှက် ရန်သူများကို အနိုင်ယူနေခဲ့သည်။ ထိုစဉ်ကစ၍ ကာလကြာမြင့်စွာ ကိုယ်တော်ရှင်သည် လုံးဝအောင်မြင်ကာ လူတို့သည် ကိုယ်တော်ရှင်အကြောင်း သက်သေခံ၍ ထုတ်ဖော်ကြေညာခဲ့ကြသည်။ ဤသည်မှာ ဘုရားရှင်၏ တန်ခိုးအနန္တ၊ ဉာဏ်ပညာ အမြော်အမြင်နှင့် ဘုန်းတော်တို့ဖြစ်သည်။ ခရစ်တော်ပေါ်လာခြင်းနှင့် ခရစ်တော်၏ အမှုတော်တို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ထို့နောက် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်ရှိ ညီအစ်ကိုမောင်နှမများမှ ဘုရားသခင်၏ အမှုတော်အကြောင်း စတင်သက်သေခံ၍ ခရစ်တော်နိုင်ငံတော်၏ ဧဝံဂေလိ တရားတော်ကို ဖြန့်ဝေခြင်းအမှုကို စတင်ဆောင်ရွက်ကြ၏။ ဤသည်မှာ ဘုရားသခင်၏ လူ့ဇာတိခံယူမှုနှင့် အမှုတော်ဆောင်ရန် ကိုယ်တော်ရှင်၏ လျှို့ဝှက် လာရောက်ခြင်းအကြောင်း နိဒါန်းအကျဉ်းချုပ်ဖြစ်သည်။ ရှင်းရှင်းပြောရပါက လူ့ဇာတိဖြစ်သူ ခရစ်တော်သည် အဆင်းနီသော နဂါးကြီး နေထိုင်ရာအရပ်သို့ လာရောက်ပြီး တရားစီရင်ခြင်းနှင့် ဆုံးမခြင်းတို့အကြောင်း နှုတ်ကပတ်တော်များ ထုတ်ဖော်ပြောကြား၍ တရုတ်ပြည်ရှိ ဘုရားသခင်မှ ရွေးချယ်ထားသောလူတို့ကို လွှမ်းမိုးကာ ကယ်တင်ခဲ့၏။ ဆိုလိုသည်မှာ လူ့ဇာတိခံယူသော ဘုရားသခင်သည် အဆင်းနီသော နဂါးကြီး၏ သားရဲတွင်းတွင် စာတန်နှင့် တိုက်ပွဲဝင်ကာ လူသားတို့ နိုးထလာစေရန် အရာခပ်သိမ်းကိုပေးခဲ့ပြီး လူသားတို့အား ဘုရားသခင်၏ အသံကို ကြားစေ၊ သိစေသဖြင့် ဘုရားသခင်ရှေ့ တစ်ဖန်ပြန်လာ၍ ကယ်တင်ခြင်းခံရစေ၏။ ဤသည်မှာ အလွန်ထူးခြားစွာ ရှားပါး၍ မယုံကြည်နိုင်အောင် လေးနက်သည့် အဓိပ္ပါယ်ဖြစ်၏။ ဤသို့ဖြင့် လူ့ဇာတိခံယူသော ဘုရားသခင်သည် လူသားတို့ကို ကယ်တင်ရန် အမှုတော်ဆောင်ရွက်၏။ ဆိုလိုသည်မှာ ဘုရားသခင်သည် လူသား၏ခရီးလမ်းဆုံး စီစဉ်ရန်နှင့် ဤကာလကို အဆုံးသတ်ရန် ကြွလာခြင်း ဖြစ်သည်။ ဘုရားသခင်သည် အဆင်းနီသော နဂါးကြီး နေထိုင်ရာ ပြည်ဖြစ်သည့် တရုတ်ပြည်မသို့ ကြွလာပြီး အမှုတော်ဆောင်ရန် လျှို့ဝှက်စွာရောက်လာကာ လွန်စွာပျက်စီးနေသော လူသားတို့အပေါ် လွှမ်းမိုး၍ ကယ်တင်လျှက်ရှိပြီး လူတစ်စုအား အောင်မြင်သူများအဖြစ် စုံလင်စေတော်မူနေသည်။ ဤသို့ဖြင့် နောက်ဆုံးသော ကာလတွင် ပလ္လင်ဖြူကြီး၏ စီရင်ချက်ကို စတင်လိုက်ကာ နောက်အဆင့်တွင် ကမ္ဘာ့နိုင်ငံတိုင်းနှင့် နေရာတိုင်း၌ အများပြည်သူရှေ့မှောက် ဘုရားသခင် ပေါ်ထွက်လာရန် လမ်းကြောင်းကို ဖွင့်ပေးလိုက်ပြီဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

တရုတ်နိုင်ငံတွင် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နိုင်ငံတော် ဧဝံဂေလိတရား ဖြန့်ဝေခြင်း

၁၉၉၅ ခုနှစ်တွင် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နိုင်ငံတော်ဧဝံဂေလိတရားတော်ကို သက်သေခံခြင်းအမှုသည် တရုတ်ပြည်မတွင် စနစ်တကျစတင်ခဲ့၏။ ဘုရားသခင်အပေါ်...

ဘုရားသခင်ကို ကားစင်တဖန်တင်၍ ကွပ်မျက်သူတို့ အမင်္ဂလာရှိစေသတည်း

နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် အမှုဆောင်ရန် တရုတ်ပြည်တွင် လူ့ဇာတိကိုခံယူခဲ့၍ နှုတ်ကပတ်တော် သန်းပေါင်းများစွာကို ဖော်ပြခဲ့ကာ...

ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု၌ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ရှုမြင်ခြင်း

သခင်ယေရှုခရစ်တော်နောက်သို့ လိုက်သည့် သန်းရာပေါင်းများစွာသော အခြားသူများကဲ့သို့ပင် ငါတို့သည် ကျမ်းစာ၏ ပညတ်တရားများနှင့် ပညတ်တော်များကို...

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်၏ မူလအစနှင့် ဖွံ့ဖြိုးတိုးတက်ပုံ

နောက်ဆုံးသောကာလ၏ ခရစ်တော်၊ ပြန်၍ကြွလာသော သခင်ယေရှုဖြစ်သည့် အနန္တတန်ခိုးရှင် ဘုရားသခင် ပေါ်ထွက်လာခြင်းနှင့် အမှုတော်တို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော် ပေါ်ပေါက်လာကာ ကိုယ်တော်ရှင်၏ ဖြောင့်မတ်သော စီရင်ခြင်းနှင့် ဆုံးမခြင်းအရ ပေါ်ပေါက်လာခြင်းလည်း ဖြစ်၏။ အသင်းတော်ကို နောက်ဆုံးသောကာလ၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်ကို စစ်မှန်စွာ လက်ခံသူများ၊ ဘုရားသခင်၏နှုတ်ကပတ်တော်၏ သိမ်းပိုက်ခြင်းနှင့် ကယ်တင်ခြင်းခံရသူများဖြင့် ဖွဲ့စည်းထား၏။ အနန္တတန်ခိုးရှင် ဘုရားသခင် ကိုယ်တော်တိုင် လုံးဝတည်ထောင်ထားခြင်းဖြစ်ကာ ကိုယ်တော်ရှင်ကိုယ်တိုင် ဦးဆောင်၍ လမ်းပြခဲ့ခြင်းဖြစ်သည်။ မည်သည့်လူသား တစ်ဦးမျှ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။